ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးမှ မြန်မာပြည်အနောက်ဘက် တံခါးပြဿနာအား ပြင်သစ်နိုင်ငံပါရီမြို့မှာ ဤသို့ဖြေဆိုခဲ့သည်..

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးမှ မြန်မာပြည်အနောက်ဘက် တံခါးပြဿနာအား ပြင်သစ်နိုင်ငံပါရီမြို့မှာ ဤသို့ဖြေဆိုခဲ့သည်..

စစ်မှုထမ်းဟောင်း တစ်ဦးမှ သမ္မထံ တိုင်ကြားစာပို

စစ်မှုထမ်းဟောင်း ဦးစိုးမိုးအောင်မှ သမ္မတကြီးထံ တိုင်ကြားစာပေးပို့ ...........

ဦးစိုးမိုးအောင်(ဘ) ဦးသင်း
မှတ်ပုံတင်နံပါတ် ၇/အဖန(နိုင်)၀၆၉၃၃၁
တပ်ထဲစ၀င်သည့်ခုနှစ် ၁၅.၁၂.၁၉၇၁
တပ်မှထွက်သည့် ခုနှစ် ၁၅.၁၁. ၁၉၈၇


သို့ /
ဦးသိန်းစီန်(နိုင်ငံတော်သမ္မတ)
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုး
နေပြည်တော်
၂၈.၁၀.၂၀၁၂

အကြောင်းအရာ။ ။ ရပ်ကွက်အတည်တကျဖြစ်နေသော နိုင်ငံတော်မြေလွတ်မြေရိုင်းများပေါ်တွင် စစ်မှု ထမ်းဟောင်းများနှင့် ဘုန်းကြီးကျောင်းဖြင့်အတည်တကျနေထိုင်ခဲ့သော မြေကို ဂေါက်ကွင်းပိုင်း မြေဟု သတ်မှတ်ပြီး တရားစွဲဆိုခြင်း ပေါ်တိုင်ကြားခြင်း။

၁။ မြ၀တီမြို့  အမှတ်(၄) ရပ်ကွက် သုစိတ္တာလမ်း ၊ဗမာစုရပ်ကွက်အောင်ဆုပန် ဘုန်းကြီးကျောင်း အပါအ၀င်လမ်းမြေများစွာ ပါဝင်လျှက်တည်ရှိသော မြေသည် လွန်ခဲ့သော (၁၂)နှစ် ခန့် က မြေ လွတ်မြေရိုင်း ဖြစ်ပါသည်။

ဂေါက်ကွင်းဆိုသည်မှာ ကျွန်တော်တို့  ရပ်ကွပ်နားတွင် ထိုအချိန်တည်းက ဖောက်လုပ်ပြီးစီးလျှက် ယနေ့ တိုင်ဂေါက်ရိုက်နေပါသည်။

၂။ ထိုသို့ ဂေါက်ကွင်းဖောက်ပြီး နောက်ပိုင်းဂေါက်ကွင်း၏ ရှေ့ မျက်နှာစာတွင် ရာမည ဟုခေါ်သော ဓါတ်ဆီ ဆိုင်ကို သိန်း(၁၂၀) ဖြင့်ရောင်းချလိုက်ကြောင်း အထင်အရှား တည်ရှိပါသည်။ ထိုပြင် ဓါတ်ဆီဆိုင်နှင့်ကပ်လျှက် (၁)ခန်းလျှင် (၁၀)ပေ စုစုပေါင်း (၁၁)ခန်း ပေ(၁၁၀)ကိုလည်းဂေါက်ကွင်းမှ တာဝန်ရှိသူမှရောင်းစားခဲ့ပြီး ဖြစ်ပါသည်။ ယခုဖော်ပြချက်သည် မျက်မြင်ဖော်ပြချက်ဖြစ်ပါသည်။

၃။ ယခုအခါဂေါက်ကွင်းကော်မတီများသည် သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေးမှူး ၊မြို့ နယ်အုပ်ချုပ်ရေးမှူးတို့  ၏ အင်အားကိုရယူလျှက် ပြည်နယ်ဝန်ကြီးချုပ်(ယခင် ပယက ဥက္ကဌ) အား အာဏာနှင့်လုပ်ပိုင်ခွင့်ကို အကူအညီရယူကာ၎င်းတို့ လုပ်ပိုင်ခွင့်ရရှိသော လန(၃၉) ချပေးရန် အမိန့် ကို လုပ်ပိုင်ခွင့် အရပြုလုပ်နိုင်သည် ဖြစ်ရာ မသေ၍ ကျန်နေသော ကျွန်တော်တို့ စစ်မှုထမ်းဟောင်းများကို အခြေမဲ့အနေမဲ့ ဖြစ်အောင် ခဲတံတစ် တစ်ချောင်းဖြင့် မြေပုံဆွဲရ်ျ သတ်မှတ်ခဲ့ခြင်းမှာ တရားမျှတမှုမရှိပါ။ အဘယ်ကြောင့်ဆိုသော် ကျူးကျော်နေထိုင် နေသော လူနေအိမ်ခြေ(၂၀) သည် ကျွန်တော်တို့  ကွန်ကရစ်လမ်းဖောက်လုပ်ထားသော မျက်နှာစာပေ(၆၀) ခန့် ကို သာ (အနားသတ်) ပြီး သတ်မှတ်ခြင်းသည် ရပ်ကွပ်ပေါ်ပေါက်ပြီး ကွန်ကရစ်လမ်းအဖြစ်ပေါ်ပေါက်ပြီး အခြေအနေရောက်မှ ထိုသို့သတ်မှတ် ခြင်းဖြစ်ပါသည်။ ကွန်ကရစ်လမ်းခင်းစဉ်အခါက ဂေါက်ကွင်းပိုင်မြေဖြစ် ကြောင်း တာဝန်ရှိသူများမည်သူကမှ လာရောက်ကန့် ကွက်ခြင်းလည်းမရှိပါ။ ကျွန်တော်တို့ ရပ်ကွပ်သည် သန်းခေါင်စာရင်းဖြင့်အတည်တကျနေထိုင်သော စစ်မှုးထမ်းဟောင်းများဖြစ်ကြပါသည်။

၎။ ကျွန်တော်တို့ ရပ်ကွက်အတိုင်းအတာအရ နောက်ထပ်ဂေါက်ကွင်းတစ်ကွင်းတည်ဆောက်ရန် မြေအကျယ်အ၀န်းလည်းမရှိပါ။ ယခုကဲ့သို့  ကျွန်တော်တို့ အား တရားစွဲဆိုဖယ်ခိုင်းခြင်းသည်(သက်ဆိုင်ရာတာ ၀န်ရှိသူအာဏာပိုင်ဟု ဆိုသော အဖွဲ့ အစည်း ) က မတရားသိမ်းယူပြီး တစ်ဆင့် ပြန်လည်ရောင်းချရန်တမင် ရယ်ရွယ်၍ ဆောင်ရွက်ခြင်းသာဖြစ်ပါသ်ည။ ထိုကိစ္စမှန် ကန်ကြောင်းကို ယခင်ရောင်းချထားသော မြေနေရာများ က သက်သေခံနေ့ပါသည်။ ယခုလည်း မသေ၍ကျန်နေသော စစ်မှုထမ်းဟောင်းများက၊ဓါးမဥိးချ ခုတ်ထွင်ရှင်း လင်း နေထိုင်သော မြေနေရာကို အခွင့်အလန်းသာပါမှ သိမ်းယူပြီးရောင်းစားရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော် တို့ အား တရားစွဲ ဆိုခြင်းသည် တပ်မတော်သားအချင်းချင်း အနိုင်ကျင့် သည်ဟု ကျွန်တော်တို့ ယူဆပါသည်။

၅။ ကျွန်တော်တို့ ဝန်းကျင်တွင် ယခင်ကဂေါက်ကွင်းပိုင်မြေဟုဖော်ပြထားခြင်းမှာ ဧက(၂၀၀) ရှိပြီးယခင် ခယက ဥက္ကဌဗိုလ်မှုးကြီးဟောင်း ထွန်းထွန်းဝင်းလက်ထက်က မြို့ မြေကွက်ဖော်ဆောင်စဉ် ပိုက်ဆံရ မည်ကို သိပြီး ဂေါက်ကွင်းမြေထဲမှ(၃၄-၄၅) ဧကကို ထုတ်နှုတ်ပြီး မြို့  မြေကွက်အဖြစ်ထုတ်နှုတ်သိမ်းယူခဲ့ပါသည်။

၆။ ယ ခုအခါ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ များက အကွက်ရိုက်ရာ၊ မြေမရှိတော့သဖြင့် ဂေါက်ကွင်းကော် မတီဂေါက်ရိုက်ဖော်ရိုက်ဖက် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့ နှင့် ဒေသဆိုင်ရာအရာရှိများကို စည်းရုံးပြီး လွန်ခဲ့ သော(၁၂)နှစ် တာကာလတည်းက မြေလွတ်မြေရိုင်းကို ခုတ်ထွင်ရှင်းလင်းကာနေထိုင်ချိန်၊ ထိုစဉ်က (ခယက) အတွင်းရေးမှူး ဗိုလ်မှူးသန်းတင်၊ ရဲမင်းကြီးဦးတင်မြင့်၊ လ၀က စိုးပိုင်မြင့်၊ (ခရိုင်မှူး) တို့ လာရောက်စစ်ဆေး ကာ ရဲဘော်ဟောင်းများဖြစ်ရ်ျ တစ်စုံတစ်ရာ ကန့် ကွက်ခြင်း မရှိဘဲ နေထိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ လည်း နှစ်တိုနှစ်ရှည် သီးနှံပင်များ စိုက်ပျိုးလုပ်ကိုင် လျှက်ရှိပါသည်။

၇။ ရပ်ကွက် စတင်လူနေထိုင်သည့် ဘုန်းကြီးကျောင်းအပါအ၀င် လယ်ကွင်းပါဝင်လျှက်ရှိသော မြေကို ယခင် ဂေါက်ကွင်မြေဟု ကန့် ကွက်ပြောဆိုခြင်းတစ်စုံတစ်ရာမရှိဘဲ၊ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းနှင့် ကွန်ကရစ်လမ်း ဖော်ပြီး၊ သုစိတ္တာလမ်း ဗမာစုရပ်ကွက်ဟု အမည်တွင်ပြီး၊ သန်းခေါင်စာရင်းဖြင့် အတည်တကျနေထိုင်ပြီး ဖြစ်ကာမှ ဂေါက်ကွင်းအနားသတ် အိမ်ခြေ(၂၀) ကို ဂေါက်ကွင်းပိုင်မြေဟု သတ်မှတ် ကာအာလုံးကိုတရားစွဲဆိုခြင်းမပြုဘဲ ကျွန်တော်တစ်ဦးတည်းကိုသာ (၁၉.၆.၂၀၁၂) ရက်နေ့ တွင် တရားစွဲခြင်း သည် တမင်မုန်းထားရ်ျ ဥပဒေနှင့် မညီသော ဆောင်ရွက်မှုသာဖြစ်ပါကြောင်းတိုင်ကြားအပ်ပါသည်။

မှတ်ချက်။ ။ ယခုကျွန်တော်နေထိုင်သောမြေနေရာကို နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိမည်ဆို ပါက ကျွန်တော်တို့ ဘ၀အပျက်ခံပြီးဖယ်ရှားပေးရန် အဆင်သင့် ရှိနေပါသည်။

မိတ္တူကို-
(၁) ဒုတိယသမ္မတ(၁) ၊နေပြည်တော်
၂။ ကာကွယ်ရေးဦးစီးချုပ်၊ ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်
၃။ ဒုဗိုလ်ချုပ်ကြီးဝေလွင်၊ (ကာကွယ်ရေးဝန်ကြီး)
ပြည်ထောင်စုလွတ်တော် နေပြ ည်တော်
၎။ ဦးအောင်ငြိမ်း(ဥက္ကဌ) ပြည်သူ့ တို့ ၏ တိုင်ကြားစာနှင့် အသနားခံစာကော်မတီ အမျိုးသားလွတ်တော် နေပြည်တော်
၅။ ဗဟုစစ်မှုထမ်းဟောင်းအဖွဲ့ ချုပ် ရုံးနေပြည်တော်
၆။ ဦးဌေးဦး (ဥက္ကဌ) နိုင်ငံသားများ ၏ မူလအခွင့်အရေးကော်မရှင်
၇။ ဥက္ကဌ လယ်ယာမြေမှုခင်းများစုံစမ်းရေးကော်မရှင် (ပြည်ထောင်စုလွတ်တော်)

ဦးစိုးမိုးအောင်
(၃၇၂၉၇၂) တကက/စရ(ငြိမ်း)

(ပေးပို့ သူ( သားစိုးလေး )

သာစည်မြို့နယ်ရဲတပ်ဖွဲမှုး ၏ လုပ်ရပ်

မန္ဘလေးတိုင်း သာစည်မြို့နယ် ရဲတပ်ဖွဲ့မှုးမှ့ အောက်ခြေရဲတပ်ဖွဲ့ဝင်ဝန်ထမ်းများထံမှ့ လစဉ်ကြေး များ သိန်းချီ  တောင်းယူပြီးနည်းအမျိုးမျိုးနှင့်  မတရား ကောက်ခံနေကြောင်းသိရှိရပါသည်။ ဖြစ်စဉ်မှာ
သာစည်မြို့နယ်ရဲတပ်ဖွဲမှုး မှ့ သာစည်ရဲတပ်ဖွဲဝင်များ ၄င်း၏လက်အောက်ခံရဲကင်းများထံမှ့ လစဉ်ကြေး များနည်းအမျိုးမျိုးပြပြီး သိန်းချီကောက်ခံနေသောကြောင့်  အောက်ခြေရဲဝန်ထမ်းများ မှ့ အခက်အခဲ များဖြင့်ကြူံတွေ့ရကြောင်းသိရှိရပါသည် ။

တချို့မှာ လစဉ်ကြေးများမတရားတောင်းခံနေရသောကြောင့် စားဝတ်နေရေး အခက်အခဲနှင့်ရင်ဆိုင်နေ ရကြောင်းသိရှိရပါသည်။ ထိုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှုးနှင့်  ရဲအကြီး အကဲများ သိရှိစေရန် တင်ပြလိုက်ရပါသည် ။

ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ ပစ်ခတ်သတ်ဖြတ်မှုအပေါ် ALP မှ ရှုတ်ချ


ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် မြန်မာစစ်တပ်မှ ရခိုင်အမျိုးသားများကို ပစ်ခတ်မှုအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ရှုတ်ချကြောင်း ပြောဆို လိုက်သည်။

မြန်မာစစ်တပ်မှ ပစ်ခတ်နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စု ဖွားတိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့် လုံးဝလွဲချော်ပြီး “သူခိုး ဓါးရိုးကမ်း”သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ပါတီ ကြေငြာချက်တွင် ဖော်ပြသည်။

“အစိုးရဘက်က ကိုင်တွယ်မှုကို ကျွန်တော်တို့က လုံးဝ တရားမျှတမှုမရှိဘူးလို့မြင်တယ်။ ဘာဖြစ် လို့ လည်းဆိုတော့ သူတို့ အရင်ကတည်းက ပြောထားတာရှိတယ်။ ရခိုင်ဘက်ကလည်းမပါ။ ဘင်္ဂလီ ဘက်ကလည်းမပါဘူးလို့ပြောတယ်။ ဒီလိုပြောတာကိုက မျှတမှုမရှိဘူး။ သူတို့ပြောနေတဲ့ တိုင်းရင်း သားညီနောင်ဆိုတဲ့ အထဲမှာ ရခိုင်တွေပါတယ်။ ဒါကြောင့် တဘက်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကို တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက လုံးဝမသင့်တော်ဘူးလို့မြင်တယ်” ဟု ရခိုင်ပြည် လွတ်မြောက်ပါတီမှ ခေါင်းဆောင် တဦးဖြစ်သူ ခိုင်သုခက ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်တွင် ပြဿနာများပေါ်ပေါက်လာရခြင်းမှာလည်း တစ်ဘက်နိုင်ငံမှ ခိုးဝင်လာသူ တဖြည်းဖြည်းများလာမူအပေါ် အစိုးရ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်းလည်း ခိုင်သုခက ပြောသည်။

ရသေ့တောင် ပြည်သူလူထုအစည်းအဝေးမှ ပြည်သူများ၏ တောင်းဆိုချက် တင်ပြချက်များကိုလည်း အစိုးရအနေနှင့် လိုက်လျှောရန်လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများနှင့် ဘင်္ဂလီများ အတူ ယှဉ်တွဲ နေထိုင်ရေးဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်ကြောင်း ခိုင်သုခမှ ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ဖြစ်ပွားသည့် ဆူပူမှုမှာ အခြား မြို့များသို့ ကူးစက်သွားပြီး စစ်တပ်မှ ပစ်ခတ်သည့် အတွက် ရခိုင်လူမျိုး (၁၀) ဦးကျော် သေဆုံးသွား ခဲ့ပြီ ဖြစ်သည်။

ယမန်နေ့နေ့လည်က ကျောက်တော်မြို့တွင် ဆူပူမှုအတွင်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသည့် ရခိုင် လူငယ်နှစ်ဦး အသု ဘအခမ်းအနားတွင်လည်း “တပ်မတော်သည် ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ပါ။ တပ်မတော် သည် အမျိုးသားရေးအတွက်—?” ဟု မေးခွန်းများ ထုတ်ထားသည့် စာတန်းပါ ပိုစတာများကို ကိုင်ဆောင်ပြီး ပြည်သူများက ဆန္ဒပြထုတ်ဖော် ခဲ့ကြသည်ဟု သိရသည်။

ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ စုစုပေါင်း သေဆုံးသူ ၆၄ ဦး နှင့် ဒဏ်ရာရသူ ၉၂ ဦးရှိပြီး လူနေအိမ် ၂၃၀၀ ကျော်ဆုံးရှုံးသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

  သတင်း - နိရဉ္စရာ သတင်းဌာန

စစ်တွေတက္ကသို်လ် ပထမနေ့ စာမေးပွဲ ပဋိပက္ခမရှိခဲ့


ယနေ့ စစ်တွေ တက္ကသိုလ် တွင် စတင်ကျင်းပသောစာမေးပွဲအား စစ်တွေ တက္ကသိုလ် ကျောင်းသူ ၊ကျောင်းသားများ လာရောက်ဖြေဆိုခဲ့ကြပြီး အနှောက်အယှက် မရှိ အေးချမ်းစွာ ဖြေဆိုင်နိုင်ခဲ့ကြသည်။ စစ်တွေတက္ကသိုလ်အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးအင်အားကို လည်း တိုးမြှင့်ထားသည်။ "အခုခြေအနေတွေက လုံခြုံရေးပေးထားတာတွေ့တဲ့အတိုင်း ပဲလေ ကျောင်း သားတွေကတော့

အေးအေးဆေးဆေးပါပဲအခုလိုလုံခြုံရေးအတိုင်းဆို ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း စာမေး ပွဲအေးဆေးဖြေနိုင်မှာပါ " ဟု စစ်တွေတက္ကသိုလ် ဆရာတစ်ဦးကပြောကြားသည်။


စစ်တွေတက္ကသိုလ် သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ဘင်္ဂါလီ အများစုနေထိုင် ရာ နေအိမ်အများ စုရှိ သော်လည်း ပဋိပက္ခ တစ်စုံတစ်ရာ မရှိခဲ့ကြောင်းသိရသည်။ စစ်တွေမြို့ ပေါ်တွင် လည်း ဒေသခံ များသည် ပုံမှန်အခြေအနေအတို်င်း သွားလာလှုပ်ရှားနေသည်ကို တွေ့ရှိရသည်။ လွန်ခဲ့သော ရက်ပိုင်း အတွင်းက ရခိုင်ပြည်နယ် မင်းပြား ပေါက်တော ကျောက်တော်ဒေသများတွင် ပဋိပက္ခများ တစ်ကျော့ပြန် ဖြစ် ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။


(ဓါတ်ပုံ- တက္ကသိုလ် စာမေးပွဲ လာရောက်ဖြေဆိုသော ကျောင်းသူကျောင်းသားများ )
သတင်း... Messenger News Journal



26.10.2012 ရက်နေ့ ရခိုင်ပြည်နယ်ရှိ ကျဆုံးသူများ စာရင်း

26.10.2012 ရက်နေ့ ရခိုင်ပြည်နယ်ရှိ ကျဆုံးသူများ စာရင်း
----------------------------
၂၆ . ၁၀.၂၀၁၂ ရက်နေ့ထိ RSV မှ မှတ်တမ်းမှတ်ရာများဖြင့် ကောက်ခံရရှိခဲ့သော သေဆုံးသူများ စုစုပေါင်းမှာ (၂၀) ဦးထိ ရှိသွားပြီးဖြစ်ပါသည်။ ယခုစာရင်းသည် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အထိသာ စာရင်းကောက်ခံ ရှိပါသည်။ သို့သော်လည်း ပေါက်တောမြို့နယ်နှင့် တချို့ နေရာများကို ဆက်လက် စုံစမ်းနေပါသည်။ ယခု စာရင်းကောက်ခံ ရရှိသည့် (၂၀) ဦးမှာ ရခိုင်အမျိုးသားများသာဖြစ်ပါသည်။ ဒဏ်ရာရစာရင်းမှာ အတည်ပြုရန် ခက်ခဲနေပါသဖြင့် တတ်နိုင်သလောက် ကြိုးစားပြီး စုစည်းနေပါသည်။


 ကျောက်တော်မြို့မှ စစ်တွေမြို့ ပြည်သူ့ဆေးရုံးသို့ ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားလူနာများ
------------------------------------------
၂၆.၁၀.၂၀၁၂ ရက်နေ့ နံနက် (၅)နာရီတွင် ကျောက်တော်မြို့ ပြည်သူ့ ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသော လူနာများမှာ -

၁။ မောင်ထွန်းထွန်း (ဘ)ဦးစိန်လှထွန်း ၊ အသက် - ၁၆ ၊ညာဖက်လက်ချောင်းကျည်ထိ။

၂။ သန်းရွှေမောင် (ဘ)ဦးအောင်စိန်ထွန်း၊ အသက် ၃၃၊ ခြေဘယ်/ညာ /လက် ကျည်ထိ။

၃။ ဦးထွန်းရင် (ဘ)ဦးမောင်ကျန်စော၊ အသက် ၃၁၊ ဘယ်ဖက် နံရိုးကျည်ထိ။

၎။ ဦးစံရှားမောင်(ဘ)ဦးထွန်းယဉ်၊ အသက် ၃၆ ၊ ဘယ်ဖက်လက်ပြင် ကျည်ထိ။


26.10.2012 ရက်နေ့ ပေါက်တောမြို့နယ်သတင်း
--------------------------------------
26.10.2012 ရက်နေ့ ပေါက်တောမြို့နယ်တွင် အခင်းဆက်ဖြစ်လျှက်ရှိပါသည်။ ယနေ့ ၈း၃၇ နာရီ စုံစမ်းချက်အရ ပေါက်တောမြို့နယ်ရှိ တချို့ကျေးရွာများတွင် မီးလောင်မှု အပြန်အလှန်တိုက်ခိုက်မှုများရှိသည်ဟု သိရှိရပြီး ထူးခြားလျှင် သတင်းချက်ချင်းတင်ပေးနိုင်ဖို့အတွက RSV မှ ကြိုးစားလျှက်ရှိပါသည်။
 26.10.2012 ရက်နေ့ မောင်တောင်မြို့နယ်သတင်း
--------------------------------------
နယ်စပ်ဂိတ်များကို နစက ကင်းစခန်းဂိတ်(ချောင်းဝ)မှ ဘင်္ဂလီကုလားများ တဖက်နိုင်ငံသို့ အဆီအတားမရှိ ၀င်ထွက်သွားလာလျှက်ရှိပြီး ဒေသအာဏာပိုင်များမှ ဂိတ်ကြေး(လာတ်ငွေ) ကောက်ခံပြီး အစစ်အဆေးမရှိ ၀င်ထွက် သွားလာ လျှက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမ၀င် မိုဘိုင်ဖုန်းများကို ဘင်္ဂလီများသည် ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လစဉ်ကြေးပေးသွင်းကာ ကိုင်ဆောင်လျှက်ရှိပါသည်။ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဆက်အသွယ်လုပ်ကာ ပြည်တွင်းလုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဒေသခံတယောက်မှ သတင်းပေးပို့လာပါသည်။
 26.10.2012 ရက်နေ့ ကျောက်ဖြူမြို့သတင်း
------------------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဖြစ်ပွါးခဲ့သော အရေးအခင်း၌ ဒုက္ခရောက်ခဲ့ကြသော ဘင်္ဂလီ ဒုက္ခသည်များအတွက် အစိုးရမှ ဂုံချွိန်အုပ်စုအပိုင် ဆားကွင်းတွင် ဒုက္ခသည်စခန်းတခုဖွင့်ပြီးတော့ ဘင်္ဂလီကုလားများကို လက်ခံလျှက်ရှိသည်ဟု သိရှိရပါသည်။ သို့သော်လည်း ဂုံချွိန်အုပ်စုမှ ထိုနေရာတွင် ဒုက္ခသည်စခန်းဖွင့်ခြင်းကို လုံးဝ မကျေမနပ်လျှက်ရှိပြီး အစိုးရဆီတွင် အခြားတနေရာသို့ ပြောင်းရွေ့ရန် တောင်းဆိုလျှက်ရှိသည်ဟု သိရှိရပါသည်။

ရသေ့တောင်တွင် စစ်တပ်က ပစ်ခတ်၍ ၂ဦးသေ၊ ၉ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ်ထဲကို စစ်တပ်မှ ချိန်ရွယ် ပစ်ခတ် သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကိုေ
ရာက်နေပြီ ဖြစ်ပါတယ်” ဟု အမျိုးသမီးက ပြောသည်။

သေဆုံးသူများမှာ ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် နောက်တစ်ဦးမှာ ကံချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

“ အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြောတယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်” ဟု သူမက ပြောသည်။

ညောင်ပင်ကြီး မွတ်ဆလင် ရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသော စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက တိုက်ခိုက်ကြရန် စုဝေးနေသော လူအုပ်ကြီးကို ပစ်ခတ်ခဲ့သည်ဟု ပြောသည်။

နောက်ဆုံး အခြေအနေကို မေးကြည့်ရာ အမျိုးသမီးက ဆက်ပြီး “ နောက်ဆုံး အခြေအနေက စစ်တပ်က ခုမိုးပေါ်ကိုထောင် ပစ်တာမရှိဘူး။ လူအုပ်ထဲကို တည့်တည့်ချိန်ပြီး တော့ ရေတွက်မရအောင် ဖြိုပစ်နေပါတယ်။ ဒါတော်တော် ရက်စက်ယုတ်မာတဲ့ ထိန်းသိမ်းမူ တခုဖြစ်နေပါတယ် ” ဟု ပြောသည်။

အဆိုပါဒေသအတွင်း ရခိုင်ရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့် ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင် ရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့ရှိသည် ဟုသိရသည်။

ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ တမြို့နယ်ပီး တမြို့နယ် ကူးစက်ပျံ့ပွားနေပြီး တိုက်ခိုက်မူများ မြို့နယ် တချို့တွင် ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ (စဆုံး))(ကဗျာရှင် နေရဲနီ)

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ
(ကဗျာရှင် နေရဲနီ)

အဟမ်း
အဟမ်း
အဟမ်း

ချောင်းဟန့်နေစရာမလိုပါဘူး
အချိန်မရွေး ရဲရဲသာဝင်ခဲ့ပါ
တစ်ယောက်တည်းနေပေမဲ့
သာသနာတော်အတွက် အလုပ်တွေကများလွန်းလို့
ဘာကိုမှ ဂရုမစိုက်အားဘူး။
ဇဗ္မူရစ်ရွှေစင် ဆိုတာ
မီးဖိုထဲ ထည့်ဖုတ်ဖုတ်
အက်ဆစ်ငရဲမီးနဲ့ဘဲတို့တို့
အချိန်မရွေး မှတ်ကျောက်တင်ခံနိုင်ရတယ်။
ရွှေမစစ်ရင်တော့ ပြာဖြစ်သွားမှာဘဲ။

(အမရပူရတောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(အရှင်ဃောသိတ ၏ တဘဝသာသနာမှ မှတ်မိသမျှ ကူးယူဖေါ်ပြပါသည်။)


မြန်မာ့ပညာရေး
ကမ္ဘာ့အလယ်ဝင်ဆန့်နိုင်ရေးအတွက်
အမေစု
သူ့လွှတ်တော်နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့
ပညာရေးအခြေအနေများကိုဝင်ရောက်စစ်ဆေးလေသောအခါ...

ဆိုင်ရာဆိုင်ရာဌာန အပေါင်းအစုတို့တွင်
အချို့သည်ကား
နွားရှေ့ထွန်ကျူးလေခြင်းဟူ၍
တီကောင်ကိုဆားနှင့်တို့သကဲ့သို့
အခံရခက်ကာ တဖျက်ဖျက်လူး၏






အချို့သည်ကား
ကိုယ့်အလုပ် ကိုယ်မလုပ်
နေရာတကာ ဝင်ရှုပ်ရန်ကောဟူ၍
ငါးပြေမဆားနှင့် ပက်သကဲ့သို့
ဆွေ့ဆွေ့ခုန်ကြ၏။

အချို့သည်ကား
မဆီမဆိုင် လက်ပံသားဓားနှင့်ချိုင် ဟူ၍
အနာပေါ် ဒုတ်ကျသကဲ့သို့
မခံမရပ်နိုင်ဖြစ်ကြကုန်၏။

ရွှေမစစ်၍မှတ်ကျောက် အတင်မခံနိုင်ဟူ၍သာ
မှတ်ယူရပေလိမ့်မည်။

နှစ်ပေါင်းငါးဆယ်ကျော်မျှ
မဆုံးနိုင်သော အစမ်းသပ်ခံပညာရေးစနစ်ကို
ကျော်ဖြတ်လာကြကုန်သော
ကျွန်ုပ်တို့တစ်တွေသည်ကား
ကျောက်သွေး သမားတည်းဟူသော
အာဏာရှင် နိုင်ငံ့ခေါင်းဆောင်တို့၏
အရည်အချင်းညံ့ဖျင်းမှုကြောင့်
တန်ဘိုးမဖြတ်နိုင်သော ကျောက်ကောင်းဘဝသို့မရောက်ကြရဘဲ
တပြားမျှမတန်သော ကျောက်ရိုင်းအဖြစ်နှင့်သာ
ဆင်းရဲခြင်းတည်းဟူသောနွံအိုင်အတွင်း၌
နစ်ခဲ့ရချေပြီတကား။

အနာဂတ်မြန်မာပြည်တွင်
ကျောက်ရိုင်းတည်းဟူသောလူငယ်တို့၏ဘဝသည်
တန်ဖိုးမဖြတ်နိုင်သော သွေးပြီးသားကျောက်ပမာ
ကမ္ဘာ့တန်းဝင် ပညာရှင်ဘဝသို့ရောက်နိုင်ကြပါစေ။

နေရဲနီ





ဓာတ်ပုံ ဖိုးစိုင်း

၂၄.၁၀.၂၀၁၂ ရက် နံနက်ပိုင်း ရခိုင်ပြည်သတင်း


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသားများမှ ဆန္ဒဖော်ထုတ်လျှက်ရှိ၊မြောက်ဦးမြို့ တွင် အခြေအနေမှာ ဆက်လက်တင်မာလျှက်ရှိပြီး တဖက်နှင့် တဖက် ရန်စောင်းမှုများရှိနေသည်ဟု သိရှိရပါသည်။

ပေါက်တောမြို့တွင် ဘင်္ဂလီကုလားများသည် လှေ၊ စက်လှေများဖြင့် ထွက်ပြေးလျှက်ရှိသည်ဟု သိရှိရပါသည်။

မြေပုံမြို့တွင် သင်္ချိုင်တောင်၌ ရခိုင်နှင့် ဘင်္ဂလီကုလားများ အပြန်အလှန် တိုက်ခိုက်လျှက် ရှိနေသည်ဟု သိရှိရပါသည်။

ကျောက်ဖြူမြို့တွင်လည်း အပြန်အလှန်တိုက်ခိုက်မှုများဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြင့် ပြင်းထန် လျှက်ရှိသည်ဟု သိရှိရပါသည်။

မင်းပြားမြို့တွင် အခြေအနေမှာ ငြိမ်နေသည်ဟု ထင်ရသော်လည်း အခြေအနေမှာ စိုးရိမ်နေရသည်ဟု သိရှိရပါသည်။

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များလည်း လမ်းသွားလမ်းလာလမ်းပါးပြီး လုံခြုံရေးအပြည့် ချထားသည်ဟု သိရှိရပါသည်။

 ၉း၄၅ နာရီ စစ်တွေမြို့သတင်း
------------------
ယခုအခါ ဆန္ဒထုတ်ဖော်သော တက္ကသိုလ်ကျောင်းသားများနှင့် ဆန္ဒပြလူအုပ်မှာ စစ်တွေမြို့ နာရီစင်အနားသို့ ရောက်ရှိလာပြီးဟု သိရှိရပါသည်။

၉း၅၀ နာရီတွင် စစ်တွေမြို့ရှိ မေယုလမ်းမကြီးကို လုံခြုံရေးတပ်မှ လမ်းပိတ်ဆို့ထားစဉ်

ယခုအခါ ဆန္ဒပြလူအုပ်သည် ငြိမ်းချမ်းစွာဖြင့် စစ်တွေ တက္ကသိုလ်(ပင်မ)ကို ဖြတ်ကျော်လာပြီး ဦးဥတ္တမ ပန်းခြံသို့ နီးကပ်စွာ ချီးတက်လာပါသည်။






စစ်တွေ တက္ကသိုလ်ကျောင်းသားများမှ ဆန္ဒပြလူအုပ်သည် ယခုအခါ ဦးဥတ္တမပန်းခြံအတွင်းသို့ ငြိမ်းချမ်းစွာဖြင့် ရောက်ရှိသွားပြီးဖြစ်ပါသည်။





ဖေ့စ်ဘုတ်ခ် မှာ မှတ်ချက်ရေးရင် သတိထားဖို့လိုဟု ဦးဇာဂနာဆို

ရန်ကုန်၊ ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်အတွက် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက်ရေး နေကြတာတွေမှာသည် မှတ်ချက်တွေကို တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဖိအားပေးဖို့ လက်နက်တစ်ခုလို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးဇာဂနာက “ဖေ့စ်ဘုတ်ခ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက် ရေးနေကြတာတွေကို ကျွန်တော်တို့က မလုပ်နဲ့ဆိုပြီး တားဆီးပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုက စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေကို မရေးဖို့တောင်းဆိုချင်ပါတယ်။ အခုလိုလုပ်နေရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးကို နိုင်ငံတကာက ဖိအားပေးဖို့ ဒီမှတ်ချက်တွေကို လက်နက်တစ်ခုလို သုံးနေတာကို အားလုံးသိစေချင်တယ်” လို့ပြောပါတယ်။

ပြည်တွင်းကဘယ်သူတွေမှန်း မသိတဲ့သူတွေက တခြားဘာသာဝင်တွေကို ဖေ့စ်ဘုတ်ခ်ကနေ နစ်နစ်နာနာ ပြောပြီး ဆဲဆိုတဲ့ မှတ်ချက်တွေကို အိုအိုင်စီလိုအဖွဲ့အစည်းက စနစ်တကျစုပြီး ကမ္ဘာ့ကုလသမဂ္ဂကို တိုင်စာပို့ထား ပါတယ်။
အခုလိုစုပြီး ပို့ထားတဲ့အခါကျတော့ ဖေ့စ်ဘုတ်ခ်မှာရှိတဲ့ မြန်မာလိုရေးနေကြတာကို ကြည့်ပြီး သူတို့ ဘာသာဝင်တွေ အပေါ် စေတနာမမှန်ဘူး၊ လူမျိုးပြုတ်စေချင်တဲ့ စိတ်တွေ ရှိနေပါတယ်ဆိုပြီး အိုအိုင်စီ အဖွဲ့အစည်းက တိုင်ကြားတာဖြစ်တယ်လို့ ဦးဇာဂနာထံမှ သိရပါတယ်။

ဒါတွေကလည်း ယူအင်န်မှာ စဉ်းစားစရာတစ်ချက် ရသွားတာပေါ့။ အကယ်၍ သည်မှာ ဘာမှ မရေးကြဘူးဆိုရင် ထောက်ပြစရာ အချက်က ရှိလာမှမဟုတ်ဘူး။ ကမ္ဘာ့အလယ်မှာ ထောက်စရာအချက်တစ်ချက် ရှိလာတာကြောင့် သူ တို့တွေမေးရင် ကော်မရှင် အနေနဲ့လည်း ရှင်းရခက်တယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ရှင်းရခက်တယ် လို့သူကဆိုပါတယ်။

ဘက်ပေါင်းစုံရဲ့ဒဏ်ကို ပြည်တွင်းမှာခံနေရတဲ့အချိန်မှာ ဖေ့စ်ဘုတ်ခ်က ကိုယ့်ရဲ့စိတ်ခံစားချက် မှတ်ချက်တွေကို မီဒီယာ တိုက်ကွက်တစ်ခု အနေနဲ့ အသုံးချလာတဲ့အခါမှာ ကိုယ့်ဘက်မှာ ဘာအင်အားမှမရှိဘူးဆိုတာကို မှတ်ချက်ရေး တဲ့ သူတိုင်းကို အသိပေးချင်ပါတယ် လို့ ဦးဇာဂနာကဆိုပါတယ်။



မူရင်းလင့်....http://www.blogger.com/blogger.g?blogID=6686096359471540135#editor/target=post;postID=1831359681443021551

ကျောက်ဖြူမြို့ လုံခြုံရေး စစ်တပ်အားလွှဲပြောင်း၊ မြေပုံမြို့သို့ပါ မငြိမ်သက်မှုကူးစက်


ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးမြို့များတွင် မငြိမ်သက်မှုများ တပြိုင်နက်ထဲ ဆိုသလို ဖြစ်ပွားခဲ့သည့်နောက် ယမန်နေ့က ကျောက်ဖြူမြို့သို့ ကူးစက်ကာ ယနေ့ညပိုင်းတွင် မြေပုံမြို့သို့ပါ ကူးစက်ခဲ့သည်ဟုရခိုင်ပြည်နယ်မှ လာသော သတင်းများအရ သိရှိရသည်။

အသေးစိတ်အဖြစ်အပျက်များ မသိရှိရသေးသော်လည်းယနေ့ ညနေတွင် ကျောက်ဖြူမြို့ လုံခြုံရေးကို စစ်တပ်လက်ဝယ်သို့ လွှဲအပ်ခဲ့ကြောင်း ကျောက်ဖြူမှ လာသည့်သတင်းများ အရသိရှိရသည်။

မြေပုံမြို့တွင်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသော်လည်း အသေးစိတ်အချက် အလက် များ မရရှိသေးပေ။
 
သတင်း..  Yangon Press International

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ (ကဗျာရှင် နေရဲနီ)

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ
(ကဗျာရှင် နေရဲနီ)

အဟမ်း
အဟမ်း
အဟမ်း

ချောင်းဟန့်နေစရာမလိုပါဘူး
အချိန်မရွေး ရဲရဲသာဝင်ခဲ့ပါ
တစ်ယောက်တည်းနေပေမဲ့
သာသနာတော်အတွက် အလုပ်တွေကများလွန်းလို့
ဘာကိုမှ ဂရုမစိုက်အားဘူး။
ဇဗ္မူရစ်ရွှေစင် ဆိုတာ
မီးဖိုထဲ ထည့်ဖုတ်ဖုတ်
အက်ဆစ်ငရဲမီးနဲ့ဘဲတို့တို့
အချိန်မရွေး မှတ်ကျောက်တင်ခံနိုင်ရတယ်။
ရွှေမစစ်ရင်တော့ ပြာဖြစ်သွားမှာဘဲ။

(အမရပူရတောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(အရှင်ဃောသိတ ၏ တဘဝသာသနာမှ မှတ်မိသမျှ ကူးယူဖေါ်ပြပါသည်။)


မြန်မာ့ပညာရေး
ကမ္ဘာ့အလယ်ဝင်ဆန့်နိုင်ရေးအတွက်
အမေစု
သူ့လွှတ်တော်နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့
ပညာရေးအခြေအနေများကိုဝင်ရောက်စစ်ဆေးလေသောအခါ...

ဆိုင်ရာဆိုင်ရာဌာန အပေါင်းအစုတို့တွင်
အချို့သည်ကား
နွားရှေ့ထွန်ကျူးလေခြင်းဟူ၍
တီကောင်ကိုဆားနှင့်တို့သကဲ့သို့
အခံရခက်ကာ တဖျက်ဖျက်လူး၏။
 
နေရဲနီ





ဓာတ်ပုံ ဖိုးစိုင်း

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေ စိုးရိမ်ရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး၊ လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ သို့ ရောက်ရှိသတင်းယူနေသည့် သတင်းမီဒီယာသ မားတဦး၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရှိကြောင်း လက်ပံတောင်းတောင်ဒေသသို့ ရောက်ရှိနေသော ရန်ကုန်မြို့တွင်နေထိုင်သူ နိုင်ငံရေးသမား တဦးက ပြောသည်။
မန္တလေးအခြေစိုက် သတင်းသမားတဦးဖြစ်သူ ကိုရဲရင့်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်မူများ ဖြစ်ပေါ်ခဲ့ ချိန်အတွင်း ထိုဒေသသို့ရောက်ရှိခဲ့ပြီး နယ်မြေရဲစခန်းမှ ရဲဝန်ထမ်းနှစ်ဦးကို အင်တာဗျူးလုပ်ခဲ့သည့် ဗီဒီယိုဖိုင်မှာ နိုင်ငံတွင်း အင်တာနက်စာမျက်နှာများ တွင်သာမက နိုင်ငံတကာရုပ်သံလိုင်းတခုတွင်ပါ ပျံ့နှံ့သွားခြင်းကြောင့် ရဲဝန်ထမ်းများကြား သဘောထားကွဲလွဲမူများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။
"ကိုရဲရင့်ရဲ့ လုံခြုံရေးအခြေအနေက စိုးရိမ်ရတယ်။ သူ့ကို ဓါတ်ပုံရိုက်ယူတာမျိုးတွေ၊ အရပ်ဝတ်နဲ့ လုံခြုံရေးတွေက သူသွားတဲ့နေရာတွေမှာ ပါ လာတာမျိုးတွေ၊ အင်တာဗျူးလုပ်ခဲ့တဲ့ဆိုင်က ဆိုင်ရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးတွေ အာဏာပိုင်တွေဘက်က လုပ်နေတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ထပ်မံ ပြောကြားသည်။
ကိုရဲရင့်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလအတွင်း ၎င်းအလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိသော ဂျာနယ်တိုက်သို့ အာဏာပိုင် များက လာရောက်စုံစမ်းပြီး နေရပ်လိပ်စာတောင်းခြင်း၊ တယ်လီဖုန်းနံပါတ်တောင်းခြင်းများနှင့် ၎င်း၏ ကိုယ်ရေးအချက်လက်များကို ရယူခြင်းများ ပြုလုပ် သွားကြောင်း၊ ၎င်းအနေဖြင့် သတင်းမီဒီယာလောကတွင် အမှန်တရားကို ဖော်ထုတ်လိုသောစိတ်ဖြင့်သာ သတင်းရယူခြင်းဖြစ်ပြီး မည်သည့်မီဒီယာကျင့် ဝတ်ကိုမှ ချိုးဖောက်ခြင်းမရှိခဲ့ကြောင်း၊ အင်တာဗျူးဖြေကြားပေးသူ ရဲတပ်ကြပ် အောင်ဝင်းထွန်းနှင့် တပ်သားတဦးကို ဖမ်းစီးခဲ့ခြင်းကြောင့်လည်း စိတ်မ ကောင်းဖြစ်မိကြောင်း၊ ဒီမိုကရေစီ၏စံနူန်းများကို တိုင်းတာရာတွင် သတင်းဒီယာလွတ်လပ်ခွင့်မှာလဲ တချက်အပါအဝင်ဖြစ်သောကြောင့် မိမိဖြစ်ပေါ်ခံစား နေရသော အခြေအနေဖြင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် မည်မျှရှိသည်ကို တိုင်းတာနိုင်မည်ဟုမျှော်လင့်ကြောင်း ပြန်လည်ဖြေကြားသည်။

သတင်း....  Yangon Chronicle

OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်


ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီ ပါဝင်ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ ကိုရာကျော်က ပြောသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရဟန်းတော် ၁၀၀၀ ကျော်ခန့်လည်း ပြည်သူများနှင့် အတူ ရှေ့ဆုံးမှဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။


ဆန္ဒပြသူများသည် အိုအိုင်စီ အလိုမရှိ ဟု ရေးသားထားသော တီရှပ် အကျီများကို ဆင်တူ ၀တ်ဆင် ထားကြပြီး “ရခိုင်ပြည်တွင် OIC NO အလို မရှိ။ စစ်တွေ- ရန်ကုန်ကားလမ်း နဘေးမှ ဘင်္ဂလီရွာများကို ရွှေ့ပြောင်း ပေးပါ ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုရာကျော်က ပြောသည်။
“ အိုအိုင်စီ မွတ်ဆလင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့ထားတာ။ သူတို့ဝင်လာရင် ရခိုင်ပြည် ပျက်မယ်။ ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီဘင်္ဂလီရွာတွေကတော့ စစ်တွေ- ရန်ကုန်ကားလမ်း ဘေးမှာ ရှိနေတော့ ခရီးသွားတဲ့ ကားတွေကို နှောင့်ယှက်တာတို့ တားဆီးတာတို့ ဂဲတွေနဲ့ ပစ်တာတော့ ရှိတယ်။ ဒါကြောင့် ကားလမ်းဘေးက ရွှေ့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခုလက်ရှိတွင်လည်း ကားလမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ခရီးသွားကားများအား တိုက်ခိုက်မူများ ရှိပါသလားဟု မေးမြန်းရာ ယခုအခါ မရှိတော့ကြောင်း၊ သို့သော် လွန်ခဲ့သော လအထိ ယခုလို နှောင့်ယှက် တားဆီးမူများ ရှိခဲ့ကြောင်း ပြောဆိုသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ ဈေးဟောင်းပိုင်း ကမ်းနားလမ်းရှိ ဓမ္မာရုံမှစတင်ပြီး မြောင်းဘွေလမ်း၊ ဥက္ကာ ပျံလမ်း၊ တရားရုံးလမ်း၊ ရဲစခန်းရှေ့နှင့် ဦးကျော်ဦးလမ်းအတိုင်း ချီတက်ပြီး ဆန္ဒပြပြီး   ဓမ္မာရုံ သို့ပြန်လှည့်လာ ကာ ဟောပြောပွဲလုပ်ပြီး အဆုံးသတ်ခဲ့ကြသည်ဟု ပြောသည်။

သတင်း.....  Narinjara News


“ဗိုလ်ကျော်ဇောနှင့် နောက်ဆုံးအင်တာဗျူး” (သတင်း ဆောင်းပါးရှင် ကိုမျိုးမြန်မာစာ)


“ဗိုလ်ကျော်ဇောနှင့် နောက်ဆုံးအင်တာဗျူး”

(သတင်း ဆောင်းပါးရှင် ကိုမျိုးမြန်မာစာ)
လက်ရှိ ကျွန်တော်သိထား သမျှတော့ ဒါနောက်ဆုံး အင်တာဗျူးခွင့်ရသူပါပဲ။ ဒါထက် နောက်ဆုံးရှိသေးရင်လည်း ဝမ်းသာ ကြည်နူး ဂုဏ်ယူစရာပါပဲ။
***
နံနက်စောစောမှာပဲ DVBမှ မကြည် (ခင်မင်းဇော်)က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်းအဘဗိုလ်ကျော်ဇောဆုံးပြီဟု အွန်လိုင်းမှာသတင်းပေးသည်။ ''နံနက် ၃နာရီ ကျော်လောက်ကတော့ကြားတယ်။ သတင်းတော့ မထုတ်ပြန်သေးဘူး''ဟု ဆိုသလို ''မိသားစုကိုမေးပြီးမှရေးနော်''ဟုလည်း သတိ ပေးသည်။ ချက်ချင်းဆိုသလို စာနယ်ဇင်း ညီအစ်ကိုမောင်နှမတွေကို ဦးအောင်ကျော်ဇောနှင့် အဆက်အသွယ်ရဖို့ တိုက်တွန်းဖြစ် သွား၏။

အခြားဂျာနယ်တိုက်ရောက်နေတဲ့ ညီ၊ညီမတွေကလည်း လှမ်းမေးကြည့်သည်။ များမကြာမီ ဗိုလ်ကျော်ဇောကွယ်လွန်တိမ်း ပါးသွားပြီဆိုသည့် သတင်းတွေ အွန်လိုင်းကို လွှမ်းမိုးသွားသည်။
ကျွန်တော်လည်း ဝမ်းနည်းကြောင်းကို ''သက်ရှိရာဇဝင်ကြီး ပြည်တော်ပြန်ခရီးနှင့် ရွှေတိဂုံစေတီတော် ဖူးခွင့်မကြုံတော့ပြီ'' ဟု ရေးဖြစ်သွား၏။ အခြားနိုင်ငံခြားရေဒီယိုတွေ ကလည်း တစ်ဦးတည်းသာ ကျန်တော့သည့် ရဲဘော်သုံးကျိပ်ဝင် အဘဗိုလ်ရဲထွဋ်နေအိမ် ဖုန်းနံပါတ်ကို မေးလာကြသည်။ ကျွန်တော်က အဘရဲဘော်ဘခက် ဖုန်းနံပါတ်သာ ပေးလိုက် နိုင်၏။

အဘရဲဘော်ဘခက်ကျေးဇူးနှင့် အဘ ကတစ်ဆင့်သာ ကျွန်တော့်ဆက်သွယ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ကျွန်တော် တို့ ကံမကုန်လျှင် ပြန်ဆုံစေချင်သည့် ဆန္ဒပြု ကာ ဆုံဆည်းစေချင်သော မြန်မာ့လွတ်လပ် ရေးတပ်မတော်ဖခင် ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးလက်ကျန် စစ်သားဟောင်းကြီး နှစ် ဦးဆုံတွေ့ခွင့် မရတော့ခြင်းအတွက် ဝမ်း နည်းရ၊ ရွှေတိဂုံစေတီတော် ဖူးချင်သော ကွယ်လွန်သူ၏ ဆန္ဒမပြည့်ဝ ခြင်းအတွက်ကြေကွဲရ သလို ရဲဘော်သုံးကျိပ် ဝင်ထဲတွင် အသက် အငယ်ဆုံးဖြစ်သော၊ တစ်ဦးတည်းသာ ကျန် ရှိတော့သည့် အဘ ဗိုလ်ရဲထွဋ်ကို အထူး အမှတ်ရကာသမိုင်းဝင် ဂုဏ်ယူအားထားစရာ အဖိုးတန်ပုဂ္ဂိုလ်ကြီး ၏ ဆန္ဒမပြည့်သွားရ ရှာမှာကိုလည်း စိုးရိမ် မိသည်။ စစ်ပွဲများစွာ ဆင်နွှဲခဲ့သော၊ တိုင်း ပြည်ကို ချစ်သော၊ အသက် အရွယ်အိုမင်း နေပြီဖြစ်သော ပြည်ချစ် စစ်သားဟောင်းကြီး တို့ ရင်ထဲမှာအရှိဆုံး ဆန္ဒက 'စစ်ပွဲတွေ ရပ်စေလိုခြင်း' ဟု ကျွန် တော်ယူဆမိသလို အဘဗိုလ်ကျော်ဇောရော၊ အဘဗိုလ်ရဲထွဋ်ပါ အဲဒီဆန္ဒ အမှန်ရှိနေကြခဲ့ မည်မှာ သေချာသည်ဟုဆိုချင်ပါသည်။
***
RFA ရုပ်သံသတင်းမှာ 'ဗိုလ်ကျော်ဇော နှင့် အင်တာဗျူး'ကို အမှတ်တရထုတ်လွှင့်ပြ သသည်ဖြစ်၍ ကျေးဇူးတင်ရှိပါသည်။ စော စောပိုင်းကတော့ ကိုလွဏ်းဆွေ ဘလော့ဂ်မှာ အဘဗိုလ်ကျော်ဇော၏ အလွမ်းပြေ အပိုင်း (၁)၊ အပိုင်း(၂)ကို ကြည့်ဖြစ်သေး၏။ ယခုကတော့ ဦးခင်မောင်စိုးလက်ရာ တင် ဆက်မှုဖြစ်ပြီး ယမန်နှစ်ကမှ မေးမြန်းထား ခြင်းဖြစ်၍ ကျန်းမာရေးအခြေအနေ မဆိုးရွား မီ နောက်ဆုံးအင်တာဗျူးလည်း ဖြစ်နိုင် ကောင်းသည်ဟု ကျွန်တော်ယူဆမိသည်။ တန်ဖိုးကြီးမားသော အင်တာဗျူးပင်။

''အစ်ကို ဒီအင်တာဗျူး အတွက်ဘယ်လိုကြိုးစား ခဲ့ရတာလဲ။ ဒီလိုပုဂ္ဂိုလ် ကြီးကို လူတွေ့မေးဖို့ ဆိုတာတော်တော် လွယ် တဲ့ ကိစ္စမဟုတ်ဘူးလေ'' ဟု ကျွန်တော်မေးတော့ ဦးခင်မောင်စိုးကလည်း ဂုဏ်ယူစွာဖြင့် သူ့ အား ထုတ်မှုကိုစိတ်ရှည်လက် ရှည်ပြောပြ ဖြစ်သည်။

ဦးခင်မောင်စိုး- ''ကျွန် တော့် KIO စခန်းကို အရင်သွားတာဗျ။ အဲဒီ ကမှ ကြယ်ခေါင်ဘက် မှာဦးအောင်ကျော် ဇော နဲ့တွေ့တာ။ ဦးအောင် ကျော်ဇောနဲ့ ဒေါက် တာလှကျော်ဇောတို့ ကျေးဇူးနဲ့ပဲ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော)ကိုတွေ့ဖို့အခွင့်အရေးရခဲ့တာ။ သူတို့ မောင်နှမနှစ်ယောက်စလုံးက တိုင်း ပြည်ကို ချစ်ကြတာချင်းတော့တူတယ်။

တစ် ယောက်တစ်မျိုးစီတော့တိုင်းပြည်အတွက်လုပ် နေကြတာပဲလေ။ကျွန်တော်ဗိုလ်ချုပ်ကို သွား တွေ့ဖို့ ကူမင်းကို သွားရတယ်။ ဗိုလ်ချုပ်တို့ ကို တရုတ်အစိုးရကကူမင်းကအပါ့မန့်တစ်ခု မှာသေသေချာချာနေရာပေးထား၊ စောင့် ရှောက်ပေးထားတာပဲဗျာ''
ကျွန်တော်-''မနှစ်ကဆိုတော့အဘဗိုလ်ကျော်ဇောကအသက်၉၂နှစ်မှာပေါ့ဟုတ်လားအစ်ကို။ အသံတွေ၊ မာန်တွေကတော့ အင်တာဗျူးထဲမှာ တွေ့တာတက်ကြွကမှုအပြည့် ပဲနော်''

ဦးခင်မောင်စိုး- ''ဟုတ်တယ်။ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော)တို့ NLDက ဗိုလ်ချုပ်တင်ဦး တို့ ဆိုတာ အသက်သာကြီးတာ အသံတွေ၊ မာန်တွေကတော့ စစ်သားဟောင်းကြီးတွေဆို တော့ ပြတ်သားကြည်လင်နေတာပဲ။ ပြီးတော့ ဗိုလ်ချုပ်(ဗိုလ်ကျော်ဇော)က၉၃နှစ်ထိ အသက် ရှည်ရှည်နေသွားရတာမှာ သူ့သမီးဒေါက်တာ လှကျော်ဇောက အချိန်ပြည့်စောင့်ရှောက်မှု လည်း အဓိကကျပါတယ်။ ကျွန်တော့်အင်တာ ဗျူးအဖွင့်မှာတောင်အဲ့ဒါပါတယ်။ ''ကျွန်တော် အသက်၉၂နှစ်ထိနေရတာ တော်တော်ကျေ နပ်ဖို့ကောင်းပါပြီ။ ဗိုလ်ချုပ် အောင်ဆန်းခမျာ အသက် ၃ဝကျော်လေးနဲ့ကွယ်လွန်ရတာ။ ဒါ နဲ့စာရင် ကျွန်တော်တို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ်''လို့ ဖြေခဲ့တယ်။

ကျွန်တော်-''ဒါနဲ့ အစ်ကိုတို့ဆုံကြတော့အင်တာ ဗျူးတာအချိန်တော်တော်ရလိုက်လား''
ဦးခင်မောင်စိုး- ''ရပါတယ်။ တော်တော်ရ လိုက်တယ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ RFA နဲ့ ဖုန်းအင်တာဗျူးတွေလုပ်ခဲ့ဖူးတော့ ကျေး ဇူးတင်စကားလည်း ပြောတယ်။ များသော အားဖြင့်တော့ လူကြီးကိုမေးတာဆို တော့ အင်တာဗျူး တော်တော်များများကို တော့ အစ်မဒေါက်တာလှကျော်ဇောကပဲ သတင်း ဌာနက မေးချင်တာကို ဗျူးပေးတာတို့၊ တပ် မတော်နေ့တို့၊ လွတ်လပ်ရေးနေ့တို့ နေ့ထူး နေ့မြတ်တွေမှာ ဗိုလ်ချုပ်အသံကို ဗျူးပေးပြီးမှ သတင်းဌာနတွေကို ပြန်ဖြန့်ပေးတာတို့ လုပ် လေ့ရှိခဲ့တာ။ ကျွန်တော်က လူကိုယ်တိုင် တွေ့ခွင့်ရတာ ဦးအောင်ကျော်ဇောနဲ့ ဒေါက်တာလှကျော်ဇောတို့ ကျေးဇူးပဲ။ ကျွန်တော် ရန်ကုန်မှာ နေ တုန်းကတောင်ဗိုလ်ရဲထွဋ်ကို တွေ့ဆုံခဲ့ဖူး တာ မဟုတ်ဘူးလေ။ အခုတော့ ရဲ ဘော်သုံး ကျိပ်ဝင်ထဲမှာ ဗိုလ်ရဲထွဋ်ပဲရှိတော့တယ်။

ကျွန်တော် -''အစ်ကိုတို့ဗျူးထားတာ အနည်းဆုံးတစ်နှစ်နဲ့ သုံးလလောက်တောင်ရှိတော့မှာ။ ဘာကြောင့် အဲဒီရှားပါး တန်ဖိုးရှိတဲ့အင်တာဗျူးကိုမထုတ်လွှင့်ဖြစ်ရသေးတာလဲ''
ဦးခင်မောင်စိုး - ကျွန်တော်ပြောလို့ ရတာတစ်ခုကတော့ ကျွန်တော် အဲဒီအချိန်ကဗျူးခဲ့တဲ့ ကင်မရာက Fully HD ပဲ။ ဒါပေမဲ့ တိတ်နဲ့ခင်ဗျ။ RFA မှာ အခုသုံးနေတာက တိတ်မဟုတ်ဘဲ ကတ်ဆိုတော့ ပြန်ကူးနေတာ တွေရှိတာ ပေါ့။

ရိုက်ကူးရေးစံနစ် မတူတာအဲဒါက တစ်ပိုင်းပေါ့။ပြီး တော့ သေသေချာချာ တည်းဖြတ်တာတွေလည်း လုပ်ချင် သေးတော့ ကြာသွားတာပါ။ ဒါပေမဲ့ အခုလို ကျန်းမာရေးစိုးရိမ်စရာရှိနေချိန်မှာ ကျွန်တော်တို့ဒေါက်တာလှကျော် ဇောနဲ့ဖုန်းရပါတယ်။ ဆေးရုံတက်ရတဲ့ စောစောပိုင်းအထိ ပြောပါတယ်။
နောက်ဆုံး တစ်ခေါက်ဆက်တော့ လွန်ခဲ့တဲ့နှစ် ရက်လောက်ကပဲ ဝန်ကြီးဦးအောင်မင်းဖုန်းဆက်ကြောင်း ကျန်းမာရေးကိစ္စမှာ ဘာတွေဆောင်ရွက်ပေးဖို့လိုမလဲ မေး တယ်လို့ လည်းသိရတယ်။ သမ္မတခွင့်ပြုချက်နဲ့ နိုင်ငံကို ပြန်နိုင်ကြောင်း သတင်းတွေ ကြားရ ပေမယ့် ကျန်းမာရေးကြောင့် မပြန်နိုင်တဲ့ အခြေအနေ အပေါ်မှာ အားလုံးစိတ်မကောင်းဖြစ်ကြရမှာပဲ''
(ကွယ်လွန်တော့ ဝန်ကြီးဦးအောင်မင်းက ဝမ်းနည်းကြောင်းပို့ခဲ့ပါတယ်။ - အယ်ဒီတာ)
* * *
RFAရုပ်သံသတင်းမှာ ဦးခင်မောင်စိုး၏ တင်ဆက်မှု အစမှာ''တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့စစ်ဆေးရုံ မှာကွယ်လွန်သွားခဲ့ ပြီဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောကို ပြီးခဲ့တဲ့ ၂ဝ၁၁ခုနှစ်ဇွန်လ ဒုတိယပတ်မှာ ကျွန်တော်တို့ RFAက သူနေ ထိုင်ရာ ကူမင်းမြို့ တိုက်ခန်းမှာ တွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပါတယ်။ အဲဒီကာလက အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ့ရဲ့ လက်ရှိဘဝနဲ့ပတ်သက်ပြီး အသက်ငယ်ငယ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင် မိမိဟာ ဒီလောကမှာ အများကြီး ကံကောင်းသူ တစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်''ဟုပျိုးပြီးဗိုလ်ကျော်ဇော ၏ အရုပ်နှင့်အသံကိုရှုမြင် နားဆင်လိုက်ကြရပါသည်။

''ကျွန်တော်အသက် ၉၂နှစ်ထိ နေရတာ တော်တော် ကျေနပ်ဖို့ကောင်းပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ခမျာ အသက် ၃ဝကျော်လေးနဲ့ ကွယ်လွန်ရတာ။ ဒါနဲ့စာရင် ကျွန်တော်တို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ်။''

ဤသို့ အဘဗိုလ်ကျော်ဇောက သူ၏ရဲဘော်ရဲဘက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို နှမြောတသဖြစ်စွာနှင့် အမှတ်တရပြောကြားသလို တပ် မတော်အကြောင်း၊ ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ သမ္မတ(ငြိမ်း)လည်းဖြစ်၊ မြန်မာ့ဆိုရှယ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌနှင့် နာယကလည်းဖြစ်ခဲ့သူ ဦးနေဝင်း အကြောင်း၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးအကြောင်းတို့ကို သူ့ရင်ထဲ ရှိသလို ပြောဆိုသွားသံအပြီး မေးမြန်းတင်ဆက်သူ ဦးခင်မောင်စိုး၏''ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဘဝမှာ ဘာတွေ များမှတ်မှတ်ရရ ရှိပါသလဲ ခင်ဗျာ။''ဆိုသည့်စကားသံအဆုံး အဘဗိုလ်ကျော်ဇောထံက''အမှတ်တရဖြစ်တာကတော့ ရန်ကြီးအောင် စစ်ဆင်ရေး ကျွန်တော် တိုက်ခဲ့တာ။ နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်တာတွေ၊ တွဲပြီးတော့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက အကျင့်စာရိတ္တအလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ ဘာမှ သူ့မှာအပြစ်အနာအဆာမရှိဘူး။ ဒါက သူ့ရဲ့ထူး ခြားချက်ပဲ။ နောက် ပြည်သူလူထုကို ချစ်ပြီး ပြည်သူ့ အကျိုးအတွက် အမြဲရပ်တည်သွားတယ်။''ဆိုသည့်စကားသံဖြင့် မြန်မာ့လွတ်လပ်ရေးရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ မြန်မာသာမက ကမ္ဘာကပါ သိမှတ်ထားသော ငြိမ်းချမ်းရေးသမားကြီးဆရာကြီးသခင်ကိုယ်တော် မှိုင်း အကြောင်းကိုလည်း အလေးအမြတ် ပြုပြောဆိုသွားသည်မှာ သမိုင်း မှတ်တမ်းတန်ဖိုးကြီး မြတ်လွန်းလှသည့်အတွက် လေးမိနစ်တာမျှ အင်တာဗျူးကို အားမလို အားမရရှိရ သည်။

မည်သို့ဆိုစေ 'ပြောမှသိ၊ ထိမှ နာ၊သာမှ နေ၊ သေမှ ခင်၊ ဤလေးအင် လူတွင်မကျင့်အပ်' ဆိုသလို သေဆုံးခါမှ နှမြောတမ်းတ လွမ်းဆွတ်နောင်တရမှုမျိုး မဟုတ်ဘဲ သမိုင်း ဝင်ပုဂ္ဂိုလ်ကြီးများ အသက်ထင်ရှားရှိစဉ် တွေ့ဆုံမှတ်တမ်း တင်ထားနိုင်လိုက်မှုအတွက်ကိုဖြင့် ဤတွေ့ဆုံခန်း
 အင်တာဗျူးအတွက် ဂုဏ်ယူမိသည်။

အသက် ၉၃ တိုင်အောင် သက်ရှိထင်ရှားနေသွား ခဲ့သည့် မြန်မာ့လွတ်လပ်ရေးသမိုင်းရာဇဝင်ထဲက ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် အဘဗိုလ်ကျော်ဇော မှာ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့သူမို့ 'တစ် ဘဝစံစိတ်ထားနှင့် လူ့ရွာမှာ လာ လမ်းသလားသွားခဲ့သူ'လို့ နှောင်း လူတို့ အပြစ်ဆိုမှာ မဟုတ်သည် က သေချာပါ၏။

ကိုမျိုး(မြန်မာစာ)
ပေါ်ပြူလာ ဂျာနယ် အယ်ဒီတာချုပ်..
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က  သမိုင်းဝင် သမိုင်းတွင်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ဘဘကျော်ဇော  ကွယ်လွန်အနိစ္စ ရောက်ခဲ့တဲ့အတွက် နှမျောတသ အထူးဝမ်းနည်းမှုနဲ့အတူ လေးစားဦးညွတ် အပ်ပါသည်..။
သမိုင်းဝင် ပုဂ္ဂိုလ်ကြီး ဘဘကျော်ဇော ကောင်းရာသုဂတိလားပါစေ..။

ဆောင်းပါးဖော်ပြမှု နောက်ကျခဲ့တဲ့ အတွက် ကိုမျိုး(မြန်မာစာ)အား ဒီမိုဝေယံမှ အထူးတောင်းပန် အပ်ပါသည်..။

မြန်မာနိုင်ငံ အနှံ့အပြားတွင် OIC (Organization of the Islamic Conference) ရုံးများ အလိုမရှိကြောင်း သံဃာတော်များနှင့် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ်..


မြန်မာနိုင်ငံ အနှံ့အပြားတွင် OIC (Organization of the Islamic Conference) ရုံးများ အလိုမရှိကြောင်း သံဃာတော်များနှင့် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ် OIC (Organization of the Islamic Conference) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်မည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ မှ စ၍ ရန်ကုန်တွင် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ စတင်ပြီး မြို့တော်ခန်းမ သို့၎င်း၊ မန္တလေးတွင် အိမ်တော်ရာ ဘုရားဝင်းမှစတင်၍၄င်း၊ ပခုက္ကူမြို့တွင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်အင်အား ၂၀၀၀ကျော်စတင်၍၄င်း၊ ရခိုင်ဒေသတွင် ကျောက်တော်မြို့၊ ပုဏားကျွန်းမြို့၊ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့စသောမြို့နယ် အနှံ့တွင်၎င်း၊ သံဃာတော်များ ထောင်သောင်းချီလျှက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တ်ာလှန်ရေးကဲ့သို့ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြပါသည်။

ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသောလူငယ်တွေရဲ့တက်ကြွတဲ့စိတ်ဓာတ်ကိုတွေ့ခဲ့ရတယ်။ ရန်ကုန်မြို့မှာတော့ လမ်းလျှောက်တဲ့လူဦးရေဟာ ရွှေတိဂုံဘုရားမှာပဲ လူတွေကရှိနေသေးတယ် ရှေ့ဆုံးက လူတွေကဆူးလေဘုရား၊ မြို့တော်ခမ်းမရှေ့ကို ရောက်နေကြပါပြီ၊ အဲသည်လောက်ကို အရေအတွက် များခဲ့ပါသည်။ မန္တလေး၊ပခုက္ကူ၊ရခိုင်ဒေသစသောမြို့များတွင်လည်း သံဃာတွေထောင်ချီလျှက် ဆန္ဒပြခဲ့ကြောင်းသိရှိရပါသည်။

 မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သေကြေညာချက်မှာတော့……. - မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန် အနော်ရထာမင်း လက်ထက်မှစတင်၍ ကမ္ဘာ့ အလယ်တွင် ထေရဝါဒနိုင်ငံအဖြစ် စံပြရပ်တည်နိုင်ခဲ့သည်။

- ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် သည်။

 - မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ ရုံးစိုက်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ကန့်ကွက်ရသော အကြောင်းအရင်းများမှာ - ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အနိဋ္ဌာရုံများကို နိုင်ငံတကာတွင် အထင်အမြင်လွဲမှားမှုများ ရှိနေခြင်း။ -

လစ်ဗျားနိုင်ငံတွင်အမေရိကန်သံအမတ် Mr. Christopher Stevens လုပ်ကြံခံရခြင်းတွင် OIC အပါအဝင် ထိုကဲ့သို့သော အစ္စလာမ်မစ်နိုင်ငံအဖွဲ့အစည်းများက မည်သို့မျှတုံ့ပြန်မှုမရှိခြင်း။ - ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများ လူမျိုးရေး၊ ဘာသာရေးအရ အကြမ်းဖက်ခံရခြင်းတွင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများမှ ဆန္ဒပြလျက်ရှိနေခြင်း။

-လက်နက်များ ဖမ်းဆီးရမိသည့်အတွက် လုံခြုံရေးအားနည်းနေကြောင်း ပေါ်လွင်နေခြင်း။ -ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဗုံးပေါက်ခွဲ ဖျက်ဆီးမည်ကို ဖမ်းဆီးရမိခြင်း၊ ထို့ကြောင့်- - OIC ဖြစ်စေ၊ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကို မြန်မာ့မြေပေါ်တွင် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝ (လုံးဝ ) ရုံးစိုက်ခွင့်မပြုပါ။

- ပြည်သူများ၏ သဘောတူညီချက်မပါသော OIC နှင့် အစိုးရ၏ လက်မှတ်ထိုးထားမှုကို လုံးဝကန့်ကွက်သည်။ - OIC နှင့်ပတ်သက် သော သဘောတူစာချုပ်ကိစ္စ၊ အကြောင်းအရာများ၊ ယာယီရုံဖွင့်လှစ်ရန်အတွက် နိုင်ငံပိုင် မီဒီယာများတွင်ဖြစ်စေ၊ တရားဝင်ပြည်ပ မီဒီယာများတွင်ဖြစ်စေ သတင်းစာရှင်းလင်း၍ ပြည်သူများကို အတိအလင်း ကြေညာပေးရမည်ဟု ဖော်ပြပါရှိသည်။

မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီ(ရန်ကုန်)မှ တောင်းဆိုချက်များ အား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။

 နိုင်ငံတော်သမ္မတ ၀က်ဘ်ဆိုက်မှာတော့ ယနေ့ထုတ်ပြန်ချက်တွင် OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ" နေပြည်တော်၊ အောက်တိုဘာ ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-
 ၁။နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
 ၂။ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
 ၃။နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
 ၄။နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။







ဝါးခယ်မမြို့၊ကျုံမငေးမြို့ နယ်မှ ဆက်သွယ်ရေးအဆင့်(၃)ကျုံမငေးစာတိုက်မှူး ဒေါ်ခင်ခင်ထွေး ရဲ့  အကျင့် ပျက်ခြစားမူ့ အကြောင်း။

ဝါးခယ်မမြို့၊ကျုံမငေးမြို့ နယ်မှ ဆက်သွယ်ရေးအဆင့်(၃)ကျုံမငေးစာတိုက်မှူး ဒေါ်ခင်ခင်ထွေးသည် ဌာနပိုင်ဝန်ထမ်းအိမ်ရာတန်းလျားကို မိမိကိုယ်ကျိုးစီးပွားအတွက် တစ်လ လျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် လက်ရှိနေထိုင်သူ သက်ဦး ကိုဌားရမ်းထားပါသည်။ မိမိ တာဝန်ထမ်းဆောင်လျှက်ရှိသော ဆက်သွယ်ရေး(၃) ကျုံမငေးစာတိုက် အဆောက်အဦးအတွင်း ပိုးသတ်ဆေး ပစ္စည်းများကို အခကြေးငွေယူပြီးမိမိကိုယ်ကျိုးစီးပွားအတွက် ငှားရမ်းထားပါသည်။

 ရုံး ဌာနပိုင် ငွေများကိုလည်း နေ့ ပြန်တိုးပေးစားပြီး အလွဲသုံးစားပြုလုပ်နေပါသည်။ ရုံးလုပ်ငန်းနှင့် မသက်ဆိုင်သောကိစ္စများကိုလည်းမချေမငံ ၀င်ရောက်စွက်ဖက်ပြောဆိုမှုများပြုလုပ်နေခြင်းကြောင့် ဌာနမှ ၀န်ထမ်းများနှင့်မသင့်မြတ်ပါ။ လူမှုရေးကိစ္စများနှင့်ပတ်သက်ပြီး သူ နှင့်အဆင်မပြေသော ၀န်းထမ်းများကိုလည်း ရုံးမတက်ရန် ပိတ်ပင်တားဆီးပါသည်။

 ဖုန်းဘီလ် ဆောင်သော အခါတွင် ငွေ ၅၀၀၀၀ ကျသင့်လျှင် အပိုကြေး ၅၀၀ ကျပ် ပေးရပြီး ဖုန်းဘီလ် ဆောင်ခ ငွေ ၁၀၀၀၀၀ ကျသင့်လျှင် အပိုကြေး ၁၀၀၀ ကျပ် သူ့ အားပေးမှ ဖုန်းဘီပြေစာအားဖြတ်ပေးပါသည်။ 

ရပ်ဝေးမှပေးပို့ သော ပါဆယ်အထုတ်များကိုလည်း စာပို့ သမားအားပို့ မခိုင်းဘဲ ပိုင်ရှင်များကို မိမိကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားကာ လာရွေးခိုင်ပြီးပိုက်ဆံတောင်းပါသည်။ ယခုကဲ့ သို့  အကျင့်ပျက်ဝန်ထမ်းတွေ ကိုအမြန်ဆုံးအရေးယူ ပေးပါရန် သမ္မကြီးနှင့် တကွ ဧရာဝတီတိုင်းဒေကြီး အစိုးရအဖွဲ့ ဝင် ၀န်ကြီးများသိရှိစေရန် လေးစားစွာ ပန်ကြား အပ်ပါသည်။

ဝါးခယ်မမြို့ နယ်သူ/သား များ

တကယ်ရောက်ခဲ့ပြီ

 အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သည် မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။

 မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာ အတွက် ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမ ဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက် စကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အတွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့ အမှန်တကယ် ရောက်ရှိလာခဲ့ပါပြီ။ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့တွင်ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ပြေတီဦး + အူဝဲတို့ မိသားစုတို့ တကယ်ရောက်လာကြကြသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာ စွာဖြင့် သာဓုခေါ်ဆို လိုက်ရပါတော့သည်။

ကြွေကြခဲ့တဲ့ ကြယ်တစ်ပွင့်ဗိုလ်ကျော်ဇော သို့ အမှတ်တရ



မြိတ်ခရိုင် တရားရုံကို ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ဘိန်းစာမှုန့်ဖြူးသွားခဲ့တဲ့ ရမ်းကားမှုကြီး

၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ် တရားရုံတွဲဖွင့်ထားသည့် ရုံးအား အမည်မသိ မူးယစ်ဆေးဝါး သမားများ တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့် အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။

တရားရေး မဏ္ဍိုင်ကိုတောင် အတင့်ရဲစွာတက်ရောက်ဖျက်ဆီးနေခြင်းသည်  မြိတ်မြို့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့် ချို့ယွင်းမှုများရှိနေပါသည်။ ဥပမာ- တရားရုံးရှေ့နေ ဦးသက်ဦးဆိုသူမှာ အတင့်ရဲစွာ တရာခံ အများစု နှင့် အချို့မှာ မတရား အမှုတွဲအတွင်းအတင်းဆွဲသွင်းပြီး အိမ်သို့ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြောင်း တရားသူကြီးများပင် ၄င်းအား ကြောက် ရွံ့နေရကြောင်း သိရပါသည်။

ဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် တရားရုံးပေါ်သို့တိုင် တက်ရောက်ရမ်းကားခဲ့သူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါသည်။

Danger မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၂ နာရီ ခန့် တွင် မြိတ်မြို့ပေါ်ရှိ ကားမှန်များအား Danger အဖွဲ့မှ ခဲများပစ်ပေါက်ခွဲသွားကြပါသည်။

 ဆိုင်ကယ်စီး လူရမ်းကား၊ မူးယစ်ဆေးဂိုဏ်း Danger အဖွဲ့ ဦးဆောင်သူများကို မြေနီလမ်း အိမ်ပေါ်တက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက် သစ်ထူးလွင်  အင်တာနက် သတင်းများတွင် ပါဝင်လာသောကြောင့် ဦးဆောင်သူအချို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူထားသည့်အတွက် Danger အဖွဲ့မှ သူတို့ ခေါင်းဆောင်များ ပြန်လွတ်ပေးရေး ရာဇာသံပေးသည့်အနေဖြင့် မြိတ်မြို့ပေါ်ရှိ ကားများအား တစ်ညတည်း ၁၆ စီးခန့် လိုက်လံ ဖျက်ဆီးသတိပေးလိုက်ကြောင်း ၄င်းအဖွဲ့နှင့် နီးစပ်ရာ သတင်းရပ်ကွက်မှ သိရှိခဲ့ရပါသည်။

ကျနော် ဈေးသည်တွေကို ပစ္စည်းသယ်ပေးတဲ့ ဘေးတွဲဆိုင်ကယ်သမားပါ ည ၁ နာရီ ခွဲ ခန့် ဂုဏ်ရုံလမ်း ကနေ ၊ ကမ်းနားဘက်သွားတာ လမ်းမှာ အကျီင်္အနက်ရောင်ဝတ် ဆိုင်ကယ် အဖွဲ့တစ်ဖွဲ့တွေ့တယ်ကျနော် လမ်းဘေးဆင်းနေရတယ်ဗျ။ ကြောက်ရတာပေါ့ဗျာ မြိတ်မှာ ဒီကောင်တွေ အန္တရာယ် အရမ်းကြီးနေ တာတောင်  ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ ဒီအတိုင်ကြည့်နေတာ အံ့သြသင့်မိတယ် ဟု ပြည်သူတစ်ဦး၏ ကြောက်ရွံ့စွာ ရင်ဖွင့်သံပါ။

မြိတ်ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့များဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်ကြားဖြေဆိုခြင်းမရှိပါ။

ဒီမိုကရေစီကို လမ်းမလွဲပါစေနှင့်

 ဆောင်းပါးရှင်။ ဗိုလ်မှူး ကျော်ကျော်ခိုင်

 မြန်မာ အိပ်က်စ်ပရက်စ် web site မှာ ပေးစာ ၁၇၇ ပြည့်တန်ဆာတန်းတရားဝင်ရှိသင့်သလား ဆိုတာကိုဖတ်ရပါတယ်။ မတိုင်မီကလေးကလည်း ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့် ရရေးဆိုပြီး ပြည့်တန်ဆာဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု နဲ့ ပျိုးပင် အဖွဲ့မှဒေါက်တာမျိုးလွင် ဆိုသူတွေက လေသံပစ် လာတာကိုလည်း စိတ်မသက်သာစွာပဲ ဖတ်ရပါတယ်။ သူတပါးနိုင်ငံတခုကို ဟိုနိုင်ငံပြောပြောပြီး ကိုယ့်နိုင်ငံကို အလိုလိုနေယင်း ဟိုနိုင်ငံဖြစ်ဖို့အကြံပေးချင်တဲ့ သူတွေကလည်းရှိပါသေးလားလို့ တွေးမိပါတယ်။ ပညာဘယ်လောက်တတ်တတ် သူတို့ကိုယ်သူတို့ အများတကာထက် အမြင်ကျယ်တယ်ထင်နေပေမယ့် ဒါဟာ အဟိရိက လို့ခေါ်တဲ့ မကောင်းမှုကိုကောင်းမှုထင် အကုသိုလ်အလုပ်ကို ကုသိုလ်ထင်ြပီး၊ အတွေးအခေါ်လွဲမှား အရှက်ကင်းမဲ့တဲ့ အပြောအဆို၊ အပြုအမူကိုပြုတာပါ။ နိုင်ငံတချို့ကလုပ်တိုင်း မှန်ကန်တယ်ထင်နေကြတာကလည်း သနားစရာပါပဲ။ လူတွေကို အထိန်းအကွပ် စည်းကမ်းဥပဒေ ဘာသာတရားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာတွေကို စောင့်ထိန်းစရာမလိုပဲ လုပ်ချင်ရာလုပ်လို့ခွင့်ပြုလိုက်ရင် ကောင်းမှုတွေလုပ်ကြမလား မကောင်းမှုတွေလုပ်ကြမလားဆိုတာ အလွယ်ပဲ တွေးတောနိုင်ကြမှာပါ။

 မိမိနိုင်ငံဟာ ညစ်ညမ်းမှုကင်း၍ ပြည့်တန်ဆာကင်းရှင်းတဲ့ နိုင်ငံတခုဖြစ်တော့ မကောင်းဘူးလား၊ ကမ္ဘာနဲ့ရင်ဘောင်မတန်းနိုင်တော့ဘူးလား ခေတ်များနောက်ကျနေပြီလား။ ဒါဟာ ပြည့်တန်ဆာ လုပ်ငန်းစီးပွားရေး သမားတွေရဲ့ လိုလားချက် ဖြစ်ဟန်ရှိပါတယ်။ လက်ရှိ နိုင်ငံတိုးတက်ကြီးပွားရေးကို အရေးတကြီးဆောင်ရွက်နေတဲ့အချိန် အရေးကြီး ကိစ္စတွေပြဿနာတွေ ကို လွှတ်တော်ကစဉ်းစား လုပ်ဆောင်နေရတဲ့ အချိန်မှာ ဒါဟာ ရှေ့တန်းဦးစားပေးရ မယ့်ပြဿနာမဟုတ်ပါ ဘူး။ နိုင်ငံတော်ရှေ့ရေးဟာ အစကောင်းမှအနှောင်း သေချာမှာပါ။ ယဉ်ကျေးမှုကြောင့် လက်မခံမှာတောင်စိုးတယ်ဆိုပဲ။ ပေးစာ ၁၇၇ ရေးသူရဲ့ အာဘော်ကိုတော့ သဘောကျပါတယ်။ တိုတိုရှင်းရှင်းပဲ တင်ပြချင်ပါတယ်။

 အာရှမှာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံဒီလို တရားဝင်ဖွင့်ထားသလည်းဆိုတာကို အရင်ပြန်တွေးပါ။ ဗုဒ္ဓဘာသာနဲ့ ယှဉ်တဲ့ယဉ်ကျေးမှုကို နားလည်ပါ။ မြန်မာ့ယဉ်ကျေးမှုဟာ ထမင်းစား ရေသောက် အိမ်သာတက်တာတောင် ရှင်တော်မြတ်ဘုရားချမှတ်ပေးခဲ့တဲ့ ဝိနည်းစည်းကမ်းတွေ ရှေး ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်တွေ က ဆင်းသက်လာတာပါ။ အချို့က ယဉ်ကျေးမှုကူးစက်ခြင်းကို အကြောင်းပြပြီး ပြောကြပါတယ်။ သူများယဉ်ကျေးမှုကို မပြောလိုပါဘူး။ မြန်မာယဉ်ကျေးမှုမှာ ဘာမကောင်းတာရှိပါသလည်းလို့ အရင် မေးချင်ပါတယ်။ ယဉ်ကျေးမှုနဲ့ ထုံးစံ ဓလေ့ အမူအကျင့် သဘာဝဆိုတာတွေကိုလည်း ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ တရားတပုဒ်မှာ ဒီလို နာကြားခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ နိုင်ငံခြားသားတစု မြန်မာနိုင်ငံကိုလာလည်ပါတယ်။ စေတီတခုမှာ အမျိုးသမီးများ မတက်ရဆိုတဲ့ ဆိုင်းဘုတ်တခုတွေ့တော့ နိုင်ငံခြားသူအမျိုးသမီးတယောက်က ဒါလားဗုဒ္ဓဘာသာ၊ အမျိုးသမီးတွေကို ခွဲခွဲခြားခြား လုပ်တာလားလို့ မေးပါတယ်။ ဆရာတော်က This is not a religion. This is a tradition. အဲဒါက ဘာသာတရားအရ မဟုတ်ပါဘူး၊ ထုံးစံအစဉ်အလာတခုပဲ ဖြစ်ပါတယ်တဲ့။ ဆရာတော်အဖြေတတ်ပြီး ဖြေဆိုပုံလည်းကောင်းလို့တာပါ။ အဖြေမတတ်ရင်လည်း နားလည်မှုလွဲသွားနိုင်ပါတယ်။ ဒီလိုပါပဲ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ အမူအကျင့် အလေ့အထတွေကို ခွဲခြားနားလည်ကြရမှာပါ။ မြန်မာယဉ်ကျေးမှုကို တန်းဖိုးထားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။

အတုမြင်အတတ်သင်ဆိုတဲ့ စကားကိုလည်း သဘောပေါက်သင့်ပါတယ်။ လူတချို့က ကိုရီးယားဇာတ်ကားတွေက အမူအကျင့်တွေ ကူးစက်ခံနေရတာကိုပြောတော့ သူများသွားမပြောပါနဲ့ဆိုပြီး လက်မခံချင်ကြဘူး။ မှန်ပါတယ် ကိုယ့်ကိုကိုယ် ကိုယ့်လူမျိုးကိုယ် အပြစ်တင်ပါ။ ဒါပေမယ့် အတုမြင်အတတ်သင်မို့ ပါတ်ဝန်းကျင်အရေးကြီးပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ် ကိုရီးယားဇာတ်ကားများ ဝင်ရောက်လာပါတယ်။ တရုတ်ကတော့ သိုင်းကားကထိုးဖေါက်ပြီး ကိုရီးယားက ဒရမ်မာဇာတ်ကားတွေ ထိုးဖေါက်ပါတယ်။ မိန်းကလေးအရက်မူးပြတာတွေ မိန်းကလေးကစပြီး ချစ်ကြိုက်စကားပြောတာတွေက ဇာတ်ကားတိုင်းမှာပါ ပါတယ်။ အဲဒီအချိန်က ၃-၄ နှစ်ကလေးတွေဟာ လူကြီးတွေစွဲလန်းကြည့်ရှုမူနဲ့အတူ ကြီးပြင်းလာခဲ့ပြီး ယနေ့ အရွယ်ရောက်နေကြပါပြီ။ ဒီကလေးတွေ ဒီကလေးတွေကြားက မျိုးဆက်တွေမှာ အတုမြင်အတတ်သင်ခဲ့ကြတာ ငြင်းမရပါဘူး။ မျိုးဆက်တဆက်ဆိုတာ တဆက်က အသက် ၆၀-၇၀ ရောက်မှာ နောက်မွေးစကို မခေါ်ပါဘူး။ အမြဲ လှိုင်းလိုဆက်နေတာကို သတိပြုရပါမယ်။ ၈၈ လောက်က တချို့ကလေးတွေတောင် အွန်လိုင်းမင်းသမီးတွေဖြစ်နေတာ ဝမ်းနည်းစရာတွေ့မြင်ကြရမှာပါ။

 အဲဒါကြောင့် စာရေးသူ ယခင်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို အပြစ်ကြီးကြီးပေး အရေးယူသင့်ကြောင်း တင်ပြခဲ့ဘူးပါတယ်။ မြန်မာဆိုရိုးစကား အတုမြင်အတတ်သင် နော်။ ယခုဆို အဋ္ဌမတန်းကျောင်းသူလေး ၁၃ နှစ်သမီးရည်းစားနဲ့ ကျောင်းမတက်ပဲတည်းခိုခန်းသွားတာ ၃ ကြိမ်မြောက်မှမိဘသိလို့ တရားစွဲရတယ်။ ဒီလိုပြဿနာတွေဟာ အရင်းခံက အတုမြင်အတတ်သင်တာပါ။ လူ့အခွင့်အရေးမဟုတ်ဘူးနော်။ စည်းကမ်းမဲ့တဲ့ တည်းခိုခန်းကိုလည်း အရေးယူသင့်ပါတယ်။

မဆလခေတ်ကဆိုရင် ရန်ကုန်က လူ ရန်ကုန်မှာ ပြန်တည်းခိုလို့မရတဲ့အတွက် အဲဒီလိုပြဿနာတွေမကင်းပေမယ့် အတော်လေးရှားပါးပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု လူမှုရေး ဘာသာရေး စာရိတ္တပိုင်းကိုယ်ကျင့်တရားပိုင်းတွေနဲ့ ပညာပေးကာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့ ထိန်းရပါမယ်။ ဒီကြားထဲ တရုတ်ဘက်က ကလေးတယောက်မွေးပေးပြီးအထိ မိန်းမခနယူ သိန်း ၃၀ ဆိုပြီး အန္တရာယ်ပေးနေတာလည်း လိင်ကျွန်လုပ်ငန်းအဖြစ် ထင်ထင်ပေါ်ပေါ်ပဲ ပေါ်ပေါက်နေပါတယ်။ ( မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြား သည်။မြတ်လေးငုံမှ-) စီးပွားရေးမပြေလည်မှုတွေက ဒီလိုမကောင်းမှုအန္တရာယ်များအကြားကို တွန်းးပို့နေသလိုဖြစ်နေပါတယ်။

 ဒီလိုအခြေအနေ အန္တရာယ်အကြားထဲမှာ ကို ပြည့်တန်ဆာ ဥက္ကဋ္ဌကြီး နှင်းနှင်းယုနဲ့မျိုးလွင်က အူကြောင်ကြောင် ထပြော တာ မြန်မာတစ်ယောက်အတွက်တော့ အတော်လေးကို ဒေါသဖြစ်စရာ ပါပဲ။ မြန်မာတိုင်းရင်းသူအမျိုးကောင်းသမီးများ သိက္ခာရှိရှိနဲ့သမာအာဇီဝ အလုပ်အကိုင်ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေနိုင်ရေးအတွက် နိုင်ငံတော်အနေနဲ့ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလန်းတွေကို အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးသင့် ပါတယ်။ ပြည့်တန်ဆာပြဿနာ ဟာ ယဉ်ကျေးမှု နဲ့မဆိုင်ပါဘူး။ သမာအာဇီဝ မှန်ကန်သောအသက်မွေး ဝမ်းကြောင်းမှု မဟုတ်လို့ ပြောကြတာပါ။ မြန်မာ့ဓလေ့ကိုယ်က မကောင်းမှုပြုတာလို့ သတ်မှတ်ထားကြ တာပါ။ ကိုယ့်လူမျိုးရဲ့ဂုဏ်ကိုထိန်းသိမ်းဖို့ ကိုယ်တိုင်ရဲ့ကိုယ်ကျင့်တရားကောင်းမွန်မှုကို တန်ဖိုးထားဖို့ လိုပါတယ်။

 နောက်တခုက လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ဆိုပြီး အကြောင်းပြလာပါတယ်။ တားမြစ်ထားတာကို နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ပြောလို့မရပါဘူး။ ဘယ်နိုင်ငံတွေမှာ နိုင်ငံသား အခွင့်အရေး အရပြည့်တန်ဆာလုပ်ခွင့်ပြုပါတယ်လို့ ခွင့်ပြုထားပါသလဲ။ ( ဆော်ဒီလိုနိုင်ငံမှာသွားပြော လို့ကတော့ လူပုံကြားလည်ဖြတ်ခံရနိုင်တယ်။ ) မြန်မာပြည်မှာဆိုရင် အမျိုးကောင်းသမီးတွေဖြစ်စေ ဖို့ ပြည့်တန်ဆာကင်းရှင်းရေးအတွက် ဥပဒေတွေတောင်ပြဌာန်းပြီး တားမြစ်ထိန်းသိမ်းပေးထားခဲ့ရ တာပါ။ မြန်မာအမျိုးကောင်းသမီးများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးထားခဲ့ တာပါ။ ရောဂါကူးစက်မှုထိန်းဖို့ခက်ခဲတာကို အကြောင်းပြတာတော့ မခိုင်လုံပါဘူး။

 ကျောင်းတွေ ရပ်ကွက်တွေ မြို့နယ်တွေမှာ ကျန်းမာရေးဟောပြောမှုတွေ မီဒီယာတွေပေါ်မှ ပညာပေးအစီအစဉ်တွေနဲ့ နှစ်စဉ် လူတိုင်း ကျန်းမာရေးအခမဲ့ စစ်ဆေးပေးရေးအစီအစဉ်တွေ စသည်ဖြင့် တိတိကျကျလုပ်ဖို့ပဲလိုတာပါ။ ရာဂမှာမျက်စိမရှိသူတွေကတော့ ဘယ်လိုပဲပညာပေးပေး ဂရုမစိုက်ပါဘူး။ ပေးစာ ၁၇၇ ကတော့ ဒီလိုပြောပါတယ်။ “ နိုင်ငံတကာ ပြည့်တန်ဆာတန်းရဲ့နောက် ကွယ်မှာ တရားမ၀င် မူးယစ်ဆေးဝါးအန္တရာယ်ကလည်း ကပ်ညှိပါလာတတ်လို့ပါ ... နောက်ပြီး မုဒိန်းမှုတွေ ပိုပေါလာမှာ စိုးရွံ့မိပါတယ် .. လက်တွေ့ ကွင်းဆင်းပြီးဖြစ်လို့ အပြင်မှာ လက်တဲ့စမ်းမှာ မလို့ပါ .. လက်ရှိအနေ အထား မှာတောင် များပြားနေတဲ့ မုဒိန်းမှုတွေရဲ့ တရားခံက အမြင်သက်သက် ခံစားမှု ပေးစွမ်းထား တဲ့ အတုမြင်အတတ်သင်စေတဲ့ တရားမ၀င် ဆင်ဆာညစ်ညမ်းခွေတွေကြောင့်လို့ သုံးသပ်ထားတာမလို့ပါ ... နောက်ဆက်တွဲအနေနဲ့ တရားဝင် ပြည့်တန်ဆာတန်း ဖြစ်သွား တာနဲ့ ရောဂါဘယ ကင်းတယ်ဆိုတာ သေချာနိုင်မလား.. လိင်မှတဆင့် ကူးစက်စေနိုင်တဲ့ ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV .. အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတဲ့ ကူးစက်စေတတ်တဲ့ ရောဂါဘယတွေကို ဘယ်လောက်များ လုံခြုံမှု ပေးနိုင်မလဲ .. ဆိုကြပါစို့ ... လက်ရှိဆေးပညာအရ အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတာတွေကို မကူးဆက်အောင် ကာကွယ်ဆေးတွေ ထိုးလို့ ရတယ်ပဲထား ...ဘယ်လောက်ထိများ အလေးထားပြီး ဆောင်ရွက်ပေးနိုင်ကြမှာလဲ .... ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV ကို ဘယ်လို ကျော်ဖြတ်မလဲ ..... HIV ရဲ့ သဘာဝကိုက ရောဂါဝင်ပြီး (၆)လနေမှ HIV ပိုး ရှိ/မရှိ ကို အသေအချာ စစ်လို့ရနိုင်တာ မလို့ပါ .. လူကထွက်တဲ့ အရည်မှန်သမျှ နဲ့ ကူးစက်နိုင်တာ .. အခန့်မသင့်ရင် kissing အနမ်းပေးရင်း.. xx စို့ရင်းနဲ့လဲ ကူးစက်သွားနိုင်တာ .... ၀ါသနာပါတယ်ဆိုတဲ့ လူကြီး လူငယ် မရွေး ပုရိသယောက်ျားများတွေကို ဘယ်လောက်ထိများ စိတ်ချလုံခြုံစေနိုင်မလဲ .... ပိုက်ဆံဆိုတာ လူ့ကျင့်ဝတ် သိက္ခာလောက် တန်ဘိုး မရှိနိုင်တာမလို့ ... တန်ရာတန်ကြေး ရခြင်း/မရခြင်းကို သမာအာဇီဝ အလုပ်ဟု မဆိုထိုက်သည့်အတွက် ဝေဖန်ချက်မပေးလိုတော့ပါ ... လက်ရှိ လမ်းပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ မိန်းကလေးတွေအားလုံး တရားဝင် ပြည့်တန်ဆာတန်းကို ရောက် သွားပြီလို့ ဆိုနိုင်မလား ... လမ်းပေါ် မှာ မရှိနိုင်တော့ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ .. တရားမ၀င် ပြည့်တန်ဆာ ပပျောက်သွားနိုင်မလား ... စားဝတ်နေရေးကြောင့် တရားဝင်သွားပြီဟေ့ .. ငွေရလွယ်ကူတဲ့ .. ဘာအရင်းအနှီး.. ဘာ ပညာမှ တတ်စရာမလိုတဲ့ .. အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ငါတို့ ဒီအလုပ်ပဲ လုပ်မယ်လို့ မိန်းကလေး အများစု က ဆုံးဖြတ်ခဲ့ရင်ကော ဘယ်လို လုပ်ကြမလဲ... အရေအတွက် အကန့် အသတ် နဲ့ လုပ်ကြမှာလား... သေချာတယ်နော် ... ငယ်ရွယ် နုပျိုစဉ်တုန်းတော့ တရားဝင်ပေါ့ .. လူဆိုတာလည်း ဒီတိုင်းနေလို့ မရဘူးလေ... ပျို ပြီးရင် မလွဲမသွေ အိုရမှာ ... အဲ .. အရွယ်လည်း နည်းနည်း ဟိုင်းလာတော့ တရား မ၀င် တာတွေ ဘယ်လောက်များ များနိုင်မလဲ... တရားဝင် ပြည့်တန်ဆာ များ ရဲ့ မျိုးဆက်ကကော ဘာတွေ ဖြစ်နိုင်မလဲ ... အဲဒီ အသိုက်အမြုံကို ဘယ်လို ထိမ်းချုပ်နိုင်မလဲ ... တရားဝင်ဖြစ်လေလေ ကျယ်ပြန့်လေလေဆိုတာ သဘာဝပါ.... ”” အချို့နိုင်ငံတွေမှာဆို လူသုံးပစ္စည်းအလှအပအသစ်အဆန်းတွေ မက်မောပြီးလောဘနောက်လိုက်လို့ ငယ်ငယ်ရွယ်ရွယ် ကျောင်းသူတွေတောင် ပါဝင်နေတာပါ။ ဥပဒေအတော်တင်းကြပ်တဲ့နိုင်ငံမှာတောင် ကြံဖန်ပြီး ဥပဒေလက်တလုံးခြားနဲ့ အခွေတွေရိုက်ကူးရောင်းချနေတာလည်းရှိတယ်။

 မြန်မာနိုင်ငံလို အစစ တင်းတင်းကြပ်ကြပ်စီစီစစ်စစ် မလုပ်နိုင်တဲ့နိုင်ငံမှာ လိုင်စင်တွေဘာတွေနဲ့လုပ်လည်း လုပ်တာပဲရှိမှာပါ။ အသဲရောင်အသည်းဝါစီပိုးဆိုရင် ချောင်းဆိုးရင် အနီးကပ်အတူနေရင်တောင် ကူးစက်လွယ်တဲ့ရောဂါမျိုးပါ။ တချိန်က နို်င်ငံတခှုမှာ နိုင်ငံဥသျှောင်ကြီးက ပြည့်တန်ဆာမတယောက် အမေအိုကြီးကိုလုပ်ကျွေးနေလို့ဆိုပြီး အားပေးလိုက်တာနဲ့ သူ့ကိုကြည်ညိုကြတဲ့ပြည်သူတွေ မိဘကိုဒီအလုပ်နဲ့လုပ်ကျွေးရတာမြတ်တယ်ဆိုပြီး လိုက်လုပ်လိုက်ကြတာ ဟိုနိုင်ငံလို့နာမည်တွင်ရောမ ဟုတ်လား။ သူ့နိုင်ငံနယ်စပ်ကဒေသတွေအထိ ရိုက်ခတ်ခဲ့ပါ တယ်။ နောင်တော့လည်း ပါတ်ဝန်းကျင်ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေရောက် သွားကြတယ်။ လူကုန်ကူးခံရပြီး အရောင်းစားခံရကာ ဘဝပျက်ကြရတာတောင် မကြာခဏကြားကြ ရမှာပါ။

 မြန်မာမိန်ကလေးတော်တော် များများဟာ စားဝတ်နေရေးကြပ်တည်းလွန်းတဲ့ အတွက် ဤလုပ်ငန်းကို မလုပ်ချင်ပဲ လုပ်နေကြရတာပါ။ အလှအပ ပစ္စည်းတန်ဆာတပ်မက်တဲ့လောဘ တခုကြောင့်နဲ့ ဝါသနာပါလို့လုပ်စားသူကတော့ ရှားပါတယ်။ အဓိက က မြန်မာအမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေအောင် ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလန်းတွေပေါ်ထွက်လာအောင် အစိုးရက ကြိုးပမ်းပေးရမှာပါ။ စီးပွားရေးပြေလည်နေရင် စားဝတ်နေရေးချောင်လည်နေရင် ဒီအလုပ်မျိုး မြန်မာမိန်းကလေးမှန်သမျှ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ အဓိက ဖြေရှင်းပေးရမှာက ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလန်းနဲ့ စားဝတ်နေရေးပါ။ လူမှုရေးကူညီစောင့်ရှောက်မူ အမျိုးဘာသာ ယဉ်ကျေးမူကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မယ့် နိုင်ငံရေးမပါသော မမှန်ကန်တဲ့ခေါင်းစဉ်များမပါသော လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ပေးသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီး အသင်းအဖွဲ့များဖြစ်ပါတယ်။ မကြာခင်ကပဲ WLC လို့ခေါ်တဲ့ အမျိုးသမီးများလေ့လာသင်ယူမှုစင်တာ ဆိုတာပေါ်လာတာတွေ့ရပါတယ်။

 ဒီမှာဖတ်ကြည့်ပါ။ အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် အသက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အမျိုးသမီးများ လေ့လာသင်ယူမှု စင်တာ (WLC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမှုကို အမျိုးသမီးများအတွက် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ပန်းအလှထိုးခြင်း၊ အခြေခံမိတ်ကပ်လိမ်းခြယ် နည်းပညာများ၊ အိမ်တွင်းအလှဆင်ခြင်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းများ၊ ဥရောပအစားအစာ၊ တိုင်းရင်းသားအစားအစာ ချက်ပြုတ်နည်းများကို သင်ကြားပေးလျက် ရှိသလို အင်္ဂလိပ်စာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ အတွင်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ဗဟုသုတ အသိပညာပေးကာ ဗီဒီယိုဖြင့်ပြသခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စာကြည့်တိုက် စီစဉ်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းမှ ရှင်းပြသည်။ စိတ်ပါဝင်စားသော မည်သည့်ဒေသမှ အမျိုးသမီးများမဆို ခွဲခြားခြင်းမပြုဘဲ လက်ခံသင်ကြားပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း မဟာသုခိတာလမ်း၊ အမှတ်(၄၁၀)ရှိ အမျိုးသမီးများ လေ့လာသင်ယူမှုစင်တာ (WLC) ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။ ပြည့်တန်ဆာလုံးဝကင်းစင်ပပျောက်ဖို့ မရည်ရွယ်နိုင်ပေမယ့် အတော်အတန် ပပျောက်သွားမှာပါ။ ပျော်ပါးချင်သူတွေက ငွေတောင်ပေါနေမှတော့ အဲဒီရှိတဲ့နိုင်ငံသွားလည်ပေါ့ဗျာ။ နီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းလာပြီပဲ။ ဆရာကြီး လူထုစိန်ဝင်း သတိပေးခဲ့တာလေးကိုလည်း တင်ပြချင်ပါတယ်။ ဆရာကြီးရှိစဉ်က နို်င်ငံခြားသူတယောက်လာပြီး ဆရာကြီးကို View ပါတယ်။ မြန်မာပြည်မှာဂေးတွေကို ဘာကြောင့်လက်မခံသလည်း ဆိုတာကိုပါ။ ဆရာကြီးက အခု အရေးကြီးတာ ဒီမိုကရေစီအရေးပါ။ ဒီမိုကရေစီကို လမ်းလွဲအောင်မလုပ်ပါနှင့် ပြောလိုက်ပါတယ်။ ဒီမိုကရေစီဆိုတာကိုတောင် အဓိပ္ပါယ်ပေါ်အောင် နားမလည်နိုင်ကြသေးပဲ မဟုတ်တာကစပြီး စင်ပေါ်တင်ချင်နေတာကိုက မူမမှန် လမ်းကြောင်းမမှန်တာပါ။ လာခဲ့ပါလား မြန်မာနိုင်ငံကြီးပွားတိုးတက်ရေးအတွက် နည်းပညာတွေ အထောက်အကူပစ္စည်းတွေ စေတနာသက်သက်နဲ့ထောက်ပံ့ကူညီမှုတွေ။ တင်ပြပြီးတဲ့ကိစ္စတွေကို ခြုံပြီးတင်ပြချင်တာက အဓိကနဲ့သာမညခွဲကြပါ။ နိုင်ငံနဲ့လူမျိုတိုးတက်ကြီးပွားရာကြီးပွားကြောင်း အကြံကောင်းတွေပဲ အရင်ပေးကြပါဦး။ မဟုတ်တာတွေကို စင်ပေါ်မတင်ချင်ပါနဲ့။ ပြည့်တန်ဆာ ဂေးနဲ့ပါတ်သက်တဲ့ ရောဂါတွေကူးစက်မှာ ဘန်းပြနေတာထက်စာရင် ကျန်းမားရေး လူမူရေး ဘာသာရေး ရှုထောင့်တွေက ကျယ်ကျယ်ပြန့်ပြန့် ပညာပေးကြရပါမယ်။ ရှုံ့ချနေတာ မဟုတ်ပါဘူး။ ပြည်တန်ဆာဆိုတာက မရှိလေ ကောင်းလေပါပဲ။ ဘုရားလက်ထက်ကတောင် ရှိတယ်ဆိုပြီး ပြောနေတဲ့သူတွေကို ပြောချင်ပါတယ်။ ဘုရားက လောဘ ဒေါသ မောဟ ရာဂ ကိလေသာ လောက်မြိုက်ခြင်းက ကင်းအောင် အကုသိုလ်တရားတွေ ကင်းအောင် ဟောကြားနေ တာပါ။ ကောင်းသောမှန်ကန်သော အသက်မွေး ဝမ်းကြောင်းမှု ကိုလုပ်ကိုင်ခြင်းလို့ ဘုရားဟောတာ ဒီလို ကိလေသာရာဂလောင်မြိုက်တဲ့အလုပ် မပါ ပါဘူး။

 မြန်မာအမျိုးကောင်းသမီးများကို လမ်းမ လွဲစေသင့်ပါဘူး။အချို့က ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ဆက် စပ်ပြီးပြောပါတယ်။ စာရေးသူတို့ဖြစ်ဖြစ် အခြားပုဂ္ဂိုလ်များစွာဖြစ်ဖြစ် နိုင်ငံခြားမှာ သွားတာဟာ ပြည့်တန်ဆာ ရှာ ဖို့မဟုတ်ပါဘူး။ ပြီးတော့ အဲဒီနိုင်ငံက နိုင်ငံရဲ့သာ ယာလှပတဲ့သဘာ ၀နေရာတွေ ရိုးရာထူးခြားတဲ့အစားအသောက်တွေ အဲဒီလူမျိုးတွေရဲ့ ရှေးအစဉ် အလာတွေ ယဉ်ကျေးမူတွေ ရှေးဟောင်းနေရာအဆောက်အဦ ရိုးရာဝတ်စားဆင်ယင်မှုတွေ ရှေးပစ္စည်း အသုံးအဆောင် စတာတွေကို စိတ်ဝင်တစားကြည့်ကြတာပါ။ ဒါကတော့ မြန်မာပြည်ကိုလာကြတဲ့သူ တချို့စကားလေးတွေပါ။ “ မြန်မာ ဝတ်စုံ ဝတ်ရတဲ့အတွက် တအားကြီး စိတ်လှုပ်ရှားပြီးပျော်ပါတယ်။ အခု ဒီကားကို ထဘီ ဝတ်ပြီး ရိုက်မယ်။ ပြီးရင် ယိုးဒယား ပြန်ရင်လည်း ထဘီ ဝတ်ပြီးပြန်မယ်။’’“မြန်မာနိုင်ငံကို လာရတဲ့အတွက် အများ ကြီး ရင်ခုန်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ ထဘီဝတ်တာတွေ လည်း တွေ့ရတော့ တအားကြိုက် တယ်။ ” ပြည့်တန်ဆာမရှိလို့ ခရီးသည်မလာတာတော့ မရှိပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ ခရီးသွားတွေ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံကိုလာမှာပါ။ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခြင်းခံရမှာပါ။ ဂုဏ်သိက္ခာမရှိသူတွေ ရာဂတဏှာအတွက်သွားသူတွေ အဲဒီနိုင်ငံကိုရှာသွားကြမှာပါ။ ( ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကြောင့် ငွေရလွယ်တာကြောင့် ရှိ တာတော့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် မြန်မာဆိုရိုးစကား ဒူးလောက်တင်မှရင်လောက်ကျ ဆိုသလို နိုင်သမျှ တားဆီးကာကွယ်ထိန်းသိမ်းကြရမှာပါ။ ) ဒီမိုဝေယံ dialoug’လေးကို ယူပြောရရင် ပြူတင်း တံခါးဖွင့် ထားရင်တော့ သန့်ရှင်းတဲ့လေနဲ့ အတူ ခြင်တွေယင်တွေ ဝင်လာမှာပဲ၊ ကိုယ်ကသာ စစ်ထုတ်နိုင်ဖို့ ခြင်လုံ ဇကာတပ်ထားရမှာပါ။ ကမ္ဘာက မြန်မာဆိုရင် ဂုဏ်သိက္ခာထူး ကဲတဲ့နိုင်ငံလို့ သတ် မှတ်ကြရင် မြန်မာဆိုရင် ဘယ်အရပ်ဒေ သရောက်ရောက် မြန်မာယောင်္ကျား မိန်းမ ဘယ်သူ့ ကို မဆို ဂုဏ်သိက္ခာရှိရှိ အဆက်ဆံ ခံရမှာပါ။ ကဲ.. ဘာသာတရားရှုထောင့်က ကြည့်ကြပါဦးစို့။ ကမ္ဘာကြီးပျက်ဖို့မစပြုတာဟာ ဝိသမလောဘနဲ့ မိစ္ဆာရာဂ တွေပါ။ ဒါဆိုရင် အရမ်းလွတ်လပ်တဲ့ နိုင်ငံတွေဘာလို့မပျက်စီးသလည်းတော့ မမေးပါနဲ့။ ဒီနေ့ သူဋ္ဌေးကြီးတွေ မနက်ဖြန်မှာ မထင်နိုင်အောင်ပဲ ကုန်းကောက်စရာမရှိ မွဲသွားတာ တွေ့ဘူးမှာပါ။ အဲဒါ ဥပမာပါပဲ။ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ မြန်မာနိုင်ငံက အခုမှ တိုးတက်အောင်ကြံဆောင်ဖို့ စကာပဲရှိပါသေးတယ်။ ဒီမိုကရေစီ ဆိုတာလည်း ပျိုးစေ့ဘဝမှာပဲ ရှိပါသေးတယ်။ အစကောင်းမှာအနှောင်းသေချာမယ် မဟုတ်လား။ မဟုတ်တဲ့ လမ်းလွဲတွေကစရင် ပျက်စီးမှုလမ်း မပေါ်ပဲ ရောက် သွား မှာပါ။ အစကောင်းမှ အနှောင်းသေချာမှာမို့ ကောင်းသော စတင်ခြင်းကိုသာ လိုလားသင့်ကြပါ တယ်။ ဒီနေ့အချိန်ကာလမှာ အမှားများလာတော့ အမှန်ထင်လာကြတာ လူငယ်တွေအတွက် ကြီးမားတဲ့ အနာဂတ် အန္တရာယ်ပါ။ ညစ်ညမ်း ရုပ်ရှင်ဇာတ်လမ်း အပြုအမူ အပြောအဆိုတွေက နေ့စဉ်ထမင်းစားရေသောက်လို ဖြစ်လာတော့ ဒါဟာ ထူးခြားတဲ့ မှားယွင်းတဲ့ဟာမဟုတ်ဘူး သာမန်အပြုအမူအလေ့အထလို့ ဂုဏ်ရှိပါတယ်ဆိုတဲ့လူကြီးတွေတောင်မှ ထင်မြင်လာနေကြပါတယ်။ လူသားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတာလည်း ဟိရိနဲ့သြတ္တပ္ပ အရှက်အကြောက် တရားနှစ်ပါးပါ။ တိရိစ္ဆာန်နဲ့လူ စည်းကွဲတာလည်း အရှက်အကြောက် တရားနှစ်ပါးပါပဲ။ လူတွေကို လုပ်ချင်ရာ လုပ်ခွင့် ပြုကြည့်လိုက်ပါ။ အရှက်အကြောက်တရားတွေကင်းလာတာနဲ့အမျှ မကောင်းမှုမှာမွေ့လျော်တတ်တဲ့ လူ့စိတ်သဘာဝ အတိုင်း မကောင်းမှုတွေများစွာလုပ်ကြမှာပါ။

ဒါတောင် မြန်မာတချို့က မကောင်းမှုပြုရာမှာကို ရှက်ခြင်း၊ကြောက်ခြင်းဆိုတဲ့ မူလအဓိပ္ပါယ်ကိုသာ ကောက်ယူပြီး မကောင်းမှုမလုပ်ရင်ပြီးတာပဲ အပြုအမှု အနေအထိုင် အဝတ်အစား တွေမှာတော့ ဟီရိသြတ္တပ္ပဆိုတာ မလိုဘူးဆိုပြီး အရှက်အကြောက်ကင်းမဲ့ရေး စကားလမ်းကြောင်းသွားနေပါတယ်။ အများသုံးဝေါ ဟာရကိုလည်း နားလည်ကြရပါမယ်။ အကုသိုလ်လုပ်ရမှာ ပြောရမှာ မရှက်မကြောက် တာကိုလည်း ဆိုလိုပါတယ်။ ( သတ္တိကြောင်ပြီး မပြောရဲမဆိုရဲမို့ ရှက်တာကြောက်တာကိုတော့ ဟိရိသြတ္တပ္ပကိုမသုံးပါဘူးတဲ့။ ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ ကမ္ဘာဦးကလူသားများ၊ ယနေ့ ကမ္ဘာရဲ့မနက်ဖြန်တရားများ နာကြည့်ပါ။ ( http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm )လူသားများ သက်တမ်းအနှစ်ရှစ်သောင်းတမ်းမှ အသက်တရာတမ်းသို့ ကျဆင်းလာပုံကို နာကြရမှာပါ။ ဗုဒ္ဓသည် နှိမ်ခြင်းခွဲခြားခြင်းမရှိ တခွန်းတည်းသော ပြောင်းလဲစရာမလိုသော ထာဝရမှန်ကန်သော စကားကိုသာ ဟောကြားခဲ့ပါတယ်။ ဝိသမလောဘနဲ့ မိစ္ဆာရာဂ အဓမ္မရာဂ အကုသိုလ်အလုပ် များကြောင့် သက်တမ်းကျလာပါတယ်။ လိင်တူဆက်ဆံခြင်းတွေက အနှစ်ငါးရာတမ်းလောက် မှာ ပေါ်လာပြီး သက်တမ်းထပ်ကျ သွားပါတယ်။ မိစ္ဆာရာဂ အဖေနဲ့သမီး အမေနဲ့သား မှားယွင်း စွာ ဖေါက်ပြန်မှုတွေ ကလည်း သက်တမ်းကျခြင်းထဲ ပါဝင်ပါတယ်။ တဆက်တည်း ပြည့်တန်ဆာဆန်တဲ့ ဂေး( gay ) နဲ့ပါတ်သက်လို့တင်ပြချင်တာက ( မွေးကတည်းက ဟိုမုန်းပြောင်းလဲခြင်းကြောင့် မိန်းမ စိတ် ယောက်ကျာ်းစိတ် ပါလာတာဟာ ရှက်စရာမဟုတ်သလို ရှုတ်ချစရာလည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ အများအားဖြင့် ဘယ်သူမှ မနှိမ်ကြပါဘူး။ ဒါပေမယ့် ) လိင်တူ ဆက်ဆံခြင်းကိစ္စကိုတော့ လက်မခံကြပါဘူး။

 တလောက ဟိုတယ်ကြီးတခုမှာ လွှတ်တော် အမတ်တွေတောင် တက်ရောက်တဲ့ လိင်တူချစ်သူတွေရဲ့ အခမ်းအနားတခု သတင်းမှာ မြန်မာနိုင်ငံ ဥပဒေတွေထဲက မှောင်ရိပ်ခိုမှုဟာ သူတို့ကို နှိမ်ထားတာပါတဲ့။ ဒီတော့ သူတို့လိုချင်တာ ဘာလည်း သိသာပါတယ်။ တကယ်တော့ နိုင်ငံရေးသမားတွေက အဲဒီဥပဒေဟာ မဆလခေတ်က သူတို့အတွက် ထုတ်ပြန်ခဲ့တာပါလို့ ပြောထားခဲ့ကြပါတယ်။ ဒီလို လိင်တူချစ်သူဆိုတဲ့ နည်းမမှန်လမ်းမမှန် သဘာဝမကျ တဲ့အပြု အမူတွေကိုလည်း လူမှုရေး ကျန်းမာရေး ဘာသာရေး နည်းလမ်းများနဲ့ ထိန်းသိမ်းပေးဖို့လိုပါတယ်။ နောင်မှာ သူတို့ဟာလည်း တောင်းဆို လာတော့လာမှသေချာပါတယ်။

 ဆရာတော် အရှင်နန္ဒမာလာကို နိုင်ငံခြားအဘိဓမ္မာသင်တန်းတ ခုမှာ ဂေးများက သူတို့ရဲ့လိင်တူချစ်သူဟာ သူတို့နိုင်ငံမှာ ခွင့်ပြုထားကြောင်း တရားဝင်ကြောင်းပြောပြီး စကားစပါတယ်။ ဒါပေမယ့် ဆရာတော်က ဒါဟာ ( Wroung practice ) မှားယွင်းတဲ့အပြုအမူ မိစ္ဆာရာဂ လို့ အခိုင်အမာ ဖြေကြားခဲ့ရပါတယ်။အဲဒီတော့ ပြည့်တန်ဆာများရော လိင်တူချစ်သူတွေရော အတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကြောင်းကျိုးဆက်သဘောအချက်များ ဘာကြောင့် ဆိုတဲ့ မောင်သွေး ချွန်ရေးစာအုပ်ကို ဖတ်ရှုပြီး မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း သံဝေဂပွားများစေကြောင်း ဆန္ဒပြုယင်း မြန်မာလူငယ်မျိုးဆက်လေးများ လမ်းမမှားစေရေးအတွက် သုံးသပ်ဆင်ခြင်နို်င်ဖို့ တင်ပြလိုက်ပါတယ်။ မိန်းမလျာ၊ယောက်ျားလျာ။ ဆေးပညာနဲ့ပြောယင်တော့ ဟိုမုန်းအပြောင်းအလဲကြောင့် ဖြစ်မှာပါ။ ( ကံရဲ့အကျိုးဆက်ဆိုတာလည်း စဉ်းစားစရာပါ။ ) ဒီဘဝယောက်ကျာ်းအဖြစ်နဲ့ နေ့ရှိသရွေ့ အချိန်ရှိသရွေ့ မိန်းမများဆီပဲ စိတ်ရောက်နေမယ်။

စိတ်ကစားတိုင်းလည်း သွားရောက်ပြီး ကြိုက် ဖျက်ဆီးမှုကို တယောက်ရိုးတယောက်ကူးနဲ့ လွန်ကျူးလေ့ရှိမယ်ဆိုရင် လူပြန်ဖြစ်တဲ့ဘဝမှာ ပုံစံကယောက်ကျာ်း စိတ်ထားကမိန်းမ ဖြစ်လာပြီး မိန်းမလျာဖြစ်ရော။ဒီဘဝမိန်းမအဖြစ်နဲ့က ယောက်ကျာ်းလိုချင်စိတ်အားကြီးပြီး တွေ့သမျှယောက်ကျားကို
 ဖြားယောင်းလေ့ရှိတဲ့ မိန်းမများလည်းပဲ နောက်တခါလာတဲ့ ဘဝ ယောက်ျားလျာ ပဲပေါ့။ ဒီနှစ်မျိုးစလုံး စိတ်အာရုံခံစားစဉ်မှာ သူ့ဘက်က စိတ်သွင်းအာရုံခံစားတတ်သူတွေ။ ပြည့်တန်ဆာ။

 တစ်ဖန် အာရုံခံစားစဉ်မှာရော အာရုံယူရှာဖွေစဉ်မှာပါ သူ့ဘက်မှာချည်း စိတ်ပို့လွှတ်ထားသူတွေကတော့ သွားလေပေါ့။ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သေလွန်ပြီးနောက်တခေါက် လူ့ပြည်ရောက်လာတော့ မိန်းမအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ယောက်ကျားတကာတို့ရဲ့ အသုံးတော်ခံ “ ပြည့်တန်ဆာ “ ။ ဇိမ်ခေါင်း ( ဖါခေါင်း )။ တဖက်ရှိ မိန်းမများကလည်း နောက်တစ်ခါ လူအဖြစ်ရောက်လာလျှင် ယောက်ကျားအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ဇိမ်ခေါင်းဘဝ၊ပြည့်တန်ဆာထိန်း၊ သည်နှစ်မျိုးစလုံး သူ့ပစ္စည်းယူပြီး သူ့အကြွေးဆပ်ရသူတွေပါပဲ။ သားတို့ သမီးတို့ သံဝေဂယူတတ်ကြပါစေ။ မိန်းမမဟုတ် ယောက်ကျားမဟုတ် ။ အာရုံခံစားစဉ်မှာ သူ့ဘက်လည်းစိတ်မပေါက် ကိုယ့်ဘက်လည်း စိတ်မရောက်တတ်ပဲ အတွေ့မှာသာ မျောနေပြီး ခံစားနေတတ်သူတွေ ၊ တခါတရံ သူ့ဘက်တလှည့် ကိုယ့်ဘက်တလှည့်နဲ့ အတက်အကျလိုက်ပြီး ခံစားနေသူတွေကတော့ မိန်းမမဟုတ်၊ ယောက်ကျာ်းမဟုတ် ဖြစ်တတ်တယ်။ အပူရှိန်လွန်ကဲပြီး မိုးတစ်ကကလေးမှ မကျပဲ သရောခိုင်းနေတယ် ဆိုတာမျိုးပေါ့။ ယောက်ကျာ်းတလှည့် မိန်းမတလှည့်။ အချိုးကျ ပြိုင်တူပေါ်နေလေရဲ့၊ ရေတရက်ချိုးမှား မိန်းမ၊ လေတရက်မျိုးကျ ယောက်ကျား။ ဒါမှမဟုတ် တက်စိတ်ပေါ်လာလျင် ယောက်ကျား၊ ကျစိတ်ပေါ်လာလျင် မိန်းမ။ သည်အားလုံးပဲ သူ့ပစ္စည်းချေးငှါးစားပြီး သူ့ပစ္စည်းအတိုင်းပဲ အကြွေးပြန်ဆပ်ရပုံမျိုးပဲ။ကာမဂုဏ်များခံစားရာက အစွဲကြီးစွဲပြီး စွဲရာဘဝရောက်ရပုံကိုလည်း ကျိုးကြောင်းပြရေးသားတော်မူခဲ့ပါတယ်။

“ ကာမခံစားတုန်းက ကျူးလွန်ပြီးနောက် တစိမ့်စိမ့်တွေး တရေးရေးပေါ်လာပြီး သာယာနေတဲ့အကျိုးဆက်များအဖြစ် မိန်းမတန်ဆာစွဲ သေတဲ့ဘဝမို့ လာခဲ့ မိန်းမ ဘဝ၊ ယောက်ကျားတန်ဆာစွဲ သေတဲ့ဘဝမို့ သွားတော့ ပြည့်တန်ဆာ ဘဝ။ ယောက်ကျာ်းကမိန်းမ စွဲသေရင်တော့ ယောက်ကျားဘဝနဲ့မိန်းမစိတ်ပေါ်နေတဲ့ဘဝ၊ ယောက်ကျားစွဲသေတဲ့ မိန်းမကျတော့ မိန်းမစိတ်နဲ့ယောက်ကျားစိတ်ပေါက်နေတဲ့ ဘဝ။ ကဲ… ကောင်းကြရဲ့လား။ သားတို့ သမီးတို့။ အတိတ်ကုသိုလ်ကံ အကြောင်းရင်းမှန်ကို သံဝေဂပွားများပြီး စဉ်းစားဆင်ခြင်သုံးသပ်နိုင်ဖို့ စာရေးသူ ဥပမာပြ တင်ပြပါဦးမယ်။ စိတ်စွဲလန်းမှုဟာ နောင်ဘဝအကျိုးဆက်များ ဖြစ်ပေါ်စေပါတယ်။ ဒါရိုက်တာ တက္ကသိုလ်ကထိက စာရေးဆရာအဖြစ် နာမည်ကြီးခဲ့သူ ဦးဆန်းလွင် ( နောင် အရှင် .. ) ရဲ့ ကိုယ်တွေ့လေးပါ။ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်း ကပ်လာသူတယောက် အကြောင်းဆိုတဲ့ စာအုပ်ဟာ အလွန်ကျော်ကြားပါတယ်။ ဆရာကြီးဟာ တက္ကသိုလ်ကျောင်း ဆရာဘဝကထွက်ပြီး ရုပ်ရှင်ဒါရိုက်တာလုပ်ပါတယ်။ အကယ်ဒမီ ခင်သန်းနုနဲ့တောင် နာမည်ကြီးရုပ်ရှင်ရိုက် လာတဲ့ ထူးချွန်သူပါ။ ဝါသနာပါတဲ့တပည့်တွေကိုလည်း သရုပ်ဆောင်သင် တန်းပေးပါတယ်။

 ဒီလိုသင်တန်းပေးရင်းနဲ့ ဆရာကြီးဟာ စိတ်ညို့အိပ်မွေ့ချနိုင်တဲ့စွမ်းရည်ပိုင်ဆိုင်တာကိုလည်း အမှတ်မထင် သူ့ဘာသာသိခဲ့ရ ပါတယ်။ ဆရာကြီးရဲ့တပည့်တွေထဲက တယောက်ဟာအမြဲတမ်း မျက်ခမ်းစပ်ဖြစ်နေ တာတွေ့ရပါ တယ်။ ကုပေးလည်း ခဏပါပဲ။ ဒီနေ့ကုပြီးပျောက် မနက်ဖြန်ပြန်ဖြစ် ဖြစ်နေတာပါ။ ဒါနဲ့ ဆရာကြီးက သူ့တပည့်ကို စိတ်ညှို့အိပ်မွေ့ချနည်းနဲ့စမ်းသပ် ပါတော့တယ်။ သူ့တပည့်က အရင်ဘဝတခုမှာ ရေလုပ်ငန်း နဲ့အသက်မွေးပါတယ်။ တနေ့ ရေငုပ်ယင်းပုလဲတလုံးရလိုက်ပါတယ်။ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းက ခနပြပါဆိုပြီး ယူပြေးတော့တယ်။ ပင်လယ်ထဲဆင်းပြေး လို့အလိုက်မှာ သောင်စပ်ကသဲနဲ့ သူ့သူငယ်ချင်းက သူ့မျက်လုံးကိုပက်လိုက်တဲ့ အတွက် မျက်လုံးထဲသဲဝင်ပြီး မမြင်မစမ်းနဲ့ပင်လယ်ရေထဲဆက်လိုက်ပါတယ်။ ဒီလိုနဲ့ရေနစ်သေခဲ့ရပါတယ်လို့ သူ့ဘဝဇာတ်ကြောင်းတခုကို ပြောပြခဲ့ပါတယ်။ ဆရာကြီးက စဉ်းစားပါတယ်။ မျက်စိထဲသဲနဲ့ပက်တာက သူ့သူငယ်ချင်း။ ကံအကျိုးဆက်အရ ဝဋ်အရ ခံရမှာက သူ့သူငယ်ချင်း။ ဒါပေမယ့် အခု မျက်စိဝေဒနာအမြဲခံစားနေရတာက သူကိုယ်တိုင်။ ဒီမှာ ထူးခြားချက်ကို တွေ့လိုက်ရပါတယ်။ အဲဒါက စိတ်အစွဲပါပဲ။ သူမသေခင် သူ့မျက်စိထဲသဲနဲ့အပက်ခံရပြီး ခံရခက်တဲ့ဝေဒနာတဘက်နဲ့ သေလွန်ခဲ့ရတယ်။ အဲဒီ စိတ်အစွဲဟာ ဒီဘက်ဘဝထိပါဝင်လာတာပါ။ အဲဒီတပည့်ကို ဆရာကြီး စိတ်ပညာနဲ့ကုသလိုက်ပေးပြီးတော့ လုံးဝပျောက်ကင်းသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကလေးကိုကြည့်ရင် စိတ်အစွဲဟာ ဒီဘဝမှသည် နောင်ဘဝများသို့တိုင် ကူးစက်အကျိုးပေးလျက်ရှိနေတာ ထင်ရှားနေပါတယ်။ ဒါတောင်မှ ဆရာကြီးရဲ့တပည့်ဟာ အပြုခံရသူပါ။ ကိုယ်တိုင်ပြုလုပ်တဲ့သူဆို ပိုပြီး ဆိုးရွားတဲ့ အကုသိုလ်ကံအကျိုးဆက်ကို ခံစားရမှာသေချာနေပါတယ်။

 ဒါကြောင့် ဆရာတော်ကြီး ဟောကြားဆုံးမတော်မူတဲ့ ကြောင်းကျိုးဆက်သဘောအရ ယခုဘဝမှာ အထက်ဖေါ်ပြပါ အကုသိုလ်မကောင်းမှုတွေကို စိတ်ထဲစွဲစွဲမြဲမြဲ နေ့စဉ်ပြုနေကြမယ် ဆိုရင်ဖြင့် နောင်ဘဝမှာ ပြည့်တန်ဆာလား ဇိမ်ခေါင်းလား လိင်တူချစ်သူလား တခုခုတော့ သေချာနေ ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများအနေနှင့် ကံနှင့်ကံအကျိုးကိုယုံကြည်ကြတဲ့အလျောက် အကုသိုလ်ကံများ မကောင်း တဲ့ အမြင်အကြားစိတ်အစွဲများ မဖြစ်ပေါ်ဖို့ သတိနဲ့ မိမိတို့ကိုယ်ကို စောင့်ရှောက် သင့်ကြပါတယ်။

ဒါ့အပြင် သမာအာဇီဝ မဟုတ်တဲ့ မမှန်မကန် မတရားသောနည်းလမ်းများနဲ့ အသက်မွေးဝမ်းကြောင်းခြင်း ကိုလည်း ရှောင်ကျဉ်သင့်ကြ ပါတယ်။ ဘဝသံသရာဆိုတာ ရှိပါတယ်။ မြန်မာအမျိုးသားများက လည်း ရေနစ်သူဝါးကူမနှစ်ပဲ မိမိတို့ မြန်မာအမျိုးကောင်း သမီးများ ကို စောင့်ရှောက်ခြင်း၊ မြန်မာ အမျိုးသမီးများ ကလည်း အမျိုးကောင်းသမီးပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုသင့်ကြောင်း အမျိုးဘာသာအတွက် စေတနာကောင်းဖြင့် တင်ပြအပ် ပါတယ်။ ( စာကြွင်း။ ပညာရေးစံနစ်ကို ၁၂တန်းပြန်လုပ်မယ်ကြားတယ်။ ဒေသကော လိပ်လိုဖြစ်မယ် ထင်ပါတယ်။ ၁၂ တန်းမလုပ်ပဲ လက်ရှိစံနစ်ကိုပဲ ဆရာ၊သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ နဲ့ ပြင်ပ အကူအညီများပေါင်းစပ်ပြီး တိုးတက်အောင် မလုပ်နိုင်တော့ဘူးလားလို့ ပညာရေးဒုဝန်ကြီး ဦးအေးကြူကိုမေးချင်တယ်။

 အဲဒီပြောင်းမယ့်ပုံစံဟာ ကျောင်းသားမိဘတွေ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး စီးပွားရေး လူမှုရေးပြဿနာအရှုပ်အထွေးတွေ ရှိလာလိမ့်မယ်။ ကိုယ်တွေ့တော့ မပြောချင်တော့ပါဘူး။ စစ်တပ်က လူအချင်းချင်း ဒီလောက်ရှင်းပြရင် နားလည်နို်င်ပါလိမ့်မယ်။ လက်ရှိမှာ စီးပွားရေးကောင်းမွန်ဖို့ဟာ အဓိကကျနေပါတယ်။ အခမဲ့ပညာရေးစံနစ်ကို အလယ်တန်းအထိမြှင့်ပေးနိုင်ရင်ပိုမိုကောင်းမွန်ပါမယ်။ ထူးချွန်သူတွေကို ပညာသင်စရိတ်ပေးတာ ဆင်းရဲတဲ့သူတွေကို စရိတ်စကကင်းလွတ် ခွင့်ပေးတာ ထောက်ပံ့ပေးတာတွေ လုပ်ပေးစေချင်ပါတယ်။ အခုဆိုလိုတာက ယခုဆောင်းပါးပါ အချက်နဲ့ပါတ်သက်နေတဲ့အတွက် စဉ်းစားနိုင်အောင်စာကြွင်းအဖြစ် တင်ပြပါတယ်။ )

ဓာတ်ပုံ...DVB

မြန်အောင်မြို့နယ်မှ ဓမ္မာရုံအတွင်း ဖိနပ်စီးသည့် မထသဥက္ကဌဟောင်း၏ လုပ်ရပ်အား တိုင်ကြားပေးပို့စာ..

နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန် သိပါစေရန် တင်ပြအပ်ပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မုံရွာပရိယတ္တိ စာသင်တိုက်အတွင်းမှာ မထသအသင်းရဲ့ အမှုဆောင်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးသန်းထွန်း၊ တိုင်းရေကြောင်းဦးစီးမှုး၊ တိုင်းပို့/ဆက်ဦးစီးမှုး၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ကညနဦးစီးမှုး၊ မြို့နယ် အုပ်ချုပ်ရေးမှုး စသည့် တိုင်း/ခရိုင် ဌာနဆိုင်ရာလူကြီးများ ပေါင်းစုံပါဝင်ပါတယ်။
ထိုရွေးချယ်ပွဲမှာ ယခင်မထသဥက္ကဌဟောင်းအား ယာဉ်ပိုင်ရှင်များမှ ငွေစာရင်းများ မရှင်းလင်း၊ ယာဉ်လုပ်သားများအား ဆဲရေးတိုင်းထွာခြင်း၊ ငွေစာရင်းများကိုလည်း လက်မှတ်အတုများထိုးပြီး လိမ်လည်ခြင်း စသည့် အချက်များကို ထောက်ပြပြီး ပြန်လည်ရွေးချယ်ခံခြင်းကို ကန့်ကွက်ခဲ့ပါတယ်။ ထိုကန့်ကွက်ခြင်းအဆိုကိုလည်း တက်ရောက်လာကြတဲ့ ယာဉ်ပိုင်ရှင်များက လက်ခုပ်လက်ဝါးများတီးပြီး တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

သို့ပါသော်လည်း တိုင်းဒေသကြီး သယ်/ပို့ဝန်ကြီးမှ လူထုသဘောထားကို အမှုမထားပဲ ပြန်လည်ရွေးချယ် ခံစေခဲ့ပါတယ်။ အဲဒီနေ့က မထသဥက္ကဌဟောင်းဖြစ်တဲ့ တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဟာ မုံရွာစာသင်တိုက် ဓမ္မာရုံအတွင်းမှာ ဖိနပ်ကို အစည်းအဝေးပြီးသည်အထိ မချွတ်ပဲစီးနေခဲ့ပြီး လူပုံအလယ်မှာဘာသာ သာသနာကို စော်ကားပြသခဲ့ပါတယ်။ ဒါကို တိုင်းဒေသကြီး ၀န်ကြီးကိုယ်တိုင် မြင်တွေ့ပါလျက် တစ်စုံတစ်ရာ ဟန့်တားခြင်း၊ တားမြစ်ခြင်း လုံးဝမရှိခဲ့ပါဘူး။ အငြိမ်းစားဗိုလ်ကြီးဟောင်းဖြစ်လို့ အရပ်သားဝန်ကြီးက မပြောရဲ မဆိုရဲဖြစ်နေပုံရပါတယ်။

မထသဥက္ကဌဖြစ်ရမည့် သူသည် အသက်အရွယ်အားဖြင့် ၃၅နှစ်မှ ၆၀အတွင်း ဖြစ်ရမည်ဟု သတ်မှတ်တဲ့ အခါမှာလည်း တိုင်းပို့/ဆက်ဦးစီးမှုးမှ ဥက္ကဌဟောင်း ပြန်လည်ရွေးချယ်ခံနိုင်ရေးအတွက် ၆၅နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ (ဂ) လိုင်စင်ဖြင့် တောရွာများကို လိုင်းပြေးဆွဲနေတဲ့ သုံးဘီးဆိုင်ကယ်များကို ခရီးသည်တင်မဟုတ်ဟု သတ်မှတ်ခဲ့ပြီး ပြန်လည်အရွေးခံခွင့် ရရှိရေးအတွက် တစ်လအတွင်း (ဂ) လိုင်စင်ရယူထားသော မထသဥက္ကဌပိုင် အိမ်စီးဇိမ်ခံကားကိုတော့ (ခ) လိုင်စင် ခရီးသည်တင်ကားအုပ်စုနှင့် ထည့်ပေါင်းပြီး ရွေးချယ်ခံစေခဲ့ပါတယ်။

အခုတော့ တက်ရောက်ခဲ့ကြသည့် မြို့မိမြို့ဖများ၊ ယာဉ်ပိုင်ရှင်များ သဘောပေါက်  နား လည်လိုက်ပါပြီ ပြန်လည်ရွေးချယ်ခံမည့် ဥက္ကဌဟောင်းရဲ့ ပြစ်ချက်တွေ ထောက်ပြတာကိုလည်း အပြစ်လို့မမြင် ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်ပါလျက် ဘုရားဓမ္မာရုံအတွင်း လူပုံအလယ် ဖိနပ်စီးခြင်းကိုလည်း မဟန့်တား အဲဒီနေ့က မြန်အောင်ကိုလာရောက်ရွေးချယ်တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကော်မရှင်အဖွဲ့ရဲ့ ဘက်လိုက်မှုများ အကျင့်ပျက်ခြစားမှုများကို သိလိုက်ရပြီး ကမ္မ၀ါမကြောက်တဲ့  ဘုန်းကြီးတစ္ဆေ မထသဥက္ကဌဟောင်း (အငြိမ်းစားတပ်မတော်အရာရှိ) ကိုပဲ ပြန်လည်ရွေးချယ်ပြီး ယာဉ်ပိုင်ရှင်များနှင့် ပြည်သူများကတော့ စီတန်းလှည့်လည် သပိတ်မှောက် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြပါတော့တယ်။
 
 မြန်အောင် မြို့မိမြို့ဖများနှင့်  ယာဉ်ပိုင်ရှင်များ

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ
 ပူတာအို မြင်ကွင်းတခု ဓာတ်ပုံ (travel Myanmar)
သတင်း... ကိုရဲ
ရန်ကုန် အောက်တိုဘာ ၎

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့နယ် မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။

 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်း ၀ယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

ထို့အပြင်ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှု ကြာရှည်နေခြင်းကြောင့် ပြည်သူအချို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရကြောင်း၊ စေတနာရှင်များ၏ လာရောက် လှူဒါန်းမှုများသည်လည်း အမှန်တကယ်လိုအပ်သူများဆီသို့ မရောက်ရှိဘဲ လက်သင့်ရာကိုသာ လှူဒါန်းသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း ကြားသိခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထို့အတူပင် ပူတာအိုဒေသတွင် ယခင်နှစ်များက ဒေသထွက်ဆန်စပါးဖြင့် လုံလောက်သော်လည်း ယခုအခါ လယ်မြေအချို့ ရေနစ်မြုပ်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာရှားပါးနေကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

ထို့အပြင် “ကျွန်မ တနေ့ကပဲ ပူတာအိုက ပြန်လာတာပါ။ တချို့တွေဆိုစားစရာမရှိဘူး။ ၀ယ်စားတဲ့သူတွေကလည်း ဆန်နို့ဆီဘူးနှစ်ဘူးကို တစ်ထောင့်ငါးရာကျော် ပေးပြီးဝယ်စားနေရတယ်။ ပူတာအိုကို အလှူရှင်တွေလာတာကိုတော့ မကြားမိဘူး။ မြန်မာ့လေကြောင်းနဲ့ ဆန်တွေသယ်တာကိုတော့ကြားတယ်။ ဒါပေမဲ့ဆန်တွေက ၀န်ထမ်းတွေကိုလည်း တစ်ယောက်ကို၊ တစ်လကိုတစ်ပြည်နှုန်းလောက်ပဲ ရတယ်။”ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါဒေသသို့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူများသည် လာမည့်ရက်အနည်းငယ်အတွင်း သွားရောက်လေ့လာမည်ဖြစ်ပြီး အဆိုပါဒေသ၏ လိုအပ်မှုများကို သွာရောက်လေ့လာကာ လိုအပ်နေသူများသို့ စားနပ်ရိက္ခာလှူဒါန်းမှုအချို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ဟိုမှာ လိုအပ်နေတာဘာတွေလဲ၊ စေတနာရှင်တွေလှူဒါန်းမှု ပြည်သူတွေဆီ မရောက်ရတဲ့ အကြောင်းရင်ကဘာတွေလဲဆိုတာသွားလေ့လာမှာပါ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ လှူမှာပါ။ ငွေသားပဲယူသွားပြီး မြစ်ကြီးနားကနေ ပစ္စည်းဝယ်ပြီလှူမယ်။ အဓိကကတော့ စားသောက်ကုန်ပါပဲ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

 ကိုရဲအား ကျေးဇူးတင်ပါသည်..။