ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (သွေးမုန်တိုင်းစစ်ဆင်ရေး ကြေငြာချက်) နှင့်(ရုပ်သံဖိုင်)

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့
(သွေးမုန်တိုင်းစစ်ဆင်ရေး ကြေငြာချက်)
နှင့်(ရုပ်သံဖိုင်)
ဒေါင်းလုပ်ရယူရန် http://www.mediafire.com/?2its6q4trmsssz1
VBSW 2011 Statement

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုအား ပြည်သူလူထုမှ လက်မှတ်ရေးထိုး ထောက်ခံခြင်း

လျှော့ရက်ခံစားခွင့်မရှိသော သီးသန့်၊ သာမန်သီးသန့် အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ပေးရေး အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုအား ပြည်သူလူထုကြီးမှ လတ်မှတ်ထိုးထောက်ခံလိုက်ခြင်း

          အင်းစိန် အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများသည် “လျှော့ရက် ခံစားခွင့်မရှိသော သီးသန့်၊ သာမန်သီးသန့် အကျဉ်းသားများအား လျှော့ရက် ခံစားခွင့်ပေးရေး” တောင်းဆိုချက်အတွက် (၂၆-၁၀-၂၀၁၁)ရက် နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြ နေကြပါသည်။ အထက်ပါ တောင်းဆို ဆန္ဒပြမှု၏ အချင်းအရာများတွင်
          ၁။  ထောင်လက်စွဲဥပဒေပါ လျှော့ပေါ့ရက် ခံစားခွင့်ကို (န၀တ၊ နအဖ) အစိုးရလက်ထက် အာဏာအလွဲသုံးစားလုပ် ဖြတ်တောက်လိုက်ချိန်မှစ၍ ယနေ့အချိန်ထိ နိုင်ငံရေး အကျဉ်းသားများမှ ငြိမ်းချမ်းစွာဖြင့် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ခြင်း၊
          ၂။  အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများတောင်းဆိုချက်သည် အင်းစိန် အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားကိစ္စ သက်သက် မဟုတ်ဘဲ အကျဉ်းထောင်အသီးသီးရှိ ဥပဒေမဲ့လျော့ရက်ခံစားခွင့် ဖြတ်တောက်ခံထားရသည့် အကျဉ်းသားအားလုံးနှင့် လုံးဝသက်ဆိုင်သော အခြေခံအခွင့်အရေးဖြစ်နေခြင်း၊
          ၃။  ထောင်လက်စွဲဥပဒေပါ လျော့ရက်ခံစားခွင့်များ ဖြတ်တောက်ရာ၌ လျော့ရက်ရရှိသင့်သော အကျဉ်းသားအားလုံးကို ဖြတ်တောက်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားများကိုသာ သီးခြားကန့်သတ်ဖြတ်တောက်ထားခြင်း၊
          ၄။  ထောင်လက်စွဲဥပဒေစာအုပ် အခန်း(၁၁)ပါ လျော့ပေါ့ရက်ခံစားခွင့်များကို နိုင်ငံရေးအကျဉ်းသားများ ပြန်လည်ခံစားခွင့်ရရှိပါက နိုင်ငံရေးအကျဉ်းသားမြောက်များစွာ ပြန်လည်လွတ်မြောက်လာနိုင်ခြင်း၊
          ၅။  ထောင်လက်စွဲဥပဒေပါလျော့ပေါ့ရက်ခံစားခွင့်ကို ပြန်လည်ရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားများ တောင်းဆိုရာတွင် တောင်းဆိုမှုပုံသဏ္ဍာန် အမျိုးမျိုးအနက်မှ အစာငတ်ခံတောင်းဆိုမှုကို ပြုလုပ်သောကြောင့် အသက်အန္တရယ်အ လွန်စိုးရိမ်ရခြင်း၊
          ၆။  ၂၀၁၁ခုနှစ်၊ မေလ၊ ၁၆ရက်နေ့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အပိုဒ်(ခ)၌ ထောင်လက်စွဲဥပဒေပါ လျော့ပေါ့ရက် ခံစားခွင့်ဖြစ်သည့် သာမန်လျော့ပေါ့ရက်ကို ခံစားခွင့်ပေးထားကြောင်း တရားဝင်ညွန်းဆိုကြေညာခဲ့ခြင်း တို့ပါဝင်ပါသည်။
          အထက်ပါအချက်များကို ထောက်ရှု၍ ပြည်သူလူထုကြီးနှင့်တကွ ဒီမိုကရေစီရေး၊ လူအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အင်အားစုများမှ နိုင်ငံရေး အကျဉ်းသားတို့၏ အသက်အန္တရယ်ကို အလွန်စိုးရိမ်နေကြလျက် နိုင်ငံရေး အကျဉ်းသားတို့၏ တရားမျှတသော တောင်းဆိုလှုပ်ရှားမှုအား အမြန်ဆုံး အောင်မြင်စွာ ပြီးမြောက်စေရန် ထောက်ခံ ဆန္ဒပြုလိုက်ကြပါသည်။ ယနေ့ အချိန်လို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်နေသော ကာလတွင် တရားမျှတသော တောင်းဆိုချက်အတွက် တိုင်းပြည်နှင့် လူထုအကျိုးကို ဆောက်ရွက်နေကြသော နိုင်ငံရေးအကျဉ်းသား မည်သူ တစ်ဦးတစ်ယောက်ကိုမှ အသက်မဆုံးမရှုံးစေသင့်ပါ၊ ပြည်သူဆန္ဒကို လေးစားခြင်းဖြင့် ဥပဒေကို ချိုးဖောက်သော အစိုးရမဖြစ်စေရန် အချိန်မဆိုင်းပဲ တောင်းဆိုချက်အား အမြန်ဆုံး လိုက်ရောဆောင်ရွက်ပေးရန် လက်မှတ်ထိုး ဆန္ဒပြုတောင်းဆိုလိုက်ပါသည်။
အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုအား လက်မှတ်ရေးထိုး ထောက်ခံခြင်း
ပေးပို့သူ ကိုစိုင်း

မနေ့က တာမွေမြို့နယ် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ပြန်လည်လွတ်မြောက်လာတဲ့ တာမွေမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲ အခမ်းအနား (ဓာတ်ပုံ)

တနင်္ဂနွေနေ့က တာမွေမြို့နယ် အဖွဲ့ချုပ် ရုံးမှာ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က ပြန်လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နိုင်ငံရေးလှုပ်ရှားသူ ၈ဦးအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်.။ တာမွေမြို့နယ်မှ ပြန်လည် လွတ်မြောက် လာသူတွေကတော့ ကိုနေကျော်၊ ကိုကြည်လွင်၊ ကိုမင်းဟန်၊ ကိုသက်ဦး၊ ကိုမိုးထက်လျှံ။ ကိုမျိုးလှိုင်၊ ကိုစောသက်ထွန်း၊ ကိုဇော်ရဲဝင်းတို့ ဖြစ်ပါတယ်..။ ကိုမျိုးလှိုင်က မအားလို့ မတက်ရောက်နိုင်တာက လွဲပြီးကျန်တဲ့ လွတ်မြောက်လာသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ၉ နာရီမှ စပြီး၁၁ နာရီမှာပြီးဆုံးပါသည်။ တက်ရောက်လာသူများအား ခေါက်ဆွဲကြော်နဲ့ အအေးဖြင့် ဧည့်ခံပါသည်။ တာမွေမြို့နယ်မှ ဒီချုပ်ပါတီဝင်တွေနဲ့ ကျောင်းသားလူငယ်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဓာတ်ပုံ ကိုကို..

ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်တဲ့ စုပေါင်းဘုံကထိန်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနား (ဓာတ်ပုံ၊ ရုပ်သံ)

အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်-ဂျပန်ဌာနခွဲ တာဝန်ခံဆုဂါမိုဆရာတော် ဦးဓမ္မဇောတိမှ သြဝါဒကထာ မြွက်ကြားတော်မူစဉ်...

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်-ဂျပန်ဌာနခွဲ၏ ဒုတိယ အကြိမ်မြောက် စုပေါင်းဘုံကထိန် ဆက်ကပ် လှုဒါန်းပူဇော်ပွဲ အခမ်းအနားနှင့် ပထမအကြိမ် သက်ကြီး ပူဇော်ကျင်းပပွဲ အခမ်းအနား... (ရုပ်သံ၊ ဓာတ်ပုံ)

ရုပ်သံ...ဇေယျာ၊ ဓာတ်ပုံ ကိုခင်မောင်ဇော်၊ ကိုထွန်းဝေ

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေလဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။

မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်း ကချင်ပြည်နယ်ဟာ  သယံဇာတတွေ သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ ဒေသတခုပါပဲ...။ ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိရာ ဖားကန့်ဒေသဟာလည်း ကမ္ဘာကျော်ပါတယ်...။ ၁၉၈၅/၈၆လောက်က ထင်ပါတယ်... ကချင်ပြည်နယ် ဖားကန့်ဒေသက ၂၂တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရန်ကုန်ကို အစောင့်အကြပ်တွေနဲ့ ညဘက်ကြီး ရထားနဲ့ သယ်ဆောင်လာတာ ကြားဘူးခဲ့ပါတယ်။ ထိုစဉ်က မဆလခေတ် သတင်းစာတွေမှာ မစားရမခန်း ဒီကျောက်စိမ်းတုံးကြီးကြောင့် တိုင်းပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာတော့ မလိုလို၊ ရေးသားချက်တွေ ဖတ်ခဲ့ဘူးပါတယ်..။ ကမ္ဘာပေါ်က လူအားလုံးကို တစ်ရက်ထမင်းကျွေးလို့ ရတယ်ဆိုလား ထိုစဉ်က ကောလဟာလတွေလည်း ကြားခဲ့ဘူးပါတယ်..။
 နွံထဲ၌ ကားတစီးလုံး မြုပ်နေသည်.. ဆင်နှင့်ဆွဲပေးကြပါ.. တခါဆွဲ ၃သိန်းတဲ့
ဒီပုံကတော့ အထက်ပါပုံနဲ့ လားလားမျှ ဆန့်ကျင်တဲ့ မိုးတွင်းကာလ ကာမိုင်း၊ ဖားကန့်လမ်းပေါ်က မြင်ကွင်းပါ..။ 4Wheel Drive ကားတောင် မြုပ်နေတဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ဆင်နဲ့ဆွဲပြီး အလွတ်ရုန်းနေရတဲ့ ၂၁ရာစုရဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးတန် ကျောက်စိမ်းတွေ ထွက်ရှိရာဒေသက ကားလမ်း အခြေအနေပါ...။ ကားတစ်စီး ဆင်ဆွဲခ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ကုန်ကျပါတယ်...။ ဒီလိုခေတ်အဆက်ဆက် လမ်းဆိုးတယ်လို ကျော်ကြားတဲ့ ဖားကန့်လမ်း ပြင်ဆင်ရန်ဆိုပြီး အလှူခံငွေ ကောက်ခံခဲ့ရာမှာတော့ ဆယ်စုနှစ် ၂ခုရှိနေပါပြီ...။ လမ်းပြင်ဆင်ဖို့ အတွက် မူးယစ်ဆေးစွဲသူများအား ဖမ်းဆီးပြီး အလှည့်ကျ စေခိုင်းပါတယ်..။ ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက် ပိုင်ရှင်များထံမှ အလှူငွေကောက်ခံပေမယ့် လမ်းကတော့ မိုးတွင်းဆိုရင် မြင်ရတဲ့ အတိုင်းပါပဲ...။
 ချင်းတွင်းမြစ်ကြောင်းမှ ယန္တယားများ သယ်လာစဉ်
အပေါ်က အဆိုပါကြီးမားလှတဲ့ စက်ယန္တယားကြီး တွေကိုတော့ မုံရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ယခုလို သယ်ဆောင်လာတာပါ...။
 ကျောက်ထွက် အများဆုံး ဖားကန့်ကြီးမှ လုပ်ကွက်တွေလို့ ဆိုပါတယ်..။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကြီးပြင်းနေထိုင်ဘူးတဲ့ ယခုအိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်အမျိုးသား ဇော်ရှန်မှ အဆိုပါလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ " အရင်ကတော့ ဒီနေရာတွေဟာ လုပ်ငန်းလုပ်ကွက် အရမ်းကြီးတဲ့ နေရာတွေပါ... တော်ရုံတန်ရုံ မကပ်နိုင်တဲ့ နေရာတွေပေါ့..။ ပထမဦးဆုံး ကချင်အမျိုးသား ရုဇော်ခေါင်ဆိုသူပိုင်တဲ့ Jade Land ကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာပါ.. သူက တော်တော်ချမ်းသာတယ်လေ။ ကချင်ထဲမှာ အကြီးဆုံး ကုမ္ပဏီပေါ့ ... ဒီနေရာတွေမှာ ကျောက်က အလှူပေးသလို လိုက်ကောက်လို့ ရအောင် ကျောက်တွေ အကြီးအကျယ်ထွက်တဲ့ နေရာတွေပေါ့..."
 ကားကိုတော့ ဆင်နဲ့ဆွဲပါတယ်.. ချောင်းကိုတော့ စက်နဲ့ဖော်ပါတယ်..
လက်ရှိအခြေအနေမှာ ဒီနေရာ ဒီဒေသကို ဘယ်သူတွေ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ လုပ်ကိုင်နိုင်မလဲ ဆိုတာကိုမေးမြန်း ကြည့်ရာမှာတော့ " နောက်ပိုင်းမှာ ကချင်လောပန်တွေ လုပ်စားဖို့ တော်တော် ခက်သွားပြီလေ...။ လက်ရှိနောက်ပိုင်း ပြည်ကြီးက တရုတ်ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင် ဦးပိုင်ဖက်စပ်တို့ လုပ်လာကြတော့ ခုကချင်၊ မြန်မာ၊ ရှမ်းစတဲ့ လောပန်တွေ အနားမကပ် နိုင်တော့ဘူးပေါ့... နောက်ဖက်စပ်ဆိုတာ ပေါ်လာတော့ ဝ၊ ကိုးကန့်နဲ့ KDA စတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်နေကြတာပေါ့..။ ဒီဘက်မှာ  ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ဆက်စပ်နေတာလေ...။ တော်ရုံတန်ရုံလူ အပြင်လူ ဝင်ခွင့်မရဘူး လက်နက်ကိုင်တွေ စောင့်ကြပ်နေကြတာလေ..။  "
အနောက်ဖက်မှ မြင်ရတဲ့ ကျောက်တောင်ကနေ သဲတောင်အဖြစ် ဘဝပြောင်းသွားတဲ့ ဖားကန့် ကျောက်စိမ်းမှော်မြေရဲ့  မြင်ကွင်းတခု
လက်ရှိအခြေအနေမှာတော့ စစ်တပ်ပိုင် ဦးပိုင်၊ ဝ၊ ကိုးကန့်၊ KDA၊ နောက်ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ယုဇနကုမ္ပဏီနဲ့ တရုတ်ဖက်စပ်ကုမ္ပဏီတွေသာ လက်ဝါးကြီး အုပ်ကြီးဆိုးလာတော့  စစ်တပ်နဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် တော်ရုံ ဓနအင်အားတောင့်တင်းမှု မရှိတဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းကို သိပ်မလုပ်နိုင်တော့ဘဲ ကျောက်စိမ်း တူးဖော်မှုလောက် စားရိတ်စားက မများတဲ့ ရွှေတူးတဲ့ဘက်ကို ခြေဦးလှည့်ကုန်ကြပါတယ်..။ ဥရုချောင်းကို ကချင်တွေက အင်မတန်တန်ဖိုးထားပြီး နတ်သမီးတပါးလို့ တင်စားခေါ်ဝေါ်ကြတာပါ...။ ယနေ့အချိန်မှာတော့ ဥရုချောင်းဟာ အမည်နာမလောက်သာ ကျန်တော့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထားရာနေ စေရာစီးဆင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ...။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အဓိက ဝင်ငွေဟာလည်း ဒီဖားကန့်ဒေသက ရရှိနေတာဖြစ်ပါတယ်..။ ယနေ့အချိန်မှာတော့ KIAရဲ့ အဓိက ဝင်ငွေရရှိတဲ့ ဖားကန့်ဒေသက ကျောက်စိမ်း လုပ်ကွက်တွေကိုလည်း စစ်တပ်မှ ထိန်းချုပ်နေပါပြီ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစံနစ်တွေ အကြီးအကျယ် ပျက်ဆီးနေတဲ့ ဖားကန့်ဒေသရဲ့ အခြေအနေကတော့ အထက်မှာ မြင်ရတဲ့အတိုင်း နှစ်စဉ်၊ နှစ်တိုင်း မိုးတွင်း အခါမှာ ဥရုချောင်း ရေလျှံ၊ ရေကြီးတဲ့ဒဏ်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်တွေကို ခံစား နေရပါပြီ...။ ဒီဆိုးကျိုးတွေဟာ ကျပ်ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ကွက်တွေ အများအပြားလုပ်ကိုင်ရာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း သယံဇာတတွေ အကြီးအကျယ်ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကချင်လူမျိုးတွေ၊ ဒေသခံပြည်သူတွေ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေ၊ ဆုလာဘ်တွေ ဖြစ်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။
ဖားကန့်မှ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံး တတုံးမြင်ကွင်း...
ဓာတ်ပုံ SM၊ ဒီမိုဝေယံ
သတင်း ဇော်ရှန်၊ ဒီမိုဝေယံ၊
အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်....
သတင်း၊ ဓာတ်ပုံများ ကူးယူဖော်ပြနိုင်ပါသည်... ရယူသည့်လင့်ခ်အား ပြန်လည်ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်...။

(ABMA) ကြေငြာချက်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲနှင့်နိုင်ငံရေးဖြင့်အကျဉ်းကျခံထားရသော တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက် သင်ယူနိုင်ရန်ဆွေးနွဲပွဲ ဖိတ်ကြားလွှာ...

ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်..။
 ကိုညီညီအောင်အား ကျေးဇူးတင်ပါသည်..။

၂၀၁၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့နဲ့ ၁၀ရက်နေ့က ပြုလုပ်တဲ့ ကျောက်ဖြူ၊ ကူမင်း ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနား.. (ဓာတ်ပုံ)

အောက်တိုဘာလ ၁ရက်နဲ့ ၁၀ရက်နေ့က ကျောက်ဖြူ၊ ကူမင်း ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း မြန်မာပြည်တွင်းအပိုင်း (နောင်ချို)မြို့နယ်မှာ စတင်အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းခွင် အပိုင်း၂နဲ့ ၄ ဖွင့်ပွဲအခမ်းအနားတွေပါ...။  ငါးမရ ရေချိုးပြန်မယ့် တရုတ်ရဲ့ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား အားသွန်ခွန်စိုက် စီမံကိန်းတွေ အကောင်အထည် ဖော်နေပါတယ်...။
ဓာတ်ပုံများ အတွက်  (SM 昆明 နဲ့ SL 昆明)တို့အား ကျေးဇူးတင်ပါသည်...။

ကူညီဖေးမမှု သိန်းတစ်ရာခြေလှမ်းစပြီ...

ကူညီဖေးမမှု သိန်းတစ်ရာခြေလှမ်းစပြီ
သဘာဝ ဘေးအန္တရာယ်ဆိုးကြီးဖြစ်သော ရေဘေးဒုက္ခသည်များအတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် ၂၅.၁၀.၂၀၁၁ ညနေပိုင်းတွင် ရှေ့ပြေးကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ကာ ၂၆.၁၀.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်အဖွဲ့တို့မှ လိုက်ပါသွားခဲ့သည်။ ဦးစွာ ပခုက္ကူမြို့ရှိ စံနစ်သစ်ပုထိုးတိုက် ဆရာတော် ဦးကောသလထံသို့ သွားရောက် ဦးတိုက်ကာ အကူအညီမရရှိသေးသော ရေဘေးဒုက္ခသည်ကျေးရွာများအား သွားရောက် စုံစမ်းကာ လှူဒါန်းမည့်ပစ္စည်းများကို ၀ယ်ယူလှူ၍ ရွှေချောင်း၊ ယောချောင်း ပတ်ဝန်းကျင်ရွာများကို လေ့လာခဲ့သည်။
ထို့နောက် ဒေသခံဖြစ်သော မကွေးလူမှုအသင်းဖြစ်သော “မြစ်ကွေ့ဧရာ” လူငယ်များအဖွဲ့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့မှ (၄၀) မိုင်ခန့်ဝေးကွာသော ရေပြာကတို့ဆိပ်မှ ယောချောင်း တစ်လျှောက် စက်လှေ(၃)စီးငှါးရမ်း၍ တောင်ဘက်သို့ နှစ်နာရီခွဲကြာခန့် ရေစုန်ခရီးဖြစ်သော ပေါက်မြို့နယ်၊ ကျွန်းရင်းရွာရှိ အိမ်ခြေပေါင်း (၃၉၃)အိမ်သို့ သွားရောက်ကာ ဆန်၊ ဆား၊ ဒန်အိုး၊ ဒန်ခွက်၊ ပန်းကန်၊ ဇွန်းနှင့် ခြုံစောင်များအပါ လူအသုံးအဆောင်ပစ္စည်း စုစုပေါင်း (၃၅) သိန်းတန်ဖိုး စတင်၍ လှူဒါန်း ခဲ့သည်။

ဆက်လက်၍ ပေါက်မြို့နယ် ကံစွယ်ကျောင်းတိုက်တွင် စခန်းချကာ ကူညီမှုများမရရှိ သေးသော ချောင်းနားရွာ၊ တပ်ကုန်းရွာ၊ တင်သောင်ရွာများသို့သွားရောက်၍ လှူဒါန်းကူညီ ထောက်ပံ့ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စုစုပေါင်း ကျပ်သိန်း (၁၀၀) ကို မတည်လှူဒါန်း သွားမည်ဖြစ်သည်။ အလှူငွေများ ထပ်မံရရှိပါက ဆက်လက်၍ ရေဘေးဒုက္ခသည်များအား လှူဒါန်း ကူညီဖေးမ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း . . . .