Showing posts with label video. Show all posts

သတင်းစာရှင်းလင်းပွဲ အသံဖိုင်နားဆင်ရန်..
အသံဖိုင် ပေးပို့ပေးတဲ့ အကိုကြီးဦးစိန်အား ကျေးဇူးတင်ပါသည်..။

ဓာတ်ပုံများ Reuters
အောက်ကပုံတွေ ကတော့ ကိုနိုင်ဇွဲ ရိုက်ကူးထားတာပါ.. ပြန်လည် မျှဝေပေးတဲ့ ကိုမြင့်လှိုင်အား ကျေးဇူးတင်ပါသည်..

အပိုင်း(၁)
အပိုင်း(၂)
အသံဖိုင်များအတွက် ဦးစိန်အား ကျေးဇူးတင်ပါသည်...။
မြန်မာပြည်က လာတဲ့စာ...
မြန်မာပြည်က လာတဲ့စာ...
မနက်ပိုင်း ၁၁ လောက် အမေစု ရုံးကိုရောက်လာတယ်..။ ၁၂း၁၀ လောက် စပြီး မိန့်ခွန်းပြောပါတယ် ....။ ကားလမ်းကို တော့အဲဒီအချိန်မှာ ပိတ်ထားလိုက်ပြီ (ယာဉ်ထိန်းရဲတွေက) ၁နာရီထိုးဖို့ ၁၀ မိနစ်လောက်ထိ စကားပြောတယ်..။
ရှေ့ဆက်သွားဖို့ ပြည်သူတွေဆီက အသံကြားချင်ပါတယ် လို့ပြောတယ်။ ပြည်သူတွေ သဘောထားကိုသိချင်တယ် ...။ စာရေးပါ စာပို့ပါ တစ်ယောက်ချင်းမတွေ့နိုင်တဲ့အတွက်အများ ဆန္ဒကို သိချင်တယ်။.. ဒေါ်စုဘက်ကလဲ ဘာလုပ်မယ်ဆိုတာ ပြည်သူတွေကိုချပြပါ့မယ် ...။ ပြည်သူတွေကလဲ လက်ခံသဘောတူမယ် ဆိုရင်ဆက်လုပ်မယ် လက်မခံရင်လဲ ဒေါ်စုဘက်က လက်ခံအောင်ရှင်းပြမယ်...။
အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်...။ ဒီမိုကရေစီ အင်အားစုတွေအားလုံးနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်...။ ပြည်သူလူထုကြီး တစ်ရပ်လုံးက ကျမတို့ကို ၀န်းရံပေးဖို့လိုပါတယ်...။ တစ်ယောက်ထဲ လုပ်နေလို့မရဘူး အားလုံး ပူးပေါင်းပြီးလုပ်ကြမယ်...။ ကျမကိုယ်တိုင်လဲ ပြည်သူနဲ့အတူ ပါဝင်ပြီးလုပ်မယ်...။ ရှေ့ကို အလုပ်တွေ အများကြီးလုပ်ရအုံးမယ်..။ ကျမပြည်သူတွေအပေါ် တာဝန်မကျေ မှာစိုးတယ်..။ ပြည်သူတွေ နဲနဲတော့ အနာခံရမယ် တတ်နိုင်သလောက် ပြည်သူတွေအနာခံရတာ နည်းတဲ့နည်းလမ်းကို ရွေးချယ်သွားမယ်..။ လိုချင်တာကို ရအောင်လုပ်ရမယ် အလုပ်လုပ်ကြရမယ်..။ ကျမကိုယ်ကျမ ကိုယ့်လိပ်ပြာ ခုံရုံးမှာအစစ်ခံရဲတယ်..။ ပြည်သူလူထုကြီးလဲနေ့စဉ် ကိုယ့်လိပ်ပြာခုံရုံးမှာ အစစ်ခံရဲရမယ်...။ ပြည်သူတွေရဲ့အသံကို ကြားချင်ပါတယ်။ ပြည်သူတွေဘာဖြစ်ချင်လဲ ဆိုတာ သိချင်ပါတယ်..။ ဒီမိုကရေစီလမ်းကို အတူတူဖောက်ကြမယ်..။ အတူတူလျှောက်ကြမယ် ကျမတစ်ယောက်ထဲမလျှောက်ဘူး အားလုံးအတူသွားကြမယ်.... လူထုကတော့ အခုထိသွားတဲ့လူလည်း သွားနေတယ် ပြန်တဲ့ လူလည်းပြန်နေတယ်... ဟုပြောဆိုသွားပါတယ်..။
လမ်းကတော့ ပိတ်လိုက်ပွင့်လိုက်ပဲ သတင်းစာရှင်းလင်းပွဲလုပ်နေတယ် ပြီးရင်ဘဘဦးလွင်ဇနီး နာရေးတစ်ခု သွားမယ်ပြောတယ်..။ အခုလောက်ဆို ပြန်ပြီထင်တယ် လူထုအင်အားများတယ် နယ်က ပါတီဝင်တွေ တော်တော်များများ တွေ့ရတယ် .. သံရုံးကလူတွေ တော်တော်များများလာတယ် သြစတေးလျ အမေရိကန် အစ္စရေး နောက်တစ်ခြားသံရုံးက လူတွေလဲ လာကြတယ်..။ ဂျာနယ်တွေ တော်တော်များများ လဲလာကြတယ်..။ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ဂျာနယ်တွေကကော ပြည်ပ ကကော သံရုံးအဖွဲ့အစည်းတွကကော တက်ကြတယ်)

KSL
ပေးပို့ပါတယ်..။

ဒါလူထုခေါင်းဆောင်ကို ချစ်ခင်လေးစားတဲ့ ကျွန်တော်တို့ ပြည်သူတွေနော်.. ဇွဲကောင်းကောင်းနဲ့ စောင့်မျှော်ခဲ့ကြပြီး.. အမေစုလွတ်လာတော့ ဝမ်းသာအားရပေါ့
ဓာတ်ပုံတွေကတော့ Reuter နဲ့ မေးလ်ထဲရောက်လာတဲ့ ပုံတွေပါ..ဒီညတော့ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အကြောင်းထုတ်လွှင့်ထားတဲ့ ရုပ်သံဖိုင်တွေ လျှောက်ကြည့် နေမိတယ်လေ.. ဒီရုပ်သံဖိုင်တွေမှာ ညအမှောင်အောက်မှာ ပြည်သူလူထုတွေ ဇွဲကြီးကြီးနဲ့လေ.. လူထုခေါင်းဆောင်ကို ကြိုဆိုကြတာ..။ အမေစုကို သွားရောက်အားပေးပြီး ပြန်လာတဲ့ သူငယ်ချင်းတစ်ယောက် ပြောပြတာကတော့ အမေစုအိမ်ဘက်မှာ မီးဖြတ်ထားတယ်တဲ့လေ.. စေတနာအကျိုးပေးမှာပါ...။
Facebook မှာ တင်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခုမှာတော့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းတံခါးပေါ်က ပြည်သူတွေကို မျက်နှာထွက်ပြတဲ့ အချိန်မှာ အောက်ကလူငယ် တစ်ယောက် လှမ်းအော်လိုက်တဲ့ အသံလေးတစ်ခုကတော့ (အမေစုသားတို့ လွမ်းလှပြီတဲ့) မြင်ရတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ကိုယ်ကိုယ်တိုင် ရောက်ရှိနေသလို ခံစားရပါတယ်..။ လူထုခေါင်းဆောင်ကို ပြည်သူလူထုက ရင်ထဲက ချစ်ခင်မှုတွေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာ မြင်ရတဲ့အတွက် ပီတိဖြစ်ပြီး ရင်ထဲမှာ နင့်နေအောင် ခံစားရပါတယ်..။ ခုချိန်မှာ ကျွန်တော်တို့ အားလုံး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရပါမယ်..။ ခေါင်းဆောင်ရဲ့ စကားကို တသွေမတိမ်းလိုက်နာပြီး.. မယိမ်းမယိုင်တဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ တိုင်းပြည်အနာဂတ်အတွက် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစား အားထုတ်ကြ ရအောင်လားဗျာ...

ABC သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ မြန်မာရွေးကောက်ပွဲနဲ့ မြဝတီမြို့သတင်းရုပ်သံကို တင်ပြလိုက်ပါတယ်...
တစ်ဆက်တည်းမှာ ၈ရက်နေ့ည (၇)နာရီမှာRFA ကထုတ်လွှင့်တဲ့ ရွေးကောက်ပွဲ မသမာမှုသတင်းတွေနဲ့ ပတ်သတ်ပြီး ဆက်သွယ်မေးချက်တွေကို နားထောင်လိုက်မိတဲ့ အခါမှာတော့ မပြုံးပဲ ဝါးလုံးကွဲ ရယ်စရာတွေ နားထောင်လိုက်ရပါတယ်..။
ရွေးကောက်ပွဲအတွက် မဲတွေရေတွက်ရာမှာ ပါတီအသီးသီးက မိမိတို့နိုင်ပြီဟု သတ်မှတ်နိုင်သည့် အခြေအနေရောက်ရှိနေကာမှ မိုးပေါ်ကကျလာသည့် အထုတ်ကြီးများဟု ဆိုသော ကြိုတင်မဲများကြောင့် ခန့်မှန်းချက်များ လွဲချော်ကုန်တာကို နားဆင်လိုက်ရပါတယ်...။ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောဆိုတာကတော့ ထိုအထုတ်ကြီးများမှ ကြံ့ဖွတ်အတွက် လိုအပ်သည့်မဲ တစ်ထောင်လိုလည်း.. တစ်ထောင်အထုတ် နှစ်ထောင်လိုရင် နှစ်ထောင်အထုတ် ထုတ်ပေးလိုက်တဲ့ အတွက် (အဝစားချစ်တီး ထမင်းဆိုင်မှာ အနောက်က လိုသလောက် ထည့်ပေးနေသလိုပေါ့) မိမိတို့ပါတီအနေနဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရကြောင်း နားထောင်လိုက်ရပါတယ်..။ NDFက မန္တလေးတိုင်းမှာ အဆိုပါ ကြိုတင်မဲတွေကြောင့် တစ်ယောက်မှ အနိုင်မရရှိပါဘူးတဲ့ဗျာ.. တစညပါတီလည်း ကြံ့ဖွတ်ရဲ့ အထုတ်ကြီးနဲ့ ထိုးနှက်တာကို ကောင်းကောင်း ခံလိုက်ရပါတယ်...။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေနဲ့ RFAက ဆက်သွယ် ..မေးမြန်းတာတွေပါ...။ ကြိုတင်မဲတွေ..၊ မဲလိမ်တာတွေ မဲမသမာမှုတွေနဲ့ ကဘောက်ထိ ကဘောက်ခြာတွေပါပဲတဲ့ ဒီအထဲမှာ ဒါတွေကို ကြိုမြင်ပြီးဖြစ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ရပ်တည်ချက် မှန်ကန်ကြောင်းကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေကတော့ ရဲရဲဝံ့ဝံ့ ထောက်ခံသွားပါတယ်...။
ဇာတ်သိမ်းကတော့ စစ်အစိုးရ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေ အထုတ်ကြီးတွေ မှန်ပြီး မရှုနိုင် မကယ်နိုင်ဖြစ်ရကြောင်း ကြားလိုက်ရပါတယ်...။
အထုတ်ကြီး(ခေါ်) ကြိုတင်မဲကြောင့် အရှိုက်ထိမှန်ခဲ့သော နိုင်ငံရေးပါတီများ

ထိုင်းဘက်ခြမ်း ၊ မဲဆောက် တံတားထိပ် ဘယ်ဘက်ခြမ်း ရဲစခန်းရှေ့တွင် မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်မှုကြောင့် ကားတစ်စီး.. ပျက်စီးနေသော ပုံ။ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..
မနေ့က မြဝတီမြို့ သတင်းတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်ခဲ့တဲ့ မြဝတီမြို့မှာ ယနေ့မနက်ပိုင်းက ပစ်ခတ်သံများ ပြန်လည် ကြားနေရတယ်လို့ ဆိုပါတယ်... မဲဆောက်နဲ့ မြဝတီမြို့များကို ဆက်သွယ် မေးမြန်းပြီး လက်လမ်းမှီသလောက် တင်ပြလိုက်ပါတယ်..
မဲဆောက်နေတစ်ဦး။....။ ယခုလက်ရှိ မဲဆောက်ဘက်အခြမ်း ကမ်းနားမှာ မာရှယ်လောထုတ်ထားပါတယ်.. မဲဆောက်တံတားအနီးက ဖုန်းရုံနားမှာ RPG တစ်လုံးကျလာလို့ ဘုန်းကြီးတစ်ပါး..နဲ့ လူတစ်ဦးဒဏ်ရာရရှိကြောင်း မြဝတီမြိုထဲမှာ မီးခိုးလုံးများ သေနတ်သံများကြားနေရကြောင်း ပြောဆိုပါတယ်..။ မြဝတီမြို့မှ ချောင်းကို ဖြတ်ကူးလာသူများအား ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရန် သွားရောက်နေပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်း မဲဆောက်မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါတယ်..
မြဝတီမြို့ခံသံဃာတစ်ဦး.။ ...။ မနက်ကတည်းက RPG ၁၅လုံးလောက် ဘုန်းကြီးကျောင်းဘေးနဲ့ လမ်းမပေါ်တွေကို ကျလာတယ်.. ဘုန်းကြီးတို့လည်း လမ်းပေါ်မထွက်ရဲဘူး... ခုမြို့ထဲမှာ စစ်တပ်နဲ့ DKBA ပဲရှိတော့တယ်.. ဘယ်သူက စပစ်တာလဲမသိဘူး...။ ခုတော့တံတားထိပ်က လုံခြုံရေး အစောင့်တွေ မရှိတော့ဘူး ဒဏ်ရာရ လူသေတာများတယ်ပြောတယ်. အပြင်ထွက်လို့ မရကြတော့ဘူး. ထွက်တဲ့လူတွေ အပစ်ခံရတယ် ပေါ်တာလည်း စဆွဲနေပြီ အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ် ဈေးဆိုင်တွေလည်း ပိတ်ကုန်ပြီ... ညဈေးဘက်ကနေ တောရကျောင်း. ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိဖြစ်နေသေးတယ်...
သတင်းများရရှိပါက ဆက်လက်ဖော်ပြပါမည်...

မြဝတီမြို့ အခြေအနေကတော့ ယနေ့သတင်းတွေ အမျိုးမျိုး ထွက်ပေါ်လျှက်ရှိပါတယ်..။ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက မြဝတီမြို့ကို သွားရောက်ခဲ့ပြီး.. ယခုမဲဆောက်ကို ပြန်လည် ရောက်ရှိလာတဲ့ မိတ်ဆွေ တစ်ဦးရဲ့ ပြောပြချက်ကို နဲ့ ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်..။
မြဝတီရောက်ခဲ့သူ တစ်ဦး။....။ " ခုနပဲမြဝတီ ပြန်လာတယ်... အခြေအနေက ရှုပ်ထွေးနေတယ်.... စစ်တပ်နဲ့ DKBA အပြန်အလှန်ဝိုင်းထားတယ်.. ခုတော့ ညှိနှိုင်းနေတယ်.. ပြောတယ်.. ခုပဲပြန်လာတာ.."
မြဝတီသံဃာတစ်ဦး။...။ နေ့လည်က ရဲစခန်းနဲ့ မဲရုံတစ်ရုံကို ဘာတို့ ပစ်သွားတဲ့ သူတွေက တောထဲပြန်ရောက်နေပြီ.. ခုဟာကျန်ခဲ့တဲ့သူတွေ စစ်တပ်နဲ့ အပြန်အလှန်ဝိုင်းထားတယ်... ညှိနှိုင်းနေကြတယ်...။ ခုည စစ်တပ်က မြဝတီ ဈေးထဲဝင်နေပြီ..။ မြ၀တီမယ် လူတွေတော်တော်များများ ကြောက်နေကြတယ် ဒကာကြီးရေ.. မဲဆောက်ဖက်ကူးသွားတဲ့ သူတွေလည်းရှိတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ မြ၀တီကို မီးဖြတ်ထားပြီး... မြို့ထဲမှာ စစ်အစိုးတပ်တွေ ကားနဲ့ ပတ်နေပါတယ်..။ ဒီကေဘီအေကလည်း အဓိကကျတဲ့နေရာတွေမှာ နေရာယူထားပါတယ်.. အခြေအနေတွေ အထူး ရှုပ်ထွေးနေကြောင်း သိရှိရပါတယ်..။
မြဝတီမှာ ဖမ်းဆီးခံရတဲ့ ဂျပန် သတင်းထောက်အား ပြန်လွတ်ပေးလိုက်ကြောင်း သိရှိရပါသည်.. အဖွဲ့အစည်းများနှင့် ပတ်သတ်မှုရှိမရှိ မည်သူက စေလွှတ်ခြင်း ရှိမရှိအား မေးမြန်းပြီး ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရှိရပါတယ်.
ယနေ့မြဝတီမြို့၌ မဲရုံများ အချိန်မတိုင်ခင် ပိတ်လိုက်တဲ့ အတွက် လူတော်တော်များများ မဲပေးခွင့် မရရှိခဲ့ကြောင်း မြဝတီ မြို့ခံတစ်ဦးမှ ပြောဆိုပါသည်...။
နောက်ဆုံးရ ဆက်သွယ်မေးမြန်းချက်.။...။ မြဝတီမှာ ယခုနောက်ဆုံး အခြေအနေတွေ တိတ်ဆိတ် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်..။ မြဝတီမြို့တွင်းသို့ လာရောက် ခြောက်လှန့် ပစ်ခတ်သွားတဲ့ အဖွဲ့နှင့် မြဝတီမြို့မှ DKBA တပ်ဖွဲ့ ပတ်သတ်ခြင်းရှိမရှိ စစ်အစိုးရတပ်နှင့် DKBA ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ယခုအခါ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း မြဝတီမှ သံဃာတော်တစ်ပါးမှ ပြောဆိုသွားပါတယ်..။
ဒီမိုဝေယံ

မြဝတီမြို့နောက်ဆုံး အခြေအနေ

ရန်ကုန်မြို့မှာ မဲများစတင်ရေတွက်လျှက် ရှိပါတယ်.. ရန်ကုန်နဲ့ ဆင်ခြေဖုန်းဒေသတွေမှာ ဆန္ဒမဲပေးသူတွေ အင်မတန်နည်းပြီး ရန်ကုန်တစ်မြို့လုံး ခြောက်ကပ်နေကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြီးခဲ့တဲ့ မြန်မာစံတော်ချိန် ည(၇)နာရီခန့်က ပြောဆိုသွားပါတယ်။
ရှေ့နေကြီးဦးဥာဏ်ဝင်း.။....။ ဒီနေ့ မဲရုံတွေက ညနေ(၄)နာရီမှ ပိတ်ပါတယ်..။ မဲလာပေးတဲ့သူတွေ တော်တော်နည်းပါတယ်... ဒီနေ့အန်ကယ်တို့ ကိုယ်တိုင် နေရာတော်တော်များများကို ပတ်ကြည့်ခဲ့ပါတယ်... ရန်ကုန်မြို့တစ်ခုလုံး ခြောက်ကပ်နေပါတယ်.. ကားတွေ၊ ဘတ်(စ်)ကားတွေ ကြပ်ပိတ်မနေဘူး.. ချောင်လို့ပေါ့. လူတွေက အသွားအလာတွေ တော်တော်နည်းတာပေါ့ .. အဖွဲ့ချုပ်ရဲ့မဲမပေးရေး လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်..။ နယ်တွေမှာတော့ မသမာမှုတွေနဲ့ ပတ်သတ်ပြီး အန်ကယ်ဆီကို Report တွေတက်လာပါတယ်..။ ဥပမာ တစ်ချို့နယ်တွေမှာ မဲရုံတွေ ဟင်းလင်းပြင်မှာ အကာအရံမထားပေးဘူး.. သီးခြား ကန့်သတ်မှုမရှိဘူးပေါ့ အဲ့ဒါတွေ အပြင် တခြားမသမာ မှုတွေပေါ့.. ဟု ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်...။
ယနေ့ရွေးကောက်ပွဲ နဲ့ ပတ်သတ်ပြီး ပြည်တွင်းမှ ပေးပို့လာတဲ့ အတည်ပြုချက် မရနိုင်သေးတဲ့ သတင်းအတိုအထွာတွေကို ဖော်ပြလိုက်ပါတယ်..။
အင်းစိန်။...။ ယနေ့ အင်းစိန် ကမ်းနားလမ်း အနောက် ကန်သာယာ ဘုန်းကြီးကျောင်းဝင်း အတွင်း ရှိ မဲရုံအမှတ် ၇ ရှေ့တွင် ကြံ့ဖွတ် ပါတီမှ မဲဆွယ်စည်းရုံးသည်ကို တစည ပါတီမှ ကန့်ကွက် ရာ အချင်းများ ပဋိပက္ခ ဖြစ်ကြရာ မဲရုံကို မနက် ၁၀ နာရီခွဲခန့်တွင် ခေတ္တပိတ်လိုက်ရရင် ၁၂ ခွဲခန့်တွင်မှ ပြန်လည် ဖွင့်လှစ်ကြောင်းသိရသည် ။
ရန်ကင်း။...။ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်တစ်ခုမှာ ကြံ့ဖွတ်မှ အားရကြေနပ်ဖွယ် ၃၅ မဲတိတိသာရရှိကြောင့် အတိအတကျ သတင်းရပါသည် မဲရုံမူး တူကိုယ်တိုင်ပြောသည်။
တောင်ဥက္ကလာ။..။ တောင်ဥက္ကလာမှာ အောင်သိန်းလင်း နိုင်သွားတယ်လို့ ကြားပါတယ်..။

တောင်ဒဂုံ။....။ တောင်ဒဂုံ ကြံ့ဖွတ်နိုင် ခမောက် ဒုတိယ တစည အပြတ်အသတ်ရှုံး မဲမပေးသူများ...
တောင်ဒဂုံ မဲရုံ ၁၂ မှာ ကြံ့ဖွတ်က၃၂၂ ခမောက်က ၃၀၀ တစည က၂၉(သိပ်မသေချာ) ပယ်မဲက ၂၇ မဲထည့်စာရင်းက ၁၂၂၂
ကမာရွတ်။....။ ၂ နေရာ ခမောက်နိုင် တစည ဒုတိယ လိုက်တောင်ဒဂုံ မဲရုံ ၁၂ မှာ ကြံ့ဖွတ်က၃၂၂ ခမောက်က ၃၀၀ တစည က၂၉(သိပ်မသေချာ) ပယ်မဲက ၂၇ မဲထည့်စာရင်းက ၁၂၂၂
ပန်းပဲတန်းမြို့နယ်။......။ ပန်းပဲတန်းမြို့နယ် တွင်မဲရုံ(၂၆)ရုံအနက် အားလုံးတွင် NDFပါတီမှ ဦးတင်ထွေးမှ မဲအသာစီးနှင့် အသာစီး ဦးဆောင်လျှက်ရှိသည်။ သို့သော် ကြံ့ဖွတ်ပါတီမှ ကြိုတင်မဲ အဝေးရောက်မဲများခြင့် အနိုင်ယူမည်ကို စိုးရိမ်ရသော အခြေအနေတွင်ရှိပါသည်။ ပန်ပဲတန်းမြို့နယ်မှ ဟာဂ်ျဘုရားဖူး ၀တ်ပြုရန်သွားမည့် ဟာဂျီလောင်းများ အားလုံးကို ကြိုတင်ပြီး ကြံ့ဖွတ်ပါတီအား မဲပေးပြီးမှ သွားကြရန် ..အာဏာပိုင်များမှ ဖိအားပေး ကြိုတင် မဲထည့်ခိုင်းကြောင်း သိရှရပါသည်။
မြစ်ကြီးနား။...။ မြစ်ကြီးနားက ကျွန်တော့ အဖွားကတော့ မဲသွားမပေးနိုင်ဘူးလို့ ရတယ်မလာနဲ့လို့ ပြောပါတယ်တဲ့ ... သူတို့ထည့်ပေးမယ်တဲ့ ဦးလေးကိုတော့ ခြင်္သေ့ကို ပေးရမယ်လို့ ပြောတယ်တဲ့.... ဦးလေးအမျိုးသမီးက နိုင်ငံခြားသူလေ သူ့မှာ မှတ်ပုံတင်လုပ်ထားတာ ၂ခါရှိပြီး မပေးဘူး ။ အခုမှ ကောက်ကာငင်ကာ မှတ်ပုံတင် နံပတ်ထုတ်ပေးတယ်တဲ့ မဲထည့်ရမယ်တဲ့ မှတ်ပုံတင် ကဒ်ပြားတော့ မထုတ်ပေးဘူးတဲ့... မဲအတွက် မှတ်ပုံတင် နံပတ် အတုတွေလိုက်ပေးတယ်... မြစ်ကြီးနားမှာ ဖြစ်နေတာ...
ဆက်လက် ဖော်ပြပါမည်..
နိုဝင်ဘာလ (၇) ရက် မှာ ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူ ဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် ဘောပင်ဗွီဒီယိုကင်မရာတချောင်း၊ ဂျပန်ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား နှင့် passport တို့ နှင့်အတူ ဖမ်းစီးခံရပြီး ယခု မြ၀တီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် စစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ကြောင်းအခု သတင်းရရှိပါတယ်။ သတင်းအသေးစိတ်အား ထပ်မံဖော်ပြပေးသွားပါမည်
မြတ်လေးငုံ
ရုပ်သံ ...TBS
သတင်း ..မြတ်လေးငုံ..
TBS သတင်းဋ္ဌာနမှ လတ်တလော.. မြန်မာသတင်းများအား ဆက်လက်တင်ပြ ဖော်ပြပေးသွားမည်..
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၈)နှစ်ပြည့်မွေးနေ့မှသည် နှစ်(၁၀၀)တိုင်ပါစေ..
ကိုသော်ကြီး ဖန်တီး ဂုဏ်ပြုပါသည်...။
ငြိမ်းချမ်းပါစေကမ္ဘာမြေ
ရေး .. ထက်အောင်ရှိုင်း
တေးဆို.. သီရိမင်းလွင်
V1. ကမ္ဘာလူသားတွေ အသက်အိုးအိမ်နဲ့စည်းဇိမ် အပြာရောင်တိမ်တိုက်
တစ်မိုးသားအောက်မှာနေ စုစည်းကာအသိုက်အမြုံကလေးတွေ ..
V2. ကြုံဆုံရာလမ်းသွယ် အတူမျှဝေခံစားလေ ပျော်ရွှင်ချစ်အနမ်း
အပြုံးပန်းပွင့်ဝေစေ ငြိမ်းချမ်းမှုအလင်းရှာဖွေ
ကြည်နူးစရာအလှကမ္ဘာမြေ ....
CHO: ကမ္ဘာကြီး ရမ္မက်မီး စစ်ပြီးငြိမ်းပါစေ ..
နောင်ရေး မျှော်တွေး ရင်သွေး .. ..
ကလေးငယ်တွေ လူ့ကမ္ဘာ လူ့ရွာ ဆုံတွေလာခဏတာလေးမှာ
V3. မတူညီမှူတွေ တောင်မြောက်ပြိုင်လွန်ဆွဲနေ အနိုင်လိုသူအမုန်း
ပြုံးလည်းမတင့်တယ်ပေ အတ္တတို့လျှော့စေချင်
မှန်းမျှော် လက်တွဲခေါ်လေ .. ..
ကိုသော်ကြီး ဖန်တီးတင်ပြသည်..
ဒီမိုဝေယံ.. အလင်းဆက်... ခမိခဆဲ

တေးရေး... ထက်အောင်ရှိုင်း၊ စက္က
တေးဆို.. ထက်အောင်ရှိုင်း
ကိုသော်ကြီးမှ ဖန်တီးတင်ပြပါသည်...
တေးဆို.. ထက်အောင်ရှိုင်း
ကိုသော်ကြီးမှ ဖန်တီးတင်ပြပါသည်...
ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲတို့မှ ပြန်လည် ဖြန့်ဝေပါသည်....။
Download လုပ်ချင်ရင်.. Click
တေးရေး... ထက်အောင်ရှိုင်း၊ စက္က
တေးဆို.. ထက်အောင်ရှိုင်း
ကိုသော်ကြီးမှ ဖန်တီးတင်ပြပါသည်...
ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲတို့မှ ပြန်လည် ဖြန့်ဝေပါသည်....။
တေးဆို.. ထက်အောင်ရှိုင်း
ကိုသော်ကြီးမှ ဖန်တီးတင်ပြပါသည်...
ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲတို့မှ ပြန်လည် ဖြန့်ဝေပါသည်....။
Subscribe to:
Posts (Atom)