ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဓာတ်ပုံတွေ ပြောင်းဦးမလား...???

ဒီနေ့ မနက်စောစော နိုးထဖြစ်တယ်။ မနက် ၇း၀၀ နာရီခွဲလောက်ဘဲ ရှိဦးမယ်။ ရ၀တရုံးရှေ့က ဖြတ်လျှောက်တော့ ညက သတင်းတွေ နားထောင်ထားတဲ့အရှိန်နဲ့ ရုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပါတယ်။ ဆိုင်းဘုတ်ပြောင်းသွားပါပြီ။ ညကတည်းက ပြောင်းထားလိုက်တယ်လို့ ယူဆရပါတယ်။ ထို့အတူပါဘဲ။ မြို့နယ်ရုံးလည်း ဆိုင်းဘုတ်ပြောင်းထားတာ တွေ့ရပါတယ်။ “ စမ်းချောင်းမြို့နယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးရုံး ” လို့  အမည်ရ ပါတယ်။ ခရိုင်တို့ တိုင်းတို့လည်း ဆိုင်းဘုတ်တွေ ပြောင်းလိုက်ပြီ ထင်ပါတယ်။ ညနေပိုင်းက စပြီး သတင်းဌာနတွေရဲ့ အဆိုအရ “ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ” ဆိုတာ နိတ္ထိတံခဲ့ပြီလို့ သိရပါတယ်။ ရပ်ကွက်ရုံးတွေထဲမှာ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကြီးတွေကို ဒီနေ့ညအထိ တွေ့နေရ ပါသေးတယ်။ ဘယ်လိုသဘော သက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ ညွှန်ကြားချက် ရောက်မလာလို့ မဖြုတ်သေးတာ ဖြစ်နိုင်သလို တခြား အကြောင်းအရာ အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်နေ့ တွေကို စောင့်ကြည့်ရပါဦးမယ်။ ကာကွယ်ရေးဦးစီးချုပ်လည်း အသစ်ခန့် အပ်လိုက်ပါပြီ။ သမ္မတသစ်လည်း ကျမ်းကျိန်ပြီးပါပြီ။ 

ယနေ့ မှစ အရပ်သားအစိုးရ အုပ်ချုပ်ပါပြီ။ ကြိုက်မကြိုက် ခဏထား၊ ဖြစ်နေသည်ကို လက်ခံရပါမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ဓာတ်ပုံကို အာဏာပိုင် အဖွဲ့ အစည်းများရဲ့ ရုံးတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ နောက်သမ္မတတွေ အသီးသီးဖြစ်လာကြတဲ့ ဦးဘဦး၊ မန်းဝင်းမောင်တို့ရဲ့ ပုံတွေကိုလည်း ရုံးတွေမှာ တွေ့ခဲ့ရပါတယ်။ သန့်ရှင်းအစိုးရ လက်ထက် ပါလီမန်က လျာထားတဲ့သမ္မတ သမ္မတ ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ ဓာတ်ပုံကိုတော့ မြင်ခွင့်မရလိုက်ကြပါဘူး။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသွားလို့ ဖြစ်ပါတယ်။ ဒီသမ္မတတွေအားလုံး နဲ့အတူယှဉ်ပြီး အမြဲမြင်ရတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နောက်ဆုံး မဆလခေတ်အထိ ဗိုလ်ချုပ်ဘေးမှာ ဦးနေ၀င်း ရှိခဲ့ရပါတယ်။

ဒီအကြောင်းတွေကို သက်ကြီးစကား သက်ငယ်ကြားလို့ သိခွင့်ရတာပါ။ ဒီကနေ့ သမ္မတသစ်ရဲ့ ဓာတ်ပုံကို ဌာနဆိုင်ရာရုံးတွေနဲ့ အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှာ ချိတ်ဆွဲ ထားသင့်တယ်လို့ ပြောကြပါတယ်။ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကို ဆက်ပြီးထားမယ်ဆိုရင် အဓိပ္ပါယ် မရှိပါဘူး။ ပြည်သူတွေရဲ့အမြင်မှာ မေးခွန်းတွေ ထုတ်လာနိုင် ပါတယ်။

ထို့အတူပါဘဲ အရင်ပါလီမန်ခေတ်တွေကလို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ယှဉ်ပြီး အခုသမ္မတသစ်ရဲ့ပုံကို ရုံးတွေမှာ ချိတ်ဆွဲပြလိုက်ရင် ဘာတွေဘယ်လိုတုန့် ပြန်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အောင်မျိုးထွန်း

၃၀- ၃-၂၀၁၁

မြန်မာအစိုးရသစ်ဆိုပါလား.. (ရုပ်သံ)

ကျမ်းသစ္စာ ကျိန်ဆိုနေတဲ့ သမ္မတ ဆိုလားပဲ...
AFP ရုပ်သံ..
သမ္မတနှင့် ၀န်ကြီးများစာရင်း


၁။ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ
၂။ သီဟသူရတင်အောင်မြင့်ဦး ဒုသမ္မတ
၃။ ဦးစိုင်းမောဝ်ခမ်း ဒုသမ္မတ
၎။ ဗိုလ်ချုပ်လှမင်း (၀န်ကြီး) ကာကွယ်ရေးဝန်ကြီးဌာန
၅။ ဒု-ဗိုလ်ချုပ်ကြီးကိုကို (။) ပြည်ထဲရေးဝန်ကြီးဌာန
၆။ ဗိုလ်ချုပ်သိန်းဌေး (။) နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၇။ ဦးဝဏ္ဏမောင်လွင် (။) နိုင်ငံခြားရေးဝန်ကြီးဌာန
၈။ ဦးကျော်ဆန်း (။) ပြန်ကြားရေးဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
၉။ ဦးမြင့်လှိုင် (။) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၁၀။ ဦးဝင်းထွန်း (။) သစ်တောရေးရာဝန်ကြီးဌာန
၁၁။ ဦးလှထွန်း (။) ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာန
၁၂။ ဦးခင်မောင်မြင့် (။) ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။ ဦးတင်နိုင်သိန်း (။) အမျိုးသားစီမံကိန်းနှင့်စီးပွါးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
၁၄။ ဦးဝင်းမြင့် (။) စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၅။ ဦးသိန်းထွန်း (။) ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
၁၆။ ဦးအောင်ကြည် (။) အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၇။ ဦးသိန်းထိုက် (။) သတ္ထုတွင်းဝန်ကြီးဌာန
၁၈။ ဦးအုန်းမြင့် (။) သမ၀ါယမ၀န်ကြီးဌာန
၁၉။ ဦးဥာဏ်ထွန်းအောင် (။) ပို့ဆောင်ရေးဝန်ကြီးဌာန
၂၀။ ဦးတင့်ဆန်း (။) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အားကစားဝန်ကြီးဌာန
၂၁။ ဦးကျော်စွာခိုင် (။) အမှတ်(၁)စက်မှုဝန်ကြီးဌာန
၂၂။ ဦးစိုးသိန်း (။) အမှတ်(၂)စက်မှုဝန်ကြီးဌာန
၂၃။ ဦးအောင်မင်း (။) ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၄။ ဦးသန်းဌေး (။) စွမ်းအင်ဝန်ကြီးဌာန
၂၅။ ဦးဇော်မင်း (။) အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၆။ ဦးခင်မောင်စိုး (။) အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၇။ ဒေါက်တာမြအေး (။) ပညာရေးဝန်ကြီးဌာန
၂၈။ ဒေါက်တာဖေသက်ခင် (။) ကျန်းမာရေးဝန်ကြီးဌာန
၂၉။ သူရဦးမြင့်မောင် (။) သာသနာရေးဝန်ကြီးဌာန
၃၀။ ဦးအေးမြင့် (။) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
၃၁။ ဦးခင်ရီ (။) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၃၂။ ဦးသိန်းညွန့် (။) သမ္မတရုံးဝန်ကြီးဌာန
၃၃။ ဦးစိုးမောင် (။) သမ္မတရုံးဝန်ကြီးဌာန
၃၄။ ဒေါက်တာထွန်းရှင် (ပြည်ထောင်စုရှေ့နေချုပ်) ပြည်ထောင်စုရှေ့နေချုပ်ရုံး
ညွှန်ကြားရေးမှုးချုပ် (အစိုးရရှေ့နေချုပ်ရုံး)

ဒုဝန်ကြီး (၃၉) ဦး
(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)
(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)
(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)
(၈) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၁ဝ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)
(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီး ဌာန)
(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)
(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)
(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)
(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)
(၁၈) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)
(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂ဝ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)
(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)
(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)
(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂၄) ဦးသန့်ရှင်း (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)
(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)
(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)
(၂၈) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)
(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)
(၃ဝ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)
(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)
(၃၂) ဒေါ်စန္ဒာခင်(ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)
(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)
(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)
(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)
(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)
(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)
(၃၈) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)
(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)

အစိုးရသစ်အမည်အား လာမည့် ဧပြီလ ၂ ရက်နေ့၌ ရုံးဖွင့်ပွဲနဲ့ အတူ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါတယ်...။
 ယခင် ရ.ယ.ကမှ ယခု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဆိုပြီး ဂွင်အသစ်အတွက် ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်လိုက်ပါပြီ.. မြန်မာပြည်မှာ ဆိုင်းဘုတ်ပြောင်းတာနဲ့ အားလုံးဖြစ်ပါတယ်..။
အားလုံးသိပြီးတဲ့ အတိုင်းပါပဲ ဒီပုတ်ထဲက ဒီပဲတွေပါပဲ.. ကုလားကြီးကနေ အရာကြီးပေါ့ဗျာ..
ချိတ်ထမီဝတ်တဲ့ တပ်ချုပ်ကြီးနဲ့အဖွဲ့မှ ချိတ်ထမီဝတ်တဲ့ ဖြတ်ချုပ်ကြီးနဲ့ အဖွဲ့ပေါ့ဗျာ.. ပါးပါးလေးပါ..။ ဒါပါပဲ....

ဒီမိုဝေယံ

NTDTV သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ တနင်္ဂနွေနေ့က တာလေမြို့ကို အကူအညီတွေ စတင်ရောက်ရှိတဲ့ အကြောင်း (ရုပ်သံ၊ ဓာတ်ပုံ)

သြော် ကယ်ဆယ်ရေးတွေ ...... ရှင်းလင်းပေးနေလိုက်ကြတာ...
ပျက်ဆီးပြိုကျသွားတဲ့ ဘုန်းကြီးကျောင်းတစ်ခု..
ယာယီ ကယ်ဆယ်ရေး စခန်းတစ်ခု... (ဓာတ်ပုံများ Getty Images)

NTDTV သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ သတင်းရုပ်သံ.. ဒေါင်းလုပ် လုပ်ချင်ရင်.. http://www.mediafire.com/?pn0be4r1shrk12y

နတ်မောက်ကို ကျေးဇူးဆပ်ခြင်း..


နတ်မောက်ကို ကျေးဇူးဆပ်ခြင်း
၂၀၁၀ ခုနှစ် ဧပြီလတွင်း ပူပြင်းလှသော ရာသီဥတုဒဏ်ကြောင့် သောက်သုံးရေ ရှားပါး မှုများ မြန်မာပြည်အနှံ အများပြည်သူတို့ ခံစားခဲ့ကြရ၍ ပြည်တွင်း/ပမှ ပြည်သူလူထုတို့သည် လူသားချင်း စာနာစိတ်မွေးဖွား ပေါ်ပေါက်လာကာ ဒုက္ခသည်များ နေထိုင်ရာအရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တဆင့်ရေတွင်း၊ ရေကန်၊ အ၀ီစိတွင်းများ တူးဖော်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထိုသို့ ရေဒုက္ခသည် အရပ်ဒေသများသို့ ရေတူးဖော်မှု၊ အုတ်ကန် တည်ဆောက်ပေးမှု၊ ရေစုပ်စက်များ လှူဒါန်းမှုတို့ကို ယခု ၂၀၁၁ ခုနှစ် ဧပြီလအထိ လုပ်ဆောင် လှူဒါန်းပေးနေရဆဲ ဖြစ်သည်။

၁၄.၁၂.၂၀၁၀ ရက်နေ့တွင် မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာ ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ရေတူးဖော်မှု၊ အုတ်ရေကန် တည်ဆောက်ပေးမှုများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်ပေးခဲ့သည်။ နတ်မောက် ဒေသတွင် အများပြည်သူတို့သည် ယခင်က ရေသုံးစွဲမှုအတွက် လက်ယက်တွင်းများနှင့် ပူပြင်း လှသော သဲချောင်းအတွင်းမှ ခတ်ယူသုံးစွဲ ခဲ့ကြရသည်။ နတ်မောက်မြို့နယ် ဇာတိဖြစ်သော ဦးနိုင်ဝင်း၊ ဦးစိုးလှိုင်တို့၏ ကမ်းလှမ်းချက်ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့မှ ကိုညီညီအောင်ဦးစီး၍ သွားရောက်လေ့လာကာ တူးဖော်မှု လုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့သည် ပြည်မြို့၊ ရွှေတောင် မြို့နယ်၊ ပေါက်ခေါင်းမြို့တို့တွင် ရေတူးဖော်မှုလုပ်ငန်းများအား နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ကူညီမှုများပေးဆပ်ခဲ့သော လူငယ်လူမှုရေးသမားနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် လင်းကတိုးရွာ အိမ်ခြေ (၃၈၀)၊ ဂွေးချိုရွာ အိမ်ခြေ (၃၀၀) ကျော်၊ ထနောင်းလှရွာ အိမ်ခြေ (၂၀၀) ကျော်၊ ကျောက်ပုံရွာ အိမ်ခြေ (၂၆၀) ကျော်တို့ သောက်သုံးရေ ရရှိရန်အတွက် အ၀ီစိတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက်များအား လှူဒါန်း အကောင်အထည် ဖော်ပေးပြီးဖြစ်ပါသည်။ ယင်းလှူဒါန်းပွဲအား ၂၀.၃.၂၀၁၁ တွင် မြို့နယ်သံဃာတော်/ ဆရာတော်များနှင့် ဒေသခံရွာသူ/သားများရှေ့တွင် ရေစက်သွန်းချ လှူဒါန်းအပ်နှံပွဲ ကျင်းပ ခဲ့ပါသည်။ ကုန်ကျငွေစုစုပေါင်း (၁၁၃) သိန်းကျပ်အား “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု့ နာရေးကူညီမှုအသင်း(ရန်ကုန်)” ဟူ၍ ကဗ္ဗည်းတင်ထားရှိခဲ့သည်။ ထို့ပြင် နတ်မောက် မြို့နယ် ဂွေးချိုကျေးရွာ(ပင်း)ရှိ အများပြည်သူ မျိုးဆက်သစ် လူငယ်တို့အတွက် ဖွင့်လှစ်ထားသော “တက်နေ၀န်း” စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအလင်း” စာကြည့်တိုက်မှ စာအုပ်စာပေ၊ စာစောင်များကိုလည်း လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ နတ်မောက်မြို့နယ်အတွင်းရှိ တောင်ဦးကျေးရွာ အိမ်ခြေ (၄၀၀) ကျော်၊ ကျောင်းကုန်းကျေးရွာ အိမ်ခြေ (၁၂၀) ကျော်တို့တွင် ရေတူးဖော်မှုအလှူဒါနအား ဆောင်ရွက် လျှက်ရှိသည်။
ထိုကဲ့သို့ ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် မြန်မာပြည်သူလူထုတို့အတွက် လွတ်လပ်ရေး ကို စွမ်းဆောင်ပေးခဲ့သော မြန်မာပြည်သူလူထုတို့၏ ကျေးဇူးရှင် ဗိုလ်ချုပ် အောင်ဆန်း၏ ကျေးဇူးတရားများအား မိမိတို့ တတ်နိုင်သည့်ဘက်မှ မိမိတို့ စွမ်းဆောင်နိုင် သလောက် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ကျေးဇူးအား အများပြည်သူ (ပြည်တွင်း/ ပ)မှ ကောင်းမှု(သို့)ကျေးဇူးဆပ်ခြင်း၊ ပေးဆပ်ခြင်းပင် ဖြစ်တော့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား.. တပ်ချုပ်ကြီးခင်ဗျား..

တပ်မတော်နေ့ ညစာစားပွဲတဲ့ဗျာ... တခြားနှစ်တွေမှာ လုပ်တာ ပြသနာမရှိပါ.. လုပ်ကြပါ.. ဘာမှမပြောလိုပေမယ့် .. စားနိုင်သောက်နိုင်သူတွေကို  နေပြည်တော်ဆိုတဲ့ အရပ်မှာ ဝတ်ကောင်းစားလှ... စားကောင်းသောက်ဖွယ် တွေနဲ့ ပြုံးပျော် ဧည့်ခံ ကျွေးမွေးနေချိန်မှာတော့ တာလေနဲ့ ငလျင်ဒဏ်ခံနေရတဲ့ အရပ်တွေမှာ ရှိနေကြတဲ့ စားရမယ့် သောက်ရမယ့် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကတော့ ..
 စေတနာရှင်တွေ လာရောက် ဝေငှတဲ့ စားစရာ၊ ရိက္ခာလေးတွေကို ကိုရင်ငယ်လေးတွေက အစ အလုအယက်ပေါ့..
အပူရုပ်ကို ဟန်မလုပ်နိုင်တော့တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျက်ရည်တွေကတော့ ဆုံးရှုံးမှုတွေ သောကတွေနဲ့လေ.။ ပြည်သူတွေ အပေါ်မေတ္တာထားရင်၊ ကိုယ်ချင်းစာစိတ်ရှိရင် အာဏာရှင်ကြီးအတွက် သွားချင်ရင် အနီးကလေးပေါ့...။ တိုင်းသူပြည်သား တွေကို ဝမ်းနည်းကြောင်းနဲ့ အားပေးစကားတောင် လာရောက် မပြောနိုင်တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူပါ...
ပြုံးပျော် မူးမော် မျက်နှာလို မျက်နှာရ လက်အုပ်ချီတဲ့ သူကချီ .. ပြောင်ပြောင် ရောင်ရောင် အဝတ်အစားတွေနဲ့ နေရာလေးရရေး၊ ရာထူးလေးတိုးရေး၊ လုပ်ပိုင်ခွင့်လေးများ မစရေးအတွက် အကျိုးမြော်ကိုး လက်အုပ်ချီ နေကြတဲ့ အချိန်မှာ...
 ငလျင်ဒဏ်ခံရတဲ့ ဒေသက ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုးကွယ်ရာ အစစ်ကိုသာ အားကိုးအားထားရင်း သေဆုံးသူတွေ ဘဝကူးကောင်းအောင် ဆုတောင်းမေတ္တာ ပို့သနေရတယ်လေ။
 အခုအချိန်မှာ လိုအပ်နေတာကတော့ နေဖို့ထက် စားဖို့က အရေးကြီးနေပြီပေါ့..
 ဒုက္ခရောက်နေတဲ့ အချိန်မှာ သခင်အပါးက တဖဝါးမှ မခွါပဲ သစ္စာရှိတဲ့ အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား.. တပ်ချုပ်ကြီးခင်ဗျား..
(ဓာတ်ပုံများ AP,Getty Images, Reuters)

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်အေးကြွယ်အား လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက်ဂါရဝပြု (ဓာတ်ပုံ)

၂၇ရက်နေ့ နေ့လည်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက်၊ ကေတုမာလာအိမ်ယာတွင် နေထိုင်တဲ့ ၂၀၁၀ခုနှစ် မေလ (၂၀)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဘဘသခင်စိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်အေးကြွယ်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ဂါရဝပြု ကန်တော့ခဲ့ပါတယ်.။

ဓာတ်ပုံများအတွက် ပေးပို့လာတဲ့ ညီမငယ်အား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ၏ ကိုယ်ရေးအကျဉ်း

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ် တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့ အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်သည်။

ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။  (ကိုယ်ရေးအကျဉ်း ဘီဘီစီ)

မိုးလေ၀သမှန်မှန်ဟော တောက်တဲ့ကိုလူချော....

ဆရာဦးထွန်းလွင်
ရန်ကုန်မြို့က ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွေကို မသွားဖြစ်တာ ကြာပါပြီ။ ဆရာဦးထွန်းလွင်ရဲ့ မိုးလေ၀သကိစ္စကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ သဘာဝ ဘေးအန္တာရယ်ဆိုတာ ဖြစ်ခဲပါတယ်။ ပက်ပင်းတိုးခဲ့ရင်လည်း ရှောင်ဖို့သိပ်မလွယ်လှဘဲ လည်စင်းခံကြရုံဘဲလို့ တွေးယူထားလို့ပါ။ ဒါပေမယ့် တာချီလိတ်မှာ ငလျင်လှုပ်၊ မတ်လလယ်ကြီး ထူးထူးခြားခြား အေးလိုအေး၊ 

ဂျပန်က ဆူနာမီကို မျက်ဝါးထင်ထင်မြင်ရ၊ ဂီရိမုန်တိုင်းကြီး ရခိုင်ကို ၀င်မွှေနဲ့ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ဆီမှာ သဘာဝကပ်ဆိုးကြီးတွေ ဘာကြောင့် ခပ်စိပ်စိပ် ဖြစ်လာရသလဲဆိုတာ မစဉ်းစားလို့ မနေနိုင်အောင် ဖြစ်လာရပါတယ်။ ဆရာ့ကို ဒီဘက်နောက်ပိုင်းမှာ ပိုလက်ခံ လူကြိုက်များလာကြပါတယ်။ ၀န်ထမ်းဘ၀က ကင်းဝေးသွားတာရယ်၊ နိုင်ငံခြားမီဒီယာတွေက မေးရင် ကိုယ်ယုံကြည်တာကို ရဲရဲတင်းတင်း ပြန်ဖြေခဲ့တာတွေက ဆရာ့ကို အရောင်လက်စေခဲ့ပါတယ်။ ဆရာ့ရဲ့ကိုယ်ပိုင် ၀က်ဆိုဒ်တစ်ခုကို လွှင့်တင်နိုင်ခဲ့ခြင်း ကလည်း အဓိကနေရာက ပါပါလိမ့်မယ်။

ဟောပြောပွဲကို ၂၆- ၃-၂၀၁၁ နေ့ ၊ နေ့ လယ် ၂း၀၀ နာရီမှာ အနောက်ကြို့ ကုန်းမှာရှိတဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှာ လုပ်ပါတယ်။ ပရိသတ် ၄၀၀ နီးပါး တက်ရောက်ကြပြီး အဲဒီခန်းမရဲ့ တက်ရောက်သူ စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ သဘာဝဘေးအန္တရယ်ကို လူတွေ ပိုဂရုပြုမိလာတာ၊ စိတ်ပါဝင်စားလာတာ ကောင်းတဲ့လက္ခဏာတစ်ရပ်လို့ မြင်ပါတယ်။ တက်ရောက် နားထောင်သူတွေကို ဆရာ့ရဲ့“ မုန်တိုင်းအကြောင်း သိကောင်းစရာ” စာအုပ်လေး ဝေငှပါတယ်။ ဒါလည်း သိပ်ကောင်းတဲ့ အစီအစဉ်လေးပါ။
 နောက် ပန်းဖလက် တစ်ရွက်ကို ဆရာ့စာအုပ်လေး ကြားထဲ ထည့်ပြီး ပေးလိုက်ပါသေးတယ်။ “ မြန်မာနိုင်ငံ အသွင်ကူးပြောင်း ရေး မှန်းဆချက်များ ” ဆိုတဲ့ The Voice Weekly Issue ( 7-15 ) ရဲ့ (ပေါ်လစီ) နိုင်ငံရေး ဆောင်းပါးတစ်ပုဒ်ပါ။ ကျွန်တော်တို့ စိတ်ပျက်သွားပါတယ်။ ပြီးတော့ ၀မ်းနည်းမိပါတယ်။ ဒါမျိုး မလုပ်ကောင်းပါဘူး။ မလုပ်သင့်ပါဘူး။ ဟောပြောပွဲကို လာတဲ့သူတွေဟာ ဆရာဦးထွန်းလွင်ရဲ့ ကမ္ဘာ့ ရာသီဥတုပြောင်းလဲ လာခြင်းနဲ့ နောက်ဆက်တွဲ အကျိုးအပြစ်တွေ အကြောင်း လာနားထောင်ကြတာပါ။ ဒီထဲမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ ပါချင်ပါမယ်၊ မပါချင် မပါဘူး။ နိုင်ငံရေး စိတ်ဝင်စားသူဆိုရင်လည်း ခံယူချက် အမျိုးမျိုးရှိပါဦးမယ်။ စစ်တပ်က စပွန်စာလုပ်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ခေါင်းညိမ့်သူ ရှိသလို၊ မနှစ်မြို့ သူတွေလည်း ရှိမှာပါ။

ဟိုးတုန်းက မဆလပါတီခေတ်က အချိုးမျိုးပါ။ သမ၀ါယမတွေက လူတွေသိပ်လိုချင်တဲ့ပစ္စည်းနဲ့ ရောင်းမစွံတဲ့ပစ္စည်းကို တွဲထုတ်ပေးတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါမျိုး နားလှည့်ပါးရိုက်တာမျိုးတွေကို မလုပ်သင့်တော့ပါဘူး။ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ စေတနာဟာ မစင်ကြယ်တော့သလို ဖြစ်ရပါတယ်။ ဆရာဦးထွန်းလွင်လည်း ကြံရာပါလို ဖြစ်ခဲ့ရပါတယ်။ စင်ပေါ်တက်ပြီး ဟောကြပြောကြမယ့် ပညာရှင်တွေ အနေနဲ့လည်း နောက်ဆိုရင် ငါ့ဟောပြောပွဲမှာ ဘာတွေဝေဦးမှာလဲလို့ အရင် တီးခေါက်ကြည့် ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် တားမြစ်စေချင်ပါတယ်။ ဝေချင်သပဆိုရင် အနီးဆုံးဖြစ်တဲ့ ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်မှာ သွားဝေရင် ပိုပြီး အရာရောက်ပါလိမ့်မယ်။ ဘယ်လိုနိုင်ငံရေး အယူအဆစာရွက်တွေဖြစ်ဖြစ် ပညာရှင်များ ဟောပြောပွဲနဲ့ မအပ်စပ်ဘူးဆိုတာ ကျွန်တော့် ဆိုလိုရင်းဘဲဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ပညာတတ်တွေ များတဲ့အပြင် လူလတ်တန်းစားတွေ များတဲ့အတွက် ယဉ်ကျေးမှုအဆင့် မင့် ကြပါတယ်။ အောက်ကြေး နိုင်ငံရေးအလုပ်ကို ရွံမုန်းကြပါတယ်။ ဒါလေးတစ်ခုက လွဲရင် ကျန်တာ အလွန်ကောင်းတဲ့ ဟောပြောပွဲဖြစ်ခဲ့ပါတယ်။

“ ဒီနေ့ ကျွန်တော်တို့ ပခုံးပေါ်မှာ ကျ နေတဲ့ ၀န်ထုပ်ဝန်ပိုးဟာ Climate Change ပါဘဲ ”
“ဒီအတိုင်း ဆက်သွားနေရင် လာမယ့် ၂၀၉၀မှာ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ ထိတ်လန့်စရာ ကောင်းလောက်အောင် ပိုများလာမယ် ”
“ လွန်ရောကျွံရော သက္ကရဇ် ၂၁၀၀ ရဲ့ ဟိုဘက်ကို ကျွန်တော်တို့ မရောက်နိုင်တော့ဘူး ”
“ ပူတဲ့နေ့ တွေ တိုးနေတယ်၊ မအေးတဲ့ညတွေ များလာတယ် ”
“ ကမ္ဘာကြီး အပူချိန်တိုးအောင် လုပ်နေတဲ့ လက်သည်တရားခံ ဘယ်သူလဲ ”
စတာတွေနဲ့ ပတ်သက်ပြီး ဆရာဦးထွန်းလွင် ဟောပြောသွားတာ နားထောင်လို့ ကောင်းလှသလို ဗဟုသုတတွေလည်း တနင့်တပိုးကြီး ရခဲ့ပါတယ်။ ပညာရပ်ဆိုင်ရာအသုံးအနှုန်းတွေကို သာမန် လူနားလည်အောင် ရှင်းလင်းပြောဆိုသွားနိုင်ခဲ့တာ ဆရာ့ရဲ့ အရည်အချင်း ဖြစ်တဲ့အပြင် ပုံတိုပတ်စလေးတွေ၊ ရယ်မောစရာလေးတွေ ကြားညှပ်ပြီး ငြီးငွေ့မသွားအောင် ပရိသတ်ကို ဆွဲဆောင် သွားနိုင်ခဲ့ပါတယ်။

“ မိုးလေ၀သဦးထွန်းလွင်ဆိုတာ မြန်မာပြည်မှာ ရှိတယ် ” လို့  ကျွန်တော်တို့ အသိအမှတ်ပြုလိုက်ပါတယ်။ ဟောပြောပွဲအပြီး အပြန် ဘတ်စ်ကားပေါ်မှာ ကလေးဘ၀ ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့တဲ့ ကဗျာစလေးကို စိတ်ထဲက ညဉ်းပြီး အိမ်ပြန်ခဲ့ပါတယ်။

ယုန်ကလေးက နားရွက်ထောင် ပညာရှိဟန်ဆောင်...
ကြောင်ကလေးက လက်သည်းဖွက် ချောင်းလိုက်ရတဲ့ ကြွက်...
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ ဘုရင်ကြီးလိုနေ...
မိုးလေ၀သမှန်မှန်ဟော တောက်တဲ့ကိုလူချော...

အောင်မျိုးထွန်း
၂၇-၃-၂၀၁၁

ငလျင်ဒဏ်ခံရတဲ့ မိုင်းလင်း၊ တာလေဒေသမှ မြင်ကွင်းများ...

မိုင်းလင်းမှ ပျက်စီးသွားတဲ့ စေတီတော် တစ်ဆူ...
မိုင်းလင်း၌ ဆေးတပ်သားတစ်ဦး မှဆေးစစ်ပေးနေစဉ်...

တာလေမြို့မှ ငလျင်ဒဏ်ခံရတဲ့ ဒုက္ခသည် ပြည်သူများ..

တာလေဒုက္ခသည် စခန်းမှ ..
ဂျပန်အကူ ပစ္စည်းများ ရောက်ရှိလာစဉ်.. (ဓာတ်ပုံများ Getty Images& Reuters)

သတင်းဓာတ်ပုံများအား အမှန်ကို အမှန်အတိုင်း အရှိအရှိအတိုင်း ဆက်လက် တင်ပြပေးပါမယ်...။ စကားပုံထဲကလို " ဆယ်ဆင်ကောင်လောက် ဖမ်းခဲ့ပေးတဲ့ အတွက် မြင်းတစ်ကောင်လောက် လွတ်သွားတာ ကိုတော့ အပြစ်မပြော၊ အဆိုးမဆို" နားလည် ခွင့်လွှတ်ပေးနိုင်ပေမယ့်..။ ကြက်တစ်ကောင်လောက် ဖမ်းပြပြီး ဆင်ဆယ်ကောင်ဘိုးလောက် ကျေးဇူးတင်ခံချင်ရင်တော့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ပြည်သူလူထုဘက်မှ ရပ်တည်ပြီး သတင်းများအား ဆက်လက်ရေးသား ဖော်ပြမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်..။

ဒီမိုဝေယံ

ယနေ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား (ကြေငြာချက်၊ ဓာတ်ပုံ၊ သတင်း)

ယနေ့နံနက်(၁၁)နာရီ အချိန်၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ (၆၆)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်မှCEC အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်များနှင့် သံတမန်ရေးရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ ကြပါသည်။ အခမ်းအနားကျင်းပရာ၌ သာဘာပတိအဖြစ် (ဒု)ဥက္ကဌဦးတင်ဦးမှ ဆောင်ရွက်ပြီး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်အပေါ်၌ ယနေ့အချိန်အထိ ချစ်ခင်မြတ်နိုးဆဲပင် ဖြစ်ကြောင်း၊ ယခုတက်ရောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့်လည်း အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ပြောဆိုလိုပါကြောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်သောဥက္ကဌဦးတင်ဦးမှ တချိန်တခါက မိမိသည်လည်း တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ကြောင်း၊ တပ်မတော်ကို ယနေ့ထက်တိုင် သံယောဇဉ် ရှိနေသေးကြောင်း၊ မိမိတို့နှင့် လက်ရှိစစ်အစိုးရ တို့တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးကို နွေေးထွးစွာ ဖိတ်ခေါ်ကြိုဆိုပါကြောင်း အသီးသီး ပြောဆိုသွားခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂း၁၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အဖွဲ့ချုပ်ပါတီဝင်များအား အဖွဲ့ချုပ်လူငယ်များမှ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပြီး၊ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ထောင်းကြော် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ ... ဒီမိုဝေယံ
(၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့