ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုသိမ်၊ မြောင်းမြပရိသတ် မြင်ကွင်းများ....

ပြည်သူတွေရဲ့ ကမ်းလက်များအား ပြန်လည် နှုတ်ဆက်ပေးနေတဲ့ အမေစု..
ဒီဓာတ်ပုံလေးမြင်မိတော့ စကားပုံလေးတခု သွားသတိယမိလို့ ငါတို့အမေစု မင်းလောင်း ထီးဖြူဆောင်းပေါ့။
ထီးနှစ်လက်ကိုလည်း အဓိပ္ပါယ်ဖွင့်ဆိုမိတယ်...။
ထီးအဖြူရဲ့ အေးမြခြင်းနဲ့ ပြည်သူတွေကို အေးမြတဲ့ အရိပ်လို ကာကွယ်ပေးမယ်။
ထီးအနီရဲ့ ရဲရင့်ခြင်းနဲ့ ရန်သူကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ရန်အပေါင်းကို ဖြေရှင်းပေးမယ်။
လေးစားချစ်ခင် လိုက်ကြတဲ့ ပုသိမ်ပရိသတ်...
မြောင်းမြပရိသတ်နဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်..
ပြည်သူကို အပြုံးတွေနဲ့ နွေးထွေးမှုတွေ ပေးနေတဲ့ အမေစု
ပုသိမ် မျိုးဆက်သစ်များ...
နေပူထဲမှာ ငုတ်တုတ် တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ပွဲတွေနဲ့မတူတဲ့
နေပူထဲမှာ ပြုံးရွှင်နေကြတဲ့ ပြည်သူများ..
ပကာသနမပါတဲ့ စစ်မှန်တဲ့ သဘာဝအပြုံးတွေနဲ့ ပုသိမ်ပရိသတ်ပါပဲခင်ဗျာ...
Getty Images