ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label news. Show all posts
Showing posts with label news. Show all posts

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းနှင့် မန္တလေး မြို့တော်ဝန်ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်တို့၏ မသမာမှုများ

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်း
ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့ နေရပါသည်။ ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယမှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင် သိရှိနိုင်ပါသည်။

ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီးအကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်းစိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ် ခင်စန်းရီ ( ပင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။

၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်း ဖြစ်ပါသည်။

မူးယစ်ဆေးတန်ဘိုးများမရရှိသည့်အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်ပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင်ပတ်သက်နေသည့်ကို စုံစမ်းလျှင်သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲနေသည်ကို ကရင်ပြည်သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရပါဝသည်။ ၀န်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။

ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀) လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ဖြစ်ပါသည်။

မန္တလေး မြို့တော်ဝန်ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်
မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူး ဖြစ်စဉ်က မိမိတပ်မ၏ လက်နက်တိုက်ကို မီးလောင်မှုဖြစ်အောင် လုပ်ဆောင်ပြီး သူ၏ ဆရာသမားများ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံလာဘ်စားခြင်း ကိုယ့်ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့တွင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီးအမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေများနှင့် ပူးပေါင်းကာ လာဘ်လာဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်းမြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ် အထက်လူကြီးဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးနေသည်။ ၄င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ်ရွေးရန် လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသော သူ့ကို မဲထည့်မည် စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်း ဖြစ်ပါသည်။ (စုံစမ်းလျှင်သိနိုင်ပါသည်။)

မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလကန်ထရိုက်အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။ ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများအတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။ မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စားနေကြောင်းကို စည်ပင်သာယာဝန်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန်ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။

(ပေးပို့ပေးသော ကိုသန်းထွဋ်အား ကျေးဇူးတင်ရှိပါသည်)။

အနုပညာမောင်နှမများ၏ ပေးဆပ်မှုအင်အား

အနုပညာမောင်နှမများ၏ ပေးဆပ်မှုအင်အား
၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ မဖြူဖြူသင်းထူထောင် ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုတော်အနဂ္ဂသည် သူ၏အ၀တ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှငွေသားများ၊ ဦးကျော်သူမှ T-Shirtများ၊ ပြည်မြို့ရွှေပေါက်ပင် ဆရာတော်ကြီး၏ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော်ကျင့်စဉ်စာရွှက်များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော် တစ်ဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်နောက် ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းထားသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

လူသားအချင်းချင်း စာနာကူညီ ဖေးမသောစိတ်ဓါတ်နှင့် မြတ်စွာဘုရား ဟောကြားကျင့်ကြံခဲ့သော ဗြဟ္မစိုရ်တရား(၄)ပါးကို လက်ကိုင်ပြုခဲ့သောအနုပညာမောင်နှမများနည်းတူ မြန်မာပြည်သူလူထု တစ်ရပ်လုံးကပါ အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို ပေးကြမည်ဆိုပါက ကမ္ဘာမြေကြီးတစ်ခုလုံး သာယာစိုပြေမှုများနှင့် လူသားအားလုံး အေးချမ်းသာယာ စိုပြေတော့မည်ဖြစ်သည်။

လူနာများကို အားပေးနှစ်သိမ့်ခဲ့ကြသလို လူနာများ၏ ပြန်လည်ပြောကြားသော ရင်တွင်းစကားများ၊ ခံစားချက်များ၊ ခံယူချက် စိတ်ဓါတ်များတို့သည် အားပေးခဲ့သူ အားပေးစကား ပြောကြားခဲ့သူ ကျွန်တော်/ကျွန်မတို့အတွက် အင်အားသစ်များများစွာ ဖြစ်ခဲ့ရပေတော့သည်။

First Eleven Journalရဲ့ ၁၃ရက်နေ့ကပွဲမှာ လှလှပပ သွင်းလိုက်တဲ့ ဂိုးများ..

Eleven JournalAlign Center
အနီနဲ့ရေးထားတဲ့ စာသားလေးတွေကို သေသေချာချာ ဖတ်ကြည့်လိုက်မယ်ဆိုရင်..

“Suu Free Unite & Advance to grab their hope”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ၊ စည်းလုံးညီညွတ်ကြ၊ မျှော်လင့်ချက်ပန်းတိုင်ကို ဆုပ်ကိုင်ထားပြီး လုပ်ဆောင်ကြ အဓိပ္ပါယ်ရတဲ့ စာသားတွေ ဖြစ်ပါတယ်...။

မျှဝေပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်...

ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်သမိုင်း … ကိုယ်ရေး

ဘဘဦးလွင်ဇနီးဈာပနမှာ တွေ့ရတဲ့ ဘဘဦးလွင်နဲ့ အမေစု..
လူထုခေါင်းဆောင် အမေစုနဲ့ ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ..

ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ကိုယ့်သမိုင်း … ကိုယ်ရေး

နာရေးကူညီမှုအသင်း (ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေးကိစ္စများကို အခမဲ့ ထမ်းဆောင်ပေးလျှက်ရှိရာ ၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘဦးလွင်၏ ဇနီးဒေါ်တင်တင်မလေးအသက် (၈၈) နှစ်သည် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားပါ၍ ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးမော်တော်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ မော်တော်ယာဉ်နှင့် နိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ သယ်ဆောင်၍ မီးသဂြိုလ်ပေးခဲ့ပါသည်။

ယင်းဈာပနအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘဦးတင်ဦးတို့သည်လည်း ဘဘဦးလွင်အား လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။ လမ်းတစ်လျှောက် အားပေးနှစ်သိမ့်ကြသော ပရိတ်သတ်ကြီးနှင့် ရေဝေးသုဿန်တွင် စောင့်ဆိုင်းနေသော လူထုပရိတ်သတ်ကြီး၏ အင်အားသည် ယခင့်ယခင် နာရေးပို့ဆောင်မှု လမ်းကြောင်းများနှင့်မတူ အလွန်စည်ကားလှသည်။

မည်သို့ပင်ဖြစ်စေ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကိုယ့်လမ်း … ကိုယ်သွား ၊ ကိုယ့်အလုပ် … ကိုယ်လုပ် ၊ ကိုယ့်တာဝန် … ကိုယ်ကျေ ၊ ကိုယ့်သီလ … ကိုယ်လုံစွာဖြင့် ကိုယ့်သမိုင်းကိုယ်ရေးခဲ့ပြီ ဖြစ်တော့သည်။

ပေးပို့ပေးတဲ့ အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ရောက်နေပါပြီ....


Cyclone၂၁ရက်နေ့ည မြန်မာစံတော်ချိန် ည၁၀နာရီခွဲ..အချိန်... ကျောက်ဖြူမြို့ကို ဖြတ်သန်းနေပါတယ်..

ဘဝရှင် မင်းတြားကြီးရဲ့ ယတြာအလံသစ်...

Myanmar New Flag
ယတြာအလံသစ် ဓာတ်ပုံ AP
စစ်အာဏာရှင်တွေရဲ့ အလံသစ်တင်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် (၃)နာရီက စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲ အသုံးပြုခဲ့ပါတယ်...။ ၂၁ရက်နေ့ ၂၀၁၀ခုနှစ် ၃နာရီအချိန်မှာ ပြုလုပ်တယ်လို့လည်း သိရှိရပါတယ်.. ။ ပြည်သူတွေဆန္ဒမပါ.. ပြည်သူတွေရဲ့ သဘောထားကို ကောက်ခံမှုမရှိပဲ ယတြာအလံကို မိမိစိတ်ကြိုက် သဘောအတိုင်း ပြောင်းလဲပစ်လိုက်ခြင်းဟာ ဥပဒေကို လေးစားလိုက်နာမှုမရှိပဲ ပြုလုပ်တယ် ဆိုတာကတော့ အားလုံးသိပြီးတဲ့ အတိုင်းဖြစ်ပါတယ်..။ ၂၀၁၀ရွေးကောက်ပွဲအတွက် ၂၁ရက်နေ့နဲ့ ၃ဂဏန်းကို အသုံးပြုခဲ့ပါတယ်..။ အလံတင်တဲ့ အချိန်ကလည်း မင်္ဂလာအချိန် မနက်ပိုင်းမဟုတ်ပဲ.. ယတြာအချိန် ၃နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ ရဲ့အရေးကြီးတဲ့ အလံကို နအဖအာဏာရှင်တွေဟာ မိမိစိတ်ကြိုက် မိမိသဘောအတိုင်း ယတြာယောင်ယောင် ဘာယောင်ယောင် ပြောင်းလဲအသုံးပြုလိုက်ခြင်းဟာ ပြည်သူတွေကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ..။

အလစ်သန်တဲ့ ဗိုလ်ချုပ်တွေရဲ့ ယတြာအလံသစ်တင်ပွဲ အခမ်းအနား ရုပ်သံ (ဟံသာဝတီ)
ethiopia flag
အီသီယိုးပီယားနိုင်ငံ အလံပါ... အတိတ်ကောင်း နိမိတ်ကောင်း တော်လိုက်တဲ့ နအဖ...

နောက်တစ်ချက် အနေနဲ့ နအဖအာဏာရှင်တွေ ယတြာအတွက် ပြောင်းလဲလိုက်တဲ့ အလံဟာ အာဖရိကတိုက်မှ အီသီယိုးပီယားနိုင်ငံ အလံနဲ့ ထူးထူးခြားခြား တိုက်ဆိုင်နေပြီး ကွာခြားချင်းမရှိတာ တွေ့နိုင်ပါတယ်... အရောင် အပေါ်အောက်ကွဲ နေခြင်းနဲ့ အလယ်မှ ကြယ်ကို ဝိုင်းထားတာပဲ ကွာပါတယ်..။ အီသီယိုးပီးယားနိုင်ငံဆိုတာ ဘာနိုင်ငံလည်းဆိုတာ အထူးပြောစရာတော့ လိုမယ် မထင်ပါဘူး။ အဆိုပါ အီသီယိုးပီးယားနိုင်ငံ အလံနဲ့တူညီနေခြင်းဟာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် ကောင်းတဲ့နိမိတ်တော့ မဟုတ်ပါဘူး..။

တိုက်တိုက်ဆိုင်ဆိုင် တမင်ရည်ရွယ်ထားသော ဒီနေ့ ၂၁ရက်နေ့မှာပဲ နေဖြူတော် ကြပ်ပြေးသို့ ရွှံ့ဆင်ဖြူရောက်ရှိခြင်း အခမ်းအနား သို့ သီဟသူရဘွဲ့ ရရှိထားသူမှ အခမ်းအနားနဲ့ ကြိုဆိုကြောင်း ဖော်ပြပါရှိပါတယ်။
ရုပ်သံ(ဟံသာဝတီ)
ဒီနေ့ အလံတင်မယ့် ၂၁ရက်နေ့မှာပဲ နေပြည်တော်ကို ဆင်ဖြူတော်ဆိုတဲ့ ရွှံ့ရောင် ဆင်ကိုလည်း မရောက်ရောက်အောင် သယ်ဆောင်လာပါပြီး အချိန် ၃နာရီခွဲဆိုတာတောင် ကြေငြာလိုက်ပါသေးတယ်။ ယတြာချေမချေဆိုတာ ခန့်မှန်းနိုင်ပြီး တစ်နေ့တစ်နေ့ ဆင်ဖြူ ယတြာ အာဏာနဲ့ လုံးပန်းနေတဲ့ နအဖအာဏာရှင်တွေပါပဲ...။ အင်္ဂါသားသမီးက အလံချရပြီး ဗုဒ္ဓဟူးသားသမီးတွေက အလံတင်ရမယ် ဆိုပြီး ခပ်ကြောင်ကြောင် ညွှန်ကြားချက်တွေကို ထုတ်ပြန်တယ်လို့ ဆိုပါတယ်..။ နိုင်ငံတကာမှာ ၂၁ရာစုအတွက် အစစအရာရာ နည်းပညာတိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ နအဖကတော့ ဗေဒင် ယတြာ ဆင်ဖြူ ကြံ့ဖွတ်နဲ့ နပန်းလုံးနေတာ ရင်လေးစရာပါပဲ။

ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပြန်လာစမြဲပါ.. ယတြာကို အလွန်အမင်း ယုံကြည်နေတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေ အတွက် အလံပြောင်းတော့ အလောင်းပြန်ပြီး ဆင်ဖြူထပ်ရောက် သန်းရွှေပျောက်တော့မယ့်နေ့ မလွဲမသွေ ရောက်ရှိတော့မယ့် နိမိတ်တွေ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



ကမ္ဘာ့ ဒီမိုကရေစီလူငယ်များနေ့ နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ် ပြည်တွင်း၌ လှုပ်ရှားမှု သတင်း၊ ဓာတ်ပုံ..

ယနေ့(၁၉.၁၀.၂၀၁၀)တွင် ကျရောက်သော ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများက ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားစေတီများတွင် နှင်းဆီပန်းအ၀ါများ ကပ်လှူ၍ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံ နေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွကျောင်းသား၊ လူငယ်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့ပြင်ယနေ့နံနက်တွင် ရန်ကုန်မြို့ရှိ လုံခြုံစိတ်ချရသောနေရာ တခုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီရေးလှုပ်ရှား တက်ကြွသူများ တပ်ပေါင်းစုဝင် ကျောင်းသားလူငယ်များက ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က ပြောကြားရာတွင်” ကျွန်တော်တို့ဘုရားတွေမှာ ဆုတောင်းပွဲ လှုပ်ရှားမှုကို လုံခြုံရေးအရ ရွှေတိဂုံလို လုံခြုံရေး တင်းကြပ်တဲ့ ဘုရားမျိုးတွေမှာ မလုပ်ပဲ တခြားတန်ခိုးကြီးဘုရား တချို့မှာ ဘုရားတဆူကို လူလေးယောက်ခွဲပြီး ပြုလုပ်ခဲ့ပါတယ်။ ပုဇွန်တောင် ရွှေဘုန်းပွင့်ဘုရား၊ ဗိုလ်တထောင်ဘုရား၊ သင်္ကန်းကျွန်း ကျိုက်ကဆံဘုရား၊ သန်လျင်ကျိုက်ခေါက်ဘုရား၊ ကျိုက်ဒေးယုံဘုရားနဲ့ တခြားဘုရားအချို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ ဗဒတတပ်ပေါင်းစု လူငယ်ပေါင်း (၃၇)ယောက်မှ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်အစိုးရက သမိုင်းဖျောက်ထားတဲ့ (၇)ဇူလိုင်အရေးအခင်းနဲ့ တံတားနီ အရေးအခင်းလို ယနေ့ခေတ် ကျောင်းသားလူငယ် တွေမသိမမှီခဲ့တဲ့ သမိုင်းကြောင်းတွေကို ဆွေးနွေး ဟောပြောခဲ့ကြပါတယ်။ စစ်အစိုးရက ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေကို ဘယ်လိုမျိုးအကြမ်းဖက် နှိမ်နင်းခဲ့တယ်ဆိုတာနဲ့အဲဒီအရေးအခင်းတွေမှာ ကျဆုံးခဲ့တဲ့ ကျောင်းသား လူငယ်ပေါင်းများစွာ ကိုဒီနေ့လိုကမ္ဘာ့ ဒီမိုကရေစီလူငယ်များ နေ့မှာ သူတို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ကျွန်တော်တို့ လူငယ်တွေ သဘောတူညီချက်တခု ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီရရှိရေးအတွက်အရင်က နောင်တော်ကြီးတွေရဲ့ လမ်းစဉ်အတိုင်း ကျွန်တော်တို့ရဲ့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ပေးဆပ်ပြီး မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီရရှိသည်.. အထိ လှုပ်ရှားဆောင်ရွက်ကြမယ်လို့ သံဓိဌာန်ချခဲ့ကြပါတယ်။ လှုပ်ရှားမှုနှစ်ခုစလုံးကို သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ကြတဲ့အတွက် အာဏာပိုင်တွေရဲ့ နှောက်ယှက်တာ၊ ဖမ်းဆီးတာမရှိခဲ့ပါဘူး” ဟုပြောကြားသွားပါသည်။ ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများသည် ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုတွင်ပါဝင်ပြီး ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ၂၀၁၀အလွန်ကာလတွင်လည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန့်ကျင်ရေးများ ဆက်လက်ပြုလုပ် သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ NEW GENERATION၊ ရွှေဝါရောင်မျိုးဆက်အဖွဲ့၊ ၂၀၀၇မျိုးဆက်ကျောင်းသားများ သမဂ္ဂ၊ မြေလတ်ကျောင်းသားများအဖွဲ့၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်အင်အားစုများနှင့် ၉၀ခုမျိုးဆက်အဖွဲ့ စသည့်အဖွဲ့ ပေါင်းခုနှစ်ဖွဲ့ ပါဝင်သည်။
ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသို့ လူဦးရေ ၉၀ ကျော် ဝင်ရောက် ကြိုတင်မဲပေး...

ဓာတ်ပုံ အကိုကြီး ကိုသန်းဝင်း
သတင်း ဖြိုးဝေMMP
နိုဝင်ဘာလ၊ ၇ ရက်နေ့တွင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသို့ လူဦးရေ ၉၀ ကျော် ဝင်ရောက် ကြိုတင်မဲပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ မဲပေးခွင့် ရသူများမှာ စစ်အုပ်စု၏ ထောက်ပံ့မှုများဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြသူများဖြစ်ကြောင်း၊ မဲပေးခဲ့သူများ အနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အဓိကထား လာရောက်မဲပေးကြ ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှ မကြာသေးမီက အောက်တိုဘာလ၊ ၁၉ ရက်၊ အင်္ဂါနေ့တွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြရန် ဖိတ်စာများပို့ပေးခဲ့သည်။ ကြိုတင်မဲပေးခွင့် မရတာနဲ့ ပတ်သတ်ပြီး “ဖိတ်စာတွေသံရုံးက လူတိုင်းကို မပို့ပေးဖူး၊ ဂျပန်နိုင်ငံကို ရောက်ရှိကြောင်း သံရုံးကို လာသတင်းပေးသူတွေပဲ လက်ခံရတယ်။ မြန်မာပြည်သူ အများစုကလည်း အစိုးရနဲ့ ဝေးဝေးနေချင်ကြတယ်လေ ဖြစ်နိုင်ရင်မပတ်သတ်ချင်ကြဖူး၊ အဲဒီတော့ သံရုံးကို သတင်းပို့တာတွေ ဘာတွေလုပ်မနေတော့ဖူးပေါ့ဗျာ၊ ဒါကြောင့် မဲပေးခွင့်မရတာ လိုထင်ပါတယ်”ဟု လာရောက်မဲပေးသူ တစ်ဦးက ရှင်းပြသည်။ သံရုံးသို့ ရောက်ရှိ သတင်းပေးခြင်း အခွန်ဆောင်ခြင်းများ မပျက်မကွပ် ပြုလုပ်နေသူများထံသို့ပင် ဖိတ်စာများ မရောက်ရှိကြောင်း စစ်အုပ်စု အသိုင်း အဝိုင်း နှင့် နီးစပ်သူများကို သာ ဖိတ်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြိုတင်မဲဆန္ဒပေးသူများအား ဂျပန်ရောက် ဒီမိုကရေစီလိုလူသူများနှင့် မြန်မာကျောင်းသား/ကျောင်းသူများ သွာရောက်ဆန္ဒပြကန့်ကွက်ခဲ့ကြပါသည်။ “ပြည်သူလူထုကို ကိုယ်စားမပြုတဲ့၊ ပြည်သူလူထု ဆန္ဒမပါပဲ ပြုလုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေါ်မူတည်ပြီး ကျင်းပ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တာကြောင့် လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒလာပြတာပါ”ဟု ဒီမိုကရေစီလိုလားသူ ကိုထွန်းဦးမှ ပြောပြသွားပါသည်။ ဆန္ဒပြပွဲကို မနက် ၈း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

စစ်အုပ်စုအနေဖြင့် မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်သွားမှာဖြစ်သလို ရွေးကောက်ပွဲ အား နိုင်ငံတကာမှ စောင့်ကြည့်ပုဂ္ဂိုလ်များ နှင့် လေ့လာသူများ ကို ခွင့်ပြုမည် မဟုတ်ကြောင်း စစ်အုပ်စု၏ သတင်းစာများတွင် ဖော်ပြထားသည်။

http://www.burmacampaign.net/

2010 ရွေးကောက်ပွဲ အလိုမရှိ၊ ဖျက်သိမ်းပစ်၊ နအဖ ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းပေး၊ ဆိုတဲ့ စာသားများ မန္တလေးမှာ ဖြန့်ဝေ..

2010 ရွေးကောက်ပွဲ အလိုမရှိ၊ ဖျက်သိမ်းပစ်၊ နအဖ ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းပေး၊ ဆိုတဲ့ စာသားများ မန္တလေးမှာ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ် -

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့

မန္တလေးတိုင်းဆည်တော်လေး ရေဖေါက်လွှတ်မှုကြောင့် ရေလျှံပြီး ရွာလုံးကျွတ်ပါသွား


မန္တလေးတိုင်းဆည်တော်လေး ရေဖေါက်လွှတ်မှုကြောင့် ရေလျှံပြီး ရွာလုံးကျွတ်ပါသွားကြောင်း သိရပါတယ်။ ပြည်တွင်းမှ ဝင်လာသောmailကို တိုက်ရိုက်ဖေါ်ပြလိုက်ပါတယ်။ အစ်ကို ကျော်မိုး မန္တလေးတိုင်း ဆည်တော်လေး ရေဖေါက်လွတ်မှုကြောင့် ရေလျံ့ပြီး ရွာလုံးကျွတ် ပါသွားပါတယ်။ ဂိုက်တန်းကျေးရွာ ကအဆုံးဆုံးပေါ့။ လူလွတ်ပြေးခဲ့ရတယ်။ အုံးချောနားမှာ ရွာတွေက။ရေထဲပါသွားတာ အိမ်ခြေ 153 အိမ်။ ကျောင်းသားဦးရေ 145 ဦး။ ကျောင်းတွေစာသင်ခုံတွေ ဘာမှမရှိတော့ဘူး။ စားစရာတောင်မရှိလို့ ဒုက္ခရောက်နေကြတယ်။ ဒီလိုအဖြစ်မျိုး ခဏခဏဖြစ်တယ်။ ကြိုပြီး သတင်းပေးတာတွေ မရှိတော့ အထိနာတယ်။ လောလောဆယ် နီးစပ်ရာဘဲသိတော့ ဆန် 1ဗူး 4 ဘူးလာလှုကြတယ်။ ဂျာနယ်မှာလဲ လူ 2 ဦးသေတယ် ဆိုပြီးပေါ့ပေါ့ ဘဲ သတင်းရေးခွင့်ရတော့ သိပ်မသိကြဘူး။ ခု အလောင်း သေဆုံးသူ 50 ကျော်သွားပြီ။ အဲ့ဒီအတွက် မနက်ဖြန်ကို ဦးပဇင်းနဲ့ ဦးဆောင်ပြီးသွားလှူမယ်။ လောလောဆယ် အ၀တ်အစားလှုမယ်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုတွေဖြစ်နေလို့။ ပထမဦးဆုံး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသေးစိတ် ထပ်မံသိချင်တယ်ဆိုရင် mgyemyint@gmail.comကိုဆက်သွယ်နိုင်ပါတယ်။


ရင်းမြစ် http://www.lanpyakye.org/2010/10/blog-post_712.html

၂၀၁၀ အတုယောင် ရွေးကောက်ပွဲသရုပ်ပြပွဲ (ရန်ကုန်)...

Sham Election
မဲသွားမပေးကြပါနဲ့ မတတ်သာလို့ သွားပေးရရင်လည်း အကွက်အာလုံးကို အမှားသာ ကြက်ခြေခတ်ခဲ့ကြပါ.. ပယ်မဲဖြစ်အောင်
အတုအယောင် ရွေးကောက်ပွဲ အားအတုပြုလုပ်၍ အတုပယ်မဲများပေးနေပုံ
ပယ်မဲများ ရေတွက်ရန် ပြုလုပ်နေပုံ
အတုအယောင် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် အနစ်သာရ ဘာမှ မရှိတဲ့ ဗလာဖြစ်ပါတယ် ဆိုတာကို ပြသနေပုံ...ဘယ်ဘက်ကပုံရှင်ကတော့ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဆိုသူဖြစ်ပြီး လိုအပ်သည်များကို မှာစားသွားပါတယ်..

ဓာတ်ပုံ AP


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိခွဲစိတ် ကုသမှုအောင်မြင်စွာ ပြီးဆုံး....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိခွဲစိတ် ကုသမှု ယနေ့ နေ့လည် ၃နာရီမှာ စတင်ပြီး ၄နာရီ၄၇မိနစ်မှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

Tang Tock Seng ဆေးရုံ၌ နေ့လည်၃နာရီ၁၀မိနစ်တွင် မြန်မာခွဲစိတ်ဆရာဝန်၊ မြန်မာမေ့ဆေးဆရာဝန်၊ မြန်မာနပ်စ်မများ နှင့် ခွဲစိတ်ကုသမှုခံယူပြီး ၄နာရီ၄၇မိနစ် အချိန်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ မျက်စိတွင်းဖုံးလွှမ်းနေတဲ့ သွေးခဲများအား ခွဲထုတ်ပြီး LEN ကိုပြန်လည် ထည့်သွင်းခဲ့ပါတယ်..။ မျှော်မှန်းထားသည်ထက် အထူးကောင်းမွန်ကြောင်း ဆရာဝန်များမှ ဆိုပါတယ်..။ မနက်ဖြန်တွင် မျက်စိ အခြေအနေအား ပြန်လည် စစ်ဆေးပြီး ပြန်လည် ဆင်းခွင့်ပြုမည် ဖြစ်ကြောင်းသိရှိရပါသည်..။

ဘဘဦးတင်ဦး ဆေးရုံတက်နေစဉ် နိုင်ငံအသီးသီးမှ ဆုတောင်းမေတ္တာ ပို့သသူများ စိတ်ဓာတ်အားဖြင့် မေးမြန်း အားပေးသူများအား အထူးကျေးဇူးတင်ပါကြောင်း ဘဘဦးတင်ဦးနှင့် မိသားစုဝင်များမှ ပြောဆိုပါသည်။

မြန်မာစစ်အစီုးရ၏ ဥပဒေမဲ့ လုပ်ရပ်များကို ကမ္ဘာကသိအောင်ဆောင်ရွက်ြကပါ။

 လာမည့်ဇွန်လ (၅)ရက်နေ့ မှာ ဒေါ်စုအမှုအတွက် အပြန်အလှန် လျှောက်လဲချက်များ ပေးကြပါမယ်။အဲဒီနေ့မှာပဲ စီရင်ချက် ချကောင်းချနိုင်ကြောင်း ကျွန်တော်ဆက်သွယ် မေးမြန်းရာမှသိရှိရပါတယ်။
ဒေါ်စုအမှုတွင် အစိုးရဖက်မှသက်သေ ၁၅ဦးအထိလျှောက်လဲခွင့် ရရှိခဲ့သော်လည်း
ဒေါ်အောင်ဆန်းစုကြည်ဖက်မှ တစ်ဦးသာလျှောက်လဲခွင့်ရရှိခြင်းသည် တရားစီရင်ရာတွင်မျှတမှုမရှိခြင်းမှာ ပေါ်လွင်ကြောင်း၊
တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ Rule & Law မရှိဘူးဆိုတာ ကမ္ဘာကသိအောင် သက်ဆိုင်ရာနိုင်ငံတွေမှာ
ဆော်သြပေးစေလိုကြောင်း မှာကြားလိုက်ပါတယ်။

သတင်းမှန်ရရှိရေးအတွက်အထူးကြိုးစားနေပါသည်။

အရေးကြီးတဲ့အခုလိုအချိန်မှာ မြန်မာပြည်က သတင်းတွေကို မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် တင်နိုင်ဖို့အတွက် ဒီဘလော့လေးကိုရေးဖြစ်တာပါ။ ဝေဖန်အကြံပေးဆွေးနွေးနိုင်ပါတယ်။

တရားဥပဒေ ချိုးဖောက်ပြီးရင်း ချိုးဖောက်နေသောနအဖ

NLDရှေ့နေကြီးဦးဥာဏ်ဝင်းမှဆက်လက်ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်နအဖ၏ လုပ်ရပ်တစ်ခုအပေါ်ဝေဖန် ပြောဆိုခဲ့ကြောင် ကြားသိရပါသည်။အကြောင်းရင်းမှာ မေလ၂၈ ရက်နေ.တွင် မစ္စတာယက်တောအား အာဏာပိုင်များမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ခေါ်ဆောင်သွားပြီး အမှုဖြစ်စဉ်အားသရုပ်ပြစေခြင်းနှင့် ပတ်သက်ကြောင်း သိရပါသည်။ ဒေါ်စုအား နေအိမ်အကျယ်ချုပ်ချထားခြင်းကို မေလ၂၆ ရက်နေ့တွင်ရုပ်သိမ်းခဲ. ပြီးဖြစ်သော်လည်း ဒေါ်စုခွှင့်ပြုချက်မရပဲ မေလ၂၈ ရက်နေ. ၌ အာဏာပိုင်များမှ မစ္စတာယက်တောအား ဒေါ်စုနေအိမ် သို့ခေါ်ဆောင်သွားခြင်းမှာ တရားဥပဒေမဲ့ လုပ်ရပ်ြဖစ်ကြောင်း ဝေဖန် ပြောဆိုခဲ့ပါသည်။

အထူးသတင်း။

ယနေ့နေ့လည် ၂နာရီ မှ ၄နာရီခွဲ အချိန်ထိအင်းစိန်ထောင် ဧည့်ရိပ်သာတွင်ဒေါ်အောင်ဆန်းစုကြည် နှင့်ရှေ့နေများတွေ.ဆုံခွင့်ရရှိခဲ့ပါသည်။
ဦးကြည်ဝင်း၊ဦးဥာဏ်ဝင်းနှင့်ဒေါ်ခင်ဌေးကြွယ် တို့တွေ့ဆုံခွင့်ရခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်
ပတ်သက်၍ဆက်လက်လုပ်ဆောင်ရန်ရှိသည်များကိုဆွေးနွေးခဲ့ ကြကြောင်း NLDရှေ့နေကြီး
ဦးဉာဏ်ဝင်းထံမှကြားသိရပါသည်။

ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး(၆)နှစ်ပြည့်ဝမ်နည်းခြင်းအထိမ်းအမှတ်ဂျပန်နိုင်ငံတိုကျိုမြို့















မေ၃၀ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု (၆)နှစ်မြောက်
ဝမ်နည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ
တိုကျိုမြို့ နအဖသံရုံးရှေ့တွင် ယနေ့နေ့လယ် ၃နာရီ
မှညနေ၅နာရီ အထိ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ
အဖွဲ့အစည်း အသီးသီးမှမြန်မာလူမျိုးများနှင့်ဂျပန် လူမျိုးများ စုစုပေါင်း အင်အား ၄၀၀ ကျော် တက်ရောက် ခဲ့ကြပြီး အဖွဲ့အစည်း အသီးသီးမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် အမှာစကားများ ပြောကြား ခဲ့ပါသည်။ ထိုနောက် လွမ်းသူ ပန်းခွေချခြင်းများ ပြုလုပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ခဲ့ပါသည်။

အရေးကြီးပြီ သွေးစည်းကြပါစို့။

ပြည်တွင်းမှာ အမေစု အတွက် မခံမရပ်နိုင် ဖြစ်မိလို့ ဒီဘလော့လေးကို ရေးမိတာပါ။ အမှားပါရင်လည်း ခွင့်လွှတ် ပေးစေချင် ပါတယ်။ ကိုယ်ကိုယ်တိုယ် ပြည်တွင်းကို အင်တာဗျုးခွင့်ရတဲ့ သတင်းတွေကို တင်ပြချင်လို့ပါ။ လိုအပ်တာလေးတွေရှိရင် ပြင်ဆင် ပေးကြပါနော်။

ဒီမိုဝေယံ ။...။

ဒီမိုဝေယံ

အမိမြန်မာပြည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင် နိုင်ပြီး အာဏာရှင် စံနစ်အပြီးသတ် ချုပ်ငြိမ်းစေရန်
ဝိုင်းဝန်း လက်တွဲ လုပ်ဆောင်ကြပါစို့။


ဒီမိုဝေယံ။....။