Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts
မန္တလေး ငြိမ်းချမ်းရေး ဆန္ဒပြသံဃာတော်များရဲ့ အင်တာဗျူး by Demo Waiyen
သတင်းရေးချိန် - 9:30 PM, 2011, Nov 15
ဖေ့ဘွတ်မှ ကိုညိုကြီးတဂ်ထားတဲ့ သတင်းပါ.. ကိုညိုကြီးအား ကျေးဇူးတင်ပါသည်..။
(မြန်မာ့ငြိမ်းချမ်းရေးမှ ကမ္ဘာ့ငြိမ်းချမ်းရေးသို့) ယနေ့ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးဆောင် သံဃာတော်များရဲ့ ဆန္ဒပြပွဲ ရည်ရွယ်ချက် အသံဖိုင်ပါ..။ ဆန္ဒထုတ်ဖော် မပြသမှီ တရက်အလို ၁၄ရက်နေ့က ရရှိထားတဲ့ အင်တာဗျူးအသံဖိုင် ဖြစ်ပါတယ်..။
ဓာတ်ပုံ၊ ဆရာတော် ဦးဣသရိယ၊ ဒီမိုဝေယံ
အသံဖိုင်.. ဒီမိုဝေယံ
မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ
ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ် ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။
၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁ ညိုကြီး
၁။ မန္တလေး သပိတ်မှောက် သံဃာအရေးအခင်းကို သတင်းယူ ဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်းတင် ခြေရာခံခြင်းများ ရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက် တစ်ဦးမှ ပြောကြားပါသည်။
၂။ မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေးတရားများ ဟောပြော တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ (၃)ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်း ပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။
၃။ ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။
ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။
၎။ "Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။
ညိုကြီး
သတင်းရေးချိန် - 9:30 PM, 2011, Nov 15
ဖေ့ဘွတ်မှ ကိုညိုကြီးတဂ်ထားတဲ့ သတင်းပါ.. ကိုညိုကြီးအား ကျေးဇူးတင်ပါသည်..။
အောက်မှာတော့ တန်ဆောင်မုန်းလပြည့်နေ့က ဆရာတော် ဦးသောပါက ပေးပို့လာတဲ့ တောင်းဆို ကြေငြာချက် ဖြစ်ပါတယ်..။
ငြိမ်းချမ်းရေးလိုလားသော ပြည်တွင်းမှ သံဃာတော်များနှင့် တကာ၊ တကာမများ..
စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့
(သွေးမုန်တိုင်းစစ်ဆင်ရေး ကြေငြာချက်)
(သွေးမုန်တိုင်းစစ်ဆင်ရေး ကြေငြာချက်)
လျှော့ရက်ခံစားခွင့်မရှိသော သီးသန့်၊ သာမန်သီးသန့် အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ပေးရေး အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုအား ပြည်သူလူထုကြီးမှ လတ်မှတ်ထိုးထောက်ခံလိုက်ခြင်း
အင်းစိန် အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများသည် “လျှော့ရက် ခံစားခွင့်မရှိသော သီးသန့်၊ သာမန်သီးသန့် အကျဉ်းသားများအား လျှော့ရက် ခံစားခွင့်ပေးရေး” တောင်းဆိုချက်အတွက် (၂၆-၁၀-၂၀၁၁)ရက် နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြ နေကြပါသည်။ အထက်ပါ တောင်းဆို ဆန္ဒပြမှု၏ အချင်းအရာများတွင်
၁။ ထောင်လက်စွဲဥပဒေပါ လျှော့ပေါ့ရက် ခံစားခွင့်ကို (န၀တ၊ နအဖ) အစိုးရလက်ထက် အာဏာအလွဲသုံးစားလုပ် ဖြတ်တောက်လိုက်ချိန်မှစ၍ ယနေ့အချိန်ထိ နိုင်ငံရေး အကျဉ်းသားများမှ ငြိမ်းချမ်းစွာဖြင့် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ခြင်း၊
၂။ အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများတောင်းဆိုချက်သည် အင်းစိန် အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားကိစ္စ သက်သက် မဟုတ်ဘဲ အကျဉ်းထောင်အသီးသီးရှိ ဥပဒေမဲ့လျော့ရက်ခံစားခွင့် ဖြတ်တောက်ခံထားရသည့် အကျဉ်းသားအားလုံးနှင့် လုံးဝသက်ဆိုင်သော အခြေခံအခွင့်အရေးဖြစ်နေခြင်း၊
၃။ ထောင်လက်စွဲဥပဒေပါ လျော့ရက်ခံစားခွင့်များ ဖြတ်တောက်ရာ၌ လျော့ရက်ရရှိသင့်သော အကျဉ်းသားအားလုံးကို ဖြတ်တောက်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားများကိုသာ သီးခြားကန့်သတ်ဖြတ်တောက်ထားခြင်း၊
၎။ ထောင်လက်စွဲဥပဒေစာအုပ် အခန်း(၁၁)ပါ လျော့ပေါ့ရက်ခံစားခွင့်များကို နိုင်ငံရေးအကျဉ်းသားများ ပြန်လည်ခံစားခွင့်ရရှိပါက နိုင်ငံရေးအကျဉ်းသားမြောက်များစွာ ပြန်လည်လွတ်မြောက်လာနိုင်ခြင်း၊
၅။ ထောင်လက်စွဲဥပဒေပါလျော့ပေါ့ရက်ခံစားခွင့်ကို ပြန်လည်ရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားများ တောင်းဆိုရာတွင် တောင်းဆိုမှုပုံသဏ္ဍာန် အမျိုးမျိုးအနက်မှ အစာငတ်ခံတောင်းဆိုမှုကို ပြုလုပ်သောကြောင့် အသက်အန္တရယ်အ လွန်စိုးရိမ်ရခြင်း၊
၆။ ၂၀၁၁ခုနှစ်၊ မေလ၊ ၁၆ရက်နေ့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အပိုဒ်(ခ)၌ ထောင်လက်စွဲဥပဒေပါ လျော့ပေါ့ရက် ခံစားခွင့်ဖြစ်သည့် သာမန်လျော့ပေါ့ရက်ကို ခံစားခွင့်ပေးထားကြောင်း တရားဝင်ညွန်းဆိုကြေညာခဲ့ခြင်း တို့ပါဝင်ပါသည်။
အထက်ပါအချက်များကို ထောက်ရှု၍ ပြည်သူလူထုကြီးနှင့်တကွ ဒီမိုကရေစီရေး၊ လူအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အင်အားစုများမှ နိုင်ငံရေး အကျဉ်းသားတို့၏ အသက်အန္တရယ်ကို အလွန်စိုးရိမ်နေကြလျက် နိုင်ငံရေး အကျဉ်းသားတို့၏ တရားမျှတသော တောင်းဆိုလှုပ်ရှားမှုအား အမြန်ဆုံး အောင်မြင်စွာ ပြီးမြောက်စေရန် ထောက်ခံ ဆန္ဒပြုလိုက်ကြပါသည်။ ယနေ့ အချိန်လို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်နေသော ကာလတွင် တရားမျှတသော တောင်းဆိုချက်အတွက် တိုင်းပြည်နှင့် လူထုအကျိုးကို ဆောက်ရွက်နေကြသော နိုင်ငံရေးအကျဉ်းသား မည်သူ တစ်ဦးတစ်ယောက်ကိုမှ အသက်မဆုံးမရှုံးစေသင့်ပါ၊ ပြည်သူဆန္ဒကို လေးစားခြင်းဖြင့် ဥပဒေကို ချိုးဖောက်သော အစိုးရမဖြစ်စေရန် အချိန်မဆိုင်းပဲ တောင်းဆိုချက်အား အမြန်ဆုံး လိုက်ရောဆောင်ရွက်ပေးရန် လက်မှတ်ထိုး ဆန္ဒပြုတောင်းဆိုလိုက်ပါသည်။
အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုအား လက်မှတ်ရေးထိုး ထောက်ခံခြင်းပေးပို့သူ ကိုစိုင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲနွမ်းပါး နာမကျန်းသူများအား ကူညီထောက်ပံ့ရေးကွန်ယက်.... တည်ထောင်ခြင်း (၆)လပြည့် ကြေငြာချက်
အောက်မှာ ဆက်လက်ဖတ်ရှုပါရန်...
GW Announcementညီအကိုမောင်နှမများ ခင်ဗျား...။
လေးစားစွာဖြင့်
Generation Wave(မျိုးဆက်သစ် လူငယ်များအစည်းအရုံး)
info@generationwave.org
media@generationwave.org
www.generationwave.org
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ www.generationwave.org ( Website) ဖွင့်လှစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား။
လေးစားစွာဖြင့်
Generation Wave(မျိုးဆက်သစ် လူငယ်များအစည်းအရုံး)
info@generationwave.org
media@generationwave.org
www.generationwave.org
Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင် ပြီးရပ်တန့်ထားလိုက်ကြောင်း သတင်းရရှိပါသည်။
Blinker Hacker အဖွဲ့မှ ထိုသို့ရပ်တန့်လိုက်ခြင်းမှာ အများပြည်သူ သုံးစွဲနေသော ကွန်ရက်ကို ထိခိုက်နေပါသည်ဟု နအဖမှပြောကြားချက် နှင့်ပတ်သက်ပြီး အမှန်တစ်ကယ် ထိခိုက်မှုရှိမရှိကို အများပြည်သူများ သိရှိစေရန်ဖြစ်ပြီး ၊ ထိုသို့ရပ်တန့်ထားချိန်တွင် အများပြည်သူ သုံးစွဲနေသော အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာခြင်းရှိမရှိ ကိုစောင့်ကြည့်နေမည်ဖြစ်ပါသည်။ အများပြည်သူများအနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်တိုးတက်လာခြင်း ရှိမရှိကို သုံးသပ် ပြီး blinkerhackergroup@gmail.com သို့ တိုက်ရိုက်သတင်းပေးပို့ ဆက်သွယ်နိုင်ကြောင်း blinker hacker group မှ ယနေ့မှစတင်ပြီး တစ်လခန့်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်ကောင်းမွန်လာခြင်းမရှိပါက နအဖ ၀န်ကြီးဌာနလိုင်းများ စစ်တပ်အသုံးပြုနေသော ကွန်ရက်များ ကို ယခုထက်ပိုမိုမြှင့်တင်ပြီး တိုက်ခိုက်သွားမည်ဟု ပြောကြားပါသည်။
မြန်မာပြည်တွင်း အင်တာနက်လိုင်းများအသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက်ထားရှိပြီး se me we 3 ရေအောက်ဆက်ကြောင်းဖြင့်လဲ ဆက်သွယ်ထားရှိပါသည်။ အများပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက်ထားရှိပေးပြီး Inland gateway များကို စစ်တပ်နှင့် ၀န်ကြီးဌာန များမှ သာ ရယူသုံးစွဲနေခြင်းဖြစ်သဖြင့် အဖွဲ့အနေဖြင့် အများပြည်သူ သုံးစွဲနေသော လိုင်းများအား မထိခိုက်စေပဲ တိုက်ခိုက်နေခဲ့ကြောင်း ထိုသို့ တိုက်ခိုက်နေခြင်းကြောင့် အများပြည်သူသုံးစွဲမှု ထိခိုက်ခြင်းမရှိပဲ နအဖ အင်တာနက် စာမျက်နှာများ ၀န်ကြီးဌာနများ စစ်တပ် ကွန်ရက်များ ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောဆိုသွားပါသည်။
အများပြည်သူများအနေဖြင့် နအဖမှ ပြည်ပတိုက်ခိုက်မှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေသည်ဆိုသည့် သတင်းဖြန့်ချီချက်အား နားမယောင်ကျပါရန်နှင့် ယခု တိုက်ခိုက်မှု တစ်လခန့် ရပ်နားလိုက်ချိန်တွင် အမှန်တကယ် တိုက်ခိုက်မှုကြောင့်နှေးကွေး ခြင်း သို့မဟုတ် နအဖ မှ အများပြည်သူများ အား အင်တာနက် အသုံးပြုမှု သတင်းအချက်အလက် စီးဆင်းမှု အဝေးရောက်မိသားစုများ online တွေ့ဆုံမှု စသည့် လူမှုအခွင့်အရေး များ ကို ပိတ်ပင်တားဆီး ချင်သော စေတနာဆိုး လား ဆိုသည်မှာ အများပြည်သူများ လက်တွေ့ သိရှိလာမည်ဖြစ်ကြောင်းပြောကြားပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယအဆိုးဝါး ဆုံး အင်တာနက်ပိတ်ပင်မှုနိုင်ငံအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး အများပြည်သူ သုံးစွဲနေသော အီးမေးလ် နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားဖြတ်စောင့်ကြည့် ရယူနေမှုများ လဲပြုလုပ်လျက်ရှိပါသည်။
အများပြည်သူများ ယခုသတင်းအား ဆက်လက်ဖြန့်ဝေ ပေးပါရန်နှင့် မိမိတို့ ဒေသတွင်း အင်တာနက်လိုင်းများ ကျဆင်းမှု များကို အီးမေးလ်ပေးပို့ ရန် မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန် blinkhackergroup@gmail.com (not for chatting)
http://www.blinkhackergroup.net သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
သို့
သတင်းအယ်ဒီတာများနှင့် ဘလော့(ဂ်)ဂါများခင်ဗျာ
သတင်းအယ်ဒီတာများနှင့် ဘလော့(ဂ်)ဂါများခင်ဗျာ
ယခုသတင်းသည် စစ်အာဏာရှင်တို့အပေါ် နိုင်ငံရေးအရ တိုက်ကွက်တခုဖြစ်ပါသောကြောင့် မိမိတို့၏ မီဒီယာများမှ ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်ပါရန် ပေးပို့အပ်ပါသည်။
============================== ============================== =========================
Update News
===========================*** ****************************** ============================== ========
Early Statement
Update News
BHG အဖွဲ့မှ မြန်မာစစ်အစိုးရအား အင်တာနက်စစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲနေသည်မှာ ၄ ရက်ရှိပြီဖြစ်ပါသည်။ မြန်မာစစ်အစိုးရသည် ဤတိုက်ခိုက်မှုကို အလူးအလဲခံနေရကြောင်း ထောက်လှမ်းရေး သတင်းများအရ သိရှိရပါသည်။ အဓိကအားဖြင့် စစ်တပ်သုံး အရေးကြီးသော Subnets ၃ ခုမှာ ပျက်စီးသွားပြီဖြစ်ပါသည်။
ဤတိုက်ခိုက်မှုကို မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှ ည ၆ နာရီအတွင်းတွင်သာ ပြုလုပ်နေပါသည်။ ရည်ရွယ်ချက်မှာ မြန်မာပြည်သူလူထုများ၏ အင်တာနက်လိုင်းများ ထိခိုက်မှုမဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ မြန်မာစစ်အစိုးရသည် ကျွန်ူပ်တို့၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံနေရသော်လည်း မီဒီယာများကို လှည့်ပတ်ဖုံးကွယ်ေ နပါသည်။
ဤတိုက်ခိုက်မှုကို လုံးဝရပ်တန့်မည်မဟုတ်ပါ။ ကျွန်ူပ်တို့ အစောပိုင်းတွင်ကြေငြာခဲ့သည့်အတိုင်း နိုင်ငံရေး ထွက်ပေါက်တခုကို မတွေ့မခြင်း (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ၍ ရပ်တန့်ရန် မပြောမခြင်းနေ့စဉ်တိုက်ခိုက်ေ နမည်ဖြစ်ပါသည်။
ဤတိုက်ခိုက်မှုကို မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှ ည ၆ နာရီအတွင်းတွင်သာ ပြုလုပ်နေပါသည်။ ရည်ရွယ်ချက်မှာ မြန်မာပြည်သူလူထုများ၏ အင်တာနက်လိုင်းများ ထိခိုက်မှုမဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ မြန်မာစစ်အစိုးရသည် ကျွန်ူပ်တို့၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံနေရသော်လည်း မီဒီယာများကို လှည့်ပတ်ဖုံးကွယ်ေ
ဤတိုက်ခိုက်မှုကို လုံးဝရပ်တန့်မည်မဟုတ်ပါ။ ကျွန်ူပ်တို့ အစောပိုင်းတွင်ကြေငြာခဲ့သည့်အတိ
===========================***
Early Statement
Annoucement To Attack (Operation Burma)
Statement of the Cyber-attack to SPDC (Operation Burma)
We, BHG, would like to announce that we are going to lead another cyber-attack on the SPDC’s internet-websites on 30th January 2011 (Myanmar Time 8:55 PM). The attack is led by BHG and all Hackers, Attackers and Hack-activists in worldwide will join together with us. This attack will be recognized as a Cyber-attack and we have arranged to use high speed during the attack in order to not hurt the public websites.
During the Cyber-attack, we will try to harm all the organizations and countries that are going to provide technical assistants to the SPDC. And, we would like to invite all to participate in this attack. We will not stop this activity on any circumstances and we are really interested in the SPDC’s response regarding this Cyber-attack.
The purpose of this Cyber-attack is that we do not recognize the November 7 elections and assembling of the Parliament on 31st January. However, we would like to give a message that we will bring to an end this activity, if Daw Aung San Suu Kyi asks us to stop. This Cyber-attack proves that Daw Aung San Suu Kyi is the only one democratic leader of Burma.
During the Cyber-attack, we will try to harm all the organizations and countries that are going to provide technical assistants to the SPDC. And, we would like to invite all to participate in this attack. We will not stop this activity on any circumstances and we are really interested in the SPDC’s response regarding this Cyber-attack.
The purpose of this Cyber-attack is that we do not recognize the November 7 elections and assembling of the Parliament on 31st January. However, we would like to give a message that we will bring to an end this activity, if Daw Aung San Suu Kyi asks us to stop. This Cyber-attack proves that Daw Aung San Suu Kyi is the only one democratic leader of Burma.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ကြေငြာချက်အမှတ် ၁၁/၁၀/၁၀
Wednesday, October 27, 2010
ဒီမိုဝေယံ
No comments
Posted in:
statement
ထုတ်ပြန်ကြေငြာချက်
ကြေငြာချက်
Kalay Decision Announcement ဇိုမီးအမျိုးသားကွန်ကရက်၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ရခြင်း အကြောင်းကို ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခြင်း
အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါသည်...
အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါသည်...
Message From Pu Chin Sian Thang Statement ပေးပို့လာသူ ကိုအောင်ထွန်း၊ မြတ်လေးငုံတို့အား ကျေးဇူးတင်ပါသည်။
နအဖ(စစ်အုပ်စု)၏ ရွေးကောက်ပွဲကို ချက်ချင်းဖျက်သိမ်းရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် စတင်မည်ဖြစ်ကြောင်း ကြေငြာချက်....
Tuesday, October 19, 2010
ဒီမိုဝေယံ
2 comments
Posted in:
statement
တိုက်တွန်းနှိုးဆော်ချက်
ကြေငြာချက်
Subscribe to:
Posts (Atom)






























