ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ မတရားသည့် ကြေငြာချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေငြာချက်..


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ ပါလီမန် ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စမခိကို ခိခုတနှင့် အဖွဲ့မှ အဖွဲ့ချုပ်ရုံးသို့ လာရောက်တွေ့ဆုံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ ပါလီမန် ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စမခိကို ခိခုတနှင့် အဖွဲ့ဝင် ၁၁ဦးမှ အဖွဲ့ချုပ်ရုံးသို့ လာရောက် တွေ့ဆုံခဲ့ပါတယ်...။ ထိုသို့ တွေဆုံနှုတ်ဆက်အပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း အိုကာတာမှလည်း ဒေါ်အောင်ဆန်းစုကြည်အား နာရီဝက်ကြာ ဖုန်းဖြင့်နှုတ်ဆက် စကားပြောဆိုခဲ့ပါတယ်....။

သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်လူငယ်များ တွေ့ဆုံပွဲ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်လူငယ်များ တွေ့ဆုံပွဲကို ယနေ့ ၂၉.၆.၂၀၁၁ နံနက်၁၀နာရီ တိတိတွင် စတင်ခဲ့ပါသည်။ အခမ်းအနားတွင် ဘဘဦးတင်ဦးမှ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ အောက်မြန်မာပြည်ရှိ

၁. ကရင်ပြည်နယ် မှ ၁၀ဦး
၂. မွန်ပြည်နယ်မှ ၈ဦး
၃. ရခိုင်ပြည်နယ်မှ ၄ဦး
၎.တနင်္သာရီတိုင်းမှ ၇ဦး
၅. ပဲခူးတိုင်းမှ ၄၈ဦး
၆. ဧရာဝတီတိုင်းမှ ၂၅
၇။ ရန်ကုန်တိုင်းမှ ၂၀၉ တို့တက်ရောက်ခဲ့ပြီး အခမ်းအနားကို ၃း၂၀တွင်ပြီးဆုံးခဲ့ပါသည်။

ပေးပို့သူ ညီမငယ်..မေလင်း....

ယနေထုတ် မြန်မာ့အလင်းသတင်းစာပါ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကြေငြာချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာချက်..

Today NLD Statement

နောက်ဆုံးရ ကချင်ပြည်နယ် သတင်းများနှင့် လက်ရှိ တိုက်ပွဲအခြေအနေများ...

ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် လိုင်ဇာမြို့သို့ ထွက်ပြေးရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များအား ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှလူကြီးများက သွားရောက်ကြည့်ရှု အားပေးနေစဉ်...
ကျဆုံးသွားတဲ့ KIA တပ်သားတစ်ဦးရဲ့ ဈာပနအခမ်းအနား
တိုင်းရင်းသား ကချင် စစ်ပြေးဒုက္ခသည်များ...

ယနေ့နောက်ဆုံးရ ကချင်သတင်းများ...
ယနေ့ ဇွန် (၂၈)တွင် ကေအိုင်အေ ဌာနချုပ်ရှိရာ မိုင်ဂျာယန်သို့ ခိုးဝင်လာတဲ့ စစ်သား (၆) ဦးအား လက်နက်များနှင့်အတူ ကေအိုင်အေ မျိုးချစ်ရဲဘော်များက ဖမ်းဆီးထားနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ မိုင်ဂျာယန်နှင့် စစ်အစိုးရတပ်များ ရှိရာနေရာမှာ ချောင်းတစ်ခုသာ ခြားပါတယ်။

ယနေ့ (၂၈)ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်ရှိ ကေအိုင်ကေ တပ်ရင်း (၆) နယ်မြေတွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များ နှင့် စစ်အစိုးရ စစ်တပ်တို့ ကြားတိုက်ပွဲ ဖြစ်ပွားရာ စစ်အစိုးရ စစ်သား (၃) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။ 

ဓာတ်ပုံ၊ သတင်း nzaushan 

ဓာတ်ပုံ သတင်းများ ပေးပို့ပေးလာတဲ့ ကိုnzaushan   အားကျေးဇူး အထူးတင်ပါသည်။


မနေ့က မန္တလေး ကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ သတင်း....

 ဓာတ်ပုံ ကိုအောင်ရှင်
ဒီနေ့ ၂၇.၆.၂၀၁၁ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေးထဲမှာ ဖြစ်ပွားခဲ့တာပါ။ ကျောက်ပွဲစားတစ်ယောက်ကို လည်ပင်းညစ်ပြီး ၀ိုင်းထိုးတာပါ။ အဖြစ်အပျက်က ဒီလိုပါ

ကိုမောင် (အမည်လွှဲ)က အဲဒီ တရုတ်တွေဆီမှာ ကျောက်ပြခဲ့ပါတယ်။ ကြိုက်ဈေးမရလို့ ဖြုတ်ခဲ့ပါတယ်။ နောက်ဝယ်လက် တစ်ယောက်ကို ပြတော့ ပိုပေးလို့ ရောင်းလိုက်ပါတယ်။ အဲဒါကို မကျေနပ်လို့ သူတို့ထိုင်တဲ့ အခန်းရှေ့ ဖြတ်သွားတော့ အခန်းထဲကို ခေါ်ပြီးတော့ တစ်ယောက်က လည်ပင်းညစ်ပြီး ကျန်လေးယောက်က ၀ိုင်းထိုးတာပါ။ အဲဒါကို မကျေနပ်တဲ့ အတွက် ဘေးမှာ ရှိတဲ့ မြန်မာတွေက အခန်းထဲဝင်ပြီးတော့ ပြန်ရိုက်ပါတယ် ဖန်ခွက် တွေနဲ့ ၀င်ရိုက်လို့ တရုတ်နှစ် ယောက်ကတော့ တော်တော်လေး ဒဏ်ရာရသွားပါတယ်။ အခန်းပိုင်ရှင်က အခန်းတံခါး တွေ အပိတ်မြန်သွားလို့ သက်သာသွားတာပါ။ အခန်းတံခါးပိတ်သွားတော့ ကျောက်ခဲတွေနဲ့ ဆက်ထုပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ကျောက်ဝိုင်း တစ်ဝိုင်းလုံးနီးပါး ရောက်လာပါတယ်။

အခန်းကို ၀ိုင်းထားတဲ့ လူအုပ်ကြီးက တော်တော် များပါတယ်။ ၄၀၀ကျော်လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ ရဲတွေရောက်လာပါ တယ်။ ရဲတွေ ၀င်တားပါတယ် မရပါဘူး။ မြို့နယ်မှူး ကိုယ်တိုင်လိုက်လာတာပါ မရပါဘူး။ နောက် တော့ရဲမှူးကြီးရောက်လာပါတယ်လို့ ပြောပါတယ။် လူတွေကွယ်နေလို့ မမြင်လိုက်ရပါဘူး။ နောက်တော့ ရဲတွေက ကားတွေနဲ့ ထပ်ရောက်လာပြီး တရုတ်တွေကို ခေါ်ထုတ်သွားပါတယ် တရုတ် တစ်ယောက်ကို ရဲလေးယောက်က ဒိုင်းနဲ့ကာပြီး ခေါ်ထုတ်သွားပါတယ် တစ်စီးကို နှစ်ယောက်တင်သွားတာပါ။ အဲချိန်မှာ နိုင်ငံတော် သီချင်းကိုဆိုပါတယ် ပြီးတော့ မြန်မာတွေ ခေါင်းငုံမခံဘူးကွ ဆိုပြီးတော့ ခဲနဲ့ထပ်ထုပါတယ် ရဲတွေ လိုက်တော့ လူအုပ်ခွဲပါတယ် ပြီးတော့ လူပြန်စုပါတယ်။ နောက်တော့ သူတို့တွေကို ခေါ်ထုတ်သွားနိုင်ပါတယ်။


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်တဲ့ ဆလိုင်းကိုတင်မောင်ဦး ကျဆုံးခြင်း ၃၅ပြည့် အခမ်းအနား.... (ဓာတ်ပုံ)

 
2011-06-26
အိန္ဒိယနိုင်ငံရောက် CCN  ( india ) မှ ဦးစီးပြီး ၊ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နယူးဒေလီမြို့ မြန်မာ့ရိပ်သာခန်းမ၌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ကြိုးပေးသတ်ဖြတ် ခံခဲ့ရတဲ့ ရန်ုကုန်တက္ကသိုလ်က ကျောင်းသားခေါင်းဆောင် (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ကို  ပြုလုပ်နေစဉ်။

ဓါတ်ပုံ      ဇော်ရှန်

ပေးပို့ပေးတဲ့ ကိုဇော်ရှန်အား ကျေးဇူးတင်ပါသည်..။

အညတရ သူရဲကောင်း ဆု အတွက်စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပွဲ အခမ်းအနား

အညတရ သူရဲကောင်း ဆု အတွက်စကား ၀ိုင်း ဆွေးနွေးဖလှယ်ပွဲ နှင့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ပွဲ အခမ်းအနား
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ရေးအတွက် အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီမှလစဉ်ပုံမှန် အစည်းအဝေးနှင့် စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲအား တိုကျိုမြို့ မီနာမိအိုဆုကာခန်းမ ၃တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိုးသောက်ကြယ်စာကြည့်တိုက်မှ တာဝန်ခံ ကိုစိုးဝင်းရှိန်နှင့် မိုးသောက်ကြယ် စာကြည့်တိုက် အဖွဲဝင်များမှ အလှူငွေ ယန်း၇သောင်းတိတိအား အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီအမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ ကျေးဇူးတင် အမှာစကားပြောကြားပြီး စာနာဂုဏ်ပြုမှုမှသည် တစ်မျိုးသားလုံး လွတ်မြောက်မှုဆီသို့ ခေါင်းစဉ်ဖြင့် တက်ရောက်လာသော ပရိသတ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို သရုပ်ဖော် ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားရဲ့ သရုပ်ဆောင် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး Michelle Yeoh ပြည်ဝင်ခွင့် ပိတ်ပင်ခံရပြီး ရန်ကုန်လေဆိပ်မှ ပြန်လည် ပိုဆောင်ခံရ...


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို သရုပ်ဖော် ရိုက်ကူးထားတဲ့  The Lady ဇာတ်ကားရဲ့ သရုပ်ဆောင်  နာမည်ကျော် ဟောလိဝုဒ် မင်းသမီး  Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာစဉ် မြန်မာအာဏာပိုင်များမှ Black List စာရင်းတွင် ပါဝင်သည်ဟုဆိုကာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ထိုနေ့မှာပင် ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရှိရပါတယ်...။

Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသမှာ ဖြစ်ပါတယ်..။ အဆိုပါ The Lady ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့အား ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက်ခဲ့ပါတယ်...။ မလေးရှားနိုင်ငံဖွား ဟောလိဝုဒ်  ကမ္ဘာကျော် မင်းသမီး  Michelle Yeoh မှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားခဲ့ပါတယ်..။ သတင်းများ အကျဉ်းချုပ် ဘာသာပြန်တင်ပြပါသည်...။

ဒါကတော့ ဒီမိုကရေစီ အစိုးရလို့ အာခေါင်ချစ်အော်နေတဲ့ သမ္မတကြီးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ပါပဲ...။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင် ကမ္ဘာသိရော ကမ္ဘာမသိရော ဘာမှ ဂရုမစိုက် မည်မျှ အငြိုးအတေးထား ကြောက်ရွံ့ကြတယ်ဆိုတာ ယခုဖြစ်ရပ်က သက်သေပြနေပါတယ်...။ ဇာတ်ကားက ရုံတင်ပြသခြင်းတောင် မရှိသေးခင်မှာ သရုပ်ဆောင် ကမ္ဘာကျော် မင်းသမီးကို တားမြစ်ပိတ်ပင်ပြလိုက်ပါပြီ။  မင်းသမီး  Michelle Yeohဆိုတာ ပရဟိတ လူမှုရေးလုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့  ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး တစ်ယောက်ပါ..။ ရုပ်သေးဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ကတော့ အင်မတန် အကျဉ်းတန်တဲ့ လုပ်ရပ်ပါပဲ..။ သိမ်ဖျင်းတဲ့ လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရုပ်တူ သရုပ်ဆောင်သူ ကိုပါ ဒုက္ခပေးတာပါပဲ။ ဇာတ်ဝင်ခန်းတွေမှာ ကြည့်ရတာ နောက်ကွယ်က ဘဘကြီး သန်းရွှေရဲ့ သရုပ်ဆောင်ကွက်တွေလည်း ပါတယ်လေ။ ရုပ်ရှင်အခွေ ထွက်လာရင်လည်း ပြည်တွင်းမှာ လက်သိပ်ထိုးကြည့်ကြရမှာ မြေကြီးလက်ခတ်မလွဲပါပဲ..။ အရာရာကို အာဏာပေတံနဲ့ တိုင်းနေတဲ့ ရုပ်သေးအစိုးရရဲ့ လုပ်ရပ်ကတော့ တော်ရှာပါပေတယ်ဟေ့ တော်ရေလို့ ဆိုစမှတ်ပြုလောက်ပါပေတယ်..။ မင်းသမီး  Michelle Yeohအနေနဲ့လည်း အဆိုပါ အာဏာရှင် ရုပ်သေးအစိုးရအား Black List ပြန်သွင်းသင့်ပါတယ်...။ အဆိုပါ မတရား ပြန်လည်ပို့ဆောင်မှုအားလည်း နိုင်ငံတကာကို မီးမောင်းထိုးပြပေးပြီး ကန့်ကွက်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY ဇာတ်ဝင်ခန်းမှ မြင်ကွင်းများ... ပြန်ဖတ်ချင်ရင် Click

မေ့လျော့နေခဲ့သော အာရှတိုက်၏ သူရဲကောင်း ဆလိုင်းကိုတင်မောင်ဦး... ရေးသားပြုစုသူ (ကိုအောင်ထူး)..

Tin Maung Oo ~ a Forgotten Hero of Asia - By U Aung Htoo - Burmese
ကိုဇော်ဇော်လှိုင်မှ ဖြန့်ဝေပါသည်....။
ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?u4jm3hy4l4bi1hb

အပီထိုင်ခိုးတဲ့ ပြည်ခိုင်ဖြိုး (တိုင်ကြားစာ)

အာဏာကို အလွဲသုံးစားပြုပြီး မြေ(၂)ကွက်အား ရောင်းချခဲ့တဲ့သားမက်နဲ့ ယောက္ခမ
 ပုံ(၁) သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် ရွှေရတနာမြင့်တိုက်ဘေးရှိ မည်သူပိုင်မှန်းမသိ၊ လမ်းနယ်မလွတ်တဲ့ မြေကို ယောက္ခမဖြစ်သူ ဒေါ်သိန်းလှ (ပြည်ခိုင်ဖြိုး ရပ်ကွက်စည်းရုံးရေးရေးမှူး) နှင့်သားမက်ဖြစ်သူ ဦးမြတ်ကျော် (ရပ်ကွက်အုပ်ချုပ်ရေးမှူး) တို့မှ ကျပ်ငွေ (၈)သိန်းဖြင့်အလွဲသုံးစားပြု ရောင်းချထားသည်။ မြေပေါ်တွင် ဆောင်လုပ်ထားသည်အိမ်ဖြစ်ပြီး မြို့နယ်စည်ပင် (အဆောက်အဦး အင်ဂျင်နီယာဋ္ဌာန) မှမည်ကဲ့သို့နားလည်မှုဖြင့် ဆောက်လုပ်ခွင့်ပြုသည်ကို နားမလည်မိပါ.....။ 
 ပုံ(၂) ၀ယ်ယူထားသူမှ အိမ်သာအား ဘောဂဈေးထိပ်တွင်(၂)လုံးတွဲ ဆောက်ပြီး ပတ်ဝန်းကျင်မှ မသိစေရန် ၀ါးကပ်များဖြင့် ကာရံထားခြင်းဖြစ်ပြီး၊ ဇ/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုမိန့်ဖြင့် ဆောက်ထားခြင်းဖြစ်သည် ....။ 
 ပုံ(၃) အထက်ပါ အဆောက်အဦးအား ဒေါ်သိန်းလှ (ပြည်ခိုင်ဖြိုး ရပ်/စည်း)နှင့် သားမက် ဦးမြတ်ကျော် (ရပ်ကွက်အုပ်ချုပ်ရေးမှူး) တို့မှကျပ်ငွေသိန်း (၅၀)ဖြင့် ရောင်းစားပြီး၊ မြေပိုင်ရှင်ဖြစ်သူ ... ဦးခင်မြင့် သိသွားသောကြောင့် တရားမ၀င် အလွဲသုံးစားရောင်းချခြင်းအား တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောဆိုမှုကြောင့် ဦးခင်မြင့်အား ကျပ်(၂၃)သိန်းခွဲဝေပေးပြီး အမှုမပြုလုပ်ရန် တောင်းပန်ခဲ့ရသည်။  အထက်ဖေါ်ပြပါပုံ (၁/၂/၃)တို့အား အာဏာ အလွဲသုံးစားပြု၍ တရားမ၀င် ရောင်းစားနေခြင်းအား သက်ဆိုင်ရာ လူကြီးမင်းများမှလိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။

အဘမင်းသိင်္ခ (၇၃) အမှတ်တရ...

အဘမင်းသိင်္ခ (၇၃) အမှတ်တရ
၂၅.၆.၂၀၁၁ (စနေနေ့)၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ (၇၃) နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။


NTDV ရုပ်သံဋ္ဌာနက ထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မြင်ကွင်းရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က မနီလာ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ အခမ်းအနား....

ပြည်တွင်းမှ ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်

ကချင်ဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်ဆိုင်းပေးရန် ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ၏ တောင်းဆိုဆန္ဒပြပွဲ အခမ်းအနား (သတင်း၊ ဓာတ်ပုံ)

ကချင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်ဆိုင်းပေးရန် ဂျပန်ရောက် 
ကချင်တိုင်းရင်းသားများ တောင်းဆို
တိုကျို၊ ဇွန်(၂၄)
သတင်း။....။ သန့်မျိုးထွေး

ယခုလ(၉)ရက်နေ့မှစ၍ မြန်မာအစိုးရစစ်တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြား ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်ဆိုင်းပေးရန် ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ စုပေါင်း၍ တိုကျိုရှိ မြန်မာအစိုးရသံရုံးရှေ့တွင် ယနေ့နေ့လယ်ပိုင်းက သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကချင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ တနေ့တခြား တိုးတက်များပြားလာပြီး စစ်ကိုကြောက်ရွံ့၍ တရုတ်ပြည်နှင့် လိုင်ဇာမြို့ဖက်သို့ ထွက်ပြေး တိမ်းရှောင်လာသူ တသောင်းကျော်ရှိသွားပြီး စစ်တပ်အချင်းချင်း တိုက်ခိုက်နေရုံမျှမကဘဲ အပြစ်မဲ့ ကချင်လူထုကိုပါ ညှင်းပန်းနှိပ်မှုများ ထင်ထင်ရှားရှား ရှိလာသည့်အတွက် ထိုးစစ်များကို ရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး(KNO-Japan)၏ ဥက္ကဋ္ဌ ဦးပီတာဘရန်ဆိုင်းက ပြောသည်။


ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန် မရောက်လည်း အရေးမကြီးပါဘူး...

မန္တလေး ဈေးချိုတော်ရှေ့ ဗုံးပေါက်ကွဲမှု မြင်ကွင်း (ဓာတ်ပုံ AP,Reuters)
မြန်မာပြည်ရဲ့ အခုလို ဗုံးရာသီ... အဲမှားလို့ မိုးရာသီ ရောက်ရင်တော့ ကျွန်တော်တို့ ငယ်ငယ်က နာမည်ကျော် သီချင်းလေးတစ်ပုဒ်ကို ကလေးတို့ ဘာသာဘာဝ ဆိုခဲ့ဖူးတာလေး သတိရမိပါတယ်.. ဘာတဲ့ လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင်ထိလိမ့်မယ်... ဘူတာရုံမှာ သဘောင်္ကြီးတွေ ဆိုက်လိမ့်မယ် မယုံမရှိနဲ့ ဆိုလားပဲ... နောက်ဆုံးမှာ ဝိုင်းဆိုကြတာ ကတော့ အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့တဲ့...။ အဲ့ဒီသီချင်းနာမည်ကြီးပြီး မကြာခင်မှာပဲ ပြည်မြို့မှာ ဧရာဝတီမြစ်ရေကြီးလို့ ပြည်ဘူတာရုံအထိ လှေတွေ သမ္ဗာန်တွေ ကပ်လို့ရတယ်ဆိုလား သတင်းစာမှာ ပါလာတယ်လို့ လူကြီးတွေ ပြောဘူးပါတယ်...။

ထားပါတော့ဗျာ ခုဒီနေ့ပဲ အလုပ်ကနောက်ကျပြီး အိမ်ပြန်ရောက်လာတော့ အင်တာနက်ဖွင့်ဖွင့်ချင်းပဲ... မန္တလေး၊ မေမြို့နဲ့ ကြပ်ပြေးနေပြည်တော်မှာ ဗုံးတွေပေါက်လို့တဲ့...။ မြန်မာပြည်ရဲ့ ၂၃နှစ်တာ ကာလအတွင်း တိုင်းပြည်နိုင်ငံရေး ဒီရေ အတက်အကျပေါ် မူတည်ပြီး ဗုံးတွေ မိုးကြိုးပစ်သလို ဟိုနေရာကျ ဒီနေရာကျပေါ့... တချို့ဗုံးတွေက ပေါက်ပြီးနာရီပိုင်းအတွင်း တရားခံကို ချက်ချင်းစွပ်စွဲ ကြေငြာနိုင်တာ မြန်မာပြည် ထောက်လှမ်းရေးရဲ့ အားသာချက်ပါပဲ...။ စွပ်စွဲလိုက်ရင်လည်း နယ်စပ်က KNU၊ ကျောင်းသားတပ်မတော်၊ ပြည်ပြေး အစရှိတဲ့ အတိုက်အခံ အဖွဲ့ပေါင်းစုံကို လက်တံတွေးဆွတ် နံကြား လက်ထောက် မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး စွပ်စွဲနေတာ အလွတ်ကို ရနေလောက်အောင် ပြည်သူတွေ နောကြေနေကြပါပြီ။ တခါတခါ နယ်စပ်က မရှိတဲ့စခန်း၊ မရှိတဲ့ လူနာမည်တွေကို ထည့်ပြီး စွပ်စွဲနိုင်တာလည်း မြန်မာပြည်က သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စေ့စပ်သေချာမှုတွေပါပဲ...။  ခုလတ်တလော နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပျက်နေတာတွေ နောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေ မစမှီမှာ တိုက်တိုက်ဆိုင်ဆိုင် ဖော်မြူလာဗုံးတွေ ဆက်တိုက် ပေါက်နေတာကလည်း စဉ်းစားစရာပါပဲ...။

အင်းငယ်ငယ်က သီချင်းလေးလို မြို့တော်အထင်ကရ နေပြည်တော်မှာ ဗုံးခဏခဏ ပေါက်တာကြားဘူးပြီ မယုံမရှိနဲ့ပေါ့..။  ကြည့်ရတာ နေပြည်တော်ဆိုတာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဗုံးတွေသယ်ချင်တိုင်း သယ်လို့ရတဲ့  လက်နက်မှောင်ခိုတွေ ခရီးတထောက်နားရာ ဒုစရိုက်မြို့ကြီးလားပဲ...။ ဗုံးတွေကတာ့ မိုးရာသီမှာ ကြေငြာနေတဲ့ မြန်မာ့အသံရဲ့ မိုးလေဝသ သတင်းလိုပေါ့ မန္တလေးမြို့နှင့် အနီးတဝိုက်တွင် နေရာကွက်ကြား ဗုံးထစ်ချုန်း ရွာမည်...။  ကိုအောင်မျိုးထွန်း ပေးပို့လာတဲ့ စိုင်းထီးဆိုင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်လို ဆိုပြရရင်တော့..

♫ ♫ ♫   ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန် မရောက်လည်း အရေးမကြီးပါဘူး... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး... ♫ ♫ ♫ တဲ့

ရန်ကုန်မြို့နဲ့ အနီးတဝိုက်တွင်ကတော့ ရွာရန် ရာခိုင်နှုန်းကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အပေါ်မှာ မူတည်ပါသည်ပေါ့။ နောက်နေ့တွေမှာ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အက်ကြောင်းထပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲတွေ ကြေငြာချက်တွေ မထုတ်ခင်မှာ ထပ်ပြီး ပြောလိုက်ပါဦးမယ် အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့လို့......

ကျွန်တော်တို့ ပြည်သူပြည်သားတွေ ဘေးရန်ကင်းကြပါစေ...။
ဒီမိုဝေယံ
နေပြည်တော် သပြေကုန်းရပ်ကွက် ငုဝါလမ်းရှိ အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကို တွေ့ရစဉ် ဓာတ်ပုံ Eleven Media Group
နေပြည်တော်က Police ...
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃ အကွက်အမှတ် ၄ရှိ နေအိမ်တစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြင်ကွင်းအား တွေ့ရစဉ် ဓာတ်ပုံ... Eleven Media Group

ဓာတ်ပုံများ AP,Reutersနှင့် Eleven Media Group မှရယူပါတယ်..။

ရုပ်ဝတ္ထုတွေ တိုးတက်ပြီး စိတ်ဓာတ်ခြောက်သွေ့နေတဲ့မြို့သို့ အလည်တစ်ခေါက်...

ကြပ်ပြေးသို့ အလည်တစ်ခေါက်...
 လူမရှိတဲ့လမ်းများ....
 ကြပ်ပြေးမင်းရဲ့ နေပြည်တော်က အကြီးဆုံး ဆူပါမားကတ်ပါတဲ့ လူမရှိဘူးလို့ဆိုပါတယ်..။
 အစိုးရ အရာရှိကြီးများရဲ့ အိမ်တော်တွေပါ...
 အိမ်တော်တွေလို့ ဆိုပါတယ်...
ပြီးခဲ့တဲ့လက အသိဂျပန်လူမျိုးတစ်ယောက် မြန်မာပြည် အလည်တစ်ခေါက်သွားပါတယ်...။ ပြန်ရောက်လာပြီး အီးမေးလ် ပေးပို့လာတာလေးကတော့ ရန်ကုန်မြို့ဟာ အစိုးရပြောင်းသွားပေမယ့် အရင်အတိုင်းပါပဲတဲ့.. ချိုင့်တွေ ခွက်တွေနဲ့ပေါ့ ဘာမှမပြောင်းလဲပါဘူးတဲ့...။ ကြပ်ပြေးနေပြည်တော်ကိုလည်း အလည်တစ်ခေါက် ရောကခဲ့ပါတယ်တဲ့....။ နိုင်ငံခြားသားတွေ တည်းခိုတဲ့ ဟိုတယ်နဲ့ လမ်းတွေပေါ်မှာ လူတွေမရှိပါဘူးတဲ့ မြင်ရတဲ့ အတိုင်းပါပဲတဲ့...။ မလိုအပ်ပဲ ညဘက်မှာ ထိန်ထိန်ညီးအောင် မီးတွေထွန်းတာကတော့ မီးပြတ်ပြီး အမြဲတမ်းမှောင်နေတဲ့ ရန်ကုန်မြို့နဲ့ တခြားဆီပါပဲတဲ့။ မလိုအပ်ပဲ မီးတွေထွန်းတာတာ အင်မတန်မှ ဖြုန်းတီးရာ ရောက်ပါတယ်တဲ့...။ 

အဆောက်အဦးတွေ ဟိုတယ်တွေ လမ်းတွေ တော်တော်များများပြီးနေတာ တွေ့ရပေမယ့် ဟိုတယ်တွေမှာ တည်းခိုတဲ့ သူတွေမရှိလို့ နောက်ပိုင်း ပြုပြင်ရေး စားရိတ်တွေ အတွက် စိတ်ပူရပါတယ်တဲ့ ...။ အကြီးဆုံး ဆူပါမားကတ်(၂)ခု ရှိပါတယ်တဲ့။ အစိုးရအရာရှိကြီးတွေရဲ့ အိမ်တွေကတော့ အင်မတန်မှ ခမ်းနားထည်ဝါပြီး သာမာန်ပြည်သူတွေရဲ့ ဘဝကတော့ ဆင်းရဲကြပ်တည်းနေတာ တွေ့ရတာ စိတ်မကောင်းစရာပါပဲတဲ့..။ 

ပေးပို့လာတာကတော့ ဒါပါပဲ... ဒါကတော့ မိုင်တိုင် ၇၆ အလွန်ကြပ်ပြေး မင်းတရားကြီးရဲ့ နေပြည်တော်သို့ အလည်အပတ်ရောက်စဉ် နောက်ဆုံးရ မြင်ကွင်းတွေပါပဲ...။ ရုပ်ပဲရှိပြီး နာမ်မရှိတဲ့သူတွေ အုပ်ချုပ်နေတဲ့ ကြပ်ပြေး ဘဝသေမင်းတရားကြီးရဲ့ မြို့ပေါ့ဗျာ....

ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး.... (ဆောင်းပါးရှင် အောင်မျိုးထွန်း)

ဓာတ်ပုံ Freemyanmar VCD
ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး.... 
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
အခုတလော ရပ်ထဲရွာထဲမှာ လူပြောသူပြောများနေတဲ့ မြန်မာဗီဒီယိုဇာတ်ကား၊ လူကြည့်များနေတဲ့ ဗီစီဒီအခွေနဲ့ပတ်သက်လို့ ဝေဖန်သံမျိုးစုံကြားရလွန်းလို့ “မိုင်တိုင် (၇၆)”ကို နှစ်ခေါက်သုံးခေါက် ကြည့်ဖြစ်ပါတယ်။ နေပြည်တော်သွားတဲ့လမ်းဆိုတော့ ဆင်ဆာခွင့်မပြုတာ... တကယ့်အဖြစ်အပျက်၊ လူကြီးတစ်ယောက် သားရဲ့ကားက တကယ်တိုက်ခဲ့တာ... ဦးပိုင်လိမိတက် ကားလိုင်းဖြစ်လို့ ဆင်ဆာထိတာ... စသဖြင့် ဗီဒီယိုပရိသတ်တွေရဲ့ ထင်မြင်ချက်ပေါင်းစုံ ပလူပျံနေပေမယ့် အားလုံး တညီတညွတ် တည်း ပြောကြတာက “ကြည့်လို့ ကောင်းတယ်”ဆိုတာပါဘဲ။

ဗီဒီယိုဇာတ်ကား နာမည်အမှန်က “ကားပေါ်မှာလိုက်လာတယ်”ဖြစ်ပြီး လူတွေပါးစပ်ဖျားမှာတော့ “မိုင်တိုင်(၇၆)”လို့ ရေပန်းစားပါတယ်။ ဆင်ဆာအဖွဲ့ရဲ့တားမြစ်မှုကို ခံထားရပေမယ့် အပြင်လောကမှာ ဈေးကွက်မြင့်ပြီး လူအကြည့်ဆုံး၊ ရောင်းအကောင်းဆုံးအခွေ ဖြစ်နေပါတယ်။ မင်းအုပ်စိုး၊ ခွန်းဆင့်နေခြည်နဲ့ လင်းဇာနည်ဇော်တို့အဓိက သရုပ်ဆောင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။ ဆင်ဆာအဖွဲ့ ရဲ့ ၁၃ / ၂၀၁၀ အစည်းအဝေးမှ အများပြည်သူသို့  ပြရန်မသင့်၍ ခွင့်မပြုခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဘာသာ သာသနာနှင့် ယုံကြည်ကိုးကွယ်မှုကို ယုံမှား သံသယဖြစ်စေခြင်း၊ ကြည့်ရှုသူပရိသတ်အတွက် အကျိုးပြုမှု မရှိသော လူအများစိတ်ခြောက်ခြားဖွယ် သရဲတစ္ဆေ ၀ိညာဉ်ဇာတ်ကားများကို ရိုက်ကူးဖော်ပြခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်ခြင်းအပြင် စာပေစိစစ်ရေးမူအချက် (၇၀)မှ လူမှုရေးမူ (၇)နှင့် ငြိစွန်းနေ၍ ဗီဒီယိုဆင်ဆာအဖွဲ့ မှ ထောက်ညွှန်ချက် (၁၀)ချက်ဖြင့် အများပြည်သူသို့ ပြသရန် မသင့်သောကြောင့် ခွင့်မပြုခဲ့တာလို့ “မိုင်တိုင် (၇၆)”နဲ့ ပတ်သက်ပြီး ဗီဒီယိုဆင်ဆာအဖွဲ့ က ဆင်ခြေပေး တုန့်ပြန်ခဲ့ပါတယ်။

ဇွန်လ(၁၇)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ မှားယွင်းဖော်ပြချက်များနှင့် ပတ်သက်၍ လိုင်ဇာမြို့ သတင်းထုတ်ပြန်ရေးဋ္ဌာန၏ ဖြစ်ရပ်မှန်အား သတင်းထုတ်ပြန်ချက်နှင့် ကလိုထူးဘော အခြေပြစစ်ဗျူဟာ ဒီကေဘီအေ၏ သဘောထားထုတ်ပြန်ချက်..

KIO Response
ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှတိုက်ပွဲဝင်လာမှုအပေါ်.. ကလိုထူးဘော အခြေပြစစ်ဗျူဟာ ဒီကေဘီအေ၏ သဘောထားထုတ်ပြန်ချက်..
ပေးပို့ပေးတဲ့ ကလိုထူးဘော... အားကျေးဇူးတင်ပါသည်..။

ဂန္တဝင်အမေ ကဗျာရှင် (ရွှေဝါရောင်နန္ဒာစရိယ)

ဂန္တဝင်အမေ

အမည်နာမ ခေါ်တွင်သမုတ်
မိနှင့်ဖခင် ဦးထိပ်တင်၍
အောင်ဆန်းစုကြည် ကမ္ဘာမြေပေါ်
ထွန်းတောက်လာခဲ့ ကျေးဇူးအသိတရား
ရင်မှာစွဲ၍ ပြန်ခါဝဲခါ
အမိကျေးဇူးဆပ်ဖို့ ရောက်လာ
ဒါတင်မက တိုင်းပြည်အတွက်
အနစ်နာခံဖို့ ၂၇ ၊ ၉ ၊ ၈၈မှာ
ပါတီဖွဲ့စည်း တိုင်းသူပြည်သား ညှဉ်းပန်းနှိပ်ဆက်
နေဝင်းအစိုးရကို တော်လှန်ခဲ့၏။

အောင်ပြီးအောင်ပြီး ကိုးဆယ်ရွေးကောက်
ပြည်သူကိုယ်စား NLD နိုင်ခဲ့
ကလိမ်ကကျစ် အာဏာရူးများမှ
အဓမ္မအကျဉ်းချ ခံလိုက်ရ၏။
တဖန်ပြန်လည် ဝဲနေစဉ်မှာ
သေကြောင်းကြံစည်
ကိုယ်ကျင့်သီလ မြဲတဲ့ခေါင်းဆောင်
ဝရဇိန်လက်နက်နဲ့ ပစ်လို့မသေ
ငါတို့အမေ
သက်ကျော် ရာကျော် ရှည်ပါစေ….။

ရွှေဝါရောင်နန္ဒာစရိယ
၁၉.၆.၂၀၁၁

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပသမဂ္ဂဒု-ဥက္ကဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါးမှ လာရောက်တွေ့ဆုံ.... (ဓာတ်ပုံ၊ သတင်း)

ယနေ့ဇွန်လ(၂၁)ရက်နေ့ ညနေ(၆)နာရီအချိန်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဥရောပသမဂ္ဂဒု-ဥက္ကဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါးနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုမှာ အချိန်(၂)နာရီခန့် ကြာမြင့်ခဲ့သည်။ မနက်ဖန် ဇွန်လ(၂၂)ရက်နေ့တွင် ယင်းဥရောပသမဂ္ဂ ဒု-ဥက္ကဌ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါးမှ ပြည်ပနိုင်ငံခြား သတင်းဌာနများအား မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံး၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပေးမည်ဟု သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်...

ပြည်သူ့ဆေးရုံ စစ်ဆေးရုံ.... ပြည်သူ့ဆရာဝန် စစ်ဆရာဝန်.. ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ပြည်သူ့ဆေးရုံ စစ်ဆေးရုံ.... ပြည်သူ့ဆရာဝန် စစ်ဆရာဝန်..
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
တပ်မတော်ဆေးတက္ကသိုလ်
လျှက်တပြက်မြတ်ခိုင်သို့ ဆောင်းပါးမှာ ဆရာပြန်ဖြေထားတဲ့ ကွန်မာန့်ကို အားလုံး သိရှိနိုင်စေဖို့ ပြန်လည် တင်ပြလိုက်ပါတယ်..။

အော် ကျနော်နံမည်ကို ခေါ်ပြီး ကိုယ့်နာမည်ကို ကိုယ်မဖေါ်ရဲတဲ့ သတ္တိရှင်ကြီးများ... မေးလာတာကလဲ ငွေယူပြီးကုသနေတဲ့ အထူးကုဆေးခန်း ငွေမပါရင်မကုပေးတာ ကျနော်က ဘာလုပ်ပိုင်ခွင့်ရှိမှာလဲ။ အဲဒီဆေးခန်းတွေကို ငွေရှိတိုင်း လိုင်စင်မရပါဘူး။ လုပ်ကိုင်ခွင့်ရအောင် အဆက်အသွယ် လိုတယ်ဆိုတာလောက်တော့ မြန်မာပြည်မှာနေသူတိုင်းသိပါတယ်။ လိုင်စင်ထုတ်းပေးတဲ့ မင်းတို့အဖေတွေကို ပြောရမှာလေ။ နောက် လူတွေက အစိုးရဆေးရုံကို ဘာလို့ အာမကိုးကြတာလဲ။ ကျန်းမာရေးအတွက် ဘတ်ဂျက် အများကြီးသုံးထားတာပဲ..။ ၁.၃ % ပဲသုံးထားတာလေ။ လူသတ်မယ့်အဖွဲ့ အတွက် ၂၅-%သုံး။ အသက်ကယ်မယ့် အဖွဲ့ အတွက် ၁.၃%... ပဲသုံးရှင်းတယ်နော်။

ဒါနဲ့ ၁၉၈၀- က ဂျပန် JICA ဆေးရုံကြီးမှာ ခေတ်မှီ ဓါတ်မှန်ကြီးတခု ဂျပန်ကပေးတယ်။ FUJI -500(ထင်)။ မ.ဆ.လအစိုးရက မင်္ဂလာဒုံစစ်ဆေးရုံအတွက် ဂျာမဏီက (SEIMEN-1000) ၀ယ်တပ်ဆင်တယ်။ အဲဒီတလုံးရဲ့ တန်ဖိုးက ဂျပန်-FUJI-500 - ၂-လုံးမက- ၀ယ်လို့ရတယ်။ န.၀.တ.တက်လာပြီး ဒေါ်လာလည်းရလာရော.. မေမြို့ စစ်ဆေးရုံနဲ့ မြို့ထဲစစ်ဆေးရုံအတွက် ဂျာမဏီ (SEIMEN-1000-၂-လုံး) နှစ်လုံး ထပ်ဝယ်ပါတယ်။ မန်းမှာ အဲဒီဓါတ်မှန်ရိုက်လိုသူ လူနာတွေမေမြို့ စစ်ဆေးရုံအထိ ခက်ခဲစွာသွား ပြီး ပိုက်ဆံပေးပြီး ဓာတ်မှန်ရိုက်ကြရပါတယ်။ ပိုက်ဆံမပေးရင် ရိုက်မပေးပါဘူး။ အခုမှ ပြင်ပဆေးရုံတွေမှာ ဒီဓာတ်မှန်တွေ ရလာတာပါ။ အဲဒီအချိန်- ဂျပန်ဆေးရုံကြီးက ဓါတ်မှန်စက်ကြီးက လုံးဝနီးပါး ပျက်နေပါပြီ။ စစ်တပ်အတွက် အလွန်ဈေးကြီးတဲ့ -၃-လုံးဝယ်ထားပြီး.. လူ-သန်း၅၀- အတွက်တလုံးမှ ၀ယ်မပေးသူတွေက... တခါတခါ.. ဒေါ်စုအကြောင်း ကမ္ဘာကပြောလာရင်.. လူတယောက်အတွက်ထက်-- လူသန်း၅၀-အတွက်ကြည့်ရမယ်ဆိုတဲ့ ပါးစပ်တွေလေ။ ရှင်းတယ်နော်... တပ်မတော်သာအမိ/အဖ... ဆိုနေမှတော့.. ပြည်သူသေတာ သူတို့ တောင်သတ်ရမယ့် သူတယောက် လျော့တယ်ဆိုပြီး လက်ခမောင်းတောင် ခတ်နေကြဦးမှာ။
 သြော်ဆရာဝန်တွေ ပေါ့ဆလို့ သေသွားတာလည်း ရှိကြမှာပါဘဲ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတောင် ရှိနေကြတာပါဘဲ။ ကျုပ်တို့ ဆေးကျောင်းတုန်း ကတော့ ဆရာကြီးပါမောက္ခ ဦးထွန်းသင် (၈၈၈၈-အရေးအခင်းတုန်းက ဦးတင်အောင်ဟိန်းရဲ့ ပြည်သူ့ဆန္ဒလေ့လာရေးကော်မရှင်မှာ ဆင်တကောင်လုံး ထွက်နေတာ.. ခြေရာခံနေစရာမလိုလို့ မှတ်ချက်ပေးသူ) နဲ့ဒေါ်မြင့်မြင့်ခင်တို့က စစ်တပ်က စစ်ဗိုလ်တွေကို လက်ညိုးထောင်ပြီး မာစတာဘွဲ့လွန် လာတက်ရင် စစ်ဗိုလ် ဆရာဝန်လေးတွေကို တော်တော်လေး ငေါက်ငမ်းပါတယ်။ စစ်ဗိုလ်ဆရာဝန်တွေက.. လူနာရောဂါကို ဆုံးဖြတ်ခိုင်းရင်.. ရောဂါကို၂-ခု..၃-ခုအထိ ပြောတတ်ကြတာ လက်မခံပါဘူး။ မင်းတို့တပ်ထဲမှာလို ဘရင်းဂန်းသရဖီ (BRAN-GUN THERAPY) ဒီမှာမလုပ်ရဘူးပေါ့။ ဒါကစာသင်နေတဲ့တက္ကသိုလ်.. သူတို့ခေါင်းကျိန်းကြရပါတယ်။ ဒေါ်မြင့်မြင့်ခင်ကတော့ ပြောဆိုဖွယ်မရှိ. ငတုံးတွေဆိုပြီး အော်တော့တာပါဘဲ။ သူကသိတယ်လေ။ ဘာအရည်အချင်းစစ်မှ ဖြေစရာမလိုတဲ့ လက်ညိုးထောင် တန်းတက်တွေလေ။ ပြီးသူတို့ လူစာမေးပွဲကျရင် ထုချေလွှာတွေ တင်ရတော့..အောင်စေပေါ့။

၁၉၉၂-ခုနှစ်မှာ.. လူမှုဝန်ထမ်းဌာနက ညွန်ချုပ်- ဗိုလ်မှုးကြီးထွန်းဦးဟာ.. ဇူလိုင်လထဲ.. တရက်မှာ..ခင်ညွန့်သမီး မင်္ဂလာဆောင် (ကုန်းမြင့်ရိပ်သာ-) ကွင်းပြင်မှာ လုပ်ပါတယ်။ လူအများကြီးပေါ့။ မိုးလေး တဖွားဖွားကျတာ ဘယ်သူမှ ထမပြေးရဲကြပါဘူး။ အဲဒီလိုဖြစ်ပြီးတော့ နောက်တနေ့မှာ နှာစေးပြီး နဲနဲလေး ဖျားပါတယ်။ သူ့မှာသားမက် နှစ်ယောက်စလုံးက ဆရာဝန်တဦက အထူးကုပါ။ သူကနေမကောင်းရင်.. သားမက်တွေ အကုမခံပါဘူး။ ကျနော်ဘဲ ကုပေးရပါတယ်။ ကျနော်မှာ သားမက်တွေကို အားနာရှာတယ်။ သူတို့က နားလည်ပေးကြပါတယ်။ အဲဒီနေ့ကကျနော့်ကို ရှာမတွေတော့ မြို့ထဲ စစ်ဆေးရုံကြီးကို ခေါ်သွားပါတယ်။ ညနေ-၅.၃၀-ခွဲ ဆေးရုံကြီးကို ရောက်တယ်။ ဆေးရုံပေါ် လမ်းလျှောက် တက်သွားပါတယ်။ ညနေ၆.၃၀-ခွဲလောက်မှာ ဆေးစသွင်းပါတယ်။ ပထမငှက်ဖျားဆေး (ကွီနင်း-QUINNINE)ကို အကြောဆေးသွင်းပါတယ်။ ပြီးမက်ထရိုနီဒဇော- ဆေးရည် (METRONIDAZOLE) ဆေးသွင်းပြန်ပါတယ်။ အူရောင်နေတာ အတွက်ဆိုပြီးတော့ ကလိုရီုဖင်နီကောဆေးရည် (CHLOROPHENICOL) ဆေးရည်ပါ။ တိုက်ဖွိုက်ရောဂါအတွက်..။  အသဲရောဂါ အထူးကု သမားတော်ကြီး ဦးခင်မောင်ဝင်းလည်း လာကြည့်ပါတယ်။ သားမက်တွေရောပါတယ်။ ည၁၁.၃၀ မှာ နမူးနထူးစဖြစ်လာတယ်။ ၁.၃၀ မှာ သတိစလစ်ပါတယ်။ ဆေးတွေ နောက်တကျော့ ထပ်သွင်းပြန်တယ်။ မနက်.. ၃.၃၀ လောက်မှာ ဆုံးသွားပါတယ်။ ဒီလောက်ပြင်းတဲ့ဆေးတွေ အပြုံလိုက်သွင်းရင် တော်ရုံလူသေမှာဘဲ။ မယုံရင်နည်းနည်း စမ်းကြည့်ပါလား။ တစုံပေါ့ (၃-မျိုး)တကြိမ်ပေါ့။

သြော်ကုပေးတာကတော့ စစ်ဆေးဆရာဝန်ကြီးပါ။ နာမည်တော့ မဖေါ်တော့ပါဘူး။ အထူးကုလိုက်တာလေ..။ ကျနော်ည၁၂.၃၀ မှာပြန်ခဲ့တယ်။ သားမက် အထူးကုဆရာဝန်ကို.. သာမန်နှာစေးတာလေးကို ဘရင်းဂန်းနဲ့ ဆော်တာ.. ရောဂါပိုးရော လူပါအသေပဲ ပြောခဲ့ပါတယ်.။ ကျနော်ဆက်မကြည့်ရက်တော့ဘူး။ ငွေ့ငွေ့လေးဖျားတာကို ဘရင်းဂန်းတွေ နဲ့ဆော်ထည့်တော့တာလေ။  ပေါ့ဆမှု မဟုတ်ဘူး။ မကုတတ်လို့ သေရတာ ပိုကြောက်စရာ ကောင်းပါတယ်။ ဗိုလ်မှုးကြီးဦးထွန်းဦး ဇနီး.. အန်တီဝေကို သွားမေးကြည့်ပါ။

လှိုင်မြင့်... 

လျှက်တပြက်မြတ်ခိုင်သို့ ဆောင်းပါးပြန်ဖတ်ချင်ရင် Click