ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်.. ဖွင့်ပွဲအခမ်းအနား..

ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်.. ဖွင့်ပွဲအခမ်းအနား..

ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် ၁၈၈ကားမှ အခုတလော အင်တာနက်မှာ ပြန့်နှံနေတဲ့ ဒါရိုက်တာ ဝိုင်းရဲ့ အဲ့ဒီအခန်းဖြတ် ဇာတ်ကားလည်း ဇကာတင် ၅၃ကားမှာ ပါဝင်လာကြောင်း သိရှိရပါတယ်...။ ပြည်တွင်းမှ လူငယ်အများစုမှ မှတ်တမ်းဇာတ်ကားများ ပေးပို့ကြပြီး နာမည်ကြီး ဒါရိုက်တာများရဲ့ ဇာတ်ကားများလည်း ပါဝင်ကြောင်း သိရှိရပါတယ်...။ နိုင်ငံခြားမှ ဇာတ်ကား ၅ကား ပေးပို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်... 
ဓာတ်ပုံ Reuters,Getty Images
ဒါရိုက်တာ ဝိုင်းရဲ့ နာမည်ကျော် အဲ့ဒီအခန်းဖြတ် ဇာတ်ကား (ရုပ်သံဖိုင်MHitz)

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလရဲ့ စုံနံသာမြိုင် ပရဟိတနှီးနှော ဖလှယ်ပွဲမှာ ဟောကြားခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး၏ ဟောကြားချက် ရုပ်သံဖိုင်နှင့် ထိုင်းနိုင်ငံမှ တရားပွဲဓာတ်ပုံများ...

အပိုင်း(၁)
အပိုင်း(၂)
ပြီးခဲ့တဲ့ စက်တင်ဘာလက ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလရဲ့ မြန်မာနိုင်ငံတ၀ှမ်းလုံး၌ ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျက်ရှိသော ပရဟိတလူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ အပြန်အလှန် ပေါင်းကူး ဆက်သွယ် ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ “စုံနံ့သာမြိုင် ပရဟိတ” တွေ့ဆုံ ဆွေးနွေးနှီးနှောဖလှယ်ပွဲမှာ ဟောကြားခဲ့တဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဟောကြားချက် အသံဖိုင် (ရုပ်သံဖိုင်)..။ အများအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ဒယ်အိုးဆရာတော်တို့ ယခုချိန်မှာတော့ တရားပွဲများပိတ်ပင်ခြင်း၊ ဖိအားပေးခြင်းများ ခံနေရပါတယ်..။ သေသေချာချာ နားထောင်ကြည့်ကြပါ..။
ရုပ်သံဖိုင် ... ဒီမိုဝေယံ..
ရုပ်သံဖိုင် အများကြည့်ရှုနိုင်အောင် ပြန်လည်တင်ပြပေးတဲ့ ညီငယ် ဇေယျာအား ကျေးဇူးတင်ပါသည်။
 ဒီဇင်ဘာ၃၁ရက် ရွှေည၀ါ ဆရာတော် ဘန်ကောက်မြို့ မဟာချိုင်အရပ် ၀ပ်စီမိန် ဘုန်းကြီးကျောင်းသို့ မနက်ပိုင်း သြ၀ါဒ တရားပေးရန် သွားရောက်ခဲ့ပုံ၊၀ပ်စီမိန်ဆရာတော်နှင့်အတူ သီတင်းသုံးနေပုံ...
 ဘန်ကောက်မြို့ အရှေ့ဘက် ဘန်ပလီ စက်မှုဇုန်အနီးရှိ အလုပ်သမားအိမ်ယာတွင် နေ့ဆွမ်းဘုန်းပေးပြီး တရားဟောပြောခဲ့ပုံ၊
သတင်း၊ ဓာတ်ပုံများ ပြန်လည်မျှဝေ ပေးပို့ပေးတဲ့ Burma VJ Media အား ကျေးဇူးတင်ပါသည်..။

နာရေး အထူးသတင်း (ကဗျာရှင် ဆရာနေရဲနီ)....

နာရေး အထူးသတင်း
(ကဗျာရှင် ဆရာနေရဲနီ)

သိကြားမင်းစုတိ စိတ်ကျခြင်း
ဦးမာဃ (သိ/ကြား) 
(တာဝတိံသာ )
အသက် (.......) နှစ်
တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း 
ဝေဇယန္တာ နတ်နန်းပြဿဒ် ဆောင်နေ
သုမာလာ သုနန္ဒာ သုစိတ္တာ သုမိတ္တာ သုဇိတာ သုဇာတ စသော
သုဘွဲ့ခံနတ်သမီး ခြောက်ယောက်တို့၏ ချစ်လှစွာသောခင်ပွန်း
အသူရာ (စားဖျော်) ၏သားမက်
ပဉ္စသိင်္ခ (အနုပညာ)+ သူရိယ ၀စ္စသာ (အလှပြုပြင်ရေး)တို့၏ဦးလေး
ဝိသုကြုံ (ဆောက်လုပ်ရေး) မာတလိ (ပို့/ဆက်) တို့၏ ဆရာရင်း
မြင့်မိုရ်တောင် အခြေအရင်းမှ စ၍တည်သော
စတုမဟာရာဇ် တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတီ
ပရနိမ္မိတ၀သ၀တ္တီ စသော
နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးအုပ်ချုပ်သည့် ဦးမာဃ (သိ/ကြား ) သည်
နတ်တို့၏ ပြက္ခဒိန်အားဖြင့် လွန်ခဲ့သော (၃)ရက်ခန့်တွင်
ဗန္ဓုကမ္ဗလာ မြကျောက်ဖျာထက်တွင်
ဘာမှန်း မသိရသော ရောဂါနှင့် ရုတ်တရက် ကွယ်လွန်သွားပါကြောင်း။
လူ့ပြည်နှင့်တကွ ၃၁ ဘုံသားတို့အား အသိပေးကြေငြာပါသည်။

ကျန်ရစ်သူ နတ်မိဖုရားများ။

ကွယ်လွန်ရသည့်အကြောင်းရင်းနှင့် ဈာပနအစီအစဉ်တို့ကို 
တာဝတိသာ မလင်းတလင်းနှင့် ရုပ်ပျက်ဆင်းပျက် ကြေးမုံတို့မှ 
ထပ်မံကြေငြာပါမည်။

ဈာပနကျင်းပရေးကော်မတီ
တာဝတိံသာ။

ဘုရားရှင်၏ သာသနာတော် အတွင်း၌
မကောင်းသူတို့ကို ပယ်၍
ကောင်းသူတို့ကို ကယ်တင်ရန်
သာသနာတော်ကို စောင့်ရှောက်ရန်
သာသနာတော် ပျက်စီးမည့် ဘေးရန်မှ ကာကွယ်ရန်
သိကြားမင်း၌ တာဝန်ရှိသည်။
ဘုရားရှင်မှသိကြားမင်းအား တာဝန်ပေးခဲ့သည်.. ဟူ၍
ငယ်စဉ်ကလူကြီး သူမတို့ပြောဆိုသည်ကို ကြားခဲ့ဘူး၏။
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓ သာသနာထွန်းကားသော တိုင်းပြည်ဖြစ်၏။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တည်းဟူသော
ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထား၏။
ကံ ကံ၏အကျိုးကို ယုံကြည်နှစ်သက်၏။

သို့သော်ငြားလည်း
နာဂစ်တည်းဟူသော မုန်တိုင်းဘေး၌
ရေနစ်သူဒုက္ခအတိ ရောက်နေသူတို့အား ကယ်ဆယ်သော သူတို့
နှစ်ရှည်ထောင်ဒဏ် ကျခံကြရ၏။

အိမ်ထဲသူခိုးဝင်သော် သူခိုးမှာ အပြစ်မရှိ
အိမ်ရှင်မှာသာ အပြစ်ရှိ၏။
အိမ်ရှင်သည်သာ နှစ်ရှည်ထောင်ဒဏ်ကျခံရ၏။
ကိုယ့်လမ်း ကိုယ်လျှောက်သောသူကို
ချောင်း၍ရိုက်သော သူမှာအပြစ်မရှိ
အရိုက်ခံရသူသာ သေလျှင်သေ မသေသော်
ထောင်အထပ်ထပ် ကျခံရလေ၏။

တစ်ဆူပြီးတစ်ဆူထပ်ကာ ထပ်ကာတည်သော ဘုရားများ၊
စွယ်တော်နှင့် ဆင်ဖြူတော် တို့မှာ
ရေများရာ မိုးစုရွာနေသော်လည်း
တကယ်အတိ ဒုက္ခရောက်နေကြရှာသော
မီးဘေး၊ ရေဘေး၊ လေဘေး၊ ရောဂါဘယဘေး၊ စစ်မက်ဘေးတို့ကို 
ရင်ဆိုင်နေကြရ သူတို့သည်ကား
စားရမဲ့မဲ့၊ နေရာမဲ့မဲ့၊ ၀တ်ရာမဲ့မဲ့ ဖြစ်နေကြ၏။
ထိုသူတို့အား ကယ်ဆယ်ကူညီရန် သွားသောသူတို့အား
မနာလို မရှုစိမ့်သော သူတို့က
အမျိုးမျိုးသော အနှောင့်အယှက်တို့ကို ပေးကြ၏။

ဂိလာနအား ပြုစုသောသူသည်
ဘုရားရှင်အား ပြုစုသည်နှင့်တူ၏။ ဟူ၍
ဘုရားရှင် ဟောတော်မူခဲ့၏။
မရှိဆင်းရဲသားတို့အား ရောဂါဘေးအမျိုးမျိုးမှ ကယ်တင်ရန်
ကုသိုလ်ဖြစ် ဖွင့်လှစ်သော ဆေးခန်းတို့မှာ
ခွင့်ပြုချက်ရပါမှ ကုသခွင့်ရကြ၏။
မရှိနွမ်းပါးသူတို့အား ပညာတတ်စေလိုသော စေတနာနှင့်
အခမဲ့ပညာသင်ကျောင်းများနှင့် 
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှာ
ဒုက္ခဘေးအဖုံဖုံ အနှောင့်အယှက်အမျိုးမျိုး 
ဘေးရန်အသွယ်သွယ်တို့ နှင့်ရင်ဆိုင်ကြရ၏။
မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက် ကယ်တင်သော 
ဆရာတော်သည်လည်း
အပြစ်ရှာခံရပြီး ထောင်ကျရရှာ၏။
သာသနာတော်ကို ဖျက်ဆီးမည့်သူက
သင်္ကန်းအရေခြုံကာ အာဏာပိုင်တို့ 
အလိုကျ ဟောပြောပြီး သကာလ
စိတ်ဓာတ်ရေးရာ သင်တန်းဖွင့်ကာ
မိုက်ကိုင်ပြီး စင်ပေါ်တက်၍
အောက်မှပရိသတ်အား ကစေသော်
ဘုရားဥပဒေတော်အရ အာပတ်သင့်သော်လည်း
အာဏာပိုင်တို့ ၀ိနည်းနှင့်ကား လွတ်လွတ်ကင်းကင်းရှိလှ၏။

ပိဋကတ်တော်လာ တရားတော်ကို
လူပြိန်းနားလည်လွယ်ရန်
ခေတ်ကာလစကားနှင့် လျော်ညီအောင် ဟောလေသော်
တရားတော်နှင့် မပတ်သတ်ဟုဆိုကာ တားမြစ်ပိတ်ပင်ခံရ၏။
တရားတော်လာ ဝေဿန္တရာဇာတ်
ပေါရိသာဒဇာတ်၊ ရာဇောဝါဒသုတ္တန်စသည်တို့ကို
ဟောပြောသော ဆရာတော်တို့သည်ကား
ထောင်နှုတ်ခမ်းဝ၌ စင်္ကြံလျှောက်ကြရ၏။

ရေနစ်သောသူအတွက် ကောက်ရိုးမျှင်သည်လည်း အားကိုးရာဖြစ်ချေ၏။
လူတို့သည် ဘေးဒုက္ခအဖုံဖုံနှင့် ကြုံရဖန်များသော် လွတ်လမ်းကိုရှာကြ၏။
ဤသည်ကို တောမီးလောင်၍
တောကြောင် လက်ခမောင်းခတ်လိုသောသူတို့က
သာသနာတော်ကို ခုတုံးလုပ်ကာ
နှစ်လုံးထီ အတိတ်ပေးသော ကိုယ်တော်
ချဲအတိတ်ပေးသော ကိုယ်တော်
ဘာသိဒ္ဓိ ညာသိဒ္ဓိ ပြီးစေသော ကိုယ်တော်
ဘယ်အပေါက်က ထွက်မှန်းမသိသည့် ထွက်ရပ်ပေါက်ကိုယ်တော်
ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ကိုယ်တော်
အစရှိသော ကိုယ်တော်အပေါင်းသည်ကား
ပွဲလန့်ခိုက် ပြည်သူတို့ထံမှ အချောင်နှိုက်ကြလေ၏။
အာဏာပိုင်နှင့်  တကွအထက်အဆင့်ဆင့်မှ သိသော်လည်း
ကုလားထိုင် မလှုပ်လေသောကြောင့်
မသိကျိုးကျွံပြုကာ ကြံရာပါဖြစ်နေကြ၏။
စာသင်သား ရဟန်းတော်သည် ဆွမ်းသပိတ်တလုံးရရန် ခက်ခဲလှသော်လည်း
အထက်ပါ ကိုယ်တော် အပေါင်းသည်ကား
ဒုက္ခသည် အပေါင်း၏
အကျိုးလို၍ လောင်းသောညောင်ရေနှင့် တူသော
လာဘ်လာဘတို့ဖြင့် စည်စည်ကာကား ရှိလှ၏။
ဘုရားရှင်သည် သတ္တ၀ါတို့၏ အကျိုးစီးပွားကို
ဆောင်လိုသောကြောင့် ဘုရားအဖြစ်ကိုရယူခဲ့၏။
ကိုယ်တော်တိုင်လည်း ဆောင်ရွက်တော်မူခဲ့၏။
ရဟန်းတော်တို့ အားလည်း
အများအကျိုးဆောင်ရန် လမ်းညွှန်တော် မူခဲ့သော်လည်း
ပြည်သူတို့၏အကျိုးကို တကယ်လိုလား ရွက်ဆောင်တော်မူသော
လပြည့်ဝန်းကြီးနှင့် တူသော ရွှေည၀ါသည်လည်း
လပြည့်ည၌ ရာဟု အဖမ်းခံရသကဲ့သို့ရှိချေရာ
ပြည်သူ အပေါင်းတို့သည်လည်း
ရင်တမမနှင့် နမောတေဂါထာကို အထပ်ထပ်အခါခါရွတ်နေကြရ၏။
ဒယ်အိုး ဆရာတော်သည်လည်း
ပရဟိတညီလာခံ ခေါ်မိလေသောကြောင့်
တရားပွဲ အပိတ်ခံနေရ၏။
ညီညွတ်ခြင်းကို ရှေးရှုသည့် သဘောပါသလား ဟူသော
အမေးစကားကိုလည်း ပရိတ်သတ်အား မမေးနိုင်တော့ပြီ။

လူ့ပြည်၌ နှစ်ပေါင်း၅၀သည် နတ်ပြည်တစ်ရက်ဖြစ်၏ဟု
ကျမ်းဂန်တို့က ဆိုကြ၏။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်မှစ၍ ရေသော်
နတ်တို့သက်တမ်းအရ ၅၂ ရက်ပင်မပြည့်သေး။
ဤမျှတိုတောင်းသော ကာလအတွင်း
သာသနာတော်ကြီး ဤသို့သောဘေးရန်နှင့် ကြုံနေရသည်ကို
သိကြားမင်းသည် နတ်ပြည်၌ ထင်ရှားရှိပါက 
မုချဧကန်သိရပေမည်။

လူတို့သည် ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်လိုသောကြောင့်
ဘုရားတိုင်၊ သိကြားတိုင် သစ္စာတိုင် စသော
တိုင်တည်၍ဆိုသော စကားသံတို့ကို
သိကြားမင်းသည် သိလည်းမသိ၊ ကြားလည်း မကြားဖြစ်နေသည်။
သူတော်စင် သူတော်မြတ်များနှင့် တကွ သူတော်ကောင်းစိတ်ရှိသော သူတို့
ဒုက္ခအသွယ်သွယ် ဖိနှိပ်မှုအမျိုးမျိုး
ဘေးရန်အဖုံဖုံတို့နှင့် ကြုံနေရပြီး ကယ်သူမဲ့နေခြင်းမှာ
သိကြားမင်း အနိစ္စရောက်သောကြောင့်သာ ဖြစ်တော့သည်။

နေရဲနီ

မှတ်ချက်။
ကုန်းဘောင်ခေတ်တွင်လည်း သိကြားမင်း အနိစ္စရောက်၍
ညသန်းခေါင်ယံ၌ ကြေးစည်တီးသော ဆရာတော်တို့ ရှိခဲ့ဘူးသောကြောင့်
လွန်ခဲ့သော (၃) ရက်မှဟု ဆိုထားပါသည်။

ပြိုင်ပွဲ... ကဗျာရှင် (ဆရာနေရဲနီ)

ပြိုင်ပွဲ
ကဗျာရှင် ဆရာနေရဲနီ
ကလေးနှစ်ယောက် ပန်းချီဆွဲပြိုင်ကြသည်။
တစ်ယောက်သော ကလေးက
အနက်ရောင် အောက်ခံပြားပေါ်
အလယ်နားလောက်တွင် ဆေးနီတစက် တို့ထား၏။
အောက်ခြေတွင် လမိုက်ည သန်းခေါင်ယံတွင် 
ကပ္ပလီကျွဲစီး၍ ဆေးလိပ်ဖွာနေသည်ဟု
ပန်းချီကားကို အမည်ပေးထား၏။
တစ်ယောက်သော ကလေးကလည်း အားကျမခံ
အဖြူရောင် အောက်ခံပြားပေါ်
အလယ် နားလောက်တွင်
ဆေးနီခပ်သေးသေး တစ်ကြောင်းဆွဲထား၏။
အောက်ခြေတွင် မိုးအုံ့သောနေ့တွင် 
ဆင်ပေါ်မှာ တရုပ်မ ငုတ်တုတ် ထိုင်နေသည်ဟု
အမည်တပ်ထား၏။
တစ်ယောက်က မေးသည်။
တရုပ်မက အဝတ်မပါဘူးလား မပါဘူး။ 
ဆံပင်တွေကကော
တကိုယ်လုံး ရိတ်ထားတယ်။
ဆင်ကကော နေပြည်တော်က 
ဘဒ္ဒဝတီဆင်မ ဟူသတည်း။

ခရစ်နှစ် ၂၀၁၂ နှစ်ဦးမှာ ရွှင်မြူးနိုင်ကြပါစေ။
နေရဲနီ

ဟာသအနေနှင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁၊ ၂၊ ၃) ရေးသားတင်ပြသူ... (အောင်မိုးဝင်း)

 မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁)
ရေးသားတင်ပြသူ... (အောင်မိုးဝင်း)
(က)ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ် ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေ အားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက် ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်း တဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက် တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင် လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ 

ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက် မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ် တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံ တွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာ တွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။

လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။

တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာ ပါဝင်ပတ်သက်နေခဲ့တဲ့ သူတွေဟာ၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက် ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကို အာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။

(ခ) ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ (ထုံးစံအားဖြင့်တော့ KIA ကကျောင်းသား တပ်မတော်အပေါ်မှာ ဝင်ရောက် စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင်က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။

တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေ ရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။

(ဂ) ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။

တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်)ကို လိုင်စင်လို အေးခဲတဲ့ ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာ မြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦးကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။

အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူ တွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ် အသုံးပြုထားခြင်း ဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် (ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက်ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ (လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာ လမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချသတ်ခံ ရပါသည်။

(၂) ကိုချိုကြီး (မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ (မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် (ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ် ထောက်လှမ်းရေးများ၏ (အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ် သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး (မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် (တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် (ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း (ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ် သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင် နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန် တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု (ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ

(၁၃) ရဲဘော်အောင်အောင် (ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် (ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် (စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် (ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် (ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်း သေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်း ဖောက်ပြန်နေသည်ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ (မန္တလေး)နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ် ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက

(၁) ကိုကျော်ဝေ (မန္တလေး)

(၂) ကိုစိုးဝင်းသန်း (မန္တလေး)- KIA ဆေးရုံမှာ တက်နေစဉ်၊ သန်းဇော်နှင့် လူတစုမှ လာရောက် ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။

(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်

(၅) ဦးကျော်ကျော်ဘုန်း (ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့ နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။ 

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၂) 

ခုခံချေပချင်သူတွေဘက်မှ ကျောင်းသား တယောက်ကနေ ဖေ့စ်ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။ “တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်း ရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေ ဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေ လောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခု ပြောပြမယ်ဗျာ။

မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွား ပြီး “ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ်လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ်လို့ အကြံပေးသတဲ့။ ကျောင်းသား တပ်မတော် (မြောက်ပိုင်း)ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။

“ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။

နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “လှဆိုင် (ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင်ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်း ခုတ်သတ် ခဲ့သူလို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထား သလဲ လို့ပါ။

(က)ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ၀င်ရောက် မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ် ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာ ပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကို ချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေ စွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသား နယ်မြေတွေမှာ နားလည်မှု တခုတည်ဆောက်ဖို့ အတွက် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။

လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေ ထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲ ဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင် ကြတယ်၊ ဘဝကိုမြှုပ်နှံ စတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာ ကောင်းပါတယ်။

ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော်လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက် အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင်ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။

မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ် နေချင်ကြတာ အမှန်ပါ။ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။ ဒီစာကို ရေးနေတဲ့ အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော် ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေ ဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော်နဲ့ အတူပြန်လာမဲ့သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။

(ခ) ဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခု ရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက် သင်ပေးထားတာကို ပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့ သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော် သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခုကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ် ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။  မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။

(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကိုသတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကိုသတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင်
ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။

(ဂ)ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း (မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါး ခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာ ကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေး အတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမား ဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာ ဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့် လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့ အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ 

ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း (အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စား၊ မူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကို တွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် (ဗကသ-အထက် ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေး လာရပါတယ်။

မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃)ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ (မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့ အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်)။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆)မှာပါတဲ့Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေ မဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိ

ပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီး ကြည့်ရအုံးမှာပါ။ တလျှောက်လုံး လိမ်ဆင်တွေပဲ ပြောနေတော့၊သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလားလို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံးနဲ့ အောက်ဖဲနဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့ အကြောင်းသိချင်ရင်၊ABSDF မိုးညှင်းအုပ်စုက RIT ကျောင်းသားတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင်စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF (မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့် တုန်လှုပ်ပြီး ဖြောင့်ချက်တွေ ပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။

(ဃ)ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ် နှစ်ရှည်တွေ ချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။

စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့ အဖြစ်အပျက်တွေကို စတင်ခြေရာခံ လိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေး လွတ်မြောက်လာ သူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။

“ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ(၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ် ဖေါ်ပြထားပါတယ်။ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။

ထောက်လှမ်းရေး သူလျှိုလို့ စွပ်စွဲပြီး တာဝန်ခံ ဖမ်းဆီးသူတွေကတော့

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး (ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃)ဗိုလ်ကြီး မျိုးဝင်း (တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် (မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း (မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး (မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး (ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း (ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း (ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်
ခဲ့သူဖြစ်တယ်။ လှဆိုင်း (လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေ
နေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး (ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး (ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း (ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး (သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- (မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)

ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း (မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် (ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် (မိုးညှင်း) ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး (မိုးညှင်း)တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် (မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)

ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား(၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့

(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် (ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး (ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း (မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် (တရုပ်ပြည်၊ ယင်ကျန်း)

ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်း တခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။

“ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်” တဲ့ ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၃)

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကို ရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ”ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင် တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့ အလည်ဝင်လာပါတယ်။ အဲ့ဒီတုန်း ကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင် ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိ ထင်ရှားရှိနေစဉ်မှာ ရှင်းရမယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီး လိုက်နေတဲ့ အုပ်စုတွေ ရှိနေသလို၊ အချိန်ကြာလာတာနဲ့ အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ် ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လို အလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။

ကျနော်က ဒီလိုတွေးတယ်။ “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိပ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေ့ ခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်း မပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့ သတင်းသမားတွေကို ချပြရတဲ့ အဆင့်ကို ရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။

ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့ဘွတ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ် ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့ သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက် ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ် ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေ ခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေ ရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့သူတချို့ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့ အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ် ရောက်သွားမိခဲ့ကြတယ်။ တဖြည်းဖြည်း မှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့ လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေ တနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။ “လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ ကောင်တွေ တော်တော်ခေါင်းမာတဲ့ ကောင်တွေပဲ” “ တော်တော်လည်း သွေးသောက် ရဲဘော်တွေ ပီသကြပါလား” တဲ့ သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့ သူ့တို့ရဲ့ အသံနက်ကြီးတွေကို့ ဝိညာဉ်တွေနဲ့ လိုက်ကြည့်နေမိတယ်။ ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ--- အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ်။ သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့ သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ။ ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ သေချာနားထောင်စမ်း သေချာနားထောင်စမ်း အဲ့ဒီ လူသတ်သမားတွေရဲ့ ခြေသံတွေကို ငါတို့ကြားနေဆဲပဲ ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့ စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ “ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေကွ” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။ ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှား တွေ့နေရပြီ။ ဧရာဝတီမဂ္ဂဇင်း (အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခု မေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။ “ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေး အစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့ အထောက်အထား တွေရှိပါ သတဲ့။ “ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။

တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊ ၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် Yindee Lertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံ အင်တာဗျူးထားမှုကို ဆောင်းပါး လုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။ အဲ့ဒီဆောင်းပါးရဲ့ (အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။ Aung Naing and Kyaw Kyaw, however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions. “ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကို အသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက် လုပ်ခဲ့ကြတာ ဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက် ကြရတော့တယ်။ ဒီအချက်ကို ထောင်ကျဘူး သူတိုင်းသိပါတယ်။ တကယ်တော့ မြောက်ပိုင်းလူသတ်မှု ဖြစ်ပွားနေစဉ် ကာလတုံးက ကျနော်နဲ့ လုပ်ဖေါ်ကိုင်ဘက် ဗကသ (အထက်ဗမာပြည်) ခေါင်းဆောင် တချို့ဟာ မန္တလေး အကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေး အုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။ “ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ” အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေ သေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရ စစ်ထောက်လှမ်းရေးရဲ့ လူတွေက တောက်လျှောက် သတင်းပို့နေတယ်ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။ ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။ မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။ သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့ သူတွေမဟုတ်ဘူးလေ။

 လုပ်ကြံသတ်ဖြတ်ခံရမှုမှ ပြန်လည်လွတ်မြောက်လာတဲ့ နန်းအောင်ထွေးကြည် (ယာစွန်)
(ဂ)ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင် ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ (ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။

တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေ ရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ်လို့ သူကိုယ်တိုင် သဘောပေါက်သွားတဲ့ အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ် ငါ့စိတ်ထဲမှာတော့ နင် လွတ်သွားလိမ့်မယ်လို့ ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီး ပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။

ဘဝဆိုတာ အံသြဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည် အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က “ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီး နားမထောင် ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။ “နန်းအောင်ထွေးကြည်” ကို ကျနော်ပြောခဲ့ဘူးတယ်။ “ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။ နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ်” တဲ့။ အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက် ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန် တုန့်ပြန်ချင်တဲ့ စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။

ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့ သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျ ပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်း ဆွဲချွတ်ပစ်ရမယ်။ တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့ အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။ ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။

(ဃ)ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ 

မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေး တခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေနဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာ တွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။
1992 press conference about ABSDF(NB) Case (ထိုအချိန်က စစ်အစိုးရ သတင်းစာရှင်းလင်းပွဲ)  by Peace Running)စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင် ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်း ပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့ မျက်နှာကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။

ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။ မျိုးဝင်းတို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံး ပေးဆပ်နေရတယ်။ ခင်ဗျားတို့ မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေ ခေါင်းဆောင်တွေ ရောက်လာပြီး အတင်းဝင်ရောက် တားဆီးပါတော့တယ်။ ကေအိုင်အေဟာ မျိုးဝင်းနဲ့ ကျောင်းသား တပ်မတော် မြောက်ပိုင်း ခေါင်းဆောင်တွေကို အင်မတန် စိတ်ပျက်သွားခဲ့တယ်။

နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။ “သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား” “ ဟုတ်ပါတယ်” ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။ “ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံ ပြောဆိုနေတဲ့ ထောက်လှမ်းရေး ဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်းနဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံး တိုက်လာခဲ့တဲ့ ကေအိုင်အေက ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေး နံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည် အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။

ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ် ရပ်ဆဲတော့မှာဆိုတော့ ----” မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေး သဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ (------)ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင် ပြောသလိုပါပဲ။ “ကျမ အချိန်ကို စောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။ တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။

(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသား အစစ်အမှန်တွေကို သတ်ပစ်တယ်။
(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင် ရန်တိုက်ပေးတယ်။
(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။

မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။ ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာ ရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင် ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်မှုလို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခု အကြောင်းကို မိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန် ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း (ဆေးတက္ကသိုလ်)၊ ဒုတိယအကြိမ် ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသက နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသနဲ့ ကိုအောင်ထွန်း(ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ် ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်းတို့ ခေါင်းဆောင်တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့ တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။

ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။ ကိုထွန်းအောင်ကျော် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။

ရန်ကုန်ကျောင်းသား ခေါင်းဆောင် တော်တော်များများက သူ့ကိုသိကြပါတယ်။ သူ့ရဲ့ ညီကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။ ဗကသ သမဂ္ဂညီလာခံ (၁၉၈၉) ၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကို ကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက (အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် (ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထု ထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။

၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် (အနကလ)၊ ကိုစိုးလင်း (အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် (သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင် တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ်နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင်ပဲ မဟုတ်လား။ တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်း ထိုင်ခဲ့တဲ့ သူငယ်ချင်တွေ မဟုတ်လား။ ကဲ-- ဗကသ ခေါင်းဆောင် တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာ ဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။ အချက်အလက်တွေ များနေမှာမို့ တတိယပိုင်းကို ဒီမှာပဲ ရပ်လိုက်ပါမယ်။ စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။

 အပိုင်း (၄) ဆက်လက် တင်ပြပေးပါမယ်..။
အောင်မိုးဝင်း
 တနင်္သာရီတိုင်း ထားဝယ်ဒေသက ABSDF ကျောင်းသားတပ်မတော် စစ်သည်များရဲ့ အထိမ်းအမှတ် အုတ်ဂူတွေပါ..။ ကျောင်းသားတပ်မတော် စစ်သည်တွေဟာ စာသင်ခန်းကိုစွန့်ခွာ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် တိုက်ပွဲဝင်ရင်း ဒီလို အသက်ပေးခဲ့ကြရတာပါ..။ (On Asia ၁၉၉၆)

မတရားသဖြင့် ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စစ်စစ်များမှ (တိုင်ကြားစာ)

လာပြန်ပြီ ရဲအုပ်အဆင့်တိုး စာမေးပွဲ

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲအုပ်အဆင့် တိုးစာမေးပွဲကို (၁၄. ၁.၂၀၁၂) ရက်နေ့မှာ ပြုလုပ်တော့မယ်။ အားလုံး အယောက် (၆၀၀၀) ထောင်ကျော် ဖြေပါမည်။ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ရာထူးရယူပြီး (၂၁.၄.၂၀၁၁) နေ့ဝန်ကြီး အစည်းအဝေး ခန်းမတွင် ဒုဝန်ကြီး၊ ရဲချုပ်၊ ရဲအရာရှိကြီးများကို ၀န်ကြီး၏ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ အများကြီး ချပြခဲ့ပါတယ်၊ ပြီးတော့ တနိုင်ငံလုံး ကြေညာချက်များ ထုတ်ခဲ့ပါတယ် အဓိက ကြေညာချက်မှာ ရဲအုပ်အဆင့် တိုးဖို့နဲ့ ဒုရဲအုပ်ဖြစ်ဖို့ ရဲတပ်ရင်းမှာ နေခဲ့ဖူးသူ၊ ရာထူးတိုးမယ်၊ ဒုရဲအုပ်သင်တန်း တက်ခွင့်ပေးမယ်တဲ့ (ငွေပေးမှရမယ်၊ ငွေဖြင့်လိုက်ရမည်ဆိုတဲ့ အကျင်ဟောင်း အကျင့်ဆိုးများကို ဖျောက်ဖျက်ရမယ်) ဆိုတဲ့လမ်းညွှန်ချက်ကို အလေးထားပြီး ညွှန်ကြားသွားပါတယ်။

ပြီးခဲ့တဲ့လ အထိ ရဲအုပ် ၆၀၀ ကျော် အောင်တယ်။ ရဲတပ်ရင်းက ၅ ယောက်ပြည့်အောင် မပါခဲ့ပါဘူး တက်နေတဲ့ ဒုရဲအုပ် နောက်ဆုံးသင်တန်မှာ ရဲတပ်ရင်းက ဆယ်ဂဏန်းကျော်ကျော် ပဲ ပါခဲ့ပါတယ်။ ရဲချုပ်က ၀န်ကြီးချမှတ်ထားတဲ့ မူဝါဒ ကို (၁ %) လောက်တောင် အကောင်အထည် မဖော်နိုင်တာ…. ၀န်ကြီးသိပါရဲ့လား? ၀န်ကြီးရော ဘာတွေလုပ်နေပါသလဲ? ဒုဝန်ကြီးတွေ၊ ရဲချုပ်တွေ က ဒါတွေကို စိတ်မ၀င်စားပါဘူး၊ တစ်နိုင်ငံလုံး ရဲတပ်ဖွဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေတာ သိန်းပေါင်း သောင်း ဂဏန်းနဲ့ သူတို့ရဲ့ပါတနာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေရဖို့ အတွက် များစွာသော အလုပ်များဖြင့် ရှုပ်နေပါတယ်၊ ပွဲခကလည်း ဌာနအတွက် (၃%) တဲ့.. အိမ်အတွက်တော့ ဘယ်လောက်လဲမသိ ဘူး တွက်ကြည့်ကြပေါ့ဗျာ။

ရာထူးတိုး၊ နေရာပြောင်း စတဲ့ကိစ္စများကို တာဝန်ယူရတဲ့ ရဲမှူး စိုင်းသက်မွန် အဖွဲ့ကို စစ်ဆေးရေးအဖွဲ့က စစ်ကြတယ်။ (အသံတွေ ထွက်လာလို့လေ)… အနယ်နယ်အရပ်ရပ်က ရဲမှူး နာမည်နဲ့ ဘဏ်ကနေ တရားဝင်ငွေလွှဲတဲ့ ငွေများ သိန်း ၁၀၀၀ ကျော်နှင့် ကားတစ်စီး သိမ်းဆည်းပြီး ဆက်လက် စစ်ဆေးခဲ့ရာ အဆင့်အဆင့်သော အထက်လူကြီး နာမည်များပါဝင် လာသဖြင့် စစ်ဆေးမှုကို ရပ်စဲခဲ့ပြီး ရဲမှူး စိုင်းသက်မွန်ကို အလုပ်မှ ထုတ်ပယ်ခဲ့ကာ အမှုကို ဖုံးကွယ်ခဲ့ပါသည်။ အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များ ငွေ ၁ သောင်းလောက် ယူမိရင် ထောင် ၁ နှစ်လောက်ကျတဲ့ အရာရှိ ၀န်ထမ်းတွေမှာတော့ ထောင်ကျတာ ရာဂဏန်း မကတော့ပါဘူးခင်ဗျာ။

ရဲတပ်ဖွဲ့ရဲ့ ရှင်းမရသော အမှုကြီး၏ အဓိက တရားခံမှာ ရဲမှူးကြီး ထွန်းအုံး ဖြစ်ပါတယ် အဲ့ဒီတုန်းကတော့ ရင်တမမနဲ့ပေါ့.. အခုတော့ သူ့ရာသီ၊ သူ့အကွက် ပြန်ရောက်လာပြန်တော့ တပ်ဖွဲ့များကို အကြောင်းကြားပါတယ် (ရဲမှူးမိန်းမများ ကြိုတင်အသံလွှင့်ချက်မှ တဆင့်) ရဲတပ်ဖွဲ့အားလုံး သူတင်ပေးမှ ရာထူးတိုးမယ် အဆင့်တက်မယ်တဲ့ သူတိုးပေးမှ ရမယ် ကဲသူ့ကို ဆက်သွယ်ကြဖို့ ကြေငြာပေးလိုက်ပါတဲ့။ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့တဲ့ Good Government , Clean Government ကို အကောင်အထည် ဖော်နေတဲ့ ပြည်ထဲရေးဝန်ကြီးလည်း (အောင်ပါစေ)လို့ ရွှေမန်းတင်မောင်သီချင်းနဲ့ ဆုတောင်း ပေးလိုက်ပါတယ်၊ ဒုတိယအပိုဒ်ကလို.. (ထိုနည်း လည်းကောင်း… ထိုနည်းလည်းကောင်း..) ဆိုရင်တော့ မကောင်းသေးပါဘူးလို့ အကြံပြု တင်ပြလိုက်ပါတယ် ခင်ဗျား။

မတရားသဖြင့် ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စစ်စစ်များ

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ (ဓာတ်ပုံ ၂)

 (ဓာတ်ပုံ.. ဇော်တူး၊ ဒီမိုဝေယံ)
တက်ရောက်အားပေးသူ လူဦးရေ ၂သိန်းကျော် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံတေးဂီတ ဖျော်ဖြေပွဲသမိုင်းမှာ မကြုံစဘူး အအောင်မြင်ဆုံး၊ အစည်ကားဆုံး ရံပုံငွေ ဖျော်ဖြေရေး ဂီတပွဲတော်ဖြစ်ပါတယ်...။ ဒေါ်အောင်စုကြည် တက္ကသိုလ် ကျောင်းသူဘဝမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ဘီတဲလ် တေးဂီတဖျော်ဖြေပွဲပြီးရင်  အနှစ်လေးဆယ်ကျော်အတွင်း ပထမဦးဆုံး ပြန်လည်တက်ရောက် ဖြစ်ခဲ့တဲ့ ဂီတပွဲတော်ဖြစ်တယ်လို့ ဆိုပါတယ်....။
(ဓာတ်ပုံများ.. ဇော်တူး၊ ဒီမိုဝေယံ)
နာမည်ကျော် Acid အဖွဲ့ရဲ့  သရုပ်ဖော် ဝတ်ဆင်ဖျော်ဖြေမှု (ဓာတ်ပုံ အနဂ္ဂ)
တက်ရောက် ဖျော်ဖြေသီဆိုကြတဲ့ ဂီတသမားများ အားလုံးစုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တီရှပ်(၂)ထည်အနက် အမေစုအတွက် လက်ဆောင် တစ်ထည်နဲ့ ကျန်တစ်ထည်အား ကြမ်းခင်းဈေး သိန်း(၃၀)မှ စ၍လေလံပစ်ရာ သိန်း(၁၂၅)သိန်းနဲ့ ဗော်ဗိုကုမ္ပဏီက ဝယ်ယူသွားပါတယ်..။ (ဓာတ်ပုံ မြစ်မခ)

အကျင့်ပျက် လာဘ်စားမှုတွေနဲ့ ပြည့်နေတဲ့ မန္တလေးမြို့တော်ရဲ့ စည်ပင်သာယာဋ္ဌာနအကြောင်း (တိုင်ကြားစာ)

 ဓာတ်ပုံ (ဒီမိုဝေယံ)
အခုအချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clean Government လို့ကြွေးကျော်ပြီး စတင်ဆောင်ရွက်နေတာ အချိန်ကာလ တစ်ခုကြာခဲ့ပါပြီ။ ကျွန်တော်တို့ မန္တလေးမြို့က မြို့တော်စည်ပင်မှာတော့ clean government လို့တင်ပြပါတော့မည် ။

1. မြေယာဋ္ဌာနမှာ ပေးရတဲ့ တရားမ၀င်ကြေးများကို မြို့တော်ဝန်ထံ တိုင်ကြားပါတယ်။ ဒီတော့ မြေယာဌာနမှူးက ဒီဌာနနဲ့ ဆက်စပ်နေတဲ့ ရှေ့နေ၊ အကျိုးဆောင်၊ မြေပုံကူး၊ နာမည်ပြောင်း စတဲ့လုပ်ငန်းနှင့် ဆက်စပ်မှုများကို ခေါ်ပြီး ၎င်းတို့အဖွဲ့အစည်းကို လုပ်ငန်းဆောင်တာနှင့် ပတ်သတ်လို့ ငွေတစ်ပြားမှ မပေးရကြောင်းကို သက်သေ ထူခိုင်းပါတော့တယ်။ အဲဒီမှာ မပေးရပါဘူးလို့ ဆိုတဲ့သူတွေကိုတော့ လုပ်ငန်း ဆက်လုပ်ရာမှာ ထုံးစံအတိုင်း ကြေးတစ်ခုနှင့် အဆင်ပြေအောင် စီစဉ်ပေးပြီး၊ ပေးရပါတယ်လို့ ဆိုတဲ့သူတွေကိုတော့ ဘာလာလုပ်လုပ် အဆင်မပြေအောင် တစ်ဌာနလုံးက ဂျစ်ကြပါတော့တယ်။ အဲ့ဒီဌာနမှူးကလဲ မြို့တော်ဝန်ကြီးနှင့် အဆင်မပြေတဲ့ သွားလေသူ တိုင်းမှူး တစ်ဦးရဲ့ သူငယ်ချင်းကို အလုပ်ကဖြုတ်ပြီး တက်တာက မြို့တော်ဝန် တပည့်အရင်း ဖြစ်ပါတယ်။

2. မြို့တော်ဝန်ရဲ့ စီမံခန့်ခွဲမှုနဲ့လုပ်တဲ့ ကားကြီးကွင်းလမ်း တည်ဆောက်ရေးမှာပါ၊ အဲဒီမှာရှိတဲ့ တည်ဆောက်ရေး လုပ်ငန်းများရဲ့ 80% ကို မြို့တော်ဝန်ကြီးရဲ့ ယောက်ဖဖြစ်သူ ကိုဖြိုးနဲ့ မိုးကိုဇော်တို့ရဲ့ ကုမ္ပဏီကို ပေးပြီး၊ ကျန်တဲ့ 20 % ကိုတော့ ရန်ကုန်အခြေစိုက် ကုမ္ပဏီတွေနဲ့ မြို့တော်ဝန်ကြီးရဲ့ အိမ်များ၊ ခြံများကို အလကား ဆောက်ပေးရတဲ့ မင်း ဆောက်လုပ်ရေးကိုပဲ ပေးပြီးတော့၊ မန္တလေးအခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီများကိုတော့ ကန်ထရိုက်လိုင်စင် ကြေးများယူပြီး တစ်ခုမှ ချမပေးခဲ့ပါဘူး၊ 20%ကို ဆောက်လုပ်ခွင့်ရသော ရန်ကုန်အခြေစိုက် ကုမ္ပဏီ များမှာ၊ ကန်ထရိုက်လိုင်စင်မရှိ၊ အခုမှ ဆောက်လုပ်ရေး လုပ်ငန်းထဲ ၀င်ရောက်လာပြီး ၀န်ကြီးနှင့် နီးစပ်မှု၊ မြို့တော်ဝန်နှင့် ရင်းနှီးသော သူငယ်ချင်းများကိုသာ ချထားပေးခဲ့တာပါပဲ။

3. အဲဒီကားကြီးဝင်း ပြီးခါနီးကျတော့လဲ အမှန်တကယ် ကားဂိတ်ဖွင့်မည့်သူ၊ ဈေးဆိုင်ဖွင့်မည့်သူများကို ဘယ်ရွေ့ ဘယ်မျှ ဘယ်ဈေး ဖြင့် ဘယ်လိုရောင်းချမည်ဟု မကြေငြာပဲ၊ မြို့တော်ဝန်နှင့် ကော်မတီဝင် များသာ နာမည်အမျိုးမျိုး တပ်ပြီးယူဆောင်ကာ တစ်ဆင့် အမြတ်တင်ဈေးဖြင့် ပြန်ရောင်းချတာကို တွေ့ရပါတယ်။

4. စီးပွားရေး သမားများသာ လက်ဝါးကြီးအုပ် လုပ်တတ်တာမဟုတ်ပဲ မြို့တော်ဝန်နှင့် ကြာပြီဖြစ်သော ကော်မတီဝင်များမှာ ကိုယ်ကျိုးလောဘဖြင့် စီမံခန့်ခွဲလျှက်ရှိပြီး၊ စည်ပင်သာယာနှင့် ပတ်သက်သော ရေ၊ မီး၊ ကြော်ငြာဆိုင်းဘုတ်၊ ဓါတ်မြေသြဇာ၊ ယာဉ်စက် ယန္တယားများမှ မီးသဂြိုလ်စက်အဆုံး ၎င်းတို့တစ်သိုက်သာ လက်ဝါးရိုက်ပြီး ပြည်သူလူထု၏ ဘဏ္ဍာငွေများကို နည်းအမျိုးမျိုး သုံးပြီး လက်ဝါးကြီးအုပ် အလွဲသုံးစားလုပ်လျက်ရှိပါသည်။

ဒီနေရာမှာ တစ်ခုစဉ်းစားစရာကတော့ မန္တလေးမြို့တော် စည်ပင်သာယာရေး အစည်းအရုံးဟာ မိမိဘာသာ စီမံခန့်ခွဲ၊ မိမိဘာသာ operation လုပ်၊ မိမိဘာသာ စစ်ဆေးဆိုတော့ စီမံတာ၊ လုပ်ဆောင်တာ၊ စစ်ဆေးတာက တစ်ဦးတစ်ဖွဲ့ တည်းဆိုတော့ မိမိအဖို့ပဲ ဖြစ်နေတော့တာပေါ့ဗျာ။

နိုင်ငံတော် စီမံခန့်ခွဲမှု စံနစ်တစ်ခုလုံးကိုကြည့်ပြီး သမ္မတကြီး ဦးဆောင်မှုဖြင့် clean government လုပ်နေရာမှာ၊ မန္တလေးမြို့တော် စည်ပင်ကြီးလိုပဲ စိမ်းလန်း ရှင်သန်စေချင်ပါတယ်။ ဘာလုပ်လုပ် ပြည်သူကိုအသိမပေး၊ မကြေငြာပဲ ၄င်းတို့ဘာသာ လက်သိပ်ထိုးလုပ်တဲ့ အကျင့်ကို အရင်ဆုံး ပြင်ဆင်ရမည်ဟု အကြံပေးလိုပါတယ်။ တိုင်းဒေသ၀န်ကြီးချုပ်ကိုလဲ မန္တလေးမြို့တော်ရဲ့ စည်ပင်သာယာငှာန အခြေအနေမှန်ဖြစ်သော စည်းစံနစ်ဖြင့် မအုပ်ချုပ်ပဲ တစ်ဦးတယောက်ထဲရဲ့ အတ္တဖြင့် အုပ်ချုပ်နေသည်ကို သိစေလိုပါသည်။ မြို့နေလူထူကလဲ အကျင့်ပျက် ချစားသော ၀န်ထမ်းများကို ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် ပေးကြဖို့ကို တာဝန်ရှိပါတယ်လို့ DVBနှင့် သတင်းမီဒီယာများမှ တစ်ဆင့် တင်ပြလိုက်ရပါတယ်။

ဦးXXXXX
အငြိမ်းစား
ဝန်ထမ်းဟောင်းတစ်ဦး ၊မန္တလေးမြို့

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ (သတင်း၊ ဓာတ်ပုံ)

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ် နေတာဖြစ်ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ပရိသတ်တွေအများအပြား လာရောက် အားပေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ Burma VJ Media
http://www.burmavjmedia.net/?p=3347

မီးဘေးသင့် ဒုက္ခသည် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်ကူညီကြတဲ့ အလွှာပေါင်းစုံမှ မြင်ကွင်းများ (ဓာတ်ပုံ၊ သတင်း)

 ယမန်နေ့က မီးလောင်ပေါက်ကွဲမှုကြောင့်  အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု၊ အသက်ဘေး၊ ထိခိုက်ဒဏ်ရာရမှုတွေ ကြုံတွေ့ခဲ့တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ မီးဘေးဒုက္ခသည် ပြည်သူများအား ယနေ့နံနက်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် တွေ့ဆုံအားပေးခဲ့ပါတယ်...။
 ပူဆွေးဝမ်းနည်းမှု မျက်ရည်တွေကြားမှ ပြည်သူတွေရဲ့ အပြုံး..
ဒုက္ခသည် ပြည်သူတွေကို အပြုံးဆေးနဲ့ တိုက်ကြွေးနေတဲ့ အမေစု..
 တစ်ဦးချင်းစီကို လိုက်လံအားပေး နှုတ်ဆက်ခဲ့ပါတယ်..။
 တပ်မတော် စစ်သည် ဆရာဝန်အဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့များ အခြားကျန်းမာရေး လူမှုကွန်ယက် အဖွဲ့များ၏ ဆရာဝန်ကြီးများမှ ဆေးခန်းဖွင့်လှစ် ကူညီပေးကြသလို...
 ရုပ်ရှင် အနုပညာရှင်များမှလည်း ထမင်းရှင် ပြည်သူများအား လာရောက်အားပေး ခဲ့ကြပါတယ်..။
 ဆုံးရှုံးမှုတွေကြားက မြန်မာပြည်မှာ တခါမှ မမြင်ရဘူးသေးတဲ့ အလွှာပေါင်းစုံမှ တက်ညီလက်ညီ ကိုယ့်ပြည်သူအချင်းချင်း ရိုင်းပင်းကူညီမှု မြင်ကွင်းတွေပါပဲ..
ဓာတ်ပုံများ ... AP, Getty Images, Reuters, 7DAY NEWS