ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts
ဝန်းသိုမြို့မှ ပေးစာ...
ဒီမိုဝေယံသို့ ပေးစာ...
သို့ /
ပညာရေးညွှန်ကြားရေးမှူးချုပ်
အမှတ်(၂)အခြေခံပညာဦးစီးဌာန
အထက်မြန်မာပြည်၊ မန္တလေးမြို့ ။
ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့ပညာရေးကဏ္ဍကို စိတ်ဝင်စားကြသူများ သုံးသပ်နိုင်ဖို့ ဒီစာကို ရေးသား လိုက်ရပါတယ်။
ကျွန်မကတော့အငြိမ်းစားယူပြီးဖြစ်တဲ့ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦးပါ။ တစ်နေ့ တော့ကျွန်မအိမ်ကို မိတ်ဆွေတစ်ဦးရောက်လာပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတဲ့သူ့ မြေးအကြောင်းလာပြောတာပေါ့။
ခေတ်သစ်ပညာရေးကဏ္ဍမှာဘော်ဒါဆောင်တွေကြီးစိုးနေပေမယ့်သူ့ မြေးကိုတော့ဘော်ဒါဆောင်မထားပါ ဘူးတဲ့။အိပ်ချိန်မမှန်၊ စားချိန်မမှန်လောက်အောင်စာဆိုမှ စာရူးမတတ် ကျက်ခိုင်းနေတာကို မကြိုက်လို့ တဲ့လေ။
ဒီတော့ကလေးကိုအိမ်မှာပဲစာလုပ်ခိုင်းတယ်။ ကျောင်းကပေးလိုက်တဲ့စာကိုတစ်နေ့ စာတစ်နေ့ ပုံမှန် လုပ်ခိုင်းတယ်။ နားမလည်တာရှိရင် မှတ်ထားပြီး ကျောင်းရောက်တော့ပြန်မေးပေါ့။ ကလေးကစာတော်ပါတယ်။အခုတော့သူ့ မြေးအတွက်စိုးရိမ်စိတ်နဲ့ အတူ စိတ်မချမ်းသာစရာရှိ နေတဲ့ အကြောင်းကျွန်မကို ပြောပြပါတယ်။ တခြားတော့မဟုတ်ပါဘူး။ ညနေပိုင်းကျောင်းဆင်းပြီးတာတောင်မှ မနားရသေးဘဲနဲ့ အချိန်ပိုဆက်တက်နေရတဲ့အကြောင်းပေါ့။
သူပြောပြီးတော့ကျွန်မခေါင်းထဲမှာတွေးစရာတွေအများကြီးရှိလာတယ်။ ကလေးဆိုတာ သူများကျောင်းဆင်းရင် ဆင်းချင် တာပါပဲ။ ကျောင်းဆင်း ခေါင်းလောင်းထိုး လိုက်တာနဲ့ အိမ်ကိုတဟုန်ထိုး ပြေးလွှားသွားကြတာကို ကြည့်ရင်သိသာ ပါတယ်။ ဟုတ်တယ်လေ။ သူတို့ ခမျာမှာဟိုဆရာဝင်သင်လိုက်၊ ဒီဆရာဝင်သင်လိုက်နဲ့ တစ်နေ့ လုံးအနားမရ ရှာပါဘူး။ ထိုင်နေရတာပဲ။မပင်ပန်းပါဘူးလို့ မထင်လိုက်ပါနဲ့ ။ ကိုယ်တိုင်တစ်နေ့ လုံးထိုင်ကြည့်ပါ။ သူတို့ လေး တွေမှာထိုင်နေရုံ သက်သက်မဟုတ်ပါဘူး။ ဦးဏှောက်ကလည်း အလုပ်လုပ်နေရတာပါ။ ဒါကြောင့်ကလေးတချို့  ရဲ့  ပြောသံကြားဖူးပါတယ်။ သာယာသံဆိုတာ ကျောင်းဆင်းခေါင်းလောင်း ထိုးတဲ့အသံပါတဲ့။
ခုတော့ကျောင်းဆင်း ခေါင်းလောင်းသံကိုကြားရပေမယ့် အောင်ချက်မြင့်မားရေးခေါင်းစဉ်အောက်က  အချိန်ပိုကြောင့် ကျောင်းပေါက်ဝကို
 ငေးကြည့်ပြီးအိမ်ပြန်ခွင့်မရတဲ့ကလေးတွေခမျာအင်မတန်သနားဖို့ ကောင်းပါ တယ်။
ကလေးတစ်ယောက်ရဲ့ မှတ်ဥာဏ်အားဆိုတာအကန့် အသတ်ရှိပါတယ်။ စာကိုချည်း ဆက်တိုက်အသင်ခံနေရတဲ့ ကလေးတစ်ယောက်ကို အချိန်ပိုဆိုပြီး ကျောင်းမဆင်းပေးဘဲ ထပ်သင်နေလို့ ရောရနိုင်မယ်ထင်ပါသလား။
ကြာရင်ကလေးတွေဘာဖြစ်လာမလဲ။ စိတ်ကျတာတွေ၊ စိတ်တို လွယ်တာတွေပဲဖြစ်လာပါလိမ့်မယ်။
သင်တိုင်းသာတတ်မယ်ဆိုရင်တိရစ္ဆာန်လေးတွေတောင်ပညာရှိက၀ိတွေဖြစ်နိုင်ပါလိမ့်မယ်။ စာသင်တဲ့ဆရာ၊ဆရာမတွေကို အပြစ်ဆိုချင်တာမဟုတ်ပေမယ့် ကလေးတွေဖက်ကိုလည်းတွေးပေးဖို့ ပြောချင်တာပါ။ ကလေးဆိုတာကစားချိန်ကစား၊ နားချိန်မှာနား၊ စာကျက်ချိန်စာကျက် အားလုံးမျှမျှတတ ဖစ်မှကောင်းပါတယ်။ စေတနာဆိုတဲ့စကားလုံးကြီးနဲ့ ပစ်ပေါက်ပြီး စာချည်းလှိမ့်သင်နေလို့ ကတော့စာကြောက်ပြီး စိတ်တိုလွယ်တဲ့ ကလေးတွေဖြစ်လာမှာ မလွဲမသွေပါပဲ။ ဒါကကလေးတွေဖက်ကစဉ်းစား
ပေးတာပါ။
ကဲဆရာဆရာမတွေဖက်ကို လှည့်ပြီး စဉ်းစားပေးကြဦးစို့ ။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ဝန်းသိုမြို့ နယ် ဆိုတာသစ်တောတွေနဲ့ စိမ်းလန်းပြီးနေချင်စ ဖွယ်မြို့ လေးတစ်မြို့ ပါ။ မနက်ဈေးဆို လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေသစ်သီးတွေကိုလည်းဈေးချိုချိုနဲ့  ၀ယ်ယူနိုင်ပါသေးတယ်။ ကျွန်မကတော့မနက်တိုင်း ကိုယ်တိုင်ဈေးသွားလေ့ရှိပါတယ်။ ကြာလာတော့ဈေးသည် တွေနဲ့ ခင်မင်ရင်းနှီးလာပါတော့တယ်။
တိုးပေးလိုက်တဲ့လစာနဲ့ မကာမိအောင်လိုက်တိုးတတ်တဲ့ ခေတ်ကာလကုန်ဈေးနှုန်းရဲ့ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့  ဈေးသည်ဆရာမ လုပ်နေကြရရှာတယ်။ မြို့ နယ်ကခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြတ်တောက်ပြီးလို့ ကျန်တဲ့လစာလေး ကိုခြစ်ခြစ်ချုပ်ချုပ်သုံးရင်း အသက်၀၀မရှူနိုင်ခဲ့တာကြာပြီပေါ့ ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့ ရင်ဖွင့်သံက ကိုယ်ပါ အသက်ရှူကျပ်မိပါတယ်။ ဆရာမတစ်ယောက်ကတော့ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဈေးသည်ဆရာမ လုပ်ရတာမရှက်ပါဘူးတဲ့။
ရိုးရိုးသားသားဈေးရောင်းစားတာကိုရှက်စရာလို့ လဲမမြင်ဘူး။ ပြောင်းရွှေ့ အော်ဒါတစ် စောင်ရွေးခကို ၁၀၀၀၀(တစ်သောင်းကျပ်)၊ ရာထူးတိုးအော်ဒါတစ်စောင်ရွေးခကို ၁၅၀၀၀(တစ်သောင်းခွဲကျပ်) တောင်းစားနေတဲ့ မြို့ နယ်ပညာရေးမှူးဒေါ်မေလွင်ဇင်၊ နေ့ စားလပေးအလုပ်ရချင်ရင် သုံးသိန်းကနေ ခြောက်သိန်းအထိတောင်းစားနေတဲ့ ဒေါ်တင်ဝင်းကြည် တို့  ၊အသေးသုံးချပေးသမျှကို အိပ်ထဲထည့်ပြီး ရွှေဝယ်ဝတ်နေတဲ့ ကျောင်းအုပ်တွေထက်စာရင် လစာနဲ့ မလောက်လို့ မနက်ခင်းဈေး ရောင်းတာသိက္ခာအပြည့်အ၀ရှိတယ်ဆိုပဲ။
အထက်အဆင့်ဆင့်က အလကားပေးလိုက်တဲ့ အော်ဒါတွေက ၀န်းသိုမြို့ နယ်ကိုရောက်မှ ဈေးကြီးပေးဝယ်နေ ရတယ်တဲ့လေ။ ရာထူးတိုးလို့ ပျော်ရမယ်မထင်နဲ့ အော်ဒါရွေးခ မပေးရင်ထုတ်မပေးဘူး။ ဒါတွေကိုအထက်က မသိဘူးလားလို့ မေးတော့ သိလည်း အရေးမှမယူတာ။ ဒါမှမဟုတ်သူတို့ ကိုယ်တိုင်က လုပ်စားခွင့်ပေးထား တာလည်းဖြစ်နိုင်တာပဲ။ သူတို့  ကပြောတယ်။ တိတိကျကျတိုင်ရင် အရေးယူမယ်လေးဘာလေးနဲ့ ။
 သူတို့ သိလည်းဘာမှ မလုပ်ပေးတာ လူတိုင်း သိတယ်။ တိုင်လည်းအလကားပဲ။ သူတို့ ကတိုင်ရင် တိုင်တဲ့သူကို ရိုက်တတ်တယ်လေ။ လို့ ဖြေပါတယ်။
တဆက်တည်းမှာပဲကျောင်းမှာသင်နေတဲ့အချိန်ပိုကိစ္စကိုမေးကြည့်တော့…….
ကျောင်းအုပ်က သင်ဆိုတော့လည်း သင်ရတာပေါ့။ ဒါပေမယ့်အချိန်ပိုကိုကလေးတွေစိတ်ဝင်တစားမရှိလှပါဘူး။ တစ်နေ့ လုံးစာသင်နေရတာဆိုတော့ တော်တော်ပန်းနေပြီပေါ့။ ကလေးတွေလည်းပန်း၊ ဆရာမတွေလည်းပန်း။
နှစ်ဦးနှစ်ဖက်ပင်ပန်းနေတဲ့အချိန်မှာ ခေါင်းထဲကို အတင်းရိုက်ထည့်ခိုင်းနေတော့ ကလေးတွေကို သနားမိတယ်။ မသင်လို့ ကလည်း မဖြစ်ဘူးလေ။ အမိန့် ပေးတာဆိုတော့လုပ်ရတာပေါ့။ တစ်ကယ်ဆိုကလေးတစ်ယောက်ကို အဲ့ဒီလောက်အထိသင်လို့ မရဘူး။ နားချိန်ပေးရမယ်။ ဒါမှကျောင်းက သင်လိုက်တဲ့ စာတွေကိုအိမ်မှာ ပြန်လေ့လာ နိုင်မှာပေါ့။ ဦးဏှောက်ကို အနားပေးချိန်နည်းလွန်းတော့ ကလေးတွေကမပျော်ရွှင်တော့ဘူး။ ကျောင်းကိုကြောက်လာတယ်။ စာကိုကြောက်လာတယ်။
တချို့ ကလေးတွေဆိုစိတ်တိုစိတ်ဆတ်ပြီး ခဏခဏ ရန်ဖြစ်တာမျိုးတွေအထိရှိလာတယ်။ ကျွန်မတို့ ဝန်းသိုမြို့ နယ်က အလွတ်ကျက်ဖြေစံနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာစံပြုလောက်ပါရဲ့ ။ ဆရာမတွေလည်းကျောင်းဆင်းလို့ အိမ်မပြန်ရ။ ကျောင်းသားကျောင်းသူတွေလည်း အတန်းထဲမှာတပိန်ပိန်တလိန်လိန်နဲ့ ။ ကျောင်းအုပ်ကတော့သူနာမည်ကောင်းရတော့မယ်ဆိုပြီးတပြုံးပြုံးနဲ့ ပေါ့။ တကယ်က ကလေးတွေရဲ့ ဥာဏ်ရည်ကိုသတ်နေတာဆိုတာသိဖို့ ကောင်းတယ်။ ဦးဏှောက်ဆိုတာစဉ်းစားချိန် မရှိရင်မထက်မြက်နိုင်ဘူးလေ။ နည်းနည်းသင်၊ များများလေ့လာဆိုတဲ့စကားကို ၀န်းသိုမြို့ နယ်ကမေ့နေတာ။ လို့ ပြောပြပါတယ်။
ကျွန်မတို့ ခေတ်မှာလည်း ထူးချွန်ထက်မြက်တဲ့သူတွေအများကြီးပေါ်ထွန်းလာခဲ့ဖူးပါတယ်။
ဒါပေမယ့်ဒီလောက်အထိဆိုးဆိုးရွားရွားစာဆိုမှစာ မလုပ်ခဲ့ရပါဘူး။ စာသုံးလေးမျက်နှာကို ခဏနဲ့ ရတယ်။  ကျောင်းဆင်းတာနဲ့ ကစားနိုင်တယ်။ နားနိုင်တယ်။ ခုခေတ်ပညာရေးဌာနကလူကြီးတွေဆိုတာလည်း ကျွန်မ    နဲ့ တစ်ခေတ်တည်းဖြတ်သန်းလာခဲ့ကြဖူးပါလိမ့်မယ်။ ဒါနဲ့ များတောင်ဘာကြောင့် အနားမပေးပဲစာကိုချည်းသင် မှအောင်မြင်မယ်ဆိုတဲ့ အတွေးအမြင်နဲ့ အမိန့် ပေးစေခိုင်းနေရသလဲဆိုတာမပြောတတ်တော့ပါဘူး။ စာတစ်ခုကလွဲပြီးကျန်တာ ဘာမှမသိတော့အာင်များ တမင်တကာ လုပ်ယူနေလေရော့သလား။ ကျွန်မရဲ့  အယူအဆကတော့ ဘုရားဟောထားသလိုအလယ်အလတ်ကျင့်ပါဆိုသလို စာသင်ချိန်စာသင်၊ နားချိန်မှာနားစေချင်တာပါပဲ။ ကျောင်းဆင်းခေါင်းလောင်းသံကိုကြားရပေမယ့် သူတို့ နဲ့ မသက်ဆိုင်သလို အတန်းထဲမှာငုတ်တုတ်ထိုင်နေရတဲ့ကလေးတွေကိုသနားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဟော….. ပြောရင်းဆိုရင်း ပင်ပန်းနွမ်းနယ်နေတဲ့ ခြေလှမ်းတွေနဲ့ အစိမ်းအဖြူဝတ်စက်ရုပ်လေးတွေ ကျွန်မအိမ် ရှေ့ ကနေဖြတ်သွားကြလေရဲ့ ။
(မှတ်ချက်။     ။ အခုရေးခဲ့တာတွေ အားလုံးက၀န်းသိုမြို့ နယ်မှာ ဖြစ်နေတဲ့တစ်ကယ့်ဖြစ်ရပ်မှန်တွေပါ။ တခြားတခြားသော ရေးစရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။ နောက်များ အလျင်းသင့်ရင် ဆက်ရေးပါဦးမယ်။ ကျွန်မနဲ့  ဘောထားခြင်း တိုက်ဆိုင်သည်ဖြစ်စေ၊  မတိုက်ဆိုင်သည်ဖြစ်စေ စာဖတ်သူယူဆချင်သလို ယူဆနိုင်ပါတယ်။ ဒီစာကိုတင်ပေးတဲ့ Admin ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။)
ဝန်းသိုမီးမောင်း
ပွင့်လင်းမြင်သာမူ မရှိသော ည အိပ်ခွန် ကိစ္စ (ပေးစာ)
ပွင့်လင်းမြင်သာမူ မရှိသော ည အိပ်ခွန် ကိစ္စ (ပေးစာ)
ရန်ကုန်တိုင်း ဒေသကြီး ၊ ကြည့်မြင်တိုင် မြို့နယ် တွင် 30.7.2014 ည အချိန် တွင်
ကြည့်မြင်တိုင် မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေး မှူး ရုံး မှ ဝန်ထမ်း
များမှ အိမ်ရှေ့ လမ်းမ များပေါ်တွင် ညအိပ် ရပ်ထားသော ကားများရဲ့ ရှေ့ မှန်များပေါ်တွင် ညအိပ်
ရပ်ထားခြင်းနှင့် ပတ်သက်သော သတိပေး စာများလာရောက် ကပ်ထားကြောင်းသိရပါ
သည်။
ထို့ကြောင့် ကားပိုင်ရှင် များ သည် ၎င်းတို့ ချိန်းထားသော အချိန်တွင် သွားရောက်
ကြသည့် အခါ ညအိပ်ခွန် နှင့် ပတ်သက်သည့် တာဝန် ကိုယူထား သော ဝန်ထမ်းဆိုသူက
ညအိပ်ခွန် မပြုလုပ်ထားသူများအား ဒဏ် ငွေ အပါ အဝင် ကဒ် တစ်ခုကို တစ်ကတ်
ကို ၈ ထောင် ၊ ၇ ထောင် ၊ ၆ ထောင် စသည်ဖြင့် တောင်းပါသည်။ ကဒ်သာပေး ပြီး
မည်သည့် လက်ခံ ဖြတ်ပိုင်းမှ ပေး ဆောင်ခြင်း မရှိကြောင်း ကား ပိုင်ရှင်
များထံမှ သိရပါသည်။
ထို ကိစ္စ သည် နှစ်စဉ် နှစ်တိုင်း မြို့နယ် စည်ပင်သာယာ ရေး ရုံးတိုင်း ရဲ့
လုပ်စားကွက် များ ဖြစ်ကြောင်း သိရပါသည်။ ထို လုပ်ဆောင်ချက်များ သည် နိုင်ငံတော် အတွက် မည်သည့် အကျိုး မှ မရှိ သလို ကား ပိုင်ရှင် များ အတွက် လည်း အချိန် ကုန် ငွေကုန်ပါသည်၊
ကား ပိုင်ရှင်များရဲ့ ဒဏ် ငွေ သည် နိုင်ငံတော် နှင့် ပြည်သူများ အတွက်ပြန်လည်ဖြစ်
သင့်ပါသည်။
သို့ပါသော်လည်း မြို့နယ် စည်ပင်သာယာရေး ရုံး များ အတွက် ဂွင်လုပ်စားကွက်များ အဖြစ် ပေါများ တဲ့ဝင်ငွေ များဖြစ် နေသည်ကို နိုင်ငံတော် အကြီး အကဲများ သိစေချင်ပါသည်။
ထိုအတူ ယာဉ်စည်းကမ်း မလိုက်နာသည့် ကားမောင်းသူများ အား ဒဏ်ငွေ များစွာ ရိုက်ခြင်း၊
ကား လိုင်စင် နှစ် ရှည် ပိတ် သိမ်းခြင်း များသည် လည်း ပွင့်လင်းမြင်သာမှု ရှိစေရန် အများပြည်သူ သိသာရန်နှင့် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်မည့် အင်တာနက် စာမျက်နှာမှ ဖော်ပြပေးပါရန် ဒီမိုဝေယံမှ တဆင့် အသိ ပေးအပ်ပါသည်၊
ကြည့်၍ မြင်၍ တိုင်သည့် ကြည့်မြင်တိုင်သား
တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် (ပေးစာ)
တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် (ပေးစာ)
 တောင်ကြီးမြို့ အဝင် ရှုခင်းသာ ပန်းခြံအတွင်းမှ သစ်သားကြိုးတံတားသည် တောင်ကြီးမြို့၏ ဂုဏ်ဆောင် ကြိုးတံတားဖြစ်သလို ရုပ်ရှင် ဗီဒီယို၊ မြင်ကွင်းများ ရိုက်ကူးရာတွင် အနယ်နယ် အရပ်ရပ်မှ မြင်တွေ့နေကြ ဖြစ်သည့်အတွက် မြို့ဂုဏ်ဆောင် ကြိုးတံတားကြီး အဖြစ် ရပ်တည်နေပေသည်...။ တောင်ကြီးမြို့သို့ အနယ်နယ် အရပ်ရပ်မှ အလည်အပတ် လာရောက်သူများ အနေဖြင့် ဤကြိုးတံတားပေါ်သို့ မရောက်ရောက်အောင် အလည်ပတ် သွားရောက် လေ့လာ အမှတ်တရ ဓာတ်ပုံ မှတ်တမ်းများ သွားရောက် ရိုက်ကူးကြလေသည်။
သို့သော်လည်း ယနေ့ အချိန်အခါတွင် ကြိုးတံတားပေါ်ရှိ သစ်သား ကြမ်းခင်းများမှာ ဆွေးမြေ့ ပေါက်ပြဲလျှက်ရှိပြီး လာရောက်ကြည့်ရှု လည်ပတ်သူ မြို့ခံများ ပြည်တွင်း၊ ပြည်ပခရီးသွားများ၊ ကလေးငယ်များ အတွက် အင်မတန်မှ အန္တာရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိနေပေသည်။
မိုးရာသီ အကုန်တွင် ကျင်းပတော့မည့် တောင်ကြီးမြို့ အနီးဝန်ကျင်မှ ပွဲတော်များအတွင်း ရောက်ရှိလာကြမည့် အနယ်အနယ် အရပ်ရပ်မှ ခရီးသွားများ၊ ပြည်သူများ လာရောက်လည်ပတ်ပါက ဆွေးမြေ့နေသော တံတား ကြမ်းခင်းများမှာ အသက်အန္တရာယ် အတွက် စိုးရိမ်စရာပင် ဖြစ်နေသလို လက်ရှိ အခြေအနေမှာလည်း ဆွေးမြေ့ပေါက်ပြဲနေသော ..တံတားကြမ်းခင်းများအား အသစ်လဲလှယ်ကာ တံတား ကြံ့ခိုင်ရေးအတွက် သက်ဆိုင်ရာမှ ..အလျင်အမြန် ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် ကြိုတင် ကာကွယ်၊ ..ပြင်ဆင်ပေးပါရန် ဒီမိုဝေယံမှတဆင့် သက်ဆိုင်ရာအား အသိပေး အကြောင်းကြားအပ်ပါသည်။
တောင်ကြီးမြို့မှ တာဝန်သိ ပြည်သူတဦး..
မတရား လစာဖြတ်ခံထားရပြီး မတရားသဖြင့် တရားစွဲဆို ခံနေရသော ဆရာတဦး၏ ရင်ဖွင့်တိုင်ကြားချက်
မတရား လစာဖြတ်ခံထားရပြီး မတရားသဖြင့် တရားစွဲဆို ခံနေရသော ဆရာတဦး၏ ရင်ဖွင့်တိုင်ကြားချက်
 မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့ နယ် လက်ပန်လ(ခွဲ) ကျောင်းအုပ်ကြီး သည် ကျောင်းအစည်းအဝေးတွင် ၂” လက်မ ပတ်လည် သစ်သားချောင်းဖြင့် ဆရာဦးအောင်သိန်းဝင်းအား လိုက်လံ ရိုက်နှက်ခဲ့ပါသည်။
ထို့ပြင် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဆွေ ကျောင်းအုပ်ကြီး ဦးတိုးတင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ၊ တို့သုံးဦး ပူးပေါင်း၍ ပညာရေးဝန်ကြီးဌာနပိုင် ကျောင်းဝိုင်းမြေကို ကိုယ်ကျိုးအတွက် ရောင်းစားခဲ့ပါသည်။
၎င်းအမှုများကို ရွာသားများအား တာဝန်သိဆရာ ဦးအောင်သိန်းဝင်း တို့မှ အထက်လူကြီးများသို့  အသိပေးတိုင်ကြားခဲ့သဖြင့် P.E.D.E စစ်ဆေးခြင်းမရှိသဖြင့် တိုင်ကြားသူ ကျွန်တော် ဦးအောင်သိန်းဝင်းအား မတိကျသောပြန်တမ်းများ ထုတ်ကာ လစာများ ဖြတ်တောက်၍ အရေးယူ ထားသည်မှာ (၁၀)လကျော်ခဲ့ပါပြီ။
၎င်း လစာများအတွက် မြို့နယ် ပညာရေးမှူးရုံးသို့ (၃၁.၃.၂၀၁၄) နေ့တွင် သွားရောက်စုံစမ်းရာ မြို့နယ်ပညာရေးမှူးမှ ၀တ္တရား နှောက်ယှက်မှုဖြင့် လီဆယ်၍ တရားစွဲဆို ခံထားရသည့်အပြင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ပညာသင်ယူနေသော ဦးအောင်သိန်းဝင်းအား လိုက်လံ နှောက်ယှက်နေပါသည်။ ဤကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲမှ အောက်ခြေပညာရေးဝန်ထမ်း တစ်ဦးအပေါ် မတရား အရေးယူခံထားရသော အမှုကို ပညာရေးဋ္ဌာန အပါအဝင် သက်ဆိုင်ရာ လူကြီးမင်းများမှ ဥပဒေနှင့် အညီ စုံစမ်းစစ်ဆေး ဖြေရှင်းပေးပါရန်  ဒီမိုဝေယံတဆင့် လေးစားစွာ တင်ပြအပ်ပါသည်။
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကင်းစံပြကျေးရွာ၊ ဝန်းသိုမြို့နယ်မှ ကျောင်းဆရာတဦးပေးစာ..
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကင်းစံပြကျေးရွာ၊ ဝန်းသိုမြို့နယ်မှ
ေေ ကျောင်းဆရာတဦးပေးစာ..
ကျွန်တော်ကတော့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကင်းစံပြကျေးရွာ၊ ဝန်းသိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ အထက်တန်းပြဆရာ ဦးကျော်စွာလင်းဖြစ်ပါတယ်။
ကျွန်တော်ဟာ မိဘများဆုံးပါးပြီးနောက် ကလေးများ၏ပညာရေးကိုသာ အာရုံစိုက်ကာ ကြိုးစားပေးနေခဲ့ပါသည်။
ကလေးများအား အခမဲ့ အချိန်ပိုသင်ပေးခြင်းအပြင် ကျောင်းမနေနိုင်သူကလေးများကိုလည်း တတ်အားသရွေ့ ကျောင်းထားပေးခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်မှဖွင့်လှစ်သောသင်တန်းများကိုလည်း ငြင်းဆန်ခြင်းလုံးဝမရှိဘဲ တက်ရောက်ခဲ့ပါသည်။ ပေးအပ်သောတာဝန်များကိုလည်း မကျေပွန် မရှိရအောင် အထူးကြိုးစားခဲ့ပါသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အခန်းစောင့်တာဝန်ထမ်းဆောင်ပြီးနောက် မုံရွာတက္ကသိုလ်သို့ ၃၀.၃.၂၀၁၄ရက်နေ့တွင် စာစစ်တာဝန်ထမ်းဆောင်ရန် ထွက်ခွာခဲ့ပါသည်။ အမှန်မှာ ကျွန်တော်၏ အထက်တန်းပြလုပ်သက်မှာ (၁၀)လသာရှိပါသေးသည်။
အထက်တန်းပြ လုပ်သက် နှစ်နှစ်ပြည့်မှသာ စာစစ်ခေါ်သည်ဟု ကြားဖူးပါသော်လည်း နိုင်ငံတော်၏ လိုအပ်ချက်အရ ကျရာတာဝန်ကိုထမ်းဆောင်ရန်သွားရောက်ခဲ့ပါသည်။ မုံရွာတက္ကသိုလ်သို့ရောက်လျှင် နဝမတန်းသင်သော ဆရာများကိုပြန်လွှတ်ပါသည်။ သို့သော်ကျွန်တော်သည် ပြန်လွှတ်ခံရန်အတွက်စာရင်းမပေးပဲ တာဝန်ကျေပွန်အောင်ထမ်းဆောင်ခဲ့ရာ ၁၀.၄.၂၀၁၄ တွင်တာဝန်ပြီးဆုံးခဲ့ပါသည်။ မုံရွာတက္ကသိုလ်သို့စာစစ်သွားရာတွင် လကုန်ရက်ရောက်ရန်တစ်ရက်အလိုဖြစ်သဖြင့် လစာထုတ်မသွားရပါ။ အခြားသူထံမှ ငွေတစ်သိန်းတိတိကိုချေးငှါးခဲ့ရပါသည်။
ယခုပြန်ရောက်လျှင်ရောက်ချင်း March လလစာကိုအကြွေးဆပ်လိုက်ရပါတော့သည်။ ကျွန်တော်၏လစာမှာ ထောက်ပံ့ကြေး သုံးသောင်းအပါအဝင် စုစုပေါင်းလစာ ၁၀၉၀၀၀ တစ်သိန်းကိုးထောင်ကျပ် ဖြစ်ပါသည်။ ယခုလတွင် ပင်စင်ဖြတ်ငွေ ၂၀၀၀ကျပ်ဖြစ်သဖြင့် လစာငွေတစ်သိန်းခုနှစ်ထောင်ကျပ်ကျန်ရှိပါသည်။
အကြွေးတစ်သိန်းဆပ်လိုက်ရာ လစာငွေမှာ ၇၀၀၀ခုနှစ်ထောင်ကျပ်သာကျန်ရှိပါတော့သည်။ ငွေခုနှစ်ထောင်ကျပ်ဖြင့် April တစ်လလုံး မည်သို့မည်ပုံဖြတ်သန်းရမည်ကိုကြံစည်နေဆဲမှာပင် ဝန်သိုမြို့နယ်ပညာရေးမှူးရုံးမှဖုန်းဝင်လာပါသည်။ ကျွန်တော့်အား ကသာမြို့သို့ အကသင်တန်း သွားတက်ရန်ပြောကြားခြင်းဖြစ်သည်။ အဆိုပါအကသင်တန်းအား ဝါသနာပါ၍ တက်ရောက်လိုသူ အလယ်တန်းပြ ဆရာများသာ သွားရောက်ကြသည်ဟု သိထားပါသည်။
ဝန်းသိုမြို့နယ်မှ အကသင်တန်းသို့စေလွှတ်ခြင်းခံရသူလေးယောက်တွင် အထက်တန်းပြဆရာမှာ ကျွန်တော် တစ်ယောက်တည်းသာဖြစ်ပါသည်။ အခြားသုံးယောက်မှာ အလယ်တန်းပြများ ဖြစ်ပါသည်။ အကသင်တန်းမှာ ၂၁.၄.၂၀၁၄ ရက်နေ့အရောက်သွားရမည်ဖြစ်သဖြင့် လစာထုတ်ရက်လည်းမဟုတ်သေးပါ။ ကျွန်တော်သည် နိုင်ငံတော်လစာငွေမှလွှဲ၍ အခြားသော ဝင်ငွေမရှိသူဖြစ်ပါသည်။ ကျူရှင်သင်ကြားခြင်း မရှိသလို အခြားသော မည်သည့်ဝင်ငွေမှလည်းမရှိသူဖြစ်ပါသည်။
ယခုသင်တန်းသွားရမည်ဆိုသောအခါ ကျွန်တော်မည်သည့်ငွေဖြင့်သွားပါမည်နည်း။ ကြိုတင်လစာထုတ်ယူ၍မရသူ အစိုးရဝန်ထမ်းကျောင်းဆရာကျွန်တော် မည်သို့မှ မကြံစည်တတ်တော့ပါ။ ကျွန်တော်၏အခက်အခဲကို လက်ရှိတာဝန် ထမ်းဆောင်နေသော မြို့နယ်ပညာရေးမှူး ကျွန်တော်ကတော့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကင်းစ ဆရာကြီးဦးမျိုးဝင်းအား တင်ပြပါသည်။
သို့သော်ကျွန်တော့်ကိုသာစေလွှတ်နေပါသဖြင့် ကျွန်တော့်မှာလွန်စွာအခက်ကြုံနေရပါပြီ။ ကျွန်တော်တို့ ဝန်းသိုမြို့နယ်တွင် သင်တန်းစေလွှတ်ရန် အလယ်တန်းပြဆရာများစွာရှိသည့်အပြင် ကသာဒေသခံ ဆရာများလည်း ရှိပါလိမ့်မည်။ ယခုမူ မုံရွာစာစစ်သွားပြီး ငွေကုန်လူပန်းဖြစ်လာသော ကျွန်တော့်ကိုသာ အတင်းအကျပ် စေလွှတ်နေပါသည်။ အမျိုးမျိုးအဖုံဖုံ တောင်းပန်သော်လည်းမရပါ။
ကျွန်တော်သည် ကျောင်းဆရာဘဝကိုအင်မတန်မှနှစ်သက်မြတ်နိုးခဲ့ပါသည်။ အလယ်တန်းပြဘဝမှ ယခုအထက်တန်းပြဘဝတိုင်အောင် စေတနာမပါပဲစာမသင်ခဲ့ဖူးပါ။ မစိမ်းအမှည့် လူမျိုးဘာသာမရွေး အမျိုးမျိုးသော ကလေးများကို တတ်နိုင်သမျှ ထောက်ပံ့ခဲ့ပါသည်။ ကလေးများ လိုအပ်သော စာအုပ်ဘောပင်များကို ဝယ်လှူခဲ့ပါသည်။
သူဌေးများကဲ့သို့ မလှူနိုင်သော်လည်း လစာထဲမှဖဲ့၍ လုပ်ဆောင်ပေးခဲ့ပါသည်။ ဤ၍ဤမျှတိုင်အောင် ကျောင်းဆရာဘဝကို ခုံမင်ပါသည်။ ယခုမူပညာရေးလောကကို ကျောခိုင်းစွန့်ခွာရပါတော့မည်။ ကျွန်တော့်အတွက်လစာတိုးပေးရန်မလိုပါ။
တာဝန်ဆက်တိုက် ထမ်းဆောင်ထားသော ဆရာတစ်ယောက်ကို ညှာတာခြင်း မရှိသည့်အတွက် အလွန်ပင်ဝန်ပိရပါသည်။ မည်သည့် အထက်တန်းပြမှ ဤအကသင်တန်းသို့မပါ။ ကျွန်တော်သာလျှင် ထူးခြားနေရခြင်းပင်လော။ ကျွန်တော့်အား ဖိအားပေးသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ပညာရေးလောကကို ကျောခိုင်းစွန်ခွာဖို့ ဆုံးဖြတ်လိုက်သည်မှာ ကျွန်တော့် အလွန်ဖြစ်ပါမည်လား။
ကျွန်တော်ဝါသနာပါသော ဆရာဘဝကို စွန့်လွှတ်သည့်နေ့တွင် ကျွန်တော်ကိုယ်တိုင်လည်း လူ့လောကတွင် ရှိမနေချင်တော့ပါ။ ဝါသနာကို စွန့်လွှတ်ခြင်းသည် အသက်ကို စွန့်လွှတ်ခြင်းပင်ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ထို့ကြောင့် အဖန်ငါးရာငါးကမ္ဘာမကလို့ ဘယ်နှစ်ကမ္ဘာပင်ခံရပါစေ ကျွန်တော်လူ့လောကတွင် ဆက်လက်မနေလိုတော့ပါ။
ကျောင်းဆရာဘဝကိုစွန့်လွှတ်သည့်နေ့သည် ကျွန်တော်အသက်ကုန်သောနေ့ဖြစ်ရမည်ဟု ဆုံးဖြတ်ထားပါသည်။ ထို့ပြင် ကျွန်တော်သေဆုံးပြီးပါက ဤကမ္ဘာမပျက်သရွေ့  မကျွတ်မလွတ်ဘဲ သရဲသစ္ဆေဘဝဖြင့် ပြန်လည်ခြောက်လှန့်၍ အနိုင်ယူရပါစေသားဟု ကျိမ်စာဆိုပါသည်။ ဝါသနာကို စွန့်လွှတ်ရသည့် အတွက် ကျွန်တော်ခံစားရသလို ထပ်တူညီ ခံစားကြရပါစေသား။
ဦီးကျော်စွာလင်း
အထက်တန်းပြ
အ.ထ.က(ခွဲ)ကင်း
ဝန်းသိုမြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်.. ကားနှင့် အကျိုးပေးသော စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး..
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..
ကားနှင့် အကျိုးပေးသော စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး..
(စစ်ကိုင်းမြို့ စီးပွားရေး လုပ်ငန်းရှင် တဦးပေးစာ)
နိုင်ငံတော်မှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များအတွက် တိုယိုတာ၊ ကယ်ဒီနား ကားများ ချထားပေးခဲ့ရာ ၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် စသည့်မြို့များမှ ရရှိခဲ့ပါသည်။
စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးအတွက်ရရှိသော ယာဉ်မောင်း ဦးမင်းအောင် မောင်းနှင်သည့် အထက်အပါ ကားအမျိုးအစား ခဲရောင်သည် ၂၀၁၄၊ ဇန်န၀ါရီလအတွင်းက၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ အနီးအရောက်တွင် လမ်းဘေးမှ သစ်ပင်ကြီးကို ၀င်ရောက်တိုက်မိပြီး ကားပျက်စီးသွားခဲ့ပါသည်။
သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး တစ်ဦးလျှင် ကျပ် (၂) သောင်း ကျစီ ကောက်ခံခဲ့ပါသည်။
၎င်းဆနာက် အုတ်ခဲလုပ်ငန်းရှင်များထံမှ ငွေကျပ် သိန်း(၁၃၀)ခန့်ကိုလည်း ထပ်မံကောက်ခံခဲ့ပါသည်။
ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှလည်း ထပ်ဆင့် ကောက်ခံခဲ့ရာ ကောက်ခံရရှိငွေ စုစုပေါင်း ကျပ်သိန်း(၃၀၀)ကျော်
ရရှိခဲ့ပါသည်။
ကားအစား ရရန်အတွက် မြ၀တီမှ လိုင်စင်မဲ့ ၊ ချက်စီ ပြင်ရိုက်ပြီး ကားကို စစ်ကိုင်းအရောက် ( ၃၅ )သိန်း ဖြင့် ၀ယ်ယူခဲ့ပြီး ထိခိုက်ပျက်စီးသည့် မူရင်းကားကို ကျပ်(၁၃)သိန်းဖြင့် ရောင်းချခဲ့ပါသည်။ စာရင်းချုပ်လျှင် ကားအသစ်အစားထိုးသည့် ကိစ္စသည် ကျပ်(၂၂)သိန်း သာကုန်ကျခဲ့ပါသည်။
သိန်း(၃၀၀)နီးပါး အမြတ်အစွန်းရရှိသော ယခုလို ယဉ်တိုက်ခိုက်မှု အကျိုးအမြတ်ကို ကြွက်သေတခု အရင်းပြုဆိုသလို  တိုက်ကား တစီးကို အရင်းပြုပြီး..။ လက်ဆုပ်လက်ကိုင် အမြတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အတွက်၊ ဤဖြစ်စဉ်သည် အကျိုးပေးသည့် စီးပွားရေး အမြင်သစ်တရပ်အဖြစ်ရှိနေမှာ အသေအချာပင် ဖြစ်ပါတော့သည်။
စီးပွားရေး အမြင်ဖြင့်ကြည့်သူ စစ်ကိုင်းသား..
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော်အခွန်။ သဘာဝပတ်ဝန်းကျင်။ လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း (ဒီမိုဝေယံသို ပေးစာ)
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော်အခွန်။ သဘာဝပတ်ဝန်းကျင်။
လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း
နိုင်ငံတော်အခွန်ဘဏ္ဍာများဆုံးရှုံးရခြင်း(ပထမနာခြင်း)
မြိတ်မြို့အင်းလေးမြိုင်စက်မှု့ဇုံ(ငါးလေလံ)တွင် ကင်းမွန်ပြုတ်ခြောက်ပြုလုပ်၍
စီးပွားရေးလာ ရောက်လုပ် ကိုင်လျက်ရှိသော တရုတ်ပြည်မှ ပြည်ကြီး တရုတ်အစစ်များသည် ကင်းမွန်များအား ဆားများဖြင့် ပြုတ်၍ နေလှန်းကာ တရုတ် ပြည်သို့ ကားများဖြင့် တစ်ရက်ခြားတစ်ကြိမ် တင်ပို့နေတာကို အားလုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပြည်ကြီးတရုတ်တွေလုပ်တဲ့လုပ်ငန်းက သစ်တောနဲ့ရော ငါးဦးစီးနဲ့ရောဆိုင်ပါတယ်။ အင်းလေမြိုင် စက်မှုဇုံဖြစ်တဲ့ ငါးလေလံမှာ ကင်းမွန်ပြုတ်ခြောက် လုပ်တဲ့ရုံအားလုံး(၁၁)ရုံရှိပါတယ်။ အဲဒီကထွက်တဲ့ ကင်းမွန်ခြောက်တွေကို ယခင်က မှန်လုံကား၊ (၆)ဘီးကားနဲ့ အခုဆိုရင်(၁၂)ဘီးကားတွေနဲ့ကို တင်ပို့နေတာကိုတွေ့ရပါတယ်။ ငါးလုပ်ငန်း ဦးစီးမှာ မျှောလုပ်တော့(၁)စောင်ကို (၁၂)တန်လုပ်တယ်၊ သယ်တော့ တန်(၇၀)လောက်ခိုးသယ်တယ်၊ မျှောမှာက ကား(၁)စီး ထွက်တော့(၅)စီး ၊ ငါးလုပ်ငန်းဦးစီးကလဲ စစ်ဆေးပြီးတင်တာမရှိဘူး၊ အကောက်ခွန်ကလဲ စစ်ဆေး တာမရှိဘူး၊ အေ(၃)လုံးကုမ္ပဏီနဲ့ ဟိန်းမြန်မာကုမ္ပဏီ(၂)ခုကလုပ်ဆောင်နေတာ လုပ်ငန်းခွန်လဲ မရှိဘူး၊ အမြတ်ခွန်လဲမရှိဘူး၊ မြိတ်မှာလဲ အခွန်မဆောင်တာမရှိဘူး၊ ဓနိမိုးထရံကာနဲ့ လုပ်တယ်ဆိုပေမယ့် ရင်းနှီးမြှပ်နှံမှုက အနည်းဆုံး ကင်းမွန် ပြုတ်ခြောက်ရုံတစ်ခုက သိန်းပေါင်း(၅၀ဝ၀)လောက်နဲ့လည်ပတ်နေတာ ဒါကို အခွန်မရှိဘူး။
 နိုင်ငံသားကုမ္ပဏီတွေ ကိုလည်းကြည့်ပါအုံး အားလုံးပိတ်ထား ဒုက္ခကို လှလှတွေ့နေရတယ်။ ကင်းမွန်ပြုတ်ခြောက် စက်ရုံတွေမှ အလုပ်သမား ဥပဒေလဲမရှိဘူး၊ အလုပ်သမားခံစားခွင့်ဆို ဝေလာဝေး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလဲ ဒါကို စိစစ်ဖို့ လိုပါတယ်..။ တစ်ရက်လောက် ငါးလေလံကို လာရောက် လေ့လာကြည့်စေလိုပါတယ်။ ကင်းမွန်ဝင်တဲ့အချိန်ကို ပြောတာပါ။
သဘာဝပတ်ဝန်းကျင်ဆုံးရှုံးရခြင်း(ဒုတိယနာခြင်း)
သဘာဝပတ်ဝန်းကျင်ဆုံးရှုံးတာတော့ သိချင်သူများလာရောက်ရောက်ကြည့်ကြပါ။
ဒီရေတော သစ် ပင်တွေနဲ့ ထင်းစိုက်နေတာ တစ်ရုံကို တန်ရာချီ ပြီး ထင်းထိုးနေတာ။ (၁၁)ရုံဆို ဒီရေတော ထင်း တန်သောင်းချီ ပြီး ဆုံးရှုံးတာလေ-- တရုတ်တွေ ဒီရေတော သစ်ပင် တစ်ပင်စိုက်ဖူးတဲ့ကောင်တွေ မဟုတ်ဘူး--အဲအခုတော့ သစ်တော က ဝင်စစ်နေပြီလေ ထင်ခွန်လေး (၁)နှစ်ကို ၅၀ဝ၀ဝိ/- ဆောင်ပြီး တန်သောင်းချီတဲ့ ဒီရေတော သစ်ပင် တွေ ကို ဖျက်ဆီးနေတာ သက်ဆိုင်ရာဌာနတွေနဲ့
အစိုးရအဖွဲ့ရုံးက လူကြီးတွေလာရောက် စစ်ဆေးဖို့တော့လိုပါတယ်။
နောက်တစ်ခုက စွန့်ပစ်ပစ္စည်း ပြုတ်ပြီးသား ဆားရေပူတွေကိုလည်း စနစ်တကျ
ရေနှုတ်မြောင်း များမရှိဘဲ အနီးပတ်ဝန်းကျင်နားတွေသာ သွန်ပစ်ခြင်း၊ ဆားရေပြုတ်အဟောင်း တွေရဲ့အနံ့ကတော်တော်ကိုဆိုးပါတယ်။ နိုင်ငံသားပိုင် စက်ရုံတွေကြတော့ ငါးဦးစီးက စစ်လိုက်တာ၊ ရစ်လိုက်တာ၊ စွန့်ပစ်ပစ္စည်းများကို ရေဆင်းရေလာ ကောင်းရမည်။ ကလိုရင်းသုံးရမယ်၊ ငါးမှုန့်စက်ရုံဆိုရင်လဲ ခေါင်းတိုင်က မြင့်ရမယ်၊ တရုတ်ကျတော့ ခေါင်းတိုင် လဲမရှိဘုး၊ ရေဆင်းရေလာလဲ မရှိဘူး၊ လုပ်ချင်သလိုလုပ် နေတာကို မစစ်ဘူး၊ မျှောတစ်စောင်လုပ်ရင် အဆင့်ဆင့်ရနေတာကို ငြိမ်နေတာပေါ့ ပြောရရင်လဲ အောင်မင်းလွန် ရာကျမယ်။ အခုတော့ သစ်တောဦးစီးဌာနက ဝင်စစ်ပါလေရော ဒါပေမယ့် တရုတ်တွေကတော့ မရပ်ဘူးဗျာ ဆက် ပြုတ်နေတုန်းဘဲ-- သစ်တော ဘယ်လို အရေးယူမလဲ--- ပြည်မကြီး နိုင်ငံခြားသား တရုတ်တွေကို..
တစ်နှစ်သုံးသမျှ ဒီရေတောထင်းကို တနင်္သာရီတိုင်း ဒေသကြီးမှာ ငါးနှစ်စိုက်တာတောင် မရဘူး။ အဲဒိတော့
ဒီရေတောသစ်ပင်တွေကို မစိုက်ဘဲ စိုက်ပြီးသား သစ်ပင် တွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းဖို့တော့ လိုအပ်ပါ တယ်။ ဒီရေတောတွေမရှိတဲ့အတွက် ငါးသားပေါက်၊ ပုစွန်သား ပေါက်တွေနေစရာမရှိဘူးဖြစ်နေ တယ်ဗျာ-
- ဝါလပ်/ဝါတန်းတွေကိုလည်းကြည့်ပါအုံး ရပ်ထားကြတယ်။
မြေမျိုခံရတာမဟုတ်ပါဘူး-လူမျိုးခံရတာပါ(တတိယနာခြင်း)
လူကိြုွေမမျိုခံရရင်တောင် သက်သာအုံးမယ်ဗျာ- အခုတော့ မြိတ်သူအချောအလှလေးတွေကို
တရုတ်နဲ့ နောက်လိုက် အလိုတော်ရိတွေရဲ ဝါးမျိုခြင်းကို မြိတ်မှာခံစားနေရပါတယ်ဗျာ-- ကင်းမွန်ခြောက်ရုံတွေမှာ ယောက်ကျားလေးထက် မိန်းကလေးဦးရေက ပိုပြီးများပါတယ်။ အဲဒီထဲကမှာ ရုပ်ရည်လေးသန့်တယ်ဆို၊ ထမင်းချက် ဟင်းချက်၊ အလုပ်သမားခေါင်းဆိုပြီးခန့်တယ်၊ လစာပိုပေးတယ်၊ အလုပ်သမားတွေ ညနေပြန်တော့ ဒီကောင်မလေးက မပြန်ရသေးဘူး ထမင်းကျွေးရသေးတယ်။
 နည်းမျိုးစုံးနဲ့စည်းရုံးတယ် ကြာတော့ တရုတ်မယားငယ်ဘဝကို ရောက် ရော--လူမှုရေးအရ နာမည်တွေတော့ မပြောချင်ပါဘူး၊ လဝကတွေ ဘာလုပ်နေတုန်း၊ နိုင်ငံသားပိုင် ဝါးလပ်၊ ဝါးတန်းတွေ ပင်လယ်ပြင်ထွက်ခါနီး တန်းစီပြီးတော့ လူစစ်တယ်၊ တရုတ်တွေ မြိတ်သူလေးတွေကို တစ်ယောက်ပြီး တစ် ယောက်ယူတယ်၊ ဖျက်ဆီးတယ်၊ အချိန်တန်တော့ ဒီကောင်တွေက ပြန်သွားရော- ကလေးတစ်ယောက်နဲ့ ကျန်ခဲ့ပါ လေရော ဒီကလေးနဲ့ အဖေဘယ်လိုတပ်မလဲ ၊ ဒီကလေးကို နိုင်ငံသားပေးမှာလား၊ အက်ဖ်အာစီပေးမှာလား ၊ အလုပ် သမားလူအခွင့်ရေးတွေ နဲ့ လဝကတွေ ကင်းမွန်ခြောက်စက်ရုံတွေကို စစ်ဖူးကြရဲ့လား၊
ကျွန်တော်တို့ တိုင်းဒေသကြီး မှာ လူကြီးနေရာယူထားတဲ့သူတွေ ဘာလုပ်နေကြတုန်းဗျာ--အများပြောသလို အိပ်ငိုက်နေကြသလား-- တရုတ်နဲ့ညားတဲ့ မြိတ်သူ(၁၁)ယောက်မှာ ကလေးရသူ(၄)ယောက်ရှိတယ်ဗျာ အတိအကျကို ပြောလိုက်ပြီ--တဖြေးဖြေးနဲ့ နာမည်တွေပါ ရိုက်ထည့်လိုက်တော့မယ်---နောက်နှစ်ကျတော့ ဒီ တရုတ်စုတ်က မလာတော့ဘူး-- အဲဒီတော့ မြိတ်သူလေးခဗျာ ဒုက္ခနဲ့ လှလှ တွေ့ပါရော-- ဒူးနဲ့မျက်ရည်သုတ်နေရုံ ကလွဲပြီး ဘာမှမလုပ်နိုင်ဘူး-- ကဲ ဦးလူဝကြီးတို့ အပိုင်းကို သေသေချာချာလုပ်သလို့  လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးအဖွဲ့၊ ဝန်ထမ်း ဥပဒေရေးရာတွေလဲ ဆင်းပြီး စစ်သင့်တဲ့အချိန်ကို ရောက်ပြီ အဲဒီတော့ နာ(၃)နာကို အဆုံးသတ်လိုက်ပါ တော့မယ်- ပြောပြန်ရင်လဲ
အောင်မင်းလွန်ရာကျမယ်----------။----
အောင်မင်း(မြို့သစ်ရပ်၊ မြိတ်)
တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း.. တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)...
တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)
သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်
                                နေ့စွဲ။        ။ ၆.၁၁.၂၀၁၃
အကြောင်းအရာ။      ။ တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း
ကျွန်မက တပ်မတော်(ကြည်း)မှ အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ILO အဖွဲ့အစည်းကို အဓမ္မ စေခိုင်းမှုများ ပပျောက်စေရမည်ဟု ကတိပေးခဲ့တာ ကြားသိရတော့ ကျွန်မတို့ ကာကွယ်ရေး ၀န်ကြီးဌာနက စစ်သည်ဇနီးသည်တွေမှာ အလွန်ပင် အားတက်ခဲ့ရပါတယ်ရှင်။
ဒါကြောင့်လည်း တပ်ရင်းကော်မတီက ချမှတ်ထားတဲ့ အလုပ်တွေကို အတင်းအဓမ္မလုပ်ခိုင်းရုံသာမက လူကြီးကတော်တွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်မှုကိစ္စတွေကိုပါ အစေခံသဖွယ် သဘောထားပြီး အဓမ္မခိုင်းစေခံနေရတဲ့ ကျွန်မနဲ့ ကျွန်မကဲ့သို့ ဘ၀တူ တပ်မတော်သားတွေရဲ့ အိမ်သူ ဇနီးမယားတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုရော နိုင်ငံတော်သမ္မတကြီး သိရှိပြီး လိုအပ်သလို ကြည့်ရှု စောင့်ရှောက် ပေးနိုင်ပါစေရန် ယခုလို စာရေး တိုင်ကြားလိုက်ရခြင်းဖြစ်ပါတယ်။
သမ္မတကြီးရဲ့ အစိုးရသစ် တက်လာတဲ့အချိန်ကစလို့  အခုအချိန်အထိ တပ်တွေမှာ အရင်ထက် ပိုဆိုးနေပါတယ်။ အရပ်ဘက်အာဏာမရှိတော့တဲ့အခါ တပ်တွေထဲမှာပဲ အာဏာလိုက်ပြနေကြပါတယ်။ တပ်ရင်းမှာ စစ်သည် မိသားစုတွေ တပ်နေပျော်စေဖို့ဆိုပြီး တာဝန်တွေပေးထားပေမယ့် တကယ်တော့ အဲဒီတာဝန်တွေကို မဖြစ်မနေ ကျေပွန်အောင် လိုက်ပြီးလုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အရာရှိကတော်တွေ တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး အတင်းလိုက်နေခိုင်းပါတယ်။
 လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး ကျွန်မတို့ကို ဘယ်ကိုမှ ပေးမသွားပါဘူး။ တပ်မတော်လေ/ရေ တို့မှာတော့ အဲဒီလို အတင်းခြိမ်းခြောက်ပြီး လိုက်နေခိုင်းတာ မရှိဘူးလို့ သိရပါတယ်။ ကျွန်မတို့မှာ သူတို့ရဲ့ လခစားဝန်ထမ်း၊ အမှုထမ်းတွေ မဟုတ်ပေမယ့် သူတို့ပေးတဲ့တာဝန်၊ ခိုင်းတဲ့အလုပ်မှန်သမျှ ငြင်းခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အထက်လူကြီးတွေနဲ့ ဇနီးတွေကို အမြဲကြောက်နေရပါတယ်။
ခင်ပွန်းဖြစ်သူရတဲ့ လစာနဲ့ မလုံလောက်တဲ့အတွက် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ရှေ့ရေးအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေလေးရအောင်လည်း လုပ်ခွင့်မရှိပါဘူး။ အစိုးရအလုပ်လုပ်နေတာဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ အခြားကုမ္ပဏီ အလုပ်တွေဆို လုံးဝမလုပ်ရဘူးလို့ အမိန့် ထုတ်ထားပါတယ်။ အပြင်အလုပ်လုပ်နေရင်လည်း အလုပ်က အတင်းထွက်ခိုင်းပါတယ်။ ကျွန်မတို့မှာ ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရဘဲ တပ်အလုပ်တွေပဲ အဆူအဆဲ မခံရအောင် မနားမနေ လုပ်နေပါတယ်။ လစဉ်ပုံမှန် အစည်းအဝေးတွေ၊ အပတ်စဉ် ဆွေးနွေးပွဲတွေ၊ ဆန္ဒခံယူပွဲတွေလုပ်ရပါတယ်။
အရာရှိဇနီးတွေ၊ စစ်သည်ဇနီးတွေအားလုံး မပျက်မကွက် တက်ရပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ ပျက်ကွက်လို့မရပါဘူး။ ပျက်ကွက်ရင် အရေးယူခံရပါတယ်။ တပ်တွင်း စုပေါင်းသန့်ရှင်းရေးလုပ်ရပြီး အင်အားဘယ်လောက်နဲ့ လုပ်ခဲ့ပါတယ်ဆိုတာတွေ တင်ပြရပါတယ်။။ ရဲဘော်ဇနီးတွေ လုပ်အားပေးမလာရင် ရုံးတင်ခံရပါတယ်။ ရဲဘော်တွေရဲ့ သားသမီးတွေ စာမေးပွဲ အောင်ချက်ကိုလည်း လစဉ်တင်ပြရပြီး အောင်ချက်နည်းရင် ကျွန်မတို့ကို တာဝန်မကျေဘူးဆိုပြီး အဆူခံရပါတယ်။ မူကြိုကျောင်းမှာ ကလေးတွေကို အာဟာရကျွေးဖို့အတွက် ကျွန်မတို့ကို မုန့်ဟင်းခါးရောင်းပြီး ငွေရှာခိုင်းပါတယ်။
မိဘကသင်ပေးခဲ့လို့ မိမိပညာနဲ့လုပ်ခွင့်ရတဲ့ ဂုဏ်ရှိတဲ့ အလုပ်ကနေထွက်ခဲ့ရပြီး အခုတော့ ကျွန်မတို့မှာ အထက်အမိန့်အရ လမ်းဘေး ဈေးသည်ဖြစ်နေရပါတယ်။ ပြီးတော့ လပြည့်/လကွယ် အဖိတ်၊ ဥပုသ်နေ့တိုင်း ဓမ္မာရုံမှာ မဖြစ်မနေ ၀တ်ရွတ်ဖို့ တာဝန်ရှိပါတယ်။ ဘာသာရေးအတွက် ၀တ်ရွတ်ရတာ ရည်ရွယ်ချက်ကောင်းပေမယ့် တစ်ခါတစ်ရံ အထက်အမိန့်အရ ယတြာချေဖို့ ပဌာန်းရွတ်ပွဲတွေ လုပ်ရပါတယ်။ သဒ္ဓါတရားမပါဘဲ အောင့်သက်သက်နဲ့ လုပ်ရတဲ့အတွက် ကျွန်မတို့မှာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေရပါတယ်။
ယောက်ျားတွေ တပ်မှာမရှိလဲ ကျွန်မတို့မှာတော့ တပ်မှာပဲ နေရပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တို့ သင်္ကြန်ပိတ်ရက်တို့မှာလည်း တပ်မှာ အလုပ်တွေရှိတယ်ဆိုပြီး ခွင့်မပေးလို့ ဘယ်မှသွားလို့မရပါဘူး။ မိဘနေမကောင်းလို့ မိဘအိမ်ပြန်ပြီး ပြုစုချင်တာ၊ လူမှုရေးကိစ္စ ဘာသာရေးကိစ္စနဲ့ သွားချင်လာချင်တာတောင် သွားခွင့်မရပါဘူး။ ခွင့်ရမှ သွားရလာရပါတယ်။ စနေ၊ တနင်္ဂနွေဆိုတာ တရားဝင်ရုံးပိတ်ရက်ဖြစ်ပေမယ့် ကျွန်မတို့အတွက်ကတော့ အားလပ်ရက်ဆိုတာ မရှိပါဘူး။
ကျမတို့မှာ ထွက်ပေါက်မရှိ ဖြစ်နေပါတယ်။ ဒီလို တရားမျှတမှုမရှိတဲ့ အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုက္ခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။
နောက်ပြီး အထက်ဌာန အကြီးအကဲတွေနဲ့ သူတို့ ဇနီးတွေ တချိန်လုံး တပ်စစ်ဆိုပြီး လာနေပါတယ်။  သူတို့အားနေလို့ လာနေကြတာလို့ပဲ ထင်ပါတယ်။ သူတို့ကသာ အားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ သူတို့ လာတဲ့အခါတိုင်း ကျွန်မတို့မှာ အလွန်အမင်း စိတ်ဒုက္ခရောက်ကြရပါတယ်။
လူကြီးလာတဲ့အချိန်ကနေ ပြန်သွားတဲ့အချိန် အထိ မိမိရဲ့ မိသားစုကိစ္စတွေကို လုံးဝပစ်ထားလိုက်ရပြီး ဘာမှအမှားအယွင်းမရှိအောင် အထူးသတိထားပြီး စိုးရိမ် ထိတ်လန့်စွာနဲ့ နေနေရပါတယ်။ ကျွန်မတို့မှာ ချက်ရေးပြုတ်ရေး ဧည့်ခံရေးအပြင် အခိုင်းအစေများသဖွယ် သဘောထား ဆက်ဆံခံနေရပါတယ်။  အဲဒီအချိန် ကျွန်မတို့ရဲ့ သားငယ်သမီးငယ်လေးတွေ နေမကောင်းဖြစ်နေတာတောင်မှ အနီးကပ် ပြုစု စောင့်ရှောက်ခွင့် မရပါဘူး။
 လူကြီးတွေရဲ့ သားသမီးတွေ အလည်အပတ်ဆိုပြီး လိုက်လာကြရင်လည်း စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ စောင့်ရှောက်ပေးရပြီး ဝေယျာဝစ္စများ လုပ်ကိုင်ပေးရပါတယ်။ အိမ်မှာ ဖျားနေတဲ့ မိမိရင်သွေးကိုတော့ ဖြစ်သလို ပစ်ထားခဲ့ရပြီး လူကြီးသားသမီးတွေကိုတော့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖြစ်တဲ့ ကျွန်မတို့မှာ အလွန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ကျွန်မတို့ကို စိတ်တိုင်းကျ ခိုင်းစေလို့ အားမရတဲ့အခါတိုင်း ခင်ပွန်းဖြစ်သူတို့ကို အထက်အရာရှိက အကြောင်းရှာပြီး အရေးယူတာ၊ ထိုးကြိတ်တာတွေ လုပ်ပါတယ်။
လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။ ကျွန်မတို့ရဲ့ မိဘတွေက လူ့အောက်မကျအောင် ပညာတွေသင်ပေးခဲ့ပေမယ့် အခုတော့ ကိုယ်ထမင်းကိုယ်စားပြီး သူများကို အစေခံသဖွယ် ဒူးထောက်ခစားရ၊ ပြောဆိုဆက်ခံ ခိုင်းစေခံနေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာ သည်းခံနေတာပါ။ စစ်တပ်ဆိုတာကြီးကို စိတ်ကုန်နေတာ တော်တော်ကြာပါပြီ။
အခုဆို တပ်တွေမှာ အခြေအနေ အရမ်းဆိုးနေပါတယ်။  ရဲဘော်တွေကိုလည်း ကိုယ့်တပ် သက်သာ ချောင်ချိရေး ကိုယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တစ်နေကုန်မတက်ရတဲ့သူနဲ့၊ တစ်နေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ် သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် ရှင်းပြီးသားလမ်းပေါ်ကို သစ်ပင်ပေါ်က သစ်ရွက်ကြွေကျလာတာကိုတောင် ခွင့်မလွှတ်တတ်ပါဘူး။
အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ ဆိုသလို ယောက်ျားတွေမှာပူနေတော့ ဇနီးမယားများမှာလည်း အလွန်ပင် စိတ်ဆင်းရဲနေကြရပါတယ်။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။
ရဲဘော်တွေခမျာ နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းခံနေရပေမယ့် လစာကတော့ မလောက်ငစမြဲပါပဲ။ ယောက်ျားရဲ့လစာနဲ့ မလုံလောက်တဲ့အခါကျတော့ မိသားစုရဲ့ စားဝတ်နေရေးကို မိန်းမဖြစ်သူကပဲ ဖြေရှင်းရပါတယ်။
ရဲဘော်ဇနီးတွေခမျာ ကောက်ရိတ်ချိန် ကောက်ရိတ်၊ ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ မိသားစု စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ကျွန်မလည်း သူတို့ရဲ့အခက်အခဲတွေကို သိနေပေမယ့်  အထက်အမိန့်အရ ရင်နာနာနဲ့ ခိုင်းစေနေရပါတယ်။
နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ တပ်သားတွေရဲ့ ဇနီးမယားတွေကို ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီး ပြိုင်ပွဲတွေလည်း လုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့မိသားစု ၀မ်းရေးအတွက် အလုပ်သွားမလုပ်ရဘဲ ဘုရားစာထိုင်ကျက်နေရပါတယ်။ အလုပ်သွားမလုပ်နိုင်တဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ကြရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
တချို့ရဲမေတွေဆိုရင် တပ်တွင်းပြိုင်ပွဲတွေ ၀င်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ခိုင်းခံရပါတယ်။  သေနတ်ပစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ဂျူဒို… အစုံပါပဲ။ စားဝတ်နေရေး မပြေလည်တဲ့ကြားက ဒီလိုအတင်းအဓမ္မခိုင်းတဲ့ အလုပ်တွေ ဘယ်သူက သွားလုပ်ချင်မှာလဲ။ ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး သူတို့ မိသားစုကို ဖြစ်သလို ထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေး လမ်းညွှန်သူများကတော့ ရဲမေတွေ လုပ်ချင်လား/မလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေး ခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ သူတို့မျက်နှာရဖို့ တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်အောင် အတင်းဖိအားပေးကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူထားကြတာ မဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်း မရှိကြရှာဘူး။ ဒီလို အတင်းအကြပ် ပြိုင်ပွဲတွေ လုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။
ပြီးတော့ ကြက်တွေ ကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင် မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ ဖြေရှင်းရမယ်ဆိုပြီး အိမ်ထောင်တစ်စုကို ဘာဘယ်နှစ်ကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့ အတင်းမွေးခိုင်းရင်လည်း မွေးရပါတယ်။  ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာ သိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါပဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါပဲ။ လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေ လာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်း နေကြတာပါပဲ။
အထက်လူကြီးတွေ လာစစ်တဲ့အခါ ဘာအဆင်မပြေတာရှိလဲလို့ တာဝန်ကျေရုံ မေးပေမယ့် ကျွန်မတို့မှာ တကယ်အဆင်မပြေတဲ့အကြောင်းတွေ မတင်ပြရဲပါဘူး။ တင်ပြရင်လည်း မိမိ ခင်ပွန်းသည် ဒုက္ခရောက်မှာပါပဲ။ သူတို့အမိန့်ကို မနာခံချင်ရင်၊ သူတို့ပြောဆိုသမျှ ခေါင်းငုံ့မခံချင်ရင်၊ သူတို့ခိုင်းတာတွေ လိုက်မလုပ်နိုင်ရင် အိမ်ထောင်ရေးပြိုကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။ မိန်းမတွေအချင်းချင်း အာဏာပြ၊ အတင်းအဓမ္မ အမိန့်ပေးနေတာတွေ ပပျောက်စေချင်ပါပြီ။ ကျွန်မတစ်ယောက်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သုတ်နေရသူတွေအားလုံး အတွက် ပြောတာပါ။ ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။
သမ္မတကြီးရှင့်
ကျွန်မ အခုလို စာရေးသား တိုင်ကြားရခြင်းမှာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်မနှင့်တကွ အရာရှိစစ်သည်များရဲ့ ဇနီးမယားများ၊ ရဲဘော်များရဲ့ ဇနီးမယားများ ခံစားနေရသော ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အမှန်အတိုင်း သိရှိပြီး တရားမျှတမှု မရှိသော အမိန့်နှင့် အတင်း အဓမ္မ ခိုင်းစေခံနေရတဲ့ ဘ၀များမှ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ခြင်း မဟုတ်ပါ။
ကျွန်မရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုထိရောက်မယ်ဆိုတာသိပေမယ့် ကျွန်မရဲ့ခင်ပွန်းကို အငြှိုးအတေးထားပြီး ဒုက္ခပေးမှာကြောက်တဲ့အတွက် အပြည့်အစုံ မဖော်ပြရဲပါရှင့်။ ဒါ့ကြောင့် ယခုကဲ့သို့ မတရားသော အမိန့်အာဏာများ၊ အတင်းအဓမ္မ ခိုင်းစေမှုများ၊ ဖိနှိပ်ချုပ်ကိုင်မှုများ ပပျောက်သည်အထိ နိုင်ငံတော်သမ္မတကြီးမှ လိုအပ်သလို တည့်မတ် ထိန်းကျောင်းပေးပါရန် ယုံကြည်အားကိုးပြီး အထူးမေတ္တာရပ်ခံ တိုင်ကြားအပ်ပါတယ်ရှင့်။
ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့်
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး
စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ
                   စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ
(ဒီမိုဝေယံသို့ ပေးစာ)
၂၀၊ ၁၀၊ ၂၀၁၃ ။     စစ်ကိုင်းမြို့၏ သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇာမဏိစူဠာ ကောင်းမှုတော် မြတ်စွာဘုရားပွဲတော်သို့ စစ်ကိုင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ ဆွမ်းတော်ကြီး အရုဏ်တော် အသင်းအဖွဲ့များမှ ၀တ်အသင်းများနှင့် ဖျော်ဖြေရေး ကားများ၊ အလှပြယာဉ်များ စုံလင်စွာဖြင့် သွားရောက်၍ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော် ကြသည်မှာ စစ်ကိုင်းမြို့၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။
 ဘုရားသို့ ကပ်လှူပူဇော်ပြီး နောက်တနေ့ အပြန်တွင် လမ်းတလျှောက်လုံးပျော်ပျော်ပါးပါးဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ကြရာ မြို့လူထုကလည်း စောင့်ကြည့်အားပေးကြပါသည်။ ယခုနှစ်ပွဲတွင် ပန်းဘဲတန်းရပ်ကွက် လူငယ်များက ဇာတိမာန်တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေရာ ပန်းဘဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုမှ လာရောက်တားမြစ်ပြီး ယင်းသီချင်းကို ဆက်လက်ဆိုခွင့်မပြုဘဲ ချက်ချင်းရပ်ရန် ပိတ်ပင်၍ ဆက်ဆိုပါက ကားနှင့်အတူ တစ်ဖွဲ့ လုံးအား ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ပန်းဘဲတန်းလူငယ်များ၊ ရပ်ကွက်သူရပ်ကွက်သားများနှင့် စေတနာရှင်၊ အလှူရှင် မြို့ခံလူထုများမှာ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း သိရပါသည်။
            ယခုကဲ့သို့ ဘာသာရေးပွဲများတွင် အာဏာဖြင့် ၀င်ရောက်စွက်ဖက်မှုများ မဖြစ်သင့် ကြောင်း၊ အာဏာအလွဲသုံးစားပြုလုပ်မှုများ အောက်ခြေကအစ ရှိနေသေးကြောင်း အများက ဝေဖန်ပြောဆိုနေကြောင်း သိရှိရပါသည်။ 
ဇာတိမာန်တေး နားထောင်ချင်ရင် http://www.youtube.com/watch?v=poTLvAwFyl0
"အာဏာရှင် မိသားစုနဲ့ ပတ်သက်ပြီး လွမ်းလောက်လို့လား" (အတွင်းသိ)
"အာဏာရှင် မိသားစုနဲ့ ပတ်သက်ပြီး လွမ်းလောက်လို့လား"
(အတွင်းသိ)
ကျုပ်တို့ မြန်မာတွေ အခုဆီထမ်း၊ ခုစာကလေးကျော် ဖြစ်တတ်တာက ခေါက်ရိုးကျိုး အကျင့်ပါနေပြီလားပဲ။ နေရွှေသွေးအောင်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော ..
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုးလပြည့်ကို အမွှန်းတင်ထားတဲ့ အစစ်လား အတုမှန်းလား မသိ မှန်တဝက် မမှန်တဝက် ကြိုတင် အကွက်ချ လုပ်ဆောင်ပေးနေရတဲ့ အလံရှူး တချို့ရဲ့ အမွှန်းတင်တဲ့စာကို ဖတ်ပြီး ချီးကျူးထောမနာ ပြုကြတဲ့ စာတွေဖတ်ရတော့ ကျုပ်လို အတွင်းသိ တယောက်အနေနဲ့ မပြောမဖြစ် မတီးမမြည်လို့ ဒီမိုဝေယံ ခင်ဗျားဆီကတဆင့် ကျုပ်ဖောက်သည်ချလိုက်ဦးမယ်။
ကဲ နေရွှေသွေးအောင်က" မိမိအရက်သေစာသောက်စားခြင်း မပြုပါဆိုတာ" ကစပြောရအောင် ၂၀၀၈ခုနှစ်က မြန်မာပြည်ရဲ့ ခရိုနီမောင်ဝိတ်နဲ့ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့  သတင်းကို ခင်ဗျားတို့ မှတ်မိမှာပေါ့..
အစပထမ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့် ရေပေါ်ဆီတွေနဲ့ အနုပညာအသိုင်းအဝိုင်းကို  Ecstasy စိတ်ကြွဆေးတွေကို လက်ဆောင်ပေးပြီး စွဲအောင်လုပ် နောက်ကိုယ်တိုင် ရောင်းဝယ်ရာက စခဲ့တာပဲ။
အဲ့ဒီအချိန်က  (၁၇)နှစ်သာ ရှိသေးတဲ့ နေရွှေသွေးအောင် တယောက် Ecstasy စိတ်ကြွဆေး သောက်ပြီး မူးလဲနေတာကို သိသွားတဲ့ အဘိုးဖြစ်သူ ဦးသန်းရွှေက ရောင်းဝယ်သူတွေကို ဖမ်းဆီးပေးဖို့ အမိန့်ပေးလိုက်တာက စတော့တာပဲ။
မောင်ဝိတ်ကို ဖမ်းဖို့လုပ်တော့ မောင်ဝိတ်က နေပြည်တော်က ဆင်းလာတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို အကာကွယ် ယူဖို့လုပ်သေးသဗျ။ အဘကို (ဗိုလ်မောင်အေး) ကားမောင်း ပို့ပေးရဦးမယ်ဆိုပြီး လုပ်ပေမယ့် ဦးသန်းရွှေ အမိန့်နဲ့ ပြည်ထဲရေးက မဖမ်းမဖြစ် ဖမ်းလိုက်ရတာ။ မယုံရင် ခုလက်ရှိ ပုသိမ်ထောင်မှာ ထောင်လို့ အမည်သာ ရှိပြီး ဋ္ဌာနဆိုင်ရာ အရာရှိတွေ လိုလေသေးမရှိ ဖူးဖူးမှုတ်ထားနေရတဲ့ မောင်ဝိတ်ဆီ အဖြစ်မှန်တွေ ကိုယ်တိုင်သွားမေးကြည့်လို့ ရတယ်။
ယာဉ်ထိန်းရဲကို ကိုယ်တိုင် ကျူးလွန်ခြင်း မရှိပါဆိုလို့ ပြောရဦးမယ်။ ဒီကိစ္စပေါ်လာတော့ ချုပ်ချုပ်ဟောင်းကြီး ကိုယ်တိုင် ဦးရွှေမန်းကို ခေါ်ပြီး မင်းဒီကိစ္စ ကြည့်စီစဉ်လိုက်ပါ ဆိုပြီးခိုင်းတာ ကျုပ်တို့ အတွင်းသိ တိုင်းသိတယ်..။ ဆက်ပြောလိုက်ဦးမယ် နေပြည်တော်က တပ်ချုပ်ဟောင်းကြီး မိသားစု(၈)ဦးအတွက်  ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဖားယားဆောက်ထားတဲ့ ၈လုံးတွဲတွေ အိမ်ရှိတယ်။ ဒီ (၈)လုံးတန်းမှာ တပ်ချုပ်ကြီးက လွဲပြီး ကျန်တဲ့သူတွေက ရန်ကုန်မှာ နေကြတာ။ ဘယ်သူမှ မနေဘူး စကားပြောဖော် မရှိတော့ ဆေးညွှန်မှူး ဗိုလ်ချုပ် သန်းအောင် ညစဉ် တပ်ချုပ်ကြီးဆီသွား စကားစမြည်ပြော တပ်ချုပ်ကြီးနဲ့ ဘောလုံးပွဲ အတူထိုင်ကြည့်ပြီးမှ ပြန်လာရတာ အတွင်းသိတိုင်းသိတယ်။
ဒီထက် ထပ်ပြောရင် ကျုပ်ဘယ်သူဆိုတာ သိတော့မှာမို့ ဒီမှာပဲ ရပ်မယ်။ သူ့ဆန်စားလို့ ရဲနေတာမဟုတ် ပြည်သူ့ဆန်စား နေတယ်လို့ပဲ ကျုပ်က မှတ်ယူတယ်။ အလံရှူးတွေ ရပ်တန်းက မရပ်ရင်တော့ ကျုပ်သိတာ ထပ်ပြောရမှာပဲ။
ပုရွတ်ဆိတ်တောင် သနား ခွင့်လွှတ်လွယ်တတ်တဲ့ ကျုပ်တို့ မြန်မာတွေ ချင့်ယုံကြ၊
ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်.. ဦးသိန်စိန်နဲ့ ဦးရွှေမန်း အားပြိုင်ပွဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းက ဘာနဲ့တူနေသလဲဆိုတော့ ယခင်နအဖခေတ် နိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူဆိုပြီး ထောက်လှမ်းရေးတွေ အရောင်တင်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်နဲ့ နိုင်ငံတကာမှာ Image မကောင်းလှတဲ့ ဗိုလ်သန်းရွှေတို့ နှစ်ဦး အားပြိုင်တဲ့ ပုံနဲ့ ထပ်တူပဲပေါ့။ ဗိုလ်ခင်ညွန့်ကတော့ အဂတိ လိုက်စားမှု မရှိဆိုပြီး ထောက်လှမ်းရေး အုပ်စုက အသွင်ဖော်ထားပြီး ဗိုလ်သန်းရွှေ မိသားစုကတော့ အဂတိလိုက်စားတယ် ဆိုပြီး အာဏာရှင် ဆိုတဲ့ နာမည်ပျက်နဲ့ နိုင်ငံတကာမှာတော့ လူကြမ်းပေါ့။
ဒီနေရာမှာ ကျူပ်ပြောလိုတာက ဦးရွှေမန်းရဲ့သား အောင်သက်မန်းရဲ့ ပိုင်ဆိုင်မှုနဲ့တင် နအဖလက်ထက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အရေးယူခဲ့သူလား ဘာလားဆိုတာ ခင်ဗျားတို့ မြင်အောင်ကြည့်ကြ။ ဒီနေရာမှာ နိုင်ငံတကာမှာ နာမည်ရတဲ့ ဦးသိန်းစိန်နဲ့ ဗိုလ်ခင်ညွန့် ရိုးသားမှုက အပုံကြီးကွာတယ်ဗျ။
ကျုပ်တခုပြောပြမယ် ဦးသိန်းစိန်ရဲ့ နေအိမ်ရှိတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ကျုံကူးရွာဆိုတာ မိုးတွင်းဆို ရွာလယ်လမ်း ရေမြုပ်ပြီး ဦးသိန်းစိန် နေအိမ်ဆို အောက်ထပ်တခုလုံး ရေမြုပ်နေကျပေါ့။ သမ္မတသူ့ဇာတိ ရွာကိုလာရင် ရွာလယ်လမ်းကို စက်လှေနဲ့ ဝင်ရပြီး အဲ့ဒီကမှ သူနေတဲ့ လမ်းထဲကို လှေနဲ့ တဆင့်ပြန်ဝင်ရတာ။  ဒါကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က အိမ်ကို ပြင်ပေးချင်ပေမယ့် သမ္မတက ခွင့်မပြုလို့ မပြင်ရတာ ကျုပ်တို့အသိပေါ့။ 
 ကျုပ် သမ္မတဘက်က လော်ဘီလုပ်နေတာ မဟုတ် ခုလက်ရှိ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ ရိုးသားမှုကို စဉ်းစားချင့်ချိန်ဖို့ နှိုင်းယှဉ်ဖော်ပြနေတာ။ ကျုပ်ကတော့ ပြတ်ပြတ်ပဲ။
ဒီထက် ထပ်ပြောဖို့ အချိန်မကျသေးလို့ ဒီလောက်နဲ့ပဲ ရပ်ထားဦးမယ်။
ကျုပ်တို့ မြန်မာတွေ ဖြစ်တတ်တဲ့ ကောက်ရိုးမီးနဲ့ လွမ်းခန်းကို မျက်စိနဲ့တောင် မြင်ရတာ မဟုတ်ပဲ မျက်ရည်ဝဲတတ်ကြတဲ့ ကျုပ်တို့ မြန်မာတွေ ယုံလွယ်၊ သွေးပူလွယ်၊ သွေးအေးလွယ်တာကို ကျုပ်ပြောနေတာ။ အဲ့ဒီတော့ နေရွှေသွေးအောင်က စာပို့တယ်ဆိုပြီး ဘယ်သူရေးမှန်းမသိတဲ့ စာကို ယုံလွယ်တတ်ကျ၊ သနားတတ်ကျလွန်းလို့ ကျုပ်ပြောနေတာ..။ အေးတကယ်တန်း ရှင်းရဲ၊ ပြောရဲရင် မီဒီယာကနေ အင်တာဗျူးလေး တပုဒ်လောက် ရုပ်လုံးထွက်ပြပြီး ဖြေရှင်းဖို့ နေရွှေသွေးအောင်နဲ့ တပ်ချုပ်ဟောင်းကြီးကို ကျုပ်တောင်းဆိုချင်တယ်..။ မေးတတ်၊ မြန်းတတ်တဲ့ အင်တာဗျူး ဆရာတွေနဲ့ တွေ့စမ်းစေချင်ပါတယ်.။
 ဒီတော့ ကျုပ်တို့ မြန်မာတွေ လွမ်းခန်းကို ရောက်ရင် မျက်ရည်ဝဲရအောင် အနှစ်(၂၀)ကျော် ခါးစည်းခံခဲ့ရတဲ့ ကျုပ်တို့တတွေ ဒီအာဏာရှင် မိသားစုနဲ့ ပတ်သတ်ပြီး လွမ်းလောက်လို့လားလို့ ကျုပ်ပြန်မေးပါရစေ။
အတွင်းသိ
ရဲတပ်ဖွဲ့အတွင်းမှာရှိတဲ့ တပ်မတော်မှ အသွင်ပြောင်းလာတဲ့ ၉၀%သော ရဲမှူး အထက်အားလုံးအား တပ်ထဲပြန်ပို့ပေးဖို့ တောင်းဆိုပေးပါရန် (ရဲဝန်ထမ်းတဦး ပေးစာ)
ရဲတပ်ဖွဲ့ဝင် စစ်စစ်တဦးရဲ့ ဖွင့်ဟဝေဖန်ချက် (ဒီမိုဝေယံသို့ ပေးစာ)
ရဲတပ်ဖွဲ့အတွင်းမှာရှိတဲ့   သောတပ်မတော်မှ အသွင်ပြောင်းလာတဲ့  ၉၀%သော ရဲမှူး အထက်အားလုံးအား တပ်ထဲပြန်ပို့ပေးဖို့ တောင်းဆိုပေးပါရန် (ရဲဝန်ထမ်းတဦး ပေးစာ)
သို့/
 နိုင်ငံတော်သမ္မတကြီး
လွှတ်တော် ဥက္ကဋ္ဌများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ
ပြည်ထဲရေးဝန်ကြီး၊
မြန်မာနိုင်ငံရဲချုပ်၊
ဟိုတချိန်လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကပေါ့ .. ရဲချုပ် ဦးရွှေသန်း
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ညီလာခံ သွားတက်ခဲ့တာ
တပ်မတော် အသွင်ပြောင်းရဲဖြစ်နေလို့ လက်မခံဘဲ ပြန်လွှတ်ခဲ့ရတယ်။ ဒါနဲ့
ရဲစစ်စစ် ရဲချုပ် ဦးသိန်းအောင်ကို ရဲချုပ်ခန့်ပြီး ဦးရွှေသန်းကို
ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း ညွှန်ချုပ်အဖြစ် ပြောင်းခန့်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဟာအစိုးရရဲ့ပြယုဂ်၊ လက်ကိုင်တုတ်အနေနဲ့ အသုံးချခံထားရတဲ့ အဖွဲ့အစည်းဖြစ် နေခဲ့တယ်ဆိုရင်
မငြင်းနိုင်ပါဘူး .. ဒါပေမယ့် အစိုးရရဲ့ ပုံရိပ်ဟာ
ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်နေပါတယ်။
ထမင်းရည် ပူလျှာလွဲနေလို့ မရပါဘူး။
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနေတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ မအောင်မြင်ခဲ့ပါဘူး။ အခြေခံကျကျ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
ပြောင်းလဲချင်ရင် -
၁။ အူမတောင့်မှ သီလစောင့်မယ်
ထမင်းနပ်မှန် အောင်စားရပါစေ၊ 
ဥပမာ- အခမ်းအနားတခု လမ်းကြောင်း (သို့)
နေရာလုံခြုံရေးကျတဲ့
တပ်ဖွဲ့ဝင်တွေ၂နာရီ မှ၎နာရီ အနည်းဆုံးစောပြီး
နေရာယူရပါတယ်။ အိမ်က ဇနီးထမင်းကြမ်း မကျွေးလိုက်နိုင်ဘူး။
အဲဒီတာဝန်ကျ နေရာသွားဖို့ ဆိုင်ကယ် ဓါတ်ဆီ တစ်ဗူး
၁၀၀၀ကျပ်ပေးဝယ် ထည့်ခဲ့ရပြီး နီးစပ်ရာ မုန့်ဝယ်စား၊ ၅၀၀ကျပ်မှ
၁၀၀၀ကျပ်ကုန်သွားပြီ၊ အခမ်းအနားလာတဲ့ လူကြီးက အိမ်က နံနက်စာစားခဲ့ပြီးလဲ
ပြင်ထားတာ ရှယ်ပေါ့။ ဒါပေမယ့် လုံခြုံရေးတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေ
ရေတစ်ခွက်တိုက်မဲ့ သူမရှိပါဘူး။
၂။ အမှုစစ်တစ်ယောက်ရဲ့ ကုန်ကျစားရိတ်..
နောက်ဥပမာတခု တရားခံက နယ်ဘက်ကို ထွက်ပြေးလို့ အမှုတခုလိုက်တယ် ဆိုရင်တောင် အိမ်ကမိန်းမ နားကပ်ပေါင်ပြီး ကိုယ့်စားရိတ်နဲ့ ကိုယ် အမှုလိုက်ရတာ
ထိုနည်း၎င်းဘဲ အသေးစိတ်မပြောတော့ပါ။
၃။ နေစရာအိမ်
တပ်ဖွဲ့ဝင်တွေ အားလုံး ကို မပေးနိုင်ပါဘူး။ မညာစတမ်း ဝန်ခံစမ်းပါ။ အိမ်ငှားစားရိတ် ဘယ်ကရမှာလဲ။
၎။ ယူနီဖောင်း
ထုတ်ပေးတယ်မပြောပါနဲ့ အထည်ချုပ်ဆိုင်နဲ့ ပေါင်းပြီး ဝတ်မရတဲ့
အရည်အသွေး မမှီတဲ့ ဝတ်စုံ ရဲတသက် ၂ခါဘဲ ရဘူးပါတယ်။ အဲဒီယူနီဖောင်း တစ်ယောက်မှ
ဝတ်မရတာ အောက်ခြေဆင်းကြည့် ပေးပါ။
၅။ ရာထူး
ရဲစစ်စစ်တွေ ရာထူးမပေးပါ။ အနေကြာလို့ ပင်စင်သွားခါနီး
သုံးပွင့်လောက်တော့ ရမှာပေါ့။ ရာထူးမျှော်လင့်ချက်မရှိ၊ နေရစားရချို့တဲ့တော့ ဘယ်တပ်ဖွဲ့ဝင် ခံယူချက်ရှိမှာလဲ၊ တပ်ကအသွင်ပြောင်း သားရဲ့
သူငယ်ချင်း အဘခေါ်နေရတဲ့ခတ်။
တပ်ကလူတွေ ရဲထဲရာထူးကြီးကြီးတွေ ပေးပြီး နေရာတွေ ဝင်ယူထားတော့ရော ဘာထူးလဲ
လာဘ်စားမှု ပိုတောင် များသေးတယ်၊ ရဲစစ်စစ်တွေက စားသင့်တဲ့အစာ၊
မစားသင့်တဲ့အစာ၊ စားသင့်တဲ့အချိန်၊ မစားသင့်တဲ့အချိန်
တိုင်းတာ ချင့်ချိန်သေးတယ်။ တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။
အခုအစိုးရပိုင်း အကြီးအကဲ၊ ရဲတပ်ဖွဲ့ရဲမှူး အထက်အားလုံး ၉၀%တပ်မတော်က
အသွင်ပြောင်းတွေပါ။
ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့ အင်အားတိုးချဲ့တာ မဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။
တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့် ထူးခံနေတာ
မသင့်တော်ပါဘူး။
လွှတ်တော် ကိုယ်စားလှယ်ကြီးများ
မသိချင်ယောင်ဆောင် နေတော့မှာလား။ တပ်မတော်ကြီးရယ် ကိုယ့်သမိုင်းကို
ကိုယ်ရေးတဲ့အခါ သမိုင်းဆိုး သမိုင်းညစ်ကို ထားခဲ့မှာလား။ ရဲထဲကို
ပြောင်းချင်ကြတဲ့ တပ်မတော်အရာရှိ ရိုက်သတ်လို့ မကုန်နိုင်အောင်ပါ
ဘဲလား။
အဲဒီတော့ ရဲစစ်စစ်တွေ ခံယူချက်ပျောက်သွားပြီ။ သူတို့ ကျွမ်းကျင်တဲ့
အမှုစစ်ပညာ၊ မူခင်းကျဆင်းရေးတွေ မလုပ်တော့ဘူး။ ပညာကို
ဝှက်ထားလိုက်ကြပြီ။ ရာထူးမျှော်လင့်ချက်ရှိရင်လဲ
ကြိုးစားကြမှာပေါ့။ တပ်နဲ့ရဲသဘော သဘာဝခြင်းမတူပါဘူး၊ ရဲဆိုတာတစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးနဲ့ဖေါ်ထုတ် တာဝန်ထမ်းဆောင်ကြရတာ၊ တပ်လို
တပ်စိတ်လိုက် တိုက်ပွဲဝင်ရတာမဟုတ်ဘူး။ အခုတော့ အရာရာ တပ်ပုံစံသွင်းနေတယ်။ ရဲဆိုတာ တစ်နေရာကို ကြာကြာနေမှ ဒေသစရိုက်၊ လူကောင်း/လူဆိုးတွေ အကြောင်းသိပြီးနယ်မြေကို
ကောင်းကောင်း ထိန်းနိုင်မှာ အခုတော့ တပ်လိုဘဲ အလှည့် ကျစနစ်တဲ့။
 ပြီးတော့ အင်အားမှာလဲ ဖွဲ့စည်းပုံ တစ်ဝက်တောင် မရှိဘူး။ ဖွဲ့စည်းပုံအမှားကြီးကိုလဲ
ရေးဆွဲထားသေးတယ်၊ အခြားအဆင့် တပ်ဖွဲ့ဝင်တွေကတော့ ကင်းပြီးရင်းကင်းပါဘဲ။
ငွေပေးမှ နီးစပ်မှ ရာထူးတိုးပေးတဲ့ စံနစ်ကိုဖျောက်ရမယ်။ အခြားအဆင့် များများရအောင်
စည်းရုံးရမယ်၊ တပ်သားသစ် တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ ဘယ်ကပိုက်ဆံနဲ့ စုရမှာလဲ၊ နယ်ထိန်းကို တာဝန်ယူခိုင်း၊ နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။
ရဲတပ်ဖွဲ့ရဲ့အားနည်းချက် (သို့) လက်ရှိအစိုးရရဲ့ယခင်အကျင့်များ -
လူကြီးလာရင် နယ်မြေအစပ် (သို့) တနေရာက
ခေါင်းဆောင်ပိုင်း အားလုံးသွားကြိုရတယ်၊
အနည်းဆုံး နေ့တစ်ဝက်ကုန်တယ်၊ အခြားတာဝန်တွေ လစ်ဟင်းကုန်ပြီ။
ဂါရဝလက်ဆောင်တွေ ပေးကြရတယ်၊လက်ေ
ဆာင်တွေသယ်ဖို့
ကားတစ်စီးခေါ်လာကြတယ်၊
လာစစ်တာနဲ့ မတူတော့ပါ..
အောက်ခြေကို လာနှိပ်စက်နေတာပါ။
သူတို့က အခုမစားတော့ပါဘူးလို့ ပြောလာမယ်။
ပြောနိုင်မှာပေါ့၊သူတို့ကအခု
မစားတော့ပါဘူးလို့ ပြောလာမယ်၊ ပြောနိုင်မှာပေါ့၊ သူတို့ရယူထားတဲ့ မြေကွက်ပေါင်းများစွာ ရောင်းစားပြီး သန်းကြွယ်သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ၊ သားသမီး
မိန်းမ နာမည်ခံပြီး မြို့တိုင်းနီးပါးမြေကွက်တွေ၊ အိုးအိမ်က ပါမစ်တွေနဲ့
လျော့ဈေးရောင်းတဲ့ တိုက်တွေ ပြည်သူတွေဆီက အဆီကိုစား
အသားကို မြိုခဲ့ကြပြီလေ။ တပ်မတော် အရာရှိတယောက် မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ။
အပိုယူထားတဲ့ မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်ကုန်အုံးမယ်။
နောက်ဆုံးအဓိက ပြောချင်တာကတော့ ဝန်ထမ်းဆိုတာ
အစိုးရဘဲ၊ ဝန်ထမ်းကောင်းမှ အစိုးရကောင်းမယ်၊ ဝန်ထမ်းတွေ အခြေခံစိတ်ဓါတ် ပျက်စီးအောင်၊ တပ်မတော် အသွင်ပြောင်းများရဲ့
အုပ်ချုပ်မှု လွတ်ကင်းအောင် တပ်မတော်သားများကို
တပ်ထဲကို ပြန်ပြောင်းပေးဘို့ လွှတ်တော်မှ တဆင့် တောင်းဆိုပေးပါရန်
တင်ပြအပ်ပါတယ်။
တပ်မတော် နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးလုပ်စား၊ လာဘ်စားခဲ့လို့
မြန်မာပြည်မွဲခဲ့ရတာပါ။ သယံဇာတမရှိတဲ့ စင်္ကာပူနိုင်ငံ ကိုယ့်နိုင်ငံထက်
ကြီးပွားနေပါပြီ။ မြန်မာပြည် တိုးတက်အောင် လုပ်မယ်လဲ ပြောသေးတယ် တပ်က
အရာရှိတွေ ဋ္ဌာနပေါင်းစုံမှာ ဝင်လာမစဲ တသဲသဲ ပေါ့။ 
ဒီမိုး ဒီရေ ဒီလူတွေနဲ့ ဆိုရင်တော့..........................။
ရဲဝန်ထမ်းစစ်စစ်တစ်ဦး
စိတ်ဝင်စားဖွယ်ရာ ဖွင့်ဟချက်များ..
" တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။"
အခုအစိုးရပိုင်း အကြီးအကဲ၊ ရဲတပ်
ဖွဲ့ရဲမှူး အထက်အားလုံး ၉၀%တပ်မတော်က
အသွင်ပြောင်းတွေပါ။
ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့ အင်အားတိုးချဲ့တာ မဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။
တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့် ထူးခံနေတာ
မသင့်တော်ပါဘူး။
  တပ်သားသစ် တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ ဘယ်ကပိုက်ဆံနဲ့ စုရမှာလဲ၊ နယ်ထိန်းကို တာဝန်ယူခိုင်း၊ နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။
တပ်မတော် အရာရှိတယောက် မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ။
အပိုယူထားတဲ့ မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်ကုန်အုံးမယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ တရားမ၀င် မှောင်ခိုပစ္စည်း တင်သွင်းနေမှုများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပါဝင်ပတ်သက် နေမှုများအား အသိပေး တင်ပြခြင်း..(ပေးစာ)
သို့
          ဦးသိန်းစိန်
          နိုင်ငံတော်သမ္မတ
          ပြည်ထောင်စုမြန်မာနိုင်ငံတော်
                                                                            ရက်စွဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလ  ၉ ရက်
အကြောင်းအရာ။      ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ တရားမ၀င် မှောင်ခိုပစ္စည်း တင်သွင်းနေမှုများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပါဝင်ပတ်သက် နေမှုများအား အသိပေး တင်ပြခြင်း။
၁။         အထက်အကြောင်းအရာပါကိစ္စများနှင့်ပတ်သက်၍ သမ္မတကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အခြေအနေမှန်ကို သိရှိနိုင်ရန်နှင့် လိုအပ်သောအရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန် အသိပေးတင်ပြခြင်းဖြစ်ပါသည်။ မိမိ၏ရည်ရွယ်ချက်မှာ မည်သူသာစေ မည်သူနာစေလိုသော ဆန္ဒမရှိဘဲ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ aအာင်မြင်နိုင်ရန်၊ ပြည်သူလူထု၏ ရရှိခံစားထိုက်သော နိုင်ငံတော် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ အကျင့်စာရိတ္တရိုးသားဖြောင့်မတ်မှု ရှိစေရန်၊ စီးပွားရေးမသမာမှုများနှင့် ၀န်ထမ်းများအဂတိလိုက်စားမှုများကို နိုင်ငံတော်အဆင့် တာဝန်ရှိသူများ အနေဖြင့် အမှန်ကို အမှန်အတိုင်း သိရှိစေရန်နှင့် မည်သို့ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရ မည်ကို အလျင်အမြန်ဆုံးဖြတ်နိုင်ရန် ရည်ရွယ်ရင်း အသိပေးတင်ပြခြင်းဖြစ်ပါသည်။
၂။         ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာ (၁)၊(၂)၊(၃)၊(၄) များတွင် လုံခြုံရေး၊ ထောက်လှမ်း ရေး၊ ၀န်ဆောင်မှုပေးရေး ကဏ္ဍများတွင် ယခုလက်ရှိ တာဝန်ထမ်း ဆောင်နေကြသောအဖွဲ့အစည်းများမှာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၊ နိုင်ငံတော်အဆင့်အကြီးအကဲများ၏လုံခြုံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်အထူးတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ လေဆိပ်ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန (စစစ)၊ လုံခြုံရေးရဲတပ်ရင်း၊ လူဝင်မှုကြီးကြပ်ရေး(လ၀က)၊ အကောက်ခွန်ဦးစီးဌာန၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာန(DCA)၊ လေဆိပ်ဝန်ဆောင်မှုဆိုင်ရာ ပုဂ္ဂလိက Companyများနှင့် သက်ဆိုင်ရာလေကြောင်းလိုင်းများ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
၃။         ထိုသို့ တာဝန်များအသီးသီးထမ်းဆောင်ကြရာတွင် နိုင်ငံတော်ဝန်ထမ်းအဖွဲ့အစည်း(၂)ခုကို အခြေပြု၍ တရားမ၀င်မှောင်ခို ပစ္စည်းတင်သွင်းခြင်း၊ တရားမ၀င် မူးယစ်ဆေးဝါးများ တင်ပို့ခြင်း လုပ်ငန်းများ ကို အခြားလုံခြုံရေး ၀န်ထမ်းများမှ ၀န်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့မှ ပြည်သူများအပေါ် စရိတ်စကလွန်စွာသက်သာသော မိုဘိုင်းလ် တယ်လီဖုန်းများကို ချထားပေးခဲ့သည်မှာ မိုဘိုင်းလ်သုံးစွဲမှုနှုန်း တစ်နိုင်ငံလုံးသုံးစွဲနိုင်မှု(၇)ရာခိုင်နှုန်း ကိန်းဂဏန်းအားဖြင့် ဖုန်းအလုံးရေ (၄) သန်းကျော် ချထားပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါအရေအတွက် အနက်ရန်ကုန်မြို့တွင် မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေ (၁) သန်းကျော်ရှိနေသည်ကို သက်ဆိုင်ရာ ၀န်ကြီးဌာန များမှ ထုတ်ပြန်သော စာရင်းကိန်းဂဏန်းများအရ သိရှိရပါသည်။ အဆိုပါ မိုဘိုင်းလ်ဖုန်းအရေအတွက်ကို ဖော်ပြနေရခြင်းမှာ ကြီးမားသော တရားမ၀င်မှောင်ခို ဈေးကွက်တစ်ခုဖြစ်ပေါ်လာမှုကို တင်ပြနိုင်ရန်အတွက် ကြိုတင် Point out လုပ်ခြင်းဖြစ်ပါသည်။
၎။         မြန်မာနိုင်ငံတွင် ၀ယ်လိုမှုလွန်စွာကြီးမားနေသော မိုဘိုင်းလ်ဖုန်း Hand Set ဈေးကွက်အတွင်း ရောင်းချသူ မိုဘိုင်းလ်ဖုန်းဆိုင်အရေအတွက်လည်း များပြားလာသည်ကို သမ္မတကြီးအနေဖြင့် သိရှိထားပြီး ဖြစ်ပါသည်။ အဆိုပါများပြားလှသော မိုဘိုင်းလ်ဖုန်း Hand Set ဈေးကွက်ကို ဖြည့်ဆည်းနိုင်ရန် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို တရားဝင်၊ တရားမ၀င် နည်းလမ်းများဖြင့် တင်သွင်းလာနေတာကို တွေ့ရှိနိုင်ပါတယ်။ ပြည်တွင်း မိုဘိုင်းလ်ဟမ်းဆက် လိုအပ်ချက်၏ ၃၀% ၊ နိုင်ငံခြား အဆင့်မြင့် မိုဘိုင်းလ်ဟမ်းဆက်များကို အဓိက တရားမ၀င် တင်သွင်းရာလမ်းကြောင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်နေပါသည်။
 နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေး မိုဘိုင်းလ်ပစ္စည်းများကို (ကန့်သတ်ပစ္စည်းများမှ လွဲ၍) အခွန်အကောက်ဆိုင်ရာများကို လျော့ပေါ့ပေးခဲ့သော်လည်း၊ ပစ္စည်းထုတ်ယူရန် အချိန်ယူရမှု၊ အကောက်ခွန် လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းမကျွမ်းကျင်မှု၊ တရားမ၀င် မှောင်ခိုတင်သွင်းရာတွင် အချိန်ကုန်သက်သာမှု၊ အခွန်ပိုင်းဆိုင်ရာ ငွေကြေးသက်သာမှု၊ လုပ်ငန်းလျင်မြန်စွာ ပြီးစီးမှုတို့ကြောင့် အဆိုပါ မိုဘိုင်းလ်တရားမ၀င်တင်သွင်းမှုများမှာ တွင်ကျယ်စွာ ဖြစ်ပေါ်လာနေသည်ကိုတွေ့ရှိရပါသည်။ 
ထို့ပြင် အခြားကုန်ပစ္စည်းများအနေဖြင့် တရားမ၀င်ဆေးမှောင်ခို တင်သွင်းမှုများ၊ နိုင်ငံခြားဖြစ် တန်ဖိုးကြီးအရက်၊ ဆေးလိပ်တင်သွင်းမှုများ၊ တန်ဖိုးကြီး အလှကုန်ပစ္စည်း တင်သွင်းမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
၅။         ထိုသို့တရားမ၀င်မှောင်ခိုပစ္စည်းတင်သွင်းမှုလမ်းကြောင်းတွင် အဓိကအကျဆုံးအချက်မှာ လေဆိပ် အခြေခံဝန်ဆောင်မှု လုပ်သားများနှင့် အကောက်ခွန်ဦးစီးဌာန၀န်ထမ်းများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ မှောင်ခိုပစ္စည်း တင်သွင်းမှုလမ်းကြောင်းတွင် လာရောက်ထုတ်ယူမည့် ကုန်ပစ္စည်းပိုင်ရှင်များအနေဖြင့် မိမိတို့ကုန်ပစ္စည်း တင်ဆောင်လာသော လေယာဉ်မဆိုက်မှီ အခြေခံဝန်ဆောင်မှု လုပ်သားများမှတစ်ဆင့် သက်ဆိုင်ရာ အကောက်ခွန်ဝန်ထမ်းများကို လိုင်းဝင်ရပါသည်။ လိုင်းဝင်ကြေးအတွက် သက်ဆိုင်ရာ ကုန်ပစ္စည်း၏ တန်ဖိုးအနည်းအများ၊ ပုံမှန်ဆောင်ရွက်နေမှု ရှိ/မရှိ အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားလျက် ရှိပါသည်။ 
အဆိုပါ တရားမ၀င်ကုန်ပစ္စည်းများ လေဆိပ်သို့ရောက်ရှိလာပါက ကုန်ပစ္စည်း အနည်းအများကို မူတည်၍ ခွဲတမ်းပေးရမည့် အဖွဲ့အစည်းအရေအတွက်အလိုက် ခွဲတမ်းငွေကြေးများကို သက်ဆိုင်ရာ အကောက်ခွန် ဦးစီးအရာရှိများမှ တစ်ဆင့် ရယူပါသည်။ ထို့နောက် လေဆိပ်အတွင်း သက်ဆိုင်ရာ တာဝန်ထမ်းဆောင် နေကြသော အဖွဲ့အစည်း ငွေကြေးရှာဖွေရေး တာဝန်ခံများမှတစ်ဆင့် ခွဲတမ်း ငွေကြေးများကို ပေးအပ်ပါသည်။ အကောက်ခွန်ဝန်ထမ်းများမှတစ်ဆင့် ခွဲတမ်းရရှိသော အဖွဲ့အစည်းများမှာ စရဖအဖွဲ့၊ လေဆိပ်ရဲတပ်ဖွဲ့၊ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စစစအဖွဲ့နှင့် ကြားခံ ဆောင်ရွက်ပေးသော အခြေခံဝန်ဆောင်မှု လုပ်သားများဖြစ်ပါသည်။
၆။         ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနအဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် တရားမ၀င်ကုန်ပစ္စည်းတင်သွင်းရာတွင် အဓိက နေရာများဖြစ်သည့် လေယာဉ်ကုန်ပစ္စည်းချရာနေရာများ၊ ကုန်ပစ္စည်းအား ပဏာမ စစ်ဆေးရာနေရာများ၊ ကုန်ပစ္စည်း နောက်ဆုံးထွက်ခွာရာ နေရာများတွင်
 လေဆိပ်လုပ်သက်ရင့် ဝန်ထမ်းများအား စောင့်ကြပ်စေ၍ မိမိတို့အား ကွက်ကျော် ဆောင်ရွက်ခြင်း ရှိ/မရှိကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နေကြသည်မှာလည်း အလွန်စိတ်ပျက်စရာ ကောင်းသော ဆောင်ရွက်ချက်များဖြစ်ပါသည်။ မိမိတို့အား အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တလွဲ အသုံးချနေခြင်းသာဖြစ်ပါသည်။
၇။         လေဆိပ်တာဝန်ကျ အကောက်ခွန် ၀န်ထမ်းအများစုမှာ အမျိုးသမီးအရာရှိ အများစုဖြစ်ပြီး ကျန်လေဆိပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းအဖွဲ့အစည်းများတွင် အမျိုးသားအများစုသာ တာဝန်ထမ်းဆောင်နေကြပါသည်။ အကောက်ခွန် အမျိုးသမီးဝန်ထမ်းများ၏ ယူနီဖောင်းဝတ်စားဆင် ယင်မှု ကြော့ရှင်းမှု၊ ၀င်ငွေဖြောင့်ဖြူးမှု၊ တရားမ၀င်ပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေမှုတို့ကို  အကြောင်းပြု၍ ကျန်အမျိုးသား ၀န်ထမ်းများနှင့် ပုဂ္ဂိုလ်ရေးခင်မင်မှု လမ်းကြောင်းကို အသုံးချကာ သက်ဆိုင်ရာလူကြီး လမ်းကြောင်းရှိ/မရှိ သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ Mobile Team ၀င်ရောက် စစ်ဆေးနိုင်မှု သတင်းများကို နှိုက်ယူနိုင်နေသည်ကိုလည်း တွေ့ရှိရပါသည်။
အဆိုပါ အရေးကြီး ထူးခြားဖြစ်စဉ် လမ်းကြောင်းများရှိလျင် လေဆိပ်အတွင်း တရားမ၀င် လမ်းကြောင်းများရှင်းထားခြင်း၊ မည်သည့်တရားမ၀င်အလုပ်ကိစ္စများကိုမှ မပြုလုပ်ခြင်းတို့ဖြင့် ၄င်းတို့၏ လုပ်ရပ်များကို ဖုန်းကွယ်ထားနိုင် သည်ကို တွေ့ရှိရပါသည်။ အဆိုပါ သတင်းပေါက်ကြားမှု ဖြစ်စဉ်မှာ ၄င်းတို့ တရားမ၀င် လုပ်ငန်းအတွက် လုံခြုံမှုစိတ်ချ ရသော်လည်း အခြားတစ်ဘက်တွင် လုံခြုံရေး သတင်းကျိုးပေါက်မှုကြောင့် နိုင်ငံတော်အဆင့် အကြီးအကဲများ၏ လုံခြုံမှုအားနည်းပြီး မလိုလားအပ်သော ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုများကို ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရှိရပါသည်။
 ဖြစ်စဉ်တစ်ခုကို ဥပမာပေးရလျင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လုပ်ငန်းလည်ပတ် မှုချောမွေ့ရေးအတွက် ၀င်ရောက်စစ်ဆေးမည်ကို အဆိုပါလေဆိပ်ရှိ အောက်ခြေ၀န်ထမ်းများမှ တစ်ရက်ခန့် ကြိုတင်သိရှိ နေကြပါသည်။ 
ထိုသို့သတင်းပေါက်ကြားမှု အဓိကတာဝန်ရှိသူများမှာ အကြမ်းဖက် အထူးရဲတပ်ဖွဲ့မှ ဒုရဲမှူး (အမည်မသိ) အမျိုးသမီးအရာရှိနှင့် ဒုရဲအုပ် သုခဌေးဆိုသူ လက်ကိုင်ဖုန်း အမှတ် (၀၉ ၄၂၁၇၅၇၇၆၀)၊ (၀၉ ၃၁၂၄၀၂၃၄)၊ (၀၉ ၄၀၁၅၅၅၁၄၄) တို့ ၂ ဦးနှင့် လေဆိပ်ရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့်ရှိသူ တို့မှ လေဆိပ်တာဝန်ထမ်းဆောင်ရာ အဖွဲ့အစည်းများကို ကြိုတင်သတင်း ဖြန့်ဖြူး၍ တရားမ၀င်လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် တရားမ၀င်အကြောင်းကြားခဲ့ သည်ကို ကိုယ်တိုင် တွေ့ရှိခဲ့ရပါသည်။
 ဒုရဲအုပ်သုခဌေးဟု သိရှိရသည်မှာ ၎င်းမှ အကောက်ခွန်ဝန်ထမ်း ဦးစီးအရာရှိ ဒေါ်အေးအေးဝင်းဆီသို့ တိုက်ရိုက်ဖုန်းဆက်အကြောင်းကြားရာတွင် မိမိကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားသိခဲ့ရခြင်းဖြစ်ပါသည်။ နောက်ပိုင်းမှ သိရှိရသည်မှာ ဒုရဲအုပ်သုခဌေးနှင့် ဒေါ်အေးအေးဝင်းတို့မှာ ပုဂ္ဂိုလ်ရေး ခင်မင်မှု အလွန်အကျွံရှိပြီး၊ သုခဌေး၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဒေါ်အေးအေးဝင်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိနေသည်ကို ထပ်မံသိရှိခဲ့ရပါသည်။
၈။         လေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသောအဖွဲ့အစည်းများမှ ၄င်းတို့၏ စားသောက်ရေး အတွက်ဟု အကြောင်းပြကာ တစ်ပိုင်တစ်နိုင် ဧည့်သည်ကြိုခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေသည် ကိုလည်း သိရှိခဲ့ပါသည်။
 တို့၏ သက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးခင်မင်မှုများမှတစ်ဆင့် တရားမ၀င် ပစ္စည်းများကို မိမိတို့ ဧည့်သည်မိတ်ဆွေများဟု အကြောင်းပြကာ တရားမ၀င်ပစ္စည်းများ ပါဝင်နေသည်ကို သိလျက်နှင့် X-Rayစက်များ၊ စစ်ဆေးမှုများကို မပြုလုပ်စေခြင်း၊ ဦးစီးအရာရှိများကိုယ်တိုင် တစ်ခါတစ်လေ ယူနီဖောင်းဝတ်ဖြင့် ခရီးသည်များ၏ အထုပ်အပိုးများကို လက်တွန်းလှည်းများ ကိုယ်တိုင်တွန်းကာ ခိုးထုတ် ခြင်းများပြုလုပ်လျက်ရှိပါသည်။ 
ထိုသို့ကိစ္စရပ်များပြုလုပ်ရာတွင် လိုင်းဝေစုကို တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းကသာ ရရှိသဖြင့် အချို့သော အဖွဲ့အစည်းများမှ ကျေနပ်မှုမရှိ၍ လေကြောင်းရဲတပ်ဖွဲ့ လေဆိပ်တာဝန်ခံ ဒုရဲမှူးကြီး ဥက္ကာကို ထံသို့ တိုင်ကြားခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ ဒုရဲမှူးကြီးဥက္ကာကိုမှ သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်မြင့်အရာရှိများထံသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်း၊ အပေါ်ယံ စစ်ကြောစာထုတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါကိစ္စဖြင့် လေဆိပ်တွင်နာမည်ကြီးထင် ရှားသူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဦးဖြစ်ပြီး၊ မှာ လေဆိပ်တွင် တာဝန်ကျကျ မကျကျ လာရောက်၍ တရားမ၀င်အထူးဧည့်ကြိုလုပ်ငန်းလုပ်ကိုင်သူအဖြစ် လေဆိပ်ဝန်ထမ်းများအတွင်း နောက်ပြောင်ပြောဆိုနေကြသည်ကိုလည်း ကြားသိခဲ့ရပါသည်။ အကောက်ခွန်ဦးစီးအရာရှိဖြစ်သူ ဒေါ်အေးအေးဝင်းမှ “ TG ဆိုက်ရင် ဦးသန်းဦးရှိတယ”ဟု မိမိအား နောက်ပြောင် ပြောဆိုခဲ့ဖူးပါသည်။  
၉။         ယခုအခါရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံခြားခရီးစဉ်လေယာဉ်များ ပိုမိုများပြားစွာ ဆိုက်ရောက်လျက်ရှိပြီး ပြည်တွင်းပြည်ပခရီးသည်များလည်း များပြားလျက်ရှိသည်ကို သမ္မတကြီးတို့ အသိပဲဖြစ်ပါသည်။ 
ထိုသို့ခရီးစဉ်များ ပိုမိုများပြားလာသည့်နည်းတူ လေဆိပ်တာဝန်ကျ ၀န်ထမ်းများအနေ ဖြင့် အလုပ်လုပ်ချိန်များ ပိုမိုလာသည်ကိုလည်း တွေ့ရှိရပါသည်။ ယခင်က ည ၈ နာရီကျော်လျင် လေယာဉ် ပါးသွားပြီဖြစ်သဖြင့် လေဆိပ်ညပိုင်းတာဝန်ကျ အမျိုးသားအရာရှိ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် လွတ်လပ်ချိန်အဖြစ် အသုံးချကာ လေဆိပ်အနီးအနားရှိ စားသောက်ဆိုင်များ၊ ကေတီဗွီများ၊ မာဆတ်များတွင် မိမိတို့တစ်နေ့တာရရှိထားသော တရားမ၀င်ငွေကြေးများနှင့် သုံးဖြုန်းစားသောက်နေကြ သည်ကိုလည်း မနှစ်မြို့ဖွယ်တွေ့ရှိ ခဲ့ရဖူးပါသည်။ ယခုလို လေယာဉ် ခရီးစဉ်များပြားလာသည့်အချိန် ညဘက်များတွင်လည်း အချို့သော အမျိုးသားအရာရှိဝန်ထမ်းများမှာ ရသည့်အချိန်ကို အရက်သေစာများ စားသောက် ပျော်ပါးနေကြသည်ကိုလည်းတွေ့ရှိရပါသည်။ ထိုသို့အရက်သေစာ သောက်စားပြီးနောက် တာဝန်ပြန်လည် ထမ်းဆောင်ရာတွင် အလုပ်အပေါ် အာရုံစူးစိုက်မှုေ လျာ့နည်းပြီး ခရီးသွားပြည်သူများနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနေပြီး ခရီးသည်များအပေါ် စိတ်မရှည်မှု ဧည့်ဝတ်မကျေပွန်မှုများကြောင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
 အချို့စားဝိုင်းသောက်ဝိုင်းများသည် မိမိတို့ ၀န်ထမ်းအဖွဲ့များဖြင့် သီးခြားပြုလုပ်ကြသော်လည်း အချို့ဝိုင်းကြီးများမှာ လေဆိပ်ရှိ တာဝန်ခံအကြီးအကဲ များအတွက် သီးသန့်ပြုလုပ်ပေးသော စားဝိုင်းများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အနိမ့်ဆုံးသော စားသောက်ဝိုင်းသည် အမြည်းဖိုးသီးသန့် အရက်မပါလျင်တောင် ၈၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ကုန်ကျသည်ကို သိရှိရပါသည်။ နိုင်ငံခြားဖြစ် အရက်များကိုတော့ အပြင်ထက်ပိုမိုဈေးသက်သာသော Duty Free ဆိုင်များ မှ ၀ယ်ယူလာသည်ကို စားသောက်ဆိုင် စားပွဲထိုးများမှတစ်ဆင့် သိရှိရပါသည်။
၁၀။       ယခုအချိန်အခါကဲ့သို့ နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေချိန်၊ အာဆီယံဥက္ကဌရာထူးကို အောင်မြင်စွာ လက်ခံဆောင်ရွက်နိုင်ရန် ပြင်ဆင်နေချိန်များ တွင်၊ ယခုကဲ့သို့ အောက်ခြေရှိဝန်ထမ်းများ၏ ကိုယ်ကျိုးရှာ လုပ်ဆောင်မှုများသည် နိုင်ငံတော်နှင့် ပြည်သူ တို့အကြား အယုံအကြည်ကင်းမဲ့မှုများကိုပိုမိုတိုးပွားလာစေနိုင်ပြီး၊ နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များနှင့် လုံးဝ သွေဖယ်နေသည်ကို နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ နိုင်ငံတော် အကြီးအကဲများမှ အမှန်အတိုင်းသိရှိပြီး အချိန်မှီ ကုစားမှုပြုနိုင်ပါရန်နှင့် ဒေသတွင်းနိုင်ငံများ အလယ်တွင် မြန်မာနိုင်ငံကို အထင်အမြင် ယုတ်လျော့စေနိုင်သော ကိုယ်ကျိုးရှာဝန်ထမ်းများကို ထိန်းသိမ်းဆောင်ရွက် နိုင်ပါရန် လေးစားစွာအသိပေးတင်ပြအပ်ပါသည်။
မှတ်ချက်။      မိမိသည် လေဆိပ်သို့ ပုံမှန်အ၀င်အထွက်ရှိသော ခရီးသွား Company တစ်ခုမှ ကိုယ်စားလှယ်တစ်ဦးဖြစ်ပါသည်။ မိမိ၏ ကိုယ်တိုင်မြင်တွေ့ ကြားသိရမှုများကို နိုင်ငံတော်အကြီးအကဲ အဆင့်ဆင့်မှ သိရှိသဘောပေါက် နားလည်စေရန်သာရည်ရွယ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားပျက်စီးစေမှုကို မရည်ရွယ်ပါ။ မိမိ၏ အလုပ်အကိုင်နှင့် မပတ်သက်သော ကိစ္စတစ်ခုကို အများအကျိုးအတွက် တင်ပြခြင်းသာဖြစ်သဖြင့် မိမိ၏ Company မှ မိမိအား အလုပ်အကိုင် ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် တိုင်ကြားသူ နာမည်အပြည့်အစုံကို မဖော်ပြထားခြင်းဖြစ်သည်ကို နားလည်စာနာမှုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 ပြည်သူ့ကိုယ်စားလှယ်တစ်ဦး
မိတ္တူကို
-      ဒေါက်တာစိုင်းမောက်ခမ်း
ဒုတိယ သမ္မတ(၁)
-      ဦးဥာဏ်ထွန်း
ဒုတိယ သမ္မတ(၂)
-      သူရဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်ဥက္ကဌ
-      ဦးခင်အောင်မြင့်
အမျိုးသားလွှတ်တော်ဥက္ကဌ
-      ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တရားဥပဒေစိုးမိုးရေးကော်မတီ
-      သူရဦးအောင်ကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
-      ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
-      ဦးစိုးမောင်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန
-      ဦးတင်နိုင်သိန်း
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန
-      ဦးဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး
ဘဏ္ဍာရေးဝန်ကြီးဌာန
-      ရဲချုပ်ဇော်ဝင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်