ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နှင့် လက်ရှိမြန်မာပြည်ရဲ့ သတင်း လွတ်လပ်ခွင့် အခြေအနေ(ရုပ်သံ)


(ရုပ်သံ) ကိုအောင်ဇော်ထက်....

မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေးအရေးယူပေးပါရန်...

မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေးအရေးယူပေးပါရန်...

ဂျပန် ANN သတင်းဋ္ဌာနကထုတ်လွှင့်သွားတဲ့ မီယာဂိခရိုင်ရှိ ဆူနာမိရေဘေးဒဏ် ခံရတဲ့ဒေသများသို့ သွားရောက်ကူညီ လှူဒါန်း၊ ပံ့ပိုးခဲ့တဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ မွန်မြတ်တဲ့ စေတနာ့ဝန်ထမ်းအလှူ (ရုပ်သံ)

ဓာတ်ပုံ အေးနန္ဒာအောင်

ပြည်တွင်းမှ ပရိသတ်များ ကြည်နှူးဝမ်းမြောက် သာဓုခေါ်နိုင်ဖို့ ရုပ်သံဖိုင်
ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?u1fvzsoc8uiuat5

အိုစာမာ ဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်းအား စစ်ဆင်ရေး အပြီး မြင်တွေ့ရတဲ့ မြင်ကွင်းဓာတ်ပုံများ...

ဓာတ်ပုံ၊ ရုပ်သံ AP
၂၀၁၁ခုနှစ်ကတော့ ထူးခြားတဲ့နှစ်ဖြစ်ပြီး မကောင်းတဲ့ မိစ္ဆာတွေ ကျဆုံးမယ့်နှစ်၊ တန်ပြန်ဒဏ်ခံရမယ့် နှစ်လို့ မှတ်တမ်းတင် ရပါတော့မယ်...

Osama bin Laden သေဆုံးသွားတဲ့ နေအိမ်အတွင်းမြင်ကွင်း (ABC ရုပ်သံ)

အပေါ်ကတော့ အိုစမာဘင်လာဒင် နေအိမ်အတွင်းမြင်ကွင်း အခွေကြမ်း..(Raw File) ABC NEWS youtube မှာ ပေးမတင်လို့ ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?7zbk4s1puc9u6o8

ငလျင်ဒဏ်နဲ့ ဆူနမီဒဏ်ခံခဲ့ရတဲ့ မီယာဂိခရိုင်သို့ အကျွေးအမွေး၊ သန့်ရှင်းရေး လုပ်အားပေးသွားရောက် ပြုလုပ်ခဲ့ကြတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ စေတနာ့ဝန်ထမ်း ခရီးစဉ်၊ မြင်ကွင်းဓာတ်ပုံ မှတ်တမ်း၊ သတင်း...

ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆူနာမီ ငလျင်ဘေးသင့်ရာ ဒေသများတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သောMIYAGI ခရိုင်၊ ISHINOMAKI မြို့နှင့်AKAJOU မြို့ များ၌ လုပ်အားပေးမှု အပါအဝင် ၊ အဆိုပါ ဒေသများမှ  ဆူနာမီ ရေဘေးဒါဏ် ခံခဲ့ရသည့် ဂျပန်ပြည်သူများအား  မြန်မာထမင်းဟင်းများဖြင့် ချက်ပြုတ်ကျွေးမွေး လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါတယ်...။  ဂျပန်ရောက် မြန်မာစေတနာရှင်  ၉၅ ဦးမှ လူသားချင်း စာနာထောက်ထားကာ၊ မြင့်မြတ်သော စိတ်ထားဖြင့် အကျွေးအမွေးများနှင့် သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်သွားရောက် ရယူခဲ့ကြပါတယ်။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂျပန် TBS သတင်းဌာန၊ Asahi သတင်း နှင့် မြန်မာ့အရေးကို ထောက်ပံ့ ကူညီနေသော ဂျပန်လူမျိုးများ၊ NDB မှကင်မရာ ၊ဗွီဒွီယို ကင်မရာ များဖြင့်ငလျင်ဒေသသို့  ကားကြီး ၅စီးဖြင့် မြန်မာလူမျိုးများ အများစုနေထိုင်ရာ တကာဒါနိုဘာဘာဘူတာ BIC BOX ဘေးတွင်(30.4.2011)စနေနေ့ ည၇နာရီ၃၀မိနစ်တွင် စုရပ်ပြုလုပ်ကာ လိုအပ်သည်များအား ဦးသန်းဆွေ၊ ဦးကျော်ကျော်စိုး ကိုမိုင်ကျော်ဦးနှင့် ခေါင်းဆောင်များတို့မှ မှာကြားပြီး ည ၈နာရီ ၄၅မိနစ်တွင် ခရီးစတင်ထွက်ခဲ့ ကြပါသည်။

အပြန်ခရီး၌ ကားပေါ်တွင် ဦးဆောင်လိုက်ပါလာသော ဦးကျော်ကျော်စိုးမှ ပြောကြားရာမှာတော့ " ဒီကနေ့ ဂျပန်မှာရောက်ရှိနေကြတဲ့ မြန်မာများ ကိုယ်စား နိုင်ငံရေးလှုပ်ရှား နေတဲ့သူတွေ နောက်အဓိက ဦးဆောင်နေတဲ့ သူတွေu Miyagi Kan, Ishinomaki မြို့Volunteer Centerနှင့် Takajoshi မြို့တွေကို တစ်ရက်တာ ခရိုင်၂ခုမှာ သွားပြီး ငလျင်ခိုလှုံရေးစခန်းတွေမှာ  နေ့လည်စာ မြန်မာ ထမင်းဟင်းတွေချက် ကျွေးတာရယ်... သန့်ရှင်းရေးလုပ်အား ကုသိုလ် ပေးခဲ့ကြပါတယ်...။

နောက် အိုရှီးနိုးမားမြို့မှာရှိတဲ့လူတွေ ကိုဖိတ်ခေါ်ပြီး ထမင်းဟင်းချက် ကျွေးတာ လူ၅၇၀ ကျော်အား လှူဒါန်းကျွေးမွေးနိုင်ခဲ့ပါတယ်...။ နောက်စက်ရုံဝန်းကျင်မှာ ဆူနာမီကြောင့် တင်ကျန်ရစ်ခဲ့တဲ့ ရွံ့တွေ အလုပ်ရုံတွေကို သန့်ရှင်းရေး ထပ်လုပ်ပေးခဲ့ကြတယ်...။  ပြီးတော့ တကားဂျိုးမြို့မှာရှိတဲ့ လူနေအိမ်ခန်းတွဲ မြေညီထပ်မှာရှိတဲ့ အဆောက်အဦးတခုကို လူ(၅၀) လောက်က သန့်ရှင်းရေး လုပ်အားပေးခဲ့ကြတယ် ရွှံ့တွေအမှိုက်တွေ၊ ပစ္စည်းတွေကို တက်ညီလက်ညီနဲ့ လုပ်ခဲ့ကြတော့ အချိန်တို အတွင်းမှာပဲ သန့်သန့်ရှင်းရှင်းနဲ့  ပြီးစီးခဲ့တဲ့ အတွက်ကြောင့် သက်ဆိုင်ရာဂျပန်တွေက နှစ်ခြိုက်ခဲ့ကြပါတယ်....။
နောက် အကျွေးအမွေး အစီအစဉ်မှာ စားသောက်ကြတဲ့ ဂျပန်လူမျိုးတွေက ကျေနပ်ကြတယ် နှစ်သက်ခဲ့ကြတယ်။ အစားအသောက်တွေလည်း အချိန်တို အတွင်းမှာဘဲ အကုန်လုံးကို လှူဒါန်း ကျွေးမွေးနိုင်ခဲ့ပါတယ်။ ဒီဟာက ကျွန်တော်တို့ ဂျပန်မှာ ရှိတဲ့မြန်မာတွေရဲ့  အလုပ်ချိန် ငွေကြေး လုပ်အားကို စုပြီး အခက်အခဲ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီခဲ့တာဘဲ။ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်ဘဲ ဒီသွားရောက်တဲ့ သူတွေအတွက် အဆင်ပြေပြေ လုပ်ကိုင်နိုင်ဖို့အတွက် ငွေကြေး အလှူတွေ စားစရာ ပစ္စည်းတွေ   စတာတွေကို အများကြီး ပံ့ပိုး ကူညီပေးခဲ့ ကြတယ်။ ဒီလိုငွေကြေးတွေ ပစ္စည်းတွေသွားပြီး လှူဒါန်းကြတယ်။ နောက် ကိုယ်တိုင်ကိုယ်ကျ သွားပြီး လုပ်အားပေးကြတယ်..။  ဒီလိုဘဲ ပစ္စည်းတွေသွားပြီး ဖြစ်မြောက်အောင် ကူညီပေးခဲ့ကြ စီစဉ်ပေးခဲ့ကြတဲ့ ဂျပန်လူမျိုးတွေအားလုံး တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် ၀ိုင်းပြီး လုပ်ဆောင်ပေးကြတဲ့ အတွက်ကြောင့်မို့လို့ အခက်အခဲတွေ ချောမောစွာနဲ့ ပြီးခဲ့တဲ့အတွက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗမာတွေအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင်မို့လို့ ဒုက္ခရောက်ခဲ့တဲ့အတွက် ဂျပန်လူမျိုးတွေအတွက် ကူညီလုပ်ဆောင် ပေးရမယ်ဆိုတဲ့ ကျွန်တော်တို့ ဗမာတွေရဲ့ ရိုင်းပင်း ကူညီတတ်တဲ့ အသိစိတ်ဓါတ်ဟာ သူများတိုင်းပြည်မှာ ဘယ်လောက်ဘဲနေနေ ဘယ်လောက်ပဲကျန်ကျန် မပျောက်မပျက်ဘဲ ထိန်းသိမ်းနိုင်တဲ့ အရာဟာ အင်မတန် ဂုဏ်ယူစရာလည်း ကောင်းတယ် ကျေနပ်အားရစရာလည်း ကောင်းပါတယ်။ ဒါတွေက ကျွန်တော်တို့ ဗမာတွေရဲ့ ကောင်းမြတ်တဲ့ စိတ်ဓါတ်ပါဘဲလို့  ကျွန်တော် ပြောချင်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။"

သတင်း ဓါတ်ပုံများ နှင်ဗွီဒီယိုကို အောက်ပါ လင့်(ခ်)များတွင် ရယူနိုင်ပါပြီ...

အကျွေးအမွေး မြင်ကွင်း ဓာတ်ပုံ...
(အေးနန္ဒာအောင်... လမ်းပြကြယ်...)
ထွန်းဝေ

ခရီးစဉ်အတွင်း လိုက်ပါ ကုသိုလ်ယူခဲ့တဲ့ ကိုထွန်းဝေအား ကျေးဇူးတင်ပါသည်..။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖမြို့နယ်၊ ဝှေးနုကလယ် ကျေးရွာရှိ ပရဟိတ မြန်မာဘုန်းတော်ကြီး စာသင်ကျောင်း ကွန်ပြူတာ အခြေခံသင်တန်းဆင်းပွဲ ဖိတ်ကြားစာ....

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖမြို့နယ်၊ ဝှေးနုကလယ် ကျေးရွာရှိ ပရဟိတ မြန်မာဘုန်းတော်ကြီး စာသင်ကျောင်း၌ ပညာဒါနအဖြစ် ကွန်ပြူတာ အခြေခံသင်တန်းအား ၁.၄.၂၀၁၁မှ ၃၀.၄.၂၀၁၁ အထိ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲနှင့် သင်တန်းသား၊ သင်တန်းသူ ကလေးများ၏ စွမ်းရည်ပြပွဲအား ၅.၅.၂၀၁၁ (ကြာသာပတေးနေ့) နံနက် (၉း၀၀)နာရီတွင် ဝေးနုကလယ် ပရဟိတ မြန်မာဘုန်းတော်ကြီး စာသင်ကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်းဝေး ရပ်နီးမှ မိတ်ဆွေ အပေါင်းတို့အား ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်..။

မာရ်နတ်ရဲ့ သမီးပျို.....

မာရ်နတ်ရဲ့ သမီးပျို

အဖေက  ရာထူးကြီးကြီး
အမေက သူဌေးသမီး
ငယ်စဉ်ကတည်းက မကြောင့်မကြ
လိုချင်တာရခဲ့  ဘ၀တခု
မိဘနှစ်ပါးရဲ့ ချမ်းသာမှုကြောင့်
အားလုံးက အလေးတယူပြုခဲ့ကြတာကို
အဟုတ်မှတ် စိတ်ထင်တိုင်း
သောင်းကျန်းခဲ့တာ အကျင့်တခုလို
ဖြစ်ခဲ့တယ် ။

ဒီလိုနဲ့ အချိန်တန်တော့
လောကဘ၀ထဲကို လှပစွာ ပျံဝဲ
တက်ခဲ့တဲ့ ပါတီ ပွဲတိုင်းမှာ
လူတကာရဲ့ အားကျတဲ့ လေသံတွေကြောင့်
ညဘက်ရောက်ရင်  အပြင်ထွက်ဖို့
ပြင်ဆင်ရတာ  ကျမဘဝ
အတွက် စွဲမက်စရာ  အလုပ်တခု ဖြစ်ခဲ့ရတယ် ။

ယောက်ျာများစွာရဲ့  တပ်မက်တဲ့အကြည့်မှာ
ပျော်မြူးခဲ့ကျမ
ခန္ဓာကိုယ် အလှအတွက်
အမျိုးမျိုး ချယ်သလို့ အရောင်ဆင်
ရတာကို ကြည်နူးမိခဲ့တာ အခါခါပါဘဲ

ပိုင်ဆိုင်ချင်သူ သိပ်ကိုများတဲ့
ကျမကို စိုးရိမ်သွားတဲ့
မိဘနှစ်ပါးက အိမ်ထောင်ချပေးဖို့
စီစဉ်ခဲ့ကြတယ် …….။
အပျော်အပါးကို တပ်မက်စရာလို့ သဘောထားတဲ့
ကျမအတွက် အိမ်ထောင်သည်ဘ၀ဟာ
နှစ်မြို့စရာ  မရှိခဲ့ဘူး ………..။

ရုပ်အလှကို တန်ဖိုးထား 
ဓနဂုဏ်နဲ့ ချိန်ထိုးစဉ်းစားတဲ့
ကျမတို့ အသိုင်းအ၀ိုင်းမှာ
 မေတ္တာဆိုတဲ့ စကားကို
ရီစရာလို့ သဘောထားခဲ့တာ
အကျင့်လိုဖြစ်နေကြပြီး
အပျော်အပါးကို ဦးစားပေးတာ
အသားကျနေတဲ့ ကျမတို့အတွက်
အိမ်ထောင်သည်ဘ၀ဟာ
သိပ်ကို စိတ်ပျက်စရာ ကောင်းခဲ့ရတယ်…။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက် (နိုင်ငံလုံး ဆိုင်ရာ အလုပ်သမားအစည်းအရုံး အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း)


ကျဉ်တုတ်ခံဝံ့ မခံဝံ့ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကျဉ်တုတ်ခံဝံ့ မခံဝံ့
အစိုးရသစ်ကနေ နိုင်ငံရေးပါတီတွေ ကို သတိပေးသလိုနဲ့ NLDကို အဟမ်းအဟမ်း လုပ်လာတယ်။ ကျန်ပါတီတွေကို လဲခြိမ်းခြောက်လာပါတယ်။ စစ်သားဆိုပြီး သတ္တိရဲရဲမပြရဲတာကို ထင်ဟပ်ပြလိုက်တာပါဘဲ။ သူတို့လုပ်နည်း လုပ်ဟန်အတိုင်း ကြောက်တတ်သူကို (အဟမ်းအဟမ်း)  လုပ်ကြည့်လာတာပါ။ ကြောက်တတ်သူ မဟုတ်ရင် (ဟဲဟဲ) လုပ်ပြန်ရော။ သူတို့ သတ္တိက ရင်ဆိုင်သူရဲ့ သတ္တိအပေါ်မှာ မူတည်ပြိး ပြောင်းလဲနေတာပါ။  ကာလံ ဒေသံ ဆိုတာမျိုးပေါ့။

အဲဒီတော့ သေသေချာချာ ပြန်စမ်းစစ်ကြည့်ကြပါ။ မတရားအသင်းဆိုတာကို။ အစိုးရတရပ်ဟာ မတရားအသင်းဆိုတာကို အထူးသဖြင့်ပြည်တွင်းက အဖွဲ့ဖြစ်ခဲ့ရင် ဘယ်အဖွဲ့ ဆိုတာကို တရားဝင်ပြည်သူလူထု သိအောင် အတိအကျထုတ်ပြန်ထား ရပါမယ်။ အတိအကျ မထုတ်ပြန်ထားပဲ ဘယ်ပြည်သူတဦး တယောက်ကိုမှ ဖမ်းဆီးလို့ မရပါဘူး။ ဖမ်းဖို့နေနေသာသာ အဖွဲ့တခုကိုတောင် အဲဒီအဖွဲ့ဟာ မတရားအသင်း (ဖြစ်လေသယောင်) တောင် မပြောမဆိုရပါဘူး။ မလုပ်ရပါဘူး။ လုပ်ချင်ရင် ပြတ်ပြတ်သားသားဘဲ မင်းတို့အဖွဲ့အစည်းက ဒီလိုဒီလို အချက်အလက်တွေကြောင့် မတရားအသင်း အင်္ဂါရပ်တွေနဲ့ ငြိစွန်းနေတယ် သတိအရင် ပေးရပါတယ်။

သတိပေးလို့ မပြုပြင်မှ မလိုက်နာမှဘဲ ဖမ်းဆီးခွင့်ရှိတာပါ။ ၁၉၉၅- နိုဝင်ဘာလမှာ ရန်ကုန် အင်းစိန်ထောင်ကြီးထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မတရားအသင်းအဖွဲ့ ဥပဒေနဲ့ (အသားလွတ်) ကိုင်ခဲ့ပါတယ်။ ဘာအသင်းမှ ဖွဲ့မထားကြပါဘူး။ ထောင်ထဲမှာ တိုက်နံပတ်အလိုက် အရေးကိစ္စရှိရင် နံပတ်တစ်တိုက်က ဘယ်သူဦးဆောင်ပြော ဆိုပြီး စတိလေး သဘောတူထားတာလေး လုပ်ထားကြတာပါ။ အဲဒါကို မတရာအသင်းဖွဲ့ ထားတယ်ဆိုပြီး နှစ်တွေအများကြီး နောက်ထပ် အပြစ်ဒါဏ်တွေ ထပ်တိုးချမှတ်ခဲ့တာပါ။ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းတင်တို့ အပါအ၀င်ပါ။

အခုအဖွဲ့ချုပ်မှာ ရှိနေသလို ဘယ်သူကဥက္ကဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှုးဆိုတာ လုပ်မထားကြပါဘူး မရှိပါဘူး။ အခုအဖွဲ့ချုပ်မှာ လုပ်ထားသေးလား အစိုးရပီပီ မေးလေ။ မတရားအသင်း ထင်ထားတယ် သတ်မှတ်ထားသူကိုတော့ မထိရဲဘဲ ဘေးက သွားပတ်သက်သူကို ဖြဲခြောက်တာကတော့ ဆင်သတ်သူကို မဖမ်းရဲဘဲ ဆင်သားအရပ်ဝေသူကို ဖမ်းရာရောက်နေပါတယ်။ အစိုးရပီပီ သတ္တိရှိရင် ဆင်သတ်သူကို အရင်ဖမ်းပါ ။

ပါတီတွေ အမတ်မင်းတွေကလဲ ဒီမိုကရေစီကို တိုင်းတာဖို့ စမ်းကြည့်ဖို့လုပ်ကြပါ။ ဘယ်လောက် အတိုင်းအတာအထိ ဥပဒေနဲ့ အုပ်ချုပ်တယ်ဆိုတာ (RULE of LAW) ပေါ့။ အမတ်မင်းတို့က အစိုးရကို ကျနော်တို့က ဘယ်အသင်း ဘယ်အဖွဲ့က မတရားအသင်းဆိုတာ တိတိကျကျ မသိလို့ တရားဝင်ကြေငြာပေးပါ စာတင်လိုက်ကြပါ။ အမတ်မင်းတို့ သတ္တိပေါ်မူတည်ပြီး ဒီလူတွေရဲ့  တုန့်ပြန်ချက်က ကွာခြားပါလိမ့်မယ်။ ကြောက်တတ်ရင် (အဟမ်းဟမ်း) လုပ်ပြတာခံရပါမယ်။ ပြန်ဖြဲမယ့်သူဆိုရင် (အဟဲအဟဲ) လုပ်ပြပါမယ်။ ပြန်ချမဲ့လူ ပြန်တွယ်မဲ့သူဆိုရင် (အဟီးဟီး) လုပ်ပြပါမယ်။ ဒီလူတွေက သူတို့ကိုယ်တိုင်က မမှန်သူတွေဆိုတော့ တဖက်သား နဲ့ ခေတ်အခြေအနေကိုကြည့် တုန့်ပြန်နေကြတာပါ ။

အဟီး လား အဟမ်းလားက ကိုယ့်အပေါ် မှာလဲမူတည်ပါတယ်။ အစိုးရကိုချည်း ပုံမနေကြပါနဲ့ ။ အခုအဟမ်း တချက်လုပ်လာပါပြီ။ ကိုယ်က အဟီး လုပ်နေရင် ဟိုက အဟမ်းလုပ်မှာဘဲ။ ဒီမိုကရေစီ ပူပူနွေးနွေးလေးမှာ ကျနော်သာဆိုရင် အဲဒီလိုလာ ဟန့်ရင် သူတို့စီတောင် ဒီနေ့ အဖွဲ့ချုပ်ကိုသွားမယ် ဆိုပြီး ကြိုတင်စာပို့ အကြောင်းကြား ထားလိုက်ပါအုံးမယ်။ ပြီးမှလာဖမ်းလို့ ကတော့ ဘာလို့အစက စာနဲ့ မတားလည်း ကိုင်ထဲ့လိုက်မှာပါ။ အမတ်မင်းတို့ မကြောက်ကြပါနဲ့။ ခင်ဗျားတို့ က စကြောက်နေမှတော့ ပြည်သူအတွက် ဘာတိုက်ပေးမယ် ညာတိုက်ပေးမယ်တွေ လာအာမနေကြပါနဲ့။ ဒီမိုကရေစီ ပူပူနွေးနွေးလေးမှာ အထမဆုံး အဖမ်းခံရတဲ့ အမတ် ဆိုတဲ့နာမည်နဲ့ စံချိန် ယူပြလိုက်ချင် ပါသေးတယ်ဗျာ။ ဘာမှလဲ အစိုးရက ဒီလိုဆိုလိုတာထင်တယ် ဒါဖြစ်နိုင်တယ် လုပ်မနေကြပါနဲ့။ တားချင်ရင် ဘယ်အဖွဲ့ ဖြစ်တယ်ဆိုတာ အရင်ကြေငြာချက် ထုတ်ခိုင်းလိုက်ပါ ။

၉၀- ခုနှစ်မှာ န.၀.တ က (၁/၉၀) ထုတ်ပြန်လာတော့ (ငါကွာ အမတ်ဝင် အရွေးမခံမိတာ မှားတယ်လို့ကို နောင်တရနေမိတော့တယ်) ငြီးတွားနေမိတော့တယ်။ ကိုက်ထဲ့ချင်တာမှ သခွားသီးဝါးသလို ဂျွမ်းဂျွမ်းမြည်အောင် ကိုက်ထဲ့ချင်နေမိတယ်ဗျာ။ ထောင်ကိုမကြောက်လို့ မဟုတ်ပါဘူး။  ကိုယ်ဘက်က အပိုင်ပြန်တွယ်လို့ရတဲ့ ဂွင်မြင်လို့ပါ။ သတ္တိ ပြနေစရာမလိုပါဘူး။ ဥပဒေနဲ့ ပြန်ပက်ထည့်လိုက်ရုံပါ။ တကယ်ပါ... ကျနော့်မြို့ မုံရွာသူ/သားတွေက မဲတောင် ဆွယ်တာတောင် မလုပ်ပါနဲ့ အမတ်ဝင်ပြိုင်မယ်သာ ကတိပေး ကျန်တာသူတို့ အကုန်လုပ်မယ် တဖွဖွ တောင်းဆိုကြတာပါ။ သုံးလေးခါ ဖုံးဆက် တောင်းဆိုနေကြတာပါ။