ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label နေရဲနီကဗျာများ. Show all posts
Showing posts with label နေရဲနီကဗျာများ. Show all posts

အာဏာသင်္ခါရ (ကဗျာရှင် နေရဲနီ)

အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)

ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
၅(ည)ဟူသည်ငါ့လက်နက်။

စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။


တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။



ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။


ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
 နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။

အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
 အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
 နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။


ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့်တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။


နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။


နေရဲနီ

အာဏာသင်္ခါရ (ကဗျာရှင် နေရဲနီ)....

အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)

ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
၅(ည)ဟူသည်ငါ့လက်နက်။

စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။


တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။



ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။


ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
 နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။

အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
 အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
 နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။


ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့်တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။


နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။


နေရဲနီ

ဟတ္ထိပါဒ ဝစန (ဆင်ခြေရာ စကား)

ဟတ္ထိပါဒ ဝစန (ဆင်ခြေရာ စကား)
(ကဗျာရှင် နေရဲနီ)

အပ္ပမာဒေန သမ္ဗာဒေထ
မြတ်ဗုဒ္ဓ၏ နောက်ဆုံးအမှာစကား
တရားအဆီအနှစ်တို့ဖြင့် ပြည့်ဝလွန်းသောကြောင့်
ဟတ္ထိပါဒ ဝစန
ဆင်ခြေရာစကား ဟူ၍
ပညာရှိ သူတော်သူမြတ်တို့
တင်စားပြောဆိုကြ၏။

သတ္တဝါအားလုံးတို့၏ ခြေရာတို့တွင်
ဆင်ခြေရာသည် အကျယ်ဝန်းဆုံး
အနက်ရှိုင်းဆုံးဖြစ်၏။
ဆင်ခြေရာပေါ်သို့နင်းလိုက်သော
မည်သည့်သတ္တဝါ၏ခြေရာမဆို
ဆင်ခြေရာထက် မကျော်လွန်နိုင်ချေ။

အပ္ပမာဒေန သမ္ဗာဒေထ
(မမေ့မလျော့သော သတိဖြင့်နေရစ်ကြ)
မြတ်ဗုဒ္ဓ၏နောက်ဆုံးအမှာစကား
လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော
တရားအဆီအနှစ်တို့ စုဝေးရာ
သုတ် ဝိနည်း အဘိဓမ္မာ
ပိဋကတ် သုံးပုံဆုံဆည်းရာ
မည်သည့်တရားတော်မဆို
အပ္ပမာဒ တရားတော်ကို
မကျော်လွန်နိုင်ချေ။

ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးအခင်းတွင်
ဆိတ်ဆိတ်နေဘိ၏ ဟူ၍
ပြည်ပရောက် ခြုံအတွင်းမှ ဂျိုသွေးကြကုန်သောသူတို့က
ဓားခုတ်ရာ လက်ဝင်လျှိုစေလိုသောသဘောနှင့်
ဆရာကြီးလေသံဖြင့်
အပြစ်ဖို့ကြ၏။


ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးကို
ဝင်ရောက်ဖြေရှင်းသင့်သည် ဟူ၍
ပြည်တွင်းမှ သူတပါးလက်နှင့် ကျားပါးစပ်နှိုက်လိုသူတို့က
မြှောက်ပင့်၍ အကြံပြုကြ၏။


ဒေါ်အောင်ဆန်းစုကြည်သည်
နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် မထိုက်တန် ဟူ၍
ခိုးဝင်လာသူတို့က နိုင်ငံသားဖြစ်ခွင့်မရ၍
မချိသွားဖြဲ မျက်စောင်းခဲကြ၏။


ရခိုင်အရေးကို ဝင်ရောက်ဖြေရှင်းပေးရန်
အမေစုမှာ အာဏာမရှိ။
ရဲနှင့်စစ်တပ်ကို အမိန့်ပေးပိုင်ခွင့်မရှိ။

သို့သော်ငြားလည်း
ရခိုင်အရေးနှင့်ပတ်သက်၍
ဆင်ခြေရာကဲ့သို့ ကျယ်ဝန်းနက်ရှိုင်းသော စကားတစ်ခွန်းကို
ရှေးဦးမဆွကပင်
အမေစု ဆိုခဲ့၏။
အမေစု ပြောခဲ့၏။
အမေစု သတိပေးခဲ့၏။
ထိုစကားကို မြန်မာပြည်တွင်းမှာ သာမက
ကမ္ဘာသိအောင် အမေရိက မှာလည်းပြောခဲ့၏။
လူလူချင်း
သာတူညီမျှ တန်းတူမှုရှိရေး
လူ့အခွင့်အရေး
ဒီမိုကရေစီရေး
လွတ်လပ်မှုရှိရေး
စည်းလုံးညီညွတ်ရေး
အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး
အစရှိသော လူ့အခြေခံသဘောတရားများ ပါဝင်သော
လူသားအားလုံးနှင့် သက်ဆိုင်သော

အမေစု ဆိုခဲ့သောစကားမှာ
တရားဥပဒေ စိုးမိုးရေး ပင် ဖြစ်သည်။

နေရဲနီ

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ (စဆုံး))(ကဗျာရှင် နေရဲနီ)

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ
(ကဗျာရှင် နေရဲနီ)

အဟမ်း
အဟမ်း
အဟမ်း

ချောင်းဟန့်နေစရာမလိုပါဘူး
အချိန်မရွေး ရဲရဲသာဝင်ခဲ့ပါ
တစ်ယောက်တည်းနေပေမဲ့
သာသနာတော်အတွက် အလုပ်တွေကများလွန်းလို့
ဘာကိုမှ ဂရုမစိုက်အားဘူး။
ဇဗ္မူရစ်ရွှေစင် ဆိုတာ
မီးဖိုထဲ ထည့်ဖုတ်ဖုတ်
အက်ဆစ်ငရဲမီးနဲ့ဘဲတို့တို့
အချိန်မရွေး မှတ်ကျောက်တင်ခံနိုင်ရတယ်။
ရွှေမစစ်ရင်တော့ ပြာဖြစ်သွားမှာဘဲ။

(အမရပူရတောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(အရှင်ဃောသိတ ၏ တဘဝသာသနာမှ မှတ်မိသမျှ ကူးယူဖေါ်ပြပါသည်။)


မြန်မာ့ပညာရေး
ကမ္ဘာ့အလယ်ဝင်ဆန့်နိုင်ရေးအတွက်
အမေစု
သူ့လွှတ်တော်နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့
ပညာရေးအခြေအနေများကိုဝင်ရောက်စစ်ဆေးလေသောအခါ...

ဆိုင်ရာဆိုင်ရာဌာန အပေါင်းအစုတို့တွင်
အချို့သည်ကား
နွားရှေ့ထွန်ကျူးလေခြင်းဟူ၍
တီကောင်ကိုဆားနှင့်တို့သကဲ့သို့
အခံရခက်ကာ တဖျက်ဖျက်လူး၏






အချို့သည်ကား
ကိုယ့်အလုပ် ကိုယ်မလုပ်
နေရာတကာ ဝင်ရှုပ်ရန်ကောဟူ၍
ငါးပြေမဆားနှင့် ပက်သကဲ့သို့
ဆွေ့ဆွေ့ခုန်ကြ၏။

အချို့သည်ကား
မဆီမဆိုင် လက်ပံသားဓားနှင့်ချိုင် ဟူ၍
အနာပေါ် ဒုတ်ကျသကဲ့သို့
မခံမရပ်နိုင်ဖြစ်ကြကုန်၏။

ရွှေမစစ်၍မှတ်ကျောက် အတင်မခံနိုင်ဟူ၍သာ
မှတ်ယူရပေလိမ့်မည်။

နှစ်ပေါင်းငါးဆယ်ကျော်မျှ
မဆုံးနိုင်သော အစမ်းသပ်ခံပညာရေးစနစ်ကို
ကျော်ဖြတ်လာကြကုန်သော
ကျွန်ုပ်တို့တစ်တွေသည်ကား
ကျောက်သွေး သမားတည်းဟူသော
အာဏာရှင် နိုင်ငံ့ခေါင်းဆောင်တို့၏
အရည်အချင်းညံ့ဖျင်းမှုကြောင့်
တန်ဘိုးမဖြတ်နိုင်သော ကျောက်ကောင်းဘဝသို့မရောက်ကြရဘဲ
တပြားမျှမတန်သော ကျောက်ရိုင်းအဖြစ်နှင့်သာ
ဆင်းရဲခြင်းတည်းဟူသောနွံအိုင်အတွင်း၌
နစ်ခဲ့ရချေပြီတကား။

အနာဂတ်မြန်မာပြည်တွင်
ကျောက်ရိုင်းတည်းဟူသောလူငယ်တို့၏ဘဝသည်
တန်ဖိုးမဖြတ်နိုင်သော သွေးပြီးသားကျောက်ပမာ
ကမ္ဘာ့တန်းဝင် ပညာရှင်ဘဝသို့ရောက်နိုင်ကြပါစေ။

နေရဲနီ





ဓာတ်ပုံ ဖိုးစိုင်း

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ (ကဗျာရှင် နေရဲနီ)

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ
(ကဗျာရှင် နေရဲနီ)

အဟမ်း
အဟမ်း
အဟမ်း

ချောင်းဟန့်နေစရာမလိုပါဘူး
အချိန်မရွေး ရဲရဲသာဝင်ခဲ့ပါ
တစ်ယောက်တည်းနေပေမဲ့
သာသနာတော်အတွက် အလုပ်တွေကများလွန်းလို့
ဘာကိုမှ ဂရုမစိုက်အားဘူး။
ဇဗ္မူရစ်ရွှေစင် ဆိုတာ
မီးဖိုထဲ ထည့်ဖုတ်ဖုတ်
အက်ဆစ်ငရဲမီးနဲ့ဘဲတို့တို့
အချိန်မရွေး မှတ်ကျောက်တင်ခံနိုင်ရတယ်။
ရွှေမစစ်ရင်တော့ ပြာဖြစ်သွားမှာဘဲ။

(အမရပူရတောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(အရှင်ဃောသိတ ၏ တဘဝသာသနာမှ မှတ်မိသမျှ ကူးယူဖေါ်ပြပါသည်။)


မြန်မာ့ပညာရေး
ကမ္ဘာ့အလယ်ဝင်ဆန့်နိုင်ရေးအတွက်
အမေစု
သူ့လွှတ်တော်နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့
ပညာရေးအခြေအနေများကိုဝင်ရောက်စစ်ဆေးလေသောအခါ...

ဆိုင်ရာဆိုင်ရာဌာန အပေါင်းအစုတို့တွင်
အချို့သည်ကား
နွားရှေ့ထွန်ကျူးလေခြင်းဟူ၍
တီကောင်ကိုဆားနှင့်တို့သကဲ့သို့
အခံရခက်ကာ တဖျက်ဖျက်လူး၏။
 
နေရဲနီ





ဓာတ်ပုံ ဖိုးစိုင်း

အနှစ်(၂၀)များ (ကဗျာရှင် နေရဲနီ)

အနှစ်(၂၀)များ
(ကဗျာရှင် နေရဲနီ)
အနှစ်(၂၀)မျှ တိုင်းပြည်အတွက် အလုပ်လုပ်လာပြီးနောက်
ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ
ကျွန်တော်သည် ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။
(ဗိုလ်မှူးချစ်ကောင်း )

အနှစ်(၂၀)ကျော် တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်
သာတူညီမျှ ဆိုရှယ်လစ်ဝါဒ အုတ်ခုံပေါ်၌ အာဏာကျောက်တိုင်ကို
စိုက်ထူဖို့ရန် မိမိကိုယ်ကို ပြန်၍ကြည့်လိုက်သောအခါ
ငါသည် ကျားမြီးကို ဆွဲထားမိကြောင်း တွေ့ရလေသည်။
သို့သော်လွှတ်၍ကား မဖြစ်တော့ ထို့ကြောင့်ဆက်၍ ဆွဲထားလိုက်သောအခါ
ချောက်ထဲသို့ကျရန် လက်တလုံးမျှသာ လိုတော့သော မြန်မာပြည်အား
အဝီစိမှသည် မဟာအဝီစိသို့ ပို့မိလျက်သား ဖြစ်လေတော့သည်။
(တော်လှန်ရေးကောင်စီဥက္ကဋ္ဌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း)

အနှစ်(၂၀)ကျော် သူများချေးပုံခွထိုင်၍
တိုင်းပြည်ကိုအာဏာရှင်ဆန်ဆန် ယတြာနှင့်အုပ်ချုပ်လေသောအခါ
ဆရာပို့ခဲ့သော မဟာအဝီစိမှ မြန်မာပြည်ကို
မဟာ့မဟာအဝီစိသို့ ပို့မိလျှက်သားဖြစ်နေသည်ကို တွေ့ရလေသည်။
တိုင်းသူပြည်သား အပေါင်းတို့ပြည်ပထွက် အလုပ်လုပ်ကြရကာ
ကမ္ဘာ့အလယ်တွင် မြန်မာပြည်သည် မကောင်းသောဘက်၌ 
 (ပ ဒု တ)အဆင့်တွင်အမြဲရောက်နေလေသည်။
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ-ငြိမ်း)

အနှစ်(၂၀)ကျော်မျှ လက်နက်ကိုင်၍
ဒီမိုကရေစီရေးအတွက်တော်လှန်ခဲ့သောငါသည်
ငှက်ပျောအူနှင့်မျှစ်ကိုစားနေရပြီး ငှက်ဖျားနှင့်နပမ်းလုံးနေရဆဲ
ငါ၏ဆရာအပေါင်းတို့သည်ကားတစ်ယောက်ပြီးတစ်ယောက်ပြောင်းကာ
ဒေါ်လာများပိုက်၍ ပြည်တွင်းသို့ပြန်ဝင်နေကြလေပြီ။
ငါ၏အနာဂတ်သည်ကား မရေရာ မသေချာ
ထို့ကြောင့် မတတ်နိုင် ဆက်၍တိုက်ရပေဦးမည်။
(တောတွင်းရောက် မကဒတ ကျောင်းသားတစ်ဦး)

အနှစ်(၂၀)ကျော်မျှ ထောင်နန်းစံပြီးနောက်
သမ္မတကြီးကရုဏာနှင့် လွတ်လာသောငါသည်
မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ ဘယ်လာလို့ဘယ်သွားရမှန်မသိ။
ငါတို့၏ဥက္ကဋ္ဌများသည်ကား ဒိုနာများထံမှရသော ဒေါ်လာများကိုပိုက်၍
ပြည်တွင်းသို့ ပြန်ဝင်ခဲ့လေပြီ။

နအဖအား လက်နက်ကိုင်၍တော်လှန်ခဲ့သော ငါ့ဆရာကိုမိုးသီးကား
ဟိုယခင်က ပင်နီတိုက်ပုံနှင့်
ယခုသော်ကား နအဖ တဖြစ်လဲ ကြံ့ဖွံ့ဝန်ကြီးများသာ 
ဝတ်သောမိုးပြာရောင်တိုက်ပုံနှင့်
သတင်းစာရှင်းလင်းပွဲမှာ တွေ့လိုက်ရ၏။
ကျောင်းသားအချင်းချင်း ထောက်လှမ်းရေးဟု မတရားစွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့သော
ဒေါက်တာနိုင်အောင်သည်ကား အက်စ်ဘီ အစောင့်အရှောက်နှင့်
အက်စ်ဘီမှ လက်ဆောင်ပေးသော အသံဖမ်းစက်ကို
တရှုံ့ရှုံ့နမ်းကာ လက်မှမချနိုင် ဖြစ်၍နေချေပြီ။
အရောင်ပြောင်းမြန်ကြလေစွတကား....
(တောတွင်းပြန် ထောင်ကျ မကဒတ တစ်ဦး)

နေရဲနီ





အရူးမီးဝိုင်း (ကဗျာရှင် နေရဲနီ)

အရူးမီးဝိုင်း
(ကဗျာရှင် နေရဲနီ)

လှည်းတန်း သမိုင်း ရွှေဂုံတိုင်
ဂုံးကျော်တံတားကြီးတွေ အပြိုင်အဆိုင်
ရန်ကုန်မြို့ကြီးကို စင်္ကာပူလိုဖြစ်အောင်
လေးလအတွင်းမှာ အပြီးဆောက်မယ်တဲ့
လွန်ခဲ့တဲ့ငါးလလောက်က
နာဂစ်ဥပဒေ နဲ့ ဂီရိရွေးကောက်ပွဲမှာ
သပွတ်အူကြိုတင်မဲတွေနဲ့ အနိုင်ရလာတဲ့
ဝန်ကြီးတပါးကပြောတဲ့စကား
လေးလလွန်လို့ ငါးလထဲရောက်လာတော့
ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့
တစ်နှစ်လောက်တော့ ကြာမှာပေါ့တဲ့
ဒါရိုက်တာမောင်မျိုးမင်း ကတော့
ရင်တွင်းကဖြစ်လာတဲ့စကားနဲ့ပြောလိုက်တာ
ဆောက်တုန်းပါဗျာ တဲ့။
သံတူကြောင်းကွဲ မြန်မာစကားကလဲ
တခါတလေတော့လဲ နားလည်ရအခက်သား။

တံတားဆောက်တဲ့အကြောင်းပြချက်နဲ့
လမ်းတွေတခြမ်းပိတ်ထားတော့
ယာဉ်ကြောတွေက ယခင်ကထက်ပိုလို့ကြပ်
ယာဉ်အဟောင်းနေရာမှာ အစားထိုးလာတဲ့ယာဉ်သစ်တွေကြောင့်လည်း
ယာဉ်ကြောတွေက ကြပ်ပြီးရင်းပိုလို့ကြပ်
လိုရာခရီးကို အချိန်မှီမရာက်နိုင်တဲ့
ခရီးသွားပြည်သူတွေရဲ့အသံက တစတစနဲ့ ပူညံပူညံ။

နေ့ညမပြတ်ယန္တယားသံဆူဆူညံညံကြောင့်
နားမခံနိုင်တဲ့ရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံက ဆူဆူညံညံ
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာဖိတ် ဆိုတဲ့
ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးစိတ်ကူးတွေနဲ့
လက်သင့်ရာဆွမ်းလောင်းပြီး ပြည်တွင်းကုမ္ပဏီကို
ကန်ထရိုက်ပေးလိုက်ပြန်တော့လည်း
အတွေ့အကြုံကမရှိ
စက်ယန္တယားကမပြည့်စုံ
လွဲချော်ခဲ့ရင် ပြန်ပြင်ဖို့မလွယ်တဲ့ ဒီလိုနေရာမျိုးမှာ
တကယ်တတ်တဲ့ အတတ်ပညာရှင်ဆိုတာဝေလာဝေး။

ဒီလိုနဲ့ဘဲ
တနှစ်နဲ့မှ မပြီးခဲ့သည်ရှိသော်
လိုရာခရီးမရောက်နိုင်တဲ့ ပြည်သူတွေရဲ့အသံ
ယာဉ်ကြောကြပ်လို့ စိတ်မရှည်နိုင်တော့တဲ့ယာဉ်မောင်းတို့ရဲ့အသံ
စက်ယန္တယားသံနားမခံနိုင်တော့တဲ့
အနီးအနားရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံ
ဝေဖန်သံ
အပြစ်တင်သံ
အစရှိသော အသံမျိုးစုံကြားမှာ
အရူးမီးဝိုင်းဖြစ်တော့မှာပါလား။

နေရဲနီ

ဓာတ်ပုံ မြစ်မခ မီဒီယာ

အားမနာကြပါနဲ့ (ကဗျာရှင် နေရဲနီ)...

အားမနာကြပါနဲ့
(ကဗျာရှင် နေရဲနီ)

" အမောင်ပျောက်ကြား
တိုင်းပြည်အားလျှင်
ဘာများ မှာကြားလေမည်နည်း။"

" ခရီးမတ်တပ် လမ်းခုလတ်တွင်
ရုတ်တရက်မို့ ကိုယ်လွတ်ရှောင်ခွာ
သွားရပါ၍ အားနာသည်ဟု ပြောပါလေ။"
(ဆရာကြီးမင်းသုဝဏ်၏ "သူ့မှာတမ်း" ကဗျာမှ)
တိုင်းပြည်ကိုချစ်သော မြန်မာတွေ အားနာတတ်သည်မှာ
 သေရမည့်အချိန်မှာပင် တိုင်းပြည်ကို စွန့်ခွာသွားရသည်
မှာ အားနာပါကြောင်း
ဆရာကြီးမင်းသုဝဏ်မှ
အထက်ပါကဗျာဖြင့် ဖွဲ့ဆိုသွား၏။

အားနာတတ်ခြင်း၏ ရလာဒ်
တခါက ကုလားအုပ်နဲ့ ခရီးသွားတဲ့ အာရပ်ကြီး
ခရီးတစ်ထောက် ညအချိန်ရောက်တော့
ကန္တာရအလယ်မှာ ရွက်ဖျင်တဲထိုးပြီး အိပ်သတဲ့။

သန်းခေါင်ယံ ညအချိန်
တဲအပြင်ဘက်က ကုလားအုပ်
ချမ်းလွန်းလို့ ခေါင်းလေးတော့ပေးဝင်ပါ။
သဘောကောင်းတဲ့ တဲရှင်ကလည်း
ရပါတယ် ဝင်ပါ။
နောက်တော့ လည်ပင်းလေး ပေးဝင်ပါ။
ခါးတစ်ပိုင်းလောက်ပေးဝင်ပါ။
ကိုယ်လုံးလေးပေးဝင်ပါ။

ဒီလိုနဲ့
တစ်ကိုယ်လုံးဝင်ပြီးတဲ့နောက်
သိပ်မကြာဘူး
ကုလားအုပ်က တဲရှင်ကို ကန်ထုတ်သတဲ့။
ဘာကြောင့်လဲဆိုတော့ ကြပ်လို့တဲ့။
အာရပ်ပြည်မှလာသော ထိုပုံပြင်သည်
အားမနာတတ်အောင် ညွှန်ပြလေသလား
အားနာခြင်းအတွက် သင်္ခန်းစာပေးလေသလား။
ကုလားအုပ်ကို သနားပြီး
အားနာစွာနဲ့ လက်ခံခဲ့မိတဲ့အတွက်ကြောင့်
တဲအပြင်ကို ကန်ထုတ်ခံလိုက်ရတဲ့
တဲရှင်အဖြစ်မျိုး ရောက်ခဲ့ရသော

မြန်မာနိုင်ငံသားတွေရဲ့
ဘာသာရေး လူမျိုးရေး ဒဏ်ရာဒဏ်ချက်တွေ။

ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်၏
ကိုယ့်ခြံစည်းရိုးကို လုံခြုံအောင်
မကာခဲ့မိလေသောကြောင့်
အားနာစွာနှင့် ဝင်ခွင့်ပြုခဲ့မိလေသောအခါ
 ဧည့်ကြာတော့ အိမ်ရှင်ဖြစ်
အမှားကြာတော့ အမှန်ဖြစ်

မျက်နှာသာပေးတော့ 
ရွှေရေးပန်းကန် တက်ဆိုသလို
ဘာသာလည်းပျက်
လူမျိုးလည်းပျောက်
တိုင်းပြည်လည်း ကစဥ့်ကလျား
အနောက်ဖက်တလွှား ရခိုင်ပြည်ဘက်မှာ
ဧည့်သည်နှင့်အိမ်ရှင်တို့ရဲ့ ရန်ပွဲတွေ

အိမ်ရှင်ကဘဲ ပြန်ချိန်တန်ပါလျက်
 ပေကပ်ကပ်နှင့် မပြန်လေသော
ဧည့်သည်အား နှင်ထုတ်မောင်းချလေသလား
အသံဗလံမျိုးစုံတွေက သောသောညံနေသည်။

အားနာ၍ ခါးလည်းပါခဲ့ရပြီ
အားနာသနားမိ၍ သူ့သဘောကိုလိုက်လျောမိလေသောအခါ
မြန်မာတွေ ရိုးပေ့ အ ပေ့ ဟူ၍ အထင်သေးခံရကာ
မိအေး အကြိမ်ကြိမ်အခါခါ နာရလေသော အဖြစ်ဆိုးများသည်ကား
မြန်မာ့လူ့ဘောင်မှာ မရေတွက်နိုင်။

တိုင်းတပါးသားတို့၏
ဥပါယ်တမျဉ်ဖြင့် တောင်းလာသော
သားရေတချပ်စာ မြေတကွက်ကို
ဘိုးတော်ဘုရား၏ အရိုးခံစိတ်ထားဖြင့် ပေးမည်ဆိုပြီးကာမှ
ဦးပေါ်ဦးကဲ့သို့သော အမြှော်အမြင်ကြီးသော အမတ်ကြောင့်
မပေးဖြစ်ခဲ့ကြောင်းသည်လည်း ပါးစပ်ရာဇဝင်မှာ အထင်အရှား။

ထို့ကြောင့်
အားမနာကြပါနဲ့
အားမနာကြပါနဲ့
အားမနာကြပါနဲ့
နေရဲနီ 

 ဓာတ်ပုံ ။...။ နိုင်ငံတကာက သတင်းမှားတွေကြားမှာ ဖော်ပြပါရှိခြင်းမရှိတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည် စခန်းတခုမှ အပြစ်မဲ့ ရခိုင်တိုင်းရင်းသား ကလေးငယ်များရဲ့  အနာဂတ်ပျောက် နေရတဲ့ ရင်နင့်ဖွယ် မြင်ကွင်းနဲ့ ဘင်္ဂလီရန်ကြောင့်  စွန့်ပစ်ထားခဲ့ရတဲ့ စစ်တွေမြို့မှ ဘုန်းတော်ကြီး ကျောင်းတခု..
ဓာတ်ပုံ ဒီမိုဝေယံသတင်းထောက်

ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ် (ရေးသားသူ နေရဲနီ)

ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ်
(ရေးသားသူ နေရဲနီ)

ပုပ္ပားအရပ်တွင် နှစ်ကျပ်ခွဲဟူသော ရွာတစ်ရွာရှိလေ၏။ ဘာပစ္စည်းဘဲ ဖြစ်ဖြစ်နှစ်ကျပ်ခွဲထက် ပိုမရောင်းရ။ ထူးခြားသည်က ထိုရွာတွင် ကျောင်းထိုင်ဘုန်းကြီး မရှိခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ရောက်လာသမျှ ဘုန်းကြီးအပေါင်း ကျောင်းထိပ်သရက်ပင်ရှိ သရဲထက်ကြီးသော သဘက်ကြီးဒဏ် မခံနိုင်သောကြောင့် ကျောင်းသို့ရောက်ပြီး မကြာခင်ပင် ပျံလွန်တော် မူကြရ။ ပျံလွန်တော်မမူလျှင် ထွက်ပြေး ကြရသည်ကများ၏။ သို့သော် နောက်ဆုံးကျောင်းထိုင်သည့် ကိုယ်တော်မှာ ဦးပြည်းစိမ်းစိမ်း အသံသာသာနှင့် ကျောင်းသို့ ရောက်လာခဲ့သည်မှာလည်း တစ်နှစ်ခွဲခန့်ကြာပြီဖြစ်သော်လည်း မည်သို့မျှ ထူးခြားမှု မရှိလေသောအခါ ရွာသူရွာသားအပေါင်းတို့က ဒီတစ်ခါတော့ကျောင်းထိပ်က သဘက်ကြီးကို နိုင်သည့် သီလသမာဓိနှင့် ပြည့်စုံသော ကိုယ်တော်ဟု အထင်ရှိကာ ဆထက်ထမ်းပိုး တိုး၍ကြည်ညိုကြလေ၏။ သုံးလေးနှစ်ခန့် ကြာပြီးနောက် ထိုဆရာတော် ပျံလွန်တော်မူ၍ မြန်မာ့ဓလေ့ ထုံးစံအတိုင်း အလောင်းတော်ကို ရေချိုးရန် သင်္ကန်းကို ခွာလိုက်သောအခါ တရွာလုံး သက်ပြင်းကြီးချလျှက် ရင်ဘတ် စည်တီးကာ ယူကြုံးမရ နောင်တကြီးစွာ ရကြလေသည်။

အကြောင်းသော်ကား " လက်စသတ်တော့ ဒင်းက ကျောင်းထိပ်က သဘက်ကြီးကို သူလိုချင်တာ တိတ်တိတ်ပေးပြီး ခပ်တည်တည်နဲ့ ကျောင်းပေါ် တက်ထိုင်နေတဲ့ ရဟန်း အယောင်ဆောင်ထားတဲ့ ယောင်္ကျားရှာပေကိုး " ဟူ၍ ရွားသူရွာသားအပေါင်းက နောင်တစကားနှင့် မှတ်ချက်ပြုကြလေ၏။ (သင်္ဂဇာဆရာတော် ပုံပြင်များမှ)

နှစ်ကျပ်ခွဲရွာမှ ကိုယ်တော် ပျံလွန်တော်မူ၍ ရေချိုးရန်သင်္ကန်းကိုခွာပါမှ ဇစ်မြစ်အစုံအလင်ကို သိရသော ရွာသူရွာသား အပေါင်းတို့ကဲ့သို့ လမ်းတစ်ခြမ်းခင်း၊ ဆင်ကြယ်ဖိနပ်စီး၊ ပြောင်းဖူးကိုင်သော မဟာရန်ကုန် ရွှေမြို့တော်ကြီး၏ မြို့တော်ဝန် ဟောင်းကြီးသည်လည်း Southern Weekend သတင်းစာနှင့် အင်တာဗျူးပါမှ သူ၏ ကိုယ်ပိုင် အရည်အသွေးနှင့် တိုင်းပြည်အပေါ် ထားရှိသော စိတ်နေစိတ်ထားတို့ကို မြို့တော်သူ မြို့တော်သား အပေါင်းတို့သည်လည်း သိခွင့်ရကြလေတော့သတည်း။

နေရဲနီ

ဓာတ်ပုံပါ ဝိတ်ပြားရှင်ရဲ့  Southern Weekend သတင်းဋ္ဌာန အင်တာဗျူးနဲ့ ပတ်သက်ပြီး တရုတ်သတင်းဋ္ဌာနမှာ ရေးသားထားတာကတော့ ဦးအောင်သိန်းလင်းရဲ့ ရုံးခန်းအတွင်းမှ အလေးမတဲ့ ဝိတ်ပြားများ ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်ဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ တဦးဟာ နိုင်ငံတော် သမ္မတ မဖြစ်နိုင်ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်..။

仰光省前省长的办公室里摆放着一副杠铃,他手拿一本缅甸宪法,这本宪法规定了和外国人结婚的缅甸人不能竞选总统。

Yangon, the former governor's office placed a barbell, he holding a Burmese constitution, the Constitution provides for the Burmese and married to a foreigner can not run for president.

ညောင်ကုလား ကျည်းပေါင်းတရုတ် ကဗျာရှင်(နေရဲနီ)

စစ်တွေ သံတော်လီရွာမှ ဘင်္ဂလီများ.. (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ညောင်ကုလား ကျည်းပေါင်းတရုတ်
ကဗျာရှင်(နေရဲနီ)

စေတီဘုရား
တည်ထားကောင်းလျက်
ညောင်ပင်ဖျက်၏။

ဘုရားစေတီ အထက်ဆီတွင်
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ပေါက်သည့်ညောင်ပင်
မကြီးထွားခင် အမြစ်ပါမကျန် အမြန်ခုတ်ရှင်း အချိန်မှီ သတ်ပါမှ
သို့မဟုတ်လျှင် ညောင်မြို၍ ဘုရားပြိုရသည်။
ဤသို့သော ညောင်ကို
ညောင်ကုလား ဟူ၍ သမုတ်ကြ၏။

အဘယ့်ကြောင့် ဆိုသော်
တို့တိုင်းဌာနေ မြန်မာပြည်ကို
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ခေါတော ကုလား
ဘင်္ဂလား ကုလား
ချစ်တီး ကုလား
စစ်တကောင်း ကုလား
ကုလားဖြူ ကုလားမည်း
အစရှိသော ကုလားအမျိုးမျိုး
တစ်စတစ်စနှင့် ဘုရားကို ညောင်မြိုသလို
ဘာသာလည်းပျောက်
လူမျိုးလည်းပျောက်
ကြာသော် တိုင်းပြည်ပါ ပျောက်လတ္တံ့။
ထို့ကြောင့် ဤညောင်သည်ကား
ညောင်ကုလား။
(၂၀၁၁ခုနှစ် မြစ်ဆုံသင်္ကြန်မှ CPI တရုတ်ဝန်ထမ်းများ) (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)

ကျည်းပေါင်းပင်
မြေပြင်အထက်အမြစ်တွယ်၍
မိမိဘာသာရပ်တည် ရှင်သန်ရိုး ထုံးစံမရှိ
သရက် ပိန္နဲ
မာလကာ အစရှိသော သီးပင်အမျိုးမျိုး
ကျည်းပေါင်းပင် တွယ်ကပ်ပေါက်သော်
အသီးလည်းအ အရသာလည်းကင်း
သို့သော်ငြားလည်း
စားသုံးမရသည့် ကျည်းပေါင်းပင်မှာ
အသီးတဝင်းဝင်း။
တို့တိုင်းဌာနေ မြန်မာပြညဝယ်
ကပ်ရပ်ခိုစား
ကျည်းပေါင်းပင် တရုတ်များ
စီပွားရေး တဝင်းဝင်း
ကြီးပွားတိုးတက် ထင်တိုင်းကြဲနေချိန်
အိမ်ရှင် တိုင်းရင်းသား
မြန်မာပြည်သူ အပေါင်းကား
ဖွတ်ကျောပြာစု သူတောင်းစားပမာ
မွဲသည်ထက်မွဲကာ
ရန်ငါးပါးနှိပ်စက်၍
ဒုက္ခမျိုးစုံ ကြုံရလေပြီတကား။

နေရဲနီ

ဘုန်းနှင့် ကံနှင့် သဇင်နီ (၂) (ကဗျာရှင် နေရဲနီ)

ဇူလိုင် ၁၂ရက်နေ့က လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ ဘုန်းနှင့်ကံနှင့် သဇင်နီ အမေစု
ဘုန်းနှင့် ကံနှင့် သဇင်နီ (၂)
(ကဗျာရှင် နေရဲနီ)

ဘုန်းကံဟူသည်

ပိင်္ဂ္ဂုတ္တရလုလင်သည်
ဥဒုမ္ဗရ ဒေဝီ၏ ဘုန်းကံအရှိန်အဝါကို
မခံနိုင်သောကြောင့်
လမ်းခရီး၌ပင် စွန့်ခွာပစ်သွားခဲ့၏။
(မဟောသဓာဇာတ် ဘုန်းရှိဘုန်းမဲ့ ပြဿနာ)

ဘုန်းကံတို့၏ အရှိန်အဝါ

မင်းတုန်းမင်းနှင့် ငပိုက်ကြီး

မြင်ကွန်း မြင်းခုန်တိုင် အရေးတွင်
မြင်းကွန်းမင်းသား ညီနောင်တို့သည် ငပိုက်ကြီးဆိုသူအား
ခမည်းတော် မင်းတုန်းမင်းအား လုပ်ကြံရန် တာဝန်ထား၏။
မင်းတုန်းမင်းအား ငပိုက်ကြီးသည်
တစ်ယောက်ချင်း တွေ့သော်ငြားလည်း
ဓားကိုင်လျက်က ကြောက်ဒူးတုန်နေ၏
"ဟဲ့ ငပိုက်ကြီး ဓားကြီးနဲ့ ဘယ်လဲ"
"မှန်ပါ သားတော်နှစ်ပါးက လွှတ်လိုက်လို့ပါ"
"ဒါဆို ငါ့သစ္စာခံစမ်း"
"မှန်ပါ"
" ငါ့ကိုဘေးလွတ်ရာကို ကျောပိုးပြီးပို့စမ်း"
"မှန်ပါ"
မင်းတုန်းမင်းအား လွတ်ရာပို့ပြီး 
သားတော်များနှင့် ပြန်တွေ့လေသောအခါ
"ငပိုက်ကြီး ခမည်းတော်တွေ့ခဲ့လား"
"မှန်ပါ တွေ့ခဲ့ ပါတယ်"
"ကိစ္စပြီးခဲ့ပြီလား"
"ဘေးလွတ်ရာကို ကျောပိုးပြီး ပို့ခဲ့ကြောင်းပါ"

"လာခဲ့ နင့်ခေါင်း" ဟူ၍ သျှောင်ကိုဆွဲပြီး ဓားဖြင့်ပိုင်းရာ တစ်ချက်တည်းဖြင့် ပြတ်လေ၏။
(အိုးဝေ ဦးညိုမြ၏ ကုန်းဘောင်ရှာပုံတော်မှ)

ဘုန်းနှင့် ကံနှင့် သဇင်နီ

သဇင်နီဘုန်း မိုးသို့ချုန်း
မြန်မာပြည်ကို လာသမျှ နိုငံတကာကခေါင်းဆောင်တွေ
အမေစုနဲ့တွေ့ပြီးမှ ပြန်လေ့ရှိတယ်
ဥရောပတခွင် လှည့်လည်စဉ်
နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ကြိုသလိုမျိုး
ကြိုဆိုဧည့်ခံခဲ့ကြတယ်။
ချီလေတဲ့ ချီလေ
တို့အမေ သဇင်နီ
နေပြည်တော်ကို ချီမယ်ဆိုတော့
ကောလဟာလ သတင်းစကား
ဟိုပုဂ္ဂိုလ်ကြီး မာလကဈာန်ကြွလို့
သေရွာလားသတဲ့။
အတွင်းသိ တစ်ယောက်က မဟုတ်ရပါဘူးဆိုပြီး
ချက်ချင်းဘဲ ဖြေရှင်းချက် ပေးသတဲ့။
တို့အမေ သဇင်နီ
နေပြည်တော်ကို အမတ်အပေါင်းနဲ့
တကယ်ချီတော့
အရင်က နံပါတ် ၂
ရုတ်တရက်လေမိပြီး စင်္ကာပူကို ဆေးကုသွားရသတဲ့

တို့အမေသဇင်နီကတော့
ပြည်သူ့မေတ္တာအနန္တနဲ့
ဗေဒါပျံအံကိုခဲ
ပန်းပန်လျှက်ဘဲ။

နေရဲနီ

ဘုန်းနှင့်ကံနှင့် သဇင်နီအပိုင်း(၁) ပြန်ဖတ်လိုလျှင်

မိချောင်းမျက်ရည် (ကဗျာရှင် နေရဲနီ)

မိချောင်းမျက်ရည်
(ကဗျာရှင် နေရဲနီ)

တို့တိုင်းပြည်က ရှိသမျှမြေပေါ်မြေအောက်သယံဇာတ
အာဏာရှင် အတ္တသမားကြီးကို လည်ပင်းနင်းပြီး
သူအတင်း ယူသွားတယ်။
ငတ်နေတဲ့ ပြည်သူတွေရဲ့ ကြမ်းတမ်းတဲ့ဘဝတွေက
သက်သေပြနေတယ်။

တို့တိုင်းပြည်က အိမ်ခြံမြေလမ်းတံတား
ရှိရှိသမျှ နေရာအားလုံး
အာဏာရှင်တစ်ကိုယ်ကောင်း သမားကြီးကို
လည်ပင်းညှစ်ပြီး သူတို့ အတင်းရယူသွားတယ်။
ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်တဲ့လမ်းပေါ်မှာ
လယ်မြေတွေ အသိမ်းခံနေရတဲ့
လယ်သမားတွေရဲ့ ထမင်းငတ်တော့မယ့် ဆူဆူညံညံ အသံတွေက
သက်သေပြနေတယ်။

ယခုတဖန် မြန်မာပြည် ဒီမိုကရေစီအရေးအတွက်
စိုးရိမ်စွာ သတိပေးလိုက်ပါတယ် တဲ့
ရေနစ်နေတဲ့ သတ္တဝါကို ကယ်တော့မလိုနဲ့
မညှာမတာ ကိုက်သတ်စားပြီးခါမှ
သေသွားတဲ့ သတ္တဝါအပေါ်မှာ
မဟာကရုဏာကြီးစွာနဲ့ ကျမိတဲ့
မိချောင်းမင်းရဲ့ ရွှေမျက်ရည်
မြစ်ဆုံဆည်ကြီးက သက်သေပြနေလေရဲ့။

နေရဲနီ

အောက်မှာ မိကျောင်းမျက်ရည်ကျပြတဲ့ သတင်းကို ဆက်ဖတ်နိုင်ပါတယ်..။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တရုတ် သတိပေး

ဇူလိုင်လ(၂)ရက်နေ့ VOA (မြန်မာပိုင်း) သတင်း

မြန်မာနိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေဟာ "အလျင်စလို" လုပ်လို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံပိုင် မီဒီယာက သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အားလုံးကို ဒီမိုကရေစီ ဆိုတဲ့ အရာတခုထဲနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်သားတပိုင်း အစိုးရသစ်က တိုင်းပြည်မှာ မကြုံဘူးသေးတဲ့ အနာဂတ်ကို ဖန်တီး ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ Global Times ရဲ့ သုံးသပ်ချက် ဆောင်းပါးမှာ ရေးသားထားပါတယ်။

အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားတယ် ဆိုပြီးတော့လည်း သတိပေး ရေးသားထားပါတယ်။ အလျှင်စလို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အစွန်းရောက်သူတွေကို အားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

မကြာသေးခင်က တိုင်းပြည် အနောက်ခြမ်းမှာ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရသလို ထောင်နဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မွတ်ဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားခဲ့ရတဲ့ အဓိကရုန်းကို ဥပမာပေး ရေးသားထားပါတယ်။

"ဒီမိုကရေစီ ဆိုတာ မြန်မာနိုင်ငံအတွက် ၉၆ ပါး ရောဂါ ပျောက်ဆေးကြီး မဟုတ်ဘူး" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားတဲ့ ဆောင်းပါးမှာ အနောက်နိုင်ငံတွေက ဒီမိုကရေစီ စံနစ်ဟာ မြန်မာနိုင်ငံအပေါ် တော်တော် သြဇာ လွှမ်းမိုးနေကြောင်း မြန်မာနိုငငံ အနောက်ခြမ်းမှာ ဖြစ်တဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးဝါးလာနိုင်သလို ထိန်းမနိုင် သိမ်းမရ အခြေအနေ ဆိုက်ရောက်နိုင်ကြောင်းလည်း သတိပေး ရေးသားထားပါတယ်။

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ
(ကဗျာရှင် နေရဲနီ)

တရံရောအခါ ဗာရာသနင်း
ဗြဟ္မဒတ်မင်းသည် သူ၏ဆင်တပ် ရေသက်ဖို့ရာ
ဂင်္ဂါကမ်းသို့စေလေ၏။

ရဲရင့်ဝံ့ကြွား ဆင်အများတို့ အေးမြကြည်လင်
မြစ်ဂင်္ဂါ၏ ရေအလျင်ကို
မြင်သော်ခဏ အားရဝမ်းသာ
ဂင်္ဂါမြစ်တွင်း ဆင်းလေသော်
ရုတ်ချည်းမူရာ ပြောင်းလဲကာလျှင်
တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ရုတ်တရက်လျှင်
ကျိုးကျိုးကျည်ကျည် အော်ကာမြည်လျက်
ဖရိုဖရဲတပ်ပျက် အသွင် ပြေးကာလျင်သည်
ဂင်္ဂါကမ်းမှ ဝေးရာတည်း။

ဆင်အပေါင်း၏ ထူးခြားဖြစ်အင် မြင်သော်ခဏ
စုံစမ်းကြသော် မြစ်ဂင်္ဂါ၏ အထက်အညာ
ဟိမဝန္တာ မြိုင်ရပ်သာတွင် ဘုန်းရှိန် သမ္ဘာပြည့်စုံစွာသား
ရတနာဆင်ဖြူ ပေါ်ထွန်းမူ၍
ဆင်ဖြူဘုန်းကံ အရှိန်ဒဏ်ကို ဆင်မည်းမခံနိုင် ၍လန့်ကြောက်အသွင် အပြေးနှင်သည်
အုတ်အော်သောင်းနင်း ဖြစ်သတည်း။

မင်းဗြဟ္မဒတ် ရာဇာမြတ်လည်း သူ၏ဆင်တပ် ရေသက်ဖို့ရာ
ကြံကာတွေးသော် ဆင်ဖြူ့အညစ်ကြေး မစင်ချေးကို
ရေနှင့်ဖျော်၍ ဆင်မည်း ကိုယ်ပေါ်လောင်းသော်ခဏ ဆင်အပေါင်းလည်း
သောင်းသောင်းဖျဖျ အားရဝမ်းသာ ရွှင်မြူးကာလျှင် မြစ်ဂင်္ဂါ၏ရေတွင်လူးသည်
အုံးအုံးကျွက်ကျွက် ညံလေသတည်း။

နိပါတ်တော်လာ ထိုပုံဝတ္ထု ပမာပြု၍
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆိုရိုးစကား ရှေးကထားသည်
လက်ထက်တော်က စလေသတည်း

ဤသို့လျှင် ဘုန်ကံနိမ့်ပါး လူ့အန္တတို့
မိန်းမသားပင် ဖြစ်လင့်ကစား ဘုန်းမြင့်မားမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သို့
မသိကျိုးကျွံ ပြုကြတုံသည် လူမိုက်တို့ထုံးနှလုံးတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းသားပြည်သူ များရှင်လူတို့
ဂုဏ်ယူဖွယ်သား နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
ဥရောပခရီး ကမ္ဘာ့မီဒီယာ အသီးသီးတွင်
သူ့ထက်ငါဦး အလုအယက် ရေးသားနေချိန်
နိုင်ငံပိုင် မီဒီယာ မြန်မာ့အသံ ရုပ်မြင်သံကြား
မြန်မာအလင်းကြေးမုံ အဖုံဖုံတွင် တစိုးတစိမျှ
မရေးကြသည် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာသည်
ပုဂ္ဂိုလ်ရေးခရီး အကြောင်းပြချက်တည်း။

နေရဲနီ

သမ္မတနှစ်ယောက်နဲ့တိုင်းပြည် (ကဗျာရှင် နေရဲနီ)

သမ္မတနှစ်ယောက်နဲ့ တိုင်းပြည်
(ကဗျာရှင် နေရဲနီ)

ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်
တိုးတက်လာတာ သိပ်မကြာသေး
နှစ်ပေါင်းနှစ်ဆယ်ကျော် အတွင်းမှာ
ကြိုးစားပမ်းစား ရုန်းကန်လာရတာဆိုတော့
(၄၅ - ၅၀) အထက် လူကြီးပိုင်းတွေ
ပညာကောင်းကောင်း မတတ်ကြရှာ
ဒါပေမဲ့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဘို့အတွက်
ကမ္ဘာ့သတင်းတွေကိုတော့ မျက်ခြေမပြတ်လေ့လာတယ်။

ကျွန်တော်နဲ့ အလုပ်အတူ လုပ်တဲ့အဒေါ်ကြိး
အသက်က(၆၅) နှစ် လောက်ရှိမယ်
တိုးတက်တဲ့ နိုင်ငံဆိုပေမဲ့
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေကြားမှာ
အသက်အရွယ် ထောက်ပေမဲ့
သူလည်းဘဲ အလုပ်လုပ်နေရတယ်။

ဒီကနေ့မှာတော့ ထူးထူးခြားခြား
သူက မေးခွန်းတစ်ခု မေးလာတယ်
နင်တို့တိုင်းပြည်မှာ စုကြည်က ဘာလဲ...တဲ့
ဘာဖြစ်လို့လည်းလို့ ပြန်မေးတော့
နင်တို့တိုင်းပြည်ကို နိုင်ငံစုံက ခေါင်းဆောင်တွေလာတယ်
ယူတိန်းစိန်နဲ့ တွေ့တယ်
ပြီးရင်စုကြည်နဲ့တွေ့တယ် နိုင်ငံစုံကလာသမျှ လူအားလုံး
ဒီလိုဘဲတွေ့ကြတယ်
ယူတိန်းစိန်က သမ္မတ
စုကြည်ကကော သမ္မတလား...တဲ့

သူမေးတဲ့မေးခွန်း နားလည်ပေမဲ့
သူနားလည်နိုင် လောက်အောင် ပြန်ရှင်းပြဘို့ရာ
ဘာသာစကား အခက်အခဲရှိလေတော့
သူ့အမေးကို ရယ်ကျဲကျဲနဲ့ဘဲ
နေလိုက်ရကြောင်းပါခင်ဗျာ။

နေရဲနီ

မှတ်ချက်။ ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်မှာတော့ သမ္မတ ဦးသိန်းစိန်(U Thein Sein)ကို အင်္ဂလိပ်စာ အသံထွက်အတိုင်း ယူတိန်းစိန် ဦးသန့် (U Thant) ကို ယူတန့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အဖျားဆွတ်ပြီး စုကြည်လို့ ခေါ်ကြပါတယ်။

ဓာတ်ပုံ.. Reuters

မြွေပွေးပိုးထိ (ကဗျာရှင် နေရဲနီ)

မြွေပွေးပိုးထိ
(ကဗျာရှင် နေရဲနီ)

သတင်းစာကိုင်သော် ဓာတ်လိုက်တတ်၏
သတင်းစာဖတ်သော် အလင်းရောင်ထွက်၍
မျက်စေ့ ပျက်တတ်၏။

သို့သော်ငြားလည်း
မီးမလာခဲ့သည်မှာ ကြာခဲ့ချေပြီ။

ဆောက်ခဲ့လေသော ရေအားလျှပ်စစ်ပေါင်း မြောက်များစွာ
ယနေ့ထက်တိုင် အပြီးမသတ်နိုင်သေး။
ပြည်ပသို့ရောင်းစားသည့် ရွှေလီရေအားလျှင်စစ်
အရှင်မွေး၍ နေ့ချင်းကြီး ဆိုသကဲ့သို့
ချက်ချင်းပြီးခဲ့လေသည်။

ရေအားလျှပ်စစ် ရေနံ သဘာဝဓာတ်ငွေ့
အခြေခံစွမ်းအင်နှင့် သယံဇာတ
ပေါကြွယ်ဝသောမြန်မာနိုင်ငံ
အာဏာပိုင်တို့ ဒေါ်လာမက်၍
ပြည်ပသို့ရောင်းစားခဲ့သည်။
တိုင်းပြည်က ချမ်းသာပြီး
ပြည်သူမှာ ဆင်းရဲနေသည်။

ထိုအချက်က
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေ၏။

ပြည်တွင်းမှာ သုံးမကုန်အောင်ပိုလျှံလွန်းလို့
ပြည်ပကို ရောင်းစားရတာပါ ဟု
ပြောခဲ့လေသော လျှပ်စစ်ဝန်ကြီး
ဒီမိုကရေစီခေတ်ဦးမှာ
ညအမှောင်တွင်းမှ ပြည်သူအပေါင်းက
ဖယောင်းတိုင်မီးကိုင်၍ တောင်းဆိုလေသောအခါ
ဟိုယခင်လို လိမ်ညာ ဖုံးဖိ ချောက်လှန့် ဖြေသိမ့် ချွေးသိပ် ၍မရတော့
ပြည်သူကလည်း ခံရပေါင်းများလို့ နပ်နေပြီ။
မတတ်သာသည့်အဆုံးမှာ
ထွေးပြီးသားတံတွေး ပြန်မြိုနေရသလို
ရှေ့မျက်နှာနောက်ထား
တစ်မတ်နှင့် ရောင်းခဲ့လေသောလျှပ်စစ်
တစ်ကျပ်နှင့် ပြန်ဝယ်ရလေပြီ။
နစ်နာသည်က ပြည်သူ့ဘဏ္ဍာ

ဆည်တွင်းမှာ ရေမရှိလို့
မီးမပေးနိုင်တာပါ ဟူ၍လည်း
ပြည်သူကို မျက်နှာပူပူနှင့်
မေတ္တာရပ်ခံထားရသေး၏။

ဟိုအကြောင်းပြ ဒီအကြောင်းပြ
ဆင်ခြေဆင်လက် တို့သည်ကား
ရိုးအီနေပြီ ဖြစ်သောကြောင့်
ဘယ်သူကမျှ မယုံတော့။

မိုးကြိုးပစ်သည်ကို ထန်းလက်နှင့်ကာ သကဲ့သို့
တပြည်လုံး၂၄နာရီ အမြန်ဆုံးမီးလင်းရေးအတွက်
မီးစက်ကြီးများ အမြန်ဆုံးဝယ်ယူတင်သွင်း နေပါကြောင်း
ကြေငြာထားသော်လည်း လက်တွေ့မကျ၍
ပြည်သူက မယုံတော့။

စက်ဆီဖိုးများ ကောက်ဦးမှာလားဟူ၍
ပြည်သူအပေါင်းက မေးလာခဲ့သည်ရှိသော်...

လျှပ်စစ်ဟူသည်မှာ ကွန်တိန်နာနှင့်
တင်ပို့လို့ရတာမဟုတ် ဟု ပြောခဲ့လေသူ
သူ့စကားနှင့်သူ ခုတော့
မြွေပွေးပိုးထိ ခံနေရလေပြီ။

နေရဲနီ

ဘုန်းနှင့်ကံနှင့် သဇင်နီ (ကဗျာရှင် နေရဲနီ)


ဘုန်းနှင့်ကံနှင့် သဇင်နီ
(ကဗျာရှင် နေရဲနီ)

၁၉၈၉ခုနှစ်က ပုသိမ်ကို သူမ လာရင်
အိမ်ထဲက အိမ်ပြင် ဘယ်သူမှ မထွက်ရ။
ငါတိုင်းမှူးလုပ်တဲ့
ဟောဒီ ဧရာဝတီတိုင်းမှာ
NLD ဆိုတာ မရှိစေရ။
ဆီခမ်းလုမီးခွက်၏ အန္တိမ မီးတောက်သည်
ငြိမ်းလုဆဲဆဲကာလ၌ ဟုန်းကနဲ တချက်
ထ၍ တောက်လိုက်သကဲ့သို့
တိုင်းမှူးမှ လယ်စိုက် ဝန်ကြီး
ထိုမှတဖန် အသံကြောင့်သေရသောဖားကဲ့သို့
အနားပေးခံရပြီး မကြာခင်ပင်
ကမ္ဘာမြေအပြင်၌ သူမရှိတော့။
ဧရာဝတီတိုင်း၌ ခွပ်ဒေါင်းတို့
ရဲရဲတောက်နေသည်ကို သူ မမြင်သွားရရှာပေ။
ဒေါ်စုကြည်ဟာ...............
သူမဟာ အာဏာကို....................
အနောက်နိုင်ငံများ အားကိုး....................
ပြည်ပနိုင်ငံ.................................
အစရှိသော စကားလုံးများဖြင့်
အာဏာစင်ပေါ်မှ ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့လေသော
မြွေပွေးမျက်နှာနဲ့လူ ခုတော့
အဆိပ်ထုတ် အစွယ်ချိုးခံခဲ့ရပြီး
နှုတ်ပါအပိတ်ခံနေရပြီ
ရှင်လျက်နဲ့ သေနေတဲ့လူ သူမှအစစ်။
ဧပြီလ(၁)ရက်နေ့က မဲပေးနေစဉ်..

သူမဟာ သာမန်လူတစ်ယောက်ပါ
ဥပဒေနဲ့အညီ နေထိုင်သွားလာမယ်ဆိုရင်
ဘေးရန်ကင်းပါတယ်လို့ ပြောခဲ့လေသူ
ပျောက်နေတာ အတော်ကြာပြီ
လည်ချောင်းမှာ ကင်ဆာအဖု အကြိတ်တွေ့လို့တဲ့
မျက်စေ့ကလည်း အမြင်မကြည်လင်တော့ဘူး
နှုတ်ထွက်စာတင်မယ့် သတင်း
မရေမရာနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေပြီ။

တို့အမေ သဇင်နီကတော့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ။

နေရဲနီ
ဓာတ်ပုံများ.. ညီငယ်ဇော်တူး၊ AP, Getty Images

မြွေပွေးခါးပိုက် ပိုက် (ကဗျာရှင် နေရဲနီ)

မြွေပွေးခါးပိုက် ပိုက်
(ကဗျာရှင် နေရဲနီ)

ပြုံ့ယမ်းလှပျိုဖြူတို့ရဲ့ စွဲမက်ဖွယ်အပြုံး
နားဝင်ချိုမြ မြန်မာသံ မပီတပီ ဂီတ
ထူးကဲတဲ့ ဂင်ချီ အရသာ
ဆရာစံလမ်းမှာ ရတယ်။

တောင်ကိုးရီးယားသမ္မတ
မကြာခင်မှာ မြန်မာပြည် အလည်လာမယ်
၁၉၈၃ ခုနှစ်ကအဖြစ်မျိုး မကြုံရလေအောင်
လုံခြုံရေးတွေ ခုကတည်းက
အပြင်းအထန် လေ့ကျင့်နေကြတယ်။

မြွေပွေးမှန်းသိရက်နဲ့
ခါးပိုက် ပိုက်ထားပြီး
မိတ်ဆွေကို လက်ယက်ခေါ်နေမှတော့
ဒီလောက်တော့ရှိမှာပေါ့။

နေရဲနီ

ဓာတ်ပုံ ၁၉၈၃ခုနှစ် အောက်တိုဘာလက လုပ်သားသတင်းစာမှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယား သူလျှို ဗိုလ်မှူးဇင်မိုနဲ့ ဗိုလ်ကြီးကင်မင်ချူးတို့အား ရုံးထုတ်လာစဉ်မြင်ကွင်း

အမေနှင့် လောကဓံ (ကဗျာရှင် နေရဲနီ)

အမေနှင့် လောကဓံ
(ကဗျာရှင် နေရဲနီ)

ဤလောက လူ့ရွာတခွင်ဝယ်
လာဘော အလာဘော
ယသော အယသော
နိန္ဒံ ပဿန္တံ
သုခံ ဒုက္ခံ။
စီးပွားလာဘ်လာဘ ပေါများခြင်း နည်းပါးခြင်း
အခြွေအရံသင်းပင်း ပေါများခြင်း နည်းပါးခြင်း
ချီးကျူးခြင်း ကဲ့ရဲ့ခြင်း
ချမ်းသာခြင်း ဆင်းရဲခြင်း ဟူ၍
လောကဓံတရား ရှစ်ပါးရှိ၏။
ဤရှစ်ပါးအတွင်းမှ
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း
အစရှိသောဒဏ်တွေကိုခံလာခဲ့ရသည်မှာ
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပြီ။

ယနေ့ကမ္ဘာတွင်
မြန်မာပြည်သူပြည်သားတို့
အဘယ်သူမျှ မရခဲ့ဘူးလေသော
နိုင်ငံတကာမှချီးမြှင့်သည့်
ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရခဲ့ဘူးလေပြီ
ထိုဆုများနှင့်အတူ ချီးကျူးထောမနာပြုသော
စကားသံတို့ကိုလည်း အထက်ဘဝဂ်ညံအောင်
ကြားခဲ့ရဘူးပြီ။
သို့သော်မတုန်လှုပ်။

ကဲ့ရဲ့သင်္ဂြုလ်သော  စကား
ပြစ်တင်ရှုံ့ချသောစကား
တိုင်းပြည်မှ ထွက်ခွာသွားဘို့ရာ
ဘာသာရေးအရှိန်အဝါသြဇာကြီးမားသော
ဆရာတော်ကြီးများမှတဆင့် မေတ္တာရပ်ခံချက်
ရာထူးစည်းစိမ် ငွေကြေးအစရှိသည်တို့နှင့်
အမျိုးမျိုးသော ဖြားယောင်းသွေးဆောင်လှည့်ဖြားမှု
ဤသည်တို့ကိုလည်း ဥပေက္ခာပြုနိုင်ခဲ့၏။

အာဏာပိုင်တို့၏
မတရားသောဖိနှိပ်မှုများကို
ကြံ့ကြံ့ခံရင်ဆိုင်ရင်း
ပြည်သူတို့၏ဘဝအတွက် မယိမ်းမယိုင်သောစိတ်ထားဖြင့်
မားမားမတ်မတ်ရပ်တည်လာခဲ့စဉ်
လမ်းခုလတ်မှာပင် လမ်းခွဲ ထွက်သွားသူများလည်းရှိ၏။

ပွဲမဝင်ခင် အပြင်မှာတော့ ဟန်ရေးတပြပြ
ပွဲအစမှာပင်စည်းဝိုင်းတွင်းမရောက်မှီ
နောက်လှည့်ကြည့်သော် တစ်ယောက်မှမရှိတော့
တကိုယ်ထီးတည်း လျှောက်လှမ်းခဲ့ရသော
ခရောင်းလမ်းနှင့်တူသောနိုင်ငံရေးခရီးကြမ်းကို
ပန်းခင်းပေးသောသူများရှိသကဲ့သို့
ဆူးကြဲပေးသောသူများသည်ကားဒုနှင့်ဒေး။

နိုင်ငံရေးအရှိန်အဝါ သြဇာရှိသူများကို ယုံစားမိခဲ့၍
မိမိတည်ထောင်သော အဖွဲ့အစည်း
သပ်လျှိုခံရပြီး ပြိုကွဲမတတ် ဖြစ်ခဲ့ရပုံနှင့်လည်း ကြုံခဲ့ရပြီးပြီ။
လူရိုသေ ရှင်ရိုသေ ထင်ပေါ်ကျော်ကြားမှုများကြောင့်
စိတ်ချယုံကြည်မိ၍
ကိုယ့်လူသူ့ ဘက်သားဖြစ်သွားသည်များလည်းရှိခဲ့၏။
၁၉၈၈ခုနှစ် အောက်တိုဘာလက မြင်ကွင်းတခု(On Asia)

မိမိကိုယ်တိုင် ဝမ်းနှင့်လွယ်၍ မွေးခဲ့လေသော
ရင်သွေး ရင်နှစ်သည်းချာတို့နှင့်လည်း
ရှင်ကွဲ ကွဲနေဆဲ။
ခင်ပွန်းသည်နှင့်လည်း သေကွဲ ကွဲခဲ့လေပြီ။
တစ်ဦးတည်းသောသွေးသားရင်းချာ
လောကတွင် ဘယ်လိုမှ အစားထိုးမရနိုင်တော့သော
အစ်ကိုဖြစ်သူနှင့်ပင် သေခန်းပြတ်မတတ် ရှိခဲ့လေ၏။

မိမိစီးလာသောကားကို
ခဲနှင့် ဝိုင်းပေါက်သည်ကိုလည်းကြုံခဲ့ရ၏။
မိမိအပါအဝင် မိမိအဖွဲ့သားအားလုံး
အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော
သေသူသေ ကြေသူကြေ ကျိုးသူကျိုး ပဲ့သူပဲ့နှင့်
ဒီပဲယင်းအဖြစ်ဆိုးကြီးသည်ကား
ပြန်တွေးလျှင်ပင် ကြက်သီးထလောက်၏။
ဤသည်တို့ကာဒုက္ခတရားစင်စစ်
သို့သော်ငြားလည်းမည်သို့မျှ မတုန်လှုပ်။
အတွင်းနွားချေးခံ အပေါ်ယံရွှေမှုန့်ကြဲ
အနှစ်မပါ အကာချည်းသက်သက်
သကာရည်ဆမ်းသော မေတ္တာတို့ဖြင့်
တိုင်းပြည်နှင့်ပြည်သူလူထု အတွက်ဟူသော
စကားလုံးတို့ကို တွင်တွင်သုံးကာ
မိမိအားကဲ့ရဲ့ပြစ်တင်ရှုံ့ချသော စကားတို့ဖြင့်
ပြည်သူလူထုအပါ်၌ လှည့်ဖျားလိုသောသူတို့
အပေါ်ယံ ရွှေမှုန်ရွှေစတို့ ကွာကျလေသောအခါ
အဘယ်သူကမျှ ပမာမခန့် မလေးမစား ပြောသမျှ စကားအရာမထင်
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ ဖြစ်နေရပုံကိုလည်း
မျက်ဝါးထင်ထင် တွေ့မြင်နေရ၏။
မစစ်မှန်သော မေတ္တာတရား၏
စေစားရာ ကံကြမ္မာသည်ကား
တရားရဖွယ်ကောင်းလေစွ။

မိမိလျှောက်ခဲ့သော လမ်းတစ်လျှောက်
မိမိအား ချီးကျူးဂုဏ်ပြုစကား ပြောဆိုလာသောသူ
အားပေးနှစ်သိမ့် စကားပြောဆိုလာသော သူတို့အား
တုံ့ပြန်သော အပြုံးတို့ဖြင့် ကျေးဇူးတင် စကားဆိုခဲ့ငြားသော်လည်း
သာယာတပ်မက်မှု စိုးစဉ်းမျှမဖြစ်မိ။

ငါ၏ဆန္ဒ
ငါ၏ပညာ
ငါ၏ဇွဲလုံ့လ၊ ဝီရိယ
ငါ၏ခွန်အားသတ္တိ တို့ဖြင့်ပေါင်းစည်းထားသော
ငါ၏စိတ်ဓာတ်တည်းဟူသော ကျောက်တိုင်သည်
ဒုက္ခဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်သေးသော
ပြည်သူတို့၏ နှလုံးသည်းပွတ်နှင့်တူသည့်
ဤမြန်မာပြည် မြေအပြင်ပေါ်၌
မယိုင်မလဲ ခိုင်ခိုင်ခံ့ခံ့ မားမားမတ်မတ် စိုက်ထူလျှက်ရှိ၏။
ဤသည်ကားငါ၏သစ္စာတရား။

ပြင်းထန်သောလေမုန်တိုင်းနှင့်တူသည့်
ထက်အောက် ဝန်းကျင်
အဖက်ဖက်သော အရပ်အရပ်တို့မှ
ငါ့အားကဲ့ရဲ့ ပြစ်တင်ရှုံချသော စကားတို့အား
ငါကြားနေရသော်ငြားလည်း
ငါမတုန်လှုပ် ဝမ်းမနည်းမိ။
ဘယ်သောအခါမျှ ထိုစကားတို့အား အလေးဂရု ပြုမည်မဟုတ်။
1999 (ဓာတ်ပုံ)On Asia
ငါ၏စိတ်ဓာတ်တည်းဟူသော ကျောက်တိုင်သည်
မည်သို့သော အကြောင်းကြောင့်နှင့်မျှ
ဘယ်သောအခါမျှ ယိမ်းယိုင်မည်မဟုတ်။
ဤသည်ကား ငါ၏သမာဓိ။

ပြည်သူ့အကျိုး သယ်ပိုးသည်ဟု ဆိုရာ၌
ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ်
မင်းရေးကျယ်၏ ဟူသောဆိုရိုးစကားရှိ၏။
ကောက်နေသော မျဉ်းတစ်ကြောင်းကို ပြိုင်လိုသော်
ထိုမျဉ်းနှင့်အပြိုင် မျဉ်းကောက်ကိုပင်ဆွဲရ၏။
လိမ်နေသောကြိုးတစ်စကို ဖြေလိုသော်
ပြောင်းပြန် ပြန်၍လိမ်ရ၏။
ထိုသည်ကား လောက၏ ဓမ္မတာသဘောပေတည်း။

ငါသည်မိန်းမသား တစ်ယောက်ပင် ဖြစ်သော်ငြားလည်း
ငါ့အားပစ်ခတ်ရန် ချိန်ရွယ်ထားသော
သေနတ်ပြောင်းဝ ထိပ်ရှေ့တည့်တည့်သို့ပင်
မကြောက်မရွံ့လျှောက်လှမ်းခဲ့ဘူးလေပြီ
ဤသည်ကားငါ၏သတ္တိ။
ပြည်သူသည်သာ ငါ၏အသက်
ပြည်သူသည်သာ ငါ၏နှလုံးသား
ပြည်သူ့မျက်နှာမှလွဲ၍ အဘယ်သူ့မျက်နှာကိုမျှ မကြည့်နိုင်
ပြည်သူအတွက်ဆိုလျှင် ဘယ်အရာကိုမဆို ရင်ဆိုင်ရဲ၏။
ပြည်သူတို့၏ဘဝ သာယာချမ်းမြေ့မည်ဆိုလျှင် ဘယ်အရာကိုမဆိုစွန့်လွှတ်ရဲ၏
ငါအသက်ရှင်နေသရွေ့
ငါ၏အသက်နှင့်ခန္ဓာသည် ပြည်သူ့အတွက်ဖြစ်၏။
ဤသည်ကား ငါ၏ခံယူချက်။

ပြည်သူတို့၏ဘဝ ဆင်းရဲတွင်းမှလွတ်မြောက်ရေးသည်
ငါ၏ ရည်မှန်းချက်ပန်းတိုင်။
အောင်မြင်ရမည်ဟူသည်ကား ငါ၏ယုံကြည်ချက်။
ပြည်သူ၏အပြုံးသည် ငါ၏နှလုံးသားဖြစ်၍
ပြည်သူ၏ဒုက္ခတရားသည် ငါ၏ဘဝပင်ဖြစ်သည်။
ပြည်သူတို့၏ မျက်ရည်သည် ငါ၏နှလုံးသည်းပွတ်တို့ ကြေကြွဲခင်းပင်တည်း။

နေရဲနီ

ဓာတ်ပုံ On Asia & Getty Images


ဆရာနေရဲနီ ကဗျာများ တစုတဝေးတည်း ပြန်ဖတ်လိုလျှင်..
http://www.demowaiyan.org/search/label/%E1%80%B1%E1%80%94%E1%80%9B%E1%80%B2%E1%80%94%E1%80%AE%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8


ပါဝါ(၅၄) (ကဗျာရှင် နေရဲနီ)

ပါဝါ(၅၄) 
(ကဗျာရှင် နေရဲနီ)

အမှတ်(၅၄)
တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်
ရန်ကုန်မြို့။

ဒီခြံထဲက အိမ်ကြီးမှာ
တို့ဖခင်ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
အသက်ထက်ဆုံး နေသွားခဲ့ဘူးတယ်။

ညီမဖြစ်သူရဲ့ကရုဏာနဲ့
သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီး
ဒီခြံထဲမှာဘဲချို့ချို့တဲ့တဲ့ နေသွားခဲ့ဘူးတယ်။
မိခင်ဖြစ်သူကို နေစရာ ပေးထားသည့်အတွက်
ကျေးဇူးဆပ်သောအားဖြင့်
ဒေါ်ခင်ကြီးက ပါလာတဲ့သား
ဗိုလ်မှူးခင်မောင်အေးဆိုသူက
သူ့အမေနေခဲ့တဲ့ မြေနေရာကို
ပိုင်းရောင်းစားဖို့ ကြံခဲ့ဖူးတယ်။

ပါဝါ(၅၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးဖွားပေးရာ
ဘူမိနက်သန် နေရာမှန်ဖြစ်တယ်။

အကြောက်တရား ကြီးမားလှတဲ့
လက်နက်ကိုင် အာဏာပိုင်တို့အတွက်
မုဆိုးမတစ်ယောက်ရဲ့ နှုတ်ဖျားက
ထွက်လာတဲ့ စကားသံတွေ
ဒီမိုကရေစီအရေး တိုက်ပွဲခေါ်သံ
လူထုခေါင်းဆောင်
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်
ဒီမိုကရေစီမိခင် အတွက်
အင်းစိန်ထောင်ရဲ့လက်ခွဲအဆောင်
တစ်ဆယ့်လေးနှစ် ကျော်ကျော်
အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့
အကျဉ်းထောင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပြဿနာကို မီးခွက်ထွန်းရှာဖို့အတွက်
ဂျွန်ယက်တောဆိုတဲ့ လူ
ဒီခြံထဲကိုတိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့ဖူးတယ်။

ဒီခြံထဲကို နဝတ နအဖ အစရှိတဲ့အဖွဲ့တွေက
နိုင်ငံ့ခေါင်းဆောင်တွေ လူမသိသူမသိ
ဝင်ထွက်သွားလာဖူးတယ်။
လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့
နိုင်ငံခြား သံတမန်တွေ
ဒီခြံထဲကို ဝင်ထွက်သွားလာဖူးတယ်။

ဟီလာရီကလင်တန် ဒေးဗစ်ကင်မရွန်း
အစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီသီးက နိုင်ငံ့ခေါင်းဆောင်တွေ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ
ဝင်ထွက်သွားလာဘူးတယ်။

စကားမစပ်
အကျဉ်းကျနေတဲ့လူထုခေါင်းဆောင်ကို
UNကအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းက
ထောင်ဝင်စာတွေ့ဖို့ ကြိုးစားခဲ့ပေမဲ့
တန်းစီးက တံခါးဖွင့်မပေးလို့
ဘန်ကီမွန်းကြီး နောက်လှည့်ပြန်ခဲ့ရဘူးတယ်။

လှပတဲ့အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ခေါင်းဆောင်တွေ
လူထုအမေနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ဆွေးနွေးကြရာ
နေရာလည်း ဖြစ်တယ်။

ပါဝါ(၅၄)
နိုင်ငံတော် ဧည့်ဂေဟာမဟုတ်
ခမ်းနားထည်ဝါတဲ့ ဧည့်ခန်းမရှိသော်ငြား
နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ
သံတမန်ဧည့်သည်တွေ ဝင်ထွက်သွားလာနေမြဲ။

ပါဝါ(၅၄)
ပင်လုံဒေသ မဟုတ်သော်ငြား
ငြိမ်းချမ်းရေး လိုလားတဲ့
တိုင်းရင်းသား ခေါင်းဆောင်တွေ
ဝင်ထွက်သွားလာနေမြဲ။

ပါဝါ(၅၄)
ရှားရှားပါးပါး
ဒီအစ်ကိုဒီနှမ
မိဘတွေ မရှိကြတဲ့နောက်
အစ်ကိုဖြစ်သူ ဈေးသုံးပြတ်လို့
နေစရာမရှိတဲ့ နှမထံမှာ
အမွေခွဲတဲ့ အတွက်
အမှုဆိုင်နေရဆဲ မြေဇာပင်အိမ်တလုံး။

နေရဲနီ

ဓာတ်ပုံ On Asia (1996)ခုနှစ်.