ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ယခုနှစ်အကုန်ပိုင်းမှာ သွားရောက် လည်ပတ်မည်ဟုဆို..

လွန်ခဲ့တဲ့ (၂၆နှစ်) ၁၉၈၆ခုနှစ် ဧပြီလက  ကျိုတိုချယ်ရီပွင့်ချိန်မှာ ရိုက်ကူးခဲ့တဲ့ အမေစု..
မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုနှစ်အကုန်ပိုင်းမှာ ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ဖို့ စီစဉ်ထားကြောင်း    http://www.betweenonline.comမှာ Nikkei သတင်းဋ္ဌာနရဲ့ ရေးသားချက်အား ကိုးကား ဖော်ပြထားပါတယ်..။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Takashi Saitoမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်မှာသွားရောက် တွေ့ဆုံစဉ်မှာလည်း ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်လိုကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်..။

ဒါဟာ လွန်ခဲ့တဲ့ ၁၉၈၅/၈၆နှစ်က ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ လာရောက်စာတမ်း ပြုစုခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၆နှစ်အကြာမှာ  လာရောက် လည်ပတ်မယ့် ဂျပန်နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်..။ (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းအား (၉)လကြာ စာတမ်း ပြုစုခဲ့ပါတယ်...)

Source... http://www.betweenonline.com/2012/05/03/suu-kyi-will-visit-japan-for-the-first-time-in-26-years/
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ပြီး စာတမ်းပြုစုခဲ့တဲ့ (Center for Southeast Asian Studies East Building) အဆောင်ရဲ့ (၃)ထပ် အခန်းနံပါတ် E306အား ဒေါ်အောင်ဆန်းစုကြည် အခန်းအဖြစ်ထားရှိ ထားပါတယ်..။ (ဓာတ်ပုံ ဒီမိုဝေယံ)
လာမယ့်  ဇွန်လလယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ခုနှစ်နောက်ပိုင်း ၂၄နှစ်ကြာ ပြည်ပခရီးစဉ်အဖြင့် နော်ဝေးနိုင်ငံနဲ့ ဗြိတိန်နိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်...။ အဆိုပါခရီးစဉ်အတွင်း  ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အဖွဲ့ချုပ်မှ မည်သူမည်ဝါ လိုက်ပါသွား ရောက်မည် ဆိုတာကိုတော့ သက်ဆိုင်ရာ အစိုးရမှ စပွန်ဆာပေးမည့် အပေါ်မှာ မူတည်ကြောင်း အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်မှ သိရှိရပါတယ်..။

ဒီမိုဝေယံ

မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ရန်ကုန်မှာ ပိတောက်တွေ လှိုင်လှိုင်ပွင့်ခဲ့ပါတယ်...

 ဧပြီ(၁)မှာ ရွှေပြည်သစ်အတွက် ခွပ်ဒေါင်းနိုင်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်စတင် တက်ရောက်ခဲ့တဲ့ ထူးခြားတဲ့ မေ(၂)မှာလည်း ထူးထူးခြားခြား ပိတောက်တွေ လှိုင်လှိုင်ပွင့်ခဲ့ပြန်ပါပြီ...


သူငယ်ချင်းတို့ရေ..
အမေစု လွှတ်တော်တက်တဲ့ ဒီနေ့ရန်ကုန်မှ ပိတောက်တွေ တစ်မြို့လုံးဝေအောင် ပွင့်နေကြပါတယ်။ ဘယ်လောက်များ တိုက်ဆိုင် ၀မ်းသာကြည်နှုးဖို့ ကောင်းလိုက်ပါသလဲ၊ ၀မ်းသာကြည်နှုးမှုများကို မျှဝေလိုက်ပါတယ်၊

လွန်ခဲ့တဲ့(၂၂) နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို ပြန်သတိရမိပါတယ်၊
ငုနဲ့ပိတောက် နွေမှာလှိုင်သည်။ စုနဲ့ ခမောက် မေမှာနိုင်မည်။

ဝမ်းသာကြည်နူးစွာဖြင့်
ကိုငယ်
ကျွန်တော်လည်း ဒီလိုလေးတွေးမိတယ်..။  ထူးထူးခြားခြား ပိတောက်တွေပွင့်တဲ့ အတွက်..
ငုနဲ့ပိတောက် နွေမှာလှိုင်သည်..။ 
စုနဲ့ခွပ်ဒေါင်း သေချာနိုင်ပြီလို့

ယနေ့ပြည်သူ့လွှတ်တော်မှာ ကျမ်းသစ္စာကျိမ်ဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ကိုယ်စားလှယ်များ (ရုပ်သံ)

ယနေ့ ပြည်သူ့လွှတ်တော်မှာ ကျမ်းသစ္စာကျိမ်ဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ကိုယ်စားလှယ်များ (ရိုက်တာ ရုပ်သံ)
ရုပ်သံဖိုင် ဒေါင်းလုပ်ရယူရန် 

ယနေ့ ပြည်သူ့လွှတ်တော်မှာ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ကိုယ်စားလှယ်များ (ဓာတ်ပုံ)

 ယနေ့ (မေလ ၂ ရက်နေ့) တွင်ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး ကတိသစ္စာပြုရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး(သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသူ၃ဦးခွင့်) ၃၄ဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

ဓာတ်ပုံများ AP,Reuters, Getty Images
သတင်း EMG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ကျမ်းသစ္စာကျိမ်ဆိုနေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၏ စုရင်ခွင် ကျောင်းဆောင်ဖွင့်ပွဲနှင့် အလှူဒါန သတင်းများ...

စုရင်ခွင် ပညာဒါနကျောင်း၊ မရမ်းကျေးရွာ၊ ကွမ်းခြံကုန်းမြို့ နယ်
ကွမ်းခြံကုန်းမြို့နယ် NLD လူငယ်များမှ ဦးဆောင်ပြီး (၂၀၁၁) ဇူလိုင်လမှ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သော စုရင်ခွင် ပညာဒါန ကျောင်းလေးကို ပိုမိုကောင်းမွန်သော ကျောင်းလေး ဖြစ်စေရန်အတွက် မြေအလှူရှင် ဦးဝင်းဦးနှင့် ဒေါ်လင်းထိန် မိသားစုမှ မြေလှူဒါန်းပြီး မရမ်းကျေးရွာ ပြည်သူများမှ စေတနာ ထက်သန်စွာ ပါဝင်လှူဒါန်း ဆောက်လုပ်ခဲ့ကြသည့် စုရင်ခွင် ပညာဒါန ကျောင်းဆောင်သစ် ဖွင့်ပွဲကို (၂၉. ၄. ၁၂)နေ့က အဆိုပါ ကျောင်းလေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြပါသည်။ အဖွဲ့ချုပ်မှ တောင်တွင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ၊ ကွမ်းခြံကုန်းမြို့နယ် တက္ကသိုလ်ဘွဲ့ရ လူငယ်များအဖွဲ့၊ ကွမ်းခြံကုန်းမြို့နယ် စနေလူငယ်များအဖွဲ့၊ မရမ်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများ၊ ကျောင်းသား ကျောင်းသူများ စုံညီစွာ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါသည်။

စုရင်ခွင် ပညာဒါနကျောင်းလေးတွင် (၂၀၁၂- ၁၃) ပညာသင်နှစ်အတွက် သူငယ်တန်းမှ န၀မတန်းထိ ကျောင်းသား ကျောင်းသူ(၁၀၀) ကိုလက်ခံပြီး စေတနာဆရာ (၆) ဦးကသင်ကြားပေးမှာဖြစ်ပါသည်။ ကျောင်းလေးမှာ ဓနိမိုး၊ ၀ါးကျောင်းလေး ဖြစ်သော်လည်း ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ဆရာများ၏ ထက်သန်သော စေတနာကို တွေ့မြင် ခံစားမိခဲ့သောကြောင့် ကလေးများအတွက် အမှန်တကယ် အကျိုးပြုနိုင်သော ပညာဒါနကျောင်းလေး တစ်ကျောင်း မကြာခင် ပေါ်ပေါက်လာတော့မည်ဟု ယုံကြည် ၀မ်းမြောက်မိပါသည်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရေကြောင်းသိပ္ပံ ကျောင်းသားဟောင်းများအဖွဲ့ (CE- 24) ၏ မြတ်သောဒါန။

ရေကြောင်းသိပ္ပံမှ ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်သော (CE- 24) မှ ကျောင်းသားဟောင်း များစုပေါင်း၍ အလှူငွေထည့်ဝင်ပြီး ဆင်းရဲနွမ်းပါး၍ ပညာရေး နိမ့်ကျနေသော ကလေးများအား ကူညီပေးရန် ရည်ရွယ်ချက်ဖြစ် အမေ့အရိပ် ပညာဒါနကျောင်း၊ ကော့မှူးမြို့နယ်သို့ (၂၉.၄.၁၂) က အောက်ပါ ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းသွားပါသည်။

(၁)ကလေးများ ဗုဒ္ဓဘာသာအခြေခံရရှိစေရန် ဘုရားဆင်းတုတော်တစ်ဆူ။

(၂)ကလေးများ အလင်းရောင်လုံလောက်စွာဖြစ် ပညာသင်ကြားနိုင်ရန် (၄)ပေ မီးချောင်း (၁၀) ချောင်း။

(၃)ကလေးများ အေးမြသန့် ရှင်းသောရေကို သောက်သုံး နိုင်ရန် ရေအေးစက် (၁) လုံး။

(၄) ကျောင်းရန်ပုံငွေအဖြစ် အလှူငွေ (၈၂၅၀၀၀) ရှစ်သိန်းနှစ်သောင်း ငါးထောင်ကျပ်တိတိ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှလည်း (USA)မှ ကိုတင်ထက်ကိုကိုနှင့် မောင်နှမများ လှူဒါန်းသည့် Computer တစ်စုံကို သွားရောက်လှူဒါန်း ခဲ့ကြပါသည်။

ဤ မြတ်သောဒါနကို အာလုံးသာဓုခေါ် နိုင်ကြပါစေ။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ပေးစာ၊ တိုင်ကြားစာ (၅စောင်)


(၁) ကျုံပျော်မြို့နယ် ရှားခဲအင်းကြီးကို ဒေသခံများ လုပ်ကိုင်ခွင့်ပြုရန် သမ္မတဆီ စာပို့ တင်ပြ တောင်းခံ
ဒေသခံပြည်သူတွေ မှီခို အားထား အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရှားခဲအင်းကြီးကို လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်မှ စတင်ကာ ပုဂ္ဂလိက လုပ်ငန်းရှင်အား လုပ်ပိုင်ခွင့် ပေးလိုက်တဲ့အတွက် ပြည်သူအများ ဒုက္ခရောက်နေကြောင်း၊ ဒ့ါကြောင့် ထိုအင်းကြီးအား ဒေသခံပြည်သူများ ပြန်လည် လုပ်ကိုင် စားသောက်ခွင့်ပေးရန်အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းခံအပ်ပါကြောင်း ရေးသားထားတဲ့ စာတစောင်ကို ဒေသခံများက မြန်မာသမ္မတ ဦးသိန်းစိန်ထံ ပေးပို့ထားကြောင်း သတင်းရရှိပါတယ်။

မြန်မာစစ်အာဏာရှင်များဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်မှ စတင်ကာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စုနဲ့ အနီးအနားက ကျေးရွာအုပ်စုပေါင်း ခြောက်အုပ်စုက မှီခို အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ ရှားခဲအင်းကြီးကို ပုဂ္ဂလိကလုပ်ငန်းရှင်တဦးအား လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။ ထိုသို့ လုပ်ပိုင်ခွင့်ရတဲ့ လုပ်ငန်းရှင်ဟာ ရှာခဲအင်းကြီးကို ငါးမွေးကန်သဘွယ် အသုံးပြုခဲ့တဲ့ အင်းကို မှီခို လုပ်ကိုင် စားသောက်ခဲ့ရတဲ့ ဒေသခံပြည်သူများ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ ထိုသို့ အလုပ်လက်မဲ့ ဖြစ်မှု၊ အလုပ်အကိုင် ရှားပါးမှုများနဲ့ ဆက်နွယ်ပြီး စားဝတ်နေရေး အကြပ်အတည်းတွေ့ကာ ရင်သွေးငယ်များအား ပညာသင်ကြား မပေးနိုင်ခဲ့တဲ့အတွက် ကလေးငယ်များလည်း ပညာရေးချို့တဲ့ခဲ့ကြရပါတယ်။ စားဝတ်နေရေး ကြပ်တည်းမှုကို မခံစားနိုင်တဲ့ ဒေသခံပြည်သူများဟာ ရှားခဲအင်းကြီးထဲ ၀င်ရောက်ကာ တနပ်တအိုးစာ ငါးဖမ်းခဲ့ကြရပါတယ်။ 
အဲဒီလို ငါးဖမ်းတဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင်များက နည်းမျိုးစုံနဲ့ နှိပ်စက် ဆက်ဆံခဲ့တာကိုလည်း ခံခဲ့ရပါတယ်။ ဒါ့ကြောင့် တဦးတယောက်၊ တစုတဖွဲ့ ကောင်းစားရေး အကျိုးကျေးဇူးထက် ပြည်သူအများ စားဝတ်နေရေး ပြေလည်စေရေးကို ရှေ့ရှုပြီး ပြည်သူအများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ဆောင်ရွက်ပေးရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ သားငါး ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်ရန်အတွက် ပြည်သူအများကို သနားငဲ့ညှာတဲ့အနေနဲ့ ရှားခဲအင်းကြီးကို ဒေသခံပြည်သူများ၊ အင်းသူအင်းသားများ လုပ်ကိုင် စားသောက်ခွင့်ပြုရန်အတွက် မြန်မာသမ္မတ ဦးသိန်းစိန်ထံ စာရေးသား တင်ပြ တောင်းခံခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
(၂) ကော့သောင်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ သမ္မတထံတိုင်ကြားစာ..
(၃) ဖိုးသီးချိုကုမ္မဏီမှ မီတာခ မတရားကောက်ခံမှုအပေါ် တိုင်ကြားစာ..

ထားဝယ်မြို့နယ်တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးလျက်ရှိသော ဖိုးသီးချိုကုမ္မဏီမှ မီတာခကောက်ခံရတွင် မတရားမှုများ ရှိနေသဖြင့် ထားဝယ်သူ ထားဝယ်သားများ မကျေမနပ် ဖြစ်နေကာ မီတာခလျှော့ချပေးဖို့ တောင်းဆိုရန် ဆောင်ရွက် လျက်ရှိပါသည်။ အဓိကအကြောင်းရင်းမှာ ဖိုးသီးချိုမှ ကျောက်ဖြူမြို့တွင် ကောက်ခံသော မီတာခအား ၁၀ ယူနစ်အောက်သုံးစွဲသူများအတွက် အစိုးရနှုန်းအတိုင်း တစ်ယူနစ် ၅၀ ကျပ်အထိ လျှော့ချ ပေးလိုက်သော်လည်း ထားဝယ်မြို့တွင်မူ တစ်ယူနစ်ကို ၅၀၀ ကျော် ၆၀၀ နီးပါအထိ ကောက်ခံလျက် ရှိသောကြောင့် ဒေသခံအများစုမှာ မကျေမနပ် ဖြစ်လျက်ရှိပါသည်။

ဆက်သွယ်ရန်
ကိုဇော်ဝင်း ၀၉ ၄၉၈၅၂၃၁၄
ကိုဌေးဦး ၀၉ ၄၉၈၅၁၃၃၃
ဖိုးသီးချို ၀၅၉ ၂၂၄၅၆


(၄) မြောက်ဦးမြို့နယ် လက်ပန်တော ကျေးရွာအုပ်စု အထုပ်ထည်မ ကျေးရွာသူ/ ရွာသားများမှ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်သာသနာရေးဝန်ကြီးနှင့် ပြည်နယ် ဆရာတော်ကြီးများထံ တိုင်ကြားစာ..
(၅) ထားဝယ်မြို့၊ မောင်မယ်ရှောင်ရွာမှ စည်းကမ်းမဲ့ပြုမူ လုပ်ဆောင်နေသော ကျောင်းတစ်ကျောင်း
ထားဝယ်မြို့၊ မောင်မယ်ရှောင်ရွာ၊ ထားဝယ်-ရေး ကားလမ်းမကြီးပေါ်တွင် မောင်မယ်ရှောင်ရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရှိပါသည်။ ထိုကျောင်းသည် ထားဝယ် အ.ထ.က.(1) ၏ ကျောင်းခွဲတစ်ခု ဖြစ်ပါသည်။ မူလက အခြေခံပညာ အလယ်တန်းကျောင်း တစ်ခုသာဖြစ်သော ထိုကျောင်းကို အ.ထ.က (ခွဲ) တစ်ခုဖြစ်လာစေရန် အတွက်ထိုရွာရှိ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင် ရပ်မိရပ်ဖများ၊ ပြင်ပမှခေါ်ယူထားသော တွဲဖက် ဆရာ၊ဆရာမများနှင့် ကျောင်းသူ ကျောင်းသား များက အထူးကြိုးစား တည်ဆောက် ခဲ့ကြရပါသည်။

အထက်တန်းကျောင်း(ခွဲ) သက်တမ်းနုစဉ်က ထိုကျောင်းသည် တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်အထူး ကောင်းမွန်ပြီး လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး ပေါ်ထွက်ခဲ့သည်အထိ အောင်မြင်မှုရခဲ့ပါသည်။ သို့သော်လည်း ထိုကျောင်းမှ လက်ထောက်ကျောင်း တာဝန်ခံဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အင်္ဂလိပ် စာသင် သောရွာခံဆရာမ ဒေါ်ယုယုဌေး နှင့် သင်္ချာဆရာမ ဒေါ်ခင်စော တို့ဦးဆောင်လျက် ပြင်ပကျူရှင် တစ်ခု ဖွင့်လှစ်သင်ကြားခဲ့သော အချိန်မှစ၍ ထိုကျောင်း၏ အောင်ချက်သည် အလွန်အမင်း ကျဆင်း လာခဲ့ပါသည်။

ထိုဆရာမနှစ်ဦးသည် ရွာသူရွာသား ကျောင်းသားမိဘများ၏ အေးချမ်းရိုးသားမှုကို အခွင့်ကောင်းယူကာ ထိုကျောင်းတွင် ဆရာ့ဝတ္တရား ငါးပါးနှင့် မကိုက်ညီသော အပြုအမူ၊ အပြောအဆိုများကို ပြုမူပြောဆိုလျက် ရှိပါသည်။ မိမိတို့ ကျူရှင်တွင်တက်သော ကျောင်းသူ ကျောင်းသားများကို အစမ်းစာမေးပွဲ ရမှတ်များ တိုးပေးခြင်း၊ အစမ်းစာမေးပွဲ အခန်းစောင့်ရင်း အဖြေများ ကူညီပြောပြပေးခြင်း၊ အခြားပြင်ပကျူရှင်တွင် တက်သော ကျောင်းသူ ကျောင်းသားများကို ကျောင်းစာသင်ခန်းထဲတွင် ချိုးနှိမ်ဆက်ဆံခြင်း၊ သင်္ချာဘာသာရပ်တွင် ခက်ခဲသောမေးခွန်းများကို ချန်တွက်ခြင်း စသောလုပ်ဆောင်ချက်များ  လုပ်ဆောင် လျက်ရှိသည်ကို ရွာရှိ ကျောင်းသားမိဘများက စိတ်မချမ်းသာစွာ ကြားသိမြင်တွေ့နေရပါသည်။

အခြားဘာသာရပ် များတွင်လည်း သင်ကြားပို့ချမှု အပိုင်း၌အားနည်းချက်များစွာ ရှိနေပါသည်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရပါလျှင် ထိုကျောင်းမှဆရာ၊ ဆရာမများ၏ သင်ကြားပို့ချ ချက်များသည် တက္ကသိုလ်
ဝင်တန်း ကျောင်းသားတစ်ယောက်အတွက် ဂုဏ်ထူးထွက်ရန် မဖြစ်နိုင်ပါ။ (ထိုကျောင်းမှ လေးဘာသာဂုဏ်
ထူးရှင်သည် ထိုရွာမှပြင်ပကျူရှင်တွင် တက်ရောက်ခဲ့ကာ ထိုပြင်ပဆရာများ၏ ကွပ်ကဲမှုအောက်တွင် ကြိုးစား လိုက်နာခဲ့သူသာ ဖြစ်ပါသည်)။

ထို့ကြောင့်ပင် ထိုကျောင်းကို ကျောင်းသားမိဘများက လွန်စွာမှပင် အယုံအကြည် ကင်းမဲ့လျက် ရှိနေကြ ပါသည်။ ကျောင်းအုပ် ဆရာမကြီးမှာလည်း ရပ်ရွာနှင့် ကျောင်းအပေါ် စေတနာ နည်းပါးလှသည့်အပြင် ထိုဆရာမနှစ်ဦး၏ လုပ်ရပ်များကိုလည်း တားဆီး ထိန်းကွပ်နိုင်စွမ်း မရှိပါ။ သို့ဖြစ်ရာ စာတော်၍ ရည်မှန်းချက်ကြီးမားသော ကျောင်းသားကျောင်းသူများ၏ မိဘများက မိမိတို့၏ သားသမီးများ တက္ကသိုလ်ဝင်တန်း ရောက်သောအခါ ထိုကျောင်းတွင်တက်စေရန် ဆန္ဒမရှိတော့သဖြင့် အခြားကျောင်းများ (ဥပမာ-ပြင်ဦးလွင်၊ ရန်ကုန်၊ မန္တလေး၊ ထားဝယ် ရှိကျောင်းများနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ) သို့ ပို့ရန် ကြိုးစားလာကြပါသည်။ မိမိတို့၏သားသမီးများကို တော်သည်ထက် တော်၊ မြင့်သည်ထက် မြင့်သောနေရာ သို့ပို့ဆောင်ရန်အတွက် မိဘတိုင်းတွင် ဆန္ဒရှိကြပါသည်။ ထိုအခါတွင်လည်း ထိုကျောင်းမှ လက်ထောက်ကျောင်း တာဝန်ခံ ဒေါ်ယုယုဌေးသည် ထိုကျောင်းသားများကို ကျောင်းထွက် လက်မှတ်မပေးရန် ကျောင်းအုပ်ဆရာမကြီးကို ဖိအားပေးပြောဆိုခြင်း၊ ထိုကျောင်းသား၏ မိဘများအား ဝေဖန် အပုပ်ချပြောဆိုခြင်း၊`ငါဒီကျောင်းမှာရှိနေသရွေ့ ကျောင်းထွက်လက်မှတ် လုံးဝမရစေဘူး´ ဟုခြိမ်းခြောက်ပြောဆိုခြင်း တို့ကိုပြုလုပ်ပြန်ပါသည်။

ရပ်ရွာတွင် သြဇာအာဏာရှိသူ၊ ငွေကြေးတောင့်တင်းသူများ၏ သားသမီးများ ဆိုလျှင်တော့ ကျောင်းထွက် လက်မှတ် ထုတ်ပေးပါသည်။ (ဒေါ်ယုယုဌေး၏ အစ်ကိုအရင်းဖြစ်သော ဦးကိုဝင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့စဉ်က ဦးကိုဝင်း၏သမီးသည် တက္ကသိုလ်ဝင်တန်းကို ထားဝယ်မြို့မှ ကိုယ်ပိုင် သင်တန်းကျောင်းတစ်ခု တွင် အဆင်ပြေစွာ တက်ရောက် အောင်မြင်ခဲ့ပါသည်။ လက်ရှိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း၏သမီး မှာလည်း တက္ကသိုလ်ဝင်တန်းကို အခြားမြို့တွင် သွားရောက် ဖြေဆိုထားပါသည်)။ သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူလူထု၏ ရိုးသားအေးဆေးမှုကို အခွင့်ကောင်းယူကာ ဥပဒေကို မျက်ကွယ်ပြုလျက် မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်သော ထိုဆရာမများနှင့် ထိုကျောင်းအား သက်ဆိုင်ရာ များက လိုအပ်သလို လမ်းညွှန်ထိန်းသိမ်း ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။


ကျောင်းသားမိဘတစ်ဦး
မောင်မယ်ရှောင်ရွာ ၊ ထားဝယ်မြို့ ၊တနင်္သာရီတိုင်း။
ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ပေးစာ၊ တိုင်ကြားစာများအား စုပေါင်း ဖော်ပြလိုက်ပါတယ်...။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ တွေ့ဆုံပွဲ.. (ရုပ်သံဖိုင်)

 မြန်မာနိုင်ငံမှာ ၃ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ယနေ့နံနက်ပိုင်းက မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါသည်...။

ဓာတ်ပုံ၊ ရုပ်သံ Reuters

ပါဝါ(၅၄) (ကဗျာရှင် နေရဲနီ)

ပါဝါ(၅၄) 
(ကဗျာရှင် နေရဲနီ)

အမှတ်(၅၄)
တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်
ရန်ကုန်မြို့။

ဒီခြံထဲက အိမ်ကြီးမှာ
တို့ဖခင်ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
အသက်ထက်ဆုံး နေသွားခဲ့ဘူးတယ်။

ညီမဖြစ်သူရဲ့ကရုဏာနဲ့
သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီး
ဒီခြံထဲမှာဘဲချို့ချို့တဲ့တဲ့ နေသွားခဲ့ဘူးတယ်။
မိခင်ဖြစ်သူကို နေစရာ ပေးထားသည့်အတွက်
ကျေးဇူးဆပ်သောအားဖြင့်
ဒေါ်ခင်ကြီးက ပါလာတဲ့သား
ဗိုလ်မှူးခင်မောင်အေးဆိုသူက
သူ့အမေနေခဲ့တဲ့ မြေနေရာကို
ပိုင်းရောင်းစားဖို့ ကြံခဲ့ဖူးတယ်။

ပါဝါ(၅၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးဖွားပေးရာ
ဘူမိနက်သန် နေရာမှန်ဖြစ်တယ်။

အကြောက်တရား ကြီးမားလှတဲ့
လက်နက်ကိုင် အာဏာပိုင်တို့အတွက်
မုဆိုးမတစ်ယောက်ရဲ့ နှုတ်ဖျားက
ထွက်လာတဲ့ စကားသံတွေ
ဒီမိုကရေစီအရေး တိုက်ပွဲခေါ်သံ
လူထုခေါင်းဆောင်
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်
ဒီမိုကရေစီမိခင် အတွက်
အင်းစိန်ထောင်ရဲ့လက်ခွဲအဆောင်
တစ်ဆယ့်လေးနှစ် ကျော်ကျော်
အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့
အကျဉ်းထောင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပြဿနာကို မီးခွက်ထွန်းရှာဖို့အတွက်
ဂျွန်ယက်တောဆိုတဲ့ လူ
ဒီခြံထဲကိုတိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့ဖူးတယ်။

ဒီခြံထဲကို နဝတ နအဖ အစရှိတဲ့အဖွဲ့တွေက
နိုင်ငံ့ခေါင်းဆောင်တွေ လူမသိသူမသိ
ဝင်ထွက်သွားလာဖူးတယ်။
လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့
နိုင်ငံခြား သံတမန်တွေ
ဒီခြံထဲကို ဝင်ထွက်သွားလာဖူးတယ်။

ဟီလာရီကလင်တန် ဒေးဗစ်ကင်မရွန်း
အစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီသီးက နိုင်ငံ့ခေါင်းဆောင်တွေ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ
ဝင်ထွက်သွားလာဘူးတယ်။

စကားမစပ်
အကျဉ်းကျနေတဲ့လူထုခေါင်းဆောင်ကို
UNကအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းက
ထောင်ဝင်စာတွေ့ဖို့ ကြိုးစားခဲ့ပေမဲ့
တန်းစီးက တံခါးဖွင့်မပေးလို့
ဘန်ကီမွန်းကြီး နောက်လှည့်ပြန်ခဲ့ရဘူးတယ်။

လှပတဲ့အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ခေါင်းဆောင်တွေ
လူထုအမေနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ဆွေးနွေးကြရာ
နေရာလည်း ဖြစ်တယ်။

ပါဝါ(၅၄)
နိုင်ငံတော် ဧည့်ဂေဟာမဟုတ်
ခမ်းနားထည်ဝါတဲ့ ဧည့်ခန်းမရှိသော်ငြား
နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ
သံတမန်ဧည့်သည်တွေ ဝင်ထွက်သွားလာနေမြဲ။

ပါဝါ(၅၄)
ပင်လုံဒေသ မဟုတ်သော်ငြား
ငြိမ်းချမ်းရေး လိုလားတဲ့
တိုင်းရင်းသား ခေါင်းဆောင်တွေ
ဝင်ထွက်သွားလာနေမြဲ။

ပါဝါ(၅၄)
ရှားရှားပါးပါး
ဒီအစ်ကိုဒီနှမ
မိဘတွေ မရှိကြတဲ့နောက်
အစ်ကိုဖြစ်သူ ဈေးသုံးပြတ်လို့
နေစရာမရှိတဲ့ နှမထံမှာ
အမွေခွဲတဲ့ အတွက်
အမှုဆိုင်နေရဆဲ မြေဇာပင်အိမ်တလုံး။

နေရဲနီ

ဓာတ်ပုံ On Asia (1996)ခုနှစ်.

အဖွဲ့အစည်းနှင့် တရားရေးပူးပေါင်းပြီး နိုင်ငံသားတစ်ဦးအပေါ် အနိုင့်အထက်ပြုကျင့်မှု.. (တိုင်ကြားစာ)

ယခင်ကတည်းက အုတ်တံတိုင်း မရှိသည့် အိုးစည်တန်း အုတ်တံတိုင်းအား ဖျက်ဆီးမှုနှင့် တရားစွဲခံခဲ့ရသည်..
(အုတ်တံတိုင်း မရှိသည့် အိုးစည်တန်းရှိ ဆိုင်ခန်းများ အနောက်ဘက်မြင်ကွင်း)
မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းအား ဦးအောင်တင့်စန်းက ၀ယ်ယူပိုင်ဆိုင် ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်၊ ထွက်ပေါက် လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင်မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက် မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက် ဟန့်တားခဲ့ရာမှ နှစ်ဖက် အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအောင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရား အုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ အဆင့်ဆင့်တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရပါသည်။

ဦးအောင်တင့်စန်းက မိမိဆိုင်ခန်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ၀င်ရောက်ခြိမ်းခြောက် ဟန့်တားခဲ့ကြသော ဘုရားကြီး ဂေါပကအဖွဲ့မှ ၀န်ထမ်းများအပေါ် ပြန်လှန် အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် အရေးယူ ဆောင်ရွက်ခြင်း မရှိပဲ အမှုကို ပလပ် ခဲ့ပါသည်။ ဦးအောင်တင့်စန်းအပေါ် စွဲဆိုထားသည့်အမှုက ချမ်းမြသာစည်တရားရုံးမှ စစ်ဆေးမှုမှာ ဘက်လိုက်မှုများပေါ်ပေါက်ခဲ့လို့ ရုံးပြောင်းခွင့် လျှောက်ထားပြီး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေး အမိန့်ချမှတ်ရာမှာ အမှုကို မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး ဦးအောင်တင့်စန်းကို အမှုမှ အပြီးအပြတ် လွှတ်ပေးခဲ့ပါသည်။ ဦးအောင်တင့်စန်းအနေနှင့် အချိန်တစ်နှစ်မျှ ရင်ဆိုင်ဖြေရှင်းရခြင်း အမှန်မရှိသော အုတ်တံတိုင်း ဖျက်ဆီးသည်ဟု မမှန်စွပ်စွဲ ခဲ့ခြင်းတို့အပေါ် မကျေနပ်သဖြင့် ၄င်းအား အပြီးပြတ်လွှတ်ပေးပြီးချိန်မှာ တိုင်ကြားသူများအပေါ် ဂုဏ်သိက္ခာထိခိုင်နစ်နာအောင် ဆိုင်ရွက်ခဲ့ခြင်းနှင့် မမှန်စွပ်စွဲတိုင်ကြားခဲ့ခြင်းများအတွက် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ ချမ်းမြသာစည်မြို့နယ် တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ဥမ္မာအေးက လက်ခံကြားနာပြီး အမှုကို စုံစမ်းစစ်ဆေးစေရန် အမှတ်(၁၀) ရဲစခန်းသို့ တာဝန်ပေးအပ်ခဲ့ပါသည်။ အမှတ်(၁၀) ရဲစခန်းမှ စခန်းမှူးနှင့် အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ခင်ကိုကို တို့က အမှုကို စုံစမ်းစစ်ဆေးပြီး ဦးအောင်တင့်စန်းက ရဲတိုင်ကြားချက်များ မှန်ကန်ကြောင်း တရားရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ချမ်းမြသာစည် တရားရုံးမှ အမှုအား လက်ခံခြင်းမပြုပဲ ပလပ် ခဲ့ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အဖွဲ့အစည်းများနှင့် အငြင်းပွားမှုပေါ်ပေါက်လာလျှင် တဖက်သတ် ဖိနှိပ်အနိုင်ကျင့်ခံရမှုသာ များပြီး တရားရေးအနေနှင့် အမှန်တရားဘက်မှာ မရှိပဲ အဖွဲ့အစည်းဖက်မှ ကူညီပံ့ပိုးခြင်းဟာ တရားစီရင်ရေး ယန္တရားကို အလွဲသုံးစားပြုရာ ရောက်ပါသည်။

နိုင်ငံသားတစ်ဦးမှာ တာဝန်ကိုယ်စီရှိသလို အခွင့်အရေးလည်း ရှိပါသည်။ မိမိအခွင့်အရေးကို ထုတ်ဖော် တင်ပြခွင့်မရဘဲ အဖွဲ့အစည်းနှင့် တရားရေးတို့ပူးပေါင်း ချေဖျက်မှုများအား အမှန်တရား ပေါ်ပေါက် လာစေရေးအတွက် ဒီစာကို တင်လိုက်ဖြစ်ပါတယ်။

ဦးအောင်တင့်စန်း (အနန္တဂုဏ်ရောင် သင်္ကန်း ပရိက္ခရာတိုက်)
၀၉-၅၁၅၃၇၅၈

NLD (BG) သွေးအကူအညီပေးရေး အဖွဲ့၏ လူမှုရေးလုပ်ငန်းများ.... (သတင်း၊ ဓာတ်ပုံ)

သင်္ကြန်ရက်များအတွင်း NLD-BG အလှပြယာဉ်အား ရန်ကုန်တိုင်း ဒေသကြီးမြို့နယ်ပေါင်းစုံမှ ပြည်သူ လူထု၏ ချီးမြှောက်လူဒါန်းမှုနှင့် BG-တိုးချဲ့ဆောင်အား ထပ်မံ ဆောက်လုပ် ဆောင်ရွက်နေပါသည်။ လက်ရှိတိုးချဲ့ ဆောက်လုပ် ဆောင်ရွက်နေသော အဆောင်အား အမှိုက်ကောက် ကလေးငယ်များအတွက် စာရိတ္တမြှင့်တင်ရေးနှင့် ယဉ်ကျေးလိမ္မာ စေရေးအတွက် အနီးကပ်ပြုစု ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် လှူဒါန်းပံ့ပိုး ကူညီပေးကြသော မိဘပြည်သူများကို မြို့နယ်ပေါင်းစုံမှ NLD-BG လူငယ်များက အထူးပင် ကျေးဇူးးတင်ရှိပါသည်။

အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ သင်ကြားပေးရေး ပညာဒါနကျောင်းသို့ လာရောက် ပူးပေါင်း ဆောင်ရွက်လိုသူများနှင့် ပံ့ပိုးကူညီ လှူဒါန်းလိုသူများကို NLD-BG မှ လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ--
အမှတ်-၈၃၉၊ (ခ)။ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ဒဂုံ-တောင်၊ (ကျန်းမာရေးမှတ်တိုင်)
ဖုန်း-၀၉-၇၃၁၂၅၈၈၅
ဖုန်း-၀၉-၇၃၁၇၀၁၆၅
ဖုန်း-၀၉-၄၂၁၀၈၀၃၆၁
အသေးစိတ် အချက်အလက်များကို ထပ်မံဖော်ပြပေးပါမည်။

NLD-BG
အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော NLD-BG- သွေးအကူအညီပေးရေးနှင့် ပညာဒါနကျောင်းမှ အမှိုက်ကောက် ကလေးငယ်များအား ကျန်းမာရေး၊ စာရိတ္တမြှင့်တင်ရေးနှင့် NLD-BG ကျောင်း၏ တိုးချဲ့ဆောင် ဆောင်ရွက်နေပုံ..
အမှိုက်ကောက် ကလေးငယ်များအား အပတ်စဉ်ကျန်းမာရေးနှင့် တကိုယ်ရေ သန့်ရှင်းမှုများ
ပြုလုပ် ဆောင်ရွက်နေပုံ။
အမှိုက်ကောက် ကလေးငယ်များကို အပတ်စဉ် ပင်တိုင် သင်ကြားပေးနေသော ဆရာကြည်သာဖြိုး (NLD-BG)မှ အမှိုက်ကောက် ကလေးငယ်များအား ရင်းရင်းနှီးနှီး စကားပြောဆိုနေကြပုံ
မေလဆန်းပိုင်းတွင် ဖွင့်လှစ်မည့် သင်တန်းများတွင် သင်တန်းသူ/သားများနှင့် သာသနာ့နွယ်ဝင် ဆရာလေးများမှ စာရင်းပေးသွင်းနေကြပုံ
နွေရာသီကျောင်းပိတ်ရက်တွင် ဆရာဒေါက်တာကျော်စွာ (NLD-BG) မှ အင်္ဂလိပ်စာသင်ကြားပေးနေပုံ
မေမေ့သား လင်းဆက် (NLD-BG) အားကျေးဇူးတင်ပါသည်။