ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်သား တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၂) (ဆောင်းပါးရှင် ဒေါက်တလှိုင်မြင့်)

စစ်သား တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

၂၁ရက်နေ့က MRTV မှာတင်ထားတဲ့ အမျိုးသားကွန်ဂရက်ပါတီလား အမျိုးသားကျွန်ယက် ပါတီမှ ကောင်းမြတ်ဖွတ်အတွက် ကျွန်တော်တို့ ဆရာဒေါက်တာလှိုင်မြင့် လက်သံပြောင်ပြောင် ခပ်ပြင်းပြင်းနဲ့ နွားကို နှင်တံပေး ရေးထားတဲ့ ဒုတိယပိုင်းကို အောက်မှာ ဖတ်ရှူနိုင်ပါတယ်။
မြန်မာလူဦးရေနင့် စစ်သား အချိုးအတွက်မှားထားလို့ ပြန်ပြင်လိုက်ပါတယ်။ အကြံပြုပေးတဲ့  Nay Ye Htet ကိုကျေးဇူးတင်ပါတယ်။

တဆက်ထဲ ထို.ပါတီခေါင်းဆောင် ပြောသလို စစ်သား တစ်သန်းသာ တိုးချဲ့ လိုက်လျင်..ကျနော်တို့ လူ ၅၀ က စစ်သားတယောက်ကို ကျွေးထားရပါတော့မယ်။ ကျွေးရုံတင်လား... လယ်တွေ ဧက ၁-သန်းအသိမ်းခံရပါဦးမယ်။ စက်ရုံတွေ စစ်တပ် ဦးပိုင်ကို ထပ် အပ်ရပါဦးမယ်။
ဝန်ကြီးဌာနတွေတင်မကတော့ဘူး..စက်ရုံတွေ လိုင်စင်ချပေးတာကို..စစ်ဗိုလ် ၅ ယောက် မန်နေဂျာနေရာ ပေးပါတွေလာဦးမယ်။ ပိုလျှံစစ်ဗိုလ်တွေ ဝန်ကြိးဌာနတင်မက အရပ်ဖက်ကိုပါထိုးလာပါဦးမယ်။ ဝန်ကြီးဌာနနဲ့ဆက်သွယ်ရင် သူတို့ လာမှ လုပ်ပေးမယ် ကိုင်လာပါမယ်။
ဝါးကိုင်းလေးတခုကို ကွေးလျင်.. သူ့ အနေအထားအရ.. .ဝါးအစိမ်းလေးက ဝါးအခြောက်ထက် ပိုကွေးလို့ ရပါမယ် ။ ဝါးအစို၊ အစိမ်းရော.. ဝါးအခြောက်လေးရော..သူ့  ကွေးညွှတ်နိင်သည့် အတိုင်းအတာ..ကိုကျော်လွန်သွားလျင် ကျိုးသွားပါမယ်။ Critical point ရှိပါတယ်။

ကျနော်တို့ တိုင်းပြည်က ယခု ရေမရလို ငတ်ပြတ်လာနေတဲ့ ပိန်လှီလှီ ဝါးအခြောက်လေးဖြစ်နေတာကြပြီ။ ဒါကို ထပ် ဖိကွေးညွှတ်လျင်... ဝါးက ကျိုးဖို့  တဖြစ်ဖြစ် အသံထွက်နေပီ။ ဒါကိုထပ်ဖိလျင်...သေချာပေါက် ဒီမိုကရေစီ ကိုရောက်သွားပါမယ်။
လူထုတော်လှန်ရေးထဲကို စစ်သည်တော်တွေ သေချာပေါက်ပါလာပါတော့မယ် ။
ဦးလှိုင်မြင့်.. အဲဒါဆို ပိုဆိုးမသွားပေဖူးလား ..ဟုတ်ကဲ့.... BLESSING IN ..DISGUISE...ရုပ်ဖျက်၍လာသော..ကောင်းချီးမင်္ဂလာ။
အဲဒီလိုတော်လှန်ရေးကြီး ဖြစ်သွားလျင် ဒီသူခိုးတွေ အားလုံး.. နူရင်ဘတ် ခုံရုံးအထိ ရောက်သွားပါမယ်။ ပိုင်ဆိုင်တာတွေအားလုံး ပြည်သူပိုင်ပြန်သိမ်းတဲ့အထိ ရောက်သွားပါမယ်။ ခွေးကို ချောင်ပိတ်ရိုက်သလို
 ပြန်အကိုက်ခံရပါမယ်။


ဥပမာလေးတခု ပေးပါမယ်။ ၂၀၁၀ အော်စီက ကျနော်လုပ်နေသည့် ကျောင်းမှာ... ခပ်ထွားထွား အာရှ လူမျိုး ကပြားကလေးတယောက်ရှိတယ်။ မိခင်က ကျောင်းက ဆရာမဘဲ။ အမေအရှိန်လဲပါတယ်။ သူက ဗိုလ်ကျချင်တယ်။ တခါ ကျောင်းမှာ အမွှာမိန်းခလေး နှစ်ယောက်ရှိတယ်။ မိခင်တွေက အသက်ကြီးမှ ကလေး ရထားသူလေးတွေ။ မိဘက သိပ်မပြုစုဘူး..ကျောင်းရောက်မှ ဆရာမတွေက သန့်ရှင်းရေးလုပ်ပေးရ .လှီလှီလေးတွေ။

ထိုအမွှာလေးတွေကို..ထိုထွားထွားကောင်လေးက ခနခန အလစ်မှာ ဗိုလ်ကျတယ်။ ကျနော်က ကျန်ဆရာမတွေ၊ နောက်ဆုံး သူ့ အမေကို သတိပေးထားတယ်။ အမေကို ၃ ခါတိတိ သတိပေးထားတယ်။
တရက် ကျနော် နားတဲ့နေ့ မှာ.... ထို ကောင်လေး..ပခုံးမှာ ၃- ချက်။ နားရွက်မှာတော့ အသားတစ်ပဲ့ ထွက်သွားအောင်အကိုက်ခံလိုက်ရတယ်။ မိခင်က သူ့ သားခံရတော့မှ ပြသနာကြီးတယ်။ ဒီမှာက အဲဒီလိုသွေးထွက် အသားပဲ့သွားတဲ့အထိ ဖြစ်လျင် ဆေးရုံကိုခေါ်ရပြီ။ အရေးပေါ်ကားခေါ်ရပြီ။
ပြည်နယ် ကြိးကြပ်ရေး Department of Community ကိုတနာရီအတွင်း သတင်းပို့ ရပြီ။ နောက်နေ့  ပြသနာဖြစ်စဉ်ကို တင်ပြရပြီ။ လူတယောက်ကို အဲဒီလိုတန်ဖိုးထားတာ၊ အလေးထားတာ မြန်မာပြည်.. လက်ပတန်းမှာ .ကျောင်းသားတွေရိုက်သလို ကျိုး..ကန်းသွားအောင် အထိဆို တွေးသာကြည့်။ လက်ပံတောင်းမှာ...ဘုန်းကြီးတွေကို..တန်ဆောင်မုန်း.. .မီုးပျံပုန်းနဲ့  မီးပျံဗုံး မှားပူဆော် သလိုမျိုးဆို..အစိုးရနုတ်ထွက်ပေးရမယ်။

မြန်မာ့မျိုးချစ်အစိုးရ မြန်မာတယောက်အသက်ကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ..သရုပ်အမှန်ကို တိုင်းတာချင်လျင် အဲဒါတွေကိုကြည့်။ မအ ကြပါနဲ့။
အဲဒီကလေးကိုက်လိုက်တဲ့ဖြစ်စဉ်ကို..ကျောင်းအုပ် ခေါင်းစားနေပြီ။ အတန်းပိုင်ဆရာမက တကယ်ပြသနာရှာတတ်သူ။ ဒုကျောင်းအုပ်လဲဖြစ်တယ်။ ကျန်ဆရာမတွေက သူ့ ဆို အသေကြောက်ကြရတယ်။ ကျနော်ကတော့ ပြန်တည်တာပေါ့...။ ပါးစပ်ကလဲပြော..လက်သန်းအဆစ်လေး. .ပြပြီး ခင်ဗျားလောက်ကို ကျုပ်က ဒါလောက်ဘဲထင်တယ်အထိ ကောထားတဘ။ဲ မြန်မာပြည်မှာ ရမ်းလှပါပြီဆိုတဲ့ သန်းရွှေကို ကျုပ်က ၃-၄ ခါ ခံပြောလာခဲ့သူ..။

အဲဒီကလေး ပြသနာ.. သုံးသပ်ချက် အလုပ်နားတဲ့နေ့  သမား ကျနော့် ဆီက ထင်မြင်ချက်တောင်းရပြီ။ ကျနော်ရေးပေးရတော့..ကောင်လေးစရီုက်၊ သူ့ မိခင်ကိုသတိပေးထားတာ၊ ကျန်ဆရာမတွေကိုကါ သတိပေးထားတာတွေ ထဲ့ရေးရပြီ။ ကျနော့်သုံးသပ်ချက်က အပြီးသတ်ယူလိုက်ကြရတယ်။
ဖြစ်ဖို့ များတာက ကလေးမလေး ၂ ယောက်က လူမရှိတဲ့နေရာမှာ နေတတ်ကြတယ်။ ဒေါင့်ကွေးနေရာလေးမှာ။ တခါ အပင်လေးတပင်က ရှိနေတော့ အဲဒီချောင်ထဲဝင်မိရင် ထွက်ပေါက်ပိတ်နေပြီ။ ဟိုကောင်ထွားထွားကြီး အပီထင်ပြီး..ဝင်ဗိုလ်ကျလိုက်ပုံရပါတယ်။ ပြေးပေါက်မရှိတော့ ဟိုက ပြန်တွယ်ထဲ့တော့.. ကျားနာခဲ ခဲထဲ့လိုက်မှာပေါ့။

တပ်မတော် ခေါင်းဆောင်တွေကို ပြောချင်ပါတယ်။ ချေးဘရိမ်း ရဲ့ ဆောင်ပုဒ်..တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့အမြင်ကို ပြန်ဝေဖန်ဆွေးနွေးသုံးသပ်ပါဦးလို့။
ယနေ့  တရုတ်ပြည်ကြိးက တပ်မတော်မှာ... ကိုယ်လက်အင်္ဂါချို့ တဲ့ထားသူ မရှိသလောက်။ တိုက်ပွဲကျထားသူ မရှိ။ စစ်မှ မတိုက်ရတော့ ကုန်ကျစာရိတ်မရှိဘူး။ ကျနော်တို့ ဆီမှာ ဆေးပင်စင် စစ်သား တပုံကြိး။ ဌာနဆိုင်ရာတွေမှာ လာထိုးထားတာ တပုံကြီး။ တိုင်းပြည်က ပန်းနေပြီ။

စစ်တိုက်ကြတယ်။ လောင်ချာဗုံးသီးတလုံး စာရိတ်ကတင် ဒေါ်လာ ၂၀၀၀ မကတန်တယ်။ ပစ်တဲ့ အမြောက်ရဲ့ တန်ဖိုးတွေက ပြည်သူတွေကို ဗိုက်မှောက် ညစ်ထုတ်ထားတဲ့ စားရိတ်တွေပါ။ တခါကိုယ်ဖက်ပစ် လိုက်လို့ တိုင်းရင်းသားတွေဖက် ပျက်စီးသွားတာက ဒေါ်လာ..သောင်းချီတန်တဲ့ မြန်မာနိုင်ငံသားများရဲ့ ပိုင်ဆိုင်မှုပါဘဲ။
တပ်မတော်က နိုင်ငံတော် ဘတ်ဂျက်ရဲ့  ၃၀ % ကိုသုံးနေတယ်။ န.ဝ.တ.ခေတ်က တစ်ဒေါ်လာကို..၁၃၀၀ ကျပ် ပေါက်နေချိန်မှာ.. .စစ်အသုံးစာရိတ်ကို ဒေါ်လာနဲ့ ဝယ်တယ်။ အသုံးစာရိတ်ပြတော့ တစ်ဒေါ်လာကို ၆ ကျပ် နဲ့ တွက်ပြတယ်။ စစ်တပ်က မွဲနေတဲ့ နိုင်ငံ၏ဘတ်ဂျက်ရဲ့ ၅၀ % သုံးနေတာ နှစ်ဆယ်ချီခဲ့ပြီ။
မိသားစု တစု..သို့ မဟုတ် အိမ်တအိမ်၏ ဝင်ငွေထဲက..၅၀ % က ဒရဝမ် (စစ်တပ်ဆိုတတော့ ဒရဝမ်နဲ့ပဲ နှိုင်းမယ်) အတွက် အကုန်ခံနေရလျင် ထိုအိမ် ဘယ်လို ရှိပါ့မလဲ။

ဒရဝမ်ကိုလခအများကြိးပေး..ဟိုဖက်အိမ်နီးချင်းအိမ်လဲ ဖျက်.. ဟိုဖက်ကလဲ ကိုယ့်ပြန်ဖျက်...။. တပ်မတော် ခေါင်းဆောင်တွေ စစ်ရေးအမြင်.... တိုင်းပြည်ကို ဒေဝါလီ ခံစေခဲ့သူ။ ကျွန် ၅ သန်း အိမ်နီးချင်းဆီ ကန်ထုတ်ခဲ့သူ ချမှတ်ခဲ့တာကို .ပြန်လည်သုံးသပ်ပါလို့။
အဆိုအမိန့် လေးတခုရှိပါတယ်။ It is not the longest swords that conquers, but the deepest purse... အဆုံးတနေ့ မှာ.. .အောင်နိုင်သူဟာ...ဓါးအရှည်ကိုင်ထားသူမဟုတ်..နက်တဲ့ ပိုက်ဆံ အိတ်ကိုင်နိုင်သူပါ။

အတိုက်အခံ တွေ အနေနဲ့ စစ်ခေါင်းဆောင်တွေ ၊ မိသားစုတွေ ပိုင်ဆိုင်ထားတာတွေ တပ်မတော်သားတွေ အမှန်အတိုင်းသိမြင်လာအောင်..တင်ကြပါ။ မြင်ဖန်များလာရင် တပ်ထဲမှာ မကျေနပ်မှုကြိးထွားလာပါမယ်။ ပြည်သူတွေလဲ ဦးဏှောက်ရှိကြပါတယ် ။
မျိုးချစ်စစ်သည်တော်ပါ ဆိုတဲ့ စကားကို..ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ....တိုင်းပြည်က ဘာမှ မခိုးခဲ့သူတွေသာ သုံးနုံး ပြောဆိုခွင့်ရှိတဲ့..စကားပါ။ .မျိုးချစ်စိတ်ဓါတ်ကို.. .လက်ရှိတပ်မတော်ခေါင်းဆောင်များ မသုံးကြပါရန် အထူးပန်ကြားပါတယ်။

ခင်ဗျားတို့  မျိုးချစ်တပ်မတော် ခေါင်းဆောင်များ.. သုံးချင်လျင်..မိမိပိုင်ဆိုင်မှုတွေထဲမှာ....မမှန်မကန်ရထားတာ မရှိပါဘူး ထုတ်ပြောရဲသူ.. ပိုင်ဆိုင်တာ ကြေငြာရဲသူတို့  သာ ပြောရန် ထိုက်တန်တဲ့ စကားပါ။
တိုင်းပြည်အပေါ် ..သစ္စာမဲ့လို့ ခိုးကြတာပါ။ တပ်မတော် ခေါင်းဆောင်တိုင်း ကို ခိုးတယ်မပြောချင်ပါဘူး။ ဒါပေမယ့် အများစုကတော့ ခိုးထားသူချည်းပါဘဲ။ ပိုင်ဆိုင်မှုတွေကို ထုတ်မဖော်ရဲပဲ
သူခိုးကို၊ နေ့ ချင်းညချင်း မတရားချမ်းသာလာတဲ့ သူတွေကို...
"နိုင်ငံတော်အပေါ်... သစ္စာမဲ့သူ" လို့  လက်ရှိတပ်မတော်ခေါင်းဆောင်များ.. သတ်မှတ်ချက် ထုတ်ပြန်ရဲလျင် .ကျနော် ယနေ့ ..ပေါ်ကနေ..ပြည်သူလူထုကြိးကို ကြံ့ ခိုင်ရေးပါတီကို သာမဲထဲ့ရန် အပြတ် နှိုးဆော် တိုက်တွန်းလိုက်ပါမယ်။

ဒီလိုမှ မထုတ်ပြန်ရဲရင်တော့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြီး ရွေးကောက်ပွဲဝင်လာတဲ့ ပါတီကိုပဲ မဲပေးကြဖို့ တိုက်တွန်းရမှာပါပဲ။
ဆက်လက် ရေးသားဖော်ပြပါမည်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဆရာလှိုင်မြင့် အကောင့်ပါ.. https://www.facebook.com/billy.mackenzie1?fref=ts လူမပြည့်မှီ အက်နိုင်ပါတယ်။
https://www.facebook.com/demo.waiyan/posts/887452881289954?pnref=story
စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၁) ပြန်ဖတ်လိုလျှင်

http://www.demowaiyan.org/2015/09/blog-post.html

https://www.facebook.com/demo.waiyan/posts/887452881289954?pnref=story

စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း(၁) ... ဒေါင်းတုလို့ ဖွတ်ခုန် ဖင်ကွဲရုံပဲရှိမယ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

တနေ့က MRTV မှာတင်ထားတဲ့ အမျိုးသားကွန်ဂရက်ပါတီလား အမျိုးသားကျွန်ယက် ပါတီလားတော့မသိ အာဏာရှင်ဆန်ဆန် ဗိုလ်သန်းရွှေကို ကျေးဇူးအမွှန်းတင် ပြောဆို၊ မဲပေးမယ့် ပြည်သူကို ကြိုက်ရင်မဲထည့် မကြိုက်ရင် မဲမထည့်နဲ့ ဆိုပြီး ပြောဆိုသွားတာနဲ့ ပတ်သက်ပြီး ဒေါက်တာလှိုင်မြင့်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။
ထုံးစံအတိုင်း ကျွန်တော်တို့ ဆရာဒေါက်တာလှိုင်မြင့် လက်သံပြောင်ပြောင် ခပ်ပြင်းပြင်းနဲ့ နွားကို နှင်တံပေး ရေးထားတာလေးကို အောက်မှာ ဖတ်ရှူနိုင်ပါတယ်။
...
စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ ...
ဒေါင်းတုလို့ ဖွတ်ခုန် ဖင်ကွဲရုံပဲရှိမယ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
..
ဒီမနက် အမျိုးသားကွန်ဂရက်ပါတီရဲ့ မိန့် ခွန်း.. .တော်တော်လေး ပွဲဆူသွားတဲ့ မိန့် ခွန်း ။
သနားတယ်ဘဲ ပြောချင်ပါတယ်။ နိုင်ငံရေးပါတီတခုကို ဦးဆောင်သူမှန်လျင် ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ လောက်တော့ သိသင့်ပါတယ်။
နိုင်ငံရေးမှာ..ဘတ်ဂျက် က နံပတ်- တစ်၊
ဘတ်ဂျက်က နံပတ် - နှစ် ပါ။
ဘတ်ဂျက်မနိုင်ရင်.. အာဏာရှင်နိုင်ငံကြီးတွေ ပြိုကွဲသွားတာ..ပူပူနွေးနွေးလေးတွေ အများကြိး ။
နောက်ဆုံး...ကျနော်တို့  ဘုရင်ရူးရူးနေသူ..ဘဘကြီးတာင် ဘတ်ဂျက် ပြောင်လို့ .. သဘောထားကြီးစွာ.. ပလ္လင်ပေါ်က ဆင်းသွား (ရရှာ) HAD TO.. RELINQUISH POWER.. မလွှဲသာတော့လို့  အာဏာကို (သဘောထားကြိးစွာ) ..စွှန့် လွှတ်လိုက် (ရရှာ) တာကို... အခုလူမသိရှာတာပြတာပါဘဲ။
၁၉၉၆ မေလ - ၂၃ ရက်မှာ ကျနော်အဖမ်းခံရတယ်။ စစ်ကျောရေး..၁၄ -ရက်တိတိကြာပါတယ်။ စစ်ကျောရေးပြီး (မမှတ်မိတော့ ရောနေပြီ)..အချုပ်နဲ့ ၄ လ နေရပါတယ်။
၂-၃ ပတ်လောက်အရ..မှာ .ထောင်ထဲကို ဗဟိုထောက်လှမ်းရေးက ဗိုလ်မှုးဇော်လင်း (သူက ဇော်ဝင်းလို့  လိမ်ပြောတယ်) နဲ့ မိတ်ဆက်မပေးတဲ့ အရပ်ခပ်မြင့်မြင့် အရာရှိကြီးတယောက် ထောင်ထဲမှာ ကျနော့်ကို ပထမ မိထားတဲ့ စာရွက်စာတမ်းတွေ စစ်ပါတယ်၊ မေးပါတယ်။ ကျနော့်ကို ဗိုလ်မှုးဇော်လင်းက ဘဲ စကားပြောပါတယ်။ ဟိုလူက တချက်လေး မပြုံးပြဘူး။ ဘေးကနေ တစိုက်ထဲ စိုက်ကြည့်နေပါတယ်။ ဘာသဘောတော့မသိ။ ကျနော်စစ်ကျောရေးမှာ ဖြေထားတာတွေ အစစ်အမှန်လား..သိရအောင် စစ်ဆေးတာပါ။ နောက်မှ သူတို့ ကျနာ် ကြုံသလို လိမ်တတ်သလား သိချင်လို့ စစ်တာပါ ပြောတယ်။
ပြီးတော့..ဗိုလ်သန်းရွှေကို..စီးပွားရေးအကြံ ပေးလုပ်ပေးဖို့  ဆွေးနွေးပါတယ်။ ကျနော်ကလည်း ..တိုင်းပြည်အတွက် တကယ် အကျိုးပြုခွင့်ရမည်ဆိုလျင်. .ကြောင်ဖြူ ကြောင်မဲ အရေးမကြိးဘူး ကြွက်ခုတ်တတ်ဖို့  အဓိက မို့  လုပ်ပေးပါမယ်။
ကျနော် ၂ ချက်တောင်းဆိုတယ်။

(၁) လာဘ်စားတာ ဆိုးဝါးသူတွေကို ဖယ်ထုတ်၊ လွန်ကဲလျင် အရေးယူပေးဖို့။ ဒါကိုလဲသူတို့  သဘောမတူနို်င်ဘူး။ အဲဒီမှာသိပ် သိသာသွားပြီ။ ခိုးမဲ့သူတွေလို့  ပြသွားတာဘဲ။
(၂) အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးရန်။ သူတို့ က ခင်ဗျား မိသားစုအရေးဘဲပြောပါ။ တိုင်းပြည်အတွက် မစဉ်းစားပါနဲ့။ ကျနော် ပြန်ထောက်တော့...ခင်ဗျားတို့ က တိုင်းပြည်အတွက် လုပ်ပေးဖို့ လာခေါ်တာ မဟုတ်လား..ဆိုတော့..ပါးစပ်ပိတ်ကုန်တယ်။
ဆွေးနွေးရာကနေ အပြင်ကိုထွက်တယ်။ အထက်ကို ဖုံးဆက် အစီရင်ခံနေပုံ ရတယ်။ ပြန်လာတယ်။
အဲဒီမှာ..သူတို့ ကိုကျနော်က ယခု န.ဝ.တ သွားနေသည့် စီးပွားရေး.. နိုင်ငံရေး အခြေအနေများနှင့် မကြာမှီ ထိုင်းမှာ ငွေကြေး ပြိုကွဲလာနိုင်စရာရှိလို့  စီးပွားရေး.. အကျပ်အတည်းတွေ့မယ် သတိပေး လိုက်ပါတယ်။
အဲဒါကို အသေးစိတ် ရှင်လင်းခိုင်းလို့ ရှင်းပြပါတယ်။.နိုင်ငံရေး ဆွေးနွေးဖြစ်သွားတယ်။ ကျနော်က ယခု ထောက်လှမ်းရေးက နိုင်ငံရေးသမားတွေကို လိုက်စုံစမ်းနေတဲ့ ကုန်ကျစာရိတ်တွေ။ စစ်သား.၄ -သိန်းရဲ့  စာရိတ်တွေဟာ ကျနော်တို့ နိုင်ငံရဲ့  ဘဏ္ဍာရေး အချိုးအစားအတွက် အလွန်မြင့်နေတာ ရှင်းပြဖြစ်တယ်။

ဒီပုံစံအတိုင်းသွားလျင်..န.ဝ.တ . စစ်စာရိတ်ပိပြီး..၁၉၈၅ - ၉၀ ဝန်းကျင်က ရုရှားနိုင်ငံကြိး..စစ်စားရိတ်ပိ ပြိုကွဲသလို ..န.ဝ.တ. ဒူးညွှတ်သွားမယ်လို့  အပြတ်ပြောလိုက်ပါတယ်။ အပြင်ထွက်ဖုံးဆက်တယ် ။ ပြီး..အဲဒါကို အသေးစိတ် ရှင်းပြခိုင်းပြန်ပါတယ်။ ကျနော် ရုရှားနဲ့  အမေရိကန် စစ်ရေးအပြိုင်အဆိုင်တိုးချဲ့ တဲ့ ကိစ္စ အကျဉ်းရုံးရှင်းပြလိုက်တယ်။
၁၉၇၅ ခုနစ်က စတင်လို့  အရှေ့  -အနောက်စစ်ရေးတင်းမာမှုတွေလျော့ချဖို့ .. SALT (Strategic Arms Limitation Talks) မဟာဗျူဟာ လက်နက်ကြီးများ လျော့ချရေးဆွေးနွေးပွဲ တွေ စတင်ခဲ့ပါတယ်။ ထိုအချိန်က ကမ္ဘာမှာ အမေရိကန်နင့် ရုရှားက အနုမြူထိပ်ဖူးတွေဟာ.. ကမ္ဘာ.၅ လုံးကို ဖျက်စီးနိုင်သည့် ပမာဏ အထိ များပြားနေပါတယ်။

မဟာဗျူဟာ အနုမြူထိပ်ဖူးတွေ တစတစ လျော့ချဖို့  အကြိမ်ကြိမ် ညှိနိုင်း တဖြေးဖြေး လျော့ချလာကြပါတယ်။ ထိပ်ဖူးအရေအတွက်သာ လျော့ချလာတာ. နည်းပညာဖွံ့ ဖြိုးရေးအတွက် သုတေသန ပြုခွင့်ပေးထားတော့ အမေရိကန်က အနုမြူထိပ်ဖူးကို သေးလိုက်ပေမည့် ပြင်းအားက ကြောက်ခမန်းလိလိ ပိုတက်လာပါတယ်။
ထိပ်ဖူးတွေ လျော့ချပေမည့်. ထိပ်ဖူးတွေကို..ထောက်လှမ်းမရနိုင်အောင် စစ်ရေး အသုံးစာရိတ်ကို တိုးမြင့်သုံးစွဲပါတယ်။ အမေရိကန်က မူလက တနှစ်လျင် စစ်ရေးအသုံးစာရိတ် (၄%) သာရှိရာကနေ သမ္မတရီဂင် လက်ထက်မှာ.. ၆.၂ % အထိ တိုးမြှင့်လိုက်ပါတယ်။

ဒီတော့ ရုရှားကလဲ လိုက်တိုးတော့တာပေါ့။ ရုရှားက မူလက ကာကွယ်ရေးစာရိတ်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၈ % (ဟုထင်) သုံးရာကနေ ၁၇ % အထိ တိုးမြင့်လိုက်ပါတယ်။ လက်တွေ့ မှာ ဒီထက်ပိုများပါတယ်။ ရုရှားက ၁၇ % သုံးပေမည့် ငွေပမာဏအနေနင့် ဘတ်ဂျက်ကသေးတော့ ကာကွယ်ရေး စုစုပေါင်း အသုံးစာရိတ် ပမာဏက အမေရိကန်ရဲ့  ၁၀ ပုံတပုံလောက်ဘဲ ရှိပါတယ်။
အဲဒီလို ရီဂင်က ကာကွယ်ရေးအသုံးစာရိတ် ၂ % တိုးလိုက်တော့ အတိုက်အခံ ဒီမိုကရက်တွေက မဟာဗျူဟာ လက်နက်ကြိးများ လျော့ချရေး ဆွေးနွေးပွဲလုပ်ပြီး ဘာလို့  ကာကွယ်ရေး အသုံးစာရိတ် တိုးရတာပါလဲ ထောက်မေးကြတော့ သမ္မတရီဂင်က..
TO HAVE A NICE TALK, CARRY A
BIG STICK .. စကားဝိုင်းကောင်းကောင်းဖြစ်ဖို့ ၊ ဒုတ်ကြီးကြီး ထမ်းသွားရတယ်တဲ့။ အာဏာရှင်ဆိုတဲ့လူတွေဟာ သူ့ ထက်လက်နက်ကြီး သူကျမှ လေးစားတတ်သူတွေပါ။ လက်နက်ပါမှ အလေးထား စကားပြောလာသူတွေပါ။

မကြာပါ၊ ၁၉၈၆ မှာ ရုရှားစီးပွားရေး အနုတ်လက္ခဏာတွေ ပြလာတာ မရပ်တည်နိုင်တော့လို့  သမတ ဂိုဘာချော့ ကိုယ်တိုင်..... glasnost (ပွင့်လင်းမြင်သာမှု ) & Perestroika ( ပြုပြင်ပြောင်းလဲရေး) ကို ရုရှားသမတကိုယ်တိုင် စာအုပ်ထုတ်ရေးယူရတော့တာပါ။
ချမ်းသာတဲ့နိုင်ငံကို သွားတု ပြိုင်ဆိုင်လိုက်တော့..ဖါးတုလို့  ခရုခုန်..အိုင်ပျက်ရတာပေါ့။
ကျနော်ရှင်းပြတာကို..ဇော်လင်းက သဘောပေါက်တယ်။ ဟို လူက အတော်လေး မကျေနပ်ပုံပေါ်တယ်။ ၂-ပတ်လောက်နေတော့..တခါ နောက်ပြန်လက်ထိပ်ခတ်၊ မျက်စေ့ကို အဝတ်စည်းပြီး...ခေါ်ထုတ်ပါတယ်။ အခန်းတခုထဲထည့် ..တံခါးတွေ ဝုန်း..ဝုန်း.ဒိုင်းဒိုင်းပိတ်။ လူကို လန့် အောင် ဖိန့် တာ..ဒီကလဲ နောကျေနေပြီ..ဒါ ဖိန့် တာဘဲ။

ပြီး ဗိုက်ကို လက်နဲ့ ခပ်ပျင်းပျင်း ၂ ခါပုတ်ပြီး .မင်းလားကွ..ငါတို့ တပ်မတော်ကြီး .ဒူးညွှတ်ကျသွားမယ်ပြောတဲ့အကောင် နဲ့  ကြိမ်းဝါးတယ်။ ဟေ့ကောင်..မင်း ပြောတာ ပြန်ရုတ်သိမ်းမလား ကြိမ်းဝါးတယ်။ ကျနော် တခွန်းမှ ပြန်မပြောဘူး။ လူ ပခုံးကို ဆတ်ကနဲ့ နောက်ကိုဆောင့် တွန်းထဲ့ပြီး ဟေ့ကောင်း..ငါမေးနေတယ်.မင်းက ဘာကောင်လဲ။
ကျနော် မဖြေဘူး။ သူ ရပ်သွားတော့မှ....ကိုယ့်လူ..မင်းက ဗမာစစ်သားလား။ ကျုပ်က ဗမာ..။ သတ္တိရှိတယ်။ ခင်ဗျား ဗမာစစ်သားပီသရင် ကျုပ်မျက်လုံးကို ဖွင့်လိုက်..မျက်လုံးချင်းကြည့်ရဲရင် ကျုပ်ခင်ဗျားမေးတာ ဖြေမယ် ..ပြောလိုက်တယ်။

မင်းလူပါးမဝနဲ့ အော်သေးတယ်။ .....ကျုပ်လုူပါးဝတာ မဟုတ်ဘူး..ဗမာပီသလို့  မကြောက်တတ်ဘူး ဘဲ ပြောလိုက်တယ်။ ခနနေတော့ မျက်စေ့ဖွင့်ပေးတယ်။ လက်ထိပ်ဖြုတ်ပေးတယ်။ သူမေးတာတွေ အသေးစိတ် ရှင်းပြလိုက်တယ်။ သူလဲ ဘာမှ အကွန့် မတက်နိုင်တော့ဘူး...ဘယ်တပ်က ဘာကောင်လဲ..ဘာအဆင့်လဲတော့ မသိဘူး။
တလောက တရုတ်က သူ့ စပ်တပ်ကို မူလက ..၂.၅ သန်း ရှိရာကနေ ..တနှစ်က ၂-သိန်းလျော့ချတယ်။ ပြီးခဲ့တဲ့  ၃ လလောက်က ၃ သိန်းထပ်လျော့ချတယ်။ လာမည့်နစ်တွေမှာ လက်နက်နည်းပညာတွေကို တိုးတက်အောင်လုပ်ပြီး.. စစ်သည်အင်အားကို ဆက်လက်လျော့ချရန် စီမံနေပါတယ်။

.ခု တရုတ်လူဦးရေအချိုးနင့်ကြည့်လျင်..လူဥိးရေ..သန်း..၃၅၀ မှာ စစ်သည် ၅ -သိန်း။ ကျုပ်တို့ က လူဥိးရေ..သန်း ၅၀ မှာ စစ်သည် ၅-သိန်း။
တနည်း တရုတ်မှာ... လူဦးရေသန်း ၇၀ က စစ်သည် ၁-သိန်းကို ကျွေးထားရတယ်။
ကျုပ်တို့ဆီမှာ..လူဦးရေ ၅-သန်းက စစ်သည် ၁-သိန်းကို ကျွေးထားရတော့.။
တနည်း.. တရုတ်လူအယောက် ၇၀၀ က စစ်သားတယောက်ကို ကျွေးထားရချိန်... ကျုပ်တို့ ဆီမှာ..လူ ၅၀ က စစ်သား ၁-ယောက်ကိုကျွေးထားရတယ်။

အချိုးချကြည့်တော့..အဆ ၁၄ ဆ ကွာနေတယ်။ သူတို့ က စီးပွားရေးအရ ကမ္ဘာမှာ..နံပတ် ၂။ ကျုပ်တို့ က ကမ္ဘာမှာ နံပတ် ( ၂ ) အောက်ဆုံးက ရေလျင်။
တရုတ်က နိုင်ငံခြားငွေတွေ ပိုလျံနေလို့ အမေရိကန် တနိုင်ငံထဲကို ချေးထားတာ..၁၆ ထရီလီယံ ကျော်နေပြီ။ အင်္ဂလန်ကိုလဲ ချေး။ တိုက်ရိုက်ရင်းနှီးထားတာကလဲ တကမ္ဘာလုံး..လက်ညိုးထိုးမလွတ်တော့ဘူး။
ကျုပ်တို့ က ကမ္ဘာပတ်ချေးနေရတာ..သမတကြိး ကျမ်းသစ္စာကြိမ်လို့ ..ရက်၁၀၀ မပြည့်ခင် ဆင်ဖြူတော်လေယဉ်ကြီးစီး..ငွေဖလာကြိးနဲ့  လူကြားမကောင်း.။

အချုပ်အနေနင့်...သူက ဗိုလ်သန်းရွှေကို...ဂုဏ်ပြုချင်တယ်.။ အခုတလောမှာတင် ရန်ကုန်က နိုင်ငံရေးအဖွဲ့ တွေကို..ကျနော်က တိုက်တွန်းထားသေးတယ် ။
NLD ကသူတို့ ပါတီကို တည်ထောင်သူ ကို..ဓါတ်ပုံတွေ ၊ ရုပ်ထုတွေ ၊ လက်ကမ်းစာစောင်တွေမှာ ....လူမုန်းယူရလောက်အောင်..ဓါတ်ပုံတွေ သန်းချီဖြန့် နေတယ် ။
ကြံ့ ခိုင်ရေးပါတီကြိးကို နေ့ မွေး၊ ညကြိး..ချက်ချင်းအကြီးကြီး ဖြစ်လာအောင် တည်ထောင်ထားသူ..။ ပါတီဝင်တွေကို လခ များစွာပေးထားနိုင်သူ..ပါတီရဲ့ ဖခင်ကြိး ပုံကို ဘာလို့ မတင်ရဲကြတာလဲလို့ မေးကြဖို့  ကျုပ်က ဖွထားတယ်။

ကြံ့ ခိုင်ရေးက ပါတီလက်ကမ်းစာစောင်လာဝေရင်.. ပါတီရဲ့ ဖခင်ပုံ မပါရင် မယူဘူးဆိုပြီး.. နင်ချေပြစ်ကြလို့ တိုက်တွန်းထားပါတယ်။
ရှင်းရှင်းလေး....ဗိုလ်သန်းရွှေ ကို..ကြေးရုပ်တု နဲ့ ကြံ့ ခိုင်ရေးတွေ ဘာလို့ မလုပ်ရဲကြတာလဲ...မေးကြပါခင်ဗျာ။ ဒေါ်စုက လူထု ထဲ နေ့တိုင်းဝင်ထွက်နေတယ်။ နိုင်ငံတော်ကြိးကို ခေတ်မှီတိုးတက်အောင် လုပ်ခဲ့ပါတယ်..ဆိုသူကြီးက လူထုထဲ မဝင်ရဲလို့ ..... စာဖတ်နေတယ်။

အင်္ဂလိပ်လိုတော့....SELF GUILT မိမိအပြစ် မိမိမလုံဆိုတာ ခေါ်တယ်။
ကျနော်လုပ်ချင်နေတာက..အမေရိကန်မှာ..ဒေါ်လာ ၃၀၀၀ - ၄၀၀၀ ပေးလျင် တကယ် လူနဲ့ တထေရာတည်းတူတဲ့ (ရာဘာ)အရုပ်မှာလို့ ရတယ်။ ဗိုလ်ရွှေ ရုပ်တုကိုမှာပြီး.. .မဟာဗန္ဓုလပန်းခြံနားမှာ...ထား...လာတဲ့လူတွေကို..
(၁) လက်ဝါးနင့် ပါးတခါရိုက်................................ ၁- ဒေါ်လာ ။
(၂) စီးလာတဲ့ ဖိနပ်နဲ့  ချွတ် ရိုက်ချင်လျင်..................၂ - ဒေါ်လာ
(၃) တံထွေးနဲ့  အားရပါးရ ထွေးချင်လျင်....................၃ -ဒေါ်လာ
(၄) ဖိနပ်ကို ချေးသုတ်ပြီးရိုက်ချင်လျင်........................၅ -ဒေါ်လာနုံးယူရလျင်...
Rolls-Royce ကားကြိး ..အရစ်ကျ ဝယ်စီးနိုင်ပြီဘဲ..
https://www.facebook.com/billy.mackenzie1?fref=ts ဆရာ့အကောင့်မှာ အက်နိုင်ပါတယ်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
https://www.facebook.com/mrtvwebmediaportal/videos/vb.523763414336156/964982803547546/?type=2&theater မြန်မာအမျိုးသားကွန်ကရက်ပါတီရဲ့ အာဏာရှင်ဆန်ဆန် ဟောပြောချက်.. လင့်ခ်
စစ်သားတသန်း တိုးချဲ့ရမယ်ဆိုလို့ ဗိုလ်သန်းရွှေလက်ထက် စစ်သား (၃)သိန်း တုန်းက လယ်ဧက ၅သန်း သိမ်းခံရတယ်။ နောက်ထပ် စစ်သား (၅)သိန်းတိုးရင်တော့ လယ်ဧက (၁)သန်းသိမ်းခံရပါတော့မယ်..။ စစ်သား (၃)သိန်း တုန်းက ပြည်ပနိုင်ငံတွေကိုလည်း ကျွန် ၅သန်းလောက် ထွက်အလုပ်လုပ်ကြရတယ်။ နောက်ထပ် ၅သိန်းတိုးရင် နောက်ထပ် (၆)သန်း ကျွန်ထွက်ခံရလေမလားပဲ။ ရေးသားပြောဆိုသူ ကောင်းမြတ်ထွဋ် (ခ) ကောင်းမြတ်ဖွတ် အရှူးထတာ အရေးမကြီး NLD အလံခိုး ပုံတုဖမ်းပြီး ဒေါင်းယောင်ဆောင်သောဖွတ် လုပ်နေတာ အရေးကြီးတယ်။