ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်နေ့သိုရွေှ့ဆိုင်း။...။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အကြောင်းပြချက်က ဥပဒေအကြောင်းအရ မှားယွင်းနေတာတွေ၊ မရှင်းလင်းတာတွေကို ပြန်လည်သုံးသပ်ဖို့လို့ပြောပါတယ်။ " ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ အဖမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာလည်း အဖမ်းခံ ရတယ်လို့ သိရပါတယ်။ တချို့တွေပြန်လွတ် လာပြီလို့သိရပါတယ်။ ရွှေတိဂုံဘုရားမှာ ဝတ်ပြုဆုတောင်းတဲ့ သူတွေလည်း တနာရီလောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရှိရပါတယ်။

သတင်း။...။ဒီမိုဝေယံ


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပို့။...။


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ယနေ့ ကန့်ကွက် စာ ပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ ကြေးမုံသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းက မြေအရောင်းအဝယ် ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းစာထဲမှာ ပါတဲ့ ရှေ့နေဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ စာထဲမှာတော့ ဒီမြေဟာ ရောင်းဝယ်ခွင့် မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဒေါ်စုရဲ့ Position ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဦးခင်မောင်အေးကလည်း ရောင်းပိုင်ခွင့် မရှိတဲ့ အကြောင်း အဲ့ဒီရှေ့နေဆီ စာပြန်ပို့လိုက်တယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က မိမိသဘောအတိုင်း စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် လွှဲအပ်ထားသော ရှေ့နေမှတဆင့် ကန်ကွက်နိုင်ကြောင်း ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ဒေါ်စု၏ ရှေ့နေမှယနေ့ ကန့်ကွက် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေသည့် အချိန်နှင့် အချိန်ကိုက် မြေကိစ္စ ပေါ်ထွက်လာခြင်းသည် နိုင်ငံရေး ပယောဂ မကင်းဟု သုံးသပ်သူများက ပြောဆိုပါသည်။

သတင်း။..။ဒီမိုဝေယံ





ဒီပဲယင်း ၇၄လပြည့်ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း( ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံး ခေါ် စစ်အခွန်ရုံးရှေ့)။...။

ဓာတ်ပုံ။....။စိုးအောင်ဝင်း၊ဒီမိုဝေယံ...



၂၀၀၉ခုနှစ်ဇူလိုင်လ ၃၀ရက်။... ။

၂၀၀၃ခုနှစ် မေလ၃၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းမှာ ယနေ့ဆိုလျှင် ၇၄လပြည့်ခဲ့ပါပြီ။ စစ်အစီုးရ၏ စနစ်တကျ ကြိုတင်ကြံစည်လုပ်ကြံ သတ်ဖြတ်မှုကို မမေ့ နိုင်ကြသော၊ ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးစေလိုကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ က ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့ တွင် စုဝေး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကို ညနေ ၃နာရီမှ ၄နာရီ အထိ ကျင်းပခဲ့ပြီး လူဦးရေ ၁၄၀ခန့် တက်ရောက်ခဲ့ကြပါသည်။




ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံမြေ ကိစ္စ မနက်ဖြန် ၃၀ရက်နေ့ ဖြေရှင်းချက် စာထုတ်ပြန်မည်။...။


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့က ကြေးမုံသတင်းစာတွင် ကြောငြာပါရှိမှုနဲ့ ပတ်သတ်၍ မနက်ဖြန်မှာ စာထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"အန်ကယ် ဟိုတနေ့က ဒေါ်စုနဲ့တွေ့တုန်းက ဒီအိမ်ကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်စုဆီက INSTRUCTION ရယူပြီးပါပြီ။ မနက်ဖြန် ၃၀ရက်နေ့မှာ စာထုတ်ပြန်ပါမယ်။ တချိန်တုန်းက ဒေါ်စုအမေက ဒီမြေကို ပေးခဲ့တယ်ဆိုပြီး ဖြစ်ခဲ့တယ်။ နောက်ပိုင်း ဒေါ်စုနဲ့ညှိလိုက်တယ်။ ဒေါ်စုက ဒီမြေကို ငွေပေးဖို့ တချို့တဝက်ကို သူ(ဦးခင်မောင်အေး)က ဒေါ်စုဆီကရယူပြီးဖြစ်တယ်။ နောက်ပိုင်းနှစ်တွေ ကြာလာပြီး အခုဒီကိစ္စကဖြစ်လာတာ။ သတင်းစာမှာ ပါတဲ့ကြော်ငြာချက်က တရားမဝင်ပါဘူး။ ဝယ်တဲ့လူဆီက စရန်တောင် ရယူပြီးပြီလို့ ကြားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မနက်ဖြန်မှာ အန်ကယ်တို့ စာထုတ်ပါမယ် "ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေးဟာ ခင်မောင်အေး(မန္တလေး)ဟူသော ကလောင်အမည်ဖြင့် သူရဇ္ဇမဂ္ဂဇင်း၏ ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာ ဗိုလ်မှုးဟောင်းတဦး ဖြစ်သည်။....။

သတင်း။....။ဒီမိုဝေယံ





ပြန်ခေါက်ထားရန်


တိုက်ပွဲခေါ်သံ (ဂျူလိုင် ၃၁)။...။


Mail ထဲကိုပေးပို့လာတဲ့ ဒီမိုကရေစီ ဘက်တော်သား ရန်ကုန်မြို့ခံ တဦးရဲ့ အကြံပြုစာကို ဖော်ပြပေးလိုက်ပါတယ်။

အများသိကြပြီးသည့် အတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစီရင်ချက်ကို လာမည့် သောကြာနေ့မှာ အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။ အမှုစတင်သည်မှစ၍ ဆုံးခန်းတိုင်သည့်တိုင် ဥပဒေ အခင်းအကျင်းတွေဟာ တဘက်စောင်းနင်း ဖြစ်နေခဲ့ပါတယ်။

ဒီအမှုရဲ့ ဆုံးဖြတ်ချက်ဟာ အစကတည်းက ရှိနေပြီးသားလို့ ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဆိုးဆုံး အတွက်ပြင်ဆင်ပြီးသားလို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ စစ်အစိုးရကလည်း ကမ္ဘာနဲ့မြန်မာ ပြည်သူပြည်သားတွေကို စိန်ခေါ်လိုက်ပါပြီ။ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံချိုးပါတော့မယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတကာ ကိုလည်း ပြောင်ပြောင်တင်းတင်း ဝေဖန်နေပါပြီ။ ကုလသမဂ္ဂရဲ့ အသံသာရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်ကို ဂရုမစိုက်တော့ပါ။

သရဲကြီးတော့ တစ္ဆေ၊တစ္ဆေကြီးတော့ သဘက်ဖြစ်နေပါပြီ။ စစ်အစိုးရကလည်း အရာရာကို ကြိုတင်ပြင်ဆင် ပြီးလောက်ပါပြီ။ နောက်တချက်ကတော့ ဒေါ်စုကို အမိန့်ချပြီးရင် အယူခံဆိုတာကြီးနဲ့ ဆွဲခေါ်သွားပြီး သွေးအေးသွားအောင် အချိန်ဆွဲနိုင်ပါတယ်။

၃၁ရက်နေ့မှာ ပြည်သူလူထု အနေနဲ့ မိမိတို့တတ်နိုင်သလောက် အရင်းအနှီး နည်းနည်း အဆုံးအရှုံး နည်းနိုင်သမျှ နည်းတဲ့နည်းတွေနဲ့ မတရားမှုကို ထုတ်ဖော်ပြသကြပါ။ ဥပမာ အခုလို ဝက်တုတ်ကွေး ဖြစ်နေတဲ့ အချိန်မှာ ပါးစပ်ကို အကာအကွယ် သဘောမျိုး Mask တပ်ဆင် ထားပြီး လုပ်ရှားဆောင်ရွက်ခြင်း အားဖြင့် အန္တရာယ် ကင်းနိုင်သလို၊ စစ်အစိုးရ လက်အောက်မှာ ပြည်သူတွေ ပါးစပ်ပိတ် ခံထားနေရတယ် ဆိုတဲ့ သဘောကိုဆောင်စေပါတယ်။

နောက်တခုက နိုင်ငံခြား သတင်းဋ္ဌာနတွေက သတင်းထုတ်လွှင့်နေတဲ့ မနက်၊ည အချိန်တွေမှာ ပုံမှန်နားထောင် နေကျအသံထက် အနည်းငယ် အသံချဲ့နားထောင်ခြင်းများ ပြုလုပ်ခြင်းများဖြင့် ဆန့်ကျင်စေချင်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှ အသံချဲ့၍ နားထောင်ခြင်းဖြင့် စစ်အစိုးရ၏ သတင်းများကို အယုံအကြည် မရှိကြောင်း ပြသနိုင်ပါသည်။

ယခုရက်ပိုင်း အတွင်း တက်နိုင်လျှင် အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ခြင်းဖြင့် ဒေါ်စုကိုထောက်ခံကြောင်း ပြသကြပါ။ အမျိုးသမီးများ ပန်းများပန်ဆင်ခြင်းဖြင့် ဆန္ဒဖော်ထုတ်ပေးကြပါ။

၃၁ရက်နေ့မှာ တတ်နိုင်လျှင် အင်းစိန်ထောင်ဝန်းကျင် သွားပြီးစည်းရုံးညီညွတ်မှုကို ပြသပေးကြပါ။ မသွားရောက် နိုင်တဲ့သူတွေက ရန်ကုန်မြို့ထဲနဲ့ လုံခြုံရေး လျော့ရဲတဲ့နေရာတွေမှာ အထက်ပါ အတိုင်း မိမိတို့ အုပ်စုအလိုက် ဝတ်စားဆင်ယင်ပြီး သွားလာလှုပ်ရှားပေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပေးကြပါ။

ပြည်ပမီဒီယာတွေနဲ့ အင်တာနက် သတင်းတွေမှာလည်း ပြည်သူလုထုကို ၃၁ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပေးဖို့အတွက် အထက်ပါ ကျွန်တော့ အကြံပြုချက်တွေကို ပြန်လည်ဖြန့်ဝေ ပေးဖို့ တိုက်တွန်းရင်း စစ်အာဏာရှင်တွေကို တိုက်ပွဲခေါ်သံ ပေးလိုက်ပါတယ်။

ရန်ကုန်သား။...။





ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး လွတ်ကိုလွတ်ရမည်။....။

ဓာတ်ပုံ....http://www.pbase.com

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစီရင်ချက်ကို လာမည့် ၃၁ရက် သောကြာနေ့ မနက် ၁၀နာရီသို့ ချိန်းဆိုလိုက် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

" ဒီနေ့ မနက်၁၀နာရီ တရားရုံးမှာ အန်ကယ် လျှောက်လဲချက်ပေးတယ်။ ပြီးတော့ နောက်ထပ်ရှေ့နေ ၂ယောက် ထပ်ပြီး လျှောက်လဲချက်ပေးပါတယ်။ မနေ့က တင်ထားတဲ့ နိုင်ငံခြားရေးရုံးက သက်သေခေါ်ပေးဖို့ ကိစ္စကို အကျဉ်းရုံး လျှောက်လဲချက် ပေးခိုင်းပြီး ပယ်လိုက်ပါတယ်။ လာမည့်သောကြာနေ့ မနက်၁၀နာရီမှာ အမှုကို စီရင်ချက် ချပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က အမှုအတွက် တုံ့ပြန်ပြောဆိုဖို့ အချက်အလက် အကြံဥာဏ်တွေ ပေးပါတယ်။ လျှောက်လဲချက်အားလုံး ၁၂နာရီမှာ ပြီးဆုံးပါတယ်။ ဒေါ်စုက ဥပဒေဆိုင်ရာ အချက်အလက်တွေကို အင်္ဂလိပ်လို ရေးပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး၊ လွတ်ကိုလွတ်ရပါမယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့အင်းစိန် တရားခွင်သို့ အမေရိကန်၊ဂျပန်နဲ့ စင်ကာပူ အပါအဝင် သံရုံး ၅ရုံးခန့် တက်ရောက် နားထောင်ခဲ့သည်ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါသည်။


သတင်း။...။ဒီမိုဝေယံ



ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါး အပေါ် ဥပဒေအရ ဆောင်ရွက်ရန် ညွှန်ကြား။..။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လျှောက်လဲချက်ကို ယနေ့ မနက်၁၀နာရီ၌ စတင်ကြားနာခဲ့ပြီး ညနေ၅နာရီ မှာပြီးဆုံးကာ မနက်ဖြန် ၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

" ဒီနေ့ အမှုလျှောက်လဲချက်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် လျှောက်လဲချက်ကို အန်ကယ်တို့ ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပြီး မစ္စတာယက်တော အတွက်ကတော့ ဦးခင်မောင်ဦးက လျှောက်လဲချက်ပေးပါတယ်။ ၁၂ နာရီမှာ Break Time ပေးပြီး ၁နာရီမှာ ပြန်စပါတယ်။ ၁နာရီမှာ အစိုးရရှေ့နေ ဦးမြင့်ကြိုင်က လျှောက်လဲချက် ပေးပါတယ်။ ညနေ ၅နာရီ ထိုးသွားတဲ့ အတွက် မနက်ဖြန် မနက် ၁၀နာရီကို ပြန်ချိန်းလိုက်ပါတယ် ။မနက်ဖြန်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် ရှေ့နေတွေ လျှောက်လဲချက် ပေးဖို့နဲ့ အစိုးရရှေ့နေ ဦးမြင့်ကြိုင်ရဲ့ လျှောက်လဲချက်ကို အန်ကယ်တို့က Reply ပြန်လုပ်ရပါမယ်။ "

" အန်ကယ်တို့ ဒီနေ့ တရားရုံးကို စာတစောင်တင်ပါတယ် စာကတော့ ဟိုတုန်းက နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန် က Working Group (Human Right)အဖွဲ့က မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာမဟုတ်ပါဘူး။ ခေတ္တခေါ်ဆောင် ထားခြင်းသာ ဖြစ်တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အနေနဲ့ စာထုတ်ထားတာရှိတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး နိုင်ငံခြားရေးရုံးကို သက်သေ လာလျှောက်လဲဖို့ ခေါ်ယူခွင့်ပြုဖို့ တရားရုံးကို စာတင်ထားတယ်။ "

" နောက်တချက်က ဒေါ်စုရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ဒီလ ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတခုမှာ ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုကျူးလွန်လို့ တရားစွဲခံရတယ်လို့ ရေးထားတယ်။ ပြစ်မှုကျူးလွန်တယ်ဆိုတာ တရားရုံးကပဲ ပြောပိုင်ခွင့်ရှိတယ်။ အပြင်လူက ပြောပိုင်ခွင့်မရှိဘူး အပြင်လူက ပြောတယ်ဆိုတာ တရားရုံးအပေါ် လွှမ်းမိုးရာရောက်တယ်။ အဲဒါကြောင့် ဒေါ်စုဟာ တရားရုံးရဲ့ အကာအကွယ်ကို အပြည့်အဝမရသလို ဖြစ်နေတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဒေါ်စုက လိုအပ်သလို ဥပဒေအရ ဆောင်ရွက်ရန် ညွှန်ကြားပါတယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ အင်းစိန်တရားခွင်သို့ ပြီးခဲ့သည့် သောကြာနေ့က တက်ရောက်ခွင့် ရခဲ့သည့် ဥရောပ နိုင်ငံ၅နိုင်ငံမှ အပ နိုင်ငံတကာမှ သံတမာန် ၂၀ ကျော်ခန့်တက်ရောက်ခွင့် ရရှိပြီး စကားပြန်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။...။


သတင်း။......။ဒီမိုဝေယံ





တိုကျိုစစ်တမ်း (၁) ။ ဆောင်းပါး။...။

တိုကျိုစစ်တမ်း (၁)။ ဆောင်းပါးရှင် မောင်လှဟန်....။

ဆောင်းပါးရှင် ကိုလှဟန် အားကျေးဇူးတင်ပါသည်။...။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဒုတိယအကြိမ် ၆ လပတ်ညီလာခံ သတင်း၊ဓာတ်ပုံ။....။



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင် သက်တမ်း၏ ဒုတိယအကြိမ် ၆ လပတ်ညီလာခံ အခမ်းအနားကို ယနေ့မနက် ၉နာရီမှညနေ၅ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ မီနာမီအိုစုက ခမ်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ၊အခမ်းအနားမှုး အဖြစ် တွဲဘက်အတွင်းရေးမှုး(၂) ဦးသာဇော်မောင်မောင် ကဆောင်ရွက်ပါသည်။

အခမ်းအနားကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား မေတ္တာပို့သခြင်းများ ပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခြင်းများပြီး သဘာပတိမှ အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင်လှစ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ရေးရာမှုများမှ အစီရင်ခံစာများတင်သွင်းခြင်း၊နာဂိုယာ စည်းရုံးရေးဒေသ၏ အစီရင်ခံစာတင်သွင်းခြင်း၊ အဖွဲ့ဝင်များမှ ရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ပြီး၊ အခမ်းအနား သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင် သက်တမ်း၏ ဒုတိယအကြိမ် ၆ လပတ်ညီလာခံ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဓာတ်ပုံ။....။စိုးအောင်ဝင်း၊ ဒီမိုဝေယံ။
သတင်း။....။ဒီမိုဝေယံ......


အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ စေတနာ အင်္ဂလိပ်စာသင်ကျောင်း(မဲဆောက်မြို့) ။....။


မြန်မာ့မီဒီယာ ကမ္ဘာကိုလွှမ်းရမည်။....။AlJazeera News

ဟိုရှေ့က ဆူဆူညံညံ ဘာသံတဲ့လေး။...။



မြန်မာ့မီဒီယာ ကမ္ဘာအထိ ထိုးဖောက်ရမည်။

၈လေးလုံးမုန်တိုင်း။


၈လေးလုံးမုန်တိုင်း။

ငါတို့ ဘယ်ကစမှားခဲ့ကြသလဲ...
ငါတို့ ဘယ်ကစပြင်ကြရမလဲ..
တိုင်းပြည်ဟာ.. တော်လှန်ရေးမြူထဲမှာ.. မှောင်အတိကျခဲ့တယ်..။

ငါတို့ လိုအပ်နေတာဟာ...
ငါတို့ တောင်းဆိုနေတာဟာ...
သင်တို့ရူးသွပ်တဲ့ အာဏာမဟုတ်ပါဘူး...
ငါတို့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး.. အ၀၀
ငါတို့ ဆာလောင်နေခြင်းပူပင်သောက
ဒီ့ထက်မပိုတတ်ခဲ့ဘူး...
ဒီမိုကရေစီတဲ့...
ငါတို့.. ဆာဟာရထဲက အိုအေစစ်သံလို ချိုမြတယ်...
အောင်ဆန်းစုကြည်တဲ့
ငါတို့ ရဲ့အဟာရ အသစ်ဖြစ်ခဲ့တယ်...

ယုံကြည်ချက်နဲ့ဆန္ဒဆိုတာ
ထောင်သွင်းအကျဉ်းချလို့မရဘူး ကိုယ့်လူတို့..

သွေးစိမ်းတွေစွန်းပေခဲ့တဲ့ ပေတစ်ရာပေါ်က
ငါတို့ခြေရာတွေက ဟာ...
ဘယ်တော့မှ မခြောက်ဘူး...
သင်တို့ဘ၀တွေ လွင့်စင်သွားရမယ့်
မုန်းတိုင်းတွေအဖြစ်.. ရှင်ပြန်ထမြောက်မယ်..။

လင်းလင်းလတ် (တိုကျို)

မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...။


ယနေ့ည ဂျပန် သတင်းဋ္ဌာန တခုဖြစ်တဲ့ channel 4 ဂျပန်တီဗီ ရုပ်သံလိုင်းက မြန်မာ ၊မြောက်ကိုရီးယား ဆက်ဆံရေး နဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်ရွှေမန်း မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သတ်တဲ့ သတင်းတွေ၊မြောက်ကိုရီးယားရဲ့ လက်နက် တင်ဆောင်လာပြီး ပြန်လှည့်သွားရတဲ့ မြောက်ကိုရီးယား သင်္ဘောသတင်း တွေကို ဓာတ်ပုံတွေနဲ့ တကွ စုံစုံလင်လင် တင်ပြသွားပါတယ်။

လက်ရှိ အာဏာရ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားရေး အကူအညီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေးအပ်နေတဲ့ ODA (Offical Development Assistance)ငွေတွေကို မြန်မာစစ်အစိုးရက မြောက်ကိုရီးထံက လက်နက်ဝယ်ယူ ရာမှာ အသုံးချ နေတဲ့အကြောင်း ပြည့်ပြည်စုံစုံ တင်ပြသွားပါတယ်။ ဗိုလ်ချုပ်ရွှေမန်း မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သတ်တဲ့ သတင်းဓာတ်ပုံတွေဟာ ငြင်းလို့မရတဲ့ အထောက်ထားတွေ ဖြစ်တာကြောင့် ရဲရဲဝံဝံ ပြည်ပမီဒီယာ တွေထံ ဖြန့်ဝေပေးနိုင်ခဲ့တဲ့ အာဇာနည် ရဲဘော်တွေကို လေးစား ဂုဏ်ယူမိပါကြောင်း တင်ပြ လိုက်ရပါတယ်။

သတင်း၊ဓာတ်ပုံ.......ဒီမိုဝေယံ။....။


ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘောမကျဟုပြောဆို။....။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ နေလည် ၂နာရီမှ ၄နာရီခွဲအထိ ကြားနာခဲ့ပြီး လာမည့် တနင်္လာနေ့ ၂၇ ရက်နေ့ မနက်၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ကြားနာ စစ်ဆေးခဲ့တယ်။ အန်ကယ်တို့ ဘက်က ဦးကြည်ဝင်း တစ်ယောက်ပဲ ဒေါ်အောင်ဆန်းစုကြည် အတွက် လျှောက်လဲချက် ပေးနိုင်ခဲ့ပြီး အမှုကို လာမယ့် တနင်္လာနေ့ မနက်၁၀နာရီ ထပ်ပြီး ချိန်းဆိုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာ တခုကတော့ လျှောက်လဲချက်တွေ အားလုံးပြီးအောင် မဆောင်ရွက်ပဲ ရုံးချိန်းတွေ ဆက်ချိန်းနေတာ သဘောမကျဘူးလို့ ပြောဆိုပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ရုံချိန်းသို့ ဥရောပ ၅နိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ပြင်သစ်၊ဂျာမဏီ၊အီတလီနှင့်နော်ဝေနိုင်ငံတို့မှ သံတမာန်များ စကားပြန်များနှင့်အတူ လာရောက် နားထောင်ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်မှ သံတမာန်များအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း။....။ ဒီမိုဝေယံ



ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂသို့ ပြောဆိုချက်။...။




ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီမှ ၄ နာရီခွဲ အထိ ၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ အန်ကယ်တို့ နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ မနက်ဖြန် လျှောက်လဲချက် နောက်ဆုံးညှိနှိုင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပေးဖို့အတွက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့ကို ညွှန်ကြားတာကတော့ အကြောင်းအရာတွေ အချက်အလက်တွေကို အမှန်အတိုင်း ဖော်ပြဖို့နဲ့၊ဖော်ပြတဲ့ နေရာမှာ တစုံတယောက် ထိခိုက်နစ်နာစေတာမျိုး၊ ဒုက္ခရောက်စေတာမျိုး မပါစေဖို့ မှာကြားလိုက်တယ်။

နောက်ထပ် ကုလသမဂ္ဂနဲ့ ပတ်သတ်ပြီး ပြောဆိုတာကတော့ " မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ဘဲ၊ အမျိုးသားရင်ကြားစေ့ရေး မပါဘဲ ကျင်းပတဲ့ ရွေးကောက်ဟာ တရားဝင်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ် ပြောဆိုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

၂၂ရက်နေ့က တွေ့ဆုံခွင့် ရရန်တောင်းဆိုချက်ကို အာဏာပိုင်တွေက ငြင်းပယ်ခဲ့ပြီး ယနေ့နေ့လည် ၁၂နာရီခွဲမှ တွေဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့ပါတယ်။ မနက်ဖြန် နေ့လည်၂နာရီမှာ ၂ဘက်လုံးမှ နောက်ဆုံး အပြီးသတ် လျှောက်လဲချက် ပေးရမှာ ဖြစ်ပြီး တပတ်မှ နှစ်ပတ်အတွင်း စီရင်ချက် ချနိုင်ကြောင်း သိရှိရပါတယ်။....။

သတင်း။.....။ဒီမိုဝေယံ


DVB ဖျော်ဖြေရေး (ဦးရှံစားနဲ့ ထူးဆန်းပွေလီအမှုကြီး-၂)


DVB ဖျော်ဖြေရေး (ဦးရှံစားနဲ့ ထူးဆန်းပွေလီအမှုကြီး-၁)



တခါတလေလည်း ရယ်စရာလေးတွေ အလှည့်ပေးဦးမယ်။

Myanmar-N.Korea arms link? (THE STRAITS TIME)...(ဝင်းရိုးတန်း ၂နိုင်ငံ အမေရိကန် စိုးရိမ်)

In this 2008 photo provided by Thai Irrawaddy News Magazine Wednesday, June 24, 2009, Gen. Shwe Mann, the third ranking member of Myanmar's ruling junta (left) and Gen Kim Kyok-sik, then-chief of staff of North Korea's army (right), sign a memorandum in Pyongyang in late 2008. -- PHOTO: AP
BANGKOK - THE United States said on Tuesday it was worried about the possibility of military links between North Korea and Myanmar and called on Myanmar to end human rights abuses and the mistreatment of minorities.

POSSIBILITY OF BETTER TIES
MRS CLINTON criticized Myanmar for alleged human rights abuses, including allegations that military officers have organised gang rapes of girls, and called on the junta to release pro-democracy leader Aung San Suu Kyi and other activists.

Suu Kyi has spent 14 of the past 20 years in detention in Myanmar, mostly under house arrest at her lakeside home in the former capital, Yangon. She is currently on trial, charged with breaching security laws when an uninvited American swam across the lake and spent two days in her home.
... more

US Secretary of State Hillary Clinton voiced the concerns ahead of a regional security meeting whose most contentious topics may include how to rein in North Korea's nuclear programme and how to promote democracy in military-ruled Myanmar.

'We know that there are also growing concerns about military cooperation between North Korea and Burma, which we take very seriously,' Mrs Clinton told reporters when asked about reports of nuclear cooperation between the two countries.

'It would be destabilising for the region. It would pose a direct threat to Burma's neighbours,' said Mrs Clinton, who is this week attending the Asean Regional Forum security gathering on the Thai island resort of Phuket.

Both North Korea and Myanmar, also known as Burma, will be represented.

Mrs Clinton avoided directly commenting on the possibility Myanmar might try to get nuclear expertise from North Korea, which has a long history of arms proliferation and which US officials believe helped Syria to build a nuclear reactor.

Pyongyang, which tested a nuclear device in May and test-launched seven ballistic missiles earlier this month, will come under pressure in Phuket to resume multilateral talks on ending its nuclear programme.

Talk of Myanmar-North Korea military ties has been fuelled by the fact that a North Korean ship, tracked by the United States in June and July on suspicion of carrying arms, appeared headed toward Myanmar before turning around.

'It is something, as a treaty ally of Thailand, that we are taking very seriously,' Mrs Clinton said, referring to the reported military links between North Korea and Myanmar, which shares a border with Thailand. -- REUTERS

Source from
THE STRAITS TIMES




(NCGUB) နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် ဂျပန်သတင်း မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံမှတ်တမ်း။....။



ယနေ့ ညနေ၄နာရီ ဂျပန်နိုင်ငံ တိုကျိုမြို့ ချိယိုဒါ ကု၊ ခန်းဒ-စုရုဂါ့ဒိုက် ၃-၂-၁၁ ဆိုးဟိုး ကိုက်ခန်း အဆောက်အဦး ၃ထပ်ရှိ ရင်ဂို အလုပ်သမားများ အဖွဲ့ချုပ်ရုံးခန်းမ၌ မြန်မာ့ဒီမိုကရေစီအရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရေးရာရုံး-ဂျပန်(Burma Office-Japan) မှ တာဝန်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်မှ ဂျပန်လူမျိုးများ နှင့် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူများအား လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊နအဖ စစ်အုပ်စုနှင့် မြောက်ကိုရီးယားဆက်ဆံရေး၊အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ နှင့်ကမ္ဘာ့ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဂျပန် သတင်းစာဆရာများ၏ မေးမြန်းချက်များကို ဦးဘိုလှတင့် နှင့် ဒေါက်တာ ဦးမင်းညိုတို့က ပြန်လည် ဖြေကြားခဲ့ပြီး၊ Mr Hisao Tanabe(ဦးရွှေဘ)မှ ဘာသာပြန်အဖြစ် ဆောင်ရွက် ပေးခဲ့ပါသည်။

စစ်အစိုးရ၏ စစ်ရေးဆိုင်ရာ ထိပ်တန်းလျွှို့ဝှက်ချက်များ ပေါက်ကြားရခြင်း အကြောင်းရင်း၊မေမြို့ စစ်တက္ကသိုလ်အနီး အဏုမြူစွမ်းအင် ဆိုင်ရာ သုတေသန လုပ်ဆောင်နေမှု၊မြောက်ကိုရီးယားနိုင်ငံနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍတွင် စစ်ဖက်မှ မည်သည့်အတိုင်း အတာအထိ ဆက်စပ်မှုရှိနေခြင်း စသည့် မေးမြန်းချက်များ ကိုပြန်လည် ဖြေကြား ပေးခဲ့ပါသည်။

ယနေ့ အခန်းအနား၌ Mr Masa Yuki Shiota (ရင်ဂိုအလုပ်သမားသမဂ္ဂ) မှ အခန်းအနားမှုး အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူဂျပန်လူမျိုးများ၊ ဂျပန်သတင်းဌာနများမှ ကိုယ်စားလှယ်များ၊ဂျပန်နိုင်ငံရှိ မြန်မာ့ နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး နှင့်တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စားလှယ်၄၀ခန့် တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် မှတက်ရောက် လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ညနေ ၅နာရီ၂၀တွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။

သတင်း၊ဓာတ်ပုံ။.....။စိုးအောင်ဝင်း NLD(LA)JB ပြန်ကြားရေး။....။
................................ဒီမိုဝေယံ။....။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၂ရက်နေ့ တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆိုချက် ငြင်းပယ်ခံရ။....။


၂၄ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် ပေးရန်အတွက် အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တဲ့ အတွက် မနက်ဖြန် ၂၂ရက်နေ့၌ တွေ့ဆုံခွင့် ပေးရန် တောင်းဆိုချက်ကို လွန်ခဲ့တဲ့ နာရီပိုင်းက တွေ့ခွင့်မပြုနိုင်ကြောင်း အကြောင်း ပြန်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ မနက်ဖြန်၂၂ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တယ်။ မနက်ဖြန် တွေ့ခွင့်တောင်းတာကို အကျဉ်းဦးစီးဋ္ဌာနက ပြီးခဲ့တဲ့ ၁နာရီလောက်က ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်လာတယ်။ အဲဒီ့အတွက်ကြောင့် လာမည့် ၂၄ရက်နေ့ နောက်ဆုံး လျှောက်လဲချက်ဟာ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် တရားဝင် အတည်ပြုရခြင်း မရှိတဲ့ လျှောက်လဲချက်ကို ပေးရမှာဖြစ်နေတယ်။ ဒါဟာဘာကို ဆိုလိုသလဲဆိုတော့ ဥပဒေအရ ခုခံပိုင်ခွင့် အပြည့်အဝ မရှိဘူး၊ကန့်သတ်တဲ့ အဓိပ္ပါယ် ဖြစ်နေတယ်။"ဟု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။




သတင်း.......ဒီမိုဝေယံ။.....








Indonesia criticizes Myanmar (အင်ဒိုနီးရှားပြောပြီ)။


Mr Wirayuda said Asean has been 'able to develop a more open, frank discussion with Myanmar.' But he acknowledged it is hard to determine whether that cooperation will make a difference inside the country. -- PHOTO: AFP

PHUKET - INDONESIA, which has been pushing Southeast Asian nations for tougher action against human rights violators, said on Tuesday that 2010 elections in military-ruled Myanmar would not be free and fair if democracy leader Aung San Suu Kyi remained in detention.

'We have been saying to them (Myanmar) directly that the process must be inclusive for all groups in society ... including Aung San Suu Kyi,' Indonesian Foreign Minister Hassan Wirayuda told The Associated Press on the sidelines of a regional conference on this resort island.

While still espousing its core doctrine of noninterference in the affairs of its members, the Association of Southeast Asian Nations, or Asean, has voiced sharp criticism of Myanmar and acknowledged it remains a burden and roadblock to its progress.

'We should see whether from now until 2010 they develop a credible process leading to truly democratic elections acceptable to the international community,' Mr Wirayuda said, noting Myanmar's ruling junta changes 'too slowly, and often a little change at a time.'

He said the 'big test' will be whether the regime's promised elections next year are truly 'multiparty, meaning inclusive in nature, but also whether the process is a democratic one.'

Mr Wirayuda said Asean has been 'able to develop a more open, frank discussion with Myanmar.' But he acknowledged it is hard to determine whether that cooperation will make a difference inside the country.

The Phuket meeting takes place amid international outrage over the trial of Suu Kyi, a Nobel Peace Prize laureate who faces up to five years in prison on charges of violating terms of her house arrest by allowing an uninvited American to stay at her home.

Myanmar's dismal human rights record will certainly be stressed by US Secretary of State Hillary Clinton who arrived in Thailand on Tuesday and is to take part Wednesday in the Asean Regional Forum - an annual gathering of 27 Asian, US, and European ministers to discuss key security issues.

Mrs Clinton, who arrived from India, was to meet with Thai Prime Minister Abhisit Vejjajiva in Bangkok. -- AP

Source from

THE STRAITS TIMES



၂၀၀၈ခုနှစ် ဗိုလ်ချုပ်မောင်အေးနှင့် ရုရှားကြည်းတပ် ဒုဦးစီးချုပ် ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံပွဲ လျွှို့ဝှက်မှတ်တမ်း။.......။

ဗိုလ်ချုပ်မောင်အေးနှင့်ရုရှားကြည်းတပ် ဒုဦးစီးချုပ် တွေ့ဆုံပွဲ လျွှို့ဝှက်

ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။...။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်အမေရိကန်သံရုံး ယာယီတာဝန်ခံ ဆွေးနွေးချက်။..။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်အမေရိကန်သံရုံးတာဝန်ခံ တွေ့ဆုံပွဲ

ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။...။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ရှေ့နေများ ၂နာရီခွဲခန့် တွေ့ခွင့်ရ။....။


ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီ၃၀မှ ၅နာရီအထိ ၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း၌ ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ အန်ကယ်တို့ နေ့လည် ၂နာရီ၃၀မှ ၅နာရီအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ လာမည့် ၂၄ရက်နေ့ အပြီးသတ်လျှောက်လဲချက် အတွက် အဓိက ဆွေးနွေးခဲ့ပါတယ်။
မနေ့က အင်းစိန်ထောင် ဆေးရုံက အကျဉ်းသား တွေကို အလှူဒါန ပြုတာလည်း အဆင်ပြေတယ် လို့လည်း ဒေါ်စုက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကြောင်း" ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ လာမည့် ၂၄ ရက်နေ့ သောကြာနေ့မှာ ၂ဘက်လုံးမှ အပြီးသတ် လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်။

သတင်း။...။ဒီမိုဝေယံ

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့။....။

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့

ကောက်ကြောင်းရေးခဲ့သူတို့

မရှိတော့သည့်နောက်ဝယ်

ငရဲပြည် ဗီဇာကျထားသူအချို့

ပုတ်သင်ညိုတစ်ချို့ကို စုစည်း

အမဲရောင် စုတ်တံတွေကိုင်ဆွဲလျက်

ပိန်းပိတ်အောင်ခြယ်နေလည်း

အလင်းစက်တွေ အလင်းစက်တွေ

ပန်းချီကားအနှံ့
တဖြတ်ဖြတ် တောက်နေဆဲ ဟေ့ !
ဖြိုးဝေ-mmp

http://phyowai-mmp.blogspot.com မှရယူပါသည်။..။


အမျိုးသားညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်နှင့် တွေ့ဆုံဆွေးနွေးပွဲ သတင်း၊ဓာတ်ပုံ။...။



ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မီနမီ အိုစုက ခန်းမ၌ အမျိုးသားညွန့်ပေါင်း အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် နံနက်၉နာရီမှ နေ့လည်၁၂နာရီထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အခမ်းအနားသို့ အဖွဲ့အစည်း အသီးသီးမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၅၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။



သတင်း၊ဓာတ်ပုံ။.....။ဒီမိုဝေယံ.....

ဓနုတ်စေတီ စောင့်နတ် တမ်းချင်း။












ဓနုတ်စေတီစောင့်နတ်တမ်းချင်း။ ...။


ယုတ်မာ ပတ်စက်

သွေးစွန်း လက်ဖြင့်

ဆက်ကပ် ပူဇော်

စိန်ဖူး တော်အား

ငါကား ငြိုငြင်

မလို ချင်ကာ

နာကြည်း စွာဖြင့်

ခန္ဓာ ခြွေချ

မြေမှာ ခကြောင်း

တသောင်း စင်္ကြာ

သိစေ ရာတည်း။....။

ကဗျာရှင်....ကိုစိုး(နာဂစကီ)

မှတ်ချက်။...။ဓနုတ်စေတီ စောင့်နတ် အိပ်မက်ပေးလို့ အခုမှ ဒီကဗျာကို ထည့်ဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော့် အကိုကြီးတယောက်လို ခင်မင်ရတဲ့ ကိုစိုး(နာဂစကီ) ဆီက သူရေးစပ်ပြီး မသုံးဖြစ်တဲ့ လေးလုံးစပ် ကဗျာလေးကို အတင်းတောင်း ယူလာပြီး ဖော်ပြလိုက်တာပါ။ အရင်ကဗျာလေးတွေ ကိုလည်းအောက်မှာ ဖော်ပြ လိုက်ပါတယ်။..။
မိစ္ဆာသွားလမ်း။....။

တို့ကိုး ကွယ်ရာ

မြတ်သံဃာကို

လွန်စွာရက်စက်

သတ်ဖြတ်ရက်သည့်

မျိုးဖျက်မိစ္ဆာ

လူယုတ်မာတို့

လားရာဂတိ

အဝီစိတည်း။....။

ကိုစိုး(နာဂစကီ)
အလင်းအိမ်စာစောင်


ဟန်ဆောင်မျိုးချစ် မင်ဆိုးမင်းညစ်။...။

မုသားသစ္စာ

လှည့်ပတ်ခါဖြင့်

လိမ်ညာကြွေးဟစ်

တိုင်းပြည်ချစ်ယောင်

သရုပ်ဆောင်ကာ

ကိုယ်ကျိုးရှာ၍

စစ်အာဏာပြ

မာန်မာနနှင့်

အတ္တမျိုးချစ်

မင်းဆိုးညစ်ကို

အမြစ်မကျန်

ဒို့တွန်းလှန်အံ့။....။

ကိုစိုး(နာဂစကီ)
အလင်းအိမ်စာစောင်

ဖော်ပြခွင့်ပြုတဲ့ ကိုစိုး(နာဂစကီ)အားကျေးဇူး အထူးတင်ပါသည်။




အဖွဲ့ချုပ်ရုံး၌ ၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပ။....။



ယနေ့ ကျရောက်တဲ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ မြန်မာပြည်တဝှမ်းကျင်းပ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီကနေ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ နယ်မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့တော့ အာဇာနည်နေ့ အခမ်းအနားကို မနက်ကနေ ညနေအထိ အေးအေးဆေးဆေး အနှောက်အယှက် ကင်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ မနက်ပိုင်းမှာ သံဃာတော်တွေကို အာရုဏ် ဆွမ်းကပ်ပါတယ်။ ၁၀နာရီ၃၇မိနစ် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အချိန်မှာ အဖွဲ့ချုပ်ရုံးမှာ ဥသြဆွဲအသံသွင်းခွေ ထုတ်လွှင့်ပြီး အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကြပါတယ်။ ဒီကနေ့ ရန်ကုန်မှာ မိုးသီးထန်စွာ ရွာသွန်းတဲ့ ကြားထဲက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမာန်များ၊ဖိတ်ကြားထားတဲ့ ဧည်သည်တော်များ၊အဖွဲ့ ချုပ်ဝင်များနှင့် ပြည်သူလူထု ၈၀၀ခန့် ခန်းလုံးပြည့် တက်ရောက်ကြပါတယ် "လို့ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ နေ့လည် ၁၂နာရီခွဲမှာ အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီများ၏ သမိုင်းကြောင်းများနှင့် အာဇာနည်နေ့ ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ အင်းစိန်ထောင်ဆေးရုံ၌ ဆေးကုသခံယူ နေတဲ့ အကျဉ်းသားများအား အလှူဒါန ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်တကြိမ် ဒေါ်စုနဲ့ လာမည့် တနလာင်္ သို့မဟုတ် ဗုဒ္ဓဟူးနေ့မှာ တွေ့ခွင့်ရဖို့ တောင်းဆိုထားကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ယနေ့အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနဲ့ အဖွဲ့ချုပ်ဝင် ၅၀ခန့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလားတူ နယ်မြို့ အသီးသီးမှာလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း ကြားသိရပါတယ်။

ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်ပြီး အာဇာနည်ဗိမာန် သို့သွားရောက် သွားရောက်ခဲ့တဲ့ NLD အဖွဲ့ဝင်၃၀ခန့် ခေတ္တထိန်းသိမ်းခံရ။.....။

ယနေ့ နေ့လည် ၁၂နာရီလာက်မှာ အာဇာနည်ဗိမာန်သို့ NLD အဖွဲ့ဝင်နဲ့ ပြည်သူလူထု ၅၀ခန့် သွားရောက်ဂါရဝ ပြုရန်သွားရောက် ခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်သို့ ဂါဝရပြုရန် သွားရောက်တဲ့ အထဲက ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်တဲ့သူ ၃၀ခန့်အား နာရီဝက်ခန့် ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြာင်း သိရှိရပါတယ်။ ရန်ကုန်မြို့မှာ လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားကြောင်း ကြားသိရပါတယ်။ စစ်အစိုးရ အာဏာယူချိန်က စပြီး အာဇာနည်နေ့ကို မှေးမှိန်ပျောက်ကွယ်အောင် ပြုလုပ်လာခဲ့ပါတယ်။ ယခင်ကကဲ့သို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြဆွဲခြင်း၊အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများအား ဟောပြောပွဲများ ကျင်းပခြင်းများအား ပိတ်ပင်ခဲ့ပါတယ်။..။

သတင်း။....။ဒီမိုဝေယံ



၆၂နှစ်ပြည့် အာဇာနည်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းကြီးကျောင်း၌ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ ဓာတ်ပုံမှတ်တမ်း။...။



၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာဘုန်းကြီးကျောင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ကြီးမှုး၍ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ အားရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းခြင်း၊ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

သတင်း၊ဓာတ်ပုံ ။....။ဦစိုးအောင်ဝင်း(ပြန်ကြားရေး)NLD(LA)JB
..........................ဒီမိုဝေယံ

၂၀၀၇ ခုနှစ်( တတိယလေးလပတ် လျွှို့ဝှက်မှတ်တမ်း)....။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူ့ဘက်တော်သား အာဇာနည် စစ်သည်များအား ဂုဏ်ပြု မှတ်တမ်း တင်ပါသည်။...။
ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။


ဗိုလ်မောင်အေး ၂၀၀၆ ခုနှစ်ရုရှား ခရီးစဉ်။(လျှို့ဝှက်မှတ်တမ်း)

မတရားဖိနှိပ်မှုကို မကြောက်မရွံ အံတုရဲတဲ့ ပြည်သူ့စစ်သား အာဇာနည်များအား မှတ်တမ်းတင်ပါသည်။

ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။


ဗိုလ်သန်းရွှေ၂၀၀၆ အိန္ဒိယခရီးစဉ်။(လျှို့ဝှက်မှတ်တမ်း)

ရသည့်နည်းလမ်းဖြင့် တိုက်ပွဲဝင်နေသော ပြည်သူ့ဘက်တော်သား အာဇာနည် စစ်သည်များအား ဂုဏ်ပြု မှတ်တမ်း တင်ပါသည်။

ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ၂နာရီခန့် တွေ့ခွင့်ရ။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၁နာရီမှ ၃နာရီအထိ ၂နာရီခန့် အင်းစိန်ထောင် အတွင်း၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ ဒီကနေ့ နေ့လည် ၁နာရီမှ ၃နာရီထိ ၂နာရီကြာ တွေ့ဆုံခွင့်ရပါတယ်။ အဓိက ဆွေးနွေး ဖြစ်တာကတော့ လာမည့် ၂၄ရက်နေ့ အပြီးသတ်လျှောက်လဲချက် ဒုတိယမူကြမ်း အတွက်ဖြစ်တယ်။

အမှုနဲ့ ပတ်သတ်ပြီး ဒေါ်စုက ဒီပုဂ္ဂိုလ်(မစ္စတာယက်တော) ဝင်ရောက်လာတာ လုံခြုံရေး စည်းဖောက်လာတာ ဖြစ်တယ်။ လုံခြုံရေးစည်းက လူတွေကို အရေးမယူပဲ မိမိကိုတရားစွဲတာ ဘက်လိုက်တာဖြစ်တယ်။

နောက်တချက်က ဒေါ်စုက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှု မရှိဘူးဆိုတာနဲ့ ပတ်သတ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာ၃၀ရက်နေ့ ပထမအကြိမ် ဝင်ရောက်လာကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြာင်းကြားခဲ့ပေမဲ့ အဲဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာမှ တခါမှ စုံစမ်းခြင်း၊ မေးမြန်းခြင်း ၊မရှိခဲ့ဘူး၊ နောင်မဝင်ရောက် နိုင်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဘာမှမပြောဆိုခဲ့ဘူး ဒါကြောင့်သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှု ဆောင်ရွက်မှု မရှိဘူးဆိုပြီး ပြောဆိုတာဟာ လုံးဝတရားမျှတမှု မရှိဘူးလို့ "ပြောဆိုတယ်လို့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်စုအင်းစိန်ထောင် အတွင်း အာဇာနည်နေ့ အလှူလုပ်မည်ဟု သိရှိရပါသည်။ ထောင်တွင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ အကျဉ်းသားများအား အစားအသောက် လှူဒါန်းမည်ဟု သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနား အစီအစဉ်။....။

မနက် သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူပါမည်။

၁၀နာရီခွဲမှာ ငြိမ်းချမ်းရေး ချိုးငှက်လွှတ်ပြီး၊ ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန် ဥသြဆွဲ အလေးပြုပါမည်။

၁၂နာရီခွဲမှာ အခမ်းအနား စတင်ပြီး အာဇာနည်နေ့ ထုတ်ပြန်ချက်၊သဘာပတိ မိန်ခွန်းပြောကြားပြီး အခမ်းအနား ကိုဖွင့်လှစ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း။.....။ဒီမိုဝေယံ.......



ယတြာတွေချေပြီး မန်းမှုတ်နေပြီ။(ကုသိုလ် ၁ပဲ ငရဲ ၁၀ပိဿာ)။...။




















အကြီးချဲ့ကြည့်ရန် ပုံကိုနှိပ်ပါ။

ဝါဆိုလပြည့်နေ့ ဗိုလ်ချုပ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ယတြာ ပန်းစေတီ အလှူ။

ဓာတ်ပုံ....
မဇ္ဈိမသတင်းဋ္ဌာနမှ ရယူပါသည်။



ကျွန်တော်လေးစားရတဲ့ ကဗျာဆရာ
ကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ဆိုတဲ့ ကဗျာထဲက စာပိုဒ်လေးပါ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
အပြည့်အစုံပြန်ဖတ်ချင်ရင်....ကောင်းကင်ကို

နောက်ဆက်တွဲ.....လှူထားတဲ့ ပန်းတွေက သစ္စာပန်းနဲ့ ဂန္ဓာမာပန်းတွေ ဖြစ်ပါတယ်။ သစ္စာပန်းဟာ သောကြာနံ ဗိုလ်ချုပ်သန်းရွှေ အတွက်ဖြစ်ပြီး ဂန္ဓာမာပန်းကတော့ တနင်္လာနံ ဒေါ်ကြိုင်ကြိုင် အတွက်ဖြစ်ပါတယ်။ "သုခ" ဆိုတဲ့ သောကြာ၊တနင်္လာနံကို ရည်ရွယ်ပြီး ယတြာချေ လှူဒါန်းပေမယ့်၊ ရည်ရွယ်ချက်နဲ့ စေတနာ မမှန်လေတော့ "သောက" ဆိုတဲ့ သောကြာ၊တနင်္လာနံ တန်ပြန် အကျိုးပေးပြီး မကြာခင်မှာ "သင်းချိုင်း"ဆိုတဲ့ သောကြာ၊တနင်္လာနံ ဒက်ထိ အကျိုးပေးတော့မှာ ဖြစ်ပါကြောင်း။

.................ခဏနေဦးဗျ မပြီးသေးဘူး ဗိုလ်ချုပ်သန်းရွှေက သောကြာနံ မြောက်ကိုရီးယား ခေါင်းဆောင်ကလည်း ကမ်ဂျုံအီးဆိုတော့ တနင်္လာနံ ဆိုတော့ လက်နက်ဖိုးငွေတွေ ပြန်ရအောင် ယတြာချေတာ လည်းဖြစ်နိုင်တယ်။ ဓာတ်ပုံတပုံမှာ သစ္စာပန်းတွေ က အပေါ်မှာဗျ။

.............. ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ စေတနာ အကျိုးကြောင့် "သင်းချိုင်း"ဆိုတဲ့ သောကြာ၊တနင်္လာနံ ဒက်ထိ အကျိုးပေးရင်လည်း နိဗ္ဗာန်ယာဉ် အတွက် ကိုကျော်သူတို့ အဖွဲ့ စီစဉ် ပေးပါလိမ့်မယ်။ ဟိုက်.....ကိုကျော်သူက တနင်္လာ၊သောကြာဗျို့ ကက်ကင်းကျတယ် ဒါဆိုရင်တော့ အားလုံးမျှော်လင့် နေတဲ့ရက် မကြာခင် ရောက်တော့မှာ သေချာပြီ ဖြစ်ပါကြောင်း.....။

ဒီမိုဝေယံ........



ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ။....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့ရာ အာဏာပိုင်များက ငြင်းပယ်ခဲ့ပြီး လာမည့် ၁၇ရက်နေ့ သောကြာနေ့ နေ့လည် ၁နာရီမှာ လာရောက် တွေဆုံခွင့် ပြုကြောင်း အကြောင်း ပြန်ခဲ့ပါတယ်။

နောက်တပတ် ၂၄ရက်နေ့ သောကြာနေ့ နေ့လည်၂နာရီ မှာ ၂ဘက်လုံးမှ အပြီးသတ် လျှောက်လဲချက် ပေးရမှာ ဖြစ်ပါတယ်။ အပြီးသတ် လျှောက်လဲချက်ပေးပြီး တပတ်မှ ၁၀ရက်အတွင်း စီရင်ချက် ချနိုင်ကြောင်း ကြားသိ ရပါတယ်။

သတင်း ။....။ ဒီမိုဝေယံ




မုဆိုးမတစ်ယောက်ရဲ့..အခန်း။...။








မုဆိုးမတစ်ယောက်ရဲ့..အခန်း။...။


ကြိုးအားလုံးပြတ်နေတဲ့ ဂစ်တာမှာ အသံရှိတယ်
ကြေမွနေတဲ့ မှန်စတွေပေါ်မှာ အသံရှိတယ်
သဲကြိုးပြတ် ဖိနပ်တစ်ရံမှာ အသံရှိတယ်
သွေးစွန်းတဲ့ အင်္ကျီတစ်စမှာ အသံရှိတယ် ။

ခိုင်မာတဲ့ ယုံကြည်မှု့မှာ အသံရှိတယ်
သံတိုင်တွေကြားမှာ အသံရှိတယ်
ထော့နေတဲ့ ခြေတစ်ဖက်မှာ အသံရှိတယ်
သွေဖီစည်းမျဉ်းတွေအောက်မှာ အသံရှိတယ် ။

မဲမှောင်တိုက်ခန်းငယ်မှာ အသံရှိတယ်
ဝါကျင်ကျင် မီးလုံးလေးမှာ အသံရှိတယ်
မျက်မှန်ဟောင်းကို စမ်းတဲ့လက်မှာ အသံရှိတယ်
ပင့်ကူမျှင်တွေနဲ့ မျက်နှာကျက်မှာ အသံရှိတယ် ။

ပုရွက်ဆိတ်တက် ထမင်းကြမ်းခဲမှာ အသံရှိတယ်
လွင့်တက်လာတဲ့ မြောင်းပုတ်နံ့မှာ အသံရှိတယ်
စိုနေတဲ့ ပါးနှစ်ဖက်မှာ အသံရှိတယ်
အသံမှာ အသံရှိတယ် ။

ဒါပေမဲ့.........
လင်သေ သားပျောက် မုဆိုးမတစ်ယောက်ရဲ့
မျှော်လင့်ချက်မှာ .. .. .. .. .. .. .. အသံမဲ့တယ် ။


ရင်ဘတ်ရှိသူတိုင်း အဲဒီ အသံတွေကို
ကြားနိုင်မယ်လို့ ယုံကြည်နေပါရစေ..........။
လေးစားထိုက်သူများကို လေးစားစွာဖြင့်..................

(ခင်လေးငယ်)

မခင်လေးငယ် ကဗျာအတိုင်း တိုက်ပွဲဝင်နေတဲ့ အာဇာနည်တိုင်းကို အသံဖြစ် ဂုဏ်ပြုအပ်ပါသည်။ (ဒီမိုဝေယံ)

ကိုရင်နော်ခင်လေးငယ်ဘလော့မှ (link) ရယူပါသည်။


အမျိုးသားညွန့်ပေါင်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့်တွေ့ဆုံ ဆွေးနွေးပွဲ ဖိတ်ကြားခြင်း


မြန်မာ့မီဒီယာ ကမ္ဘာမှာ ဇောက်ထိုး ဖြစ်ရမည်ဟု ဗိုလ်ချုပ်ကျော်ဆန်းပြော။...။

..... အပြည့်အစုံဖတ်ရန်(click)

၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား ဖိတ်ကြားစာ နယူးယောက်။.....။














အကျယ်ချဲ့ကြည့်ရန် ဓာတ်ပုံကို click လုပ်ပါ။....။

Mail ထဲပေးပို့လာတဲ့ Ko Myoe အားကျေးဇူးတင်ပါသည်။....။

တောင်ကုတ်ြမို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင် ထောင်ဒဏ်၂နှစ် မတရားချခံရ။.....။


မြန်မာနိုင်ငံမှာ နိုင်ငံရေး နိုးကြားတက်ကြွတဲ့ မြို့တွေထဲက မြို့တမြို့ဖြစ်တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ၊ တောင်ကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်ခိုင် အား တရားရုံးမှ အသရေဖျက်မှု စွဲချက်ဖြင့် မတရား ထောင်ဒါဏ် ၂နှစ်ချမှတ် လိုက်ပါတယ်။

အသက် ၈၇ နှစ်ရှိပြီ ဖြစ်တဲ့ ဦးကျော်ခိုင် တရားစီရင် နေချိန်အတွင်း ဦးကျော်ခိုင်အား ထောက်ခံအားပေး သည့်အနေဖြင့် မြို့လူထု ၅၀၀ခန့်မှ တရားခွင်သို့ လာရောက် စုရုံးကြပါတယ်။ အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ အန်အယ်ဒီ ဥက္ကဋ္ဌဦးကျော်ခိုင် ဟာတရားခွင် အတွင်းခေတ္တ ခဏသတိလစ် လဲကျသွားကြောင်း သိရှိရပါတယ်။

အမှုမှာ အန်အယ်ဒီမှ ထုတ်ပယ်ခံထားရသည့် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌဟောင်း ဦးသန်းဖေမှ ၎င်းအား ဥက္ကဋ္ဌဦးကျော်ခိုင်မှ ငွေကြေးကိစ္စ အသရေဖျက်သည် ဆိုကာ တရားစွဲဆိုခြင်းဖြစ်သည်။

သတင်း။....။ဒီမိုဝေယံ



ဗိုလ်ချုပ်အောင်ဆန်း၏ စစ်တပ်အတွက် အမှာစကားများ။....။

ပြန်လည်မျှဝေ ပေးပို့လာတဲ့ ကိုလင်းအောင် အားကျေးဇူးတင်ပါသည်။.....။


ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှရရှိသည့် အလှုငွေဖြင့် မိဘမဲ့ကလေးများနှင့် ဒုက္ခသည်ကလေးများ အတွက် စာသင်ကျောင်းလှုဒါန်းပွဲ သတင်း၊ဓာတ်ပုံ။



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကို ဂျပန်နိုင်ငံ၊တိုကျိုမြို့
အိုစုကရပ်ကွက် မိနာမိအိုစုကဟော၌ ၁၄-၆-၂၀၀၉ တနင်္ဂနွေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပခဲ့ရာတွင် အခမ်းအနားသို့လာရောက်ကြသော
ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်များ၊ဖိတ်ကြားထား
သောဧည့်သည်တော်များ အယောက် ၈၀၀ကျော် တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။ ထိုဧည့်သည်တော်များ
ထည့်သွင်းလှူဒါန်း ခဲ့သော အလှူငွေများဖြင့် ထိုင်းနယ်စပ် မဲဆောက် သွေးသစ်ကျောင်းရှိ မြန်မာက
လေးငယ်များအတွက် လိုအပ်သော ကျောင်းစာသင်ခန်းနှင့် အဆောင်များ ဆောက်လုပ်ရန်အတွက်
လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အမှတ်တရအနေ
ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ကလေးများအတွက် လှူဒါန်းခဲ့ကြောင်း၊ ထပ်မံလိုအပ်သော
အလှူ ငွေများကို လည်းဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကိုထင်ကျော်မှပြောကြားခဲ့ပါ
တယ်။

သတင်း၊ဓာတ်ပုံ....NLD(LA)JB Youth & Student - http://nldlajb.blogspot.com/ မှရယူပါသည်။



အရက်စက်ဆုံးရန်သူ။....။


အရက်စက်ဆုံးရန်သူ

တ၀ုန်းဝုန်း
တိုက်ခံလေဟာ...
ဘ၀တွေကို အစိမ်းလိုက်ကုတ်ဖြဲမယ့်
ငရဲသားတွေရဲ့ ညာသံပေါ့...

အဲဒီ့နာရီ..မိနစ်တွေဟာ....
အရှင်လတ်လတ်ပြာဖြစ်သွားခဲ့ပြီ..

လူတွေသေတယ်....
စိတ်တွေသေတယ်...
လူတွေရော.. စိတ်တွေရော...
ကုစားမရအောင်.. သေကြတယ်..

ဘယ်လို ၀ဋ်ကျွေးမျိုတွေလဲ..
ရက်စက်တဲ့ ရန်သူမျိုးငါးပါး..
မုန်တိုင်းတစ်ခုရဲ့ရလဒ်
အဲသလို သောကတွေပွက်ပွက်ညံနေတဲ့
ဒုက္ခ ငရဲဘုံကိုမှ..
ထိမ်ချန်ကွယ်ဝှက်ချင်ကြသတဲ့
လျစ်လျူမျက်ကွယ်ပြုချင်သတဲ့....

ငါတို့..
အရာအားလုံးထက်ဆိုးတဲ့
မင်းမျိုးရန်သူလက်အောက်မှာ..
အခါခါသေဆုံးခဲ့ကြပြီ..။

လင်းလင်းလတ် (တိုကျို)


ဂျပန်နိုင်ငံတွင် အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေသည့် VOICE OF BURMA စာစောင်။....။

တင်ပြခွင့်ပြုသည့် Voice Of Burma တာဝန်ခံများအား ကျေးဇူးအထူး တင်ပါသည်။....။


ဟိုတစ ဒီတစ တပ်တွင်း အက်ကွဲစများ –အပိုင်း ၁၊၂၊၃ (ကိုဖိုးတရုတ်ဘလော့မှ ကူးယူတင်ပြပါသည်။...။

တပ်မတော်လေ အရာရှိ၊အရာခံ၊အကြပ်၊တပ်သားများ၏ လက်ရှိ သရုပ်မှန် အခြေအနေ။





ပြန်လည်တင်ပြ ခွင့်ပြုတဲ့ ကိုဖိုးတရုတ်အား ကျေးဇူးအထူးတင်ပါသည်။...။ http://www.photayokeking.org/

၆၂နှစ်မြောက် အာဇာနည်နေ့ အမှတ်တယ သီချင်း၊ဓာတ်ပုံ၊မှတ်တမ်း၊မိန့်ခွန်းများ။....။



NLD(LA)JB Youth & Student - http://nldlajb.blogspot.com/ မှရယူပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမှု ၂၄ ၇က်နေ့ နေ့လည် ၂နာရီချိန်းဆို။...။

ယနေ့ အင်းစိန်တရားရုံးတွင် ဥပဒေပညာရှင် ဒေါ်ခင်မို့မို့၏ လျှောက်လဲချက်ကို မနက် ၁၀နာရီ မှ စတင်စစ်ဆေးရာ ညနေ၅နာရီတိုင်အောင် ကြာမြင့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောပါတယ်။ "

ဒီနေ့ အန်ကယ်တို့ အင်းစိန်တရားရုံးမှာ မနက်၁၀နာရီက စပြီးတရားခံပြ သက်သေ ရှေ့နေဒေါ်ခင်မိုးမိုး လျှောက်လဲချက်ပေးရပါတယ်၊ ဒေါ်ခင်မိုးမိုးက ရှေ့နေတဦးဖြစ်တဲ့ အတွက်ကြောင့် သူတို့က ၁၉၇၄ခုနှစ် အခြေခံဥပဒေ ရှိသေးတယ်ဆိုပြီး သွယ်ဝိုက်ပြီး တင်ပြတာကို အန်ကယ်တို့က ၁၉၇၄ အခြေခံဥပဒေ မရှိတဲ့ အကြောင်း အပြန်အလှန် မေးခွန်းထုတ်ကြတယ်၊ Issue ကကြီးတဲ့ အတွက်ကြောင့် ညနေ ၅နာရီမှ ပြီးပါတယ် "

ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါသည်။ နောက်တကြိမ် ရက်ချိန်းကို လာမည့် ၂၄ရက်နေ့ သောကြာနေ့ နေ့လည်၂နာရီ သို့ချိန်းဆိုလိုက်ကြာင်း သိရှိရပါတယ်။ ထိုနေ့မှာ ၂ဘက်လုံးမှ အပြီးသတ် လျှောက်လဲချက် ပေးရမည်ဟု သိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ကြောင်း သိရှိရပါသည်။

သတင်း......ဒီမိုဝေယံ။...။







ဒေါ်အောင်ဆန်းစုကြည်၊ SNLD ဥက္ကဋ္ဌဦးခွန်ထွန်ဦးနှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်နိုင်ငံ UN ရုံးရှေ့ဆန္ဒပြပွဲ အခမ်းအနား သတင်း၊ဓာတ်ပုံ။....။

























ပူတာအိုထောင်၌ မတရားနှစ်ရှည် အကျဉ်းကျခံ နေရသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး မွေးရက်ဖြစ်သည့် လစဉ် ၉ရက်နေ့တိုင်း ကျင်းပ ပြုလုပ်ပါသည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၇၀ကျော်ခန့် တက်ရောက်ခဲ့ပါသည်။

တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များမှ အမှာစကားများ ပြောကြားကြပါသည်။အခမ်အနားကို နေ့လည် ၃နာရီမှ၎နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်သံများတိုင်ကာ ရုပ်သိမ်းခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ဟာ ၃ရက်နိုဝင်ဘာ၂၀၀၅ ခုနှစ်မှာ မတရားဖမ်းဆီး ထိမ်းသိမ်းခံရပြီး ပူတာအိုထောင်မှာ နှစ်ရှည် ထောင်ဒါဏ် ၉၃နှစ် ချမှတ် ခံထားရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးဟာ ပုံမှန်လေ့ကျင့်ခန်း စိတ်တိုင်းကျ လုပ်ခွင့် မရသောကြောင့် (အသိအာရုံကြောအားနည်းသော) ခြေထောက်ယောင် ရောဂါ ခံစားနေရကြောင်း ယနေ့( သျှမ်းသံတော်ဆင့် )သတင်းမှာဖော်ပြပါရှိတယ်။....။


သတင်း။...။ဦးထွန်းလွင်(FWUBC)
..................ဒီမိုဝေယံ

တစည၏ ၂၀၁၀ ရွေးကောက်ပွဲ အတွက် မသမာခြေလှမ်များ။…။

ပွဲလန့်တုန်း ဖျာခင်းမလို့တဲ့။...။



ဆောင်းပါး။...။ဒီမိုဝေယံ..........

၇ ဇူလိုင် ပြည်တွင်းလှုပ်ရှားမှု။...။























ရန်ကုန်နည်းပညာတက္ကသိုလ်၊ကွန်ပျုတာတက္ကသိုလ်၊စီးပွါးရေးတက္ကသိုလ်တွေမှာ တက်ကြွလူုငယ်များမှ လိုက်လံ ကပ်ထားခြင်းဖြစ်ပါတယ်။

www.thebestmanure.blogspot.com

အကောင်းဆုံးမြေသြဇာအဖွဲ့(The Best Manure) ဘလော့မှရယူပါသည်။....။


တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (7 July) တိုက်ပွဲခေါ်သံ။...။

7-July Statement by Ta Ka Ta

ကိုနစ်နေမန်းဘလော့မှ.....

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ၇ ဂျူလိုင်နေ့ အခမ်းအနား သတင်း၊ဓာတ်ပုံမှတ်တမ်း။


ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝမြို့နယ်ရှိ မြန်မာသံရုံး (ခေါ်)စစ်အခွန်ရုံးရှေ့တွင် ၄၇နှစ်မြောက် ၇ ဂျူလိုင်နေ့ အခမ်းအနားကို ယနေ့ နေ့လည် ၃နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့မှ စုစုပေါင်းအင်အား၂၅၀ခန့် တက်ရောက်ခဲ့ ကြပါသည်။ ဆန္ဒပြပွဲ အခမ်းအနားမှူး အဖြစ် ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ)က ဆောင်ရွက်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ အာဏာရှင်စနစ် နှင့် ခွပ်ဒေါင်းစိတ်ဓါတ်၏ အဓိပ္ပါယ်ကွဲပြားခြားနားပုံ ကို၎င်း၊ အလင်းအိမ်စာစောင်မှ ကိုရဲငြိမ်းမှ ဇူလိုင်(၇)ရက်သမိုင်း အကျဉ်းချုပ်ကို၎င်း၊ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမောင်မောင်လှ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကိုဖုန်းမြင့်ထွန်းတို့မှ ကျောင်းသားများအခန်းကဏ္ဍ နှင့် ပတ်သက်၍၎င်း၊ လက်ရှိ ခေတ်လူငယ်ကဏ္ဍကို မကြည်ပြာဇော်ဝင်း (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ) မှ၎င်း၊တိုင်းရင်းသားများနှင့်ပတ်သက်၍ ကိုမိုင်ကျော်ဦး က၎င်း၊ကိုမြင့်ဆွေ(မြန်မာ့အလုပ်သမားသမဂ္ဂ)မှ အလုပ်သမား အရေးတော်ပုံ သမိုင်းကို၎င်း ကိုယ်စားပြု ပြောကြားသွားခဲ့ပြီးနောက် အာဟာရစာစောင်မှ ကိုသက်လင်းက ကိုကျော်ကျော်ကို (ဗကသအဖွဲ့ချုပ်) ၏ကဗျာကို ကိုယ်စား ဖတ်ကြားပေးခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်သန်းသန်းအေးက ကျောင်းသား များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းစည်းကို နအဖ အခွန်ရုံးအဝင်တံခါးဝ တွင်ထားရှိခဲ့ပြီးနောက် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ ညနေ ၄နာရီခွဲတွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။

သတင်းဓာတ်ပုံ။....။ဦးစိုးအောင်ဝင်းNLD(LA)JB (ပြန်ကြားရေး)
............................။မောင်ထွန်းလွင်(FWUBC)
............................။ဒီမိုဝေယံ

မြန်မာပြည်မှာ တောင်နဲ့မြောက် ကွဲနေခြင်း။....။(ဆောင်းပါး)

South &North Korea

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနှင့်NLD CEC တွေ့ဆုံစဉ် တောင်းဆိုချက်များ။


၃ ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနဲ့ NLD CEC ၄ဦးတွေ့ဆုံခွင့် ရခဲ့စဉ် NLD မှအချက် ၄ချက် တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ပထမဦးစွာ UN ဘက်မှ အချိန် အခက်အခဲကြောင့် ပါတီတခုလျှင် ၂မိနစ်စီသာ ပြောခွင့်ပြုကြောင်း NLD မှ ၂မိနစ်သာ ဆိုလျှင် ပြောစရာမရှိကြောင်း ပြောဆိုသည့် အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တဖွဲ့တည်းအား ၁၅မိနစ်ပြောဆိုခွင့် ပြုခဲ့ပါတယ်။

Justify Full
NLD မှမစ္စတာဘန်ကီမွန်းထံသို့ အချက်၎ချက် တောင်းဆိုခဲ့ပါတယ်။

၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး အတွက်တွေ့ဆုံ ဆွေးနွေးရေး။
၃....၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအား တနည်းနည်းဖြင့် အသိအမှတ်ပြုရေး။
၎....၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။

မစ္စတာဘန်ကီမွန်းမှ သူကြိုးစားပေးပါ့မယ်လို့ ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။ နေပြည်တော်သို့ ခေါ်ယူသည့် ဖိတ်စာတွင်လည်း မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ရမည်ဟု မပါရှိဘဲအရေးကြီးပုဂ္ဂိုလ် တဦးနှင့် တွေ့ခွင့်ရမည်ဟုသာ ရေးသားထားကြောင်း ထိုဖိတ်စာအားလည်း မစ္စတာဘန်ကီမွန်းအား ပြသခဲ့ကြောင်း သိရှိရပါတယ်။

သတင်း။....။ဒီမိုဝေယံ.....