ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားနှင့် နာမည်ပျက်စာရင်း ဆောင်းပါးရှင် (နောက်တိုး)


ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ

ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ
 
  ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်။ ရှားခဲကျေးရွာ၌ စက်တင်ဘာ (၂၈) ရက်နေ့တွင် အင်းကန်ကိစ္စ ကနေ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့ ငါးချက်ပြစ်လွှတ်ရာ ငါးချက်လုံးလူထိပီး ပြည်သူနှစ်ယောက်ဖြစ်သော ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ် ဒဏ်ရာနဲ့ ပွဲချင်းပီး သေးဆုံးခဲ့ကြောင်း၊ ၀ိုင်းဝိုင်းလည်ကုမဏီက ဖိုးလူဝဆိုတဲ့ လူမိုက်ကိုငှားပီး တုတ်နဲ့ရိုက်ခိုင်းလို့ အရိုက်ခံလိုက်ရတဲ့ ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင်ဆိုတဲ့ တစ်ယောက် လည်း ထိုနေ့တွင် နေ့လည် ၁၁း၀၀ အချိန်ခန့်က သေဆုံးခဲ့ကြောင်း၊ တချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေး ကြောင်း၊ အခုတော့ သေနတ်နဲ့ ပစ်ခတ်ရာ အသက်မသေဘဲ ရင်ဘတ်တွင် မှန်ခဲ့သည့် သေနတ်ကျည်ကြီး အတိုင်း ပုသိမ်ဆေးရုံကနေ ညနေ ၄း၀၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ညပိုင်း ၉း၀၀ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း သိခဲ့ရပါတယ်။ 

ရန်ကုန်ပြည်သူ့ဆေးရုံတွင်လက်ရှိအမှုပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအတွင်း လူနာအဖြစ်ကုသနေကြောင်း သိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ရောက်ရှိနေသော အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲဝန်ထမ်း များကလည်း ဒီနေ့ ညတွင်းကြီးတော့ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှမပေးလိုကြောင်း လာရောက်မေးမြန်း ကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။ လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ကြောင်းလည်း သိရှိခဲ့ရပါတယ်။

 နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုပါ လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည် မဖော်လိုသူ ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။ အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့ ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ်ရုံနဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ရက်စက်ပြခဲ့ကြောင်း သတင်းရရှိသည်။ ပေးပို့သူ မေ့မေ့သား လင်းဆက်

ဘုရင်မ ကောလိပ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ မြန်မာ ၀န်ထမ်းများ တွေ့ဆုံ ရုပ်သံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်နှင့် နယူးယော့ခ် မြန်မာမိသားစုများ တွေ့ဆုံပွဲ ရုပ်သံ


အခု အန်တီ အမေရိကားမှာရောက်နေတုန်း သူ့ ကိုတွေ့ ပြီး ဂုဏ်ပြုစေချင်တာပါပဲ..

 



ဒီပုံကိုတော့အားလုံးသိကြမှာပါ....ဒါပေမဲ့ဒီပုံကိုဆွဲတဲ့လူကိုတော့တစ်ချို့ တစ်လေလောက်ပဲသိကြမယ်ထင်ပါ
တယ် ။ သူ့ နာမည်က ~shepard fairey~ လို့ ခေါ်ပါတယ် သူ့ ရဲ့  " OBEY " ဆိုတဲ့အမှတ်တံဆိပ် နဲ့ အတူ နာမည်ကြီးတဲ့ street artist ပါ။ ကျွန်တော်ဆိုလိုချင်တာကတော့ အခု အန်တီ အမေရိကားမှာရောက်နေတုန်း သူ့ ကိုတွေ့ ပြီး ဂုဏ်ပြုစေချင်တာပါပဲ..... သူဆွဲခဲ့တဲ့ "HOPE" ဆိုတဲ့စာတန်းနဲ့ အိုဘားမားပုံဆိုလဲကမ္ဘာကျော်တာပဲ ဒီပုံအတွက်ကြောင့်သူဂုဏ်ပြုခံခဲ့ရတယ်။ "BONO" လဲအန်တီအတွက်သီချင်းဆိုပေးခဲ့တယ် အန်တီနဲ့ ဆုံတွေ့ ပြီးပြီ ....အခု ~shepard fairey~ နဲ့ လည်းတွေ့ ဆုံပြီး ဂုဏ်ပြုစေချင်ပါကြောင်း ကျွန်တော်နဲ့ အတူ အားလုံးဝိုင်းဝန်းတောင်းဆိုပေးစေချင်ပါတယ်။ " OBEY " " OBEY " " OBEY " " OBEY " " OBEY " " OBEY "


ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလို့ အမေရိကန် တေးရေးဆရာ၊ အဆိုတော်၊ စန္ဒရားပညာရှင် ကာရိုး ကင်း Carole King က သီဆို ဖျော်ဖြေခဲ့


အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ ခရီးစဉ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ (အသံဖိုင်)


ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ

ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို ဒီကနေ့ သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွယ်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဦးဆောင် ပါဝင်ခဲ့ကြသူ
တွေထဲက ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက လှိုင်မြို့နယ်ရဲစခန်းကို အာမခံ (၈) ဦးနဲ့ သွားရောက် ဖြေရှင်းခဲ့ပါတယ်။

လှိုင်မြို့နယ်ရဲစခန်းမှာ စစ်ချက်တွေကို ရေးသားရာမှာ တရားခံအဖြစ် အသုံးမပြုဖို့ တောင်းဆိုခဲ့ပြီး ရဲစခန်းက သဘောတူတာကြောင့် သူတို့လေးဦး ခံဝန်လက်မှတ် ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့ကျန်ရှိနေတဲ့ မြို့နယ်ရဲစခန်းတွေထဲက ရဲစခန်း (၆) ခုကို သွားရောက်ရာမှာတော့ တရားခံအဖြစ် သုံးနှုန်းထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို သွားရောက်နေရဆဲဖြစ်ပြီး အာမခံမပါဘဲ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။
 
သတင်း...RFA

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား CNN မှတွေ့ ဆုံမေးမြန်းခြင်း


ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်းပွဲ (ရုပ်သံ)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂဝန်ထမ်းများနှင့် တွေ့ဆုံ သတင်းပုံရိပ်

မူရင်းလင့်  ....http://www.facebook.com/media/set/?set=a.520445717981212.138323.196887457003708&type=1

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ဖိတ်ကြားလွှာ


(စက်တင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ ....AFP,

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကွန်ကရက်လွှတ်တော် ရွှေ့တံဆိပ်ဆုချီးမြှင့်ပွဲအခမ်းအနား မှတ်တမ်း ပုံရိပ်များ

ဓာတ်ပုံ များ အား အင်တာနက် စာမျက်နှာများ စုစည်းတင်ပြလိုက်ပါသည်.။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား“အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်ရွှေသားဆု”ပေးအပ်မည့် ဆုပေးပွဲအခမ်းအနား တိုက်ရိုက် စတင်ထုတ်လွှင့်ပါပြီ။

 ထို လင့် တွင် ကြည့် ရှုနိုင်ပါသည်.။ http://www.speaker.gov/live
Stream videos at Ustream
စက်တင်ဘာ ၁၉ က အမေရိကန်လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ကွန်ဂရက်ကနေ ချီးမြှင့်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့တဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


 
 

VOA နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး


VOA ရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

DASSK in VOA @voa_news @voaburmese Daw Aung San Suu Kyi

#DASSK is greeted at @voa_news #VOA #USvisit #DawAungSanSuuKyi

#DASSK talks about Rakhine and Rohingya State violence with @voaburmese @voa_news

#DASSK is greeted by so many at @Voa_News @statedept



ကမ္ဘာ့ အထင်ရှားဆုံး အမျိုးသမီးတွေထဲက နိုင်ငံရေးဘက်က ကျော်ကြားတဲ့ အမျိုးသမီးကြီး နှစ်ဦးကို စက်တင်ဘာ ၁၈ က ရင်းရင်းနှီးနှီး တွေ့ရ


စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဒေါ်အောင်ဆန်းစုကြည် RFA ရုံးချုပ်သို့ လာရောက်လည်ပတ်ခဲ့စဉ်။


















 

“အသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခြင်း” အမေရိကန်တွင်ကျင်းပမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာအမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြား ဆုတွေကို ကိုယ်တိုင် လက်ခံ ယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန် စံတော်ချိန် မနက် ၉ နာရီခွဲကျရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှာ နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဟာ USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အနာဂတ် အလားအလာနဲ့ စိမ်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton လည်း တက်ရောက်ပြီး အဖွင့် မိတ်ဆက်စကား ပြောကြားမှာပါ။

“အသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကိုဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ အင်တာနက်က တဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတကတော် Mitchelle Obama ကလည်း သမ္မတ အိမ်ဖြူတော်မှာ တစ်ညတာ လာရောက်လည်ပတ် တည်းခိုဖို့ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားထားတယ်လို့ ဝါရှင်တန်မှာရှိတဲ့
မြန်မာ့အရေး လှုပ်ရှားသူတွေကို ကိုးကားပြီး Foreign Policy စာစောင်က ရေးသားပါတယ်။

အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတည်ခင်းမယ့် ညစာစားပွဲကို သမ္မတဟောင်း George W Bush ၊ သမ္မတဟောင်း Bill Clinton နဲ့ ကမ္ဘာကျော် Microsoft ကွန်ပြူတာ လုပ်ငန်းရှင် သူဋ္ဌေးကြီး Bill Gates တို့လည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။

သတင်း.... RFA 
 ........................................................
 ယနေ့ ည ၁၁ နာရီ အချိန်၌ “အသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကို ထိုလင့်က တဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ယနေ့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်လှန်ရေး (၅) နှစ်ပြည့်အခန်းအနားကျင်းပ။


နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်းအနား
(၂၀၀၇-၂၀၁၂)သဘောထားကြေညာချက် ။

















အာရှလေဘာတီ သတင်းဂျာနယ်