ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေစုစာ ... အမေစုကဗျာ အပိုင်း(၁)


လွတ်လပ် မှုကိုဘဲ ကျမတို့ လိုချင်တယ်

မြန်မာ နိုင်ငံ တဝန်း ခရီးသွား လာရင်း ကျမက လူတွေကို ဘာလို့ ဒီမိုကရေစီ လိုချင် တာလဲလို့ မေးကြည့် မိပါတယ်။ မကြာ ခဏ ဆိုသလို အကြားရဆုံး အဖြေ ကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ ဆိုတာပါပဲ။ သူတို့ အကျယ် ချဲ့ပြီး မပြော ရဘဲ သူတို့ ဘာပြောတယ် ဆိုတာ ကျမ နားလည် ပါတယ်။ သူတို့ရဲ့ ကံကြ မ္မာကို သူတို့ ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့် မရှိဘဲ ဖိနှိပ်ခံ နေရတာ ကနေ လွတ်မြောက်ချင် ကြပါတယ်။ လက်နက် အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှု တွေအောက် ရောက်နေ ရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝ ကြုံတွေ့ နေရတဲ့ အဖြစ် တွေကို မလိုချင် ကြတော့ ပါဘူး။ လူငယ်တွေကို ကျမက လွတ်လပ်ခြင်း ဆိုတာ ဘာလဲလို့ မေးကြည့်တဲ့ အခါ သူတို့က သူတို့ စိတ်ထဲ ရှိတာတွေကို ရှိတဲ့ အတိုင်း ရင်ဖွင့် ပြောပြ ချင်တာလို့ ဆိုပါတယ်။ သူတို့ အသိဉာဏ် ပညာ စိန်ခေါ် မှုကို ဖြည့်ဆည်း မပေးနိုင်တဲ့ ပညာရေး စနစ် အပေါ် မကျေနပ် ချက်တွေကို သူတို့ ထုတ်ဖော် ပြောလို ကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံ နိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာ ပေးနိုင်ဖို့ ထောင်သောင်း သိန်း မက စုဝေး နိုင်သူတွေ ဖြစ်လို ကြပါတယ်။ မြန်မာနိုင်ငံက လူငယ် တွေဟာ ကျယ်ပြန့် လွန်းတဲ့ မျှော်လင့်ချက် တွေနဲ့ အံမခန်း မှုတွေ ပြည့်နေတဲ့ လူငယ် ဘဝရဲ့ နိုးကြား တက်ကြွတဲ့ အရွယ် တွေကို အပြည့် အဝ ပိုင်ဆိုင် ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ် မှုတွေနဲ့ စိတ်ကူးယဉ် မှုတွေ၊ တောက်ပ ခမ်းနားမှုနဲ့ ဖီလာ ဆန့်ကျင် မှုတွေ ကြမ်းတမ်း ခက်ထန် မှုနဲ့ သိမ်မွေ့ မှုတွေ တန်းစီ ပြည့်နေတဲ့ လူငယ် ဘဝကို အပြည့် အဝ ရယူလို ကြပါတယ်။

မြန်မာ အမျိုးသမီးတွေ အနေနဲ့ရော ဘာတွေ အလို ရှိပါသလဲ။ ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ ဖိစီးမှု ဒဏ်ကြောင့် အားဆုတ် ငြီးငွေ့ လောက်အောင် အိမ်မှု ထိန်းသိမ်း နေရတဲ့ဘဝက လွတ်မြောက်ချင် ကြပါတယ်။ လွတ်လပ်စွာ တွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေး အရေးယူ ခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆို တဲ့ စိုးရိမ် ကြောင့်ကြ မှုတွေက ကင်းလွတ်ချင် ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တ နေကြတဲ့ အမျိုးသမီး တွေလည်း တော်တော် များများ (အများကြီးကို) ရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမား ယာသမားတွေ ဆိုရင် သူတို့ ဆန္ဒအတိုင်း စိုက်ပျိုး ထွန်ယက်ချင် ကြတယ်။ မတော် မတရား ဈေးနှိမ် ခံရပြီး အစိုးရကို မရောင်း မနေရ ခြိမ်းခြောက် ခံရတာ မျိုးတွေက ကင်းလွတ်ပြီး သူတို့ ထွက်ကုန် တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင် ရောင်းချလို ကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ ဖက်ပြီး ဘဝကို ရုန်းကန် ရပ်တည် သူတွေပါ။ ဒီလို ကြမ်းတမ်းတဲ့ ဘဝတွေ အပေါ်မှာ ကျိုးကြောင်း မဆီလျော်တဲ့ အမိန့် တွေနဲ့ နားလည်ရ ခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ် ဝန်ထုပ် ဝန်ပိုး မလိုချင် ကြတော့ ပါဘူး။

ဒါနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကျမ တို့ရော လို့ မေးစရာ ရှိပါတယ်။ ဘာလို့ ကျမတို့ တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက် ခဲခဲ လုပ်ကိုင် နေပါသလဲ။ ဒီလို လုပ်ကိုင် နေတာဟာ ဒီမိုကရေစီ အပေါ် မရေ မရာနဲ့ အကောင်းမြင် မျှော်လင့်ပြီး ထင်ရာ လုပ်ကိုင် နေတာ မဟုတ် ပါဘူး။ ဒီမိုကရေစီ ဆိုတာ သူရဲ့တောက်ပ မှုကို ကြာရှည် ထိန်းနိုင်အောင် အမြဲတစေ အရောင်တင် ပေးရတဲ့ ရတနာ တပါး ဖြစ်တယ် ဆိုတာ ကျမတို့ သိပါတယ်။ ပျက်စီး ဆုံးရှုံးတာ၊ အခိုး ခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည် မပြတ် စောင့်ကြပ် ကြည့်ရှု နေရပါ လိမ့်မယ်။

လွတ်လပ်တဲ့ မြန်မာပြည် ကသာ လူ့ဂုဏ် သိက္ခာကို တန်ဖိုးထား လေးစားတဲ့ နိုင်ငံ တည်ထောင် နိုင်မှာမို့ လွတ်မြောက်ရေး အတွက်ကို ကျမတို့ တတွေ ပင်ပင် ပန်းပန်း ကြိုးစား နေကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တဝှန်း လှည့်လည် သွားတဲ့ အခါ လူတွေက ကျမ နေအိမ် အကျယ်ချုပ် နဲ့ နေရတဲ့ အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယ အကြိမ် ဆယ့်ကိုးလ နေရတာမှာ ဘယ်လို ခံစားရ သလဲလို့ မေးကြ ပါတယ်။ မိသားစု မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လို နေခဲ့ သလဲပေါ့။ ဒီ အာဏာရှင် နိုင်ငံမှာ ယုံကြည်ချက် အတွက် အကျဉ်းချ ခံရ သူကသာ အမှန် တကယ် လွတ်လပ် သူဖြစ် နေတာ ဂွကျ လှတယ်လို့ ကျမ ပြောချင် ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန် ဘဝ လွတ်လပ်ခွင့် တွေကို ပေးဆပ် ထားရတယ်။ ဒါပေမဲ့ လူသား ဘဝရဲ့ တန်ဖိုး အရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက် အမှန် တရား အပေါ် ကျမတို့ ကြံ့ကြံ့ခံရပ် နေခဲ့ ကြပါတယ်။

ဒီမှာ ပြည်သူ လူထု အတွက် ကျမ အလိုချင်ဆုံး ကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့် အောက်မှာ လုံလုံ ခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှု အောက်မှာ လွတ်လွတ် လပ်လပ် နေနိုင် ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့် သေးသိမ် စေတဲ့ အနှောင် အဖွဲ့တွေကို ဖယ်ရှားပြီး မြန်မာ ပြည်သူ တွေဟာ လွတ်လပ်တဲ့ လူသားတွေ အဖြစ် ခေါင်းမော့ ဂုဏ်ယူ နိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင် လိုပါတယ်။ ကျမတို့ အားလုံး အတွက် ပိုပြီး ပျော်ဖို့ ကောင်းတဲ့၊ လုံခြုံမှုလည်း ပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်း လုံးလုံး ပျော်ပျော် ရွှင်ရွှင် ကြိုးပမ်း ကြတာကို ကျမ တွေ့မြင် လိုပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ အနာဂတ်ကို တက်လှမ်းပြီး တန်ဖိုး ရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့် မားမားနဲ့ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်တာ ကျမ တွေ့မြင် လိုပါတယ်။ “ဒီ တိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာ သေခဲ့ သူအားလုံးအ တွက် ထိုက်တန်တဲ့ တိုင်းပြည် အဖြစ် ဘိုးဘွား အမွေ အနှစ် အတွက် ဂုဏ်ယူ ရပြီ” လို့လည်း ကျမ ပြောပြ ချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ် အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူ လူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲ မုချ ရရမယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျမတို့ အားလုံး နှစ်နဲ့ချီ ကြိုးပမ်း လုပ်ဆောင် နေတာ တွေရဲ့ ပကတိ ဦးတည်ရာပဲ ဖြစ်ပါတယ်။

(ဝါရှင်တန်ပို့စ် သတင်းစာ နှင့် တွဲထွက် သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံ မဂ္ဂဇင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆို တင်ပြ ထားသည်။)


ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။
www.demowaiyan.co.cc

နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဆံသ အလှူ...

ko kyaw thu
နောက်တစ်ခါ လာပြန်ပြီဟေ့ . . .
Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၃၀) ဦးတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ၂၀၁၀ ခုနှစ်အတွင်း တတိယ အကြိမ်မြောက် အဖြစ် ၅.၆.၂၀၁၀ (စနေနေ့)တွင်လည်း နာရေးကူညီမှု အသင်းသူ/သားများနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ အပြင် နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြီးဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား မိမိတို့ တတ်ကျွမ်းသော ဆံပင်ညှပ်ခြင်း ပညာရပ်ဖြင့် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။


ရှေးကမြန်မာတွေရဲ့ ရှားပါးဓာတ်ပုံတွေပါ....


အရှင်နေမိန္ဒအား ကျေးဇူးတင်ပါသည်။

သူခိုးဓားပြထက် ဆိုးတဲ့ရန်သူဟာ....

၁၆.၅.၂၀၁၀ နေ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း မြို့နယ် ဒလူးရယ်ကျေးရွာတွင် လူသတ်ဓားပြတိုက်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဋ္ဌာနချုပ်မှ ရှင်းလင်းထုတ်ပြန်ချက်...
မူရင်း... နှင့် ယနေ့သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံများ...
ဓားပြမှုကျူးလွန်စဉ်က စစ်အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်၍ ????? အမှတ်စဉ်(၁၃)မှာ ပါတာပါ.....
ဓားပြတိုက် လူသတ်တာ အေးလွင်လည်း ပါပါတယ်တဲ့...???? အမှတ်စဉ်(၈)မှာပါတာပါ..
၎င်းလူသတ် ဓားပြမှုကြီးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုးက အနီးကပ်ကြီးကြပ်၍...????? အမှတ်စဉ် (၃)မှာပါတာပါ။
နောက်ဆုံး အရင်းချုပ်လိုက်တော့ ထုံးစံအတိုင်း ပါပဲ....
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့မကြာခင်မှာ သတင်း ၀က်ဆိုဒ်တစ်ခုကိုလည်း အင်တာနက်ပေါ်သို့တင်တော့မှာ ဖြစ်တဲ့အကြောင်း ၊တစ်ခါစား စစ်အစိုးရဖော်လံဖား မြတ်ခိုင်က ရဲချုပ်ခင်ရီကို ကူညီမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ၊သတင်း ပေးပို့လာသူကတော့... ကျွန်တော်တို့ရဲ့ ပြည်သူအတွက် ရဲရဲတောက် ဘားမား ပါပါရာဇီ ဖြစ်ပါတယ်။
Robbery
Robbery1Robbery2Robbery3

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ ...


ကွင်းဆင်းပြီ

၃ - ၆ - ၂၀၁၀

၂/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား အသစ် (၃၀) ဦးတို့အား ၂၇.၅.၂၀၁၀ (ကြာသပတေး)နေ့တွင် စာတွေ့သင်တန်း သင်တန်းဆင်းပြီးနောက် ၃.၆.၂၀၁၀ (ကြာသပတေး)နေ့တွင် ဈာပနလမ်းကြောင်း သယ်ယူပို့ဆောင် ခြင်းအား ကွင်းဆင်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်စဉ် အရပ်ရပ်ကို လိုက်လံလေ့လာ သင်ယူစေခဲ့ပါသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁ ရပ်ကွက်ရှိ နာရေးအိမ်သို့ နာရေးအလောင်းအား သွားရောက် သယ်ဆောင်ရာတွင် သေဆုံးသူ၏ ရုပ်အလောင်းအား စစ်ဆေးပုံ၊ နာရေး (ကာယကံရှင်)ကို ညင်သာရိုသေ နွေးထွေးစွာ ဆက်ဆံပြောဆိုပုံ၊ စာရွက်စာတမ်းများစုံ မစုံ စစ်ဆေးပုံ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အခမဲ့ ကူညီဆောင်ရွက်ပေးမှု အတိုင်းအတာအား နာရေး (ကာယကံရှင်)တို့ကို သဘောပေါက် နားလည်မှုရှိသည်အထိ ရှင်းပြပုံ၊ အအေးခန်း ထားရှိပါက ရေဝေးသုဿန် အအေးခန်းတွင် ဆောင်ရွက်ရမည့် အချက်အလက်များအား အသင်းမှ တာဝန်ရှိသူတို့မှ လိုက်လံ အသေးစိတ် ရှင်းလင်းပြသခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဦးဆောင်ဦးရွက် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်သန်ကာ ဆက်လက်ပြီး မျိုးဆက်သစ် လူမှုရေးသမားများကို မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း . . . ။


Nuclear Activities in Burma

nuclear in myanmarNuclear Activities in Burma
ကိုလွင်အောင်စိုးမှ မျှဝေပါတယ်....

Myanmar 'nuclear plans' exposed
http://english.aljazeera.net/news/asia-pacific/2010/06/2010642542469132.html
Defectors say Myanmar's military is pushing ahead with efforts to aquire nuclear weapons [EPA]

An investigation by an anti-government Myanmar broadcaster has found evidence that it says shows the country's military regime has begun a programme to develop nuclear weapons.

Journalists from the Norway-based Democratic Voice of Burma (DVB) have been gathering information about secret military projects in Myanmar for years.

But they say recent revelations from a former army officer show that the military government is pushing ahead with ambitions to become a nuclear power.

The allegations are contained in a special documentary produced by the DVB being aired by Al Jazeera.

On Thursday evening, shortly before the film was due to be broadcast, US Senator Jim Webb announced he was postponing his scheduled trip to Myanmar in response to allegations in the documentary.

"They really want a bomb, that is their main objective"

Sai Thein Win,
former Myanmar army major

"Until there is further clarification on these matters, I believe it would be unwise and potentially counterproductive for me to visit Burma," Webb, who is the Democratic chairman of the US Senate Foreign Relations Committee Subcommittee on East Asia and Pacific Affairs, told reporters in Bangkok.

Burma is the former name of Myanmar.

Webb had been due to fly to Myanmar late on Thursday for talks with detained pro-democracy leader Aung San Suu Kyi and senior officials in the country's reclusive military junta.

Defector speaks out

The producers of the DVB documentary say evidence of Myanmar's nuclear programme has come from top-secret material smuggled out of the country over several years, including hundreds of files and other evidence provided by Sai Thein Win, a former major in Myanmar's army.

On Al Jazeera

The film Myanmar's military ambitions can be seen on Al Jazeera from Friday, June 4, at the following times (GMT):

Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300.

Sai Thein Win says he was deputy commander of a highly classified military factory that was the headquarters of the army's nuclear battalion.

But he says he decided to defect and bring top-secret evidence of the project with him.

"They really want a bomb, that is their main objective," he says in the film.

"They want to have the rockets and nuclear warheads."

His smuggled files were shown to Robert Kelley, the former director of the International Atomic Energy Agency (IAEA), who told the producers they showed clear indications of a programme to build atomic weapons.

"It appears it is a nuclear weapons program because there is no conceivable use for this for nuclear power or anything like that," he says.

Suspicions

However other experts like John Isaacs, executive director of the Washington-based Centre for Arms Control and Non-Proliferation, are not ready to make a definitive conclusion yet.

Photos and other documents show equipment used in the alleged nuclear programme [DVB]

"I would say there are a lot of suspicions," Adams told the DVB. "But it's hard to say there's actual proof of what Myanmar's trying to do."

Sai Thein Win says he decided to defect after seeing a previous report by the DVB about the Myanmar regime's extensive network of secret underground bunkers and tunnels.

The broadcaster gathered thousands of photos and more defector testimony, claiming some of the tunnels are used as command posts, while others – some are large as two football fields – are used for storing secret weapons and equipment to protect them from aerial bombardment.

The tunnels have allegedly been built with the help of expertise from North Korea – a link that has drawn growing international attention.

'Bunker mentality'

Aung Zaw, an exiled Myanmar journalist and editor of the Thailand-based magazine Irrawaddy, told Al Jazeera there was substantial evidence Myanmar had been buying conventional weapons and missiles from North Korea, but the secret nature of the ruling regime makes it very difficult to get at the truth.

A network of tunnels and bunkers is allegedly being built with North Korean help [DVB]

"They live in a bunker mentality," he said of the ruling generals.

"They live in fear of an invasion by the West - that's why they relocated the capital to central Burma."

A recent UN report on the sanctions against North Korea banning nuclear and ballistic missile activities, found what it called "suspicious activity in Myanmar" and experts say that might build up the case for an IAEA inspection.

"In many ways North Korea is a parallel to Burma," the Centre for Arms Control's John Isaacs says in the DVB film.

"It's a poor country with a weak economy and starvation at home, and yet they manage to gather resources to build a nuclear weapon."

The DVB investigation agrees, but also points out it was not that long ago when few people imagined that countries like North Korea, Iran and Pakistan would also become nuclear powers.


ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ




အယ်လ်ဂျာဇီးယားသတင်းဋ္ဌာနက ပြသမယ့် မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းဆီက ရရှိတဲ့ နျူကလီးယား တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်း ရုပ်မြင်သံကြား အစီအစဉ် အချိန်ဇယား...

Friday, June 4, (Japan 4pm)(GMT 06:00 am)(Myanmar 1:30pm)
Sunday, June 6, (Japan 5am)(Myanmar 2:30am)
Sunday, June 6, (Japan 1pm)(Myanmar 10:30am)
Monday, June 7, (Japan midnight)(Myanmar 9:30pm)
Tuesday, June 9 (Japan 3:30 am)(Myanmar 1:30pm)
Wednesday, June 10, (Japan 5am)(Myanmar 2:30am)
Wednesday, June 10, (Japan 1pm) (Myanmar 10:30am)

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေအကြောင်း ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။
နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို ရယူနေတယ်ဆိုတဲ့ သတင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်ခရီးစဉ်အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင် ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဇန်န၀ါရီလကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့ ကြေညာလိုက်တော့မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြေညာထားပါတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ …

“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။

“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိ တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေးပါလို့ ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က ဆိုပါတယ်။

“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့ ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့ ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ်ပါတယ်။”

ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မ်ဝက်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…

“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော်ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။

အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ အရေးပါဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။

တဘက်မှာလည်း မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်းကြားထားတာ မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ချိုးဖောက်လိုဟန်လည်း မရှိပါဘူး။
http://www1.voanews.com/burmese/news/burma/jim-webb-myanmar-analysis-95582979.html

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ခွဲထွက်သွားတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြောဆို...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်ထားတဲ့NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာမှ မပတ်သတ်ကြောင်း.. NLD အဖွဲ့ရဲ့ ညီနောင်လည်းမဟုတ်ကြောင်း ပြောဆိုတယ်လို့ ယနေ့ ကြာသာပတေးနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ နေလည်၁၂နာရီခွဲက ဦကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ ဒေါ်ခင်ဋ္ဌေးကြွယ်ရယ် သုံးယောက်ပေါ့.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ ဦးအောင်ဆန်းဦးက တရားရုံးချုပ်မှာ အယူခံတင်တဲ့ ကိစ္စပေါ့ ..အိမ်ပြင်တဲ့ ကိစ္စသူလျှောက်တာကို တရားရုံးက ပယ်တဲ့ အတွက်ကြောင့် သူကအယူခံထပ်တင်တာ..... လျှောက်လဲချက်ပေးဖို့ သွားတွေ့တာပေါ့ ... ကျန်တာကတော့ ဒီပြင့် အမှုကိစ္စတွေလည်းပြောတယ်... နိုင်ငံရေးလည်း ပြောဖြစ်တာပေါ့... ပြောတဲ့ထဲမှာ အခုNDF ပေါ့.. ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က အခုအဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဘာမှ မသက်ပတ်ဘူး. NLD ရဲ့ ညီနောင်လည်းမဟုတ်ဘူးလို့ ပြောဆိုတယ်။ နောက်ဒီအဖွဲ့ကိုလည်း အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီ ၄၀ထဲက တစ်ခုအဖြစ်ပဲ မြင်တယ်။ ပါတီ ၄၀ အပေါ်မှာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ ကောက်ချက် မပေးနိုင်ကြောင်း ပြောဆိုပါတယ်။

နောက်တစ်ခုက အဖွဲ့ချုပ်က အခုလို မှတ်ပုံမတင်ပဲနဲ့ နေလိုက်တဲ့အခါမှာ ဒေါ်စုက ဒီ့နောက်ပိုင်းမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေထောက်ခံမှု၊ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိတယ်လို့ သူခံစားရတယ်။ နောက်တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီး ဒေါ်စု တစ်ခုပြောတယ် ... တိုင်းရင်းသားတွေ မပါပဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး.. အဲဒီတော့ တိုင်းရင်သား အရေးကို အလေးအနက်ထားရမယ်။ တစ်ချို့သော တိုင်းရင်းသား အဖွဲ့စည်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ် ဆိုတဲ့ အသံတွေ ကြားရတယ်။ ဒါဟာ ဝမ်းသာစရာပဲ တိုင်းရင်းသားနဲ့ ပြည်မနဲ့ဟာ ဒီလို အပြန်အလှန် နားလည်နိုင်ကြမှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မယ်လို့ အဲ့ဒါတွေ ပြောပါတယ်။

တစ်ခုထပ်ပြောတာက အမေရိကန် ကွန်ကရက်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါတီနှစ်ခုပေါင်းက ဆီးနိတ်အမတ် ၆ယောက်က Statement တစ်ခုထုတ်တယ် ကြားရတယ်။ အဲ့ဒီ Statement မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်တာကို ထောက်ခံတယ် .... လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကိုလည်း အသိအမှတ်ပြုတယ်.. အဲ့လိုပါတယ်။ ဒါကြောင့် ဒီဆီနိတ်တာ များကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ အန်ကယ်တို့ထွက်လာတဲ့ ညနေ ၃နာရီလောက်မှာ.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်း တွေဖို့ စောင့်နေတာ တွေ့ပါတယ် "ဟု အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ ပါတီမှတ်ပုံတင်ရက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း အပါအဝင်တစ်ချို့ လူနည်းစုမှ NDF ပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင်အဖွဲ့ချုပ်ဗဟို စီအီးစီ ၂၀ဦးအနက် လက်ရှိ ကြံကြံခံရပ်တည်နေသည့် ဗဟို စီအီးစီအဖွဲ့ဝင် ၁၅ဦးရှိပြီး ပြီးခဲတဲ့ လက စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ ခွဲထွက် NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

သတင်း...ဒီမိုဝေယံ

ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက်ဖ ဟာမိုနီဆားဗစ်ဆက်ကုမ္ပဏီရဲ့Managing Director ဦးပီတာညွှန့်မောင်ရဲ့ ဂျပန်နိုင်ငံသို့ လူပို့ပွဲစား လုပ်နေခြင်းအကြောင်း

Photobucket


Photobucket
ဂျပန်နိုင်ငံသို့ လူပို့ပွဲစားလုပ်နေတဲ့ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက်ဖ ဟာမိုနီဆားဗစ်ဆက် ကုမ္ပဏီရဲ့Managing Director ဦးပီတာညွှန့်မောင်ရဲ့ အကြောင်းကို တာဝန်သိသူ တစ်ဦးမှ ရေးသားပေးပို့လာပါတယ်... ယခုလက်ရှိ ဂျပန်မှာ Trainees Visa ခေါ် အလုပ်သင် Visa နဲ့ သွားရောက်လုပ်ကိုင်မယ့် သူများအား... အလုပ်မှ စွန့်ခွာထွက်ပြေးမည့်သူများ၊ ဒုက္ခသည် (Refugee) အဖြစ် ခံယူခြင်းမပြုရန် ခံဝန်ကတိ ပေးချက်များ ရေးထိုးခိုင်းပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သင် ဗီဇာဖြင့် လာရောက်လုပ်ကိုင် လိုသူများဟာ မြန်မာနိုင်ငံရှိ အလုပ်ရှာပေးတဲ့ ပွဲစားကုမ္ပဏီများအား တစ်ဦးလျှင် အနည်းဆုံး ပွဲခ ဒေါ်လာ ၇၀၀၀ ထောင်မှ ၁သောင်းကြား ပေးကြရပါတယ်။ ရရှိတဲ့ လစာကတော့ ဂျပန်မှာ ပုံမှန်အလုပ်လုပ်ခရဲ့ သုံးပုံတစ်ပုံခန့်သာ ရရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝေးလံတဲ့ နယ်မြို့တွေ မှာသာ အလုပ်ရရှိပြီး ဘာသာစကားအခက်အခဲ၊ နေထိုင်မှု အခက်အခဲ ၊အလုပ်ပင်ပန်းမှု .. စားရေးသောက်ရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ တစ်ချို့အလုပ်ရှင်များဟာ နိုင်ငံကူးလက်မှတ်များ သိမ်းယူထားခြင်း.. ဖုန်းအဆက်အသွယ် ပေးမလုပ်ခြင်း၊ သတ်မှတ်ချိန်ထက် အလုပ်ပိုခိုင်းခြင်းများ ကြုံ့တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပွဲစားကုမ္ပဏီများရဲ့ အယုံသွင်း ပြောဆိုချက်များနဲ့ တစ်ခြားဆီဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ အလုပ်သင် ဗီဇာဖြင့်ရောက်ရှိလာပြီး.. စိုက်ပျိုးရေးကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး ယခုအခါတိုကျိုမြို့သို့ ရောက်ရှိနေတဲ့ ကိုမျိုးမှ ယခုလို ပြောဆိုပါတယ်။ ရန်ကုန်က ပွဲစားကုမ္ပဏီတွေ ပြောဆိုချက်နဲ့ တကယ့်လက်တွေ့မှာ တစ်ခြားစီပါပဲ... ရန်ကုန်မှာတုန်းက ပွဲစားကုမ္ပဏီက ဂျပန်ဥပဒေ ၈နာရီကနေ ၄နာရီ အထိလုပ်ရမယ်။ အိုဗာတိုင်ကြေး ပေးမယ်။ လစာတစ်ဝက်ကို ထုတ်ပေးမယ်.. ကျန်တာကိုထုတ်ပေးမယ်.. ဆိုတာတွေ တစ်ခုမှ မဟုတ်ဘူး.. ထွက်ပြေးမှာ စိုးလို့ ပတ်စ်ပို့သိမ်းထားတယ်။ ပါလဲတဲ့ ဒေါ်လာတွေလည်း ပေးမလဲဘူး.. ဆေးလိပ်သောက်ဖို့တောင် မရှိဘူး.. ပထမတစ်ခေါက် ၁နှစ်သုံးလစာလည်း အကုန်မရဘူး..။ ၂လစာပဲပေးတယ်.. မနက် ၂နာရီကနေ ညနေ(၇)နာရီ အထိ သစ်သီးတွေ ခူးရတယ်.. မီးစက်မောင်းပြီး အပြင်မှာလုပ်ခိုင်းပါတယ်။ ပင်ပန်းတာကတော့ မပြောပါနဲ့တော့..

ရန်ကုန်က ပွဲစားကုမ္ပဏီတွေ လိမ်တာကို ဒီရောက်မှ သိရတာ။ ဂျပန် မာန်နေဂျာက ကျွန်တော်တို့ကို ပြောတာက သူတို့ခေါ်တာ Trainees အလုပ်သင်..... Work Permit မဟုတ်ဘူး... မင်းတို့ကို ငါတို့နည်းပညာကို ခေါ်ပေးတာ ပိုက်ဆံ မပေးလည်းရတယ်။ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းပြောဆိုပါတယ်။ ကျွန်တော်လည်း အခု စာချုပ်ပြည့်လို့ ပြန်ရမယ့် အချိန်မှာ လက်ထဲမှာ ငွေတစ်ပြားမှ မရှိ... ကုန်ခဲ့တဲ့ အရင်းကလည်း မကြေသေးတဲ့ အတွက်ကြောင့် သူတို့လေဆိပ်ကို ပြန်ပို့တဲ့ အချိန်မှာ ပြန်ထွက်ပြေးလာရတာပါ။ ဗမာပြည်က ပွဲစားတွေရဲ့ စကားကို ချင့်ယုံစေချင်ပါတယ်။ ရန်ကုန်က ပွဲစားကုမ္ပဏီတွေက ကျွန်တော်တို့ဆီက ငွေလည်းရတယ် .. ဂျပန်နိုင်ငံက ကုမ္ပဏီက လူတစ်ယောက် တစ်လ ဘယ်လောက်ဆိုပြီး ထပ်ဆင့်ရပါတယ်။ ကုန်ကျတာနဲ့ ရတာနဲ့ အရင်းလုံးဝ မကြေနိုင်ဘူးဆိုတာ.. မြန်မာပြည်က အခုလာဖို့လုပ်နေတဲ့ သူတွေ သိစေချင်ပါတယ်.. ပွဲစားတွေ စကားချင့်ယုံကြပါ.. တခြား အလုပ်သင်ဗီဇာနဲ့ ရောက်ရှိနေသူတွေကိုလည်း မေးမြန်းနိုင်ပါတယ်..ဟု သူ့အတွေ့အကြုံ ကိုပြောပြသွားပါတယ်။

ဂျပန်နိုင်ငံမှာ.. Trainees Visa နဲ့ ရောက်ရှိလာသူတွေထဲမှာ တရုတ်၊ အင်ဒိုနီးရှား၊ထိုင်း စတဲ့ အာရှနိုင်ငံများမှ အများဆုံးဖြစ်ပြီး နည်းပါတဲ့ လုပ်ခလစာနဲ့ ခိုင်းစေခြင်းခံရပါတယ်။ လုပ်အားခ ပြဿနာများ ကြုံတွေ့ကြရပြီး မကြာခဏဆိုသလို ဂျပန်၊ သတင်းစာ မီဒီယာများမှ အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ဖော်ပြရေးသားကြပါတယ်။

ယခုကဲသို့ နအဖ စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူတစ်ဦးမှ ကုမ္ပဏီ ဗန်းပြပြီး မတရား ငွေညစ် ပွဲစားလုပ်နေခြင်း အကြာင်း ပေးပို့လာတဲ့ ကိုရဲနှင့် ဖြေကြားပေးတဲ့ ကိုမျိုးအား ကျေးဇူးတင်ပါသည်။
Photobucket

ငွေကို ရေလိုသုံးပြီး အပျော်အပါးနဲ့ အချိန်ကုန်နေတဲ့ သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် မွေးနေ့ ။

poe la pyae
Photobucket
poe la pyae1
poe la pyae2
ဓာတ်ပုံများအတွက် ကိုဘတိုးနှင့် ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.....။

Photobucketပြည်သူတွေရဲ့ ဘဝ....
myanmar electric