ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဥရောပ (၅)နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုမှ သောင်းသောင်းဖြဖြကြိုဆို.. (ဓာတ်ပုံ သတင်း)

ဇွန်လ ၁၄ရက်နေ့မှ ၂၉ရက်နေ့အထိ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံများသို့  သွားရောက်ခဲ့ပြီး ကမ္ဘာကျော် မိန့်ခွန်းများအပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ ကမ္ဘာကျော် အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့ဆု အပါအဝင် ဂုဏ်ထူးဆောင် ဆုများအား သွားရောက်ရယူခဲ့ကာ   ဥရောပ(၅)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များရဲ့ အထူးဂုဏ်ပြု ကြိုဆိုမှုကို ရရှိခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက် ၁၀နာရီ ၂၀မိနစ်က ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပါတယ်..။

၂၄နှစ်တာအတွင်း ပထမဦးဆုံး ဥရောပခရီးစဉ်ဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အပြန်ခရီးအား ရန်ကုန်လေဆိပ်နဲ့ လမ်းတလျှောက်မှာ သောင်းနဲ့ချီတဲ့ ပြည်သူလူထုမှ ကြိုဆိုခဲ့ကြပါတယ်..။ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အနုပညာရှင်များနဲ့ အနယ်နယ်အရပ်ရပ်မှ ထောက်ခံသူ ပြည်သူများမှလည်း ဂုဏ်ပြု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြပါတယ်..။

ကမ္ဘာ့သတင်းမီဒီယာတွေမှာ ထိပ်တန်းသတင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရသော်လည်း မြန်မာအစိုးရပိုင် သတင်း၊ မီဒီယာ၊ သတင်းစာများမှာ ဖော်ပြခြင်းမပြုခဲ့ပါ။ ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ထူးခြားတိုက်ဆိုင်စွာ အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာ ဦးဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ တရားစွဲဆိုခြင်း၊ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ နေအိမ်ပိုင်ဆိုင်ခွင့် ရယူလိုမှုအား တရားရုံးမှ တဝက်စီခွဲဝေယူရန် အမိန့်ချမှတ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပအပြန်ခရီးမတိုင်မှီ တရက်အလို၌ မြန်မာအား ဘားမားဟု သုံးစွဲခြင်းအား နိုင်ငံပိုင် သတင်းစာများမှ သတိပေးခြင်းများစသည့် အဖြစ်အပျက်များ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်ခဲ့ပါတယ်..။

ဓာတ်ပုံ AP,Getty Images, Reuters
အမေစုရဲ့ အိမ်အပြန်ခရီး  နေအိမ်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ပြည်သူလူထုအား တွေ့ဆုံနှုတ်ဆက်စဉ်

တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်..

တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်

၂၀၁၂ ခုနှစ် ဇွန် ၃၀

ယနေ့ ဇွန် ၃၀ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့် ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာ ပေါင်းစုံအဖွဲ့ ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြု ကြောင်း ရုံးတွင်း စာမထွက် ခင်ကတည်းက တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုကြောင်း ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့က ဦးဆောင်ပြုလုပ်ရန် စိစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ၀န်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တို့အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေ ပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။

သတင်း.. ကိုညီဇော်

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ
(ကဗျာရှင် နေရဲနီ)

တရံရောအခါ ဗာရာသနင်း
ဗြဟ္မဒတ်မင်းသည် သူ၏ဆင်တပ် ရေသက်ဖို့ရာ
ဂင်္ဂါကမ်းသို့စေလေ၏။

ရဲရင့်ဝံ့ကြွား ဆင်အများတို့ အေးမြကြည်လင်
မြစ်ဂင်္ဂါ၏ ရေအလျင်ကို
မြင်သော်ခဏ အားရဝမ်းသာ
ဂင်္ဂါမြစ်တွင်း ဆင်းလေသော်
ရုတ်ချည်းမူရာ ပြောင်းလဲကာလျှင်
တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ရုတ်တရက်လျှင်
ကျိုးကျိုးကျည်ကျည် အော်ကာမြည်လျက်
ဖရိုဖရဲတပ်ပျက် အသွင် ပြေးကာလျင်သည်
ဂင်္ဂါကမ်းမှ ဝေးရာတည်း။

ဆင်အပေါင်း၏ ထူးခြားဖြစ်အင် မြင်သော်ခဏ
စုံစမ်းကြသော် မြစ်ဂင်္ဂါ၏ အထက်အညာ
ဟိမဝန္တာ မြိုင်ရပ်သာတွင် ဘုန်းရှိန် သမ္ဘာပြည့်စုံစွာသား
ရတနာဆင်ဖြူ ပေါ်ထွန်းမူ၍
ဆင်ဖြူဘုန်းကံ အရှိန်ဒဏ်ကို ဆင်မည်းမခံနိုင် ၍လန့်ကြောက်အသွင် အပြေးနှင်သည်
အုတ်အော်သောင်းနင်း ဖြစ်သတည်း။

မင်းဗြဟ္မဒတ် ရာဇာမြတ်လည်း သူ၏ဆင်တပ် ရေသက်ဖို့ရာ
ကြံကာတွေးသော် ဆင်ဖြူ့အညစ်ကြေး မစင်ချေးကို
ရေနှင့်ဖျော်၍ ဆင်မည်း ကိုယ်ပေါ်လောင်းသော်ခဏ ဆင်အပေါင်းလည်း
သောင်းသောင်းဖျဖျ အားရဝမ်းသာ ရွှင်မြူးကာလျှင် မြစ်ဂင်္ဂါ၏ရေတွင်လူးသည်
အုံးအုံးကျွက်ကျွက် ညံလေသတည်း။

နိပါတ်တော်လာ ထိုပုံဝတ္ထု ပမာပြု၍
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆိုရိုးစကား ရှေးကထားသည်
လက်ထက်တော်က စလေသတည်း

ဤသို့လျှင် ဘုန်ကံနိမ့်ပါး လူ့အန္တတို့
မိန်းမသားပင် ဖြစ်လင့်ကစား ဘုန်းမြင့်မားမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သို့
မသိကျိုးကျွံ ပြုကြတုံသည် လူမိုက်တို့ထုံးနှလုံးတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းသားပြည်သူ များရှင်လူတို့
ဂုဏ်ယူဖွယ်သား နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
ဥရောပခရီး ကမ္ဘာ့မီဒီယာ အသီးသီးတွင်
သူ့ထက်ငါဦး အလုအယက် ရေးသားနေချိန်
နိုင်ငံပိုင် မီဒီယာ မြန်မာ့အသံ ရုပ်မြင်သံကြား
မြန်မာအလင်းကြေးမုံ အဖုံဖုံတွင် တစိုးတစိမျှ
မရေးကြသည် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာသည်
ပုဂ္ဂိုလ်ရေးခရီး အကြောင်းပြချက်တည်း။

နေရဲနီ

ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲအခမ်းအနား..

ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား
ဂုဏ်ပြုပွဲ

"မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့၏ ၂၀၁၂ နှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီခန်းမ၌ ၂၈-၆-၂၀၁၂ နေ့လည့် ၁း၀၀ မှ ၃း၀၀ ထိအစီအစဉ် (၆) ရပ်ဖြင့် ကျင့်ပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ယင်းအခမ်းအနားကို အစီအစဉ် အခမ်းအနားမှူးဖြင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက် မှ ပြုလုပ်ပြီး၊ နိုင်ငံရေးနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူမှုရေးနယ်ပယ်မှဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဘဘဦးဝင်းတင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း၊ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈-ကျောင်းသားခေါင်းဆောင် ပွင့်လင်းအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော် သျှီ စသော လူမှုနယ်ပယ်မှ ပရဟိတပုဂ္ဂိုလ်များ၊တိုင်းရင်း သူ၊သားများ၊ရှေ့နေအဖွဲ့ဝင်လူငယ်များ၊မီဒီယာများ စုစုပေါင်း အယောက် ၆၀ ခန့်တက်ရောက်ပြီး၊ ပြည်သူ့ ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူ လူမှုအထောက်ကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင် Foundation ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊လယ်သမားတွေ အရေးကို ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်တို့အာuး$ 1000 နှင့် ဆုတံဆိပ်ဆု တစ်ခုဆီဖြင့် ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ကိုလည်း အခမ်းအနားမှူး ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားကြောင်း သိရှိရပါသည်။
အင်မတန် လေးစားစရာ ကောင်းတဲ့ပုဂ္ဂိုလ်တို့ကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုတွေ၊အားလုံး စုပေါင်းပြီး တစ်နှစ်တစ်ကြိမ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းဟာ ပြည်သူ့ဂုဏ်ရည်အသင်း၏ ပထမ ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။အဲဒီရည်ရွယ်ချက်အတိုင်း ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်အတွက် မြန်မာ့သမိုင်းမှာ အောင်မြင်မှုအရှိ ဆုံး လူမှုရေးအသင်းကြီးဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဦးဆောင်နေတဲ့ ဦးကျော်သူ၊၂၀၁၁ခု နှစ် အတွက် အကျဉ်းကျသံဃာတွေကို ကြည်ညိုသဒ္ဒါစိတ်များနဲ့ လက်လှမ်းမီသလောက် ဆွမ်း၊ဆေးဝါး လှူဒါန်းခဲ့ သော ဒေါ်ရှုတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ တိုင်းရင်းသားမြန်မာမိသားစုများရဲ့ အင်တာနက်ဆန္ဒမဲများဖြင့် ရွေး ချယ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၉ နိုင်ငံကျော်မှ ဆန္ဒမဲ စုစုပေါင်း ငါးသိန်းကျော်၏ ၅၀% ရရှိခဲ့သည် ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သည့် Kachinland News သတင်း ဌာနမှ လဖိုင်နော်မိန်းကို ရွေးချယ် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ လဖိုင်နော်မိန်းသည် အဖက်ဖက်မှ ဖိနှိပ်သည့်ကြားက သေသဖွံ့ဖြိုးရေး၊ လူငယ်များပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ ညီငယ် အလင်းဆက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ခရီးစဉ် ဇွန်လ(၂၇)ရက်နေ့ တွေ့ဆုံမှုမှတ်တမ်းများနှင့် ပြင်သစ်ခရီးစဉ်(ရိုက်တာ ရုပ်သံ)

 ပြင်သစ်နိုင်ငံ Orsay museum  ကိုသွားရောက် လေ့လာခဲ့တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
 
ပြင်သစ်ခရီးစဉ် ရုပ်သံပေါင်းချုပ်

ပြင်သစ်သမ္မတဟောင်း Nicolas Sarkozနဲ့ ဇနီးတို့မှ ဒေါ်အောင်ဆန်းစုကြည်အား တည်းခိုရာဟိုတယ်မှာ လာရောက်တွေ့ဆုံစဉ်..
ပြင်သစ် ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ Claude Bartoloneနှင့် တွေ့ဆုံစဉ်
ပြင်သစ်လွှတ်တော် ဥက္ကဋ္ဌ Senate Jean-Pierre Belနှင့် တွေ့ဆုံစဉ်

Reuters,AP
ကမ္ဘာ့အလယ်မှာ မြန်မာလူမျိုးတွေ ဂုဏ်ရောင် ထွန်းပြောင်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ ပြည်သူလူထုခေါင်းဆောင်ကို ကျွန်တော်တို့ အားလုံး ထိုက်ထိုက်တန်တန် ကြိုဆိုဂုဏ်ပြုကြမယ်...

ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ ခရီးလှည့်လည်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့
ပြန်လည် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်
လမ်းတလျှောက် ဝဲယာတွင် အင်္ကျီ အနီရောင်များ ဝတ်ဆင်ကာ ခွပ်ဒေါင်းအလံနှင့် မြန်မာနိုင်ငံအလံများ ကိုင်ဆောင်၍ ပြည်သူ များက ကြိုဆိုရန် စီစဉ်နေသည်ဟု စီစဉ်နေသူတဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင် က ပြောသည်။

“ပြည်သူလူထုကြီးကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဆောင်ရွက်ခဲ့သူကို ပြည်သူ တသန်းခန့်က ဂုဏ်ပြုကြိုဆိုကြမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရန် နှစ်ရက်အလိုတွင် ကြိုဆိုမည့် လူပေါင်း သိန်းဂဏန်းအထိ စာရင်းရရှိထား သည်ဟု ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အတူ စီစဉ်နေသူများက ပြောသည်။

“အခုတောင် စာရင်းပေးထားတဲ့ သူတွေက အတော်များနေပြီ။ အချို့ဆို ဟိုတယ်တခုလုံးက ဝန်ထမ်းတွေက ကြိုဖို့ရှိပါတယ်” ဟု generation wave မှ တာဝန်ရှိသူတဦးက ပြောသည်။

အနောက်နိုင်ငံများတွင် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဘွဲများ လက်ခံရယူပြီး ပါလီမန်များ၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက တလေးတစား ကြိုဆိုဂုဏ်ပြုခြင်းခံရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အား ပြည်သူများကလည်း ဂုဏ်ယူစွာကြိုဆိုကြသည်ကို ကမ္ဘာက သိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

ယခုကဲ့သို့ ကြိုဆိုရေးစီစဉ်ရာတွင် လူမှုရေးအဖွဲ့အစည်းများ အပါအဝင် G Wave မှ လူငယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ် ကော်မရှင်ရုံးမှ ကြားဖြတ်ရွေးကောက်ပွဲ အသုံးစားရိတ် ငွေကြေးအလွဲသုံးစားလုပ်မှုအတွက် သမ္မတကြီးထံတိုင်ကြားစာ

ငွေကြေး အလွဲသုံးစား လုပ်မှုအတွက် သမ္မတကြီးထံတိုင်ကြားစာ..

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျွန်တော်၊ကျွန်မတို့သည် ၂၀၀၈ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ မြို့နယ်ကော်မရှင်ရုံးတွင် တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ကြသော သ/မဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးနှင့် ပညာရေးဌာနမှ ၀န်ထမ်းတစ်ဦးတို့ ဖြစ်ကြပါသည်။

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မြို့နယ် ကော်မရှင်အတွင်းရေးမှူး ဦးကျော်ထက်နှင့် ထွေ/အုပ် အငယ်တန်းစာရေး ဦးနွဲ့မောင်တို့သည် နိုင်ငံတော်မှ ချပေးထားသော ကော်မရှင်ရန်ပုံငွေ (၇၆၄၅၂၀၀)သိန်း (ခုနှစ်ဆယ့်ခြောက်သိန်း လေးသောင်း ငါးထောင် နှစ်ရာကျပ်တိတိ)ကို ရေဦးမြို့ စီးပွားရေးဘဏ်မှ ထုတ်ယူခဲ့သော်လည်း ၂၀၁၂ခုနှစ် မေလ(၁၄)ရက်နေ့အထိ မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်အချို့၏ နေ့တွက်စားရိတ်များ ရှင်းမပေးခြင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ၏ ပြည်တွင်း ခရီးစားရိတ်များ ရှင်းလင်းမပေးခြင်း၊ မဲစာရင်း ပုံစံ(၁) ပြုစုခြင်း စာရိုက်ခများအား နိုင်ငံတော်မှ ချပေးသော ရံပုံငွေ၊ ငွေကြေးအပြင် ရေဦးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ ထံမှလည်း မဲဆန္ဒရှင်ဦးရေအလိုက် တစ်ဦးလျှင် (၇ကျပ် ၅၀ပြား)နှုန်းဖြင့် (၂)စုံစာ ကောက်ယူတောင်းခံထားပြီး ရှင်းလင်းမပေးခြင်း၊ ရေဦးမြို့နယ်အတွင်း သွားလာသည့် လောင်စာဆီဖိုး ကုန်ကျငွေများ ရှင်းလင်းမပေးခြင်း၊ ရွက်ရေ (၅၀)ပါ ဆန္ဒမဲလက်မှတ်စာအုပ် (၂၅)အုပ်အား သိမ်းဆည်းထားခြင်း၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်များ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ပညာပေးသင်တန်းတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက် မဲရုံမှူးနှင့် အဖွဲ့ဝင်(၁) ဦးနှုန်း၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင် (၂)ဦးနှုန်းတို့အတွက် ပညာပေးသင်တန်း စားရိတ်များကိုလည်း ရှင်းလင်းပေးခြင်း မရှိကြောင်းကို ၂၀၁၂ခုနှစ်၊ မေလ (၁၄)ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ လိပ်မူပြီး ရေဦးမြို့၊ မြို့နယ် ကော်မရှင် တွဲဖက်ဝန်ထမ်းများမှ အသိပေးတင်ပြ တိုင်ကြားခဲ့ပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါသဖြင့် (၂၄.၅.၂၀၁၂)နေ့တွင် ရွှေဘိုမြို့၊ ခရိုင်ကော်မရှင်ရုံး၏ ရှေးဦးစုံစမ်း စစ်ဆေးရေးတွင် တွဲဖက်ဝန်ထမ်းများမှ စစ်ဆေးချက်များအား တရားဝင် ဖွင့်ဟထွက်ဆိုခဲ့ကြပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စာရင်းစစ်ချုပ်ရုံးမှ ရေဦးမြို့၊ မြို့နယ်စာရင်းစစ်ရုံးအား ကော်မရှင် အတွင်းရေးမှူး ဦးကျော်ထက်၏ စာရင်းဇယားများအား စစ်ဆေးပေးပါရန် အကြာင်းကြားစာ ရောက်ရှိခဲ့ပါသည်။ သို့သော်လည်း ယနေ့အချိန်အထိ (၂၂.၆.၂၀၁၂)နေ့အထိ ရေဦးမြို့၊ မြို့နယ်စာရင်းစစ်ရုံးမှ တိတိကျကျ စစ်ဆေးပေးခြင်း မရှိသေးပါ။

ယနေ့ ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုတို့ဖြင့် ဆောင်ရွက်နေချိန်တွင် ခေတ်နောက် ပြန်ဆွဲနေသော အယူအဆများကြောင့် ဌာနဆိုင်ရာ ၀န်ထမ်းများ မတရား အနိုင်ကျင့်ခံနေရပါသည်။

သို့ဖြစ်ပါသဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက် Rule of Law အတိုင်းဖြစ်စေရန် ရေဦးမြို့၊ မြို့နယ် စာရင်းစစ်ရုံးမှ ကော်မရှင် အတွင်းရေးမှူး ဦးကျော်ထက်၏ စာရင်းဇယားများကို အမြန်ဆုံး အသေးစိတ် စစ်ဆေးပေးပါရန်နှင့် နောက်နောင်တွင် ကျင်းပမည့် ရွေးကောက်ပွဲများနှင့် နိုင်ငံတော်စီမံကိန်းများ၏ အသုံးစားရိတ်များ အပေါ်တွင် ယခုကဲ့သို့ ငွေကြေးအလွဲသုံးစားလုပ်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရိုသေလေးစားစွာဖြင့် တင်ပြအပ်ပါသည်။

၁။ ဒေါ်တင့်တင့်ဝင်း အကြီးတန်းစာရေး၊ သ/မ ဦးစီးဌာန၊ ရေဦးမြို့။
မှတ်ပုံတင် - ၅/ရဥန(နိုင်)၀၀၄၄၃၁

၂။ ဦးဗညားထွန်း အလယ်တန်းပြ၊ အ.ထ.က(၂) ၊ ရေဦးမြို့။
မှတ်ပုံတင် - ၅/ရဥန(နိုင်)၀၅၇၉၆၃

၂၀၀၄ခုနှစ်က ပေးအပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ..

 မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၄ခုနှစ်က ပေးအပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆု အား ဇွန်လ(၂၇)ရက်နေ့က ပဲရစ်မြို့တော်ခန်းမှာ ပဲရစ်မြို့တော်ဝန် Bertrand Delanoeမှ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်..။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆုရှင် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သားကြီးတဦးရဲ့ အမှတ်တရ လက်ဆောင်အား လက်ခံရယူပြီး နှုတ်ဆက်နေစဉ်...

ပြည်တွင်းသာမက ပြည်ပမှာပါ.. လူကြီး၊ လူငယ်၊ သက်ကြီးရွယ်အိုမကျန် လေးစားချစ်ခင်ကြတာပါ။

ဓာတ်ပုံ AP,Getty Images

ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိလာတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။
 

ဓာတ်ပုံ၊ AP,Reuters

ယနေ့ ပြင်သစ်နိုင်ငံအစိုးရ ဧည့်သည်တော်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့  Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..

ပြင်သစ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..
Reuters

ရခိုင်ပြည်နယ် စစ်တွေမြို့ ၂၅ရက်နေ့ နောက်ဆုံးရ သတင်း၊ ဓာတ်ပုံများ..

ကိုယ့်ပြည်တွင်းမှာနေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်သူတွေဘဝ
(မင်းဂံတရွာလုံးဆိုင်ရာ ဒုက္ခသည်များ ပင်မစခန်း)

ယနေ့ စစ်တွေကို ဘူးသီးတောင် ရသေ့တောင်က ထွက်ပြေးလာတဲ့ ရခိုင်ပြည်သူတွေ ထပ်မံရောက်ရှိလာတယ်လို့ ဒီမိုဝေယံ သတင်းထောက်က ပေးပို့ပါတယ်......။ ကိုယ့်မြေ ကိုယ့်ဒေသမှာ မနေရဲကြလို့ ထွက်ပြေး တိမ်းရှောင်လာကြတာပါ။


ကိုယ်တတ်နိုင်တာလေး စိုက်ထုတ်ပြီး ဒီမိုဝေယံနဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ ၂ဦး သတင်း ဓာတ်ပုံတွေအတွက် လုပ်ဆောင်ပေးနေပါတယ်..။ တတ်နိုင်သလောက်လည်း ရခိုင်ပြည်သူတွေကို ကူညီကြဖို့ တိုက်တွန်းလိုပါတယ်..။ အောက်မှာ မြန်မာပြည်၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာ လှူဒါန်းနိုင်တဲ့ နေရာတွေကို ရှာဖွေ ဖော်ပြလိုက်ပါတယ်..။

ဓာတ်ပုံမှာလည်း ဖုန်းနံပါတ်တွေ ဖတ်ရှုနိုင်ပါတယ်..။

'' ရခိုင် ပြည်သူတွေကို ကူညီကြပါစို့ ''

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း အသက် အိုးအိမ် ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားရသော ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှူ့ဆိုင်ရာ အလှူငွေများအား ထည့်ဝင်လှူဒါန်းနိုင်ကြစေရန်အတွက် သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒန်းလိုသော မိတ်ဆွေများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ်၍လှူဒန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ... ။ ရခိုင်သဟာယအသင်း(ရန်ကုန်)ရုံးချုပ် အမှတ်-၄၈၁၊ဒု-ထပ် ၊ ကျိုက္ကဆံလမ်း(တာမွေအခွန်လွတ်ဈေးအနီး၊ ကျိုက္ကဆံအိမ်ယာရှေ့) ၊တာမွေကြီး(ခ) ရပ်ကွက်တာမွေမြို့နယ် ၊ ရန်ကုန်မြို့။့  phone-01430172 email: rta.program@gmail.com

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အမှတ် (၃၄)၊ ၄ - လွှာ (ဝဲ) ၊ မလွှကုန်းလမ်း ၊ ကျောက်မြောင်းအရှေ့ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့။့  ရတပ ဗဟို (ရန်ကုန်) - 0973044927 ဦးသာထွန်းလှ (အတွင်းရေးမှူး) - 098532116 ဦးမြင့်နိုင် (ဘဏ္ဍာရေးမှူး) - 095105804 ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး) - 095140407 ဦးကျော်သန်းလှိုင်(ဗဟိုကော်မတီ) - 0973044927 ဦးအေးမောင်(ရန်ကုန်တိုင်း ဥက္ကဋ္ဌ) - 0943043035 ဦးဦးသန်းရွှေ (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) - 095093440

စင်ကာပူမှာ လှူဒါန်းလိုလျှင်
ရခိုင်အသင်း(စင်္ကာပူ) ကျော်သူစိုး . - 8337 3123 သီဟမောင်မောင် - 9003 5845 လှလွန်းဆွေ - 9230 0580

ဂျပန်မှာ လှူဒါန်းလိုလျှင်
(ကယ်ဆယ်ရေးကော်မတီ  ဂျပန်ရောက်
ရခိုင်တိုင်းရင်းသားများ)
ကိုဇော်မင်းခိုင် ၀၉၀-၆၀၂၅-၄၆၂၉
ကိုလှအေးမောင် ၀၉၀-၂၅၂၅-၁၉၆၆
ကိုညီညီစံ ၀၉၀-၄၁၇၃-၁၁၄၀
ကိုအလုံး ၀၈၀-၃၅၀၀-၉၃၇၅
ကိုကျော်သန်းလှိုင် ၀၉၀-၄၂၉၆-၃၄၉၀

ပြီးခဲ့တဲ့ ဇွန်လ(၁၉)ရက်နေ့က ဂူတောင်ကျေးရွာသား ၁၀ဦးသေဆုံး ခဲ့ရမှုတွင် အဓိက ဦးဆောင် ပါဝင်ပတ်သက်သူ ဘင်္ဂလီ(၂)ဦးအား ယနေ့ စစ်တွေသို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်။

အဆိုပါနေ့က အခင်းဖြစ်ပွားစဉ်မှာ အနောက်ပြင် ဘင်္ဂလီရွာမှ နယ်မြေခံစစ်တပ်အား ဦးအောင် တိုင်တန်း... အကြောင်းကြားခဲ့ပြီး စစ်တပ်ရောက်ရှိ မလာမှီမှာ ကျေးရွာအတွင်းမှ ဘင်္ဂလီများမှ မိမိတို့ နေအိမ်အချို့အား ပြန်လည် မီးရှို့ဖျက်ဆီးထားပြီး ရခိုင်လူမျိုးများမှ လာရောက် ဖျက်ဆီးသယောင် ကြိုတင် ဖန်တီးထားခဲ့တယ်လို့လည်း ဆိုပါတယ်..။ အခင်းဖြစ်ပွားပြီး ၁နာရီခန့်မှာ စစ်တပ်ရောက်ရှိလာတယ်လို့ ဆိုပါတယ်..။

ဂူတောင်ချေ ကျေးရွာဖြစ်စဉ် အပြည့်အစုံကိုတော့ အောက်မှာ 7Days Journal သတင်းပြန်လည် ဖော်ပြလိုက်ပါတယ်..။
7Day News Journal
ရသေ့တောင်မြို့နယ်ရှိ ဂူတောင် ချေကျေးရွာသို့ ၀င်ရောက်မီးရှို့ခဲ့သည့် အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၀၀ ခန့်အနက် ၂၂ ဦးအား လုံခြုံရေးအဖွဲ့များက ဖမ်း ဆီးရမိထားပြီးဖြစ်ပြီး ကျန်သူများ ကိုလည်း ဆက်လက်ဖမ်းဆီးလျက်ရှိကြောင်း ရသေ့တောင်မြို့ရောက် 7 Day သတင်းထောက်က ပေးပို့သည်။

ဖြစ်ပွားပုံမှာ ဇွန်လ ၁၉ ရက်က ဂူတောင်ချေကျေးရွာသို့ ဘင်္ဂါလီ ၁၀၀ ခန့်မှ အိမ်များကို လာရောက် မီးရှို့ခဲ့သည့်အတွက် ဒေသခံရခိုင်လူမျိုးများမှ မီးရှိုသည့် အကြမ်းဖက်သမားများအားလိုက်လံဖမ်းဆီးရာ လယ်ကွင်းများအတွင်း ပုလင်းကွဲများ၊  တွင်းများတူးထားပြီး ထောင်ချောက်များ ဆင် ထားသည့်အတွက် ရခိုင်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဘင်္ဂါလီကျေးရွာများအတွင်းသို့ ခေါ်ဆောင်သွားကာ သတ်ပစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဂူတောင်ချေကျေးရွာမှ ကိုဝင်းချေကပြောသည်။

ဖြစ်စဉ်တွင် ဘင်္ဂါလီများဘက်မှ တူးမီးသေနတ်များကိုပါ အသုံးပြုသည်ဟုသိရပြီး တူးမီးသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများမှ ရသေ့တောင်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်တွင် မြို့နယ် သံဃာ့နာယကအဖွဲ့ဆရာတော် ၄၃ ပါး၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြို့မိ၊ မြို့ဖများ ဂူတောင်မြောက်ကျောင်းတွင် စည်းဝေးခဲ့ကြပြီး အလောင်းများကို ပြန်လည်တောင်းခံရာ ည ၁၀ နာရီခန့်တွင် အလောင်းသုံးလောင်းကို ဘင်္ဂါလီများက ထုတ်ပေးခဲ့ပြီး ညလုံးပေါက် တောင်းဆိုရာမှ စုစုပေါင်းအလောင်း ၁၀ လောင်းကို ရရှိခဲ့သည်။

လက်ရှိ ၁၀ လောင်းသာ ရရှိခဲ့သည့်အတွက် ယနေ့ သင်္ဂြိုဟ်ရန်စီစဉ်ထားသော်လည်း ကျန်သည့် ၁ လောင်းရမှ သင်္ဂြိုဟ်ရန် ဒေသခံများက ဆက်လက်တောင်းဆိုနေကြသည်။ ဘင်္ဂါလီများဘက်မှ ၂ ဦးသေဆုံးခဲ့သည်။

ထို့ကြောင့် အဆိုပါ ပဋိပက္ခကြောင့် စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ရေးနှင့် ကူညီရေးအဖွဲ့မှ ဦးသိန်းမောင်က 7Day News သို့ပြောသည်။
 သံတော်လီ ဘင်္ဂလီကျေးရွာ အနီးမှ ရခိုင် ဘုန်းတော်ကြီးကျောင်းတခု..။ ယခုအခါမှာတော့ ဘုန်းတော်ကြီး ကျောင်းအား စွန့်ခွာထားခဲ့ ရလေပြီ...
ဇွန်လ ၂၃ရက်နေ့က သံတော်လီ ဘင်္ဂလီကျေးရွာအား ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်ရာမှာ ပါဝင်ခဲ့တဲ့ ဘင်္ဂလီ (၃)ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ်..
ဇွန်လ ၁၁ရက်နေ့က ဗျိုင်းဖြူရွာမှ ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခံရမှုတွင် ရခိုင်လူမျိုး ၅ဦးသေဆုံးခဲ့ရသည်...။ ဇွနfလ ၂၃ရက်နေ့က အဆိုပါ သံတော်လီကျေးရွာအား လုံခြုံရေးတပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး အကြမ်းဖက်မှုများ၌ ပါဝင်ခဲ့ သူများထဲမှ ဘင်္ဂလီ (၃)ဦးအား ဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..။

စစ်တွေမြို့ နောက်ဆုံးရသတင်းများ..

စစ်တွေ လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့.. (AP)

စစ်တွေမြို့ နောက်ဆုံးရသတင်းများ..

ဇွန်လ၂၃ရက်နေက စစ်တွေမြို့ ဘင်္ဂလီများ နေထိုင်ရာ သံတော်လီရွာအား စစ်တပ်နှင့် လုံခြုံရေး ရဲများမှ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် နေ့က ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ဗျိုင်းဖြူကျေးရွာနှင့် သံတော်လီကျေးရွာ ပဋိပက္ခ၌ ရခိုင်တိုင်းရင်းသား ၅ဦးသေဆုံးခဲ့ပြီး ဘင်္ဂါလီတဦး သေဆုံးခဲ့ကြသည်..။ အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက် လူသတ် မီးရှို့ဖျက်ဆီး ခဲ့ရာမှာ ပါ...ဝင်သူ ဘင်္ဂလီများအား ဓာတ်ပုံမှတ်တမ်းများနှင့် တကွ သွားရောက်ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလီများနေထိုင်ရာ သံတော်လီ ကျေးရွာသို့ ဦးစွာပထမ တပ်မတော် စစ်ကြောင်းမှ သေနတ် မိုးပေါ်ထောင်ပစ်ကာ ဝင်ရောက် နေရာယူခဲ့ပါတယ်..။ ထို့နောက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ပြီး အဓိကပါဝင် သူအချို့အား ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ဖမ်းဆီးခဲ့ပါသည်။ ၂၃ရက်နေ့ညကလည်း စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ထားသည့်ကြားမှ နေရာအချို့မှာ မီးရှို့ရန် ကြံစည်မှုများ ရှိခဲ့ပြီး မီးဘေး အချက်ပေး သံချောင်း ခေါက်သံများ မကြာခဏ ကြားနေရကြောင်း သိရသည်..။ စစ်တွေမြို့တွင်း လမ်းမပေါ်များ၌ ယခင်ကကဲ့သို့ ဘင်္ဂလီများအား တွေ့ရှိရခြင်း မရှိဟု သိရှိရပြီး ငွေကြေးချမ်းသာသူ ဘင်္ဂလီအချို့ ရန်ကုန်သို့ လေယာဉ်ဖြင့် ထွက်ခွာ နေကြကြောင်း သိရှိရသည်။ (၂၃)ရက်နေ့က မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဘင်္ဂလီလူမျိုးလေးဦး စစ်တွေ ရန်ကုန်လေယာဉ် ခရီးစဉ်တွင် စီးနင်းလိုက်ပါ သွားကြောင်း လေဆိပ်ဝန်ထမ်းတဦး အဆိုအရ သိရှိရသည်။

စစ်တွေမြို့ပေါ်တွင် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူ အချို့အား စစ်တွေမြို့ခံလူထုမှ သင်္ကာမကင်း ဖြစ်နေကြကြောင်းနှင့် ဘင်္ဂလီ ရိုဟင်ဂျာများရဲ့ ငွေကြေးထောက်ပံ့မှုကို ရယူထားသူအချို့မှ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးကာ နိုင်ငံတကာသို့ ဝါဒဖြန့် သတင်း ဓာတ်ပုံများ ပေးပို့နေသည်ဟူသော သတင်းများ ထွက်ပေါ်နေမှုကြောင့် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူအချို့အား နယ်မြေခံများမှ အမြင်မကြည်လင် ဖြစ်နေကြောင်း သိရှိရသည်...။

ထို့အတူ အခြား ရခိုင် တိုင်းရင်းသား လူမျိုးများ၏ နေအိမ်များအား မီးကူးဆက်စေရန် အလို့ငှာ မိမိနေအိမ်အား ပြန်လည်မီးရှို့ထွက်ပြေးကြသည့် ဘင်္ဂလီများ၏ လူမဆန်သည့် လုပ်ရပ်များ၌ မီးလောင်ကျွမ်း ပျက်ဆီးသွားသည့် မိမိနေအိမ်၏ တန်ဖိုးငွေ ၂ဆအား အကြမ်းဖက် မီးရှို့သူများနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းအချို့မှ ငွေကြေးများ ထောက်ပံနေသည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

စစ်တွေ အခြေအနေ ဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်..

ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..။

တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် (၅၄)နေအိမ် အမွေ ပိုင်ဆိုင်ခွင့်အမှု တဝက်စီခွဲဝေ ယူစေဟု အမိန့်ချမှတ်မှု ဥပဒေအရ တကယ်တန်း လက်တွေ့ အကောင်အထည် ဖော်လို့မရဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းပြောဆို...

ဓာတ်ပုံ ကိုထွန်းဝေ ဖေ့စ်ဘွတ်ခ်
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေ ပိုင်ဆိုင်ခွင့်အမှု ဆုံးဖြတ်ချက်ဟာ ဥပဒေအရ အမွေဆက်ခံခွင့် ရှိပေမယ့် ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက်ကြောင့် ဥပဒေအရ တကယ်တန်း လက်တွေ့ အကောင်အထည် ဖော်လို့မရဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းပြောဆို)

အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးမှ ၂၀၀၀ခုနှစ်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄အား နေအိမ်အမွေ ပိုင်ဆိုင်ခွင့် ရယူလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်..။

အဆိုပါအမှုအား ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့ သောကြာနေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄နေအိမ်ဟာ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့၏ သားနှင့် သမီးများဖြစ်ကြ၍ တဝက်စီခွဲဝေ ယူစေဟု အမိန့်ချမှတ် လိုက်ပါတယ်..။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်သူ အဖွဲ့ချုပ် ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်..။

" အန်ကယ် တခုပြောချင်တာက ဒီအမှုစီရင် ဆုံးဖြတ်ချက်ဟာ မပြည့်စုံဘူးလို့ ဆိုချင်ပါတယ်..။ ဥပဒေအကြောင်းအရ ပြောရင် ရှည်နေမှာစိုးလို့ အတိုချုပ်ပြောရရင် ဥပဒေအရ အမွေဆက်ခံခွင့် ဆိုတာရှိတယ်..။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ဥပမာ အိမ်တို့ မြေတို့ဆိုတာ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့် မရှိစေရဆိုတာ ဥပဒေမှာ အတိအလင်း ဖော်ပြထားပြီးသားဖြစ်တယ်။ ဒါကြောင့် တရားရုံးက ဆုံးဖြတ်ချက် ချပေမယ့် တကယ်တန်းမှာ ဒါဟာ အကောင်အထည်ဖော်လို့ မရပါဘူး.။ ဒါကြောင့်ယခုဆုံးဖြတ်ချက်ဟာ တရားတာ မတရားတာထက် ဥပဒေအရ မပြည့်စုံဘူးလို့ ပြောလို့ရတယ်..။ အန်ကယ်တို့ ဆက်ပြီး အယူခံဝင်မှာပါဟု ပြောဆိုသွားပါတယ်..။"

အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာလည်း ဖြစ်တဲ့ ရှေ့နေကြီးဦဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲစာရွက်များမှာ ဖယောင်းသုတ်ထားတယ်ဆိုပြီး မမှန်သတင်း ပေးခဲ့တယ်ဆိုတဲ စွပ်စွဲချက်နဲ့ လာမယ့် ၂၆ရက်နေ့မှာ နေပြည်တော်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်..။ အဆိုပါအမှုဟာ အနည်းဆုံး ထောင်ဒဏ်(၆)လနဲ့ ငွေဒဏ် ၁ထောင်ကျပ်အထိ အမိန့်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ် အတွင်း ယင်းကဲ့သို့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုမှု၊ ဦးအောင်ဆန်းဦးရဲ့ နေအိမ်ပိုင်ဆိုင်ခွင့် အမှုအား တဝက်စီ ခွဲဝေယူရန် တရားစီရင် ဆုံးဖြတ်မှုများဟာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါတယ်။ ဒါဟာတိုက်ဆိုင်မှု မဟုတ်ပဲ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီး ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အဟန့်အတားဖြစ်စေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း စိတ်အနှောင့်အယှက် ဖြစ်အောင် တမင် လုပ်ဆောင်နေသလားဆိုတာ သံသယဖြစ်မိကြောင်း သုံးသပ်သူများမှ ဆိုပါတယ်..။

ဒီမိုဝေယံ

မူစယ်မြို့ တောင်ရပ်ကွက်ရှိ အကျင့်ပျက် ခြစားနေသည့် အမက (၃) ကျောင်းအုပ်ကြီးအား အရေးယူပေးပါရန်

မူစယ်မြို့ တောင်ရပ်ကွက်ရှိ အကျင့်ပျက်ခြစားနေသည့် အမက (၃) ကျောင်းအုပ်ကြီးအား အရေးယူပေးပါရန်

သို့ 
ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်
ညွှန်ကြားရေးမှူးချုပ်၊ အမှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်)
ပြည်နယ်ပညာရေးမှူး (စီမံ/စစ်ဆေးရေး) (ရှမ်းပြည်နယ် - မြောက်ပိုင်း)၊ လားရှိုး
ဦးမိုးဟိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မူဆယ်ခရိုင်
ဒေါ်မာကြူမင်း၊ ခရိုင်ပညာရေးမှူး၊ မူဆယ်ခရိုင်
ဦးမြဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မူဆယ်ခရိုင်

အမက (၃) ကျောင်းအုပ်ကြီး ဦးအောင်စိုး

            ကျွန်တော်၊ ကျွန်မတို့ သျှမ်းပြည်နယ် (မြောက်ပိုင်း) မူစယ်မြို့ တောင်ရပ်ကွက်မှာရှိသော အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကာလတွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ အတွက် အလှူငွေဟုပြောဆိုကာ အောက်ပါအတိုင်း မထည့်မနေရ ပေးဆောင်နေရကြောင်းတင်ပြအပ်ပါသည်။

(၁) ကျောင်းဝင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် အလှူငွေ တစ်ထောင့်ငါးရာကျပ် (၁၅ဝဝ/ကျပ်) တောင်းခံခြင်း၊
(၂) ကျောင်းဝတ်စုံတွင် တပ်ဆင်ရမည့် ပညာရေးအမှတ်တံဆိပ်များကိုနှစ်စဉ် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ မဝယ်မနေရရောင်းချနေခြင်း၊
(၃) ကျောင်းပြောင်းလက်မှတ်ရရှိလိုသူ တစ်ဦးလျှင် တစ်သောင်းကျပ် (၁ဝဝဝဝ/ကျပ်) စီအလှူငွေ ကောက်ခံခြင်းတို့ဖြစ်ပါသည်။

            အဆိုပါ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးအောင်စိုး ကိုယ်တိုင် အလှူငွေဟု အကြောင်းပြကာ ကောက်ခံ တောင်းယူ ရောင်းချနေခြင်းဖြစ်ပြီး ကိုယ်ကျိုးအတွက်သာ ရယူနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရပါသည်။

(က) ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက် မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပါသည်။
(ခ) နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မိန့်ကြားချက်အရ မသင်မနေရ မူလတန်းပညာရေးစနစ်သို့ ဦးတည်၍ ၂ဝ၁၁ - ၂ဝ၁၂ ပညာသင်နှစ်မှ စပြီး မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးခဲ့ပါသည်။ ယခု ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ်တွင်လည်း မူလတန်းအဆင့် ကျောင်းသားကျောင်းသူအားလုံးအတွက် ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့် လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်စီကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးမည်ဟု သိရပါသည်။
(ဂ) ၂ဝ၁၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး က ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအုပ်နှံရေး အထိမ်းအမှတ်အခမ်းအနားတွင်
“အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း၊ မိဘပြည်သူများကလည်း ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းမှန်မှန်တက်စေရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပညာရေးစေတနာရှင်များ အနေဖြင့်လည်း ကျောင်းနေမြဲရေးလုပ်ငန်းများတွင် လိုအပ်သလို ပံ့ပိုးကူညီပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း” ပြောကြားခဲ့ပါသည်။

            နိုင်ငံတော်အစိုးရက မသင်မနေရ မူလတန်းပညာရေးစနစ်၊ ကျောင်းသုံးစာအုပ်အပြည့်အစုံကို အခမဲ့ ထောက်ပံ့ပေးနေချိန်ဖြစ်ပြီး သတ်မှတ်ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ ကျောင်းသားမိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသော ငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး ၏ လမ်းညွှန်မှာကြားချက်အား သွေဖီဆန့်ကျင်ကာ မူစယ်မြို့ တောင်ရပ်ကွက် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် အလှူငွေ၊ လမ်းညွှန်မှာကြားချက်နှင့် မညီသော ကျောင်းဝင်ခွင့်လျှောက်လွှာနှင့် ပညာရေးအမှတ်တံဆိပ်များ ရောင်းချနေခြင်း၊ ကျောင်းပြောင်းလက်မှတ်အား အဆမတန် အလှူငွေ အဖြစ် အကြောင်းပြကာ ကောက်ခံနေခြင်းတို့သည် ကျောင်းသားကျောင်းသူမိဘများအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ငွေကြေး ကောက်ခံမှုများ ဖြစ်နေပါသည်။ နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော်နေသော “အခြေခံပညာကဏ္ဍ အမျိုးသားပညာရည်မြင့်မားရေး နှစ် (၃ဝ) နှစ်ရှည်စီမံကိန်း၏ လုပ်ငန်းစဉ် (၂) အရ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက် အခြေခံပညာ မူလတန်းအဆင့် ကျောင်းနေနှုန်း တိုးတက်မြင့်မားရေး၊ အတန်းစဉ်အလိုက် ကူးပြောင်းသင်ယူနှုန်း မြင့်မားရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး လုပ်ငန်းများတွင် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘ ပြည်သူများနှင့် ပညာရေး စေတနာရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင်လည်းကောင်း” အနှောက်အယှက်ဖြစ်နေရကြောင်း ခံစားကြရ ပါသည်။ သို့ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်နှင့် နိုင်ငံတော်မှ စုံစမ်းထိရောက်စွာဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း တင်ပြလိုက်ပါသည်။

“သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် အဂတိ လိုက်စားမှု တားမြစ်ရေးဥပဒေ Anti-Corruption Law ” ပေါ်ထွန်းအဓွန့်ရှည်ပါစေ။

ကျေးဇူးအထူးတင်ရှိပါသည်။

ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦး
တောင်ရပ်ကွက်၊ မူစယ်မြို့
၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်

ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ဂွကျွန်းသို့ ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေသဖြင့် အာဏာပိုင်များ လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ

ဂွမြို့ ကမ်းသာယာ ပင်လယ်ကမ်းစပ် မြင်ကွင်းတခု  ဓာတ်ပုံ MC mandalaygazette.com


ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ဂွကျွန်းသို့ ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေသဖြင့် အာဏာပိုင်များ လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ..
(သတင်း ကိုမောပြေ)
 
ရခိုင်ပြည်နယ် ဂွမြို့မှနေပြီး တစ်နာရီကျော်ခန့် စက်လှေမောင်းရသည့် နေရာတွင်ရှိသော ဂွကျွန်း ပေါ်သို့ ဘင်္ဂလီ ကုလားအုပ်စု (လူဦးရေမည်မျှ ရှိမည် အတိအကျမသိ) ရောက်ရှိနေသောကြောင့် ဂွဒေသခံတွေရဲ့ လုံခြုံရေး စိတ်ပူရဖွယ် အနေအထား ရှိသောကြောင့် မီဒီယာများ အနေဖြင့် အကူအညီ ပေးစေလိုကြောင်း ဒေသခံ တစ်ဦးက ဆက်သွယ်ပြောကြားလာပါတယ်...

ကျတော် အကူအညီပေးနိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ ဖေ့ဘွတ်တင်လိုက်ပါတယ်... ဂွကျွန်းဟာ နှစ်မိုင်ခွဲကျော် ပတ်လည်ခန့်ရှိပြီး ဒေသခံငါးဖမ်းလှေတွေ နားခိုရာ၊ ဂွဒေသခံတွေ သွားရောက် အပန်းဖြေရာနေရာ ဖြစ်ပြီး ကျွန်းပေါ် အမြဲတမ်းနေထိုင်သူမရှိကြောင်း သိရပါတယ်.. လွန်ခဲ့တဲ့ နှစ်ရက်က ဘင်္ဂလားဒေ့ရှ် ဘက်က မောင်းနှင်လာတယ်လို့ ယူဆရတဲ့ စက်လှေတစ်စီးဟာ စက်လှေပါလူတွေကို ဂွကျွန်းပေါ်သို့ ချထားပြီး ပြန်ထွက် အလာ ရခိုင်ကတို့ကျွန်း အနားမှာစက်လှေဟာ ကျောက်ဆောင်နဲ့ တိုက်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်...

အဆိုပါ ဂွကျွန်းပေါ်သို့ရောက်ရှိနေတဲ့ ဘင်္ဂလီကုလား လေးယောက်ဟာ မနေ့က ရေကူးပြီး ဂွမြို့ကို ရောက်ရှိလာကြောင်း၊ အဆိုပါ ဘင်္ဂလီများဟာ ရခိုင်စကားကော၊ ဗမာစကားပါ မတတ်ကြောင်း ဒေသခံတွေက ပြောပါတယ်... ဂွမြို့နဲ့ နီးကပ်တဲ့ နေရာမှာ ဘင်္ဂလီတွေ ရောက်ရှိနေတာကို ဒေသခံတွေက စိုးရိမ်သလို၊ မြို့ရဲ့ လုံခြုံရေးအင်အား နည်းပါးတာကြောင့်လဲ ပိုပြီး ထိတ်လန့်နေရတယ်လို့ ဒေသခံက ပြောပါတယ်... ဒီကနေ့လဲအဆိုပါကျွန်းမှ ဘင်္ဂလီ သုံးယောက်ဟာ ထပ်မံပြီး ဂွမြို့အနီး ရွှေရကြိုင်ကျေးရွာကို ရောက်ရှိလာပြန်ပါတယ်...

မီဒီယာတွေဆီက ဘာအကူအညီလိုချင်တာပါလဲ လို့ အဆိုပါ ဒေသခံတွေကို မေးကြည့်တော့ မီဒီယာတွေ သိထားတဲ့ ကိစ္စရပ်တွေကို အစိုးရက အရေးတယူ ကိုင်တွယ်တတ်လို့ အကူအညီတောင်းရတာဖြစ်ကြောင်း
အဆိုပါ ဂွကျွန်းလူမနေပေမယ့် အချက်အချာကျတဲ့နေရာဖြစ်လို့ ဘင်္ဂလီတွေ ခြေကုပ်ချရာနေရာ ဖြစ်သွားမည်ကို ပူပင်ကြောင်း... ဘင်္ဂလီ ယာယီရောက်ရှိနေထိုင်ရာမှ တခြားရခိုင်ဒေသတွေ ကဲ့သို့ပင် အမြဲတမ်း အခြေစိုက် နေရာဒေသ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ပြောပါတယ်...

ကျတော်ကတော့ ဘောင်အတွင်းက ပြောရတာဆိုတော့ ဒီလောက်ပဲ ပြောပါရစေ... ဂွမြို့ကို ဆက်သွယ်ပြီး သတင်းပိုင်းအရ စိတ်ဝင်စားရင် မေးမြန်းနိုင်ပါတယ်... ကျတော်လဲ ကွန်ဖန်းလုပ်ပြီးပါပြီ... သတင်းမှန် ပါတယ်...

လေးစားပါတယ်ဗျာ...

မောပြေ ( Freelance Video Journalist)

စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "အနောက်ဖက် ပင်လယ်မှ မီးတောက်များ"

"အနောက်ဖက်ပင်လယ်မှ မီးတောက်များ"
ရေးသားတင်ပြသူ ဥက္ကာကိုကို၊ ဖိုးသီဟ(မြောက်ဦး)
 စာပေစီစစ်ရေးမှ ဖော်ပြခွင့်မပြုတဲ့ 7Days News Journal ရဲ့သတင်း မှတ်တမ်းဖြစ်ပါတယ်..

ငါးချက်ခန့်ဆက်တိုက်ထွက်ပေါ်လာသည့် လုံထိန်းရဲတို့၏ သေနတ်သံများနှင့်အတူ မလှမ်းမကမ်း တစ်ဖက်စီမှ လူပေါင်း လေးရာခန့်ရှိ သည့် လူအုပ်နှစ်ခုမှာ မိမိတို့ကျေးရွာထိပ်ဆီသို့ ခပ်သုတ်သုတ်ပင် ပြန်လည် ဆုတ်ခွာသွားကြသည်။

သို့သော် ထိုလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိဘဲ မိမိတို့လူမျိုး၊ မိမိတို့အသက်၊ မိမိတို့ကျေးရွာ လုံခြုံရေးအတွက် ရရာလက်နက်များကိုမလွတ်တမ်းကိုင်စွဲထားဆဲပင်ဖြစ်သည်။

“ကျေးဇူးပြုပြီး လူစုခွဲပါ…..မိမိတို.နေအိမ်ကို မိမိတို့ပြန်ဝင်ကြပါ…..မဟုတ်ရင် ပစ်ရပါလိမ့်မယ် “ဟူသည့် လုံခြုံရေး လုံထိန်းတပ်ဖွဲ့ဝင်တဦး၏ အော်လံဖြင့် ထပ်မံအော်ဟစ် သတိပေးသံက များပြားလှသည့် လူထု၏အသံများနှင့်အတူ လယ် ကွင်းပြင်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

တုတ်၊ ဓါးစသည့် ရရာလက်နက်ဆွဲကိုင်ကာ မိမိတို.ကျေးရွာများအတွက် ကာကွယ်ရန် စောင့်ရှောက်နေကြသည့် ဗျိုင်းဖြူရွာနှင့် အနီးတ၀ိုက်မှ ရွာသူရွာသားများ၏ မျက်နှာတွင် စိုးရိမ်စိတ် ကြောက်ရွံ့စိတ်၊ မခံချင်စိတ် ခံပြင်းစိတ်များ ပေါ် လွင်လျှက်ရှိသည်။

အထက်ပါ မြင်ကွင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခပြဿနာများအတွင်း ဇွန်လ ၁၁ ရက် နေ့က ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားများ တိုက်ပွဲဖြစ်ပွားပီး လူ ၇ ဦး သေဆုံးခဲ့ရသည့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာ(ရခိုင်)နှင့် သံတော်လီ(ဘင်္ဂါလီ) ကျေးရွာအနီး လယ်ကွင်းပြင်တွင် ဖြစ်သည်။ “ဒီကောင်တွေဖက်က ကျွန်တော်တို့ကို သေနတ်တွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ လူနှစ်ယောက် သေကျန်ရစ်ခဲ့ တယ်။ ကျွန်တော်တို့ လူနှစ်ယောက်ရဲ့အလောင်းကို ပြန်ယူပေးပါ”ဆိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အသံက လုံထိန်း တပ်ဖွဲ့ကို ဦးဆောင်လာသည့် ရဲမှူးအနီးတွင် လွင့်ပျံလျှက်ရှိသည်။

ထိုအချိန်တွင် သံဃာတော် အပါး ၇၀ ခန့်ဦးဆောင်လာသည့် တစ်ထောင်ကျော် ပါဝင်သည့် လူအုပ်ကြီးက စစ်တွေ မြို့တွင်းဖက်ဆီမှ ချီတက်လာပြီး ရခိုင်လူမျိုးတို့ကို ကာကွယ်ရန် ဗျိုင်းဖြူကျေးရွာလူထုနှင့် ပူးပေါင်းသွားခဲ့ကြသည်။

“ဒီလူအုပ်ကြီးကို ဦးဇင်း ဦးဆောင်လာတာ။ ဦးဇင်းမလုပ်နဲ့ ဆိုရင်ဘာမှမလုပ်ဘူး။ အခုဟာကလည်း ရခိုင်လူမျိုးတွေ အသတ်ခံနေ ရတယ်လို့ ကြားလို့ဦးဇင်းတို့ ရောက်ရှိလာတာဖြစ်တယ်”ဟု စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဦးဇင်းတစ်ပါးက လုံခြုံရေးတပ်ဖွဲ့ကို ဦးဆောင်လာသည့် ရဲမှူးအား မိန့်ကြားနေသည်ကို တွေ့ရသည်။

ထိုအချိန်မှာပင် အင်အား သုံးဆယ်ခန့်ပါဝင်သည့် တပ်မတော် စစ်ကြောင်းတစ်ကြောင်းက လယ်ကွင်းပြင်ကို ဖြတ်ကာ ပဋိပက္ခဖြစ်ပွားရာ နေရာကိုထိန်းသိမ်းရန် အပြေးချီတက်လာခဲ့ကြသည်။ မရှေးမနှောင်းပင် ရဲမှူးကြီးလှမိုး ဦးဆောင် သည့် လုံထိန်းတပ်ဖွဲ့ဝင်များလည်း အမြန်ရောက်ရှိလာကာ လုံခြုံရေးအင်အားများ ပူးပေါင်းခဲ့ကြသည်။ သို့သော်လည်း အဆိုပါလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်း မရှိသေးသည့် အတွက်လုံထိန်းရဲများက သေနတ်ဖြင့် အချက်ငါးဆယ်ခန့် အထိ မိုးပေါ်ထောင်၍ပစ်ဖောက်ပြီး လူထုကို ခြောက်လှန့် ထိန်းသိမ်းခဲ့ကြရသည်။

“ကျွန်တော်တို့ ရွာသားတွေရဲ့ အလောင်းတွေ ကုလားရွာအပြင်က ရေကန်ဘေးမှာ ကျန်ရစ်ခဲ့တာ ကျေးဇူးပြုပြီး ယူပေးကြပါ” ဟု ဓားတစ်လက် ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးတစ်ဦးက လုံထိန်းတပ်ဖွဲ့နှင့် ဝေးရာသို့ ပြန်လည်ဆုတ်ခွာ ရင်းအော်ဟစ်သွားခဲ့သည်။

နှစ်ဖက်ရွာသားများက သေနတ်ပစ်ဖောက်မှုကြောင့် လယ်ကွင်းအတွင်းရှိ ရေကန်များ၊ ချောင်းများကို ဖြတ်ကူးပြီး မိမိတို့ ကျေးရွာဆီသို့ အသီးသီး ဆုတ်ခွာသွားကြသည်။

“သံတော်လီရွာထိပ်မှာ အလောင်းခြောက်လောင်း အသတ်ခံထားရတာ ကျွန်တော်တို့တွေ့ရှိရပါတယ်။ နားလည် သူတွေပြောပြလို့ ရခိုင်အလောင်းငါးလောင်းနဲ့ ကုလားအလောင်း တစ်လောင်းဖြစ်တယ်လို့ သိရပါတယ်”ဟု အခင်းဖြစ်ပွားရာ ယင်းနေရာတွင် ရောက်ရှိနေသည့် ရဲမှူးကြီးလှမိုးက 7Day News ဂျာနယ်သို့ပြောသည်။

တပ်မတော်စစ်ကြောင်းမှ နောက်ချန်ရစ်ခဲ့ကာ လုံထိန်းတပ်ဖွဲ့ဝင်များက သံတော်လီ ကျေးရွာသို့ ဆက်လက် ၀င်ရောက်ရှင်းလင်းရာ ကြားသိထားရသည့် အတိုင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမဟုတ်ဘဲ သာမန်တုတ် ဓားများဖြင့် သာပြတ်ရှ သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း မြင်တွေ့ခဲ့ကြရသည်။

“အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေကို ဖြစ်နေတာပဲ။ မျက်နှာလည်း တစ်စစီ ရစရာမရှိဘူး။ တချို့အ လောင်းဆို လက်ပြတ်ခြေပြတ်နဲ့။ ကျွန်တော်သံဝေဂ တရားတောင် ရသွားတယ်”ဟု လုံထိန်းတပ်ဖွဲ့တွင် ပါဝင်လာသူ တပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များသည် သံတော်လီကျေးရွာ အတွင်းဝင်ရောက်ပြီး ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများ၊ နေအိမ် စွန့်ခွာနေ သူများအား စုဝေးစေပြီး နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည်များကို မှာကြားကာ တပ်မတော် စစ်ကြောင်း မှ ယင်းကျေးရွာအနီး လုံခြုံရေးအတွက် တာဝန်ယူ ထိန်းသိမ်းထားခဲ့သည်။
ယင်းပဋိပက္ခအတွင်း မီးလောင်ဆုံးရှုံးမှုကြောင့် နေအိမ် ၇၀ခန့်ပျက်စီးခဲ့ပြီး လူ ၇ ဦးသေဆုံးကာ အနည်းဆုံး လူငါးဦးဒဏ်ရာရရှိ ခဲ့ကြောင်း လုံထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

“ကျွန်မတို့ရွာက ကုလားရွာတွေကြားထဲမှာ ရှိနေတာဆိုတော့ ဒီပြဿနာတွေစဖြစ်တဲ့နေ့ကစပြီး ဒီနေ့အထိ တစ်ညမှ မအိပ်ရသေး ဘူး။ နေ့တိုင်း ဘယ်အချိန်တက်လာပြီးမီးရှို့ပြီးရန်စမလဲဆိုတာကိုပဲ စိုးရိမ်နေကြရတယ်”ဟု ဗျိုင်းဖြူ ကျေးရွာမှ အသက်ငါးဆယ်ခန့် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်နေ့ရက်တွင်ပင် စစ်တွေမြို့ရှိ စက်ရုံစု(နာဇီ)ကျေးရွာအတွင်းရှိ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း လေးကျောင်းကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း အမှတ်(၁၂) ရဲတပ်ရင်း(စစ်တွေ)မှလုံခြုံရေးတာ ၀န်ကျ ရဲဝန်ထမ်းများက 7Day News သို့ပြောသည်။
၁၂ရက်နေ့က ဘင်္ဂလီများအား လုံခြုံရေးရဲများမှ စောင့်ရှောက် ခေါ်ဆောင်လာစဉ်..

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်များမှ ထူးခြားဖြစ်စဉ် နေ့စွဲများ။

(၃.၆.၂၀၁၂-ကြာသပတေးနေ့) တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းရှေ့တွင် ဆူပူအကြမ်းဖက်မှု အသွင် ဆန္ဒပြဖော်ထုတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှပစ်ခတ်လူစုခွဲမှုကြောင့် လူ ၁၂ ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ၉ဦးထိန်းသိမ်းခံရကာ ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။

(၈.၆.၂၀၁၂- သောကြာနေ့) တွင် မောင်တောမြို့တွင် ပဋိပက္ခအဓိကရုဏ်းအသွင်စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်နေအိမ်အများစု နှင့် ဘုန်းကြီးကျောင်း၊ဆေးပေးခန်း၊ မီးစက်၊ စာသင်ကျောင်း၊ ဓမ္မာရုံတို့ မီးရှို့ခံခဲ့ရကာ မောင်တောမြို့ ဆေးရုံအုပ်ကြီးနှင့် ဇနီးအပါအ၀င် ရခိုင်လူမျိုး၇ဦး ဘင်္ဂါလီ၂ဦးသေဆုံးပြီးရ ခိုင်လူမျိုး ၅ဦး အနည်းဆုံး ဒဏ်ရာရရှိခဲ့သည်။

(၉.၆.၂၀၁၂-စနေနေ့) တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ဘုမေကျေးရွာတို့အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ မင်းဂံရွာတွင် ရခိုင်လူမျိုးသုံးဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးလျှက် သုံးဦးဒဏ်ရာ ရရှိခဲ့သည်။ ဆေးရုံအရောက်တွင် ဒဏ်ရာရရှိသူတစ်ဦး ထပ်မံသေဆုံးခဲ့သည်။ မောင်တောမြို့တွင် ရခိုင်နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီ၁ဦးသေဆုံးခဲ့သည်။

(၁၀.၆.၂၀၁၂-တနင်္ဂနွေနေ့) မောင်တောမြို့တွင် ဘင်္ဂါလီ အိမ်တစ်လုံး မီးလောင်ပြီး ဘင်္ဂါလီတစ်ဦး သေဆုံးကာ ဘူးသီးတောင်မြို့တွင် ဘင်္ဂါလီတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံးခဲ့သည်။ စစ်တွေမြို့တွင် ရခိုင်နေအိမ် ၅၀ကျော်၊ ဘင်္ဂါလီ နေအိမ် ၆၀၀ကျော် မီးလောင်ခဲ့ပြီး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဗလီတစ်လုံး ပျက်စီးခဲ့ကာ ရခိုင်လူမျိုးတစ်ဦး၊ ဘင်္ဂါလီ လူမျိုးနှစ်ဦး သေဆုံးခဲ့သည်။ စုစုပေါင်း ၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ စစ်တွေမြို့တွင် ညနေပိုင်းတွင် ပုဒ်မ ၁၄၄ဖြင့် ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ပြီး ညရှစ်နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေအဖြစ် ကြေငြာခဲ့ပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန် ပြည်သူလူထုသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

(၁၁.၆.၂၀၁၂- တနင်္လာနေ့) မောင်တောမြို့တွင် ဘင်္ဂါလီနေအိမ် ၆လုံးပျက်စီးခဲ့ပြီး စစ်တွေမြို့တွင် ရခိုင်နေအိမ် ၇၀၊ ဘင်္ဂါလီ နေအိမ် ၁၉၀၊ ဗလီတစ်လုံး မီးလောင်ခဲ့ကာ ရခိုင်လူမျိုး ၅ ဦး၊ ဘင်္ဂါလီ ၂ ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင် ပေါက် တောမြို့တွင် ရခိုင်အိမ် ၂၁လုံး၊ ဘင်္ဂါလီအိမ် ၁၄ လုံး မီးလောင်ခဲ့ပြီး ရခိုင် ၅ ဦး၊ ဘင်္ဂါလီ ၁၁ဦးဒဏ်ရာရ ရှိခဲ့ကြသည်။ စစ်တွေမြို့၊ လမ်းမတော်(တောင်) ရပ်ကွက်ရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့(AZG) ရုံးသို့ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ဝင်များက ည (၈) နာရီတွင် ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုညတွင်စစ်တွေရှိ အကြမ်းဖက် ဘင်္ဂါလီလက်ကျန် တချို့ကို ဖမ်းမိပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သံတော်လီ ကျေးရွာဖြစ်စဉ်တွင် ဘင်္ဂါလီများဖက်မှ သေနတ် လက်နက် အသုံးပြုခဲ့သည်ဟု သိရသည်။ စစ်တွေ ဆင်တက်ဖော်ကျေးရွာသို့ ဘင်္ဂါလီအင်အား တစ်ထောင်ခန့် ပါဝင်သည့် စက်လှေ၁၅ စီးဆိုက်ကပ်ခဲ့သော်လည်း ပြဿနာဖြစ်ပွားခြင်း မရှိခဲ့ပေ။

(၁၂.၆.၂၀၁၂-အင်္ဂါနေ့) တွင် မြောက်ဦးမြို့ နာရေးကူညီမှု အသင်းမှ နေအိမ် စွန့်ခွာခဲ့ရသည့် ရခိုင် ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်မျိုးစုံ ပေးပို့ခဲ့ပြီး ထိုနေ့တွင်ပင် ပဋိပက္ခ ဖြစ်ရပ်တချို့ကြောင့် စစ်တွေ၊ မင်းဂံရပ်ကွက်မှ ရခိုင်အမျိုးသား ကိုလှဌေး ကျဆုံးခဲ့သည်။ ဘင်္ဂါလီအများစုနေထိုင်ရာ အင်ဘာလာရပ်ကွက်တွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီများ၏ ပြန်လည်ပစ်ခတ် မှုကြောင့် တပ်မတော်သား တစ်ဦး သေနတ် ဒဏ်ရာရရှိခဲ့ကာ ရခိုင်အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ရခိုင်နေအိမ် ၁၆၈လုံး၊ ဘင်္ဂါလီနေအိမ် ၂၉၁လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် မြောက်ဦးမြို့တွင်လည်း ရခိုင်နေအိမ် ၁၅လုံးဖြိုဖျက်ခံရပြီး ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီနေအိမ် ၄၆လုံးဖျက်ဆီးခံခဲ့ရသည်။

(၁၃.၆.၂၀၁၂) စစ်တွေမြို့တွင် ဘင်္ဂါလီနေအိမ် တစ်လုံး မီးလောင်ခဲ့သည်။

(၁၅.၆.၂၀၁၂) ည သန်းခေါင်ကျော် တစ်နာရီခွဲခန့်အချိန်တွင် စစ်တွေမြို့မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းတွင် ရခိုင်နေအိမ် ၇၀ မီးရှို့ခံခဲ့ရသည်။ ညမထွက်ရ အမိန့်ကြောင့် မီးငြိမ်းသတ်ရန် ဒေသခံ အင်အား မလုံလောက်ခဲ့ပေ။
ကယ်ဆယ်ရေးစခန်းများနှင့် ဒုက္ခသည်များ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်တို့ ဦးဆောင်ကာ ၁၄ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ အရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကယ်ဆယ်ရေးစခန်း ၃၇ ခုရှိပြီး ဒုက္ခသည်ပေါင်း သုံးသောင်း တစ်ထောင့်ရှစ်ရာ ရှစ်ဆယ့်လေးဦး ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်တွေမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခုသာရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်သော်လည်း ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကမူဇွန်လ ၁၆ ရက်နေ့ နေ့လည်အထိ စစ်တွေမြို့တစ်မြို့တည်းတွင် ဒုက္ခသည်စခန်း ၅၁ခုရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်တွေမြို့တွင် ဒုက္ခသည် ရခိုင်လူမျိုးပေါင်း ငါးထောင်ကျော်ရှိသည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သော်လည်းRNDP ကမူ ဒုက္ခသည်ပေါင်း နှစ်သောင်းနီးပါးပင် ရှိနေပြီဖြစ်ကြောင်း ပြောသည်။

“ဒုက္ခသည်တွေက အချိန်နဲ့အမျှ တိုးလာနေတယ်။ ၁၂ ရက် ၁၃ ရက်တုန်းက တစ်သောင်းကျော်ပဲရှိပေမယ့် အချိန်နဲ့အမျှ တိုးလာတဲ့အတွက် အခုဆိုရင် လူနှစ်သောင်းနီးပါး ရှိနေပါပြီ။ ရန်ကုန်က ရခိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ၊ ကယ်ဆယ်ရေး ဆေးခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်နေပါတယ်”ဟုရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ၁၆ရက် နေ့လည်ပိုင်းတွင် ပြောသည်။
ရခိုင်တိုင်းရင်းသား ဒုက္ခသည် မိသားစု မြင်ကွင်း..
ဒုက္ခသည်များ၏ လိုအပ်ချက်။

လူမျိုးရေးပဋိပက္ခများကြောင့် ကျေးရွာနှင့် နေအိမ်ကိုစွန့်ခွာ ထွက်ပြေးလာကြရသော ဒုက္ခသည်များမှာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းတို့တွင် အရေးပေါ်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများသို့ဇွန် ၁၆ ရက်အထိ တဖွဲဖွဲရောက်ရှိ လာနေကြဆဲဖြစ်သည်။ ဒုက္ခသည်များမှာ နေအိမ်ကို မီးရှို့ခံရမှုနှင့် ခိုက်ရန် ဖြစ်ပွားမှုများကြောင့် တိမ်းရှောင် လာကြသူများ ဖြစ်ပြီး ယင်းတို့ အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု အစိုင်အခဲများ တည်ရှိနေဆဲဖြစ်သည်။

အများစုမှာ မိမိတို့ကျေးရွာ၊ ရပ်ကွက် နေအိမ်များသို့ မပြန်ရဲဘဲ ဆင်းရဲဒုက္ခခံကာ ကယ်ဆယ်ရေး စခန်းများတွင် ပြွတ်သိပ်နေ ထိုင်နေကြဆဲဖြစ်သည်။ မိမိတို့၏ လက်ငုတ်လက်ရင်း အလုပ်အကိုင်များကို ရပ်နားထား ကြရသည်မှာလည်း တစ်ပတ်ခုနှစ်ရက်ပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။ “အသက်ထက် ဘာမှအရေးမကြီးဘူး ထမင်းငတ်တာ ငတ်ပါစေ” ဟု ဒုက္ခသည် စခန်းတစ်ခုတွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ၊
ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ အကူအညီများ လိုအပ်နေပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာ ကိုပါ ကုသဆွေးနွေးပေးရန် လိုအပ်လျှက်ရှိသည်။

သူတို့ကျေးရွာ ရပ်ကွက်တွေကို ဥပဒေစိုးမိုးပြီး လုံခြုံပြီလို့အာမခံချက်ကို အစိုးရကပေးနိုင်တဲ့ အချိန်မှ ပြန်ရဲကြမယ်

အာမခံချက်မပေးရင် ဒီအတိုင်းပြန်နေရဲကြမှာမဟုတ်ဘူး။ လူတွေက မီးဘေးထက်ကြောက်စိတ်ကြောင့် ထွက်ပြေး လာတာများတယ်။ ဒါက လုံခြုံရေးတာဝန်ယူသူတွေရဲ့အဓိကတာဝန်ပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အစိုးရက တာဝန်ယူ ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိပြီး လူမှုရေး အသင်းအဖွဲ့များ ကလည်း အသီးသီးလိုက်လံ လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိသည်။ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြသော ကလေးသူငယ်များအတွက် ပညာသင်ကြားရန် အစီအစဉ်များကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က တာဝန်ယူပြီး ကျောင်းအပ်နှံ ထားပေးမည်ဟု စစ်တွေမြို့သို့ ရောက်ရှိလာစဉ်  ပြောခဲ့သည်။

လက်ရှိကတော့ အလှူရှင်တွေ လှူဒါန်းတဲ့ ထမင်းထုတ်တွေကို စားနေရပါတယ်။ ရေရှည်အနေနဲ့ ကတော့ ကိုယ့် အိမ်မှာ ကိုယ်ပြန်ပြီးတော့ပဲ အရင်လို အေးအေးဆေးဆေး ရှာဖွေ စားသောက်ချင်ပါတယ်”ဟု ပဋိပက္ခဖြစ်ရပ်များတွင် မင်းဂံ ရပ်ကွက်ကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ အနှေးယာဉ်မောင်း ဦးအောင်ဝင်းက ပြောသည်။
၁၂ရက်နေ့ စစ်တွေမြင်ကွင်းတခု..

လုံခြုံရေးနှင့် ရှင်းလင်းရေးများ။
စစ်တွေမြို့လုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းအသီးသီးမှ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် အတူ တပ်မတော် စစ်ကြောင်းများက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်။ ပဋိပက္ခထပ်မံ ဖြစ်ပွားနိုင်သေးသည့် ဘင်္ဂါလီ၊ ရခိုင်ကျေးရွာ၊ ရပ်ကွက် အသီးသီးတွင် လုံခြုံရေးတာဝန်များ အတွက် ရဲတပ်သားများ၊ တပ်မတော်သားများက ဒေသခံများနှင့်အတူ ပူးတွဲ၍ တာဝန်ယူထားကြသည်။ 

“ဘင်္ဂါလီတွေက လုံခြုံရေး နည်းနည်းလစ်ဟာတာနဲ့ လျှပ်တပြက်တက်လာပြီး မီးရှို့ကြတယ်။ အခုလည်း မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းနားကို တက်ပြီးတော့ ကုလားပိုက်ဆိပ်က သူတို့အိမ်တွေကို မီးပြန်ရှို့ပြီး ပင်လယ်ဖက်ကိုထွက်ပြေးကြတယ်။ ဒီနေ့ မီးရှို့မှု ကြောင့် သူတို့အိမ် ငါးလုံးလောက် မီးလောင်ပေမယ့် ရခိုင်အိမ်တွေအပါအ၀င် စုစုပေါင်း ၇၀ ကျော်လောက် မီးလောင်ဆုံးရှုံးပျက်စီး ခဲ့ရတယ်” ဟု ဇွန်လ ၁၅ ရက်နေ့ အရုဏ် တစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော စစ်တွေမြို့ မီးလောင်မှုအနီး နေထိုင်သူ ဒေသခံ တစ်ဦးက အခင်းဖြစ်ရာ နေရာတွင် ပြောသည်။

ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ သေကြေမှုများ၊ ပဋိပက္ခများ နည်းပါးသွားခဲ့သော်လည်း၊ စစ်တွေမြို့ နေရာတချို့တွင် မီးလောင်မှုများ ဇွန်လ၁၆ ရက်နေ့အထိ ဟိုတစ်စ ဒီတစ်စ လောင်ကျွမ်းမှု ရှိနေဆဲဖြစ်သည်။

မီးရှို့တဲ့လူတွေက ကျွန်တော်တို့ဖက်က မဟုတ်ဘူး။ ကိုယ့်ဖက်က ဆိုထိန်းလို့ရတယ်။ တစ်ဖက်တည်းကို ငြိမ်းအေးအောင် လုပ်နေလို့ မရဘူး။ သူတို့ဖက်က သူတို့လူတွေကို ထိန်းနိုင်ဖို့လိုတယ်။ မထိန်းနိုင်ရင်ဒီကိစ္စတွေ မငြိမ်းနိုင်ဘူး နှစ်ဖက်စလုံးမှာရှိလူ လူထုတွေက ကြားမှာဓားစာခံ ဖြစ်သွားတာတွေရှိတယ်”ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

ဘင်္ဂါလီ ဒုက္ခသည်များ အများဆုံး စုဝေးလျှက်ရှိသည့် စစ်တွေမြို့၊ သဲချောင်းကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေး ရယူထားပြီး ယင်းဒုက္ခသည်များ အတွက် စားနပ်ရိက္ခာများကို တပ်မတော် စစ်ကြောင်းများက တာဝန်ယူ ဆောင်ရွက် ပေးလျှက်ရှိသည်ကို တွေ့ရသည်။

ဘင်္ဂါလီဒုက္ခသည် စခန်းအနီးတွင် တည်ရှိသော သဲချောင်းဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ရခိုင်ဒုက္ခသည် ငါးရာခန့်အတွက်လည်း ယင်းတပ်မတော် စစ်ကြောင်းများကပင် လုံခြုံရေး ရယူပေးလျှက်ရှိသည်။

“ကျွန်မတို့က ဖြစ်တဲ့နေ့ကတည်းက ဒီကိုရောက်လာတာ။ လုံခြုံရေးတွေ အရောက်မြန်လို့ ဒီနားမှာ ဘာမှ မဖြစ်ခဲ့တာ။ ကျွန်မတို့အတွက် စားဝတ်နေရေး၊ ကျန်းမာရေးတွေကို စစ်တပ်ကပဲ လုပ်ပေးနေတယ်။ ဘုန်းကြီးကျောင်း အပြင်ကိုတော့ လုံးဝမထွက်ရဲဘူး။ အပြင်မှာက ကုလားတွေချည်းပဲ ခုနှစ်သောင်းလောက် ရှိတယ်” ဟု သဲချောင်း ဘုန်းတော်ကြီးကျောင်းအတွင်း ရောက်ရှိနေသည့် ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ရခိုင်အမျိုးသမီးတစ်ဦးက ဇွန်လ ၁၄ ရက် တွင် 7Day News သို့ ပြောပြသည်။

မီးလောင်မှုကြောင့် ရွှေ့ပြောင်းထားရသော လူမနေတော့သည့် ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ တပ်မတော် စစ်ကြောင်းနှင့်အတူ ရန်ကုန်မြို့ရဲတပ်ရင်း(၆)မှ တပ်ရင်းမှူး ဒုရဲမှူးကြီး ဦးစီးသော ရှင်းလင်းရေးအဖွဲ့မှ ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရန်အတွက် ၀င်ရောက်ရှာဖွေ ရှင်းလင်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။
“ဒီရပ်ကွက်က လူတွေကို လုံခြုံတဲ့ နေရာတွေဆီကို ရွှေ့ပြောင်းထားပေမယ့် တချို့အိမ်တွေမှာ လူတွေ ကျန်နေသေးတဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ဖြစ်လာမှာ စိုးတဲ့အတွက် အိမ်တိုင်းစေ့ ၀င်ရှာပြီး ရှင်းလင်းနေတာပါ” ဟုစစ်တွေမြို့၊ စက်ရုံစု(နာဇီ) ရပ်ကွက်သို့ ၀င်ရောက် ရှင်းလင်းခဲ့သည့် အထက်ပါရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာသည့် ရန်ကုန်တိုင်း ကြက်ခြေနီ တပ်ဖွဲ့ဝင် ၄၀ ဦး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ မီးသတ်တပ်ဖွဲ့ဝင် အင်အား (၂၀၀)တို့နှင့် အတူ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ စုစုပေါင်း အင်အား ၄၆၀ တို့သည် မီးလောင် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် နေရာများမှ အပျက်အစီးများအား စနစ်တကျ ရှင်းလင်းလျှက်ရှိပြီး ၎င်းတို့အား ဒေသခံပြည်သူများက အချိုရည်နှင့် သောက်ရေသန့်များ ပေးလှူ လျှက်ရှိသည် ကိုတွေ့ရသည်။
ဘင်္ဂါလီဒုက္ခသည် စခန်းများမြင်ကွင်း။

စစ်တွေမြို့၊ ဘုမေရပ်ကွက်မှ ဖြတ်သန်းကာ စစ်တွေတက္ကသိုလ်ကို ကျော်လွန်လိုက်သည်နှင့် လမ်းတစ်ဖက် တစ်ချက်တွင် ကယ်ဆယ်ရေး ရွက်ဖျင်တဲများ အစီအရီတွေ့လာရပြီး ယာယီဈေးငယ်လေးများကို လမ်းဘေးတွင် ရောင်းချ ၀ယ်ယူနေသူများကို တွေ့ရှိရသည်။

လမ်းတစ်ဖက်တစ်ချက်ရှိ ဘင်္ဂါလီလူမျိုး အရွယ်စုံများမှာလည်း စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်နှင့်အတူ ရောယှက်နေသည့် ခံပြင်းစိတ်များက ၎င်းတို့မျက်နှာတွင် အတိုင်းသားပေါ်လွှင်လျှက်ရှိသည်။

“ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ တစ်သောင်း ခုနှစ်ထောင်ကျော်ရှိပါတယ်။ ဗလီကြီး ခြောက်ခုမှာဖွင့် လှစ်ထားပါတယ်။ တပ်မတော်က ဆန်တွေပေးတဲ့ အတွက် စားသောက် နေရပါတယ်။ ဒီမှာ လက်ရှိ ရှိတဲ့ လူဦးရေနဲ့ဆိုရင် လူဦးရေစုစုပေါင်း ခုနှစ်သောင်း နီးပါး ရှိနေကြပါတယ်” ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့် က ၎င်းတို့နေရာသို့ တပ်မတော်စစ်ကြောင်းနှင့် အတူ လိုက်ပါလာကြသော မီဒီယာများသို့ဇွန် ၁၅ ရက် ညပိုင်းတွင် ပြောခဲ့ သည်။

၎င်းတို့အနေဖြင့် ယခင်နေထိုင်ရာ ကျေးရွာ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ရန် အများစုက ဆန္ဒရှိနေကြသော်လည်း ၎င်းတို့အတွက် တာဝန်ရှိသူများက မည်သို့ စီစဉ်နေရာ ချထားပေးမည်ကို မသိရှိရသေးကြောင်း ဘင်္ဂါလီဒုက္ခသည် အများစုက တညီတညွှတ်တည်း ပြောကြသည်။

“ကျွန်တော်တို့ နေထိုင်ဖို့အတွက် အရင်နေရာလေးတွေမှာ ပြန်ချပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ အတွက် သင့်တော်မယ့် နေရာလေးတစ်ခုခု စီစဉ်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက် ပေးစေချင်ပါတယ်။ ဒီပြဿနာမှာ ကျွန်တော်တို့ဖက်က မှားခဲ့တယ်ဆိုရင်လည်း တောင်းပန်ပါတယ်” ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့်ကဆိုသည်။

စစ်တွေမြို့ပေါ်ရှိ ပြည်သူအများစု ကြားတွင် ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ တခြားဒေသများမှ ဘင်္ဂါလီများ လာရောက် စုဝေး စုရုံးနေသည်ဟု သတင်းများ ထွက်ပေါ်နေမှုကို ဦးလှမြင့်က ငြင်းဆန်ခဲ့ပြီး အကယ်၍ လာရောက်သည် ဆိုပါကလည်း ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်၍ ပင်လယ်အတွင်း မျှောချပစ်မည်ဟု ပြောလေသည်။

လက်ရှိစစ်တွေမြို့ပေါ်အခြေအနေ(၁၇.၆.၂၀၁၂-တနင်္ဂနွေနေ့)

စစ်တွေမြို့ပေါ်တွင် ဈေးဆိုင်ခန်းတချို့ ဖွင့်လှစ်ရောင်းချလာကြပြီး ပြည်သူ အများစုမှာ ယခင်ပုံမှန်နီးပါး အတိုင်း သွားလာလှုပ်ရှား နေကြပြီဖြစ်သည်ကို တွေ့ရသည်။ မော်တော်ယာဉ် အများစုမှာ ကယ်ဆယ်ရေး စခန်းများအတွက် စားနပ်ရိက္ခာ နှင့် ထမင်းထုတ်များ၊ ရေသန့်ဘူးများ တင်ဆောင်ကာ မြို့တွင်း လမ်းမများတွင် သွားလာနေကြသည်။

စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေး စခန်းများအတွက် အလှူငွေနှင့် စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာ များကို အသီးသီး တွေ့မြင်နေရသည်။ ယခင် တွေ့မြင်နေကျ မြင်ကွင်းများနှင့် ခြားနားသည်မှာ စစ်တွေမြို့လမ်းများပေါ်တွင် ဘင်္ဂါလီလူမျိုးများကို မတွေ့မြင် ရခြင်းပင်ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ယခု ၁၇ ရက်နေ့အထိ ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်ပြီး ယင်းဥပဒေ ရုပ်သိမ်းပါက နောက်ဆက် တွဲပြဿနာများ ဖြစ်ပေါ်လာမည်ကို ရခိုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

“မာရှယ်လောက အခုရုပ်သိမ်းလို့ မဖြစ်သေးဘူး။ ညဖက် မာရှယ်လော ရှိနေလို့လည်း ဒီလောက်ငြိမ်နေတာ။ မရှိ ရင် ဟိုဖက်ဒီဖက် ပြဿနာတွေ ဖြစ်နိုင်သေးတယ်။ အဓိကကတော့ လုံခြုံရေးအင်အား အပြည့်အ၀မရှိတာရယ်၊ လုံခြုံရေး ယူထားတဲ့လူတွေ

မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀ ကျော်ကို စစ်တပ် လုံခြုံရေးအပြည့် ချထားတဲ့ အတွက် ပြဿနာတွေ မရှိပါဘူး” ဟု RNDP ပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

အနှေးယာဉ်မောင်းများ၊ ဆိုင်ကယ်တက္ကစီများလည်း ပြန်လည်ထွက်လာကြပြီ ဖြစ်ပြီး စာသင်ကျောင်းများ မှာတော့ ဆက်လက် ပိတ်ထားဆဲဖြစ်သည်။

 ၂၀.၆.၂၀၁၂။

တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေဖြစ်ပေါ်လာမှုအရ တည်ငြိမ်စပြုလာပြီဟု ယူဆရသော်လည်း ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ သတိတရားလက်ကိုင်ထားကာသွားလာနေကြဆဲပင် ဖြစ်ပါသည်။

(စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့သည့် ယခုအပတ်ဆောင်းပါးဖြစ်ပါသည်)
အဘဥက္ကာကိုကို ဖေ့စ်ဘွတ်ခ်မှ..