ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် (မေခမြစ်အတွင်းမှ ရုရှားကမ္ဘာလှည့် ခရီးသည်တွေရဲ့ Whitewater Rafting Adventure (ရုပ်သံ) အပိုင်း ၄,၅,၆...

မေခမြစ်အတွင်း Whitewater Rafting မြင်ကွင်းတစ်ခု..
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)

ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်.... (ဆောင်းပါးရှင် အောင်မျိုးထွန်း)

အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်း နေအိမ်အကျယ်ချုပ်က ဒေါ်စု လွတ်လာပြီးတဲ့နောက်ပိုင်း သူ့ကို ဖမ်းဆီးရတဲ့ “ ဒီပဲယင်းလုပ်ကြံမှုကြီး ” နဲ့ ပတ်သက်လို့ အာစေးမိနေတဲ့ အကြောင်းပါ။ အရင်စိတ်မျိုးနဲ့ဆို ဒီကိစ္စအပေါ် ဒေါ်စု အနေနဲ့ စစ်အစိုးရကို အပြတ်ချဲပြီးသား။ ခံရတဲ့သူတွေ ထောင်ထဲရောက်၊ ကျူးလွန်တဲ့ တရားခံတွေ လွတ်မြောက်နေကြတဲ့ ကောသလအိပ်မက်လို ပြောင်းတိပြောင်းပြန် ဖြစ်ရပ်မျိုးဟာ နိုင်ငံရေးသမားတွေအတွက် အန်ပေါင်းတွေ၊ ဘောနတ်တွေ မဟုတ်လား။ ဝှေ့ယမ်းချင်စရာ နိုင်ငံရေးအလံတွေ မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ပထမဆုံးမှတ်ချက်ကို ဧပြီလ နောက်ဆုံးပတ်မှာ RFA ရေဒီယိုအသံလွှင့်ဌာနကို ဒေါ်စုက ဟောဒီလို ပြောလိုက်ပါတယ်။
အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကို အတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ကြိုးစားနေတဲ့ အထဲကနေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်

အားလုံးလည်း သိကြပါတယ်။ မတရားခံခဲ့ကြရတဲ့သူတွေရဲ့ အသံကို ထိုက်သင့်သလောက် ကြားပြီးပါပြီ။ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဒေါ်စုအနေနဲ့ မဟချင်၊ ပြန်မစချင်တာ သူ့ မှာ အခွင့်အရေးရှိပါတယ်။

“ ဒေါ်စု.. ဒီကိစ္စကို သံချောင်းပြန်ခေါက်ပါ ” လို့ ဖိအားသွားပေးလို့ မဖြစ်ပါဘူး။ သူ့ အတွေး၊ သူ့ ဖီလင်နဲ့ သူ နိုင်ငံရေးလုပ်နေတာပါ။ လွတ်လပ်မှုပေးရပါလိမ့်မယ်။ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ သူ့အနေအထားကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ တချို့သတင်းတွေအရ အာဏာပိုင်တွေဘက်က ဒေါ်စုကို ဘယ်လိုလမ်းကြောင်းမှာ ရှိစေချင်သလဲဆိုတာ အခုထိ သဲသဲကွဲကွဲ မသိရသေးတာ အဓိက မေးခွန်းဖြစ်နေပါတယ်။ လုပ်ရတာ ခေါင်းစားနေကြတယ်။

နိုင်ငံရေးမှာ အခြားတစ်ဘက်က ဘယ်လိုစဉ်းစားနေသလဲ...လို့ပိုင်းဖြတ်တတ်ဖို့ လိုပါဦးမယ်။ အများအားဖြင့် တစ်ဘက်တည်းတွေး၊ တခြမ်းတည်း လုပ်ကြရင်ဖြင့် လိုချင်တာရဖို့ ဝေးနေပါဦးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြားဘက်က ကိုယ်တွေဘက်ကို တစ်ဆံခြည်မျှတောင် အလွတ်မပေးဘူးဆိုတာ ပြည်တွင်းက နိုင်ငံရေးသမားတွေ သဘောပေါက်ပြီးသားနေမှာပါ။ သတင်းတွေကို များများ ရဖို့၊  ထောင့်မျိုးစုံက ရဖို့ သိပ်အရေးကြီးလှပါတယ်။ နိုင်ငံရေးသွေးကြောလို့တောင် သမုတ်နိုင်ပါတယ်။ သတင်း အတိုအစလေးတွေကို လေဖမ်းဒန်းစီးပြီး ချီတက်ကြရင်တော့ တခွိခွိ ရယ် နေကြမယ့်သူတွေ အမှန်တကယ်ရှိနေပါတယ်။ ဖဲသမားစကားနဲ့ ပြောရရင် တစ်ဘက်က အပ်ပန်တွေ၊ ကာလာတွေ၊ လေးလုံးဆင်တွေ၊ ဟောက်ဆင်တွေနဲ့ အပေါ်စီးက “ ရှိုး ” နေတာကို ကိုးပူး နှစ်ပယ်နဲ့ ကိုယ်တွေက ချွေးပျံနေရတဲ့ ပစ္စခတ်ပါ။

ဒီပဲယင်းဟာ ကြိုတင်လုပ်ကြံမှုပါ။ ဘယ်အချိန်မှာ ရိုက်မယ်၊ ဘယ်သူ့ကို ဘယ်လောက်ဆိုတာက အစ စံရွေးကိုက် ချိန်ညှိထားပြီးသားလို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ ဇာတ်တိုက်ထားပါစေ၊ တကယ် ဆော်ကြနှက်ကြတော့ စီမံထားတာအားလုံး ကွက်တိ ဖြစ်မလာဘဲ လွဲချော်ကုန်ပါတယ်။ ဒေါ်စုနဲ့ ဦးတင်ဦးကို ခြောက်လှန့်ရုံအဆင့် သတ်မှတ်ထားပေမယ့် ကွင်းထဲရောက်နေကြတဲ့သူ တချို့က “ စပိ ”တွေ လွန်ကုန်ကြပါတယ်။ ဒေါ်စုကားကိုပါ ၀ိုင်း သမ ကြမယ့်အခြေအနေကို ရောက်တော့ စီစဉ်တဲ့သူတွေ အချင်းချင်းဘဲ ခက်ခက်ခဲခဲ ထိန်းယူလိုက်ရတယ်လို့ ကြားဖူးပါတယ်။ အနီးကပ် ကြီးကြပ်ရသူ တချို့တောင် နယ်ပြောင်း ဘာပြောင်းတွေ ဖြစ်ကုန်ပါတယ်။

ကြားရတဲ့သတင်းက လုံးဝအမှန်ပါလို့ အပိုင်မပြောပါဘူး။ ဒါကို ထည့်စဉ်းစားပြီး ကိုယ်တွေ ရှေ့ဆက်လုပ်မယ့် မြန်မာ့ဒီမိုကရေစီရေးမှာ အကျိုးရှိစေချင်လို့  အောင်မြင်စေချင်လို့ပါ။ တစ်ဘက်က ဘာလုပ်လုပ် စီမံချက်ချပြီး လုပ်သလိုမျိုး ဒီမိုကရေစီဘက်တော်သားတွေဘက်ကလည်း မှန်ကန်တဲ့အချက် အလက်တွေပေါ် ခြုံငုံသုံးသပ်ပြီး ကျကျနန တိုက်ပွဲဝင်ကြဖို့ ပါ။

NLD ဆိုတာ အခုအချိန်မှာ ရပ်ကွက်ထဲ နှစ်လုံးသုံးလုံး ရောင်းတဲ့သူ လူမျိုးပေါ့ဗျာ။ သူဖမ်းချင်ရင် အချိန်မရွေး ကောက်ဖမ်းလို့ ရတယ်...

ဒီစကား ဘယ်သူပြောလဲဆိုတာ သိရင် ချာချာလည်သွားကြပါဦးမယ်။ ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်။

အောင်မျိုးထွန်း
၂၉- ၄- ၂၀၁၁

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် (မေခမြစ်အတွင်းမှ ရုရှားကမ္ဘာလှည့် ခရီးသည်တွေရဲ့ Whitewater Rafting Adventure ခရီးမြင်ကွင်း ရုပ်သံ)

အပိုင်း(၁)
မေခမြစ်အတွင်းမှ Whitewater Rafting စွန့်စားခန်း မြင်ကွင်းတစ်ခု..
အပိုင်း(၂)
အပိုင်း(၃)
အမိမြန်မာပြည်ရဲ့ သဘာဝအလှတရားတွေနဲ့ တစ်ချိန် ကောင်းမွန်ခိုင်မာတဲ့ စံနစ်တစ်ခုအောက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတဲ့ အခါမှာ Adventure ခရီးသွားလုပ်ငန်းတွေ အတွက် အများကြီး အကျိုးရှိစေမယ့် ဒေသက မြင်ကွင်းတွေပါပဲ..။

၂၀၁၁ခုနှစ် ရုရှားမှာ ပြုလုပ်တဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲမှ တိုင်းရင်းသားရိုးရာ သရုပ်ပြပွဲ (ဓာတ်ပုံ)

ဓာတ်ပုံများအတွက် ကျေးဇူးတင်ပါသည်...။ 
ပြီးခဲ့တဲ့ နှစ်က ရုရှားက ပြည်ထောင်စုပွဲ ဓာတ်ပုံများ ပြန်ကြည့်ချင်ရင်...

ခြင်နှိမ်နင်းရေး ဆောင်းပါး (ဒေါက်တာလှိုင်မြင့်)


မြန်မာနိင်ငံမှာ မိုးတွင်း တရာသီရောက်လာပြီမို့  ခြင်တွေပွားများလာမှာက အသေအချာပါ။ ဂျာနယ်တွေမှာ ခြင်ဆးခွေတွေ ကြေငြာတွေကြည့်ရင် သိသာနေပါပြီ။ တကယ်တော့ ခြင်ဆေးခွေဆိုတာ.. နိုင်ငံတော်အတွက်လဲ ငွေယိုပေါက်ကြိးတခု.. မိသားစုတခု အတွက်လဲ ငွေကုန်ပေါက်အပြင်.... ဒီဆေးခွေတွေကြောင့်... မီးဘေးအန္တရာယ် .. ကျန်းမားရေး ဆိုးကျိုးတွေ ပြသနာတွေကလဲ မသေးလှပါဘူး ။ ဒါကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။

ဒီဆောင်းပါးထဲမှာပါတဲ့အချက်လေးတွေကို.. သိပံ္ပပညာရှင်တွေ မသိသေးတာလေးတွေလည်း ပါနေပါတယ်။ မယုံနိင်သူတွေကိုလဲ လက်တွ့ စမ်းကြည့်ပြီးမှ (စမ်းရတာလဲအလွန်လွယ်လို့ပါ) ပိုကောင်းတဲ့ အချက်လေးတွေ ကျနော်တို့ မသိတာလေးတွေလည်း အများကြီး ရှိပါသေးတယ်။ ကျနော် က စနစ်တကျ လေ့လာထားတာ မဟုတ်ဘဲ ကိုယ်တွေ့မိ ကြုံမိတာလေးတွေ ရေးထားရတာလေးဘဲ ရှိပါတယ်  မပြည့်စုံနိုင်ပါ။  အားလုံး ကိုယ်စီ လေ့လာကြမယ်ဆိုရင်.. ကျနော်တို့ မသိတာလေးတွေ ပိုသိလာရင် မြန်မာနိုင်ငံသားတွေကို တချိန်လုံး ဒုက္ခပေးလာတဲ့ ဒီခြင်တွေကို အမြစ်ပြတ်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ပေါ်လာမယ်လို့  ယံကြည်နေမိပါတယ်။

ကျနော့်ဘ၀မှာ သားသမီးတွေ (၃)  ယောက်ရှိခဲ့တာ တဦးတယောက်မှ ကလေးဘ၀မှာ နှာဆေးချောင်းဆိုးက လွှဲလို့တခါမှ ဖျားနာခဲ့ဘူးတာ မရှိခဲ့ပါဘူး။ ၀က်သက်ဖျားဘဲ တ၀မ်းကွဲမောင်နှမ အိမ်သွားလို့ တပြိုင်ထဲဖျားဘူး ကြတာဖြစ်ဖူးတာပါ။ ဒါပေမဲ့ ဆရာဝန်ဘ၀နဲ့  တခြားမိဘတွေ ကလေးအတွက် ပူပင်သောက ရောက်နေကြတာတွေ ပြန်တွေးမိတိုင်း ကျနော် ကမ္ဘာကြီး ချာချာလည်နေအောင် ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို မျှဝေလိုက်တာပါ ။

(ဒီနေရာမှာ ကျနော်ဟာ သူများသားသမီးကို ဆေးကုရင် ဆေးမကုခင် ကလေးကို လက်နဲ့ဆုပ်ထားပြီး ငါ့သားသမီးဆို ရင် ငါဘာထပ် စဉ်းစားအုံးမလဲ မျက်စေ့မှိတ်တွေးကြည့်ပါတယ် ဘာလိုအုံးမလဲ။ အဲဒီလိုသူများသားသမိးအတွက် အလေးထားလို့ ငါ့သားသမိးတွေ မကြုံကြရပါစေနဲ့လို့ပါ တပါတည်း ဆုတောင်းတာ။ အဲဒီ့စေတနာတွေကြောင့် ကျနော် ဆုတောင်းပြည့်ခဲ့ ရပါတယ် ။)

ဒီတွေ့ ရှိချက်တွေက ထောင်ထဲမှာ တွေ့ ရှိခဲ့ရတာတွေပါ။ ကျနော် ထောင်ကျတော့ ဒီလိုမိုးဦးကျဆိုတော့ နေရတာတော့ တိုက်ခန်းထဲမှာ ခြင်ထောင်ကလဲ အသုံးပြုခွင့်က လုံးဝမရှိ။ ခြင်တွေကလဲ တညလုံး ကိုက်ပြီးတာတောင် မနက်ပိုင်း အခန်းနံရံတွေမှာ ခိုကပ်နေတဲ့ အကောင်ကိုက တမနက်ကို အကောင်ရာနဲ့ချီ ရှိနေတာ ၄-၅ ရာ အထိရှိတာ။ (အားတာနဲ့ ကြိုးစားဖမ်း ပြီးရေတွက်ကြည့်တာပါ)

တိုက်ခန်းမှာက သံတံခါးကို သော့ခတ်ပြိးရင် သောက်ရေအိုးနဲ့ ပိတ်ထားတာ။ တညတော့ ပူလွန်းတာနဲ့ ၀န်ထမ်းမသိအောင် ရေသန့်ပုလင်းထဲ ရေကိုခိုးထည့် အခန်းကွယ်မှာ မတ်တပ်ရပ် ရေလောင်းချိုးတော့ အိုးထဲ ရေနည်းနည်းဘဲ ကျန်ပါတော့တယ်။ မနက်ကျတော့ အိုးကို ထိလိုက်တာနဲ့ ခြင်ကောင်တွေ (ဟူကနဲ) အသံမြည်ပြီး အများကြီး ပျံထွက်သွားတာ သတိထားမိလိုက်တယ်။ ခြင်တွေက တညလုံး ကိုက်ချင်တိုင်းကိုက်ပြီး အလင်းရောင်လာတာနဲ့ အခန်းထဲက ပြန်အထွက်မှာ ရေအိုးထဲ ၀င်ခိုအောင်းနေတာကိုး။


အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့် (ဗမာ့သွေး)

အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့်
“ ဥာဏ်လင်းထက်”
ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ် ။

ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှစ်ခါ ရှိပြီးလည်း  လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ်....

ငါ့ကိုတောင် အာခံချင်တာလား။

" ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... " ဆိုတဲ့ ဖြေရှင်းချက်ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက

ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထားချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက် ။

ဘယ်လို မိဘတွေလည်း မသိပါဘူး..........ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။

နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင်..............။ ကဲ .......အားလုံး စာအုပ်ထုတ်.....

ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့အကြည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့တောင် အားမရှိတော့ပါဘူး။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်..........။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော် တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေးသည်အမေ ရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ စောင့်စားနေလိုက်ပါတော့တယ်...။

ဒီတခါတော့ အမေ့ဆီ က ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ်။


Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများ ခေတ္တရပ်တန့်ထားမည် ဖြစ်ကြောင်း အသိပေး ကြေငြာချက်..။

Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင် ပြီးရပ်တန့်ထားလိုက်ကြောင်း သတင်းရရှိပါသည်။ 

Blinker Hacker အဖွဲ့မှ ထိုသို့ရပ်တန့်လိုက်ခြင်းမှာ အများပြည်သူ သုံးစွဲနေသော ကွန်ရက်ကို ထိခိုက်နေပါသည်ဟု နအဖမှပြောကြားချက် နှင့်ပတ်သက်ပြီး အမှန်တစ်ကယ် ထိခိုက်မှုရှိမရှိကို အများပြည်သူများ သိရှိစေရန်ဖြစ်ပြီး ၊ ထိုသို့ရပ်တန့်ထားချိန်တွင် အများပြည်သူ သုံးစွဲနေသော အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာခြင်းရှိမရှိ ကိုစောင့်ကြည့်နေမည်ဖြစ်ပါသည်။ အများပြည်သူများအနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်တိုးတက်လာခြင်း ရှိမရှိကို သုံးသပ် ပြီး blinkerhackergroup@gmail.com သို့ တိုက်ရိုက်သတင်းပေးပို့ ဆက်သွယ်နိုင်ကြောင်း blinker hacker group မှ ယနေ့မှစတင်ပြီး တစ်လခန့်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်ကောင်းမွန်လာခြင်းမရှိပါက နအဖ ၀န်ကြီးဌာနလိုင်းများ စစ်တပ်အသုံးပြုနေသော ကွန်ရက်များ ကို ယခုထက်ပိုမိုမြှင့်တင်ပြီး တိုက်ခိုက်သွားမည်ဟု ပြောကြားပါသည်။

မြန်မာပြည်တွင်း အင်တာနက်လိုင်းများအသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက်ထားရှိပြီး se me we 3 ရေအောက်ဆက်ကြောင်းဖြင့်လဲ ဆက်သွယ်ထားရှိပါသည်။ အများပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက်ထားရှိပေးပြီး Inland gateway များကို စစ်တပ်နှင့် ၀န်ကြီးဌာန များမှ သာ ရယူသုံးစွဲနေခြင်းဖြစ်သဖြင့် အဖွဲ့အနေဖြင့် အများပြည်သူ သုံးစွဲနေသော လိုင်းများအား မထိခိုက်စေပဲ တိုက်ခိုက်နေခဲ့ကြောင်း ထိုသို့ တိုက်ခိုက်နေခြင်းကြောင့် အများပြည်သူသုံးစွဲမှု ထိခိုက်ခြင်းမရှိပဲ နအဖ အင်တာနက် စာမျက်နှာများ ၀န်ကြီးဌာနများ စစ်တပ် ကွန်ရက်များ ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောဆိုသွားပါသည်။

အများပြည်သူများအနေဖြင့် နအဖမှ ပြည်ပတိုက်ခိုက်မှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေသည်ဆိုသည့် သတင်းဖြန့်ချီချက်အား နားမယောင်ကျပါရန်နှင့် ယခု တိုက်ခိုက်မှု တစ်လခန့် ရပ်နားလိုက်ချိန်တွင် အမှန်တကယ် တိုက်ခိုက်မှုကြောင့်နှေးကွေး ခြင်း သို့မဟုတ် နအဖ မှ အများပြည်သူများ အား အင်တာနက် အသုံးပြုမှု သတင်းအချက်အလက် စီးဆင်းမှု အဝေးရောက်မိသားစုများ online တွေ့ဆုံမှု စသည့် လူမှုအခွင့်အရေး များ ကို ပိတ်ပင်တားဆီး ချင်သော စေတနာဆိုး လား ဆိုသည်မှာ အများပြည်သူများ လက်တွေ့ သိရှိလာမည်ဖြစ်ကြောင်းပြောကြားပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယအဆိုးဝါး ဆုံး အင်တာနက်ပိတ်ပင်မှုနိုင်ငံအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး အများပြည်သူ သုံးစွဲနေသော အီးမေးလ် နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားဖြတ်စောင့်ကြည့် ရယူနေမှုများ လဲပြုလုပ်လျက်ရှိပါသည်။

အများပြည်သူများ ယခုသတင်းအား ဆက်လက်ဖြန့်ဝေ ပေးပါရန်နှင့် မိမိတို့ ဒေသတွင်း အင်တာနက်လိုင်းများ ကျဆင်းမှု များကို အီးမေးလ်ပေးပို့ ရန် မေတ္တာရပ်ခံပါသည်။

ဆက်သွယ်ရန် blinkhackergroup@gmail.com (not for chatting)

http://www.blinkhackergroup.net သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ပြည်သူလူထုကို ကိုယ်စားပြုသော အသံ...

နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ္ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည် လက်ခံထားကြတဲ့အတွက်လည်း၊ မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်းဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ ဆက်နွယ်နေပါတယ်။ မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။

ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထုကို ကိုယ်စားပြုပြီး ဒီမေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ် မှ မိတ်ဆွေများအနေနဲ့ ဒီမေတ္တာရပ်ခံ တောင်းဆိုမှုကို ထောက်ခံတဲ့အနေနဲ့ဝိုင်းပြီး like လုပ်ပေးကြ စေချင်ပါတယ်။

Cho Tu Zal Facebook မှာ Like လုပ်ရန် Click

PASSWORD အခိုးခံ ရမှုများ လာခြင်းကြောင့် အထူး သတိပြု အသုံးပြုရန် လိုအပ်လာ
1 Comments - 26 Apr 2011
itWEEKLY JournalPASSWORDအွန်လိုင်း အသုံပြု ရာတွင် အသုံးပြု သူများ အနေဖြင့် Facebook သုံးခြင်း ၊ ဂိမ်းဆော့ခြင်း များတွင် ဆန္ဒမစောဘဲ ဂရုတစိုက် လေ့လာပြီးမှ သာ အသုံး ပြုသင့်ကြောင်း၊ ထိုကဲ့သို့ မဟုတ်ဘဲ အမှတ် တမဲ့ အသုံးပြု လိုက် ပါက Hacker များ ၏ Password ခိုးယူခြင်းကို ခံရမည် ဖြစ်ပြီး ယခု အခါတွင် အွန်လိုင်း သုံးစွဲသူ အများစု Password ခိုးယူခြင်း ခံရေ ကြောင်း စုံးစမ်း သိရ သည်။Facebook အသုံးပြု၍ ဂိမ်း ဆော့သည့်အခါ User များ အနေဖြင့် သူငယ်ချင်း မျာ...

More Link




အမေ့အိမ်ကျောင်း (မြောက်ဥက္ကလာ) ဆောက်လုပ်ရန် အကူညီတောင်းခံခြင်း...

အမေ့အိမ်ကျောင်း (မြောက်ဥက္ကလာ) ဆောက်လုပ်ရန် အကူညီတောင်းခံခြင်း

ကျောင်းအမည် -အမေ့အိမ်(ပညာဒါန)
တည်နေရာ -အမှတ် (၂၆)၊ မာဃလမ်း၊ (၂)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
The Compassionate-hand social network ခေါ် ဂရုဏာလက် လူမှု့အကျိုးပြု လူငယ်များ မြောက်ဥက္ကလာသည် လွန်ခဲ့သော ၄ နှစ် (၂၀၀၇ -၂၀၀၈) ပညာသင်နှစ်မှစ၍ ချို့တဲ့သော မူလတန်း နှင့် အလယ်တန်းကျောင်းသား/သူများကို အခမဲ့ ပညာသင်ကြားပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည့် ၀န်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ နှစ်စဉ် ကလေးဦးရေမှာ တိုးတက်လျှက်ရှိပြီး ၄င်းပညာသင်နှစ်များတွင် ပညာရည်ထူးချွန်မှု ရှိခဲ့ပါသည်။ ကျောင်းသား/သူများအား ဗလာစာအုပ်များ၊ခဲတံများနှင့် အခြားကျောင်းသုံး စာအုပ်များပါ လိုအပ်သလို ကူညီလျှက်ရှိပါသည်။ သည့်အပြင် တစ်လလျှင် ၄ကြိမ် အဟာရ တိုက်ကျွေးလျှက်ရှိပါသည်။ ယခု၂၀၁၁ခုနှစ်မှစပြီး “Togetherness” social network ခေါ် “အတူတကွ” အမည်သစ်ဖြင့် ဆက်လက် အခမဲ့ ပညာသင်ကြားပေးလျှက် ရှိပါသည်။
အကူညီတောင်းခံခြင်း
၂၀၀၇ခုနှစ်တွင် အခမဲ့ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနာဂစ်မုန်တိုင်းကြောင့် စာသင်ကျောင်း ပြိုခဲ့သည့်အတွက် ယာယီကျောင်းဆောက်ပြီး သင်ကြားလျှက်ရှိရာ ယခုအခါစာသင်ကြားနေသော နေအိမ်အဆောက်အဦး မှာကျောင်းသားဦးရေ များများမဆန့်သောကြောင့် အဆောက်အဦးသစ် ဆောက်လုပ်ရန် လိုအပ်နေပါသည်။ ယခုပညာသင်နှစ် ၂၀၁၁တွင် ကျောင်းသား/သူများ အဆင်ပြေပြေ သင်ကြားနိုင်ဖို့အတွက် စာသင်ကျောင်းသစ် အမြန်ဆုံးတည်ဆောက်ရန် လိုအပ်လျှက်ရှိပါသည်။

အမေ့အိမ် ပညာဒါန (အခမဲ့) နွေရာသီကျောင်းပိတ်ရက် သင်ခန်းစာ
(က) နွေရာသီ သုံးလဖြစ်သော မတ်လ၊ ဧပြီလ နှင့် မေလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အောက်ပါ သင်ခန်းစာများ သင်ကြားလျှက်ရှိပါသည်။
(ခ) ၁၃၊၂၊၂၀၁၁ နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ (၄) ဦးက ပန်းချီပြိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ပြီး ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။
(ဂ) ၁၁၊ ၂၊ ၂၀၁၁ နေ့တွင် အမေ့အိမ် ပညာဒါန (မ/ဥက္ကလာ)ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်မာနိုင်ငံ ကလေးများနေ့ ကျောင်းသား၊ ကျောင်းသူ လေးများ ပညာရည်တိုးတက်မှု ဉာဏ်စွမ်းပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီ၊ သင်ရိုးကဗျာရွတ် သရုပ်ဖော်နှင့် အောင်ဆန်းဇာနည် ကဗျာရွတ်သရုပ်ဖော် ပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့်ခဲ့ပါသည်။
(ဃ) မျိုးဆက်သစ်တို့၏ အနာဂါတ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ဖြင့် စွမ်းရည်သစ်များ စိတ်ကူးဉာဏ်များကို ပြုစုပျိုးထောင်ပေးလျှက်ရှိပါသည်။
(င) ကျောင်းသား၊ သူလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးအပြင် တီထွင် ဖန်တီးတတ်မှု၊ ပေါင်းသင်းဆက်ဆံတတ်မှု၊ လေ့လာမှတ်သားတတ်မှု၊ မှတ်ဉာဏ်နှင့် သိနားလည်မှု စွမ်းရည်တို့အပြင် ဘာသာစကားစွမ်းရည် တိုးတက်စေရန် (Summer Classes) နွေရာသီအားလပ်ရက် သင်ခန်းစာများ ပို့ချပေးပါသည်။
(စ) အခြေခံ အင်္ဂလိပ်ဘာသာ သင်ခန်းစာ (Speaking and Listening)
(ဆ) ပန်းချီ၊ စာပေကဗျာ၊ အနုပညာ နှင့် ဂီတ (Arts and Music)
(ဇ) ကျန်းမာရေးလေ့ကျင့်ခန်း (Physical Exersice)
(ဈ) ဗုဒ္ဓအဆုံးအမများနှင့် ယဉ်ကျေးလိမ္မာ စာရိတ္တဗလ ဟောပြောပို့ချချက်..
(ည) စာအုပ်စာပေများလေ့လာဖတ်ရှုခြင်း နှင့် သိပ္ပံဆိုင်ရာ၊ ၀ိဇ္ဇာဆိုင်ရာ အထွေထွေဗဟုသုတ ပို့ချမှု။

မှတ်ချက် ။ ။ အမေ့အိမ် ပညာဒါန(မြောက်ဥက္ကလာပ) အခြေခံမူလတန်းကျူရှင်ကျောင်းမှ စေတနာ၊ ၀ါသနာ၊ အနစ်နာတည်းဟူသော နာသုံးနာကို အရင်းခံ၍ သင်ကြားပေးလျှက်ရှိပါသည်။

သတိ....
မြေကွက်လပ်ပုံမှာ ကျောင်းဆောက်ရန်နေရာဖြစ်သည်။ ကျောင်းဆရာ/ဆရာမ၂ယောက်လိုအပ်နေပါသည်။ (၄) တန်းသင်ကြားရန် အတွက်သာဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။
ကိုနိုင်ငံလင်း....

ဆင်းရဲနွမ်းပါးကြတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ အတွက် တတ်နိုင်သလောက် ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

အဖြေ .....

အဖြေ
၂၃.၄.၂၀၁၁ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနား အား နံနက် (၉း၀၀) နာရီအချိန်တွင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ထုဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်စတင်၍ ကတ္တီပါအခန်းဆီး မျက်နှာပြင်အကွယ်မှ ပေါ်ပေါက်လာစဉ် ဘဘဦးသုခ၏ ကမ္ဘာပေါ်ရှိ မိခင်များ (အမေ)အား ဂုဏ်ပြုစကားသံတို့သည် အရပ်ရှစ်မျက်နှာတွင် လွှမ်းခြုံ၍ ပေါ်ပေါက်လာတော့သည်။ စကားသံဆုံးသည်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်ကလေးငယ်များ၏ “ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ် . . . ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့ တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ်” ဟူသော ခွဲမရတဲ့တွဲလက်များသီချင်းအား သံပြိုင်သီဆိုသံ တပြိုင်နက်ထွက်ပေါ်လာတော့သည်။ ကျွန်တော်တို့ ၏ လူမှုရေးစိတ်ဓါတ်အင်အားတို့သည် အသွေးအသားထဲ ဆူပွက်၍လာပါတော့သည်။ ကျွန်တော်တို့ အဖွဲ့သားများအားလုံး ကြက်သီးမွှေးများ တပြိုင်နက်ထလာပါတော့သည်။ ကျွန်တော်တို့အဖွဲ့သား အားလုံး၏ ပီတိအပြုံးများအားလုံး လွှမ်းခြုံနေတော့သည်။ ဘဘဦးသုခ၏ သက်မဲ့ရုပ်ထု မျက်နှာပြင်သည်လည်း အသက်ဝင်နေသည့်အလား ကျေနပ်ပီတအပြုံးများဖြင့် လွှမ်းခြုံနေသည်ကို တွေ့မြင်လိုက်ရသည်။

သက်မဲ့ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်အဘယ်ကြောင့် ပီတအပြုံးများ လွှမ်းခြုံနေသနည်း ? အောက်ပါပုံရိပ်များအား ကြည့်ရှုလေ့လာခြင်းဖြင့် ဤမေးခွန်း၏ အဖြေအား ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကျော်သူ