ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ

နိုင်ငံရေး အကျဉ်းသားမိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားနေစဉ်

ဓာတ်ပုံများAP, REUTERS, GETTY IMAGES
ယနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ ဘူးသီးတောင် အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲ သို့ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဘဘဦးဝင်းတင်၊ အထွထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း နအဖအကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်..။




  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲတက်ရောက် (ဟံသာဝတီသတင်းဋ္ဌာန ရုပ်သံ)

နေ့လည်ပိုင်းမှာတော့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းဋ္ဌာနကြီး နှစ်ခုမှ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်..။

လာမည့် ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျရောက်မယ့် (၉၀)ပြည့်နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား ယခုနှစ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။

ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကျရောက်တဲ့ WORLD AIDS DAY အခမ်းအနားအား အမျိုးသားအောင်ပွဲနေ့နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ကြာသာပတေးနေ့ ဒီဇင်ဘာ (၂)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး ရန်ကုန်မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းမှ အဆိုရှင်တစ်ဦးနဲ့ တွဲဖက်၍ ဂစ်တာတီး ဖျော်ဖြေမှာ ဖြစ်ကြောင်းသိရှိရပါသည်..။

သတင်း... ဒီမိုဝေယံ

၂၇ရက်နေ့က DKBAနှင့် နအဖတိုက်ပွဲ အတွင်း နအဖမှ ပစ်လိုက်သော လက်နက်ကြီးများ ကျရောက်သဖြင့် ဖလူးလေး ကျေးရွာသားများ ထိုင်းနိုင်ငံဘက်ထွက်ပြေးလာကြပုံ (ဓာတ်ပုံ၊ သတင်း)


P'lu Village information
By Hsa Moo

On 27/11/2010, more than 200 villagers from Pa Lu village, Kawt K'Rate township, Doo Pla Ya district fled to Mae Ko Kay village, Mae Sot area, Tak Province, Thailand.  Those villagers are now staying outside Mae Ko Kay village in the farm huts and some are staying under trees. There are children and pregnant included in the group.
 Villagers fled due to the SPDC troops based in Palu village and the DKBA troop was fighting. Village fled since in the morning and more villagers are fleeing to Thailand side until the evening.
 The SPDC shelled mortars and fall into Pa Lu village. One male village named Saw Tun Shwe (30) years old is wounded.
On  28/11/2010: There are now more than 1,100 villagers in P' Lu village fled to Mae Koe Kay village, Tak province, Thailand. Villagers fled the whole day yesterday until 11 P.M because of the continuous fighting between DKBA and SPDC troop.
Villagers who fled to Thai side are currently placed in Mae Koe Kay temple as temporary shelter. Today, there are still sounds of mortars' shelling. Villagers dare not go back to their village. Many NGOs and local community organizations are providing foods, water and clothing for refugees.  

ပေးပို့ပေးတဲ့ ညီငယ် အလင်းဆက်အား ကျေးဇူးတင်ပါသည်..။

ဖိလစ်ပိုင် အာဇာနည်ခေါင်းဆောင်ကြီး ဟိုဆေးရီဇော် (Dr. José Rizal) ၏ သမိုင်းတင် အဆိုအမိန့်များ...


José Rizal
Filipino patriot, medical doctor and man of letters
(1861-96)

ကျွန်တော် အလယ်တန်း ကျောင်းသားဘဝကတည်းက လေးစားအားကျခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များတွင် တဦးအပါအဝင်ဖြစ်သော ဖိလစ်ပိုင် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဒေါက်တာ ဟိုဆေးရီဇော် ( Jose Rizal) ၏ဘဝနှင့် ဒဿနမှ စိတ်ဝင်စားဖွယ်၊ အဖိုးတန်ပြီး ခွန်အားတက်စေသောအတွေးအခေါ်များကို ရှာဖွေ၊ လေ့လာ၊ စုဆောင်းပြီး နိမ့်ပါးသောဥာဏ်ရည်ဖြင့် ဘာသာပြန် တင်ပြ လိုက်ပါသည်။

ဘလော့ခ်ဂါ အလင်းဆက်
၂၈.နိုဝင်ဘာလ.၂၀၁၀
လူဆိုတာ ခက်ခဲနက်နဲတဲ့တာဝန်တွေကို ကြီုးပမ်းထမ်းဆောင်ဖို့ ကမ္ဘာပေါ်ရောက်လာတာ။ ကိုယ့်အသက်အန္တာရယ် ဖြစ်မှာကြောက်လို့ ဒီတာဝန်တွေကို တိမ်းရှောင်နေရင်း လူ့ပြည်မှာ လူဖြစ်ရကျိုး နပ်ပါတော့မလား။
လူဆိုတာ တသက်မှာ တခါဘဲသေတယ်။ ဒီလို နှစ်ခါပြန်မရတဲ့ ရတောင့်ရခဲ အခွင့်ထူးမျိုးကို အမိနိုင်ငံအတွက်သာ အသုံးချသင့်တယ်။

သေနေတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ လူတယောက်သေသွားလို့ကော ဘာများပိုထူးခြားသွားမှာလဲ။

ဂျုပီတာ (Jupiter) သည် သူချေမှုန်းချင်သော ရန်သူကို ပထမဦးစွာ ရူးသွပ်အောင်ပြုလုပ်သည်' ဆိုတဲ့ စကားပုံတခု ရှိခဲ့ပါတယ်။

ကျွန်တော့်စာအုပ်ကို ရိုက်ပြီးရင် နိုင်ငံခြားကနေ ဖြန့်လို့လည်းရပါတယ်။ ဒီလိုလုပ်လိုက်လို့ ကျွန်တော့်စာအုပ်ရဲ့ လေးနက်မှု လျော့သွားမှာပေါ့။ တန်ဖိုးမရှိ ဖြစ်သွားမှာပေါ့။ ရီဇော် တယောက်စာအုပ်ထဲမှာ ရေးထားလိုက်တာ ရဲရဲတောက်လို့။ ဒါပေမယ့် လူကိုယ်တိုင်ကတော့ သေမှာကြောက်လို့ နိုင်ငံခြားက ပြန်မလာရဲရှာဘူးလို့ ဖိလစ်ပိုင်ပြည်သူတွေက ရယ်သွေးကြမှာပေါ့။ ဒီအဖြစ်မျိုးကိုတော့ ကျွန်တော် လုံးဝ အဖြစ်မခံနိုင်ဘူး။

(သူ၏ " Noli Me Tangere " (ပျောက်ဆုံးနေသော သုခဘုံ ) ဝတ္ထုစာအုပ်နဲ့ ပတ်သတ်ပြီး သူ့မိတ်ဆွေ Maximo Viola အားပြောပြချက်မှ)
Crowns of flowers and laurels are the inventions of free people.

Letter to Blumentritt (13 April 1887)


Eleven ဂျာနယ် အယ်ဒီတာရဲ့ Facebook ပေါ်မှ ဖြေရှင်းချက်လေးပါ...

Eleven Journal
ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန် မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ ဒီမနက် ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။

ဟုတ်ပါတယ်။ အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကို ဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့် တာဝန်တစ်ခု ပျက်ကွက်ရတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။
First Eleven Sports Journal ဟာ ကျွန်တော်တို့ရဲ့ဘ၀ပါ။ Eleven Media Group ရဲ့အစဟာ First Eleven Sports Journal ပါ။ First Eleven ဆိုတာသာမရှိခဲ့ရင် Weekly Eleven ၊ Premier Eleven ၊Bi Weekly Eleven ဆိုတာတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။ First Eleven ဂျာနယ် စတင်ထုတ်ဝေစဉ်ကာလတွေက အခုလို ၀န်ထမ်းတွေအများကြီးလည်း မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ CEO ကိုယ်တိုင် တစ်နေ့ (၃၊ ၄) နာရီပဲ အိပ်ပြီး အပြည့်အ၀ အာရုံစိုက် အလုပ်လုပ်ခဲ့တာပါ။ တစ်ပတ် (၇) ရက်လုံး နားရက်မရှိ လုပ်ခဲ့သလို၊ အခု မီဒီယာသက်တမ်း (၁၁) နှစ်အထိ ကျွန်တော်တို့ ရုံးပိတ်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ကုန်ကုန်ပြောရရင် နာဂစ်ဖြစ်တုန်းက မီးမရှိ၊ ရေမရှိ၊ အစားအသောက် ၀ယ်စားစရာ ဆိုင်မရှိ၊ တစ်ရုံးလုံးလည်း ပျက်စီး၊ ဘာဆိုဘာမှ မရှိတဲ့ အခြေအနေမှာတောင် ပုံမှန်ထွက်ရမယ့်ဂျာနယ်ကို ပုံမှန်အတိုင်းထွက်အောင် ရတဲ့နည်းနဲ့ရသလို လုပ်ခဲ့ကြတာပါ။

အခုနောက်ပိုင်းမှ စာပေစိစစ်ရေးက အစိုးရရုံးပိတ်ရက်တွေရှိလို့ သင်္ကြန်ရက်မှာ ဂျာနယ်ထုတ်ခွင့်မရလို့ နားရတာပဲ ရှိပါတယ်။ ဒါတောင် သင်္ကြန်တွင်းမှာ ရုံးလုံးဝမပိတ်ပါဘူး။ ပုံမှန်အလုပ်တွေ လုပ်မြဲပါပဲ။

အခုကိစ္စမှာ First Eleven မျက်မှာဖုံးမှာ ပါတဲ့ စာသားတွေနဲ့ ပတ်သက်ပြီး တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းက သူဘာကြောင့် ဒီလိုရေးတယ်ဆိုတာ ရိုးရိုးသားသား ၀န်ခံပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ Eleven Media အနေနဲ့ ဒါမျိုးတော့ လုပ်လေ့မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုဟာ Eleven Mediaရဲ့မူဝါဒစည်းကမ်းနဲ့ လွဲချော်မှု ရှိခဲ့ပေမယ့် သူ ဘယ်လိုလူမျိုးဆိုတာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သတင်းသွားယူစဉ်က သူတင်ပြတာတွေကို ဖတ်ဖူးသူတိုင်း သိပါတယ်။ သူကျွန်တော်တို့ဆီမှာ လုပ်သက် (၈) နှစ်ကျော်ပါပြီ။


အဲဒီရက်ပိုင်းမှာ အပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းအခြေအနေတွေအရ သူ့မှာ Emotion တွေ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်။ သူပြောတာက ''အဲဒီတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို ဆန်းဒါးလန်းက အဝေးကွင်းမှာ (၃) ဂိုးပြတ်နဲ့ နိုင်တယ်။ ဒါဟာ အံ့အားသင့်စရာ ရလဒ်ဆိုတာ ပရိသတ်တိုင်းသိတယ်။ အဲဒီလိုပဲ မန်ယူကလည်း ဗီလာကို (၂) ဂိုးရှုံးနေရာကနေ လိုက်ကစားပြီး သရေကျခဲ့တယ်။ အာဆင်နယ်ကျတော့ ခက်ခက်ခဲခဲ ကစားရမယ်လို့ ထင်တဲ့ အဲဗာတန်ကို အလွယ်တကူပဲ အဝေးကွင်းမှာ အနိုင်ယူခဲ့တယ်။

ဒါကြောင့် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ဒီအသင်းတွေရဲ့ ရလဒ်ကို Cover မှာတင်ဖို့ ခေါင်းစဉ်စာသားတွေ ချရေးခဲ့တယ်။ အသင်းတွေရဲ့ အမည်စာသားတွေက ထူးခြားနေလို့ စာသားတွေကို အရောင်လေးတွေ ခွဲကြည့်လိုက်မိတယ်။ အဲဒီမှာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်နေတာကို တွေ့ရတယ်။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိသလို၊ ဘာလှုံ့ဆော်မှုမှလည်း မပါပါဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုတာ ဂျာနယ်အသီးသီးမှာ ဖော်ပြထားသလို၊ စိစစ်ရေးက ခွင့်ပြုတာကိုလည်း သိရတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အားလုံးညီညီညွတ်ညွတ် ရှိကြဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။

၂၀၁၀ ကမ္ဘာ့ဖလားပွဲကို တောင်အာဖရိကမှာ သတင်းသွားယူတုန်းက သူတို့နိုင်ငံရဲ့ တိုးတက်မှုတွေက အားကျစရာပါ။ အရင်တုန်းက အသားအရောင် ခွဲခြားမှုတွေရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံဟာ လူဖြူ၊ လူမည်း သွေးစည်းညီညွတ်မှုနဲ့ နိုင်ငံတိုးတက်အောင် အတူတကွ လုပ်ဆောင်နေတာ ကျွန်တော်တို့ နမူနာယူစရာ ဖြစ်နေပါတယ်။ သူတို့လို အသားအရောင် လူမျိုးမတူတဲ့သူတွေတောင် သွေးစည်းညီညွတ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ မြန်မာနိုင်ငံသားတွေအားလုံး ဘာလို့ မညီညွတ်နိုင်ရမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံး ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ရဲ့မျော်လင့်ချက်တွေ ပြည့်ဝစေလိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။

ကျွန်တော့်မှာ မကောင်းတဲ့ အကြံအစည် ရည်ရွယ်ချက် မရှိသလို၊ ဘာနိုင်ငံရေးလှုံ့ ဆော်မှုမှလည်းမပါပါဘူး''လို့ ပြောပါတယ်။

ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လိုက်လည်းလိုက်နာခဲ့ပါတယ်။ စည်းကမ်းဘောင်အတွင်းကပဲ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမယ့် အခုလို အပြောင်းအလဲကာလတစ်ခုမှာ First Eleven ပိတ်ခံရတာ ၀မ်းနည်းစရာကောင်းပါတယ်။

ဒါဟာ ကျွန်တော်တို့ ဂျာနယ်အတွက်ပဲ မဟုတ်ပါဘူး။ စိစစ်ရေးက အခုလို ဂျာနယ် (၉) စောင်ပိတ်တာဟာ မြန်မာမီဒီယာ လောကတစ်ခုလုံး နောက်ပြန်သွားသလို ဖြစ်ရတဲ့အတွက်ကြောင့်ပါ။

ဒီစိတ်မကောင်း ၀မ်းနည်းမှုနဲ့အတူ လွန်ခဲ့တဲ့ (၇)နှစ် အကြာ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ကိုလည်း မျက်စိထဲ ပြန်မြင်လာမိပါတယ်။ အဲဒီတုန်းကလည်း အခုလိုပါပဲ။ ကျွန်တော်တို့ Eleven ရဲ့ ဖြတ်သန်းလာတဲ့ကာလ တစ်လျှောက် တစ်ပတ် (၇) ရက်အလုပ်လုပ်ပြီး လုံးဝ ရုံးမပိတ်ခဲ့ဖူးတဲ့ ရုံးခန်းတံခါး (၂) ရက်တိတိ အပိတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ (၁၇) ရက်ကနေ (၁၉) ရက်နေ့ အထိ ရုံးခန်းတံခါး ချိပ်ပိတ်ခံခဲ့ရတာပါ။ (ဒီဖြစ်ရပ်မတိုင်ခင် တစ်ပတ်အလိုမှာ ဂျာနယ်တစ်ပတ် အပိတ်ခံခဲ့ရပါတယ်)။ ဥပဒေရဲ့ အထက်မှာ ရောက်ရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်လို့ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ တပ်မတော်ထောက်လှမ်းရေးက အဲဒီတုန်းက ကျွန်တော်တို့ရုံးကို နာရီပေါင်းများစွာ ၀င်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ ဘာမှလည်း ရှာမတွေ့သွားပါဘူး။ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာမှလည်း ရှိမှမရှိတာ။ ဒါပေမယ့် ကျွန်တော်တို့ CEO အပါအ၀င် အယ်ဒီတာ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဘာအပြစ်မှမရှိတဲ့အတွက် (၂) ရက်အကြာမှာ CEO ပြန်လွတ်လာသလို၊ ကျန်တဲ့သူတွေလည်း ပြန်လွတ်လာပေမယ့် အယ်ဒီတာ တစ်ယောက် (ကိုဇော်သက်ထွေး) ကတော့ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်။ (နောက် တစ်နှစ်ခွဲကြာမှ ပြန်လွတ်ခဲ့ပါတယ်)။ သူလည်း ဘာအပြစ်မှ မရှိပါဘူး။

အဲဒီတော့ဗျာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့မှာ အခြားဘာရည်ရွယ်ချက်မှ မရှိဘူး။ ကျွန်တော်တို့က တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည် တိုးတက်စေချင်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ အမှန်ကိုအမှန်အတိုင်း ဖြစ်စေချင်တယ်။ အမှားကို ဘယ်တော့မှ အမှန်မလုပ်ဘူး။ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့မူဝါဒက အဲဒါပါပဲ။ အရင်ကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ။ နောင်လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ဘယ်တော့မှ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည် လုပ်ဆောင်မှုတွေကို ထင်ရာမြင်ရာတွေနဲ့ လိုရာဆွဲပြီး ချောက်တွန်းတာတွေလည်း မဖြစ်စေချင်ပါဘူး။

ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကလည်း ဘာအခက်အခဲပဲတွေ့တွေ့ ဘာအနှောက်အယှက်ပဲ တွေ့တွေ့ မပြောင်းလဲပါဘူး။


ဝေဖြိုး - တာဝန်ခံအယ်ဒီတာ ၊ Eleven Media Group

CHE ပေးပို့ပါသည်။

၉၀ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မျိုးချစ်စိတ်ဓါတ်ရှင်သန်စေသော ဂီတသံများဖြင့် ကျင်းပ. (တိုကျို... ဂျပန်).

၉၀ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မျိုးချစ်စိတ်ဓါတ်ရှင်သန်စေသော ဂီတသံများဖြင့် ကျင်းပ

တိုကျို၊ နိုဝင်ဘာ(၂၈)
သတင်းရေးသား-သန့်မျိုးထွေး(မိုးသောက်ကြယ်)

လာမည့် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် ၉၀ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ဂျပန်နိုင်ငံရောက် မျိုးချစ်မြန်မာများက စုစည်း၍ အမျိုးသားရေးစိတ်ဓါတ်ကို ရှင်သန်စေသော ကိုလိုနီခေတ် မြန်မာသံစဉ်တေးဂီတသံများဖြင့် တိုကျိုမြို့တွင် ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)က အဓိကဦးစီးခဲ့ပြီး အမျိုးသမီးသမဂ္ဂ၊ အန်အယ်လ်ဒီ(အယ်အေ-ဂျပန်)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်များက အမှာစကားပြောကြား၍ ကိုလိုနီခေတ်အမျိုးသားရေးလှုပ်ရှားမှုနှင့် မျက်မှောက်ခေတ် ယနေ့မြန်မာပြည် အခြေအနေများကို လူငယ်တချို့မှ၎င်းတို့၏အမြင်နှင့် တွဲဖက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

``အမျိုးသားနေ့က နှစ်ကိုးဆယ်တိုင်ခဲ့ပြီဖြစ်လို့ တချိန်က အမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှေးကလူကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော မမေ့သင့်မမေ့အပ်တဲ့ တိုင်ပြည်ရဲ့နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နောက်တကြောင်းက အခုအချိန်ဟာ မြန်မာပြည်အတွက် နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးနေတဲ့အချိန် ဖြစ်နေတဲ့အခါမှာ မြန်မာပြည်သူပြည်သားတွေအားလုံးကိုရော တိုင်ပြည်ကို စစ်ကျွတ်ဘ၀ကနေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ကျောင်းသားတွေအတွက်ရော ဆထက်တပိုးတိုးပြီး အားတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ရခြင်းဖြစ်ပါတယ်´´ဟု မြန်မာအမျိုးသမဂ္ဂဥက္ကဋ္ဌ ဒေါ်ချိုချိုအေးက ပြောပြသည်။

အထူးသဖြင့် အခမ်းအနားအစီအစဉ်၏ သုံးပုံနှစ်ပုံခန့်ကို `တို့ဗမာ´သီချင်းအပါအ၀င် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးယဉ်ကျေးမှု တေးဂီတဖျော်ဖြေတင်ဆက်မှုနှင့် အမျိုးသားနေ့ အစ တက္ကသိုလ်ကျောင်းသားသပိတ်ကဟု အဆိုရှိသည့်အတိုင်း တက္ကသိုလ်အောက်မေ့ဖွယ် တေးဂီတသံစဉ်များဖြင့် တက်ရောက် လာသူများအား သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

မြန်မာ့ရိုးရာပွဲခံမင်းသမီးအကကို မ၀င်းဝင်းမြင့်မှကပြ၍ မစံပယ်၏စောင်းလက်သံဖြင့် ဒေါ်ချိုချိုအေးမှ ``ဇေယျတုသဗ္ဗမင်္ဂလံ´´သီချင်းကြီးကိုလည်ကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများကို ဂုဏ်ပြုထားသောသီချင်းနှင့် ဂီတဗိမာန်တေးသီချင်းကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကျော်စိုး ကလည်ကောင်း၊ မဖြူဖြူမြင့်မှ ``မြနန္ဒာ´´သီချင်းဖြင့်လည်ကောင်း၊ ``ဇွဲ´´သီချင်းကို ကိုကျော်သူရတို့မှ အမျိုးသားမာန်အပြင့်ဖြင့် အားတက်ဖွယ် သီဆိုဖျော်ဖြေခဲ့ကြသည်။

``ဂီတဆိုတာက အစွမ်းပကားကြီးမားပါတယ်၊ `တို့ဗမာ´သီချင်းမျိုးဆိုရင် အင်မတန်မှ အမျိုးသားရေးစိတ်ဓါတ်ကို တက်ကြွစေပါတယ်၊ ဒီသီချင်းကြောင့် နယ်ချဲ့တိုက်ပွဲထဲမှာ လူတွေအများကြီး ပါဝင်လာတဲ့အထိစွမ်းခဲ့တယ်။ အဲ့ဒိသီချင်းပေါ်တုန်းကဆိုရင် ချက်ခြင်းပဲ သခင်နှစ်ယောက်ပေါ်လာပြီး သခင်မျိုးဟေ့ တို့ဗမာဆိုပြီးထကြွေးကြော်ရာကနေ နောက်အားလုံးပါဝင်လာခဲ့တယ်။ ဒါ့တော့အင်မတန်မှ အရေးကြီးတဲ့အတွက်ကြောင့် နောင်လာနောက်သားတွေကို သိစေချင်တယ်၊ ကြားစေချင်တယ်၊ ပိုပြီးတော့လည်း မျိုးချစ်စိတ်တွေ တက်ကြွစေချင်တယ်´´ဟု ဂီတဖြင့် ကျင်းပရခြင်းအကြောင်းကို ပြောပြခဲ့သည်။

မိနားမိအိုးစုခ ခန်းမတွင် ပြုလုပ်သော ၉၀ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီးဦးဝင်းတင်မှ တယ်လီဖုန်းဖြင့် အမှာစကား ပြောကြားပေးခဲ့ပြီး လူဦးရေ တရာကျော်ခန့် တက်ရောက်လာခဲ့ကြောင်း ခန့်မှန်းသိရှိရသည်။

ယနေ့ကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာ (၂၀)ခန့်မှ တောင်ဒဂုံရှိ HIVဝေဒနာရှင်များအား သွားရောက်အားပေး လှူဒါန်း (ဓာတ်ပုံ၊ သတင်း)

သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ
ကိုတိုးလွင်(ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့မှ ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..

နိုဝင်ဘာလ(၂၈)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ မြန်မာပြည်တွင်းမှာရှိတဲ့ နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ (၂၀)ဦးခန့်မှ ဝေဒနာရှင်များအတွက် အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ ဖတ်ရှူရန် စာအုပ်၊ စာတမ်းများကို လာရောက် လှူဒါန်းခဲ့ကြပါတယ်..။ 

မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကျရောက်မည့် WORLD AIDS DAY ကို ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ နံနက်(၁၀)နာရီမှ စတင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါအခမ်းအနား၌~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား  လှူဒါန်းမှာ ဖြစ်ပြီး သားငယ် ကိုထိန်လင်းမှ HIV ဝေဒနာရှင်များအား ဂစ်တာတီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) ကလည်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်) နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာ မောင်နှမများမှလည်း  တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက် လှူဒါန်းခဲ့ကြပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်ဟု ပြောဆိုခဲ့ပါတယ်..။

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ညီမငယ် မေလင်းအား ကျေးဇူးတင်ပါသည်...။

သတင်း.. ဒီမိုဝေယံ

မြန်မာ မြောက်ကိုးရီးယား ဆက်ဆံရေးနဲ့ အာဇာနည်ဗိမာန် တိုက်ခိုက်ခံရမှု အပိုင်း (၁) (ဦးအောင်လင်းထွဋ်၊ ဦးစိုးမြင့်၊ ဦးထိန်လင်းတို့နှင့် မေးမြန်းချက်) (VOA အသံဖိုင်)




VOA အသံဖိုင်နားဆင်ရန်..
တပ်မှူးတပ်သား ပြောစကား (၀၃၆)
 Voa (11!26!10) Burma-n Korea Relation & Martyr Mausoleum Attack (1) (c 7 s 036)

တပ်ဂေါ်လီ...


ပေးပို့ပေးတဲ့ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။

ဒေါင်းလုပ်လုပ်ချင်ရင်..http://www.mediafire.com/file/6qg3l8o7e6hdcrt/Tak_Gaw_Li.mp3

ဂျပန် TBS သတင်းဋ္ဌာနနဲ့ANN NEWS ကထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နန်ဘီအာတို့ တွေ့ဆုံပွဲ (ရုပ်သံ)

ဓာတ်ပုံ AP


TBS သတင်းဋ္ဌာန

ASAHI ANN NEWS

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ(VOA)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယားတို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ အားလုံးစုစုပေါင်း ၁ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မြန်မာနိုင်ငံအရေး တာဝန်ယူပြီးကတည်းကဆိုရင် ဒါ ပထမဆုံး သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို မြန်မာပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့ ပထမဆုံး စတင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“နေ့လည် မွန်းလွဲ ၂ နာရီမှာ မစ္စတာ နမ်ဘီးယားဟာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ၂ နာရီခွဲမှာ ကျနော်တို့ ဥက္ကဌ ဦးတင်ဦး၊ NLD အလုပ်အမှုဆောင်အဖွဲ့များ အားလုံး ပါဝင်တဲ့၊ ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၊ အဲဒီအထဲမှာ အထွေးထွေ အတွင်းရေးမှူးလည်း ပါဝင်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေပြီးတဲ့နောက် CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုထန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတွဲလိုက်ပေါ့ ဆက်ပြီးတော့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ ၂ နာရီကနေစတဲ့ ဆွေးနွေးပွဲဟာ ၃ နာရီမှာ အဲဒီလို အစီအစဉ်အလိုက် ဆွေးနွေးပြီးတဲ့နောက် ပြီးသွားပါတယ်ခင်ဗျ။”

ဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပဲလားခင်ဗျ။ -

“ဟုတ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်များပါ နောက်ဆုံးမှာ ပါဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ပြဿနာကို ပြေလည်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းတာအောင်မြင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါမှာဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားခေါင်းဆောင် CRPP အဖွဲ့ဝင် ခေါင်းဆောင်များကိုပါ အထွေထွေ အတွင်းရေးမှူးချုပ်က ဖိတ်ကြားပြီးတော့ မိတ်ဆက်ပေးပြီးတော့ တွေ့တာဖြစ်ပါတယ်။”

အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့သဘောက မစ္စတာ နမ်ဘီးယားက စီစဉ်တာမဟုတ်ဘဲနဲ့ ဒီဘက် NLD က စီစဉ်ပေးတဲ့သဘောပေါ့။ -

“အဲဒီ အကုန်လုံးပေါ့ ညှိနှိုင်းပြီးတော့ စီစဉ်တဲ့သဘောပါပဲခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော ဘာအကြောင်းရပ်တွေများ ပြောဖြစ်လဲခင်ဗျ။ -

“တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး နှစ်ဖက်စလုံးက။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အထွေထွေ အခြေအနေတွေကို ပြည့်စုံစွာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြပါတယ်။”

မစ္စတာ နမ်ဘီးယားနဲ့ အဲန်ကယ်လို့ ပထမဆုံး တွေ့ရတဲ့အခေါက်ဆိုတော့ ဘယ်လို ယူဆလဲခင်ဗျ။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှုရှိသလား၊ လိုအပ်ချက်တွေ ရှိသေးလား။ -

“နှစ်ဖက်စလုံးက ဆွေးနွေးချက်တွေဟာ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါ့လေ ဖလှယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲဟာ တကယ့်ကို ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့လဲ ကျနော်တို့ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကလည်းပဲ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရအောင် ကျိုးပမ်းရမှာဆိုတာကို အစကတည်းက ပြောထားပါတယ်။ ထို့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သ၀ဏ်လွှာမှာကိုပဲ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် အရင်လုပ်ရမယ်ဆိုတာကို ပြောထားတာဖြစ်တော့ အဲဒီဆီကို ဦးတည်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်ဆိုတာကို ခံစားမိကြောင်း ကျနော်ကတော့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ NLD နဲ့ဖြစ်စေ ထပ်ပြီးတော့ တွေ့ဆုံနိုင်တဲ့ အလားအလာ ရှိသေးလားခင်ဗျ။ -

“ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ထပ်ပြီးတော့ နောက်ထပ် ဆွေးနွေးပွဲတွေ ရှိမယ်လို့တော့ နှစ်ဖက်စလုံးကတော့ သဘောထား ပေးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် အလားတူ ဆွေးနွေးပွဲတွေဟာ မကြာခဏ ဖြစ်သွားမှာပါလို့ အဲဒီလို သုံးသပ်ကြတာသိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သီးခြားတွေ့ဆုံသလို ရွေးကောက်ပွဲဝင်တဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြို့တော် နေပြည်တော်ကိုတော့ သွားရောက်မယ့်အစီအစဉ် မရှိဘူးလို့သိရပါတယ်။

သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များတက်ရောက်တဲ့ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ (We stand with Daw Aung San Suu Kyi) အခမ်းအနား (သတင်း၊ဓာတ်ပုံ)


နိုဝင်ဘာလ(၂၇)ရက်နေ့ စနေနေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Villawood Senior Citizen's Hall ၌ We stand with Daw Aung San Suu kyi (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်မယ်) အခမ်းအနားအား ညနေ(၆)နာရီမှ (၉)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်..။
အခမ်းအနား၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ အမှာစကား ဗီဒီယို အသံဖိုင်အား ဖွင့်လှစ်ပြသပြီး သြစတြေးလျနိုင်ငံရောက် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ သြစတြေးလျ လွှတ်တော်အမတ်များမှ အမှာစကားများ ပြောကြားကြပါတယ်..။
Laurie Ferguson (MPAustralian Labour Party),John Kaye MLC,(Australian Greens NSW MP), Dr.Myint Cho(Director of Burma Office), Message of Support (from Julie Bishop,Deputy Leader of Opposition and Shadow Foreign Minister and Senator Scott Ludlam,Greens) တို့မှ အမှာစကားပြောကြား၊ Message များပေးပို့ကြပါတယ်..။ အခမ်းအနားသို့ လူဦးရေ(၂၀၀)ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ဖျော်ဖြေရေးအစီအစဉ်များ ဒံပေါက် ထမင်းများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်..။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များမှ လှူဒါန်းသည့် အလှူငွေများအား မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များသို့ လှူဒါန်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်...။

ဓာတ်ပုံ၊ သတင်းပေးပို့ပေးသော ကိုရဲမင်းဆွေအား ကျေးဇူးတင်ပါသည်...။

တိုင်းရင်းသားပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ..

တိုင်းရင်းသားပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ

၇.၁၁.၂၀၁၀ (စနေနေ့) နံနက် (၁၀း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံအရပ်ရပ်ရှိတိုင်းရင်းသားပရဟိတဗုဒ္ဓဘာသာလူငယ်များအဖွဲ့မှ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ကြရန်အတွက် လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်ချက်များကို လာရောက် လေ့လာရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင် နှင့် အလုပ်အမှုဆောင်များမှ လိုက်လံရှင်းလင်း ပြသကာလူမှုရေးလုပ်ငန်းဆိုရာ၌ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ ပရဟိတလုပ်ငန်းဟူသည် မိမိကိုယ်ကျိုးအတွက် အမြတ်ထုတ်ခြင်းကင်း၍ မိမိပတ်ဝန်းကျင်မှ လူအများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး တိုင်းရင်းသားပရဟိတ လူငယ်များမှ မသိသည်များကို မေးမြန်းခြင်းတို့ကို ပြန်လည်ဖြေကြား ပြောဆိုခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အထိမ်းအမှတ် ဖိတ်ကြားလွှာ.. (ပြည်တွင်း)

blue.peaceforu@gmail.com သို့ ဆက်သွယ် အကူအညီပေးနိုင်ပါတယ်....။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နန်ဘီအာမှ လာရောက်တွေ့ဆုံ.....

ဓာတ်ပုံ AP,GETTY IMAGE,REUTERS
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နန်ဘီအာမှ ယနေ့နေ့လည်(၂)နာရီခန့်က တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်..

သမိုင်းတင်လောက်တဲ့ မေမေ..




ကိုသော်ကြီး(ဂျပန်)မှ ခံစားပုံဖော်တင်ပြပါသည်..။
သမိုင်းတင်လောက်တဲ့ မေမေ..ရုပ်သံဖိုင်ထဲမှာ မမြင်ဘူး မတွေ့ဘူးသေးတဲ့ ရှားပါးတဲ့ အမေစုရဲ့ မှတ်တမ်းပုံရိပ်တွေ ထည့်သွင်းဖော်ပြပေးတဲ့ ကိုသော်ကြီးအား ကျေးဇူးတင်ပါသည်..။

ဗိုလ်ချုပ်ခင်ညွန့်ကို ဧည့်ဂေဟာတခုသို့ ခေါ်ဆောင်သွားတဲ့ ဗီဒီယို ဖေ့စ်ဘွတ်မှာ ပြန့်နေ (ဘားမားတူးဒေး ရုပ်သံ)


ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ ဆက်သွယ်မေးမြန်းခန်းပါ ပါရှိပါတယ်..
ဗိုလ်ချုပ်ခင်ညွန့်ကို ဧည့်ဂေဟာတခုသို့ ခေါ်ဆောင်သွားတဲ့ ဗီဒီယို ဖေ့စ်ဘွတ်မှာ ပြန့်နေ

မြင့်လှိုင်။ နိုဝင်ဘာ ၂၆ ရက်၊ ၂၀၁၀

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ် ဟောင်း၊ တပ်မတော် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ နေအိမ်ကို ရဲချုပ်ခင်ရီ၊ ရဲသတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းတို့ ညအချိန်မှာ ရောက်ရှိလာပြီး တပ်မတော်ဧည့်ဂေဟာတခုကို ခေါ်ဆောင်သွားတဲ့ မှတ်တမ်း ဗီဒီယိုတခု ဖေ့စ်ဘွတ် (Facebook) စာမျက်နှာတွင် ဖော်ပြထားတာကို ၂၀၁၀ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့လိုက်ရပါတယ်။

၁၆ မိနစ် ၉ စက္ကန့်ကြာ အသံမဲ့ ဗီဒီယိုမှတ်တမ်းဟာ ရဲသတင်းတပ်ဖွဲ့က ရိုက်ကူးထားတဲ့ မှတ်တမ်းလို့ ယူဆရပြီး ဘယ်လိုအကြောင်းကြောင့် ဖေ့စ်ဘွတ် (Facebook) စာမျက်နှာပေါ်မှာ ဖော်ပြသလဲဆိုတာကိုတော့ သေချာစွာ မသိကြရသေးပါဘူး။ ၂၀၁၀ ခုနှစ်အတွင်း လွန်ခဲ့တဲ့လပိုင်းအတွင်းက ဗိုလ်ချုပ်ခင်ညွန့်နဲ့ လက်ရှိအာဏာရ စစ်ခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့တာမို့ အခု ကြည့်ကြရတဲ့ မှတ်တမ်းဟာ အဲဒီအချိန်က မှတ်တမ်းလား၊ သို့တည်းမဟုတ် အခု လပိုင်း ရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့မှတ်တမ်းလား ဆိုတာကိုလည်း အတည်ပြုလို့ မရသေးပါဘူး။

ဗီဒီယိုမှတ်တမ်းအတွင်းမှာ သွားရောက် ခေါ်ဆောင်တဲ့ အရာရှိများက ဗိုလ်ချုပ်ခင်ညွန့်ကို အလေးပြု နှုတ်ဆက်တာ တွေ့ရသလို တလေးတစား ဆက်ဆံတာကိုလည်း မြင်ရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အိမ်အတွင်းမှာ ခေတ္တကြာ စကားပြောကြပြီးနောက် ဗိုလ်ချုပ်ခင်ညွန့်ဟာ လွယ်အိပ်တလုံးကို လွယ်ပြီး အိမ်သားများကို နှုတ်ဆက်ကာ သူ့ဇနီး ခေါ်ခင်ဝင်းရွှေနဲ့အတူ လာရောက် ခေါ်ဆောင်သူများနဲ့အတူ လိုက်သွားခဲ့ပါတယ်။ နေအိမ်တလုံးကို ရောက်တဲ့အခါမှာတော့ အကျဉ်းဦးစီး အဆင့်မြင့် အရာရှိနဲ့ တာဝန်ရှိသူများဟာ အဖွဲ့ဝင်များနဲ့အတူ ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုဆိုခဲ့ကြကာ ခဏကြာ စကားပြောကြပါတယ်။ အဲဒီနောက် စစ်အစိုးရ အရာရှိများက ဗိုလ်ချုပ်ခင်ညွန့်တို့ ဇနီးမောင်နှံအား အပေါ်ထပ်အိပ်ခန်းကို လိုက်လံပြသပုံ၊ ဗိုလ်ချုပ်ခင်ညွန့်က ဘုရားဝတ်ပြုနေပုံများ ပါဝင်ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်အား မြန်မာအာဏာပိုင်များက ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး တပ်မတော်ထောက်လှမ်းရေးတွင် အဆင့်မြင့် ရာထူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ယနေ့မြန်မာက ဆက်သွယ် မေးမြန်းရာ “ကျွန်တော့်ယူဆချက်ကတော့ သိပ်မကြာသေးဘူးလို့ပဲ ထင်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သားတွေသမီးတွေနဲ့ အိမ်အကျယ်ချုပ်ထားတဲ့ နေရာကနေပြီးတော့မှ တပ်မတော် ဧည့်ရိပ်သာတခုခုကို ပြောင်းရွှေ့ထားတယ်လို့ ယူဆပါတယ်။ လုပ်လေ့လုပ်ထရှိတဲ့ အနေအထားအရ ဘယ်သူ့မှ မသိတဲ့ မမြင်တဲ့နေရာမှာ ထားထားပြီးတော့ လူကြီးတွေ လာပြီး စကားပြောတဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ ဘယ်သူမှ မသိအောင် ရည်ရွယ်ချက်မျိုးနဲ့များ ပြောင်းရွှေ့ပြီး ထားသလားလို့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။“ လို့ သုံးသပ်ပါတယ်။

အဲဒီလို ပြောင်းရွှေ့ထားပြီးတဲ့အခါ ဘယ်လိုအရာများ ဆွေးနွေးနိုင်ပါသလဲဆိုတဲ့ သုံးသပ်ချက်ကိုတော့ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့က ဦးဘိုလှတင့်က “ရွေးကောက်ပွဲပြီးသွားတဲ့အခါ ဘယ်သူက ဘယ်နေရာကို ယူပြီး ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ကိစ္စကို သန်းရွှေကလည်း ဘာမှ နားလည်ပုံမရဘူး။ အဲဒီကိစ္စတွေမှာ ခင်ညွန့်ရဲ့ အကြံဉာဏ်ကိုလည်း သုံးချင်ပုံရတယ်။ နောက်တခုက နယ်ခြားစောင့်တပ် ပြဿနာတွေကို သူတို့ မရှင်းနိုင်ဘူး။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုက သန်းရွှေအပေါ်မှာလည်း မရှိဘူး။ တခြားသူအပေါ်မှာလည်း မရှိဘူး။ အဲဒီနေရာမှာလည်း ခင်ညွန့်ကို ပြန် သုံးနိုင်တယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖို့။ ဒါကတော့ ဖြစ်နိုင်ခြေအနည်းဆုံးပေါ့ လေ။ ဒီ သုံးနေရာမှာ ပြန်သုံးဖို့ ဆွေးနွေးနိုင်တယ်ဆိုတာမျိုး သုံးသပ်မိတယ် လေ။“ လို့ သုံးသပ်ပါတယ်။

အခု ဗီဒီယိုမှတ်တမ်း ပေါ်ထွက်လာတဲ့အချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့လက်ထောက် မစ္စတာ ဗီဂျေ နန်ဗီယာ (Vijay Nambiar) မြန်မာပြည်ကို ခရီးသွားနေချိန် ဖြစ်ပါတယ်။ မစ္စတာ နန်ဗီယာဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန်ကို ဆိုက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီ ဗီဒီယိုဟာ အခုရက်ပိုင်းအတွင်း ရိုက်ကူးထားတာဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့်ကို နေအိမ်အကျယ်ချုပ်ကနေ တပ်မတော်ဧည့်ဂေဟာကို ပြောင်းရွှေ့လိုက်တာဖြစ်တယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်နဲ့ ပတ်သက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သဘောထားကို ပြန်လည် တောင်းခံတာလား ဆိုတာလည်း စဉ်းစားစရာတချက် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဘိုလှတင့်ရဲ့အမြင်ကို မေးကြည့်ရာ “ခင်ညွန့်မှာက တွေ့ဆုံဆွေးနွေးရေးကို သွားဖို့ အစီအစဉ် ရှိတာကိုး။ စစ်တပ်အနေအထားနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဘယ်လို ဆွေးနွေးမယ်ဆိုတာ သူ့မှာ ပြင်ဆင်မှု ရှိတယ်။ ဒါတွေကို သူက အလကားတော့ ပေးမှာ မဟုတ်ဘူး။ သူ့အနေအထားကို ဘယ်နေရာမှာ ပေးမယ်ဆိုတာမျိုး စဉ်းစားတာ ရှိမှာပေါ့။ ရှင်းရှင်း ပြောရရင် အပစ်အခတ် ရပ်စဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လမ်းပြမြေပုံ၊ တွေ့ဆုံဆွေးနွေးရေးက ခင်ညွန့်ရဲ့ အစီအစဉ်တွေ ပဲ။ သူလည်းပဲ သူ့ခံစားချက်တော့ ရှိမှာပေါ့။ သူတို့အချင်းချင်း လွယ်လွယ်ကူကူတော့ အပေးအယူ ဖြစ်မှာ မဟုတ်ဘူး ထင်တယ်။ အဲဒါက သူတို့အတွင်း ကိစ္စအတွက်ပဲဆိုရင် ဗမာပြည်အပြောင်းအလဲနဲ့ ဘာမှ မပတ်သက်နိုင်ဘူး။ ဒါ ခင်ညွန့်ကို နောက်ထပ် ဦးဏှောက်ဖောက်စားဖို့ ကြံတဲ့ ကိစ္စပဲ လေ။“ လို့ ပြောပါတယ်။

အခု ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းဟာ လွန်ခဲ့တဲ့လများအတွင်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ တွေ့ဆုံစဉ်ကာလက ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်လို့ရှိရင် ဘာ့ကြောင့် အခုမှ ဒီ ဗီဒီယိုကို ဖြန့်တာလဲလို့ စဉ်းစားစရာ ရှိသလို အခုရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဆိုရင်လည်း ဘာ့ကြောင့် အများကြည့်နိုင်တဲ့နေရာကို ရောက်လာသလဲဆိုတာကတော့ စိတ်ဝင်စားစရာအချက်များ ဖြစ်ပါတယ်။ အရင်တခါကတော့ သူ့ထောက်လှမ်းရေးများကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ခင်ညွန့်က တောင်းဆိုခဲ့ရာ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ တကယ်လို့ အခု ရက်ပိုင်းအတွင်း ဗိုလ်ချုပ်ခင်ညွန့်ကို ထပ်မံ ခေါ်ဆောင် ဆွေးနွေးတာဆိုရင်တော့ ဗိုလ်ချုပ်ခင်ညွန့်ဘက်က ဘာတွေ တောင်းဆိုမလဲ ဆိုတာကလည်း စဉ်းစားစရာပါ။

ဗိုလ်မှူးအောင်လင်းထွဋ် အင်တာဗျူး အပြည့်အစုံ နားဆင်ရန် - http://burmatoday.net/audio/101126_maj_aung_lynn_htut.html

ပေးပို့ပေးတဲ့ ကိုမြင့်လှိုင် ဘားမားတူဒေးအား ကျေးဇူးတင်ပါသည်..။

မိဘနဲ့တူသောအစိုးရ အပိုင်း ( ၁ ) ( ရေးသားသူ- မောင်မောင်ဝမ်း)

မိဘနဲ့တူသောအစိုးရ
အပိုင်း ( ၁ ) ( ရေးသားသူ- မောင်မောင်ဝမ်း)

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။
ကျနော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ၀တ္တရားများပေါ့၊ လောကမှာ မိဘတော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ်မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သော ချွင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊ မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တန်စာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာ မဟုတ်သလို ၀ိုင်းဝန်းပြစ်တင် ရှုတ်ချကြမှာ အမှန်ပါပဲ။

လူတိုင်းမှာ ကိုယ့်ကို မွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို ၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့မိဘပါ ၊ မိဘအစစ်တွေ မဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာ ရှိနေရတဲ့သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ကောင်းမွေ၊ ဆိုးမွေများကိုမိဘများက ခံကြရသလို သားသမီးများအပေါ် တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ် တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ်တာဝန်ကျေဘို့လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသောအစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသောအစိုးရကို အလိုရှိကြမှာအမှန်ပါ။

တနေ့ .. ကျနော်အင်တာနက်ပေါ်မှာ G- talk ဖွင့်ထားတုန်း ၂ ပတ်ကျော်လောက် လိုင်းပေါ်မှာ ပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်းတက်နေတယ် ကျနော်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ ဘတ်ဖဲလိုးမြို့မှာနေတာပါ၊

ဦးဝမ်း… မြန်မာပြည်က ..အင်တာနက်တွေ..ရွေးကောက်ပွဲနီးလို့လားမသိဘူးဖြတ်ထားတယ်
ဟုတ်လား……….”
နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ.. အင်တာနက်သုံးရတာ အဆင်ကိုမပြေဘူး မီးကလည်းလာလိုက်မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုး လိုင်းဖြတ်တာတွေ.. လိုင်းတွေ နှေးတာတွေဖြစ်လား”……ကျနော်တချက်ပြုံးမိလိုက်တယ်.. ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ တော်တော်လေးကိုထိခိုက်သွားပါတယ်။ သူက သူအမြင်နဲ့ကြုံနေရတဲ့ အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ…..

---- ဘယ်ရှိမလည်း သားရဲ့.. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာ.. လည်းမရှိဘူး.. အင်တာနက်လိုင်းတွေ ဖြတ်ထားတာတို့.. နှေးတာတို့ဆိုတာမရှိဘူး……ကျနော့်တူလေးရဲ့ သက်ပြင်းချသံကို တချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ်ကြံတော့ စကားသံက ပြောရလိုက် မရလိုက်နဲ့…… ကျနော်တော်စိတ်မကောင်းဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်းငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ၀န်ဆောင်မှု့လုပ်ပေးတဲ့ ကုမ္ပဏီ ဘယ် နှစ်ခုရှိလည်းမသိဘူး ဒီမှာတော့ ကျနော်တို့မြို့သေးလေးမှာတောင်မှ .. ကုမ္ပဏီ ၅ ခုအပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွှက်တွေကို လှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ (Liberal Democracy ) ကျင့်သုံးနေတဲ့နိုင်ငံရဲ့ အနှစ်သာရဟာ ဒါမျိုးပါ့လားစဉ်းစားနေတုန်း.. တခါ တူလေးဆီက လှမ်းခေါ်သံကြားလို့ လက်ခံနားထောင်လိုက်တော့ စကားနည်းနည်းပြောရပြန်တယ်……

ဦးဝမ်း.. အလုပ်နားနေရတယ်ဆို.
အေးကွ.. ငါအလုပ်ကနားနေရတယ်
ဟင်.. ဒါဆို ဦးဝမ်း ၀င်ငွေမရှိတော့.. ဘယ်လိုလုပ်မလည်း.. ဘာနဲ့စားကြမလည်း
အစိုးရကကြွေးတယ်.. အစိုးရကပေးတယ်ကွ
ဟာ.. ဦးဝမ်းကလည်း.. သားက အတည်ပြောနေတဲ့ ဥစ္စာ.. နောက်နေတယ်
ဘယ်ကလားနောက်ရမှာလည်း.. ဦးအလုပ်ကနားနေရတော့.. အစိုးရက စားဘို့ဆိုပြီး တလ.. မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော်ပေးတယ် .. နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ.. တလ ၁၀၀၀ ပေါ့ .. ငါမနောက်ပါဘူးကွာ.. တကယ်ပြောနေတာပါ ”
တကယ်….”
တကယ်ပေါ့သားရဲ့.. ဦးဝမ်း.. သားကိုဘယ်တုန်းကလိမ်ပြောဘူးလို့လည်း
အစိုးရက.. တလကို ဒေါ်လာ ၁၅၀၀ ကျော် အလကားထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃သိန်းလောက်ရှိတယ်.. သားဖြင့် ဦးဝမ်းပြောလို့သာယုံရတယ်.. ကြားတောင်မကြားဘူးဘူး.. သားသူငယ်ချင်းတယောက် အဖေဆို.. စစ်တပ်ထဲကနေ ပင်စင်နဲ့ ထွက်လာတာတောင်မှ.. တလတလ.. စားဘို့ အလျှဉ်မမှီဘူးဗျာ.. သနားပါတယ်..
သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ ရောစွက်နေတဲ့ မကျေနပ်သံတချို့ကိုလှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။ အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမဏ္ဍီက အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်ရတယ်ဆို.. အဲဒီကုမ္ပဏီနဲ့ အစိုးရပေါင်းပြီး ၀န်ထမ်းတွေကိုထောက်ပံ့ရပါတယ်။ တပတ်ကို ဘယ်လောက်ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး (သူ အလုပ်လုပ်လို့ရလာတဲ့ ၀င်ငွေအပေါ်တည်မှီပြီးဆုံးဖြတ်တယ်) ၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီးပေးတယ်..အလုပ်လက်မဲ့ေ ထာက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခုရအောင်ရှာပေါ့။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှု့ထောက်ပံ့ရေးအသွင် သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို.. လ ၆၀ ( ၅ နှစ် ) ခံစားခွင့်ရှိတယ်၊

အစားအသောက် အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကို ဘယ်တော့မှ အငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့ အိမ်မဲ့တွေအ များကြီးဆိုတာကို ကျနော်နည်းနည်းလေး ရှင်းပြချင်ပါတယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် ( credit ) ဆိုတာနဲ့ ချုပ်ထားတယ် ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ ပေးထားတဲ့ ကဒ်ကလေးတွေကို တင်ပြောတာ မဟုတ်ပါဘူး.. လူတစ်ယောက်ရဲ့ ရာဇ၀င်ဆို ပိုမှန်မလားမသိဘူး၊ လူတယောက်ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကိုအကြွေးစနစ်နဲ့ ၀ယ်ရင်မှန်မှန်ပြန်ပေးတာ၊ ရာဇ၀တ်မှု့ကင်းတာ၊ စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ်.. ခင်ဗျားက လိုခြင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူးဆိုရင်ရော ( ဗမာပြည်မှာဆို အကြွေးရရင်ဆင်တောင်ဝယ်စီးမဲ့သူများအတွက်)၊ ရတယ်။ မဆပ်နဲ့ ၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင်.. အဲဒီပစ္စည်းကို ပိုင်ရှင် ကုမဏ္ဍီတွေက လာသိမ်းမှာပဲ မပူနဲ့ ၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာဖွက်ထား သူတို့ကသိတယ်.. ရေဒါစနစ်တွေနဲ့လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်ကဆိုးသွားပြီ ၊ ခရက်တစ်ဆိုးတော့ဘာဖြစ်မလည်း၊ ခင်ဗျားဘာမှအကြွေးဝယ်လို့မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင်ဌားနေလို့မရတော့ဘူး၊အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရော ဘာဖြစ်မလည်း အိမ်ဝယ်ခြင်တယ် ဒေါ်လာတသိန်းတန်လောက်အိမ်တောင်မှ အရစ်ကျဝယ်လို့ရတယ် တလချင်း နည်းနည်းဆပ်သွားရတယ် ခင်ဗျားပေးတာမှန်လေ ခရက်တစ် အမှတ်ကတက်လေပဲ။ စ၀ယ်ဝယ်ခြင်း တစ်ပြားမှမကုန်ဘူး ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆို ပထမဆုံးအိမ်ဝယ်မဲ့သူအတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ် ။ ခင်ဗျား အလုပ်သာရှိ ( အနည်းဆုံး ၂ နှစ်လောက်ပေါ့ ) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံးတပြားမှ မကုန်ပဲဝယ်လို့ရတယ်။ ပြီးမှ တစ်လချင်း နည်းနည်းပြန်ဆပ်ပေါ့၊

ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆိုးတဲ့သူတွေအတွက် အိမ်ဌားနိုင်တဲ့ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ် စစ်ဆေးကြည့်လို့ဆိုးတယ်ဆိုရင်.. မဌားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေဖြစ်ကုန်ရော၊ နောက်မေးစရာရှိနိုင်တာက.. အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာအတွေးနဲ့ဆို အလုပ်မလုပ်ပဲ ထိုင်စားနေမယ်ဆိုရင်ရော… ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ်ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်ရေးတွေ အကုန်ဆုံးရှုံးမယ်.. ဒါပေမဲ့ ဘယ်တော့မှမငတ်ဘူး၊ အစိုးရကခင်ဗျားကို ကြွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျားလုပ်ငန်းတခု ထူထောင်ချင်တယ်ဆိုပါဆို့ . ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးချင်ကြမှာ အလုအယက်ပဲ.. ဘာလုပ်ချင်လုပ်ချင်. သူတို့ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကိုဖြစ်စေတယ်။ ပျင်းလို့မရဘူး၊

ကျန်းမာရေးနဲ့ပတ်သက်လို့ကလည်း ၀င်ငွေနည်းမိသားစုများကို အစိုးရကထောက်ပံ့တယ် နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရကကူတယ် ( ကုန်ခြင်သလောက်ကုန်ပါစေ ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီကုန်တဲ့သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်းဈေးကြီးတယ်။ (ဒါပေမဲ့ ခင်ဗျားမှာ ၀င်ငွေကောင်းတယ်ဆိုရင်တော့ အခမဲ့ဆေးကုသခွင့်မရဘူး၊) ကိုယ်ပိုက်ဆံနဲ့ကိုယ်ကုရတယ်။ အဲဒီ ကုမ္ပဏီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရကပေးတယ်။ ဘာမှပူစရာမလိုဘူး၊ အလကား ဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး ၊ တကယ်တော့ အလကားကုတာမဟုတ်ဘူး ၊ ခင်ဗျားကုန်ကျမဲ့ငွေကို အစိုးရကပေးတာ။

တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေ ရောက်လာပြီး နေထိုင်ခွင့် တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ချင်ကြတာ အများကြီး ဘာလို့လည်းဆိုတော့ ဘ၀အာမခံချက်အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေအများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ် ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ (မြန်မာငွေ သိန်းထောင်ချီပြီး ) ပေးတယ်။ မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောကျာင်္း သူတို့အတွက်တောင်မှ အားလုံးနေဘို့ ထိုင်ဘို့က အစအားလုံး အစိုးရက တာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ချင်တယ် ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်ရေး သူများထက်သာတယ် (ဒါ စစ်သားမဟုတ်သေးဘူး စစ်သားဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက်ကြည့်ပြီးလစာရကြတယ် ( အနည်းဆုံး ဒေါ်လာ ၂၀၀၀ နဲ့ အထက်မှာရှိတယ် ) ဒါသာမန်စစ်သားအဆင့် အရာရှိတွေဆို အများကြီး ပင်စင်လစာရတယ်။သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ စစ်သားဘ၀မှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန်မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့်မရှိဘူး၊ သွားပြလို့ကတော့ ပြသနာတက်ပြီသာပြင်ပေတော့ အဲဒီလို၊ စစ်သားက စစ်သားအလုပ်ပဲလုပ်တယ် တခြားအလုပ်မှာဝင်မပါဘူး ၀င်မရှုတ်ဘူး၊ အဓိကထူးခြားတာက စစ်သားတွေ၊ ရဲတွေကိုလူထုကချစ်တယ် လေးစားကြတယ်။ ဗမာပြည်နဲ့ မကွာလားဗျာ၊

အပိုင်း ၂ ဆက်ပါဦးမည်

ပေးပို့ပေးတဲ့ ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်...။

၂၅ရက်နေ့ရ အဖွဲ့ချုပ်သတင်းများ..

ဘဘဦးဝင်းတင်၊ ဦးသုဝေ၊
ကျွန်တော်တို့ လူထုခေါင်းဆောင် ၂၅ရက်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိလာစဉ်.. (ဓာတ်ပုံ.. AP)
Align Centerဘဘဦးဝင်းတင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနုတို့ အဖွဲ့ချုပ် ရုံးရှေ့မှာ တွေ့ရစဉ် (AP)

၂၅ရက်နေ့မနက် ၁၀နာရီခွဲခန့်က ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဗိုလ်ကြီးဝင်းထိန်တို့အား ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အဖွဲ့ဝင်၈ဦးမှ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါအစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..

ဒီနေ့ အန်ကယ်တို့ ၁၀နာရီခွဲလောက်မှာ ဆွေးနွေးပါတယ်... အဓိကက အန်ကယ်တို့ အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်..။ ဦးသုဝေတို့ကလည်း အကြံပေးပါတယ်.. ဒုတိယပင်လုံ ကိုလည်း သူတို့ အပြည့်အဝ ထောက်ခံပါတယ်.. သို့သော်လည်းပဲ ဒါဟာအင်မတန် သိမ်မွေ့တဲ့ အတွက် လုပ်ငန်းလုပ်တဲ့ အခါမှာ သတိထားဖို့ အကြံပေးပါတယ်..။ ဦးသုဝေနဲ့ အတူ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဘဆွေ၊ ဦးညွန့်လှိုင်၊ နေဖူးဘဆွေနဲ့ နောက် ၂ယောက်ပါတယ်..ဟု ပြောဆိုသွားပါတယ်..။


(thanksgiving day) ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ခရစ်ယာန်အသင်းတော်မှ လာရောက်ဆုတောင်းပေးခဲ့

နိုဝင်ဘာ ၂၅ရက်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ thanksgiving day (ကျေးဇူးတော်နေ့) အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် ထိုနေ့မနက် မနက်(၈)နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သော အင်းစိန်ရွာမ ခရစ်ယာန်အသင်းတော်မှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို့ လာရောက်၍ (၁)နာရီခန့် ဝတ်ပြုဆုတောင်း ပေးခဲ့ကြောင်း သိရှိရပါသည်..။

မနက်ဖြန် ၂၆ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်အား INGO (INTERNATIONAL NON GOVERMENT OGANIZATION) အဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံဖို့ ရှိကြောင်း သိရှိရပါတယ်..။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့တဲ့ တခြားအဖွဲ့အစည်းတွေကတော့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်တို့နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမိုးကောင်းတို့နဲ့ တွေဆုံခဲ့တယ်လို့ သိရှိရပါတယ်..။

သတင်း.. ဒီမိုဝေယံ


အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား (ဓာတ်ပုံ)

ဓာတ်ပုံများ ပေးပို့ပေးတဲ့ အရှင်ထာဝရအား ကျေးဇူးတင်ပါသည်..။

အမေဒေါ်စု (လားရှိုးသိန်းအောင်)


ပေးပို့ပေးတဲ့ နွေဦးအိုးဝေ nwayoooway.blogspot.com အားကျေးဇူးတင်ပါသည်..။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ ကြေငြာချက်.. (ဗီဒီယိုဖိုင်)

ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် အတွက် VBSW မှရဲဘော်အား ကျေးဇူးတင်ပါသည်..။

မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။

ယနေ့ မနက်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။

ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။



ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပ နိုင်ငံခြားသတင်းဌာနမှ ဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။



အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက် ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။

ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။


ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။

အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။

မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။

ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သော သူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။

(မြန်မာပြည်သားတစ်ဦး)။

မျှဝေပေးပို့ပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်..