ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ပြည်သူ့လွှတ်တော်မှာ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ကိုယ်စားလှယ်များ (ဓာတ်ပုံ)

 ယနေ့ (မေလ ၂ ရက်နေ့) တွင်ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး ကတိသစ္စာပြုရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး(သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသူ၃ဦးခွင့်) ၃၄ဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

ဓာတ်ပုံများ AP,Reuters, Getty Images
သတင်း EMG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ကျမ်းသစ္စာကျိမ်ဆိုနေစဉ်