ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ(အပိုင်း ၂)(ကဗျာရှင် ခရမ်းပြာထက်လူ)

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
(အပိုင်း ၂)
(ကဗျာရှင် ခရမ်းပြာထက်လူ)


ဟေ့.... ငါ့ကို ရုပ်ရှင်ရိုက်ရင်
အင်္ဂလိပ်ခေတ်နဲ့ မစနဲ့
ဂျပန်ခေတ်နဲ့ မစနဲ့
၈၈၈၈ အရေးတော်ပုံ ကျောင်းသား ကိုအောင်ဆန်းခေတ်နဲ့ ပြန်စ၊
ခုမှ ပြည်သူ့လွတ်လပ်ရေးက စမှာဆိုတော့။

အရှေ့ဘက်က တံခါးတွေ ကျိုးပေါက်
တောဝက်တွေ ဝင်ဝင်လာနေတာ
ငါတွေ့တယ် အစွယ်တဖွေးဖွေးနဲ့။
အနောက်ဘက်တံခါးတွေ ကျိုးပေါက်။
မြေပြိုသံ မြေမျိုသံတွေ တဝုန်းဝုန်း တဗြုန်းဗြုန်း
ငါကြားနေရတယ် ငိုသံယိုသံတွေ တဖွားဖွားနဲ့။

ဒီမှာ ဟေ့ကောင်တွေ
လူထုကို စည်းရုံးဖို့
နယ်ချဲ့ကို မောင်းထုတ်ဖို့ တော်လှန်ရေးကို အသက်သွင်းဖို့
နေပူပူ ရေဆူဆူ လေထူထူမှာ
စက်ဘီးမစီးရဲ လှေမစီးရဲပေမယ့်

ငါရဲရဲတောက် နယ်တကာလှည့်ပြီး တရားဟောခဲ့တယ်..

"နယ်တကာလှည့်ပြီး ငါပါးမရိုက်ခဲ့ဘူး"

ငါ့စကားတွေ ရိုင်းချင်ရိုင်းမယ်
ငါ့အမူအရာတွေ ရိုင်းချင်ရိုင်းမယ်
ငါပြောတာတွေကတော့ အမှန်တွေချည်းပဲ
ယုံရင် လိုက်ခဲ့
"ဗမာတစ်ကျပ်ဆို ကရင်လည်း တစ်ကျပ်ပဲ"

အဲ့ဒါကို ငါ့နှလုံးသားနဲ့ ခေါ်တယ်..
"ဘယ်တော့မှ Bullet နဲ့ မခေါ်ဘူး"


ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ်သာ အရှင်ကိုယ်သခင်ပဲ
ရော့... ဒီကထွက်တဲ့ ပတ္တမြားကြီး မင်းဝတ်
ရော့... ဒီကထွက်တဲ့ ရွှေဆွဲကြိုးကြီး မင်းဆွဲ
ဒီဧရာဝတီမြစ်ကြီးရဲ့ တငြိမ့်ငြိမ့် အပေါ်
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရွှက်လွှင့်
တစ်ယောက်ကို တစ်ယောက် ဖူးဖူးမှုတ်
ကော့နေ လှနေ မွှေးနေတဲ့ ဒီငကျွဲဆန်ထမင်းကို
မြိတ်ရေယှဉ်ရေ အတူတူစား

"ထမင်းတစ်နပ် လျှော့စားဖို့"

အိပ်မက်ထဲမှာတောင် ယောင်လို့ ငါဘယ်တော့မှ မပြောခဲ့ဘူး"

ဒီတော်လှန်ရေးအတွက် ငါ့မှာ ဘာတံဆိပ်မှ မရှိခဲ့/ မရခဲ့ဘူး
ဒီလွတ်လပ်ရေးအတွက်
ငါ့မှာ မြေတစ်ကွက် တိုက်တလုံး ကားတစ်စီး
ဘာကိုယ်ရံတော် တပ်စိတ် တစ်စိတ်မှမရှိဘူး။
နှင်းတောထဲမှာ ချမ်းနေသူ ငါ့ပြည်သူတွေအတွက် ငါ့အကျီင်္နဲ့ နွေးပါရစေ
ငါချွတ်ပေးခဲ့တယ်။

မင်းတို့ သိပါတယ်။
ဒီအကျီင်္ထူထူကြီးကတော့ အမြင်မတော်လို့ နေရှူးကြီး ငါ့ကိုပေးခဲ့တာလေ။
ငါပြောမိသေးတယ်
လွတ်လပ်ရေးရပြီးရင် ခေါင်းရှောင်လို့မရ

ခေါင်းဆောင်လေးများ ဆက်ဖြစ်ခဲ့ရင်
နတ်မောက်က အမေအိုကြီးကို
ဆင်းရဲသားတွေရဲ့ အကြွေးတွေကို လျှော်ပစ်လိုက် ရှိတဲ့လယ်တွေ
ဝေငှပေးပစ်လိုက်...လို့
အမယ်အိုကြီး မကြိုက်လည်း ငါကဂရုမစိုက်ဘူးလို့

"ဒီအတွက်ငါ့မှာ ဗိုက်ကို လှန်ပြဖို့ရာ"
သူရဲကောင်းတို့ရဲ့ မှတ်တမ်းမှတ်ရာ ဒဏ်ရာများမရှိ"

(ကျည်ဆန် ၁၃တောင့်နဲ့ မသေဘဲ ငါရှင်ခဲ့ရင်ပေါ့)

၁၉၄၈ လွတ်လပ်ရေးကို
၁၉၄၇ သူ့သွေးနဲ့ ရေးခဲ့တယ်
အဂိင်္လိပ်နဲ့တိုက်
ဂျပန်နဲ့တိုက်
မျိုးဖျက် သစ္စာဖောက် လောက်ကောင်တွေနဲ့တိုက်
သူ့ခေါင်းနဲ့
အနိုင်မခံ အရှုံးမပေး ကဗျာကိုရွတ်ပြီး
၃၁ဘုံနဲ့ တိုက်ငါတို့ရဲ့  နိဗ္ဗာန်တံခါးကို ဖွင့်ပေးခဲ့တယ်။

ဒါပေမဲ့
ဆာစတက်ဖို့ ကလစ်ပ်ရဲ့ အိပ်ကပ်ထဲက ဖောင်တိန်ကို
ဆောင့်ဆွဲယူသလို ပါလာခဲ့တဲ့ လွတ်လပ်ရေး
ကျွန်တော်တို့ နွေးအောင် မကိုင်ခဲ့ရဘူးဆိုတာ သူသိခဲ့တာပေါ့။

ဒါကြောင့်ပဲ ဒီလိုနဲ့ သူပြန်လာတယ်
ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သွေးအိုင်ထဲက ထလို့
နောက်တစ်ခါ လွတ်လပ်ရေးအတွက်
သမီး အောင် ဆန်း စု ကြည် အဖြစ်နဲ့

(ခရမ်းပြာထက်လူ)
ဒီကဗျာလေးကို ဖတ်ပြီး ကျွန်တော်တို့ တတွေ
မဆလနဲ့ စစ်အစိုးရဆိုတဲ့ (၄၈နှစ်တိုင်) ရှင်ကြီးဝမ်းထဲလည်း 
ဝင်ခဲ့ဘူးပြီ။
အရပ်သား အစိုးရ အမည်ပြောင်း
(၅နှစ်)တိုင်အောင် ရှင်ငယ်ဝမ်းထဲလဲ နေခဲ့ဘူးပြီ..
ဒါကိုမှ အားမရသေး နောက်လာမယ့် ရွေးကောက်ပွဲ ထပ်မံရွေးချယ်ဦးမယ် ဆိုရင်တော့
တို့ခေတ်ရောက်မှ ညံ့ကျတော့မှာလား လာမယ့်ရွေးကောက်ပွဲ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ နိုင်ငံတော်တခုအတွက်
မဲပေးမမှားကြဖို့ ဒီကဗျာလေးနဲ့
တိုက်တွန်းနိုးဆော်ရင်း..
ဒီမိုဝေယံ

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
အပိုင်း (၁) ပြန်ဖတ်မယ်ဆိုရင်
http://www.demowaiyan.org/2015/04/blog-post_9.html

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ (အပိုင်း ၁)(ကဗျာရှင် ခရမ်းပြာထက်လူ)

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
(အပိုင်း ၁)
(ကဗျာရှင် ခရမ်းပြာထက်လူ)


ဗိုလ်ချုပ်အောင်ဆန်းဟာ
သွေးအိုင်ထဲက ပြန်ထလာတယ်။

ဒီလိုမှန်းသိ
ဒီလွတ်လပ်ရေးအကြောင်း ငါမတွေးခဲ့ပါဘူး
ဘိုကေကို ကျကျနနဖြီး အိုင်စီအက်စ် လေဟုန်မှာ စီးနေခဲ့မှာပေါ့။

ဒီလိုမှန်းသိ
ငါဟိုင်နန်ကျွန်းမှာ ဒုက္ခရစရိယာ သွားမကျင့်ခဲ့ပါဘူး
ဘန်ကောက်လုံချည် တရွှမ်းရွှမ်း ပိုးအကျီ တိုက်ပုံအလွမ်းစားနဲ့
ငါ.. ကောင်မလေးတွေရှေ့ လေကလေးချွန် ဖြတ်လျှောက်နေမှာပေါ့။

ဒီလိုမှန်းသိ
ဒီလိုမှန်း မသိခဲ့တာတွေ စုစည်းခေါင်းစဉ်တပ်
ဒန်တေရဲ့
ငရဲခန်း ကမ္ဘာကျော် ကဗျာရှည်ကြီး တစ်ပုဒ်
စောင့်ရေးခဲ့မှာပေါ့လို့ ရင်ထုမနာပြောရင်း။

ကျုပ်ပြောခဲ့သားပဲ
အာဏာနိုင်ငံရေးနဲ့ ကျုပ်မဖြစ်ပါဘူးလို့
ခုကျုပ်ဒီအရပ်မှာ လက်ပိုက်ပြီး ရယ်နေရပြီ၊ ကျုပ်ပြောခဲ့တဲ့ အတိုင်း။

ကျူပ်ပြောခဲ့တဲ့ အတိုင်း
" ပြဲနေအောင်လုပ်ကာမှ တော်ကာကျမယ်"
ဒီထက်မှန်တဲ့ ဟောစာတမ်း တွေ့ဖူးလား
ဖာသည်နိုင်ငံကြီး ဖြစ်သွားမယ်
ဒီနှစ်သင်္ကြန်မှာရော သိကြားမင်း ဘာကိုင်ဆင်းလာမလဲ
ကျုပ်ပြောမယ်..
ကျည်ဆန်နဲ့ မီးတောက် ဒါကလွဲပြီး ဘာရှိဦးမလဲ။
ကျုပ်ပြောခဲ့တာပဲ
ဒါကြောင့် ကျုပ်ကို တချို့က ဘုရားလို့တောင် ထင်ခဲ့ကြသေး။

ပထမတော့ အဲ့ဒီဓားပေါ်တင်ခဲ့တဲ့ ကျုပ်လက်ဟာ
ဂျပန်စစ်သေနာပတိကြီး ဗိုလ်မှူးကြီး ဆူဇူကီးအတွက်ပဲ
ခုတော့ ဒီဓားဟာ အေဗရာဟင် လင်ကွန်းရဲ့ ပုဆိန်ဖျားမှာ
ဗန်ပိုင်းယားတွေ သွေးတွေ ဖြာဆင်းသွားသလို
ဒီဓားဟာ
ကျုပ်နဲ့ ကျုပ်တိုင်းပြည်ကို မျှဉ်းမျှဉ်းသတ်နေတဲ့
ဒင်းတို့အတွက် ဖြစ်တော့မယ်။

ငါ့မျက်နှာကိုလည်း အိုးမည်းသုတ်ခဲ့တယ်
အိမ်ကြက်ချင်းကိုလည်း အိုးမည်းသုတ် ခွပ်ခိုင်းခဲ့တယ်။
မှောင်နေတဲ့ တိုင်းပြည်ကိုတော့
ကန်းသွားအောင် တစ်ခါတည်း
ခါးကသေနတ် ဆွဲထုတ် တည့်တည့် ပစ်ချလိုက်တော့တယ်။
ဒုတ်ခနဲ ဒုတ်ခနဲ ဒုက္ခကျည်ဆန်တွေ ပစ်သွင်းနေတဲ့အသံ
ငါ့ဆီ ပျံသန်းလာနေတယ်
ငါကြားတယ်ဟေ့ ငါကြားနေရတယ်။

မြို့ကြီးတွေ မီးလောင် ယမ်းငွေ့တွေ ဖုံးလွှမ်း
လူသေတွေ ပြာကျငါတွေ့.. တွေ့နေရတယ် ငါသားတို့
အိမ်ထောင်စု ဇယားထိပ်က အဖေ့နာမည်ကို ဖြုတ်ရခဲ့သူတို့
အဖေမပေါ်ဘဲ မွေးခဲ့သူတွေကို အထင်ခံခဲ့ရတာကို
ဂုဏ်ယူတဲ့အထိ ရဲရင့်ခဲ့သူတို့။


ခရမ်းပြာထက်လူ

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
(အပိုင်း ၂)
ဆက်လက် ဖော်ပြပါမည်။

ဒီမိုဝေယံ

ကျုပ် တာဝန်မကြေဘူးထင်လို့ ကျုပ်သမီးကို ထားခဲ့တယ်..(ကဗျာရှင် ခရမ်းပြာထက်လူ)

ကျုပ် တာဝန်မကြေဘူးထင်လို့ ကျုပ်သမီးကို ထားခဲ့တယ်..
(ကဗျာရှင် ခရမ်းပြာထက်လူ)


ကျုပ်က သူတို့ရဲ့ဖခင်တဲ့
လက်မောင်းသွေးများတောင် ဖောက်လို့
ကျမ်းသစ္စာများတောင် ကျိန်လို့..
မိန့်ခွန်းထဲတောင် ထည့်ထည့်ပြောလို့..

ဒါဆို ကျုပ်က သူတို့ရဲ့ဖခင်ပေါ့၊
သမိုင်းထဲမှာတောင် ရှိလို့
ရာဇင်ဝင်များတောင် တွင်လို့။
ရုပ်တုများတောင် ထုလို့
အလကား "အဇာတသတ်" တွေ၊

ခုတော့ ငါ့ပုံနံရံမှာ ချိတ်သူကို ဖမ်းကာ
ခုတော့ ငါ့ပုံ ပန်းချီရေးသူကို ထောင်ထဲထည့်ပြီး
ခုတော့ ငါ့ပုံကိုင် ချီတက်လာတဲ့
အရေးတော်ပုံ တပ်သား ငါမြေးမလေးကိုလည်း ပစ်သတ်လိုက်သတဲ့၊
အလကား "အဇာတသတ်" တွေ၊

ခုတော့ငါ့ကို အိမ်ထဲ ပေးမဝင်တော့ဘူး၊
ခုတော့ ငါ့လိပ်ပြာကိုတောင် ပိုက်စိပ်တိုက် ရှာဖွေထပ်သတ်ဖို့ ကြိုးစား၊

ကျုပ်ကို
ခင်ဗျားတို့ အမြတ်တနိုးရှိလှတဲ့
ပိုက်ဆံတွေပေါ်က မောင်းထုတ်ခဲ့ကြတယ်၊
ပြီး၊ ကျုပ်ကို တိရိစ္ဆာန်တွေနဲ့ အစားထိုးခဲ့ကြ၊
အလကား "အဇာတသတ်" တွေ၊

ပြည်သူတို့
လွတ်လပ်ရေးရပြီး လွတ်လပ်ရေး ကျပျောက်သွားခဲ့မှန်း ကျုပ်သိတယ်။
ပြည်သူတို့
မျက်ရည်နဲ့ မျက်ခွက် ညတွေ သိပ်နက်ခဲ့ကြောင်း ကျုပ်သိတယ်။
ပြည်သူတို့
ပုလဲသီ တကွဲစီကွဲကွာသွားခဲ့ကြတဲ့
ညီအစ်ကို မောင်နှမတွေ အကြောင်းကျုပ်သိတယ်။
ပြည်သူတို့
ကျုပ်သိတယ် ကျုပ်တာဝန် မကြေသေးခဲ့ကြောင်း
ပြည်သူတို့
ကျုပ်သားတွေဟာ ဓားအချောင်းချောင်း ဆိုပေမယ့်
သံချေးတက် ခါးစောင်းသွားခဲ့ပြီဆိုတာ ကျုပ်သိတယ်။

အဲဒီအတွက် ပဋိဇီဝဆေးတစ်ခွက်
ခင်ဗျားတို့အတွက် နောက်ဆုံးသွေးတစ်စက် ကျုပ်ထားခဲ့တယ်
ကျုပ်သမီးလေးလေ
ထီးတစ်လက်အဖြစ်နဲ့ ခင်ဗျားတို့ ခေါင်းပေါ်မှာ
အပြာရောင် ကောင်းကင်အသစ် တစ်ခုအဖြစ်နဲ့ ဝင်းပ
အရိပ်ထိုး မိုးပေးနိုင်ပါစေသား..။

(ခရမ်းပြာထက်လူ..)


ဖတ်မိသမျှထဲက အကြိုက်ဆုံး ကဗျာလေးတပုဒ်ပါ..

ခေတ်သစ် အဇာတသတ်တွေ ရန်ကို ကာကွယ်ဖို့ ကျုပ်တို့ အဖဗိုလ်ချုပ်
မြန်မာပြည်သူတွေ အတွက် သွေးတစက် အမေစုကို ထားခဲ့တယ်။

ဒီမိုဝေယံ 

မျှဝေခံစားနိုင်ပါစေ..

အရူး၊ သူတောင်းစား၊ လူရွှင်တော်ပြိုင်ပွဲ ရေးသား ပေးပို့သူ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ကျွန်တော်တို့ မြန်မာပြည်က တောရွာတွေမှာ ရှေးလူကြီးတွေ မိမိတို့ သားသမီးတွေကို ပညတ်သွားရာ ဓာတ်သက်ပါရ လေအောင် ကလေးဘဝမှာ ပကတိ အခြေအနေနဲ့ ပြောင်းပြန် အမည်တွေကို ပြောင်းပြန် မှည့်ခေါ်လေ့ရှိကြတယ်..။

ဥပမာ..
ငယ်စဉ်က မကြာခဏ ဖျားနာပြီး ချူ ခြာသူတွေကို ကျန်းမာသန်စွမ်းရလေအောင် မောင်သံချောင်းဆိုပြီး မှည့်လိုမှည့်

ဆင်းဆင်းရဲရဲ မွေးဖွားလာသူတွေကို ချမ်းသာရလေအောင် မောင်ချမ်းသာဆိုပြီး ခေါ်လိုခေါ်..

ငယ်စဉ်က နုံအအ အလိုက်ကန်းဆိုး မသိတဲ့ ကလေးတွေကို ကြီးလာရင် ဝန်ကြီးတို့ ဝန်လေးတို့ ဖြစ်ရလေအောင် မောင်ဥာဏ်ပေါ်တို့ မောင်ဥာဏ်ထွန်းတို့ စသည်ဖြင့်ပေါ့ မှည့်ခေါ်ကြလေရဲ့...

ခုခေတ်မှာတော့ မောင်ဇော်မင်းတို့ မောင်ကျော်ဆန်းတို့ မောင်မြင့်လှိုင် မောင်အုန်းမြင့်တို့ မောင်ကြံ့ဖွတ်တို့ စသည်ဖြင့် ခေါ်ဆိုကြလေရဲ့..

ဒီလို ပညတ်သွားရာ ဓာတ်သက်ပါ ခေါ်ဆိုကြသူတွေ ပညတ်ကြောင့် လူကြီးလူကောင်း ဝန်ကြီး၊ ဝန်လေး ဖြစ်လာကြပေမယ့် အတွေးအခေါ်ဆိုတဲ့ ဓာတ်သက် မပါလာကြလေတော့.. နေ့စဉ်ရက်ဆက် တမျိုးပြီး တမျိုး တို့မြန်မာနိုင်ငံသားတွေ အတွက် မရိုးရလေအောင် ကမ္ဘာကျော် လူရွှင်တော်ပြိုင်ပွဲကြီး ကျင်းပပေးနေကြလေရဲ့....

အရူး၊ သူတောင်းစား၊ လူရွှင်တော်ပြိုင်ပွဲ
ရေးသား ပေးပို့သူ မင်းသုည(ဗုဒ္ဓတက္ကသိုလ်) 


ငါတို့နိုင်ငံမှာ အရူးတွေပေါတယ်

ပေါတဲ့အရူးတွေ အားလုံးပေါင်းရူးတာတောင်

အာဏာရူးသူတွေကို မှီအောင်မရူးနိုင်ကြ အရှုံးပေးကုန်ကြရတယ်။

ငါတို့နိုင်ငံမှာ သူတောင်းစားတွေပေါပါတယ်

မရှိလို့တောင်းစားသူနဲ့ယှဉ်ရင်

ရှိပါလျက် တောင်းစား ရောင်းစား ပေါင်းစား ဟောက်စားကြတဲ့

သူတောင်းစားတွေက ပိုပေါတယ်။


ငါတို့နိုင်ငံမှာ လူရွင်တော်တွေပေါပါတယ်

ဒါပေမဲ့ ၀န်ကြီးတွေ သမ္မတတွေရဲ့ ပြောစကားများ

ပြောကြားသမျှ ဟာသတွေကများနေလို့

လူရွှင်တော်တွေတောင် အရှုံးပေးကုန်ကြရတယ်။




မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လွတ်လပ်ရေးဖခင် ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လွတ်လပ်ရေးဖခင်
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မြန်မာပြည်သူတွေရဲ့ဘဝ
တရားမျှတ လွတ်လပ်ရေးရ အေးချမ်းကြဖို့
အစာငတ်ခံ ဒုက္ခတွေအတန်တန်နဲ့
အသက်ကိုပေး ဘ၀ကိုစတေးရင်း
မျက်နှာဖြူနယ်ချဲ့စစ်
ဖက်စစ်ဂျပန်ညစ်တွေရဲ့
နှိပ်စက်ကာညှင်းပန်း
သတ်ဖြတ်ကာရက်စက်မှုတွေရဲ့ဒဏ်
ဒို့ပြည်သူတွေ လုံးဝမခံစေရ
အမှန်မုချ လွတ်စေရမယ်
ကျွန်စင်စစ်ဘ၀ကနေ
သခင်ဘ၀ပြန်ဖြစ်စေရမယ်
ကမ္ဘာ့အလယ် မျက်နှာမငယ်ပဲ
ကမ္ဘာမှာ မြန်မာဟေ့လို့
ထွန်းတောက်ကျော်ကြားရမယ်
ကြုံးဝါးမှုတွေ အတန်တန်
ဇွဲအားမာန်တွေနဲ့
တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို
အသက်ပေးပြီးရယူပေးခဲ့သူ
ဘယ်သူရှိလိမ့်ဦးမလဲ
လွတ်လပ်ရေးရဲ့ဖခင်
သခင်ဗိုလ်ချုပ်အောင်ဆန်းပေါ့
မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာမှာ
ဗိုလ်ချုပ်သာမပါရင်
ဟာတာတာနဲ့
ဗလာနတ္ထိ အရသာရှိဘူး
ဒို့ပြည်သူတွေရဲ့ကျေးဇူးရှင်
လွတ်လပ်ရေးဖခင်
သခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
တည်ကြည်ရဲရင့် မြင့်မြတ်တဲ့ဂုဏ်ပုဒ်ကို
ဒို့ပြည်သူတွေ နှလုံးသားရင်ပြင်မှာ
သမိုင်းမှတ်တမ်းဝင်
ကမ္ဗည်းထိုးတင်ထားပါရဲ့
ကမ္ဘာရှည်သရွေ့ တည်နေမယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ.. မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ..

ရက်တွေမှ လတွေပြောင်း
လတွေမှ နှစ်တွေပြောင်းလို့
ရာစုနှစ်တွေလည်းပြောင်းခဲ့ပြီ။
ဟိုးကမ္ဘာဦးအစ
ကျောက်ခေတ်မှ ကြေးခေတ် သံခေတ်
သိပ္ပံခေတ်ကိုပြောင်း ပြောင်းလည်းမှုတွေလည်းများလှပြီ။

ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်
ခေတ်တွေကဘယ်လိုပြောင်းပြောင်း
မပြောင်းလဲပဲကျန်ခဲ့တာက ဒို့နိုင်ငံ
ဒို့တတွေ မတွန်းလှန်ဘူးဆိုလျှင်
ခေတ်ဟောင်း၊ စံနစ်ဟောင်း၊ အကျင့်ဟောင်း
ဒီလူဟောင်းတွေက ဘယ်တော့မှမပြောင်းကြ
သူတို့တွေမပြောင်းသမျှ ဒို့တတွေအမြဲခံနေရမှာမို့
နှစ်သစ်တိုင်းမှာ ပြည်သူတွေ ပြုံးပျော်ရွင်ဖို့အရေး
အနာဂါတ်ကိုမျော်ကာတွေး
ခေတ်ဟောင်း၊ စံနစ်ဟောင်း၊ အကျင့်ဟောင်း
ဒီလူဟောင်းတွေကို ၀ိုင်းဝန်းပြောင်းလဲပစ်ကြပါစို့……..

                                       မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မြန်မာအမျိုးသမီးတွေ ရွှေရတယ်.. ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မြန်မာအမျိုးသမီးတွေ ရွှေရတယ်..
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မြန်မာအမျိုးသမီးဘောလုံးအသင်း..

မြန်မာနှင့်ထိုင်း ထိုင်းနှင့်မြန်မာဘောလုံးပွဲ

သူနိုင်ကိုယ်နိုင်အပြိုင်နွှဲခဲ့ကြစဉ်

ပွဲစလို့ ဆယ့်တစ်မိနစ်

မြန်မာက ကန်သွင်းပစ်ခဲ့ပေမဲ့

ဒိုင်ရဲ့အညစ်ခံရ ဂိုးမရခဲ့ကြ စိတ်ဓါတ်မကျခဲ့ဘူး။

ထိုင်းဘက်က ကန်သွင်းတဲ့ဘော

လူကျွန်ဘောပေမဲ့ ဂိုးပေးခဲ့ရ စိတ်ဓါတ်မကျခဲ့ကြဘူး။

ရေကုန်ရေခမ်း အံ့မခမ်းစရာစိတ်ဓါတ်

မနေမနား အစွမ်းကုန်ကြိုးစားသွားကြ

အားကစားစိတ်ဓါတ် တကယ်ပြည့်ဝလို့

ဘယ်သူတွေ မပေးပေး

ဒို့ပြည်သူတွေကပေးလိုက်တယ်

မြန်မာအမျိုးသမီးတွေ ရွှေရတယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
 
တို့ မြန်မာအမျိုးသမီး ဘောလုံးအသင်း ယနေ့မှစ၍ နှစ်တရာတိုင်စေ..

ယနေ့ ရလဒ်အတွက် ကျေနပ်သည်..။

အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ပရိသတ် လိုအပ်နေတဲ့ အချိန် မိနစ်ပိုင်းများအတွင်း ချေပဂိုးများသွင်းပြီး ပရိသတ် လိုအပ်ချက်များကို ကာရံမိ၊ ရသမြောက်စွာ ပရိသတ်အကြိုက် ဖြည့်စည်းပေးခဲ့သည့် တို့မြန်မာအမျိုးသမီး ဘောလုံးအသင်း ယနေ့မှစ၍ နှစ်တရာတိုင်စေ..


ဒီမိုဝေယံ

သင်သည်လည်းလူ ဘယ်လိုလူလဲ (မင်းသုည ဗုဒ္ဓတက္ကသိုလ်)

သင်သည်လည်းလူ ဘယ်လိုလူလဲ
မာသာထရီဇာ လူလော့ကလာတော့
လူတွေကိုကူညီသွား မေတ္တာတွေပွါးသမို့
သူ့ကိုချစ်ကြတမ်းတကြ၏။
 
အာဏာရှင်ဟစ်တလာ လူလောကလာတော့
လူတွေကိုသတ် လွန်နှိပ်စက်လို့
သူ့ကိုမုန်းကြ မတမ်းတကြ။
 
ဒို့ရဲ့ဖခင် သခင်ဗိုလ်ချုပ်အောင်ဆန်း
ဒို့ပြည်မှာ သူစွမ်းတော့
လူတွေကိုကူညီသွား မေတ္တာပွါးသမို့
သူ့ကိုတမ်းတ လွန်ချစ်ကြ၏။
 
အာဏာရှင်ယုတ် နေ၀င်းဗိုလ်စုတ်
ဒို့ပြည်မှာသူအုပ်ချုပ်တော့
တိုင်းပြည်လည်းစုတ် လူလည်းစုတ်မို့
သူ့ကိုမုန်းကြ သတ်ချင်ကြ၏။
 
ဒို့ပြည်ရဲ့မိခင် အောင်ဆန်းစုကြည်သခင်ရဲ့
ကြင်နာ မေတ္တာ ကရုဏာ တရား
ပြည်သူတွေပေါ်ထားသမို့
ပြည်သူလည်းချစ် ကမ္ဘာလည်းချစ်ပေါ့။
 
အာဏာရှင်ကြီးသန်းရွှေ
ဒို့ပြည်ကို သူမွှေလို့
သခင်ဘ၀မှ ကျွန်ဘ၀တွေဖြစ်ရ
နွံထဲနှစ်ရ လူလုံးမလှသမို့
သူ့ကိုမုန်းကြ ရှင်းချင်ကြ၏။
 
ဒီမယ်အမောင် သင်….ဤလူ့ဘောင်ကို
ရောက်တုန်းရောက်ခိုက် ရောက်သည်ခိုက်မှာ
သင်သည်လည်းလူ ဘယ်လိုလူလဲ
လူတွေချစ်ရ တန်ဖိုးရသလား
လူတွေမုန်းပွါး အာဃာတထားသလား
သင့်ကိုယ်သင်မေး ပြန်စစ်ဆေးပါ
သင်သည်လည်းလူ ဘယ်လိုလူလဲ…..
                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်ချောက်ပင်ကြီးများ ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်ချောက်ပင်ကြီးများ
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်တစ်ပင်ကောင်းရင်

ငှက်တစ်သောင်းမှီခို အောင်းနိုင်တယ်တဲ့

ဒါပေမဲ့

မှီအောင်းစရာသစ်ပင်ကရှားပါး

ခိုနားမိတဲ့သစ်ပင်ကျတော့ အရိပ်ကမရ

ကိုင်းကပါကျိုးကျ

ဒုက္ခတွေတော့ရကုန်ကြပြီ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)



မှတ်ချက်။ ကျောင်းမြေရောင်းစားသော အကျင့်ပျက်ကျောင်းထိုင် ဘုန်းကြီးဦးဇောတိကကို သံဃာပိုင်ကျောင်းအား ရောင်းစားပိုင်ခွင့် မရှိကြောင်းကိုငါးထပ်ကြီး ရှိသံဃာတော်များနှင့်တကွ လက်မှတ်ထိုးကာ သံဃာ့မဟာ နာယက ဆရာတော်ကြီးများကို လျှောက်ထား တိုင်ကြားပါသည်။

သို့ပါသော်လည်း အကျင့်ပျက်ကျောင်း ထိုင်ဘုန်းကြီးသည် သံဃာ့မဟာနာယကကို ငွေပေးနိုင်သဖြင့် အရေးယူ ဆောင်ရွက်ခြင်းမပြုပဲ ငွေမပေးနိုင်တဲ့ သူငယ်ချင်းဖြစ်သူ တိုက်အုပ်စာချဆရာတော် ဦးဃောသိက ( သာသနဓဇဓမ္မာစရိယ၊ ဓမ္မကထိက)အား သံဃာ့မဟနဆရာတော်များသည် အမိန့်ဖြင့် မောင်းထုတ်ပါသဖြင့် သီတင်းကျွတ်လပြည့် ကျော်(၁) ရက်နေ့က ယခုသီတင်းသုံးနေထိုင်ရာ ငါးထပ်ကြီး၊ လိပ်ပြာကန်တိုက်၊ အလယ်တိုက်ကြီးကျောင်းမှ ထွက်ပေးခဲ့ရသည်ကို သူငယ်ချင်း ဖြစ်သူအတွက် စပ်ဆိုထားသော ကဗျာဖြစ်ပါသည်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ပေးပို့သည်..။

ဗုံး..ဗုံး…ဘာဗုံးလဲ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဗုံး..ဗုံး…ဘာဗုံးလဲ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဗုံး..ဗုံး..အမေရိကမှာကွဲတော့

ဘယ်သူခွဲသလဲ ဘယ်သူတွေပါသလဲ

ဘယ်သူတွေဟာ အဓိကတရားခံလဲ

နောင်ဆက်မခွဲရဲရအောင်

အခုသမ္မတ ဟိုအရင်ကသမ္မ

ဝန်းထမ်းနှင့် စစ်တပ်

ပြည်သူနှင့်ရဲ အားလုံးလက်တွဲလို့

မြေလှန်ရှာကြ ဖေါ်ထုတ်ခဲ့ကြ

သူတို့တွေ တာဝန်တွေကျေကြပေါ့….

ဗုံး…ဗုံး…မြန်မာနိုင်ငံမှာကွဲတော့

ချိန်ကိုက်ဗုံးတွေမှာ ပြည်သူတွေသေခဲ့ကြရ

မီးလောင်ဗုံးမှာ မီးတွေလောင်ကျွမ်းခံကြရတဲ့

သံဃာတော်တွေရဲ့ဘဝ

လက်သည်တရားခံက အခုထိမပေါ်

အခုဗုံးတွေကျပြန်တော့ အင်မတန်ထူးခြား

အမောင်ရဲမှုးကြီးပြောလိုက်ပုံများ

ဗုံးထောင်သူတွေကို ကျေးဇူးတင်

သမ္မတနှင့် ၀န်ကြီးတွေကဘာမှမ၀င်

တာဝန်ယူမှု တာဝန်ခံမှုဆိုတာဘာမှမရှိလို့

ကဲသိရင်ပြောကြ အခုပေါက်တဲ့ဗုံး

ဘယ်သူ့ဗုံးလဲ ဘာဗုံးလဲ…

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ပေးပို့သည်..။

“ငြိမ်းချမ်းရေးနှင့်ပညာ၊အနာဂတ်ကမ္ဘာ” ကိုမျိုး(မြန်မာစာ)

ရွှေဝါရောင် အရှင်ထာဝရ ဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်း မှာလာရောက် ကဗျာရွတ်ဆို ဟောပြောခဲ့တဲ့  ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်ကိုမျိုး(မြန်မာစာ)

“ငြိမ်းချမ်းရေးနှင့်ပညာ၊အနာဂတ်ကမ္ဘာ” 
ကိုမျိုး(မြန်မာစာ)

သမီးလေးရေ...
Malalaလို သတ္တိအရာမှာ
 မရဲ့ဝံ့ခဲ့ရင်တောင်... ပညာအရာရဲရင့်ပါစေ...။
 ဥခွံဟောင်းကဖောက်ထွက် အတောင်အလက်စုံမှ.... ပျံသန်းလို့ရာရောက်နိုင်မှာ။
 ကောင်းကင်ဟာ... နေရာနှံ့အောင်
 မပျံနိုင်သူတွေအတွက်သာ ကမ္ဘာကုန် ကျယ်တာပါ သမီး။ 
ကမ္ဘာအနှံ့ ခြေဆန့်ချင်တဲ့ 
သမီးလေးရေ..... အတောင်ရှိလျက် အပျံသင်ဖို့ခက်နေသလို......
 ကျောင်းတံခါးတွေပိတ်.. ခေါင်းလောင်းသံတွေ တိတ်စေတဲ့ 
ကမ္ဘာအနှံ့ ဘေးဒုက္ခသင့် ဒေသတွေမှာ..... ပညာကို လိုတိုင်း 
မရနိုင်ရှာကြတဲ့ လူမမယ်တို့ဘ၀ (လက်တလော) ရခိုင်ဒေသတချိုနဲ့  ကချင်ပြည်နယ်က စစ်ဘေးရှောင် ကလေးသူငယ်တို့ဒုက္ခ 
သမီးတို့နေတဲ့မြို့ ရန်ကုန်ကနေ စာနာကြည့်နိုင်ပါစေ...
သမီးလေးရေ။ သမီးလေးရဲ့ ချစ်တဲ့ဖေဖေ..။ 

ကိုမျိုး(မြန်မာစာ)
 (၂၀၁၂နိုဝင်ဘာကရေးဖွဲ့ ပြီးဂျာနယ်မှာဖေါ်ပြခဲ့တဲ့ ကဗျာကို ၂၀၁၃ဇူလိုင်၂၁(မနက် ၁၀နာရီ)က ပထမဆုံးအကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ် တဲ့
“အခမဲ့ပညာဥယျာဉ်ကွန်ပျူတာ သင်တန်းဆင်းပွဲ”မှာ Ashin Htavaraရဲ့ တိုက်တွန်းချက်အရ ကလေးတွေကို ပညာတန်ဖိုးပြောကြားရင်း ဆီလျှော်စွာရွတ်ဆို ခဲ့တာပါ။ 

http://www.youtube.com/watch?v=gv2xWn8ADoQ&feature=share ပညာသင်လိုချင်စိတ်ကြောင့် သေနတ်ပစ်ခံခဲ့ရတဲ့ မာလာလာအကြောင်း
ဆီလျှော်ရခြင်းက အဲ့ဒီအခမ်းအနား ကျင်းပရာ
ကျွန်တော် စကားပြောရာစားပွဲ
ခုံဘေးကနံရံမှာ သေနတ်ဒါဏ်ရာနဲ့ အသက်ပျောက်ကြွေလွင့်ခဲ့ရတဲ့ ဆယ်တန်း ကျောင်းသားလေးရဲ့ ဓါတ်ပုံလေးက အမှတ်ရစရာရှိနေလို့ ပါပဲ။
တစ်နေ့ က(ဇူလိုင်၁၉က)လည်း စဉ်းစားဆင်ခြင်ဥာဏ်
ပညာမဲ့သူတစ်စုရဲ့ သေနတ်ဒါဏ်နဲ့ ပဲ ကျဆုံးခဲ့ကျရရှာသူ
ကျွန်တော်တို့ မြန်မာပြည်သူတစ်ရပ်လုံး ရဲ့
ကျေးဇူးရှင်အမျိုးသားခေါင်းဆောင်ကြီးတွေကိုအမှတ်ရ လွမ်းဆွတ်ခဲ့ကြ
ရသေးတဲ့အတွက်ပါ။

 နွမ်းပါးလွန်းကြပေမဲ့ ပညာလိုလားစိတ်မှာ
အသိတရားကြွယ်ဝလွန်းတဲ့(အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်က“အခမဲ့ပညာဥယျာဉ်
ကွန်ပျူတာသင်တန်းမှာ ပညာလိုလားစွာသင်ယူနေကြတဲ့ကလေးတွေရှိရာ သမီးလေးကိုပါ
စာနာကြည့်နိုင်ပါစေဖို့ ခေါ်သွားခဲ့ပါတယ်။

ကိုမျိုး (မြန်မာစာ)

အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းသို့ ဆက်သွယ်လှူဒါန်းလိုလျှင် 
အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ် သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်..


ပြဒါးတစ်လမ်း သံတစ်လမ်း ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပြဒါးတစ်လမ်း သံတစ်လမ်း
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


အူဝဲ အူဝဲ သံကုန်ဟဲ၍

အဖေါ်မပါ ကိုယ်ဗလာဖြင့်

လောကထဲကိုရောက်ခဲ့သူ။


သူအရွယ်ရောက်လာ

သူမှာပညာ လွန်များပါ၍

လောက ကောင်ကျိုး နိုင်ငံကျိုးကို

သက်စွန့်ကြိုးပမ်း ထမ်းရွက်သူ။


သူ့ကိုမှီရှာ လောကမှာလဲ

နေ့စဉ်နှင့်မျှ ချမ်းသာရ၏။

ဟော..ဖြုန်းကနဲဆို

သူ့ကိုလုပ်ကြံ သတ်ဖြတ်ရန်ကြောင့်

သူ၏နိဂုဏ်း ဘ၀ဆုံးတော့

သူ့ကိုတမ်းတ ငိုကြွေးကြ၏။



တစ်ယောက်သောသူမှာ

သူ့မှာ ပညာမရှိပါ၍

လောကကောင်းကျိုး နိုင်ငံကျိုးကို

ဘာမှမကြည့် သူမသိပါ

သူသိတာတွေ ဖေါ်ပြချေက

ဘယ်သူသေသေ ငတေမာပြီးရော

ထင်ရာပြော၍

လောကဆိုးကျိုး ပြုတဲ့သူ

ဟော..သူ့ကိုကြတော့

မသေခင်က သေကြစေကြောင်း

တလောကလုံးက ပြည်သူအပေါင်း

ဆုမွန်တောင်းသည်။


ဆင်ခြင်ကြဖွယ်လမ်းနှစ်သွယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သမိုင်းရိုင်းခဲ့ရတဲ့ ဒီဇူလိုင်လ .. ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သမိုင်းရိုင်းခဲ့ရတဲ့ ဒီဇူလိုင်လ 
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

 ဇူလိုင်တစ်ဆယ့်ကိုး 
 ဆယ့်ကိုးဇူလိုင် မမေ့နိုင်မို့
 မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရ 
ဒီဇူလိုင်လပေါ့..
 အာဇာနည်ခေါင်းဆောင်တွေက
 တနိုင်ငံလုံးရဲ့ကောင်းစားရေး 
အသက်ပေးဆွေးနွေးနေကြ 
ဒီဇူလိုင်လမှာ 
ယုတ်မာသူ ဂဠုန်စော 
မဟုတ်တာတွေသူပြောပြီး 
အကြံပက်စက် သူ့ရဲ့စနက်ကြောင့် 
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်တွေရဲ့သွေး 
 မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ
 ဒီဇူလိုင်လပေါ့ 
ကျနေရတဲ့ ပြည်သူ့မျက်ရည် 
ထက်ဝေစေဖို့အကြောင်းဖန်
 ဗိုလ်နေ၀င်းအကြံ ယုတ်မာပြန်တော့
 မိုးပေါ်ထောင်မပစ် တဲ့တဲ့ပစ်လို့ 
ဒို့ကျောင်းသားတွေရဲ့သွေး 
 မြေမှာခခဲ့ကြရ 
သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့။ 

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

၈၈နဲ့ ကျွန်တော့်အချစ် ကဗျာရှင် ကိုမျိုး(မြန်မာစာ)

၈၈နဲ့ ကျွန်တော့်အချစ်
ကဗျာရှင် ကိုမျိုး(မြန်မာစာ)


သြော်....
၂၅နှစ်ပြည့်တဲ့လား .....။

နောက်ကြောင်းပြန်လှည့်ကြည့်ရင်
ကျွန်တော်တို့ ငယ်ဘဝ
ရိုးသားမူတွေမြင်ရနိုင်ပေမဲ့

နောက်ကြောင်းပြန်မလှည့်စေချင်သူတွေထဲ
ကျွန်တော်လည်းပါဝင်လို့ နေတာ
နောက်တစ်ခေါက်ဒီနေရာ
ပြန်ရဖို့ 
မသေချာတာမို့ ပဲဖြစ်မှာ....၊

ဘာပဲဖြစ်ဖြစ် ၈၈နဲ့ 
နောက်မှာကျန်ခဲ့တဲ့
(၁၉နှစ်ပြည့်အပါအ၀င်)
အမှတ်တရတွေကိုတော့
ရိုးရိုးသားသားချစ်တယ်ဗျာ.......။

ကိုမျိုး(မြန်မာစာ)
၃.၆.၂၀၁၃

တခန်းမရပ်နိုင်သေးတဲ့ “ခေါင်းစဉ်မဲ့ကဗျာ” (ကိုမျိုး- မြန်မာစာ)

 
ကိုမျိုး(မြန်မာစာ)ရဲ့ “ခေါင်းစဉ်မဲ့ကဗျာ”လေးတပုဒ်ပါ..

တခန်းမရပ်နိုင်သေးတဲ့ “ခေါင်းစဉ်မဲ့ကဗျာ” အတွက် မိမိအတွေးနဲ့ ခေါင်းစဉ် တပ်လိုက်ကြပါစို့..

လားရှိုးမှမဟုတ်ပါဘူး
နိုင်ငံတစ်ဝှမ်းကတိုင်းရင်းသားသွေးချင်းတွေဟာ
ကျွန်တော်တို့ ဆွေရင်းမျိုးနွယ်တွေပါ။

“လားရှိုးမြို့မှာနေတဲ့
ကျွန်တော့်ဖွားလေး
အရင်းခေါက်ခေါက်ကြီး
သူ့အိမ်နားမှာမီးလောင်တာနဲ့ ကြောက်ပြီး
ဘုန်းကြီးကျောင်းမှာခိုလှုံနေရတာ.....”တဲ့ ၊

အရင်းခေါက်ခေါက်ကြီးတွေနဲ့ 
နိုင်ငံသားဝမ်းကွဲပြဿနာမှာ
ရှို့ မီးကြောင့် အမှောင်ကမ္ဘာ ထပ်ရောက်ကြရမှာလား။

ဒီမိုကရေစီ နုစဉ်မို့ 
ရှို့မီးတလျှံလျှံညီးညီး နေတာအဆန်း မဟုတ်လှပေမဲ့ 
ဒေသခံမဟုတ်ဆိုတဲ့ အကြမ်းဖက်တို့ 
မျက်နှာစိမ်းတွေ မီးရှို့ တာတို့ နဲ့ 
တစ်ချပ်မှောက် ပဟေဋ္ဌိနောက်မှာ
တရားခံပျောက်ပျောက် နေရတာသာ ဆန်းကြယ်သဗျာ။

ခေတ်ပြောင်းတယ် စံနစ်ပြောင်းတယ်ဆိုလည်း
“သံသယပျောက်ပါစေ အမှန်ဘ၀ရောက်ပါစေလေ..”
ဒီ တေးသွားဟောင်းပါပဲ အပ်ကြောင်းထပ်ဆဲ
ဒီဇာတ်ဝင်တေးနဲ့ မှ မွဲပြာပုဆိုးဇာတ်က
လိုက်ဖက်မယ် ထင်ပုံရကြတာလည်း အံ့လောက်စရာပဲ။

ဗျာ..
မဟောင်းသေးတဲ့ဇာတ်
တစ်ခန်းရပ်ဖို့ ဇာတ်သိမ်းသီချင်းတေးသွား
ကျွန်တော်များဆန္ဒပြုပေးကြရမယ်လား...။
ဟုတ်ကဲ့..
တေးရေးမရှိရှာတော့တဲ့
သမိုင်းတစ်ခေတ်ဆန်းသစ်လာပြီ တေးသွားအလိုက်ထဲ
စာသားပြောင်းလဲ မထည့်ရင်ပဲကျေနပ်ပါပြီ.။

ကိုမျိုး(မြန်မာစာ)

နှလုံးသားအစစ်နဲ့ ချစ်တက်ကြစေ...။” ရေးသားသူ (မင်းကြီးရန်နောင်)

“နှလုံးသားအစစ်နဲ့ ချစ်တက်ကြစေ...။”
(မင်းကြီးရန်နောင်)

စက်တပ်ထားတဲ့နှလုံးသားနဲ့ တောင်
(ဒီမိုကရေစီပြုပြင်ရေးဖေါ်ဆောင်)
ပြည်သူ့ ဆန္ဒခဲလေသမျှသဲရေမကျအောင်
မြစ်ဆုံကိုရပ်တန့် စေလို့ 
ဧရာဝတီကိုကယ်တင်ခဲ့သူ။

စက်တပ်ထားတဲ့နှလုံးသားနဲ့ တောင်
(သာသနာရောင်ဝါမညှိုးစေပေါင်)
ပြည်သူ့ ဆန္ဒခဲလေသမျှသဲရေမကျအောင်
OICရုံးကိုရပ်တန့် စေလို့ 
အမျိုးသားရေးကိုကာကွယ်ခဲ့သူ။

၈၈အကျိုးဆက်စနစ်
ဒီမိုကရေစီနိုင်ငံသစ်အတွက်
၈ယောက်မြောက်သမ္မတရဲ့ 
အသွားအပြန်မေတ္တာကိုငဲ့ ကွက်
ကျုပ်တို့ မှာဘယ်နှယ့်...
(နှလုံးသားအစစ်ကြီးတွေနဲ့ )
အမျိုးဘာသာသာသနာကိုမချစ်ရှိနိုင်ကြပါ့မလဲ၊

ကဲ....
မြန်မာတိုင်းမြန်မာတိုင်း
မြန်မာ့ရေဝေတောတောင်နဲ့ 
မြန်မာ့မြေဆီမြန်မာ့မြေနှစ်ကို
နှလုံးသွေးအစစ်နဲ့ ချစ်တက်ကြပါစေကြောင်း
ဒီနေ့ မှာကျုပ်အမှတ်တရဆုတောင်းပေးလိုက်ရပါတယ်....။

ယနေ့ မွေးနေ့ မှသည်နောင်နှစ်များစွာတိုင်အောင်
တိုင်းကျိုးပြည်ပြုလူထုဆန္ဒကိုအကောင်အထည်ဖေါ်နိုင်သော
ပြည်သူ့ ဘက်တော်သားပြည်သူချစ်သောနိုင်ငံ့သားကောင်းဖြစ်ပါစေဗျားးးးးးးးးးးးး။

မင်းကြီးရန်နောင်
(သမ္မတရဲ့ ၆၈နှစ်မြောက်မွေးနေ့ သို့ )

"သားများသို့ ပန်ကြားလွှာ။" (ကဗျာရှင် အမေ မြန်မာပြည်)

"သားများသို့ ပန်ကြားလွှာ။"

အမေ ချစ်တဲ့ သားတို့ ရယ်
ငြိမ်းချမ်းကြပါကွယ်။
သားကြီး သမ္မတ သြရသ
အပစ်ရပ်ဖို့ အမိန့် ချ။
သားငယ် KIA လူလေးရေ
အပစ်ရပ်ဖို့ ပြောပေးလေ။
သားတို့ မငြိမ်းချမ်း ပြည်တစ်ဝှမ်း
ပြည်သူတွေမှာ စိတ်ပင်ပန်း။
မြန်မာပြည်ကြီး အေးချမ်းရင်
လူတွေ ပျော်ကြ ရွှင်။
မြန်မာပြည်ကြီး မအေးချမ်း
အမေ့ ခေါင်းမှာ သွေးတွေလွှမ်း။
ကချင်၊ ရခိုင် ၊ မွန် ၊ ဗမာ
အမေ့သားသမီးပါ။
ရှမ်း ၊ ကယား နဲ့ ချင်း ၊ ကရင် လည်း
အမေ့ သားသမီးပဲ။
ဘယ်သူတွေပဲ နာကျင်ကျင်
အမေနဲ့ ထပ်တူနာသလိုပင်။
မင်းတို့ ညီအစ်ကို
စည်းလုံးမှ
အမေစိတ်အေးရ။
ကမ္ဘာ့ အလယ် ၊ ဂုဏ်ဝင့် ထယ်
သာတူ ညီမျှခံစားမယ်။
ပြည်သူတွေပျော် ရွှင်ဖို့ 
အပစ်အခတ်တွေ ရပ်စဲလို့ 
အမေတို့ အားလုံး ငြိမ်းချမ်းစို့ ။

                                                အမေ မြန်မာပြည် ။

အမေသိပါစေ အမေကြားပါစေ (ကဗျာရှင် မေ)



အမေသိပါစေ အမေကြားပါစေ
(ကဗျာရှင် မေ)

တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ်၅၄တဲ့
အမေ့ရဲ့သမိုင်းဝင် ဒီစံအိမ်
မော်ကွန်းတင်မဲ့ နှစ်ရှည်အကျဉ်းထောင်တခုကိုလေ
ဖျက်ဆီးလိုသူတဦး ဦးအောင်ဆန်းဦးတဲ့
အမွေဆိုင်တရားစွဲ လျှောက်လဲခဲ့စဉ်က
အမေ့သားသမီးစုံညီ ပွက်ပွက်စီလို့
အမေ့အိမ်ကိုကာကွယ် ညီညွတ်ခဲ့ကြတာလေ။
ဒီလိုပဲအမေ
လက်ပံတောင်းတောင်အရေးတဲ့
လည်ပြန်ကြည့်ပါဦးအမေ
အမေ့သားသမီးတွေ
ဒီရေဒီမြေဒီသာသနာကိုကာကွယ်ဖို့
အစွမ်းကုန်ကြိုးပမ်း
ဖမ်းသူတွေလဲဖမ်း လဲသူတွေလဲလဲ
ရက်စက်သူလူစုလက်ထဲအလဲလဲအကွဲကွဲနဲ့
လူပင်လဲသော်လည်း စိတ်မလဲဘူး
ရှေဆက်သွားဖို့ အံကိုခဲဆဲ
ကိုယ့်အိမ်ကိုကိုယ် ကာကွယ်နေဆဲလေအမေ။

ဒီမိုကရေစီဆိုတာ ပြည်သူ့ ဆန္ဒတဲ့လား
ပြည်သူမပါရင် ဘာမှမဖြစ်ဘူးတဲ့လား
လွပ်လပ်စွာဖော်ပြတာကHuman Right တဲ့လား
အမေ့စကားတကယ်အားရ
လွမ်းလှတယ် အမေ
ကတိတည်ဖို့ကအရေးကြီးသတဲ့လား
ပွင့်လင်းတာကကောင်းတာလား
မီဒီယာတွေကြောင့် တဲ့လား
ဘာတွေလဲအမေ။

သားသမီးကအမေ့ကို ကာကွယ်
အမေကသားသမီးကို စောင့်ရှောက်
ညီညွတ်တဲ့ အလှတရားနဲ့
မြန်မာ့မိသားစုဘဝ
အားလုံးနားလည်ကြတဲ့ ဒီနေ့မှာ
အမေ့စကားတခွန်ကြားပါရစေ
အမေ။

            MAY 
(29.11.2012)