ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်သား တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၂) (ဆောင်းပါးရှင် ဒေါက်တလှိုင်မြင့်)

စစ်သား တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

၂၁ရက်နေ့က MRTV မှာတင်ထားတဲ့ အမျိုးသားကွန်ဂရက်ပါတီလား အမျိုးသားကျွန်ယက် ပါတီမှ ကောင်းမြတ်ဖွတ်အတွက် ကျွန်တော်တို့ ဆရာဒေါက်တာလှိုင်မြင့် လက်သံပြောင်ပြောင် ခပ်ပြင်းပြင်းနဲ့ နွားကို နှင်တံပေး ရေးထားတဲ့ ဒုတိယပိုင်းကို အောက်မှာ ဖတ်ရှူနိုင်ပါတယ်။
မြန်မာလူဦးရေနင့် စစ်သား အချိုးအတွက်မှားထားလို့ ပြန်ပြင်လိုက်ပါတယ်။ အကြံပြုပေးတဲ့  Nay Ye Htet ကိုကျေးဇူးတင်ပါတယ်။

တဆက်ထဲ ထို.ပါတီခေါင်းဆောင် ပြောသလို စစ်သား တစ်သန်းသာ တိုးချဲ့ လိုက်လျင်..ကျနော်တို့ လူ ၅၀ က စစ်သားတယောက်ကို ကျွေးထားရပါတော့မယ်။ ကျွေးရုံတင်လား... လယ်တွေ ဧက ၁-သန်းအသိမ်းခံရပါဦးမယ်။ စက်ရုံတွေ စစ်တပ် ဦးပိုင်ကို ထပ် အပ်ရပါဦးမယ်။
ဝန်ကြီးဌာနတွေတင်မကတော့ဘူး..စက်ရုံတွေ လိုင်စင်ချပေးတာကို..စစ်ဗိုလ် ၅ ယောက် မန်နေဂျာနေရာ ပေးပါတွေလာဦးမယ်။ ပိုလျှံစစ်ဗိုလ်တွေ ဝန်ကြိးဌာနတင်မက အရပ်ဖက်ကိုပါထိုးလာပါဦးမယ်။ ဝန်ကြီးဌာနနဲ့ဆက်သွယ်ရင် သူတို့ လာမှ လုပ်ပေးမယ် ကိုင်လာပါမယ်။
ဝါးကိုင်းလေးတခုကို ကွေးလျင်.. သူ့ အနေအထားအရ.. .ဝါးအစိမ်းလေးက ဝါးအခြောက်ထက် ပိုကွေးလို့ ရပါမယ် ။ ဝါးအစို၊ အစိမ်းရော.. ဝါးအခြောက်လေးရော..သူ့  ကွေးညွှတ်နိင်သည့် အတိုင်းအတာ..ကိုကျော်လွန်သွားလျင် ကျိုးသွားပါမယ်။ Critical point ရှိပါတယ်။

ကျနော်တို့ တိုင်းပြည်က ယခု ရေမရလို ငတ်ပြတ်လာနေတဲ့ ပိန်လှီလှီ ဝါးအခြောက်လေးဖြစ်နေတာကြပြီ။ ဒါကို ထပ် ဖိကွေးညွှတ်လျင်... ဝါးက ကျိုးဖို့  တဖြစ်ဖြစ် အသံထွက်နေပီ။ ဒါကိုထပ်ဖိလျင်...သေချာပေါက် ဒီမိုကရေစီ ကိုရောက်သွားပါမယ်။
လူထုတော်လှန်ရေးထဲကို စစ်သည်တော်တွေ သေချာပေါက်ပါလာပါတော့မယ် ။
ဦးလှိုင်မြင့်.. အဲဒါဆို ပိုဆိုးမသွားပေဖူးလား ..ဟုတ်ကဲ့.... BLESSING IN ..DISGUISE...ရုပ်ဖျက်၍လာသော..ကောင်းချီးမင်္ဂလာ။
အဲဒီလိုတော်လှန်ရေးကြီး ဖြစ်သွားလျင် ဒီသူခိုးတွေ အားလုံး.. နူရင်ဘတ် ခုံရုံးအထိ ရောက်သွားပါမယ်။ ပိုင်ဆိုင်တာတွေအားလုံး ပြည်သူပိုင်ပြန်သိမ်းတဲ့အထိ ရောက်သွားပါမယ်။ ခွေးကို ချောင်ပိတ်ရိုက်သလို
 ပြန်အကိုက်ခံရပါမယ်။


ဥပမာလေးတခု ပေးပါမယ်။ ၂၀၁၀ အော်စီက ကျနော်လုပ်နေသည့် ကျောင်းမှာ... ခပ်ထွားထွား အာရှ လူမျိုး ကပြားကလေးတယောက်ရှိတယ်။ မိခင်က ကျောင်းက ဆရာမဘဲ။ အမေအရှိန်လဲပါတယ်။ သူက ဗိုလ်ကျချင်တယ်။ တခါ ကျောင်းမှာ အမွှာမိန်းခလေး နှစ်ယောက်ရှိတယ်။ မိခင်တွေက အသက်ကြီးမှ ကလေး ရထားသူလေးတွေ။ မိဘက သိပ်မပြုစုဘူး..ကျောင်းရောက်မှ ဆရာမတွေက သန့်ရှင်းရေးလုပ်ပေးရ .လှီလှီလေးတွေ။

ထိုအမွှာလေးတွေကို..ထိုထွားထွားကောင်လေးက ခနခန အလစ်မှာ ဗိုလ်ကျတယ်။ ကျနော်က ကျန်ဆရာမတွေ၊ နောက်ဆုံး သူ့ အမေကို သတိပေးထားတယ်။ အမေကို ၃ ခါတိတိ သတိပေးထားတယ်။
တရက် ကျနော် နားတဲ့နေ့ မှာ.... ထို ကောင်လေး..ပခုံးမှာ ၃- ချက်။ နားရွက်မှာတော့ အသားတစ်ပဲ့ ထွက်သွားအောင်အကိုက်ခံလိုက်ရတယ်။ မိခင်က သူ့ သားခံရတော့မှ ပြသနာကြီးတယ်။ ဒီမှာက အဲဒီလိုသွေးထွက် အသားပဲ့သွားတဲ့အထိ ဖြစ်လျင် ဆေးရုံကိုခေါ်ရပြီ။ အရေးပေါ်ကားခေါ်ရပြီ။
ပြည်နယ် ကြိးကြပ်ရေး Department of Community ကိုတနာရီအတွင်း သတင်းပို့ ရပြီ။ နောက်နေ့  ပြသနာဖြစ်စဉ်ကို တင်ပြရပြီ။ လူတယောက်ကို အဲဒီလိုတန်ဖိုးထားတာ၊ အလေးထားတာ မြန်မာပြည်.. လက်ပတန်းမှာ .ကျောင်းသားတွေရိုက်သလို ကျိုး..ကန်းသွားအောင် အထိဆို တွေးသာကြည့်။ လက်ပံတောင်းမှာ...ဘုန်းကြီးတွေကို..တန်ဆောင်မုန်း.. .မီုးပျံပုန်းနဲ့  မီးပျံဗုံး မှားပူဆော် သလိုမျိုးဆို..အစိုးရနုတ်ထွက်ပေးရမယ်။

မြန်မာ့မျိုးချစ်အစိုးရ မြန်မာတယောက်အသက်ကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ..သရုပ်အမှန်ကို တိုင်းတာချင်လျင် အဲဒါတွေကိုကြည့်။ မအ ကြပါနဲ့။
အဲဒီကလေးကိုက်လိုက်တဲ့ဖြစ်စဉ်ကို..ကျောင်းအုပ် ခေါင်းစားနေပြီ။ အတန်းပိုင်ဆရာမက တကယ်ပြသနာရှာတတ်သူ။ ဒုကျောင်းအုပ်လဲဖြစ်တယ်။ ကျန်ဆရာမတွေက သူ့ ဆို အသေကြောက်ကြရတယ်။ ကျနော်ကတော့ ပြန်တည်တာပေါ့...။ ပါးစပ်ကလဲပြော..လက်သန်းအဆစ်လေး. .ပြပြီး ခင်ဗျားလောက်ကို ကျုပ်က ဒါလောက်ဘဲထင်တယ်အထိ ကောထားတဘ။ဲ မြန်မာပြည်မှာ ရမ်းလှပါပြီဆိုတဲ့ သန်းရွှေကို ကျုပ်က ၃-၄ ခါ ခံပြောလာခဲ့သူ..။

အဲဒီကလေး ပြသနာ.. သုံးသပ်ချက် အလုပ်နားတဲ့နေ့  သမား ကျနော့် ဆီက ထင်မြင်ချက်တောင်းရပြီ။ ကျနော်ရေးပေးရတော့..ကောင်လေးစရီုက်၊ သူ့ မိခင်ကိုသတိပေးထားတာ၊ ကျန်ဆရာမတွေကိုကါ သတိပေးထားတာတွေ ထဲ့ရေးရပြီ။ ကျနော့်သုံးသပ်ချက်က အပြီးသတ်ယူလိုက်ကြရတယ်။
ဖြစ်ဖို့ များတာက ကလေးမလေး ၂ ယောက်က လူမရှိတဲ့နေရာမှာ နေတတ်ကြတယ်။ ဒေါင့်ကွေးနေရာလေးမှာ။ တခါ အပင်လေးတပင်က ရှိနေတော့ အဲဒီချောင်ထဲဝင်မိရင် ထွက်ပေါက်ပိတ်နေပြီ။ ဟိုကောင်ထွားထွားကြီး အပီထင်ပြီး..ဝင်ဗိုလ်ကျလိုက်ပုံရပါတယ်။ ပြေးပေါက်မရှိတော့ ဟိုက ပြန်တွယ်ထဲ့တော့.. ကျားနာခဲ ခဲထဲ့လိုက်မှာပေါ့။

တပ်မတော် ခေါင်းဆောင်တွေကို ပြောချင်ပါတယ်။ ချေးဘရိမ်း ရဲ့ ဆောင်ပုဒ်..တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့အမြင်ကို ပြန်ဝေဖန်ဆွေးနွေးသုံးသပ်ပါဦးလို့။
ယနေ့  တရုတ်ပြည်ကြိးက တပ်မတော်မှာ... ကိုယ်လက်အင်္ဂါချို့ တဲ့ထားသူ မရှိသလောက်။ တိုက်ပွဲကျထားသူ မရှိ။ စစ်မှ မတိုက်ရတော့ ကုန်ကျစာရိတ်မရှိဘူး။ ကျနော်တို့ ဆီမှာ ဆေးပင်စင် စစ်သား တပုံကြိး။ ဌာနဆိုင်ရာတွေမှာ လာထိုးထားတာ တပုံကြီး။ တိုင်းပြည်က ပန်းနေပြီ။

စစ်တိုက်ကြတယ်။ လောင်ချာဗုံးသီးတလုံး စာရိတ်ကတင် ဒေါ်လာ ၂၀၀၀ မကတန်တယ်။ ပစ်တဲ့ အမြောက်ရဲ့ တန်ဖိုးတွေက ပြည်သူတွေကို ဗိုက်မှောက် ညစ်ထုတ်ထားတဲ့ စားရိတ်တွေပါ။ တခါကိုယ်ဖက်ပစ် လိုက်လို့ တိုင်းရင်းသားတွေဖက် ပျက်စီးသွားတာက ဒေါ်လာ..သောင်းချီတန်တဲ့ မြန်မာနိုင်ငံသားများရဲ့ ပိုင်ဆိုင်မှုပါဘဲ။
တပ်မတော်က နိုင်ငံတော် ဘတ်ဂျက်ရဲ့  ၃၀ % ကိုသုံးနေတယ်။ န.ဝ.တ.ခေတ်က တစ်ဒေါ်လာကို..၁၃၀၀ ကျပ် ပေါက်နေချိန်မှာ.. .စစ်အသုံးစာရိတ်ကို ဒေါ်လာနဲ့ ဝယ်တယ်။ အသုံးစာရိတ်ပြတော့ တစ်ဒေါ်လာကို ၆ ကျပ် နဲ့ တွက်ပြတယ်။ စစ်တပ်က မွဲနေတဲ့ နိုင်ငံ၏ဘတ်ဂျက်ရဲ့ ၅၀ % သုံးနေတာ နှစ်ဆယ်ချီခဲ့ပြီ။
မိသားစု တစု..သို့ မဟုတ် အိမ်တအိမ်၏ ဝင်ငွေထဲက..၅၀ % က ဒရဝမ် (စစ်တပ်ဆိုတတော့ ဒရဝမ်နဲ့ပဲ နှိုင်းမယ်) အတွက် အကုန်ခံနေရလျင် ထိုအိမ် ဘယ်လို ရှိပါ့မလဲ။

ဒရဝမ်ကိုလခအများကြိးပေး..ဟိုဖက်အိမ်နီးချင်းအိမ်လဲ ဖျက်.. ဟိုဖက်ကလဲ ကိုယ့်ပြန်ဖျက်...။. တပ်မတော် ခေါင်းဆောင်တွေ စစ်ရေးအမြင်.... တိုင်းပြည်ကို ဒေဝါလီ ခံစေခဲ့သူ။ ကျွန် ၅ သန်း အိမ်နီးချင်းဆီ ကန်ထုတ်ခဲ့သူ ချမှတ်ခဲ့တာကို .ပြန်လည်သုံးသပ်ပါလို့။
အဆိုအမိန့် လေးတခုရှိပါတယ်။ It is not the longest swords that conquers, but the deepest purse... အဆုံးတနေ့ မှာ.. .အောင်နိုင်သူဟာ...ဓါးအရှည်ကိုင်ထားသူမဟုတ်..နက်တဲ့ ပိုက်ဆံ အိတ်ကိုင်နိုင်သူပါ။

အတိုက်အခံ တွေ အနေနဲ့ စစ်ခေါင်းဆောင်တွေ ၊ မိသားစုတွေ ပိုင်ဆိုင်ထားတာတွေ တပ်မတော်သားတွေ အမှန်အတိုင်းသိမြင်လာအောင်..တင်ကြပါ။ မြင်ဖန်များလာရင် တပ်ထဲမှာ မကျေနပ်မှုကြိးထွားလာပါမယ်။ ပြည်သူတွေလဲ ဦးဏှောက်ရှိကြပါတယ် ။
မျိုးချစ်စစ်သည်တော်ပါ ဆိုတဲ့ စကားကို..ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ....တိုင်းပြည်က ဘာမှ မခိုးခဲ့သူတွေသာ သုံးနုံး ပြောဆိုခွင့်ရှိတဲ့..စကားပါ။ .မျိုးချစ်စိတ်ဓါတ်ကို.. .လက်ရှိတပ်မတော်ခေါင်းဆောင်များ မသုံးကြပါရန် အထူးပန်ကြားပါတယ်။

ခင်ဗျားတို့  မျိုးချစ်တပ်မတော် ခေါင်းဆောင်များ.. သုံးချင်လျင်..မိမိပိုင်ဆိုင်မှုတွေထဲမှာ....မမှန်မကန်ရထားတာ မရှိပါဘူး ထုတ်ပြောရဲသူ.. ပိုင်ဆိုင်တာ ကြေငြာရဲသူတို့  သာ ပြောရန် ထိုက်တန်တဲ့ စကားပါ။
တိုင်းပြည်အပေါ် ..သစ္စာမဲ့လို့ ခိုးကြတာပါ။ တပ်မတော် ခေါင်းဆောင်တိုင်း ကို ခိုးတယ်မပြောချင်ပါဘူး။ ဒါပေမယ့် အများစုကတော့ ခိုးထားသူချည်းပါဘဲ။ ပိုင်ဆိုင်မှုတွေကို ထုတ်မဖော်ရဲပဲ
သူခိုးကို၊ နေ့ ချင်းညချင်း မတရားချမ်းသာလာတဲ့ သူတွေကို...
"နိုင်ငံတော်အပေါ်... သစ္စာမဲ့သူ" လို့  လက်ရှိတပ်မတော်ခေါင်းဆောင်များ.. သတ်မှတ်ချက် ထုတ်ပြန်ရဲလျင် .ကျနော် ယနေ့ ..ပေါ်ကနေ..ပြည်သူလူထုကြိးကို ကြံ့ ခိုင်ရေးပါတီကို သာမဲထဲ့ရန် အပြတ် နှိုးဆော် တိုက်တွန်းလိုက်ပါမယ်။

ဒီလိုမှ မထုတ်ပြန်ရဲရင်တော့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြီး ရွေးကောက်ပွဲဝင်လာတဲ့ ပါတီကိုပဲ မဲပေးကြဖို့ တိုက်တွန်းရမှာပါပဲ။
ဆက်လက် ရေးသားဖော်ပြပါမည်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဆရာလှိုင်မြင့် အကောင့်ပါ.. https://www.facebook.com/billy.mackenzie1?fref=ts လူမပြည့်မှီ အက်နိုင်ပါတယ်။
https://www.facebook.com/demo.waiyan/posts/887452881289954?pnref=story
စစ်သား..တစ်သန်း တိုးချဲ့မယ့်ဆိုတဲ့ ပါတီ ကိစ္စ အပိုင်း (၁) ပြန်ဖတ်လိုလျှင်

http://www.demowaiyan.org/2015/09/blog-post.html

https://www.facebook.com/demo.waiyan/posts/887452881289954?pnref=story