ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

The Voice ဂျာနယ်

The Voice 6-13

ပေးပို့ပေးသူ မြတ်လေးငုံ

မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။

















မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။

လာပြန်ပြီ။ “နိုင်ငံပိုင် (ဆိပ်ကမ်းများ) ပုဂ္ဂလိကသို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။














စာသားလေးကတော့ မသိရင် တိုင်းပြည်တိုးတက်ဖို့ အတွက် ပုဂ္ဂလိကလုပ်ငန်းတွေ အားပေးတယ်လို့  ထင်ကြမှာဘဲ။ နအဖက အားပေးနေပါတယ် ပုဂ္ဂလိကလုပ်ငန်းတွေလေ … နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများ အပေါင်းအပါတစ်သိုက်ရဲ့ ဆွေမျိုးသားချင်းတွေ ကပ်ဖားယက်ဖား စီးပွားရေးသမားကြီးတွေ မောင်ပိုင်စီးလုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပါ။ နအဖက သူတို့ လူတွေဘဲ ကြီးစိုးချယ်လှယ်လုပ်ကိုင်နေတဲ့ စီးပွားရေးအတ္တသမားကြီးတွေ လက်ထဲ လွှဲပြောင်းလုပ်ခိုင်းလိုက်တာကိုဘဲ လိမ်ဆင်ကြီးနဲ့  စကားလုံးအလှလေးတွေနဲ့ ဖေါ်ပြနေလေရဲ့ ။

အခြားနိုင်ငံတွေမှာတော့ တိုင်းပြည်ရဲ့  အဓိကအရေးကြီးတဲ့ လုပ်ငန်းတွေကို နိုင်ငံပိုင်အနေနဲ့  နိုင်ငံကို အုပ်ချူပ်နေတဲ့ ပြည်သူ့ ကိုယ်စားပြု ပြည်သူ့ အစိုးရကိုယ်တိုင်က ထိန်းသိမ်းကြီးကြပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မြှင့်မားအောင် လုပ်ကိုင်နေပေမယ့် ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ မတရားကြီးစိုးနေတဲ့ နအဖက တိုင်းပြည်ပိုင်တွေ နိုင်ငံပိုင်အဆောက်အဦးတွေ သယံဇာတတွေ လုပ်ငန်းကြီးတွေ ရေမြေတောတောင်သဘာဝတွေကို ထင်ရာစိုင်းပြီး ရောင်းစားလို့ နေပါတော့တယ်။








အခုလို ၂၀၁၀ ခုနှစ်ကာလအတွင်းမှာ သန်းရွှေတို့  နအဖတွေ ပြည်သူပိုင်ပစ္စည်းတွေကို ကသုတ်ကရက်နဲ့  ခပ်မြန်မြန်ရောင်းစားနေကြတာ အင်မတန် မရိုးသားသော မိုက်ရိုင်းသော လုပ်ရပ်ဖြစ်ပါတယ်။ သန်းရွှေတို့ ရဲ့  ယုတ်မာပက်စက်မှု ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ သမိုင်းဝင်မြေနေရာတွေ အဆောက်အဦးတွေ၊ တိုင်းပြည်တစ်ခုရဲ့ ဝင်ငွေအတွက် အဓိကအရေးကြီး အခရာကျလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ကြွယ်ဝလှတဲ့ သယံဇာတပစ္စည်းတွေ၊ ရေမြေအောက်က ပေါများလှတဲ့ ကျောက်မျက်ရတနာတွေ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ အကုန်လုံးကို ယူနီဖောင်းအရေခြုံထားကြတဲ့ နအဖ သန်းရွှေနဲ့နအဖဗိုလ်ချူပ်ကြီးတွေက ပုဂ္ဂလိကအမည်ခံ သူတို့ ရဲ့  သားသမီးတွေ ဆွေမျိုးသားချင်းတွေ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေလက်ထဲ အခုကတည်းက ရောက်နေအောင် ပိုင်ဆိုင်နေအောင် လုပ်နေကြပါတယ်။ နောင် မြန်မာပြည်ကို သူတို့ ဘဲ ဆက်အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် အခြားသူတွေ အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် သူတို့ လက်ထဲရောက်နှင့်နေပြီးသားဖြစ်အောင် မိုက်မိုက်ရိုင်းရိုင်းနဲ့  နိုင်ငံပိုင်တွေကို အနုနည်းနဲ့  မောင်ပိုင်စီးထားတာ ဖြစ်ပါတော့တယ်။

နောင်ဆိုရင် နိုင်ငံပိုင်ဆိုတာ ခပ်ရှားရှားနဲ့ ဖြစ်ပြီး ရှိမယ့်နိုင်ငံပိုင်ဆိုတာကလည်း အရေးမပါ အရာမရောက်တဲ့ လုပ်ငန်းလေးတွေနဲ့  နောင်တက်မယ့်အစိုးရကို အမည်သာခံထားစေပြီး တိုင်းပြည်ရဲ့  အရေးကြီးသောစီးပွားရေးလုပ်ငန်းကြီးတွေအားလုံးနီးပါး အခု နအဖရဲ့  လူတွေက ဆုပ်ကိုင်ချယ်လှယ်ထားတော့မှာပါ။ နအဖဟာ တိုင်းပြည်နဲ့  လူမျိုးကို လက်နက်အာဏာနဲ့  ကြာကြာအုပ်စိုးထားဖို့ မလွယ်တော့တဲ့အခြေအနေမှာ အနာဂတ်မြန်မာပြည်ရဲ့စီးပွားရေးကို ချယ်လှယ်ချုပ်ကိုင်ထားဖို့ သန်းရွှေတို့ရဲ့ ယုတ်မာပက်စက်သော ခြေလှမ်းဖြစ်ပါတော့တယ်။ မြန်မာပြည်သူပြည်သားတွေကို အာဏာကျွန် စစ်ကျွန်အဖြစ်နဲ့  သွတ်သွင်းခဲ့ရုံအားမရသေး ငွေကျွန်အဖြစ်ပါ တစ်သက်လုံး သားစဉ်မြေးဆက် နလန်မထူနိုင်ဘဲ ဆက်ခံနေရအောင် လုပ်တာဖြစ်ပါတယ်။







နအဖဟာ မြန်မာ့မြေရော ရေရော ရောင်းနေတာ အတော့်ကုန်နေပြီမို့  မြန်မာ့လေပါ ရောင်းလို့ ရ ရောင်းဦးမှာပါ။ မြန်မာပြည်သူပြည်သားတွေ စက္ကန့်တိုင်း ရှူနေရတဲ့ လေတောင် ရောင်းစားလို့ ရရင် ရောင်းစားဦးမယ့် နအဖပါ။

နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။

ဒီတော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေ ဘာလုပ်ကြမလည်း။ ကျွန်တော်တို့  နိုင်ငံပိုင်ပစ္စည်းတွေကို ကာကွယ်ကြရမှာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို နအဖပုဂ္ဂုလိကလက်ထဲ မရောက်ဖို့  အတတ်နိုင်ဆုံး ကာကွယ်ကြရမှာပါ။ ရောက်နေတဲ့ လုပ်ငန်းစီးပွားများနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ကျိုးအတ္တစီးပွားရေးသမားကြီးတွေ ဆက်လက်ကြီးပွားမနေတော့အောင် ပြည်သူ့ အတိုင်းအတာအင်အားနဲ့  သပိတ်မှောက်ကြရမှာပါ။ ဒီနအဖမိသားစုတွေရဲ့  စီးပွားရေးလုပ်ငန်းကြီးတွေကို အားမပေးကြဘဲ အမျိုးသားတော်လှန်ရေးတစ်ရပ်အနေနဲ့  သူတို့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးပစ်ကြရမှာ ဖြစ်ပါတယ်။

တိုင်းသူပြည်သားတွေကို ဂုတ်ခွထိုင်ပြီး ညဉ်းပမ်းနှိပ်စက်နေရုံသာမက တိုင်းပြည်ရဲ့  အသွေးအသားအနှစ်တွေကို ဂုတ်သွေးစုတ်နေတဲ့၊ တိုင်းပြည်ပိုင် နိုင်ငံပိုင်တွေကို မောင်ပိုင်စီးနေတဲ့သူတွေကို တော်လှန်ကြပါ။

နအဖက ပေါ်တင်ဗြောင်ပြောနေပြီ။ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများထံ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။

မြန်မာပြည်သူပြည်သားများအားလုံးကနေ အမြန်လုပ်ဆောင်ရမယ့် အမျိုးသားရေးတာဝန်ကတော့ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) ထံ မရောက်ကြစေဖို့ ၊ ပုဂ္ဂလိက (နအဖလူများ) လက်ထဲ မတရား ရောက်ရှိနေသော နိုင်ငံပိုင် (ပြည်သူပိုင်) လုပ်ငန်းများကို ပြည်သူပိုင်ပြန်သိမ်းနိုင်ဖို့ အတွက် နအဖအာဏာရူးတွေကို ချေမှုန်းကြဖို့ ပါဘဲခင်ဗျာ။


ပေးပို့ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။

ဦးမင်းအိမ်လုပ်ကြံခံရမှုနှင့် ပတ်သတ်၍ စုံစမ်းမှုများ ပြုလုပ်လျှက်ရှိ...

သေနတ်သမား အသုံးပြုသွားသည်ဟု ယူဆရသော သိမ်းဆည်းရမိသည့် ပိုင်ရှင်မဲ့ မတ်တူးကားအဖြူ

တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (မိုင်းလား) အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် အရေးကြီးသည့်သဲလွန်စများ ရရှိနေပြီဖြစ်ကြောင်း မိုင်းလား အထူးဒေသ(၄)ရဲဌာနမှ အရာရှိတစ်ဦးက ပြောဆိုတယ်လို့ဆိုပါတယ်။

ဦးမင်းအိမ်လုပ်ကြံမှုနှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူကို ယွမ်နှစ်သိန်း ဆုချမည်ဖြစ်ကြောင်း၊ လုပ်ကြံသွားသူတွေရဲ့ ပုံသဏ္ဍန်အချက်အလက်များနှင့်တကွ မိုင်းလားအဖွဲ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။



Voice Of Burma စာစောင်

VOB747KK

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊(၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားမှတ်တမ်း...


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊(၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ ဂျပန်ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှ ညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကေသီသိန်း,
သတင်း။ ။စိုးမိုးနိင်(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန)

http://nldlajb.blogspot.com/ ရယူပါသည်......။


ရခိုင်အမျိုးသားသတင်းစာ....

Arakan National Newspaper Jan 2010(2)

ဟီးရိုးမှ ဇီးရိုးသို့.....

Hero to Zero-1

ပေးပို့လာသူ ညီငယ်အလင်းဆက်....

ပြည်သူ့ပြောက်ကျားတပ်ဦးကြေငြာချက်....

pgf

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေး ကြေငြာချက်

NLD

ထောင်ဒဏ်(၆၅)နှစ်ကျခံနေရသော ၈၈မျိုးဆက်ကျောင်းသား ကိုအောင်သူ ပူတာအိုထောင်ထဲတွင် ကျန်းမာရေးဆိုးရွားနေ...


ထောင်ဒဏ် ၆၅ နှစ်ဖြင့် ပူတာအိုထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသဖြင့် မကြာသေးခင်က ECG (နှလုံးခုန်နှုန်းကို စမ်းသပ်သည့်ကိရိယာ) စစ်ဆေးကြည့်ရာအစက်အပြောက်၃ခုထက်မနည်းတွေ့ရှိခဲ့ပြီး၊ ကျန်းမာရေးတော်တော် ဆိုးရွားစွာ ခံစားနေရသဖြင့် ဇနီးသည်ဖြစ်သူ မမြတ်မြတ်ထွန်းက အလွန်စိတ်ပူကြောင်းကို ပြောပြခဲ့ပါသည်။ ပူတာအိုထောင်ထဲတွင်ရှိနေသော နိုင်င်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးကိုလည်း သေသေချာ ဂရုတစိုက်ကြည်ရှု့ စောင့်ရှောက်ခြင်း မရှိကြောင်းကိုလည်း ပူတာအိုထောင်တွင် ထောင်ဝင်စာ သွားတွေ့နေရသောမိသားစုဝင်များက ထပ်မံပြောကြားပါသည်.။

၈၈မျိုးဆက်ကျောင်းသာတဦးဖြစ်သော ကိုအောင်သူသည် ၂၀၀၉ခုနှစ်ကလည်း အလွန်ရာသီဥတုဆိုးဝါးသော ပူတာအိုထောင်တွင် အေးလွန်းသည့် ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် ခြေထောက်တဘက်မှာ အကြောအားနည်းလျှက် တဖြေးဖြေး သေးငယ်လာပြီး လမ်းမလျှောက်နိုင်ဘဲ ဖြစ်ခဲ့ဘူးပါသည်.။

၈၈မျိုးဆက်ကျောင်းသားတဦးဖြစ်သော ကိုအောင်သူနှင့်တကွ ပူတာအိုထောင်တွင် နိုင်ငံရေးအကျဉ်းသား(၁၅)ဦးခန့်ရှိရာ တချို့မှာ အလွန်ကျန်းမာရေး ဆိုးရွားနေကြောင်းလည်း သိရှိရပါသည်. နယ်စွန် နယ်ဖျားထောင်များသို့ ပို့ဆောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း လုံးဝမရှိကြောင်းနှင့် ထောင်ဝင်စာသွားတွေ့လျှင် လိုအပ်သောဆေးဝါးများအား ကိုယ့်မိသားစုမှလုံလောက်စွာ ဝယ်ယူသွားရ ကြောင်းလည်း သိရပါသည်.။

၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင်သည် လည်းပြီးခဲ့သည့်လအတွင်းက လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါကဆေးရုံတင်ရမည်ဆို၍ ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရမှီဖြစ် ကြောင်းကိုလည်း ကိုအောင်သူ၏ဇနီးဖြစ်သူ မမြတ်မြတ်ထွန်းအား ထောင်ဝင်စာသွားတွေ့ပြီး ပြန်လာသော ကိုဘိုဘိုဝင်းလှိုင်၏ မိခင်ကပြောပြပါသည်.။

သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကိုစာတင်ပြီးမှ အချိန်ယူရမယ်လို့ပြောတယ်။ နောကတော့ ဆရာဝန်ကသက်သာတဲ့ အချိန်မှဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ရက်သတ္တပါတ် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်”ဟုပြောပါသည်။ ကိုဘိုဘိုဝင်းလှိုင် လတ်တလော ခံစားနေရသည့်ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်ဖြစ်သူက ဆေးဝယ်ပေးခဲ့ရသည်ဟုလည်း သိခဲ့ရပါသည်။

မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ မိမိ၏ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ဆောင်သူများအား ဝေးလံခေါင်သီသော ဒေသများသို့ ပို့ဆောင်ပြီးစိတ်ဓာတ်ရေးရာ၊ ခန္ဓာကိုယ်ရေးရာပါ ကျဆင်းအောင် ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေပါတယ်။ အထူးသဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် များဟာနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရပြီး ရာသီဥတုဆိုးရွားတဲ့ ဝေးလံခေါင်သီသော ဒေသများမှ အကျဉ်းထောင်များမှာ အကျဉ်းချထားခြင်းခံ နေရပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ခြင်း ခံနေရပါတယ်။

ပေးပို့လာသူ မြတ်လေးငုံအားကျေးဇူးတင်ပါသည်။

ပြန်လည်ဖျော်ဖြေခွင့်ရမည့် ပျော်စရာအငြိမ့်အဖွဲ့ ဖိတ်ကြားစာ..

Matta

ပေးပို့ပေးသူ ကိုသန်းဝင်းအားကျေးဇူးတင်ပါသည်....

ကိုမေတ္တာတို့ အငြိမ့်အဖွဲ့ လာရောက်ဖျော်ဖြေခွင့်ရမည်ဟု သတင်းရရှိ.....

IE နှင့်ကြည့်လျှင် ပုံကိုclick နှိပ်ပါ...
လူရွှင်တော် ကိုမေတ္တာဦးဆောင်သော

တိုကျိုဆာကူရာပျော်စရာအငြိမ့်

(မော့စ်၊မိုးဒီ၊ခင်လှိုင်၊မင်းသမီး-လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်)

မကြာမီရက်ပိုင်းအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့ကို ရောက်ရှိလာပါမည်။

တိုကျိုဆာကူရာပျော်စရာ အငြိမ့်အဖွဲ့ ဂျပန်နိုင်ငံတိုကျိုမြို့တွင်အစီအစဉ်

၂ပိုင်းခွဲပြီး တင်ဆက် ကပြမည်ဖြစ်ပါသည်။ အထူးစောင့်စား မျှော်လင့်နေ

ကြသော ပရိတ်သတ်များအား သတင်းကောင်းပါးအပ်ပါသည်။

ကျင်းပမည့် အချိန်နှင့်နေရာ မကြာမီ ထပ်မံကြေငြာပါမည်။

မျှော်လင့်စောင့်စားနေကြသောပရိတ်သတ်များအား

အထူးကျေးဇူးတင်လျှက်

တိုကျိုဆာကူရာဝိုင်းတော်သားများ

ဦးမင်းအိမ် ဈာပနအခမ်းအနား ဖိတ်ကြားစာ.....

UME

(AAPP) ၂၀၀၉ခုနှစ်နှစ်ပတ်လည် အစီရင်ခံစာ...

AAPP Annual Report 2009_final

ပေးပို့လာသူ ကိုအောင်မျိုးသိန်းအား ကျေးဇူးတင်ပါသည်.....

နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိကြောင်း ပြောဆိုတယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ နေ့လည်(၁)နာရီ မှ(၃)နာရီခွဲ အထိ (၂)နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရတဲ့ ကိစ္စ၊ နောက်ပြည်ထဲရေးဝန်ကြီး ပြောတဲ့ကိစ္စနဲ့ အဖွဲ့ချုပ်ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်.....။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်နေတာ တဝက်တပျက်မှာ စည်ပင်က တဝက်တပျက်မှာ ရပ်ဆိုင်းခိုင်းပါတယ်......။ ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်တယ်....။ အဲ့ဒီကိစ္စအတွက် လာမယ့် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ တရားရုံးမှာပြန်ပြီး သဘောထားတင်ပြရမှာပါ....။ အဲ့ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ .....

ဒီနေအိမ်ပြင်ဆင်ခွင့်ရဖို့ အတွက်စည်ပင်မှာ ပြင်ဆင်ခွင့်တောင်းပြီးမှ ပြင်ဆင်ခဲ့တာပါ။ နောက်အကျိုးအကြောင်း ဘာမှမသိရပဲ ပြင်ဆင်ခွင့်တားမြစ်ခဲ့တယ်...။ နောက်အခု ဦးအောင်ဆန်းဦးက တရားရုံးမှာ တားဝရမ်းလျှောက်ထားတယ်.... ဒါတွေကို ခြုံငုံစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်လို့ ပြောပါတယ်...။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ယခုတဖန် ဦးအောင်ဆန်းဦးမှ နေအိမ်ပြင်ဆင်မှုရပ်ဆိုင်းပေးဖို့ တရားရုံးမှာ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ အတွက် တရားရုံးမှ တားဝရမ်းထုတ်ခြင်းဖြစ်ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည် နေအိမ်အခြေအနေနဲ့ ပတ်သတ်ပြီး ဆက်လက်ပြောဆိုရာမှာ " အိမ်ကတဝက်တပျက် တို့လို့တန်းလန်းဆိုတော့ ပစ္စည်းတွေက ဟိုနားပုံ ဒီနားပုံပေါ့ ..... အပေါ်ထပ်မှာ မျက်နှာကျက်ကျောက်ပြားတွေ ခွာထားတယ် အိမ်ခေါင်မိုးတွေက ဟောင်းနွမ်းနေတော့ အောက်ကနေကြည့်ရင် အလင်းရောင်တွေ မြင်နေရတာပေါ့.... အိမ်ကဟောင်းနွမ်းနေတော့ နေရာတိုင်းမှာပြင်ဆင်ဖို့ လုပ်ထားရတာလေ ... တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်ရတော့ နေရထိုင်ရတာ အဆင်မပြေဘူးလို့ အန်ကယ်မြင်တယ်... ဒေါ်အောင်ဆန်းစုကြည်ကတော့ နေထိုင်ရတာနဲ့ပတ်သတ်ပြီး ဘာမှမပြောပါဘူး"

ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ နိုဝင်ဘာလမှာ လွှတ်ပေးမယ် ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ....
........ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားချက် တကယ်မှန်ခဲ့မယ်ဆိုရင် ဒါဟာမတရားတဲ့ ပြောကြားချက်ဖြစ်တယ်.. နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်ဖို့တင်ထားချိန်မှာ ဒီလိုပြောကြားချက်က တရားဥပဒေကို လွှမ်းမိုးတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောဆိုပါတယ်....

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့မှာ မြို့တော်ခန်းမမှာကျင်းပတဲ့ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနှစ်နိုဝင်ဘာလမှာ လွတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ပါတီအရေးကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်......။

သတင်း...ဒီမိုဝေယံ


အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ ပခုံးပေါ် ကျရောက်နေပြီလည်း။

အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ ပခုံးပေါ် ကျရောက်နေပြီလည်း။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတုန်းက ကျောင်းသားတွေ အာဏာရှင်တွေကို စတင်ဆန့် ကျင်တော်လှန်ခဲ့ကြတယ်။ ကျောင်းသားတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။ ပြည်သူနဲ့  ပူးပေါင်းပြီး အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေ ပေါ်ပေါက်ခဲ့ကြတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေကို ဘုရားသားတော်တွေဖြစ်ကြတဲ့ သံဃာတော်တွေ စုပေါင်းတော်လှန်ခဲ့ကြတယ်။ သံဃာတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။

ဒီနှစိ ၂၀၁၀ မှာ နောက်ဆုံးကျန်နေတဲ့ တပ်မတော်သား (စစ်သား) တွေ အာဏာရှင်ကို မနှေးအမြန် ဆန့် ကျင်တော်လှန်ကြရမယ်။ တပ်မတော်သား (စစ်သား) တွေမှာ လက်နက်တွေ ရှိကြတယ်။ သတ္တိပြဖို့ ဘဲ လိုတယ်။

ပြည်သူကို မတရား အနိုင်ကျင့် စိုးမိုးနေတဲ့ အာဏာရှင်တွေကို အဆုံးသတ်ပေးဖို့  တာဝန်ဟာ ဘယ်သူ့ ပခုံးပေါ်မှာ ကျရောက်နေပြီးလည်းဆိုတာ သိကြပါ။ ပြည်သူ့ အတွက် ဘယ်သူအောင်ပွဲခံပေးမှာလည်း။ ဘယ်သူ တာဝန်ကျေမှာလည်း။

ပြည်သူနဲ့  လက်တွဲပြီး အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေရဲ့  ပြောစကားတွေနဲ့  ပုံရိပ်လွှာတွေကို ဖေါ်ပြလိုက်တယ်။ အစဉ်အလာ ဆက်ထိန်းကြဖို့ နောင်တော် တပ်မတော်သားတွေရဲ့  အသက်သွေးတွေ စိတ်ဓါတ်တွေ လက်ရှိ တပ်မတော်သားတွေ ခန္ဓာကိုယ်ထဲ စီးဆင်းပါစေသောဝ်။

စစ်သည်တော် ကျင့်ဝတ်ထဲမှာ “ရန်သူကို နေလို မီးလိုကျင့်၊ ပြည်သူကို ရေလို လ လိုကျင့်” ဆိုတာ ပါပါတယ်။ ပြည်သူ့ ရန်သူဖြစ်တဲ့ နအဖအာဏာရှင် (ရန်သူ) တွေကို နေလို မီးလိုကျင့်နိုင်ပြီး၊ ပြည်သူတွေအပေါ်မှာ ရေလို လ လို ကျင့်နိုင်ပါစေသား။









မျှဝေပေးတဲ့ ကိုနစ်နေမန်းအားကျေးဇူးတင်ပါသည်။

မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ


ခိုင်လင်း/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းအိမ်သည် ယနေ့နံနက်ပိုင်း၌ မိုင်းလားမြို့တွင် လုပ်ကြံခံရ၍ သေဆုံးသွားသည်။

အသက် (၅၄) နှစ်ရှိပြီဖြစ်သည့် ဦးမင်းအိမ်သည် ၎င်း၏နေအိမ်အနီးတွင် အမျိုးသားတဦးနှင့်အတူ လမ်းလျှောက်နေစဉ် နံနက် (၆) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိုင်းလားတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “ဦးမင်းအိမ်ကတော့ သေနတ်ဒဏ်ရာ (၇) ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူရဲ့အဖော်ကတော့ သေနတ်ဒဏ်ရာ (၃) ချက်နဲ့ ဆေးရုံအသွားမှာ သေဆုံးသွားတယ်။ မြို့ထဲက သူ့အိမ်နားပဲ သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက်ပိုင်း ဦးမင်းအိမ်သည် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်နှင့် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ယူထားသူဖြစ်ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

မိုင်းလားတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ နအဖနှင့်ဆက်ဆံရာတွင် ပြေပြစ်ကာ ပါးပါးနပ်နပ်ရှိသူ ဖြစ်သည့် အတွက် ဒေသနှင့်တပ်ဖွဲ့အတွက် ဆုံးရှုံးမူဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “အခုချိန်မှာ ပြောဖို့တော့ စောသေးတာပေါ့။ ဒါပေမယ့် အခုလို ကိုမင်းအိမ်လို ဒေသအတွင်း နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးမရှိတဲ့အတွက် နအဖအတွက် အကျိုးရှိပါတယ်။ သူတို့လက်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

မိုင်းလားတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် နအဖ၏ ဖိအားပေးမှုကို ခံနေရပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့ကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံဘဲ ယခုအချိန်ထိ နအဖနှင့် ဆွေးနွေးနေဆဲဖြစ်သည်။

သတင်း ခေတ်ပြိုင်မှရယူပါသည်....

ပြည်သူ့အချစ်တော် စွယ်စုံအနုပညာရှင် ကိုဇာဂနာရဲ့ (၄၉)နှစ်မြောက်မွေးနေ့အမှတ်တရ ဆုတောင်း

Zarganar1
Zarganar2

ကိုညီညီအောင် မိသားစုနှင့်တွေ့ခွင့်ပိတ်ပင်ခံရ....

Nyi Nyi Aung Release 27 Jan 10
ပေးပို့ပေးသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်....

လူ့အခွင့်အရေး မြန်မာ့ကွန်ရက်ထုတ်ပြန်ကြေငြာချက်....

Statement No.1_2010 of BNHR

ဟေတီ နဲ့ မြန်မာ - သဘာဝဘေးဒဏ်အတွက် နိုင်ငံတကာအကူအညီ

ဇန်နဝါရီလ (၁၂) ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အိုးအိမ်သိန်းချီ ပျက်ဆီးခဲ့ကြရပြီး လူပေါင်းများစွာ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ဟေတီနိုင်ငံရဲ့  နောက်ဆုံးအခြေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေကတဆင့် ကမ္ဘာ့ပြည်သူတွေ နေ့စဉ်တွေ့မြင်နေကြပါတယ်။ ဒီလို သဘာဝ ကပ်ဘေးဆိုးတွေနဲ့ ကြုံရတဲ့ နိုင်ငံတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဘယ်လို အကြောင်းအရာတွေက သက်ရောက်မှု ရှိစေပါသလဲ၊ ငလျင်ဘေးသင့် ဟေတီနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံတို့ကို မအေးသန္တာကျော် က နှိုင်းယှဉ်တင်ပြထားပါတယ်။

VOA သတင်းဋ္ဌာနမှရယူပါသည်။

ဦးအောင်ဆန်းဦး သို့ အကြောင်းကြား(အိတ်ဖွင့်ပေးစာ)

ABMA

ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးခံရ...

fun
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် လူရွင်တော်မေတ္တာဦးဆောင်သော အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်းလည်းဖြစ်သည်။ ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရခြင်းလည်းဖြစ်သည်။

လေဆိပ်တွင် Dဖောင်ထုတ်ပေးပြီးခါမှ ပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေ လုပ်နေကြောင်းလည်း သိရှိရသည်။

ကိုမေတ္တာတို့အဖွဲ့ကို ဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းက ရုပ်ရှင်နှင့် သဘင်ကောင်စီတို့မှ ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ ဂျပန်ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့အဖြစ် ပြန်လည်ရွေ့ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက်မေးမြန်းကြည့်ရာ "ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီးတား ထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇတ်တို့၊ ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စအတွက် တာဝန်ခံခေါ်ယူပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ(kimihiko higurashi) ပွဲမဖြစ်မြောက်သည့်အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။

ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။ ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီး ယခုလိုဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။

သန့်မျိုးထွေး

မိုးသောက်ကြယ် မှရယူပါသည်။

မလွတ်လပ်ကြသေးသော မြန်မာနိုင်ငံတိုင်းရင်သားများ.....

Burmese People and Independence

Voice Of Burma စာစောင်....

VOB745

နို့ဖိုးဒုက္ခသည်စခန်းတွင် ဆန္ဒပြလျှက်ရှိ......





၁၉၊ ၁၊ ၂၀၁၀ ရက်နေ့ နေလည် ၁ နာရီခန့်တွင် နို့ဖိုးဒုက္ခသည်စခန်း UNHCR ရုံးရှေ့တွင် HOLD ဒုက္ခသည်များ၊ Reject ဒုက္ခသည်များနှင့် တတိယနိုင်ငံထွက်ခွာရေးနှင့်ပတ်သက်၍ကျန့်ကြာနေသူများမှ ဆန္ဒပြခဲ့ကြပါသည်။ လက်ရှိ ၂နာရီ ၄၀ မိနစ်အထိငြိမ်းချမ်းစွာဆန္ဒပြနေကြဆဲဖြစ်ပါသည်။ UNHCR တာဝန်ရှိသူ ဘရာရမ်မှ HOLD နှင့် Reject ကိုယ်စားလှယ် တဦးစီကို ခေါ်ယူဆွေးနွေးနေသော်လည်း တိကျသည့်အဖြေ တခုမျှမရရှိသေးပေ။ နို့ဖိုးဒုက္ခသည်စခန်းမှ ပလာ၏အမျိုးသမီးမှ UNHCRနှင့် ဆန္ဒပြသူများကြားတွင် ညှိနှိုင်းဖြေရှင်းပေးလျှက်ရှိသည်။ ဆက်လက်ဖြစ်ပေါ်မှုများကို တင်ပြသွားပါမည်။ စိတ်ဝင်စားမှုရှိပါက ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဆိုင်ဖုန်းများဖြစ်ပြီး ကိုလှအေးနှင့် အခြားသက်ဆိုင်ရာ ဆန္ဒပြမှုတွင်ပါဝင်သူ တဦးဦးကို ခေါ်ပေးပါရန်တောင်းဆိုနိုင်ပါသည်။
၀၅၅၅၇၇၃၈၆
၀၅၅၅၇၇၃၈၉
၀၅၅၅၇၇၃၂၆
ပေးပို့ပေးသူ မြတ်လေးငုံ...



The Voice ဂျာနယ်။

The Voice ဂျာနယ်။
ပေးပို့ပေးသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်........

ယုံကြည်ချက်နဲ့  ကိုယ်ကျိုးစွန့်  အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့သူတွေကို မမေ့ကြပါနဲ့ ။

ယုံကြည်ချက်နဲ့  ကိုယ်ကျိုးစွန့်  အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့သူတွေကို မမေ့ကြပါနဲ့ ။ မမေ့ရုံတင်မက တိုင်းပြည်နဲ့  လူမျိုး အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့ ဆိုတာ သူတို့ တင်မှမဟုတ် အသင်တို့ မှာလည်း အမျိုးသားရေးအဖြစ် တာဝန်ဝတ္တရားရှိပါတယ်။

တိုင်းပြည်နဲ့  လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် စွန့် လွတ်အနစ်နာခံပြီး ရဲဝန့် စွာ ယုံကြည်ချက်အပြည့်ဖြင့် လုပ်ဆောင်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသော နိုင်ငံရေးအကျဉ်းသားအပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။


တိုင်းသူပြည်သားအပေါင်းအားလည်း အထူးမေတ္တာရပ်ခံတောင်းပန်လိုတာကတော့ မိမိတို့ အားလုံးအတွက် အာဏာရှင်တို့ ရဲ့  ကြမ်းကြုတ်ရက်စက်လှသော ထောင်များအတွင်းမှာ အနစ်နာခံ စွန့် လွှတ်လျက်ရှိကြသော နိုင်ငံရေးအကျဉ်းသား ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းတို့ ရဲ့ လေးစားဖွယ်ကောင်းသော ဆောင်ရွက်ချက်များကို မမေ့သင့်ကြဖူးဆိုရင်တော့ အာဏာရှင်နအဖကို မိမိတို့  တတ်နိုင်သည့်ဘက်များမှ ကန့် ကွက်ဆန့် ကျင်ပေးကြဖို့  လှိုက်လှဲစွာ မေတ္တာရပ်ခံလိုပါတယ်။

အာဏာရှင် နအဖရဲ့  ထောင်တွင်းမှာ အသင်တို့ ရဲ့  ရဟန်းသံဃာတွေ သားသမီးရင်သွေး ကျောင်းသားကျောင်းသူတွေ ပြည်သူတွေ စက္ကန့် နဲ့ အမျှ မိနစ်ပိုင်းနဲ့ အမျှ အာဏာရှင်ရဲ့  ရက်စက်မှုကို ဒူးမထောက် လက်မမြောက်ဘဲ ရဲရဲဝန့် ဝန့်  ကြံ့ ကြံ့ ခိုင်ခိုင် တော်လှန်တိုက်ပွဲဝင်လျက်ရှိတယ်ဆိုတာ အသင်တို့ ကို အသိပေးလိုပါတယ်။

တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ စွန်လွှတ်ရဲတဲ့၊ ရဲ့ ဝန့် ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကို ယုံကြည်ချက်အပြည့်နဲ့  လုပ်ရဲတဲ့သူတို့ ဟာလည်း သင်တို့ လိုဘဲ ပြည်သူထဲက ပြည်သူများပါဘဲ။ အသင်ကရော? ….

ကျွန်ုပ်တို့ အားလုံး မျှော်မှန်းတဲ့ အနာဂတ် လှပသာယာဖို့ ဆိုတာ အမိမြန်မာပြည်မှာ အာဏာရှင်များ လုံးဝဥဿုန် မရှိမှ ဖြစ်မှာပါ။

ပြည်သူအားလုံး ဒီနေ့  စုပေါင်း တော်လှန်၊ ဒီနေ့  အာဏာရှင် အမြန် ပြုတ်ကျစေရမယ်။

(ပြည်သူများအတွက် ရင်တွင်းခံစားချက် အပြည့်အ၀ဖြင့် တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့အား အထူးဂုဏ်ယူ လေးစားရပါကြောင်းနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံအားလည်း စီစဉ်ဖေါ်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်)။


နအဖရဲ့  အတုအယောင် အလိမ်အညာ ကောက်ကျစ်ဟန်ဆောင်လှည့်ဖြားမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီလိုပါဗျာ။

(တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့ အား အထူးဂုဏ်ယူလေးစားရပါကြောင်းနဲ့  ဒီမိုကရက်တစ်မြန်မာ့အသံအားလည်း စီစဉ်ဖေါ်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်)။

မျှဝေပေးပို့ပေးသူ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.....

....................ဘဝအတွက် မှတ်သားစရာများ............

အကြင်နာပါသောလုပ်ရပ်တစ်ခုသည် မည်မျှပင်သေးငယ်နေပါစေ၊ အချီးအနှီးမဖြစ်ပါ။

သူတပါး အမှားတွေကို ထောက်ပြ ဆုံးဖြတ်ရတာလွယ်သလောက် ကိုယ်ပိုင် အမှားတွေကို သိဖို့ခက်ခဲနေကြတယ်။ မြေကြီးကို ကော်ဇောနဲ့ ဖုံးထားတာထက်စာရင် ဖိနပ်နဲ့ သင်ခြေထောက်ကို ကာကွယ်ရတာ ပိုလွယ်ပါလိမ့်မယ်။


သင်ပျော်ရွှင်တဲ့အခါ ဘ၀ကသင်ကိုယ်ပြုံးပြလိမ့်မယ်။
တစ်ပါးသူကိုယ်ပါ သင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့
အခါမှာတော့ ဘ၀က သင့်ကိုယ် အလေးပြုပါလိမ့်မယ်။


မည်သူတစ်ယောက်ကမှ သော့တံမပါဘဲ သော့ဂလောက်ထုတ်လုပ်မှာ မဟုတ်ပါဘူး။ အလားတူပါပဲ ဘုရားသခင်ဟာ ဖြေရှင်းလို့မရတဲ့ ပြသာနာတွေကို သင်တို့ကိုယ် ပေးဝေလိမ့်မှာ မဟုတ်ပါဘူး။


သူတစ်ပါးနှင့် သ့င်ကိုယ်သင် မနှိုင်းယှဉ်ပါနဲ့။ သူတစ်ပါးနှင့် နှိုင်းယှဉ်လိုက်ခြင်းသည်
သင့်ကိုယ်သင် စော်ကားရာ ရောက်ပါသည်။
အမှားတွေကြုံလာတဲ့ အခါ အလွန်ပဲခံစားရပါတယ် ။
ဒါပေမယ့် နှစ်ရှည်လများကြာသွားတဲ့ အမှားတွေဟာ အောင်မြင်မှုကိုဖြစ်စေတဲ့ အတွေ့အကြုံတို့လည်း ခေါ်ဆိုနိုင်ပါတယ်။

ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ရင် အဲ့ဒီပြသနာအတွက် စိုးရိမ်မှုဆိုတာ မလိုပါဘူး။
အကယ်၍ ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ရင်သာ စိုးရိမ်မှုကို အသုံးပြုရမှာဖြစ်တယ်။

မျက်နှာထား ပြောင်းလွှဲခြင်းဟာ ပြောင်းလဲတာမဟုတ် ပေမယ့် ပြောင်းလဲဖို့ ရင်ဆိုင်ခြင်းဟာ အရာရာကိုပြောင်း လဲစေနိုင်ပါသည်။ သူတပါးကိုယ်ပဲ ပြစ်တင်ကြိမ်းဝါးမနေပါနဲ့။ ငြိမ်းချမ်းရေးကိုလိုချင်ရင် သင်ကိုယ်သင်ပဲ ပြောင်းလဲပစ်ပါ ။

အခွင့်ရေးတစ်ခု လက်လွတ်သွားလို့ ငိုကြွေးမနေပါနဲ့။ ဒီထက်ကောင်းတဲ့ အခွင့်အရေးတွေ သင့်ဆီမှာ အများကြီးရှိသေးတယ် လို့ ယုံကြည်လိုက်ပါ။

စခဲ့မိတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြန်ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် သင့်တော်မှန်ကန်တဲ့ အစပျိုးမှုကိုတော့ လူတိုင်းဖန်တီးလုပ်ဆောင်နိုင်ပါ
တယ်။
လူကောင်းတစ်ယောက်ဆိုတာ ဂိုးသမားတစ်ယောက်လိုပဲ ဘယ်လောက်ပဲ ဂိုးမ၀င်အောင် ကြိုးစားကာကွယ် နိုင်ခဲ့ပေမယ့် လွတ်သွားတဲ့ ဂိုးတစ်ဂိုးကိုယ်သာ လူတွေက အမှတ်ရနေကြပါတယ်။

ဘာသာပြန်ဆိုပေးသူ ညီငယ်အလင်းဆက်

ဦးသုဝေ ပါတီက ရွေးကောက်ပွဲ ၀င်ရခြင်း အကြောင်းပြချက်များ

ဦးသုဝေ

PhotobucketPhotobucket

PhotobucketPhotobucket
ပေးပို့လာသူ မြတ်လေးငုံအားကျေးဇူးတင်ပါသည်......

ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူမှ တပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့် သဘောထား..

ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူမှ တပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့်...

ပေးပို့လာသူ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်....

၂၀၁၀ ရွေးကောက်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့တွင်ပြုလုပ်မည်ဟု အာဆာဟိသတင်းတွင်ဖော်ပြထား

ကာတွန်းဟန်လေး

အာဏာသိမ်းနအဖစစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လာမည့် အောက်တိုဘာ ၁၀ ရက်(တနင်္ဂနွေနေ့)တွင် ပြုလုပ်မည်ဟု ဂျပန်နိုင်ငံရှိ နာမည်ကြီးသတင်းစာ တစ်ခုဖြစ်သော အာဆာဟိ(Asahi) သတင်းစာတွင် ရေးသားဖော်ပြထားပါတယ်။ အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto)ဆိုသူက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများကို ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးမှနှုတ်ထွက်၍ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ကြမယ်လို့ဖော်ပြထားပါတယ်။ ၎င်းတို့အနေနဲ့ မဲဆွယ်ဖို့ ၆ လအချိန်ရရင် လုံလောက်တယ်လို့ယူဆထားကြောင်းလည်း ရေးသားထားပါတယ်။

တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အောက်လွှတ်တော်အမတ် ၄၄၀ နေရာနှင့် အထက်လွှတ်တော်အမတ် ၂၄၂ နေရာကို အတည်ပြုနိုင်ဖို့အတွက် တပြိုင်နက်တည်းလုပ်ဆောင်မှာဖြစ်ပြီး ဧပြီလအတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလိအမတ်များကို ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။ ကြံဖွံ့အသင်းမှ အဆင့်(၂)နှင့် အဆင့်(၃)ရှိသူ ထိပ်ပိုင်းခေါင်းဆောင်တို့နှစ်ဦးဟာ ပါတီထူထောင်ဖို့များပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလအတွင်းမှာ အတည်ပြုခဲ့တယ်ဆို့ပြောဆိုနေတဲ့ ဖွဲ့စည်းပုံအရ အထက်နှင့် အောက်လွှတ်တော်အမတ်နေရာရဲ့ ၄ ပုံ ၁ ပုံကို စစ်တပ်ကအလိုအလျောက် ရွေးချယ်ခံအပ်မှာဖြစ်ပြီး ကျန်တဲ့နေရာတွေကိုသာ ရွေးကောက်ပွဲအနိုင်ရအမတ်လောင်းများအတွက်သာဖြစ်ပါတယ်။ နအဖအနေနဲ့ မိမိတို့အာဏာတည်မြဲအောင် အဓိကကျတဲ့နေရာတော်တော်များများကနေ ဆက်လက်ချုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရဖို့အတွက် မဲဆွယ်တဲ့အနေနဲ့ ၀န်ထမ်းလစာများကို လက်ရှိရရှိနေတဲ့လစာအပြင် မြန်မာငွေ ကျပ်နှစ်သောင်း(ဂျပန်ယန်း ၁,၈၄၀)တိုးမြှင့်ဖို့လည်း စီစဉ်ထားပါသေးတယ်။ မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအ၀င် အခြားအတိုက်အခံအဖွဲ့အစည်းတချို့ကိုလည်း ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လာအောင် ဖိအားပေးဖို့များကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသံတမန်ရပ်ကွက်ကသုံးသပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဏာသိမ်းနအဖစစ်အုပ်စုအနေဖြင့် နိုင်ငံတကာစာမျက်နှာမှာ တရားမျှတတဲ့ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ NLDပါတီကိုတော့ အင်အားကျဆင်းအောင် ဖိနှိပ်မှုတွေပြုလုပ်နေမှာဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲမပြီးမချင်း နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပုံမပေါ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင်တောင် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပြုမှာမဟုတ်တဲ့အပြင် အနိုင်ရဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်သင့်မ၀င်သင့်ကိစ္စကိုလည်း ဂရုတစိုက်နဲ့ စဉ်းစားချင့်ချိန်နေဆဲပါပဲ…ဟု သတင်းထောက် ယာမာမိုတိုရဲ့ ရေးသားပေးပို့ချက်ကို ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် အာဆိဟိသတင်းမှာ ရေးပြထားပါတယ်။

မူရင်းသတင်း-
http://www.asahi.com/international/update/0107/TKY201001060449.html

ပေးပို့ပေးသူ မိုးသောက်ကြယ် အား ကျေးဇူးတင်ပါသည်။......

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ ..(ဧရာဝတီ)

ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်
အသံဖိုင် VOAသတင်းဋ္ဌာန

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။


(ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကြေငြာချက်..

2010 01 04 - NLD Independent Day Statement

မလွတ်လပ်သေးသော (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ဆန္ဒပြပွဲအခမ်းအနား (ဂျပန်နိုင်ငံတိုကျိုမြို့ နအဖစစ်အခွန်ရုံးရှေ့)