ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ အခမ်းအနား (ဓာတ်ပုံ၊ မှတ်တမ်း)


ဓာတ်ပုံ အကိုကြီးကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်..။

ဂျပန်နိုင်ငံရဲ့ TBS သတင်းဋ္ဌာနမှ ထုတ်လွှင်သွားတဲ့ ယနေ့ (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ (ရုပ်သံ)

နောက်ဆုံးရ ဆက်စပ်သတင်းများ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များက ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း ရေးသားထားသည့် စာများကို ယနေ့ တောင်ဥက္ကလာနဲ့ တောင်ဒဂုံမြို့နယ်များမှာ ထပ်မံပြုလုပ်ခဲ့ပါတယ်..။ ပြီခဲ့တဲ့ ရက်များက မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်များ၌လည်း ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်..။

ယနေ့ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲအဖြစ် အဖွဲ့ချုပ်မှ လူကြီးများအား ကန်တော့ပွဲအခမ်းအနား ပြုလုပ်မှာ ဖြစ်ပါတယ်...။

ကျောက်ဖြူရေဘေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် အဖွဲ့မှ သွားရောက် လှူဒါန်းကူညီမှုများ ပြုလုပ်မည်ဟု သိရှိရပါသည်...။

ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့မှလည်း ကျောက်ဖြူလေဘေးအတွက် ဆန်အိတ်ပေါင်း ၃၀၀ကျော် လှူဒါန်းပေးပို့ခဲ့ပြီး ဖြစ်ကြောင်းနှင့် မုန်တိုင်းဒဏ်ခံရသည့် ဧရိယာကျယ်ဝန်းသဖြင့် အကူအညီများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း.. ရခိုင်လူမှုရေးအသင်း(ဂျပန်)မှ ကိုမြတ်သူကဆိုပါတယ်။

ကျောက်ဖြူရေဘေးအတွက် ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းမှ ကူညီထောက်ပံမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်..။
ကိုမြတ်သူ... 090-5521-3941 ကိုမောင်မောင်.. 090-4363-5537

ယခုလတ်တလော အခြေအနေရ ယခင်နာဂစ်ကဲ့သို့ အဆိုပါ ဒေသမှ ဒုက္ခရောက်နေသည့် ပြည်သူများ၏ အသံများ၊ ဓာတ်ပုံများ နိုင်ငံတကာသို့ ရောက်ရှိခြင်းမရှိစေရန် အင်တာနက် လိုင်းများအား နှေးကွေးစေခြင်း ဖြတ်တောက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်..။

ဒီမိုဝေယံ

မြန်မာပြည်က လတ်တလောစာ...

ကွန်နက်ရှင်အရမ်း ဆိုးဝါးနေပြီ... နောက်ရက်တွေ ဒီထက်ဆိုးနိုင်တယ်... ပုဂံကတော့ သူ့ ရတနာပုံ ဆိုဒ်ကို ကြေငြာဝင်နေတယ် ဘာမှမရဘူး ...အဲဒါပဲ ဖွင့်လို့ရတယ်....။ ပြည်တွင်း ဆိုဒ်တွေပဲ ဖွင့်လို့ရတယ်။ အမ်ပီတီလဲ ဒီလိုပဲ တော်တော် လေးနေတယ် နဲနဲတော့ဖွင့်လို့ရသေးတယ်....။ အင်တာနက်ဆိုင်တွေစီးပွားပျက်ကိန်းပဲ ဘောပွဲသမားတွေလဲ တိုင်ပတ်တာပေါ့ အင်တာနက်မရတော့ ကြေးဖွင့်ဖို့အခက်အခဲဖြစ်ကုန်တယ်...။ ဘာကြောင့်ဆိုတာ မေးလို့ကိုမရတာ ဖုန်းဆက်ရင် မကိုင်တော့ဘူး.. အမ်ပီတီကတော့ မေးဖို့မစဉ်းစားနဲ့ ဘာတွေဖြစ်နေသလဲဆိုတော့... အခြေအနေက ရှုပ်ထွေးသလိုဖြစ်နေတယ်ထင်တာပဲ။

လုံခြုံရေးက ပိုတင်းလာတယ် ရန်ကုန်မှာ လူကြီးတွေ တော်တော်ပြန်ရောက်နေတော့ လမ်းတွေဆိုလဲ ... အရင်လိုပြန်ပိတ်နေတယ်..။ မျက်စိနောက်စရာ ရဲလှည့်ကင်းကား တွေနဲ့ သူတို့ ယာဉ်တန်းတွေ က လမ်းပေါ်အမြဲတွေ့နေရတယ်။ ပြည်သူတွေ သွားလာရေးကအစ ခက်ကုန်တာပေါ့...။ ငွေအကြွေ ပြသာနာလဲမသေးဘူး ... ကားသမားတွေ အကြွေမအမ်းနိုင်တာကြာပြီ..။

ရွေးကောက်ပွဲပြီးရင် နောက်တက်မဲ့အစိုးရ အဖွဲ့ နဲ့ လွှတ်တော်က ကျောင်းသားသမဂ္ဂ ကို ဖွဲ့ခွင့်ပေးမလားလို့ မေးလိုက်ချင်တယ် အခုလောလောဆယ် ပါတီဆိုတဲ့သူတွေ ကျောင်းသားအရေး ဘုန်းကြီးအရေးဘာမှမပါဘူး ပေါ်လစီအရေးပဲ တွေ့နေရတယ်..။ ဒီနေ့ ဒီအချိန် ဒီလို အခြေအနေဖြစ်ပေါ်လာတာ ကျောင်းသား ပြည်သူ ရဟန်းရှင်လူတွေရဲ့ သွေးတွေ မြေကျခဲ့ရပြီး အခုတော့ အဲဒီသွေးတွေ ဆေးကြော သုတ်သင်ပစ်လိုက်ကျပြီ ... ။ မေ့လိုက်ကျပြီ.. ဖုတ်ပူမီးတိုက်ပါတီတွေ က ဖုတ်ပူမီးတိုက်ရွေးကောက်ပွဲ ကို ဖုတ်ပူမီးတိုက် ပေါ်လစီတွေ နဲ့ ဖုတ်ပူမီးတိုက်ကြီးတွေကြိုက်အောင် ၀င်ကြယှဉ်ကြတော့မယ်...။ အချိန်က စကားပြောမှာပါလေ... အချိန်တန်တဲ့ တစ်နေ့မှာတော့..

မီးပျက်သွားပြီဗျို့ လက်စမသိမ်းပဲ.. တန်းလန်းပေါ့..

KSL

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ကြေငြာချက်အမှတ် ၁၁/၁၀/၁၀

NLD
NLD

အမြင်မှားကို လက်ခံထားကြသူများ...

အမြင်မှားကို လက်ခံထားကြသူများ (ဗမာ့သွေး)

ကျွန်တော်တို့ ငယ်ငယ်တုန်းက စစ်အစိုးရ ၀ါဒဖြန့် ဇတ်လမ်း ရုပ်ရှင်ကားများ အလွန်များသည် ။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကို နိုင်ငံရေး လုပ်ရှားသူများ ကြောင့်ဟု အဓိပ္ပာယ်ပေါ်အောင် အမျိုးမျိုး လုပ်ဆောင်ပြကြသည် ။ အချို့အတွေးအခေါ်များသည် ၀ါဒဖြန့်သည်ဟု မထင်ထားရအောင် ညက်ညောလှပေသည် ။ ကိုယ်ကျိုးရှာလိုသည့် အသိညဏ်ကို သစ္စာဖောက်သည့် ပညာရှင် အမည်ခံများ၏ လုပ်ရပ်များကြောင့် ယနေ့လူငယ်များသည် နိုင်ငံရေး ဆိုသည့်စကားကို ပြောကြားရမည်ကို ပင် ခါးသီးစွာ ငြင်းဆန်နေကြသည် ။

မည်သည့်ဇတ်လမ်းထဲ တွင်ဟု ပါဝင်သည်ဟု အသေအချာ မမှတ်မိသော်လည်း ထို ၀ါဒဖြန့်သည့် အတွေးအခေါ် တရပ်သည် လူတော်တော်များများ ယခုချိန်ထိ လက်ကိုင်ထားကြတုန်းပင်ဖြစ်သည် ။ သူတို့တင်ဆက် ပြသပုံမှာ ( ဂ ) အက္ခရာလေးကို ရေး၍ အမြင် မတူသည့် ဘက်မှကြည့်ကာ အဓိပ္ပာယ်ကောက်ယူကြခြင်းကို တင်ပြထားသည် ။ တပည့်ဖြစ်သူဘက်မှ ကြည့်လျှင် ( ဂ ) ဖြစ်လျှက် ဆရာဖြစ်သူဘက်မှ ကြည့်လျှင် ( ပ ) ဖြစ် နေသလို ကြားနေ သမား တစ်ဦးဘက် ကကြည့်လိုက်ပြန်တော့ မြန်မာ လို ( ၁ ) ဂဏန်း ဖြစ်နေသည်ကို နေသည်ကို တင်ပြ ဆွေးနွေးကြသည့် အခန်းလေးပင် ဖြစ်သည် ။ အချို့လူများ ထိုဇတ်ဝင်ခန်းလေးကို မှတ်မိကြအုံးမည် ထင်ပါသည် ။

ထိုသို့ အမြင်ကွဲလွဲမှု ကို ဥပမာပေး၍ စစ်အစိုးရဘက် မှကြည့်လျှင် သူတို့လုပ်ရပ် မှန်သည်ဟု ယူဆ၍ ဒီမိုကရေစီ လုပ်ရှားသူများ က အမြင်ကွဲလွဲမှုကြောင့် သူတို့အား အတိုက်အခံ လုပ်နေသည်ဟု တင်ပြထားကြခြင်း ဖြစ်သည် ။ ထိုအယူဝါဒ ဖြန့်မှု ကို အဟုတ်မှတ်ကာ လူတော်တော်များများ အမြင်ပြောင်းလဲမှု နှင့် ပက်သက်လာခဲ့လျှင် ယနေ့ထိ ထိုအယူဝါဒကို လက်ကိုင် ထားကြတုန်းပင် ရှိသေးသည် ။

တနေ့ကျွန်ူပ်နှင့် ကျွန်ူပ်၏ သူငယ်ချင်း တစ်ယောက် ဆုံမိသော တစ်ယောက်နှင့်တစ်ယောက် စကားလက် ဆုံကြရာက အမြင်မတူညီသည့် ရှုထောင့်များ အကြောင်းကို ရောက်ရှိသွားသည် ။ ထိုအခါ သူငယ်ချင်း ဖြစ်သူက ထိုအယူဝါဒကို ဥပမာပေး၍ ကျွန်ူပ်တို့ ဆွေးနွေးသည့် ကိစ္စ ကို သူကပြန်လည် ဖြေရှင်းပြပါသည် ။ ကျွန်ူပ်က စာရွက်တရွက်နှင့် ဘောပင် တစ်ချောင်းတောင်းကာ သူ့ကို (ဂ) အက္ခရာကို မျဉ်းနှစ်ကြောင်းစာခန့် စာရေးသားခြင်း စနစ်အတိုင်း ရေးသားခိုင်းလိုက်သည် ။ ပြီးသော အခါသူ့ကို ပြောင်းပြန်လှန်၍ ဖတ်ခိုင်းလိုက်သည် ။ ( ပ ) အက္ခရာ ရေးထားသည်ဟု ထင်မိသေးလားဟု မေးကြည့်သည် ။ သူက ( ပ ) ဟု ထင်မြင်ယူဆမိ၍ ရသော်လည်း သတ်မှတ်ထားသည် စာပေးရေးသားခြင်း စည်းမျဉ်း အတိုင်း ဆိုလျှင် မှားယွင်းနေကြောင်း သူက ပြန်ဖြေပါသည် ။ တကယ်လည်း ဟုတ်ပါသည် ။ စာရေးသားခြင်း နှင့် ပက်သက်၍ စည်းမျဉ်း စည်းကမ်းများ အတိအကျ ရှိပါသည် ။ ထိုစည်းမျဉ်းစည်းကမ်း များဖြင့် ချိန်ထိုး စဉ်းစားပါက (ဂ) အက္ခရာသည် မတူညီသည့် ရှုထောင့် ပြောင်းလဲ ကြည့်ရုံမျှဖြင့် ( ပ ) အက္ခဟု ပြောလို့မရပါ ။ စာစတင် ရေးသား သူတိုင်းသည် ဘယ်ဘယ်မှ စတင် ရေးသားရမည် ။ စတင်ရေးသားသည့် နေရာမှာ စာရွက်စွန်းနှင့် တလက်မခန့်ခွာကာ ရေးသားလေ့ ရှိကြပါသည် ။ ထို ( က ) ရေးသားထားသည့် စာရွက်ကို ပြောင်းပြန်လှန်၍ ဖတ်ကြည့်လျှင် ( ပ ) ပါလို့ ဗလာ အမြင်အား ဖြင့် ထင်မြင်ယူဆလို့ရသော်လည်း စာရေးသားသည့် စနစ်ကို အခြေခံထား၍ မျဉ်းကြောင်းများ ဆွဲကာ စဉ်းစားလျှင် မှားယွင်းနေပါသည် ။

ယနေ့ရွေးကောက်ပွဲ နှင့် ပက်သက်၍ အငြင်းပွားနေကြရ ခြင်းမှာ ထိုကဲ့သို့ အမြင်မတူမှု များကို အခြေခံထားသောကြောင့်ဖြစ်သည် ။ တကယ့် သဘာဝ အမှန်တရား ဆိုသည်ကား နေရာတိုင်းတွင် ရှိနေသည် ။ လူတို့၏ စံနူန်းသတ်မှတ်ချက် များသည်လည်း သဘာဝကို သာ အခြေခံ သတ်မှတ်လေ့ရှိသည် ။ သူတို့ဘက်က ကြည့်လျှင် သူတို့ မှန်သည်ဟု ဒီနေ့ရွေးကောက်ပွဲ ၀င်မည့်သူများကလည်း ပြောကြပါသည် ။ စစ်အာဏာရှင် များကလည်း သူတို့က လက်ရှိအာဏာကို ထိန်းသိမ်းသူများ ဖြစ်သော ကြောင့် အာဏာကို မလွှဲပြောင်းလိုသည့် အတွက် သူတို့ မှန်သည်ဟု ယူဆကြပြန်သည် ။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်များကလည်း သူတို့ရွေးကောက်ပွဲကို လက်မခံသည်မှာ မှန်သည်ဟု ထင်ကာ ကန့်ကွက် ဆန္ဒပြနေကြပါသည် ။

ထိုအမြင်တို့တွင် မည့်သည့် အမြင် က မှန်သနည်း ။ ဆွေးနွေးကာ အဖြေရှာသင့်လှပေသည် ။ သူ့အတွေး ကိုယ့်အတွေး ရှုထောင့် မတူယုံမျှ ဖြင့် အားလုံးရဲ့ အတွေးမှန်ကန်သည်ဟု မဆိုသာပါ ။ လက်တွေ့ကျကျ အဖြေရှာလို့ ရနိုင်မည့် နည်းလမ်းများကို သုံးကား စဉ်းစားသင့်ပေသည် ၊ ထိုသို့ စဉ်းစားရာတွင် သဘာဝ အမှန်တရားကို အခြေခံ၍ ဒီမိုကရေစီ ကျင့်သုံးကာ ထိပ်ဆုံး ရောက်နေသည့် ဒီမိုကရေစီ နိုင်ငံများ၏ အခြေခံများကို စံနှုန်း အဖြစ် သတ်မှတ်ကာ လက်တွေ့ကျကျ ဝေဖန်သုံးသပ်ရဲရမည် ။ ထိုသို့ စံချိန်စံနှုန်း မကိုက်ညီပါဘဲ နှင့် ဗလာ အမြင်ကို အခြေခံထားသည့် ၀ါဒတရပ်ကို လက်ခံလိုက်လျှင် မိုက်မဲ ရာ ရောက်သည် ။ တိုင်းပြည် အရေးဖြစ်၍ အတ္တလေးများ နည်းနည်းလျှော့ထားကာ မှန်ကန်သော အမြင်များဖြင့် ကြည့်မြင်ကြကာ စစ်မှန်သော လမ်းစဉ်နောက်ကိုသာ လိုက်စေချင်ပါသည် ။

ပထမဆုံး စစ်အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နေသည့် အာဏာရှင် များ ၏ အမြင်ကို ဝေဖန်ကြည့်ကြမည် ။ဌင်းတို့ကား ထူးထူးခြားခြား စဉ်းစားစရာလို မလိုလောက် အောင်ကို သိမြင် ထင်ရှားလွန်းလှပေသည် ။ ထို့အပြင် သူတို့၏ အာဏာကို တွယ်မက်သည့် စိတ်သည် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြသည်သာ မက သူတို့တာဝန်ယူထားသည့် (၂၂ )နှစ် လုံလုံး လုပ်ဆောင်ချက် များကို ယနေ့မြန်မာပြည် လက်ရှိ အနေအထားကို သက်သေ ထား၍ စဉ်းစားကြည့်လျှင် သူတို့တွေ ဆက်လက် အုပ်ချုပ်နေသမျှ မည်သည့် အခါမှ တိုင်းပြည် တိုးတက်လာမည် မဟုတ်ဟု ၉၅%သော လူများ လက်ခံ ယုံကြည် ထားကြပါသည် ။ သူတို့သည် ( ဂ )ကို (၁) ဟု မြင်နေကြသူများပင် ဖြစ်သည် ။

ရွေးကောက်ပွဲ ၀င်မည့် ပါတီအားလုံးသည် ယခု ရွေးကောက်ပွဲ တရားမျှတမှု မရှိသည်ကို သိထားကြပါသည်။ သို့သော် ထိုမတရားမှု ကို အခြေခံထားသည့် ထိုရွေးကောက်ပွဲ ဖြစ်မြောက် လာအောင် မတရားမှန်း သိလျှက် နှင့် လက်ခံထား ကြပါသည် ။ မတရားမှု ကို လက်ခံသူသည် တနည်းအားဖြင့် ထိုမတရားမှု ကို အားပေးသူများသာ ဖြစ်သည် ဟု စာပေကျမ်းဂန်များ တွင် အထင်အရှားတွေ့နိုင် သလို ပညာရှင် များ၏ မိန့်ကြားချက်များတွင်လည်း ပါရှိပါသည် ။ ယခု ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့လျှင်လည်း စစ်အာဏာရှင်များသာ လူဝတ်လဲ အုပ်ချုပ်မည်ကို လူတိုင်းနီးပါး သိရှိထားကြပါသည် ။ အဆိုပါ စစ်အာဏာရှင်များ အုပ်ချုပ်နေသရွှေ့ တိုင်းပြည်အခြေအနေကား ဆိုးသထက် ဆိုးဝါးလာအုံးမည် ဖြစ်ပါသည် ။ ထိုသို့စစ်အာဏာရှင်များ ၏ အကြံအစည်ကို ကြိုတင် သိမြင်ပါလျှက် ဌင်းတို့သည် မရောက်သေးသည့် လွှတ်တော် ဆိုသည့် စကားကို တွင်တွင် ပြောကြားနေကြပါသည် ။ နိုင်ငံတော် အလံကို လွှတ်တော် ခေါ်ယူပြီး နောက်ပိုင်း (၉၀) ကြာမှ အတည်ပြုမည်ဟု အထင်အရှားပါရှိပါသည် ။

သို့သော် ရူးကြောင်ကြောင်နှင့် ကျပ်မပြည့်သည့် အတွေးအခေါ်ပိုင်ရှင် ကြီးများ သည် သူတို့ လုပ်ချင်သည့် ရက်တွင် ကျင်းပသွားပါသည် ။ ရွေးကောက်ပွဲဝင် မည့်ပါတီများ ကန့်ကွက် နိုင်ပါ၏လော ။ မကန့်ကွက်နိုင်ပါ ။ မည်သူမျှလည်း တရားဝင် ကန့်ကွက်သည်ဟု ပြောဆိုသံ မကြားရပါ ။ ဤသည်ကို ပြည်သူလူထု အနေဖြင့် သတိထား စဉ်းစားသင့်ပေသည် ။ ယခု ရွေးကောက်ပွဲ ပြီးမြောက်၍ လွှတ်တော်သို့ ရောက်ခဲ့ လျှင်လည်း ယခုကဲ့သို့ အာဏာရှင်တွေ လုပ်သမျှ ခေါင်းငုံ့ခံနေကြမည့် ပါတီများက ပြည်သူလူထု အတွက် တရားမျှတသော စနစ်ကို တောင်းဆိုမည်ဟု ထင်ထား ကြခြင်းသည် လုံးဝ မှားယွင်းနေပါသည် ဟု လက်တွေ့ကျကျ ထင်မြင် ယူဆမိလေသည် ။ ယခုလက်ရှိ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်အားစုများ အား အဘက်ဘက်မှ အားနည်းအောင် ကြိုတင်ကြံစည် ထားသည့် အပြင် သဘာဝ အမှန်တရား နှင့် စစ်မှန်သော ဒီမိုကရေစီ စံနှုန်းများဖြင့် လုံးဝ မကိုက်ညီသော ကြောင့် တညီတညွတ်တည်း ကန့်ကွက်သင့်ပါလျှက် မျက်လုံးစုံမိတ်ကာ ရသလောက်လေး တိုးကြည့်ပါရစေဟု အကြောင်းပြကာ လူထုကို ကျွန်အဖြစ် တရားဝင် သွတ်သွင်းသည့် အခမ်းအနားကို တက်ရောက်ခိုင်း နေသည်က မှားနေပါသည် ။

ထိုသူတို့ လက်သုံးစကား မှာ လုပ်စရာနည်းလမ်း မရှိ၍ ဤရွေးကောက်ပွဲသည် ထွက်ပေါက်ဟု ခံယူ ထားကြသည်ဟု အကြောင်း ပြလာကြသည် ။ တကယ့် အစစ်အမှန်မှာ ထိုသို့မဟုတ် လုပ်စရာ နည်းလမ်း များရှိပါသည် ။ လူထုကို အခြေခံလျှက် စေ့စပ်ညှိနှိုင်းရေး ကို အခြေခံသည့် တွေ့ဆုံဆွေးနွေးပွဲကို
လုပ်၍လည်း ရသည် ။ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်သည် ဆိုလျှင် စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ကို စေ့စပ် ညှိနှိုင်းရေး လမ်းစဉ် ကို လက်ခံရမည် ။ ထိုသို့စေ့စပ်ညှိနှိုင်းရေးကို လက်မခံခဲ့လျှင် လူထုက တညီတညွတ်တည်း သပိတ်မှောက်ကာ လက်ရှိအစိုးရကို အလို မရှိကြောင်း ကန့်ကွက် ဆန္ဒပြရမည် ။
ကန့်ကွက် ဆန္ဒပြမည့် တော်လှန်ရေး လမ်းစဉ်ကို ဦးတည်လိုက်ပြီ ဆိုတာနဲ့ အကြောက်တရားကို ဦးတည်ထားသည့် လူများက ထကန့်ကွက်ကြသည် ။ လူထု နစ်နာပါတယ် ၊ လူထုတွေ အသေအကြေ အပျက်အစီး ရှိပါမယ်လို့ အကြောင်းပြ လာတတ်ကြတယ် ။ အေးချမ်းစွာ ပြည်သူလူထု ဆန္ဒဖော်ထုတ်ပွဲကို လုပ်ဆောင် တာဟာ အသေအကြေ အပျက်အစီးများ ရှိ၏ မရှိ၏ ဟူသည်မှာ လက်ရှိ စစ်အစိုးရ၏ တုန့်ပြန်နှိမ်နှင်းမှုပေါ် တွင်သာ အခြေခံသည် ။ ဒီမိုကရေစီ နိုင်ငံတည်ထောင်မည်ဟု ကြံစည်လျှင် လူထု၏ သဘောထား ကို ဖော်ထုတ်သည့် အေးချမ်းစွာ ဆန္ဒပြသည့် အနေအထားလောက်ကို တော့ လက်ခံထားရမည် ဟု ထင်မြင်ယူဆမိပါသည်။

ထို့ကြောင့် လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်းသည် လူအသေအပျောက်ရှိ နိုင်သည်ဟု ယူဆခြင်းမှာ လက်ရှိ စစ်အာဏာရှင်များ ၏ ဒီမိုကရေစီ ကို ချည်းကပ်ပါသည် ဆိုသည့် စိတ်နေစိတ်ထားကို မယုံကြည်ခြင်းကြောင့် ဖြစ်သူဟု ယူဆ၍ ရသည် ။ ထိုသို့ စစ်အာဏာရှင်များ၏ ဒီမိုကရေစီ လမ်းစဉ်ကို မယုံကြည်ပါ ဆိုလျှင် စစ်အာဏာရှင် ကျင်းပသည့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲကို ဘာကြောင့် လက်ခံထားကြပါသနည်း။
တကယ်တော့ လက်ရှိ စစ်အစိုးရသည် လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ပိုယုတ်မာတာ အားလုံး သိပြီးသားပါ ။ ဒါကြောင့် သူတို့တွေ လုပ်သမျှ ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်တဲ့ လုပ်ရပ်ဆိုတာ မရှိဘူးဆိုတာ သမိုင်းမှာ သက်သေအမျိုးမျိုး ရှိနေပါလျှက် အစိုးရ ၏ သဘောထားကို လိုက်လံ ခေါင်းငြိမ့်နေသည့် လူများ အကြီးအကျယ် လမ်းလွှဲ လိုက်နေသည်ဟု သေချာပေါက် ပြောလို့ရပါသည် ။
စစ်မှန်၍ ပြည်သူလူထု အကျိုးကို လိုလားသည့် အနေအထားဘက်က (ဂ) ဟု ရေးသားသည် ကိုသူတို့ဘက်မှ ပြောင်းပြန်ကြည့်ကာ ( ပ) လို့ ဗလာ အမြင်ဖြင့် ထင်မြင် ယူဆနေကြသော်လည်း တကယ့်အစစ်အမှန် သဘာဝ အမှန်တရားနှင့် ဒီမိုကရေစီ စံနှုန်းများ ၊ အာဏာရှင်တို့၏ ယုတ်မာပက်စက်မှု ကို အခြေခံကာ တွက်ဆထားလျှင် (ပ) ဟု ဘယ်လိုနည်းနှင့်မျှ ပြောလို့မရပါ ။ ထို့ကြောင့် ယခုရွေးကောက်ပွဲ ၀င် မည့်ပါတီများနှင့်မဲပေးရန် လိုက်လံ နိုးဆော် နေသူများသည် (ဂ)ကို (ပ)ဟု ဗလာအမြင်ဖြင့် ထင်မြင်ယူဆနေ ကြသူများသာ ဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်တော်တော်များများက ယနေ့ စစ်အစိုးရ ကျင်းပသည့် တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြသည် ။ သူတို့ ပြောသော သဘောထားသည် လည်း ရှင်းလင်းသည် ။ မတရားတာကို လက်မခံလိုသောကြောင့်ပင်ဖြစ်သည် ။ ထို့အပြင် နိုင်ငံရေးလုပ်သည့် အဓိက ရည်ရွယ်ချက်မှာ လူထုကောင်းစားရေးကို ဦးတည်ထားသည့် အတွက် လူထု အကျိုးစီးပွား ပျက်စီးစေမည့် ကိစ္စကို လုံးဝ လက်မခံနိုင်ဟု တင်ပြလာကြပါသည် ။ ထို့အတူ စစ်အာဏာရှင် များ ဆက်လက် ခေါင်းဆောင်နိုင်အောင် အမျိုးမျိုး အဖုံဖုံ ကြံစည် အကွက်ချ ရေးဆွဲထားသည့် ဥပဒေများကို သူတို့ လက်မခံနိုင်ပါဟု ခံယူထားကြသည် ။ တကယ့်သဘာဝ အမှန်တရားသာ မက ကျမ်းဂန်များအဆိုအရကော ၊ လက်ရှိတိုင်းပြည် အနေအထား နှင့် ပညာရှင်များ၏ စကားကို ထောက်ဆခြင်းအားဖြင့် ယခု ရွေးကောက်ပွဲကို လက်မခံခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည် ။ သူတို အမြင်သည် ရှင်းလင်းသည် ၊တရားမျှမှုကို အခြေခံထားသည့် အတွက် လက်ခံကျင့်သုံးသင့်သည့် အယူအဆ ဖြစ်လေသည် ။ ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေသူများက ပြောသည့် စကားများဖြစ်၍ ပို၍ အလေးထားကာ စဉ်းစားမိသည် ။ ထို့ကြောင့် လက်ရှိရွေးကောက်ပွဲကို ဆန့်ကျင်သူများသည် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ ပေါ်မှ ကြည့်လျှင်ပင် (ဂ)ကို အမှန်အတိုင်း (ဂ) ဟု ထင်မြင်သူများဟု သေချာပေါက် ပြောလို့ရပါသည် ။

စစ်အာဏာရှင် တွေ ဆက်လက် အုပ်ချုပ်နေသမျှ တိုင်းပြည် ပြိုကျပျက်စီးမှာ ၉၅% သော ပြည်သူလူထု က သိနေပါလျှက် နှင့် ထိုသူတွေ ဆက်လက် အုပ်ချုပ်မည့် ရွေးကေက်ပွဲ ကြမှ ထင်မြင်ယူဆချက်တွေ အမျိုးမျိုး ကွဲပြားလာတာဟာ ကိုယ်သိထားတဲက အမှန်တရားကို ချစ်မြတ်နိုး တန်ဖိုးထားမှု နဲ့ သာ နှိုင်းယှဉ် စဉ်းစားကြလို့ပါ ။ သိပ္ပံနည်းကျ တိုးတက်နေတဲ့ ခေတ်ကြီးမှာ စနစ်တွေ အမျိုးမျိုးရှိနေသ်ာလည်း အခြေခံထားသည့် စံနှုန်း သတ်မှတ်ချက်များ ရှိပါသည် ။ အပူချိန်၊ အချိန်၊ အလေးချိန် ၊ အမြန်နှုန်း တိုင်းတာသည့် စနစ်များ အတိအကျ ရှိပါသည် ။ ထို့အတူ ဒီမိုကရေစီ ခေါ် လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်ကို တည်ဆောက်လိုပါလျှင်လည်း စံထားရမည့် အချက်များကို အခြေံမခံဘဲ ကိုယ်ပိုင် အတွေးအခေါ်များနှင့် တွေးခေါ်ကာ ငါတို့ အမြင်မှန်ပါသည်ဟု ယူဆနေသမျှ စစ်မှန်သော စည်းလုံးညီညွှတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပါ ။ ထို့ကြောင် ကိုယ်ထင်မြင် သုံးသပ်ချက်များကို ဗလာစာရွက် ပေါ်တွင် အမှန်တရားဆိုသည် မျဉ်းကြောင်းများ မဆွဲဘဲ ကြည့်နေသည့် ငါအယူဝါဒက မှန်တဲ့ ဆိုတဲ့ အတွေးအခေါ်ကို စွှန့်လွှတ်ကာ အမှန်တရား ကို အခြေခံထားသည့် မျဉ်းကြောင်းများပေါ်တွင် အခြေခံ၍ အတည့်အတိုင်း မြင်တတ်လာအောင် ကြိုးစားသင့်ပါမှ အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လာမည် ဖြစ်ပါသည် ။ ထိုသို့အမှန်တရားကို ရင်ဝယ်သားလို သိမ်းပိုက်ကာ ဖြောင့်မတ်သည့် စိတ်ထားကို မွေးမြူကြမှာသာလျှင် မကြာမှီ ပြည်သူလူထု ကျွန်အဖြစ် သွတ်သွင်းပွဲ အခမ်းအနားကို ရှောင်ရှားနိုင်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ပြည်သူလူထု အကျိုးကို လိုလားသည့် လူတစ်ယောက် အနေဖြင့် တင်ပြလိုပါသည် ။

ထို့အတူ ဒီမိုကရေစီ လုပ်ရှားနေသူများကြောင့် တိုင်းပြည် ဆင်းရဲ နေရပါသည် ဟု နအဖ စစ်အာဏာရှင် များ၏ အယူအဆသည် လုံးဝ မမှန်ကန်ပါ ။ ကိုယ်တိုင် ညဏ် အမြော်အမြင်နည်းကာ ပညာမတတ်သော သူများကို နေရာ ပေးကာ မြှောက်စားထားရခြင်း၏ အကျိုးဆက်များကြောင့် တိုင်းပြည် အတွက် တိုးတက်မှု မရှိ ၊ အဘက်ဘက်မှ ဆုတ်ယုတ်လျှက် ရှိနေသည်မှာ လက်ရှိ တိုင်းပြည် အခြေအနေက သက်သေပြလျှက်ရှိပါသည် ပြည်သူ လူထု မှာ ၀မ်းရေး အတွက်ပင် အမျိုးမျိုး ကြိုးစားရုန်းကန် နေရသည်မှာ ဒီမိုကရေစီ လုပ်ရှား သူများကြောင့် မဟုတ် ၊ အာဏာရှင်စနစ် ဖြစ်ပွား နေသော ကြောင့်သာ ဖြစ်ပါသည် ။ ထိုအာဏာရှင် စနစ်ဆိုး အောက်မြောက်အောင် ရုန်းထွက်ကြရမည်မှာ တိုင်းပြည်ကို တိုးတက်ထွန်းကားစေလိုသော နိုင်ငံသားတိုင်း၏ တာဝန် ပင်ဖြစ်သည်ကို ခံယူထားလျှက် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာတာဝန်ထမ်းကာ အာဏာရှင် စနစ်ဆိုးကြီးကို ဆန့်ကျင် တိုက်ထုတ်ကြပါစို့ .....။

ခင်မင်လေးစားလျှက်
ဗမာ့သွေး


စမ်းချောင်းက မီးထွန်းပွဲ ( မြန်မာပြည် အမှတ်တရ)

၁။ မြသိန်းတန် ဓမ္မာရုံရှေ့ မီးထွန်းပွဲ
၂။ ပဒုမ္မာလမ်း မိးထွန်းပွဲ
၃။ အရှေ့ ကုန်းလမ်း မီးထွန်းပွဲ
၎။ မင်းလမ်း မီးထွန်းပွဲ
၅။ မင်္ဂလာလမ်း မီးထွန်းပွဲ

ရေးသား ပေးပို့သူ.. အောင်မျိုးထွန်း

၂၅- ၁၀- ၂၀၁၀
“ သီတင်းကျွတ်လ မီးထွန်းပွဲ ” သီတင်းကျွတ်ပွဲတော်လည်း ချို့ တဲ့လာပါတယ်။ ကျွန်တော် ၁၀ နှစ်သား စမ်းချောင်းသီတင်းကျွတ်ရဲ့ စည်ကားပျော်ရွှင်မှုနဲ့ ဒီနေ့ နှစ် ၃၀ ကျော်ကြာ စမ်းချောင်း သီတင်းကျွတ် ရှုခင်းရှုကွက်တွေဟာ သိပ်ကို ခြားနားသွားပါပြီ။

လူတွေ ပိုဆင်းရဲလာတယ်။

လူတွေ အတ္တ ပိုကြီးလာတယ်။

လူတွေ ပျော်ပွဲရွှင်ပွဲတွေကို စိတ်ဝင်စားမှု နည်းလာတယ်။

ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဆယ့်နှစ်လရာသီပွဲတော်တွေရဲ့ ရှေ့ ရေးအတွက် ရင်လေးနေမိပါတယ်။


၂၀၁၀ သီတင်းကျွတ်လပြည့်နေ့ က စမ်းချောင်းမြို့ နယ် နေရာတချို့ က မီးထွန်းပွဲဓာတ်ပုံလေးတွေပါ....

အောင်မျိုးထွန်း

တစ်ခါတစ်လေ တော့လည်း ကိုယ့်တိုင်းပြည် အမှတ်တရလေးတွေပေါ့...

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ သဘောထားထုတ်ပြန်ချက်နှင့် နအဖအလံသစ်အား ကြိုဆိုပွဲ ဓာတ်ပုံ...

တရားမမျှတသော နအဖ စစ်အာဏာရှင်များ၏ ၂၀၁၀-ရွေးကောက်ပွဲအား မထောက်ခံကြောင်း
သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA) ၏
ထုတ်ပြန်ကြေငြာချက်ကို မေမေ့သား ရှင်ဝါ ဖတ်ကြားနေစဉ်

နအဖယတြာအလံ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိစဉ် သိရိလင်္ကာကျောင်းသားရဟန်းတော်များမှ သောင်းသောင်းဖြဖြ ကြိုဆိုကြပုံ..
မီးရှူးမီးပန်းများဖြင့် ကြိုဆိုနေစဉ်...
Msma Statement ပေးပို့ပေးတဲ့ မေ့မေ့သားအားကျေးဇူးတင်ပါသည်... http://www.oneshinwar.co.cc

Burma's 2010 Election: This is NOT Democracy..

ရုပ်သံဖိုင်..
Burma's 2010 election to be held this November is political theater designed to legitimize the military regime that has violently held power in Burma since 1962. "This is NOT Democracy" examines the true reasons and historical context for the current election and why the regime's so-called "Roadmap to Democracy" is only a smoke screen to mask the regime's continued human rights abuses and refusal to relinquish leadership of the country to the people's chosen representatives. (17 min. Produced by Burma Partnership and Kestrel Media)
မျှဝေပေးတဲ့ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်...။

အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သော ကမ္ဘာလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှု့ ( ကိုရီးယား )




လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

မုန်တိုင်းပြီးစ ကျောက်ဖြူမြင်ကွင်း ဓာတ်ပုံများ.. (၂)



ပေးပို့လာသူ ကိုကျော်ဇောဝင်း အားကျေးဇူးတင်ပါသည်..။

ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးအန္တရယ်တွေ ကြုံ့တွေ့ရတိုင်းမှာ.. ကျွန်တော်တို့ ပြည်သူ အချင်းချင်းသာ ကူညီစောင့်ရှောက်ခဲ့ ကြရတာပါ.... ၂၀၀၈နာဂစ်မှာလည်း ကြုံဆုံခဲ့ရပြီးပါပြီ...။ ယခုကျောက်ဖြူ လေမုန်တိုင်းဘေးမှာ သေဆုံးသူ ဦးရေဟာ တိုးသထက် တိုးလို့သာနေပါတယ်..။ နာဂစ်တုန်းက ရန်ကုန်နဲ့ နီးတဲ့ အတွက်မီဒီယာက သတင်းဓာတ်ပုံတွေ တက်လာနိုင်ပေမယ့်.. ကျောက်ဖြူမုန်တိုင်းကတော့ ဝေးလံတဲ့ဒေသ ဖြစ်တဲ့အတွက် တစ်ချို့မြို့နယ်တွေက သတင်းဓာတ်ပုံတွေ အပျက်အဆီး သတင်းတွေ တော်တော်နဲ့ တက်မလာနိုင်ပါဘူး..။ လတ်တလော အနေအထားမှာ အင်မတန်မှ စိုးရိမ်ရတဲ့ အခြေအနေတွေပါ...။ ကျွန်တော်တို့ အားလုံး ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ရဲ့ အဖြစ်မှန် အခြေအနေမှန်တွေကို သိအောင်ဖော်ထုတ်ရင်း တက်နိုင်တဲ့ဘက်က ကူညီစောင့်ရှောက်မှုတွေ ပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်...။

ကျောက်ဖြူရေဘေးအတွက် ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းမှ ကူညီထောက်ပံမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်..။
ကိုမြတ်သူ... 090-5521-3941 ကိုမောင်မောင်.. 090-4363-5537



ကျောက်ဖြူမြို့သမိုင်း
မုန်တိုင်းမတိုက်မှီ ယခင်သာယာလှပခဲ့တဲ့ ကျောက်ဖြူမြို့ပါ
ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏ မြောက်ဘက်ဖျားရှိ ဘင်္ဂလားပင်လယ်ကမ်းခြေအနီးတွင် ရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး (၁၂) တိုင်းရှိခဲ့ဘူးပေသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီခေါ် ရမ္မာပူရကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါဝင်ခဲ့လေသည်။ ဤ ရမ္မာပူရကျွန်းအား နောက်တနည်း အဆိုတရပ်မှာကား ကဿဖဘုရားသခင်လက်ထက်တော်အခါက တပါးသောနေ့တနေ့တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ကောင်းကင်စံခရီး ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လယ်ထဲတွင် ၀မ်းဘဲငှက်သဏ္ဍာန်ကဲ့သို့ ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်ရပ်နားတော်မူပြီး၍ ကျွန်းငယ်ကားနောင်တွင် ၀မ်းဘဲကျွန်းဟုအမည်တွင်အံ့ဟူ၍ ဗျာဒိတ်တော် ထားခဲ့တော်မူသည်။ ယခုကာလကြာရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်းဟူ၍ ပြောင်းရွှေ့ခေးဆိုကြကြောင်းအဆိုရှိခဲ့လေသည်။
ထိုနောက်ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အား မြန်မာမင်းတို့ သိမ်းပိုက် အုပ်ချုပ်ခဲ့လေသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ်မြန်မာတို့ ပထမအကြိမ်စစ်ပွဲကြီြးုဖစ်ပွားရာ ရခိုင်ပြည်အား အင်္ဂလိပ်တို့သိမ်းယူရရှိသွားလေသည်။ ထိုအခါ အင်္ဂလိပ်တို့သည် ရခိုင်ပြည်အား လေးခရိုင်ပြုလုပ် အုပ်ချုပ်ခဲ့လေသည်။ ၎င်းတို့မှာ (၁) စစ်တွေခရိုင် (၂) အမ်းခရိုင် (၃) ရမ်းဗြဲခရိုင် (၄) သံတွဲခရိုင်များပင် ဖြစ်ပေသည်။ ခရစ်သက္ကရာဇ် ၁၈၂၉ ခုနှစ်တွင် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်း စစ်ဌာနချုပ်အဖြစ်ချထားပြီး တပ်မြို့သဖွယ်ပြုလုပ်ထားခဲ့ကြောင်း သိရှိရပေသည်။ ခရစ်သက္ကရာဇ် ၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကိုဖျက်သိမ်းလိုက်ပြီးလျှင် ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခဲ့လေသည်။ ထိုနောက်တဖန် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကို ဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ်ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခဲ့သည်။

ကျောက်ဖြူမြို့ဟု ခေါ်ဝေါ်ခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးငယ်ပေါများစွာရှိခြင်းတို့ကြောင့် ကျောက်ဖြူမြို့ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ကျောက်ဖြူမြို့သည်ကား အလွန်သာယာလှပခြင်းတို့နှင့် ပြည်စုံပေသည်။ မြင့်သောအရပ်မှကြည့်လျှင် ပင်လယ်ရေ ပတ်လည်ဝိုင်းလျက်ရှိနေပေသည်။ ကံ့ကော်တောဘုရားဘက်သို့သွားရန် လမ်းတမျက်နှာသာလျှင် ကုန်းလမ်းဟူ၍ရှိပေသည်။ (ယခု ကျောက်ဖြူ ရမ်းဗြဲလမ်းမကြီးဖြစ်သည်) သို့သော် ပင်လယ်ရေ ပတ်လည် ၀ိုင်းသည်ကဲ့သို့ရှိနေသော်လည်း မြို့တွင်းရှိ သောက်သုံးရန် ရေများမှာကား ရေချိုတွင်းများသာဖြစ်ပေသည်။ စားသောက်ဖွယ်ရာ ဆန်ရေစပါးများမှာ လည်း မရှားမပေါရှိပေသည်။ အထူးသဖြင့် ပင်လယ်ငါးများပေါလွန်း၍ အခြားမြို့ရွာများမှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုပဲ ပုံတိုက်ကြည့်၍၎င်း၊ ကောင်ရေ အလိုက်ရေတွက်၍၎င်း ရောင်းချလေ့ရှိကြပါသည်။ ရာသီဥတုမှာလည်း မပူလွန်း မအေးလွန်းခြင်းတို့ကြောင့် ညီမျှမှုရှိပေသည်။ ပင်လယ်ကမ်းခြေမြို့ဖြစ်၍ သင်္ဘောရေယာဉ်များ အချိန်မရွေး ၀င်ရောက် ဆိုက်ကပ်သွားနိုင်သည်။ ရန်သတ္တရုနည်းပါးမှုတို့ကြောင့် အရာခပ်သိမ်း အန္တရာယ်အပေါင်း ကင်းငြိမ်းခြင်းရှိပေသည်။ ထို့ကြောင့်လည်း ရောက်ဘူးသူတိုင်းသည် စိတ်အေးချမ်းသာ ပျော်ရွှင်မှုရှိကြပေသည်။ ဤသည်တို့ကြောင့်ပင် ရှေးလူကြီးများက ဤမြို့အား ထူးဆန်းသောနတ်ကျွန်းသာဟူ၍ ခေါ်ဝေါ်ခဲ့ကြပေသည်။ ကျောက်ဖြူမြို့၏ အကျယ်အ၀န်းမှာ အချား (၂) မိုင်၊ အနံ (၁) မိုင်ခွဲခန့် ရှိပါသည်။ မြို့၏ မြေမျက်နှာပြင်မှာ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများဟူ၍ လုံးဝမရှိပဲ စည်မျက်မျာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိပေသည်။
ကျောက်ဖြူသမိုင်းအား http://kyaukphyunews.blogspot.com/2008/12/welcome-from-kyauk-phyu.html မှကူးယူဖော်ပြပါသည်..