ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်မှာ ထုတ်လုပ်သည်... ဘာအတွက် ဆိုတာကတော့.....

ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ-၂)က ထုတ်လုပ်တဲ့ ယင်းမာပင် တင့်ကားစက်ရုံ အတွင်းပိုင်း မြင်ကွင်း တစ်ခုပါ.. ယူကရိန်းနဲ့ဖက်စပ် ထုတ်လုပ်နေပါတယ်..။ သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပေးပါမယ်..။

ပြည်ချစ် တပ်မတော်သားများအား အထူးလေးစား ဦးညွှတ်လျှက်....

ဒီမိုဝေယံ

ငါ့ဆိုင်းဘုတ်ကြီးထောင်မယ်၊ ကားလမ်းပေါ်ဆင်းလျှောက်ကြ..

ငါ့ဆိုင်းဘုတ် ငါထောင် ကြပ်ပြေးရောက်ရောက်...
မြန်မာပြည်မှာတော့ မဟုတ်ဘူး။ ဂျပန်မှာ ပြောပါတယ်။ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ခပ်လှမ်းလှမ်း ကိုက်တစ်ရာလောက်ကို ရွှေ့ချင်ရင်တောင် အစည်းအဝေးတွေထိုင်၊ အခြေအတင် ငြင်းခုန်နဲ့ ခရီးသည်တွေအတွက် အဆင်ပြေ မပြေကို အတော်လေးထည့်စဉ်းစားပြီးမှ ဆုံးဖြတ်ကြတယ်လို့ ကြားဖူးပါတယ်။ ပြည်သူလူထုရဲ့ သွားရေးလာရေး၊ အခြေခံစားဝတ်နေရေးတွေမှာ အတတ်နိုင်ဆုံး သက်သာ ချောမွေ့စေရေးဟာ အစိုးရတစ်ရပ်ရဲ့ အဓိက ပစ်မှတ်ထား လုပ်ဆောင်ရမယ့် နိုင်ငံရေးလို့ သဘောထားကြပါတယ်။

ရေပေါ်ဆီ လူချမ်းသာတွေနဲ့ အာဏာရမိသားစုတွေရဲ့ စိတ်အလိုရှိသမျှကို လိုက်ပြီး ဖြည့်ဆည်းပေးနေတဲ့ အစိုးရမျိုးဆိုတာ လူထုရဲ့ ထောက်ခံမှုကို ဘယ်တော့မှမရဘဲ အဆုံးတစ်နေ့မှာ မရှုမလှ ကျဆုံးသွားကြတာဘဲ မဟုတ်လား။ တခါတရံ လုပ်ငန်းရှင်ကြီးတွေနဲ့ လုပ်ပိုင်ခွင့် တစ်ခုခုရထားတဲ့ စီးပွားရေးသမားကြီးတွေရဲ့ ရမက်လောဘဟာ အခြေခံပြည်သူလူထုရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်မှုကို နိုင့်ထက်စီးနင်းပြုပြီး မထေမဲ့မြင် စော်ကားလာတဲ့မြင်ကွင်းမျိုးတွေကို ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ ရှောင်လို့ မရလောက်အောင် တွေ့လာရပါတယ်။

ဒါမျိုးပုံစံတွေနဲ့ တိုးတက် သာယာဝပြောသော ပြည်ထောင်စုမြန်မာနိုင်ငံကို ဘယ်လိုထုဆစ် ပုံဖော်ကြမလဲ။ ပြောသင့်တာတော့ ပြောရပါဦးမယ်။ ကျွန်တော်တို့ လမ်းထဲမှာရှိတဲ့ နှစ်လေးဆယ်မက ကြာခဲ့တဲ့ လမ်းဘေး ဓာတ်တိုင်တစ်တိုင်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါးပေလောက် နေရာရွေ့သွားဖူးပါတယ်။ အဲဒီ ဓာတ်တိုင်နောက်က လုံးချင်းအိမ်ကို ၂ ခန်းတွဲ ၁၄ ခန်း ကန်ထရိုက်တိုက် ဆောက်ပါတယ်။ မြေညီထပ်ခေါင်းရင်းခန်းရဲ့ အိမ်ပေါက်ဝရှေ့ တည့်တည့်မှာ အဲဒီဓာတ်တိုင်ရှိနေပြီး ဈေးကောင်းရဖို့ အခက်တွေ့နေလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ရဲ့ စွမ်းပကားနဲ့ ဓာတ်တိုင်ခမျာ လမ်းထောင့်ကို ရောက်သွားခဲ့ပါတယ်။ ဒီကိစ္စဟာ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးကို မထိခိုက်လို့ ပြောစရာမလိုပေမယ့် တစုံတယောက်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အစိုးရနဲ့ သက်ဆိုင်တဲ့ အရာတစ်ခုဟာ အလွယ်တကူ နေရာ ပြောင်းပေးလိုက်ရတဲ့ ကိစ္စမျိုးတွေ ဒီတိုင်းပြည်မှာ ရှိနေတယ်ဆိုတာ လက်ခံရပါမယ်။

အခု ကျွန်တော်ပြောမှာက လူအများကြီး ဒုက္ခရောက်၊ အခက်အခဲတွေ့၊ အသက်အန္တရာယ်နဲ့  နီးရလောက်တဲ့ အခြေအနေဆီ တွန်းပို့လိုက်တဲ့ စီပွားရေးသမားလုပ်ငန်းရှင်ရဲ့ စက်ဆုတ်ဖွယ်ကောင်းတဲ့ လောဘနဲ့ဒါကို ခွင့်ပြုခဲ့တဲ့ အာဏာပိုင်တွေ အကြောင်းပါ။ မြေနီကုန်းမီးပွိုင့်ဆိုတာ ရန်ကုန်မြို့ရဲ့ လူသွားလူလာ အရှုပ်ဆုံးနေရာတစ်ခုပါ။ ဗားကရာလမ်းနဲ့ ပြည်လမ်းထောင့်၊ ပဒုမ္မာပန်းခြံလေးရဲ့ အရှေ့ ဗားကရာလမ်းဘက် ထိပ်လေးမှာ ကြော်ငြာဗီနိုင်း ဆိုင်းဘုတ်ကြီး တစ်ခုစိုက်ဖို့ လူသွားပလက်ဖောင်း အလယ်တည့်တည့်မှာ ၃ ပေ ပတ်လည် ကွန်ကရစ်တုံးကြီးကို ဖောင်ဒေးရှင်း လာချထားပါတယ်။ ပလက်ဖောင်းအကျယ် ရှိတာက ၄ ပေ မပြည့် ပါဘူး။ တစ်ဘက်က ဗားကရာလမ်းက ပြည်လမ်းဘက်ချိုးကွေ့မယ့် ကားတွေ ဥဒဟိုမောင်းနေကြတဲ့ ကားလမ်းပါ။ ပလက်ဖောင်းရဲ့ တခြားဘက် ပဒုမ္မာပန်းခြံလေးရှေ့မှာ မြောင်းရှိပါတယ်။ ပိုဆိုးတာက အဲဒီဖောင်ဒေးရှင်းကြီး လာမလုပ်ခင်ကတည်းက ဒီနေရာ လူသွား ပလက်ဖောင်းပေါ်မှာ ဓာတ်တိုင် ၂ တိုင်ရှိနေခဲ့ပါတယ်။

နဂိုကတည်းက ပြည်သူတွေ လမ်းလျှောက်တဲ့အခါ ဟိုရှောင်ဒီတိမ်းနဲ့ အဆင်မပြေရတဲ့ နေရာပါ။ ခုတော့ လူတွေ ကားလမ်းပေါ် လမ်းဆင်းလျှောက်နေရပါတယ်။ မြေနီကုန်းလမ်းဆုံမှာလည်း စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ်တွေလည်း လူမြင်သူမြင် မကောင်းလောက်အောင် မွစိတက်နေပါပြီ။ ဆိုင်းဘုတ် ထောင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီးလည်း အမြတ်အစွန်းတွေ တောင်ပုံရာပုံ မောက်နေပါပြီ။ ဖြစ်ချင်တော့ နေရာလွတ်လေးဆိုလို့ အဲဒီနေရာလေးဘဲ ကျန်နေတာ လုပ်ငန်းရှင်ကြီး ရှာဖွေတွေ့ ရှိသွားပုံရပါတယ်။ သူ့လောဘဇောဟာ ဘာကိုမှ မမြင်တော့ပုံရတာကို ကျွန်တော်တို့ အောင့်အီး နားလည်ပေးနိုင်ပေမယ့် သူလုပ်ချင်တာကို လုပ်ခွင့်ပေးခဲ့တဲ့ သက်ဆိုင်ရာ စည်ပင်သာယာရေးဝန်ကြီးဌာန (အရင် မြို့တော်စည်ပင်) ကိုတော့ လက်ခံလို့ မရပါဘူး၊ နားလည်ပေးဖို့  မဖြစ်နိုင်ပါဘူး။

လမ်းသွားလမ်းလာ ပြည်သူလူထုရဲ့ သွားရေးလာရေးကို ကြီးစွာအနှောင့်အယှက်ပေးနေပြီး အခန့်မသင့်ရင် လူတွေ ကားတိုက်ခံရပြီး အသက်အန္တရယ် ရှိလာနိုင်တဲ့ အနေအထားမျိုးကို မသိကျိုးကျွံ ခွင့်ပြုပေးတဲ့ အဓိကတာဝန်ရှိသူ စည်ပင်သာယာဌာနကို အတိဒုက္ခရောက်ကြရတဲ့ ပြည်သူလူထုကိုယ်စား ကျွန်တော်တို့က ဒီကိစ္စကို ဆက်မလုပ်ဖို့ ပြောပေးရမှာဘဲ။ ကန့်ကွက်ကြောင်း အသိပေးရမှာဘဲ။ တစ်နေကုန် ရန်ကုန်မြို့ မှာ ဘတ်စ်ကားစီး၊ ပလက်ဖောင်းပေါ် လမ်းလျှောက် သွားလာနေရပြီး ဘ၀ရှင်သန်ရေးအတွက် အသည်းအသန် ရုန်းကန်နေရတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေရဲ့ ဘ၀အမောကို မြွေပူရာကင်းမှောင့် ဘ၀ဆိုးမျိုး ထပ်မရောက် စေချင်ပါဘူး။

သည်းခံရတယ်ဆိုတာလည်း အကန့်အသတ်နဲ့ပါ။ အဆင်မပြေတာတွေ များလာတဲ့အခါ ပြည်သူတွေဘက်က ဒေါသစိတ်တွေ စုပုံလာတတ်ပါတယ်။ အုပ်ချုပ်သူအစိုးရဆီ ဦးတည်တဲ့ ဒေါသတွေဟာ လူမှုရေးတည်ငြိမ်မှုကို တွန်းတိုက်စေပါတယ်။ အလုပ်မရှိ အကိုင်မရှိ ခွေးကို နားဖာချေး ကလော်ပေးတယ်လို့  ဆိုချင်လည်း ဆိုနိုင်ပါတယ်။

အောင်မျိုးထွန်း
၃- ၄- ၂၀၁၁

ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...

လူငယ်တွေအတွက် အမှာစကား (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

လူငယ်တွေအတွက် အမှာစကားနဲ့ ဒေါက်တာလှိုင်မြင့်ရဲ့ ဘဝဖြတ်သန်းမှု…

မတူညီသော ကမ္ဗည်းထိုး မှတ်တမ်းတင်ထားတဲ့ အလှူ နှစ်ခု.....

”ကျီးခေါင်းတောင်စေတီတော်” ထီးတော်တင်ပွဲမှာ 
ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့ 
အမျိုးသားခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်) တို့၏သမီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ပြည်သူလူထုမှ  ထီးတော်တင်လှူသည်...
ဓာတ်ပုံများ ပုံပေါ် Click နှိပ်ပြီး ထပ်မံပုံကြီးချဲ့ ကြည့်နိုင်ပါတယ်...
အိန္ဒိယနိုင်ငံ ဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်ကြီးအတွင်း အနောက်ဖက်တည့်တည့်မှာ လှူဒါန်းထားတဲ့ ဗုဒ္ဓဆင်းတုတော်မှာ 
ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့
နိုင်ငံတော် အေးချမ်းသာယာရေး ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် မိသားစုမှ လှူဒါန်းသည်တဲ့
နှိုင်းယှဉ်လို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ဆူနာမီ ရေလှိုင်းဒဏ်ခံရပြီး ၃ပါတ်အကြာ၌ ပင်လယ်အတွင်းသို့ မျောပါသွားတဲ့ အမှိုက်ပုံပေါ်မှ ခွေးငယ်တစ်ကောင်အား ဂျပန် ကမ်းခြေစောင့်တပ်မှ တွေ့ရှိကယ်တင်နိုင်ခဲ့ (သတင်း၊ ရုပ်သံ)

 
NHK ထုတ်လွှင့်ချက်ကို CNN ကတင်ပြပါတယ်..။
ပြည်တွင်းက ပရိသတ်အတွက် ရုပ်သံ.. ဒေါင်းလုပ် လုပ်ချင်ရင်

ပြီးခဲ့တဲ့ မတ်လ(၁၁) ရက်နေ့က ဆူနာမီ ရေလှိုင်းနဲ့ ပင်လယ်ထဲသို့ မျောပါသွားတဲ့ အမှိုက်သရိုက်တွေ ကြားထဲက အိမ်ခေါင်မိုး တစ်ခုပေါ်မှာ ၃ပါတ်ကြာ မျောပါနေတဲ့ ခွေးငယ်လေး တစ်ကောင်အား ဂျပန်ကမ်းခြေစောင့်တပ်မှ ကယ်ဆယ်နိုင်ခဲ့ပါတယ်..။

ဧပြီလတစ်ရက်နေ့ ညနေ ၄နာရီခန့်က ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျောက်ဆုံးသူများအား ရှာဖွေနေတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဆူနာမီရေလှိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ မီယာဂီခရိုင် ကီဆန်းနုမ ပင်လယ်ကမ်းခြေမှ ၁.၈ကီလိုမီတာ အကွာအဝေး၌ ပင်လယ်ထဲသို့ မျောပါနေတဲ့ ကြီးမားတဲ့ အမှိုက်သရိုက်များ ကြားထဲရှိ အိမ်ခေါင်မိုး တစ်ခုပေါ်မှာ ခွေးငယ်လေး တစ်ကောင်အား တွေ့ရှိခဲ့ပါတယ်..။

အရောင် အညိုရောင်ရှိတဲ့ အဆိုပါ ခွေးမငယ်လေးအား ကယ်ဆယ်ရေး ဝန်ထမ်းနှစ်ဦးမှ ကယ်ဆယ်ရန် ချည်းကပ်လာတဲ့ အချိန်မှာ အဆိုပါ ခွေးငယ်ကလေးဟာ အမှိုက်သရိုက်များ အပေါ် ထွက်ပြေးခဲ့ပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းနှစ်ဦးအနက် တစ်ဦးမှ ပင်လယ်ထဲသို့ ဆင်းပြီး အခြားတစ်ဦးမှ ခွေးငယ်လေး၏ အနီးသို့ ချဉ်းကပ်ကာ ကယ်ဆယ်ရေး လှေငယ်ပေါ် တင်ဆောင်ပြီးနောက် ရဟတ်ယာဉ်ပေါ်သို့ ပို့ဆောင် ကယ်တင်ခဲ့ပါတယ်..။ 

ကမ်းခြေစောင့် တပ်ဖွဲ့ရဲ့ သဘောင်္ပေါ်သို့ ရောက်ရှိတဲ့ အချိန် တပ်ဖွဲ့ဝင်များမှ ဝက်အူချောင်းနဲ့ ဘီစကစ်မုန့်တွေ ကျွေးမွေးတဲ့ အချိန်မှာတော့ အဆိုပါ ခွေးငယ်လေးမှ အမြီးနန့်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏  မျက်နှာအား လျှာနဲ့လျှက်ကာ ကျေးဇူးတင်သည့် အမူအယာ ပြသခဲ့ပါတယ်..။ အဆိုပါခွေးငယ်လေးဟာ ၂ရက်နေ့ နေ့လည်မှာတော့ ရှိအို့ဂါမ ဆိပ်ကမ်းကို ရောက်ရှိလာပါပြီ..။ တွေ့ရှိတဲ့အချိန်မှာ ပိန်လွန်းခြင်းမရှိသလို ကျန်းမာရေး မကောင်းတဲ့ လက္ခဏာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်..။ လောလောဆယ် ခွေးငယ်လေးအား မီယာဂိခရိုင်ရှိ တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာမှာ ထိန်းသိမ်းထားပြီး ပိုင်ရှင်ရှိလျှင် ပြန်လည် ပေးအပ်မှာ ဖြစ်ကြောင်း သိရှိပါတယ်...။

သတင်း.. ဒီမိုဝေယံ 

ခွေးချစ်တတ် သူများ သိရှိနိုင်စေဖို့အတွက် ကြည်နှူးဝမ်းမြောက်ဖွယ် ရုပ်သံ သတင်းလေးကို ဂျပန်သတင်းများပါ အကြောင်းအရာများအား တတ်နိုင်သမျှ ဘာသာပြန်ပြီးရေးသား ဖော်ပြလိုက်ပါတယ်..။  တိရိစ္ဆာန်ဆိုတော့လည်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ် ဆိုတာတော့ ဘယ်ပြောနိုင်မလဲနော့...။ တိရိစ္ဆာန်ပင် ဖြစ်လင့်ကစား တခြားနိုင်ငံတွေမှာ လူ၊တိရိစ္ဆာန်မခွဲခြားပဲ ကယ်တင်လုပ်ဆောင် ပေးတဲ့ အဖြစ်အပျက်ကလေးကို ကြည့်ပြီး အင်မတန်မှ ကြည်နှူးဝမ်းသာ ဖြစ်မိပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာတော့ ..??? မရေးတော့ပါဘူးဗျာ...။   ကျွန်တော့်အနေနဲ့  ပိုင်ရှင်မတွေ့ရင်တော့ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့ ဂျပန်နဲ့ ကမ္ဘာအရပ်ရပ်က တတ်နိုင်သူ ခွေးချစ်သူတွေကို လေလံပစ်ပြီး ရရှိတဲ့ ငွေကိုတော့ ဆူနာမိဘေးဒဏ်ခံ ဂျပန်ပြည်သူတွေ အတွက် ရံပုံငွေအဖြစ် လှူဒါန်းလိုက်ရင် ကောင်းလေမလားလို့ စဉ်းစားကြည့်မိတာပါ..။

အရပ်သားအစိုးရ၊ အမျိုးသမီး(ဒု)ဝန်ကြီးများနဲ့ အခွင့်ထူးခံများ လက်ဝါးကြီးအုပ် ချယ်လှယ်မှု မဖြစ်စေရန် ထိန်းကျောင်းပေးမယ်ဆိုတဲ့ နေပြည်တော် ဆရာသိန်းရဲ့စကားနဲ့ ယခုအပတ်ထုတ် The Voice ဂျာနယ်..

အရပ်သားအစိုးရတဲ့ သေချာမှ ခေါ်မယ် နေပြည်တော် ဆရာသိန်းရေ.. (ခိုင်ထူးသီချင်းလိုပေါ့)
ပထမဦးဆုံး အမျိုးသမီး ဒုဝန်ကြီးတွေတဲ့...
ယုံလား...??? အနီးကပ်ဆုံးကတော့ တေဇတို့ ရွှေသွေးတို့ ကိုအရင် ထိန်းကျောင်းပြပါ...
The Voice April 1st Week

”ကျီးခေါင်းတောင်စေတီတော်” ဒေါ်အောင်ဆန်းစုကြည်နှင့် အများပြည်သူ အလှူငွေဖြင့် ထီးတော်တင်လှူပွဲ (နတ်၊လူ သာဓုခေါ်စေသော်)

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကျီးခေါင်းတောင်ရွာရှိ ”ကျီးခေါင်းတောင်စေတီတော်” အမျိုးသားခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်) တို့၏သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အများပြည်သူတို့၏ အလှူငွေဖြင့် ထီးတော်တင်လှူပွဲကို ခရစ်သက္ကရစ် ၂၀၁၁ခု၊ မတ်လ(၁၉)ရက်၊ မြန်မာသက္ကရစ် (၁၃၇၂)ခု၊ တပေါင်းလပြည့် နံနက်ပိုင်းက အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

နတ်လူ၊ သာဓုခေါ်စေသော်...

ပေးပို့ပေးတဲ့ ဦးငယ်အား ကျေးဇူးတင်ပါသည်..။

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနနှင့် ဓမ္မလမ်းကို လျှောက်ကြမယ် (နာရေးကူညီမှုအသင်း ရန်ကုန်)

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး

ပြည်တွင်း/ပ သာသနာပြု မွန်ဆရာတော်ကြီး ဘဒ္ဒန္တသီလ၀န္တသည် ၁၉၅၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ သွားရောက်ပြီး တရားပို့ချခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ စေတီများ တည်ထားခြင်းဖြင့် သာသနာပြုလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်ခဲ့ရာ ဆရာတော်ကြီး တည်ထားခဲ့သော ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ဘုရားစေတီများမှာ - World Peace Pagoda (Byailone Chanda Zedi) NW Corner, Shwedagon Yahu Corner, Yangon (November 2, 1941)၊ Aung Mingaung Pagoda Windermere, Yangon (January 13, 1949)၊ Benares Pagodas(4) Varanasi. India (1958)၊ American Shwedagon Allegany, New York State, USA May 30, 1958 – June 6, 1958 – August 27, 1982 – September 6, 1982 (reconstruction)၊ Cakkavala Universal Pagoda Boise, Idaho State, USA (May 22, 1982 – June 11, 1982)၊ Canada Shwedagon Kinmount, Ontario, Canada (August 4, 1982 – August 22, 1982)၊ Crystal Mountain Peace Pagoda Galiano Island, BC, Canada (September 9-18, 1982)၊ New Zealand Shwedagon Wangapeka Valley, Nelson, S.Island, New Zealand (January 2 – 9, 1983)၊ Australia Shwedagon Adelaide, Australia (January 28, 1983 – February 9, 1983)၊ England Shwedagon Warwickshire, England, UK (July 28 – August 14. 1988) စသည့် စေတီတော်မြတ်များ ဖြစ်ကြသည်။

ဆရာတော်ကြီးသည် ရန်ကုန်မြို့ အမှတ် (၁၀) ရပ်ကွက် ၀င်ဒါမီယာ၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်ရှိ “အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်” တွင် သာသနာပြုလုပ်ငန်း များ ဆောင်ရွက်တော်မှုစဉ် ၁၈.၃.၂၀၁၁ (သောကြာနေ့) နံနက် (၅း၅၀) နာရီ အချိန်တွင် တစ်ဘ၀ ဇာတ်သိမ်းခန္ဓာဝန်ငြိမ်းတော်မူခဲ့သည်။ သို့ဖြစ်ပါ၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စတီးရွှေကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အသုဘကမ္မဋ္ဌာန်း ရှုမှတ်ပွားခြင်း အခမ်းအနားကို (၁၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့သည်။ ၁.၄.၂၀၁၁ (သောကြာနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိဈာပနသဘင် ဆင်ယင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများသည် အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံ ကျောင်းတိုက်မှ ရုပ်ကလာပ်တော်အား ပြည်တွင်း/ပမှ တပည့်ဒါယကာ ဒါယကာမများ၊ ဆရာတော် သံဃာတော်များ နှင့်အတူ ရေဝေးသုဿန်သို့ ပင့်ဆောင်လောင်တိုက်သွင်း၍ မီးသင်္ဂြိုလ် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဓမ္မလမ်းကို လျှောက်ကြမယ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအတွက် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အကသင်တန်း စသည်တို့ ကို သင်ကြားပေးလျှက်ရှိသလို လူလတ်ပိုင်း၊ လူကြီးပိုင်းများအတွက် အင်္ဂလိပ်စာ အဆင့်မြင့် (4 Skill) သင်တန်းများ၊ ပင်အိုရွက်နု ပန်းချီသင်တန်း၊ နာရေးကူညီမှု လူမှုရေးသင်တန်းများအပြင် “ဓမ္မလမ်းကို လျှောက်ကြမယ်” ဟူသောခေါင်းစဉ်ဖြင့် ၀ိပဿနာသင်တန်းကိုလည်း စတင်မျိုးစေ့ချ သင်ကြားပေး နေပြီ ဖြစ်ပါသည်။ လူမှုရေးသမားများ လူမှုရေး ပရဟိတလုပ်ငန်းများကို မြတ်စွာဘုရား၏ ဒေသနာ အဆုံးအမနှင့်အညီ ပေးဆပ်နိုင်ကြစေရန် ရည်ရွယ်၍ ဆရာဒေါက်တာ-စိုးလွင်(မန္တလေး)မှ ဗြဟ္မစိုရ် တရားလေးပါး လက်ကိုင်ပြု၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအား ကုသိုလ်ဖြစ် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။

မြတ်စွာဘုရား၏ အဆုံးအမအနှစ်ချုပ်သည် “မကောင်းမှုရှောင် ကောင်းမှုဆောင် … ဖြူအောင် စိတ်ကိုထား” ဟူ၍ ဖြစ်သည့်အတိုင်း မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်၍ ကောင်းမှု ကုသိုလ်များ ကို အတတ်နိုင်ဆုံး ပေးဆပ်နေကြသော၊ လုပ်ဆောင်နေကြသော ပရဟိတသမားများ၏ စိတ်ဓါတ်များ ကို သတိပဋ္ဌာန်၊ ၀ိပဿနာပညာ၊ မဂ်ဉာဏ်တို့ဖြင့် မည်ကဲ့သို့အဖြူစင်ဆုံး ထားရှိကြရမည်ကို သင်ကြားပေးခြင်းဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

လူမှု့ဖူလုံရေးပေါ်လစီ နောက်ကွယ်မှ ငြီးတွားသံများ (ကိုမောင်မောင်ဝမ်း)

လူမှု့ဖူလုံရေးပေါ်လစီ နောက်ကွယ်မှ ငြီးတွားသံများ (မောင်မောင်ဝမ်း)ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်..။

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညိတ်တတ်တယ်ဆို.. လွှတ်တော်ထဲမှ မြင်ကွင်းများ..

 
အစိုးရ သစ်ကို ကြိုဆိုတဲ့ အနေနဲ့ နအဖရဲ့ လျှို့ဝှက်စီမံကိန်းများ.. ဆက်လက်ဖော်ပြပေးပါမယ်..။ ဒီနေ့တော့ အချိန်မရလို့ သတင်းအသစ် မတင်ပေးနိုင်တာ ခွင့်လွှတ်ပါဗျာ... စနေ၊ တနင်္ဂနွေမှာ ရရှိပေးပို့ထားတဲ့ သတင်း၊ ဆောင်းပါးများ ဆက်လက် ဖော်ပြပေးပါမယ်...။
 ပေါင်ချိန်နှင့် အဖွဲ့သားများ.. အရှေ့ကတော့ တရားစီရင်တဲ့ လက်နက်ပေါ့ဗျာ..
မြင်ရတဲ့ ပုံကတော့ တိုင်းပြည်ကို ရောင်းစားတော့မယ့် လေလံပွဲက လူကြီးတွေနဲ့များ တူနေသလားလို့
မသရော်ရရင် မနေနိုင်လို့ဗျာ.. လွှတ်တော်ထဲက ကျန်းကျိမ်ပွဲတဲ့.. ဒါမှမဟုတ် မူလတန်းကလေးတွေ ဆရာရှေ့မှာ စာအံပွဲလား..  ဟိုတလောက Youtubeမှာ စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး ကဘောက်တိ ကဘောက်ချာ ထွက်လာတဲ့ ဘုန်းကြီးတရားဟောပွဲက အကုန်ချွတ်လိုက်ဆိုတဲ့ သီချင်းနဲ့ကနေတဲ့ ပုံတွေကို သတိရမိပါတယ်..။
 ဤအစိုးရသည်  မှန်ကန်စွာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း အစစ်ခံပါမည်... မမှန်မကန် မဲခိုးခဲ့သည်ဆိုပါက.. ကျမ်းဆူးပါစေသား..
မြင်ရတာကတော့ လွှတ်တော်လား ပြဇာတ်လားပဲ..  ကိုအောင်မျိုးထွန်းပြောတဲ့ မိုးလေဝသမှန်မှန်ဟော တောက်တဲ့ ကိုလူချောဆိုတဲ့  ငယ်ငယ်က ကဗျာလေးရဲ့ အဆက် ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညိတ်တတ်တယ်ဆို ဆို သလိုပေါ့.. (ဓာတ်ပုံ Reuters)

လာရောက် ဖတ်ရှူတဲ့ ပရိသတ်အားလုံးအား ကျေးဇူးတင်ပါသည်..

ဒီမိုဝေယံ..