ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label တကောင်းတောင်နီကယ်စီမံကိန်း. Show all posts
Showing posts with label တကောင်းတောင်နီကယ်စီမံကိန်း. Show all posts

အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပေးပါ...


လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်းပါဝင်ပါတယ်..။

ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြုနေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့်အတွက်ကြောင့်ပါလဲ၊ ညဘက်လုပ်ငန်းခွင်လို့ ဖြေဆိုမယ် ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ်ဆိုရင်လည်း ရိုးသားမှုရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်သာအောင် မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ်ဝန်ထမ်းတွေ ၆၀ကျော်ရှိပါတယ်...။ ဖယောင်းတိုင်ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီးထိန်ထိန်လင်းလျှက်ပါ..။

ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်..။

လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ သမ္မတအကြံပေး ဆိုသူတို့ ဖယောင်းတိုင်နဲ့ နေအိမ်မှာ ခြိုးခြံချွေတာပြီး စံပြနေထိုင်ပြပါ။

ဒီမိုဝေယံ

မြန်မာ စကားပုံမှာတော့ မြန်မာအစ တကောင်းကတဲ့ ခုတော့ တောင်ကြောလိုက် တရုတ်ကို ရောင်းစားထားတဲ့ မြန်မာအစဆိုတဲ့ တကောင်းမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီး တရုတ်ကုမ္ပဏီတွေ နေထိုင်လုပ်ကိုင်နေပြီး မြန်မာပြည်သူတွေကတော့ ထုံးစံအတိုင်း မှောင်နဲ့မဲမဲမှာ ငုတ်တုတ်ပေါ့..။

ဒီထက်ဆိုးတာကတော့ တရုတ်ဝန်ထမ်းတွေ နေထိုင်တဲ့ စက်ရုံဝင်း အပြင်ဘက်မှာ မြန်မာလူမျိုးတွေ ခြံထွက် သီးနှံလေးတွေ ဗန်းလေးတွေနဲ့ ချရောင်းနေရတဲ့ မြင်ကွင်းပါပဲ..။

ယခုမြင်ကွင်းဟာ ယခုလဆန်းပိုင်းက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ..။

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ အထက်ပါ တရုတ်CNICO  ရဲ့ တကောင်းတောင် နီကယ်စီမံကိန်းအား ပေးပို့တဲ့ ဓာတ်အားပမာဏအား ဖော်ပြထားခြင်း မရှိတဲ့ ၂၀၁၂ခုနှစ် မတ်လ(၂၈)ရက်နေ့စွဲပါ တစ်လတာ အစီရင်ခံစာ..
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ ယခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ကနေ မတ်လ(၂၅)ရက်အထိ မြန်မာ၊ ယူနန်နဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို မီးအားပို့လွှတ်တဲ့ အစီရင်ခံစာပါ..။ ထူးခြားတာကတော့ အထက်ကအတိုင်း လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ တကောင်းတောင် နီကယ် စီမံကိန်းသို့ ဓာတ်အားပို့လွှတ်မှုအား ဖော်ပြထားခြင်း မရှိတဲ့ အချက်ပါပဲ..။

တောကြီးမျက်မည်းအတွင်းမှ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်ဖက်စပ်စီမံကိန်း..

မနေ့က သမ္မတရုံးအကြံပေးအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ် ပြောသွားတာလေးကို အားလုံးသိပြီးဖြစ်ကြမှာပါ...။ နောက်ဆုံး စော်ကားလိုက်တာကတော့ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျနော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ် ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။”တဲ့ အထက်ပါ အကြောင်းကို မရေးခင်မှာ တခုပြောလိုတာကတော့ ဦးကိုကိုလှိုင် ပြောတဲ့ ဂျပန်က မီးချွေတာတဲ့ ကိစ္စပါ...။ သဘာဝဘေးအန္တရာယ်ကြောင့် ပိတ်လိုက်ရတဲ့ နျူကလီးယား စက်ရုံတွေအတွက် ထိုစဉ်က မီးခြွေတာဖို့ ဆော်သြခဲ့တာ ဖြစ်သလို ပြည်သူတွေကို အသိပညာပေးပြီး အဓိက မီးခြွေတာခဲ့တာကတော့ အများပြည်သူ အသုံးပြုတဲ့ နေရာတွေ (ဥပမာ ရထားဘူတာရုံနဲ့ တချို့နေရာတွေမှာ ရွေ့လျားစက်လှေကား စက်ကို ပိတ်ထားပြီး လှေကားကိုပဲ အသုံးပြုတာတို့ နောက် အစိုးရရုံးတွေ ကုမ္ပဏီတွေမှာ မလိုအပ်ပဲ မီးကိုအသုံးမပြုတာတို့၊ စီးပွားရေးလုပ်ငန်းတွေမှာ မလိုအပ်ပဲ နီယွန်ဆိုင်းဘုတ်မီးတွေ ခေတ္တအသုံးမပြုတာမျိုး အစရှိတဲ့ Public နေရာတွေမှာ မီးကို ခြွေတာအသုံးပြု ခဲ့ကြတာပါ..။   ဒါတောင် အစပိုင်းမှာ တချို့သော တိုကျိုဧရိယာအတွင်း နေရာတွေမှာ လျှပ်စစ်မီးပြတ်တာ မကြုံဘူးပဲ အတွေ့အကြုံ မရှိတော့ ယာဉ်တိုက်မှုအချို့နဲ့အတူ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်..။ အဆိုပါ နျူကလီးယား ဓာတ်အားပေး စက်ရုံကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် လျော်ကြေးတွေ အပြင်ပြည်သူလူထုအားလည်း ထိုင်ရှိခိုးမတတ် တောင်းပန်ခဲ့ကြတာပါ...။
 တကောင်းတောင် နီကယ်စီမံကိန်း ကွန်ဗေယာလိုင်း နေ့ဘက်မြင်ကွင်း
 
ဒါကတော့ တပိုင်းပေါ့...။  ဖယောင်းတိုင်မီး ထွန်းပြီး လျှပ်စစ်မီးချွေတာပါ စော်ကားပြောဆိုနေတဲ့ ဦးကိုကိုလှိုင်အနေနဲ့ အထက် ဓာတ်ပုံပါ တရုတ်နဲ့ ဖက်စပ်ထုတ်လုပ်တဲ့ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲ၊ တကောင်းတောင် တောကြီးမျက်မည်းထဲက နီကယ်သတ္တုရိုင်း ကြိတ်ခွဲစက်ရုံမှ ပို့လွှတ်တဲ့ ကွန်ဗေယာလိုင်း တလျှောက် လျှပ်စစ်မီးတွေ ထိန်ထိန်ညီ အသုံးပြုနေပုံကို မြင်မိကြည့်မိမှာပါ...။ တရုတ်က ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁)က ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းအတွက် ပြန်လည်ဝယ်ယူရသလို တရုတ်ပြည်သို့လည်း ပို့ဆောင်ပါတယ်..။ ထို့အပြင် ထပ်မံပို့ဆောင်တာကတော့ အထက်ပါ တကောင်းတောင် နီကယ် စီမံကိန်းပါ...။ ထို့အတွက်လည်း ဓာတ်အားလိုင်းများကို အသစ်တဖန် ဆောက်လုပ် ပို့ဆောင်နေတာပါ..။ ဒါအကြောင်းတွေကို ကိုယ့်ပြည်သူတွေကို မထေမဲ့မြင် စော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းအသုံးပြုတဲ့ ဦးကိုကိုလှိုင်ဆိုသူ သိပါလေစ။
 တောကြီးမျက်မည်းအတွင်းမှ နေ့ဘက်အလား လင်းထိန်နေတဲ့ တကောင်းတောင် နီကယ်စက်ရုံမြင်ကွင်း..


အဆိုပါ စက်ရုံဝင်းအတွင်းမှာ နေထိုင်လုပ်ကိုင်နေတဲ့ တရုတ်ဝန်ထမ်း စာရင်းပါ...။ အဆိုပါတရုတ် ဝန်ထမ်းများလည်း မီးချွေတာတဲ့ အနေနဲ့ ဖယောင်းတိုင် ထွန်းပြီး နေခိုင်းဖို့ တိုက်တွန်းပေးစေလိုပါတယ်..။
ယခင် သတင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/03/blog-post_3829.html
အချိန်အခက်ခဲကြောင့် သတင်းများ အပြည့်အစုံရေးသား မဖော်ပြနိုင်သေးတာ ခွင့်လွှတ်ပါ။ ဆက်လက်ရေးသား ဖော်ပြပါမည်...
ဒီမိုဝေယံ

တရုတ်နဲ့ ဖက်စပ်တူးဖော် ထုတ်လုပ်နေတဲ့ ဒေါ်လာ သန်း ၈၀၀တန် အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး နီကယ် သတ္တုထုတ်လုပ်ရေး စီမံကိန်း..

၂၀၁၁ခုနှစ် မတ်လ(၂၇)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ တကောင်းတောင်နီကယ် သတ္တုသိုက်မှ ဖယ်ရိုနီကယ်ထုတ်လုပ်ရေး စီမံကိန်း ဖွင့်ပွဲ အခမ်းအနား..
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးဦးအုန်းမြင့်တို့ ၂၀၁၁မတ်လ (၂၇)ရက်နေ့က တက်ရောက်ဖွင့်လှစ် ပေးခဲ့တယ်လို့ ဆိုပါတယ်..။
(Snap Shot ဂျာနယ်မှာ ဒီလိုရေးထားပါတယ်..) အနာဂတ်တွင်လည်း နိုင်ငံတကာအလယ်၌ ဂုဏ်သိက္ခာရှိရှိ အရှည်တည်တံ့ ခိုင်မြဲရန်အတွက် ယခု တကောင်းတောင် နီကယ်စက်ရုံကြီး အပါအဝင် အခြေခံကောင်းများ ဖန်တီးပေးထားပြီး ဖြစ်ကြောင်း၊ တကောင်းတောင်နီကယ် စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းကို (၅၊၇၊၂ဝ၁၁)ရက်မှာ ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး လွန်တွင်းပေါင်း(၁၃၅)တွင်းနှင့် အစမ်းကျင်း(၁၈၄)ကျင်း တူးဖော် စမ်းသပ်ခဲ့ရာ ပျမ်းမျှ နီကယ်နှစ်ရာခိုင်နှုန်း ပါဝင်သော နီကယ်သတ္တုသိုက် ပမာဏတန်ချိန် (၃၄.၁၄)သန်း တိုင်းတာ တွက်ချက်ရရှိခဲ့ကြောင်း၊ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် တကောင်းတောင်နီကယ် သတ္တုသိုက်မှ ဖယ်ရိုနီကယ်ထုတ်လုပ်မှု လုပ်ငန်းသဘောတူ စာချုပ်ကို (၂၈၊၇၊၂ဝဝ၈)ရက်မှာ ခွင့်ပြုမိန့်ထုတ်ပေးပြီး တကောင်းတောင်နီကယ် သတ္တုတွင်းမှ တစ်နှစ်ကို နီကယ်သတ္တုရိုင်းတန်ချိန်(၁ .၉၇)သန်း ထုတ်လုပ်မှာဖြစ်ပြီး ဖယ်ရိုနီကယ်ကျိုချက်စက်ရုံမှ တစ်နှစ်လျှင်ကို (၈၄,၄၉၅)တန် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း' ပြောကြားခဲ့သည်။
ဒါတွေကတော့ မြန်မာပြည်တွင်း နိုင်ငံအနှံမှာရှိတဲ့
တရုတ်စီမံကိန်းတွေထဲက တစိတ်တပိုင်း တခုပါ...
တရုတ်ပြည်မှ မဟာ တံတိုင်းအလား တကောင်း ကြိုးဝိုင်း သစ်တော အတွင်းမှ ကွန်ဗေယာလိုင်း.. လုပ်ငန်းစတင်နေတာ ၁နှစ်ပြည့်ပါတော့မယ်..။ လုပ်ငန်းစတင်နေတာ ၁နှစ်ပြည့်ပါတော့မယ်..။ စီမံကိန်း အကျိုးအမြတ်တွေကို ပြည်သူတွေ သိရှိခွင့်၊ အကျိုးခံစားခွင့် ရရှိနေပါပြီလား...။ အဆိုပါဒေသက တောင်သူတွေကတော့ အကျိုးအမြတ် မရရှိတဲ့အပြင် ဒုက္ခရောက်နေကြရကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) မှာ ပြောကြားသွားတာ ကြားလိုက်မိပါတယ်..။
  ဆက်လက်ဖော်ပြပါမယ်..
ဓာတ်ပုံများ... ဒီမိုဝေယံဝိုင်းတော်သားများ..