ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ရုပ်သံ. Show all posts
Showing posts with label ရုပ်သံ. Show all posts

ယနေ့ ဗိုလ်စိန်မှန် ကွင်းမှာ ကျင်းပတဲ့ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ မြင်ကွင်းဓာတ်ပုံနှင့် (ရုပ်ပုံ)..

ဓာတ်ပုံ ခွန်သူရ..

ဂျပန်ခေတ်က ဂျပန်တွေ မြုပ်နှံထားတဲ့ ရတနာသိုက်ကို တူးဖော်နေတယ်လို့ ဆိုပါတယ်.. (တရုတ်ရုပ်သံ)

 ဒီရုပ်သံဖိုင်ရဲ့ ၁မိနစ် ၇စက္ကန့်မှာ မြန်မာလို ရှင်းပြတာ နားထောင်ကြည့်ပါ..။



စစ်အစိုးရ အကြောက်ဆုံးလူ ဘဘဦးဝင်းတင် အသက်ရာကျော်ရှည်ပါစေ..

စစ်အစိုးရ အကြောက်ဆုံးလူ ဘဘဦးဝင်းတင် အသက်ရာကျော်ရှည်ပါစေ..

ဒီမိုဝေယံ ဘလော့ဂ်မှာ ရေးသား ဖော်ပြခဲ့တဲ့ ၂၀၁၀ခုနှစ် ၁၁လပိုင်း ၅ရက်နေ့ (ကြိုတင်မဲလိမ် ရွေးကောက်ပွဲ မစခင် ၂ရက်အလို)က စစ်အစိုးရ အကြောက်ဆုံးလူဆိုတဲ့ ခေါင်းစဉ်နဲ့ ဘဘဦးဝင်းတင် အကြောင်း ထုတ်လွှင့်ခဲ့တဲ့ ဂျပန်သတင်းဋ္ဌာနရဲ့ ရုပ်သံဖိုင်ပါ.. (https://www.youtube.com/watch?v=zlijthsnXhw )

ဒီရုပ်သံနဲ့ အတူ စစ်အစိုးရ အကြောက်ဆုံး၊ အာဏာရှင်တွေ၊ အမှန်တရားကို မုန်းတီးသူတွေ အကြောက်ကြီးကြောက်ရတဲ့ ကျွန်တော်တို့ရဲ့ စံပြသံမဏိလူသား ဘဘဦးဝင်းတင် အမြန်ဆုံး ကျန်းမာပြီး၊ ရောဂါဝေဒနာများ ပျောက်ကင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..။

ပြည်သူဘက်တော်သား သံမဏိလူသား ဘဘဦးဝင်းတင် အသက်ရာကျော်ရှည်ပါစေ..

ဒီမိုဝေယံ

ဘင်္ဂလီ ကိုယ်စားပြုပါတီ (၂)ခုရဲ့ ရန်ကုန်မြို့ သတင်းစာ ရှင်းလင်းပွဲက တောင်းဆိုချက် ရုပ်သံဖိုင်..

၂၀၁၀ ရွေးကောက်ပွဲ ခါတော်မှီ White Card ထုတ်ပေးခဲ့တဲ့ သမိုင်းတရားခံတွေ ကိုယ့်အထုတ် ကိုယ်ရှင်းပေတော့..။

ဇန္နဝါရီလ ၁၀ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ရုပ်သံဖိုင်ပါ..။ ဒီရုပ်သံဖိုင်ရဲ့ ၃၉စက္ကန့် အကြာမှာ ပြောဆိုသွားတဲ့ လူဦး၁သန်းကျော် ရှိသော ရိုဟင်ဂျာ လူမျိုးများကို ရောနှောမထားဖို့ ဆိုပြီး (ရိုဟင်ဂျာ လူမျိုးများ)ဟုဆိုကာ ပေါ်ပေါ်ထင်ထင် တောင်းဆိုသွားပါတယ်။

ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ် ဆိုတဲ့ သမ္မတနဲ့ ဝန်ကြီးကို ဂရုမစိုက် ဒါပဲဆိုတဲ့ သဘောလားပဲ..။

ဒီသတင်းစာ ရှင်းလင်းပွဲက ရိုဟင်ဂျာ လူမျိုးဆိုပြီး ပေါ်ပေါ်ထင်ထင် တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပြန်လည်
ဖြေရှင်းပေးဖို့ လ.ဝ.က ဝန်ကြီးအား တောင်းဆိုအပ်သည်..။

...ရိုဟင်ဂျာ ♫♫♫ ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်.. ♫♫♫။
...ဘင်္ဂလီမဟုတ်ဟု ♫♫♫ကျွန်တော်မီးမွှေးမည်..♫♫♫။
...မြန်မာတိုင်းရင်းသားမှာ♫♫♫ မပါသည့်♫♫♫ နိုင်ငံသားအဖြစ်ကို ကျွန်တော်မျှော်မှန်းသည်..♫♫♫။
...ကျွန်တော့် ရည်မှန်းချက် တွေးရင်းနဲ့ ပျော်ပျော်သည်..♫♫♫။ ဆိုရလေမလား White Card ထုတ်ပေးခဲ့သူတွေ သမိုင်းတရားခံတွေ ပြတ်ပြတ်သားသား ရှင်းပါ...။
 

လွတ်လပ်ရေးနေ့ အမှတ်တရ ရုပ်သံဖိုင်..

  
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆို အပ်ပါသည်...။

ယနေ့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား..

ဓာတ်ပုံ Reuters (Soe Zeya Tun)

လွတ်လပ်ရေးနေ့ အမှတ်တရ ရုပ်သံဖိုင်..

(၁)27 Jan 1947က ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ အမှတ်(၁၀)ဒေါင်းနင်းလမ်းသို့ ရောက်ရှိစဉ်..
(၂) ၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့ အခါသမယ
(၃)23 Oct 1947 နု၊အက်တလီ စာချုပ်ချုပ်ဆိုစဉ်
(၄)8 Jan 1948 လန်ဒန်မြို့ မြန်မာသံရုံး လွတ်လပ်ရေးနေ့ အခမ်းအနား။
(၅)05 Apr 1948 လော့(ဒ်) မောင့်ဘက်တန် မြန်မာပြည်ခရီးစဉ် အတွင်း အာဇာနည် ခေါင်းဆောင်ကြီးများအား သွားရောက် အလေးပြုစဉ်..။

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုစည်းတင်ပြပါသည်..။

ဒီမိုဝေယံ

27th SEA Games: Closing Ceremony Liveနဲ့ အစအဆုံး ပြန်လည် ကြည့်ရှုနိုင်ပါပြီ...

27th SEA Games: Closing Ceremony
Liveနဲ့ အစအဆုံး ပြန်လည် ကြည့်ရှုနိုင်ပါပြီ...။
နိုင်ငံအလိုက်ရရှိတဲ့ ဆုတံဆိပ်ဇယားhttp://www.youtube.com/watch?v=c2AligO04sU

(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ.. (ရုပ်သံ)

(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ.. 

ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ..



ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ..

(၈)ရက် ဒီဇင်ဘာ တနင်္ဂနွေနေ့က ယနေ့ ဂျပန်ရုပ်သံနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသူ 黒宮ニイナ (Kuro Miya Niina) မြန်မာနာမည် ရင်းကတော့ မနှင်းအေးနန္ဒာရဲ့ Hikari Furu Michi (光ふる路)၃၃မိနစ်စာ ရုပ်သံဇာတ်လမ်းတို မိတ်ဆက်ပွဲအား တက်ရောက်ခွင့် ရခဲ့သည်။

ဂျပန်လူမျိုးအများစု တက်ရောက်တဲ့ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားအတွင်း မြန်မာပြည်၏ ရှုခင်းများအား လှပသည့် ရိုက်ကွက်များဖြင့် မိတ်ဆက် ပြသခဲ့ပြီး မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်..။ Niina San ပိုင်နိုင်စွာ သရုပ်ဖော်ပြသခဲ့သည့် ၃၃မိနစ်စာ Hikari Furu Michi (光ふる路)ဇာတ်လမ်းတိုအား မိတ်ဆက်ပြသခဲ့သည်..။

လျှပ်တပြက် ပြောင်းလဲလာနေသော မြန်မာပြည်၏ လတ်တလော အခြေအနေများအတွင်း ဂျပန်လူမျိုးများကြား Myanmar Boom ဟုခေါ်ဆိုကာ ဂျပန်ပြည်သူများ စိတ်ဝင်စားလျှက် ရှိသည်..။

ထိုသို့သော Myanmar Boom အချိန်အခါအတွင်း ဂျပန်ရုပ်သံများနှင့် ဂျပန်ဇာတ်လမ်များအတွင်း Niina San ဆိုသည့် မြန်မာ သရုပ်ဆောင်တဦး ပေါ်ထွက်လာခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်သည်..။
၁၁နှစ်သမီးအရွယ်ကပင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် Niina San အနေဖြင့် ယခုအချိန်တွင် ဂျပန်အနုပညာ အသိုင်းအဝန်းကြားနှင့် ရုပ်သံဇာတ်လမ်းတွဲများ အတွင်း တစစ လူသိများလာလျှက်ရှိသည်..။

နိုင်ငံတကာသို့ ဖြန့်ကျက် ရောက်ရှိသွားသော မြန်မာလူမျိုးများအတွင်း ယခုကဲ့သို့ ချဉ်းနင်းဝင်ရောက်ရန် ခက်ခဲလှသည့် ဂျပန် အနုပညာ အသိုင်းအဝန်းတွင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်မှာ မြန်မာလူမျိုးများနှင့် နိုင်ငံအတွက် ဂုဏ်ယူစရာပင် ဖြစ်တော့သည်..။

ဓာတ်ပုံ၊ သတင်း  
ဒီမိုဝေယံ

Hikari Furu Michi ရုပ်သံအား မကြာမှီ ယူကျုမှာ ဖော်ပြပေးပါမည်..။

အဆိုပါနေ့က Miss Myanmar ဂုဏ်ရည်အေးကျော် ထောက်ခံအားပေးသူများမှလည်း ဂျပန်လူမျိုးများအား ဂျပန်နိုင်ငံမှာ Miss International 2013အတွက် လာရောက် ယှဉ်ပြိုင် နေတဲ့ ဂုဏ်ရည်အေးကျော်အတွက် ဂျပန်လူမျိုးများအား မိတ်ဆက်စကား ပြောဆိုခဲ့သည်..။

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု..

စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
LI riot

ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။

အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
မီးရှို့ခံထားရသောကားများ
မီးရှို့ခံထားရသောယာဉ်များ

ဂျပန်လူငယ်တွေ မြန်မာဘာသာဖြင့် ဖျော်ဖြေတင်ဆက်သွားတဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်.. (ရုပ်သံ)


ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.မှာ ပထမဆုရရှိခဲ့တဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်..  

 ဂျပန်လူငယ်များမှ တိုင်းရင်းသားဝတ်စုံများဖြင့် မြန်မာဘာသာစကား ပြောဆိုကာ ကြိုးစားဖျော်ဖြေခဲ့ကြသည်..။ 

 ရုပ်သံ ဒီမိုဝေယံ 

ယနေ့ ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ..

ယနေ့ မနက်ပိုင်းက ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာမှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲသို့ (JMCC) ဒါရိုက်တာ ဆရာမ မဟေမာ၏ ဖိတ်ခေါ်ချက်ဖြင့် အမှတ်မထင် ရောက်ရှိခဲ့သည်..။

သွားစဉ်ကတော့ ခဏတာ မှတ်တမ်းတင် သဘောမျိုးနဲ့ သွားရောက်ခဲ့တာ ဖြစ်ပေမယ့်...။ ထူးခြားတဲ့ ဂျပန်မှာ မွေးတဲ့ မြန်မာကလေးငယ်တွေ.. ဂျပန်ဘာသာသင်နေတဲ့ မြန်မာမိသားစုတွေ မြန်မာဘာသာ သင်ယူနေတဲ့ ဂျပန်လူမျိုးတွေရဲ့ စွဲဆောင်မှု ရှိတဲ့တင်ဆက်မှု အစုံအလင်ကြောင့် ဆုံးခန်းတိုင်သည်အထိ ကြည့်ဖြစ်ခဲ့သည်..။
ဂျပန်- မြန်မာလူဦးရေ ၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြသည်..။

ဂျပန်နိုင်ငံမှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ မိတ္ထီလာဆရာတော်အား ဂျပန်-မြန်မာမိသားစုများမှ ဗုဒ္ဓဘာသာထုံးစံ ဆွမ်းဆက်ကပ်ပြီး အခမ်းအနားအား ဂျပန်ပြည်မှာ မွေးဖွားတဲ့ မြန်မာကလေးငယ်များဖြင့် စတင်ဖြေဖျော်ခဲ့သည်..။


ယနေ့ထူးခြားချက်ကတော့ လတ်တလော မြန်မာပြည်ကို စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး မြန်မာစာ သင်ယူတဲ့ ဂျပန်လူမျိုးများ များပြားလာသည့် အချက်ဖြစ်သည်..။ အဆိုပါ စကားပြောပြိုင်ပွဲမှာတော့ ဂျပန်လူငယ်များ မြန်မာဓလေ့ထုံးစံအတိုင်း မြတ်မြတ်နိုးနိုး ဝတ်စားဆင်ယင် ယှဉ်ပြိုင်ခဲ့မှုကို မြင်တွေ့ခဲ့ရသည့်အတွက် ကြည်နှူးခဲ့ရသည်..။
ဂျပန်လူမျိုးများ မြန်မာဘာသာဖြင့် ပြဇာတ်တင်ဆက်မှုများနှင့် မြန်မာတေးသီချင်းများ
ဖြင့် ယှဉ်ပြိုင်ခဲ့ကြသလို ကမ္ဘာ္ဘမကြေသီချင်းဖြင့် သီဆိုယှဉ်ပြိုင် သီဆိုသူပင် ပါဝင်ခဲ့သည်..။

လာမယ့်နှစ်မှာတော့ ဂျပန်မြန်မာ ချစ်ကြည်ရေး နှစ်(၆၀) ပြည့်တော့ပေမည်...။ ဂျပန်နှင့် မြန်မာသမိုင်း ရှည်ကြာခဲ့သလို ဗိုလ်ချုပ်တို့ ခေတ်မှသည် ဂျပန်သည် မြန်မာလူမျိုးများ၏ အောင်မြေဟုပင် ဆိုရမလိုဖြစ်သည်..။
အချုပ်အားဖြင့် ဆိုရလျှင် (JMCC) ယနေ့ကျင်းပသည့် ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.. ဟုဆိုသော်လည်း အဆိုပါပြိုင်ပွဲသည် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ပွဲအသွင် သင်္ကေတကောင်း တခုပင်ဖြစ်တော့သည်..။

ဂျပန်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ