ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူတွေ သတိရှိကြပါ လုပ်ကြံဖန်တီး ဆန္ဒပြပွဲများနဲ့ ရိုက်နှက်ပစ်ခတ်မှုအထိရှိလာနိုင်ပီး လူသေတဲ့အထိ ဖန်တီးပါလိမ့်မယ် 
ဒါမှလဲနိုင်ငံတကာကို ပြည်တွင်း ဆူပူမှုဖြစ်ကြောင်းသက်သေ ပြလို့ရမှာပါ
၁၀၀၀၀ စားတွေ ၅၀၀၀ စားတွေ သတိရှိကြပါ ငွေရလိုမှုတခုထဲမကြည့်ပဲနဲ့ မိမိတို့အသက်ဘေးကို ဂရုစိုက်ကြပါ


စစ်တပ်က ယနေ့ ၁ ၊ ၂ ၊ ၂၀၂၁ မနက်ပိုင်းမှာ လူထုခေါင်းဆောင် ( နိုင်ငံတော် အတိုင်ပင်ခံ ) ဒေါအောင်ဆန်းဆုကြည် နှင့်တကွ အစိုးရ ဆိုင်ရာ ဝန်ကြီးများကို ခေါ်ဆောင်ထိန်းသိမ်း ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏အနာဂတ်အတွက် ကျွန်တော်တို့မြန်မာ နိုင်ငံ အ နေ နဲ့ အားလုံးရဲ့ အကူအညီကို လိုအပ်ပါတယ်။
We urge your urgent attention as our democratically elected leaders including State Counsellor Aung San Suu Kyi, President Win Myint along with senior government officials, and the elected members of parliament have now been detained by the military. Please kindly assist our country by stopping this military coup as it is happening right now in Myanmar( Burma).
Aung San Suu Kyi’s party won a landslide victory in the recent election and the new parliament is due to start in the next few hours.
We need your urgent appropriate action and intervention to stop this military coup to protect the people of Myanmar (Burma) and the democratically elected National League for Democracy Government.
Kami mendesak perhatian mendesak Anda karena para pemimpin kami yang terpilih secara demokratis termasuk Penasihat Negara Aung San Suu Kyi, Presiden Win Myint bersama dengan pejabat senior pemerintah, dan anggota parlemen yang terpilih sekarang telah ditahan oleh militer. Mohon bantu negara kami dengan menghentikan kudeta militer ini seperti yang terjadi sekarang di Myanmar (Burma).
Partai Aung San Suu Kyi menang telak dalam pemilihan baru-baru ini dan parlemen baru akan dimulai dalam beberapa jam ke depan.
Kami membutuhkan tindakan dan intervensi Anda yang mendesak untuk menghentikan kudeta militer ini untuk melindungi rakyat Myanmar (Burma) dan Liga Nasional untuk Pemerintah Demokrasi yang terpilih secara demokratis.
เราขอให้คุณให้ความสนใจอย่างเร่งด่วนในฐานะผู้นำที่มาจากการเลือกตั้งตามระบอบประชาธิปไตยของเราซึ่งรวมถึงที่ปรึกษาแห่งรัฐอองซานซูจีประธานาธิบดีวินมินต์พร้อมด้วยเจ้าหน้าที่ระดับสูงของรัฐบาลและสมาชิกรัฐสภาที่มาจากการเลือกตั้งได้ถูกควบคุมตัวโดยทหารแล้ว โปรดช่วยประเทศของเราด้วยการหยุดการรัฐประหารครั้งนี้ซึ่งกำลังเกิดขึ้นในเมียนมาร์ (พม่า)
พรรคของอองซานซูจีได้รับชัยชนะอย่างถล่มทลายในการเลือกตั้งครั้งล่าสุดและรัฐสภาแห่งใหม่มีกำหนดจะเริ่มในอีกไม่กี่ชั่วโมงข้างหน้า
เราต้องการการดำเนินการและการแทรกแซงที่เหมาะสมอย่างเร่งด่วนของคุณเพื่อหยุดการรัฐประหารครั้งนี้เพื่อปกป้องประชาชนเมียนมาร์ (พม่า) และรัฐบาลสันนิบาตแห่งชาติเพื่อประชาธิปไตยที่มาจากการเลือกตั้งตามระบอบประชาธิปไตย
アウンサンスーチー国家顧問、ウィンミン大統領、政府高官、選出された国会議員など、民主的に選出された指導者が軍に拘束されているため、早急に注意を払うことをお勧めします。現在ミャンマー(ビルマ)で起こっているこの軍事クーデターを止めて、我が国を助けてください。
アウンサンスーチーの党は最近の選挙で圧勝し、新しい議会は数時間以内に発足する予定です。
ミャンマー(ビルマ)の人々と民主的に選出された国民民主連盟を保護するために、この軍事クーデターを阻止するために、あなたの緊急の適切な行動と介入が必要です。
Aung San Suu Kyi 주 보좌관, Win Myint 대통령, 고위 공무원, 선출 된 의원 등 민주적으로 선출 된 지도자들이 이제 군에 구금 되었으니 긴급한 관심을 촉구합니다. 지금 미얀마 (버마)에서 일어나고있는이 군사 쿠데타를 막아서 우리 나라를 친절하게 도와주세요.
Aung San Suu Kyi의 정당은 최근 선거에서 압도적 인 승리를 거두었으며 새 의회는 다음 몇 시간 안에 시작될 예정입니다.
미얀마 (버마) 국민과 민주적으로 선출 된 내셔널 리그 (National League for Democracy Government)를 보호하기 위해이 군사 쿠데타를 막으려면 귀하의 긴급한 적절한 조치와 개입이 필요합니다.
Hinihimok namin ang iyong kagyat na pansin dahil ang aming mga piniling demokratikong pinuno kabilang ang State Counsellor Aung San Suu Kyi, Pangulong Win Myint kasama ang mga nakatatandang opisyal ng gobyerno, at ang mga nahalal na miyembro ng parlyamento ay nakakulong na ngayon ng militar. Mangyaring pinapayuhan na tulungan ang aming bansa sa pamamagitan ng pagtigil sa coup ng militar na ito dahil nangyayari ito ngayon sa Myanmar (Burma).
Ang partido ni Aung San Suu Kyi ay nanalo ng isang malaking tagumpay sa nagdaang halalan at ang bagong parlyamento ay dahil sa magsisimula sa mga susunod na oras.
Kailangan namin ang iyong kagyat na naaangkop na aksyon at interbensyon upang ihinto ang coup ng militar na ito upang protektahan ang mga tao ng Myanmar (Burma) at ang demokratikong nahalal na National League para sa Pamahalaang Demokrasya.
我们敦促您的紧急关注,我们的民主选举的领导人,包括国务委员昂山素季,总裁温敏与政府高级官员一起,和议会的当选成员现在已经被军方拘留。请停止缅甸发生的军事政变,以协助我们的国家。
昂山素季(Aung San Suu Kyi)的政党在最近的选举中赢得压倒性胜利,新议会定于未来几个小时内开始。
我们需要您采取紧急适当的行动和干预,以停止这场军事政变,以保护缅甸人民和民主选举产生的全国民主政府联盟。

ပြည်သူအများ သတိဝီရိယ ထားသွားလာကြပါရန်
အင်တာနက် ပြတ်တောက်ပါက ဆက်သွယ်အသုံးပြုရန် 
Bridgefy ဟုခေါ်သော application ကို အသုံးပြုနိုင်ရန် 
ဖုန်းများတွင် ထည့်သွင်းထားကြပါရန်

အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ်

photo credit Eleven Media Group 


Top 10 Smart Cities in Southeast Asia




Smart cities are flourishing across Southeast Asia. Here we have a list with ten of the most promising ones


Mandalay (Myanmar)

Myanmar’s last royal capital and its second largest city - after Yangon - with 1.25 million people has experienced rapid urbanisation and population growth in the recent years.
To promote itself as a smart and green city, the Mandalay City Development Committee
(MCDC) and the Department of Human Settlement and Housing Development (DHSHD) have prepared their first major 25 year urban development plan.
The Asian Development Bank (ADB) and the French Agency for Development (AFD) are providing technical and financial support to help the city achieve its vision through the Mandalay Urban Services Improvement Project, which aims to improve the city’s water supply system, wastewater treatment and solid waste management.
In addition to the above initiatives, the International Environmental Technology Centre (IETC) of the United Nations Environment Programme (UNEP) has also been providing technical assistance for developing a waste management strategy to help the city achieve a zero waste, zero emissions and a resource-efficient society.
Mandalay is already seeing the benefit of implementing technology on its streets: Internet of Things (IoT) sensors are being used in the city to help officials keep track of water issues; drones are helping to map the city to plan drainage systems; and traffic congestion is monitored and planned through automated control centres.
However, as Chief Smart City Officer Ye Myat Thu points out, Mandalay still needs to work on its infrastructure in order to unleash its full potential as a smart city.



စစ်သား တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၂) (ဆောင်းပါးရှင် ဒေါက်တလှိုင်မြင့်)

စစ်သား တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

၂၁ရက်နေ့က MRTV မှာတင်ထားတဲ့ အမျိုးသားကွန်ဂရက်ပါတီလား အမျိုးသားကျွန်ယက် ပါတီမှ ကောင်းမြတ်ဖွတ်အတွက် ကျွန်တော်တို့ ဆရာဒေါက်တာလှိုင်မြင့် လက်သံပြောင်ပြောင် ခပ်ပြင်းပြင်းနဲ့ နွားကို နှင်တံပေး ရေးထားတဲ့ ဒုတိယပိုင်းကို အောက်မှာ ဖတ်ရှူနိုင်ပါတယ်။
မြန်မာလူဦးရေနင့် စစ်သား အချိုးအတွက်မှားထားလို့ ပြန်ပြင်လိုက်ပါတယ်။ အကြံပြုပေးတဲ့  Nay Ye Htet ကိုကျေးဇူးတင်ပါတယ်။

တဆက်ထဲ ထို.ပါတီခေါင်းဆောင် ပြောသလို စစ်သား တစ်သန်းသာ တိုးချဲ့ လိုက်လျင်..ကျနော်တို့ လူ ၅၀ က စစ်သားတယောက်ကို ကျွေးထားရပါတော့မယ်။ ကျွေးရုံတင်လား... လယ်တွေ ဧက ၁-သန်းအသိမ်းခံရပါဦးမယ်။ စက်ရုံတွေ စစ်တပ် ဦးပိုင်ကို ထပ် အပ်ရပါဦးမယ်။
ဝန်ကြီးဌာနတွေတင်မကတော့ဘူး..စက်ရုံတွေ လိုင်စင်ချပေးတာကို..စစ်ဗိုလ် ၅ ယောက် မန်နေဂျာနေရာ ပေးပါတွေလာဦးမယ်။ ပိုလျှံစစ်ဗိုလ်တွေ ဝန်ကြိးဌာနတင်မက အရပ်ဖက်ကိုပါထိုးလာပါဦးမယ်။ ဝန်ကြီးဌာနနဲ့ဆက်သွယ်ရင် သူတို့ လာမှ လုပ်ပေးမယ် ကိုင်လာပါမယ်။
ဝါးကိုင်းလေးတခုကို ကွေးလျင်.. သူ့ အနေအထားအရ.. .ဝါးအစိမ်းလေးက ဝါးအခြောက်ထက် ပိုကွေးလို့ ရပါမယ် ။ ဝါးအစို၊ အစိမ်းရော.. ဝါးအခြောက်လေးရော..သူ့  ကွေးညွှတ်နိင်သည့် အတိုင်းအတာ..ကိုကျော်လွန်သွားလျင် ကျိုးသွားပါမယ်။ Critical point ရှိပါတယ်။

ကျနော်တို့ တိုင်းပြည်က ယခု ရေမရလို ငတ်ပြတ်လာနေတဲ့ ပိန်လှီလှီ ဝါးအခြောက်လေးဖြစ်နေတာကြပြီ။ ဒါကို ထပ် ဖိကွေးညွှတ်လျင်... ဝါးက ကျိုးဖို့  တဖြစ်ဖြစ် အသံထွက်နေပီ။ ဒါကိုထပ်ဖိလျင်...သေချာပေါက် ဒီမိုကရေစီ ကိုရောက်သွားပါမယ်။
လူထုတော်လှန်ရေးထဲကို စစ်သည်တော်တွေ သေချာပေါက်ပါလာပါတော့မယ် ။
ဦးလှိုင်မြင့်.. အဲဒါဆို ပိုဆိုးမသွားပေဖူးလား ..ဟုတ်ကဲ့.... BLESSING IN ..DISGUISE...ရုပ်ဖျက်၍လာသော..ကောင်းချီးမင်္ဂလာ။
အဲဒီလိုတော်လှန်ရေးကြီး ဖြစ်သွားလျင် ဒီသူခိုးတွေ အားလုံး.. နူရင်ဘတ် ခုံရုံးအထိ ရောက်သွားပါမယ်။ ပိုင်ဆိုင်တာတွေအားလုံး ပြည်သူပိုင်ပြန်သိမ်းတဲ့အထိ ရောက်သွားပါမယ်။ ခွေးကို ချောင်ပိတ်ရိုက်သလို
 ပြန်အကိုက်ခံရပါမယ်။


ဥပမာလေးတခု ပေးပါမယ်။ ၂၀၁၀ အော်စီက ကျနော်လုပ်နေသည့် ကျောင်းမှာ... ခပ်ထွားထွား အာရှ လူမျိုး ကပြားကလေးတယောက်ရှိတယ်။ မိခင်က ကျောင်းက ဆရာမဘဲ။ အမေအရှိန်လဲပါတယ်။ သူက ဗိုလ်ကျချင်တယ်။ တခါ ကျောင်းမှာ အမွှာမိန်းခလေး နှစ်ယောက်ရှိတယ်။ မိခင်တွေက အသက်ကြီးမှ ကလေး ရထားသူလေးတွေ။ မိဘက သိပ်မပြုစုဘူး..ကျောင်းရောက်မှ ဆရာမတွေက သန့်ရှင်းရေးလုပ်ပေးရ .လှီလှီလေးတွေ။

ထိုအမွှာလေးတွေကို..ထိုထွားထွားကောင်လေးက ခနခန အလစ်မှာ ဗိုလ်ကျတယ်။ ကျနော်က ကျန်ဆရာမတွေ၊ နောက်ဆုံး သူ့ အမေကို သတိပေးထားတယ်။ အမေကို ၃ ခါတိတိ သတိပေးထားတယ်။
တရက် ကျနော် နားတဲ့နေ့ မှာ.... ထို ကောင်လေး..ပခုံးမှာ ၃- ချက်။ နားရွက်မှာတော့ အသားတစ်ပဲ့ ထွက်သွားအောင်အကိုက်ခံလိုက်ရတယ်။ မိခင်က သူ့ သားခံရတော့မှ ပြသနာကြီးတယ်။ ဒီမှာက အဲဒီလိုသွေးထွက် အသားပဲ့သွားတဲ့အထိ ဖြစ်လျင် ဆေးရုံကိုခေါ်ရပြီ။ အရေးပေါ်ကားခေါ်ရပြီ။
ပြည်နယ် ကြိးကြပ်ရေး Department of Community ကိုတနာရီအတွင်း သတင်းပို့ ရပြီ။ နောက်နေ့  ပြသနာဖြစ်စဉ်ကို တင်ပြရပြီ။ လူတယောက်ကို အဲဒီလိုတန်ဖိုးထားတာ၊ အလေးထားတာ မြန်မာပြည်.. လက်ပတန်းမှာ .ကျောင်းသားတွေရိုက်သလို ကျိုး..ကန်းသွားအောင် အထိဆို တွေးသာကြည့်။ လက်ပံတောင်းမှာ...ဘုန်းကြီးတွေကို..တန်ဆောင်မုန်း.. .မီုးပျံပုန်းနဲ့  မီးပျံဗုံး မှားပူဆော် သလိုမျိုးဆို..အစိုးရနုတ်ထွက်ပေးရမယ်။

မြန်မာ့မျိုးချစ်အစိုးရ မြန်မာတယောက်အသက်ကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ..သရုပ်အမှန်ကို တိုင်းတာချင်လျင် အဲဒါတွေကိုကြည့်။ မအ ကြပါနဲ့။
အဲဒီကလေးကိုက်လိုက်တဲ့ဖြစ်စဉ်ကို..ကျောင်းအုပ် ခေါင်းစားနေပြီ။ အတန်းပိုင်ဆရာမက တကယ်ပြသနာရှာတတ်သူ။ ဒုကျောင်းအုပ်လဲဖြစ်တယ်။ ကျန်ဆရာမတွေက သူ့ ဆို အသေကြောက်ကြရတယ်။ ကျနော်ကတော့ ပြန်တည်တာပေါ့...။ ပါးစပ်ကလဲပြော..လက်သန်းအဆစ်လေး. .ပြပြီး ခင်ဗျားလောက်ကို ကျုပ်က ဒါလောက်ဘဲထင်တယ်အထိ ကောထားတဘ။ဲ မြန်မာပြည်မှာ ရမ်းလှပါပြီဆိုတဲ့ သန်းရွှေကို ကျုပ်က ၃-၄ ခါ ခံပြောလာခဲ့သူ..။

အဲဒီကလေး ပြသနာ.. သုံးသပ်ချက် အလုပ်နားတဲ့နေ့  သမား ကျနော့် ဆီက ထင်မြင်ချက်တောင်းရပြီ။ ကျနော်ရေးပေးရတော့..ကောင်လေးစရီုက်၊ သူ့ မိခင်ကိုသတိပေးထားတာ၊ ကျန်ဆရာမတွေကိုကါ သတိပေးထားတာတွေ ထဲ့ရေးရပြီ။ ကျနော့်သုံးသပ်ချက်က အပြီးသတ်ယူလိုက်ကြရတယ်။
ဖြစ်ဖို့ များတာက ကလေးမလေး ၂ ယောက်က လူမရှိတဲ့နေရာမှာ နေတတ်ကြတယ်။ ဒေါင့်ကွေးနေရာလေးမှာ။ တခါ အပင်လေးတပင်က ရှိနေတော့ အဲဒီချောင်ထဲဝင်မိရင် ထွက်ပေါက်ပိတ်နေပြီ။ ဟိုကောင်ထွားထွားကြီး အပီထင်ပြီး..ဝင်ဗိုလ်ကျလိုက်ပုံရပါတယ်။ ပြေးပေါက်မရှိတော့ ဟိုက ပြန်တွယ်ထဲ့တော့.. ကျားနာခဲ ခဲထဲ့လိုက်မှာပေါ့။

တပ်မတော် ခေါင်းဆောင်တွေကို ပြောချင်ပါတယ်။ ချေးဘရိမ်း ရဲ့ ဆောင်ပုဒ်..တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့အမြင်ကို ပြန်ဝေဖန်ဆွေးနွေးသုံးသပ်ပါဦးလို့။
ယနေ့  တရုတ်ပြည်ကြိးက တပ်မတော်မှာ... ကိုယ်လက်အင်္ဂါချို့ တဲ့ထားသူ မရှိသလောက်။ တိုက်ပွဲကျထားသူ မရှိ။ စစ်မှ မတိုက်ရတော့ ကုန်ကျစာရိတ်မရှိဘူး။ ကျနော်တို့ ဆီမှာ ဆေးပင်စင် စစ်သား တပုံကြိး။ ဌာနဆိုင်ရာတွေမှာ လာထိုးထားတာ တပုံကြီး။ တိုင်းပြည်က ပန်းနေပြီ။

စစ်တိုက်ကြတယ်။ လောင်ချာဗုံးသီးတလုံး စာရိတ်ကတင် ဒေါ်လာ ၂၀၀၀ မကတန်တယ်။ ပစ်တဲ့ အမြောက်ရဲ့ တန်ဖိုးတွေက ပြည်သူတွေကို ဗိုက်မှောက် ညစ်ထုတ်ထားတဲ့ စားရိတ်တွေပါ။ တခါကိုယ်ဖက်ပစ် လိုက်လို့ တိုင်းရင်းသားတွေဖက် ပျက်စီးသွားတာက ဒေါ်လာ..သောင်းချီတန်တဲ့ မြန်မာနိုင်ငံသားများရဲ့ ပိုင်ဆိုင်မှုပါဘဲ။
တပ်မတော်က နိုင်ငံတော် ဘတ်ဂျက်ရဲ့  ၃၀ % ကိုသုံးနေတယ်။ န.ဝ.တ.ခေတ်က တစ်ဒေါ်လာကို..၁၃၀၀ ကျပ် ပေါက်နေချိန်မှာ.. .စစ်အသုံးစာရိတ်ကို ဒေါ်လာနဲ့ ဝယ်တယ်။ အသုံးစာရိတ်ပြတော့ တစ်ဒေါ်လာကို ၆ ကျပ် နဲ့ တွက်ပြတယ်။ စစ်တပ်က မွဲနေတဲ့ နိုင်ငံ၏ဘတ်ဂျက်ရဲ့ ၅၀ % သုံးနေတာ နှစ်ဆယ်ချီခဲ့ပြီ။
မိသားစု တစု..သို့ မဟုတ် အိမ်တအိမ်၏ ဝင်ငွေထဲက..၅၀ % က ဒရဝမ် (စစ်တပ်ဆိုတတော့ ဒရဝမ်နဲ့ပဲ နှိုင်းမယ်) အတွက် အကုန်ခံနေရလျင် ထိုအိမ် ဘယ်လို ရှိပါ့မလဲ။

ဒရဝမ်ကိုလခအများကြိးပေး..ဟိုဖက်အိမ်နီးချင်းအိမ်လဲ ဖျက်.. ဟိုဖက်ကလဲ ကိုယ့်ပြန်ဖျက်...။. တပ်မတော် ခေါင်းဆောင်တွေ စစ်ရေးအမြင်.... တိုင်းပြည်ကို ဒေဝါလီ ခံစေခဲ့သူ။ ကျွန် ၅ သန်း အိမ်နီးချင်းဆီ ကန်ထုတ်ခဲ့သူ ချမှတ်ခဲ့တာကို .ပြန်လည်သုံးသပ်ပါလို့။
အဆိုအမိန့် လေးတခုရှိပါတယ်။ It is not the longest swords that conquers, but the deepest purse... အဆုံးတနေ့ မှာ.. .အောင်နိုင်သူဟာ...ဓါးအရှည်ကိုင်ထားသူမဟုတ်..နက်တဲ့ ပိုက်ဆံ အိတ်ကိုင်နိုင်သူပါ။

အတိုက်အခံ တွေ အနေနဲ့ စစ်ခေါင်းဆောင်တွေ ၊ မိသားစုတွေ ပိုင်ဆိုင်ထားတာတွေ တပ်မတော်သားတွေ အမှန်အတိုင်းသိမြင်လာအောင်..တင်ကြပါ။ မြင်ဖန်များလာရင် တပ်ထဲမှာ မကျေနပ်မှုကြိးထွားလာပါမယ်။ ပြည်သူတွေလဲ ဦးဏှောက်ရှိကြပါတယ် ။
မျိုးချစ်စစ်သည်တော်ပါ ဆိုတဲ့ စကားကို..ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ....တိုင်းပြည်က ဘာမှ မခိုးခဲ့သူတွေသာ သုံးနုံး ပြောဆိုခွင့်ရှိတဲ့..စကားပါ။ .မျိုးချစ်စိတ်ဓါတ်ကို.. .လက်ရှိတပ်မတော်ခေါင်းဆောင်များ မသုံးကြပါရန် အထူးပန်ကြားပါတယ်။

ခင်ဗျားတို့  မျိုးချစ်တပ်မတော် ခေါင်းဆောင်များ.. သုံးချင်လျင်..မိမိပိုင်ဆိုင်မှုတွေထဲမှာ....မမှန်မကန်ရထားတာ မရှိပါဘူး ထုတ်ပြောရဲသူ.. ပိုင်ဆိုင်တာ ကြေငြာရဲသူတို့  သာ ပြောရန် ထိုက်တန်တဲ့ စကားပါ။
တိုင်းပြည်အပေါ် ..သစ္စာမဲ့လို့ ခိုးကြတာပါ။ တပ်မတော် ခေါင်းဆောင်တိုင်း ကို ခိုးတယ်မပြောချင်ပါဘူး။ ဒါပေမယ့် အများစုကတော့ ခိုးထားသူချည်းပါဘဲ။ ပိုင်ဆိုင်မှုတွေကို ထုတ်မဖော်ရဲပဲ
သူခိုးကို၊ နေ့ ချင်းညချင်း မတရားချမ်းသာလာတဲ့ သူတွေကို...
"နိုင်ငံတော်အပေါ်... သစ္စာမဲ့သူ" လို့  လက်ရှိတပ်မတော်ခေါင်းဆောင်များ.. သတ်မှတ်ချက် ထုတ်ပြန်ရဲလျင် .ကျနော် ယနေ့ ..ပေါ်ကနေ..ပြည်သူလူထုကြိးကို ကြံ့ ခိုင်ရေးပါတီကို သာမဲထဲ့ရန် အပြတ် နှိုးဆော် တိုက်တွန်းလိုက်ပါမယ်။

ဒီလိုမှ မထုတ်ပြန်ရဲရင်တော့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြီး ရွေးကောက်ပွဲဝင်လာတဲ့ ပါတီကိုပဲ မဲပေးကြဖို့ တိုက်တွန်းရမှာပါပဲ။
ဆက်လက် ရေးသားဖော်ပြပါမည်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဆရာလှိုင်မြင့် အကောင့်ပါ.. https://www.facebook.com/billy.mackenzie1?fref=ts လူမပြည့်မှီ အက်နိုင်ပါတယ်။
https://www.facebook.com/demo.waiyan/posts/887452881289954?pnref=story
စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၁) ပြန်ဖတ်လိုလျှင်

http://www.demowaiyan.org/2015/09/blog-post.html

https://www.facebook.com/demo.waiyan/posts/887452881289954?pnref=story

စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း(၁) ... ဒေါင်းတုလို့ ဖွတ်ခုန် ဖင်ကွဲရုံပဲရှိမယ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

တနေ့က MRTV မှာတင်ထားတဲ့ အမျိုးသားကွန်ဂရက်ပါတီလား အမျိုးသားကျွန်ယက် ပါတီလားတော့မသိ အာဏာရှင်ဆန်ဆန် ဗိုလ်သန်းရွှေကို ကျေးဇူးအမွှန်းတင် ပြောဆို၊ မဲပေးမယ့် ပြည်သူကို ကြိုက်ရင်မဲထည့် မကြိုက်ရင် မဲမထည့်နဲ့ ဆိုပြီး ပြောဆိုသွားတာနဲ့ ပတ်သက်ပြီး ဒေါက်တာလှိုင်မြင့်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။
ထုံးစံအတိုင်း ကျွန်တော်တို့ ဆရာဒေါက်တာလှိုင်မြင့် လက်သံပြောင်ပြောင် ခပ်ပြင်းပြင်းနဲ့ နွားကို နှင်တံပေး ရေးထားတာလေးကို အောက်မှာ ဖတ်ရှူနိုင်ပါတယ်။
...
စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ ...
ဒေါင်းတုလို့ ဖွတ်ခုန် ဖင်ကွဲရုံပဲရှိမယ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
..
ဒီမနက် အမျိုးသားကွန်ဂရက်ပါတီရဲ့ မိန့် ခွန်း.. .တော်တော်လေး ပွဲဆူသွားတဲ့ မိန့် ခွန်း ။
သနားတယ်ဘဲ ပြောချင်ပါတယ်။ နိုင်ငံရေးပါတီတခုကို ဦးဆောင်သူမှန်လျင် ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ လောက်တော့ သိသင့်ပါတယ်။
နိုင်ငံရေးမှာ..ဘတ်ဂျက် က နံပတ်- တစ်၊
ဘတ်ဂျက်က နံပတ် - နှစ် ပါ။
ဘတ်ဂျက်မနိုင်ရင်.. အာဏာရှင်နိုင်ငံကြီးတွေ ပြိုကွဲသွားတာ..ပူပူနွေးနွေးလေးတွေ အများကြိး ။
နောက်ဆုံး...ကျနော်တို့  ဘုရင်ရူးရူးနေသူ..ဘဘကြီးတာင် ဘတ်ဂျက် ပြောင်လို့ .. သဘောထားကြီးစွာ.. ပလ္လင်ပေါ်က ဆင်းသွား (ရရှာ) HAD TO.. RELINQUISH POWER.. မလွှဲသာတော့လို့  အာဏာကို (သဘောထားကြိးစွာ) ..စွှန့် လွှတ်လိုက် (ရရှာ) တာကို... အခုလူမသိရှာတာပြတာပါဘဲ။
၁၉၉၆ မေလ - ၂၃ ရက်မှာ ကျနော်အဖမ်းခံရတယ်။ စစ်ကျောရေး..၁၄ -ရက်တိတိကြာပါတယ်။ စစ်ကျောရေးပြီး (မမှတ်မိတော့ ရောနေပြီ)..အချုပ်နဲ့ ၄ လ နေရပါတယ်။
၂-၃ ပတ်လောက်အရ..မှာ .ထောင်ထဲကို ဗဟိုထောက်လှမ်းရေးက ဗိုလ်မှုးဇော်လင်း (သူက ဇော်ဝင်းလို့  လိမ်ပြောတယ်) နဲ့ မိတ်ဆက်မပေးတဲ့ အရပ်ခပ်မြင့်မြင့် အရာရှိကြီးတယောက် ထောင်ထဲမှာ ကျနော့်ကို ပထမ မိထားတဲ့ စာရွက်စာတမ်းတွေ စစ်ပါတယ်၊ မေးပါတယ်။ ကျနော့်ကို ဗိုလ်မှုးဇော်လင်းက ဘဲ စကားပြောပါတယ်။ ဟိုလူက တချက်လေး မပြုံးပြဘူး။ ဘေးကနေ တစိုက်ထဲ စိုက်ကြည့်နေပါတယ်။ ဘာသဘောတော့မသိ။ ကျနော်စစ်ကျောရေးမှာ ဖြေထားတာတွေ အစစ်အမှန်လား..သိရအောင် စစ်ဆေးတာပါ။ နောက်မှ သူတို့ ကျနာ် ကြုံသလို လိမ်တတ်သလား သိချင်လို့ စစ်တာပါ ပြောတယ်။
ပြီးတော့..ဗိုလ်သန်းရွှေကို..စီးပွားရေးအကြံ ပေးလုပ်ပေးဖို့  ဆွေးနွေးပါတယ်။ ကျနော်ကလည်း ..တိုင်းပြည်အတွက် တကယ် အကျိုးပြုခွင့်ရမည်ဆိုလျင်. .ကြောင်ဖြူ ကြောင်မဲ အရေးမကြိးဘူး ကြွက်ခုတ်တတ်ဖို့  အဓိက မို့  လုပ်ပေးပါမယ်။
ကျနော် ၂ ချက်တောင်းဆိုတယ်။

(၁) လာဘ်စားတာ ဆိုးဝါးသူတွေကို ဖယ်ထုတ်၊ လွန်ကဲလျင် အရေးယူပေးဖို့။ ဒါကိုလဲသူတို့  သဘောမတူနို်င်ဘူး။ အဲဒီမှာသိပ် သိသာသွားပြီ။ ခိုးမဲ့သူတွေလို့  ပြသွားတာဘဲ။
(၂) အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးရန်။ သူတို့ က ခင်ဗျား မိသားစုအရေးဘဲပြောပါ။ တိုင်းပြည်အတွက် မစဉ်းစားပါနဲ့။ ကျနော် ပြန်ထောက်တော့...ခင်ဗျားတို့ က တိုင်းပြည်အတွက် လုပ်ပေးဖို့ လာခေါ်တာ မဟုတ်လား..ဆိုတော့..ပါးစပ်ပိတ်ကုန်တယ်။
ဆွေးနွေးရာကနေ အပြင်ကိုထွက်တယ်။ အထက်ကို ဖုံးဆက် အစီရင်ခံနေပုံ ရတယ်။ ပြန်လာတယ်။
အဲဒီမှာ..သူတို့ ကိုကျနော်က ယခု န.ဝ.တ သွားနေသည့် စီးပွားရေး.. နိုင်ငံရေး အခြေအနေများနှင့် မကြာမှီ ထိုင်းမှာ ငွေကြေး ပြိုကွဲလာနိုင်စရာရှိလို့  စီးပွားရေး.. အကျပ်အတည်းတွေ့မယ် သတိပေး လိုက်ပါတယ်။
အဲဒါကို အသေးစိတ် ရှင်လင်းခိုင်းလို့ ရှင်းပြပါတယ်။.နိုင်ငံရေး ဆွေးနွေးဖြစ်သွားတယ်။ ကျနော်က ယခု ထောက်လှမ်းရေးက နိုင်ငံရေးသမားတွေကို လိုက်စုံစမ်းနေတဲ့ ကုန်ကျစာရိတ်တွေ။ စစ်သား.၄ -သိန်းရဲ့  စာရိတ်တွေဟာ ကျနော်တို့ နိုင်ငံရဲ့  ဘဏ္ဍာရေး အချိုးအစားအတွက် အလွန်မြင့်နေတာ ရှင်းပြဖြစ်တယ်။

ဒီပုံစံအတိုင်းသွားလျင်..န.ဝ.တ . စစ်စာရိတ်ပိပြီး..၁၉၈၅ - ၉၀ ဝန်းကျင်က ရုရှားနိုင်ငံကြိး..စစ်စားရိတ်ပိ ပြိုကွဲသလို ..န.ဝ.တ. ဒူးညွှတ်သွားမယ်လို့  အပြတ်ပြောလိုက်ပါတယ်။ အပြင်ထွက်ဖုံးဆက်တယ် ။ ပြီး..အဲဒါကို အသေးစိတ် ရှင်းပြခိုင်းပြန်ပါတယ်။ ကျနော် ရုရှားနဲ့  အမေရိကန် စစ်ရေးအပြိုင်အဆိုင်တိုးချဲ့ တဲ့ ကိစ္စ အကျဉ်းရုံးရှင်းပြလိုက်တယ်။
၁၉၇၅ ခုနစ်က စတင်လို့  အရှေ့  -အနောက်စစ်ရေးတင်းမာမှုတွေလျော့ချဖို့ .. SALT (Strategic Arms Limitation Talks) မဟာဗျူဟာ လက်နက်ကြီးများ လျော့ချရေးဆွေးနွေးပွဲ တွေ စတင်ခဲ့ပါတယ်။ ထိုအချိန်က ကမ္ဘာမှာ အမေရိကန်နင့် ရုရှားက အနုမြူထိပ်ဖူးတွေဟာ.. ကမ္ဘာ.၅ လုံးကို ဖျက်စီးနိုင်သည့် ပမာဏ အထိ များပြားနေပါတယ်။

မဟာဗျူဟာ အနုမြူထိပ်ဖူးတွေ တစတစ လျော့ချဖို့  အကြိမ်ကြိမ် ညှိနိုင်း တဖြေးဖြေး လျော့ချလာကြပါတယ်။ ထိပ်ဖူးအရေအတွက်သာ လျော့ချလာတာ. နည်းပညာဖွံ့ ဖြိုးရေးအတွက် သုတေသန ပြုခွင့်ပေးထားတော့ အမေရိကန်က အနုမြူထိပ်ဖူးကို သေးလိုက်ပေမည့် ပြင်းအားက ကြောက်ခမန်းလိလိ ပိုတက်လာပါတယ်။
ထိပ်ဖူးတွေ လျော့ချပေမည့်. ထိပ်ဖူးတွေကို..ထောက်လှမ်းမရနိုင်အောင် စစ်ရေး အသုံးစာရိတ်ကို တိုးမြင့်သုံးစွဲပါတယ်။ အမေရိကန်က မူလက တနှစ်လျင် စစ်ရေးအသုံးစာရိတ် (၄%) သာရှိရာကနေ သမ္မတရီဂင် လက်ထက်မှာ.. ၆.၂ % အထိ တိုးမြှင့်လိုက်ပါတယ်။

ဒီတော့ ရုရှားကလဲ လိုက်တိုးတော့တာပေါ့။ ရုရှားက မူလက ကာကွယ်ရေးစာရိတ်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၈ % (ဟုထင်) သုံးရာကနေ ၁၇ % အထိ တိုးမြင့်လိုက်ပါတယ်။ လက်တွေ့ မှာ ဒီထက်ပိုများပါတယ်။ ရုရှားက ၁၇ % သုံးပေမည့် ငွေပမာဏအနေနင့် ဘတ်ဂျက်ကသေးတော့ ကာကွယ်ရေး စုစုပေါင်း အသုံးစာရိတ် ပမာဏက အမေရိကန်ရဲ့  ၁၀ ပုံတပုံလောက်ဘဲ ရှိပါတယ်။
အဲဒီလို ရီဂင်က ကာကွယ်ရေးအသုံးစာရိတ် ၂ % တိုးလိုက်တော့ အတိုက်အခံ ဒီမိုကရက်တွေက မဟာဗျူဟာ လက်နက်ကြိးများ လျော့ချရေး ဆွေးနွေးပွဲလုပ်ပြီး ဘာလို့  ကာကွယ်ရေး အသုံးစာရိတ် တိုးရတာပါလဲ ထောက်မေးကြတော့ သမ္မတရီဂင်က..
TO HAVE A NICE TALK, CARRY A
BIG STICK .. စကားဝိုင်းကောင်းကောင်းဖြစ်ဖို့ ၊ ဒုတ်ကြီးကြီး ထမ်းသွားရတယ်တဲ့။ အာဏာရှင်ဆိုတဲ့လူတွေဟာ သူ့ ထက်လက်နက်ကြီး သူကျမှ လေးစားတတ်သူတွေပါ။ လက်နက်ပါမှ အလေးထား စကားပြောလာသူတွေပါ။

မကြာပါ၊ ၁၉၈၆ မှာ ရုရှားစီးပွားရေး အနုတ်လက္ခဏာတွေ ပြလာတာ မရပ်တည်နိုင်တော့လို့  သမတ ဂိုဘာချော့ ကိုယ်တိုင်..... glasnost (ပွင့်လင်းမြင်သာမှု ) & Perestroika ( ပြုပြင်ပြောင်းလဲရေး) ကို ရုရှားသမတကိုယ်တိုင် စာအုပ်ထုတ်ရေးယူရတော့တာပါ။
ချမ်းသာတဲ့နိုင်ငံကို သွားတု ပြိုင်ဆိုင်လိုက်တော့..ဖါးတုလို့  ခရုခုန်..အိုင်ပျက်ရတာပေါ့။
ကျနော်ရှင်းပြတာကို..ဇော်လင်းက သဘောပေါက်တယ်။ ဟို လူက အတော်လေး မကျေနပ်ပုံပေါ်တယ်။ ၂-ပတ်လောက်နေတော့..တခါ နောက်ပြန်လက်ထိပ်ခတ်၊ မျက်စေ့ကို အဝတ်စည်းပြီး...ခေါ်ထုတ်ပါတယ်။ အခန်းတခုထဲထည့် ..တံခါးတွေ ဝုန်း..ဝုန်း.ဒိုင်းဒိုင်းပိတ်။ လူကို လန့် အောင် ဖိန့် တာ..ဒီကလဲ နောကျေနေပြီ..ဒါ ဖိန့် တာဘဲ။

ပြီး ဗိုက်ကို လက်နဲ့ ခပ်ပျင်းပျင်း ၂ ခါပုတ်ပြီး .မင်းလားကွ..ငါတို့ တပ်မတော်ကြီး .ဒူးညွှတ်ကျသွားမယ်ပြောတဲ့အကောင် နဲ့  ကြိမ်းဝါးတယ်။ ဟေ့ကောင်..မင်း ပြောတာ ပြန်ရုတ်သိမ်းမလား ကြိမ်းဝါးတယ်။ ကျနော် တခွန်းမှ ပြန်မပြောဘူး။ လူ ပခုံးကို ဆတ်ကနဲ့ နောက်ကိုဆောင့် တွန်းထဲ့ပြီး ဟေ့ကောင်း..ငါမေးနေတယ်.မင်းက ဘာကောင်လဲ။
ကျနော် မဖြေဘူး။ သူ ရပ်သွားတော့မှ....ကိုယ့်လူ..မင်းက ဗမာစစ်သားလား။ ကျုပ်က ဗမာ..။ သတ္တိရှိတယ်။ ခင်ဗျား ဗမာစစ်သားပီသရင် ကျုပ်မျက်လုံးကို ဖွင့်လိုက်..မျက်လုံးချင်းကြည့်ရဲရင် ကျုပ်ခင်ဗျားမေးတာ ဖြေမယ် ..ပြောလိုက်တယ်။

မင်းလူပါးမဝနဲ့ အော်သေးတယ်။ .....ကျုပ်လုူပါးဝတာ မဟုတ်ဘူး..ဗမာပီသလို့  မကြောက်တတ်ဘူး ဘဲ ပြောလိုက်တယ်။ ခနနေတော့ မျက်စေ့ဖွင့်ပေးတယ်။ လက်ထိပ်ဖြုတ်ပေးတယ်။ သူမေးတာတွေ အသေးစိတ် ရှင်းပြလိုက်တယ်။ သူလဲ ဘာမှ အကွန့် မတက်နိုင်တော့ဘူး...ဘယ်တပ်က ဘာကောင်လဲ..ဘာအဆင့်လဲတော့ မသိဘူး။
တလောက တရုတ်က သူ့ စပ်တပ်ကို မူလက ..၂.၅ သန်း ရှိရာကနေ ..တနှစ်က ၂-သိန်းလျော့ချတယ်။ ပြီးခဲ့တဲ့  ၃ လလောက်က ၃ သိန်းထပ်လျော့ချတယ်။ လာမည့်နစ်တွေမှာ လက်နက်နည်းပညာတွေကို တိုးတက်အောင်လုပ်ပြီး.. စစ်သည်အင်အားကို ဆက်လက်လျော့ချရန် စီမံနေပါတယ်။

.ခု တရုတ်လူဦးရေအချိုးနင့်ကြည့်လျင်..လူဥိးရေ..သန်း..၃၅၀ မှာ စစ်သည် ၅ -သိန်း။ ကျုပ်တို့ က လူဥိးရေ..သန်း ၅၀ မှာ စစ်သည် ၅-သိန်း။
တနည်း တရုတ်မှာ... လူဦးရေသန်း ၇၀ က စစ်သည် ၁-သိန်းကို ကျွေးထားရတယ်။
ကျုပ်တို့ဆီမှာ..လူဦးရေ ၅-သန်းက စစ်သည် ၁-သိန်းကို ကျွေးထားရတော့.။
တနည်း.. တရုတ်လူအယောက် ၇၀၀ က စစ်သားတယောက်ကို ကျွေးထားရချိန်... ကျုပ်တို့ ဆီမှာ..လူ ၅၀ က စစ်သား ၁-ယောက်ကိုကျွေးထားရတယ်။

အချိုးချကြည့်တော့..အဆ ၁၄ ဆ ကွာနေတယ်။ သူတို့ က စီးပွားရေးအရ ကမ္ဘာမှာ..နံပတ် ၂။ ကျုပ်တို့ က ကမ္ဘာမှာ နံပတ် ( ၂ ) အောက်ဆုံးက ရေလျင်။
တရုတ်က နိုင်ငံခြားငွေတွေ ပိုလျံနေလို့ အမေရိကန် တနိုင်ငံထဲကို ချေးထားတာ..၁၆ ထရီလီယံ ကျော်နေပြီ။ အင်္ဂလန်ကိုလဲ ချေး။ တိုက်ရိုက်ရင်းနှီးထားတာကလဲ တကမ္ဘာလုံး..လက်ညိုးထိုးမလွတ်တော့ဘူး။
ကျုပ်တို့ က ကမ္ဘာပတ်ချေးနေရတာ..သမတကြိး ကျမ်းသစ္စာကြိမ်လို့ ..ရက်၁၀၀ မပြည့်ခင် ဆင်ဖြူတော်လေယဉ်ကြီးစီး..ငွေဖလာကြိးနဲ့  လူကြားမကောင်း.။

အချုပ်အနေနင့်...သူက ဗိုလ်သန်းရွှေကို...ဂုဏ်ပြုချင်တယ်.။ အခုတလောမှာတင် ရန်ကုန်က နိုင်ငံရေးအဖွဲ့ တွေကို..ကျနော်က တိုက်တွန်းထားသေးတယ် ။
NLD ကသူတို့ ပါတီကို တည်ထောင်သူ ကို..ဓါတ်ပုံတွေ ၊ ရုပ်ထုတွေ ၊ လက်ကမ်းစာစောင်တွေမှာ ....လူမုန်းယူရလောက်အောင်..ဓါတ်ပုံတွေ သန်းချီဖြန့် နေတယ် ။
ကြံ့ ခိုင်ရေးပါတီကြိးကို နေ့ မွေး၊ ညကြိး..ချက်ချင်းအကြီးကြီး ဖြစ်လာအောင် တည်ထောင်ထားသူ..။ ပါတီဝင်တွေကို လခ များစွာပေးထားနိုင်သူ..ပါတီရဲ့ ဖခင်ကြိး ပုံကို ဘာလို့ မတင်ရဲကြတာလဲလို့ မေးကြဖို့  ကျုပ်က ဖွထားတယ်။

ကြံ့ ခိုင်ရေးက ပါတီလက်ကမ်းစာစောင်လာဝေရင်.. ပါတီရဲ့ ဖခင်ပုံ မပါရင် မယူဘူးဆိုပြီး.. နင်ချေပြစ်ကြလို့ တိုက်တွန်းထားပါတယ်။
ရှင်းရှင်းလေး....ဗိုလ်သန်းရွှေ ကို..ကြေးရုပ်တု နဲ့ ကြံ့ ခိုင်ရေးတွေ ဘာလို့ မလုပ်ရဲကြတာလဲ...မေးကြပါခင်ဗျာ။ ဒေါ်စုက လူထု ထဲ နေ့တိုင်းဝင်ထွက်နေတယ်။ နိုင်ငံတော်ကြိးကို ခေတ်မှီတိုးတက်အောင် လုပ်ခဲ့ပါတယ်..ဆိုသူကြီးက လူထုထဲ မဝင်ရဲလို့ ..... စာဖတ်နေတယ်။

အင်္ဂလိပ်လိုတော့....SELF GUILT မိမိအပြစ် မိမိမလုံဆိုတာ ခေါ်တယ်။
ကျနော်လုပ်ချင်နေတာက..အမေရိကန်မှာ..ဒေါ်လာ ၃၀၀၀ - ၄၀၀၀ ပေးလျင် တကယ် လူနဲ့ တထေရာတည်းတူတဲ့ (ရာဘာ)အရုပ်မှာလို့ ရတယ်။ ဗိုလ်ရွှေ ရုပ်တုကိုမှာပြီး.. .မဟာဗန္ဓုလပန်းခြံနားမှာ...ထား...လာတဲ့လူတွေကို..
(၁) လက်ဝါးနင့် ပါးတခါရိုက်................................ ၁- ဒေါ်လာ ။
(၂) စီးလာတဲ့ ဖိနပ်နဲ့  ချွတ် ရိုက်ချင်လျင်..................၂ - ဒေါ်လာ
(၃) တံထွေးနဲ့  အားရပါးရ ထွေးချင်လျင်....................၃ -ဒေါ်လာ
(၄) ဖိနပ်ကို ချေးသုတ်ပြီးရိုက်ချင်လျင်........................၅ -ဒေါ်လာနုံးယူရလျင်...
Rolls-Royce ကားကြိး ..အရစ်ကျ ဝယ်စီးနိုင်ပြီဘဲ..
https://www.facebook.com/billy.mackenzie1?fref=ts ဆရာ့အကောင့်မှာ အက်နိုင်ပါတယ်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
https://www.facebook.com/mrtvwebmediaportal/videos/vb.523763414336156/964982803547546/?type=2&theater မြန်မာအမျိုးသားကွန်ကရက်ပါတီရဲ့ အာဏာရှင်ဆန်ဆန် ဟောပြောချက်.. လင့်ခ်
စစ်သားတသန်း တိုးချဲ့ရမယ်ဆိုလို့ ဗိုလ်သန်းရွှေလက်ထက် စစ်သား (၃)သိန်း တုန်းက လယ်ဧက ၅သန်း သိမ်းခံရတယ်။ နောက်ထပ် စစ်သား (၅)သိန်းတိုးရင်တော့ လယ်ဧက (၁)သန်းသိမ်းခံရပါတော့မယ်..။ စစ်သား (၃)သိန်း တုန်းက ပြည်ပနိုင်ငံတွေကိုလည်း ကျွန် ၅သန်းလောက် ထွက်အလုပ်လုပ်ကြရတယ်။ နောက်ထပ် ၅သိန်းတိုးရင် နောက်ထပ် (၆)သန်း ကျွန်ထွက်ခံရလေမလားပဲ။ ရေးသားပြောဆိုသူ ကောင်းမြတ်ထွဋ် (ခ) ကောင်းမြတ်ဖွတ် အရှူးထတာ အရေးမကြီး NLD အလံခိုး ပုံတုဖမ်းပြီး ဒေါင်းယောင်ဆောင်သောဖွတ် လုပ်နေတာ အရေးကြီးတယ်။

ဘဂါင်္လီ လှေစီးဒုက္ခသည်တွေ အရေး ဖြေရှင်းမှုမှာ အစိုးရ၏ အားနည်းချက်များ။ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဆရာဒေါက်တာလှိုင်မြင့်ရဲ့ အင်မတန်ကောင်းမွန်တဲ့ သုံးသပ်ချက်
ဘဂါင်္လီ လှေစီးဒုက္ခသည်တွေ အရေး ဖြေရှင်းမှုမှာ အစိုးရ၏ အားနည်းချက်များ။
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးရှာချင်လို့ အာဏာသိမ်းတယ်လို့ ပြောရင် ငြင်းချင်ကြမယ်။ မခံနိုင်ကြဘူး။ ဘယ်ဗိုလ်ချုပ်မှ ကိုယ်ကျိုးမရှာထားဖူးတိုပြီး ငြင်းရဲသလဲ။ စိန်ခေါ်တာကို လက်ခံရဲသူရှိလား။
ပိုဆိုးတာက အဲဒီကိုယ်ကျိုးရှာတဲ့ နေရာမှာ ကိုယ်စီးနေတဲ့ လေယာဉ်ရဲ့  ငွေနည်းနည်းလေးသာ ရပေမည့် ဝက်အူသေးသေးလေးကို ဖြုတ်ရောင်စားတဲ့သူတွေ။ အဲဒီဝက်အူ သေးသေးလေးက ဈေးသာ မရပေမည့် ပန်ကာကို ထိန်းထားတဲ့ ဝက်အူလေး ဖြစ်နေရင်တောင် ဖြုတ်ရောင်းတဲ့ လူစားတွေ။
ဗိုလ်မျိုးညွှန့်  ပါးစပ်ကတော့ တဖွဖွ။ ဒေါ်စုက အင်္ဂလိပ်နဲ့ အိမ်ထောင်ပြုထားလို့  မြေမြိုလို့ လူမျိုးမပျောက်ဘူး.. လူမျိုးမြိုမှ လူမျိုးပျောက်မယ် တဖွဖွ။ ပြီးသူတို့ ကိုယ်တိုင် ဒီဘင်္ဂါလီတွေကိုလာဘ် ငွေယူလက်ခံခဲ့လို့  တနစ်တခြားပိုပိုများလာတယ်။

ကျောက်နီမော် မုဒိန်းလူသတ်မှုမှာ အခုဒေါ်စုကို နိုင်ငံရေး အကျပ်အတည်းထဲ တွန်းပို့ချင်တော့ ဒေါ်စုက မြန်မာဖက်ကပါရင် ဘင်္ဂါလီဂျီဟတ်ကို ဖွင့်ပေးပြီး လာရှင်းခိုင်းမယ်။ ရိုဟင်ဂျာဖက်က ပါရင် နိုင်ငံရေးအရ ကိုယ်လည်ပင်း ကိုယ်ကြိုးတပ်မိလျက်သား.. DILEMMA ။ စစ်တုရင် စကားနဲ့ ဆို အပိုင်ခွချက်ဘဲ။ ဒေါ်စုက တစက်မှ-မဟတော့ ပြဿနာက အမှိုက်မီးကနေ ပြဿဒ်မီးစွဲတော့တာ။ ကိုယ့်ရှုးကိုယ်ပတ်။ ခုတော့ မရှင်းတတ်ကြ။ အရေးထဲ မာနက ကြီးကြီး ငါတို့လာက် မသိမတတ်။
ဒေါ်စုကိုပြောတော့ အင်္ဂလိပ်လက်တံတဲ့။ အခုသူတို့ က အမေရိကန် ပွဲစားကို ပုံအပ်ရတယ်လို့။ လုပ်လိုက်ရင် တလွှဲချည်းဘဲ။ သမ္မတလစာက တလ သိန်း ၅၀ (ဒေါ်လာ ၅၀၀၀)။ သမ္မတဘေးက ဝန်ကြိးတွေ( ၆ ဦး) ရဲ့ လစာက တဦး၃၀ x ၆ = သိန်း၁၈၀။ ဒုဝံတွေ ၊ မပါသေး။။ အကြံပေးတွေငှားထားတာ ဟုတ်မဟုတ်တော့မသိ တဦးကို တလ ဒေါ်လာ ၈၀၀၀ ကနေ ၁၀၀၀၀-။ သိန်း၁၀၀ ဝန်းကျင်။ သမ္မတထက်တောင် ဈေးကြီးနေသေး။
ထမ်းပိုးထက် လက်ခကြီး။

ကနေ့  ဘင်္ဂါလီလှေစီး ဒုက္ခသည် ပြဿနာပေါ်လာတယ်။ တဖက်က ဟိုလိုပြောလာလျင် ဒီလိုလှဲ့ ပြော။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာသလိုဖြစ်နေတယ်။ ထိထိရောက်ရောက် မတုန့် ပြန်နိုင်ဘူး။ သမိုင်းလဲ မကျွမ်း၊ သိပ္ဗံလဲ မသိ ခက်ပါဘိ။ ယောတိ ယောရာ ယောင်ချာချာ။
ကျနော်လူတတ်ကြီး မဟုတ်ပေမည့် ဗိုလ်သိန်းစိန်ရဲ့  လူတွေထက်တော့ ကိုယ်ကိုသာတယ်လို့ ယုံတယ်။ သေချာတာကတော့ ဗိုလ်ချုပ်ရဲ့ မိန့် ခွန်းကို အငှားယူသုံးပြီး ..တိုင်းပြည်ကိုဘယ်လောက်ချစ်သလဲ အချိန်မရွေးပြိုင်ရဲတယ် ။ လူထုက ဆုံးဖြတ်မယ်ဆို သူတို့ ထဲက သီဟသူရဘွဲ့ ရတဲလူလဲလာခဲ့  ပြိုင်ရဲတယ်။

ကျနော်စဉ်းစားတာလေးတွေ ချပြချင်ပါတယ် ။ လူအများပြောင်းရွှေ့ မှုကို နစ်ဖက်စဉ်းစားရပါတယ်။ PUSH  PULL Factors..လူကို တွန်းထုတ်မှု နင့် ဆွဲငင်မှု အကြောင်းတရား ၂ မျိုးနဲ့ ချိန်ထိုးပါမယ်။ ကနေ့  အာဖရိက လှေစီးတွေကိုလဲ သူတို့ ဒီလိုဘဲ ချင့်ချိန်ကြပါတယ်။

(၁) ဘင်္ဂလားဒေရှ့် ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနိုင်ငံ။ တရားဝင် သန်းကောင်စာရင်း (နစ်၂၀ကျော်ခဲ့) စာရင်းက လူဦးရေ သန်း၁၅၂ -သန်း။ ခန့် မှန်းသူတွေက ၁၆၅ သန်း။ တိုင်းပြည်မှာ လူနေမရတဲ့ တောင်တန်းနဲ့  ကျယ်ပြန်တဲ့ ဒီရေနွံတောဧရိယာသာထုတ်လိုက်လျင် လူနေထိုင်နိုင်တဲ့ ဧရိယာက သေးသေးလေးမှာ လူ သန်း၁၆၀ ပြွတ်သိပ်ကျပ်ညပ်နေတာက အဓိက PUSH ကအဓိကတွန်းအား။

(၂) အလုပ်အကိုင်းရှားပါးမှု။ နိုင်ငံရေးမတည်ငြိမ်မှု နင့် အဓိက နိုင်ငံရေးခေါင်းဆောင်အမျိုးသမိးနစ်ဦး၏ တဦးအပေါ်တဦး မုန်းတီးမှုကြိးမားခြင်း ၊ ညစ်ပတ်တိုက်ခိုက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသော စီးပွားရေးလုပ်ငန်းကြိးများကိုပါတိုက်ခိုက်လာသည့်အထိ လွန်ကဲလာမှုက ရင်းနီးမည့်အလုပ်များကိုကန်ထုတ်နေမှုကလည်း အဓိက တွန်းမောင်းကန်အားဖြစ်နေပြန်သည်။

(၃) လူဦးရေများပြားလှသော်လည်း သားဆက်ခြားစီမံချက်ကိုပင်လက်မခံသော ဘာသာရေးယုံကြည်မှု( မကြာသောကာလကမှ ခွင့်ပြုခဲ့သည်) နှင့် ပညာမတတ်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နင့်အိမ်ထောင်ပြုမှုတို့ က ဗူးလေးရာ ဖရုံဆင့်။
ဆွဲအား PULL ကလည်းအားကောင်းနေပါတယ်။

(၁) UNHCR / Malaysia ၏မမျန်ကန်သောလုပ်ဆောင်နေမှု
မလေးရှားက UNHCR ကုလသမ္မဂဒုက္ခသည်မဟာမင်းကြိးရုံးက မလေးရှားရောက်လာတဲ့ ဘင်္ဂါလီအကုန်နီးပါးကို ၉၅ % အထက်ကို ဒုက္ခသည်အဖြစ်လက်မှတ်ကို လွယ်လွယ်ကူကူထုတ်ပေးတာက အဓိက ဆွဲငင်အားပါ ။ အဲဒီအထဲမှာ ပြည်တွင်းက ဗမာစကားဘဲတတ်ပြီး ဘင်္ဂါလီစကားမတတ်သော မြန်မာပြည်အလယ်ပိုင်း..အောက်ပိုင်း အရပ်ရပ်က မွတ်စလင်တွေပါ ရီုဟင်ဂျာကုန်ကြပါတယ်။

၂၀၀၅ ဖေဖေါ်ဝါရီလမှာ ကျနော်မလေးရှားရောက်ပြီး လကုန်ခါနီး ဒုက္ခသည်လျောက်တယ်။ ၂ - ကြိမ်တိတိ လျောက်တာ လက်မခံပါ ။ ကျနော့်မှာ အကျဉ်းဦးစီးက ထောင်ထွက်လက်မှတ်၊ နိုင်ငံတကာကြက်ခြေနီ ICRC ကထုတ်ပေးတဲ့ ထောင်ထွက်လက်မှတ် (နံပါတ်တွေပါတယ်) နှင့် ICRC ကထုတ်ပေးတဲ့ နိုင်ငံရေးနင့်ထောင်ကျထားသူဆိုတဲ့ ထောက်ခံချက်ကဒ်ပြား (နံပတ်ပါသည် ) ကိုတင်ပြလဲ ..ငါတို့  လူသစ်လက်မခံသေးဘူးငြင်းပြီ; လိမ်လွှတ်တယ်။ နေ့ တိုင်းတရက်ကို လူသစ် ( မှတ်ပုံတင်အသစ် ) ၁၅ ကနေ ၂၅ ယောက်လူသစ်လက်ခံနေတာ ဘာသာပြန်လုပ်နေသူတွေဆီကနေ သိနေရပါတယ်။
ကျနော်တို့ ဆက်ဆံရတာက မလေးရှားကုလားမတွေဘဲ။ တတိယအကြိမ်ထပ်သွားတယ်။ ပိတ်ထားတယ်လိမ်ပြောတော့ ကျနော်က ဘာသာပြန်တွေဆီက နေ့စဉ်လူသစ် လက်ခံနေတယ်ထောက်တော့ ..တိုင်းရင်းသားတွေအလှဲ့  ၊ ဗမာတွေ မခေါ်သေးဘူးလိမ်ပြန်တယ်။

အဲဒီမှာ လုံခြုံရေးဝန်ထမ်း နီပေါက ကျနော့်ကို ဘာပြဿနာလဲမေးတယ် ။ ကျနော်က ကဒ်ပြားတွေထုတ်ပြ၊ ကုလားမလိမ်တာပြောပြတော့ သူ့ အထက်တာဝန်ခံလုံခြုံရေးကိုခေါ်ပေးတယ် ။
အဲဒီ နီပေါက ကျနော်တို့ ဒုက္ခသည်ရုံးရဲ့  ခင်ဗျားလိုနိုင်ငံရေးအမှု ထိပ်ဆုံးဥိးစားပေး ဟုပြောပါတယ် ၊ အခုမဟုတ်တဲ့ လူလိမ်တွေကိုတော့ ဦးစားပေးနေတယ်။ တကယ်ပေးရမဲ့သူကျတော့ လိမ်ထုတ်နေတယ်ပြောပြီး ကျနော်ရဲ့ လက်မှတ်မိတ္တူတွေကို ပင်မရုံးကြိးဖက် ယူသွားတယ်။ မိနစ် ၂၀-လောက်နေတော့ သူပြန်လာတယ်။ ပြင်သစ်တယောက်လိုက်လာပြီး ကျနော့်ကိုတွေ့ တယ်။ ခနနေတော့ ဟိုကုလားမက အပြင်လူတွေကြားထဲမှာ ရာဇဝင်တွေကို လာမေးတယ်။ လူတွေကြားမှာ မေးခွင့်လုံးဝမရှိ။ နီပေါက လာကြည့်မှ ကျနော့်ကိုအထဲကိုခေါ်ပါတယ်။

နောက် ၁-ပတ်နေ လာခဲ့ရန်ရက်ချိန်းပေးတယ်။ မတ်လဆန်းပိုင်း ။ အဲဒီမှာ ပြင်သစ်တယောက်နဲ့  ဖြေရတယ် ။ ပထမအဆင့် P- 1 ကဒ်ပြားထုတ်ပေးတယ် ။ နိုဝင်ဘာလ ၂၄ ရက်နေ့ ပြန်ချိန်းတယ် ။ တခါဖြေပြီးရင် တဆင့် တိုးပေးတယ် ။ အဆင့် ၆ ခုရှိတယ် ။ ၆ - ခုပြီးမှ RSD တတိယနိုင်ငံကို ခိုလှုံခွင့်အဆင့် သတ်မှတ်လက်မှတ် ( ကဒ်လေး ) ထုတ်ပေးပါတယ် ။ ထိုအဆင့်ရောက်ရန် ၂-နစ်မှ ၄ နစ်အထိကြာတတ်ပါတယ်။ (မှတ်ချက်- ထို ပထမအဆင့် ချိန်းလိုက်သော နိုဝင်ဘာလ ၂၄ ရက် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ ထွက်ခွာခွင့်ရခဲ့ပါသည်) ။
ထိုလက်မှတ်ရပြီးလျင်ပင် တတိယနိုင်ငံကိုထွက်ခွာခွင့်ရဖို့ က နောက်ထပ် ၂ နစ်ကနေ ၅ - နစ်လောက်ထပ်ကြာတတ်ပါတယ် ။ စုစုပေါင်း ၃-နစ်ကနေ ၅ နစ်အထက်ကြာတတ်ပါတယ် ။
ကုလသမ္မဂ ဗဟို၏စီမံချက်မှာ ကျနော်တို့ လိုနိုင်ငံရေးထောင်ထွက်တွေက ဦးစားပေးပါ ။ မပေးပါ။ လက်ကိုမခံပါ ။ ရိုဟင်၈ျာအမည်သာတပ်ပါ ၊ လိမ်ပြောပါ ၊ ထိုသူတွေဆို P-1 အဆင့်ကိုကျော် ၂ ခါလောက်မေးပြီးရင် တန်းပြီး RSD ထုတ်ပေးတော့တာ။

(၃) မလေးရှားအစိုးရ၏ မရိုးသားသော ဆွဲဆောင်မှု။
မလေးရှားအစိုးရကလဲ ယခင်က ထိုရိုဟင်ဂျာအမည်ခံသူများကို အမြဲတန်း နေထိုင်ခွင့်ရသူများ၏ အခွင့်အရေးနီးပါး ဦးစားပေးခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာကို ပိုမိုကြိးထွားလာစေရန်ရွယ်တာပါ။ ရိုဟင်ဂျာလက်မှတ်ကိုင်ထားသူတွေကို တရားဝင်အလုပ်လုပ်ခွင့် ၊ ကလေးကျောင်းထားခွင့်၊ ဆေးရုံမှာ ဆေးကုသခွင့်တွေ ပေးထားပါတယ် ။ ကျန်ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်မရှိပါ။ ခိုးလုပ်နေရပါသည်။

(၄) ကုလဒုက္ခသည်မင်းကြိးရုံး၏ အထူးဆွဲဆောင်မှု Storng PULL factor
ဒုက္ခသည်မင်းကြိးရုံးက ရိုဟင်ဂျာဆိုသူတွေကို တလလျင် ရင်းဂစ် ၁၅၀ ထောက်ပံ့မှုပေးပါတယ်။ တခြားဘယ်ဒုက္ခသည်မှ ထိအခွင့်အရေးမရပါ။ ၂၀၀၆ မေလက စတင်ပြီး ထိုထောက်ပံ့ငွေတွေကိုရပ်ဆိုင်းလိုက်ပါတယ် ။ ဇွန်လ ထဲမှာ ရိုဟင်ဂျာတွေက ထိုသို့ ရပ်ဆိုင်းမှုကို ကန့် ကွက်ဆန္ဒပြကြပါတယ်။

ယူအန် အရာရှိတွေက ဒါအခွင့် အရေးမဟုတ် ၊ ဦးစားပေးမှု ၊ အထူး အကူအညီသာဖြစ်ကြောင်း ရှင်းပြပါတယ်။ This is not your RIGHT, it is just the PRIVILEGE .လို့ ရှင်းပြပါတယ် ။ မရပါ။ ဇွန်လ ၁၂ ရက်နေ့ မှာ ရိုဟင်ဂျာဆိုူသူတွေ ယူအင်ရုံးကို ခဲတွေနဲ့ လာပေါက်လို့  ရဲလုံခြုံရေး ခေါ်ယူရသည်အထိ ဖြစ်သွားပါတယ်။
ရိုဟင်ဂျာအရေး တောင်းဆိုနေသူတွေ ၊ သူတို့ က ဦးစားပေးသောကူညီမှုကို ရပ်တာတောင် ခဲနဲ့ လာထုတဲ့သူတွေပါ။ မလေးရှားအစိုးရကလည်း မူလကပေးထားသောအထူးအခွင့်အရေးတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။

( ၅ ) ရိုဟင်ဂျာ ကိန်းဂဏန်းဖေါင်းပွမှု။
နောက်ပိုင်းက မြန်မာပြည်ကအလုပ်အကိုင်နဲ့ (ပတ်စ်ပို့ နင့်) ရောက်လာသူမွတ်စလင်များရော၊ အောက်လမ်းကလာသူမွတ်စလင်များကလည်း ရီုဟင်ဂျာဆိုပြီး ဒုက္ခသည် လိမ်လျှောက်ကြပါတယ်။
ဘုရာဖူးရင်း လိပ်ဥတူးရင်း။ အများစုက လိမ်လျောက်ကြတာဘဲ။ အရင်းမရှိ လှေထိုးလိုက်သလို ..ရိုဟင်ဂျာနေကြတာပါဘဲ။ နောက်ပိုင်း တတိယနိုင်ငံတွေက ရိုဟင်ဂျာဆိုသူတွေ လက်ခံမိပြီး လက်လန်ကုန်ကြပါတယ်။ ရိုဟင်ဂျာဆိုတာနင့် ကိုလက်မခံတော့ပါဘူး။ အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည် လက်မှတ်ကိုင်ထားသူတွေ ရွာလည်တော့တာပါဘဲ ။ ဘယ်နို်င်ငံကမှ လက်မခံချင်ကြတော့ဘူး။
ပတ်စပို့ နင့် အလုပ်လာလုပ်သူ ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေထဲကလည်း ရိုဟင်ဂျာလိမ်လျောက်သူတွေ တပုံကြိး။ နာမည်လိမ်တွေနှင့် ကျနော်ကိုယ်တိုင်ဆုံဖူးတာ အများကြိး။ အခုရိုဟင်ဂျာလက်မှတ် ကိုင်ဖူးသူ မြန်မာပြည်က ဗမာစကားတတ် ၊ ဘင်္ဂါလီစကားမတတ်ဘဲ ရိုဟင်ဂျာလိမ်လျောက်ခဲ့တဲ့ ပြည်မနေတဲ့ မွတ်စလင်တွေ မြန်မာပြည်ပြန်ကုန်ကြတာ မနည်းတော့ဘူး။ မလေးရှားမှာ ဒုက္ခသည်လက်မှတ်ကိုင် ရီုဟင်ဂျာ တသိန်းလောက်ရှိနေပါပြီ။ ဘယ်နို်င်ငံကမှ လက်မခံချင်သူတွေပါ။

အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည် အဝင်ဘဲရှိပြီး အထွက်မရှိတော့..ယနေ့  သိန်းဂဏန်း အထိရောက်လာတော့တာပါ ။ ဒါတောင်မှတ်ပုံတင် (ကဒ် ) သက်တမ်းသွားမတိုးတာ့လို့  စာရင်းပျက်သွားသူတွေ တပုံကြီး။

( ၅ ) ဥပဒေစိုးမိုးမှုကင်းမဲရာကနေ လူကုန်ကူးသူများ၏ဈေးကွက်ကို မွေးထားမှု။
မလေးရှားမှာ လတ်ပေးလျင် အကုန်နီးပါးလုပ်ပေးပါတယ် ။ လူယောက် ဗွီဇာလွန်ကာနေထိုင်လျင်လည်း ထိုလူက မလေးရှားကနေ မထွက်ဘဲ ၊ သူ့ ပတ်ပို့ မှာ အထွက်တုံး၊ အဝင်တုံး အကုန်ထုပေးပါတယ် ။ လူဝင်မှတ်တမ်းမှာပါ အဝင်အထွက်ပြပေးတဲ့အထိ လုပ်ပေးတဲ့နိုင်ငံပါ ။ ဒါလောက်ဆို သဘောပေါက်တော့ ။
အဲဒါကြောင့် လူမှောင်ခိုဂိုဏ်းတွေကိစ္စ လူအခွင့်အရေးအဖွဲ့ တွေက တင်ပြနေတာ ၂၀၀၄ ခုနစ်ကထည်းက့ပါ ။ အခု ထိုင်းမှာမိတော့မှ..။ အင်ဒိုနီးရှားမှာ ပေါ်ကုန်တော့မှ လူကြားကောင်းအောင်လုပ်နေတာပါ ။
အဓိက အကြောင်းရင်းက မလေးရှား ၊ ထိုင်းတို့ ကဒုစရိုက်ဂိုဏ်းတွေရပ်တည်ခွင့်ပေးထားတော့ လူမှောင်ခိုဂိုဏ်းတွေက လူကောင်းတွေကိုပါ အတင်းအကျပ်လူကုန်ကကူးနေတော့ ဘ၈င်္ါလီတွေကို ခေါ်တော့တာပါ ။
ဒါလဲ အင်မတန်အားကောင်းတဲ့ PULL factor ပါ။
မြန်မာအစိုးရ၏ တန်ပြန်လုပ်ဆောင်ရမည့် အရွေ့ ကွက်။

(၆) ရိုဟင်ဂျာလို့ လိမ်ညာနေတာကို ပါးစပ်ပိတ်ပစ်ရန် စီမံချက်။
အခု မြန်မာအစိုးရက ရိုဟင်ဂျာဆိုသူတွေကို ကုလသမ္မဂစားရိတ်နင့် DNA စစ်ပေးရန်တောင်းဆိုရပါမည် ။ ဒါဟာ့  အလွန်ထိရောက်ပြီး အရေးကြိးတယ်ဆိုတာကို စစ်ရေးအမြင်ရှိတဲ့ သမတကြိးနင့် နိုင်ငံရေးအကြံပေးများ သိပါလေရဲ့ လားမသိဘူး ။
အစကတည်းက သမိုင်းမရှိတော့ ရိုဟင်ဂျာဆိုတာ အာရပ်သဘောင်္ပျက်လို့  အာရပ်လူမျိုးက ဆင်းသက်လာသူတွေဆိုထားတော့...သဘောင်္က ရခိုင်ကမ်းကိုလာတင်တယ်။ ရခိုင်ဘုရင်က နေထိုင်ခွင့်ပေးတယ်။ လာတင်တာက အထီးတွေချည်းဘဲ။ အိမ်ထောင်ကျတယ်ဆိုလျင် ဒေသခံရခိုင်မိန်းမနဲ့ ဘဲ ကျရမှာ။ တစတစ ရခိုင်သွေးက ပိုပိုများလာရမှာပါ။ တစတစ အာရပ်သွေးရော့နည်းသွားရာကနေ ပပျောက်သွားရမှာပါ ။
ကနေ့  တခြားမကြည့်ပါနင့် ။ အာရပ်သဘောင်္ပျက်က လာတင်တာက ဆယ်ဂဏန်းပေါ့။ အချိန်ကလည်း လွန်ခဲ့တဲ့ နစ်တထောင်ဝန်းကျင် ။ သူတို့ နောက် အုံနဲ့ကျင်းနဲ့  ရောက်လာတဲ့ အင်္ဂလိပ်နယ်ချဲ့ ။ မြန်မာအမျိုးသမီးတွေနဲ့  အိမ်ထောင်ကျတာ အများကြိး။ အထက်စီးကနေ နေတယ်။ သူတို့ယဉ်ကျေးမှုကို မြန်မာပြည်မှာ ကောင်းစွာသွတ်သွင်းနိုင်ခဲ့တယ်။
ဘိုကျောင်းတွေ ၊ ဘိုစကားတွေ ထားရစ်နိုင်ခဲ့တယ်။ တိုင်းရင်းသားစာပေမှာ အင်္ဂလိပ်အက္ခရာတီထွင်မွေးစားနိုင်ခဲ့တယ်။ လူတွေက ဘိုတွေကို အားကျခဲ့ရတယ်။ နှစ်တရာကျော်အုပ်ချုပ်သွားတယ်။ ကပြားတွေ အများကြိးထွန်းကားခဲ့တယ်။

ကျနော်အဖေလည်း ကပြား၊ အင်္ဂလိပ်သွေး ၅၀% တဝက်ပါသူပါ။ အဖေကိုမွေးတာ ဒီနှစ်မှာ အနစ် (၁၀၀)တိတိပြည့်တယ်။ အဖေ့မျိုးဆက် ယခုအဖေကနေစတွက်လျင် ၄ -ဆက်မြောက် ရောက်ပြီ။ မြစ်တွေရပြီ။ အဖေကတော့ ဘိုရုပ်။ ကျနော်တို့ ကျတာ့ ဗမာမစစ်တာလောက်ဘဲ ပေါ်တော့တယ်။ ကျနော့်သား သမီးတွေ ဗမာမစစ်တာပေါ်သေးတယ်။ ကျနော့်မြေးတွေကျတော့ ဘိုရုပ် တစက်မှမရှိတော့။ အပြီးဗမာဘဲ။
ညီမောင် ဂျိုးရဲ့ မြေးတွေကျတော့ ဘိုသွေးပါတယ်တောင် မပြောရဲတော့ဘူး။ တူမတွေကမွေးတာတွေ ဘိုသွေးပါပါတယ်ပြောလျင် ဘယ်သူမှ လက်မခံနိုင်တော့တဲ့ ရုပ်ဖြစ်သွားပြီ။ ဘိုသွေးပြောလျင် ကောင်းကောင်းအဟားခံရပါမည်။

ဒါတောင် သင်္ချာနည်းအရ ထိုအဖေ၏မြစ်ဖြစ်သူတွေမှာ အင်္ဂလိပ်သွေးက ၆ % ( 6.0% ) ပါနေသေးသည်။
အဲဒီတော့ အနှစ် ၁၀၀ အရောက်မှာ ကျနော်တို့ က ဘိုမျိုးဆက်ပါ မပြောရဲတော့တာ..ကို အနှစ် ၁၀၀၀ လူတွေက အာရပ်မျိုးဆက်တွေပါ အော်နေတာ ပြောနေတာ..ချင့်ချိန်ကြည့်ကြပါ ။ သူတို့ သွေးထဲ အာရပ်သွေးပါလှ. ..( 0.0001 % )ဘဲကျန်တော့မည် ။ သူတို့ က အသက် ၉ နစ်ဆို လင်ယူကြရပြီဆိုတော့ အနစ် ၁၀၀ မှာ မျိုးဆက် ၈ ၊ ၁၀-ဆက် ဆက်လောက်ရောက်နေတာနော် ။ မျိုးဆက် ၈-ဆက်နင့်တွက်လျင်ပင် အနစ်၁၀၀ မှာတင် အာရပ်သွေးက ..( 0.75 % )။ 1-% ပင်မရှိတော့ပါ ။
အခု အဲဒီရိုဟင်ဂျာလို့ ကြွေးကျော်နေသူတွေကိုသာ DNA စစ်ဖို့ ခေါ်လိုက်ပါ။ အာရပ်သွေးမပေါလျင်၊ ရခိုင်သွေးမပါလျင် ဘင်္ဂလားပြန်ပို့ မည်ကိုလက်ခံပါမည်ဟု သဘောတူပါ သည်ဟုသာ လက်မှတ်ထိုးခိုင်းပါ။ သွေးစစ်မယ်ခေါ်လိုက်လျင်..ဘယ်အကောင်မှ ထွက်လာရဲမည် မဟုတ်တာကို ရဲရဲင်္ကြီး ကျနော်အာမခံပါတယ်။ သွေးစစ်လဲ ပြန်မပို့ လျှင်တော့ ..မတွေ့ လဲ ဘာအရှုံးရှိတာမှတ်လို့  ငါးမရျရချိုးပြန်မည့်သူတွေ ထွက်လာပါဦးမည်။

အာရပ်သွေးနင့် ရခိုင်သွေး များများမပါလျင် ဘင်္ဂလာဒေရှ့် ပြန်ပို့ မည်ကို သဘောတူကြောင်းသာလက်မှတ်ထိုးခိုင်းလိုက်ပါ။ လာရဲသူမရှိစေရပါဘူး။
ရခိုင်ရှိ နိုင်ငံသားအဆက်များနင့် DNA တိုက်ဆိုင်စစ်ဆေးနိုင်ပါသည် ။ ကျနော်တို့ က အထက်စီးရမည့် အချက်ကို သမတအကြံပေးများ မမြင်ကြတာလား။ ပညာရှင်များနင့် တိုင်ပင်ကြစေလိုပါသည်။
DNA စစ်ရေးစကားဟလိုက်လျင် ထိုကုလသမ္မဂ မစ္စတာဘန် ပါးစပ်ပိတ်သွားပါမည်ဖြစ်ကြောင်း။ သူက ပညာရှင်ဘဲ ၊ ဒီစကားဟလိုက်လျင် သူတို့ ကစားကွက်ကုန်သွားပြီဆိုတာ တန်းသိတာပေါ့။

(၂) ဒုတိယအချက်အနေနင့် ထိုရိုဟင်ဂျာတွေကို နိုင်ငံရေး
ဒုက္ခသည် အသိအမှတ်ပြုနေတာကို ရပ်တန့် ထားပေးရန် တောင်းဆိုရပါမည်။

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုလျင် ထိုအသိအမှတ်ပြုသူများ အဆုံးအထိ တာဝန်ယူရန်တောင်းဆိုရပါမည်။ ပါးစပ်ဖျားလှုပ်ရုံလေး သက်သက်ကိုရပ်တန့် ရန်တောင်းဆိုရပါမည်။

( ၃) ရိုဟင်ဂျာဆိုသူတွေ၏ အဖိုးအဖွားများ၏ မျိုးဆက်ကို DNA ဖြင့်ခြေရာကောက်ရန် စစ်ဆေးနိုင်ပါသည်။ မျိုးဆက်ကို ထောက်ပြရန် မတောင်းဆိုနေသမျှ ဒီကုလိမ်တွေက ဆက်လိမ်နေဦးမည်သာ။
ဒုက္ခသည်မင်းကြိးရုံးက ရိုဟင်ဂျာများ၏ မြန်မာနိုင်ငံမှ ဇစ်မြစ်ကို စီစစ်ရန်တောင်းဆိုရပါမည်။ အများစုဟာ ဗြောင်လိမ် ၊ တွေ့ ကရာ..တခြားသူသင်ပေးတာတွေ အကုန် ထွက်ဆိုထားတာပါ ။ ယူအင်ရုံးမှာကို သူကိုယ်တိုင်ပထမ ထွက်ဆိုချက်ကို မေ့နေသူ မှားပြောနေသူတွေထုနဲ့ဒေးပါ။
ယူအန်ရုံးက စီစစ်လျှင် ပထမ လူတွေ့ တွေမှာသူတို့ ဘာတွေလိမ်ထားမိတယ်တောင် မမှတ်မိသူတွေ တဝက်ကျော်ရှိနေပါမယ် ဒါကိုရဲရဲကြိးဆုပ်ကိုင်ထားလို့ ရပါတယ်။

ကျနော်မြင်သလောက်ပါ၊ဆက်လက်စဉ်းစားပြီး ဆက်လက်တင်ပြနိုင်ရန် ကြိုးစားပါဦးမည်။
ရိုဟင်ဂျာလို့ လိမ်နေသူတွေကို လိမ်နေမှန်းသိသိကြိးနင့် ရပ်တည်ပေးမှုဟာ လူကြိးလူကောင်းများ မလုပ်သင့်ကြောင်း အစိုးရမှ ခပ်မာမာသတိပေးရန်။ ရိုဟင်ဂျာအလိမ်ပေါ် လာလျင် လူကြိးလူကောင်းပီပီ တာဝန်ရှိရှိ မှားကြောင်း ဝန်ခံပေးရန် တောင်းဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကိုပါ စိန်ခေါ်လိုက်ပါရန်။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

အင်တာနက်ပေါ်မှာ ခြိမ်းခြောက်ခံရရင် ဘာတွေလုပ်ရမလဲ

အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။


ခြိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ        နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ        နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ မလိုက်လျောမိဖို့ အရေးအကြီးဆုံးပါ။


အဲဒီလိုခြိမ်းခြောက်မှုတွေဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒါအပြင် ခြိမ်းခြောက်သူတွေက သူတို့ကိုယ်သူတို့၊ “IT ပညာရှင်” တို့ “Hacker” တို့ စတဲ့အသုံးအနှုန်းတွေ သုံးကြတာပါပဲ။ တစ်ကယ်က ဘာမှမဟုတ်တဲ့ လူတွေပါ။ အဲဒီလိုလူတွေကို အားလုံး စုပေါင်းပြီးတော့ ဖယ်ထုတ်ရပါမယ်။

အဲဒီလို ခြိမ်းခြောက်စာတွေ များနေတဲ့အချိန်မှာ တစ်ချို့ကလည်း ကိုယ်မကျေနပ်တဲ့လူ၊ ကိုယ်နဲ့ မတည့်တဲ့လူကို ချောက်တွန်းကြတာလည်း ရှိပါတယ်။ ဘယ်လိုချောက်တွန်းလည်းဆိုတော့ ဥပမာ မောင်မောင်က အောင်အောင်ကို မကျေနပ်ဘူးဆိုပါတော့ .. မောင်မောင်က ဓာတ်ပုံပြင်တဲ့ software တွေကိုသုံးပြီးတော့ အောင်အောင်က တစ်ခြားမိန်းကလေးတစ်ယောက်ကို ခြိမ်းခြောက်စာပို့နေသယောင် ဖန်တီးလိုက်ပါတယ်။ နောက်ပြီးတော့ အဲဒီပုံကို Facebook လိုနေရာမျိုးမှာတင်ပါတယ်။ တင်တဲ့အခါမှာ အောင်အောင်ရဲ့ ဓာတ်ပုံနဲ့ Facebook profile လိပ်စာကိုလည်း ထည့်တင်လိုက်ပါတယ်။

ဒီလိုဆိုရင် မသိတဲ့လူတွေက အဟုတ်ထင်ပြီးတော့ Share ကြတဲ့အခါ တဖြည်းဖြည်းနဲ့ လူသိများလာပြီး အောင်အောင်က မကောင်းတဲ့လူတစ်ယောက်အဖြစ် သိက္ခာကျပါတယ်။ တစ်ချို့လည်း အောင်အောင်ရဲ့ wall မှာ၊ chat မှာ သွားဆဲကြပါလိမ့်မယ်။ အဲဒီလိုလုပ်တာကလည်း အင်တာနက်ကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင် တစ်ကယ်ခြိမ်းခြောက်ခံရလို့ Facebook မှာ တင်မယ်ဆိုရင်လည်း share များလို့ လူသိများသွားတာသာ ရှိပါမယ်။ တစ်ခြားလူတွေ သတိထားမိတာကလွဲလို့ ဘာမှအကျိုးကျေးဇူး မများပါဘူး။ ဒါကြောင့် အဲဒီလို အကြောင်းအရာတွေကို မ share သင့်ပါဘူး။ ဒါဆို အဲဒီလို ခြိမ်းခြောက်ခံရတဲ့အခါ ဘာတွေလုပ်သင့်လဲဆိုတာကို WikiHow ရဲ့ post တစ်ခုက ပုံတွေ ကို ကိုအိမောင် ဘာသာပြန်ထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။


ခြိမ်းခြောက်သူကို စာပြန်တာဟာ သူတို့ပို့တဲ့စာကို ဖတ်ပြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ စာမပြန်ဘဲထားတာကမှ သူတို့စာကို မဖတ်မိသေးဘူးအထင်နဲ့ အချိန်ပိုရနိုင်ပါသေးတယ်။ တစ်ချို့ chat application တွေမှာတော့ Seen ဆိုတာပြန်ပေါ်တဲ့အတွက် ဖတ်ပြီးကြောင့် ခြိမ်းခြောက်သူက သိနိုင်ပါတယ်။ ဒါပေမယ့်လည်း စာပြန်ပို့တာက ကိုယ်စိတ်ပူနေကြောင်းကို ပြောတာနဲ့ အတူတူပါပဲ။

အဲဒီလိုလူတွေက စာနာစိတ် မထားတာကြောင့် စိတ်ပူလေပိုကြိုက်လေပဲ ဖြစ်ပါတယ်။ အသနားခံတာတို့ဘာတို့လုပ်ရင်လည်း ပိုပြီး ခြိမ်းခြောက်ရုံပဲရှိပါတယ်။ ကိုယ့်ဘက်ကပြန်ပြီး သက်ဆိုင်ရာတိုင်မယ်လို့ ခြိမ်းခြောက်ရင်လည်း ပြဿ       နာကို ပိုဆွပေးရာပဲရောက်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက စာမပြန်ပဲနေတာဖြစ်ပါတယ်။


သက်ဆိုင်ရာကို တိုင်တဲ့အခါမှာ သက်သေခံအထောက်အထား ပြနိုင်အောင် ဖြစ်ပါတယ်။ ခြိမ်းခြောက်လာသူနဲ့ ပတ်သတ်ပြီး အချက်အလက် များနိုင်သမျှ များအောင် စုဆောင်းပါ။ အဲဒါတွေပေါ်မူတည်ပြီး ခြိမ်းခြောက်မှုကို ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားနိုင်ပါတယ်။


သက်သေအထောက်အထားတွေ သိမ်းဆည်းပြီးတာနဲ့၊ ခြိမ်းခြောက်သူက နောက်တစ်ကြိမ် ဆက်သွယ်လို့မရအောင်

– Gmail မှာဆိုရင် သူ့အကောင့်ကို ကိုယ့်စာရင်းထဲက ဖျက်ပစ်ပါ။ (သူပို့တဲ့စာတွေ ဖျက်ခိုင်းတာမဟုတ်ပါ)

– Chat app တစ်ခုခုမှာဆိုရင် block လုပ်ပစ်ပါ။

– Phone မှာဆိုလျှင် Blacklist စာရင်းထဲ ထည့်လိုက်ပါ။

– Facebook မှာဆိုလျှင် Report လုပ်ပြီး block လုပ်ပါ။ အကောင့်နာမည်ပြောင်းပါ (တစ်ခြားအကောင့်တစ်ခုနဲ့ လာ add နိုင်သောကြောင့်ပါ)။ အဲဒီအတောအတွင် လာ add လုပ်တဲ့သူများကို လက်မခံပါနဲ့၊ မှတ်ထားပါ။ ဓာတ်ပုံပါလျှင် သိမ်းထားပါ (သက်ဆိုင်ရာ တိုင်တဲ့အခါ ထည့်သွင်းပြောကြားပါ)။ ဖုန်းနံပါတ်၊ လိပ်စာတို့ကို အလွယ်တကူမမြင်နိုင်အောင် setting ပြောင်းပါ။ အရေးမကြီးလျှင် ထိုအချက်များကို Only me ဖြင့်သာထားပါ (သို့မဟုတ်) facebook ပေါ် မတင်ပါနဲ့။





ဒီ နံပါတ် (၇) အချက်ကလည်း အရေးကြီးပါတယ်။

လွတ်လပ်စွာ ကွဲလွဲလို့ရတယ်ဆိုပြီး အရည်မရအဖတ်မရ ကိစ္စလေးတွေကအစ စောင်းချိတ်ပြီး Status တင်တာမျိုး၊
တစ်ကယ့်အပြင်လောကမှ သူများအတင်း၊ မကောင်းကြောင်းပြောတာမျိုး
အင်တာနက် သို့မဟုတ် အပြင်လောကမှာ အကြွားသန်တာမျိုး
မလုံ့တလုံ ဓာတ်ပုံမျိုးကို Public နဲ့ တင်တာမျိုး
စတဲ့အချက်တွေကလည်း ကိုယ့်ကို ခြိမ်းခြောက်မယ့်သူတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အထက်ပါ အချက်လေးချက်မှာ

– ပထမနဲ့ ဒုတိယ အချက်ကတော့ ကိုယ့်ကို ရန်စများစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရန်ငြိုးထားတဲ့သူက ကိုယ့်ကို သိက္ခာကျအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်မှန်ပေမယ့်လည်း အရေးမကြီးတာတွေကို သိပ်ပြီး မကွဲလွဲဖို့လိုပါတယ်။

– တတိယအချက်ကတော့ မဆိုင်ဘူးလို့ ထင်ရပေမယ့် ဆိုင်ပါတယ်။ ကြွားလိုက်မိခြင်းအားဖြင့် ကိုယ့်မှာ ရှိကြောင်း သိသွားပါတယ်။ ရှိကြောင်းသိသွားတဲ့အခါမှာ ငွေညှစ်တာ၊ ခြိမ်းခြောက်ပိုက်ဆံတောင်းတာတွေလုပ်ဖို့ အားပေးရာရောက်ပါတယ်။

– စတုတ္ထအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရှက်သိက္ခာကိုထိခိုက်နိုင်ပါတယ်။ ယောက်ျားလေးဆို ပြဿ       နာမရှိလောက်ပေမယ့် မိန်းကလေးဆို ဒုက္ခများနိုင်ပါတယ်။ Facebook မှာ Public နဲ့တင်တဲ့ပုံတွေဆို လူတိုင်းမြင်နိုင်ပါတယ်။ အကောင့် login ဝင်ထားဖို့မလိုဘဲ အလွယ်တကူ မြင်တွေ့၊ သိမ်းယူနိုင်ပါတယ်။ ခြိမ်းခြောက်မယ့်သူက ကိုယ့်ရဲ့ အဝတ်အစားကိုမြင်ပြီး တစ်လွဲတွေးပြီး လိင်ကိစ္စကို ခြိမ်းခြောက်တောင်းဆိုဖို့ အားပေးရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပုံတွေတင်တိုင်းမျာ Facebook သူငယ်ချင်းတွေသာ မြင်နိုင်တဲ့ Friend privacy နဲ့သာတင်သင့်သလို့ Friend လက်ခံတဲ့အခါမှာလဲ ကိုယ်နဲ့ တစ်ကယ်အပြင်မှာသိတဲ့ သူတွေကိုသာ လက်ခံသင့်ပါတယ်။

ဒါဆိုရင်တော့ တော်တော်လေး စုံလင်သွားပါပြီ။ မသိသေးတဲ့သူများအတွက် မျှဝေအသိပေးလိုက်ပါ။

Source: အင်တာနက်ပေါ်မှာ ခြိမ်းခြောက်ခံရရင် ဘာတွေလုပ်ရမလဲ

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ(အပိုင်း ၂)(ကဗျာရှင် ခရမ်းပြာထက်လူ)

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
(အပိုင်း ၂)
(ကဗျာရှင် ခရမ်းပြာထက်လူ)


ဟေ့.... ငါ့ကို ရုပ်ရှင်ရိုက်ရင်
အင်္ဂလိပ်ခေတ်နဲ့ မစနဲ့
ဂျပန်ခေတ်နဲ့ မစနဲ့
၈၈၈၈ အရေးတော်ပုံ ကျောင်းသား ကိုအောင်ဆန်းခေတ်နဲ့ ပြန်စ၊
ခုမှ ပြည်သူ့လွတ်လပ်ရေးက စမှာဆိုတော့။

အရှေ့ဘက်က တံခါးတွေ ကျိုးပေါက်
တောဝက်တွေ ဝင်ဝင်လာနေတာ
ငါတွေ့တယ် အစွယ်တဖွေးဖွေးနဲ့။
အနောက်ဘက်တံခါးတွေ ကျိုးပေါက်။
မြေပြိုသံ မြေမျိုသံတွေ တဝုန်းဝုန်း တဗြုန်းဗြုန်း
ငါကြားနေရတယ် ငိုသံယိုသံတွေ တဖွားဖွားနဲ့။

ဒီမှာ ဟေ့ကောင်တွေ
လူထုကို စည်းရုံးဖို့
နယ်ချဲ့ကို မောင်းထုတ်ဖို့ တော်လှန်ရေးကို အသက်သွင်းဖို့
နေပူပူ ရေဆူဆူ လေထူထူမှာ
စက်ဘီးမစီးရဲ လှေမစီးရဲပေမယ့်

ငါရဲရဲတောက် နယ်တကာလှည့်ပြီး တရားဟောခဲ့တယ်..

"နယ်တကာလှည့်ပြီး ငါပါးမရိုက်ခဲ့ဘူး"

ငါ့စကားတွေ ရိုင်းချင်ရိုင်းမယ်
ငါ့အမူအရာတွေ ရိုင်းချင်ရိုင်းမယ်
ငါပြောတာတွေကတော့ အမှန်တွေချည်းပဲ
ယုံရင် လိုက်ခဲ့
"ဗမာတစ်ကျပ်ဆို ကရင်လည်း တစ်ကျပ်ပဲ"

အဲ့ဒါကို ငါ့နှလုံးသားနဲ့ ခေါ်တယ်..
"ဘယ်တော့မှ Bullet နဲ့ မခေါ်ဘူး"


ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ်သာ အရှင်ကိုယ်သခင်ပဲ
ရော့... ဒီကထွက်တဲ့ ပတ္တမြားကြီး မင်းဝတ်
ရော့... ဒီကထွက်တဲ့ ရွှေဆွဲကြိုးကြီး မင်းဆွဲ
ဒီဧရာဝတီမြစ်ကြီးရဲ့ တငြိမ့်ငြိမ့် အပေါ်
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရွှက်လွှင့်
တစ်ယောက်ကို တစ်ယောက် ဖူးဖူးမှုတ်
ကော့နေ လှနေ မွှေးနေတဲ့ ဒီငကျွဲဆန်ထမင်းကို
မြိတ်ရေယှဉ်ရေ အတူတူစား

"ထမင်းတစ်နပ် လျှော့စားဖို့"

အိပ်မက်ထဲမှာတောင် ယောင်လို့ ငါဘယ်တော့မှ မပြောခဲ့ဘူး"

ဒီတော်လှန်ရေးအတွက် ငါ့မှာ ဘာတံဆိပ်မှ မရှိခဲ့/ မရခဲ့ဘူး
ဒီလွတ်လပ်ရေးအတွက်
ငါ့မှာ မြေတစ်ကွက် တိုက်တလုံး ကားတစ်စီး
ဘာကိုယ်ရံတော် တပ်စိတ် တစ်စိတ်မှမရှိဘူး။
နှင်းတောထဲမှာ ချမ်းနေသူ ငါ့ပြည်သူတွေအတွက် ငါ့အကျီင်္နဲ့ နွေးပါရစေ
ငါချွတ်ပေးခဲ့တယ်။

မင်းတို့ သိပါတယ်။
ဒီအကျီင်္ထူထူကြီးကတော့ အမြင်မတော်လို့ နေရှူးကြီး ငါ့ကိုပေးခဲ့တာလေ။
ငါပြောမိသေးတယ်
လွတ်လပ်ရေးရပြီးရင် ခေါင်းရှောင်လို့မရ

ခေါင်းဆောင်လေးများ ဆက်ဖြစ်ခဲ့ရင်
နတ်မောက်က အမေအိုကြီးကို
ဆင်းရဲသားတွေရဲ့ အကြွေးတွေကို လျှော်ပစ်လိုက် ရှိတဲ့လယ်တွေ
ဝေငှပေးပစ်လိုက်...လို့
အမယ်အိုကြီး မကြိုက်လည်း ငါကဂရုမစိုက်ဘူးလို့

"ဒီအတွက်ငါ့မှာ ဗိုက်ကို လှန်ပြဖို့ရာ"
သူရဲကောင်းတို့ရဲ့ မှတ်တမ်းမှတ်ရာ ဒဏ်ရာများမရှိ"

(ကျည်ဆန် ၁၃တောင့်နဲ့ မသေဘဲ ငါရှင်ခဲ့ရင်ပေါ့)

၁၉၄၈ လွတ်လပ်ရေးကို
၁၉၄၇ သူ့သွေးနဲ့ ရေးခဲ့တယ်
အဂိင်္လိပ်နဲ့တိုက်
ဂျပန်နဲ့တိုက်
မျိုးဖျက် သစ္စာဖောက် လောက်ကောင်တွေနဲ့တိုက်
သူ့ခေါင်းနဲ့
အနိုင်မခံ အရှုံးမပေး ကဗျာကိုရွတ်ပြီး
၃၁ဘုံနဲ့ တိုက်ငါတို့ရဲ့  နိဗ္ဗာန်တံခါးကို ဖွင့်ပေးခဲ့တယ်။

ဒါပေမဲ့
ဆာစတက်ဖို့ ကလစ်ပ်ရဲ့ အိပ်ကပ်ထဲက ဖောင်တိန်ကို
ဆောင့်ဆွဲယူသလို ပါလာခဲ့တဲ့ လွတ်လပ်ရေး
ကျွန်တော်တို့ နွေးအောင် မကိုင်ခဲ့ရဘူးဆိုတာ သူသိခဲ့တာပေါ့။

ဒါကြောင့်ပဲ ဒီလိုနဲ့ သူပြန်လာတယ်
ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သွေးအိုင်ထဲက ထလို့
နောက်တစ်ခါ လွတ်လပ်ရေးအတွက်
သမီး အောင် ဆန်း စု ကြည် အဖြစ်နဲ့

(ခရမ်းပြာထက်လူ)
ဒီကဗျာလေးကို ဖတ်ပြီး ကျွန်တော်တို့ တတွေ
မဆလနဲ့ စစ်အစိုးရဆိုတဲ့ (၄၈နှစ်တိုင်) ရှင်ကြီးဝမ်းထဲလည်း 
ဝင်ခဲ့ဘူးပြီ။
အရပ်သား အစိုးရ အမည်ပြောင်း
(၅နှစ်)တိုင်အောင် ရှင်ငယ်ဝမ်းထဲလဲ နေခဲ့ဘူးပြီ..
ဒါကိုမှ အားမရသေး နောက်လာမယ့် ရွေးကောက်ပွဲ ထပ်မံရွေးချယ်ဦးမယ် ဆိုရင်တော့
တို့ခေတ်ရောက်မှ ညံ့ကျတော့မှာလား လာမယ့်ရွေးကောက်ပွဲ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ နိုင်ငံတော်တခုအတွက်
မဲပေးမမှားကြဖို့ ဒီကဗျာလေးနဲ့
တိုက်တွန်းနိုးဆော်ရင်း..
ဒီမိုဝေယံ

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
အပိုင်း (၁) ပြန်ဖတ်မယ်ဆိုရင်
http://www.demowaiyan.org/2015/04/blog-post_9.html