ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ရက်အကန့်သတ်မရှိ ရပ်ဆိုင်းနှင့် ပြည်တွင်း သတင်းတိုများ...

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ရက်အကန့်သတ်မရှိ ရပ်ဆိုင်း

ရေကြောင်းကုန်တင် တင်ပို့သည့် သဘောင်္များ မလက္ကာရေလက်ကြားအား ပတ်၍ ဖြတ်သန်းရသည့် ခရီးအကွာအဝေးအား တိုတောင်းစေပြီး မြန်မာနိုင်ငံ တနသာင်္ရီတိုင်း ထားဝယ်မြို့မှ ထိုင်းနိုင်ငံ ကချာနာဘူရီ Phu Nam Ron မြို့သို့ ဖြတ်သန်း ဆက်သွယ်ပေးမည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား စစ်အစိုးရမှ ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါတယ်..။ 

(၂၀၀၈)ခုနှစ်က မြန်မာစစ်အစိုးရနဲ့ Italian – Thai  Development  ကုမ္ပဏီတို့ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ကွယ်က အဓိက ရင်းနှီးမြုပ်နှံနေတာကတော့ ဂျပန်ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်..။ အဆိုပါ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ မြန်မာစစ်အစိုးရက အဆိုပါ စီမံကိန်းအတွက် လာရောက် ရင်းနှီးမြုပ်နှံတဲ့ လုပ်တဲ့ကုမ္ပဏီတွေရဲ့ အာမခံကိစ္စကို ပြည်တွင်းမှာပဲ အာမခံပြုလုပ်ခိုင်းတယ် လို့ဆိုပါတယ်..။ နိုင်ငံခြားကုမ္ပဏီများမှ အင်တာနေရှင်နယ် ဖြစ်အောင် အာမခံကိစ္စအား နိုင်ငံခြားမှာပဲလုပ်မယ်ဟု တောင်းဆိုခဲ့ပါတယ်..။ အဆိုပါတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်ပေါ်လာတဲ့အတွက် စစ်အစိုးရမှ ရက်ကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာ ဖြစ်ကြောင်း သိရှိရပါတယ်..။
အချိန်အခါမဟုတ် ရန်ကုန်မိုး

ယခုရက်ပိုင်းများ အတွင်း ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိပြီး လေအေးများ တိုက်ခတ်ခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ နွေရာသီ အချိန်အခါ မဟုတ်မိုးကြောင့် ပဲများ  အညှောင့်တွေ ထွက်ကုန်ပြီဖြစ်တဲ့ အတွက် ပဲဈေးတွေ ၊ ဆန်ဈေးများ တက်နိုင်ကြောင်း  ဒိုက်ဦးဘက်မှ ပဲစိုက်တဲ့သူတွေမှ ပြောဆိုကြောင်း သိရှိရပါသည်။ 

စစ်အသုံးစားရိတ်
ဆက်လက်ပြီး ၂၀၁၁ ဧပြီလ နှစ်သစ်ဘတ်ဂျတ် စာရင်းမှာ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေးစရိတ် ဆက်လက် ထည့်သွင်းထားကြောင်းလည်း သိရှိရပါသည်။

သတင်း..... ဒီမိုဝေယံ

ကျွန်တော်တို့ ကျောင်းအကြောင်းလေးပါ 
ဆိုပြီး ပေးပို့လာတာကတော့
မအူပင်တက္ကသိုလ်ကတော့ ဘယ်ကျောင်းမှမတွေ့ရပါဘူး။ နေပူပူ မိုးရွာရွာ မီတာ250 ကိုအသွားအပြန် လမ်းလျှောက် နေရတာပါ။ ဘေးမှာက လယ်ကွင်းတွေနဲ့ အရိပ်လဲမရှိပါဘူး မိုးတွင်းဆိုရင်လဲ မိုးအစိုခံပြီး စာသင်နေရတာပါ။ ဒါတွေကအပြင်ပန်းပါ။ တက္ကသိုလ်ကျောင်းသားရဲ့ လွတ်လပ်ခွင့်လဲ ကျွန်တော်တို့ မသိသလို ရလဲမရပါဘူး။ အင်္ဂလိပ်စာဌာန ပါမောက္ခ ဌာနမှူး ဦးစိုးကိုကို ဟာအခုအချိန်ထိ တက္ကသိုလ် ကျောင်းသားတွေကို ကြိမ်လုံးနှစ်လုံးပူးနဲ့ ရိုက်တုန်းပါ။ ပထမနှစ်ကနေ တတိယနှစ် သင်ရသမျှအကုန်ပါပဲ..။ အဲ့ထက်ဆိုးတာက သူနဲ့ပြဿနာတက်တဲ့ ကျောင်းသားတွေကိုလဲ စာမေးပွဲနဲ့ ချိန်းခြောက်တုန်းပါပဲ။ ကျွန်တော်တို့ တက္ကသိုလ်ရဲ့နွဲ့ဆိုး ဆရာတစ်ယောက်ပါ။ ကျွန်တော်အပြစ်မလုပ်မိပဲနဲ့ ပြဿနာရှာပြီး ဌာနအရှေ့မှာ မိဘနာမည်တက်ပြီး အဆဲခံခဲ့ရတာ အခုလေးတင်ပါပဲ။ 

ကျောင်းထဲကိုလဲ ဆိုင်ကယ်ပေးမ၀င်ပါဘူး...။ အားလုံးဆိုရင်တော့ ဘာမှမဟုတ်ပါဘူး။ အခုဟာက ကန်တင်းကသူတွေ၊ ဆရာတွေ၊ ၀န်ထမ်းတွေ၊ ဆိုင်ကယ် နောက်ထိုင်သမားတွေ ၀င်ခွင့်ပေးထားပါတယ်။ ကျောင်းသားတွေက ကယ်ရီသမား တွေလောက်တောင် အဆင့်မရှိဘူးလားခင်ဗျာ RC Room ကလဲ ဆောက်လုပ်စ  ရပ်ထားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အားလုံးသိချင်လိုချင်တာက တက္ကသိုလ်ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူဆက်ဆံ ခံရရေးပါ။ ကျွန်တော်တို့ တက္ကသိုလ်မှာ ၀န်ထမ်းတွေ စာရေးတွေ ကိုတောင် ပြန်ကြောက် နေရပါတယ်ခင်ဗျာ။ ဒါကို DVB ကနေတဆင့် ကျောင်းသားသမဂ္ဂ ကိုမေးမြန်းပြီး ဖြေကြားပေးစေလိုပါတယ်။ လူသားတိုင်း တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ရရှိကြပါစေလို့ ဆန္ဒပြုလျက်။ ဒီသတင်းလေးကို ကြည့်လုပ်ပေးပါ.. ကိုဒီမို။ ဖုန်းနဲ့လဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။