ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆူနာမီ ရေလှိုင်းဒဏ်ခံရပြီး ၃ပါတ်အကြာ၌ ပင်လယ်အတွင်းသို့ မျောပါသွားတဲ့ အမှိုက်ပုံပေါ်မှ ခွေးငယ်တစ်ကောင်အား ဂျပန် ကမ်းခြေစောင့်တပ်မှ တွေ့ရှိကယ်တင်နိုင်ခဲ့ (သတင်း၊ ရုပ်သံ)

 
NHK ထုတ်လွှင့်ချက်ကို CNN ကတင်ပြပါတယ်..။
ပြည်တွင်းက ပရိသတ်အတွက် ရုပ်သံ.. ဒေါင်းလုပ် လုပ်ချင်ရင်

ပြီးခဲ့တဲ့ မတ်လ(၁၁) ရက်နေ့က ဆူနာမီ ရေလှိုင်းနဲ့ ပင်လယ်ထဲသို့ မျောပါသွားတဲ့ အမှိုက်သရိုက်တွေ ကြားထဲက အိမ်ခေါင်မိုး တစ်ခုပေါ်မှာ ၃ပါတ်ကြာ မျောပါနေတဲ့ ခွေးငယ်လေး တစ်ကောင်အား ဂျပန်ကမ်းခြေစောင့်တပ်မှ ကယ်ဆယ်နိုင်ခဲ့ပါတယ်..။

ဧပြီလတစ်ရက်နေ့ ညနေ ၄နာရီခန့်က ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျောက်ဆုံးသူများအား ရှာဖွေနေတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဆူနာမီရေလှိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ မီယာဂီခရိုင် ကီဆန်းနုမ ပင်လယ်ကမ်းခြေမှ ၁.၈ကီလိုမီတာ အကွာအဝေး၌ ပင်လယ်ထဲသို့ မျောပါနေတဲ့ ကြီးမားတဲ့ အမှိုက်သရိုက်များ ကြားထဲရှိ အိမ်ခေါင်မိုး တစ်ခုပေါ်မှာ ခွေးငယ်လေး တစ်ကောင်အား တွေ့ရှိခဲ့ပါတယ်..။

အရောင် အညိုရောင်ရှိတဲ့ အဆိုပါ ခွေးမငယ်လေးအား ကယ်ဆယ်ရေး ဝန်ထမ်းနှစ်ဦးမှ ကယ်ဆယ်ရန် ချည်းကပ်လာတဲ့ အချိန်မှာ အဆိုပါ ခွေးငယ်ကလေးဟာ အမှိုက်သရိုက်များ အပေါ် ထွက်ပြေးခဲ့ပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းနှစ်ဦးအနက် တစ်ဦးမှ ပင်လယ်ထဲသို့ ဆင်းပြီး အခြားတစ်ဦးမှ ခွေးငယ်လေး၏ အနီးသို့ ချဉ်းကပ်ကာ ကယ်ဆယ်ရေး လှေငယ်ပေါ် တင်ဆောင်ပြီးနောက် ရဟတ်ယာဉ်ပေါ်သို့ ပို့ဆောင် ကယ်တင်ခဲ့ပါတယ်..။ 

ကမ်းခြေစောင့် တပ်ဖွဲ့ရဲ့ သဘောင်္ပေါ်သို့ ရောက်ရှိတဲ့ အချိန် တပ်ဖွဲ့ဝင်များမှ ဝက်အူချောင်းနဲ့ ဘီစကစ်မုန့်တွေ ကျွေးမွေးတဲ့ အချိန်မှာတော့ အဆိုပါ ခွေးငယ်လေးမှ အမြီးနန့်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏  မျက်နှာအား လျှာနဲ့လျှက်ကာ ကျေးဇူးတင်သည့် အမူအယာ ပြသခဲ့ပါတယ်..။ အဆိုပါခွေးငယ်လေးဟာ ၂ရက်နေ့ နေ့လည်မှာတော့ ရှိအို့ဂါမ ဆိပ်ကမ်းကို ရောက်ရှိလာပါပြီ..။ တွေ့ရှိတဲ့အချိန်မှာ ပိန်လွန်းခြင်းမရှိသလို ကျန်းမာရေး မကောင်းတဲ့ လက္ခဏာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်..။ လောလောဆယ် ခွေးငယ်လေးအား မီယာဂိခရိုင်ရှိ တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာမှာ ထိန်းသိမ်းထားပြီး ပိုင်ရှင်ရှိလျှင် ပြန်လည် ပေးအပ်မှာ ဖြစ်ကြောင်း သိရှိပါတယ်...။

သတင်း.. ဒီမိုဝေယံ 

ခွေးချစ်တတ် သူများ သိရှိနိုင်စေဖို့အတွက် ကြည်နှူးဝမ်းမြောက်ဖွယ် ရုပ်သံ သတင်းလေးကို ဂျပန်သတင်းများပါ အကြောင်းအရာများအား တတ်နိုင်သမျှ ဘာသာပြန်ပြီးရေးသား ဖော်ပြလိုက်ပါတယ်..။  တိရိစ္ဆာန်ဆိုတော့လည်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ် ဆိုတာတော့ ဘယ်ပြောနိုင်မလဲနော့...။ တိရိစ္ဆာန်ပင် ဖြစ်လင့်ကစား တခြားနိုင်ငံတွေမှာ လူ၊တိရိစ္ဆာန်မခွဲခြားပဲ ကယ်တင်လုပ်ဆောင် ပေးတဲ့ အဖြစ်အပျက်ကလေးကို ကြည့်ပြီး အင်မတန်မှ ကြည်နှူးဝမ်းသာ ဖြစ်မိပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာတော့ ..??? မရေးတော့ပါဘူးဗျာ...။   ကျွန်တော့်အနေနဲ့  ပိုင်ရှင်မတွေ့ရင်တော့ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့ ဂျပန်နဲ့ ကမ္ဘာအရပ်ရပ်က တတ်နိုင်သူ ခွေးချစ်သူတွေကို လေလံပစ်ပြီး ရရှိတဲ့ ငွေကိုတော့ ဆူနာမိဘေးဒဏ်ခံ ဂျပန်ပြည်သူတွေ အတွက် ရံပုံငွေအဖြစ် လှူဒါန်းလိုက်ရင် ကောင်းလေမလားလို့ စဉ်းစားကြည့်မိတာပါ..။