ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“မြန်မာ နည်းချည်းပဲ မရနိုင်ဘူး၊ သိပ္ပံနည်းကျ သုံးသင့်တယ်”

“မြန်မာ နည်းချည်းပဲ မရနိုင်ဘူး၊ သိပ္ပံနည်းကျ သုံးသင့်တယ်”

ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင် ချောင်းဆုံရာ မြစ်ဝတွင် ဓမ္မစေတီမင်း၏ ကောင်းမှုတော် ခေါင်းလောင်းကြီးကို သြဂုတ်လ ၉ ရက် ကတည်းက စတင် ရှာဖွေနေသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ၂၀ ရှိပြီ ဖြစ်သည်။

ထိုခေါင်းလောင်အား ဦးဆောင်ရှာဖွေသူ ဦးစံလင်း (မြေပုံ) ၏ ကြေညာပြောဆိုချက်ကို ကိုးကားပြီး အစိုးရပိုင် မီဒီယာများ ဖြစ်သည့် မြန်မာ့ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ် သတင်းစာများ အပါအ၀င် ပုဂ္ဂလိက သတင်း မီဒီယာများတွင် ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ပြီဟု ရေးသားဖော်ပြကြသည်။

ဓမ္မစေတီ ခေါင်းလောင်းအား တူးဖော်ခွင့်ရရှိရန် ဦးစံလင်း (မြေပုံ) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံ ရာမှ ခွင့်ပြုချက်ရအပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တူးဖော်တော့မည်ဟု သတင်းမီဒီယာများထံ ထုတ်ဖော်ပြောဆိုစဉ် က တည်း က ပြည် သူ များကြားတွင် စိတ်ပါဝင်စားမှု မြင့်တက်ခဲ့ပြီး ဓမ္မစေတီ ခေါင်းလောင်းအား ရှာဖွေ တူးဖော်နေချိန်တွင်လည်း ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် သတင်းများကို စိတ်ဝင်တစား ဖတ်ရှုပြောဆိုမှုများသကဲ့သို့ တူးဖော်နေသည့် နေရာသို့လည်း သွားရောက် လေ့လာကြည့်ရှုကြသည်ကို တွေ့မြင်ရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ခန့် ကတည်းက ရန်ကုန်မြစ်ဝတွင် ရှိသည်ဆိုသော ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှုနှင့် ပတ် သက် ၍ ၁၉၅၄ မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေး အဖွဲ့တွင် ပထမဆုံး တိုင်းရင်းသား ဆိပ်ကမ်း ရေကြောင်းပြ လုပ်ဆောင်ခဲ့ပြီး သင်္ဘောဆိပ် အရာရှိချုပ်၊ ၁၉၆၃ မှ ၁၉၇၂ အထိ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း၏ ရေကြောင်း အရာရှိချုပ်၊ ပင်လယ်ရေကြောင်း သိပ္ပံ Institute of Marine Technology (IMT) ၏ ပထမဆုံး ကျောင်းအုပ်ကြီး ဖြစ်သူ စည်သူ ဦးကျော်သိန်းလွင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။

ဦးကျော်သိန်းလွင်သည် ပြည်တွင်းစစ် ဖြစ်ပွားစ ၁၉၄၉ ခုနှစ်က ဖျာပုံ၊ မအူပင်၊ ဒေးဒရဲ စသည့် မြစ်ဝကျွန်းပေါ်၌ တပ်ဖြန့်ထား သည့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) ကို ကရင်လက်နက်ကိုင် KNDO ပိတ်ဆို့ထားသည့် ကြားမှ ပင်လယ် ရေလမ်းကြောင်းကို အသုံးပြီး ရန်ကုန်မြို့ အရောက် အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့သူလည်း ဖြစ်သည်။

မေး။ ။ အခုလတ်တလော ရန်ကုန်မြစ်ဝမှာ ဓမ္မစေတီမင်း ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပတ်သက်ပြီး လူစိတ်ဝင်စားမှု အရမ်းများနေတယ်၊ ဒီရေလမ်းကြောင်းကို နှစ်ပေါင်းများစွာ ကျွမ်းကျွမ်းကျင်ကျင် သွားလာ အသုံးပြုခဲ့တဲ့ အန်ကယ့် အမြင်လေး သိပါရစေ။

ဖြေ။ ။ အခု ရှာဖွေရေး အဖွဲ့တွေက ခေါင်းလောင်းတွေ့ပြီ ပြောတယ်၊ ကြေညာတယ်၊ ကြိုးနဲ့ ချည်မိပြီ ပြောတယ်၊ ဒါပေမယ့် ကျနော် ထင်တာကတော့ သူတို့ ကြိုးချည်မိတဲ့ အရာက ခေါင်းလောင်းထက် ရေထဲမှာ မြုပ်နေတဲ့ ပင်လယ်ကူး သင်္ဘောတွေ ရပ်နားဖို့ သင်္ဘောချည်တဲ့ ဗောယာတွေ ဖြစ်ဖို့ပိုများတယ်။

ဘာကြောင့်လဲဆိုတော့ ဒုတိယ ကမ္ဘာစစ် မတိုင်မီက သင်္ဘောချည်တဲ့ ဗောယာတွေ ရန်ကုန်မြစ်ထဲမှာ သူ့အဆင့်နဲ့သူ အများကြီး ရှိတယ်၊ ပင်လယ်ကူး သင်္ဘောတွေ ချည်တဲ့ဗောယာဆိုရင် A Class သတ်မှတ်ထားတယ်၊ အချင်းက ၁၀ ပေလောက် ရှိတယ်။ အဲဒါမျိုးတွေ ရေ၀င်ပြီးတော့ မြုပ်သွားတာတွေ၊ မဆယ်နိုင်တော့လို့ နုန်းအောက် ရောက်သွားတာတွေ အများကြီးရှိတယ်၊ ဒီဗောယာကြီး တွေ က ခေါင်းလောင်းကြီးနဲ့ ထုထည် တူနိုင်တယ်။ အလေးချိန်ကတော့ တူမှာ မဟုတ်ဘူး။ ဘာကြောင့် လဲ ဆိုတော့ ဒီဗောယာကြီး တွေက အထဲက ဘာမှမပါဘူး၊ အပေါ်မှာ ချည်တဲ့ကွင်း ပါတယ်။ ဒါကြောင့် အခု ခေါင်းလောင်းရှာတဲ့ ရေငုတ်သမားတွေ အနေနဲ့ ဒီ ဗောယာ အဟောင်းတွေကို ကြိုးသိုင်းပြီး တွေ့ပြီလို့ ပြောနေတယ်လို့ ထင်တယ်။

မေး။ ။ ဘာကြောင့် ဒီလို ပြောနိုင်ရတာပါလဲ။

ဖြေ။ ။ အခုတော့ ဒီလို ဗောယာတွေကို လူတွေသိတာ နည်းသွားပြီ။ ဘာကြောင့်လဲဆိုတော့ ပင်လယ်ကူး သင်္ဘောတွေက ဆိပ် ကမ်းမှာ သွားကပ်တော့တဲ့ အတွက်ပါ။ ဟိုတုန်းက သံလျင်ဘက်မှာ ဗောယာ ၄ လုံး ချထားတယ်။ ပင်လယ်ကူး သင်္ဘောတွေ ဆန် တင်ပြီးလို့ မန်းကီးပွိုင့်ကိုထွက်ရင် ရေတက်မှ ထွက်ရတာ။ ဆက်ထွက်ရင် ပင်လယ်ဝမှာ သောင်တင်နိုင်တယ်။ အဲဒါကြောင့် အဲဒီ ဗောယာကြီးတွေမှာ ကြိုးချည်ထားပြီး နောက်နေ့မှ ထွက်ရတယ်။

အဲဒီလို ဗောယာမျိုးတွေ အခုဆို တခုပဲ ရှိတော့တယ်၊ ဟိုတုန်းကတော့ အဲဒီလို ဗောယာတွေကို ၂ နှစ်တကြိမ် မဟုတ် အသစ် နဲ့ လဲလှယ်ပေးရတယ်။ နောက်ပိုင်း ဒါမျိုး ပြုပြင်လဲလှယ်ပေးတာ မရှိတော့လို့ ရေ၀င်ပြီး မြုပ်သွားတယ်၊ မြုပ်သွားရင် ပြန်ဆယ် ပေးတဲ့ ဆိပ်ကမ်းအဖွဲ့တွေလည်း မရှိတော့ဘူး။ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက မြုပ်သွားတာတွေလည်း ရှိတယ်။ ဒါကြောင့် ရေငုတ်တဲ့ လူတွေနဲ့ သောင်တူးစက်နဲ့တူးတော့ တွေ့တယ်ဆိုတာ အဲဒီလိုဟာတွေလို့ ထင်တယ်။ မြစ်ထဲဆိုတာ ဘာမှမြင်ရတာ မဟုတ်ဘူး။ စမ်းကြည့်မှ သိတာ။ ရေငုတ်တဲ့ လူတွေက ကွင်းကိုစမ်းမိပြီး ကြိုးသိုင်းခဲ့တယ်လို့ ထင်တယ်။

မေး။ ။ ဒီလို ရေအောက်ထဲတွင်မက နုန်းတွေဖုံးနေတဲ့ ပစ္စည်းတခုကို ဘယ်လို ရှာသင့်ပါသလဲ။

ဖြေ။ ။ မြစ်ရဲ့သဘောအရ မိုးရွာလို့ အထက်က ကျလာတဲ့ ရေနဲ့အတူ နုန်းတွေသဲတွေ ပါလာမယ်၊ ခေါင်းလောင်ကြီးလို လေးတဲ့ ပစ္စည်းကတော့ မျောမသွားဘူး၊ ဒါပေမယ့် နုန်းတွေကတော့ သူ့အပေါ်မှာ ပို့နေမှာပဲ၊ အဲဒီတော့ အပေါ်မှာ နုန်းတွေ ထပ် နေတော့ အောက်မှာ ဘာရှိသလဲ ဆိုတာ ရိုးရိုးသာမန်အားဖြင့် မသိနိုင်ဘူး၊ သိဖို့ ခက်မယ်၊ ရှာဖွေတဲ့ နေရာမှာ ခေတ်မီ စက်ကိရိယာတွေ ပါမှ ဖြစ်မယ်၊ ဒါတွေကို ငှားရင်ငှား ၀ယ်ရင်ဝယ်ရမယ်၊ ဒါမှပဲ ရေအောက်မှာ တွေ့ထားတဲ့ အရာဟာ သင်္ဘောပုံလား၊ ဗောယာလား၊ ခေါင်း လောင်းလား ဆိုတာ ကွဲပြားလိမ့်မယ်။

သူတို့ အခုလို ရှာနေပုံနဲ့တော့ မဖြစ်ဘူး၊ နောက်တခုက ဆလုံတွေက ရေကူး ဘယ်လောက်တော်တော်၊ ဘယ်လောက် အသက် အောင့်ထား နိုင်မှာလဲ၊ နောက် အဲဒီနေရာမှာ ရေငုတ်ရင် ရေတက်ရေကျက တနေ့ကို လေးခါရှိတယ်၊ အတက်နဲ့ အကျကြားမှာ ရေငြိမ် တဲ့ အချိန်က ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ ရှိတယ်၊ အဲဒီ မတိုင်ခင်မှာတော့ ရေက အမြဲစီးနေတာပဲ၊ ရေစီးနေရင်တော့ ငုတ်မရဘူး၊ ရေ သေ တဲ့ အချိန်မှ ငုတ်လို့ရမယ်၊ တနေ့ကို နေ့ခင်းပိုင်းဆို နာရီဝက်ထက် ပိုငုတ်လို့ မရဘူး။

တကယ် ရှာချင်ရင် ရေအောက်က ပစ္စည်းတွေ၊ ရေငုတ်သင်္ဘောပျက်တွေကို ရှာပေးတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရှိပါတယ်။ သူတို့ဆီမှာ Portable Equipment တွေနဲ့ ရှာရင်တော့ ရနိုင်ပါတယ်။ အဲဒီလိုမျိုး ဖြေရှင်းမှ ရမယ်။ မြန်မာနည်းချည်းပဲ မရနိုင်ဘူး၊ သိပ္ပံနည်း ကျ သုံးသင့်တယ်။

မေး။ ။ သူတို့က ခေါင်းလောင်းကြီးလို့ ပြောတဲ့အရာကို တွေ့ပြီ၊ ဆယ်တင်ပြီး၊ ရွှေတိဂုံကုန်းပေါ် မကြာခင် ပြန်ရောက်တော့မယ် ပြောနေကြတယ်၊ အဲဒီအပေါ်မှာရော ဘယ်လို ထင်ပါလဲ။

ဖြေ။ ။ တွေ့တာက တပိုင်း၊ ဆယ်တာက တပိုင်း ပြောရလိမ့်မယ်။ ဆယ်နည်းကတော့ ကရိန်းကောင်းလို့လည်း မရဘူး၊ ရှေးတုန်းက ဆယ်ယူနည်းမျိုး ရေတက်ရေကျကိုပဲ သုံးရလိမ့်မယ်၊ ကျနော်ကိုယ်တိုင် တွံတေးချောင်းထဲမှာနှစ်ထပ်သင်္ဘော ဆယ် ဖူး တယ်၊ အလေးချိန်ကတော့ အခုပြောနေတဲ့ ခေါင်းလောင်းကြီးလောက်ပဲ၊ အဲဒီသင်္ဘောကို ဆယ်တာ ၃လ ကြာတယ်၊ ဒါတောင် ဟိုတုန်းက ဆိပ်ကမ်းမှာရှိတဲ့ ရေငုတ်အဖွဲ့နဲ့ ၀တ်စုံပြည့်၊ အောက်ဆီဂျင်ဘူးနဲ့ ဆယ်တာ၊ အဲဒီလို ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တာ တောင် ၃လ ကြာတယ်။

နောက်တခုက အခုခေါင်းလောင်းလို့ ထင်ရတဲ့အရာ တွေ့ထားတဲ့နေရာက ရန်ကုန်မြစ် အ၀င်ဝ သင်္ဘောကြီးတွေ အမြဲသွားနေ တာ။ ရေလမ်းကြောင်း ကျဉ်းတယ်။ အဲဒီတော့ သူတို့ကသာ ဒီအရာကို ဆယ်ယူမယ်ဆိုရင် သင်္ဘောလမ်းက ရပ်ထားရမယ်။

အဲဒီနားတ၀ိုက်မှာ တကယ့်သင်္ဘောကြီးတွေ သွားလာနိုင်တဲ့ အနက်က ကိုက် ၁၀၀ သာသာပဲ ရှိတယ်၊ ရှောင်သွားလို့ ရရင်တော့ ကောင်းတာပေါ့၊ ခေါင်းလောင်းလို့ ယူဆရတဲ့ အရာကို တူးတာနဲ့ နိုင်ငံခြားသင်္ဘော အ၀င်အထွက် ဘယ်ဟာက အရေးကြီးသလဲ ဆိုတာ စဉ်းစားရမှာပေါ့။ ဒါကြီးက အရေးကြီးတယ် ဆိုရင်တော့ သင်္ဘောဆိပ်ကမ်း ပိတ်ထားဖို့ပဲ ရှိတယ်။ ။


ဦးကျော်သိန်းလွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်း ကွာတားဖိုင်နယ် တက်ရောက်...


U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်း ကွာတားဖိုင်နယ် တက်ရောက်...

သြဂုတ်လ (၂၈)ရက်နေ့က စတင် ကျင်းပတဲ့ U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်းဟာ အုပ်စု ဒုတိယ နေရာနဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်... သွားပြီ ဖြစ်ပါတယ်..။

Tokyo U-12 အသင်းဟာ တိုကျို ဧရိယာအတွင်း U-12 လူငယ်အသင်းပေါင်း ၇၅၀ အတွင်းမှ လက်ရွေးစဉ် လူငယ် ၁၉ဦးအား ရွေးချယ်ပြီး ယခုပြိုင်သို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ဘာလင်ပြိုင်ပွဲပြန် မောင်ကောင်းဇံမရသည် လက်ရွေးစဉ် ဂိုးသမားအဖြစ် ထပ်မံအရွေးခံရခြင်း ဖြစ်သည်။ မနေ့က နာမည်ကြီး ကလပ် အသင်းများဖြစ်သည့် Yokohama F.Marinos အသင်းအား ၃ဂိုး ၁ဂိုးဖြင့် လည်းကောင်း ,ယနေ့ မနက်ပိုင်းက Kawasaki Frontel အသင်းအား ၂ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် Kashiwa Reysol အသင်းနှင့် ကစားသည့်ပွဲ၌ ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စု ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ(အုပ်စု ဒုတိယဖြင့် တက်ရောက်ခဲ့သည့် အတွက် တဖက်မှ ကွာတားဖိုင်နယ် တက်ရောက်လာသည့် အသင်းမှ နာမည်ကျော် အေစီမီလန် အသင်းနှင့် ထပ်တိုက် တွေ့ဆုံမည့် အခြေအနေအား ရှောင်လွှဲ နိုင်ခဲ့သည်)

မနက်ဖြန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရအား ၃နှစ် စာချုပ်ချုပ် ခေါ်ယူထားသည့် လေ့ကျင်ဖော် လေ့ကျင်ဖက် Group D ပထမနေရာမှ နာမည်ကျော် Tokyo Verdy Junior အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာနိုင်ငံသား မောင်ကောင်းဇံမရအား ဂျပန် နာမည်ကျော် ကလပ် အသင်းများဖြစ်သည့် Yokohama F.Marinos,Tokyo Verdy , Tokyo FC အသင်းများမှ စိတ်ဝင်စားကာ အပြိုင်အဆိုင် ခေါ်ယူခဲ့ကြသော်လည်း လက်ရှိကစားနေသည့် Tokyo Buddy အသင်းမှ တခြား အသင်းများ၌ ဝင်ရောက်ကစားခွင့် ခွင့်မပြုသည့် အတွက် Tokyo Buddy အသင်းနဲ့ ဆက်စပ်နေသည့် Tokyo Verdy အသင်းတွင် ၃နှစ် စာချုပ်ဖြင့် ဝင်ရောက်ကစားရန် စာချုပ်ချုပ်ဆိုခဲ့သည်။ မောင်ကောင်းဇံမရသည် အားထားရသည့် ဂိုးသမားတဦးအဖြစ်သာမကပဲ ကစားဖော်များအား Command ပေးနိုင်သည့် အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း ၎င်းအသင်း နည်းပြထံမှ သိရှိရသည်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက မြန်မာလူငယ် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည် အိမ်ရှင် နာမည်ကျော် ဂျာမာန် Hertha Berlinအသင်းနှင့် Berlin အသင်းများအား ဆီးမီးဖိုင်နယ်တွင် အနိုင်ရ ကျော်ဖြတ်ကာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဂျပန်နိုင်ငံတွင် မွေးဖွားပြီး မြန်မာနိုင်ငံကူး လက်မှတ် လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ခြင်း မရှိသေးသည့် မြန်မာလူငယ်နှစ်ဦးသည် ဂျပန်လက်ရွေးစင် အသင်းများ၌ ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့သည်။ ၎င်းလူငယ် နှစ်ဦးစလုံးသည် နောင်တချိန် မြန်မာ့လက်ရွေးစင် အသင်းတွင် ဝင်ရောက်ကစား လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

နှစ်စဉ် နှစ်တိုင်း ဖိတ်ခေါ်ပြုလုပ်သည့် U-12 Junior Soccer World Challenge ပြိုင်ပွဲသို့ ဥရောပမှ အေစီမီလန်၊ ဘာစီလိုနား၊ လီဗာပူး စသည့် နာမည်ကျော် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ခုနှစ်က ဘာစီလိုနား အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ယခုနှစ်၌ အရှေ့တောင် အာရှမှ အင်ဒိုနီးရှား လူငယ် အသင်းဖြစ်သည့် ASIOP APACINTI အသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကျော် အသင်းများအား  ရှုံးနိမ့်ခဲ့သော်လည်း မျိုးဆက်သစ် လူငယ်များ အတွေ့အကြုံ ရရှိစေရန် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ မျိုးဆက်သစ် လူငယ်များ အနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတကာမှ လူငယ်များနှင့် အတူ ပြိုင်ပွဲဝင် အတွေ့အကြုံ ရယူကာ ယှဉ်ပြိုင်သင့်သည်ဟု ထင်မြင် ယူဆမိသည်။ ထူးခြားသည်မှာ ယခုနှစ် U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် ဂျပန် SUWA FOOTBALL CLUB PRIMARY အသင်း၌ ယောကျာင်္းလေးများနှင့် ယှဉ်ဘောင်တန်းကာ ဂျပန် လူငယ်မိန်းကလေး (၃)ဦး ဘတပြန်၊ မတပြန် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင် မောင်ကောင်းဇံမရသည် Tokyo U-12 လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား တဦးအနေဖြင့် ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

.. မောင်ကောင်းဇံမရ၏ ဖခင်ရခိုင် အမျိုးသားဖြစ်သူ ဦးမြတ်သူမှာလည်း ၁၉၉၀ပြည့်နှစ်များက မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း တဦးဖြစ်ခဲ့သည်။

ဒီမိုဝေယံ

ဆက်သွယ်မေးမြန်း လိုလျှင်..
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available)

နတ်နဲ့ နဂါး မလှည့်စားပါနဲ့ ဆိုတာထက် နတ်၊ နဂါးနဲ့ မလှည့်ဖျားပါနဲ့..

နတ်နဲ့ နဂါး မလှည့်စားပါနဲ့ ဆိုတာထက် နတ်၊ နဂါးနဲ့ မလှည့်ဖျားပါနဲ့..

မြန်မာလူမျိုးတွေ မကြာခဏ ပြောနေကျ၊ ကြားနေကျ စကားဖြစ်တဲ့ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့..
ဆိုလိုတာက နတ်နဲ့ နဂါးကို ကတိကဝက် ပေးပြီးရင် မဖျက်နဲ့ ဆိုလေသလား။ မမြင်ရတဲ့ အရာကို ပျက်ရယ် မပြုသင့်ဟု ဆိုလေသလား၊
ယနေ့ မြန်မာ့နည်း မြန်မာဟန်နဲ့ ဓမ္မစေတီမင်း ခေါင်းလောင်း ဆယ်ယူရာမှာ ဝိဇ္ဇာနဲ့ သိပ္ပံ အားပြိုင်လေသလား ဂမ္ဘီရနဲ့ လောကဓာတ်ပညာ အားပြိုင်လေသလား..

သို့ပေတည့် ယနေ့ အရပ်သား အစိုးရ လက်ထက်မှာတော့ အစိုးရနဲ့ အတိုက်အခံ ဆိုတာထက်.. ပြည်သူအချင်းချင်း ကဏ္ဍအသီးသီးမှာ သွေးကွဲတာကတော့ ပိတ်ကားပေါ်မှာ ကွင်းကွင်းကွက်ကွက် ကိုမြင်နေရသည်။ ပယောဂပါတာက အကြောင်းမဟုတ် ခေတ်လူငယ်များ၏ အမြင်တွင် ဂမ္ဘီရ၊ ဝိဇ္ဇာနှင့် ဗုဒ္ဓဘာသာ အပေါ် အရောရော အထွေးထွေးဖြစ်ကာ ဘာသာတရားအပေါ် အထင်မှား အမြင်မှား ဖြစ်ကြမှာ အထူးစိုးရိမ်စရာပင်ဖြစ်သည်..။

ယခုရှာဖွေ တွေ့ရှိထားပါသည် ဆိုသော နိုင်ငံတကာက စောင့်ကြည့်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် အချိန်တွင် ထင်ထားသည့်အတိုင်း မဟုတ်ပဲ.. အခြားသောအရာဝတ္ထုတခု ဖြစ်ခဲ့ပါသော် မဆယ်မှီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားသော စကားကျွံပြောဆို မှုများအတွက် ပေးဆပ်ရမှာ ဖြစ်သလို မြန်မာပြည်မှ ဝိဇ္ဇာယုံကြည်သူများ အတွက် အရှက်ကွဲ၊ အရှက်ရဖွယ် ဖြစ်ပြီး မြန်မာပြည်သူများ အတွက်လည်း အရှက်ရဖွယ်ဖြစ်သည်။ ဘာသာတရားနှင့်ပါ အရောရော အထွေးထွေး လူအထင်သေးစရာ ဖြစ်ပေမည်...။ နိုင်ငံတကာမှာလည်း ပြောစရာ အဖြစ်ကျန်ခဲ့ပေမည်။ ဆယ်ယူသူများ အတွက်မူ ပြောဖွယ် ဆိုဖွယ်မရှိပေ..

ထိုသို့ မဟုတ်ပဲ အမှန်တကယ် ဆယ်ယူရရှိခဲ့ပါသော်... မြန်မာပြည်၏ အခြေအနေသည် တန်ခိုးရှင်၊ နတ်၊ နဂါး၊ ဝိဇ္ဇာ အပေါင်းတို့၏ အောက်၌ ပြားပြားဝပ်ရပြီး အရည်းကြီးခေတ် တခေတ် ပြန်ထလာမည်ကိုလည်း စိုးရိမ်စရာပင် ဖြစ်သည်။ ခေါင်းလောင်းနှင့် မြှောက်ပြီး နတ်နဂါးနှင့် ခြောက်ကျပေတော့မည်...။ တန်ခိုးရှင် အားကိုးစိတ်များ ခေါင်းထောင် လာပေတော့မည်...။ တိုင်းပြည် အတွက်လည်း ရင်လေးစရာ ဖြစ်သည်။ ခေါင်းလောင်းတော်ကြီး ဆိုပြီး ဘုရားကို ခေါင်းလောင်း ကွယ်ကာ ဆီးမီး၊ ဖယောင်းထွန်း ပူဇော်ကန်တော့ ကြမည့် ဂိုဏ်းအဖွဲ့အစည်းများ ပေါ်ပေါက်လာမည်မှာ ဆိုဘွယ် မရှိပေ။

ထိုသို့ မဟုတ်ပါက ယုံကြည်သူနဲ့ မယုံကြည်သူများ ပဋိပက္ခ ဖြစ်လာနိုင်သည့် အတွက် မိမိနိုင်ငံ အတွက် ဘယ်ဘက်ဘက်က ကြည့်ကြည့် အရှုံးပင် ဖြစ်နိုင်သလို ဘာသာ တရားအတွက်လည်း အနှုတ်လက္ခဏာ ဖြစ်လာဖို့ပင် ရှိတော့သည်။

မမြင်ရသော အရာကို မရှိဟု မဆိုလို။ အနေအထား တခုအထိ မိမိဥာဏ် မမှီသည့် အရာကို မယုံကြည်ဟုလည်း မပြောလို...။ တကယ် တွေ့ရှိခဲ့သည် ဆိုဦး မြန်မာ့နည်း မြန်မာဟန် ထုံးတမ်းစဉ်လာကိုလည်း မပယ်။ သိပ္ပံနည်းလည်း အသုံးပြု အညမည ပေါင်းစည်း ဆယ်ယူလျှင် မဖြစ်နိုင်ပေဘူးလား။ နည်းပညာ အကူအညီနှင့် မြန်မာ့နည်း မြန်မာ့ဟန် ထုံးတမ်းစဉ်လာ ပေါင်းစပ် ဆယ်ယူရရှိခဲ့သော် သိပ္ပံဘက်သမား ထောက်ခံသူ အတွက်ရော ဝိဇ္ဖာ ဘက်သမားထောက် ခံသူအတွက်ပါ စိတ်ဝမ်းကွဲစရာ မဖြစ်နိုင်တော့ပေ။

ယခုကဲ့သို့ ခေါင်လောင်း မဆယ်မှီကပင် နှုတ်ကျွံ့၊ စကားကျွံ့ခဲ့မှုများ မှသည် နောက်ဆုံး တွေ့ရှိပြီဟု ကြေငြာခဲ့သည့် အချိန်မှာပင် ထပ်ဆင့်လောင်း၍ ကျွန်တော်တို့ မသိသော နာမ်လောကကို ထပ်မံ အတည်ပြုပေးခဲ့သလို ကြေငြာခဲ့သည်။ နတ်နှင့် နဂါး မလှည့်စားနှင့် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံလည်း အာဏာရှင်က တဖုံ၊ နတ်နဂါးနှင့် အစုံ အကြီးအကဲ ဆိုသူတွေ လှည့်စား လှည့်ဖြားခဲ့လို့ အရှေ့တောင် အာရှမှာပင် အောက်ဆုံး အဆင့် နိုင်ငံများနှင့် အတူရပ်တည် နေခဲ့ရပြီး ဖြစ်သည်။

နတ်နှင့် မြှောက်ပြီး နဂါးနှင့် မခြောက်ဖို့ နတ်၊ နဂါးနဲ့ မလှည့်ဖျားဖို့ မိမိနှင့် မဆိုင်သလို မိမိနှင့် မသက်ဆိုင်သလို မိမိဘက် မလှည့်လျှင် ပြီးရောဆိုပြီး လွှတ်မထားဖို့ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံမှ အကြီးအကဲ ဆိုသူများအား တိုက်တွန်းအပ်ပေသည်။

ဒီမိုဝေယံ

ရန်ကုန်မြေဈေး နှင့် နိုင်ငံတော်၏စီးပွားရေး ဆက်နွယ်နေမှု.. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ရန်ကုန်မြေဈေး နှင့် နိုင်ငံတော်၏စီးပွားရေး ဆက်နွယ်နေမှု..
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ယခုဆောင်းပါးကို ဧရာဝတီသတင်းမှာပါလာသော အာရှနိုင်ငံများမှ အလုပ်သမားအရေးလှုပ်ရှားနေသူများမှ အလုပ်သမားလုပ်ခ တိုးတောင်းဆိုရေးအတွက် ပူးပေါင်းဆောင်ရွက်လာမှု ဆောင်းပါးကို ကိုးကားထားပါသည် ။ August 18- Across Asia's Borders, Labor Activists Team up to Press Wages Claims..

ယခုအခါ ကမ္ဘာမှာ ဖွံ့ ဖြိုးပြီးနိုင်ငံင်္ကြီးများမှ နာမည်ကျော်လူသုံးကုန်ပစ္စည်းများထုတ်လုပ်သော ကုမ္မဏီကြီးများမှ သည် ကား ၊ ကွန်ပျူတာ အထိထုတ်လုပ်နေသော ကုမ္မဏီကြီးများ လုပ်အားခဈေးချိုသော နိုင်ငံများကို နေ့ စဉ်နှင့်အမျှ ရှာဖွေနေကြပါသည် ။ ဥပမာ NIKE, ADIDAS, တို့ သည် လုပ်အားခ ဈေးအသက်သာဆုံးသော နိုင်ငံများကို အရင်းရှင်ကုမ္မဏီကြီးများပီပီ တပြားသက်သာသက်သာ ရှာနေကြပါသည်။

ထိုသို့ ရှာဖွေရာမှ လူမှုရေး၊ နိုင်ငံရေးတည်ငြိမ်သော အာရှနိုင်ငံများဆီသို့ ခြေဦးလှည့်ခဲ့ကြတာ ဆယ်စုနစ် ၃ -၄ ခု ရှိခဲ့ပါပြီ။ ထိုသို့ ရှာဖွေရာမှာ နိုင်ငံရေး တည်ငြိမ်မှုကိုတော့ ထိပ်ဆုံးမှ စဉ်းစားကြပါသည်။ နိုင်ငံရေး လူမှုရေးတည်ငြိမ်မှုမရှိလျင်တော့ နဲနဲလေးတောင် စဉ်းစားမည်မဟုတ်ပါ။

ယခင်က တရုတ်နိုင်ငံမှာ လုပ်အားခ ဈေးသက်သာသော်လည်း တနေ့ တခြား လုပ်အားခတွေ တရိပ်ရိပ် တက်ပေးလာနေရပါသည်။ ယခုတရုတ်နိုင်ငံသည် အာရှမှာ လုပ်အားခ အမြင့်ဆုံး ဖြစ်လာနေပါသည်။ ရှန်ဟိုင်းတွင် ယခု တလ လျင် ၃၀၀ -ဒေါ်လာနီးပါပေးနေရပါပြီ။

ကမ်ပူးချားနိုင်ငံတွင် ၂၀၁၁ ခုနစ်က အလုပ်သမားဆန္ဒပြမှု ၃-ဒါဇင်သာရှိရာမှ ၂၀၁၃ ခုနစ်တွင် ၁၅၀ ခန် ရှိခဲ့ပါသည်။ အလုပ်သမားလုပ်အားခကို လည်း မူလထက် ၂၅ -% တိုးပြီး တလလျင် ဒေါ်လာ ၁၀၀- အထိတိုးပေးခဲ့ပါသည်။ သို့သော်ယခု ထို့ ထက်တိုးပေးဖို့  ဆန္ဒပြမှုများတိုးလာနေပြီး ကမ်ပူးချား အဝတ်အထည်ထုတ်လုပ်သူများအသင်း Garment Manufacturers" Associations in Cambodia GMAC) က လုပ်အားခကို တဖြေးဖြေးချင်းတိုးပေးပြီး ၂၀၁၈ အရောက်တွင် အနိမ့် ဆုံးလုပ်အားခကို တလလျင် ၁၆၀ - ဒေါ်လာသို့ တိုးပေးရန် သတ်မှတ်ထားသော်လည်း အလုပ်သမားအဖွဲ့ စည်းများမှ ၁၇၇ - ဒေါ်လာအထိတိုးပေးရန် ဖိအားပေး တောင်းဆိုနေကြပါသည်။

အင်ဒိုနီးရှားတွင် တလလျင် ၂၀၅ ဒေါ်လာ၊ ထိုင်းတွင် တနေ့လျှင် (၉ .၅ ဒေါ်လာ = ဘတ် ၃၀၀) ပေးနေရပါပြီ။ ထိုသို့ လုပ်အားခများ တရိပ်ရီပ်တက်နေမည်မှာ ကျလာစရာ အကြောင်း မရှိတော့ပါ။ ယခုအခါ နိုင်ငံပေါင်း ၁၄၀ မှ အလုပ်သမားပေါင်း သန်း ၅၀- ကိုကိုယ်စားပြုထားသော အလုပ်သမားအဖွဲ့ အစည်းကြီး၏ အရှေ့တောင်အာရှရုံးခွဲ Industrial ALL South East Asia သည် အာရှနိုင်များမှ အလုပ်သမားခ ပိုမိုရရှိရေး။ အလုပ်သမားအာမခံ၊ လုပ်ငန်းခွင်လုံခြုံရေး တို့ အတွက် တမ္ဘာလုံးနင့် ကွန်ယက်ဖြန် လှုပ်ရှားနေပါပြီ ။

မြန်မာနိုင်ငံတွင်လည်း အလုပ်သမားဆန္ဒပြမှုများ အတောမသတ်နိုင်အောင် ပေါ်နေပါသည်။ မြန်မာနို်င်ငံမှာ နိုင်ငံတာဈေးနုံးနင့် လျှပ်စစ်မီးမရနိုင်သည့်အတွက် လုပ်ငန်းရှင်များမှ ကိုယ်ပိုင်မီးစက် ၊ ဒီဇယ်နင့်လည်ပတ်နေရသဖြင့် ကမ္ဘာ့ဈေးကွက်ကို မယှဉ်နိင်ဖြစ်နေပါသည် ။ ပိုဆိုးသည်က မြေးဈေးနုံးကြီးမြင့်မှုက လုပ်ငန်းရှင်များကို နိုင်ငံတကာဈေးကွက်တွင်မယှဉ်နို်င်အောင် အဟန့် အတားဖြစ်နေပါသည် ။ ထိုထက်ပိုသည်က အစိုးရ၏ ရုံးလုပ်ထုံး လုပ်နည်းများခြင်းက လတ်ပေးလတ်ယူမှု သို့ တွန်းပို့ နေသည်က ဗူးလေးရာ ဖရုံဆင့် ပိုဝန်ပိနေရပါသည် ။

များမကြာမှီတွင် ၂၀၁၈ နစ်တွင် မြန်မာနိုင်ငံသည် အာဆီယံလွတ်လပ်စွာကုန်သွယ်မှု အရ အခွန်အကောက်ကင်းလွတ်ခွင့် ဖွင့်ပေးလာရလျင် မြန်မာနိုင်ငံလုပ်ငန်းရှင်များမှာ အာဆီယံနိုင်ငံများမှုလုပ်ငန်းများ၏ အလဲထိုးခြင်း သာမဟုတ်တော့ဘဲ ဇီဝိန်ချုပ်ထိုးသတ်မှု ကိုခံရဖို့ သေခြာနေပါပြီ ။ အထုူးသဖြင့် ယခုအချိန်မှ စတင်ပြီး နိုင်ငံတကာဘဏ်ကြီးများကို လွတ်လပ်စွာဖွင့်မပေးလျင် မြန်မာလုပ်ငန်းများ ပိုပြီးအထိနာ ၊ မြန်မြန်ကျဆုံးသွားရန်တွန်းပို့ နေရာ ရောက်နေပါသည် ။

နိုင်ငံတော်သည် ပြည်တွင်းဘဏ်များကို အကာအကွယ်ပေးရန် နိုင်ငံခြားဘဏ်များကို ဖွင့်ခွင့်မပေးခြင်းသည် ( ထောင်မြင်- ရာစွန့်  ) ဦးဏှောက် မရှိခြင်းကိုပြနေပါသည် ။ ဘဏ်တွေရှင်သန်ဖို့  လုပ်ငန်းရှင်များကို သင်းကွပ်ခြင်းသည် အလွန်အမြင်တိမ်လွန်းနေပါသည် ။ ပြည်တွင်းလုပ်ငန်းရှင်များ သေသွားချိန်မှာ မြန်မာဘဏ်တွေလည်း တနွှယ်၎င် တစင်ပါ ပြုတ်ကုန်ပါမည် ။ မည်သည့် နိုင်ငံခြားလုပ်ငန်းကမျှ မြန်မာဘဏ်တွေကို အားပေးကြမည်မဟုတ်ပါ ။

မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်များကို နိုင်ငံတော်အစိုးရသည် မြေဈေးနုံးချပေးခြင်းဖြင့် ပံ့ပိုးသင့်ပါသည်။ ယခုအခါ လှိုင်သာယာ၊ ရွှေပြည်သာ ၊ ရွှေလင်ပန်း စသော စက်မှုဇုံများမှာ ယခင်အစိုးရလက်ထက်က အာဏာရှိသူများနင့် အဆက်အသွယ် ရှိသူများဦးထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော စက်မှုအကွက်များမှာ လုပ်ငန်းလည်ပတ်နေသော မြေကွက်များထက်ပင် ပိုများနေပါသည်။

နိုင်ငံတော်မှ လုပ်ငန်းလုပ်ဆောင်ခြင်း မရှိသောမြေကွက်များကို ပြည်သူပိုင်ပြန်သိမ်းမည် ဟု ၂၀၁၂ - ကကြေငြာခဲ့သော်လည်း ခွေးရိုက်ချင် ခွေးရှင်မျက်နာထောက် ဆိုသလို လေသံ တိတ်သွားရတာကိုကြည့်လျင် ထိုမြေကွက်များကို သမ္မတကြီးထက် ပိုမိုသြဇာရှိသူတွေ ပိုင်ထားကြောင်း ပေါ်လွင်နေပါသည်။

ယခုနိုင်ငံတော်သည် အာရှနိုင်ငံအများစုတွင် လုပ်အားခ တရိပ်ရိပ်က်နေတာကို အခွင့်ကောင်းယူမည်ဆိုလျင် ကျနော်ယခင်အပတ်က တင်ပြခဲ့သော ကြည့်မြင်တိုင် တဖက်ကမ်းကို မြို့ တော်အသစ်တိုးချဲ့ လိုက်ပြီး ထိုဖက်ကမ်း သို့ မဟုတ် ဒလ ဖက်ကမ်းတွင် ဧရာမ စက်မှုမြို့ တော်ကြီး သို့မဟုတ် စက်မှုဇုံကြီးများ တည်ဆောက်ပေးပြီး ပြည်ပလုပ်ငန်းရှင်များကို မြေကွက်အခမဲ့ နီးနီးပေးနိုင်မည်၊ စက်မှုဇုံအနီးမှာပင် အလုပ်သမားမြို့ တော်များ တည်ဆောက်ပြီး အလုပ်သမားအိမ်ယာများကို အိမ်လခ ဈေးချိုချိုဖြင့် ငှားရမ်းပေးထားမည်၊ ဈေး၊ ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ အခမဲ့နီးပါ မြေပေးထားလျင် မြန်မာနိုင်ငသည် အလုပ်သမားခ ဈေးအချိုဆုံး နိုင်ငံဖြစ်လာပါမည်။

အလုပ်သမားများလည်း အိမ်မှ အလုပ်လာရချိန်တိုတောင်းသွားခြင်း ၊ သွားလာစရိတ်ပျောက်သွားခြင်း ၊ အလုပ်မှာ စွမ်းအင်အပြည့် လုပ်နိုင်လာခြင်း၊ အိမ်လခ ကုန်ကျစားရိတ် နည်းသွားခြင်းတို့ အပြင် ၊ အလုပ်အသွားအပြန်ချိန် မရှိတော့သည့်အတွက် အချိန်ပို များများဆင်းနိုင်လာပါမည်။

တဖန် အလုပ်ရုံနင့် ဆိပ်ကမ်းတို့ နီးကပ်စွာထားရှိခြင်းကြောင့် စက်ရုံမှ ထွက်ကုန်များကို ကွန်တိန်နာကားနင့် ခရီးဝေး သယ်ဆောင်ရခြင်း မရှိသည့်အတွက် အချိန်ကုန် ။ လုပ်အားအပိုကုန်မှုသက်သာလာသည့်အတွက် ကမ္ဘာကို အားသားချက်များစွာဖြင့် ယှဉ်ပြိုင်လာနိုင်ပါမည်။ ထိုသို့ အလုပ်သမားများ၏ ကုန်ကျစားရိတ်ကို လျော့ချပေးထားနိုင်လျင် အခြားနိုင်ငံများနည်းတူ အလုပ်သမားခ တိုးတောင်သည့် ဆန္ဒပြပွဲများကို မဖြစ်လာအောင် လုပ်ထားပေးနိုင်လျင် ၊ အလုပ်သမားဆန္ဒပြမှု ကင်းလာပါမည်။

ကမ္ဘာ့နာမည်ကျော်လုပ်ငန်းကြီးများ မြန်မာနိုင်ငံကို ပိုမိုပြောင်းရွှေ့ လာကြပါမည် ။ ဒါကတော့ ဖေါ်မြူလာသဘော အတတ်ပြောနိုင်ပါသည် ။

အစိုးရကသာအမြင်ကြီးလျင် WE HAVE THE CIRCUMSTANCES....The thing is if the government sees the opportunities and creates the favourable circumstances. ကျုပ်တို့ မှာ အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့  အခွင့်အလမ်းတွေရှိနေတယ် ။ အစိုးရ၏ အမြင်နင့် လူထု နင့် တိုင်းပြည်အပေါ်ထားသော စေတနာ အပေါ်မူတည်နေပါတယ် ။

မနေ့ က ဖတ်ရှုရသော သစ်ထူးလွင်သတင်းအရ မြန်မာနိုင်ငံမှာ လူငယ် ၆၀-% အလုပ်လက်မဲ့ဖြစ်နေသည်ကို နိုင်ငံတော်ကို တင်ပြထားကြောင်းဖတ်ရပါသည် ။ ထိုအလုပ်လက်မဲ့ နုံးသည် နိုင်ငံရေးမတည်ငြိမ်မှုကို အချိန်မရွေး ပေါက်ကွဲစေနိုင်ပါသည် ။

တနေ့ က ကျနော်ရေးသလို Desperate diseases need Desperate Cure....နိုင်ငံတော်၏လက်ရှိအစိုးရသည် န.အ.ဖ အစိုးရမှ ပြနာပေါင်းများစွာကို ဆက်ခံနေရပြီး ၊ ယခင်အစိုးရလို လူထုကို ပါးစပ်ပိတ်၊ မျက်စေ့ပိတ်၊ နားပိတ်ခွင့်မရှိတော့ ယခင်အစိုးရလက်ထက်က ပြဿနာပေါင်းသောင်းခြောက်ထောင် ဆယ်ခုမက တပြိုင်ထည်းထွက်လာတော့ ပြဿနာပေါင်း သိန်းခြောက်သောင်း ကိုရင်ဆိုင်ဖြေရှင်းနေရပါသည် ။

ကျနော်ရေးတာ တနေ့ ကပြောသလိုပါဘဲ တထွာတမိုက်ဥာဏ်လေးနင့်ရေးနေရတာပါ။ အချက်အလက် ပြည့်ပြည့်စုံစုံရှိကြသော ဘာညာ(ကုန်သည်ကြီးများ ၊ စက်မှုလုပ်ငန်းရှင်ကြီးများ ) စသည်တို့ မှ အနောက်နိင်ငံကြီးများမှ ပါရဂူဘွဲ့ ရ ပညာရှင်ကြီးများ၊ နိုင်ငံတော်သမ္မတကြီး၏ အကြံပေးပညာရှင်ကြီးများမှ ရေးသာကြလျင် ပိုမိုပြည့်စုံ ပိုမိုတိကျပါမည်။ နိုင်ငံတော်အာဏာပိုင်များမှလည်း ပိုမိုအလေးထားကြပါမည်။ ကျနော်ရေးသလို ထော်လော်ကန့် လန့် လည်းရှိမည်မဟုတ်တော့ အာဏာပိုင်များအတွက် နားဝင်ချိုနိုင်ပါမည်။

သူတို့ တွေကမရေးတော့ ကျနော် သူပုန်ဟောင်းက ရေးတော့ ယခင်ရေးဖူးသလို (စာရေးဆရာ မောင်သော်က) တီထွင်ပြောခဲ့သော ဟာသလိုဖြစ်နေမှာလည်းပူရသေး၏ ။ သူတောင်းစားပေးတဲ့အကြံဥာဏ် ဘယ်လောက်ကောင်းကောင်း ( x )မှ မယူဘူး ဖြစ်နေမှာလည်း စိုးရ၏။

မြန်မာလူငယ်လေးများ အလုပ်အကိုင် အခွင့်အလန်းများ ပေါ်ပေါက်ရေးအတွက် ရည်စူးပြီး အမုန်းခံရေးလိုက်ရပါသည်။

အားလုံးကို လေးစားလျက်

လှိုင်မြင့်

မနက်ဖြန်ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ Tokyo U-12 လက်ရွေးစဉ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကစားမယ့် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ..


မနက်ဖြန်ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ Tokyo U-12 လက်ရွေးစဉ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကစားမယ့် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ..

မနက်ဖြန်သြဂုတ်လ (၂၈)ရက်နေ့ တိုကျိုမှာကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ တိုကျိုလက်ရွေးစင် အသင်းရဲ့ ကျောနံပါတ် (၂၂) ဂိုးသမား အဖြစ် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရမှာ ပါဝင်ကစားခွင့် ရမှာ ဖြစ်ပါတယ်..။
..နှစ်စဉ် နိုင်ငံတကာက အသင်းကြီးတွေ ဖြစ်တဲ့ ဘာစီလိုနား၊ အေစီမီလန် စတဲ့ အသင်းကြီးတွေနဲ့ အတူ ဂျပန်နိုင်ငံနာမည်ကြီး ကလပ် အသင်းများ အပါအဝင် အသင်းပေါင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

... ပြီးခဲ့တဲ့ သြဂုတ်လ(၂၀)ရက်နေ့က ကျင်းပတဲ့ Japan Nationwide Grass Soccer Tournament ဂျပန်နိုင်ငံတဝှမ်း လူငယ်ဘောလုံး ပြိုင်ပွဲမှာလည်း မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo Buddy Club အသင်းဟာ ပြိုင်ပွဲဝင် အသင်းများကို အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သလို နာမည်ကျော် Asahi Shinbun သတင်းစာမှာလည်း တဘက်ဘောလုံးအသင်းမှ တိုက်စစ်ဆင် သွင်းယူတဲ့ ဂိုးကို မောင်ကောင်းဇံမရ မှကာကွယ်လိုက်ပြီး တလုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း ဖော်ပြပါရှိပါတယ်..။

...ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့ပါဝင်သည့် တိုကျိုလက်ရွေးစဉ် အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။

...ဒီမိုဝေယံ

မနက်ဖြန် ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲကို သွားရောက် အားပေးလိုလျှင်တော့ Shinjuku ဘူတာမှ Keiōsenနဲ့ ၁၈မိနစ်ခန့်စီးပြီး Tobitakyū-ekiမှ ၅မိနစ်ခန့် လမ်းလျှောက်ရပါမယ်။ Verdy ground Stadium Tokyo Verdy Club House Main Gate ကနေဝင်ရောက်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်..။

မနက်ဖြန်
(၂၈)ရက်နေ့ နေ့လည် ၁၂း၀၀မှာ Yokohama F.Marinos အသင်းနဲ့ Tokyo U-12 အသင်း၊
(၂၉)ရက်နေ့ နေ့လည် ၁၄းဝဝမှာ Rysol အသင်းနဲ့ Tokyo U-12 အသင်း၊ တို့ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်..။

ဆက်သွယ်ရန်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် (မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available)

သမိုင်းအမွေ အနှစ်ကို သမိုင်း အမွေ အနှစ်လို့ပဲ မြင်ကြပါ...

သမိုင်းအမွေ အနှစ်ကို သမိုင်း အမွေ အနှစ်လို့ပဲ မြင်ကြပါ..

...ခေါင်းလောင်း ပေါ်တာ မပေါ်တာ ဆယ်တာ မဆယ်တာ ဝိဇ္ဇာတွေ သိပ္ပံတွေ မပြောလို ပေမယ့်
အသည်းယား နေတာ တခုက အကယ်၍များ ခေါင်းလောင်းပေါ်လာလို့
တို့မြန်မာတွေ ခေါင်းလောင်းကို လက်အုပ်ချီ ထိုင်ကန်တော့နေတဲ့ မြင်ကွင်း တွေ နိုင်ငံတကာ ရုပ်သံ သတင်း မျက်နှာဖုံးတွေမှာ ပါလာရင်တော့ အားလုံးဂွမ်းပြီပဲ။

နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ပါလာခဲ့ရင်တော့ တို့လူမျိုးတွေ ခေါင်းလောင်းတောင် မချန် ကန်တော့နေတယ် ဆိုတဲ့မြင်ကွင်းတွေကို ကြည့်ပြီး ဘာသာတရားတွေ မပေါ်ခင်က နေတွေ၊ လတွေ၊ တောတွေ၊ တောင်တွေ မြစ်တွေကို ကိုးကွယ်နေကြတဲ့ ကျောက်ခေတ် သံခေတ်ကလူတွေနဲ့ အနှိုင်းမခံနိုင်သလို ထေရဝါဒ ဗုဒ္ဓဘာသာ တိုင်းပြည် ဆိုတာ ဒါလားဆိုတဲ့ အဖြစ်မျိုးတော့ အဖြစ်မခံလိုပါ..။


သမိုင်းအမွေ အနှစ်ကို သမိုင်း အမွေ အနှစ်လို့ပဲ မြင်ကြပါ။

သဒ္ဓါကြည်ညိုလွန်းတဲ့ မြန်မာလူမျိုးတွေ အတွက် မြင်မိတာလေးပါ။
ဒီမိုဝေယံ

မန္တလေး ဘုရားကြီးက ကမ်ပူးချား(ကဗ္ဘောဒီးယား) ဘီလူးရုပ်များအပေါ် ကျနော့်၏ အမြင်.. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မန္တလေး ဘုရားကြီးက ကမ်ပူးချား(ကဗ္ဘောဒီးယား)က ဘီလူးရုပ်များအပေါ် ကျနော့်၏ အမြင်..
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ယနေ့ မန္တလေး မဟာမုဏိဘုရားကြီးမှာ ရှိသည့်ကမ်ပူးချား(ကဗ္ဘောဒီးယား)က ဘီလူးရုပ်ကြီးတွေကို ကျနော် စိတ်ထဲမှာ မသန့်ဘူး။ ငယ်ငယ်ကတော့ ဘီလူးရုပ်မို့  မသတီဘူး။ နဲနဲကြီးလာတော့ ဒါဟာ တိုက်ခိုက်လုယူလာတဲ့ ပစ္စည်း၊ အဒိန္နာဒါနကံ မြောက်တယ်လို့ မြင်လာပြန်တယ်။

ဒီဘီလူးရုပ်တွေကို ယိုးဒယားက ကမ်ပူးချား(ကဗ္ဘောဒီးယား)က ကိုနိုင်ပြီး ကမ်ပူးချားကနေ လုယူလာတာပါ။ တခါ ယိုးဒယားကနေ ဘုရင့်နောင်မင်းတရားကြီးက 1563 /4 အယုဒ္ဓယမြို့ ကို အောင်နိုင်တုံးက ယူဆောင်ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးက မူလက ယိုးဒယားဘုရင်မှာ ဆင်ဖြူတော် ၇ ကောင်ရှိတာကို ဆင်ဖြူးတော် တစ်ကောင် မိတ်ဆွေအနေနင့် လက်ဆောင်ပေးရန် သံတမန်တွေ လက်ဆောင်ပဏ္ဍာတွေနင့် ပန်ကြားပါတယ်။ ယိုးဒယားက မွန်ဘုရင်ကို တစ်ကောင်လက်ဆောင်ပေးဖူးထားတော့ တောင်းကြည့်ပါတယ် ။ ယိုးဒယားဘုရင်က မချေမငံ ပြန်ပြောလိုက်တော့ ဆင်ဖြူတော်ကိစ္စက စစ်ချီရန်မှတပါး မရှိတော့ပြီ။

တကယ်တော့ အယုဒ္ဓယမြို့ ကိုမတိုက်လိုက်ရပါ။ ဘုရင့်နောင်၏စစ်အင်အားကိုကြည့်ပြီး လက်နက်ချကြရပါတယ်။ ပဲခူးကို ထိုဘီလူးရုပ်တွေရောက်အပြီး၊ ၃၅ နစ်အကြာမှာ ပဲခူးနန်းတော်ကြီး ကျဆုံးကာ မီးတင်ရှို့ တာခံလိုက်ရပါတယ်။ ရခိုင်တပ်တွေက ရခိုင်ဘက်ဆက် ပင့်ဆောင်သွားပါတယ်။

1984 သင်္ကြန်အကြိုနေ့  မန္တလေး ဦးကျားကြီးဝင်းမီးလောင်တော့ သတိထားမိလာတယ်။ ရခိုင်ကနေ ဒီဘီလူးတွေ ပင့်လာာတာ နစ်ပေါင်း ၂၀၀- တိတိမှာ မီးလောင်တာဘဲလို့ ပြန်စဉ်းစားတော့ နှစ်ပေါင်း ၁၀၀- တိတိပြည့် 1885 December မြန်မာထိးနန်း ပြုတ်သွားတာ ကိုပြန်စဉ်းစားလာမိတယ်။ ....1784 December ဘိုးတော်ဘုရား လက်ထက်မှာ အိမ်ရှေ့ စံမင်းသားက ရခိုင်ကို တက်သိမ်းလိုက်တယ်။ ဟံသာဝတီပဲခူးက ဒီဘီလူးရုပ်တွေ ရခိုင်ကို ရောက်လာပြီး နှစ်ပေါင်း ၁၈၄ နစ်အကြာမှာ ရခိုင်ထီးနန်း မျိုးဆက်ပြုတ်သွားပါတယ်။ ..

ဒီဘီလူးရုပ်တွေ ပင့်လာအပြီး မကြာမှီမှာတင် အိမ်ရှေ့စံမင်းသား ကွယ်လွန်ပါတယ်။ ဘီလူးရုပ်တွေ အမရပူရရောက်တော့ ၁၇၈၅။ မြန်မာထီးနန်းဆက်ပြတ်သွားတာ က ၁၈၈၅။ နှစ်တစ်ရာတိတိ။ ၁၉၈၄ မီးကြီး ၁၀၀ -ဘဲတွက်ပါ။ ထိုမီးကြီးလောင်အပြီး အင်မတန် အမျှော်အမြင်ကြီးရှာတဲ့  ဗိုလ်ထွန်းကြည်က မြို့ လယ်ခေါင်ကအိမ်တွေ ခေတ်မှီတိုက်ကြီးတွေ မဆောက်နိုင်ရင် သိမ်ဟမယ်ကြီမ်း ခြိမ်းချောက်တော့ မန္တလေးမြို့ရဲ့  အဓိကနေရာတွေကို တရုတ်တွေ ပေါချောင်ကောင်းဈေးနဲ့  သိမ်းပိုက်လိုက်ပါတော့တယ်။

..ယနေ့ ဆိုမန္တလေးကို ဗဟိုပြုပြီး တရုတ်ပြည်မကြီးက မြန်မာကို ခြိမ်းခြောက်နိုင်သည့်အနေအထားကို တစတစ ရောက်လာနေပါပြီ။ .ယူကရိန်းမှာ ရုရှားက ဝင်စွက်ဖက်သလို တရက်မှာ တရုတ်က မိမိလူမျိုးတွေကို ကာကွယ်ဖို့  စကားပြောလာပါတော့မယ်။ .

.ဒီအတွက် အဒိန္နာဒါနကံ လဲမြောက်နေတယ်။ သူတို့ ရောက်လေရာ မြို့ တော်တွေ ပျက်စီးကြစေတဲ့ ဒီဘီလူးရုပ်တွေကို မူလပိုင်ရှင် ကမ်ပူးချားကို ပြန်လည်ပေးသင့်တယ်လို့  ကျနော်တစ်ဦးထည်း ပုဂ္ဂုလိက အမြင်ကိုတင်ပြလိုက်ပါတယ်။ မန္တလေးသူ မန္တလေးသားတွေ အများစု ဆန္ဒဘယ်လို ရှိမယ်တော့မသိပါ။ ကျနော်ကတော့ အာ့ဒိနဒါနံ လည်းမြောက်နေတယ်။ သူတို့ ရောက်လေရာ ဒုက္ခတွေ ကြုံနေရတယ်။ ဒါတွေရှိနေလို့ ဘာမှ သိပ်အကျိုးမရှိလှပါ။ ယခု ထီးနန်းက ပျောက်စရာ မရှိတော့ လူမျိုးဘဲ ပျောက်စရာအထိ ဖြစ်လာလေမည်လား။

မြန်မာအားလုံနင့် ဆို်ငသော ကိစ္စမို့  အားလုံး လေးလေးနက်နက် စဉ်းစားပေးကြပါခင်ဗျာ။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးက ဘုရားသာသနာတ်ေရဲ့  အထွဋ်အမြတ်နေရာ မဟာမုဏီရုပ်ပွားတော်ကြီး ပုရဝဏ်မျာ ခိုးရာပါပစ္စည်းတွေ ထားတာ (လုယက်ယူထားသော) ဟာ သာသနာတော်နဲ့ ဆန့် ကျင်နေပါတယ် ။

အားလုံး စဉ်းစားပေးကြပါဦးခင်ဗျာ။ အထူ အထူး ရွှေမန်းသားများ စဉ်းစား သုံးသပ်ပေးကြပါဦးခင်ဗျာ။

အားလုံးကို လေးစားလျက်
လှိုင်မြင့်

ကလေးပြုစုပျိုးထောင်ရေး ( အပိုင်း-၃) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကလေးပြုစုပျိုးထောင်ရေး ( အပိုင်း-၃)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကလေးတစ်ယောက်ကိုပြုစုရာမှာ ကလေး၏စိတ်ကျန်းမာရေးနင့် ကလေး၏သဘာဝကို နဲနဲပါးပါး တီးခေါက်ထားမိရန် လိုပါသည်။ ဆစ်ဒနီကလေးသင်တန်းတွင် ကလေး ငိုသံအမျိုးမျိုးကို တိတ်ခွေနှင့်ဖွင့်ပြပြီး သင်ပေးပါသည်။ ထို့ ထက်အဆင့်မြင့် တာကတော့ နေမကောင်းလျှင် ငိုသံအမျိုးမျိုးရှိသေးသည်ဟု အကြမ်း ဖျင်းပြောပြပါသည်။

ကလေး၏စိတ်သဘောနင့် သဘာဝကိုမိခင်က လေ့လာရချိန်ပိုများများရလေ ပိုကောင်းပါ၏ ။ မိခင်ကိုယ်တိုင်လည်း အသိဥာဏ်ရင့်ကျက်ရန်လိုပါသည်။ သဘာဝကြီးက မိခင်ကို စေ့ဆော်မှုတွေကလည်းအပံ့အပိုးရပါသည် ။

ကလေးအများစုတွင် မိဘနင့် ဆရာများကလိုသလိုပြုပြင်လို့ ရနိုင်တာ ၂၀-% သာရှိပြီး ၈၀-% ကတော့မူလဗီဇ အရပုံသွင်းပြီးဖြစ်ပါသည် ဟု ကလေးပညာရှင်များက ဆိုထားပါသည်။ ထိုကျနော်တို့ ပြုပြင်နို်င်သော ၂၀ %ကို
စောစောစီးစီးပြုပြင်ရပါသည်။ ပြုပြင်နိုင်လျင် ဘောနပ်သဘော နောက်ထပ်အနည်းငယ်ကိုယ်ဘက်ပါလာတတ်ပါသည် ။ ကျန်သည်ကမွေးရာ မူလဗီဇအတိုင်း သွားပါသည် ။

ထိုသို့ ပြုပြင်နိုင်ဖို့  ပေါ့ပေါ့လေးတွေးလို့မရပါ။ ကျွန်တော့်သား အဆိုတော်ဘာဘူ၏ဇနီး အဂျီးက ကလေးကို လေ့လာရာတွင် ( observation )တွင်ကျနော်တို့ ထက်သာ၏။ မြေးမလေး စိတ်ကဘယ်လို ၊ ဘာကိုဘယ်လိုတုန်ပြန်တတ်တယ်တွေ လေ့လာထား၏။ ကလေးရဲ့ အကျော ၊ ကလေးသဘောကို သိထားတော့ ဆူငေါက်စရာမလိုဘဲ ကလေးကိုပြုပြင်နိုင်၏ ။ ထိုသို့ ကလေးကို လိုလေသေးမရှိ ပါးနပ်စွာ မြေးမလေးကိုပြုစု စောင့်ရှောက်သည့်အတွက် ကျေးဇူးတင်လို့  ကျနော်နင့် ဇနီးသည်တို့ က အဂျီးကို ကျေးဇူးတင်ဂုဏ်ပြုအနမ်း ကို ၄ - ၅ခါ ပေးဖူး၏။

ကျောင်းထားတော့လည်း Australia မှာနာမည်အကြီးဆုံးကျောင်း Montessori မှာထား၏။ ကျောင်းကိုနေ့ စဉ်လိုက်ပြီး ဆရာမတွေနင့် အိမ်မှာမိဖဘက်ကဘယ်လိုဆက်သင်ရမယ်ဆိုတာတွေ အမြဲဆွေးနွေး၏။ မြေးမလေးလိမ္မာဖို့ သူမ၏အချိန်တွေ အများကြီးရင်းနှီးထား၏။ မြေးမလေးသည် ၄-နစ်အရွယ်ကစလို့ သူ့ ကစားစရာများကိုကိုယ်တိုင်ထုတ် ကစား ၊ ပြီးကစားစရာများကို သူ့ ဘူးနင့်သူပြန်ထဲ့ထား၏။ သူ့ အိမ်သွားကြည့်လျင် လူကြီးတစ်ယောက် သိမ်းထားပေးသလား ထင်ရအောင် သေသေသပ်သပ်သိမ်းထား၏။ ထိုသို့ လိမ္မာဖို့  မိခင်အနေနင့် အဂျီးလို ကျောင်းကိုလိုက် ဆရာမတွေနင့်ဆွေးနွေးတာမျိုး လုပ်ဖို့ အသိလေးရှိဖို့ လိုပါသည်။ အလွန်ထူးခြားသော ရလဒ်ကိုလိုချင်လျင် သူမလိုလုပ်ရပါမည်။ ကျောင်းအပ်ရုံထားနင့်ကတော့ ဈေးချုပ် ( custom made ) ကလေးသာရပါမည်။

မိခင်၏မေတ္တာသည် အလွန်အခါရာကျပါသည်။ ကျနော်အလုပ် လုပ်သောကျောင်းတွင် သုသေသနသဘော၊ လစဉ်လည်း fire drill မီးလန့် လေ့ကျင့်ခဏ်းလုပ်လျင် ရံဖန်ရံခါ ကလေးမိဘတွေရှိနေချိန် လုပ်တတ်၏။ ကလေးသည်အဖေါ်တွေနင့်ကစားနေသော်လည်း မီးဥသြ ဆွဲလိုက်သည်နင့် အမေရှိရာကို မကြည့်ဘဲ ကွေ့ကောက်ရောက်အောင် ပြေးတော့၏ ။ မိခင်၏မေတ္တာသည် မည်မျှကလေး၏စိတ်ကို လုံခြုံမှုပေးနေသည်ကို ပြသခြင်းဖြစ်ပါသည်။

ထိုကြောင့် ကလေးစိတ်ကျန်းမာဖို့ မိခင်က ကလေးနှင့် အချိန်ဘယ်လောက်ပေးသလဲ ၊ မိခင်များ ကိုယ်ကိုစီစစ်ကြပါ။ မုန့် တွေ ၊ အရုပ်တွေဟာ ဆာတုန်း၊ ကစားတုန်းသာ ခေတ္တစိတ်ဝင်စားမှုပါ။ မသိစိတ်နင့် မိခင်ကို တမ်းတနေတာကို မိခင်တိုင်း သိထားသင့်ပါသည်။ ငွေနင့် မေတ္တာကိုဝယ်မရနိုင်ပါ၊ စိတ်လုံခြုံမှုကို ငွေနင့်အပြည့်မဖြည့်စည်းနိုင်ပါ။ ဗွီဒီယိုအခွေနင့် အချိန်ပြည့် ပစ်ထားခြင်းသည်မကောင်းသော အုပ်ချုပ်မှုဖြစ်၏ ။

မိခင်သည် ကလေးငယ်စဉ်ဘဝတွင် အရုပ်ထုလုပ်သလို ပုံကြမ်းလောင်းသူဖြစ်၏။ မိခင်လောင်းသောပုံကြမ်းက အချိန်တိုလေးနင့် မြန်ကောင်းသက်သာလုပ်လျင် ပေါချောင်ကောင်း ပုံကြမ်းသာရပါမည်။ ရုပ်တုလုပ်လျင် ပုံကြမ်းမကောင်းလျင် အချောကကောင်းလာစရာမရှိပါ ။ ဆရာတွေနင့်ပတ်ဝန်းကျင်က ပုံအချော ထုဆစ်သူတွေဖြစ်ပါသည်။ ပုံကြမ်းကောင်းလျင် ပုံချောလှပါမည်။

မိခင်သည် ကလေး၏ စိတ်စွမ်းအားမှီတင်းရာ ဌာနဖြစ်ပါသည်။ အဖေလည်း အထိုက်အလျောက်ပါပေမည့် ကလေး၏မသိစိတ်တွင် မိခင်သည် အဓိကနေရာမှာရှိနေပါသည်။ မြေးမလေးသည် အဖေါ်အနေနှင့် အဖိုးကိုအချစ်ဆုံး။ အလည်ထွက်လျင် အဖိုးလက်ကိုကိုင်၏။ အခြားမည်သူမှ လက်ပေးလို့ မရ။ သို့ သော်သူ အနာတရဖြစ်လျင် မိခင်ဆီသာပြေး၏။ အဖိုးလည်းမရတော့။
ကလေးစိတ်တွေက အလွန်နုးညံ့တာကိုလည်း ထဲ့စဉ်းစားထားရပါမည် ။

အချုပ်အနေနင့် every child is unique and there is no dry cut formula in child care. မိခင်သည် မူလ ပန်းပုဆရာမည်၏။ မိမိပန်းပုလေးကို ကိုယ်တိုင်ထုဆစ်တာလား ၊ ပညာမတတ်တဲ့ ကလေးထိန်းကို မိမိကိုယ်စားထု တစ်လ လခနည်းနည်းလေးပေးပြီး ဆစ်ခိုင်းထားတာလား.... ဈေးကြီးကြီးပေးကာ သင်ကြားတတ်သော ကလေးဆရာမနင့် ထုဆစ်ခိုင်းတာလား..။.

နောက်အပတ်မှာ ကလေးထိန်းကျောင်းမှာ ( ၂-၄ နစ် ) အခန်းမှာ လက်တွေ့ လေးတွေနင့် ( ၄- ၆ နစ် )အခန်းသင်ကြားမှုလေးတွေ တင်ပြပါမည်။

စိတ်ဓါတ်ခွန်အားပြည့်ဝသော အနာဂါတ်ခေါင်းဆောင်လေးများ ပြုစုပျိုးထောင်နိုင်ကြပါစေလို့  ..

အာလုံးကို လေးစားလျှက်
လှိုင်မြင့်

ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁) ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2013/06/blog-post_6644.html

ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၂) ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2014/08/blog-post_8.html

ဒေါက်တာလှိုင်မြင့် ဆောင်ပါးများ ပြန်ဖတ်လိုလျှင်..
http://www.demowaiyan.org/search/label/ဒေါက်တာလှိုင်မြင့်%20ဆောင်းပါးများ

ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၂)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကလေးတွေကို မနက်ခင်း မိဘတွေလာအပ်ချိန်ဟာ အရေးကြီးပါတယ်။
တချို့ ကလေးတွေက မနက်ခင်းမှာငိုလိုက်တာ တခါတရံ တမနက်လုံး ငိုနေတတ်ပါတယ်။ ကလေးတစ်ယောက်ငိုနေလျှင်ကျန်ဆရာမတွေ အလုပ်ပိုရပါတယ်။ အဆင်မသင့်လို့  တအားလွန်လွန်မင်းမင်း ငိုနေလျှင် မိဘကို ဖုံးဆက်ခေါ်ရပါတယ်။ မိဘကလဲ တချိန်လုံး ဖုံးဆက်မေးနေတတ်ပါတယ်။ ဖုံးဆက်မေးလျှင် လိမ်ပြောခွင့်လုံးဝမရှိပါ။

တချို့ မိဘက ပိုသေးတယ်။ သူသမီိးမငိုဘူးပြောတာကို ကလေးကို နာမည်ခေါ်ကြည့်ပါ လုပ်လာရင်ပြသနာ။ ကလေးကငိုနေတုံး။ သူကလဲ သူ့ ကလေးက နာမည်ခေါ်ရင် ရီတတ်တယ် ထူးတတ်တယ် ဆိုပြီးအသံနဲ့  စစ်ဆေးတတ်သူက ရှိသေးတယ်။ Check လုပ်တတ်သူဆို သတိထားရတယ်။
ကြွားတယ်မပြောကြပါနဲ့ ဦး။ ကလေး ၁ဝ-ယောက်လာရင် ၃ ယောက်လောက်က သူဟာသူနေတယ်။ ၇-ယောက်လောက်က ဆရာမတွေ ချီချော့ခေါ်ယူရတယ်။ အဲဒီထဲက ၆ ယောက်က ကျနော်ချီမှရတယ်။ တချို့က အမေ ဆီကနေ ခုန်ကူးလာတဲ့အထိ ခင်မင်ကြပါတယ်။
ကလေးတွေကိုဆူတတ်သူ ငေါက်တတ်သူ စိတ်တိုတတ်သူဆို ကလေးက မှတ်ထားပါတယ်။ အဲဒီလိုလူမျိုးနဲ့သာဆို ကလေးကမိဘဆီက ချော့ခေါ်လို့ ကိုမရတော့ပါ။

အဲဒီမှာ ဆိုးတဲ့ကလေးတွေ ပါတတ်တယ်။ သူတို့ ကို နားလည်အောင် ချော့ပြောဖို့ ကလဲငယ်သေး။ ဥပမာ ကလေးတစ်ယောက်ကို ကိုက်တယ်။ ကလေးကကိုက်ပြီးရင် သူဘာလုပ်မိတယ် သိပ်မသိဘူး။ တခါတလေကိုက်တာက စိတ်မဆိုးဘဲ သာသာလေး ကိုက်တတ်တာကရှိသေး။ တချို့ က သူပါးစပ်ရှေ့ ရောက်လာတာအကုန်ကိုက်တတ်တယ်။ လူကြီးလက်မောင်းသူ့ ရှေ့ ရောက်လာတာနဲ့  လှမ်းကိုက်တတ်သူကလဲရှိတယ်။
တဖြေးဖြေးချော့ပြောယူရတယ်။ ကျနော်ကချော့မော့ပြောတဲ့သူ။ ဆရာမတွေက ဆူငေါက်စေချင်တယ်။ ကျနော် ဘယ်တော့မှမငေါက်ဘူး။ ဘာသွားတွေ့ သလဲဆိုတော့ အဲဒီခပ်ဆိုးဆိုးလေးတွေက ကျနော်က ပြောရင်နားထောင်တယ်။ ဆရာမတွေပြောရင် ငြင်းဆန်တယ်။ ပိုရွဲ့ ပြတယ်။
ကလေးနှစ်ဦးဆိုလျှင် အိမ်မှာလဲဆိုးနေတယ်။ အိမ်မှာ နားမထောင်တဲ့အခါ အဖေက အမေဆီကို ဖုံးနဲ့ မက်ဆေ့ရိုက်လိုက်တယ်။ မက်ဆေ့အသံရတာနဲ့  အမေကဖုံးကိုင်ပြီး ဘီလီ(ဆရာလှိုင်မြင့်)ဆီက မက်ဆေ့လာတယ်။ မင်းလိမ္မာရဲ့ လားမေးနေပြီ။ ငါလိမ္မာတယ်ဖြေလိုက်မယ် ဆိုတာလုပ်ရတယ်။ အိပ်ချိန်ဆို် ဘီလ်ီဆီက မက်ဆေ့လာတယ် ဘီလီက အားလုံးမျက်စေ့ပိတ်တဲ့  ပြောရင်သူနားထောင်ပြီ ။ အားလုံးအံ့သြကြရပါတယ်။ ပညာတစ်ခုတိုးခဲ့ပါတယ်။

အဲဒါကိုကျောင်းအုပ်နဲ့  တခြားဆရာမတွေကို ပြောပြတတ်တယ်။ ပြောလိုတာကတော့ ကလေးတွေကို နားလည်မှုပေးလျှင်သူတို့ က အဲဒီလူရဲ့ စကားကို ပိုပြီးနားထောင်တတ်ကြပါတယ် ။ ကလေးကိုရိုက်တာနဲ့  ရလဒ်က တခြားဆီပါ။ နောက်တော့ အဲဒီခပ်ဆိုးဆိုးလေးနှစ်ယောက် လိမ္မာလာပါတယ်။
အဲဒီဆိုးတဲ့ကလေးတွေရဲ့ အကျောကိုလေ့လာရတယ်။ တချို့ ကလေးက တီဗွီထဲက Spider Man Super man, စတာတွေကြိုက်တတ်တယ်။ တချို့ ကအငိုသန်တယ်။ မိဘကလာအပ်ရင် ကျနော်က ကျောင်းဘေးက မိုးမြင့်တိုက်ကြီးတွေကို ကြည့်နေတယ်။ အမေဖြစ်သူကမေးတယ်။ တမင်လုပ်နေတာကို အမေကသိတယ်။ ဘီလီ-ဘာကြည့်နေတာလဲ။ ဟာ မနက်အစောကြီးတုံးက Spidermen ဒီတိုက်ပေါ်ကစောက်ထိုးဆင်းလာတာ ခြေရာတွေကျန်သေးတယ်ပေါ့။ ဟိုကောင် ကျနော့်ဆီခုန်ကူးလာပြီ။ အမေက လစ်ပြီ။

တချို့ ကလေးက အလုပ်ကူလုပ်ချင်သူဆိုရင် ငါကွာ လေမှုတ်စက်ပျက်သွားလို့  မင်းမငိုနဲ့ ။ ငါမင်းအကူအညီလိုနေတယ်။ လာစက်ထားတဲ့ အခန်းသွားပြီးစက်ကို ဖွင့်ကြည့်ရအောင်ပေါ့။ အမေကလစ်ပြီ။ ကျောင်းရဲ့ ပေါ်လစီ (မူဝါဒ) က မိဘတွေဟာ ကလေးတွေကို နုတ်ဆက်ပြီးမှ ပြန်ရတာ။ တချို့ ကလေးက နုတ်ဆက်ဖို့  မဖြစ်နိင်တော့ ၊ မရတော့ မူဝါဒကိုလဲ ဘေးချိတ်တန် ချိတ်ရတာပါဘဲ။
ကလေးတွေကို အော်မှ ငေါက်မှအဟုတ်ထင်နေသူတွေ စမ်းကြည့်ကြပါ။ ကြီးလာလျှင်လည်း သူတို့ ဘဝကို လေးလေးနက်နက် တွေးထားသူလို့ သူတို့ ကမြင်ထားလျှင် စကားလေး ဆယ်မိနစ် ဆယ့်ငါးမိနစ်ပြောဆို သွန်သင်လိုက်တာနဲ့  ဂ-ကွေ့ ပြုပြင်တတ်ကြပါတယ်။ သူတို့ ကိုအော်ငေါက်ကြိမ်းမောင်းထားလျှင် တော်ရုံနားမထောင်ချင်ကြပါဘူး။ သတိထားကြည့်ကြပါ။ ပြောလေ ပိုဆိုးလေးဖြစ်တတ်တယ်။

ဒီကိစ္စက အမျိုးတွေ မိတ်ဆွေမိသားစုတွေကြားမှာ သူတို့ သားသမီးတွေကို ပြောဆိုမရလျှင် ကျနော်ကို ပြောခိုင်းတတ်ကြတာ မကြာခဏပါ ။ ဥပမာ ကျနော့်အမ ညီမ ဆရာဝန်တွေဘဲ။ သားသမီးတွေကလဲ ပညာတတ်တွေ။ တချို့ ကိစ္စလေးတွေမှာမိဘပြောလျှင် နားမထောင်ကြဘူး။ ဒီတော့ ကိုကို (ကျနော်ကို တမျိုးလုံးက ကိုကို ဟုဘဲခေါ်ပါသည်)။ ကိုကိုပြောပေးပါဦး။ ကျနော်ပြောလိုက်တော့လဲ ဂ -ငယ်ကွေ့ ပြင်သွားကြတယ်။ တလောက စင်ကာပူဝင်ရင်း တူတွေနဲ့ ဆုံပြီး မင်းတို့ ကွာ မင်းတို့ မိဘတွေက အရာရှိကြီးတွေ ပြောတာနားမထောင်ကြဘူး။ ငါပြောတော့ လဲနားထောင်တယ်ဆိုတော့ တူတစ်ယောက်က ပါပါကြီးပြောတာက နာခံသာတယ်တဲ့။

တူတစ်ယောက်က အရွှမ်းဖေါက်တတ်တယ်။ ပါပါကြီး ပါပါကြီးဒေါ်လာလိုရင် သားကိုပြော သားနဲနဲဆိုးပေးလိုက်ရင် မေမေက ပါပါကြီးပါးကိုနမ်းပြီး အင်္ကျီင်္အိပ်ထဲ ဒေါ်လာ ၁၅ဝ - ၂ဝဝ ထဲ့ပေးတတ်တာ ကျနော်သိတာပေါ့ ။ လူငယ်တွေသူတို့  ခံစားချက် ဘဝကိုနားလည်ဖို့ အရင်ကြိုးစားမှသာ ကိုယ်ဖြစ်စေလိုတာ ဖြစ်လာပါမည်။

ကျနော့်ကျောင်းမှာ ကလေးတွေကို မနက် ၈.၃ဝ မှာ ပုံပြင်တိုတိုလေး ဖတ်ပြရပါတယ်။ ကလေးစာအုပ်က တမျက်နှာလုံး အရောင်ကွဲပြားတဲ့ ပုံကြီးတွေနဲ့ စာအုပ်။ သိုးကလေးအကြောင်းဆို သိုးသံလေးလုပ်ပြရတယ်။ အဲဒီအချိန်မှာ မာမီ ဒယ်ဒီဆိုတဲ့ စာသားပါလာရင် မပြောရပါဘူး။ တချို့ ကလေးက မာမီဆိုတာကြားလိုက်တာနဲ့  ထငိုတတ်တာကရှိသေး ။ မာသားလို့ ပြော်ရတယ်။
စာဖတ်စဉ် သိုးလေးအကြောင်းဖတ်လျင် သိုးအသံလေးတွေ ကိုယ်ကလဲလုပ်ပြ သူတို့ ကိုလဲ ဆိုခိုင်းပေါ့။ ၅-မိနစ် ၁ဝ- မိနစ်လောက်ဘဲ ဖတ်ရပါတယ်။ ပြီးအရုပ်လေးတွေ ထုတ်ပြ ဇါတ်လမ်းလေးတွေလုပ် သီချင်းလေးတွေဆိုပြ ။ ဒါလဲ ၅ / ၁ဝ မိနစ်ထက်မပိုရပါဘူး။

ပြီးသီချင်းလေးတွေဆိုပေးပါတယ်။ သူတို့ ဆိုတတ်တာ ကြိုက်တတ်တာလေးတွေ ဆိုပြီး တစ်ဦးချင်းနာမည်ခေါ် လက်ဆေးသင်ပေးရပါတယ်။ လက်ဆေးပြီးရင် နံနက်စာကျွေးရပါတယ်။ ကျနော်တို့ ကျောင်းမှာတော့ နွားနို့နဲ့ ပေါင်မုန့်ကို ယို သို့မဟုတ် Vegemite ဆိုတဲ့ အော်ဇီအစာပါ။ အသီးအရွက်ကနေ ထုတ်ထားတဲ့ ငံသောအနစ်ပါ ညိုညိုပါ။ ပုန်းရည်ကြီးငံငံ သဘောပါဘဲ ။ ကလေးတွေကကြိုက်တတ်ကြတယ်။ သူတို့ ဟာသူတို့ စားကြတာများပါတယ်။ ပြီးလျှင် ပန်းသီး လမ္မော်သီး သခွားသီး ခရမ်းချဉ်းသီးတွေ ဆက်ကျွေးပါတယ်။

Cheese ကတော့ တော်တော်လေးကျွေးပါတယ်။ ဆရာ ဆရာမတွေကလဲ ကလေးတွေနဲ့ အတူ ထိုင်စားပြရပါတယ်။ ကျနော်မှာက တစ်ဒုက္ခ။ သူတို့ အစာတွေတစ်ခုကိုမှ ကျနော်မစားတတ်ပါ။ တဲ့လဲမတဲ့ဘူး။ ပန်းသီး သခွားသီးလောက်ဘဲ စားပြရပါတယ်။
ပြီးကလေးတွေကို ကစားကွင်းထဲခေါ်ထုတ်ရတယ်။ သူတို့ ဆီမှာ သဲကစားကွင်း sand pit ကတော့ မပါလို့ မရဘူး။ လေးဘက်သွားစကလေးကနေ ပြေးလွှားနိုင်သူအထိ သဲကွင်းကိုမက်ကြတယ်။ သဲကိုနဲနဲလေး စိုအောင်လုပ်ထားပြီး sand castle, sand moulding အရုပ်ပုံလေးတွေလောင်း ပြရပါတယ်။ ထမင်းချက်တမ်းကစား။ ကျနော်တို့ ကိုယ်တိုင်ကလေးတွေ ပုံစံနဲ့ ဝင်ကစားရပါတယ်။ ထိုင်ကြည့်နေရုံမရဘူး။

သူတို့ နဲ့  သူငယ်ချင်းပုံစံ အတူကစားနေရပါတယ်။ ဘောလုံးပုတ်တမ်း ပြေးတမ်းလိုက်တမ်း တူ့ တူပုန်းတမ်း။ တူရိယာတွေရှိတယ် တီးခတ် မှုတ် သီချင်းဆို အတူတူလုပ်နေရပါတယ်။
ပန်းချီဆွဲတာ play dough ဂျုံမှုန့် နဲ့ လုပ်ထားတဲ့ ရွှံ့ သဘော အရုပ်လုပ်တမ်းကစားတာ အစုံလုပ်ပြကြရပါတယ်။

အဲဒီမှာ ကလေးဗဟိုပြု ပညာရေးကစတယ်။ ကျနော်တို့ ဆီမှာ ကစားစရာတွေကို သီတင်းတပတ်လောက် ထုတ်ပေးတယ်။ အဲဒါလဲနေ့တိုင်း မထပ်စေရဘူး။ တပတ်ပြည့်လျှင် အဲဒီကစားစရာ အစုကို တစ်လ၊ နှစ်လ လောက် ထုပ်ပိုးသိမ်းထားလိုက်ပြီ။ နောက်တစ်ကြိမ်ထပ်ထုတ်ပေးတော့ သူတို့ အတွက် အသစ်လိုဖြစ်နေတော့ စိတ်ဝင်စားမှုပိုကောင်းတယ်။
ကလေးဗဟိုပြုဆိုတာ အဲဒီတပတ်စာထဲက သူတို့ ကြိုက်တာကို သေသေချာချာကြည့်ထားပြီး မှတ်တမ်းရေးထား နောက်နေ့ အတွက် စီမံချက်ကြိုရေးထား ကိုထုတ်ပေးရတာ။ မိုက်ကယ် က ဘယ်လိုကစားနည်းကို စိတ်ဝင်စားတယ်။ ဂျူလီယာ က ဘယ်အရုပ်ကိုမှ ဘယ်လိုကစားတယ်။ နောက်နေ့ မှာ အဲဒီအရုပ်ကို အဝတ်အစား ဝတ်ပေးတဲ့အထိ တိုးတက်လုပ်လာအောင် ဘယ်လိုစီမံထားမယ်။ စီမံချက်ရေး ရေးထားတဲ့အတိုင်း ထုတ်ပေးရတာကို ကလေးဗဟိုပြုပညာရေးပါဘဲ။

အဲဒီလို ကလေးဗဟိုပြုပညာရေးစီမံချက်က ကျနော်တို့ဆီမှာ အသက် ၂ -စ်အောက်ကလေးတွေဆိုလျင် ကလေး ၄ -ယောက်ကို ဆရာမ တစ်ယောက်အချိုး ထားရှိပါတယ်။ အသက် ၂ -နစ်နင့် ၄ နစ်ကြားကို ကလေး ၈ -ယောက်ကိုဆရာမ တစ်ယောက်။ အသက် ၄ နင့် ၆ ကြားကို ကလေး ၁ဝ ယောက်ကို ဆရာမ တစ်ယောက်နုံး သတ်မှတ်ထားပါတယ် ။
အကြီးတန်းကျတော့ သူတို ကြိုက်တာ ရွေးခိုင်းပြီး ချပေးတာ။ မူကြိုတန်းကျတော့ သူတို့ ဘာသာ ကစားချင်ဆာကို ဆရာမကိုတင်ပြပြီး ကိုယ်တိုင်ရွေးထုတ် ကစားရပါတယ်။ ပြီး တစ်ခုကိုသိမ်းပြီမှ နောက်တစ်ခုကိုထုတ်ရပါတယ်။ 

ကစားပြီးရင်နေရာတကျပြန်သိမ်း။ နေရာတကျသိမ်းပြီးမှ နောက်တစ်ခု ပြန်ယူလို့ ရတယ် ။ ကစားစရာကို သူ့ သတ်မှတ်နေရာမှာဘဲ ကစားခွင့်ပေးထားတယ်။
ဥပမာ ရထားတွဲကစားလျှင် တစ်နေရာ။ ထမင်း ဟင်းချက်လျှင် တစ်နေရာ။
၁၁.၃ဝ ထိုးတာနဲ့  နေ့ လည်စာကျွေးပါတယ်။ မကျွေးခင် ၁၅-မိနစ်ခန့်  ပုံပြင်ဖတ်ပြ သီချင်းဆိုပြရပါတယ်။ အဲဒီအချိန်မှာ ဘယ်ကလေးက ပုံပြင်ကို ပြီးတဲ့အချိန်အထိ နားစိုက်ထောင်တယ်။ ဘယ်သူက တဝက်နဲ့  မငြိမ်တော့ဘူးတွေ မှတ်ရပါတယ်။
ပြီးနေ့ လည်စာကျွေးပါတယ်။

နေ့ လည်စာကျွေးပြီးရင် နေ့ခင်းအိပ်ချိန် သိပ်ရပါတယ်။ အဲဒီမှာ ကလေးအကျောမသိရင် အကြာကြီးပုတ်သိပ်နေလဲ မအိပ်သူက မအိပ်ဘူး ။ ကလေး အကျောသိအောင် ကြည့်ထားရင် ခနလေးနဲ့ အိပ်ပါတယ်။ ဆရာမတွေ သိပ်လို့ မရသူတွေကို ကျနော်သိပ်ပေးလျင် ၂ မိနစ်လောက် ၅ မိနစ်ဆိုအိပ်ပြီ။ အဲဒီလိုအိပ်ချိန်ကျတော့ ဆရာမတွေ အကွန် မတက်ရဲဘူး။ ကလေးအကျောဘယ်လို ကြည့်ရမယ်ဆိုတာ ကျနော် သိတာ မမျှခဲ့ဘူး။ မျှလဲ နားထောင်မှာမဟုတ်ဘူး။ ဘဝင်တွေ။
ဆူတတ်ငေါက်တတ် စိတ်တိုတတ်သူဆို တချို့ ကလေးက မယုံစားတော့ တော်တော်နဲ့ မအိပ်ဘူး။ တချို့ ဆို လုံးဝမအိပ်တာ။ ကျနော်က ဘေးကပ်ထိုင်လိုက်တာနဲ့  သူ့ ဟာသူအိပ်သွားကြတာ။ သူတို့ သိပ်လို့ အိပ်လျှင်တောင် ခနနေ နိုးတော့တာ။

စိတ်မချစိတ် မလုံခြုံတဲ့စိတ်က ကလေးဘဝတွေမှာကို ရှိနေပြီ။ တချို့ ဆို အိမ်မှာလဲနေ့ ခင်းဘက် မအိပ်ဘူး။ မိဘသိပ်လဲမအိပ်ဘူး။ တခြားဘယ်သူသိပ်သိပ်မအိပ်ဘူး။ ကျနော်ဘေးက အသာလေးထိုင်ပေးတာနဲ့  အိပ်တယ်။ ကျနော့်ကိုသူတို့ ရဲ့ သူငယ်ချင်းအဖြစ်မြင်ထားတာလေ။ သူတို့ ကိုငေါက်ထားဖူးတာ ရှိလျင် မအိပ်တော့ဘူး။ အိပ်နေချိန်သူတို့ ကိုထားခဲ့ပြီး အပြင်ထွက်သွားဖူးတာမျိုးလဲ စိတ်ကရှိနေတတ်တယ်။
တစ်ခါမှာတော့ တရုတ်မလေး။ ရှစ်လအရွယ်လာအပ်တယ်။ အမေကကျောင်းမှာ တလလောက် အတူတူ နေနေတယ်။ နေ့ လယ်ကလေးသိပ်ခါးနီးတိုင်း ပြန်ခေါ်သွားတယ်။ တလလောက်နေတော့ တစ်နေကုန်အပ်ထားခဲ့ပြီ။ ကလေးက ကျနော့်ကိုကပ်တော့ သူတို့ ကလဲသိနေတော့ ကျနော့်တာဝန်ပေါ့။ 

အိပ်ချိန်ကျတော့ လူပေါ်ဘဲအိပ်တာ။ ချတာနဲ့ နိုးပြီ။ ဒီတော့ အိပ်တာနဲ့  ကုတင်ပေါ်တင် လက်ဖဝါးနစ်ဖက်နဲ့  ကျောနဲ့ ရင်ကို သာသာလေးညှပ်ဖိပေးထားပြီး တဖြေးဖြေးချင်း အသာ လွှတ်ပေးထားတော့ အိပ်သွားတယ်။ သိလိုက်ပြီ။ ဒါနဲ့  ဗွီဒီယို နင့် ဓါတ်ပုံရိုက်ထားလိုက်တယ်။
ခနနေတော့ အမေက ဖုံးဆက်လာတယ်။ သူ့ သမီးအိပ်ပြီလားပေါ့ ။ အိပ်ပြီ ။ ဘယ်မှာသိပ်လဲ။ ကုတင်ပေါ်မှာဆိုတော့ ရှင် တကယ်လားပေါ့ ။ ချက်ချင်းပြေးချလာတယ် ။ ပြီးမှ သူသမီးကမွေးကထည်းက လူကြီးပေါ်မှာဘဲ အိပ်တာ ။ ဒါ ပထမဦးဆုံးအကြိမ် ကုတင်ပေါ်အိပ်တာပါပေါ့ ၊ မယုံနိုင်ဖြစ်နေရှာတယ်။ ကလေးရဲ့ အမေကို ဘယ်လိုသိပ်ရတယ် ရှင်းပြရတာပေါ့။ ကျေးဇူးတင်လွန်းလို့  မျက်ရည်တောင်ကျရှာတယ်။ ပျော်လဲပျော်သွားရှာတယ် ကျေနပ်သွားတယ်။

ဘာပြောကောင်းမလဲ သူစကားဖြန့် တာနဲ့  နောက်ထပ် တရုတ်ကောင်လေးတစ်ယောက် ထပ်ရောက်လာပါသေးတယ်။ ဒီပုံစံပါဘဲ။ အော်မိဘမေတ္တာ တယ်ကြီးမားရှာတာပါဘဲ။
နောက်တခုကတော့ မနာလိုစိတ် Jealousy စိတ်။ အဲဒါကအိမ်မှာ အငယ်ရှိလာပြီးသူ့ ကိုအလေးမထားတော့လျှင် စိတ်ခံစားလာတတ်တာ။ အဲဒါကိုတော့ အငယ်လေးကို သူများက ယူသွားမယ် မင်းစောင့်ပေး။ မင်းမရှိရင် အငယ်လေးကငိုတယ်။ တခါတလေ သူ့ ကိုနို့ တိုက်ခိုင်းတာမျိုး။ အဲဒီလိုပြုပြင်ယူရတယ်။

ဒီကလေးအငယ်ရှိလာလို့ သူ့ ကိုဂရုမစိုက်တာအတွက် စိတ်ဓါတ်ကျတဲ့ သဘောဆန်ဆန်ဖြစ်တာကို ပေါ့ပေါ့ထားလို့ မရဘူး။
သူငယ်ချင်းအချင်းချင်းလဲ မနာလိုတတ်တာရှိရင် ကုပ်တာဖဲ့တာ ကိုက်တာလုပ်တတ်တယ်။ အဲဒါမျိုးကတော့ အကောင်းဆုံးက ပြေးတမ်းလို်က်တမ်းအတူတူ ကစားပေးရင် ဘော်ဒါလိုပြန်ရင်းနှီးသွားပါတယ်။ ကိုက်တတ်သူကို ဒီနည်းက ကိုက်တတ်တဲ့အကျင့်ကို မြန်မြန်ပျောက်စေပါတယ်။ ဒီကိုက်တတ်သူက သူရဲကောင်းပုံစံနဲ့  သူကလိုက်သူကို ရင်ဆိုင်ရဲတယ်။ ဆရာကြီးလုပ်တတ်ပြီး ကိုက်တတ်တာလေး မေ့သွားတတ်တယ်။

ဒီဆိုးတဲ့ စွာတဲ့ကလေးတွေကလဲ ကျနော့်ကိုပိုခင်တွယ် ပိုကပ်တယ်။ ကိုက်လိုက်ပြီဆို ကျနော်မှာ အစီရင်စာခံဖေါင် ဖြည့်ရပြန်ပြီ။ ညနေမိဘကိုလက်မှတ်ထိုးခိုင်း ကျေနပ်အောင်ပြောရ တာဝန်ပိုတယ် ။ ဆရာမတွေက ဘီလီ မင်းကောင် ကိုက်ပြန်ပြီ။ ကုတ်လို်က်ပြန်ပြီ။ ကျနော်ကလဲ ကျနော်ကောင်မဟုတ်ဘူး။ အားလုံးရဲ့ ကလေးပါပေါ့။

အတန်းနဲနဲကြီးလာချိန်မှာ အဲဒီကိုက်တတ်သူတွေကို မိန်းခလေးတွေက ပိုခင်တွယ်တတ်ကြတယ်။ သူတို့က ယောက်ျားစိတ်ပိုရှိတဲ့ပုံ။ ဝိုင်းဝိုင်းလည် ။ သတ္တိလဲပိုရှိတတ်ကြတယ်။
နောက်တခုကတော့ ကျောင်းသင်ရိုးညွှန်းတမ်းမှာ ကလေးငိုသံအမျိုးမျိုးကိုနားလည်ဖို့  သင်ပေးတယ်။ နို့ ဆာရင်ဘယ်လိုအသံ သေးစိုနေရင်ဘယ်လိုအသံ။ စိတ်တိုလျှင် ဘယ်လိုအသံပေါ့။ တခါသင်ထားဘူးရင် သိလာတယ်။

အဲဒီမှာ မသင်ထားတဲ့အသံတွေကို ကျနော်ကသတိထားမိလာတာရှိတယ်။ ကလေးတစ်ယောက်က စငိုစမှာကို အသံကိုဖြဲငိုတတ်တာရှိတယ်။ ဂါး ဂါး အစအသံကိုမြင့်ထားတယ်။ အဲဒီကလေး ဒေါသကြီးမယ်။ ကိုက်မယ် ကျနော်ကြိုပြောနိုင်ပြီ။
တချို့ကလေးက စငိုတာ တိုးတိုးနောက်မှ အသံကျယ်ဆွဲငိုတတ်တယ်။ ငှဲငှဲတိုးတိုးပြီးမှ အား။ တဖြေးဖြေးအသံဆွဲငိုတာ။ အဲဒီကလေး ကြောက်တတ်တယ်။ နဲနဲလဲ ခြောက်တယ် ။
နောက်ကျနော်လေ့လာခဲ့တာပေါ့။ ခုနက အသံအစမှာ ဂါး ဂါးစအော်တတ်သူတွေက ဝှေးစေ့ကြီးတယ်။ လူဆိုးတွေ ။ လူကြီးကိုတောင် ပြန်ကိုက်တတ်တယ်။ စိတ်တိုလာရင်ကော့ထိုးတတ်တယ် ။ မျက်နှမိရင် မျက်နာကုပ်ဆွဲတတ်သူတွေ။

အသံတိုးတိုးနဲ့ စတတ်သူတွေက ဝှေးစေ့ သေးသေးလေးတွေ ။ တစ်ချို့ ဆိုလျှင် ဝှေးစေ့က ရှိတောင်မရှိရှာဘူး။ အပြင်ဗန်းကြည့်လျှင် လူလိမ်မာလေးတွေပေါ့။ ထားသလိုနေတယ် ။ နားထောင်တတ်တယ် ။ ရန်မဖြစ်တတ်ဘူး။ ဟိုကောင်တွေကတော့ ထစ်ဆိုလုပ်ပြီးပြီ။ ရိုက်ပြီးပြီ ။ ကိုက်ပြီးပြီ။ ကျနော်က ကလေးငယ်ငယ်လေးကထဲက ဒီကောင်ကိုက်မဲ့သူ။ ဒီကောင် လိမ္မာမဲ့သူပေါ့။ ကြီးလာတော့ မှန်နေတယ်။ ဆရာမတွေက ရှင်ဘယ်လိုလုပ်ကြိုသိတာလဲပေါ့။ ပြောရခက်နေတယ် ။ အသံကိုတော့ ပြောပြလို့ ရတယ်။ ဝှေးစေ့ကြည့်ထားတာပြောပြရင် ကျနော်ပြသနာတက်မယ်။ မပြောခဲ့ဘူး..
မိမိသားယောက်ျားလေးတွေမှာ ဝှေးစေ့ကို သေသေခြာခြာစစ်ကြည့်ကြပါ။ သံသယရှိလျှင် ဆရာဝန်နဲ့  ကြိုတိုင်ပင်စေချင်ပါတယ်။ ပြောသာပြောရတာ ဆရာဝန်အများစုက ကျနော့်အယူအဆကို လက်ခံကြပါ့မလား။ သင်ရိုးညွှန်းတမ်းစာအုပ်တွေထဲမှာမှ မပါသေးတာ။

ဒါနဲ့  ဆက်စပ်ပေါ့ ။ ကျနော်ရန်ကုန်ပြန်ရောက်စတထည်းက သူငယ်ချင်းဆရာဝန်နှစ်ယောက်က ဘီလီ မင်းအခုယောက်ျားတွေ အသက်နဲနဲရလာရင်ကို သွေးသားကိစ္စအားနည်းနေကြတယ် ။ မင်းအဲဒါကုတတ်ရင် တစ်ယောက် ၂ -သိန်းလဲ လာကြမယ။ ၅-သိန်းလဲလာကြမယ်ပေါ့ ။ အဲဒီကိစ္စ ပြသနာ ကျနော့်အမြင်လေးဆွေးနွေးပါဦးမယ်။ အမြင်ပါ။ (ဆောင်းပါးသီးသန့် ရေးပါမည်)
ကလေးတွေမှာ ငယ်ငယ်လေးကထည်းက မိန်းမလျာစိတ် ရှိနေတတ်တာလေးတွေ အကြောင်းလဲရေးပါဦးမည်။ စောစောသတိထားနိုင်ရင် မိမိသားယောက်ျားလေးတွေ မိန်းမလျာဖြစ်သွားခြင်းမှ ကာကွယ်နိုင်ကောင်း၏ လို့ယူဆမိလို့ ပါ။

အခု ကျနော် ဆစ်ဒနီပြန်ရောက်တော့ ကျနော့်အလုပ်ကိုသွာလည်ခဲ့ပါတယ်။ စိတ်မကောင်းတာက
(၁) ကလေးကစားကွင်းသန့် ရှင်းရေး အလွန်ညံ့နေပါသည်။ ကျနော်လို အပင်ပန်းခံရှင်းမဲ့သူမရှိတော့ ကလေးတွေ အညစ်အကြေးတွေအပေါ် လေးဘက်ထောက် သွားနေတာမြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာမတွေ ကိုယ့်သားသမိးဆို ဒီလိုထားပါ့မလား အတွေးပေါ်လာတော့၏။

(၂) ကျနော့်ဘော်ဒါ ဆရာမတစ်ယောက်က ဘီလီ မင်းမရှိတော့ ဆိုးတဲ့ကလေးတွေ သိပ်မရှိဘူး။ အော် ကျနော်က ဆိုးအောင် ပြန်အာခံရဲအောင်သင်ပေးတာကို ဆိုလိုပါသည်။ ကျနော်က ငယ်ငယ်ကထဲက ပထမဆုံးသင်ပေးတဲ့ စကားက နိုး (NO) ကိုသင်ပေးတာကို ဆရာမတချို့ ကမကြိုက်ကြတာပါ။ ကျနော်က လူမှန်လျင် နိုးပြောရဲရမည် လို့ လက်ခံထားသူ။

( ၃ ) ကလေးတွေ ပျော်ရွှင်ပြီး ကီး ၊ အား ၊ ဟီးဟား အော်သံတွေ တိတ်ဆိတ် နေပါတော့သည်။ ကျနော်ရှိစဉ်က ဆူညံ့နေတတ်လို့  တခြားအခန်းက အသံတွေထိမ်းပေးဖို့  လာပြောတတ်ကြသည်။ အခုငိုသံတွေ လွှမ်းနေပါတော့သည်။ ကျနော်ကလေးကျောင်းမှာ အလုပ်ပြန် မဝင်ဖြစ်တော့ပါ။

ဆက်လက်ဖော်ပြပါမည်.
အားလုံးကိုလေးစားလျှက်
ဒေါက်တာလှိုင်မြင့်
ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁) ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/2013/06/blog-post_6644.html

ယိုးဒယား-ဗမာ..

ယိုးဒယား-ဗမာ

ထိုင်းနိုင်ငံမှာ ယခုရက်ပိုင်း ဖြန့် ချီလိုက်သော (ယိုးဒယား - ဗမာ) စစ်ပွဲသမိုင်းမှတ်တမ်းရုပ်ရှင်ဇါတ်လမ်းကို ကြည့်ဖြစ်ရင်းက ဗဟုသုတ အနေနဲ့ မြန်မာ ယိုးဒယား သမိုင်းကြောင်းလေး အများသိအောင် ဖော်ပြလိုက်ပါတယ်..။

ဘုရင့်နောင်မင်းတရားကြီး (1551 - 1581) လက်ထက်မှာ ယိုးဒယားနိုင်ငံ အယုဒ္ဓယနန်းတော်ကိုအောင်နိုင်ပြီး ယိုးဒယားမင်းသားလေးတပါး ကို ပဲခူးနန်းတော်မှာ ပင့်ဆောင်မွေးထားပြီး သားတော်တပါးကဲ့သို့ ချစ်ခင်စွာပြုစု ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီး လွန်တော့ ထိုယိုးဒယားမင်းသားနဲ့ ဘုရင့်နောင်၏သားတော် နန္ဒဘုရင်တို့  ရန်သူဖြစ်ကာတိုက်ခိုက်ရာက 1600 -ခုနစ်မှာ ဟံသာဝတီ နန်းတော်ကြီးကို ယိုးဒယား ၊ ရခိုင် နင့် သံလျင်ပေါ်တူဂီ (ငဇင်ကာ) တို့ ပူးပေါင်းသိမ်းပိုက်ကာ နန်းတော်ကြီးကို မီးရှီု့ ဖျက်စီးဖြစ်လိုက်ပါသည်။ ဘုရင့်နောင် မင်းတရားကြီးက အယုဒ္ဓယ ကို မဖျက်စီးခဲ့ပါ။

ထိုယိုးဒယားဘုရင် စစ်အောင်နိုင်တာကို ဇါတ်လမ်းရိုက်ထားတာပါ။ ဒီနေရာမှာ (အ-ယုဒ္ဓယ ) အဓိပ္ပါယ်က (ယုဒ္ဓယ = ကျဆုံးခြင်း) ဟုအဓိပ္ပါယ်ရပါတယ်။ အရှေ့ က (အ) ထဲ့လိုက်လျင် မကျဆုံးနိုင်သော မြို့ဟု ယတြာခြေထားသော မြို့ ဖြစ်ပါတယ်။ ပါဋိ စကားဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံမှာလဲ အယုဒ္ဓယ မြို့ တခုရှိပါတယ်။ ယခုဝန်ကြီးချုပ်ဖြစ်လာသူ မိဒီရဲ့ ဇာတိ မြို့ ဖြစ်ပါတယ် ။ 1992 ခုနစ်က ထိုမြို့ မှာ မဂိုလ်မင်းဆက်လက်ထက်က ရှေးခေတ် ဟာနုမာန်နတ်ဘုရားကျောင်း မြေနေရာကိုဖျက်ပြီး ဗလီတည်ဆောက်ထားတာရှိခဲ့လို ဗလီကိုဖျက်ခဲ့လို့  ဟိန္ဒူ နဲ့  မွတ်စလင် အထိဂရုဏ်းကြိးဖြစ်ခဲ့ပါတယ်။

ယခုအချိန်အထိသာအသက်ရှင်လျင် အသက် ၁၂၀ ကျော်မည့် အဖွားတစ်ဦးရဲ့ ပြောပြချက်အရ...မြန်မာဘုရင်တွေက အယုဒ္ဓယ ကို စစ်ချီတိုင်း စစ်သည်တော်တွေကို မေး၏။ ဒို့ ဗမာတွေ ဘယ်ကိုချီတက်ကြမှာလဲ ။ စစ်သည်တော်အားလုံးက ( အ -ယုဒ္ဓယ = မကျဆုံးမြို့ ) ကို နံနိမ်ပြီး ၊ ယတြာချေတဲ့အနေ နင့် (ယုဒ္ဓယ = ကျဆုံးမြို့  ) ဟုသံပြိုင်ဖြေကြရပါသည်။ အ-ယုဒ္ဓယ ဖြေသူကတော့ လျှာအဖြတ်ခံရပါသည်။

ထိုသို့ ခေါ်ဆိုရာမှ ဗမာ (မြန်မာ) တွေက တသက်လုံး ယိုးဒယား လို့ သိလာပါတော့သည်။ ၂၀၀၆- ခုနစ်တွင် ထို အကြောင်းကို ကျနော် အင်တာနက်ပေါ်မှာရေးခဲ့ပါသည်။ ထိုင်းမိတ်ဆွေ သတင်းစာ အယ်ဒီတာ တစ်ဦးကို မေးပို့ ပေးခဲ့မှ သူတို့ က မြန်မာတွေက ဘာလို့ ထိုင်း ကို ယိုးဒယား လို့ ခေါ်တာ နားလည်သွားပါသည်။ ယခုအခါ ထိုင်းအစိုးရက မြန်မာအစိုးရကို နစ်နို်ငငံချစ်ကြည်ရေးနင့် မသင့်လျော်လို့  ယိုးဒယား ဟု မသုံးပါရန် ပန်ကြားခဲ့ပါသည်။

ထိုင်းက ဗမာကို အဲဒီတစ်ကြိမ်သာ မွန်၊ ရခိုင်၊ မဟာမေဒင်၊ ပေါ်တူဂီတွေ အားကိုးနဲ့ နိုင်ဖူးတာ။ မြန်မာက အကြိမ်ကြိမ်နိုင်ခဲ့တာပါ။ သူတို့ က ဗမာစစ်တပ်ကြီး လာတိုက်တာကို ပြန်လှန်နိုင်တာတွေ ဘဲ ဇါတ်လမ်းရေးနေရတာပါ။ 1758 မှာ အလောင်းမင်းတရားကြီး အယုဒ္ဓယမြို့ ကို ဝိုင်းထားစဉ်နေမကောင်းလို့  တပ်ပြန်ဆုပ်ခဲ့ရပါတယ်။ လမ်းခရီး သထုံခရိုင်၊ ဘီးလင်းမြို့ နယ် ကံရွာမှာ ကံကုန်တော်မူပါတယ်။ မင်းတရားကြီး ကံကုန်ကြောင်း တပ်နဲ့ စစ်သည်တွေကို အသိမပေးဘဲ ရန်ကုန်အထိ ပြန်ဆုပ်ပါတယ် ။ ရန်ကုန်ရောက်မှ နေပြည်တော် (ရွှေဘို) ကို အကြောင်းကြားပါတယ်။ အလောင်းကို လျှိုဝှက်သယ်လာရလို့  (အလောင်းမင်းတရား) လို့  အမည်တွင်သွားတာပါ။

သားတော် ဆင်ဖြူရှင်မင်းလက်ထက် ..1767 . March 28 th ညနေ ၆.၃၀ မှာ (ရွှေဘိုသား-ဟေ့ ) သံပြိုင် အော်ပြီး ဗမာစစ်သည်တွေ အယုဒ္ဓယမြို့ ကို ထိုးဖေါက်ဝင်စီးနိုင်လို်က်ပါတယ် ။ အလောင်းမင်းတရားကြီး လက်ထက် ကထည်းက ရန်သူမြို့ ကိုတက်သိမ်းတိုင်း (ရွှေဘိုသား-ဟေ့) အော်ပြီးညာသံပေးလျင် ရန်သူတွေ ဖိန့် ဖိန့်ုတုန်အောင် ကြောက် လက်နက်တွေချ ပြေးတတ်ကြတော့ လက်နက်တွေ အကောင်းအတိုင်းရခဲ့တာ များပါတယ်။- အယုဒ္ဓယမြို့ ကနေ ယနေ့  အမရပုရမြို့ ဟောင်းက ယိုးဒယားဘုရင် ဂူဗိမာန် လုပ်ပေးရတဲ့ ဘုရင်ကို သုံ့ ပန်းအနေနင့်ဖမ်းလာတာပါ။ လက်မှုအနုပညာသည် ၃၆၀၀၀- လဲ ဖမ်းခေါ်လာခဲ့ပါတယ်။ စစ်သည် တစ်ဦးလျင် ရတနာရွှေငွေတွေ များစွာရကြပါတယ် ။

ထိုဖေ့စ်ဘွတ်စာမျက်နှာပ်ါမှာ ထိုအချိန်က အင်္ဂလန်မှာ ကမ္ဘာကျော်ပြဇါတ်ရေးဆရာကြီး William Shake spears ခေတ်ဟု ဖေါ်ညွှန်းထားလို့  ကျနော် တဆက်ထည်း တိုက်ဆိုင်နေတာလေးတွေ ထပ်ဖြည့်စွက်ရေးလိုပါသည်။ ထိုအချိန်နင့် တဆက်ထည်း ထို ရှိတ်စပီးယား နင့်ခေတ်ပြိုင် မြန်မာ့ရာဇဝင်မှာ အထင်ရှားဆုံး စာဆိုတော်က နတ်ရှင်နောင်ရှိခဲ့ပါတယ် ။ နတ်ရှင်နောင်က 1612 - April 17- နစ်ဆန်းတရက်နေ့ မှာ ကံကုန်ပါတယ်။ ရှိတ်စပီးယားက 1616 ..April 23 .သေဆုံးသည့် ရက်ပိုင်းပါ နီးနီးစပ်စပ် တိုက်ဆိုင်ခဲ့ပါတယ်။

တဆက်ထည်း 1628 မှာ အိန္ဒိယမှာ မဂိုလ်ဘုရင်ကြီး Shah Jahan နန်းတက်ခဲ့ပါတယ်။ 1629 -မှာ မြန်မာပြည်မှာ သာလွန်မင်းတရားကြီးနန်းတက်ခဲ့လို့  ခတ်ပြိုင် ဘုရင်မင်းများဖြစ်ခဲ့ပါတယ် ။ တိုက်ဆိုင်စွာ ဘုရင်နစ်ပါးလုံးဟာ နိုင်ငံအသီးသီးမှာ တိုင်းပြည်အငြိမ်းချမ်းဆုံး နင့် အချမ်းသာဆုံးသောခေတ်တို့  ခေတ်ပြိုင်ပေါ်ခဲ့သလို ၊ ပိုပြီးတိုက်ဆိုင်တာက ဘုရင်နှစ်ပါးစလုံးက မိဖုရားအတွက် ဗိမာန်အဖြူကြီးတွေ တည်ဆောက်ခဲ့ကြပါတယ်။

ရှာဂျဟန်ဘုရင်ကြီးက တတိယမိဖုရားကြီး Mum Taj အတွက် င်္သဂျိုင်းဂူဗိမာန် TAJ MAHAL ကိုတည်ဆောက်ခဲ့ပါတယ်။ သာလွန်မင်းတရားကြီးကတော့ တောင်ငူက ရန်သူလက်မကျအောင် ပင့်ဆောင်လာခဲ့တဲ့ သီဟိုဌ်စွယ်တော်ကို ဌာပနာပြီး စူဌာမဏီစေတော်ကြီး (စစ်ကိုင်းကောင်းမှုတော်) ကြီးကိုတည်ခဲ့ပါတယ်။

ဒီစေတီတော်ကြီးနင့် ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကို သတိထားဖို့ လိုပါတယ် ။ ပညာတတ်သူတွေပါပြောတတ်ကြလို့ ပါ။ မိဖုရားကြီးသည် သာသနာတော်ကို အလွန်ကြည်ညိုသူဖြစ်၏။ သီပေါမြို့  ဘော်ကြိုဘုရားက ရုပ်ပွားတော်များကို အုပ်ထားသော ဖန်ပေါင်းချောင်လေးပုံတော် တည်ပေးရန် အကြံပြုပါတယ်။ ဖန်ပေါင်းချောင်ကို တရုတ်ဘုရင် ဥတည်ပွားက လှုဒါန်းထားတော်မူတာပါ။ သာလွန်မင်းတရာကြီးကလည်း စေတီတော်ကြီးတည်ရန် ပညာရှင်တွေကို သီဟိုဌ်ကျွန်းကိုစေလွှတ်ပြီး ပုထိုးတော်ကြီးတွေကို ပုံတူယူစေတော်မူပါသေးတယ် ။

ပါးစပ်ရာဇဝင်တွေက မိဖုရားကြီးက ရင်သားလှန်ပြတယ်ဆိုတာ အင်မတန်ဘုရားတရားကြည်ညိုတော်မူသော မိဖုရားကြီး၏ သီလ ၊ သမာဓိကိုနားမလည်ကြတာပါ။ တဖန် အသက်တော် ၅၀ -ကျော်ထိုခေတ်မြန်မာအမျိုးသမီးကြီးမှာ ရင်သားမှာ ပြားချပ်နေတာလောက်တော့ စဉ်းစားနိုင်ဖို့ လိုပါတယ်။

Singapore ဆိုသည်မှာလည်း Singa = Lion Pura = City.. စင်က ဆိုတာ င်္ခြသေ့ ဖြစ်ပြီး၊ ပူရ ဆိုတာ မြို့  ဟု အဓိပ္ပါယ်ရပါတယ်။ ပါဋိ စကားဘဲ ဖြစ်ပါတယ်။ ထိုနည်းတူ...( အ -မရပူရ ) ဆိုသည်မှာလည်း (မရ) သည် သေဆုံးခြင်းဖြစ်၏။ အရှေ့ ကနေ (အ) ထဲ့လိုက်တော့ ( မသေဆုံးနိုင်သော) နင့် ပူရ က မြို့ ဖြစ်ပါသည်။ တနည်း မကျဆုံးနိုင်သောမြို့  ဖြစ်ပါသည် ။ ထိုနည်းတူ (မဏိပူရ) ချောမောလှပသော အမျိုးသမီးများ၏မြို့  ။ ဗဟုသု သိသမျှ မျှဝေလိုက်ပါတယ်။
အားလုံးကို လေးစားလျှက်

လှိုင်မြင့်

ဒေါက်တာလှိုင်မြင့် ဆောင်ပါးများ ပြန်ဖတ်လိုလျှင်..

“ဂျုံးဂျုံးဂျ”အမှာခံ ပရိသတ်တစ်ဦးနှင့် “ဂျုံးဂျုံးကျ” အနုပညာသည်တစ်ဦး...

“ဂျုံးဂျုံးဂျ”အမှာခံ ပရိသတ်တစ်ဦးနှင့် “ဂျုံးဂျုံးကျ” အနုပညာသည်တစ်ဦး... 

“လှေခွက်ချည်းကျန် … အောင်လံမလှဲ” “လေနဲ့မိုးနဲ့ မုန်တိုင်းနဲ့” “ဓါးတောင်ကိုကျော်၍ မီးပင်လယ် ကိုဖြတ်မည်” စသည့် ငယ်စဉ်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုခေါင်းစီးလေးများ ကျွန်တော်၏ ဦးနှောက်ထဲ တစ်စစီ တစ်စစီ တိုးဝင်လာခဲ့သည်။

ကျွန်တော်တို့သည် ၁၄.၈.၂ဝ၁၄ ရက်နေ့က အလှူရှင်တစ်ချို့ ပဲခူးမြို့၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)၊ ဒေသခံ ပရဟိတသမားတစ်ချို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ ကင်ပွန်းသာ၊ သိမ်ကုန်း၊ ဂျုံးဂျုံးကျ၊ ဖိုးရင်က လေး၊ မြောက်ကျွန်း၊ အဝိုင်း အစရှိသည့် ကျေးရွာတို့တွင်ရှိသော အိမ်ထောင်စု (၆၃၅) စုနှင့် ဘုန်းတော် ကြီးကျောင်း (၆) ကျောင်းရှိ ရေဘေးသင့်ပြည်သူများ၊ သံဃာတော်များတို့ထံ သွားရောက်၍ ကူညီလှူဒါန်း ဖေးမမှုများ တတိယအကြိမ် ရေဘေးကယ်ဆယ်ရေးအဖြစ် ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဤတတိယအကြိမ် မြောက် ရေဘေးကယ်ဆယ်မှုများတွင် ဆန် ၂၄ ပြည် (တစ်တင်းအိတ်) ၁၁၄ အိတ်၊ မုန့်ခြောက် အထုပ် ကြီး (၁၃) ထုပ်၊ ငါးသေတ္တာ (၁၄ဝဝ) ဗူး၊ ခေါက်ဆွဲခြောက် (၂၈၈ဝ) ထုပ်၊ လက်ဖက်အကြော်စုံ (၄၄၄၅) ထုပ်၊ လက်ဖက်အသား (၁၉ဝ၅) ထုပ်၊ သောက်ရေသန့် (၇၂ဝ) တွဲများတို့အား လှူဒါန်းမှုပြုခဲ့သည်။

လှူ ဒါန်းဖွယ် ပစ္စည်းများ၏ အလေးချိန်နှင့် ပစ္စည်းများသည် ကျေးရွာများသို့ သွားရောက်ရာတွင် စက်လှေကြီး (၅) စီးဖြင့် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ လူဦးရေ (၅ဝ) ခန့် သွားရောက်မှုပြုခဲ့ရသည်။ ရေဘေးသင့်ကျေးရွာများသို့ ရောက်ရှိသောအခါ စက်လှေကြီးများသည် ကျေးရွာထဲသို့ ဝင်ရောက်မရသည့်အတွက် လှေငယ်များပေါ်သို့ လူဦးရေကန့်သတ်၍ ကယ်ဆယ်ရေး အစားအသောက်များအား ခွဲခြမ်း၍ သယ်ဆောင်လှူဒါန်းမှုကို ပြုခဲ့ရ တော့သည်။

ထိုကယ်ဆယ်ရေးခရီးစဉ်သည် နံနက် (၉းဝဝ) နာရီအချိန်တွင် လှည်းကူးမြို့မှ စက်လှေကြီးများဖြင့် စတင်ထွက်ခွာလာရာ ရာသီဥတုသည် သာယာလှပ အေးချမ်းလျက်ရှိသည်။ ပထမဦးဆုံး အဝိုင်းကျေးရွာ၊ မြောက်ကျွန်းကျေးရွာများတွင် အေးချမ်းစွာ လှူဒါန်းခဲ့ရသော်လည်း ကျန်ရှိသောကျေးရွာများသို့ သွားသည့် ခရီးစဉ်များတွင် ဒေဝါမိုးသည် သည်းထန်စွာရွာသွန်းခြင်း၊ လေပြင်များတိုက်ခတ်ခြင်း၊ ရေစီးများ ပြင်းထန် လာခြင်းကို ကြုံတွေ့ခဲ့ပြီး ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့သားများ အားလုံးတို့သည် မိုးရေများ စိုရွှဲခြင်းကို ခံစားခဲ့ရသည်။

ကျေးရွာများအတွင်းသို့ ဝင်ရောက်ရလမ်းကြောင်းများသည် လှေငယ်လေးများဖြင့် ခြုံပင်၊ ဝါးပင်များအား တိုးဝှေ့ကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ရသည်။ လှေငယ်လေးများ ဆိုက်ကပ်ရသော နေရာ မှ ရေဘေးသင့်ပြည်သူများထံသို့ တစ်မိုင်နီးပါးခန့် လမ်းတလျှောက်သည်လည်း ရွံနွံများ၊ ဗွပ်အိုင်များအား ခြေသလုံးမြှုပ်သည့် နီးပါးခန့် လျှောက်လှမ်းသွားခဲ့ရသည်။ လမ်းတလျှောက်တွင်လည်း ရေဘေးသင့်ပြည် သူများမှ ဝမ်းသာအားရ ဝိုင်းဝန်းနှုတ်ဆက်ကာ မေတ္တာပို့သခဲ့ကြသည်။ စုရပ်နေရာသို့ ရောက်ရှိသောအခါ လှူဒါန်းဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကာ မိမိတို့ရှေ့ဆက်သွားရမည့် ကျေးရွာများသို့ အားမာန် ဇွဲလုံ့လ တို့ဖြင့် ဆက်လက်ချီတက်ခဲ့ရသည်။

ယခု ကယ်ဆယ်ရေးသတင်းဆောင်းပါးတွင် ကျွန်တော် အဓိက ပြောလိုသည်မှာ ဂျုံးဂျုံးဂျ ကျေးရွာ တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ကလေးပင်ဖြစ်သည်။ ယင်းကျေးရွာတွင် အထက်ဖော်ပြသည့်အတိုင်း လမ်း ခရီးတလျှောက် လူတကိုယ်လုံး ရွံနွံ့များ၊ မိုးရေများဖြင့် ရွဲရွဲစို ညစ်ပေနေပြီး လှူဒါန်းမှုပြုလုပ်အပြီး နောက် ဆုံးခရီးစဉ်ဖြစ်သော ကင်ပွန်းချုံကျေးရွာသို့သွားရန် ကျွန်တော်တို့စီးလာသော စက်လှေပေါ်သို့အရောက် စက်လှေထွက်ခွာမည်အပြုတွင် လှေငယ်လေးတစ်စီး မိုးရေထဲတွင် လှော်ခက်လာကာ “ဦးကျော်သူ … ဦး ကျော်သူ ကျွန်မက ဦးကျော်သူရဲ့ ပရိသတ်ပါ” ဟူ၍ စက်လှေအနီးသို့ ဝင်ရောက်ဆိုက်ကပ်လာသည်။

ထို ကဲ့သို့ ကျွန်တော့်အား လှမ်းအော်ခေါ်ပြောသော အမျိုးသမီးကြီးသည် စက်လှေအနီးသို့ ရောက်သောအခါ မိုးရေစက်များကြားမှ သူ၏ ပလပ်စတစ်အိတ်ဖြင့် လုံခြုံစွာထည့်ထားသော ပို့စကဒ်ဓါတ်ပုံ (၂) ခုအား သေ ချာစွာ ထုတ်ယူပြီး ကျွန်တော့်အား လှမ်းပေးလေတော့သည်။ ထို့နောက် စက်လှေပေါ်သို့ ကျွန်တော်မှ လှမ်းခေါ်၍ တက်ရောက်လာခဲ့ကာ မိုးရေစက်များကြားမှ ဝဲရစ်နေသော မျက်ရည်စများနှင့်အတူ “ကျွန်မ ဟိုး… ငယ်ငယ် အပျိုဘဝကတည်းက ဦးကျော်သူကို ကြိုက်ခဲ့တာ .. အားပေးခဲ့တာ” ဟူ၍ မရပ်မနား ပြော လေတော့သည်။

ထိုအခါ ကျွန်တော်က “ဝမ်းသာပါတယ် .. ကျေးဇူးတင်ပါတယ်ဗျာ … အခုရော အမကြီး အိမ်ထောင်ရောကျပြီလား။ ကလေးဘယ်နှစ်ယောက်ရပြီလဲ။” ဟူ၍ မေးသောအခါ ကျွန်တော်တို့ စက်လှေ ပေါ်တွင်ပါလာသော ဒေသခံရွာသားတချို့မှ ရယ်မောလိုက်သောအသံကို ကျွန်တော်ကြားလိုက်ရ၍ ကျွန် တော် ဇဝေဇဝါ ဖြစ်သွားတော့သည်။ ထိုအခါ ယင်းအမျိုးသမီးသည် “ကျွန်မနာမည် မမြင့်ကြည်ပါ။ ကျွန်မ အခုချိန်ထိ အပျိုကြီးဘဝနဲ့ နေထိုင်နေပါတယ်” ဟူ၍ ပြောကြားလေတော့သည်။ ကျွန်တော်သည်လည်း အားတုံ့အားနာ ဖြစ်သွားကာ အမှတ်တရ ကျွန်တော်နှင့် ရွှေဇီးကွက်တို့အတူ ဓါတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပြီး ကျေးဇူးတင် နှုတ်ဆက်စကားဆို၍ ကျွန်တော်တို့ ရှေ့ဆက်သွားရမည့် ခရီးလမ်းအား ထွက်ခွာရန် စက်လှေ ဆရာအား ပြောကြားလိုက်တော့သည်။ ယင်းအမျိုးသမီး မမြင့်ကြည် သည် ဂျုံးဂျုံးဂျ ကျေးရွာအဝင်ဝ လှေ ငယ်လေးပေါ်တွင် ရွာသူ/သားများနှင့်အတူ ကျန်ရစ်ခဲ့တော့သည်။

ကျွန်တော်လမ်းတလျှောက် ရန်ကုန်ရောက်ခဲ့သည့် ယခုအချိန်အထိ အတွေးခေါင်နေဆဲဖြစ်သည်။ သြော် … လူငယ်ဘဝ ရုပ်ရှင်သရုပ်ဆောင်လုပ်စဉ်က ကျွန်တော်ပြင်ပတွင် တွေ့ရှိခွင့်မရခဲ့ဘဲ ပိတ်ကား ထက်မှာသာ အားပေးခဲ့သည့် ပရိသတ်တစ်ဦးသည် ယခုကျွန်တော် အသက်အရွယ်ကြီးမြင့်ပြီး “ဂျုံးဂျုံးကျ” နေသည့်အချိန်ကြမှ “ဂျုံးဂျုံးဂျ” ကျေးရွာမှာ လူကိုယ်တိုင် ပြင်ပတွင်တွေ့ရှိ စကားပြောဆိုခွင့်ရခဲ့ပါလား။ အဘယ့်ကြောင့် ယခုလို အသက်အရွယ်အားဖြင့် (၅၅) နှစ်ကျော်ကာလအထိ ငယ်စဉ်လူရွယ်ဘဝက ရုပ် ရှင်သရုပ်ဆောင် လုပ်ခဲ့ဖူးသော အနုပညာရှင်တစ်ယောက်ကို ယခုအချိန်အထိ နှစ်နှစ်ကာကာ အားပေးကြ သော ပရိသတ်များ ရှိနေသနည်း။

ဤဖြစ်ရပ်သည် မိမိ၏ အနုပညာစွမ်းအား တစ်ခုတည်းကြောင့်တော့ မဟုတ်ချေ။ ကျွန်တော်၏ ပရဟိတစိတ်ဓါတ်၊ ပရဟိတစွမ်းအားများကြောင့်ပင်ဖြစ်သည်။ ကျွန်တော်တို့ ကယ်ဆယ်ရေး ခရီးစဉ်ထွက်လာခါစတွင် ရာသီဥတုသည် သာယာလှပ အေးချမ်းနေသည်။ နာရီပိုင်းအ တွင်း ရာသီဥတုတို့ ဖောက်ပြန်ဆိုးရွာလာသည်။ ယခင် မော်တော်ကားလမ်း၊ လှည်းလမ်းကြောင်းများ၊ ယာ ခင်းများ၊ လယ်ကွက်များ၊ တဲအိမ်များ၊ စေတီပုထိုးများတို့ဖြင့် နေချင့်စဖွယ် ရွာငယ်လေးသည်လည်း ရက် ပိုင်း၊ လပိုင်းအတွင်း ရေစုန်းစုန်း နစ်မြှုပ်ခဲ့ရသည်။

ယခင် နုပျိုလန်းဆန်း သွက်လက်ခဲ့သော ကျွန်တော်တို့ သည်လည်း အိုမင်းရင့်ရော် နှေးကွေးခဲ့ရပြီ။ ကျွန်တော်တို့အနေဖြင့် အသက်အားဖြင့် (၂ဝ-၂၅) နှစ်ကာလ များမှစ၍ ယခုကဲ့သို့ ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့မည်ဆိုပါက များစွာအကျိုးရှိလိမ့်မည်ဟု ခံ ယူမိသည်။ ထို့ကြောင့် ကျွန်တော့်၏ အနုပညာလောကမှ ညီငယ်၊ ညီမငယ်များ၊ တပည့်သားချင်းများ အနေဖြင့်လည်း ငယ်ရွယ်စဉ်အချိန်မှစပြီး အနုပညာတာဝန်များအား ထမ်းဆောင်ရင်းဖြင့် အများပြည်သူ အကျိုးတို့အား မျက်ခြေမပြတ် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုများ ပြုလုပ်သွားမည်ဆိုပါက ထူးမြတ်သော ကောင်းခြင်းမင်္ဂလာတရားနှင့် ပြည့်ဝသော လောကကြီးအား ဖန်တီးတည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည် မိတော့သည်။

ထိုကဲ့သို့ ပေးဆပ်မှုများ အနစ်နာခံ စွန့်လွှတ်ကူညီ ဖေးမမှုများပြုလုပ်ရာတွင်လည်း အခက် အခဲ၊ အနှောက်အယှက်၊ အဖျက်အဆီးများက အဆင်သင့် စောင့်ဆိုင်းနေမည်ကိုလည်း သိရှိသတိထားရ မည်။ ဤကဲ့သို့ ပိတ်ပင် တားဆီး၊ ဟန့်တား နှောက်ယှက်မှုများကို ကြုံတွေ့ပါက အောက်ပါ ရွှေဟင်္သာ ဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားကို လက်ကိုင်ပြု၍ ရင်ဆိုင်သွားနိုင်ရန် တိုက်တွန်းလိုက်ရပါသည်။
အများအကျိုး … ရွက်သယ်ပိုးက
ခနိုးခနဲ့ … ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း … ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် … ရှေးရှုနှင်လော့
(ရွှေဟင်္သာဆရာတော်ကြီး)
..... ကျော်သူ

LEARNING ENGLISH အင်္ဂလိပ်စကားပြောလေ့ကျင့်နည်း (အမှန်နှင့် အမြန်) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

LEARNING ENGLISH အင်္ဂလိပ်စကားပြောလေ့ကျင့်နည်း (အမှန်နှင့် အမြန်)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ယနေ့ မြန်မာတို့ ၏အင်္ဂလိပ်စာ အဆင့်အတန်းသည် တော်တော်လေးမြင့်ပါသည်။ ယနေ့ ခေတ် ၉ -တန်း ၊ ၁၀-တန်းအင်္ဂလိပ်စာအဆင့်သည် ဧည့်လမ်းညွှန်တစ်ယောက်လိုအပ်သော အင်္ဂလိပ်စာကို နည်းစံနစ်မှန်ကန်စွာဖြင့် စကားပြောလေ့ကျင့်လိုက်လျင် အချိန် ၃-လမှ ၆-အတွင်းဧည့်လမ်းညွှန်ကောင်းတစ်ယောက်ဖြစ်မည်ဟု အာမခံပြောရဲပါသည်။

ကျနော် ဒီစာတမ်းလေးကို ရေးရတာက Australia နိုင်ငံမှာ ယခုအခါ ကျောင်းဆရာမတွေ လိုအပ်နေပါတယ်။ တရုတ်၊ထိုင်း ကဆရာ၊ ဆရာမတွေ Skill Migrant အနေနဲ့ လာခွင့်ရ၊ PR ရနေကြပါတယ်။ တကယ်တော့ ထိုင်းနှင့် တရုတ်နိုင်ငံတွေဟာ အင်္ဂလိပ်စာ အလွန်ညံ့သော တိုင်းပြည်နစ်ခုပါ။ သူတို့ ရနိုင်လျင်ကျနော်တို့ မြန်မာတွေက သူတို့ ထက်အင်္ဂလိပ်စာမှာ ယှဉ်စရာမလိုအောင် တော်ပါတယ်။

မူလတန်း ကျောင်းဆရာမ တယောက်ရဲ့ လစာဟာ (တစ်နာရီ-၃၅ ဒေါ်လာ) ဖြစ်ပါတယ်၊။ အထက်တန်းကတော့ ပိုများပါတယ်။ ကျောင်းတွေမှာ ကျောင်းသားတွေက ရိုင်းစိုင်း၊ ဆရာတွေကိုစော်ကား၊ ရန်လုပ်တတ်တော့ ဆရာတွေ အလုပ်ထွက်ကုန်ကြပါတယ်။ ဆရာမ လစ်လပ်မှုများနေပါတယ်။

၁၀-တန်းအဆင့် ကျောင်းသားအများစုသည် အင်္ဂလိပ်စာကို We can read, write, listen, but we cannot speak properly. သူတို့ ရဲ့ အင်္ဂလိပ်စာအဆင့်သည် ကောင်းစွာရေးတတ်၏။ ဖတ်တတ်၏။ နားထောင်လျှင် နားလည်၏။ သို့သော် မပြောတတ်ကြ။ ယခုအခါ အင်္ဂလိပ် စကားပြောသင်တန်းများ များစွာအလုပ်ဖြစ်နေကြပါတယ်။ လူငယ်တွေအင်္ဂလိပ်စကားပြော လိုက်စားမှု များနေတာကိုပြနေပါတယ်။ ဒီအတွက်လည်း ဒီစာတမ်းလေးရေးလိုက်တာပါ ။

ငွေကုန် သက်သာမည်၊ အချိန်ကုန်သက်သာမယ်၊ ကိုယ်အားလပ်ချိန်မှာ အဆင်ပြေပြေ လေ့ကျင့်နိုင်မယ်။ သင်တန်းကို ကားကြပ်နေသည်ဒုက္ခနင့် သွားနေရန် မလို ၊ အချိန်သက်သာ၊ သင်တန်းကြေးသက်သာ၊။ ထိုထက်ပိုသည်က အင်္ဂလိပ်အသံကို ဌာနေအင်္ဂလိပ် ဆရာတွေနင့် သင်ပေးတဲ့ သင်တန်းအတိုင်း Native Speakers ,ဆိုပြီး သတင်းစာမှာ ကြေငြာနေတဲ့ အဆင့်မျိုးကို ကိုယ်ကြိုက်လျှင် ကြိုက်သလောက် လေ့ကျင့်နိုင်ပါမည်။
ယခုရှိနေတဲ့ စကားပြောသင်တန်းမှာ ဘယ်လိုအဓိက ထားသင်သည်တော့ ကျနော်မသိပါ။ မဝေဖန်လိုပါ။ ကြားနေရသည်ကတော့ Grammar ကိုအဓိကထားကြတယ်ကြားတယ် ။ Grammar နဲ့ တင်အချိန်ကုန်တာ များပုံရတယ်။ ကျနော်ကတော့ Grammar  ဆိုတာ စာဖတ်များ ။ အသံဖိုင်တွေ နားထောင်ရင်းနဲ့ အလိုလိုတတ်လာသည်ဟု လက်ခံထားသူ။

ကျနော့်မြေးလေးတွေ။ အထူးသဖြင့် ၃-နစ်ခွဲမြေးလေး။ CAT CAR ဆိုတာရေးပြလို့ ဘာမှန်းမသိသေးဘူး။ A B C D တောင်မသိသေးပါ။ သူကို Have you finished your dinner ? မေးလိုက်လျင် Yes I did (did). လို့ ဖြေပါသည်။ DO လို့ မသုံးပါ ။ မယုံဘူးပြောလျှင်၊ I did, I did already . တကယ်လို့  တခုခု လုပ်ထားတာမေးလျှင် Did you do this..No I don't do that. Zakera did that. Zakera ဆိုတာ သူ့ အမ။ DO နင့် DID ကို A B C D မတတ်သေးသူက လိုအပ်သလိုသုံးသွားတာ grammar ပါ ။ အထူး ထပ်ပြီးသင်နေရန် အဓိကထားနေရန်မလိုပါ။

တခါ ကျနော်တို့ မြန်မာတွေရဲ့  အင်္ဂလိပ်စကားပြောရာမှာ ဖြစ်နေတဲ့ အားနည်းချက်ကိုလည်း သိရန်လိုပါတယ်။ မော်တော်ကား ပျက်လျင် ဆီ၊ ရေ၊ လေ၊ မီး လောက်အခြေခံသိမှ ဘယ်နေရာပျက်တယ် သိပါမယ်။ ပျက်ရသည့်အကြောင်းရင်းသိမှ ပြင်ရလွယ်ပါမယ်။
ကျနော်တို့ မြန်မာတွေရဲ့ အားနည်းချက်က စာကိုအလွတ်ကျက်တတ်သည့် အကျင့် (ဆိုး)ကြီးပါဘဲ။ ဥပမာ မနေ့ မိုးတွေမတရားရွာချလိုက်တာ ရေတွေလှိမ့်လှီမ့်ဆင်းလာတာ တဝုန်းဝုန်း တတ
ဒုံးဒုံးမြည်နေတာဘဲ။ ကားလေးတစ်စီးရေလုံးနဲ့လှိမ့်လှိမ့်ပါသွားပြီး အုတ်နံရံနဲ့ တိုက်ထဲ့လိုက်တာ ဒုန်းဆို အကျယ်ကြီးမြည်ပြီး တံခါးတွေပွင့်ထွက်သွားတယ်လို့  စကားနင့်ပြောလျင် လူတိုင်းနားလည်ပါမည်။ အသံအနိမ့်အမြင့်ပါတော့ ဘယ်အကြောင်းအရာကို အဓိကထားပြောသည်လည်းပေါ်လွင်နေပါသည်။

အဲဒါကို စာအလွတ်ကျက်သလိုပြောလိုက်လျင် ဘာပြောနေမှန်းမသိတော့ပါ ။ ဘယ်အကြောင်းကိုအဓိကထားပြောနေတာ မပေါ်တော့ပါ။ နားပင်မလည်ဖြစ်သွားပါသည် ။ ကျနော်တို့ အားနည်းချက်က ထိုနေရာပါ။

အခုတင်ပြလိုတာက အင်တာနက်ပေါ်မှာ Learning English  လို့ သာခေါက်လိုက်ပါ ။ ကျလာပါမည် ။ ထိုအထဲက VOA learning  English ကိုဝင်လိုက်ပါ ။ အခြားမဝင်ပါနင့် ။ ထိုအထဲက level - 1 ကိုဘဲ ဝင်ပါ ။ News၊American Mosaic, New Words.American History , Science in the news. ကြိုက်တာကို download လုပ်ပါ။ စာကိုပါ ယူထားလိုက်ပါ ။

သို့ မဟုတ် (http://learningenglish.voanews.com/)လို့ ခေါက်လိုက်ပါ ။ အတူတူပါဘဲ ။
အဲဒီက ဆောင်းပါးတပုဒ်ကို အကြိမ်ကြိမ် နားထောင်ပါ။ သူ့ အတိုင်းလိုက်ပြောနိုင်သည်အထိ လေ့ကျင့်ပါ။ ဆောင်းပါးကို တစ်ပုဒ်လုံး နားမထောင်ဘဲ တပိုဒ်ကိုသာ အကြိမ် (၂၀-၄၀) နားထောင်ပြီးသူ့ အတိုင်းလိုက်ပြောနိုင်မှ နောက်တစ်ပိုဒ်ကို တက်စေချင်ပါတယ်။

အင်္ဂလိပ်စကားပြောသင်ရခြင်းရဲ့ အကျိုးကျေးဇူးကတော့ အင်္ဂလိပ်စာတတ်သူဟာ မာန်တက်လာပါတယ်။ ကျနော့် သမီးနဲ့ သားတွေကို ကျနော်သည် ကုမ္မဏီတွေ၊ သံရုံးမိသားစုအိမ်တွေကို ပို့ထားတော့ ကျောင်းအတန်း ၄ နင့် ၆ -တန်းအရောက်မှာ အင်္ဂလိပ်လို ကောင်းစွာ ပြောနိုင်နေကြပါသည်။ သူတို့ အားလုံး ဟီးလေး ဟားလေး မလုပ်တတ်တော့။ လ္ဘက်ရည်ဆိုင်ထိုင်တာမျိုး လုံးဝမလုပ်တော့။

ကျနော်ထောင်ကျတော့ သူတို့ က သမီးက ၁၀-တန်းအောင်၊ အဆိုတော်ဘာဘူက ၈-တန်း ။ အငယ်ကိုတိုးက ၆-တန်း။ သမီးက ၁၉ -နှစ်မှာ British သံရုံးကနေ English Diploma ရပါသည်။ သူတို့ သတ်မှတ်ချက် အနည်းဆုံး အသက် ၂၃ -နစ်။ ဘွဲ့တခုရထားရမည်။ သို့ သော် သူ့ကို အင်္ဂလန်ကနေ ဖုံးနှင့် မေးဖြေဖြေရပြီး အင်္ဂလန်က တိုက်ရိုက်ပေးခဲ့ပါသည်။

ကျနော်ထောင်က ထွက်တော့ သား သမီးတွေက လိမ္မာအောင်မြင်မှုတွေရနေတော့၊ အလှူ၊ မင်္ဂလာအခန်းအနားတွေမှာ မိတ်ဆွေတွေက ကျနော်ကလေးတွေကို လိမ္မာအောင်၊ တော်အောင်၊ အောင်မြင်အောင် ဘယ်လို ဆုံးမတာလဲမေးတတ်ကြ၏။ ကျနော် တခွန်းဘဲ ဖြေပါသည်။ အင်္ဂလိပ်စကားပြောတတ်အောင် သင်ပေးလိုက်ပါလို့။

ကျနော်တို့ လူငယ်လေးတွေ ကိုပြောလိုပါသည်။ ကျောင်းကသင်ပေးထားတဲ့ အင်္ဂလိပ်စာ အဆင့်အတန်းဟာ မြင့်ပါတယ်။ ရေးတတ် ၊ ဖတ်တတ် တာက အခရာကျပါတယ်။ ရေးတတ် ၊ ဖတ်တတ်နေပါတယ်။ နားလည်ဖို့ နင့် ပြောတတ်ဖို့ ဆိုတာ ကျနော်တို့ မြန်မာတွေအတွက် လက်လေးတကမ်းမှာ ရှိနေပါတယ်လို့  ။

အင်္ဂလိပ်စာကို ကျေကျေညက်ညက် အချိန်များစွာ ပေးသင်ထားပြီးမှ စကားမပြောတတ်လို့  ခေါက်သိမ်းထားရတာ တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်။ ကားရှိတယ် ။ မောင်းဖို့ လိုင်စင်လဲရှိတယ်။ ကားဝှီးဒက်လေးမရှိလို့ မမောင်းရသလိုဖြစ်နေတာပါ။

အားလုံး လက်လေးတကမ်းမှာရှိနေတာကို လှမ်းလိုက်ကြပါလို့။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ရန်ကုန် လမ်းဖြတ်ကူးအန္တရာယ်... (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ရန်ကုန် လမ်းဖြတ်ကူးအန္တရာယ်...
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ရန်ကုန်မှာ လမ်းဖြတ်ကူးခြင်းသည် ကမ္ဘာပေါ်မှာ အန္တရာယ်အလွန်မြင့်မားသောနိုင်ငံအဖြစ် မကြာမှီ ကိန်းဂဏန်းတွေနင့် သတ်မှတ်တာ ခံရကိန်းနီးစပ်နေပါပြီ။ မြန်မာ့လွှတ်တော်မှာ ဆွေးနွေးနေကြတာကလဲ မဆီမဆိုင်တာတွေများနေတယ်၊ အရေးကြီးတာကျတာ့ စဉ်းတောင်မစဉ်းစားတတ်ကြဘူး။

ကျနော်တို့ နိုင်ငံမှာ ၁၉၇၀ - ဒီဇင်ဘာလကစတင်ပြီး မူလက လက်ယာမောင်း စံနစ်မောင်းနင်နေရာကနေ ဦးနေဝင်းက ဗေဒင်ယတြာအဟောနဲ့  သူ့ အာဏာတည်မြဲရေးအတွက် ယတြာခြေတာပါဘဲ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီးရဲ့ နိုင်ငံကျော် အဆိုအမိန့်လေး နဲ့ သူကိုယ်တိုင် ဆန့်ကျင်လုပ်ပြလိုက်တာပါဘဲ။ သူ့ အဆိုလေးကတော့လား သိပ်လှပါ့ သင်းပါ့။
မိမိအရေးနင့် ပါတီအရေး ယှဉ်လာလျင် ပါတီအရေးကို ဦးစားပေးရမည်။
ပါတီအရေးနင့် နိုင်ငံတော်အရေး ယှဉ်လာလျင် မိုးပေါ်ထောင်မပြစ်ဘူး။ အဲလေ ယောင်လို့  နိုင်ငံတော်အရေးအတွက်ဆို တည့်တည့်ပစ်တယ် ။

လက်ဝဲမောင်းလဲ လုပ်လိုက်တယ် ။ ယတြာက ကွန်မြူနစ် (လက်ဝဲနိုင်ငံရေး)တွေ ခေတ်ထနေတော့၊ ယတြာချေတဲ့အနေနဲ့ ကားကို လက်ဝဲမောင်း ချေလိုက်တာပါ။ ဘာမှခေတ်မှီနိုင်ငံကြီးများတွင်နဲ့ ဝေလာဝေး။ လူမစွမ်းတော့ ဘိုးတော်မစ ဖို့လျှောက်လုပ်တာပါဘဲ။ ဘိုးတော်တွေ ယတြာတွေ အားကိုးရတော့ ဗိုလ်စိန်လွင်တို့ နေရာရတော့တာပေါ့။

မ.ဆ.လခေတ်တစ်လျောက်လုံး ဂျပန်ကျကားတွေ သွင်းတာ စတီယာရင်က လမ်းနဲ့ ဗြောင်းပြန်ဖြစ်နေပါတယ်။ ဌာနဆိုင်ရာယာဉ်ကလွဲပြီး ၉၅%သောကားတွေက လမ်းနဲ့ ဗြောင်းပြန်ဖြစ်နေ၏။ ဖွံ့ ဖြီုးပြီးနိုင်ငံမပြောနင့်ဦး၊ ထိုင်းလိုနိုင်ငံမှာကို စတီယာရင်က လမ်းနဲ့ ဗြောင်းပြန်ဖြစ်နေလျင် ကားလိုင်စင်ထုတ်မပေးတော့ပါ။

အမတ်မင်းအပေါင်းတို့  ဆိတ်ဖွားရှာတာတွေ ဘူးလက်တွေ ငံပြာရည်တွေ ခေတ္တရပ်ကြပါဦး။ တနေ့ တနေ့  ရန်ကုန်မှာလမ်းဖြတ်ကူးသူတွေ သေနေတာ တရက်ကို တစ်ယောက် နှုန်းကျော်နေပါပြီ။ ဒါဏ်ရာရတာတွေက ၄-ဆမကပိုသေး။
လွှတ်တော်မှာ ယဉ်တင်သွင်းခွင့်ကို စတီယာရင် ဘယ်လိုသတ်မှတ်ပါမလဲ။ စတီယာရင် နစ်မျိုးတော့ ခွင့်ပြုလို့ မသင့်တော့ပါ။ အမတ်မင်းတွေရဲ့  Capacity ကိုကမ္ဘာကို ချပြတာခံရပါလိမ့်မည်။

နောက်လမ်း ကူးသူတွေအတွက် နိုင်ငံတိုင်းမှာသုံးနေတဲ့  လူကူးမျဉ်းမှာ လက်နဲ့ နှိပ်ရသည် အချက်ပြမီးတိုင်လေးတွေ ထားသင့်ပါပြီ။ နိုင်ငံတော်က ဘတ်ဂျက်မရှိလျင် အလှုရှင်တွေ၊ ကြေငြာတွေကိုလက်ခံလိုက်ပါ။ တလအတွင်းအားလုံးရောက်လာပါမည်။ ယခုတော့ လူကူးမျဉ်းကြားမှာ ရပ်ရမှာ အရှိန်လျှော့ရမှာတောင် မသိတော့တာ တို့မြန်မာတွေရဲ့ ယှဉ်ကျေးမှုတွေလား။

မီးပွိုင့်တွေမှာလဲ လမ်းကူးသူကို ဦးစားပေးတဲ့ စံနစ်အတွက် လူကူးဖို့ အချိန်ပေးရပါမည်။ မီးပွိုင့်မှာ လမ်းကူးသူအတွက် ဦးစားပေးတဲ့ အချက်ပြမီးက မရှိ၊ ကားမောင်းသူအများစုက လမ်းစည်းကမ်းမသိကြတော့ ပြသနာပိုကြီးနေပါတယ်။ ယာဉ်ထိမ်းရဲကိုမေးလျင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးလို့ ပြောပြန်တော့၊ ပြန်မေးပါမယ်၊ စည်းကမ်းကို လိုက်နာချင်ပါတယ်။ ဘယ်လိုစည်းကမ်းချထားလဲ၊ စည်းကမ်းနင့်အညီ လမ်းကူးနည်းပြပေးပါ ပြောလိုက်ချင်ပါသည်။ မေးပါမယ်။ ဘယ်နေရာက လမ်းကူးရမှာပါလဲ။
ယခုတော့ တံတားပေါ်မှာတောင် မရှောင် ကျော်တက် ကျော်ဖြတ်နေကြတာ။

မျှဉ်းဝါပေါ်ကနေ ပြေးရမှာလား။ မျဉ်းဝါ ပေါ်ယာဉ်တို်က်မှုဖြစ်လျင် အနည်းဆုံးထောင်ဒါဏ် ၅-နှစ်လောက်တော့ သတ်မှတ်သင့်ပါတယ်။ ယခုတော့ လူကူးမျဉ်းကြားမှာ ရပ်ရမှာ အရှိန်လျှော့ရမှာတောင် မသိတော့တာ တို့မြန်မာတွေရဲ့ ယဉ်ကျေးမှုတွေလား။ လမ်းစည်ကမ်းကိုတောင် ယာဉ်မောင်းတွေ မသိကြတော့ပေလား၊ လူသေသည်အထိ တိုက်မှုဆိုလျင် အနည်းဆုံး ၁၀-နှစ်ထားသင့်ပါတယ်။ နောင်မှ လိုအပ်လျင်ပြန်လျော့ပေါ့။

နောက် ယာဉ်မောင်းလိုင်စင်စံနစ်။ နိုင်ငံကြီးတွေမှာ ဥပမာ စင်ကာပူမှာ ယာဉ်မောင်းလိုင်စင်ကို အမှတ်ပေးစံနစ် (Points ) နဲ့ ထားပါတယ်။ ပြစ်မှုတခုကျူးလွန်လျင် လိုင်စင်ကဒ်မှာ ပေးထားတဲ့ အမှတ်ကို နုတ်လိုက်ပါတယ်။ ဥပမာ မီးနီဖြတ်လျင် ၆-မှတ်နဲ့ ဒါဏ်ငွေ။ သတ်မှတ် မိုင်နှုန်းထက် ကျော်မောင်းလျင် မိုင်းနုံးသိပ်များလျင် ၆ -မှတ်နုတ်။ တော်တန်များရုံဆိုလျင် ၃-မှတ်နုတ်တာပါဘဲ။ နုတ်ထားသောအမှတ်တွေကို တနှစ်ပြည့်လျင် အလိုအလျောက်ပြန်ဖြည့်ပေးတာပါ။ အမှတ်ကုန်နေတဲ့လိုင်စင်နဲ့ မောင်းလျှင် ထောင်ဒါဏ်အထိချတော့တာပါဘဲ ။

ယခုတံတားထိုးနေတာလဲ လိုအပ်ပါတယ်။ ကုန်ကျမှုကြီးမားပါတယ်။ တံတားထိုးတာ အရှည် တောက်လျှောက် ထိုးနိုင်ရင် မကောင်းပေဘူးလား။ ယခုတော့ လူကူးမီးပွိုင့်လေးတွေကတော့ သိပ်မကုန်ကျနိုင်ပါ။ မြန်မြန်လဲ ဖေါ်ဆောင်နိုင်ပါမည်။

လွှတ်တော်အမတ်မင်းများခင်ဗျာ

(၁) ပြည်သူလူထု တွေ နေ့ စဉ်ယာဉ်တိုက်မှုဖြစ်နေတာ အရေးကြီးသော ကိစ္စဟုတ်မဟုတ် ဖြေကြားပေးကြပါရန်။

(၂) လမ်းယာဉ်ကျောနင့် ကိုက်ညီသောကားများသာ တင်သွင်းခွင့်ပြုရန် အတွက်ပြဒါန်းပေးဖို့ အရေးကြီးမကြီး ဖြေကြားပေးပါရန်။ ကားတင်သွင်းမှုကို စတီယာရင် တစ်မျိုးထည်းသွင်းခွင့် ရွေးချယ်သတ်မှတ်ပေးရန် ။

(၃) လက်ရှိလူကူးရန်သတ်မှတ်ချက် မည့်သို့ လုပ်ဆောင်ပေးနိုင်ပါမည်နည်း။

(၄) ယာဉ်မောင်းလိုင်စင် အမှတ်ပေးစံနစ် ကျင့်သုံးမည် ၊ မကျင့်သုံးနိုင်။

(၅) လူကူးမျဉ်းကြားပေါ်မှာ ယာဉ်တိုက်မှုကို ပိုမိုအပြစ်ဒါဏ်ပေးရန်ရှိမရှိ။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

U-12 Berlin International ဘာလင်ဖိတ်ခေါ် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မြန်မာလူငယ် (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းမှ လူငယ်အသင်းသားများ ယနေ့ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ..


U-12 Berlin International ဘာလင်ဖိတ်ခေါ် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မြန်မာလူငယ် (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းမှ လူငယ်အသင်းသားများ ယနေ့ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တိုကျို ၉.၈.၂၀၁၄

ဂျာမဏီနို...င်ငံ ဘာလင်မြို့မှာ သြဂုတ်လ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဂျပန်နိုင်ငံကိုယ်စားပြု မြန်မာလူငယ် (၂)ဦး ပါဝင်သည့် တိုကျိုလက်ရွေးစင် အသင်းမှ အသင်းသား လူငယ်များအား ယနေ့ Haneda အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ယနေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့် မိဘပြည်သူများမှ သွားရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
မြန်မာလူငယ် ဂိုးသမား (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည် အိမ်ရှင် နာမည်ကျော် ဂျာမာန် Hertha Berlinအသင်းနှင့် Berlin အသင်းများအား ဆီးမီးဖိုင်နယ်တွင် အနိုင်ရ ကျော်ဖြတ်ကာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အာရှဘောလုံး အားကစား ထိပ်တန်းနိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် မြန်မာနိုင်ငံသား လူငယ်နှစ်ဦး အရွေးချယ်ခံရကာ နိုင်ငံတကာ ပြိုင်ပွဲများ၌ ပါဝင်ကစားခွင့် ရခြင်းသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ဝါသနာနှင့် အသက်မွေးဝမ်းကြောင်း ထပ်တူကျကာ ရပ်တည်နိုင်သည့် ဘောလုံးအင်အားကြီး နိုင်ငံတခုတွင် ဂျပန်နိုင်ငံသား ခြေစွမ်းခြေစ ရှိသူ အများအပြားအတွင်းမှ ဤကဲ့သို့ အနည်းငယ်မျှသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးရွေးချယ် စေလွှတ်ခံရခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်...။ မြန်မာလူမျိုးများ ကမ္ဘာနှင့်ယှဉ်လျှင် မညံ့ကြောင်းကို သမိုင်းတလျှောက်နှင့် ယခုထက်တိုင်အောင် ပြသလျှက်ရှိသည်။

အောင်ပွဲရ တိုကျိုလူငယ် လက်ရွေးစင် အသင်းသားများအား ဂျပန်တာဝန်ရှိသူများမှ အလေးထား ဆက်ဆံမှု၊ ကိုယ်အားကိုယ့်ကိုးမှု ရှိအောင် စိတ်ဓာတ်ရေးရာ အားပေးမှု ဇွဲသတ္တိရှိအောင် ပြသလမ်းညွှန်မှု အားပေးအားမြှောက် ဂုဏ်ပြုမှုများသည် အတုယူစရာပင် ဖြစ်သည်
အရည်အချင်းရှိသူများအား နိုင်ငံ့အကျိုးအတွက် ဆိုလျှင် နိုင်ငံခြားသားပင် ဖြစ်စေကာမူ စင်ပေါ်တင်မြှောက် အသိအမှတ်ပြုသော ဂျပန်နိုင်ငံနှင့် နိုင်ငံကြီးများ၏ လုပ်ဆောင်ချက်များအားလည်း အတုယူဖွယ်ရာဖြစ်ပေသည်။ ဂျပန်နိုင်ငံသည် အားကစားတွင် ထင်ပေါ်ကျော်ကြားသူ နိုင်ငံခြားများအား စင်တော်ကောက်ကာ မိမိနိုင်ငံသား အဖြစ် အသိအမှတ်ပြုလေ့ ရှိသည်။ ယခု U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံသား ခရီးသွားလာခွင့် လက်မှတ် မရှိသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးမှာ ဂျပန်အစိုးရမှ ထုတ်ပေးသည့် ပြည်ဝင်ခွင့်လက်မှတ် (Re-Entry Permit)ဖြင့် သွားရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား Passport လက်ဝယ်မရှိသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးနှင့် ခေတ္တခဏ အင်တာဗျူးတွင် မြန်မာနိုင်ငံတွင် လာရောက် ကစားချင်ပါသည်ဟု လူငယ်(၂)ဦးစလုံးမှ ဖြေကြားခဲ့ကြသည်..။ မြန်မာ့ဘောလုံး လောက တိုးတက်စေလိုသူ တာဝန်ရှိသူများ အနေဖြင့် ဤလူငယ် (၂)ဦး၏ ဆန္ဒအား ဖြည့်စည်းပေးနိုင်မည်ဟု မျှော်လင့်မိခြင်းနှင့် အတူ ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည်တွင် ပါဝင်ကာ မြန်မာ့ဂုဏ်ဆောင် ခဲ့သည့် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့အား ဂုဏ်ပြုလိုက်ရပါသည်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

လာမည့် သြဂုတ်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ ဂျပန်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AC Milan၊ Barcelonaစသည့် နိုင်ငံတကာ အသင်းများနှင့် နာမည်ကျော် ဂျပန်Junior Club အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် U-12 Junior Soccer World Challenge 2014 တွင်လည်း တိုကျိုလူငယ် လက်ရွေးစင် အသင်းပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး Goal Keeper အဖြစ် မောင်ကောင်းဇံမရ ထပ်မံ ရွေးချယ် ခံရကြောင်း သိရှိရသည်။

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံဟောင်း 81+80-5176-2421 (Viber available)