ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိခွဲစိတ် ကုသမှုအောင်မြင်စွာ ပြီးဆုံး....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိခွဲစိတ် ကုသမှု ယနေ့ နေ့လည် ၃နာရီမှာ စတင်ပြီး ၄နာရီ၄၇မိနစ်မှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

Tang Tock Seng ဆေးရုံ၌ နေ့လည်၃နာရီ၁၀မိနစ်တွင် မြန်မာခွဲစိတ်ဆရာဝန်၊ မြန်မာမေ့ဆေးဆရာဝန်၊ မြန်မာနပ်စ်မများ နှင့် ခွဲစိတ်ကုသမှုခံယူပြီး ၄နာရီ၄၇မိနစ် အချိန်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ မျက်စိတွင်းဖုံးလွှမ်းနေတဲ့ သွေးခဲများအား ခွဲထုတ်ပြီး LEN ကိုပြန်လည် ထည့်သွင်းခဲ့ပါတယ်..။ မျှော်မှန်းထားသည်ထက် အထူးကောင်းမွန်ကြောင်း ဆရာဝန်များမှ ဆိုပါတယ်..။ မနက်ဖြန်တွင် မျက်စိ အခြေအနေအား ပြန်လည် စစ်ဆေးပြီး ပြန်လည် ဆင်းခွင့်ပြုမည် ဖြစ်ကြောင်းသိရှိရပါသည်..။

ဘဘဦးတင်ဦး ဆေးရုံတက်နေစဉ် နိုင်ငံအသီးသီးမှ ဆုတောင်းမေတ္တာ ပို့သသူများ စိတ်ဓာတ်အားဖြင့် မေးမြန်း အားပေးသူများအား အထူးကျေးဇူးတင်ပါကြောင်း ဘဘဦးတင်ဦးနှင့် မိသားစုဝင်များမှ ပြောဆိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မနက်ဖြန် ၃၀ရက်နေ့မှာ မျက်စိခွဲစိတ် ကုသမှုခံယူမည်..

တက်ရောက် ခွဲစိတ်ကုသမည့် ဆေးရုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ မျက်စိခွဲစိတ် ကုသမှု ခံယူရန်အတွက် ဇနီးဖြစ်သူဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေနှင့် အတူ ယခုလ၂၈ရက်နေ့ နေ့လည် (၁၁)နာရီခန့်က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပါတယ်.. ဘဘဦးတင်ဦးဟာ မျက်စိအိမ်အတွင်းမှ သွေးယိုစိမ့် မှုဖြစ်ခဲ့ပြီး မျက်စိအိမ်အတွင်းပိုင်း Retina အား အဆိုပါသွေးကွက်မှ ဖုံးအုပ်သွားမှုကြောင့် ယခုကဲသို့ ခွဲစိတ်ကုသ ခံယူရခြင်းဖြစ်ပါတယ်။ မနက်ဖြန် နေ့လည် ၃နာရီမှာ.. Tang Tock Seng ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူပြီး တညတာ ဆေးရုံမှာ တက်ရောက် ကုသမှာဖြစ်ပါတယ်။ အသက် ၈၃နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ ယနေ့အချိန်ထိ ဘဘဦးဝင်းတင်နဲ့ အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဥိးဆောင်မှု ပေးလျှက်ရှိပါတယ်။ ယခုစင်ကာပူနိုင်ငံသို့ ခေတ္တ မျက်စိကုသရန် ရောက်ရှိနေတဲ့ ဘဘဦးတင်ဦးဟာ စိတ်ရော ကိုယ်ပါ အထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်။

ခရီးဆောင် Suit Case ကတော့ ၁၉၇၀ ခုနှစ်ခန့်က အမေရိကားနိုင်ငံသို့ သွားရောက်ခဲ့စဉ်က အိတ်ဖြစ်ပြီး
ဘဘဦးတင်ဦး တပ်ရင်းမှုးဘဝကတည်းက အသုံးပြုခဲ့တဲ့ စစ်တပ်သုံးအိတ်နဲ့ အရောင်တောက်ပမှု မရှိတော့တဲ့ ပစ္စည်းလေးတွေကို တရိုတသေ ယခုထက်တိုင် အသုံးပြုနေတဲ့ ရိုးသားဖြူစင်တဲ့ ဘဘဦးတင်ဦးပါ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( ၂၂ ) နှစ်ပြည့်မွေးနေ့မင်္ဂလာအခမ်းအနားကို ဒုဥက္ကဌ ဘဘဦးတင်ဦးနေအိမ်တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၇.၉.၈၈ခုတွင် စတင်တည်ထောင် မွေးဖွားခဲ့သည့် ၂၇.၉.၂၀၁၀ နေ့တွင် (၂၂ ) နှစ်တိတိ ပြည့်ခဲ့ပါပြီ။ အဖွဲ့ချုပ်ကိုစတင်တည်ထောင်ခဲ့သူ ဂုဏ်သရေရှိ ပညာတတ် ပြည်သူ့ခေါင်းဆောင် ကောင်းတို့ကြောင့် ယနေ့ထက်တိုင် တည်မြဲအောင်မြင် ကျော်ကြား နေခြင်းပင်ဖြစ်သည်။ အဖွဲ့ချုပ် ( ၂၂ ) နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ဒုဥက္ကဌ ဘဘဦးတင်ဦးနေအိမ်တွင် ပါတီဝင် အင်အားမြောက်များစွာဖြင့် ပျော်ရွှင် ၀မ်းမြောက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ ဦးစွာနိုင်ငံတော်နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း အစရှိသည့် နိုင်ငံ့အာဇာနည် ခေါင်းဆောင်များကို အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲ အတွင်း အသက်ပေး လှုခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူများအား တစ်မိနစ်တိတိငြိမ်သက်စွာ အလေးပြုခဲ့ကြပါသည်။ အဲ့ဒီနောက်မှာတော့ ဘဘဦးတင်ဦး နှင့် ဘဘဦးဝင်းတင်တို့မှ မွန်မြတ်သော သြ၀ါဒစကားတို့ကို ပြောကြားသွားခဲ့ပါသည်။ ကဗျာ ဆရာ(ဖျာပုံ)လုံနီဦး မှ ဘဘဦးဝင်းတင်ရေးသားသော ကဗျာနှင့် အဖွဲ့ချုပ်မွေးနေ့ကဗျာများကို ဖတ်ကြားသွားပါသည်။ ထို့နောက်
အဖွဲ့ချုပ်မွေးနေ့အခမ်းအနားကိုအောင်မြင် စွာကျင်းပပြီးစီးကြောင်း ကြေငြာပြီးနောက် ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ခေါက်ဆွဲကြော်၊ ပန်းသီး တို့ဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ဘဘဦးတင်ဦး၏ သြ၀ါဒမိန့်ခွန်းမှ ကောက်နှုတ်ချက် (ခုလက်ရှိမှာ မတရားမှုတွေဖြစ်နေတယ်။ မတရားတာကို လုံးဝလက်မခံဘူး။) ဘဘဦးဝင်းတင်၏ သြ၀ါဒမိန့်ခွန်းမှ ကောက်နှုတ်ချက် ( မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းမှုတွေကို ကုန်းမခံဘူး၊ ရုန်းခံမယ်။)

လေးစားဦးညွှတ်လျှက်
BP

ရွှေဝါရောင်ဆရာတော် ဦးနေမိန္ဒ နှင့် ဆရာတော် ဦးဣဿရိယ တို့၏ ၃နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး (ရုပ်သံ)


အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ကဗျာဆရာ ဘုန်းကျော်ရွတ်ဆိုတဲ့ (ပြည်သူတွေကို ညှာတာပါ) ကဗျာ ရုပ်သံ


ဗီဒီယိုဖိုင်အတွက် BP အားကျေးဇူးတင်ပါသည်။

မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်...







VOA အသံဖိုင်...
တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)

မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့အတွက် အမှတ် (၂၂)ခြေမြန်တပ်ရင်းလက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ မြင်တဲ့အတွက်ကြောင့် ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းခဲ့တယ်ဆိုတဲ့အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုးကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီးဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။
ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ်(၁)ဆက်သွယ်ရေးတပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြုနေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံအင်အား အကူပစ်လက်နက်ကြီးတပ်ခွဲ စိန်ပြောင်းကြီးတပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့အချိန်မှာ သူတို့က စစ်အာဏာသိမ်းဖို့အတွက် အသင့်ပြင်ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်းထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကားပြောကြည့်တဲ့အခါမှာလည်း၊ သူတို့က လက်ရှိအခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာသွားကြသလဲ၊ ဒီလောက်ထိ နားလည်မှုလွဲသွားကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီးထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့တပ်ထဲမှာ အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည်သူ့ ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရပြုတ်ကျရေးကို ဦးတည်တောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေးအတွက် လူထုသဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင်ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ်ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါသွားပြီးတော့မှ နဖူးစည်းအနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရပြုတ်ကျရေး၊ အစိုးရပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော်ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီး ဘယ်လိုအခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီမတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ထုတ်ပေးထားတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်းမီးကျောက်တွေကို စနစ်တကျသိမ်းဆည်းပြီး ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယစေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော်ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ်ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ်အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ်တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့မေတ္တာကို စပြီးခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေမမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ(၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင်ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြားခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လိုအကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီအာဏာရှင်ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အားလုံးအဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ်တက်ကြွနေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ်တည်ထောင်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့်အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကိုလိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘ၀ကို စာနာနားလည်တဲ့အင်အားစုတွေ အများကြီးရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုတဲ့အကြောင်း ကျနော်ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့အခါကျတော့ သရက်တောကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တောကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက်သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တောကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)အကူအညီနဲ့ လသာအထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သူ ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံအနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တောကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး”ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထမြောက်သွားတာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂ”၏ အထွေထွေအတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံစကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့အတူ တပါတီအာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့တပ်မတော်သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေအားလုံးကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ်ဝင်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း၊ တင်းပြည့်ပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထုအများစု သွေးထွက်သံယို ဖြစ် ပြီးတော့မှ အသက်များစွာဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေးအကျပ်အတည်းမှာ တပါတီအာဏာရှင်စနစ်ရဲ့လက်ကိုင်ထုတ်အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝလက်သင့်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံးနည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သားအများစုကိုလည်း မဆလပါတီဝင်အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆိုပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယသမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလပါတီဝင်အဖြစ်ကနေရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင်ကြည့်တဲ့အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော်သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲတစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့အချိန်မှ၊ာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လိုမြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော်ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေးအတွက်ပေါ့နော်၊ ကျောင်းသားတွေအကူအညီနဲ့ နေရာအနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်ခင်ဗျ။ အာဏာသိမ်းမှုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီလုပ်ဆောင်ပေးလို့ ပြည်သူလူထုတွေကြား၊ ရပ်ကွက်တွေကြားထဲမှာပဲ၊ နေထိုင်ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော်မြင်တာကတော့ အဲဒီ အာဏာမသိမ်းခင်ကာလ၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီးပါ။ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့ကအစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော်မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင်ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တစ် ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ်ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင်ကြံဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ယောက်သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းက အချိန်တိုတိုအတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀အထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
ရင်းမြစ် VOA

ငါးကျမ်းပြန် (ထားဝယ်) ဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မူ

ငါးကျမ်းပြန် (ထားဝယ်) ဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မူ

သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် (ထားဝယ်) သာသနာ့ရိပ်သာကြီးနှင့် သင်္ဃန်းကျွန်းမြို့နယ် သြ၀ါဒစရိယ ဘဒ္ဒန္တသုမင်္ဂလသက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၃)၀ါ ဆရာတော်ကြီးသည်၂၂.၉.၂၀၁၀ (ဗုဒ္ဓဟူးနေ့) ညနေ (၃း၁၅) နာရီတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရွှေကရ၀ိတ်ဖောင်တော်ဖြင့် ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်အား(၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့ပြီးအန္တိမအဂ္ဂိဈာပနအခမ်းအနားအား၂၆.၉.၂၀၁၀ (တနင်္ဂနွေနေ့) ညနေ (၄း၀၀) နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများကကူညီပေးဆပ် ပံ့ပိုးပေးခဲ့ရာ ရပ်ဝေး/နီးတပည့် ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ဒါယကာ၊ ဒါယကာမအပေါင်းတို့နှင့် စည်းကမ်းရှိရှိ စည်ကားသိုက်မြိုက်စွာ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အားေ အာင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။

နအဖ ဥာဏ်ဝင်းတို့  စီးနင်းလိုက်ပါလာခဲ့သော ကားပေါ်တွင် “ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ၊” စာတန်းပါ sticker အကပ်ခံရ။

http://3.bp.blogspot.com/_9wCCVa8-Ojk/TJ74E5arzxI/AAAAAAAAMy8/7HB1UCtg2ug/s1600/Free+Aung+San+Suu+Kyi+sticker+on+SPDC+Nyan+Win+car.JPG
ယခုလ စက်တင်ဘာလ (၂၄) ရက်နေ့ က အမေရိကန်နိုင်ငံ နယူးယောက်မြို့  ကုလသမဂ္ဂအဆောက်အဦး၌ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် ရောက်ရှိနေခဲ့သော နအဖ နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းတို့  စီးနင်းလိုက်ပါလာခဲ့သော ကားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော “ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြ၊ ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်များအား တိုက်ခိုက်ခြေမှုန်းကြ” စာတန်းပါ sticker အား ကပ်ထားပေးလိုက်သည့် ဖြစ်ရပ်အား မှတ်တမ်းတင်ထားသော ဓါတ်ပုံ ဖြစ်ပါသည်။

ယို့ကျိုးနေသော မောင်ဥာဏ်

ကိုနစ်နေမန်းမှ...

ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ရွှေဝါရောင် တော်လှန်ရေး (၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဓာတ်ပုံမှတ်တမ်း..

ဓာတ်ပုံများအတွက် အကိုကြီးကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်။

လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်

လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် တစ်ဘ၀ခန္ဓာကို စွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအား ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)ုမှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သားကဗျာဆရာ၊ စာရေးဆရာတစ်ဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တ စေတီတော်မြတ် တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသော ပရဟိတလုပ်ငန်းကိုဦးဆောင်မျိုးစေ့ချပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန် မြေရှိပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်း သံဃာတော်များအား အင်္ဂလိပ်စာကို ပညာဒါနအဖြစ် သင်ကြားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထိုသို့သောစာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများ လုပ်ဆောင် ပေးဆပ်ခဲ့သူ တစ်ဦးအနေနှင့် မရဏမင်းအား စိန်ခေါ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ် တွင်ကျန်ရစ်ခဲ့သော လူသားများအား “မှာပါရစေ … ပြောပါရစေ” ဟုမှာတမ်းခြွေကာ မရဏမင်းဆီပျော်ပျော်ကြီး လိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”
(၁)
ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့် အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။
မိုးဟိန်း (သားဂျာနယ်ကျော်)
ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာအသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကိုကျင်းပပေးခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ၊ စာပေလောကမှ ကဗျာဆရာ၊ စာရေးဆရာများ၊ ပရဟိအဖွဲ့အစည်းများမှ လူမှုရေးသမားများစုံညီစွာလာရောက်ကြသည်။
လူသားများအတွက် လိုအပ်သောသာသနာရေး၊ ပညာရေး၊ အကျိုးပြု ကဗျာ/စာပေနှင့် ပရဟိတလုပ်ငန်းများကို နောက်ဆုံးထွက်သက်အထိ ပေးဆပ်သွားသော ဆရာဦးမိုးဟိန်း (သားဂျာနယ်ကျော်) တစ်ယောက် “လူသာဆုံးတယ် ကျန်တာမရှုံး” ဟုဆရာက ပြောခဲ့သော်လည်း ဤကဲ့သို့ မြင့်မြတ်သော လူသားတစ်ဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် “လူသာဆုံးတယ် ကျွန်တော်တို့ အတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပင်” ဖြစ်တော့သည်။

ဆရာပြောခဲ့တဲ့အတိုင်း “ဟောဒီချစ်ရတဲ့မိခင်မြေကို ပြန်လာခဲ့မယ် မုချ” ဆိုတဲ့ စကားရပ် အတိုင်းကမ္ဘာမြေပြင်ရှိ မြန်မာပြည်တွင်းမှာ ကျွန်တော်တို့ သက်ရှိ ထင်ရှားရှိနေဆဲအချိန်၌ ဆရာပြန် အလာကို စောင့်စားလျှက် . . . . ။

အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ရွတ်ဆိုခဲ့တဲ့ ဦးသိန်းအောင် (ရွှေပြည်သာ)ရဲ့ (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) ကဗျာရုပ်သံ။


ဦးသိန်းအောင် (ရွှေပြည်သာ)မှ (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အင်မတန် အနှစ်သာရရှိတဲ့ လက်ရှိ အခြေအနေတွေနဲ့ စပ်ဆက်နေတဲ့ ကဗျာကို ရွတ်ဆိုသွားပါတယ်..


ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး

ဟီရိုရှီးမားနဲ့ နာဂါစကီက စခဲ့တဲ့ဗုံး

တအုံးအုံး တဒိုင်းဒိုင်းနဲ့

ကမ္ဘာကြီး တစ်ခုလုံးပေါက်ကွဲ

(၂၁)ရာစုရဲ့ ခေတ်သစ် လူရိုင်းတွေက

ဗုံးလက်နက်တွေ မျိုးစုံ

အကြမ်းဖက်မှုတွေ အစွမ်းကုန်

ကမ္ဘာကြီးတုန်လှုပ်သွားအောင်

ရိုင်းစိုင်းလို့ နေရဲ့။

တိုင်းရင်းသားတို့ရဲ့ နယ်စပ်စစ်မြေပြင်မှာ

သားပေါက်ကာစ ခွေးမ

သွေးအိုင်ထဲ ဆန့်ငင်ဆန့်ငင်နဲ့

မသိရှာတဲ့ ခွေးပေါက်ကလေး နို့စို့လို့နေရဲ့

တိုင်းရင်းသားတို့ရဲ့ နယ်စပ်စစ်မြေပြင် ရွာလုံးကျွတ်

မီးလျှံညီးညီးထဲမှာ ကလေးငယ်လေး

အမေရေ အမေရေ ငိုကြွေး အော်ပြေးလို့နေရဲ့

တိုင်းရင်းသားတို့ရဲ့ နယ်စပ်စစ်မြေပြင် ရွာလုံးကျွတ်

မီးလျှံညီးညီးထဲမှာ အောင်ပွဲသူခိုး

အမောဆို့လို့ လဲနေရဲ့

ရွာလုံးကျွတ် မီးလျှံညီးညီးထဲမှာ

ခါးကိုင်းလို့ နားထိုင်းနေတဲ့ အမေအို

ကယ်မဲ့သူ ဝေးလို့နေရဲ့

အဓမ္မ အကျင့်ရတဲ့ မိန်းကလေး ဥပဒေမဲ့လို့ နေရဲ့..

ပစ်သတ်ခံရတဲ့ လူငယ်လေး ဥပဒေမဲ့လို့ နေရဲ့...

၂၁ရာစုရဲ့ မျှော်လင့်ချက်များ

သန်လျှပ်ရေထင် ရွှေသမင် အလိုက်မလွဲစေချင်ဘူး..

မိုက်မဲစေမယ့်ခရီး မတွင်တော့တဲ့အခါ

နိဂုံးကမ္မက အဆုံးသတ်ဖို့

ချိုးဖြူရယ် တောင်ပံခတ်

ကမ္ဘာကြီးကို ပတ်ပျံ ငြိမ်းချမ်းရေး အောင်လံထူကြပါစို့..

ဦးသိန်းအောင် (ရွှေပြည်သာ)

အသံဖိုင်မှ ကဗျာကို ကူးယူဖော်ပြသည့် အတွက် စာသား အမှားအယွင်းပါရှိပါက နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။

ရုပ်သံဖိုင် အတွက် ဘားမားပါပါရာဇီအား အထူးကျေးဇူးတင်ပါသည်။


ဦးမိုးဟိန်း(ခ)သားဂျာနယ်ကျော် ၏ ရုပ်ကလာပ်ကို ရေဝေးသုဿန်မှာ သင်္ဂြိုလ်မည်

ဦးမိုးဟိန်း(ခ)သားဂျာနယ်ကျော် (ဓာတ်ပုံ မိုးမခ)
ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့၏သား ဦးမိုးဟိန်း(ခ)သားဂျာနယ်ကျော် ၏
ရုပ်ကလာပ်ကို ရေဝေးသုဿန်မှာ သင်္ဂြိုလ်မည်

  • ၂၃.၉.၂၀၁၀ နေ့တွင် ကွယ်လွန်သွားခဲ့သော အထင်ကရ စာရေးဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဆရာမကြီး ဂျာနယ်ကျော်ဒေါ်မမလေး တို့၏သား ဦးမိုးဟိန်း(ခ) သားဂျာနယ်ကျော် အသက်(၆၈)နှစ်၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို ၂၅.၉.၂၀၁၀ နေ့နံနက် (၁၁) နာရီအချိန်တွင် မီးသဂြိုင်္လ်ပါမည်။ စာပေ၊ စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ ဆရာဦးမိုးဟိန်း၏ နောက်ဆုံးခရီးအား လိုက်ပါ ပို့ဆောင်နိုင်ရန်အတွက်
(၃၃)လမ်း လေထန်ကုန်းမှကားများ နံနက် (၉း၃၀)တွင် ထွက်ခွာမည်ဟု သိရှိရပါသည်။

လေးစားဦးညွှတ်လျှက်
ဘားမားပါပါရာဇီ

တိုက်ပွဲသာ ၀င်လိုက်ကြပါစို့


တိုက်ပွဲသာ ၀င်လိုက်ကြပါစို့......

၈၈၈၈ ကို အကြောင်းပြုလို့

ညီညာစွာ ပေါင်းစုလို့ ပြခဲ့ပြီးပြီ

လူပင်လယ် နဲ့ သွေးကွက်အိုင်

သေနတ်ကိုင်ထား တဲ့စစ်တပ်

အသိဥာဏ်ဗလာ ဖြူခါကျအောင်

မွဲနေတဲ့ စိတ်ဓါတ်တွေနဲ့ ရိုင်းပြစွာဆက်ဆံခဲ့တာ

တွေးချင်စရာ မရှိပါဘူး .....။

ကျောင်းသားတွေ သွေးမြေကျခဲ့တယ် ၊

လူတွေကို သတ်ပြခဲ့တယ် ၊

သံဃာတွေကို ဦးခေါင်းကို ရိုက်ခွဲခဲ့တယ် ။

ဒါတွေကို အတိတ်မှာ ထားခဲ့ပြီး

သူတို့တတွေ

ကြိုးဆွဲရာ ကကြမှာလား ...... ။

ပါတီကို အကြောင်းပြု လူတစ်စုကလည်း

ကြွေးကြော်နေကြပြန်တယ်

ဒီလမ်းအမှန် ဒီမိုကရေစီကို ချဉ်းကပ်ပြန်သတဲ့ ။

ဥာဏ်မပါ ပလီပလာ အတတ်တွေနဲ့

ရီစရာ အတော်ပြောတတ်တယ်

ငါလည်းလေ လောကီသားပေမို့

ပွင့်လင်းစွာ ရှင်းရတော့

မြွေဆိုတာ အရေခွံလဲပေမယ့်

သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ သာပ

ဖွေရှာကာ တွေးကြပါတော့ ----။

ငါတို့ အမျိုးတွေ သူခိုးတွေ ချည်းပါဘဲလို့

ကြွေးကြော်လို့ မာန်ဝင့် ချင်စရာ

ယူနီဖောင်းနဲ့ သူတောင်းစားတွေ

တောင်းစားနေကြ နေရာတကာ

သဒ္ဒါသလောက် ပေးခဲ့ကြပါတဲ့

သြော် မြန်မာပြည်ရယ် ဂုဏ်ယူစရာ

ကောင်းလိုက်ပုံက နေရာတကာ

သူတောင်းစားတွေ ချည်းပါဘဲ ...........။

သူရဲကောင်း တံဆိပ်တွေ ရင်မှာ ချိတ်ပြီး

သေနတ်တွေ ခါးမှာ ထိုးထားပေမယ့်

ကြောက်စိတ်တွေ ကတော့ သြချလောက်ပါပေတယ် ။

မိန်းမတစ်ယောက်ကို ရန်ရှာကာ ချုပ်ချင်တော့

အတင်းတွေ လည်ကာ တုတ်တာဖြင့်

မကြားဝံ့မနာသာ

အရှက်တရား ရယ် ကုန်ခမ်းနေပုံက

နှိုင်းစရာတောင် အတော်ရှားတာပ

စိတ်ပျက်ဖွယ်ရာ ............။

သာသနာတော် လှည့်ကာတွေးရင်လည်း

သုံးနှစ်သာ ကြာသေးတာပ

ပခုက္ကူမှာ အခြေပြုလို့ လူ့မိစ္ဆာ လူတစ်စု

အမျိုးဖျက်မည့် အကြံနှင့် ထိုးနှက်မည်ကြံလာ ကြသည် ။

ထိုအခါဝယ် ပြည်သူအပေါင်းတို့

ကြပ်တည်းလို့ ကျဉ်းမြောင်းလာ

ဝမ်းစာအရေး ပင် ခက်နေသေးတာရယ်ကြောင့်

ဒကာတွေ ပြေလည်စေ ကြောင်းသာပ

သံဃာတွေ ခြေညောင်းခံကာ

လှည့်လည်လို့ မေတ္တာပွားတယ်

မြန်မာပြည် သာသနာ လွှမ်းလိုက်ပုံက မေတ္တာသုတ်ရွတ်တာ

ရှင်ရဟန်း မဟုတ်ပါဘူးတဲ့ ဖမ်းချုပ်ကြတာ ........။

သြော်... တကယ်ပါလေ ဆက်ကာ မရေးချင်ဘူး

ဤမြေမှာလေ တက်ကာ ကြွေးကြော်လိုက်ချင်တာက

တမျိုးသားလုံး အတွက်

ပေးဆပ်စရာ တကယ်များတာဘဲ

တွဲလက်ကယ် ညီညာစွာဖြင့်

တူပျော်စွာ ချီတက်ကြမယ်

ရရာ လက်နက်ကိုင်ကာ စွဲလို့

တိုက်ပွဲသာ ၀င်လိုက်ကြပါစို့............။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ...







သီချင်းနားဆင်ရန် Play နှိပ်ပါ.....

အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ

ရေး ..ထက်အောင်ရှိုင်း
ဆို.. ထက်အောင်ရှိုင်း

V1 ပုံပမာနှိုင်းရလေပြီ ရာဇ၀င်အရိုင်းဆုံးမှာ ဒီသမိုင်းဆိုးတော့လိုက်မမှီ

သာဿနာပါမကျန်စော်ကားသည်..

ရွှေပြည်တော်ကို ချည်တုတ် အမြည်းလုပ်မြူးသည်

ခေတ်စံနစ် နောက်ပြန်ချီလှမ်း တောတပ်စခန်းတည်

စစ်လက်နက်တွေမတန်တဆ တိုးချဲ့တပ်ဆင်

တိုင်းတပါးမကျူးကျော်လာလည်း ကိုယ့်ပြည်သူ ကိုယ်ပြန်တိုက်သည် ..

V2 သယံဇာတသုံးမကုန်ပြီ ကျန်ဖန်ဖြုန်းတီးကာ အလွဲသုံးစားလုပ်သည်

မတန်မရာလူပါကုန်ကူးသည် ပြည်သူတွေကို အရုပ်များလို့မှတ်သည်

တိုင်းရင်းသားတွေအပေါ်လည်းဂရုမစိုက်တော့ပြီ

ဆင်းရဲသားတွေ ခမျာလည်း တောင်းစားရပြီ

ခေါင်းပါးရစ်ကျန်လေတော့ ဝေးရပ်သို့ရှောင်ခွါကြပြီ .. ..

V3 သမ္မတလည်းဖြစ်ချင်သည် အာဏာရခဲ့ရင် ၀န်ကြီးချုပ်လုပ်မည်

နိုင်ငံမူပိုင်အုပ်စိုးမည်

ကြိုတင်ကြံစည်ဖန်တီးပြီးခဲ့ပြီ အများရဲ့သဘောဆန္ဒလည်း အသိအမှတ်မပြုပေ

ကမ္ဘာ့ပတ်ဝန်းကျင် အသံလည်းမမှု့တော့ပြီ

ရုရှားနဲ့ တရုတ်ကိုသာပဲ ရှိသမျှ အကုန်ပုံအပ်တော့သည် ......

V4 သဘာဝတရားလည်းဖောက်ပြန် ပြီကံကြမ္မာဆိုးကဖန် မင်းဆိုးအတွက်မထောက်ခံ

တပင်တိုင်းစင်ပေါ် ယစ်မူးသည်

နေပြည်တော်ကို သဏ္ဍန်လုပ်သရုပ်ပြသည်

မြို့ပြရဲ့အလှ ရန်ကုန်တော့ ကျောခိုင်းခဲ့သည်

အင်းယားရဲ့ အလှရေပြင်လည်း ခန်းခြောက်ရပြီ

သတင်းမပေါက်ဘို့ အများပြည်သူထဲ ဖုန်းဖို့ကြံစည်လည်း မမှီ .. .. ..


လူသိလွယ်..နားဝင်လွယ်တဲ့ တေးသီချင်းတွေကို ဖန်တီးတင်ပြပေးတဲ့ ကိုသော်ကြီး ၊ကိုထက်အောင်ရှိုင်း၊ နဲ့ ညီငယ် အလင်းဆက်၊ ခမိခဆဲတို့အား ကျေးဇူးတင်ပါသည်။ ပြည်တွင်းမှ နားဆင်လိုသူတွေ အတွက် ပြန်လည်ဖြန့်ဝေပေးကြပါ..။ Download Link အောက်မှာ ရယူနိုင်ပါသည်။

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်. ခမိခဆဲမှ ဖြန့်ဝေပါသည်။

အခုတော့ရာဇ၀င်ရိုင်းကြီးတစ်ခုဖြစ်ရချေပြီ Download လုပ်ချင်ရင်.... Click နှိပ်ပါ

သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့

သခင်အောင်ဆန်း အတွေး၊ သခင်အောင်ဆန်း အရေး

လူတွေကို ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီး တစ်ရပ်ပင်ဖြစ်၏။ ထိုတရားကား..လောကီ နိဗ္ဗာန် ကို နောက်ဆုံး ရည်မှန်းပေ၏။

ကမ္ဘာလောကဓါတ်ကို သူ့သဘာဝ သူ့မူ သူ့ကိန်းအလျှောက် သိလျှင်မူ မည်သူမျှ အာဏာရှင် မင်းလောင်းတို့ကို မျှော်နေမည်မဟုတ်။ ခေါင်းဆောင်ကောင်းကိုလည်း စောင့်စားနေမည် မဟုတ်။ မိမိဝတ္တရား အင်အားကိုသိလျှင် သိသည့်အလျှောက် လူတိုင်း ကြိုးစားကြမည်။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည်။ လူတိုင်းလုပ်မှ ဖြစ်မည်။ မင်းလောင်းမျှော်နေစရာ မဟုတ်၊ ဘယ်နေရာကမှ မင်းလောင်းပေါ်လာမည်မဟုတ်။

စင်္ကြာမင်း ဆိုသော်လည်းမရှိ၊ လာမည်မဟုတ်။ ပေါ်လျှင်လည်း သူလိုငါလိုထဲမှ ရာဇဝင်ကိန်းခမ်းအလျှောက် (ဝါ) အရေးပေါ်သည့်အခါ၊ အခါအလျှောက် ဆောင်ရွတ်ရန် စွမ်းရည်သတ္တိရှိသူသည်၊ မုချဆတ်ဆတ် တကယ့်ခေါင်းဆောင် ဖြစ်မည်။ ထိုသူသည် သင်လည်းဖြစ်နိုင်၏။ ငါလည်းဖြစ်နိုင်၏။ ထိုကြောင့် သင့်စိတ်ဝယ် ကိန်းအောင်းနေသော လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ။ “ယောင်္ကျားတံခွန် လူရည်ချွန်က၊ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း ရမြဲလမ်း” ဒါဟာဒါမျိုး ဆိုတာဘဲ။

သခင်အောင်ဆန်း ၏ “နီုင်ငံရေး အမျိုးမျိုး” ဆောင်းပါးမှ….

General Aung San’s political thoughts

Men can and wish to reform. This desire for progress is obvious. Actually politics is this drive for reform and progress. Its ultimate objective is to create a heaven on earth.

If aware of the nature, principles and probabilities of this scientific world, no one will expect the arrival of dictatorial pretenders to the throne nor of the charismatic leaders. As much as one is conscious of one’s own duty and capability, everyone will strive his utmost. Politics concerns everybody and needs everyone’s participation. There is no need to awaits a pretender to the throne since none will emerge from anywhere. By the same token, no chakravat will emerge because there is none. If a so-called chakravat emerges, he will be someone from among the crowd who rises to the historical occasion and leads the people with ability and courage. He could be you or me. So, get rid of your inferiority complex and go into politics. “Man is capable of reaching to the stars” , so the saying goes.

Bogyoke Aung San (1915-1947)

(from his article: Many Kind of Politics)

translated by Retired ambassador Thet Tun

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲ တို့မှ ဖန်တီးတင်ပြသည်။

ဒီဇိုင်းဆွဲပေးသူ ညီလေး ကောင်းကောင်း ကိုလည်း ကျေးဇူးတင်ပါတယ်။

၂၃. စက်တင်ဘာလ. ၂၀၁၀


၈၈ မျိုးဆက်အဖွဲ့မှ မမာမာဦး၏ ဖခင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက ပေးပို့ လာတာလေးကို တင်ပြလိုက်ပါတယ်...

၂၁ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ နောက်ဆုံးတွေ့ရတဲ့ မမာမာဦးရဲ့ ဖခင် ဦးအုန်းမောင်
၈၈မျိုးဆက် ကျောင်းသူမမာမာဦး
ဗန်းမော်ထောင်မှာ နှစ်၇၀ ထောင်ကျခံနေရတဲ့ ၈၈ မျိုးဆက်အဖွဲ့မှ မမာမာဦး ဖခင် ယနေ့တွင် ကွယ်လွန်ကြောင်းသိရပါတယ်။ မူလထောင်ဒဏ် ၆၅နှစ် မတရားချခံနေရတဲ့ မမာမာဦးဟာ ၂ဝဝ၅မှာ လွှတ်ပေးစဉ်က ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကြွေး၅ နှစ်ကိုပါ တိုးပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၇ဝနဲ့ ဗန်းမော်ထောင်မှာ အကျဉ်းကျခံ နေရပါတယ်။

၂၀၁၀ မတ်လ ၃၀ရက်နေ့က နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မမာမာဦး ဖခင်ဦးအုန်းမောင်အား သျှမ်းသံတော်ဆင့်ရဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့

ယခုထောင်ဝင်စာတွေ့စဉ် အဖေတစ်ခု သမီးတစ်ခုဖြစ်သည့် သူမအနေဖြင့် ပြင်ပလောကသို့ ထွေထွေထူးထူး မှာကြား ခြင်းမရှိပဲ “အဖေ ကျန်းမာအောင် နေပါ အဖေ မသေနဲ့အုံး အဖေသေရင် ကျမထောင်ဝင်စာ မရတော့ဘူး” ဟု သာ ဖခင်အား မှာကြားခဲ့ကြောင်း သိရသည်။

အသက် ၇၃နှစ် ကျော်အရွယ်ရှိ ဦးအုန်းမောင်သည် ရန်ကုန်မှ ဗန်းမော်အထိ အဆင့်ဆင့်ခရီးဆက်ခဲ့ရသဖြင့်ဒယီးဒယိုင် ဖြစ်လျှက်ရှိကာ မောပန်းနွမ်းနယ်နေကြောင်း သိရသည်။

ဖခင် မေတ္တာကြီးမားတဲ့ အဘဦးအုန်းမောင်

ကျွန်တော်ကိုလူမော်ပါ ...... မမာမာဦးဖခင် ဦးအုန်းမောင်ဟာ နှလုံးရောဂါ အခံရှိပါတယ်။ မမာမာဦးကို ကျွန်တော် မမြင်ဘူးပါဘူး။ သူကအခု ကျွန်တော့်အဖေ ထောင်ကျရာ ဗန်းမော်မှာပါ။ ကိုယ်ချင်းစာပါတယ်။ မိဘမေတ္တာလေ ဗန်းမော်ထိ ဦးအုန်းမောင်က သွားမယ်ဆိုတော့ ကျွန်တော်လန့်သွားတယ်။ ဖြစ်ပါ့မလားပေါ့ ။ ရတယ်တဲ့။ ရအောင်သွားတယ်။ သွားဖို့ လမ်းစာရိတ်ကို အိုင်စီအာစီကပေးတယ်။ ဒါပေမယ့် အလုပ်အကိုင်မရှိတဲ့ အဘကြီး ။ ထမင်းတောင်နပ်မှန်မှု မရှိတဲ့ အဘက ဘယ်လိုသူ့သမီးအတွက် ပစ္စည်းတွေ ယူသွားမှာလဲ။ သမီးကိုတွေ့ပြီး ပြန်လာမှာလား။ မိဘမေတ္တာကတော့ အပြည့်ပြုံးနေတာပဲ။ ရယ်နေတာပါပဲ။ ဒါပေမယ့် စားစရာတောင် အနိုင် နိုင် ကျွန်တော်သိတယ်။ သူ့မိတ်ဆွေတွေက ပြောတယ် သိထားပြီးပြီး ထမင်းလေး100ဖိုး၊ ဟင်းလေး150ဖိုးနဲ့စားရတယ်။ ဒါတောင်နပ်မှန်အောင် မစားနိုင်ဘူး။ သူ့သမီးအတွက် သွားရင်ပါသွားဖို့ မုန်လေးတွေ၊ ပစ္စည်းလေးတွေ ၀ယ်စုထားတယ်တဲ့။ ဒါသူများပြောတာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဆိုင်လေးမှာ ထမင်းကျွေးတယ် ဟင်းလေးနဲနဲပဲစားတယ် ..။ ထမင်စားလဲနည်းတယ် တော်ပြီတဲ့ ၊ စားပါအဘရဲ့ ကိုယ့်မိသားစုတွေလိုပေါ့။ ဒီလိုပဲ ကျွန်တော်လဲရှိတုန်း ကျွေးနိုင်တာ။ စားပါ အဘနေကောင်းမှ ဖြစ်မှာပေါ့လို့ ။ ဒါနဲ့ ပြန်တော့ ငွေ၃ထောင်ပေးလိုက်တယ် လမ်းစားရိတ်။ မမာမာဦးဆီသွားမယ့် နေ့လာခဲ့ပေါ့လို့ ပြောလိုက်တယ်။ ငိုက်စိုက်ငိုက်စိုက်နဲ့ ကျွန်တော် လိုက်ပို့လိုက်တယ် ကားမှတ်တိုင်ကို အလုံကနေ ကားစီးလေရဲ့။

နောက် မမာမာဦးဆီသွားကာနီး ရောက်လာပါတယ် ၁သောင်းပေးလိုက်တယ်။ ဘာတွေ ၀ယ်မှာလဲမေးတော့။ ဟိုနေ့က ပေးတဲ့သုံးထောင်နဲ့ ၀ယ်ထားတာလေးတွေ ရှိတယ်တဲ့။ အဘစားဖို့ ကျွန်တော် သက်သက်ပေးတာပါ။ အခုပေးတာမမာမာဦး အတွက်လို့ ။ ဘာတွေဝယ်ထားလည်း မေးတော့ ခေါက်ဆွဲခြောက်ထုတ်တွေ။ ကွေကာအုပ်တွေတဲ့။ ကြိုစုထားတာ အဘသွားတိုင် ဘာမှမပါသွားတော့ သုံးရင်းစွဲရင်း ပါသွားလို့ သမီးအတွက် အဖတ်တင်အောင် ကြိုဝယ်ထားလိုက်တာတဲ့။ ဒါဆိုလဲ အဘကြည့်ကောင်းသလိုလုပ်ပါလို့ပြောလိုက်တယ်။ အဘ ပြန်လာရင် ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေး ကျွန်တော် တလ 3သောင်းပေးမယ်ပေါ့။ ကလေးတွေကိုရော အဘကလဲ ပျင်းနေတာ ၊ဘယ်တော့သင်မလဲဘာလဲနဲ့။ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်တော်စီစဉ်တာ။ ချို့တဲ့သူမို့ပါ။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ကျွန်တော်ဆီ သူရေရှည် မလာနိုင်ဘူး။ ကျန်မာရေးလည်း မကောင်းဘူး။ ဘယ်လို လုပ်ပေးရမှန်း မသိဖြစ်ရတယ်။ လုပ်နိုင်တာလုပ်ပေးတယ်။ မာမာဦးဆီသွားမယ်ဆို တစ်သောင်းပေးတယ်။ NLD ရုံးရောက်တိုင်း ဒေါ်ရှု့ကိုမေးရတယ်... သူဘယ်လို ရပ်တည်နေလဲပေါ့။ သူ့အကြောင်း ခေါင်ထဲထည့်ထားတယ်။ ခေါင်းထဲ ထည့်ထားရတာတွေကလဲ များတယ်လေ။

တခါတလေ ရုံးမှာတွေ့တယ် မှိုင်နေတာပဲ။ စကား ကျွန်တော်သွားပြောတယ်။ အဘ လို့ဆိုတော့ အေးတဲ့။ စကားတွေဘာတွေ ပြောလိုက်သေးတယ်။ နောက်တော့ မသင်္ကာတာနဲ့ အဘကျွန်တော် လူမော်လေလို့ ပြောတော့ ဟုတ်လားတဲ့ အေးအေး ဘယ်သူမှန်းမသိလို့တဲ့ နေကောင်းလားတဲ့. အဘမျက်လုံး ကောင်းကောင်း မမြင်ဘူး အရင်ကနဲ့မတူဘူးတဲ့။ အဘ မမာမာဦးဆီသွားမလို့တဲ့။ ဟုတ်ကဲ့ နီးရင်ပြောဆိုပြီး ပြောခဲ့တယ်။ အဲဒါနဲ့ပြန်လာတယ်။ နောက်တော့ ကျွန်တော်လဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လုပ်ဖို့ တာဝန်ယူထားတော့ တာစူနေတာ သတိမထားဖြစ်ဘူး။ အန်တီရူ.ဆီကဖုန်းဝင်လာတယ် ဦးအုန်းမောင်နှလုံး ရောဂါနဲ့ဆေးရုံမှာတဲ့။ သူ့အတွက်အကူပေးဖို့ မိတ်ဆွေတစ်ယောက်ဆီ အကူအညီတောင်း ထားတယ်။ မကြာပါဘူး ပြန်ဆင်းလာပြီတဲ့။ ကျွန်တော်လဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးရေးနေ့ ကျင်းပတဲ့နေ့ ...အဘဦးအုန်းမောင် ရောက်လာတယ်။ အဘ မောနေလား ဘာလို့လာတာလဲ။ လာရမှာပေါ့ကွာတဲ့ ...မင်းပွဲကိုးတဲ့။ နေကောင်းလို့လားလို့ မေးလိုက်တော့။ လမ်းမှာ ၇ခါတောင် နားပြီးမှာလာတာမို့လို့ ခုချိန်မှရောက်တာတဲ့။ အော်လူငယ်တစ်ယောက်ပေါ်မှာ နိုင်တာလေးနဲ့ တုံပြန်တဲ့ လူကြီးတစ်ယောက်ပါပဲ ။ ပြန်တော့ စိတ်မကောင်းဘူး ကျွန်တော်လည်း လူတွေဧည့်ခံနေရင်းက အဘ မသွားနဲ့ဦးနော် ဆိုပြီး စိုက်ကြည့်ပြီး ပြောလိုက်တယ်။ အေးတဲ့။ တော်ကြာတော့ ပျောက်သွားတယ်။ အဘဘယ်ထွက်သွားတာ လဲမေးတော့။ မသိကြဘူး။ ကျွန်တော် ကဗျာကယာနဲ့ အောက်ထပ် ပြေးဆင်းသွားတော့ သူတိုက်အောက်မှာ ထိုင်နေတယ်။ အံဒါနဲ့ ငွေ တစ်သာင်း တက်ယူပြီး အဘကိုကန်တော့လိုက်တယ်။ အဘနေကောင်းအောင် နေနော်လို့ မှာလိုက်မိတယ်။

ဒီနေ့ည ဒီဗွီဘီမှာ ကြားလိုက်တယ်။ အဘဆုံးပြီတဲ့။ ကျွန်တော် အခုစာရိုက်ရင်း အဘကို ဆုတောင်းပေးပါတယ် မိဘ မေတ္တာအပြည့်ရှိခဲ့လို့ တူသောအကျိုးပေးပြီး နောက်နောင် ဘ၀တွေ မိဘ မေတ္တာအပြည့် ရသော သားသမီးဖြစ်ရပါစေလို၏။ လူတွေရဲ့ မေတ္တာကို ရပါစေလို၏၊။ မင်းတွေရဲ့ မေတ္တာရရပါစေလို၏ပေါ့ (အခုသူနာရေး ရက်လည်လေး လုပ်ဖို့ ငွေမရှိဘူးလို့ အန်တီရူ့က အကြောင်းကြားတယ် ကျွန်တော့်မှာ တာဝန်ရှိပါတယ် မိဘမေတ္တာကြီးမားတဲ့ သူအတွက် ကျွန်တော်မမာမာဦး ကိုယ်စား သားသမီးသဖွယ် တာဝန်ယူ ပေးပါမယ်)

ကျွန်တော် လူမော်လတ်
အလုံ NLD လူငယ်နဲ့ (၂၀၀၇ စက်တင်ဘာ) အကြမ်းမဖက်အမျိုးသားလှုပ်ရှားခဲ့သူပါ

သမီးဖြစ်သူ မမာမာဦးကတော့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ဗန်းမော်ထောင်မှာ မတရားဖမ်းဆီး အကျဉ်းကျခံနေရပြီး ဖခင်ဖြစ်သူကတော့ ကြည့်ရှု မယ့်သူမရှိ.. ဘာမရှိနဲ့ ဘဝရဲ့နေဝင်ချိန်ကို တစ်ဦးတည်း ဖြတ်သန်းရင်း သမီးဖြစ်သူကို တွေ့ခွင့်မရ သမီးပြန်လွတ်လာချိန်ကို စောင့်ရင်း ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေရဲ့ မိသားစုတွေရဲ့ ဘဝအခြေတွေကို ကိုယ်ချင်းစာကြည့် ကြပါဗျာ.. ပြည်ပမှာ ရောက်နေတဲ့သူတွေ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်က တတ်အားသရွေ့ ပြည်တွင်းက အသက်စွန့်ခံ၊ ထောင်ကျခံ လုပ်ဆောင်ပေးနေသူတွေကို ကူညီထောက်ပံ့ ပေးသင့်ပါတယ်။ ဘာမလုပ်ဘူးလား ညာမလုပ်ဘူးလား ဆိုတာထက် ကိုယ်ဘာလုပ်ပေးနိုင်တယ် ဆိုတာကို အရင် စဉ်းစားပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

ဒီမိုဝေယံ

“အထူအပါး”၏ အရှင်သခင်အားမွေးဖွားပေးခဲ့သောဖခင်ကြီး၏ ဈာပနအခမ်းအနား..

လူမှုရေး ပရဟိတလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဖခင်၏ ဈာပနသို့ တက်ရောက်လာသော ဘဘဦးဝင်းတင်နှင့် ဦးနိုင်းနိုင်း

“အထူအပါး”၏ အရှင်သခင်အားမွေးဖွားပေးခဲ့သောဖခင်ကြီး

မြန်မာပြည်သူ/သားများ၏ ဘ၀အခြေအနေ၊ ပတ်ဝန်းကျင်တွင် ရုန်းကန်လှုပ်ရှားရမှု၊ လောကဓံအား ရင်ဆိုင်ကြုံတွေ့မှု စသည်များကို ပြည်သူ/သားများအတွင်းသို့ ထဲထဲဝင်ဝင် ၀င်ရောက်၍ ခံစားရေးဖွဲ့ထားသည့် မြန်မာပြည်တွင်းရှိ လူသားများ၏ သမိုင်းအစစ်အမှန်၊ ဖြစ်ရပ်မှန်များဖြစ်သော “အထူအပါး” ၀တ္ထုတိုပေါင်းချုပ်အား မွေးဖွားပေးခဲ့သောမိခင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် (နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး)၏ မွေးဖခင်ကြီး ဦးချစ်အောင် အသက် (၈၄) နှစ် သည် ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ပါသည်။

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဦးစီး၍ ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ် ပေးခဲ့ပါသည်။ယင်းအခမ်းအနားသည် စာရေးဆရာ/မများ၊ ပရဟိတလူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများ၊ စာဖတ်ပရိတ်သတ်များ၊ ကျိုက်ထိုမြို့နယ်ရှိ မိတ်ဆွေများ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား လေးစားချစ်ခင် ကြည်ညိုကြသည့် ပရိတ်သတ်များစွာတို့နှင့် အတူစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုကဲ့သို့ တိုင်းကျိုးပြည်ကျိုး ပေးဆပ်ကြသော ပုဂ္ဂိုလ်ကြီးများ။ ယင်းပုဂ္ဂိုလ်ကြီးများအားမွေးဖွားသန့်စင် ပျိုးထောင် ပေးခဲ့ကြသောမိခင် ဖခင်ကြီးများ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြခြင်းသည် ကျွန်တော်တို့ ပြည်သူ/သား လူသားများအားလုံးအတွက် ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြသော လူသားအကျိုးပြု မိခင် ဖခင်ကြီးများ၊ သူရဲကောင်းများ၊ အာဇာနည်များ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း တိုးပွားလာအောင် ပေးဆပ်ရတော့မည် ဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။

နာရေးဖြစ်လာလို့ .... သတင်းစာထဲ (၀မ်းနည်းကြေကွဲကြောင်း) ထည့်လို့ မရတဲ့ ကျွန်တော်တို့ ဘ၀။ သေဆုံးကြောင်း ထည့်ပြန်တော့... စာရေးဆရာဒေါ်သန်းမြင့်အောင်လို့ ထည့်လို့ မရတဲ့ဘ၀။
(သမီး..ဒေါ်သန်းမြင့်အောင် ဟုသာ ထည့်ခွင့်ရခဲ့)..... သြော်.....မလွတ်လပ်တဲ့ဘ၀တွေ.... လောကကြီးကမတရားဘူးဗျ။

ကိုကျော်သူ..

ဂျပန်အစိုးရရဲ့ အကူအညီ ကျောင်းဆောက်ခွင့်တွေကို ပိတ်ပင်နေတဲ့ နအဖရဲ့ ပညာရေးဝန်ကြီးဋ္ဌာနအကြောင်း တစေ့တစောင်း (မြန်မာပြည်ကလာတဲ့စာ)


ကိုဒီမိုရေ ဒီတစ်ခေါက်တော့ သတင်းတွေ တော်တော် နောက်ကျနေပါတယ်..။ ကိုဒီမိုရေ ဒီမှာတော့ ဝန်ထမ်းတွေကို ကြံ့ဖွတ်ကို မဲပေးဖို့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်မျိုး လုပ်နေကြတယ်လေ..။ ဒီတစ်လောအတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဲခူးကိစ္စတို့ ဘာတို့မှာ လူထုနဲ့ ကျွန်တော်တို့လို ဝန်ထမ်းတွေပါ.. တော်တော် ခံပြင်းနေကြတယ်လေ... မိုက်ရိုင်းတာ ကမ်းကုန်အောင်ပါပဲ..။ ဘီယာဆိုင်ထဲက ထွက်လာတဲ့ စစ်သားတွေက မမူးပဲ သုံးဘီးဆိုင်ကယ် မောင်းတဲ့ ကလေးတွေက မူးနေတာပါတဲ့ ရေးထားတာက ကြည့်ပါဦး.. ခုဥပဒေမဲ့ လုပ်ရပ်တွေ လုပ်တဲ့ စစ်ဗိုလ် စစ်သားကြတော့ ရုပ်လည်းမပြ နာမည်ဆိုတာကလည်း မှန်မမှန်သိရတာ မဟုတ်ဘူးလေ.. ပြည်သူကို စော်ကားတာကတော့ ကမ်းကုန်နေပါပြီ...။ ကျွန်တော်တို့ အကိုတို့ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ ဝန်ထမ်းတွေ လည်းဖြစ်လာရင် အဆင်သင့်ပါပဲ.. ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးးတုန်းက ကျွန်တော်တို့ ဝန်ကြီးဋ္ဌာန နှစ်ခုက ရွှေဝါရောင် ဦးဆောင် သံဃာတွေနဲ့ တိုင်ပင်ပြီး နေပြည်တော်အထိ ချီတက်ကြဖို့ လျှို့ဝှက်ဆွေးနွေးခဲ့ ကြတာပါ..။ ဒီကောင်တွေ အကြမ်းဖက်တာ လက်ဦးသွားလို့ပါ.. ခုလည်း ဖြစ်လာရင် ဝင်ပါဖို့ အသင့်ရှိနေတယ် ဆိုတာ သိစေချင်ပါတယ်..။ ဒီကောင်တွေ ရွေးကောက်ပွဲလုပ်ဖို့ ထက်ပျက်ဖို့ကို လုပ်နေသလိုပဲ ဗုံးတွေ့တယ်ပြောလိုပြောနဲ့ စကားတွေက တောင်ရောက် မြောက်ရောက်ပါပဲ.. အခုအချိန်မှာ ပြည်သူ့အစိုးရ ဆိုတဲ့စကားကလည်း ဝန်ထမ်းတွေ ကြားမှာ တီးတိုးပြောနေကြတာပါ..။ ဖြစ်ပေါ်လာရင်တော့ အားလုံးဝိုင်းထောက်ခံဖို့ အဆင်သင့်ပါပဲ...။

ကိုဒီမိုရေ ဒီတစ်ခေါက်တော့ မြန်မာပြည်မှာ ၂၀၀၀ခုနှစ်ကျော်လောက်က ဂျပန်အစိုးရရဲ့ အကူအညီနဲ့ စာသင်ကျောင်းတွေလှူဖို့ ဂျပန်သံရုံးမှာ အခြေစိုက်ခဲ့တဲ့ ဂျပန်က NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ GREEN GRASS ASSOCIATION နဲ့ ပူးတွဲလုပ်ကိုင်ခဲ့တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ယောက်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို ပြောပြပါမယ်..

၂၀၀၃ခုနှစ်လောက်က ဂျပန်က ODA နဲ့ ကျောင်းတွေ ဆောက်ပေးဖို့လာတဲ့ GREEN GRASS ASSOCIATION(GGA) က မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေ ကျောင်းမရှိတဲ့ မြို့နယ်တွေမှာ ကလေးတွေအတွက် စာသင်ကျောင်းတွေ အိမ်သာတွေ ဆောက်လုပ်ပေးဖို့ ကျွန်တော်တို့ ဆောက်လုပ်ရေး ကုမ္ပဏီက ကန်ထရိုက်ရပါတယ်.. GGA ကထင်တာက မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေ မှာ ကျောင်းတွေ လိုအပ်မယ်လို့ ထင်ထားခဲ့တာပေါ့..။ တကယ် လက်တွေ့မှာတော့ ရန်ကုန်နဲ့ မလှမ်းမကမ်း မြို့နယ်တော်တော်များများမှာ ကျောင်းတွေ အိမ်သာတွေ ချို့တဲ့ ပျက်ဆီးနေတာ တွေ့ခဲ့ရတော့မှ သူတို့ ကိုယ်တိုင် စစ်အစိုးရရဲ့ ပညာရေးအတွက် ဘတ်ဂျက် သုံးစွဲမှု မရှိဘူးဆိုတာ လက်တွေ့ သိရှိလိုက်ရပါတော့တယ်။

ကျွန်တော်တို့ ပြင်ပကုမ္ပဏီတွေကို ကန်ထရိုက်ပေးတယ် ဆိုတာကလည်း အာဏာပိုင်တွေကို အယုံအကြည် မရှိလို့ပါပဲ.. စစ်အစိုးရကို အယုံအကြည် မရှိတာရယ် ဖြတ်ညှပ်စားကြမှာကို အယုံအကြည် မရှိတာကြောင့်လို့ ဆိုပါတယ်...။ အဲ့တော့ ကျွန်တော်တို့ ပျက်စီးယိုယွင်းနေတဲ ကျောင်းတွေ ကျောင်းတကယ် မရှိတဲ့ နေရာတွေကို ရှာပြီး ကျောင်းကော်မတီ ထောက်ခံစာတွေနဲ့ အတူ သံရုံးက GGA ကို ဓာတ်ပုံတွေ အထောက်အထားတွေနဲ့ တင်ပြရပါတယ်။ ကျွန်တော်တို့ ပြင်ပက တကယ်ဆောက်တဲ့ ကုမ္ပဏီတွေနဲ့ တကယ်ကျောင်းတွေ မရှိတဲ့ နေရာတွေမှာ ဆောက်တော့ အလေအလွင့်နည်းပြီး ကုန်ကျစားရိတ် သက်သာတာပေါ့..။ ကျောင်းတွေက အဲ့ဒီတုန်းက အနည်းဆုံး သိန်း၃၀၀ ကနေ သိန်း ၅၀၀ သိန်း ၆၀၀ ကုန်ကျတဲ့ ကျောင်းတွေပါပဲ..။ အဲ့မှာနောက်ဆုံး ပညာရေးဝန်ကြီးဋ္ဌာနက ဝါးဖို့မြင်လာတော့တာပါပဲ.. နောက်ဘယ်လို ဥပဒေထုတ်လည်း ဆိုတော့ ကျောင်းတွေ ဆောက်ချင်ရင် ပညာရေးဝန်ကြီးဋ္ဌာနကို ဖြတ်သန်းပြီးမှ ဆောက်ခွင့် ပြုမယ်ဆိုပြီး ဖြစ်လာတော့တယ်လေ...။

အဓိက ပြသနာ ဖြစ်လာတာက မဝတ ရဝတ တို့က ဂျပန်က ဆောက်တဲ့ ကျောင်းတွေဆိုပြီး ကုမ္ပဏီကို ငွေညစ်.. ငွေတောင်း လုပ်လာတော့တာပါပဲ.. မပေးလို့မရတဲ့ အနေအထားတွေ ဖြစ်လာတော့တယ်လေ..။ ကျွန်တော်တို့ လုပ်တာ ငွေရဖို့ အကျိုးအမြတ်ရဖို့ထက် ကုမ္ပဏီနာမည်ရဖို့နဲ့ နောက်တကယ် မရှိတဲ့နေရာတွေမှာ လုပ်ပေးရတဲ့ အတွက် ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ ကျောင်းဆောက်ဖို့ ရည်ရွယ်ချက်ပါပဲ.. GGA ကို အလုပ်သမားခ တစ်နေ့ဘယ်မျှ ဆောက်လုပ်ရေး ပစ္စည်းစားရိတ် စတာတွေ တွက်ချက်တင်ပြပြီး လုပ်ရတာလေ.. အဲ့မှာ မဝတဥက္ကဋ္ဌတွေက မပေးရင် ဆောက်ခွင့် လက်မှတ်မထိုးပေးတာတို့ ဂျပန်သံရုံးကို ကုမ္ပဏီနဲ့ ပတ်သတ်ပြီး သေချာမလုပ်ဘူး ဘာညာဆိုပြီး လိမ်လည်တိုင်ကြားကြတယ်လေ..။ တကယ်ဆိုရင် ကိုယ့်မြို့နယ်မှာ ကျောင်းတစ်ကျောင်း အလကား လာဆောက်ပေးတာကို အကူအညီပေးရမှာ ဖြစ်သလို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှာလေ.. အခုတော့ ကိုယ်စားဖို့ ဝါးဖို့ပဲ စဉ်းစားပြီး ကပျက်ကယက် လုပ်ကြတာလေ..။ ကလေးတွေ တကယ်သနားစရာ ကောင်းတာပါ။

ရန်ကုန်တိုင်းအတွင်းမှာတင် အများကြီး အိမ်သာက မရှိ အမိုးပဲရှိပြီး ထရံက မရှိ မိုးရွာရင် မိုးတွေကယို ထိုင်ခုံတွေက စုတ်ပြတ်နဲ့ အဲ့ဒါတွေကို ကျွန်တော်တို့က ရှာဖွေပြီး ဂျပန်သံရုံးမှာ တင်ပြရတာပါ...။ နောက်ဂျပန်သံရုံး GGAက လိုက်ကြည့် တကယ်လိုအပ်တယ် တကယ်ဆောက်သင့်တယ်ဆိုပြီး ခွင့်ပြုတာပေါ့..။ ကျောင်းတွေ့ရင်လည်း ကျွန်တော်တို့လိုပဲ တခြားကုမ္ပဏီတွေကို လေလံပစ်ပြီး ဈေးအနည်းဆုံးနဲ့ လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတွေကို ဆောက်ခွင့် ပေးတာပေါ့.. ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ ကျောင်း ၁၀ကျောင်းလောက် ဆောက်ခွင့်ရခဲ့ပါတယ်။

နောက်ပိုင်း တစ်ချို့နေရာတွေမှာ ပညာရေးဝန်ကြီးဋ္ဌာနက အရာရှိကြီးတွေက သူတို့ဆီ ငွေမဝင်တော့ ကပျက်ကရက် လုပ်လာတော့တာပါပဲ... ဘာပြောလဲဆိုတော့ မင်းတို့က ဘာလို့ ကျောင်းဆောက်ပေးချင်တာလဲ.. ငါတို့တိုင်းပြည် ဒီလောက် မဆင်းရဲသေးဘူးကွ ဘာညာဖြစ်လာပါတယ်.. ကျွန်တော်တို့ ကုမ္ပဏီတွေ ကျောင်းရှာတဲ့ အခါ ကျောင်းဆရာဆရာမတွေ ကျောင်သားမိဘတွေနဲ့ တွေ့ပြီးထောက်ခံချက်ယူ ကျောင်းဆောက်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြပါတယ်။ ဒီသတင်းတွေ ပညာရေးမှုးတွေဆီ ရောက်သွားတဲ့ အခါ ဆရာ ဆရာမတွေကို ခေါ်ဆူ နောက် အလုပ်ထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ လုပ်လာတာပါပဲ.. တကယ်နစ်နာတာကတော့ ကျောင်းသားတွေပါပဲ.. တက်ရင်နာဖို့ကေင်းပါတယ်.. ကျွန်တော်တို့ကိုယ်တိုင် အဲ့ဒီတုန်းက မကွေးတိုင်းက တိုင်းပညာရေးမှုးနဲ့ စကားများခဲ့ရဘူးပါတယ်။ သူကပေးမဆောက်တော့ ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းပြည်မှာ ချို့တဲ့ပြီး ကလေးတွေအတွက် တကယ်လိုအပ်လို့ပါလို့ ပြောတော့ သူက ငါတို့တိုင်းပြည် ဒီလောက်မဆင်းရဲသေးဘူးကွ မင်းတို့ဆောက်ပေးမှ ကျောင်းဖြစ်တာ မဟုတ်ဘူးကွ ဘာညာဆိုပြီး လုပ်လာပါတော့တယ်..။ နောက်ဆုံး မကွေးတိုင်းက အဲ့ဒီမြို့နယ်မှာ ကလေးတွေအတွက် ကျောင်းဆောက်ခွင့် မရခဲ့ဘူးလေ အင်မတန်နစ်နာတာပေါ့..

နောက်ပိုင်းမှာတော့ ပညာရေးဝန်ကြီးဋ္ဌာနက သူတို့ဋ္ဌာနကို ဖြတ်ပြီးမှ ဆောက်ခွင့်ပေးမယ် ဆိုပြီး ဖြစ်လာတော့တယ်။ သူတို့ဆီကဖြတ်ရင် သိန်း ၃၀၀တန်ကျောင်းကို ၁၅၀လောက်နဲ့ ဆောက်ပြီး ၁၅၀ လောက်က သူတို့အတွက် ဖြစ်လာမှာလေ..။ စာရွက်စာတမ်းတွေလည်း ဖြတ်ညှပ်ကပ်တာတွေ ဖြစ်လာတော့မှာ။ သူတို့ဆီတိုက်ရိုက်ချပေးရမယ် သူတို့ကစီမံမယ်ဆိုတော့ ဂျပန်သံရုံးက လက်မခံတော့ဘူးလေ..။ နောက်ဆုံးကျတော့ ဒီစီမံကိန်းက ရပ်ဆိုင်းသွားခဲ့ရတယ်လေ.။ ဘယ်NLD ဘယ်အတိုက်အခံမှ ကန့်ကွက်လို့ ရပ်ဆိုင်းသွားတာ မဟုတ်ပါဘူး...။ GGAကလည်း အစကတည်းက သူတို့က စုံစမ်းသိရှိပြီးသား သိပြီးသား အစိုးနဲ့လုပ်ရင် မသမာမှုတွေ ဖြစ်လာမယ်ဆိုတာ.. နောက်ဂျပန်သံရုံးက အပြင်က ကျွန်တော်တို့လို ကုမ္ပဏီတွေကို အရမ်းယုံတာလေ.. သံရုံးကကောင်းပြီး အစိုးရက မကောင်းတာလေ..။ နစ်နာတာကတော့ ကလေးတွေနဲ့ ပြည်သူတွေပါပဲ. ကိုဒီမိုရာ... ကျန်တဲ့ အခြားနေရာတွေမှာလည်း ဒီအတိုင်းပါပဲ မင်းဆိုးမင်းညစ် မင်အစုတ်အပြတ်ခေတ် ကျွန်တော်တို့ တိုင်းပြည်ပါပဲ..။ နောက်ဆုံး ပြောချင်တာကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်ချစ်ဝန်ထမ်းတွေ နိုးကြားမှုရှိနေပါတယ် ဆိုတာပြောကြားပါရစေ။

လေးစားစွာဖြင့်
ပြည်သူ့ဝန်ထမ်းတစ်ဦး


ဆိုချင်တာက စစ်အာဏာရှင်တွေက နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်တာဟာ NLD နဲ့ အတိုက်အခံတွေကြောင့်လို့ အမြဲစွပ်စွဲလေ့ရှိပါတယ်. တကယ်တမ်းကျတော့ အာဏာရှင်တွေ ကိုယ်တိုင် တိုင်းပြည်ရဲ့ စီးပွားရေးကို ပိတ်ဆို့နေတာပါပဲ... တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ကိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချနေတာပါ။ ပြီးခဲ့တဲ့ တစ်ခေါက် မြန်မာပြည်က လာတဲ့ စာထဲက (ရန်ကုန်က ဂျပန်နဲ့ ကားဖက်စပ် ထုတ်တဲ့ စက်ရုံတစ်ခုမှ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက် ပြန်ဖတ်ချင်ရင် Click) ဂျပန်ကားကုမ္ပဏီက ပြည်သူတွေအတွက် ဈေးပေါပေါနဲ့ ကားအသစ်တွေ လိုသလောက် ထုတ်ပေးမယ့် ကိစ္စမှာလည်း ပိတ်ပင် တားမြစ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောသလို တိုင်းပြည်ကို စီးပွားရေး ပိတ်ဆို့နေတာ ဟာလည်း ဒီအာဏာရှင်တွေ ကိုယ်တိုင်ပါပဲ.. ဘယ်နိုင်ငံမှာမှ မကြားဘူးတဲ့ ခေါင်ခိုက်နေတဲ့ ကားဈေးတွေ တခြားနိုင်ငံတွေမှာ လက်ကိုင်ဖုန်း အိမ်ဖုန်းတွေကို ဒေါ်လာ ၅၀တောင် မပြည့်တဲ့ဈေးနဲ့ ဝယ်သုံးနိုင်ချိန်မှာ ကျွန်တော်တို့ဆီမှာတော့ ခေါင်ခိုက်နေအောင် တမင်လုပ်ထားပါတယ်.. အင်တာနက် အမြန်နှုန်းတွေ တမင်လျှော့ချ မိမိအာဏာ တည်မြဲရေးအတွက် ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို တမင် ဓားပြဆန်ဆန် ပြန်ပေးဆွဲပြီး ဘယ်သူသေသေ ငတေမှာ ပြီးရော ဆိုသူတွေနဲ့ ပေါင်းပြီး ဝေစားမျှစားလုပ်နေတာပါပဲ.. ဒီလူတွေသာ ဒီရွေးကောက်ပွဲကို ရိုက်စားလုပ်ပြီး ဆက်လက် အာဏာတည်နေမယ်ဆိုရင် တိုင်းပြည်နဲ့ နောင်မျိုးဆက် မိမိတို့သားသမီးတွေ အတွက် ရင်လေးစရာပါပဲ.. တို့ခေတ်ရောက်မှ ညံ့ကျရတော့မှာလား..

ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲ (သီချင်း)







ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲသီချင်း

ရေး .. ထက်အောင်ရှိုင်း/ စက္က
ဆို .. ထက်အောင်ရှိုင်း

v1. ပြည်သူ့ သဘောထားမပါ ကိုယ့်ဘာသာလုပ်ကြံ ၂၀၀၈ အခြေခံ

စိတ်တိုင်းကျရေးကာစွဲ ၂၅% လည်း အသက်လွတ်ထပ်ယူပြန်တယ်

ကြံဖွတ်ကတဖန်တစ်ပါတီခံ စစ်ဦးစီးချုပ်တွေအရေခွံလှန်

လောဘရမ္မက်ထန် စောဒကမတက်ရန် အမိန့်တွေသာထုတ်ပြန် ..

CHO: အာဏာရှင်ဖန်တီးတဲ့ဒီဥပဒေ ဘောင်မ၀င် ၂၀၀၈ ခု အခြေခံပင်

ဒီမိုကရေစီလမ်းစဉ် အမြဲရှေင်ကွင်းကမ္ဘာ့အလယ်တွင် ဟန်ပြ ဖြေရှင်းဖို့သာကြံဆင်

ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင် မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်
SOLO: .. .. .. ..

V1. ပြည်သူ့ဘ၀စစ်ကျွံ ဆက်ခံယူရရင် အနာဂတ်အတွက်မရေရာပြန်

လူသားဘ၀အဖြစ်ကဆိုး ကိုယ်ရွေးချယ်ပိုင်ခွင့်လည်း ပျောက်တဲ့ ဒီအလက်ရှင်

မဲပုံးတွေအမှန်နဲ့အမှား အမှန်ဘက်ကတဖက်သတ် အလွန်ကိုများ

အတင်းအကျပ် ချုပ်ကိုင် ခိုင်းသမျှလုပ်ရန် လမ်းစဉ်တွေထုတ်ပြန် .. ..

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်. ခမိခဆဲမှ ဖြန့်ဝေပါသည်။

ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲ Download လုပ်ချင်ရင်.. CLick

ဆရာအောင်သင်းရဲ့ လူငယ်နဲ့အမွေ.. နှင့် လူငယ်နဲ့အချစ်..(အသံဖိုင်)

ဆရာပါရဂူ၊ ဆရာအောင်သင်း၊ အဘဦးဝင်းတင် (ဓာတ်ပုံ မိုးမခ)
Get this widget | Track details | eSnips Social DNA
အချိန် ၂နာရီကျော် ကြာမြင့်ပါသည်။ ပထမပိုင်း လူငယ်နဲ့အမွေ အသံဖိုင်အနည်းငယ် အသံမပြတ်မသား ဖြစ်နေပါသည်။ ဒုတိယပိုင်း ၁နာရီနောက်ပိုင်း လူငယ်နဲ့အချစ် အသံဖိုင်မှာ ပြန်လည်ကြည်လင်စွာ နားထောင်နိုင်ပါသည်။


၂၀၀၇စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီး သုံးနှစ်ပြည့် အမှတ်တရ (အရှင်နေမိန္ဒ)

သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး
အရှင်နေမိန္ဒ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဆူးလေရင်ပြင် လူနှစ်သိန်းကျော်ရဲ့ ရှေ့မှောက်မှာ ဖွဲ့စည်းခဲ့တဲ့ သံဃာကိုယ်စားလှယ် အဖွဲ့ ပြန်ကြားရေးတာဝန်ခံ
ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးနေမိန္ဒ၊ ဦးထာဝရနှင့် ရွှေဝါရောင် ဆရာတော်များ
ရွှေဝါရောင် တော်လှန်ရေးအတွင်းက လက်တွဲ မဖြုတ်စာတမ်း ရပ်တည်ခဲ့ကြတဲ့ အရှင်နေမိန္ဒ၊ ဦးဃောသိတ၊ ဦးထာဝရ

မိုးဖွဲလေးတွေစဲနေတဲ့ ရာသီဥတုအောက်မှာ ရန်ကုန်မြို့ရှိ ဘုန်းကြီး ရဟန်းသံဃာတွေရဲ့ မျက်နှာတွေမှာ မိုးစက်လေးတွေနဲ့ အတူ ၀မ်းနည်းမှု ပူဆွေးမှုကြေကွဲမှုနဲ့ ပြည့်နှက်နေတဲ့ လတစ်လ အဲဒိလကတော့ စက်တင်ဘာလ ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကိုချစ်တဲ့ ပြည်သူက လေးစား တန်ဘိုးထားတဲ့ ကိုထင်ကျော် ကိုမင်းကိုနိုင် တို့ကို ဖမ်းဆီးသွားလို့ ပြည်သူတွေနှင့် တကွဘုန်းကြီး ရဟန်းသံဃာတွေရဲ့ ရင်ထဲမယ် ဖြစ်ပေါ်နေတဲ့ အစိုင်အခဲတွေမှ မပြေပျောက်သေးဘူး မြန်မာနိုင်ငံရှိ ဘုန်းကြီးရဟန်းသံဃာတွေနှင့် တကွ ပြည်သူတွေရဲ့ ရင်ကို မိုးကြိုးထက် ပြင်းထန်တဲ့ ရိုက်ခတ်မှုကြီးက ပြည်သူတွေနှင့် တကွ ဘုန်းကြီး ရဟန်းသံဃာတွေ မြိုသိပ်ထားသမျှ ပွင့်ထွက်လာအောင် ပြင်းထန်အားကြီးပါတယ်။
ပခုက္ကူမြို့ပေါ်မယ် စက်တင်ဘာငါးရက်နေ့က အာဏာရူးလူသတ်ကောင် တွေရဲ့ လက်ကိုင်ဒုတ်ကြံ့ဖွံ့တွေနှင့် အာဏာရူးစစ်မိစ္ဆာတွေက လူမဆန်စွာ ကမ္ဘာ့အကောင်းဆုးံ ဘာသာတရားရဲ့ ခေါင်းဆောင် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုးံနီးပါးလောက်ရဲ့ လေးစားတန်ဘိုးထား ကိုးကွယ်တဲ့ ထေရ၀ါဒ ဘာသာရေး ခေါင်းဆောင်တွေကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ် ရိုက်နှက် ဖမ်းဆီးမှု ကမ္ဘာမှာ မော်ကွန်း တင်လောက်အောင် ရက်စက်ပြတဲ့ အာဏာရူးတစ်သိုက်ရဲ့ လုပ်ရပ်ဟာ ဦးဇင်းတို့ မြန်မာနိုင်ငံလုးံရှိ ဘုန်းကြီး ရဟန်းသံဃာတွေရဲ့ ရင်ကို ပူလောင်သွားစေပါတယ်။

စက်တင်ဘာငါးရက်နေ့ကနေ စတင်ပြီးတော့ ကုန်းဈေးနှုးံ မြင့်မားမှုကြောင့် ဦးဇင်းတို့ရဲ့ ဆွမ်းဒကာဆွမ်းအမ သာသနာ့ဒါယကာ သာသနာ့ဒါယိကာ တွေရဲ့ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှု အပြစ်မဲ့တဲ့ ပြည်သူတွေကိုချစ်တဲ့ ပြည်သူတွေက လေးစားတန်းဘိုးထားတဲ့ မိမိတို့ ယုံကြည်ချက်ကြောင့် အဖမ်းခံရတဲ့ နိုင်ငံရေးသမားများအား မတရား နှိပ်စက်ဖမ်းဆီမှု မတရားသဖြင့် မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူ တိုင်းရင်းသားများဟာ နှိပ်စက်ညှင်းပန်းမှု ပြည်သူတွေရဲ့ ဆန္ဒ ပြည်သူတွေရဲ့ လွတ်လပ်မှု ပြည်သူတွေရဲ့ လွတ်လပ်စွာ တိုင်းပြည်ကို စီမံအုပ်ချုပ်ခွင့် ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာ ရရှိဘို့အတွက် ဦးဇင်းအပါအဝင် မြန်မာနိုင်ငံလုးံရှိ ရဟန်းသံဃာတွေဟာ စတင်ပြီးတော့ အစည်းအဝေးထိုင်ခြင်း တိုင်ပင်ဆွေးနွေးခြင်း လုပ်ဆောင်ရမဲ့ အချက်အလက်တွေ တစ်ဦးနှင့်တစ်ဦး ညီညီညွှတ်ညွှတ်နဲ့ စက်တင်ဘာ ခြောက်ရက်နေ့ ကနေစတင်ပြီးတော့ ပြည်သူတွေအတွက် အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေ အတွက် အမှန်တရားအတွက် စာတင်ပြီးတော့ ငြိမ်းချမ်းရေးလမ်းစဉ် ဆန္ဒပြ တောင်းဆိုမှုကြီးကို စည်းအဝေးတိုင်ပင်ကာ ညှိနှိုင်းခဲ့ကြပါတယ်။
ဒီလိုနဲ့ စက်တင်ဘာဆယ့်သုံး ဆယ့်လေး ဆယ့်ငါးကနေ စတင်ပြီးတော့ ငြိမ်းချမ်းရေးမေတ္တာပို့ ဆုတောင်းလမ်းလျှောက် ချီတက်ဆန္ဒပြပွဲကြီးကို စတင်ဆင်နွှဲခဲ့ ကြပါတယ်။ အဲဒိလိုဆင်နွဲခဲ့တဲ့ နေရာမှာလည်း ဦးဇင်းတို့အားလုးံဟာ မြတ်စွာဘုရားရဲ့ မြင့်မြတ်မှန်ကန်တဲ့ နည်းလမ်းကို ကျင့်သုးံပြီးတော့ ဆင်နွဲခဲ့ကြတာပါ ။ အာဏာလိုချင်လို့ နေရာလိုချင်လို့ တိုင်းပြည်ကို အုပ်ချုပ်စီမံချင်လို့ မဟုတ်ဘူး ဆိုတာကို အားလုးံ ယုံစေချင်ပါတယ်။ အဲဒိလိုလမ်းလျှောက် ချီတက်ကြတဲ့ နေရာမယ်လည်း အကြမ်းမဖက်တဲ့ ထေရ၀ါဒဗုဒ္ဓ ဘာသာရဲ့ စစ်မှန် မှန်ကန်တဲ့လမ်းစဉ်ကို တစ်သွေမတိမ်း ဦးဇင်းတို့အားလုံး ကျင့်သုးံခဲ့တာပါ။ စည်းကမ်းတွေချမှတ် ထားတဲ့နေရာမယ်လည်း အံ့ဖွယ်ပါ ခိုက်ရန်ဒေါသမဖြစ်ရ။ ကိုယ့်ကိုသူတပါးက ရိုက်နှက်လာရင်လည်း မေတ္တာစိတ်နဲ့ဘဲ သည်းခံ ခွင့်လွတ်ရမယ် ဒုတ်ဓားလက်နက် မကိုင်ဆောင်ရ၊ တကယ်လို့ ဒုတ်ဓားလက်နက် ကိုင်ဆောင်တာ တွေ့ခဲ့ရင်လည်း ဦးဇင်းတို့ရဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်ဆန္ဒပြပွဲရဲ့ စည်းဝိုင်းအပြင်ကို ထွက်ပေးရမယ်။ ခိုက်ရန်ဒေါသ ဖြစ်ရင်လည်း ထို့ထက်ကို ဝေးတဲ့နေရာကို ထွက်သွားပေးရမယ်လို့ စည်းမျဉ်းစည်းကမ်းတွေ အများကြီး ချမှတ်ထားတာပါ။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း သံဃာတော်များ၊ နိုင်ငံရေးမိတ်ဆွေများ၊ အနုပညာရှင်များ ရှေ့မှောက် မှအစည်းအဝေးတစ်ခု ( ကြေးသွန်းဘုရားကြီးအတွင်း အရှင်ထာဝရ၊ အရှင်နေမိန္ဒ)

ဦးဇင်းတို့ ယနေ့လုပ်တဲ့အလုပ် လုပ်ငန်းစဉ်သည် နအဖ သိအောင်လုပ်တာ တနည်း တစ်ကမ္ဘာလုးံသိအောင်လုပ်တာပါလို့ အားလုးံသော ဘုန်းကြီးသံဃာတွေရဲ့ ဆန္ဒသဘောနဲ့ ပြည်သူလူထုကိုကော နအဖ စစ်မိစ္ဆာတွေကော ကြွေးကြော်ပြီးတော့ ချီတက် လမ်းလျှောက်ခဲ့ကြတာပါ။ တကယ်လို့မိမိတို့ပါ ဦးဇင်းတို့ရဲ့ လမ်းစဉ်ကို သဘောကြတယ် နှစ်သက်တယ်ဆိုရင် အားလုးံလူသူ မရွေးပူပေါင်းလို့ရပါတယ် အားလုးံအားလုးံကို ဖိတ်မာန်ပြီးတော့ စက်တင်ဘာငြိမ်းချမ်းရေးချီတက် လမ်းလျှောက်ပွဲကြီးကို လုပ်ဆောင်ခဲ့ကြတာပါ ဒီငြိမ်းချမ်းရေးလမ်းလျှောက် ချီတက်ဆန္ဒပြကြီးမှာလည်း တောင်းဆိုချက်တွေကိုလည်း ဦးဇင်းတို့အားလုးံ ဆွေးနွေးတိုင်ပင်ပြီးတော့ အားလုးံဆန္ဒသဘောတူချက်အရ ထုတ်ပြန်ခဲ့ပါတယ် အဲဒိလိုတောင်းဆိုချက် ထုတ်တဲ့နေရာမယ်လည်း မည်သူတစ်ဦးတစ်ယောက်ရဲ့ အတင်းအဓမ္မ တိုက်တွန်းမှု စေခိုင်းမှုမှ မပါခဲ့ပါဘူး အားလုးံမြန်မာနိုင်ငံအတွင်းရှိ ဘုန်းကြီးရဟန်းသံဃာတွေရဲ့ ဆန္ဒတွေခံယူပြီးတော့ အားလုးံရဲ့ သဘောတူချက်အရ ထုတ်ပြန်ခဲ့ကြတာပါ အားလုးံသဘောတူစွာ ထုတ်ပြန်ခဲ့ကြတဲ့ တောင်းဆိုချက် လေးရပ်ရှိခဲ့ပါတယ်။ အဲ့ဒီလေးချက်ကတော့

၁ = နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရေး

၂ =ကုန်ဈေးနှုးံကျဆင်းရေး

၃ = အမျိုးသားပြန်လည်သင့်မြတ်ရေး

၎ =ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာရရှိရေး။

ဆိုပြီးတော့ အားလုးံသော ဘုန်းကြီးရဟန်းသံဃာတွေရဲ့ ဆန္ဒသဘောတူညီချက်နဲ့အတူတောင်းဆိုခဲ့ကြတာပါ အဓိက ဦးတည်ထားတာကတော့ အားလုးံရဟန်းသံဃာတွေ ဟာ ငြိမ်းချမ်းစွာဖြင့် မေတ္တာသုတ် လမ်းလျှောက်ချီတက်ပြီးတော့ ဒီအချက်လေးချက်ကို တောင်းဆိုရမယ် ခိုက်ရန်ဒေါသ ဖြစ်ပြီးတော့ ဒေါသဖြစ်ပြီးတော့ မတောင်းဆိုရ အားလုးံကို မေတ္တာစိတ်နဲ့ မေတ္တာပို့ပြီးတော့ တောင်းဆိုကြရမယ်လို့ အားလုးံသော ရဟန်းသံဃာတွေ သဘောတူစွာ တောင်းဆိုခဲ့ကြတာပါ။ ဒီလိုတောင်းဆိုတဲ့နေရာ မည်လည်း ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး အနစ်နာခံရမယ်ေ ပးဆပ်ရမယ် ၀တ္ထုငွေကြေးကို လိုချင်မှု အလှူခံခြင်းများကိုလည်း လုးံဝရှောင်ကျဉ်ရမယ် အားလုးံရဲ့ သဘောတူညီချက်တွေ နဲ့ဦဇင်းတို့ လုပ်ဆောင်ခဲ့ကြတာပါလို့ ဦးဇင်းပြောကြားလိုပါတယ် မယုံစရာလည်းဘာမှမရှိပါဘူး အားလုးံသမိုင်းတွေ အတိတ်တွေ ရုပ်ပုံတွေကိုလည်း ပြန်လည်း လိုက်ရှာပြီးတော့ ကြည့်လို့ရပါတယ် ဒီလိုတောင်းဆိုချင်ဟာ တောင်းဆိုတာဟာ တောင်းဆိုတဲ့နေရာမှာကော နအဖ စစ်အစိုးရအတွက် ဘာများထိခိုက်စရာရှိလည်းဗျာ ဦးဇင်းတို့အားလုးံဟာ မေတ္တာပို့တဲ့ နေရာမယ်လည်း လူသူလေးပါး ခွဲခြားထားတာမရှိဘူး။ အားလုးံ အားလုးံကို တပြေးတစ်ညီတည်း မေတ္တာပို့ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာ ဖြစ်လုပ်ဆောင်ခဲ့ကြတာကို မှ အပြစ်လို့မြင်ပြီးတော့ ဦးဇင်းတို့အားလုးံကို ရိုက်နှက်ဖမ်းဆီး သေနတ်နဲ့ ပြစ်သတ်တာဟာ မတရား ရာကြပါလွန်ပါတယ်။ ပြီးတော့ မိမိတို့ကိုးကွယ်တဲ့ ထေရ၀ဒ ဗုဒ္ဓဘာသာရဲ့ဘာသာရေးခေါင်းဆောင်တွေ လုပ်တဲ့ လုပ်ငန်းစဉ်က အကြမ်းမဖက် ငြိမ်းချမ်းရေး လမ်းလျှောက် ဆုတောင်းမေတ္တာပို့သတဲ့ပွဲ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက ခိုက်ရန်ဒေါသမဖြစ်ရ ဒုတ်ဓားလက်နက်မကိုင်ဆောင်ရ သူတပါးက မိမိတို့အပေါ် ဒေါသနဲ့ လာရောက်တိုက်ခိုက်ခဲ့ရင်လည်း ကိုယ်ကမေတ္တာနဲ့ ငြိမ်းချမ်းစွာသည်းခံရမည်။

ကဲဘယ်လောက် ကောင်းလိုက်တဲ့ စည်းမျဉ်းစည်းကမ်းလည်း ဒါကိုမှအပြစ်မြင် အပြစ်လို့ယူဆပြီးတော့ ရိုက်နှက်ဖမ်းဆီချုပ်နှောင် သေနတ်နဲ့ ပြစ်သတ်တာဟာ လူမှဟုတ်ကြသေးရဲ့လား အားလုးံအသိပါ ဦးဇင်းတို့ ဆူးလေးဘုရား အနီးမှာဆိုဒုတ်နဲ့ ရိုက်ဖမ်းဆီးတာတင် မကသေးဘူးချေ ထောက်နဲ့ပါ ဦးဇင်းတို့ရဲ့ခေါင်းတွေကို တက်နင်းသေးတာ ခြေထောက်နဲ့ကန်ဒုတ်နဲ့ ရိုက်ရုးံတင် မဟုတ်သေးဘူး။ စက်တင်ဘာနှစ်ဆယ့်ခုနှစ်ရက်နေ့ည ဘုန်းကြီးရဟန်းသံဃာတွေ သီတင်းသုးံ နေထိုင်တဲ့ ကျောင်းတွေကိုသေနတ်နဲ့ပစ် ပြည်သူတွေ လှူဒါန်းထားတဲ့ သာသနာပိုင် ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီး ဘုန်းကြီး ရဟန်းသံဃာတွေကို ဖမ်းဆီးပြီးတော့ ပြောသွားတဲ့စကားက မင်းတို့ကတုးံတွေ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး။
ရွှေတိဂုံစေတီတော် သံဃာထုရှေ့မှ အရှင်နေမိန္ဒ၊ ဦးထာဝရ
ကိုယ့်ထမင်း ကိုယ်မစားဘူး ဘာလို့ဝင်ရှုပ်တာလဲတဲ့ ပြောရက်လိုက်တာဗျာ... ပြည်သူတွေအရေးဟာ ဦးဇင်းတို့အရေးမဟုတ်ဘူးလား ဦးဇင်းတို့ထေရ၀ါဒ ဗုဒ်ဓဘာသာရဲ့ ထွတ်အထိပ်ပန်ဆင်ရာ ဦးထိပ်ထားရာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာတာ လောကမှာရှိနေတဲ့ ဝေနေယျသတ္တ၀ါတွေ အားလုးံ အကျိုးစီးပွားလို့ငှာ ချမ်းသာချင်း အလို့ငှာ ပွင့်ထွန်းတော်မူလာတာ မဟုတ်ဘူးလားဗျာ ဘာသာရေးကို နားမလည်လို့လား ဘာသာရေးကိုမသိလို့လား ထေရ၀ါဒဗုဒ်ဓဘာသာတွေမဟုတ်လို့လား ဒီလိုစကားမျိုးပြောတာ ဦးဇင်းတို့ကလည်း ဗုဒ္ဓသားတွေလေ ဗုဒ္ဓသားတွေပီပီ ဗုဒ္ဓလမ်းစဉ်တွေကို မကျင့်သုးံသင့်ဘူးလား.. မိမိတို့ရဲ့ ဒကာဒကာမတွေ ဝေနေယျသတ္တ၀ါ ရဲ့အကျိုးစီးပွားလို့ငှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ ဒကာဒကာမတွေ မကယ်တင် ရတော့ဘူးလား...။ အမှန်တရားဆိုတဲ့ လမ်းစဉ်ကို မလျှောက် လှမ်းရတော့ဘူးလား မြင့်မြတ်တဲ့ လမ်းစဉ်တွေကို မကျင့်သုးံရတော့ဘူးလားဗျာ ဘာလဲ စစ်မိစ္ဆာတစုက လူသတ်ဖမ်းဆီး ချုပ်နှောင်တာကို ကုသိုလ်လို့ ယူဆပြီးတော့ ဦးဇင်းတို့ကို ကောင်းတဲ့ လမ်းစဉ်မြင့်မြတ်တဲ့ လမ်းစဉ်ကို မလျှောက်လှမ်းရဘူးလို့ ပြောတာလား အေးပေါ့လေး ဦးဇင်းတို့ဆရာ ဘုန်းကြီးပြောသလို မင်းတို့က လူတွေမှတ်လို့ မေတ္တာသွားပို့နေတာလားတဲ့ အဲဒါလူမဟုတ်ဘူးတဲ့ လူ့ငနွားတွေတဲ့ မှတ်ထားဘယ်တော့မှ မေတ္တာနဲ့မတန်ဘူးကွတဲ့ ဟုတ်ပါတယ် စစ်မိစ္ဆာ လူ့ငနွားတွေဟာ ဦးဇင်း ကောက်ချက်ချလိုက်ပါပြီး ဘယ်တော့မှ မေတ္တာနဲ့ပါဘူး မိစ္ဆာကောင်တွေရဲ့ လုပ်ရပ်ဟာ ကမ္ဘာကကောတို့ ပြည်သူတွေကော အားလုးံအသိပါ တန်လား မတန်ဘူးလားဆိုတာ အဲဒိတော့ရှေ့ဆက်ပြီးတော့ ဦးဇင်းမိစ္ဆာ ကောင်းတွေရဲ့ မကောင်းကြောင်းကို ပြောပြစရာ မလိုလောက်တော့ပါဘူး။ တို့ပြည်သူတွေ စစ်မိစ္ဆာတွေရဲ့လက်အောက်မှလွတ်မြောက်ဖို့ ထောင်တွင်း အမှန်တရားအတွက် အကျဉ်းကျခံနေရသော ဦးဇင်းတို့ ညီတော်နောင်တော်အပေါင်းတို့ လွတ်မြောက်ဖို့ ဦးဇင်းတို့ရဲ့ဒကာာဒကာမတွေလွတ်မြောက်ဖို့

ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှ လွတ်မြောက်ဖို့ရန်အတွက် အားလုးံညီညွတ်ဖို့လိုပါပြီး ညီညွတ်ဖို့အချိန်တန်ပါပြီး တိုက်ပွဲဝင်ဘို့ အချိန်ပါပြီး.. အပြောတွေနဲ့အချိန် မကုန်သင့်ပါဘူး အားလုးံညီညွတ်မှ အောင်ပွဲရမှာ ဦးဇင်းတို့ ဗုဒ်ဓမြတ်စွာဘုရားလည်း ညီညွတ်ဖို့ကိုဘဲအထူးရှေ့ရှု့ပြီးတော့ဟောကြားခဲ့တာပါ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောနေရမဲ့ အချိန်အခါလည်း မဟုတ်ပါတော့ပါဘူး ဦးဇင်းတို့အားလုးံ လွတ်လပ်စွာ ပျံသန်းနိုင်ဘို့ရန်အတွက် ထောင်တွင်း အကျဉ်းကျခံနေရသော မိမိတို့ရဲ့ညီတော် နောင်တော်တွေရဲ့ မျက်နှာတွေကို ထောက်ထားပြီးတော့ ညီညီညွတ်ညွတ် ဟန်ချက်ညီညီနဲ့ ယနေ့ ငါတို့အားလုးံဟာ ပြည်သူကို တကယ်ချစ်တယ်..။ ပြည်သူကို တန်ဘိုးထားတယ်.. ပြည်သူကိုလေးစားတယ်ဆိုရင်အောင်ပွဲရဘို့အတွက် ရှေ့ကိုချီတက်ပြီးတော့ တိုက်ပွဲတွေ ဆင်နွဲကြစို့...

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များနှင့် တကွ ခေတ်အဆက်ဆက် အမှန်တရားအတွက် ထောင်တွင်း အကျဉ်းကြခံနေရသော ဘုန်းကြီးသံဃာ ကျောင်းသားပြည်သူများ အားလုးံ ကျန်းမာချမ်းသာကြပါစေ…………

စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးခေါင်ဆောင် မြန်မာနိုင်ငံလုးံဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့

ပြန်ကြားရေးဆရာတော် ဦးနေမိန္ဒ

စက်တင်ဘာသုးံနှစ်ပြည့် အမှတ်တရ

၂၀၀၇ခုနှစ် ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးကြီး နှစ်ပတ်လည် (၃)နှစ်ပြည့်မြောက် ပါတော့မယ်။ ၂၀၀၇သံဃာတော်များရဲ့ သွေးချွေးတွေနဲ့ ရင်းပြီး အနှစ်နာခံ ဆောင်ရွက်ခဲ့တာကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ ယခုထက်ထိလည်း ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရအပါအဝင်။ သံဃာ၊ သီလရှင် အပါး ၂၅၀ကျော်ဟာ နအဖ အကျဉ်းစခန်းအသီးသီးမှာ မတရား အကျဉ်းကျခံနေရပါတယ်။ လက်မရွံ့ စစ်အာဏာရှင်ရဲ့ သံဃာတော်တွေအပေါ်မှာ အငြိုးအတေး ထားမှုကတော့ ယနေ့ထက်တိုင်ပါပဲ။

ယခုနှစ် အစောပိုင်း မဲဆောက်မြို့မှ ဆရာတော် ဦးဣသရိယ၊ ဆရာတော်ဦးသောပါက တို့ရဲ့ မိတ်ဆွေကောင်း စာကြည့်တိုက်ကို အလည်အပတ် ရောက်ခဲ့ပါတယ်။ ကျွန်တော်နေထိုင်မယ့် အခန်းကိုရောက်ရှိစဉ်မှာ ဘေးမှာ ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်လာတဲ့ ရင်းရင်းနှီးနှီးမြင်ဖူးနေတဲ့ မျက်နှာပိုင်ရှင် သံဃာတော် တစ်ပါးနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ စကားဆက်မိတော့မှ အင်တာနက် စာမျက်နှာပေါ်တွေမှာ မြင်တွေ့နေရတဲ့ ၂၀၀၇ခုနှစ် ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်နေမိန္ဒမှန်း သိခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ဆရာတော်ဟာ အစာအိမ်ရောဂါကြောင့် ခွဲစိတ်ကုသထားပြီး ဆေးရုံက ဆင်းလာခါစ ဖြစ်ပါတယ်...။

ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ ဦးဆောင် ဆရာတော်တစ်ပါးကို လူမသိသူမသိ ဒီလို အခန်းထဲမှာ တွေ့ခွင့်ရမယ်လို့ မမျှော်လင့်ခဲပါဘူး။ အရှင်နေမိန္ဒဟာ ခွဲစိတ်ပြီးစ ဝေဒနာ ခံစားနေရပေမယ့်လည်း တိုင်းရေး ပြည်ရေးကို တက်တက်ကြွကြွ ဆွေးနွေး ပြောကြားလာပါတယ်။ ဒီလိုဝေဒနာခံစား ခွဲစိတ်ကုသ ထားရပေမယ့်လည်း ဆရာတော်ရဲ့ အနားမှာ ကျွန်တော်ရောက်ရှိစဉ်မှာ အခန်းဖော်များမှ လွဲပြီး မည်သူမှ ကြည့်ရှုအားပေးမယ့်သူ မတွေ့ခဲ့ရပါဘူး။ တိုင်းပြည်ကောင်းစားရေးအတွက် ဆရာတော်ဟာ မိမိအသက်ကိုပင် ပဓာန မထားမှန်း စကားပြောရင်း သိခွင့်ရခဲ့ပါတယ်။ ယခုထက်ထိလည်း နယ်စပ်မှာ မိမိတတ်နိုင်သလောက် အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှာ တတ်ကြွစွာ ပါဝင်လှုပ်ရှား အများအတွက် ဆောင်ရွက်ခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေဟာ နယ်စပ်ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေပါတယ်။ ဘာသာစကား အခက်အခဲ၊ နေထိုင်မှု အခက်အခဲတွေ ကြားထဲမှာ သံဃာတော် ဖြစ်တဲ့ အတွက် သာမာန်လူတွေလို စီးပွားဥစ္စာ ရှာဖွေခြင်းငှာ မစွမ်းဆောင် နိုင်ပါဘူး..။

မည်သို့ပင် ဖြစ်စေ အာဏာရှင်ကို မေတ္တာနဲ့ တွန်းလှန်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်းက ဆရာတော် သံဃာတော်တွေရဲ့ အခန်းကဏ္ဍကိုတော့ မေ့မထားသင့်ပါဘူး...။ ယခုဆိုရင် ရွှေဝါရောင် တော်လှန်ရေးကြီး (၃)နှစ်ပြည့်မြောက် ခဲ့ပါပြီ.. ဆရာတော် သံဃာတော်တွေ ကျောင်းသား ပြည်သူတွေရဲ့ အနစ်နာခံ အသက်အသေခံ အဖမ်းအဆီးခံ သွေးချွေးတွေနဲ့ ပေးဆပ်ခဲ့တဲ့ ၂၀၀၇ ရွှေဝါတော်လှန်ရေးကြီးနဲ့ အာဏာရှင် လက်ပါးစေတွေ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ သံဃာ့အာဇာနည်၊ ကျောင်းသား ပြည်သူ အာဇာနည်များအား လေးစားဦးညွတ်လျှက် (၃)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးကြီးအား ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတယ်။

၃ နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ဖိတ်ကြားစာ.. (ဂျပန်)

ပုံကြီးချဲ့ကြည့်ရန် Click နှိပ်ပါ..