ပြန်လည်ရေးသားဖော်ပြပါသည်။
ဒီပုံကိုကြည့်ပြီး ကျွန်တော်တော့ မေတ္တာပို့ချင်တာတွေ ရင်နဲ့ မဆန့်လို့ ဆုမတောင်းတော့ပါဘူး.. အထက်က လက်နက်ကိုင်နဲ့ အပေါင်းအပါ တစ်စုပုံကို ကြည့်ပြီး စာဖတ်ပရိသတ်ကြီးတွေ ဘယ်လို ဆုတောင်းမယ်ဆိုတာကို ရင်ထဲမှာ ရှိတာ ရေးပြ ချပြကြည့်ပါတော့.. အမယ်အိုလိုပဲ ဆုတောင်းမလား မျိုးဆက်သစ်လူငယ် တွေလိုပဲ ဆုတောင်းမလား ရွာကအဘိုး ဆုတောင်းသလို မေတ္တာပို့တဲ့အထဲမှာ ဘေးအိမ်က ဘယ်သူမပါဆိုသလို ဆုတောင်းမလား ..ဒါမှမဟုတ် နအဖနဲ့ အပေါင်းအပါများမှ လွဲပြီး (၇)ရက်သားသမီးတွေ ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းကြမလား...?????
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်ရုံးအဝင်ဝမှာ ဆုတောင်းပေးနေတဲ့ အဘွားအိုနဲ့ မျိုးဆက်သစ် လူငယ်လေးတွေရဲ့ ဆုတောင်းမေတ္တာပို့သ သံတွေပါတဲ့ ဗီဒီယိုဖိုင်လေးကို ရင်ထဲခံစားမိရင်း မိုးနဲ့မြေ နှိုင်းယှဉ်ချက် ဒီပိုစ့်ကို ရေးဖြစ်ပါတယ်..။ ဗီဒီယိုဖိုင် ပြန်ကြည့်ချင်ရင်.
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့ကမူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasuလို့ခေါ်တဲ့ တက္ကသိုလ်အတန်း။ လူတွေကရှုတ်ရှုတ် … ကျောင်းသားကြီးတွေကတရုတ်ရုတ် … လူထုကြီးကတအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။ ဘ၀တွေက ဖရိုဖရဲ။
ကောင်းကင်ပြာကြီးထဲကျီးတွေက ပြိုဆင်း
… မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။
သစ်ပုတ်ပင်ကြီးကတော့ …
ခွပ်ဒေါင်းအလံလွင့်ဆဲ။
မင်းကဗိုလ်မှူးဆို … ငါကဗိုလ်ချုပ်။
နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။
ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။
ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကိုကာကွယ်မှုအကြောင်း။
ဗိုလ်ချုပ်တို့က ပြည်သူကိုချစ်တဲ့အကြောင်း။
ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။
ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။
စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကိုတစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖအင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။ မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမားတပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစားအရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးကညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်းထိန်းထား။
သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။ ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။ မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိရှုပ်လာ။ အခွင့်ထူးခံသားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။ အေးဗျာ . . . အေးရာအေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။
အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။
ဟိုလူကြီးနဲ့ဖိုက် … ဟိုသူငယ်မနဲ့ဆိုက်။
ဟိုဘဲကြီးနဲ့တိုက် … ဟိုမဒီကြီးနဲ့ခိုက်။
မကောင်းတာကိုကောင်းသလားလို့၊ မသင့်တာကိုသင့်သလားလို့၊
မှားတာကိုမှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။
လူစိတ်မပျောက်ခင် … အသိရောက်။
အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။
ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ။ ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်းရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။ ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။ ဒါနဲ့ … အေးရာအေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်းလူလတ်အတွေးနဲ့ အဖြေရှာကြည့်။
ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။ သုခ … ကျော်သူ၊ ကျော်သူ … သုခကက်ကင်းတဲ့။ ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။ ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။ ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကိုဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကိုအကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံးကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သောသူတို့သာလုပ်နိုင်သည်တဲ့ … ။
ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကိုရိုကျိုးခဲ့ရ။
ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။ “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ”တဲ့ … ဟာ ပြည်သူပြည်သားလူသားအားလုံးကိုမေတ္တာပို့တဲ့ အသံတွေပဲ။ မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။ မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။ ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။
ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။ ဒီမှာတင် … လက်သီးလက်မောင်းမတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။ ဒါတင်မကသေး … အောင်သပြေထဲလည်းအမြည်းအဖြစ် ခေတ္တခဏရောက်။
သားနဲ့သမီးလည်း … အဝေးကိုရောက်။ သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။ ဒီလိုနဲ့ … နအဖလက်ထဲမှာအလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိစွန်းခဲ့ပြီပေါ့။ ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။ပြည်သူတွေကိုအချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။ အနိစ္စ ဒုက္ခ အနတ္တ တရားတွေကိုအချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။ သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံအားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။ ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။
သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။ အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။ ကျွန်ုပ်ရသလို … ရကြပါစေ။ ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။ ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေလို့ သာကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်းကြပါစေ။ ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံ မှတစ်ပါးအခြားမရှိတော့ချေ။
မေတ္တာ ကရုဏာ မုဒိတာဥပေက္ခာဖြင့်
ကျော်သူ (၁၉၅၉ ~ ၂၀??)
ကျွန်တော်၏ မွေးနေ့ ၂.၁၁.၅၉ နေ့ အကြို... ရင်တွင်းရှိ အမှိုက်များကို ရှင်းထုတ်ခြင်း... ဆောင်းပါးမဟုတ်၊ ကဗျာမဟုတ်..။ နှလုံးသားထဲမွေးဖွားပေါ်ပေါက်လာမှုတို့ ကိုချပြခြင်းသာ ဖြစ်တော့သည်။
(ကျော်သူ)
ပြည်သူ့ အနုပညာရှင် စစ်စစ်.. အကိုကြီး ကိုကျော်သူရဲ့ လာမယ့် ၂ရက်နေ့မှ ကျရောက်မယ့် ၅၁နှစ်ပြည့်မွေးနေ့မှသည် နှစ် (၁၀၀)တိုင်ပြီး အများအကျိုး.. ပြည်သူ့အကျိုးကို ဆက်လက် ထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..
ဒီမိုဝေယံ
အမေရေ ဒီနှစ်ထဲမှာပဲ အခြေအနေတွေ ပြောင်းလဲကုန်ပြီ အမေ....။ အမေတည်ထောင်ခဲ့တဲ့ အဖွဲ့ချုပ်လည်း အမေပြန်လာမယ့်နေ့ကို မျှော်နေပြီ အမေ....။ အမေ့အပေါ် သစ္စာရှိပါတယ်.. လေးစားပါတယ် ဆိုတဲ့ လူတစ်စုလည်း အမေ့ကို ကျောခိုင်းပြီး စွန့်ခွာသွားပြီအမေ။ ကိုယ့်တံထွေး ကိုယ်ပြန်မျို .. ကိုယ့်ကတိ ကိုယ်ဖျက်ပြီး တံလျှပ်ကို ရေထင် ရွှေဂုံတိုင်ကို ကျောခိုင်းပြီအမေ။ ဘာပဲဖြစ်ဖြစ် အမေရေ အမေ့အပေါ်မှာ သစ္စာရှိနေဆဲ လေးစား ထောက်ခံနေဆဲ ဖြစ်တဲ့ အဘိုးတို့တွေနဲ့ အတူ အမေကိုချစ်တဲ့ ပြည်သူတွေ အမေ့ကို မျှော်နေတယ် အမေ။ အမေရေ သားတို့ လူငယ်တွေ မှားခဲ့တာတွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ ဦးချတောင်းပန်ပါတယ် အမေ။ အမေ့စကားကို သားတို့ စောဒက မတက်ပဲ မြေဝယ် မကျနားထောင်ပါမယ်.. အမေ။
သေချာတယ် အမေ ဒီနေ့မှာတော့ အမေကိုချစ်တဲ့ သူတွေ အမေအတွက် ဆုတောင်း မေတ္တာပို့ကြပြီ အမေ.. ဒီမေတ္တာတွေ၊ ဆုတောင်းတွေဟာ အမေ့ကို အေးချမ်းစေပြီး အမေ့ကို ရန်ငြိုးထားသူတွေ အတွက်တော့ ပူလောင်စေလိမ့်မယ် အမေ။ အမေရေ မကြာခင်မှာ အဓမ္မကို ဓမ္မကအောင်နိုင်တော့မယ့်... ခေတ်သစ်ကို အမေနဲ့အတူ သားတို့ ကြိုးစားကြမယ် အမေ။ ဒီနေ့မှာ ကျရောက်တဲ့ အမေရဲ့(၆၅)နှစ်ပြည့် မွေးနေ့မှသည် နှစ်တစ်ရာ တိုင်ပါစေလို့ သားတို့ ဆုတောင်းလိုက်ပါတယ် အမေ။ အမေသားတို့နဲ့ အမြဲရှိနေပါနော်. ...။ အမိမြန်မာပြည်ကြီး လွတ်မြောက်ဘို့ အမေဆောင်ရွက်ပေးပါနော်။ အမေကျန်းမာချမ်းသာ ပါစေကြောင်း သားတို့ ဆုတောင်းလိုက်ပါတယ်.. အမေ။ အမေပြောတဲ့ စကား အမေ့ဆုံးဖြတ်ချက်တွေကို သားတို့ မြေဝယ်မကျ နားထောင်ပြီး အမေအပေါ် အမြဲ သစ္စာရှိနေပါမယ်လို့ သားတို့ ကတိသစ္စာ ပြုပါတယ်.. အမေ။ အမေကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ။
အရှင်ထာဝရ၊ ဘားမားပါပါရာဇီ၊ အလင်းဆက်၊ ခမိခဆဲ၊ ဒီမိုဝေယံ.....
အမေစု မွေးနေ့ အတွက် US သမ္မတ အိုဘားမားက သဝဏ်လွှာ ပို့ Obama sends birthday wishes to Aung San Suu Kyi
အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့တစ်ဦးတည်းသော အကျဉ်းကျခံနေရသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြိး ဖြစ်သည်။
အမေရိကန် သမ္မတ အိုဘားမား
(AP) – 5 hours ago
WASHINGTON — President Barack Obama is sending birthday wishes to Aung San Suu Kyi (ahng sahn soo chee), the democracy activist long held in detention by Myanmar's military rulers.
Suu Kyi turns 65 on Saturday.
Obama issued a statement lauding her determination, courage and personal sacrifice in working for human rights and democratic change in her country. He again called for the immediate and unconditional release of Suu Kyi and all of Myanmar's other political prisoners.
The president noted her status as the "world's only imprisoned Nobel Peace Laureate." Suu Kyi, the leader of Myanmar's pro-democracy opposition, has been held under house arrest by the military government for about 14 of the past 20 years.
ဦးနေမိန္ဒ
ဦးထာဝရ
ဦးဂမ္ဘီရ
From Myanmar Online Encyclopedia
၁၉၇၉-ခုနှစ်၊ ဇွန်လ(၁၉)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ အဖ ဦးမင်းလွင် နှင့် အမိဒေါ်ရေး တို့မှ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက်တွင် ငါးယောက်မြောက် သားဖြစ်သည်။ အသက်(၅)နှစ် အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်း၌ ပညာသင်ကြား ခဲ့သည်။ သူငယ်တန်းမှ စတုထ္တတန်းအထိ အတန်းစဉ် ပထမရကာ ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထု လှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်ခဲ့သည်။
ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ သည်၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သော သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်အာဏာပိုင်များ၏ အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင် တရားရုံးက သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။
၂၀၀၇ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ်ကိုစစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံရသည်။
သူ့ကို အာဏာပိုင်များက လိုက်လံဖမ်းဆီးသဖြင့် တိမ်းရှောင်ပုန်းအောင်းနေစဉ် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။
ဘွဲ့အမည် = ဦးစန္ဒောဘာသ
လူအမည် = ညီညီလွင်
Myanmar Online Encyclopediaမှ ရယူပါသည်။
၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့မှာဖြင့် ကျွန်ုပ် အလွန်လေးစား ချစ်ခင်ရပါေ
၂၀၁၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့တွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ဦးသို့ ကူးပြောင်းပြီ ဖြစ်ပါသည်။ ၁၃၇၂ ခုနှစ် မြန်မာနှစ်သစ်ဦးတွင် မြန်မာတစ်ပြည်လုံးအတွင်း မှီတင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမ အပေါင်းတို့သည်၎င်း၊ နိုင်ငံရပ်ခြား ပြည်ပဒေသများတွင် ၀မ်းစာအတွက် သွားရောက်ရှာဖွေ လုပ်ကိုင်နေသော ပြည်ပရောက် မြန်မာညီအစ်ကို မောင်နှမများသည်၎င်း၊ ပြည်ပနိုင်ငံ အသီးသီးမှနေ၍ နအဖ စစ်အစိုးရအား တော်လှန်တိုက်ပွဲဝင်နေကြသော ညီအစ်ကို မောင်နှမများသည်၎င်း၊ ပြည်တွင်းမှနေ၍ ကြံကြံခံ အံတုဖက်ပြိုင် တိုက်ပွဲဝင်လျက်ရှိသော ပြည်တွင်းမှ တိုက်ပွဲဝင် ရဲဘော်အပေါင်းတို့သည်၎င်း၊ မတရားသော နအဖ စစ်အစိုးရအား တရားသောနည်းဖြင့် ရင်ဆိုင်တိုက်ပွဲဝင်၍ မတရားအနိုင်ကျင့် နှိပ်စက် ဖမ်းဆီးခံနေကြရသော မြန်မာပြည် အရပ်ရပ်အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးသူရဲကောင်း အကျဉ်းသား အပေါင်းတို့သည်၎င်း၊ အဘ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးပီသသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘ ဦးဝင်းတင်၊ ဘဘ ဦးတင်ဦး၊ ဘဘ လူထုဦးစိန်ဝင်း အစရှိသည့် မြန်မာ့နိုင်ငံရေး အာဇာနည် အပေါင်းတို့သည် နှစ်သစ်မင်္ဂလာတွင် စိတ်ဓါတ်ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အန္တရာယ်ခပ်သိမ်း ကင်းငြိမ်း၍ မတရားသော နအဖ စစ်အစိုးရအား တရားသောနည်းဖြင့် ဆက်လက် တိုက်ပွဲဝင်သွားနိုင်ကြပါစေကြောင်း ကျွန်တော် Burmapaparaziနှင့် ပြည်တွင်းမှ တော်လှန်ရေးရဲဘော်များက ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
ပေးပို့လာသူ Burmapaparazi
အရှင်ထာဝရ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ
အားလုံးမင်္ဂလာပါ ၂၀၁၀ နှစ်သစ်မင်္ဂလာရက်မြတ်မဟာသမယမှာ စိတ်သစ် လူသစ် အမြင်သစ် အတွေးသစ် အရာအားလုံးသစ်လွင်စွာဖြင့် ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ရှေးဦး ပဏာမ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ပြီးဆုံးသွားတဲ့ ၂၀၀၉ မှာ တစ်ယောက်နှင့်တစ်ယောက် အညှိုးအာဃာတ တွေရှိခဲ့ရင် မေ့ပျောက်ပစ်ကြကာ တစ်ယောက်နှင့်တစ်ယောက်နားလည်ခွင့်လွှတ်မှု ဖေးမကူညီရိုင်းပင်းမှု ကျင်နာသနားညှာတာမှု မေတ္တာစေတနာတွေ အပြည့်ဖြင့်တစ်ယောက်နှင့်တစ်ယောက် အတူလက်တွဲကာ နိုင်ငံကောင်းကျိုး လောကကောင်းကျိုး တွေကို ဆထက်တန်ဖိုးတိုးကာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။ မိမိတို့တစ်တွေဟာ အင်မတန်ရခဲတဲ့ အဖိုးမဖြတ်နိုင်တဲ့ မြင့်မြတ်တဲ့ဘ၀ကို ရထားကြတယ် ဆိုတာကိုမမေ့သင့်ပါဘူး။ မြင့်မြတ်တဲ့ဘ၀ကို ရထားကြတာမှန်ပေမဲ့ မြင့်မြတ်အောင် တန်ဖိုးရှိအောင် ကြိုးစားပြီးနေကြမှ မြင့်မြတ်တဲ့ဘ၀တန်ဘိုးရှိတဲ့ဘ၀ တွေဖြစ်ကြမှာပါ။ဒီလိုမဟုတ်ဘဲ ကြီးနိုင် ငယ်ညှင်း အနိုင်ကျင့်နှိပ်စက်ကာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး တစ်ကိုယ်ကောင်း စိတ်ဓါတ်မွေးကာထင်ရာဆိုင်း မယ်ဆိုရင်တော့ မိမိရလာတဲ့ဘ၀ဟာ နိုင်ရာစားဖြစ်တဲ့ တိရစ္ဆာန်တွေရဲ့ဘ၀နဲ့ဘာမှ ခြားမှာမဟုတ်ပါဘူး။ အမြီးမပါတာ တစ်ခုပဲ ထူးခြားတာပဲရှိမှာပါ။ဒါကြောင့်ပြီးဆုံးသွားတဲ့ ၂၀၀၉ ကာလမှာ ငါဘာတွေလုပ်ခဲ့သလဲ၊ အဆိုးတွေလား အကောင်းတွေလား ကိုယ့်ကိုယ်ကို သေချာစွာ မညာတမ်းပြန်မေးကြပါ။ ကိုယ်ကိုယ်ကိုအဖြေထုတ်ပါ။ အဆိုးတွေကြီးပဲလုပ်ခဲ့မိတယ်ဆိုလဲ လက်မိုင်ချပြီးငိုမနေပါနဲ့၊ ပြီးခဲ့တာတွေကသူဘာသာသူ အလကားသက်သက် ကောင်းလာမှာမဟုတ်ပါဘူး။ မိမိရဲ့အမှားတွေကို သင်ခန်းစာယူပြီး ဒီလိုအမှားမျိုး ထပ်မမှားအောင် ဂရုစိုက်ထိမ်းသိမ်းးကာ အခု၂၀၁၀မှာ စိတ်သစ်လူသစ်အာရုံသစ်တွေဖြင့် ကိုယ့်နိုင်ငံကောင်းကျိုးကို သယ်ပိုးထမ်းရွက်မယ်ဆိုရင် သင်ဟာမြင့်မြတ်တဲ့တန်ဖိုးရှိလူဖြစ်နိုင်ပါတယ်။ မြင့်မြတ်တဲ့တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။။
မေတ္တာဖြင့်..မင်းသုည
၁ ဇန္န၀ါရီလ ၂၀၁၀
အားလုံးသောမိတ်ဆွေများခင်ဗျား-
နှစ်သစ်တခုထဲသို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း
နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၂၁၇၃)ယောက် ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)အနေဖြင့်-
မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ဆောင်ရွက်ခဲ့ကြသောကြောင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့်နိုင်ငံရေး အကျဉ်းသားများအားလေးစားစွာဖြင့် အသိအမှတ် ပြုပါသည်။ နိုင်ငံအကျဉ်းသားများထဲမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသူ လူပုဂ္ဂိုလ် (၄၀) ဦးကို ကျွန်တော်တို့၏ အင်တာနက်စာမျက်နှာ www.aappb.org တွင်ဖေါ်ပြထားပါသည်။
သူတို့နှင့်အတူ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အတွက် အရာရာကိုစွန့်လွတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးအကျဉ်းသား အားလုံး ယခုရောက်ရှိလာသော(၂၀၁၀) ခုနှစ်အတွင်း အမြန်ဆုံးပြန်လည်လွတ်မြောက်လာကြစေရန် ကျွန်တော်တို့နှင့် ကမ္ဘာ့မိသားစု အားလုံးက ဆန္ဒပြု မျော်လင့် လျှက်ရှိကြပါသည်။
နှစ်ရှည်အကျဉ်းကျခံ လူပုဂ္ဂိုလ် (၄၀) ဦး နှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည် လွတ်မြောက်လာကြစေရန် လူတိုင်းလူတိုင်းက ဆန္ဒပြုဆုတောင်းခြင်းဖြင့်လည်းကောင်း၊ မြန်မာ့ စစ်အာဏာရှင်ကို ၀ိုင်းဝန်းဖိအားပေးကြခြင်းဖြင့်လည်းကောင်း အားလုံးစုပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)မှ တိုက်တွန်းနှိုးဆော် လိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး) +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး) +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅
ပေးပို့လာသူ ကိုအောင်မျိုးသိန်း၊ မမြတ်လေးငုံ...