ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label GRWသတင်းများ. Show all posts
Showing posts with label GRWသတင်းများ. Show all posts

ယခင်ဦးပိုင် ယခုမောင်ပိုင် အကြောင်း တစေ့တစောင်း...

မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးတင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြလိုက်ရပါတယ်...

ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေအကြောင်း ရေးသားပေးပို့လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး လောက်မပြောနဲ ဦးပိုင်က အစွယ်အပွားတွေ တောင်ချမ်းသာတာ။ ဦးတင်အေးအိမ်မှာ သူတို့လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း၃၆၀နဲ့ နှစ်တစ်ရာကျော် ထိုင်စားလို့ရတယ်..။ု သိန်း၃သောင်းကျော်နော် စဉ်းစားသာကြည့်  သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ သိန်း၂ထောင်ကျော်တန်တယ်..။ သူတို့စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ. ဦးတင်အေးက သား၂ ယောက် သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။ နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည်မထွက်ဘူး ရွှေမန်းသားတွေလိုတော့...။ အဲ့တော့ တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း၃သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ် အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်းပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က အလကားရတဲ့ငွေတွေက သိန်းကို သိန်းချင်းထပ်နေတာ..။
 အိမ်ကနေ စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ၁၀၀ပတ်လည်.. အိမ်တွေရဲ့ ဈေးက သိန်း ၅ထောင် လောက်တော့ရှိတယ်။  ကဲကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့ လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ အနည်းဆုံး ၂၀၀နဲ့တွက် အိမ်တိုင်းရှိတယ်။ ဗိုလ်ချုပ်အဆင့်တွေရတဲ့  ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်းအကောင်းစား သိန်း ၁ထောင်တန်ရှိတယ်။ အနည်းဆုံး ၄စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သောအရာများ နားကပ် သိန်း ၄၀၀ လက်စွပ်သိန်း ၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိမြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့ အတွင်းပစ္စည်း ဘယ်လောက်ရှိမယ်ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံးအသိပဲလေ..။ လက်ရှိ နအဖခေတ်မှာ သာမန် စီးပွားရေးလုပ်နေပါပီဆိုတဲ့ ကားစီးနေတဲ့ သူဌေးတစ်ယောက်မှာ သိန်း ၁ထောင်နဲ့ပဲတွက်ပြီး သူတို့မှာ ရှိတာတွေကို တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်းထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့ နေရာပေးတော့ မတရားတာလုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ် ကောင်းတော့မလည်း ဒီနိုင်ငံ။

ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က အဆိုတော်တွေ နဲ့စည်လို့ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ရက် သိန်း၁၀၀နီးပါး ရှင်းရတယ်..။ ၃ရက်ကို သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလိုနေရာမှာ သကြီန်အတွက်ကို သိန်း ၅၀၀ကနေ ၁၀၀၀အတွင်း သုံးတယ်.။ ဘယ်ကပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီကဆိုရင် လည်း စပွန်ဆာဘယ်သူက အလကားပေးမလည်း။ ခုထိတောင်ကြီးဘက်မှာ သစ်ခိုးထုတ်တဲ့ လမ်းတွေ   ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။

ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ.... ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲံ့မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက် လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။ စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက်လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့ စာရင်းစစ်တွေအတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သားမိန်းမလေး တွေကိုမြင်ဘူးလို့ပါ..။

ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင် တရားမဝင်စားနေတာကနေ နောက်တစ်ပတ်လောက်ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ရာခိုင်နှုန်းတောင် မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ...နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။

လေးစားစွာဖြင့်

GRW အတွင်းသိ...။

GRW အတွင်းသိ... ရဲ့ ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း.... ပြန်ဖတ်ချင်ရင်.. http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html

ဆင်ဖြူထပ်ရောက် သန်းရွှေပျောက်..

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့က နောက်ထပ် ဆင်ဖြူတော်တစ်ကောင် ထပ်မံ ဖမ်းဆီးရမိခြင်းနှင့် ပတ်သတ်ပြီး နအဖသတင်းစာတွေမှာ မစားရခမန်း ဘုန်းတော်ဘွဲ့များ ဖားချက်များနှင့် မတန်မရာ ရေးသားဖော်ပြခဲ့ပါတယ်.. အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းမှ (GRW) အဖွဲ့မှ အတွင်းသိနဲ့ ဝေဒပညာရှင်တစ်ဦးတို့ ပေးပို့လာတာကို ရေးသားဖော်ပြလိုက်ပါတယ်..။

အတွင်းသိ ရေးသားပေးပို့လာတာကတော့ ယခုနှစ် ပြီးခဲ့တဲ့ ဇွန်လက ဖမ်းဆီးရမိခဲ့တဲ့ ဆင်ဖြူတော်ဟာ ၂၀၀၈ခုနှစ်တည်းက တွေ့ရှိခဲ့ပြီး ဗိုလ်ချုပ်မှုးကြီးနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့မှ ဗေဒင်ဟောကိန်းအရ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အဆိုပါ ဆင်ဖြူတော်အား ဖမ်းဆီးပြီး နေပြည်တော်၌ ထားရှိရန် အခါတော်ပေးများက တွက်ချက်ပေးခဲ့ကြပြီး.. အဆိုပါ ဆင်ဖြူတော်အား ဖမ်းဆီးရန်အတွက် ယခင်(ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး)မှ တာဝန်ယူရပြီး ဆင်ဖြူတော်အား ကြုံးသွင်းဖမ်းဆီးနိုင်ရန်အတွက် ဝန်ကြီးချုပ်သိန်းစိန်မှ ရဟတ်ယာဉ်များအထိ စီစဉ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်..။

(၁၁)မီးငြိမ်းစေရန် ရည်ရွယ်ပြီး ဖမ်းဆီးမိချိန်မှာ အသက် (၃၈)နှစ်ရှိတဲ့ ဆင်ဖြူတော်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ အဲ့ဒီနောက် ရွေးကောက်ပွဲ ကျင်းပမည့် ရက် ကြေငြာချက် မထုတ်ပြန်မှီ နေပြည်တော်သို့ အရောက်ခေါ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲကျင်ပမည့် ကြေငြာချက် ထုတ်ပြန်မည့် ၁၃ရက် သြဂုတ်လ သောကြာနေ့မှာ ဆင်ဖြူတော်သတင်းအား သတင်းစာမျက်နှာဖုံး ခေါင်းဆီးပိုင်းမှာ ဖော်ပြခဲ့ပြီး အခါတော်ပေးတွေရဲ့ လမ်းညွှန်ချက်အတိုင်း ရွေးကောက်ပွဲ ပြုလုပ်မည့် ရက်နှင့်အပြိုင် ဖော်ပြခဲ့ပါတယ်..။ ဒါပေမယ့် စက်တင်ဘာ ၂၃ရက်နေ့က နောက်ထပ် ဆင်ဖြူတစ်ကောင် ထပ်မံဖမ်းဆီး ရမိချိန်မှာတော့ အခါတော်ပေး ဝေဒပညာရှင်များ အခက်ကြုံနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆင်ဖြူတော်ဟာ အခါတော်ပေးတွေ ဖမ်းဆီးခိုင်းတဲ့ ဆင်ဖြူတော် မဟုတ်ပဲ အဆိုပါဒေသမှ အာဏာပိုင်များရဲ့ မျက်နှာလို မျက်နှာရ ရှာဖွေဖမ်းဆီးခဲ့တဲ့ အတွက် ရွေးကောက်ပွဲ မတိုင်မှီမှာ ဆင်နှစ်ကောင် အပြိုင်ဖြစ်နေပါတယ်။

ထို့အတွက်ကြောင့် ဒေါ်ကြိုင်ကြိုင်မှ အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်နေပြီး အဆိုပါ ဆင်ဖြူတော်အား ပြန်လွှတ်ရလည်းခက် ထားပြန်ရင်လည်း ဗေဒင်ကိန်းဂဏန်း ပျက်မည့်ကိန်းဖြစ်နေပါတယ်...။ ဆင်ဖြူတော်အား မျက်နှာလို မျက်နှာရ ဖမ်းဆီးပေးခဲ့တဲ့ ရခိုင်ပြည်မှ စစ်အာဏာပိုင်များမှာလည်း မျက်နှာမရ ခြေထောက်ရကိန်းနဲ့ ကြုံနေကြောင်း (GRW)မှအတွင်းသိ ကပေးပို့လာပါတယ်....။

ယခုလောလောဆယ် ဗိုလ်ချုပ်သန်းရွှေ စိတ်ပျက်နေကြောင်း ဆိုပါတယ်။ သူရရွှေမန်းကို သမ္မတအဖြစ် ရည်မှန်းထားပြီး သမ္မတလောင်းမိတ်ဆက်ပွဲ အနေနဲ့ တရုတ်ပြည်ခရီးစဉ်ကို သွားတာပါတဲ့။ ပြီးတော့ စစ်ကောင်စီထဲမှာ လက်ရှိ သူရရွှေမန်း နေရာကို တရားဝင်ပေးထားတာ မဟုတ်သေးပဲ တက်လုပ်နေတဲ့သူရှိတဲ့ အတွက် လွန်ဆွဲပွဲတွေ ရှိနေကြောင်း (GRW)မှအတွင်းသိ ကဆက်လက်ပြောဆို သွားပါတယ်..။

White Elephant
စက်တင်ဘာ ၂၅ရက်နေ့ထုတ် စစ်ဝါဒဖြန့် သတင်းစာပါ... မျက်မမြင် ပုဏ္ဏားတစ်ယောက်ရဲ့ မျက်ကန်းရေးသားချက်..

ထိုဆင်ဖြူတော် အပြိုင်နှစ်ကောင် ဖမ်းဆီးရရှိမှုနှင့် ပတ်သတ်ပြီး ပြည်တွင်းမှ အမည်မဖော်လိုတဲ့ နာမည်ကြီး ဝေဒပညာရှင် တစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီသတင်းနဲ့ ပတ်သက်ပြီး ဆရာလည်း သတိထားမိပါတယ်.. ရွေးကောက်ပွဲ အတွက် ယတြာချေပြီး ဖမ်းတဲ့ ဆင်ဖြူတော်ပေါ်တယ် ဆိုပြီး သတင်းလွှင့်ပြီး ဘာမှမကြာသေးတဲ့ အချိန်မှာ နောက်ဆင်ဖြူတော် တစ်ကောင်ပေါ်လာတယ် ဆိုတာ နိမိတ်အနေနဲ့ စဉ်းစားစရာပေါ့..။ ယတြာကိန်းကန်း ပျက်တဲ့ သဘောလေ.. နှစ်ကောင်ဆိုတဲ့ အပြိုင်တစ်ခု ပေါ်လာမယ် ဆိုတဲ့သဘောပေါ့... နောက်မှရတဲ့ ဆင်ဖြူက အသက်ကလည်း ၁၈နှစ်ဆိုတော့ ၉ဂဏန်း တိုက်ခိုက်အောင်မြင်တဲ့ သဘောဆောင်တယ်.. အဲ့ဒီတော့ အရင်တစ်ကောင်ထက် အားရှိတဲ့ နောက်တစ်ကောင် အပြိုင်ပေါ်လာတာဟာ ထူးခြားတဲ့ အပြိုင်ပြောင်းလဲမှု တစ်ရပ်ဖြစ်ပေါ်နိုင်တဲ့ နိမိတ်ပဲလို့ ဆရာတော့ ဒီလိုပဲ ပြောချင်ပါတယ်" ဟုပြောဆိုသွားပါတယ်..။

ပြည်တွင်းမှ အမြဲပေးပို့ပေးနေတဲ့ (GRW) အဖွဲ့ဝင် အတွင်းသိနှင့် ဝေဒပညာရှင် ဆရာအား ကျေးဇူးတင်ပါသည်။

White Elephant

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ဆင်ဖြူတော်(၅)စီး ပိုင်ဆိုင်ခြင်းမှာ တိရိစ္ဆာန်ကိုးကွယ်မှု ထွန်းကားလာခြင်းနှင့် ဆင်အစာကြွေးခ ဆင်ထိန်းခ အဆောက်အဦးဆောက်ခ အစစအရာရာ အကုန်အကျများလာခြင်းမှာ အံ့သြစရာ၊ အသုံးမကျစရာ၊ အရှက်ရစရာပင်ဖြစ်တော့သည်....

ရွေးကောက်ပွဲကြီး မအောင်မြင်ပဲ နောင်ပေါ်ပေါက်လာမည့် ပြည်သူ့ ကြားဖြတ်အစိုးရသစ် လက်ထက်ဝယ် လက်ရှိ သုံးမရသည့် စစ်အစိုးရထက် အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်မှု စည်ပင်ဝပြောမှုတို့ကို အပြည့်အဝ ခံစား စံစားနိုင်မည့် အတိတ်ကောင်း နိမိတ်ကောင်းပင်ဖြစ်တော့သည်။

မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်း တစ်စေ့တစ်စောင်း..

၂၀၀၉ခုနှစ် ၉လပိုင်း ၁၄ရက်နေ့က တေဇပိုင် ထူးကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ Huaneng Lancang River Hydropower Co., Ltd. China တို့ မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်း ရင်းမြစ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုခဲ့စဉ်ကပုံပါ...။
တေဇပိုင်တဲ့ ပုပ္ပားက ဟိုတယ်တစ်ခု..
စစ်အာဏာရှင် လက်ထက် အာဏာရှုးတွေနဲ့ ပေါင်းပြီး ဝေစားမျှစား ထင်တိုင်းကြဲပြီး ဗိုလ်သန်းရွှေရဲ့ သားမက်လို့ အပြောခံရလောက်အောင် နာမည်ကြီးတဲ့ ခေတ်ပျက်သူဋ္ဌေး လက်နက်ပွဲစား ပြည်သူ့ဘဏ္ဍာတွေနဲ့ တစ်ဦးတည်းပိုင် ဈေးကွက် စီးပွားရေးတွေ လုပ်ပြီး ရှိသမျှ စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာပြည်က အချမ်းသာဆုံး ပုဂ္ဂိုလ် ဦးတေဇရဲ့ ဟိုတယ်လုပ်ငန်းများ အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

မောင်တေဇဆိုပြီး အများသိနေကြတဲ့ သူကိုယ် သူဟာ ဘယ်လို ချမ်းသာလာတာလည်းဆိုတာတော့ အားလုံးသိပြီးသားမို့လို့ အထူးတလည် မရေးတော့ပါဘူး… တလောကလည်း နောက်ထပ်လေယာဉ်တွေ ထပ်ဝယ်တာလည်း အားလုံးအသိပါပဲ။ မြန်မာပြည်မှာ လေယာဉ် ဝယ်နိုင်လောက်အောင် ချမ်းသာတာ သူတစ်ဦးတည်းရှိပါတယ်။ အခုလည်း ငွေမဲတွေ ခဝါချဖို့အတွက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ရပြန်ပြီလေ… ။ ထားပါတော့ ကျွန်တော်က ကျွန်တော် သိတဲ့ တေဇရဲ့ ဟိုတယ်လုပ်ငန်းတွေ အကြောင်းကို အားလုံးသိအောင် တင်ပြပေးလိုက်ပါတယ်…။

တေဇရဲ့ရေတွက်လို့မရတဲ့ လုပ်ငန်းတွေထဲက လုပ်ငန်းတခုကို ပြပါဆိုရင်တော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဦးစားပေးပြီးပြောကြရအောင်… ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်က ဒီလုပ်ငန်းနဲ့ အနည်းနဲ့အများ ပတ်သတ်နေတဲ့ အတွင်းသိသူ တစ်ယောက်ဆိုတော့ တေဇရဲ့ ဟိုတယ် လုပ်ငန်း အကြောင်းတွေကို ဦးစွာ ပြောပြပါမယ်..။ ပထမဦးစွာလွန်ခဲ့တဲ့ နှစ်တွေ များကသူ ဟိုတယ်တွေ တစ်လုံးပြီးတစ်လုံးနေရာတိုင်းမှာ စဆောက်တာတွေကို ပြောပါရစေ ကမ္ဘာကျော် ဟိုတယ်ကြီးတွေ ဖြစ်တဲ့ ရှန်ဂရီလာတို့ …. Traders Hotel တို့ Hilton Hotel တို့တောင် အဲ့လောက် ရင်းနှီးမြုပ်နှံ နိုင်ပါ့မလားလို့ ထင်မိပါတယ်… မြုပ်နှံနိုင်မယ် ဆိုရင်တောင် အခု လို ခရီးသွားတွေ သိပ်မလာတဲ့ အချိန် မှာဟိုတယ်တွေ တစ်လုံးပြီးတစ်လုံး နေရာတိုင်းမှာဆောက်ဖို့ ဆိုတာတော်ရုံတန်ရုံ ငွေဖြူနဲ့ ကတော့ ဘယ်လို မှ ဆောက်လို့ မရနိုင်ပါဘူး…။ ငွေ ကို စက်နဲ့ ရိုက်ထုတ်ရင်ထုတ် သို့ မဟုတ် ကျန်တဲ့ လိုအပ်သမျှကို အလကား အကုန်ရမှပဲ ရပါမယ်… ။ သစ်ကနေ စပြောရရင် မြန်မာပြည်သစ်တောထဲ က သစ်တွေကို အကုန်ဖြုန်းတီးဖြစ်တဲ့ မောင်တေဇ ရဲ့  ဟိုတယ် List တွေကို အရင်ဆုံးပြောပါရစေ…. အောက်ကလင့်တွေကတော့ မောင်တေဇပိုင်တဲ့ ဟိုတယ်တွေပါပဲ...။ စီးပွားရေးအစုံလုပ်ပြီး ဓနအင်အားမှာ ဘယ်သူမှ လိုက်မမှီတဲ့ အတွက် ဟိုတယ်တွေမှာလည်း သူ့ကိုဘယ်သူမှ မပြိုင်နိုင်ပါဘူး။
Tayza Hotel
တေဇပိုင် ဟိုတယ်တွေပါ...
အောက်ကလင့်တွေကတော့ ဦးတေဇပိုင်တဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ Home Page ပါ…..
အထက်ပါ တည်းခိုခန်းတွေက တစ်ညကို ဒေါ်လာ အနည်းဆုံး ၁၅၀ ကနေစပြီး ပုဂံ ကဟိုတယ်ဆိုရင် အရင်တုန်းက (၂)ခန်းပဲ ပါတဲ့အခန်းဆိုရင် တစ်ညဒေါ်လာ ၇၀၀ နီးပါးရှိပါတယ်။ ဘာတွေပါလည်းဆိုရင် အဲ့ဒီအခန်းက ၂ထပ်ဆောင် လိုမျိုး ဆောက်ထားပြီး အခန်းရှေ့ မှာတော့သီးသန့်ရေကူးကန်လေးနဲ့ပါ….။ ရှင်ဘုရင် ပုဆိုးပိုးချည်းပဲ လို့ မသုံးချင်ပါဘူး သူခိုးကြီးတွေက နိုင်ငံသစ်တောတွေ ပြည်သူ့ ဘဏ္ဍာတွေကို သူ့ အမေလင် ပစ္စည်းလို ထင်တိုင်းသုံးနေကြတာလေ..။ ဒမြတွေ ပိုင်တဲ့ ပစ္စည်းဆိုတော့  နိုင်ငံတွင်းက ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ ကျွန်းသစ်တွေ.. ကြိမ်တွေ သုံးထားလိုက်ကြတာ .. လာတည်းခိုတဲ့ နိုင်ငံခြားသားတွေတောင် အံ့သြလက်ဖျား ခါကျပါတယ်…။

သစ်တောထဲကနေ လက်ညှိုးထိုး ခုတ်လာတဲ့  ကျွန်းသစ်တွေကို အသားကျအောင် အခြောက်မခံပဲ လိုချင်တာ တစ်ခါတည်း တန်းပြီးဆောက်တော့ အသားမကျသေးတေ့ ကွဲကုန်တာပေါ့ .. ဒီလို ကျွန်းတစ်ပင်ရဲ့ တန်ဖိုးကို လုံးဝမသိ နားမလည်တော့ လုပ်ချင်တိုင်း လုပ်ထားတာလေ… အသားကျအောင် မထား သေချာ ပေါင်းမတင်တော့ ကွဲနေတဲ့  သစ်သားခုံတွေ တိုင်တွေ ပစ္စည်းတွေကို ကြည့်ကြည့် ပြီး အင်မတန်မှ နှမြောတသ ဖြစ်မိရတယ်လေ.. ဒီလောက်တောင် ခုတ်ချင်တိုင်း ခုတ်နေမှတော့ ကုန်ြပီပေါ့ … ဒါကတော့ မောင်တေဇရဲ့  Aureumpalace က First Class ကြယ်ငါးပွင့် သတ်မှတ်လို့ရတဲ့ အတန်းစားတွေပေါ့…. ဘယ်ဈေးကွက်မှ မလွတ်သွားအောင် Deluxe ဟိုတယ်အဆင့်တွေပေါ့… ရန်ကုန်မှာ Deluxe အဆင့်ရှိတဲ့ ဟိုတယ်တွေကတော့ Strand Hotel, Sedona, Governor Resident တို့နဲ့ တေဇပိုင်တဲ့ Aureumpalace တို့ပဲရှိပါတယ်…။ ထူးခြားတာက တေဇဟိုတယ်တွေက နယ်တွေမှာ ရှိပြီးမြေနေရာ များများ ကျယ်ကျယ် သုံးနိုင်တဲ့ အတွက်ကြောင့် သတ်မှတ်ထားတဲ့ တစ်ခြားဟိုတယ်တွေထက် သာလွန်ကောင်းမွန်နေတာပေါ့။

Tayza Hotel
အောက်က လင့်ကတော့ တေဇ Second Class လို့ သတ်မှတ်ထားတဲ့ ဟိုတယ်တွေပါ…. Second Class ကတော့ ရန်ကုန်က Chatrium (ယခင် Hotel Nikko), Grand Plaza park Royal တို့နဲ့ အဆင့်တူတွေပါပဲ.. http://www.myanmartreasureresorts.com/ ဒီအပေါ်က Myanmar Treasure Resorts Group ကတော့ သူ့ရဲ့ဒုတိယတန်းစားလို့ သတ်မှတ်လို့ ရတဲ့ ဟိုတယ်တွေပါ အုတ်ကတော့ ဘယ်က ရလည်းမသိပေမယ့်  ကျွန်းသစ်နဲ့ လိုအပ်တဲ့ သစ်တွေကို အခန်းထဲ မှာ ကြိမ်နဲ့ လုပ်မယ့် မီးအုပ်ဆောင်းတွေ အတွက်ကတော့ တောထဲ ကနေ ခုတ်ချင်တိုင်း လက်ညှိုးထိုး ခုတ်ခွင့် ရထားတယ်လေ…။ ဘိလပ်မြေက လည်းသူတို့စက်ရုံ သို့မဟုတ် အစိုးရ ဘိလပ်မြေ စက်ရုံ ကနေ ယူရုံပါပဲ သယ်ဖို့ ကားတွေကလည်း လိုင်စင်မဲ့ကားတွေက ဖောချင်းသောချင်း.. တစ်ခြားခရီးသွား ကုမ္ပဏီက ကားတစ်စီးဝယ်ဖို့ ပါမစ်တွေ ကျအောင် မနည်းလုပ်နေရတဲ့ အချိန်မှာ.. သူ့ကတော့ ကြိုက်တဲ့ကားသွင်းချင်တိုင်း သွင်းခွင့် ရှိတယ်လေ.. အင်း.... ကားဝယ်တဲ့ ပိုက်ဆံက လည်းလိုသလောက် ရိုက်ထုတ်လို့ ရလောက်အောင် ဖြစ်နေလောက်တဲ့ငွေ ၀န်ထမ်းတွေကို ပေးတာကလည်း ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ သူတစ်ဦးတည်း မောင်ပိုင်စီးထားပီး လက်နက် အရောင်းအဝယ် လုပ်တာတွေ ကနေ နေတဲ့ ၀င်ငွေတွေပေါ့...။ ဒါကြောင့်လည်း အနည်းဆုံးလခ အနိမ့်ဆုံးဝန်ထမ်းတွေက ဒေါ်လာ ၁၀၀ ကနေ မာန်နေဂျာ အဆင့်ဆိုရင် ဒေါ်လာ ၁၅၀၀ အထိရကြပါတယ်။ အာဏာပိုင်တွေ ရဲ့သားသမီးတွေပဲ ခေါ်သုံးတာ များပါတယ်။

Tayza Hotel
ပုဂံကတေဇပိုင်ဟိုတယ်..
ကောင်းပြီ သူတို့က အခွင့်ထူးခံတွေ ဥပမာ ဦးမောင်အေး ရုရှားသွားတယ် ဆို သူပါတယ် လုပ်ငန်းရှင်နေရာတွေမှာ သူ ပါတယ် ဒီတော့ ဘာလုပ်ငန်းမဆို သူတို့နဲ့ တခါတည်း ချိတ်ဆက်ထားပြီးပြီ သူရဲ့ခရီးသွားလုပ်ငန်းမှာ လေယာဉ်ရှိတယ် ကားကောင်းရှိတယ် ဟိုတယ်ရှိတယ် သူ့မှာ ၀န်ထမ်းပဲ လိုတယ် ကျန်တဲ့ အစိုးရရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်နေရတဲ့ မှန်မှန်ကန်ကန် ကားစုတ်လောက်ကို တန်ဖိုးကြီးပေးပြီးဝယ်ပြီး သုံးနေရတဲ့ တခြားလုပ်ငန်းရှင်တွေ က သူတို့ နဲ့ ဘယ်လို မှလိုက်ပြီးယှဉ်ပြိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ..။ နောက်လုပ်ပိုင်ခွင့် အာဏာကလည်း သာမာန်ဗိုလ်ချုပ် အဆင့်ထက် အများကြီး လုပ်ပိုင်ခွင့်ရှိတယ်လေ.. နေရာတိုင်းကိုလိုက်ပီး သာမန် ပြည်သူတွေရဲ့ ရပိုင်ခွင့် တွေ ကို လိုက်လုယူနေတာတွေ သူ့ ဝန်ထမ်းတွေ ခန့်ထားတဲ့ ( အစိုးရအသိုင်းအ၀ိုင်းက လူကြီးသားသမီးတွေ) အများစုပါပဲ…။ အများစု ကလည်းအတော်ကို ဘ၀င်မြင့်ကုန်ကျတယ်လေ.. တို့အဖေကြီးကိုကာကွယ်မည်လို ဖြစ်နေကြတာပေါ့..။

ငွေဆောင်မှာက ဟိုတယ်ကြီး ၃ ခု ရှိပါတယ်… ၂ခုက သူကိုယ်တိုင် ဆောက်ထားပြီး ကျန်တစ်ခုကတော့ ဦးပိုင်ကဟိုတယ် ကိုပြန်ယူပြီး ပြန်ပြင်ပြီးဆောက်ထားပါတယ်… တခြား ဟိုတယ်တွေကတော့ အင်းလေး မေမြို့  ရန်ကုန် ပုဂံ ပုပ္ပါး မှာရှိပါတယ်..။
Tayza Hotel
ကျွန်းသစ်တွေနဲ့ ပတ်ပြီး ဆောက်ထားတဲ့ တေဇပိုင် နန်းမြင့်မျှော်စင်
ပုဂံမှာရှိတဲ့ နိုင်ငံတကာ ကန့်ကွက်တဲ့ ကြားက ဆောက်ထားတဲ့ နန်းမြင့် မျှော်စင် ကလည်း တေဇ ဆောက်ထားပါ… အခုနောက်ပိုင်း ဘုရားတွေပေါ် တက်ခွင့် မပြုပဲ အဆိုပါ နန်းမြင့် မျှော်စင်(ပုဂံတာဝါ) မှနိုင်ငံခြားတွေကို တက်ရောက်ကြည့် ပြုခွင့်ပြုပါတယ်… တစ်ဦးကို ၁၀ဒေါ်လာပေးရပါတယ် အဆိုပါရရှိတဲ့ ငွေတွေကို ရှေးဟောင်း ယဉ်ကျေးမှု ဋ္ဌာနက မရရှိပဲ တေဇက သာရရှိပါတယ်။ အဆိုပါ မျှော်စင်ကို အပြင်ကနေ ကျွန်းသစ်တွေနဲ့ ပတ်ပြီး ဆောက်ထားတာပေါ့… ပုဂံငွေဆောင် ကားလမ်းတလျှောက် ခုတ်ထားလိုက်တဲ့ သစ်တောတွေ တောင်ကတုံးကိုဖြစ်လို့ …. ပြန်စိုက်ထားပါတယ်ဆိုတဲ့  သစ်ပင်တွေက မစို့မပို့ သစ်တောတွေ ပြုန်းတီးတော့ ရာသီဥတုတွေ ဖောက်ပြန် ပြီး အပူတွေလွန် တာတွေဖြစ်လာတယ်လေ။ ဒီအကျိုးဆက်တွေကို သူတို့သိတယ်လေ.. စီးပွားရေး အသိုင်းအဝိုင်းမှာ သူ့ကို ကပ်ဖားလျှက်ဖား လုပ်နေတဲ့ သူတွေကတော့ အရိုးအရင်းလေး ကိုက်ရမလားဆိုပြီး… ကိုတေဇ ကိုတေဇနဲ့ပေါ့။ မှန်မှန်ကန်ကန် စီးပွားရေးလုပ်စားနေတဲ့ သူတွေကတော့ ငတေ လို့ပဲ ခေါ်ကြတယ်လေ။ သူတို့က ဒီအတန်းစား ဟိုတယ်တွေက တညကို ဒေါ်လာ ၉၀ ကနေ (မြန်မာငွေ တစ်သိန်း) အနည်းဆုံးစပါတယ်။

ဇာတ်တူသားစားတဲ့ သူတို့ တွေရဲ့  အရှက်မရှိကြတဲ့ လုပ်ရပ်တွေအတိုင်း တစ်ယောက်အရေးနိမ့် ရင် တယောက် က ချက်ချင်း အုပ်စိုးလို်က်တာတွေ ဆိုတာလည်း အဲ့လိုပါပဲ … ဥပမာ တစ်ခု အနေနဲ့ ပြောရရင် အရင် က ချောင်းသာ သွားဖူးသူတိုင်း သိမှာပါ.. မင်းမင်းစိုး ဟိုတယ်ဆိုရင် ချောင်းသာနဲ့ ပုပ္ပါး မှာလည်း ရှိခဲ့ ပါတယ်.. နောက်ပုဂံမှာလည်း ရှိခဲ့ပါတယ်။ မင်းမင်းစိုးနာမည်နဲ့တော့ မဟုတ်ခဲ့ပါဘူး အရင်လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ရဲ့ သားပိုင်တဲ့ဟိုတယ် တခုပါ သူ့အဖေ ဒေါ်လာတွေ ရွှေချောင်းကိစ္စတွေနဲ့ အရေးနိမ့်တော့  သူ့သားရဲ့ဟိုတယ်လည်း ပြန်အသိမ်းခံရပါတယ်...။ ဗိုလ်ချုပ်ညွန်တင်ရဲ့သား ကတော့ အရင်က စစ်အစိုးရဘက်ကို မျက်ရည်ခံထိုးပြီး ဘက်ပြောင်းလိုက်တဲ့ ဂျပန်က ငိုလွယ်ရီလွယ် နာမည်ကြီး ဒေါ်မြမြဝင်းရဲ့ သားမက်ဖြစ်ပြီး.. ရုပ်ရှင်တွေဘာတွေ ရိုက်လိုက်သေးတဲ့ ရွှေသွေးရဲ့ ယောက်ဖပါပဲ ..လက်ရှိမှာ ဂျပန်နိုင်ငံမှာ ဘာမှမလုပ်ပဲ ရန်ကုန်ကနေ မလာတဲ့ ပြည်သူ့ စည်းစိမ်တွေနဲ့ ခလေးတွေကို ကောင်းပေ့ဆိုတဲ့ ကျောင်းမှာထားပြီး ဂျပန်တွေကနေ သူဌေးလို့အသိအမှတ်ပြု ရလောက်အောင် နေနေတဲ့သူပါပဲ အဲံ့ဒီ မင်းမင်းစိုးရဲ့ ဟိုတယ်လုပ်ငန်းတွေကို Amata Resortက ပြန်ယူပါတယ် ပြီးတော့ ဟိုတယ်ကို နာမည်ပြောင်း လိုက်ပါတယ်။

အဲ့တော့ ဒီလိုအကောင်ကြီးကြီးတွေနဲ့ ပတ်သတ်သူတွေပိုင်တဲ့ ဟိုတယ်တွေက ဘယ်ဋ္ဌာန ဘယ်သက်ဆိုင်ရာတွေက အခွန်ကောက် အစစ်အဆေး လုပ်ရဲမလဲဆိုတာ စဉ်းစားတာ ကြည့်တော့ ကိုဒီမိုရေ..။

အောက်မှာ ဖော်ပြထားတာ တွေကတော့.. ရွှေတောင်ကြားမှာ ရှိတဲ့ တေဇရဲ့ ဟိုတယ်တွေ ဆက်သွယ်နိုင်တဲ့ ရုံးခန်းနဲ့ လိပ်စာပါ.... စိတ်ဝင်စားရင် ဆက်သွယ် နိုင်ပါတယ်..။

41 Shwe Taung Gyar Road, Bahan Township, Yangon, Myanmar.
Tel: +95-1-503816, 503824,503826, 502648, 502649
Fax:+95-1-527434
E-mail:
Website: www.aureumpalacehotel.com, www.aureumresortandspa.com
www.aureumresortsandspa.com, www.aureumpalace.com, www.aureumpalace-bagan.com
www.aureumpalacebagan.com, www.thebesthotelinmyanmar.com

အောက်ကတော့ ဗိုလ်ချုပ်သန်းရွှေသား.. ကြိုင်ဆန်းရွှေ ပိုင်တဲ့ ပုဂံသံတဲ ဟိုတယ်ပါ...။

Thande Hotel
ဗိုလ်ချုပ်သန်းရွှေသား.. ကြိုင်ဆန်းရွှေ ပိုင်တဲ့ ပုဂံသံတဲ ဟိုတယ်ပါ...။
Thande Hotel
ဗိုလ်ချုပ်သန်းရွှေသားပိုင်တဲ့ ဧရာဝတီ မြစ်ကမ်းနားက သံတဲဟိုတယ် ကိုဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ အီးမေးလ်...
http://www.hotelbaganthande.com

For Reservation in Yangon, Myanmar

Address :
No.75 (D), Banyadala Road, Bahan Township, Yangon, Myanmar.
Telephone :

95-01-546225, 546226, 703992, 727498, 543963
Fax :
95-01-546227

Email :
thandeoffygn@myanmar.com.mm

reservation@baganthandehotelgroup.com

sales@baganthandehotelgroup.com

frontoffice@baganthandehotelgroup.com
3. Bagan Thande Hotel

Telephone :

95-61-60025, 60031, 60964
Fax :

95-61-60050
Email :

baganthande@mptsat.com.mm

frontoffice@baganthandehotelgroup.com
URL
Address :

http://www.hotelbaganthande.com

ကိုဒီမိုရေ စာလည်းရှည်သွားပြီ.. ကျတော်နောက် ထပ်ပြီး ပို့ပေးပါဦးမယ်..။ အခုဒီမှာပါတဲ့ လိပ်စာတွေ အီးမေးလ်တွေ ကိုတော့ အားလုံးသိအောင် ဖော်ပြပေးလိုက်တာပါ....။ ကျွန်တော်တို့ GRW အဖွဲ့အနေနဲ့ အာဏာရှင်နဲ့ ပတ်သတ် ဆက်နွယ်နေသူတွေ အားလုံးကို ဆက်လက် စုံစမ်းဖော်ထုတ်ပေးသွားမှာပါ...။ အားလုံးကလည်း ဝိုင်းဝန်းကူညီ ဖော်ထုတ်ပေးစေလိုပါတယ်...။

စစ်အာဏာရှင် ဆန့်ကျင်နေသူအားလုံးအား အထူးလေးစားလျှက်..

အတွင်းသိ (GRW)

ဒီမိုဝေယံ



ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း....

ဓာတ်ပုံကတော့ ယခင်စက်မှု(၁) ဝန်ကြီး ဦးအောင်တောင်းနဲ့ လက်ချင်းချိတ်နေတဲ့ တရုတ် စက်မှုကိုယ်စားလှယ်အဖွဲ့

စက်မှု(၁)ဝန်ကြီး အောင်သောင်း နေထိုင်တဲ့ နန်းတော်သမျှ ခမ်းနားတဲ့ နေအိမ်အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။ လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။

ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။ အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။

ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။ ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ ပြန်လာပါတယ်။ သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့ ဖြည့်စွက်လိုက်ပါတယ်။)

ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။

လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။ ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။ သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။ နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။ ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။

ကိုဒီမိုရေ ဒါကတော့ ကြံ့ဖွတ် စက်မှုဝန်ကြီးအောင်သောင်းရဲ့ နေအိမ်အခြေအနေ အသေးစိတ်ပါ... ကိုဒီမိုရေ ကျွန်တော်တို့ GRW အဖွဲ့ရဲ့ ဒီသတင်းတွေကိုတော့ မှတ်တမ်းတစ်ခု သိမ်းထား စေချင်ပါတယ်။ တိုင်းပြည်မှာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့ တစ်နေ့ စုံစမ်းစစ်ဆေးလို့ ရအောင်ပါ...။ ဟုတ်မဟုတ်သိချင်ရင် ဦးအောင်သောင်း အိမ်ရောက်ဘူးတဲ့ သူတွေနဲ့ သူ့ဆွေမျိုးတွေ သိမှာပါ... ။ ကျွန်တော်တို့ ဒီသတင်းအချက်အလက်တွေဟာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ သူတွေ အသက်စွန့်သွားတဲ့ သူတွေ မတရားထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တန်ပြန် ပေးဆပ်တာပါ. ...။ ကိုယ့်ကိုကိုယ် လုံခြုံလှပြီထင်တဲ့ ဦးအောင်သောင်း သူ့အိမ်အခြေအနေကို လူတစ်ယောက်က သိနေတယ်ဆိုတာ သိရင် ကျေနပ်ပါပြီ...။ အိမ်တွင်းအခြေအနေ ဟုတ်မဟုတ်က ကျွန်တော်ရယ် ဦးအောင်သောင်းရယ် အသိဆုံးပါ...။ တစ်နေ့ ကျွန်တော်တို့ အဖွဲ့ ဘယ်သူတွေဆိုတာ ကြေငြာလို့ ရရင် ကြေငြာပေးပါမယ်။ မြေအောက်မှာပဲ နေနေ မြေပေါ်အထပ် အမြင့်မှာပဲ နေနေ သူ့အကုသိုလ်နဲ့ သေမင်းကို ရှောင်လွှဲလို့ မရပါဘူး.. ရာဇဝတ်ဘေးလည်း ပြေးမလွတ်ပါဘူး....။ ဒီသတင်းနဲ့ ပတ်သတ်ပြီး လေ့လာ စုံစမ်းနိုင်ပါတယ်။ သတင်းအတွက် ကျွန်တော်တို့ GRW မှ တာဝန်ယူပါသည်။ သိစေချင်တာကတော့ ပြည်တွင်းမှာ စစ်အာဏာရှင်တွေကို မကျေနပ်တဲ့ အတွင်းသိတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ ပြည်သူတွေ သိစေချင်ပါတယ်။

လေးစားလျှက်
GRW
(Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့)

ကျွန်တော်တို့ GRW ကို ဆက်သွယ်ချင်ရင်.. grwwatchers@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။

ပြည်တွင်းGRW မှ အတွင်းသိအား ကျေးဇူးတင်ပါသည်။

အထက်ပါ အခြေအနေတွေကို ကြည့်ချင်းအားဖြင့် မြန်မာပြည်က ဝန်ကြီး တစ်ဦးရဲ့ အနေအထား အခြေအနေတွေကို ခန့်မှန်းနိုင်ပါတယ်....။ ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ ဘယ်လို သုံးဖြုန်းနေတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဝန်ကြီးလစာ ၁၀သိန်းကျော် နဲ့ ဒီလိုခန့်မှန်းဘို့ မတတ်နိုင်တဲ့ အိမ်တစ်အိမ်ကို ဆောက်မယ် ဆိုရင်တောင် အနှစ် ၁၀၀ ကျော်နဲ့တောင် ဆောက်နိုင်ပါ့မလားပဲ...။ ဒီလိုလူမျိုးတွေက ၂၀၁၀ ရွေးကောက်ပွဲမှာ လွယ်လွယ်နဲ့ အာဏာကို လွဲပြောင်းပေးမပေးဆိုတာ စဉ်းစားကြည့်ကြပါ... ဒီလိုဦးအောင်သောင်းလို လူမျိုးတွေကလည်း လွယ်လွယ်ကူကူ ကိုယ့်သေတွင်းကိုယ်တူးပြီး အာဏာကို လွယ်လွယ်ကူကူ လွှဲပေးနိုင်ပါ့မလား...။ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက် လုပ်တာလဲဆိုတာ အားလုံး စဉ်းစား ဆင်ခြင်နိုင်ကြပါတယ်။ ဒါဦးအောင်သောင်း အိမ်ပဲရှိပါသေးတယ်........။ ဒီထက် အဆင့်မြင့်တဲ့ အာဏာရှင်တွေ နေတဲ့ အိမ်တွေ အဆောက်အဦးတွေဆိုရင် ဘယ်လိုနေမယ် ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့ ပြည်သူတွေ နေထိုင်နေရတာကတော့.... ဦးအောင်သောင်းအိမ် အုတ်တံတိုင်းမှာ ကပ်ထားတဲ့ ကျောက်ပြားတစ်ချပ်ဖိုးလောက်တောင် တန်ဖိုးမရှိတဲ့ အိမ်ရယ်လို့ အမည်နာမသာရှိတဲ့ နေရာမှာ နေနေရတာပါ.....

ဒီမိုဝေယံ

ဗိုလ်ချုပ်မှုးကြီးက ဆင်ဖြူတော်ကို ကိုးကွယ်သတဲ့လား...

ဇွန်လ ၂၉ရက်နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ ဇွန်လ(၂၆)ရက်နေ့ ညနေ ၄နာရီ ၂၅မိနစ် အချိန်မှာ ဆင်ဖြူတော်ဖမ်းမိ ဆိုတဲ့ သတင်းနဲ့ကို အချိန်အတိအကျနဲ့ အံ့သြဖွယ်ရာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီဆင်ဖြူတော်နဲ့ ပတ်သတ်ပြီး ပြည်တွင်းက GRW မှအတွင်းသိ ပေးပို့လာတာ ဖော်ပြလိုက်ရပါတယ်.. ဒီဆင်ဖြူကို လွန်ခဲ့တဲ့ ၂နှစ်လောက် ကတည်းက တွေ့နေခဲ့တာလို့ ဆိုပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်(၂)နိုင်ငံ နယ်စပ်မှာတွေ့နေရတာပါတဲ့ .. ဆင်သားအမိ ဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက ဆင်ကို ဖမ်းလို့ရပေမယ့်. ဒေါ်ကြိုင်ကြိုင်ရဲ့ ဗေဒင်အခါပေးတေက ယတြာချေဖို့ အတွက် မဖမ်းသေးပဲ တမင်လွတ်ထားတာလို့ ဆိုပါတယ်။ ၂၀၀၉ခုနှစ်မှ ဆင်ဖြူတော်ပုံပါတဲ့ ၅၀၀၀တန် ငွေစက္ကူကို ပုံနှိပ်ထုတ်ဝေပြီး ..၂၀၁၀မှာ ရွေးကောက်ပွဲ မတိုင်မှီ တမင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုဆင်ကဖမ်းမိတဲ့ အချိန်မှာ ဆင်သားအမိက ဘင်္ဂလားနယ်စပ်ဖက် ရောက်နေပြီး.. ဘင်္ဂလားဒေ့ရှိဘက်က ဆင်လား ဘာလားဆိုတာတော့ သေသေချာချာမသိရသေးပါဘူးတဲ့.. ။ ဒီဆင်ကို ခြောက်ပြီး မောင်းသွင်းဖို့ အတွက် ရဟတ်ယာဉ် တစ်စီးကို စီစဉ်ပေးရပြီး .. ရဟတ်ယာဉ် စီစဉ်ပေးသူကတော့ ဝန်ကြီးချုပ်သိန်းစိန် ဖြစ်ပါတယ်တဲ့။ နေ့စဉ်ထူးခြား ဖြစ်စဉ်တွေ တင်တဲ့အခါမှာ ဆင်ဖြူတော်ရဲ့ ဖြစ်စဉ်တွေကိုပါ တင်ရကြောင်း.. အစားစာတာက အစ မစင်စွန့်တာအထိ တင်ပြရကြောင်း.. မြေကြီးလက်ခတ်လွဲချင် လွဲပေမယ့် ယတြာချေတာကတော့ မလွဲနိုင်ပါကြောင်း ရေးသား ပေးပို့လာပါတယ်...။

ဒီထက်ထူးခြားတာကတော့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာ ဆင်ပုံတွေမှာ ကြိုးတွေပျောက်နေတာပါပဲ..။ ဒါဟာလည်း အထက်က မညွှန်ကြားရင် သတင်းစာတိုက်ကဝန်ထမ်းတွေ ထွင်ပြီးဘယ်သူမှ မလုပ်ရဲပါဘူး.။ ယခင်ဗိုလ်ချုပ်မောင်အေး ထီးဆောင်းထားတဲ့ ပုံပျောက်နေတာလို ဆင်လဲကြိုးပျောက်နေပါတယ်။ ဖိုတိုရှော့နဲ့ ပြန်ပြင်ထားတာပါ။ နိုင်ငံတော်ထုတ် သတင်းစာကြီးတွေက ဒီလိုမသမာလုပ်တာကတော့ ရှက်ဖို့ အင်မတန်ကောင်းပါတယ်။ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုကြောင့် သတင်းစာသိက္ခာ ဆိုတာမရှိတော့ပါဘူး။ အောက်မှ တကယ့်ပုံအစစ်နဲ့ သတင်းစာပါပုံတွေကို ကြည့်ရှုနိုင်ပါတယ်။

Lie Myanmar News
ဆင်ချည်တဲ့ ကြိုးတွေပျောက်နေတဲ့ သတင်းစာပါပုံပါ....
White Elephant Myanmar
ကြိုးပါတဲ့ မူရင်းဓာတ်ပုံပါ...

ဆက်လက်ပြီး ခေတ်အဆက်ဆက်နဲ့ နိုင်ငံတကာကဆင်ဖြူပုံတွေ ဖော်ပြလိုက်ပါတယ်။
White Elephant
ဝန်ကြီးချုပ်ဦးနု လက်ထက်ကဆင်ဖြူလေးပါ.. တကယ်ဖြူတာပါလို့ တွေ့မြင်ဘူးတဲ့ လူကြီးသူမတွေက ဆိုပါတယ်။

London White Elephant
ကိုလိုနီခေတ် လန်ဒန်တိရိစ္ဆာန်ရုံရောက် မြန်မာဆင်ဖြူနဲ့ ရိုးရိုးဆင်တို့အား မြန်မာဆင်ဦးစီးနှစ်ဦးနှင့်အတူ တွေ့ရပုံ

Srilanka W Elephant
သိရိလင်္ကာနိုင်ငံတောအတွင်းမှ လွတ်လပ်စွာ အစာရှာဖွေစားသောက်နေတဲ့ ဆင်ဖြူ.....

Thai White Elephant
ထိုင်းနိုင်ငံက ဆင်ဖြူ....
ဘဝဆက်တိုင်းဆက်တိုင်း မြန်မာပြည်မှာ ဆင်ဖြူဖြစ်ခြင်းမှ ကင်းဝေးကြပါစေ..


ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဗိုလ်ကြီးသန့်ဇော်သန်းအကြောင်း တစေ့တစောင်း...

ယခုရက်ပိုင်းများအတွင်း မီဒီယာများမှာ အများဆုံးဖော်ပြနေတဲ့ " သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးမဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။ (သတင်း ဧရာဝတီ)
Capt Thant Zaw Thant
ပန်းဘဲတန်းမြို့နယ် တရားသူကြီးဥက္ကဋ္ဌ ဗိုလ်ကြီးသန့်ဇော်သန်း
အထက်ပါသတင်းနဲ့ အတူဂျပန်နိုင်ငံရဲ့ တက္ကသိုလ် အသီးသီးမှာ ရိုးရိုးအရပ်သားပုံစံဖြင့် တက်ရောက်ပညာသင်ကြားနေတဲ့ စစ်တပ်အရာရှိ တစ်ဦး ဖြစ်တဲ့ နာဂိုယာတက္ကသိုလ်မှ ဗိုလ်ကြီးသန့်ဇော်သန်း အကြောင်းကိုလည်း (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) ကိုမင်းဇိနမှ အချက်အလက်များနဲ့ ဖော်ထုတ်ပေးပို့လာပါတယ်။

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်နဲ့ ပညာတော်သင် အဖြစ် စေလွှတ်ချင်းခံရပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။

Capt Thant Zaw Thant2
ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...
ဗိုလ်ကြီးသန့်ဇော်သန်းဟာ ပန်းပဲတန်းမြို့နယ်မှာ အာဏာအရှိဆုံး တရားသူကြီးတစ်ဦးဖြစ်ပါတယ်... လက်ရှိအိမ်ထောင်နဲ့ ကလေးနှစ်ဦးရှိပါတယ်။ ယခု၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နီးစပ်မှုရှိတဲ့ အတွက်ကြောင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်တပ်အရာရှိ အများအပြားရှိကြောင်း .. ဂျပန်အစိုးရမှ သိလျှက်နဲ့ခေါ်ယူတာလား.. စစ်အစိုးရမှ အရပ်သားပုံစံဖြင့် စေလွှတ်နေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး..လို့ GRW မှ ကိုမင်းဇိနမှဆိုပါတယ်...။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ တာဝန်ခံတစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီလိုစစ်တပ်ဝန်ထမ်းတွေကို ခေါ်ယူနေတဲ့ ကိစ္စတွေကို သေသေချာချာ ဖော်ထုတ်ဖို့လိုအပ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ ဂျပန်အစိုးရကို သိအောင်လုပ်ဖို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမှာ တာဝန်ရှိကြောင်း အနောက်နိုင်ငံ အစိုးရတွေ ပုံစံမျိုးစစ်အာဏာရှင် အသိုင်းအဝိုင်းမိသားစုတွေကို ပိတ်ပင်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားသလို... GRW မှ ကိုမင်းဇိနမှလည်း.. ဒီကိစ္စတွေကို စုံးစမ်းဖော်ထုတ်ဖို့ အတွက် အားလုံးပူပေါင်း ပါဝင်စေလိုကြောင်း ပြည်သူတွင်းမှာ ပြည်သူတွေ အဖိနှိပ်ခံနေရသလို တန်ပြန်လုပ်နိုင်တဲ့ ပြည်ပမှာရောက်ရှိနေတဲ့ စစ်အာဏာရှင်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ပြည်ပရောက်နေတဲ့ သူတွေက တတ်နိုင်သလောက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုသွားပါတယ်။ GRW ကိုဆက်သွယ်လိုလျှင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ် နေသူတွေဟာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လက်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့နဲ့ GRWမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ

အာဏာရှင်တွေနေတဲ့ တိုင်းပြည်....

မြန်မာပြည်မှာ စစ်အာဏာရှင် စံနစ်သက်ဆိုးရှည်နေတာ ဘာကြောင့်ပါလဲ... အာဏာကို လက်မလွတ်နိုင်ပဲ... ဗုဒ္ဓဘာသာကိုးကွယ် သူတွေလို့ အမည်နာမ တပ်ထားတဲ့ ဘာသာမဲ့ သူတွေလို့ ကင်ပွန်းတပ်ဆို ခေါ်နိုင်ပါတယ်...။ ကံနှင့်ကံ၏ အကျိုးပေးဆိုတာထက် မြဲတယ်ဆိုတဲ့ အတ္တဝါဒကို အမြဲနှလုံးသွင်းနေပြီး ဗေဒင်ယတြာတွေနဲ့ နေ့စဉ်နပန်းလုံးနေသူတွေပါ။ ဒီတစ်ပါတ်မှာတော့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ အခွင့်ထူးခံ ဘဝနဲ့ သူတို့တွရဲ့ မိသားစု အတွင်းရေး တစ်ချို့ကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) အတွင်းသိ ပေးပို့လာတာကို တင်ပြလိုက်ပါတယ်။

စစ်တပ်အတွင်းမှာ ဗိုလ်ကြီးအဆင့်ရဲ့ အောက်ပိုင်းက အခြားအဆင့်တော်တော်များများဟာ စားဝတ်နေရေး ကြပ်တည်းကြပါတယ်။ အဲဒါပေမယ့် ဗိုလ်မှုးကြီးအဆင့် ဆိုရင် တိုက်ခန်းစရပါပြီ ...အိုးအိမ်နဲ့ ပေါင်းဆောက်ထားတဲ့ တိုက်ခန်းတခန်းကို ရပါတယ်။ ဗိုလ်မှူးချူပ်အဆင့် ကြတော့နောက်ထပ် ကားတစီးနဲ့ တိုက်ခန်း ကွန်ဒိုမိနီယံအဆင့် ထပ်ရပါတယ် (အောင်ဆန်းကွင်း စီးတီးမတ်နားက မြန်မာ့ဂုဏ်ရည်အိမ်ယာ ကွန်ဒို ဆို သူတို့ချည်းပဲ အရင်ရပါတယ်။ သူ့တိုက အင်မတန်သက်သာတဲ့ ဈေးနဲ့ရပြီးမှ ပြန်ရောင်းစားကြပါတယ်) ကျန်တဲ့ပြည်သူဘဏ္ဍာငွေတွေ အလကားရရှိတာတွေ အများကြီးရှိပါသေးတယ်။

ဒုဝန်ကြီးအဆင့် လောက်ဆို ကားက(၃)စီး အနည်းဆုံး ဌာနကပေးထားရတယ် ဆီကတလကို ကားတစီး (၅၆) ဂါလံလောက်က အနည်းဆုံးရတယ်...။ အောက်ခြေ ၀န်ထမ်းတွေက ဖယ်ရီပျက်လို့ လမ်းတ၀က်မှာ ရပ်နေကြတာတွေ အများကြီး နောက်ြပီး .... ဗိုလ်ချူပ်အဆင့်ကြတော့ တိုင်းမှုးဆိုရင်လည်း သူ့တိုင်းမှာ အ၀အပြဲ စားထားတာတွေ ထားလိုက်ဦး... ရန်ကုန်မှာထက်ပြီးတော့ ဗိုလ်ချူပ်အဆင့်နဲ့ လျှော်ညီအောင်လို့ ဆိုပြီး နောက်ထပ် လုံးချင်းအိမ်ရာတွေကို ကိုဈေးသက်သာစွာနဲ့ ထပ်ရပြန်ပါတယ်။ ပြည်သူတွေအတွက် မရောင်းခင်မှာ သူတို့ကို အကုန်အရင်ပြရပါတယ်။ ပြီးတော့စီးဖို့ ကားတစီးထပ်ရပါတယ် အဲ့ဒါကလည်း အနည်းဆုံး သိန်း၁၈၀၀လောက် တန်ပါတယ်။ သက်သာတဲ့ဈေးနဲ့ ငွေကိုသွင်းရပါတယ်...။
Thein Sein
ဝန်ကြီးချုပ်ဦးသိန်းစိန်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်.. နှင့် ဂျပန်ဧည့်သည်များ
နောက်စက်မှု့ဇုံက ကားတွေ ဈေးကောင်းတုန်းရလို့ ကတော့ ဗိုလ်ချူပ်တွေအကုန်လုံး ကားထုတ်ရရေးကို သူ့ ထက် ငါအလုအယက်နော်... ဈေးကွက်တွေပျက် ကားဈေးတွေ မကောင်းတော့မှ သူတို့မထုတ်ချင်တော့မှ ပြည် သူတွေရတာ ... တလောကစစ်ဝန်ကြီးတွေ ဘဝကနေ အမတ်ရွေးခံဖို့ လူဝတ်လဲခိုင်းလိုက်တဲ့ ဗိုလ်သိန်းစိန်တို့ အဖွဲ့လည်း .... နောက်ထပ် လင့်ခရုဇာစာကား တစ်ယောက်တစ်စီးစီ ထပ်ရပြန်ပါတယ်။ ဒါက ဗိုလ်ချုပ်အဆင့်တွေအထိ လောက်ပဲမြင်လောက်အောင် ရေးပြထားတာပါ... ။ အဲ့ထက်ကြီးတဲ့အဆင့် သရဲကြီးတော့ သဘက်ဖြစ်နေတဲ့ အဆင့်တွေဆိုရင် ဘယ်လောက်ထိတောင် ပြည်သူ့ဘဏ္ဍာတွေကို အသုံးချနေမယ်...ဆိုတာတွေကို တွက်ကြည့် လို့ တောင်မရပါဘူး။

စားစရာ အလျှံအပယ် ပေးမယ့်သူ မတရားငွေအလျှံအပယ်နဲ့ ဒီဗိုလ်ချုပ်တွေကပဲ စစ်တပ်ထဲက တပ်သားကိုပဲ အိမ်မှာ ကားမောင်းခိုင်းပါတယ်။ ခြံသန့်ရှင်းရေး လုပ်ခိုင်း ... အဲ့ဒီ့လို အလျှံအပယ်ရနေတဲ့ သူတို့ မိသားစုတွေကပဲ အိမ်အကူကို သေသေချာချာ လုပ်တတ်ကိုင်တတ်တဲ့ အရွယ်ရောက် မိန်းကလေးတွေကို အပြင် ကပေါက်ဈေးအတိုင်း ပေးပြီးမခိုင်းပါဘူး...။ အလကားရရင် ရသလိုခိုင်းတာ ထမင်းစား ကျွန်ခံပေါ့။ ဒါတွေက သူတို့အတွက် ဒါတွေက တကယ့် အသေးအမွှားလေးတွေပါ။ ငါးထောင်ကျပ်တန်တွေ ထုတ်တာလည်း ပြည်သူတွေ အတွက် ဆိုတာထက် သူတို့မတရားရထားတဲ့ မသထာရေစာ ရထားတဲ့ ငွေတွေကို ဝန်ထုပ်ကျဉ်းကျဉ်းနဲ့ ထားနိုင်အောင်ပါ။ နောက် သူတို့ချမ်းသာပုံတွေမှာ ဆည်မြောင်းဝန်ကြီး (ကြံ့ဖွတ်အတွင်းရေးမှုး) ဗိုလ်ချုပ်ဌေးဦး အိမ်ဆို ရန်ကုန်(၉) မိုင် ဂေါက်ကွင်းထဲ ကနေတောင် မြင်နေရတယ် အကျယ်ကြီး... အကြီးကြီးပဲ။

အပျော်အပါးတွေနဲ့ အချိန်ကုန်နေတဲ့ ဖိုးလပြည့်
ဓာတ်ပုံ ကိုဘတိုးနှင့် ကိုနစ်နေမန်းမှ

တကယ်တော့ အဲ့လောက်တွေက ထည့်တွက်စရာ မလိုပါဘူး ကျွန်တော်တို့ အကိုတို့တကယ် ပစ်မှတ်ထားရမှာက ခေါင်ပိုင်းတွေနဲ့ သူ့မြေးတော်သူ ဆိုတာတွေကိုပါ။ အဲ့ဒီ့ဖိုးလပြည့်(ခ) နေရွှေသွေးအောင် ငယ်ငယ်က မန္တလေးနန်းတွင်းထဲ ကိုသွားလည်တယ်လေ... အဲဒီမှာ နန်းတွင်းက မှန်တွေကို ကျောက်ခဲ တွေနဲ့ ပစ်တော့ ဘယ်သူမှ မပြောရဲဘူးပေါ့ ။ တခွမ်းခွမ်းနဲ့ကွဲရောလေ အဲ့ဒီမှာလူကြီးကတော် ဒုတိုင်းမှုးကတော်ကြီးက ဟယ် သားက တော်လိုက်တာ လက်တည့် လိုက်တာဆိုပြီး လက်ခုပ် တီးပေးရတယ်တဲ့။ အဲ့လောက်ထိ ကပ်ဖားရပ်ဖားနေကြတာလေ ... ။

မနှစ်က လေးလပိုင်းက ချင်ချောင်းခြံရှေ့မှာ တင်အောင်မြင့်ဦးသား က ဦးဆောင်ပြီးဖွင် ဖွင့်တဲ့ 7Luckerဆိုင်... ဆိုင်ကုန်ကျစရိတ် သိန်း၂၀၀၀နီးပါးရှိတယ်။ ဆိုင်ထဲကလည်း ခမ်းနားသလို အစားအသောက်ကလည်း ကောင်းပါတယ်။ နာမည်ရပီး စားစရာလည်းကောင်းတော့ တတ်နိုင်တဲ့ မိသားစုတွေနဲ့ ပြည့်စုံတဲ့ ကလေးတွေကြားမှာဆိုင် ကနာမည်ရလာပါတယ်။ လှလှပပ၀တ်စားပီးလာတဲ့ သူများတော့ ဖိုးလပြည့် တို့လည်း ဆိုင်ကိုမျက်စိကြမှာပေါ့။ နောက်ဆိုင်ကို စဆောက်တော့ ခုချိန်ကျမှ ဒီနေရာမှာ ဆောက်တာ ဘယ်သူလည်း ဘာညာဆိုပြီး မျက်စိကျတဲ့ သူတွေရှိနေတော့ ဆိုင်က တရားဝင်ဖွင့်လို့မရသေးဘူး သူ့သားထက် ငါသားတွေကြီးတဲ့ ခေတ်ဖြစ်နေတာလေ...။

အဲ့လိုနဲ့  ဆိုင်ကို အဲဒီ့မျောက်လာပြီး ဈေးအကြီးဆုံး ဘီယာ ရှိလား ဆိုတာကနေ စပြီးပြသနာ တက်ကြတယ်။ နောက်ဆုံးအဲ့ဒီဆိုင်မှာတင် ပြသနာဖြစ်တော့  မျောက်က သူ့ အဘွားကို ချက်ခြင်းဖုန်းဆက်တယ်လေ အဲ့မှာတင် အနီးဆုံးရှိတဲ့ နေရာက ဘူဒိုဇာနဲ့ ဆိုင်ကို ထိုးခိုင်းတာ။ ညတွင်းချင်း သိန်း၂၀၀၀တန် ဆိုင်က အုပ်ဖိနပ်ပဲကျန်တယ်။ နောက်သီဟသူရတင်အောင်မြင့်ဦး ကတော်ကို အဘွားကြီးက ခေါ်ပြီး ပါးရိုက်တယ်။ ဆိုင်ရှင်ကို တင်အောင်မြင့်ဦး သားက ဦးဆောင်ြပီးဖွင့်တာကိုး။ နောက် တယောက်ကလည်း ဗိုလ်ချုပ်သားပဲ သူ့ကိုလည်း ခြေထောက်နဲ့ ကန်တယ်တဲ့ .. အတွင်းသိတွေကြားထဲမှာ နာမည်ကို ကြီးရော..အခုတော့ဒီကလေး လူကြီးဖြစ်လာတော့ ကြားရသိရတာတွေက အားလုံးသိကြတဲ့ အတိုင်းပဲလေ။ ငယ်ငယ်က ဆိုးသွမ်းခဲ့တဲ့ ဗီဇနဲ့ မြှောက်ထိုး ပင့်ကော်တွေကြောင့် ဖြစ်ချင်တိုင်းဖြစ်နေပါပြီ။လေးလပတ် အစည်းအဝေးတွေတိုင်းမှာ ဒေါ်ကြိုင်ကြိုင်က တိုင်းမှုးကတော်တွေကို ပြောတာက သားသမီးတွေကို ကိုဘာသာခြားနဲ့ မပေးစားရဘူး.. ကိုယ့်စစ်တပ် အသိုင်းအဝိုင်း အချင်းချင်းပဲ ပြန်ပြီးပေးစားရမယ် ပြောပါတယ်။ ဒါပေမယ့်တကယ့် စစ်တပ်မှာ မနေချင်တော့ဘူးလို့ ပြောတဲ့သူတွေတော်တော်များ နေပါပြီ။ ဘာလို့လည်းလို့ဆိုတော့ ကိုယ်လောက်မှ မရိုးသားတဲ့သူတွေ နောက်အဲ့ဒီသူတွေရဲ့ မိန်းမဖြစ်သူတွေကလည်း ကိုယ့်လောက်မှ အရည်အချင်းမရှိသလို တချို့ဆို တကယ်ကို ကလပ်က မိန်းကလေးတွေနဲ့ ကြိုက်ပြီး .. လိုက်လာလို့ ယူလိုက်ရတာတွေ တစ်ပုံကြီး ... တစ်ချို့အမျိုးသမီးတွေဆို အတန်းပညာတောင် ကောင်းကောင်းမရှိကြဘူး။ .တကယ်ကို ပစ်စလက်ခတ်တွေ စရိုက်တွေ အဲ့လိုမျိုးလူတွေ ရာထူးတွေ တက်သွားတော့ ...တချို့ ပညာတတ် အမျိုးသမီးတွေက သူတို့ယောကျာင်္းတွေ ရာထူးမတက်တော့ မနေချင်တော့ဘူး ကိုယ့်လောက်မှ အဆင့်မရှိ ၊ အတွေးအခေါ်မရှိ၊ ပညာမရှိတဲ့ သူတွေကို မမ မခေါ်နိုင်ဘူး သူတို့ ခိုင်းတာမလုပ်နိုင်ဘူး... သူတို့က နားလည်လို မဟုတ်ဘူး အရှုးဘုံ မြောက်ထားတာလို့တောင် ပြောကြတာလေ...။

နောက်ပိုင်းတွေမှာ စစ်တပ်အတွင်းက ဗုဒ္ဓဘာသာတရားထက် ဘိုးတော် ၊ဗေဒင် ၊ယတြာတွေ ကိုးကွယ်မှု ... ဗိုလ်ချုပ်တွေရဲ့ မသမာမှုတွေကို ဆက်လက်ဖော်ပြသွားပါမယ်။အာဏာကလွဲပြီး ဘာကိုမှ မမြင်တော့တဲ့ ဗိုလ်ချုပ်မှုးကြီး

ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ GRW မှအတွင်းသိ တစ်ဦးမှ ပေးပို့လာတာကို ဖော်ပြလိုက်ရပါတယ်။ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျစိတ်ဓာတ်တွေနဲ့ ဘာသာတရားတွေ ရှိမှ ရှိသေးရဲ့လားလို့ စဉ်းစားရတဲ့ အထိပါပဲ။ ဒီလို အထက်အောက် ကြီးနိုင်ငယ်ညှင်း စိတ်ဓာတ်တွေကြောင့် အောက်ဆုံးက ပြည်သူတွေ အဖို့မှာတော့ နင်းပြားခံ ဘဝတွေပါ... သူတို့ ဓနအင်ပါယာ၊ စည်းစိမ် အာဏာတွေကို အဆုံးရှုံးခံပြီး ဘယ်တော့မှလည်း နေရာကနေ ဖယ်ရှားပေးဖို့ စိတ်ကူးမရှိပါဘူး.. (၂၀၁၀)ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအနေနဲ့ လေးလေးနက်နက် စဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ


ဖြူဖြူ၊ပြာပြာ၊နီနီ၊ဝါဝါ ဝေဆာမြူးလို့နေ....





color blind
ဇာတ်မင်းသားလေး သိန်းစိန်.. သိန်းစိန် တိုင်းပြည်က ကလော်...... ၂၀၁၀ စင်မြင့်မှာ ပုဆိုးဝတ်ခါလေ ပေါ်လာတော့မှာ...

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်းအား ဝန်ကြီးချုပ်သိန်းစိန်နဲ့ အဖွဲ့မှ ပိုးလုံချည် ရောင်စုံဝတ်ကာ သင်္ကြန် ယိမ်းအဖွဲ့ ပုံစံအသွင် တစ်မူထူးစွာနဲ့ ကြိုဆိုခဲ့ကြပါတယ်.။ ယခင်ဝတ်ဆင်နေကြ စစ်ဝတ်စုံများ ပျောက်ပြီး ပိုးလုံခြည်များနဲ့ ဘိသိတ်ဆရာဆန်ဆန်.. အလှူခံပုဂ္ဂိုလ်တွေလို ပုံစံနဲ့ကြိုဆိုခဲ့ ကြပါတယ်။

ဆင်းရဲတဲ့ ပြည်သူတွေကတော့ မြင်တဲ့အတိုင်း ပါပဲ.
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှအတွင်းသိ တစ်ဦးမှ ရေးသားပြောဆိုလာပါတယ်။

ဒီလိုဝတ်ဆင်ဖို့ အတွက် အဓိက ညွှန်ကြားသူကတော့ ဒေါ်ကြိုင်ကြိုင်ပါပဲ။ ဒီလိုပိုးလုံခြည်တွေ ကအနည်းဆုံး တစ်သိန်းကျော်လောက် ကနေ သုံးသိန်းအထိ ရှိပါတယ်။ သူတို့ရတဲ့လစာ ဆယ်သိန်းဆိုတော့ (၁၀ပုံ တစ်ပုံပေါ့) ဒါကတော့ အမျိုးသားတွေ အတွက် ပြောတာပါ။

General Wifes
အနည်းဆုံး ၃သိန်းတန်တဲ့ ချိတ်ထမီတွေပါတဲ့..
သူတို့တိုင်းမှုးကတော်တွေ ဝတ်ထားတာကတော့ အနည်းဆုံး (၃)သိန်းကနေ (၇)သိန်းကျော်အထိရှိတယ်။ သူတို့ လေးလပတ် အစည်းအဝေးဆိုရင် အရာရှိကတော်တွေက ပိုးထည်တိုက်ကို ပြေးဝယ်ရပါတယ်။ ပိုးထည်တိုက်ကလည်း အရာရှိကတော်တွေကို သိနေတော့ လာဝယ်တာနဲ့ ဘယ်အိမ်ကို ပေးမှာလဲ ...အိမ်တော်ကြီး ကိုးလုံးအတွက်လား မေးပါတယ်. (အိမ်တော်ကြီး ကိုးလုံးဆိုတာ သူတို့စစ်တပ်ရဲ့ ထိပ်ပိုင်း ကိုးယောက်ပါတဲ့).။ သူတို့မှာ အရင်ဝယ်ထားတဲ့ List တွေနဲ့ အဆင်တွေက အစအကုန်ရှိတယ်လေ... ဥပမာဒါက အမေကြိုင်မှာ ရှိပြီးသား ဒါက အမေကြိုင်ကြိုက်တဲ့ အရောင် ဆိုတာကအစ သိနေတယ်လေ။ သူတို့ အများဆုံးဝယ်တာက အလံပြဘုရားလမ်းမပေါ်မှာ ရှိတဲ့ မန္တလေးက လာဖွင့်ထားတဲ့ သိင်္ဂီရွှေဝါ ပိုးထည်တိုက် ဆိုင်ကပါ။
ှspdc wifes
ငါနဲ့ တူသူ ငါ့ရန်သူ ဒေါ်ကြိုင်ကြိုင်
ဝတ်တဲ့အခါမှာလည်း အဘွားကြီး(ဒေါ်ကြိုင်ကြိုင်) ဒီနေ့ဘာဝတ်မယ်၊ ဘာအရောင် ဆိုတာကို လေးလပတ် အစည်းအဝေးမစခင်မှာ ကြိုတင်ပြီး ကတော်တွေကို အကြောင်းကြားပါတယ်။ အပြင်မထွက်ခင်မှာ အားလုံးကို အကြောင်းကြားပြီး တော့မှ ကျန်တဲ့ ကတော်တွေက မတူအောင် လိုက်ဝတ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်ကြိုင်ကြိုင် ဝတ်တဲ့အရောင်နဲ့ တူတာတို့ ပိုဈေးကြီးတာတို့ ဝတ်မိရင် ဒေါ်ကြိုင်ကြိုင်ရဲ့ ငြိုငြင်ခြင်းကို ခံရလို့ပါတဲ့။ အရမ်းကြောက်ရတဲ့ အတွက် မဝတ်ရဲပါဘူးတဲ့။
TS& KK
အရင် ကစထမှုး ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်း ရာထူးကနေ ချောင်ထိုးခံရပြီး နောက်ဆုံးဖယ်ရှား ခံရတာကတော့ ဗိုလ်ချုပ်ခင်မောင်သန်းရဲ့ မိန်းမဒေါ်မာလာတင့်က အရင်ကတည်းက ပိုက်ဆံရှိတဲ့ မိဘမျိုးရိုးက ဆင်းသက်လာတာရယ် ဝတ်တတ်၊ စားတတ်တာရယ် နောက်တန်ဖိုးကြီးတာတွေ ဝတ်မိတဲ့ အတွက်ကြောင့် နောက်ဆုံး ဒေါ်ကြိုင်ကြိုင်ရဲ့ ငြိုငြင်တာကို ခံလိုက်ရတာပါတဲ့။ ဒေါ်ကြိုင်ကြိုင်ဟာ မာန်မာန ကြီးမားခက်ထန်တဲ့ အတွက်ကြောင့် သူ့ကို ပြိုင်ဆိုင်တယ်ထင်ရင် ခွင့်မလွှတ်ပါဘူး။ သူတို့ရတဲ့ လခနဲ့အဝတ်အစား အသုံးအဆောင်တွေရဲ့ တန်ဖိုးကို စီးပွားရေးပညာရှင်တွေ တွက်ခိုင်းရင် မျက်စိလည်ပါလိမ့်မယ်။ ပြည်သူတွေမှာတော့ စားဝတ်နေရေးကို လုံးပန်းနေရတဲ့ အတွက် ဝတ်ဖို့ဆိုတာက နောက်ဆုံးအဆင့်မှာပါ..။ ဒါကတော့ GRW ကပေးပို့လာတဲ့ အထဲက ဒီသတင်းပုံတွေနဲ့ ဆိုင်တာကို ရေးသားတင်ပြလိုက်ရပါတယ်။ (ကျန်တဲ့ စစ်တပ်အသိုင်းအဝိုင်း တွေရဲ့ အကြောင်းကို ဆက်လက် ဖော်ပြပေးပါမယ်)။

ဓာတ်ပုံများAP,ကိုနစ်..
ဒီမိုဝေယံ

ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအကြောင်း တစေ့တစောင်း..

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအကြောင်း တစေ့တစောင်း.. ကိုရေးသားတင်ပြလိုက်ရပါတယ်။

ပြည်တွင်းမှာ မကြာမှီက ဖွဲ့စည်းခဲ့တဲ့ ပြညိတွင်းက
စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတာကတော့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးမစုမျိုးသွယ်ဟာ ၂၀၀၅ခုနှစ် ကတည်းက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ဝန်ကြီးဗိုလ်ချုပ်မောင်မောင်သိန်း လက်မှတ်နဲ့ ပညာတော်သင် အဖြစ်ရွေးချယ် လွတ်လိုက်ပါတယ်။ တခြားလွတ်သင့် လွှတ်သင့်လွှတ်ထိုက် သွားသင့် သွားထိုက်တဲ့ သူတွေရှိပေမယ့်လည်း... အဖေဖြစ်သူ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ အရှိန်အဝါနဲ့ မည်သည့်စာမေးပွဲမှ မဖြေရပဲ ဗိုလ်ချုပ်မောင်မောင်သိန်းရဲ့ ထောက်ခံချက်နဲ့ ရောက်ရှိလာပါတယ်။ ဂျပန်နိုင်ငံမှ Asia Youth Fellow ship အဖွဲ့အစည်းအစီအစဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး... monbu gakagusyuu schlorship အစီအစဉ်နဲ့ပါ။ လစဉ် ဂျပန်ငွေ ယန်း၁၈သောင်း(ဒေါ်လာ၁၉၀၀) ခန့်ထောက်ပံ့ကြေးရရှိပြီး Marine Bioကို အဓိက ဘာသာရပ်အဖြစ်သင်ကြားခဲ့ပါတယ် ။ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနဂါဝမြို့နယ်ရှိ Tokyo Kaiyo တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေကြောင်း သိရှိရပါတယ်။

၂၀၀၈ခုနှစ်မှာ MSC အောင်မြင်ခဲ့ပါတယ် ယခုလက်ရှိ PHD တက်ရောက်နေပြီး ယခုနှစ်အတွင်းမှာ ကျောင်းပြီးမှာ ဖြစ်ပြီး လက်ရှိလုပ်ကိုင်နေတဲ့ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာနမှ ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် မကြာခင်မှာ ဂျပန်နိုင်ငံက ပြန်လာတော့မှာ ဖြစ်ကြောင်း ပေးပို့လာပါတယ်။ နောက်ထပ် စစ်အစ်ုးရမှ စစ်ဆရာဝန်များအား ရိုးရိုးဆရာဝန် အဖြစ်လိမ်လည် စေလွှတ်တဲ့ ဆရာဝန်များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့မှလူလည်း ပညာတော်သင် အဖြစ်ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး တစ်ချို့မှာ ပညာသင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူ အများအပြားရှိကြောင်း.... စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ တာဝန်ခံ ကိုမင်းဇိနကဆိုပါတယ်။ ဂျပန်အစိုးရမှ စစ်အာဏာရှင်များ နှင့် ဆက်နွယ်နေသူများ ကြံ့ဖွံ့အဖွဲဝင်များအား တမင်သိလျှက်နဲ့ ခေါ်ယူနေတာလား ဒါမှမဟုတ် စစ်တပ်အသိုင်းအဝိုင်းမှ စေလွှတ်သူများအား မသိ၍ ခေါ်ယူနေတာလားဆိုတာ စုံစမ်းဖော်ထုတ် ပေးစေလိုကြောင်း ကိုမင်းဇိနမှ ရေးသားပေးပို့လာပါတယ်။ ဂျပန်နိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားသူများမှလည်း ဂျပန်အစိုးရသိရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ရေးသားပေးပို့လာပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အာဏာရှင်များနဲ့ နီးစပ်သူများ ပတ်သက် ဆက်နွယ်နေသူများဟာ မကြာခဏ ရောက်ရှိနေပြီး ပညာသင်ကြားလျှက်ရှိပါတယ်။ တကယ့်သာမာန် ပြည်သူဝန်ထမ်းတွေဟာ ပညာတော်သင်ရရှိရေးအတွက် အဆင့်အဆင့်သော စာမေးပွဲများကို ခက်ခက်ခဲခဲ ဖြေဆိုခဲ့ရပြီး အဆုံးမှာတော့ အနည်းငယ်သော သာမာန် အရပ်သားဝန်ထမ်းများမှ အပ အများစုမှာ စစ်အာဏာရှင်တွေနဲ့ နီးစပ်သူများ ကြံ့ဖွတ်အဖွဲ့ဝင်များသာ ရောက်ရှိလာပါတယ်။ တကယ့်အရည်အချင်းရှိတဲ့ သာမာန်ကျောထောက်နောက်ခံ မရှိတဲ့ ဝန်ထမ်းများဟာ မျှော်လင့်ချက် ကင်းမယ့်ရပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးနေကြပါတယ်။ စစ်အာဏာရှင်တွေ မတရားအုပ်ချုပ်နေတဲ့ သက်တမ်းမှာ နိုင်ငံရေး၊ စီးပွားရေး ၊လူမှုရေး ၊ အားကစား၊ ပညာရေးတွေ စသည့်တို့ အဘက်ဘက်မှ နိမ့်ကျနေပါတယ်။ အလုံးစုံသော နေရာဋ္ဌာနတွေမှာ လက်ဝါးကြီးအုပ်ထားပြီး အခွင့်အရေးဟူသမျှကို အာဏာရှင်နဲ့ နီးစပ်သူများ ဆွေမျိုးအသိုင်းအဝိုင်းများသာ ရရှိခံစားခွင့်ရကြပါတယ်။

ပေးပို့လာသူ ကိုမင်းဇိနအား ကျေးဇူးတင်ပါသည်။
Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ကို ဆက်သွယ်လိုရင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ကြောင်းရေးသား ပေးပို့လာပါတယ်။

အောက်ဖက်မှာ GRW ကပေးပို့လာတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးတက်ရောက်နေတဲ့ ကျောင်းနဲ့ ဓာတ်ပုံများထဲမှ တစ်ချို့ကို ကြည့်ရူနိုင်ပါသည်။



မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ စည်ပင်သာယာဝန်ထမ်းတွေကို ပြောခဲ့တဲ့ သမိုင်းဝင် မိန့်ခွန်းတခုကို ဒီမှာကြည့်ရှုနိုင်ပါတယ် ။http://www.wanna23.com/2010/03/blog-post_8617.html

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ ပေးပို့လာတဲ့စာ....

ရန်ကုန်မြို့မှာ မနေ့က စ၍လုံခြုံရေးများ အထူးတင်းကြပ်လျှက်ရှိကြောင်း ပြည်တွင်းမှ စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အီးမေးလ်ကနေ ဆက်သွယ် ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။

မနေ့က စပြီးရန်ကုန်မြို့ပေါ်မှာ လုံထိန်းကားများ တစ်မြို့လုံး လှည့်ပတ်နေတယ်။ လုံထိန်းကားတွေ ည(၁)နာရီအထိ ကင်းလှည့်လျှက် ရှိနေတယ်။ စစ်သားတွေကို ကြံ့ခိုင်ရေးရုံးတွေမှာ လုံခြုံရေးချထားတယ်။ အရင်က ကြံခိုင်ရေးရုံးချုပ်မှာပဲ ရဲတွေကိုပဲ လုံခြုံရေးချထားတာ။ အခုရဲတွေကို မထားတော့ပဲ ယူနီဖောင်းအပြည့် လက်နက်အပြည့်နဲ့ အနည်းဆုံး စစ်သား၃ယောက်ကနေ ၅ယောက်အထိ ကြံခိုင်ရေးရုံးချုပ်မှာတင် မကပဲ ကြံခိုင်ရေးမြို့နယ်ရုံးတွေအထိ လုံခြုံရေးချထားတယ်။ နောက်ရန်ကုန်မြို့နေရာအနှံအပြားနဲ့ ကားမှတ်တိုင်တွေ မှာလုံခြုရေးတွေ အပြည့်ချထားတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူထုမှာ ယခုကဲ့သို့ လုံခြုံရေးများ ထူထပ်စွာ ချထားမှု အပေါ်စိုးရိမ်မှုတွေ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းပေးပို့လာပါတယ်။

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ ကိုပြည်တွင်းမှ မျိုးချစ် တက်ကြွလူငယ်များဖြင့် ဖွဲ့စည်းထားကြောင်း စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်သွားမှာ ဖြစ်ကြောင်း၊ ၂၀၁၀စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဂျပန်နိုင်ငံမှာ ဂျပန်အစိုးရရဲ့ ပညာတော်သင် စားရိတ်ဖြင့် တိုကျိုမြို့ Shinagawa မြို့နယ်ရှိ Kaiyo တက္ကသိုလ်မှာ ၂၀၀၅ခုနှစ်ကတည်းက လာရောက် ပညာသင်ကြားနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးဖြစ်သူ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဋ္ဌာနတွင် လုပ်ကိုင်နေသူရဲ့ သတင်းအသေးစိတ် ကိုလည်း အမည်နှင့်တကွ ရေးသား ပေးပို့လာပါတယ်။ ယင်းအဖွဲ့မှ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေတဲ့ စစ်အာဏာရှင်များရဲ့ သားသမီးများကို ဆက်လက် စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်အာဏာရှင်များရဲ့ သားသမီးတွေလည်း ရှိကြောင်း အမည်နှင့်တကွ မေးလ်ကနေ ပေးပို့လာပါတယ်။