အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကြေငြာချက်...
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
လွဲမှားစွာ ဖော်ပြနေသော
လုပ်ကြံမီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှား
နေကြသည်ဟု မြွက်ကြားခဲ့သည့် ဗန်းမော် ဆရာတော်ကြီး၏ သြဝါဒကထာ..
နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီး၏ ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော သြဝါဒကထာ...
ဒီမိုဝေယံ
နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီး၏ ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော သြဝါဒကထာ...
ဒီမိုဝေယံ
ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော သီတဂူ သံဃာ့ဝန်ဆောင်အဖွဲ့ရဲ့ သံဃာတော်များအကြံပြုလွှာ နှင့် ဧရာဝတီဘာလဲ ဘယ်လဲ...
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
------------ မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- မီဒီယာသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။
သို့သော် “ဧရာဝတီ”သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည်ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။
၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ထိုဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်”ဟု ထည့်သွင်းကြေငြာခဲ့ခြင်း ဖြစ်ပါသည်။
၂။ ၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ ခြံစည်းရိုးစောင့်ဥပဒေ ဖြစ်သည်။
နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှသောကြောင့် ထိုဥပဒေကို လုံးဝထောက်ခံသည်။
၃။ ဥပဒေရေးရာ အစုအဖွဲ့ ကဏ္ဍ၌ အင်းစိန်ရွာမဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဝရတို့ ဦးဆောင်ပြီး “မျိုးစောင့်ဥပဒေ”ဟု ရေပန်းစားနေသည့် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သံဃာတော်အရှင်မြတ်များကလည်း အကြံပြုထောက်ခံကြပါသည်။ အရှင်ပညာဝရ (ဘ၀လမ်းခွဲ)မှ အားရကျေနပ်ကြောင်း အမိန့်ရှိပါသည်။
မှော်ဘီကြေငြာချက် ထဲမှာလည်း “မြန်မာနိုင်ငံသည် ဘာသာရေးလွပ်လပ်ခွင့် ရှိသည်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးစွဲ ပြဋ္ဌာန်းရန်” ဟု ပါရှိပါသည်။ ထိုသို့ဖြစ်ပါလျက် အထက်ပါဆရာတော်တို့က “မျိုးစောင့်ဥပဒေ”ကို မထောက်ခံဘူးဟု ဧရာဝတီသတင်းဋ္ဌာနက လွှင့်ခဲ့ပါသည်။
အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်။ မိမိကိုယ်တိုင် သဘောတူကြောင်း လက်မှတ်ထိုးပြီးသား ဖြစ်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သံသယ တစုံတရာရှိပါက မိမိထံ ဖုန်းဆက် မေးနိုင်ကြောင်း အကြောင်းကြား သိစေအပ်ပါသည်။ အနှစ်ချုပ်ကား . . . . အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော လုပ်ရပ်မှန်သမျှကို ထောက်ခံသည်။ အမျိုးဘာသာ သာသနာကို မျက်ကွယ်ပြုသော လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ” မှ/
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ ၀၉- ၂၀ ၆၄ ၉၄၄
Credit ... https://www.facebook.com/biruma.mg?fref=ts 12
မေလ ၁ ရက်နေ့တွင် အစမ်းထုတ်ဝေခဲ့သော The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် “၀”သို့ တရုတ်နိုင်ငံမှ စစ်ရ ဟတ်ယာဉ်ပေးပို့ခဲ့သည့် သတင်း “၀”ဘက်မှ ငြင်းဆို သတင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Eleven Media Gorup သို့ ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း မေလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါသည်။
ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကြေညာချက် (မြန်မာမူ) တရုတ်သံရုံးမှ မြန်မာဘာသာ သို့ ပြန်ဆိုခဲ့ သည့် အတိုင်း ဖော်ပြခြင်း ဖြစ်သည်။
ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကြေညာချက် (မြန်မာမူ) တရုတ်သံရုံးမှ မြန်မာဘာသာ သို့ ပြန်ဆိုခဲ့ သည့် အတိုင်း ဖော်ပြခြင်း ဖြစ်သည်။
အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် (DKBA)၏ သဘောထားထုတ်ပြန်ချက်...
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်၊ ဦးဌေးကြွယ်တို့သည် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် လက်ပန်းတောင်းတောင်အရေးနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံေ ဆွးနွေးသည်။
လက်ပန်းတောင်းတောင်အရေးနှင့် စုံစမ်းရေးကော်မရှင်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် မိမိတို့ အဖွဲ့မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈ မျိုးဆက် ကျောင်းသားများက အဆိုပါ အရေးကိစ္စများဖြေရှင်းရာတွင် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာတွေ့ဆုံခဲ့ပြီး လက်ပန်းတောင်းတောင် ကိစ္စရပ်များအပါအ၀င် နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်သည့် ကြေငြာချက်များကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် ထုတ်ပြန်ရန်ရှိကြောင်း ကိုဋ္ဌေးကြွယ်က ပြောသည်။
သတင်း 7Day Journal
ဓာတ်ပုံ - 88 Generation Students
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်
(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။
(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်း
ဟောပြောစည်းရုံးလျှက်ရှိသည်။
(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်
နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့်
ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက်
နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စ ည်းပေးရန်တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွ
လှုပ်ရှားသူများ၏သဘောထားဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည် ။
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ ပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ပြဿနာများဖြေရှင်းပြေလည်
ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလို က်သည်။
၈၈ မျိုးဆက်ကျောင်းသားများ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၂
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင
လှုပ်ရှားသူများ၏သဘောထားဆန္ဒများက
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ပြဿနာများဖြေရှင်းပြေလည်
ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလို
၈၈ မျိုးဆက်ကျောင်းသားများ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး... (ရုပ်သံ ဆင်ပေါက်)
သမ္မတဦးသိန်းစိန် အမိန့်နဲ့ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
အကြောင်းအရာ။ ။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့တွေ့ဆုံခြင်း
၁။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို အား စက်တင်ဘာ
၈ ရက်ညနေ ၅နာရီ က ရန်ကုန်မြို့၊ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ဧည့်ခန်းမတွင် မိနစ်လေးဆယ်ကြာလက်ခံတွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို အား စက်တင်ဘာ
၈ ရက်ညနေ ၅နာရီ က ရန်ကုန်မြို့၊ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ဧည့်ခန်းမတွင် မိနစ်လေးဆယ်ကြာလက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို တို့သည် စာနယ်ဇင်းကောင်စီကိစ္စ၊ မီဒီယာဥပဒေကိစ္စများအပါအ၀င် စာနယ်ဇင်းဆိုင်ရာအခြားကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၃။ လက်ရှိနယ်ပယ်အသီးသီးက အဆိုပြုထားကြသော စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များအား နောက်ဆုံးအကြိမ်အတည်ပြုလျာထားခြင်း၊ စာနယ်ဇင်းကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား နောက်ဆုံးအကြိမ်အတည်ပြုခြင်း တို့ကိုဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
၎။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သည်တို့ကို ကူညီပေးရေးကိုလည်း ဆွေးနွေးခဲ့ပါသည်။
၅။ ထို့အပြင် မီဒီယာ ဥပဒေသစ်တစ်ရပ်ကိုမီဒီယာလောကသားများ၏အကြံဥာဏ်များရယူပြီး ပြန်လည်ရေးဆွဲနိုင်မည့်အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
၆။ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အပေါ်စွဲချက်တင်ထားမှုအား
တတ်နိုင်သမျှ ညှိနှိုင်းကူညီပေးရေးကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းကတင်ပြဆွေးနွေးခဲ့ပါသည်။
တတ်နိုင်သမျှ ညှိနှိုင်းကူညီပေးရေးကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းကတင်ပြဆွေးနွေးခဲ့ပါသည်။
၇။မကြာတော့သောကာလတွင် စာနယ်ဇင်းလောကသားများလက်ခံနိုင်သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းနိုင်တော့မည့် အလားအလာကောင်းများကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
စက်တင်ဘာ (၈)၊ ၂၀၁၂
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
စက်တင်ဘာ (၈)၊ ၂၀၁၂
ရွှေတွင်းလုပ်သားများနှင့် ရွှေတွင်းလုပ်သားများ နစ်နာမှုတွေအတွက် အတူတကွ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုမောင်မောင်လတ်တို့ ILOရုံးသို့ရောက်စဉ်
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ချက်
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၁) ရက် )
(၂၁.၈.၂၀၁၂)
မိုးထိမိုးမိရွှေလုပ်သားများ၏ နေပြည်တော်သမ္မတအိမ်အရောက် ချီတက်ဆန္ဒဖော်ထုတ်မှုကို ၁၄.၆.၂၀၁၂ရက် နေ့တွင် ရွှေမြင်တင်ဘုရား၌ အချက်(၆)ချက်ပါစာချုပ်ကို ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည်။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဘက်မှ စာချုပ်ပါ အချက်များကို လိုက်လျောမှု မရှိသည့်အပြင် ရွှေလုပ်သားများကို ဖမ်းဆီး အရေးယူခြင်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း လက်နက်များကိုင်ဆောင်ခြင်း၊ ဆိုင်ကယ် ကယ်ရီများကို ပေးမတက်စေခြင်း၊ စာချုပ်ပါအချက်များ ကိုဖောက်ဖျက်၍ အမိန့်အမျိုးမျိုး ထုတ်ပြန်ခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။
ကိုမောင်မောင်လတ် (ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုယာယီအလုပ်အမှုဆောင် ကော်မတီ တာဝန်ခံ ၈၈ကျောင်းသားဟောင်း)သည် ၁.၆.၂၀၁၂ရက်နေ့ မိုးထိမိုးမိတောင်ပေါ်ရှိ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီလီမီတက် (စခန်းကြီး) ရှေ့မှစတင်ပြီး ရွှေလုပ်သားများနှင့် အတူဆန္ဒဖော်ထုတ်ခဲ့ကာ ယနေ့အချိန်ထိ မိုးထိမိုးမိတောင်ပေါ်တွင် ရွှေလုပ်သားများနှင့်အတူ တသားတည်းနေ၍ ရွှေလုပ်သားများ၏ အခွင့်အရေးများကို ဆက်လက်တောင်းဆို မှုပြုလုပ်လျှက်ရှိသည်။ ယခုအခါ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက် နှင့် မန်ဘာ ဦးဆန်နီတို့က မိုက်ကယ်(လူမိုက်)အင်အား -၂၀၀- နီးပါးဖြင့် ကိုမောင်မောင်လတ်ကို ဖမ်းဆီးရန်ပြုလုပ်နေပါသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် စာချုပ်ပါအချက် များကို လိုက်လျောခြင်း မရှိသည့်အပြင် ရွှေလုပ်သားများ ရပိုင်ခွင့်အတွက် ကူညီပေးနေသော ၈၈ကျောင်းသားဟောင်း ကိုမောင်မောင်လတ်(ကိုလတ်) အပေါ်တွင်လည်း အညှိုးထား၍ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် မိုးထိမိုးမိတောင်ပေါ်၌ အဓိကရုဏ်းဖြစ်အောင် ပြုလုပ်နေ ခြင်းဖြစ်ပါသည်။ ကိုမောင်မောင်လတ်နှင့် ရွှေတွင်းလုပ်သားများသည် ပြဿနာများကိုပြေလည်အောင် ဆောင်ရွက် နေသော်လည်း အမျိုးသားကြီးပွား တိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ဘက်မှ တိုက်ခိုက်ပြုလုပ်မှုများ လုပ်ဆောင် နေခြင်းကို ချက်ခြင်းရပ်တန့်ပေးရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ကသာ တာဝန်ဖြစ်ကြောင်းအတိအလင်းကြေညာလိုက်သည်။
မှတ်ချက်။ ။ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် မိသားစုနှင့် ပြည်သူလူထုကြီးမှ ပေးပို့လာသော သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား..
၈၈အရေးတော်ပုံ ငွေရတုအကြို အထိမ်းအမှတ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေငြာချက်...
သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂
၁။ ပိတ်ပင်ခံထားရသောThe Voice Weekly, Envoy၊ လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်။
၂။ ပြုပြင်၊ ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။
၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်။
၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်။
၅။ ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။
၆။ မီဒီယာသမားများ သဘောဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာ ဥပဒေကိုမဆို လက်မခံပါ။
၇။ လတ်တလော ဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကအမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန်။
အထက်ပါ တောင်းဆိုချက်များကို ချက်ချင်း လုပ်ဆောင်ပေးရန် ယနေ့ တက်ရောက်လာသော သတင်းမီဒီယာသမား ၉၂ ဦးကသဘောတူ လက်မှတ်ရေးထိုး လိုက်သည်။
ကော်မတီဝင်များစာရင်း
၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး
ကော်မတီများ
၁။ လုပ်ငန်းဖြစ်မြောက်ရေး ကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်
၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း
၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)
လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား လေ့လာစုံစမ်း ဖော်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်က စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့်အပေါ် ၈၈မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမား အရေး ဆောင်ရွက်သူများ၊ ဥပဒေပညာရှင်များ၏ ပူးတွဲထုတ်ပြန်ချက်အား ယနေ့(၁၊၈၊၂၀၁၂နေ့)တွင် အောက်ပါပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရခိုင်ပြည်နယ်အရေး သမ္မတအမိန့် အပေါ် ဆွေးနွေးနေစဉ်.. (ဓာတ်ပုံ Messenger News Journal)
နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/ ၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ဝင်ရောက် ဆွေးနွေးချက် အသံဖိုင် Khu Daun
ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းအသီးသီး၏ ၂၀၀၇ခုနှစ်က ထုတ်ပြန်စာ..
နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ဘင်္ဂလီအရေးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ အဖွဲ့အစည်းများမှ ၂၀၀၇ခုနှစ် မတ်လ(၁၈)ရက်နေ့ ကတည်းက သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်...။
တိုကျိုမြို့UNရုံးရှေ့မှာ ပြုလုပ်မယ့် ရခိုင်ပြည်နယ်တိုင်းရင်းသား အရေး ဆန္ဒထုတ်ဖော်ပွဲ ဖိတ်ကြားစာ၊
ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုနှင့် လုပ်ဖေါ်ကိုင်ဖက်များ ခင်ဗျား
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း ဒေသအတွင်း ဖြစ်ပွါးနေသည့် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ အနာဂတ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကို ဖြစ်နိုင်သည့်အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့၏ သဘောထား ဆန္ဒများကို ထုတ်ဖေါ်ပြသရန် အချိန်ကျရောက်ပြီ ဖြစ်ပါသောကြောင့် လာမည့် ဇူလှိုင်လ(၁၈)ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် တိုကျိုမြို့ ရှီဘူယရှိ UN ရုံးအရှေ့သို့ လာရောက် ပူးပေါင်း ပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
တာဝန်ယူ ကျင်းပပေးသော အဖွဲ့အစည်း
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan
နေ့ရက်။ ။ ၂၀၁၂ ခုနှစ် ဇူလှိုင်လ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့
အချိန်။ ။ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီ အထိ
နေရာ။ ။ ရှီဘူယ UN အဆောက်ဦးရှေ့
ထို့အတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ ပွဲမှာ အသနားခံစာ ပေးပို့ခဲ့တဲ့ ဂျပန်နိုင်ငံရောက် ဘင်္ဂလီအဖွဲ့အစည်းရဲ့ သမ္မတကြီးဦးသိန်းစိန်ထံသို့ ပေးပို့တဲ့ အသနားခံစာမှာ ဘာတွေ ရေးထားတယ်ဆိုတာကို အားလုံး လေ့လာနိုင်အောင် ဒီလင့်ခ်မှာ သွားကြည့်ကြပါ။
ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်
(1)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်လုပ်ငန်းဆိုင်ရာ ဦးဆောင်မှု ကော်မတီဖွဲ့စည်းခြင်း
(2)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီဖွဲ့စည်းခြင်း
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..
“၀ီရသူ” သဘောထား (၃/၇၄)
by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 9:24pm ·
ရခိုင်ပြည်နယ်၊
ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော
ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊
ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏
သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော် ကြေငြာအပ်ပါသည်။ (က)
28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ
အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်)
မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
(ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန်
ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင်
ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့
တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း
သိရပါသည်။
(ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို
ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက်
အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက
ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။
(ဃ) 2-6-2012
ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခွါလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့်
လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက
ဝိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။
(င) ထိုသို့
သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော
ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။
(စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ
ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း
တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း
ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။
(ဆ) ဤဖြစ်စဉ်တွင် အမှားကို
အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန်
ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက်
လက်တုံ့ပြန် သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။
(ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို
ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။
ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊
သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။
စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘော ကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့်
ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ
မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင်
မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့
မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။
(စ်)
ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက
မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊
ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍
ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက
ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို
ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။
(ည)
ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊
ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊
ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည်
ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလိုက်ကာ
မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို
ပြန်လည် အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို
စဉ်းစားရမည် ဖြစ်ပါသည်။
မူဆလင်(၃)ယောက် ကျူးလွန်သည်ကို
အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့်
အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့်
အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက်
အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး
သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊
လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ
ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့
အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ်
အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို
ဝိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့်
ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို
ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံ တောင်းပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့)
Email- wirathu2012@gmail.com

၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန်
(ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)
စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်
၁။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည်
ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ဉ်ကျေးမှုစုံလင်စွာ ဖြင့်
အေးချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ မှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင် သော ထောင်ချောက် များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။
၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး
အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ
ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊
ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့်
လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ေ ပးကြပါရန် ကျွန်ုပ်တို့ “၈၈ မျိုးဆက်ကျောင်းသားများ”မှ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
အထူးသတင်းထုတ်ပြန်ချက်
(ပြန်ကြားရေး ၀န်ကြီးဌာန)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော်အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း အစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့် အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ Website စာမျက်နှာတွင် လွန်ခဲ့သောမိနစ်ပိုင်းအတွင်းက သတင်းထုတ်ပြန် လိုက်သည်။
link-
http://www.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်နှင့်တိုင်း မြို့နယ်နှင့် ရပ်ကျေးများတွင် ညီလာခံများ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တက်ရောက်ရေး ဆုံးဖြတ်ချက် သတင်းစာရှင်းလင်းပွဲ အသံဖိုင်နှင့် ထုတ်ပြန်ကြေငြာချက်...
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ဖတ်ရှုရန်..
Subscribe to:
Posts (Atom)
Total Pageviews
အသစ်တင်သမျှ ဖတ်ကြရအောင်.....
ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓါတ်ပုံများ
ဂျပန်နဲ့ နိုင်ငံတကာမှ ဗေဒင်၊ လက္ခဏာ ဝါသနာရှင်များအတွက် ဗေဒင်၊ လက္ခဏာ ပညာရှင် ဆရာဦးတင်ဦး
ဘလော့ဂ်ဂါများ နည်းပညာ အကူအညီလိုလျှင်..
တင်သမျှဖတ်မယ့် မိတ်ဆွေများ..
ဒီမိုဝေယံ Facebook
ဘေလာ့ဂ္ဂါမ်ား
ရသဘလော့(ဂ်)များ
နိုင်ငံရေး ဘလော့(ဂ်)များ...
| နစ်နေမန်း | Dr.လွဏ်းဆွေ | |
| ကိုဖိုးတရုတ် | ဦးဇင်းထာဝရ | မြတ်လေးငုံ |
သတင်းဋ္ဌာနများ....
| BBC | VOA | RFA |
| DVB | မိုးမခ | ဧရာဝတီ |
| မဇ္ဈိမ | ရိုးမ ၃ | နေ့သစ် |
| ယနေ့မြန်မာ | ကချင်သတင်းဋ္ဌာန | နိရဉ္စရာ |
| သျှမ်းသံတော်ဆင့် | မွန်သတင်းအေဂျင်စီ | KIC |
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ..
အမေ့အိမ် ပညာရေးကော်မတီ ဆက်သွယ်၊ လှူဒါန်းရန် လိပ်စာများ
(၁)အမေ့အိမ် ပညာဒါန စာသင်ကျောင်း
အမှတ်( ၃၅၂) ရန်ကြီးအောင်လမ်း( ရ )ရပ်ကွက်၊ ရွှေပြည်သာ
ကျောင်းတာဝန်ခံ။ ဒေါ်ငြိမ်းတင် (အငြိမ်းစား ဆရာမကြီး)
Tel : C/O 661639
(၂) ပစ်တိုင်းထောင် ပညာဒါနကျောင်း
အမှတ်( ၆၂ရ ) သီတာလမ်း၊ စဥ့်ငူရပ်၊ အောင်ဆန်း၊ အင်းစိန်မြို့ 
ကျောင်းတာဝန်ခံ။ ဦးလှငွေ ၊ ကိုကျော်ဝဏ္က
Tel : C/O 09 4933 6270
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ
အမှတ်( ၃၅၂) ရန်ကြီးအောင်လမ်း( ရ )ရပ်ကွက်၊ ရွှေပြည်သာ
ကျောင်းတာဝန်ခံ။ ဒေါ်ငြိမ်းတင် (အငြိမ်းစား ဆရာမကြီး)
Tel : C/O 661639
(၂) ပစ်တိုင်းထောင် ပညာဒါနကျောင်း
အမှတ်( ၆၂ရ ) သီတာလမ်း၊ စဥ့်ငူရပ်၊ အောင်ဆန်း၊ အင်းစိန်မြို့ 
ကျောင်းတာဝန်ခံ။ ဦးလှငွေ ၊ ကိုကျော်ဝဏ္က
Tel : C/O 09 4933 6270
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ
NLD (BG) သွေးအကူအညီပေးရေးအဖွဲ့ ဆက်သွယ်ရန် လိပ်စာ
တလအတွင်း အဖတ်အများဆုံး ပိုစ့်များ.....
-
၂၀၀၇ခုနှစ်က သစ်တောဝန်ကြီး ဗိုလ်မှုးချုပ်သိန်းအောင် ဘယ်သူ့ကို ကန်တော့နေတာလဲ ဆိုတာ... ကျနော် ၊ ကျမတို့သည် သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်...
-
ပြည်သူတွေရဲ့ ကမ်းလက်များအား ပြန်လည် နှုတ်ဆက်ပေးနေတဲ့ အမေစု.. ဒီဓာတ်ပုံလေးမြင်မိတော့ စကားပုံလေးတခု သွားသတိယမိလို့ ငါတို့အမေစု မင်းလောင်း ထီြး...
-
တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကို ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်လျှက်ရှိသော တရားမအမှုကို မော်နီတာဂျာနယ်တွင် ...
-
”ကျီးခေါင်းတောင်စေတီတော်” ထီးတော်တင်ပွဲမှာ ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့ အမျိုးသားခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်...
-
ယနေ့နံနက်ပိုင်းက လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ...
-
ယာယီထိန်းသိမ်းခြင်း ခံခဲ့ရသော ဗကသအဖွဲ့ဝင်များထဲမှ ရန်ကုန်မြို့နေ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့သည် လွတ...
-
ရေအသက် တစ်မနက် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ် (ရေဘေး၊ မီးဘေး၊ လေဘေး) အရေးပေါ်ကူည...
-
ဓာတ်ပုံ Asia ယခုတစ်လော အင်တာနက် စာမျက်နှာ သတင်းတွေမှာ အစိုးရအသစ်အပေါ် အဖွဲ့ချုပ်က ထောက်ခံတယ် ဆိုပြီး ပြောဆိုဝေဖန်မှုတွေ တစ်စထက် တစ်စ များပြ...
-
ဒီဓာတ်ပုံလေးကြည့်ပြီး ကြည်နှူးဝမ်းသာမိပါတယ်.. ကိုယ့်ခေါင်းဆောင်ကို လေးစားသမှုပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အလေးထားမှု မြင်ကွင်းလေးပါ..။ ဗြ...
-
Luminary 5of3
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရုပ်သံနှင့် ရေကာတာ ဆန့်ကျင်ရေး လက်စွဲစာအုပ်
မြန်မာသက္ကရာဇ်
ဆရာတော် ဦးပညာသီဟ (ရွှေည၀ါဆရာတော်) တရားတော်များ...
ဆရာကြီးဦးအောင်သင်းရဲ့ ဟောပြောပွဲ အသံဖိုင်များ
သတင်းစာဆရာကြီးဘဘဦးဝင်းတင်ရဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ် Download ရယူရန်.....
နိုင်ငံရေး ဟာသများ။.
စိတ်ညစ်စရာတွေ ပြေပျောက်အောင် နားထောင်ကြည့်ပါဦး။(၂၀၁၀)မြန်မာ့နိုင်ငံရေး ဘောလုံးပွဲ
နှစ်ပြားမတန်သီချင်း။...။ (Download ရယူရန်)
ကြပ်ပြေးအရှုပ်တော်ပုံ ၁မှ၂၆ ပေါင်းချုပ်
မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှုးချုပ် ဦးသန့်..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ
KP3 (နည်းပညာဘလော့)
မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း။..။
စာအုပ်ပေါင်း (၄၀၀)ကျော်ရှိသည့် ဗမာ့ကြယ် ကွန်ယက်စာအုပ်စင် – စာအုပ်စာရင်း...
ဒါတွေပြန်ဖတ်ချင်ရင်...
- article (38)
- GRWသတင်းများ (10)
- internet (1)
- interview (19)
- news (19)
- photo (51)
- poem (2)
- statement (10)
- video (19)
- ကဗျာ (136)
- ကာတွန်း (4)
- ကျန်းမာရေး (1)
- ခရီသွားမှတ်တမ်း (19)
- ဂီတဖျော်ဖြေပွဲ (2)
- ဂုဏ်ပြုလွှာ (1)
- စာအုပ် (15)
- စာစောင်များ (133)
- ဆက်သွယ်မေးမြန်းချက် (141)
- ဆုတောင်း (18)
- တပ်မှုးတပ်သားပြောစကားအသံဖိုင် (23)
- တရားဓမ္မ (1)
- တိုက်တွန်းနှိုးဆော်ချက် (127)
- တိုင်ကြားစာ (235)
- တကောင်းတောင်နီကယ်စီမံကိန်း (3)
- ထုတ်ပြန်ကြေငြာချက် (191)
- ဓာတ်ပုံ (1106)
- နာရေး (27)
- နာရေးကူညီမှုအသင်း (217)
- ဖိတ်ကြားစာ (61)
- ဗိုလ်ချုပ်အမှတ်တရ (20)
- ဗီဒီယို (140)
- ဘားမားပါပါရာဇီ (10)
- မှတ်တမ်း (76)
- မှတ်သားစရာ (47)
- မိန့်ခွန်းများ (6)
- ပြည်တွင်းလှုပ်ရှားမှု (12)
- မြစ်ဆုံဆည်သတင်းများ (71)
- မြန်မာပြည်ကလာတဲ့စာ (65)
- ရုပ်သံ (312)
- ရုရှား (2)
- ဝတ္ထု (3)
- ဝမ်းနည်းမှတ်တမ်း (9)
- သတင်း (1200)
- သဝဏ်လွှာ (3)
- သီချင်း (42)
- သူ့အမြင်ကိုယ့်အမြင် (5)
- သရော်စာ (31)
- အ (1)
- အခမ်းအနားဖိတ်စာ (23)
- အင်တာဗျုး (6)
- အစီရင်ခံစာ (7)
- အတို့အထိ (78)
- အထိမ်းအမှတ် (17)
- အမှတ်တရ (37)
- အသံဖိုင် (9)
- အသံဖိုင်များ (73)
- အားကစား (2)
- အမေစုသတင်းများ (175)
- အမေ့အိမ်ပညာသင်ကျောင်း (28)
- ဥပဒေ (8)
- ဦးကျော်သူ (11)
- ဆောင်းပါး (427)
- ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ (92)
- နေရဲနီကဗျာများ (52)
- ပေးစာ (74)
- ကြေငြာချက် (75)
- မွေးနေ့ (43)
- ရွေးကောက်ပွဲ (1)
- ရွှေညဝါဆရာတော် (49)
- ရွှေဓူဝံဆောင်းပါးများ (5)
- ရွှေလီရေအားလျှပ်စစ်စက်ရုံ (6)
- ဝေဖန်ရေး (5)
- နှစ်ပတ်လည် အခမ်းအနား (25) သစ်ထူးလွင်























.jpg)
.jpg)



.jpg)
.jpg)
.jpg)





