ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့နောက်ဆုံးရ လွှတ်တော်ရှေ့မြင်ကွင်းများ ....

 ကားအောက်မှ ကြွက်တွေ့လို့ ကြွက်ကို ကြွက်များမှ ပြန်လည် ရှာဖွေနေပုံ
(ကားအောက်မှာ ကြွက်မဟုတ်ပဲ အစိမ်းရောင် ဖွတ်ဖြစ်နေလို့တဲ့ ဗျို့)
 ရှာဖွေလေ မတွေ့လေ
 လွှတ်တော်ကိုယ်စားလှယ်တွေ ခေါ်ဆောင်လာတဲ့ AIRPORT LIMOUSINE ကားတဲ့.. ဒါကြောင့်ပြောပါတယ်.. လွှတ်တော်တက်မှာ မဟုတ်ပါဘူး. လေဆိပ်သွားမှာပါလို့.. ပြီးရင် ပါတာအကုန်ချွတ်ပြီး X RAY ဖြတ်ရပါမယ်..
Myanmar security police officers check a bus carrying elected representatives towards the parliament building Monday, Jan. 31, 2011 in Naypyitaw,
 
မြင်မကောင်း ရှူမကောင်း ရှာနေလိုက်ကြတာ..
အဖွဲ့ချုပ်ဝတ်စုံ ဝတ်ပြီးတက်မယ်ဆိုတဲ့ NDF ကိုယ်စားလှယ် တစ်ဦး (ဦးသိန်းညွှန့်)
ကော်ဖီအရသာကားနှင့် ခါးသက်သက် လွှတ်တော်ကိုယ်စားလှယ်များ..
ဒီနေရာကနေစပြီး မီဒီယာသမားတွေ ပေးမဝင်တော့တာပါတဲ့ လွှတ်တော်အဆောက်အဦးတောင် မမြင်ရပါဘူး..

ဓါတ်ပုံများ AP, Getty Images ကပါ...

(၃၀)ရက်နေ့က ကြပ်ပြေး နေပြည်တော်ကို ရောက်ရှိနေတဲ့ နိုင်ငံခြားသတင်းထောက်များမှ ငါးမရရေချိုး မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ကြပ်ပြေးမှ ဓာတ်ပုံအချို့..

ရွှေတိဂုံနဲ့ ပုံစံတူ နေပြည်တော်မှ ဥပ္ပါတသန္တိစေတီတော်
 ဥပ္ပါတသန္တိစေတီတော် အတွင်းပိုင်း မြင်ကွင်းတစ်ခု
လွှတ်တော်ရှေ့ မြင်ကွင်း.. ဒီနေ့ ၈နာရီ၅၅မိနစ်မှာ ယတြာချေ ခေါင်းညိတ်ပွဲကြီး စတင်နေပါပြီ..
လွှတ်တော်ရှေ့က ထုံးစံအတိုင်း လုံခြုံရေးရဲများ...
ကြပ်ပြေးနေပြည်တော် ပန်းခြံနှင့် အလုပ်သမများ
ကြပ်ပြေးမှ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာ တည်းခိုခန်းအတွက် ပစ္စည်းများ သယ်ဆောင်လာတဲ့ အလုပ်သမများ
ကြပ်ပြေးကို လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ အဖွဲ့ချုပ်ဝတ်စုံနဲ့ လွှတ်တော်တက်မယ်ဆိုတဲ့ NDF ပါတီက အရွေးခံကိုယ်စားလှယ် ဦးစိုးဝင်းနှင့် လက်ထောက်တစ်ဦး ..သြော်... ကြံဖွတ်က တစ်ရာ နှစ်ရာ.. အတိုက်အခံက တစ်ယောက်တည်း ဆိုသလိုပေါ့..
ဓာတ်ပုံများ Getty Image နဲ့ Reuters

မြန်မာနိုင်ငံမှာ အနှစ်(၂၀)ကျော် အတွင်း ပထမဦးဆုံး ကျင်းပမယ့် လွှတ်တော်အတွက် ကြပ်ပြေး ခေါ် နေပြည်တော်သို့ လွှတ်တော် ကိုယ်စားလှယ် ၁၀၀၀ဦးခန့်ဟာ တစ်နေ့အသုံးစားရိတ် မြန်မာငွေ ကျပ်တစ်သောင်း ရယူလျှက် ကမ္ဘာမှာ မရှိဘူး မကြားဘူးတဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်မယ်ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ တံခါးပိတ် အလုံလွှတ်တော် တက်ရောက်ရန် ကြပ်ပြေးနေပြည်တော်မှာ ရောက်ရှိနေပါတယ်..။ ကင်မရာ၊ ဖောင်တိန်၊ ဘောပင်၊ စာရွက်စာတမ်းများ ယူဆောင်ခွင့်မရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့တူတဲ့ အဆိုပါ ကြံ့ဖွတ်များ လွှမ်းမိုးရာ လွှတ်တော်သို့ ယနေ့ တက်ရောက်ကြမှာ ဖြစ်ပါတယ်..။ တိုင်းပြည်အတွက် အလွန်အရေးပါပါတယ် ဆိုတဲ့ အာဏာရှင်တွေရဲ့ အဆိုပါ လွှတ်တော်သတင်းအား သက်ဦးဆံပိုင် မင်းတြားကြီး အမိန့်နဲ့ မည်သည့် သတင်းမီဒီယာကိုမျှ တက်ရောက် သတင်းယူခွင့်အား ခွင့်ပြုခြင်း မရှိသေးပါဘူး..။ ပြီးခဲ့တဲ့ အစောပိုင်းက ရရှိတဲ့ သတင်းများအရ သတင်းမီဒီယာများအား သတ်မှတ်ထားသော မှန်လုံခန်းအတွင်းမှ သတင်းယူခွင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အာဏာရှင်ကြီး၏ အလိုကျ မီဒီယာများအား တက်ရောက်ခွင့်အား တားဆီးပိတ်ပင်ခဲ့ပါတယ်..။ သို့ပါသော်လည်း ပြည်တွင်း သတင်းထောက်များနဲ့ နိုင်ငံခြား သတင်းထောက်အချို့မှ ခွင့်ပေးလို ခွင့်ပေးငြား မင်းတြားကြီး စိတ်ပြောင်းလို စိတ်ပြောင်းငြား ဇွဲမလျှော့ပဲ ၂၉ရက်နေ့ကတည်းက ကြပ်ပြေးသို့ ရောက်ရှိနေပါတယ်...။ လောလောဆယ် နိုင်ငံခြား သတင်းထောက်များမှ ငါးမရ ရေချိုးပြန်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြပ်ပြေးမှာ ရိုက်ယူထားတဲ့ လတ်တလော သတင်းဓာတ်ပုံများအား တင်ပြလိုက်ရပါတယ်..။

ဝါရင့် သတင်းစာ ဆရာကြီး လူထုစိန်ဝင်းရဲ့ DVB နဲ့ အင်တာဗျူးမှာ ပါတဲ့မှတ်ချက်လေးကတော့



သမိုင်းဝင် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးအား တပ်ချုပ်ကြီးမှ ရွှေသင်္ကန်းကပ်လှူရန် စီစဉ်နေခြင်း..

သပ်ပယ် ကြည်ညိုဖွယ် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး

စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးဟာ ခေတ်အဆက်ဆက်မှ စ၍ယခုထက်တိုင် ထုံးသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ မြန်မာပြည်မှာ တွေ့ရခဲတဲ့ ပုထိုးစေတီတော်ကြီး ဖြစ်ပါတယ်..။ အဆိုပါ ခေတ်အဆက်ဆက်မှ စ၍ ထုံးသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ စေတီတော်ကြီးအား ပြီးခဲ့တဲ့ ဒီဇင်ဘာလက တပ်ချူပ်ကြီး သွားရောက် ပူဇော်ပြီးချိန်မှစ၍ ယခုအခါ အဆိုပါ ခေတ်အဆက်ဆက်မှ ကပ်လှူပူဇော်ထားတဲ့ ထုံးသင်္ကန်းအစား ရွှေသင်္ကန်းကပ်ရန် စီစဉ်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရှိရပါတယ်..။ မည်သည့်အတွက်ကြောင့် ထိုသို့စီစဉ်သည်ကို မသိရှိရသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ၏ လုပ်ဆောင်မှု နောက်ကွယ်၌ ဗေဒင်၊ ယတြာ အခါပေးများ ပါရှိနေတာကတော့ မြေကြီး လက်ခတ် မလွှဲပါဘူး။ ယခုအခါ အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှုးမှ ဘုရားပုရ၀ုဏ်အတွင်း ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်း လာရောက် ရိုက်ယူသူများထံမှ နာမည်၊ လိပ်စာ၊ မှတ်ပုံတင် နံပါတ်များအား မှတ်တမ်းတင် ကူးယူထားရန် အမိန့်ထုတ်ထားကြောင်း သိရှိရပါတယ်..။ 

သမိုင်းကို ထိန်းသိမ်း ကောင်းရမှန်းမသိ တန်ဘိုးထားရကောင်းမှန်း မသိပဲ ယတြာနဲ့လဲဖို့ ဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့  မြန်မာပြည်ရဲ့  စစ်အာဏာရှင်တွေပါပဲ... ။

သတင်း... ဒီမိုဝေယံ

ယခုအခါမှာတော့ ရွှေသင်္ကန်းကပ်ရန် စီစဉ်နေပါပြီ..
ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားသမိုင်း

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

 ပုံသဏ္ဌာန်

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဥာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။

စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ၀န်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓ၀င် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။

စစ်ကိုင်းမြို့ပါရမီရပ်ကွက် မြိုနယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှ ပြည်သူများကို လည်ပင်း မညှစ်ရုံတစ်မယ် ဒါးပြတိုက်သလို ငွေများစွာအား အတင်းအကြပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်းအရေးယူပေးပါရန် ...

စစ်ကိုင်းမြို့ပါရမီရပ်ကွက် မြိုနယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံတစ်မယ် ဒါးပြတိုက်သလို ငွေများစွာအား အတင်းအကြပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်းအရေးယူပေးပါရန်

ငွေအမြဲတမ်း မဟားဒယား အကြောင်းမျိုးစုံပြတောင်းနေသော ဝန်ထမ်း ၂ ယောက်၏အမည်မှာ
၁ ။ ဒေါ်ခိုင်ခိုင်လတ်
၂ ။ ဒေါ်အေးငြိမ်းအိ

ကျွန်တော်၏ ကိုယ်တွေ့
ကျွန်တော်မှာ မိဘ ၂ ပါးရယ် အကို ၁ယောက်ရယ် ညီမလေး၁ ယောက်ရယ် ရှိပါတယ်…။

ယ္ခုဖြစ်ရပ်မှာ ပုံစံ(၁၇) လုပ်ခဲ့သောကျွန်တော်၏ ကိုယ်တွေ့ အမှန်တစ်ကယ် ဖြစ်ရပ်ဖြစ်ပါသည် …ပုဂ္ဂိုလ်ရေး လုံးဝမပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည် သစ္စာထား၍ ကျိန်တွယ် ပြောပြ လိုက်ရပါတယ်…။

ဖြစ်နိုင်ပါက စုံစမ်းအရေးယူပြီး ပုံစံ(၁ရ)လုပ်သောအခါတိုင်း ကျွန်တော်တို့လို အစိုးရဘဏ်မှာ ၀င်ငွေခွန်ဆောင်ပြီးသားသူများအတွက် ကျပ် ၁သောင်း ပတ်ဝန်းကျင် လောက်သာ ချမှတ်ပေးပါရန်နှင့် ၄င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေအမြဲတမ်းညှစ်မှု့ဖြင့် လိုအပ်သလို အရေးယူပေးပါရန် နှင့် အရေးယူပေးနိုင်သော အထက်အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ။

ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအား သည်းခံပေးပါရန်..အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော်ကိုယ်တိုင် နှင့် နယ်ခံဖြစ်သောကျွန်တော်၏ မိဘများမှာ နောက်လာမယ့် ကိစ္စများ တွင် ဒုက္ခရောက်မည် စိုးသောကြောင့်ဖြစ်ပါသည်… L ….။

ဖြစ်စဉ်…။ ကျွန်တော်၏ မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ်… ကျွန်တော်မှာမူ ၁၀ တန်းအောင်၍ ရန်ကုန်မြို့ကြီးသို့ တက်ရောက်၍ မိဘများကိုအလုပ်အကြွေး ပြုချင်သောကြောင့် ကိုယ်ဒူးကိုချွန်ကာ သင်တန်းတွေကြိုးစားတက်ပြီး အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်လာကာ ယ္ခုနောက်ဆုံးတွင် ဒေါ်လာစား လခရသော ရေနံ ကုမ္ပဏီတစ်ခုတွင် လခစားဝန်ထမ်း လုပ်ကိုင်ခွင့် ရခဲ့ပါတယ်ခင်ဗျား…။

ကျွန်တော်၏ မိဘအပေါ်သိတက်မှု့နှင့် ကြိုးစားမှု့ကြောင့် ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ စေလွှတ်မှု့အခွင့်လမ်း တစ်ခု ပေါ်ပေါက်လာခဲ့ရပါတယ်…။

အဲဒီမှာ စတွေ့တာပါပဲခင်ဗျာ…. သန်းခေါင်စာရင်းက စစ်ကိုင်းဇာတိဆိုတော့ ပုံစံ(၁၇) ကစစ်ကိုင်းကို ပြန်လုပ်ရတော့တာပါပဲ….။

ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အကို အမများလည်း ရှေ့ကနဦးကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက်(၂)နှစ်အတွင်း ကျွန်တော်မြင်တွေ့ ကြားသိနေရပါတယ်… ဒီလို ရန်ကုန်မြို့တော်ကြီး မှာတောင်.. ပုံစံ( ၁ရ ) လုပ်ကြတဲ့အခါတိုင်းမှာ ရုံးက လစာထုတ်တိုင်း MFTV BANK မှ လစဉ် ၀င်ငွေအခွန်ထမ်းဆောင်ပြီးကြောင်းထောက်ခံစာတွေနဲ့အတူ သွားခဲ့ကြတာ ယ္ခုချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် ( ၅၀၀၀ ) ပဲတောင်းခံပါသတဲ့.. ပေးနေကြရပါသတဲ့။ ဒါလောက်ကတော့ ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်..။

ကျွန်တော်ကိုယ်တိုင် အဲဒါလုပ်ဖို့ အတွက်ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါတယ်ခင်ဗျ ။

ဇာတ်လမ်းက အဲဒီ အခွန်ရုံးကိုရောက်တယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ချိုချိုသာသာပဲ ပုံစံ ၁၇ လုပ်ချင်လို့ပါ။ ဘာတွေ လိုအပ်ပါသေးလည်း အရင်မေးပါတယ်… ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ လိုပါတယ်ဆိုလို့  ကျွန်တော်မှာ တောင်နဲ့မြောက် တကယ်ကို အပြေးလွှား သွားခဲ့ရပါတယ်…။

ရဲစခန်းက ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ်သဘောကောင်းကြပါတယ်…။ ကိုယ်လိုတာရလို့ သဘောကောင်းတယ်လို့ ပြောတာ မထင်စေချင်ပါဘူး…ပုံစံထဲ ဘောင်ထဲကနေ သဘောကောင်းချင်းကို ဆိုလိုတာပါခင်ဗျာ..။ ထောက်ခံစာလုပ်ပြီးလို့ အကို ကျွန်တော် ဘာများလုပ်ပေးရမလည်း မေးတော့..ရပါတယ။် စာရွက်ဖိုးသာ ပေးပါတဲ့ ၅၀၀ ပဲတောင်းပါတယ်ခင်ဗျာ..။ ကျွန်တော် ဖလားထဲကို ၁၀၀၀ တန် ထည့်ပေးခဲ့ပါတယ်.။

အားလုံး စုံလို့ အခွန်ရုံးပြန်ရောက်လာခဲ့ပါတယ်…။ ဒုဦးစီးမှုး အဲဒီဒေါ်ခိုင်ခိုင်လတ်ကို တွေ့ရဖို့ အရေး စာရေးမ အေးငြိမ်းအိ ဆိုတဲ့ ကျွန်တော်ထက်ငယ်မယ့် ပုံရတယ။် သူကိုတွေ့ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ…. မျက်နာက တလောကလုံး သူ့လုပ်စာ စားနေတဲ့ရုပ်နဲ့ မျက်နာကို ချီနေတာပဲ..။

သူတင်မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ် ပိုဆိုးသဗျာ ..။ အဲဒီ အမျိုးသမီးဗျာ မျက်နာထားက တော်တော် တင်းထန်ပါတယ်…။ သူ့ဆီက ပိုက်စံလာတောင်းတဲ့ ပုံစံမျိုးနဲ့ကို ဟောက်လိုက် ဆိုလိုက်ပြောလိုက်နဲ့ဗျာ…။

ပုံစံ (၁၇) လုပ်ချင်လို့ဆိုတော့ ၁ ယောက်ကို ၄သောင်းပေးရပါမယ်တဲ့ဗျာ…။ ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန်လုပ်လုပ် ငါးထောင်ပဲ ……။ ကျွန်တော်လည်းမခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲကျတာ ဒီမှာ ကျွန်တော် အဲဒီလောက်မပေးနိုင်ဘူးပေါ့…။ နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ်ဆိုပြီး ပြလိုက်ပါတယ်…။

အဲဒါဆို သန်းခေါင်စာရင်းလေးပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက်စာတမ်း အစုံလိုက်ကိုသူ့ကိုပေးလိုက်ပါတယ်…။ စာရွက်ကြည့်ပြီး အော် ….ဦး--- ရဲ့သားကိုးတဲ့…. …။ စတင်ပြီး အပြစ်ရှာပါတော့တယ်…။ မင်းအဖေက စားသောက်ဆိုင် ပိုင်ဆိုင်တာကို အခွန်ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့…..။ ကျွန်တော် တော်တော် အံ့သြ သွားတာပါ..။ တကယ်လည်း အဲဒါကိုမသိပါဘူး….။ 

မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီးဆောင်ရမယ့်ဟာကို ငါတို့က စည်းကျပ်ခွန် အနေနဲ့ နားလည်မှု့နဲ့ ၁ နှစ်ကို ၁၂၀၀၀၀ (တစ်သိန်း နှစ်သောင်း) ကို ၆လ ၁ခါ ၆သောင်းစီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး အခွန်မဆောင်ပဲ ရှောင်ပြေးနေတာတဲ့…။ အဲဒါအခွန် ၆ သောင်းဆောင်မယ်ဆိုမှ ပုံစံ (၁၇ ) လုပ်ပေးမတဲ့ဗျာ… အကြီးဆုံးဦးစီးမှုးကိုလည်း မင်းပြောတဲ့ ၅၀၀၀ နဲ့ရအောင်ပြောပေးမတဲ့ဗျာ…။

ကျွန်တော်က အဲဒါက အဖေပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှမဟုတ်တာ…။ ကျွန်တော်ကလည်း အခွန်ကင်းရှင်းကြောင်း အကုန်ပါနေပီပဲ။ ဘာမှမဆိုင်တာ မဟုတ်ဘူးလား မေးတော့ .. အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုတ်ရှက် ခက်နေအောင် ဘာတွေပြောမှန်း မသိပါဘူးဗျာ…။ ဒါနဲ့ပဲကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကိုအခွန်ဆောင်ဖို့တွက် ဖုန်းနဲ့လှမ်းမေးတော့…

အဖေ………….ဟင် မင်းအကိုကြီး သွားဆောင်ပေးထားတာ ၂လပဲရှိသေးတယ်တဲ့…

ကျွန်တော်….ဟာ ဒါဆို အကိုကြီးကိုမေးဦးမှပဲ…။ ကိုကြီးရေ ဒီလို ဒီလို အကျိုးအကြောင်း ပြောပြလိုက်တော့…။ အကိုကြီး……..တောက် xxxxx ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေးနေတယ် ပြောတယ် ဟုတ်လား အေး..ငါခုပဲလာခဲ့မယ် ..အဲဒီမှာစောင့်နေ…။

အကိုကြီး စာရွက်စာတမ်းတွေကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ်…အဲဒီ ခိုင်ခိုင်လတ် အခန်းထဲဝင်သွားပါတယ်…။ အကိုက စာရွက်တွေပြပြီး ဆောင်ထားတာ ၂လပဲရှိသေးတယ် ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေပြောတာလည်းဆိုတော့…. ဝေ့လည်ကြောင်ပတ်နဲ့ စကားလမ်းကြောင်းတွေလွှဲပြီး အဲဒီဆောင်ထားတဲ့ အခွန်ကိုတောင်းတာ မဟုတ်ပါဘူး..။ ကြိုတင်ခွန်ဆောင်ဖို့တောင်းတာပါ ဆိုပြီး လေသံတွေလျှော့သွားပါတယ်..(စောနက လေသံထက် အနည်းငယ်ပေါ့) ။

ကြိုတင်ခွန်က ဘာလို့ဆောင်ရတာတာလည်းမေးတော့ …စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆိုပြန်ပါတယ်…။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကိုခေါ်ပြီး အပြင်ထွက်လာပြီး သူ့ရဲ့ နီးစပ်ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံးမောင်နှင်ပြီး လိုက်ပြီး စုံစမ်းမေးမြန်းကြပါတယ်…။ ဘယ်သူမှ မဆောင်ရသေးပါဘူးတဲ့…ကဲ နည်းမျိုးစုံနဲ့ အရှက်မရှိစတမ်း တောင်းနေတာနော်…။ ဒါနဲ့ပဲ အခွန်ရုံးပြန်လာ အကိုကြီးက အချက်အလက်နဲ့ ပြောတော့…အဲဒီမိန်းမ မျက်နှာက စိတ်ပျက်လက်ပျက်နဲ့ အရှက်မရှိစွာနဲ့ …ဒါက ဒီလို အလွယ်ပြောလိုက်တာပါ…အမှန်က နိုင်ငံခြားသွားတဲ့လူတိုင်း ကြိုတင်ခွန်ဆောင်ရတာတဲ့… ။ မဆောင်ရင် လုံးဝကို ပုံစံ(၁၇) မပေးနိုင်ပါဘူး လို့ပေါ်တင်ကိုပြောပါတယ်ဗျာ…။ သွားတာက ကျွန်တော်ပါ..ခုက အဖေပိုင်ဆိုင်တာကို အခွန်လည်းဆောင်ပြီးပါပြီ….မဆိုင်တာတွေကို အတင်းထပ်ခါထပ်ခါ ပုံစံမျိုးစုံနဲ့ လှည့်ပတ် တောင်းနေတာပါဗျာ ကဲ။

ပြီးတော့ မျက်နာထားတင်းတင်းနဲ့ မင်းတို့ ကို အပေါ်ကတောင်းတဲ့အတိုင်း မတောင်းချင်လို့… ဒါကိုမင်းတို့က ဖြစ်ပျက်နေတယ်လည်းဆိုရော..ကိုကြီးက ကောင်းပြီး ကျွန်တော်တို့ ဆောင်မယ် ..ဆောင်ရင် အရင်က ဆောင်ထားသမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ်ထိုးပေးပါ.. ခုလက်ရှိဆောင်တာရော ထိုးပေးပါလို့ပြောတော့… အို….အဲဒါတော့ ဘယ်ဖြစ်မလည်းတဲ့… ဘောက်ချာ လက်ခံတောင်းတော့ အတော် ကြောက်ကန်စွာငြင်းပါတယ်..။ ကဲ ပြည်သူများ အရာရာ ခံဘက်ကကြီးပါပဲဗျာ….။ အလုပ်သွားလုပ်တာလည်း မဟုတ်ပါဘူးဗျာ ကုမ္ပဏီက သင်တန်းတက်ခိုင်းလို့ သွားတက်ရမှာပါဗျာ နိုင်ငံခြားလည်းမရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ…။ မိဘ တွေကဆို နိုင်ငံခြား သွားရလို့ဆိုပြီး ဂုဏ်တွေယူပြီး တပြုံးပြုံးဖြစ်နေကြတာလေ အဲလိုရိုးသားကြတဲ့ နယ်ခံတွေပါဗျာ..။

ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီးအားကို ရှင်ကြီးကျားထက်ဆိုးနေတဲ့ အဖြစ်နဲ့ တိုးနေတာပေါ့ဗျာ…။ ဘယ်တက်နိုင်မလည်း သူတို့ပေးမှ သွားရမယ့်အဖြစ်ကိုဗျာ အဲဒါနဲ့ အကိုလည်း ၆သောင်းဆောင်…. ကျွန်တော်လည်း ၅၀၀၀ ထပ်ပေး ..ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာခဲ့ပါပြီဗျာ…။ ကုမ္ပဏီ ကနိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ မေမေ တို့ကို သနားလွန်းလို့ သွားရဖို့တွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ… ကယ်ကြပါဦး အရပ်ကတို့ရေ….ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံလုပ်နည်းပါခင်ဗျ…ရန်ကုန်သူ ရန်ကုန်သား တခြားနယ်သား တွေတောင် ဒီလောက် ခက်မယ်မထင်ပါဘူး….ဟူးးးးးး…။

အရှင်ဘုရား တပည့်တော်တို့ကို သနားညှာတာသောအားဖြင့်.. ဤလို ဝန်ထမ်းများအား အမြန်ဆုးံ ဆုံးမအရေးယူနိုင်သောသူ ပေါ်ပေါက်လာပါစေ….။ ဤစာရသောသူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူနယ်သား မိဘ မောင်နှမ များအား သနားသောအားဖြင့် လက်လှမ်းမှီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်….လေးစွားစွာ ဖြင့် အသနားခံ တောင်းပန်အပ်ပါသည်ခင်ဗျား….။

ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား …။

ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..။ (ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်တဲ့ ကြားဖူးတဲ့ သီချင်းလေးပါ..)

ဂျပန်နိုင်ငံမှ လှုပ်ရှားမှု သတင်းများ....

အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီတရပ်ဖွဲ့စည်း
၃၀.၁.၂၀၁၁

တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ တိုက်ပွဲဝင်နေကြသူများထဲမှ ထင်ပေါ် ကျော်ကြားခြင်းလည်းမရှိ၊ ဂုဏ်ဓနလည်းမရှိသော သူများအား ရွေးချယ်ပြီး အညတရ သူရဲကောင်းဆု ဂုဏ်ပြု ချီးမြှင့်သွားရန်အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ ဆုချီးမြှင့်ရေးကော် မတီတရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၊တိုကျိုမြို့၊ အိုးစုက အရပ်မျာရှိတဲ့ မီနာမီအိုးစုကခန်းမမှာ ကျင်းပခဲ့သော ကော်မတီဖွဲ့စည်း ရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးမှာ တိုကျိုက အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် စိတ်ဝင်စား သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ( ၂၀) ဦးခန့် တက်ရောက်ခဲ့ပါတယ်။

ဆုချီးမြှင့်နိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းးတို့ရဲ့မိသားစုများအား ကူညီနိုင်ဖို့ အဓိက ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားသော မြန်မာမျိုးချစ် ဒီမိုကရက်တစ်အင်အားစု (BPDF) အဖွဲ့က စတင်လှုံ့ဆော်ခဲ့တာ ဖြစ်ပြီး စတင်မတည်ငွေအဖြစ် ဂျပန်ငွေယန်း တစ်သိန်းရှစ်သောင်း (၁၈၀,၀၀၀)နဲ့ ညီမျှတဲ့ (ကျပ်ငွေ သိန်း (၂၀) ခန့်ကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်) ၎င်းအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုမင်းထက်ဇော်မှ ကျနော်တို့အနေနဲ့ ပြည်တွင်းက တကယ့်ကို စွန့်လွှတ်အနစ်နာခံပြီးတော့ ထင်ပေါ်ကျော်ကြားမှုလည်း မရှိ။ ဂုဏ်ဓနလည်း ဘာမှမရှိတဲ့ သူတွေအပေါ်မှာ ပြည်သူတရပ်လုံးက အမျိုးသားရေးစိတ်ဓါတ်နဲ့ အာရုံစိုက်လာပြီး သူတို့အပေါ်မှာရော သူ့တို့မိသားစုတွေအပေါ်မှာပါ အားပေးကူညီမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာအောင် ရည်ရွယ်ပြီး လုပ်ရတာပါ ဟု ပြောကြားခဲ့ပါတယ်။

အဲဒီကော်မတီက ထုတ်ပြန်တဲ့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ရည်မှန်းချက် ဆိုသောအချက်မှာတော့ အောက်ပါအတိုင်းတွေ့ရှိရပြီး ကော်မတီတွင် ပါဝင်သူတဦးမှ  သူ့သဘောထားနဲ့ ပတ်သက်ပြီး ဒီဟာက ကျမတို့အနေနဲ့ လုပ်သင့်တာကြာပါပြီ။ တနိုင်ငံလုံး အမျိုးသားရေးအဆင့်နဲ့ကို လုပ်သင့်တာ။ ခုလိုပါဝင်ဆောင်ရွက်ခွင့်ရတာကိုလည်း အရမ်းဝမ်း သာဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆုပေးမယ့်အချိန်၊ ဆုငွေပမာဏ ၊ ဆုရွေးချယ်ရေး စတဲ့ အကြောင်းအရာတွေကို ဒီကော်မတီက ပြည်တွင်းပြည်ပက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပြီး ပါဝင်ကူညီ လှူဒါန်းသူများကိုလည်း ဆက်လက်ဖိတ်ခေါ်သွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ဘဏ္ဍာငွေများကို အလှူ ရှင်စာရင်းနဲ့တကွ အများသိအောင် ထုတ်ပြန် ပေးသွားမှာဖြစ်တဲ့အ ကြောင်း စုံစမ်းသိရှိရပါတယ်ခင်ဗျာ။

ရည်ရွယ်ချက်

တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူများ၊ ဆောင် ရွက်ခဲ့သူများ၏ စိတ်ဓာတ်နှင့် စေတနာကို ပိုမိုလေးစား မြတ်နိုးတတ်စေရန်နှင့် ၎င်းတို့၏ ဘ၀များကို ပိုမိုစာနာ နားလည်နိုင်စေရန်။

တိုင်းပြည်နှင့်လူမျိုးအကျိုး မျှော်ကိုးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသူများ၊ စွန့်လွှတ်စွန့်စားသူများ ပိုမိုပေါ်ထွန်းလာစေရန်။

ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားများအချင်းချင်း အပြန်အလှန် စာနာ နားလည်နိုင်စေရန်နှင့် ရိုင်းပင်း ကူညီလိုစိတ်များ ပိုမိုပေါ်ထွန်းလာစေရန်။

ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာနိုင်ငံသားများအချင်းချင်း တိုင်းပြည်အကျိုးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်။ 

ရည်မှန်းချက်

စာနာ၊ ကူညီ၊ ဂုဏ်ပြုမှုမှသည် တမျိုးသားလုံး လွတ်မြောက်မှုဆီသို့။

အညတရသူရဲကောင်းဆု ချီးမျြင့်ရေးကော်မတီ

ယနေ့ ပြုလုပ်တဲ့ အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်း ရယူခဲ့ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်အတွက် မြန်မာပြည်သူ သန်း၅၅သန်းကျော်က မဖြေရှင်း မကူညီနိုင်ဘူးလား ဆိုတဲ့ မေးခွန်းပါပဲ..။ အထူးသဖြင့် ကျွန်တော်တို့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပိုပြီး လုပ်ဆောင်သင့်ပါတယ်..။ ယခုနိုင်ငံတကာမှာလည်း တစ်ဒေါ်လာ ကန်ပိမ်းဆိုပြီး နိုင်ငံရေး အကျဉ်းသားတွေ အတွက် လုပ်ဆောင်နေကြပါပြီ။ ကျွန်တော်တို့ ဂျပန်နိုင်ငံရောက် မြန်မာပြည်သားမှလည်း အအေးတစ်ဘူးဘိုးမျှ မရှိတဲ့ ယန်း ၁၀၀လောက်ကနေ  စတင် ထည့်ဝင် လှူဒါန်းခြင်းဖြင့် မိမိတို့ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့် အထိမ်းသိမ်းခံနေရပြီး မြန်မာပြည် လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေကြတဲ့ အညတရ သူရဲကောင်းများအား ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

ဂျပန်ပြည်မှ မိတ်ဆွေအပေါင်းတို့ ခင်ဗျား ယန်း၁၀၀ မှစပြီး ထည့်ဝင်လှူဒါန်းခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီကြရအောင်လားဗျာ...

အောက်ပါ တာဝန်ခံများထံ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်....

ကိုမင်းထက်ဇော်.. ၀၉၀-၃၆၈၂-၂၀၂၈
မလေးလေး... ၀၉၀-၉၈၂၈-၂၂၄၀
ကိုအောင်ဇော်ဦး... ၀၈၀-၄၁၃၇-၇၁၃၈
မယဉ်မေသန်း... ၀၉၀- ၆၁၅၄-၉၆၆၀
မသန္တာ.. ၀၉၀-၉၉၁၇-၃၃၈၃
မဝင်းဝင်းထွေး.. ၀၈၀-၆၇၁၂-၂၈၁၂
မမိုးစန္ဒာ... ၀၈၀-၄၂၀၄-၉၂၉၂
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံးပေါ်ပေါက်ရေး တောင်းဆို ဆန္ဒပြပွဲ (ဂျပန်) ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း





ရုပ်သံမှတ်တမ်းများ ဆက်လက်ကြည့်ရှူ့လိုပါက ဒီမှာနှိပ်ပါ..
၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက်နေ့
အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် စစ်အစိုးရအား အစဉ်တစိုက် တောင်းဆိုနေသည့် နည်းတူ ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ်အခွန်ရုံးရှေ့ တွင် ဒီကနေ့ ညနေ(၃-၀၀ မှ ၄-၀၀) အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဂျပန်နိုင်ငံ၏ အလွန်အေးချမ်းသည့် ရာသီဥတုကို အန်တု၍ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၀၀ကျော်မှ ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။ 

သတင်းဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။.... ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ
သတင်းနှင့် ပြန်ကြားရေးဌာန.. ကိုစိုးမိုးနိုင်အား ကျေးဇူးတင်ပါသည်..။

The Voice ဂျာနယ်. 7-8

ရန်ကုန် ကား ပြပွဲမှ မော်ဒယ်တစ်ဦး..
စာပေစီစစ်ရေးကြောင့်  ဘောင်းဘီထပ်ဖြည့် ပြန်လည် ပြင်ဆင်ထားရတဲ့ THE VOICE ဂျာနယ်ပါ..
ကားပြပွဲမှ မော်ဒယ်တစ်ဦး ဓာတ်ပုံ..
အပြင်မှာ တကယ်ဖြစ်ပျက်နေတာကို လိမ်လည် ဖော်ပြမှ ခွင့်ပြုတဲ့ မြန်မာပြည်ရဲ့ စာပေကင်ပေတိုင် ခေါ် စာပေစီစစ်ရေးပါပဲ..

(ဇန္နဝါရီ ၂၉)ရက်နေ့ နောက်ဆုံးရ ပြည်တွင်းသတင်းတိုများ....

လွှတ်တော် ..... မကောင်းဘူး

ကြပ်ပြေး လွှတ်တော်ရှေ့ လုခြုံရေး မြင်ကွင်း (ဓာတ်ပုံ AP)

ဒီနေ့နောက်ဆုံးရတဲ့ သတင်းကတော့ သတင်းနဲ့စာနယ်ဇင်းရုံးမှာ တံခါးပိတ် အစည်းအဝေးလုပ်ပါတယ်။ (လွှတ်တော်ကို ပြည်တွင်း၊ ပြည်ပ သတင်းဌာနများကို ဖိတ်ကြားခြင်း လုံးဝမပြုကြောင်း၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ မီဒီယာများကို ခွင့်ပြုရတာလွယ်ပြီး၊ ထိန်းရတာ ခက်တဲ့အတွက်ကြောင့်၊ လွှတ်တော်ကျင်းပမည့် လွှတ်တော်ပါလီမန် အဆောက်အဦးများ အတွင်းသို့ သတင်းလာယူခွင့်အား တားမြစ် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်) ။ ဒီသတင်းကိုတော့ စာနယ်ဇင်း ထိန်းသိမ်းစောင့်ရှောက်ရေး (CPC)မှ တာဝန်ရှိသူ(ဗိုလ်မှုးတင့်ဆွေ)က ပြောကြားခဲ့ပါကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ ကတော့ သတင်း ရယူရန်အတွက် လွှတ်တော်အတွင်း ပေးဝင်လို ပေးဝင်ငြား၊ အခွင့်အရေးများရလို ရငြား သဘောဖြင့် ယနေ့ ဇန္န၀ါရီ၂၉ရက်နေ့မှ စတင်၍ နေပြည်တော်သို့ အသီးသီး ထွက်ခွါသွားနေကြောင်း သိရှိရပါတယ်။ သတင်းယူ သူများအနေဖြင့် ပါလီမန်အတွင်း ပေးမ၀င်ခဲ့သော်ငြားလည်း ပါလီမန် အဆောက်အဦး အပြင်ဘက်မှ နေ၍ သတင်းယူခဲ့ပါလျှင်.. နအဖစစ်အစိုးရဘက်မှ ဖမ်းဆီးထိန်းသိမ်းနိုင်သည်ဟု သတင်းလောကအတွင်း ပြောဆို နေကြကြောင်း ကြားသိရပါသည်။


သြော် ဒီမိုကရေစီ နိုင်ငံတော်တဲ့.. ကြားလို့မှ ကောင်းကြသေးရဲ့လား..။ နအဖဝန်ကြီး ဦးကျော်ဆန်းရဲ့ မီဒီယာကို ပလာယာဖြင့် ကိုက်မည်ဆိုတာ ဟုတ်လောက်ပါပေတယ်...။


ဓာတ်ပုံ ဖော် ပြ ပါရှိသောကြောင့် ပြည်တွင်း ဂျာနယ် (၃)စောင် အပိတ်ခံရ

ဦးမြတ်ခိုင်ရဲ့ မော်နီတာ ဂျာနယ်မှာ အထက်က ဖော် ပြ ပါ ဓာတ်ပုံအချို့ကြောင့် တစ်ပတ် အပိတ်ခံရတယ်လို့ ဆိုပါတယ်..။  (ဓာတ်ပုံ ဧရာဝတီ ဘလော့(ဂ်)...)

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မင်္ဂလာညစာစားပွဲမှ ရိုက်ကူးခဲ့သော ပုံများကို ဖော်ပြခဲ့သော (မော်နီတာဂျာနယ်၊ Envoy ဂျာနယ်နှင့် မန္တလေးမှ နန်းမြင့်ဂျာနယ်) ၃စောင် အပိတ်ခံရကြောင်း သိရှိရပါတယ်။ မော်နီတာဂျာနယ်ကတော့ ၎င်းတို့ စာပေကင်ပေတိုင်များ.. နှင့် အလျဉ်းသင့်သော ဂျာနယ်ဖြစ်သည့် အတွက်ကြောင့် ရက်သတ္တပတ် တစ်ပတ်သာ အပိတ်ခံရပြီး၊ Envoyဂျာနယ်နှင့် မန္တလေးမှ နန်းမြင့်ဂျာနယ် ၂စောင်ကတော့ ရက်သတ္တပတ် နှစ်ပတ်အပိတ်ခံ ရကြောင်း သိရှိရပါတယ်။ အပိတ်ခံရသော ဂျာနယ်များအား စာပေစိစစ်ရေးရုံးမှ (မိမိတို့ဂျာနယ်တိုက်များမှာ အလုပ်များ များနေသောကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အနားယူမည် ဖြစ်ပါကြောင်း)ဟု ရေးသား၍ စာရေးတင် ခိုင်းပါကြောင်း သိရှိရပါတယ်။

သတင်း.. ဒီမိုဝေယံ

အမေရိကန် (DV LOTTERY)နှင့် ပတ်သက်၍ မြန်မာလူမျိုးများ အလိမ်မခံရစေရန်အတွက် ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေငြာချက်...

ဒီမိုဝေယံ

ကျိုက်ထီးရိုး အမှတ်တရ (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

ဝေါမြို့အဝင်နားက ဝါးဖောင်တွေနဲ့ ချောင်းအတွင်းမှ အလှ..
ကျွန်တော်တို့ ငယ်ငယ်က ဒီလို ဒီဇင်ဘာ၊ ဇန္နဝါရီလတွေမှာ ဘုရားဖူးအများဆုံး ရောက်ဖြစ်ကြတာကတော့ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးနဲ့  ဆီးမီး(၉၀၀၀)ထောင် ဘုရားပွဲကိုပါပဲ..။ ယခင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ရာမှာတော့ ရန်ကုန်ကနေ ကားနဲ့ မနက်အစောကြီးထွက် စစ်တောင်းတံတားကို မနက်စောစောရောက် အဲ့တုန်းကတော့ စစ်တောင်းတံတားက မနက် (၆)နာရီမှ ဖွင့်တာလေ.. အဲ့ဒီကမှ တောင်ခြေ ကင်ပွန်းစခန်းကိုရောက် အခုလိုမျိုး စေတီတော်အထိ ကားလမ်း မရှိတော့ ကင်ပွန်းစားခန်းကနေ တစ်နေကုန် ခြေလျင်ခရီးနဲ့ ၇နှစ်မိုင်ခွဲခန့် ခရီးကို ခြေကျင်တက်ရတာ ပျော်စရာအလွန်ကောင်းပေါ့..။ မှတ်မှတ်ရရ ငယ်စဉ်က မိဘတွေနဲ့ အတူသွားဖြစ်တဲ့ခရီးနဲ့ ၁၀တန်းအောင်တော့ မိဘတွေခွင့်ပြုလို့ သူငယ်ချင်းတွေနဲ့ သွားခဲ့ရတာကို အခုထိ အမှတ်ရနေတုန်းပါပဲ..။

မှတ်မှတ်ရရ (၉)တန်းလောက်က ထင်ပါတယ်...။ ယခင်အခေါက်တွေနဲ့ မတူ တမူထူးအောင် လူကြီးတွေက ကျိုက်ထီးရိုးကို ညဘက်တက်မယ် ဆိုပြီးစီစဉ်ခဲ့ကြတယ်လေ..။ အဲ့ဒီတုန်းက ဟိုင်းလတ်ကား ၂စီးနဲ့ မိတ်ဆွေတွေနဲ့ တပျော်တပါးပေါ့.. ကင်မွန်းစခန်းကို ညဘက်ကြီးရောက် တောင်ခြေ စမ်းချောင်းကို ခွပြီးဆောက်ထားတဲ့ ရေချိုးတဲ့နေရာမှာ ရေမိုးချိုးပြီး တက်ကြတာပေါ့..။ တောင်ခြေမှာ အဲ့တုန်းက မီးတုတ်တွေ တစ်ယောက် တစ်ခုဝယ်ပြီး ရေမြောင်ကြီးအရောက် အပြိုင်တက်ခဲ့ကြတာပေါ့။ မီးတုတ်ရောင်းတဲ့ ဆိုင်က  ရေမြောင်ကြီး ရောက်တဲ့အထိ မီးတုတ်တွေ ခံတယ်ဆိုပဲ..။ မီးတုတ်ရောင်းတဲ့ ဆိုင်ရှင်စကားကို အဟုတ်မှတ်ပြီး  မီးတုတ်တွေ ကိုယ်စီဝယ်ပေါ့..။ .. စတက်တုန်းက အုပ်လိုက်ကြီး အယောက်(၂၀)လောက်ပေါ့ တခြားကိုယ်လို ညဘက်တက်တဲ့ အဖွဲ့တွေလဲ ပါလေရဲ့... လူငယ်တွေဆိုတော့ မာန်နဲ့ သူအရင်ရောက်မယ် ငါအရင်ရောက်မယ် ဆိုပြီးတက်လိုက်ကြတာ.. လူစုတွေ ကွဲကုန်ပါလေရော...။ 

ရှေ့က ဦးဆောင်ပြီးတက်တော့ ကိုယ့်အနောက်မှာ ကပ်ပါလာတဲ့ တစ်ခြား အဖွဲ့တွေက ကိုယ့်ကို လမ်းသိတယ် ထင်ပြီး အထင်ကြီးပြီး လိုက်လာကြတယ်လေ..။ တစ်နေရာရောက်တော့ လမ်းကနှစ်ခွဖြစ်နေတော့ ဘယ်လမ်းရွေးရမှန်းမသိပဲ ခပ်တည်တည်နဲ့ ရှေ့က ဦးဆောင်ပြီး တက်လိုက်တာ ရှေ့လည်းရောက်ရော ဝါးရုံတောကြီးခံနေတယ်လေ..။ မီးတုတ်အလင်းရောင်နဲ့ ဝါးရုံတောနား ကပ်ပြီးလမ်းရှာမယ်လုပ်တာ ကံကောင်းလို့ ရှေ့တလှမ်းအလိုမှာ မှောင်မဲနေတဲ့ ချောက်ကြီးလေ..။ ခပ်တည်တည်နဲ့ လမ်းမှားနေတယ် ဆိုပြီး ပြန်လှည့်ပြောတော့ အနောက်က လိုက်လာသူတွေ မေတ္တာပို့ ကြပါလေရော...။ တကယ်တော့ တောင်ကျရေကြောင့် လမ်းပုံစံဖြစ်နေတာကို မသိပဲ လူတတ်ကြီးလုပ်ပြီး လမ်းမှာရွေးလိုက်တာလေ...။ ဒီလိုနဲ့ဆက်သွားရင်း လူတွေ ထပ်ကွဲကြပြန်.. အရေးထဲ ရေမြောင်ကြီးထိ ခံတယ်ဆိုတဲ့ မီးတုတ်က ရေမြောင်လေးတောင် မရောက်သေးဘူး ကုန်ပါလေရော..။  နာရီဝက်တောင် မခံဘူးလေ.. ဒါတို့တိုင်းတို့ပြည်က အရောင်းဆိုင်တွေလေ..။ ကံကောင်းထောက်မစွာ လပြည့်ညမို့ လရောင်နဲ့ လမ်းကမြင်နေရလို့သာပေါ့..။ 

တစ်ယောက်တည်း မပြေးရုံတမယ်.. လျှောက်လာလိုက်တာ... အရှေ့မှာ အထမ်းသမားတွေ အသံကြားလို့ အပြေးလိုက်လိုက်တော့မှ အဘွားအတွက် ငှားလာတဲ့ အထမ်းသမားတွေနဲ့ အဘွားကိုတွေ့လိုက်ရတော့ ပျော်လိုက်တယ်ဖြစ်ခြင်း.။ အခုထိ ဘဝမှာ အမှတ်ရနေဆဲပါ..။ အဘွားက အထမ်းငှားပြီးတက်တာကိုး ဘေးနားက ကပ်လိုက်လာရင်း အနောက်က ထမ်းလာတဲ့ အထမ်းသမားတစ်ယောက်က လေထဲမှာ ဘယ်သူကို ကန်မှန်းမသိပဲ ခြေထောက်နဲ့ လှမ်းကန်လိုက်တာ တွေ့လိုက်ရတယ်လေ..။ ပြီးအထမ်းသမားက ဆက်ပြီးပြောတာက " ဟေ့ကောင်တွေ မနောက်နဲ့ကွာတဲ့.. "။  စိတ်ထဲမှာတော့ ဒီအထမ်းသမား စိတ်မှ ကောင်းရဲ့လားပေါ့ အဘွားအတွက်လည်း စိတ်ကပူလိုက်မိတယ်...။ ဒီလိုနဲ့ တက်ရင်း ရေမြောင်ကြီး မရောက်ခင် အဖော်တွေနဲ့ ပြန်တွေ့ပြီး ရယ်ကြမောကြ အော်ကြနောက်ကြ မီးတုတ်ရောင်းတဲ့ ဆိုင်ကို မေတ္တာပို့ကြပေါ့..။ 
ကင်မွန်းစခန်းမှာ ကားစောင့်နေတဲ့ ဂျပန်ခရီးသွားအဖွဲ့
ဒီလိုကားတွေနဲ့လေ..
ရသေ့တောင်ရောက်ပြီ.... အရင်ကတော့ ရသေ့တောင်ကို လမ်းကြမ်းကြမ်းမှာ ကျိုက်ထီးရိုးကို တကူးတကသွားကြရတယ်...
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ အာရုဏ်ဦးအချိန် သပ်ပယ်တဲ့ မြင်ကွင်းတစ်ခု

နေ့ဘက် စေတီတော်မြတ်ကြီးရဲ့ သဘာဝမြင်ကွင်း
အရင်တုန်းကတော့ ဒီနေရာမှာ ဝါးနဲ့ဆောက်ထားတဲ့ ထမင်းဆိုင်တန်း တည်းခိုခန်းတွေပေါ့...အခုတော့ ဈေးဆိုင်တွေလည်း လေလံဈေးမြှင့်လို့ ငြီးကြတယ်လေ... တောင်အောက်ထက် တောင်ပေါ်မှာ ပိုဆိုးတယ်..။ လေလံက ရတဲ့ငွေတွေကို ဘုရားပြုပြင်ရေးမှာ သုံးတာက နည်းနည်းတဲ့ ကျန်တာက ...အဲရေးရင်း ဘေးချော်ချော်သွားတယ်ဗျာ.. ခရစ်စမတ် နယူးရီးယားရက်တွေမှာ တည်းခိုခန်းက အနိမ့်ဆုံး ၅သောင်းကနေ တစ်သိန်းထိရှိပါတယ်..။ ကျွန်တော်တို့ ရောက်ခဲ့တဲ့ လွန်လေပြီးသော အခါကတော့ ထမင်းဆိုင်မှာ ထမင်းဝယ်စား၊ ဆောင်ငှား ခေါင်းအုံး ငှားရင် ဆိုင်အပေါ်ထပ်က ဝါးထရံအခန်းလေးတွေမှာ အလကားတည်းလို့ရတာပေါ့။ အခုတော့ ဆိုင်ရှင်တွေလည်း လေလံဈေးမြင့်တာကြောင့် အလကားမရတော့ပါတဲ့..။ တခါကကိုပြောတာပါ...။
ထိုင်းနိုင်ငံမှ လာရောက်ဖူးမျှော်တဲ့ ထိုင်းသံဃာတော်များ...
ကင်မွန်းစခန်းက အိမ်အပြန်လက်ဆောင် ဝါးနဲ့လုပ်တဲ့ ပစ္စည်းအရောင်းဆိုင်လေးများ..
ရေမြောင်ကြီးရောက် စားသောက်ဆိုင်မှာ အားလုံးပြန်ဆုံပြီး စကားတွေ ပြောကြရင်းနဲ့ ခုနလေထဲမှာ ခြေနဲ့ဘာကို လှမ်းကန်မှန်းမသိတဲ့ အထမ်းသမားက အဘွားကို ပြောလိုက်တာကတော့ "အမေ့ကို ပြောရဦးမယ်။ တောင်တက်လမ်းမှာ ဒီနေ့တော်တော် အနှောင့်အယှက်ခံရတယ်" ..။ အဘွားက ဟဲ့ဘာဖြစ်လို့လဲလို့ မေးတော့ အမေတို့ ကြောက်မှာစိုးလို့ မပြောတာ.. ဒီနေ့လပြည့်နေလေ.. လပြည့်နေ့ ညဘက် တောက်တက်လမ်းမှာ မမြင်ရတဲ့ ပရလောက နာနာဘာဝတွေက ကျွန်တော်တို့ကို စနောက်နေကြတာလေ... ကျွန်တော့် ခြေထောက်ကို လှမ်းဆွဲလို့..  အဲ့ဒါနဲ့ ကျွန်တော်ခြေထောက်နဲ့ လှမ်းကန်ပြီး ပြောလိုက်ရတာတဲ့.။ ကျွန်တော်တို့ကတော့ ရိုးနေပြီတဲ့ .... ကျွန်တော်လည်း အဲ့ကျမှ ကြက်သီးတွေထပြီး စကားတောင် ပြန်မပြောနိုင်တော့ဘူး....။ ကိုယ့်ဘေးနားမှာ ဖြစ်နေခဲ့တာလေ.. ။ မမြင်ရတဲ့ ပရလောကက အကြောင်းလေးတွေပါပဲ..။ ရှေ့ဖြစ်ဟောင်း အောက်မေ့ဘွယ်တွေပေါ့..။ ပျူနိုင်ငံပိုင်ရှင် ကိုအောင် ရေးတာကို အားကျလို့လေ..

ဘာပဲပြောပြော ဟိုးအရင် ကျိုက်ထီးရိုးတောင်တက် ခဲ့ရတာတွေဟာ ဘဝမှာ မမေ့စရာတွေပါပဲ..။ အခုတော့ အခြေအနေ အနေအထားတွေ အကုန်ပြောင်းလဲ ကုန်ပါပြီ။ နေ့ချင်းပြန် တောင်ပေါ်ထိ ကားလမ်းပေါက်နေပြီလေ..။ ကားခက ရသေ့တောင်အထိ ၂၅၀၀တဲ့ တောင်ပေါ်အထိ ၃၀၀၀, ထမင်းစားတာ တစ်ခါပြင် ၁၅၀၀တဲ့..။ တောင်ပေါ်မှာတော့ အရင်ကနဲ့ မတူယခင် ယာယီ စားသောက်ဆိုင်တန်းတွေ နေရာမှာ အခိုင်အခံ အဆောက်အဦးတွေ ဖြစ်နေပြီလေ.။ တကယ်တော့ ဟိုးအရင် တောင်တက်ရတဲ့ အရသာနဲ့ သဘာဝရှုမျှော်ခင်း အနေအထားတွေကတော့ စီးပွားရှာတတ်တဲ့ တခြားတိုင်းပြည်တွေမှာ ဆိုရင်တော့ တိုင်းပြည်အတွက် ငွေတွင်းတွေပေါ့..။ ဆက်ရေးရရင်တော့ အများကြီးပါပဲ...။ ဘာပဲဖြစ်ဖြစ် ရေခြားမြေခြားမှာ ရောက်နေတဲ့ အမိမြေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွါနေရတဲ့ ပြည်ပရောက် မြန်မာပြည်သူ ပြည်သားတွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကမ္ဘာကျော် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ လတ်တလော ပုံတွေကို ကြည်ညိုဖူးမျှော်ရအောင် အမိမြေအမှတ်တရ တင်ပြလိုက်ရပါတယ်...။

ဒီမိုဝေယံ... (မြန်မာပြည် အလွမ်းပြေ)

ဓာတ်ပုံ.. ဒီမိုဝေယံ

ရောင်နီလာ နံနက်ခင်းဆီသို့ (အပိုင်း ၁မှ၎) (ကိုမောင်မောင်ဝမ်း)

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ အာရုဏ်ဦး ရောင်နီအောက်က မြင်ကွင်း.. 
(ဓာတ်ပုံ ဒီမိုဝေယံ)

ဒီလို တောင်ကြောတွေထဲမှာ ထိုကဲ့သို့ အစိမ်းရောင်သုတ်ထားသော...?????

ဒီလို တောင်ကြောတွေထဲမှာ ထိုကဲ့သို့ အစိမ်းရောင်သုတ်ထားသော...?????
(မြန်မာပြည်ရဲ့ ဘယ်နေရာက ဘာအဆောက်အဦးလဲ..???)
မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း စက်ရုံတွေကို လေကြောင်းက တိုက်ခိုက်လာနိုင်တဲ့ နေရာတွေနဲ့ ဂြိုလ်တုကနေ ဖမ်းယူ ထောက်လှမ်းနိုင်မယ့် နေရာတွေ ရှောင်ကွင်းပြီး တောတောင်ထူထပ်တဲ့ နေရာတွေမှာ တည်ဆောက်လေ့ရှိတာပါ။ ဒီအတွက်လည်း ငွေကြေး အကုန်အကျ အများကြီး သုံးစွဲရတယ်လို့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ဆိုပါတယ်။ (ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် RFA မေးမြန်းချက်)
RFA သတင်းပြန်ဖတ်ချင်ရင်.. http://www.blogger.com/post-edit.g?blogID=6686096359471540135&postID=487442483558998437

သတင်း မတင်ဘူးလားလို့ မေးလာတဲ့ မိတ်ဆွေများအတွက်... ။ အချိန်အခက်အခဲကြောင့် သတင်းများ မတင်နိုင် ဖြစ်နေသည်ကို ခွင့်လွှတ်ပေးပါရန်.....

ပြည်သူ့ အချစ်တော် စွယ်စုံရ အနုပညာရှင် ကိုဇာဂနာရဲ့ နှစ်(၅၀)ပြည့် ရွှေရတု မွေးနေ့..

ဒီဇိုင်း ကိုမျိုး
ပြည်သူ့ အချစ်တော် စွယ်စုံရ အနုပညာရှင် ကိုဇာဂနာရဲ့ နှစ်(၅၀)ပြည့် ရွှေရတု မွေးနေ့မှာ ကိုဇာဂနာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံပြီး မတရားအကျဉ်းကျခံနေရခြင်းမှ အမြန်လွတ်မြောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

ဒီမိုဝေယံ

နေ့မြင် ညပျောက်...

 


နေ့မြင် ညပျောက်

ကိုကိုညီညီနှင့် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်တို့ ရင်းနှီးမှုကာလကား ကြာမြင့်လှပြီ ဖြစ်သည်။ ကိုကိုညီညီသည် ကျွန်တော်ရုပ်ရှင်လောကတွင် နာမည်ကြီးနေစဉ် ကာလကတည်းက ကျွန်တော်တို့နှင့် ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းများ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ရုပ်ရှင်ဇာတ်ကား များတွင် ပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် လိုက်ဖက်သော ဆံပင်ပုံစံများကိုလည်း ဖန်တီး ပေးခဲ့သူလည်း ဖြစ်သည်။ ကိုကိုသည် လူချစ်လူခင်ပေါများပြီး အပေးအကမ်း ရက်ရောသူ ဒါနရှင် တစ်ဦးလည်း ဖြစ်သည်။ ဘာသာတရားကိုလည်း ကိုင်းရှိုင်းသူလည်း ဖြစ်သည်။ ကိုကိုညီညီသည် နာမည်ကြီး ဆံသပညာရှင်များ ဖြစ်သည်နှင့်အညီ ကိုကိုညီညီ တည်းဟူသော Beauty Saloon ဆိုင် မြောက်များစွာနှင့် ဆံသပညာရှင်ပေါင်း မြောက်များစွာ မွေးဖွားပေးခဲ့သော ဆံသပညာရှင်လည်း ဖြစ်သည်။
ယခု ဦးကိုကို ဆုံးရှာပြီ။
ဦးကိုကို (ခ) ချစ်လွင် အသက် (၅၈) နှစ် (KO KO Beauty Saloon) ပိုင်ရှင်သည် ၂၄.၁.၂၀၁၁ (တနင်္လာ) နေ့တွင် ကွယ်လွန်ခဲ့ပြီး ၂၆.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဦးကိုကိုအား ချစ်ခင်ကြသော မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများ၊ အနုပညာသမားများနှင့် တပည့် တပန်းများဖြင့် စည်ကားစွာ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ဦးကိုကိုအား လွမှ်းဆွတ် ကြေကွဲဝမ်းနည်းမှုများကား အဆုံးမသတ်နိုင်တော့ချေ။

တစ်နေကွယ် . . . သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားရမယ်
တားမရဘူး . . . ။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။..

ကျောင်းကြီး မပြီးခင်.. (ကျားပေါက်)

ကျားပေါက်ရဲ့ ကျောင်းကြီးမပြီးခင်.. Download လုပ်ချင်ရင်... http://www.mediafire.com/?emmc7jbrni4zqc5