ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

နတ်ဘုန်းကြီးတွေ၊ဓါတ်ဘုန်းကြီးတွေ မြန်မာနိုင်ငံမှာ ဘာကြောင့် တန်ခိုးကြီးထွား နေကြပါသနည်း..........

နတ်ဘုန်းကြီးတွေ၊ဓါတ်ဘုန်းကြီးတွေ မြန်မာနိုင်ငံမှာ ဘာကြောင့် တန်ခိုးကြီးထွား နေကြပါသနည်း..........
ပေးပို့သူ (မင်းသုည ဗုဒ္ဓတက္ကသိုလ်)

ယနေ့စစ်အုပ်စု အ၀န်းအ၀ိုင်းနှင့်ဝန်ကြီးများ ဆရာတင်ကိုးကွယ်နေတဲ့ နတ်စင်တစ်ရာ ဆရာတော်အကြောင်းကို ပြောပြချင်ပါတယ်။
နတ်ဘုန်းကြီးတွေ၊ ဓါတ်ဘုန်းကြီးတွေသည် စာပေပရိယတ္တိမတတ်ကြပါဘူး။ဒါပေမဲ့သူတို့ ဘုန်းတန်ခိုး ကြီးထွားကြပါတယ်။ဘု န်းတန်ခိုးကြီးထွားရခြင်းမှာ ယခုလက်ရှိ အာဏာကြီးထွားနေကြတဲ့ ဗိုလ်ဋ္ဌေးဦး၊ စစ်အုပ်စု အ၀န်းအ၀ိုင်းခရိုနီများ၊ ၀န်ကြီးများနှင့် ၀န်ကြီးကတော်များ ကိုးကွယ် ဆည်းကပ်နေကြလို့ဖြစ်ပါတယ်။

စာတတ်လားမတတ်လားကို စာဖတ်သူများကိုယ်တိုင်သာ လေ့လာကြည့်ပါ......
ဒီမိုကရေစီတူဒေးသတင်းစာမှာ အဲဒီဆရာတော် အင်တာဗျူးထားတာလေးကို ဖေါ်ပြပေးပါမည်။
အဲဒီမှာ နတ်စင်တစ်ရာဆရာတော် အင်တာဗျူးထားတာ အသောကမင်းကြီး နဂါးမင်းဖြစ်သွားတဲ့အခါမှာ အရှင်မဟာမေဂ္ဂလာန်က သွားချွတ်မှ အရိယာဖြစ်ပြီး ကျွတ်တမ်းဝင်သွားသည်ဟု ..ပြောထားပါသည်။

အသောကမင်းကြီးက မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း ၂၃၅ လောက်ကျမှ ပေါ်ပေါက်လာတာပါ။ အရှင်မဟာမေဂ္ဂလာန်က မြတ်စွာဘုရားရှင်ထက်တောင်စောပြီး ပရိနိဗ္ဗာန်ပြုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ နတ်စင်ဆရာတော်မသိပါဘူး။ ပရိနိဗ္ဗာန်ပြုပြီးဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်က ဘယ်လိုလာပြီး တရားဟောပါသလဲ......
နဂါးလို့လဲပြောထားတယ်။

အရိယာဖြစ်ပြီးကျွတ်တမ်းဝင်သွားတယ်တဲ့.......နဂါးဆိုတာ တိရစ္ဆာန်ဖြစ်ပါတယ်။ တိရိစ္ဆာန်ဆိုတာ အရိယာဖြစ်ခွင့်မရှိပါဘူး......စာတတ်သလား မတတ်ဘူးလားဆိုတာ စာဖတ်သူများ ကိုယ်တိုင်ဝေဖန်ကြည့်ကြပါတော့.........
မြန်မာနိုင်ငံမှာ ၀မ်းနည်းစရာ ကောင်းတာက သာသနာတော်အတွက် နိုင်ငံအတွက် ဘာမှအကျိုးမရှိ လူတွေကို လမ်းမှားစေတဲ့ အဲဒီနတ်ဘုန်းကြီးတွေ ဓါတ်ဘုန်းကြီးတွေဆီမှာ သွားပြီးပုံအောလှူဖို့ဆိုရင် ၀န်မလေးကြပါဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် မျက်စိတွေ၊နားတွေ၊ အသိဥာဏ်တံခါးတွေ ဖွင့်ပေးမဲ့ စာကြည့်တိုက်တည်ထောင်တာတွေ၊ ပညာရေးအခမဲ့ သင်တန်းတွေ တည်ထောင် ဖွင့်လှစ်တာဆိုရင် စိတ်မ၀င်စားကြပါဘူး။
စိတ်မ၀င်စားတဲ့အပြင် စစ်အုပ်စုရဲ့ ပိတ်ပင်တားဆီး တာတွေကိုတောင်ခံခဲ့ရဘူးပါတယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
http://www.ygnnews.com/2014/06/blog-post_6770.html
နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တဦးပညာတေဇအား မေးမြန်းလျှောက်ထားချက်


အပြည့်အစုံဖတ်ရန် http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html

ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ရခိုင်အရေးဖြစ်တော့ ရိုဟင်ဂျာဆိုသူတွေ မြန်မာနိုင်ငံသားမဟုတ် ခေါ်လိုသည့် နိုင်ငံများ ခေါ်ယူသွားကြပါ ဆိုပြီး မိဘပြည်သူများ ခင်ဗျားမှ ထုံးစံအတိုင်း အချိန်ကိုက် နတ်သံနှော ညာသံပေးတော့ ဒါမှ တို့သမ္မတကြီး ဆိုပြီး ထောက်ခံပွဲတွေ ချိမ့်ချိမ့်သဲပေါ့..။ ပြီးတော့ ထုံးစံအတိုင်း အဖျားရှူးပေါ့။
နောက်တခါ အဆိုပါ ညာသံပေးပြီး မကြာမှီမှာပဲ (OIC)ကို ဝင်ခွင့်ပြုမယ်ဆိုပြီး တို့ပြည်သူတွေဘက် မျှားဦးလှည့် လာလို့ ကန့်ကွက်လိုက်ရတာလည်း ဖတ်ဖတ်မောပေါ့။

ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီ... တဲ့ကဲ ဘာကြောင့် ပြန်ခေါ်ယူရတယ်ဆိုတာ မိဘပြည်သူများ ခင်ဗျားဆိုပြီး နတ်သံနှောပြီး ဖြစ်ကြောင်းရယ် ကုန်စင် ပြန်လည် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ဒီတခါ ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ကိစ္စမှာ အရင်တခါလိုပဲ ပြည်သူ့ဆန္ဒဆိုပြီး နတ်သံနှော မမေးမြန်းတော့ ပေဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒပါပါရဲ့လား။ အဆိုပါ ပြန်လည်ခေါ်ဆောင်မဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ တပါးသူဆီမှာ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မြန်မာနိုင်ငံသားတွေ စစ်စစ်တွေ ဟုတ်ပါသလားခင်ဗျာ...။

အပေါ်မြှောက်လိုက် ရိုက်ချလိုက် အပြောတမျိုး အလုပ်တမျိုးလုပ်နေတဲ့ လုပ်ရပ်တွေ အတွက်
ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရအောင်ပါ..။
အမြဲတမ်း ပြည်သူတွေ Tempo တက်နေချိန်မှာ သခင်မျိုးဟေ့ တို့ဗမာလုပ်လိုက် အချိန်ကြာသွားလို့ မေ့လောက်ပြီဖြစ်မှ သခင်မျိုးဟေ့ တို့မပါဆိုပြီး အဖျားရှူးသွားတတ်တဲ့ မိဘပြည်သူများ ခင်ဗျား ခင်ဗျာ.... လွှတ်တော်အတွင်းမှ ဆင်၊ မျောက်၊ ခါဘင်္ဂလီ (၃)ဦး အကြိုက် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အစစ်အမှန် မိဘပြည်သူများ ကိုယ်စား.. မိဘပြည်သူများ ခင်ဗျားအား တိုက်တွန်းအပ်ပါတယ်။

ဒီမိုဝေယံ

(သတင်း).. အစုံအလင်ကတော့
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို

ဒါကာ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

“စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။

လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က “အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။

“၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်”ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။

ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။

ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
KHTun

Ref - Daily Star
Photo - UNHCR

Credit.. The Ladies News Journal

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်း ကွာတားဖိုင်နယ် တက်ရောက်...


U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်း ကွာတားဖိုင်နယ် တက်ရောက်...

သြဂုတ်လ (၂၈)ရက်နေ့က စတင် ကျင်းပတဲ့ U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်းဟာ အုပ်စု ဒုတိယ နေရာနဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်... သွားပြီ ဖြစ်ပါတယ်..။

Tokyo U-12 အသင်းဟာ တိုကျို ဧရိယာအတွင်း U-12 လူငယ်အသင်းပေါင်း ၇၅၀ အတွင်းမှ လက်ရွေးစဉ် လူငယ် ၁၉ဦးအား ရွေးချယ်ပြီး ယခုပြိုင်သို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ဘာလင်ပြိုင်ပွဲပြန် မောင်ကောင်းဇံမရသည် လက်ရွေးစဉ် ဂိုးသမားအဖြစ် ထပ်မံအရွေးခံရခြင်း ဖြစ်သည်။ မနေ့က နာမည်ကြီး ကလပ် အသင်းများဖြစ်သည့် Yokohama F.Marinos အသင်းအား ၃ဂိုး ၁ဂိုးဖြင့် လည်းကောင်း ,ယနေ့ မနက်ပိုင်းက Kawasaki Frontel အသင်းအား ၂ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် Kashiwa Reysol အသင်းနှင့် ကစားသည့်ပွဲ၌ ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စု ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ(အုပ်စု ဒုတိယဖြင့် တက်ရောက်ခဲ့သည့် အတွက် တဖက်မှ ကွာတားဖိုင်နယ် တက်ရောက်လာသည့် အသင်းမှ နာမည်ကျော် အေစီမီလန် အသင်းနှင့် ထပ်တိုက် တွေ့ဆုံမည့် အခြေအနေအား ရှောင်လွှဲ နိုင်ခဲ့သည်)

မနက်ဖြန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရအား ၃နှစ် စာချုပ်ချုပ် ခေါ်ယူထားသည့် လေ့ကျင်ဖော် လေ့ကျင်ဖက် Group D ပထမနေရာမှ နာမည်ကျော် Tokyo Verdy Junior အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာနိုင်ငံသား မောင်ကောင်းဇံမရအား ဂျပန် နာမည်ကျော် ကလပ် အသင်းများဖြစ်သည့် Yokohama F.Marinos,Tokyo Verdy , Tokyo FC အသင်းများမှ စိတ်ဝင်စားကာ အပြိုင်အဆိုင် ခေါ်ယူခဲ့ကြသော်လည်း လက်ရှိကစားနေသည့် Tokyo Buddy အသင်းမှ တခြား အသင်းများ၌ ဝင်ရောက်ကစားခွင့် ခွင့်မပြုသည့် အတွက် Tokyo Buddy အသင်းနဲ့ ဆက်စပ်နေသည့် Tokyo Verdy အသင်းတွင် ၃နှစ် စာချုပ်ဖြင့် ဝင်ရောက်ကစားရန် စာချုပ်ချုပ်ဆိုခဲ့သည်။ မောင်ကောင်းဇံမရသည် အားထားရသည့် ဂိုးသမားတဦးအဖြစ်သာမကပဲ ကစားဖော်များအား Command ပေးနိုင်သည့် အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း ၎င်းအသင်း နည်းပြထံမှ သိရှိရသည်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက မြန်မာလူငယ် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည် အိမ်ရှင် နာမည်ကျော် ဂျာမာန် Hertha Berlinအသင်းနှင့် Berlin အသင်းများအား ဆီးမီးဖိုင်နယ်တွင် အနိုင်ရ ကျော်ဖြတ်ကာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဂျပန်နိုင်ငံတွင် မွေးဖွားပြီး မြန်မာနိုင်ငံကူး လက်မှတ် လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ခြင်း မရှိသေးသည့် မြန်မာလူငယ်နှစ်ဦးသည် ဂျပန်လက်ရွေးစင် အသင်းများ၌ ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့သည်။ ၎င်းလူငယ် နှစ်ဦးစလုံးသည် နောင်တချိန် မြန်မာ့လက်ရွေးစင် အသင်းတွင် ဝင်ရောက်ကစား လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

နှစ်စဉ် နှစ်တိုင်း ဖိတ်ခေါ်ပြုလုပ်သည့် U-12 Junior Soccer World Challenge ပြိုင်ပွဲသို့ ဥရောပမှ အေစီမီလန်၊ ဘာစီလိုနား၊ လီဗာပူး စသည့် နာမည်ကျော် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ခုနှစ်က ဘာစီလိုနား အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ယခုနှစ်၌ အရှေ့တောင် အာရှမှ အင်ဒိုနီးရှား လူငယ် အသင်းဖြစ်သည့် ASIOP APACINTI အသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကျော် အသင်းများအား  ရှုံးနိမ့်ခဲ့သော်လည်း မျိုးဆက်သစ် လူငယ်များ အတွေ့အကြုံ ရရှိစေရန် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ မျိုးဆက်သစ် လူငယ်များ အနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတကာမှ လူငယ်များနှင့် အတူ ပြိုင်ပွဲဝင် အတွေ့အကြုံ ရယူကာ ယှဉ်ပြိုင်သင့်သည်ဟု ထင်မြင် ယူဆမိသည်။ ထူးခြားသည်မှာ ယခုနှစ် U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် ဂျပန် SUWA FOOTBALL CLUB PRIMARY အသင်း၌ ယောကျာင်္းလေးများနှင့် ယှဉ်ဘောင်တန်းကာ ဂျပန် လူငယ်မိန်းကလေး (၃)ဦး ဘတပြန်၊ မတပြန် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင် မောင်ကောင်းဇံမရသည် Tokyo U-12 လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား တဦးအနေဖြင့် ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

.. မောင်ကောင်းဇံမရ၏ ဖခင်ရခိုင် အမျိုးသားဖြစ်သူ ဦးမြတ်သူမှာလည်း ၁၉၉၀ပြည့်နှစ်များက မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း တဦးဖြစ်ခဲ့သည်။

ဒီမိုဝေယံ

ဆက်သွယ်မေးမြန်း လိုလျှင်..
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available)

မနက်ဖြန်ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ Tokyo U-12 လက်ရွေးစဉ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကစားမယ့် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ..


မနက်ဖြန်ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ Tokyo U-12 လက်ရွေးစဉ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကစားမယ့် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ..

မနက်ဖြန်သြဂုတ်လ (၂၈)ရက်နေ့ တိုကျိုမှာကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ တိုကျိုလက်ရွေးစင် အသင်းရဲ့ ကျောနံပါတ် (၂၂) ဂိုးသမား အဖြစ် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရမှာ ပါဝင်ကစားခွင့် ရမှာ ဖြစ်ပါတယ်..။
..နှစ်စဉ် နိုင်ငံတကာက အသင်းကြီးတွေ ဖြစ်တဲ့ ဘာစီလိုနား၊ အေစီမီလန် စတဲ့ အသင်းကြီးတွေနဲ့ အတူ ဂျပန်နိုင်ငံနာမည်ကြီး ကလပ် အသင်းများ အပါအဝင် အသင်းပေါင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

... ပြီးခဲ့တဲ့ သြဂုတ်လ(၂၀)ရက်နေ့က ကျင်းပတဲ့ Japan Nationwide Grass Soccer Tournament ဂျပန်နိုင်ငံတဝှမ်း လူငယ်ဘောလုံး ပြိုင်ပွဲမှာလည်း မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo Buddy Club အသင်းဟာ ပြိုင်ပွဲဝင် အသင်းများကို အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သလို နာမည်ကျော် Asahi Shinbun သတင်းစာမှာလည်း တဘက်ဘောလုံးအသင်းမှ တိုက်စစ်ဆင် သွင်းယူတဲ့ ဂိုးကို မောင်ကောင်းဇံမရ မှကာကွယ်လိုက်ပြီး တလုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း ဖော်ပြပါရှိပါတယ်..။

...ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့ပါဝင်သည့် တိုကျိုလက်ရွေးစဉ် အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။

...ဒီမိုဝေယံ

မနက်ဖြန် ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲကို သွားရောက် အားပေးလိုလျှင်တော့ Shinjuku ဘူတာမှ Keiōsenနဲ့ ၁၈မိနစ်ခန့်စီးပြီး Tobitakyū-ekiမှ ၅မိနစ်ခန့် လမ်းလျှောက်ရပါမယ်။ Verdy ground Stadium Tokyo Verdy Club House Main Gate ကနေဝင်ရောက်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်..။

မနက်ဖြန်
(၂၈)ရက်နေ့ နေ့လည် ၁၂း၀၀မှာ Yokohama F.Marinos အသင်းနဲ့ Tokyo U-12 အသင်း၊
(၂၉)ရက်နေ့ နေ့လည် ၁၄းဝဝမှာ Rysol အသင်းနဲ့ Tokyo U-12 အသင်း၊ တို့ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်..။

ဆက်သွယ်ရန်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် (မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available)

U-12 Berlin International ဘာလင်ဖိတ်ခေါ် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မြန်မာလူငယ် (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းမှ လူငယ်အသင်းသားများ ယနေ့ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ..


U-12 Berlin International ဘာလင်ဖိတ်ခေါ် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မြန်မာလူငယ် (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းမှ လူငယ်အသင်းသားများ ယနေ့ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တိုကျို ၉.၈.၂၀၁၄

ဂျာမဏီနို...င်ငံ ဘာလင်မြို့မှာ သြဂုတ်လ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဂျပန်နိုင်ငံကိုယ်စားပြု မြန်မာလူငယ် (၂)ဦး ပါဝင်သည့် တိုကျိုလက်ရွေးစင် အသင်းမှ အသင်းသား လူငယ်များအား ယနေ့ Haneda အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ယနေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့် မိဘပြည်သူများမှ သွားရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
မြန်မာလူငယ် ဂိုးသမား (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည် အိမ်ရှင် နာမည်ကျော် ဂျာမာန် Hertha Berlinအသင်းနှင့် Berlin အသင်းများအား ဆီးမီးဖိုင်နယ်တွင် အနိုင်ရ ကျော်ဖြတ်ကာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အာရှဘောလုံး အားကစား ထိပ်တန်းနိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် မြန်မာနိုင်ငံသား လူငယ်နှစ်ဦး အရွေးချယ်ခံရကာ နိုင်ငံတကာ ပြိုင်ပွဲများ၌ ပါဝင်ကစားခွင့် ရခြင်းသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ဝါသနာနှင့် အသက်မွေးဝမ်းကြောင်း ထပ်တူကျကာ ရပ်တည်နိုင်သည့် ဘောလုံးအင်အားကြီး နိုင်ငံတခုတွင် ဂျပန်နိုင်ငံသား ခြေစွမ်းခြေစ ရှိသူ အများအပြားအတွင်းမှ ဤကဲ့သို့ အနည်းငယ်မျှသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးရွေးချယ် စေလွှတ်ခံရခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်...။ မြန်မာလူမျိုးများ ကမ္ဘာနှင့်ယှဉ်လျှင် မညံ့ကြောင်းကို သမိုင်းတလျှောက်နှင့် ယခုထက်တိုင်အောင် ပြသလျှက်ရှိသည်။

အောင်ပွဲရ တိုကျိုလူငယ် လက်ရွေးစင် အသင်းသားများအား ဂျပန်တာဝန်ရှိသူများမှ အလေးထား ဆက်ဆံမှု၊ ကိုယ်အားကိုယ့်ကိုးမှု ရှိအောင် စိတ်ဓာတ်ရေးရာ အားပေးမှု ဇွဲသတ္တိရှိအောင် ပြသလမ်းညွှန်မှု အားပေးအားမြှောက် ဂုဏ်ပြုမှုများသည် အတုယူစရာပင် ဖြစ်သည်
အရည်အချင်းရှိသူများအား နိုင်ငံ့အကျိုးအတွက် ဆိုလျှင် နိုင်ငံခြားသားပင် ဖြစ်စေကာမူ စင်ပေါ်တင်မြှောက် အသိအမှတ်ပြုသော ဂျပန်နိုင်ငံနှင့် နိုင်ငံကြီးများ၏ လုပ်ဆောင်ချက်များအားလည်း အတုယူဖွယ်ရာဖြစ်ပေသည်။ ဂျပန်နိုင်ငံသည် အားကစားတွင် ထင်ပေါ်ကျော်ကြားသူ နိုင်ငံခြားများအား စင်တော်ကောက်ကာ မိမိနိုင်ငံသား အဖြစ် အသိအမှတ်ပြုလေ့ ရှိသည်။ ယခု U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံသား ခရီးသွားလာခွင့် လက်မှတ် မရှိသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးမှာ ဂျပန်အစိုးရမှ ထုတ်ပေးသည့် ပြည်ဝင်ခွင့်လက်မှတ် (Re-Entry Permit)ဖြင့် သွားရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား Passport လက်ဝယ်မရှိသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးနှင့် ခေတ္တခဏ အင်တာဗျူးတွင် မြန်မာနိုင်ငံတွင် လာရောက် ကစားချင်ပါသည်ဟု လူငယ်(၂)ဦးစလုံးမှ ဖြေကြားခဲ့ကြသည်..။ မြန်မာ့ဘောလုံး လောက တိုးတက်စေလိုသူ တာဝန်ရှိသူများ အနေဖြင့် ဤလူငယ် (၂)ဦး၏ ဆန္ဒအား ဖြည့်စည်းပေးနိုင်မည်ဟု မျှော်လင့်မိခြင်းနှင့် အတူ ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည်တွင် ပါဝင်ကာ မြန်မာ့ဂုဏ်ဆောင် ခဲ့သည့် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့အား ဂုဏ်ပြုလိုက်ရပါသည်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

လာမည့် သြဂုတ်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ ဂျပန်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AC Milan၊ Barcelonaစသည့် နိုင်ငံတကာ အသင်းများနှင့် နာမည်ကျော် ဂျပန်Junior Club အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် U-12 Junior Soccer World Challenge 2014 တွင်လည်း တိုကျိုလူငယ် လက်ရွေးစင် အသင်းပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး Goal Keeper အဖြစ် မောင်ကောင်းဇံမရ ထပ်မံ ရွေးချယ် ခံရကြောင်း သိရှိရသည်။

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံဟောင်း 81+80-5176-2421 (Viber available)

၁၂နှစ်အောက် U-12 Berlin International ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲ..

၁၂နှစ်အောက် U-12 Berlin International ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲ..

ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား လူငယ်(၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲခဲ့သည်..။

မြန်မာနိုင်ငံသား Goal Keeper နှစ်ဦးပါဝင်သည့် အသက် (၁၂)နှစ်အောက် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်းသား ၁၈ဦးအား တိုကျို အသင်း (၁)နှင့် တိုကျို အသင်း(၂)ဟူ၍ ၉ဦးစီခွဲကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်..။ တိုကျိုလူငယ် အသင်း (၂)သင်းစလုံး ရှုံးပွဲမရှိ အနိုင်နှင့် သရေပွဲများဖြင့် ရလာဒ်ကောင်းများ ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမဏီနိုင်ငံ ကိုယ်စားပြု အသင်းများ ဖြစ်သည့် (Berlin1) ဘာလင် လူငယ် အသင်းနှင့် ကျောနံပါတ်(၁) မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo2 အသင်း)၊ (ဂျာမာန် Hertha Berlin) ဟာသာဘာလင် လူငယ်အသင်းနှင့် ကျောနံပါတ်(၂၂) မောင်သက်ရင်မျိုး ပါဝင်သည့် Tokyo1 အသင်းတို့ တွေ့ဆုံခဲ့ကြသည်...။
ဆီးမီးဖိုင်နယ်တွင်
Tokyo2 အသင်းမှ Berlin 1 လူငယ်အသင်းအား ၁ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိကာ
Tokyo1 အသင်းမှ Hertha Berlin လူငယ်အသင်းအား ပထမပိုင်းတွင် ၁ဂိုးစတင် အသွင်းခံရပြီးမှ ၃ဂိုးပြန်လည် သွင်းယူကာ ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ထို့အတွက်ကြောင့် ဗိုလ်လုပွဲတွင် တဘက်စီတွင် မြန်မာနိုင်ငံသား ဂိုးသမား တဦးစီပါဝင်သည့် ဂျပန်ကိုယ်စားပြု တိုကျိုလူငယ် အသင်း ၂သင်း ပြန်လည်ဆုံတွေ့ခဲ့ကြပြီး Tokyo1 အသင်းမှ Tokyo2 အသင်းအား ၃-၁ဖြင့် အနိုင်ရရှိကာ ဂျပန်လူငယ်အသင်းများ ချန်ပီယံဆုကို ရရှိခဲ့သည်။
ဂျပန်ကိုယ်စားပြု တိုကျိုလက်ရွေးစင်း အသင်းအနေဖြင့် ၂သင်းစလုံး ဗိုလ်လုပွဲတွင် ပြန်လည်တွေ့ဆုံ အနိုင်ရခြင်းသည်လည်း ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟုလည်း သိရှိရသည်..။ ယခုဘာလင် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားချိန်အတွင်း ဂျပန်အသင်း တာဝန်ရှိသူများနှင့် နည်းပြများမှ နည်းစံနစ် ရေးရာများ၊ စိတ်ဓာတ်ရေးရာများ အားပေးမှုပြုခဲ့ကာ ဂျပန်လူငယ် အသင်း(၂)သင်းစလုံး အနိုင်ရရှိမည်ဟူသော ရည်ရွယ်ချက်ဖြင့် အနိုင်မခံ အရှုံး မပေးစိတ်ဓာတ်အား ပြိုင်ပွဲမစမှီကပင် ပန်းတိုင်အား လမ်းညွှန်ပေးခဲ့သည်။

ဂျပန်နိုင်ငံတွင် မွေးဖွားပြီး ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် အသင်းတွင်ပါဝင်သည့် မြန်မာ့ဂုဏ်ဆောင်နေကြသည့် မြန်မာနိုင်ငံသား (၂)ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်သော်လည်း မြန်မာပတ်စ်ပို့များ လက်ဝယ်မရှိသဖြင့် ဂျပန်နိုင်ငံမှ ထုတ်ပေးသည့် ယာယီခရီးသွားခွင့် စာအုပ်ဖြင့်သာ အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပြည်ပရောက် အနာဂတ် မျိုးဆက်သစ် မြန်မာ့ဘောလုံးအသင်း အတွက် အဆိုပါ ဂျပန်နိုင်ငံသား ခံယူထားခြင်း မရှိသည့် မြန်မာ လူငယ်(၂)ဦးအား မြန်မာသံရုံးအနေဖြင့် တဘက်တလမ်းမှ အးပေး ကူညီလုပ်ဆောင် ပေးလျှင်ကောင်းလေစွဟု ထင်မြင်ယူဆမိသည်..။

ယခု အသက် (၁၂)နှစ်အောက် လူငယ်အသင်းတွင် Goal Keeper များအဖြင့် ပါဝင်ကစားခဲ့ကြသည့် မြန်မာလူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူများမှာ ယခင် မြန်မာ့ ဘောလီဘော လက်ရွေးစဉ်နှင့် မြန်မာ့တင်းနစ် လက်ရွေးစင် အားကစားသမားများ အဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
ကျောနံပါတ် (၁)မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ (ရခိုင်တိုင်းရင်းသား) ဦးမြတ်သူမှာ (၁၉၉၁ခုနှစ်မှ ၁၉၉၇)ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ်ပါဝင်ခဲ့ပြီး၊ (ရှမ်းတိုင်းရင်းသူ) မိခင်မှ မွေးဖွားသည့် ကျောနံပါတ် (၂၂) မောင်သက်ရင်မျိုး၏ ဖခင်ဖြစ်သူ ဦးသက်လွင်မှာ မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံအဖြစ် (၁၉၈၀မှ ၁၉၈၉) အထိ နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြသည်။

လာမည့် သြဂုတ်လ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် ဂျာမဏီ၊ ဘရာဇီး၊ အာဂျင်တီးနား အစရှိသည့် နာမည်ကြီး အသင်းများပါင်သည့် အသက် ၁၂နှစ်အောက် World Challenge ဘောလုံးပြိုင်ပွဲအတွက်လည်း မောင်ကောင်းဇံမရ (Goal Keeper) အဖြစ် ထပ်မံအရွေးချယ် ခံရကြောင်း သိရှိရသည်။
တိုကျိုမြို့မှ သွားရောက် အားပေးလိုသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် အချိန်နှင့် နေရာ ထပ်မံဖော်ပြပါမည်...။

သတင်း ဒီမိုဝေယံ

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် 81+80-5176-2421

U-12 Berlin International လူငယ်ဘောလုံးပြိုင်ပွဲအတွက် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦး ယနေ့ ဂျာမဏီနိုင်ငံသို့ ထွက်ခွာ..

U-12 Berlin International လူငယ်ဘောလုံးပြိုင်ပွဲအတွက် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦး ယနေ့ ဂျာမဏီနိုင်ငံသို့ ထွက်ခွာ..

ဂျာမဏီ လာမယ့် သြဂုတ်လ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပပြုလုပ်မည့် U-12 Berlin International အသက် ၁၂နှစ်အောက် နိုင်ငံတကာလူငယ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် လက်ရွေးစင် အသင်းသား(၁၈)ဦးတွင် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံသား မိဘ(၂)ဦးမှ မွေးဖွားသည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့သည် ယနေ့ လေကြောင်းခရီးဖြင့် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့သို့ ထွက်ခွာသွားကြသည်..။

နောက်ဆုံးအဆင့် အပြီးသတ် ရွေးချယ်သည့် ဂျပန်ကိုယ်စားပြု GOAL KEEPER ၅ဦးတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ (၂)ဦးစလုံး GOAL KEEPER အဖြစ် ရွေးချယ်ခံရခြင်းသည် ထူးခြားမှု ဖြစ်သည်..။ ထို့ထက်ထူးခြားမှုမှာ အဆိုပါ လူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူများမှာ ယခင် မြန်မာ့ ဘောလီဘော လက်ရွေးစဉ်နှင့် မြန်မာ့တင်းနစ် လက်ရွေးစင် အားကစားသမားများ အဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ ဦးမြတ်သူမှာ (၁၉၉၁ခုနှစ်မှ ၁၉၉၇)ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ်ပါဝင်ခဲ့ပြီး မောင်သက်ရင်မျိုး၏ ဖခင်ဖြစ်သူ ဦးသက်လွင်မှာ မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံအဖြစ် (၁၉၈၀မှ ၁၉၈၉) အထိ နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြသည်။

ဂျပန်နိုင်ငံတဝှမ်း ဝင်ရောက် အရွေးခံသည့် အသက် (၁၂နှစ်) အောက် လူငယ် လက်ရွေးစဉ် အားကစားသမား ၉၀၀ကျော်အတွင်း မြန်မာလူငယ် (၂)ဦးစလုံး GOAL KEEPERရွေးချယ်ခံရခြင်းဖြစ်သည်။ ယနေ့ ဂျပန်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် တိုကျိုလူငယ် လက်ရွေးစင် အသင်း(၁၈)ဦးအား ဂျပန် ဘောလုံးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ တိုကျိုလူငယ်အသင်းအား အမှာစကားများ ပြောကြားကာ မိသားစုများမှ သွားရောက် နှုတ်ဆက်ပို့ဆောင်ကြပြီး ဂျပန်လူငယ်များ၏ တချို့မိသားစုများ ဂျာမဏီနိုင်ငံအထိ လိုက်ပါ အားပေး ပို့ဆောင်ကြသည်..။
အဆိုပါ ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလက်ရွေးစဉ် အသင်းမှ လူငယ် အသင်းသားများ အနေဖြင့် ဂျာမဏီနိုင်ငံမှာ Homestay အဖြစ်တရက် နေထိုင်ရမှာ ဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့အထိ ဂျပန်နိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံကဲ့သို့ အာရှဘောလုံး အင်အားကြီးနိုင်ငံမှ မြန်မာနိုင်ငံသား လူငယ်(၂)ဦးမှ ဂျပန် လူငယ်လက်ရွေးစဉ် အဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။

မှတ်ချက်.... မြန်မာနိုင်ငံသား ဂျပန် တိုကျို လူငယ်လက်ရွေးစဉ် (၂)ဦးဖြစ်သည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ မိသားစုများမှာ ဂျပန်နိုင်ငံသား အဖြစ်ခံယူထားခြင်း မရှိပဲ လူငယ် ၂ဦးမှာလည်း ဂျပန်ပတ်စပို့များ ကိုင်ဆောင်ထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံသားများ အဖြစ်သာ ရပ်တည်နေဆဲ ဖြစ်သည်။ မြန်မာသံရုံးမှ အနာဂတ် မြန်မာ့လက်ရွေးစဉ် အလားလာ ရှိသည့် လူငယ်(၂)ဦးအတွက် မြန်မာနိုင်ငံကူး လက်မှတ်များ စီစဉ်ပေးလျှင် ကောင်းလေစွဟု ထင်မြင်ယူဆမိသည်...။

ဒီမိုဝေယံ

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် 81+5176-2421 (Viber available)

ရွှေညဝါဆရာတော်နှင့် လက်ထောက်ဆရာတော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိ..

ရွှေညဝါဆရာတော်နှင့် လက်ထောက်ဆရာတော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိ..

မြန်မာနိုင်ငံမှ ပြည်သူအတွက်ဆိုလျှင် အချိန်မရွေး နေရာမရွေး မရောက်ရောက်အောင် သွားရောက် အားဖြည့် ကူညီပံ့ပိုးပေးသည့် ရွှေညဝါဆရာတော် (ဦးပညာသီဟ)နှင့် လက်ထောက်ဆရာတော် ဦးသူရိယတို့သည် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်လေဆိပ်သို့ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆နာရီမှာ ရောက်ရှိလာပါသည်။

သြဂုတ်လ (၁)ရက်နေ့မှ စ၍ သြဂုတ်လ(၃၁)ရက်နေ့ တိုင်အောင် ဥရောပနိုင်ငံများရှိ မြန်မာမိသားစုများအား တရားရေအေး၊ နိုင်ငံရေး၊ လူမှုရေးတရားများ ဟောကြားမှာ ဖြစ်ပြီး စက်တင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလတိုင်အောင် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ သီတင်းသုံး နေထိုင်မှာ ဖြစ်ပါတယ်..။

ဂျပန်သံရုံး ဝန်ထမ်းအချို့ရဲ့ နားလည်မှု လွှဲမှားမှုနဲ့ ဗီဇာ နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့မှုကြောင့် ဖျက်သိမ်းခဲ့ရပြီး ဂျပန် ကောင်စစ်ဝန် ကိုယ်တိုင် ဗီဇာ အဆင်မပြေဖြစ်မှု အတွက် သွားရောက် လျှောက်ထားတောင်းပန် ခဲ့ရတဲ့ နာမည်ကျော် ဂျပန်ခရီးစဉ်ကတော့ အမေရိကန်နိုင်ငံမှ အပြန် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်..။ နောင်ခရီးစဉ်များမှာ ဂျပန်သံရုံးအနေနဲ့ ဆရာတော်အတွက် နှောင့်နှေးကြန့်ကြာမှု မရှိရအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိကဝက်များ ရရှိထားပြီး ဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံမှာ တရားပွဲများ စီစဉ်ထားပြီး မပြုလုပ်လိုက်ရတဲ့ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများနဲ့ ဆွမ်းကပ်လှူမယ့် ဒကာ၊ ဒကာမများအတွက်လည်း သတင်းကောင်းပါးအပ်ပါတယ်..။

ဒီမိုဝေယံ

ဒါတို့တိုင်း တို့ပြည် တို့မြန်မာပြည်..

ဒါတို့တိုင်း တို့ပြည် တို့မြန်မာပြည်..

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဘုရင့်နောင်တံတား အဆင်း သမိုင်းကုန်းကျော် တံတားပေါ်မှ..
စည်းကမ်းမဲ့ မောင်းဝင်လာသည့် ကားများ၏ မြင်ကွင်း တချို့ဖြစ်သည်...။
ယနေ့ကာလ မြန်မာနိုင်ငံအတွင်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာခြင်း မရှိမှုကြောင့် သေဆုံးရသူ၊ ထိခိုက်ဒဏ်ရာရသူများ နေ့စဉ်နှင့် အမျှစိတ်မကောင်းဘွယ် မြင်တွေ့နေရသည်။

ဂျပန်နိုင်ငံ၏ နိုင်ငံကြီးသား ပီသမှုနှင့် အသက်အသေခံပြီး စည်းကမ်းလိုက်နာမှုများကို နမူနာအဖြစ် တခုပြောပြလိုသည်။ ၂၀၁၁ခုနှစ် မတ်လက ဂျပန်နိုင်ငံတွင် စုနမိရေလှိုင်းကြောင့် သေဆုံးရသူ အလောင်းများအား ပြန်လည် ရှာဖွေရာ၌ ကားများအတွင်း သေဆုံးရသူများကို အများစုတွေ့ခဲ့ကြရသည် ဟုဆိုသည်..။ ဂျပန်လူမျိုးများ၏ စည်းကမ်းရှိမှုကတော့ ကြီးမားသော စုနာမိရေလှိုင်းများ ဝင်ရောက်လာသည့် အချိန်တွင် ကားဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြသူ အများစုသည် နောက်မှ ရေလှိုင်းများ ဝင်ရောက်လာသည့် အချိန်၌ပင် ဘယ်သူသေသေ ငတေမှာ ပြီးရောဟူသော စိတ်နှလုံးကို မျက်ကွယ်ပြုပြီး အသက်ဘေး ကျရောက်နေသော တဒင်္ဂမျှတွင်ပင် ရှေ့ကားမှ နောက်ကားကို အတင်းဓမ္မ ဝရုန်းသုန်းကား ကျော်တက်ခြင်းမရှိပဲ စံနစ်တကျ တန်းစီကာ မောင်းနှင်ခဲ့ကြသည်။ နောက်ဆုံးမှ တန်းစီ လိုက်ပါလာသော ကားများမှာ စုနမိရေလှိုင်းနှင့်အတူ မျောပါကာ သေဆုံးခဲ့ကြရကြောင်း ထိုစဉ်က သွားရောက် ကူညီသူ တဦး၏ ပြောပြချက်အရ သိရှိရသည်။ (စံနစ်တကျ မောင်းနှင်ခြင်း မရှိပဲ ကျော်တက်ကျော်ခွကာ မောင်းနှင်ခဲ့ပါက ဒီထက် သေဆုံးသူများ ရှိနိုင်ပေသည်) ထိုစဉ်က အလောင်းများ ရှာဖွေရာတွင် သေဆုံးရသူများစုအား ကားများအတွင်း သေဆုံးလျှက် တွေ့ရှိခဲ့ရသည်ဟု အဆိုပါ ပုဂ္ဂိုလ်၏ ပြောပြချက် အရသိရှိရသည်။ ကမ္ဘာမီးလောင် သားကောင် ချနင်းဟူသော စကားကို ဂျပန်လူမျိုးများ စည်းကမ်းရှိမှုဖြင့် သက်သေ ပြခဲ့လေသလားပင်။

ယနေ့ မြန်မာပြည်၏ မြို့တော်ရန်ကုန်၏ ယာဉ်ကြပ်သိပ်မှု မြင်ကွင်းများနှင့် အတူ ယာဉ်စည်းကမ်း မလိုက်နာမှုနှင့် လမ်းစည်းကမ်း မလိုက်နာပဲ လမ်းဖြတ်ကူးမှု များကြောင့် တိုးပွားလာသည့် ယာဉ်များနှင့် ထိခိုက်သေဆုံး နစ်နာမှုများ အထူးများပြားလျှက် ရှိပေသည်။ မည်သည့်နိုင်ငံ မဆိုလူကူးမျဉ်းကြားမှ ကူးသူများအား အထူးအလေးထားလျှက် အရှိန်လျှော့ ရပ်တန့်ကာ မောင်းနှင် ပေးသော်လည်း မြန်မာနိုင်ငံတွင်မှာ အစဉ်အလာ မရှိဖြစ်နေသည်ကို နေ့စဉ် မြင်တွေ့နေရသည်။ ရန်ကုန်မြို့အတွင်း လူကူးမျဉ်းကြားမှ လမ်းဖြတ်ကူးသူ နိုင်ငံခြားသူတဦးမှ မြန်မာယာဉ်မောင်းများ၏ စည်းကမ်းမရှိမှု ၊ အတ္တကြီးမှုအပေါ် မချိတင်ကဲ ငြီးငြူပြောဆို မှတ်ချက် ပြုခဲ့မှုကိုလည်း ကြားသိခဲ့ရသည်။

ယခု ဓာတ်ပုံပါ သမိုင်းကုန်းကျော် တံတား အသွားတလမ်း၊ အပြန်တလမ်းပေါ်မှ အများနည်းတူ တံတားပေါ်မှ အစီစဉ်တကျ မောင်းနှင်ခြင်းမရှိပဲ သူထက်ငှာ အပြိုင် ဖြတ်ကျော် မောင်းနှင်မှုများသည် တဘက်ယာဉ်ကျောမှ လမ်းမှန် မောင်းနှင်သည့် ကားများအတွက် အင်မတန်မှ အန္တရာယ်ရှိသည့် မြင်ကွင်းတခုဖြစ်ပြီး မလိုလားအပ်သည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်..။

လူတဦးချင်း စိတ်ဓာတ်မြင့်မားမှ တိုင်းပြည် မြင့်မားပေမည်..။ ဂျပန်လူမျိုးများကဲ့သို့ အသက်အသေခံ စည်းကမ်းရှိရမည်ဟု မဆိုလိုပေ။ မေတ္တာတရားကို အဓိက သွန်သင်ဆုံးမသည့် တရားများ ရှိသည့် နိုင်ငံတွင် နှစ်ပေါင်းများစွာ ခေါင်ကမလုံသောကြောင့် မေတ္တာခေါင်းပါးမှု အတ္တကြီးမားမှုများ စိတ်ဓာတ်ပျက်စီးမှုများသည် လူမျိုးတမျိုးလုံး အရေးနှင့် သက်ဆိုင်လာသလို နောင်အနာဂတ် လူအဖွဲ့အစည်းအားလည်း ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရပေသည်။ သက်ဆိုင်ရာများ အနေနှင့် အဆိုပါ အန္တရာယ်ရှိသော အရေးကြီးသည့် နေရာများ၌ CCTV Camera များတပ်ဆင်ကာ လိုအပ်သည့် အရေးယူမှုများအား တိတိကျကျ အရေးယူသင့်ပေသည်။

လူကိုလူလို တန်ဘိုးထားသော အုပ်ချုပ်မှုနှင့် အတူ လူ့အသက်ကို တန်ဘိုးထားသော နိုင်ငံကြီးသားများ အဖြစ် စိတ်ဓာတ်များ မြင့်တက်လာသော လူ့ဘောင် အဖွဲ့အစည်း ပေါ်ပေါက်လာရေးသည် နိုင်ငံသားတဦးခြင်း၌ တာဝန်ရှိသည်ဟု ထင်မြင်မိသည်။

ဒီမိုဝေယံ