ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနူဟာဥပဒေ (ကျော်သူ)

မနူဟာဥပဒေ
ကျော်သူ

ကျွန်တော်ထံသို့ မီဒီယာသတင်းသမားများ၊ သတင်းထောက်များ မြောက်များစွာ လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ မကြာခဏ လုပ်လေ့ရှိသည်။ ကျွန်တော်သည် သူတို့မေးမြန်းမှုများ၊ သိလိုမှုများအား ကျွန်တော်ရင်ထဲရှိသမျှ၊ ခံစားမိသမျှ၊ ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ထုတ်ဖော်ပြောကြားလေ့ရှိသည်။ ၁၃.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှ ဥက္ကဌဖြစ်သူ ဦးစိုးမိုးနိုင်နှင့် အတွင်းရေးမှူး ဦးညီညီအောင်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်စဉ် ကျွန်တော့်အား စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ ဖတ်ရှုပြီးပြီလား၊ အဲဒီ သတင်းစာထဲမှာ ကိုကျော်သူနဲ့ မီဒီယာ သတင်း ထောက်ဖြစ်သူ အောင်မြင်ရဲဇော် တို့တွေ့ဆုံမေးမြန်းခန်းကို အလွန်နှစ်သက်ကြကြောင်း အများပြည်သူ တို့နှင့် နယ်ပေါင်းစုံ လူမှုရေးအသင်းအဖွဲ့များမှ ပြောကြားကြောင်းကို ကျွန်တော့်အား ပြောကြားခဲ့သည်။

ကျွန်တော်လုံးဝ မဖတ်ဖြစ်သေးပါ။ ထို့ကြောင့် ဦးစိုးမိုးနိုင်နှင့် ဦးညီညီအောင်တို့မှ ကျွန်တော့်အား သူတို့ ဝယ်ယူထားသော ယင်း စံတော်ချိန်သတင်းစာအား ဖတ်ရှုရန် ပေးခဲ့တော့သည်။ ၁၁.၁ဝ.၂ဝ၁၃ ရက် (သောကြာနေ့)ထုတ် သတင်းစာ၏ စာမျက်နှာ (၁၄)ရှိ “လူမှုရေးသမားတွေကို ဥပဒေနဲ့ ဘောင်ခတ်တာဟာ မြတ်စွာဘုရားကို ဥပဒေနဲ့ ချုပ်ကိုင်တာနဲ့ အတူတူပါပဲ” ဟူသော ဆောင်းပါးအား ဖတ်ရှုလိုက်သောအခါ … ။ လူတစ်ဦးအတွက် အောင်မြင်နေချိန်၌ ထိုအောင်မြင်မှုကို စွန့်လွှတ်ရန်မှာ ခက်ခဲသည်။ ယင်းသို့ အောင်မြင်မှုကို စွန့်လွှတ်ရုံမျှမက ကိုယ်ကျိုးစွန့်၍ ပရဟိတအလုပ်ကို လုပ်ကိုင်ရန်မှာ ပို၍ပင် ခက်ခဲလွန်းလှ သည်။ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားကလည်း ပရဟိတအလုပ်ပင်လျှင် စိတ်ရှိတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရသေး။
                                                                                                                            ထိုကဲ့သို့သော အခက်အခဲ အကျပ်အတည်းကြားမှပင် ကိုယ်တတ်နိုင်သော အတိုင်း အတာထက်ပို၍ မဖြစ်ဖြစ်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏ ပရဟိတ လောကမှစံပြပုဂ္ဂိုလ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံ aမးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြ လိုက်ရပါသည်။

မေး....ဦးကျော်သူက တစ်ချိန်တုန်းကဆို အရမ်းအောင်မြင်ခဲ့တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ခေတ် တစ်ခေတ်ထူထောင်နိုင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီလိုအနေအထားကနေပြီး ပရဟိတ သမားတစ်ယောက်အဖြစ် ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ အဓိက တွန်းအားတစ်ရပ်က ဘာဖြစ်မလဲ။ 

အဓိက တွန်းအားကတော့ ကျွန်တော့်သမီးနဲ့သားပါ။                                                                                                        ကျွန်တော်အရမ်း အောင်မြင်ခဲ့တဲ့ အနုပညာ လောကဆိုတာ ပျက်စီးမယ့်အကြောင်းအရာတွေ အများကြီးရှိတယ်။ မူးယစ်ဆေး၊ အရက်၊ မိန်းမ။ ဒါတွေ အများကြီး။ အဲဒီအချိန်တုန်းကလည်း ကျွန်တော်အရက် အရမ်းသောက်တယ်။ အလုပ်အကိုင် မပျက်ဘူး ဆိုပေမယ့် ကျွန်တော့်ကလေးတွေကို ပြန်ကြည့်တဲ့အခါ ကျွန်တော်နဲ့ တခြားစီဖြစ်နေတယ်။ သူ့အမေရဲ့ သွန်သင်ဆုံးမမှုကြောင့် လိမ္မာရေးခြားရှိပြီး သင်္ကြန်ဆိုလည်း အောင်ဆန်းဆရာတော်ဆီမှာ တရားစခန်းဝင် တယ်။ အဲဒီမှာ သမီးနဲ့သားက အနုပညာသမားတွေ သေဆုံးရင် ဘယ်ဘုံရောက်လဲလို့ ဆရာတော်ကြီးကို မေးတယ်။ ဆရာတော်ကြီး ဖြေလိုက်တဲ့အဖြေကို ပြန်ကြားတော့ ကျွန်တော် တော်တော်ကြီး တုန်လှုပ်သွား တယ်။ အနုပညာသမားဆိုတာ လူတွေကို ငိုခိုင်းတယ်။ ရယ်ခိုင်းတယ်။ ဒေါသထွက်ခိုင်းတယ်။ ဝမ်းသာခိုင်း တယ်။ ဒီလိုဖြစ်အောင် ကိုယ်ကလုပ်နေရတဲ့အတွက် အကုသိုလ်ဆိုတာရှိတယ်။                                                                                                                                                                                                                                  ကျွန်တော် (၁ဝ) နှစ် ကျော် (၁၅) နှစ်လောက် ဖြတ်သန်းလာခဲ့တဲ့ အချိန်တုန်းက ရရှိခဲ့တဲ့ အများပြည်သူက ကျွန်တော့်ကို ချီးမြှင့် ကြတဲ့ အနုပညာကြေးတွေနဲ့ ကျွန်တော့် သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီတော့ ဘယ်လိုပြန် ကျေးဇူးဆပ်မလဲဆိုတာ စဉ်းစားတဲ့အချိန် ကျွန်တော့်အမျိုးသမီးရဲ့အဒေါ် မြန်မာစာ ပါမောက္ခဟောင်း ဒေါ်လှမြတ်က ကျွန်တော်တို့ နာရေးအသင်းထက် နှစ်နှစ်၊ သုံးနှစ်လောက်စောတဲ့ မန္တ လေး ဗြဟ္မစိုရ်အသင်းမှာ နာယကအဖြစ် ပါနေတယ်။ ကျွန်တော့်အမျိုးသမီးက သူ့အဒေါ်ဆီက နာရေး အလုပ်တွေကိုကြားပြီး စိတ်ဝင်စားနေတဲ့အချိန်မှာ ဘဘ ဦးသုခက နာရေးကူညီမှု တည်ထောင်မယ်ဆိုပြီး ကြားတာနဲ့ ဝင်ပါပြီး ဒီဘက်ကို ကူးလာတာ။ အရင်တုန်းက အနုပညာအလုပ်က တစ်ဖက်ရှိနေတော့ ကိုယ် အားတဲ့အချိန် ကားရိုက်ခဏနားတဲ့ အချိန်ပိုင်းလောက်ပဲ လုပ်ပေးနိုင်တယ်။                                                                                                                               

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာအရေးအခင်းအပြီးမှာ ကျော်သူ့ကို အနုပညာအလုပ် လုပ်ခွင့်မပေးတော့ဘူးလို့ အစိုးရက ပြောကြား ခဲ့တဲ့အတွက် ဒီပရဟိတအလုပ်ကိုဘဲ ထဲထဲဝင်ဝင် လုပ်ဖြစ်လာတယ်။ အဲဒီနောက်ပိုင်း နာရေးအလုပ် အပေါ် စိတ်နှစ်ပြီး လုပ်လာခဲ့တာ ကျွန်တော်အခုဆို အိမ်မပြန်ဖြစ်တာ သုံးနှစ်ကျော်ပြီ။ လူမှု့ရေးသက်တမ်း (၁၃) နှစ်ထဲ ရောက်လာပြီ။

မေး.... ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းက နာရေးကနေ တခြားပရဟိတလုပ်ငန်းတွေ ဆက်လုပ်ဖို့ ဘယ်လိုအတွေးရခဲ့လဲ။ 

ကျွန်တော်တို့ နာရေးလုပ်လာတာ တစ်ရက်ကို အလောင်းက (၃ဝ) နဲ့ (၄ဝ) ကြားရှိတယ်။ ဘာ ကြောင့်အဲ့လို သေဆုံးတာများလဲလို့ ပြန်သုံးသပ်တော့ ကျန်းမာရေးအတွက် ဆေးဝါးမကုသနိုင်လို့ ဆေးကု သစရိတ်တွေကြီးလို့ဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း သုခ ကုသိုလ်ဖြစ်ဆေးခန်းဆိုတာ ကိုဖွင့်ပြီးတော့ လူနာတွေကို အခမဲ့ ကုသပေးခဲ့တယ်။ အခုဆို လူနာကတစ်ရက်ကို အယောက်(၂ဝဝ) ကျော်ဖြစ်လာပြီ။

 နောက်ပြီး လူတွေကျန်းမာရေးကအစ ဗဟုသုတရနိုင်ဖို့အတွက် သုခအလင်းပညာရေး ဆိုတာကိုလုပ်ခဲ့တယ်။ ကလေးငယ်တွေအတွက်လည်း နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ပန်းချီသင်တန်း၊ လူငယ်ပိုင်းတွေအတွက် အင်္ဂလိပ်စာသင်တန်းတွေ၊ တက္ကသိုလ်ဝင် တန်း ကျောင်းသား/သူများအတွက် ဘာသာစုံသင်တန်းတွေ၊ LCCI သင်တန်း၊ Hospitality သင်တန်းစတဲ့ အလုပ်အကိုင်ရှာဖွေရေးအတွက် အထောက်အကူပြုတဲ့ သင်တန်းတွေကိုပါ ဖွင့်ပေးထားတယ်။ ပညာရေး တင်မကဘူး အသက်မွေး ဝမ်းကျောင်းအတွက်ပါ အဆင်ပြေအောင် လုပ်ပေးထားတယ်။ သင်တန်းတစ်ခုစီ မှာ သင်တန်းသား အယောက် (၄ဝ) လောက်စီရှိပါတယ်။ တကယ်ကိုဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက ကလေးတွေကို အထောက်အကူပေးနိုင်တဲ့အတွက် တကယ်လည်းကြည်းနူးမိတယ်။

မေး....စစ်အစိုးရလက်ထက်မှာ လူတစ်ဦးတစ်ယောက်က သြဇာရှိလာပြီ၊ လူကြိုက်များလာပြီဆိုရင် စိုးရိမ်တကြီးနဲ့ လိုက်ပြီးစောင့်ကြည့် ထိန်းချုပ်တာမျိုးတွေရှိတယ်။ ဦးကျော်သူကလည်း နာရေး ကူညီမှုအသင်းနဲ့အတူ ပြည်သူတွေရဲ့ယုံကြည်မှုကိုရလာတဲ့အချိန်မှာ ဘယ်လိုမျိုးကြုံခဲ့ရသေးလဲ။ 

ဒါတွေက တောက်လျှောက်ကြုံခဲ့ရပါတယ်။ စလုပ်တဲ့ ၂ဝဝ၁ ခုနှစ်လောက်က ဘဘဦးသုခ ရှိသေး တယ်။ ဘဘက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေတော့ သိပ်ပြဿနာ မရှိခဲ့ဘူး။

 ဘဘကွယ်လွန်ပြီးနောက်တော့ ဖိအားတွေ အမျိုးမျိုးပေးလာတယ်။ ဒီလိုလူမှုရေးအသင်းအဖွဲ့ တွေကို ဖိအားပေးတယ်။ ထိန်းချုပ်လာတာ ဘာကြောင့်လဲဆိုတော့ လူမှုရေးအသင်းအဖွဲ့တွေက တကယ့် ကို ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကို ထဲထဲဝင်ဝင် ကူညီနိုင်တဲ့ အဖွဲ့တွေ၊ အစိုးရကဒါတွေလိုက် မလုပ် ပေးနိုင်ဘူး။ တကယ်တမ်း မလုပ်နိုင်တာ မဟုတ်ဘူး။ လုပ်နိုင်ရဲ့သားနဲ့ ပရဟိတဆိုတဲ့ စိတ်မရှိကြတာ။ အခုလို အစိုးရပြောင်းလဲချိန်မှာတောင် မူဝါဒတွေ မပြောင်းလဲသေးတော့ ခက်တယ်။

မေး....အရင် စစ်အစိုးရလက်ထက်နဲ့ အခု အရပ်သားအစိုးရလက်ထက် လုပ်ရကိုင်ရတာ ဘာတွေ ကွာခြား သွားသလဲ။ ပြောင်းလဲလာပြီလို့ရော ဦးကျော်သူအနေနဲ့ ယူဆလား။


 ပြောင်းလဲလာပြီလားဆိုတော့ နည်းနည်းလေးပဲ ပြောင်းလဲလာတာလို့ ကျွန်တော်မြင်တယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော် နယ်ခရီးတွေ သွားတဲ့အခါမှာ ပိုပြီးတော့ သိလာတယ်။ ကျော်သူဘာလုပ်နေတယ် ဆိုတာကိုလည်း လူကြီးတွေသိနေတာပဲ။ ဘာဖြစ်လို့ ကျော်သူ့နောက်က တစ်ကောက်ကောက်လိုက် နေရတာလဲ။ SB တွေလိုက်တယ်။ သတင်းလိုက်ယူတယ်။ ကျွန်တော့်နောက်လိုက်တယ်ဆိုရင် သင်္ချိုင်း ကုန်းနဲ့ ဘုန်းကြီးကျောင်းပဲ ရောက်မှာပဲ။ ကျွန်တော်လုပ်တာက နာရေးတို့၊ ကျန်းမာရေးတို့၊ လူမှုရေးတို့ပဲ လုပ်တာ။ ပါတီထောင်ပြီးတော့ နေရာယူဖို့၊ သမ္မတဖြစ်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး။ နိုင်ငံတော်ကို ပုန်ကန်ဖို့လုပ်နေတာလည်း မဟုတ်ဘူး။ အများအတွက် လုပ်ပေးနေတာ။ ပထမတော့ အနှောင့်အယှက် ဖြစ်တာပေါ့။ နောက်ပိုင်းတော့ ရိုးသွားတော့လည်း သူတို့(SB)တွေမရှိရင်တောင် စားရ၊ သောက်ရ၊ အိပ်ရ တာ မလုံခြုံဘူးလို့ခံစားရတယ်။ အကျင့်ကပါသွားပြီ။

 နောက်တစ်ခုက သမ္မတကြီးက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအတွက် ဂုဏ်ထူးဆောင် လက်မှတ်ပေးတယ်။ ဒါပေမယ့် ကျွန်တော် တချို့နယ်တွေ သွား တဲ့အခါ တည်းခိုခွင့်မရတာမျိုးတွေ၊ ဟောပြောခွင့်မရတာမျိုးတွေ၊ လွတ်လပ်စွာကူညီပေးမှု မရတာမျိုးတွေ ရှိတယ်။ အဲဒီလိုကို အပေါ်နဲ့အောက်နဲ့က အချိတ်အဆက်လွဲနေတယ်။ ဆိုလိုချင်တာက အသင်းအဖွဲ့ တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်က ဘာလုပ်နေလဲဆိုတာ အသင်းသားတွေသိရမယ်။ ဒီလိုပဲ နိုင်ငံတစ် နိုင်ငံမှာ သမ္မတက ဘာတွေအမိန့်ထုတ်ထားလဲ၊ ဘာတွေလမ်းညွှန်ထားလဲဆိုတာ အောက်ခြေဝန်ထမ်း တွေကအစ သိရမယ်။ မသိဘဲနဲ့ ငါတကော ကောနေရင်တော့ တိုင်းပြည်က မလွယ်ဘူး။ ဗိုလ်တစ်ထောင် မင်းမနိုင် ဖြစ်နေရင်တော့ တိုင်းပြည်ပျက်မှာပဲ။ နယ်တွေမှာဆို တော်တော်လေးကို အကြောက်တရားများ ပြီး အသိဉာဏ်နည်းပါးနေတာတွေ့တော့ ရင်လေးရတယ်။

 ဒါတွေက ခေတ်အဆက်ဆက်ရဲ့ အုပ်ချုပ်မှု ဒဏ်တွေကြောင့် ပြည်သူ/သားတွေလည်း ဒီလိုဖြစ်ကုန်တာ။ ဒီတော့ အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့ သူတွေကို အပြစ်တင်မနေတော့ဘဲ ပြည်သူ/သားတွေက ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ပဲလိုတယ်။

 မေး....နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့တွေနဲ့ဆိုင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောရလဲ။ ဘယ်လိုမှတ်ချက်မျိုး ပေးချင်လဲ။  

အစိုးရက လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတစ်ခုကို ထုတ်ထားတယ်။ အဲဒီလို လုပ်တာက လူမှုရေးသမားတွေ မရှိအောင်၊ လူမှုရေးအသင်းအဖွဲ့တွေ မရှိအောင် လုပ်လိုက်တာနဲ့တူတယ်။ ဥပမာ အသင်းအဖွဲ့အတွက် မှတ်ပုံတင်တယ်ဆိုရင် ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာမျိုးတွေ လုပ် လာတယ်။ မှတ်ပုံမတင်ဘူးဆိုရင်လည်း တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်မယ်။ အဲဒီအဖွဲ့အစည်း မှာပါတဲ့ အသင်းဝင်တွေကို အချိန်မရွေးဖမ်းပြီး ထောင်ချပစ်နိုင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။

 နယ်က လူမှုရေးအသင်းငယ်လေးတွေအနေနဲ့ မှတ်ပုံတင်ကြေး လေးငါးသိန်းပေးဖို့ဆိုတာ တော်တော်လေးကို ခက် ခဲတယ်။ လူသားချင်းစာနာတဲ့ စိတ်ဓါတ်လေးနဲ့ ရပ်ရွာကို ကူညီဖို့လုပ်ကြတာဆိုတော့ အစိုးရလုပ်ပုံက အဲဒီ စိတ်ဓါတ်လေးတွေပါ ပျောက်သွားနိုင်တယ်။ ဒီလို ဗြဟ္မစိုရ်စိတ်လေးတွေ ပျောက်သွားမယ်ဆိုရင် တိုင်းပြည် ကဘယ်လိုမှ မျှော်လင့်စရာမရှိတော့ဘူး။ ဒီတော့ ဒီဥပဒေကြမ်းကို ကန့်ကွက်တယ်။ မလိုချင်ဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ မြန်မာ နိုင်ငံအရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့ (၅ဝဝ) နီးပါးနဲ့ ဘုံသဘောတူညီချက်ကိုလည်း ရထားပြီးပြီ။ ဒီဥပဒေကြမ်း ကို ကန့်ကွက်တယ်။ မလိုချင်ဘူး။ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့ (၅ဝဝ) နီးပါးရဲ့ ဘုံသဘော တူညီချက်ကိုလည်း ရထားပြီးပြီ။ ဒီဥပဒေကိုရအောင် ကာကွယ်ရမယ်။ ဖ.ဆ.ပ.လ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ ဗြဟ္မစိုရ် တရားတွေ ခေါင်းပါးနေရင် တိုင်းပြည်က ကပ်ဘေးအမျိုးမျိုး ကြုံရမယ် ဆိုတာဒါပဲ။ကျွန်တော်တို့ တိုင်းပြည် မှာ ပြဿနာတွေ ကြုံနေတာလည်း ဒါကြောင့်ပဲ။

အစိုးရလူကြီးပိုင်းရော ပြည်သူအားလုံးကပါ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်လေးတွေ မွေးထားဖို့လိုတယ်။

 မေး....ပရဟိတလုပ်နေတဲ့သူတွေအပေါ် ဒီလိုဥပဒေနဲ့ထိန်းချုပ်ဖို့ကြိုးစားနေကြတဲ့အပေါ် ဦးကျော်သူအနေနဲ့ ဘာပြောချင်ပါလဲ။ 

ပရဟိတသမားဆိုတာက ပြည်သူတွေ လှူတဲ့အလှူငွေနဲ့ ပြည်သူတွေကိုပြန်ပြီးတော့ အကျိုးပြု နေတာပါ။ လူမှုရေးလုပ်စားနေတာမဟုက်ဘူး။ ကိုယ်ကျိုးလုံးဝမပါဘူး။ အတ္တလုံးဝမပါဘူး။ ကျွန်တော် ဆိုရင် ၂ဝဝ၁ ခုနှစ်ကတည်းက ကိုယ့်ထမင်းကိုယ်စားပြီး ဒီအလုပ်လုပ်လာတာ။ မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ် တရားလေးပါးကို လက်ကိုင်ပြုပြီးတော့လုပ်နေတဲ့ တကယ့်လူမှုရေးသမားတွေကို ဥပဒေနဲ့လာပြီး ဘောင်ခတ်တယ်ဆိုရင် မြတ်စွာဘုရားကို ဥပဒေနဲ့ချုပ်ကိုင်တာနဲ့အတူတူပဲ။ ဒါကျွန်တော့်ခံယူချက်ပဲ။


လူမှုရေးသမားတစ်ယောက်ဟာ အသင်းအဖွဲ့မှာငွေကြေးအလွဲသုံးစားလုပ်တယ်။ လူမှုရေးဖောက်ပြန် တယ်။ ဒါမျိုးဆိုရင် တိုင်းပြည်ကချမှတ်ထားတဲ့ တရားဥပဒေလမ်းကြောင်းအတိုင်း ပုဒ်မတပ်ပြီး အရေးယူ လို့ရတယ်။ ကိုယ့်ဘက်ကခိုင်လုံတယ်၊ မှန်ကန်တယ်၊ လိပ်ပြာသန့်တယ်ဆိုရင် ထိန်းချုပ်ဖို့ကြိုးစားတာဟာ မြတ်စွာဘုရားကို ချုပ်ကိုင်လိုက်တာနဲ့ အတူတူပဲ။ 

မေး....ဦးကျော်သူတို့အနေနဲ့ ပရဟိတအလုပ်တွေလုပ်တဲ့အခါမှာ တားဆီးခံရတာမျိုးကြုံခဲ့ဖူးတယ်နော်။ ဥပမာ အမှိုက်ကောက်တဲ့အစီအစဉ်တုန်းကလိုမျိုးပေါ့။ ဒီလိုဖြစ်ရပ်မျိုးအပေါ်မှာရော ဘာပြောစရာရှိလဲ။ 

သူတို့က မကောက်နဲ့ဆိုလည်းမကောက်ရုံပေါ့။ တော်ကြာ အမှိုက်ကောက်မှ ထောင်ဘယ်နှစ်နှစ် ကျ တယ်ဆိုတာမျိုး ကျခံနေရဦးမယ်။ အမှိုက်မကောက်ရတော့ ဘာဖြစ်လဲ။ အခုမိုးရွာရင် မြင်တဲ့အတိုင်းပဲ။ တစ်မြို့လုံးအမှိုက်တွေပေါလောပေါ်လို့။ စည်ပင်သာယာမှာ ဝန်ထမ်းအလုံအလောက်ရှိပါတယ်။ ဖိဖိစီးစီး လည်းလုပ်နေပါတယ်။ ခင်ဗျားတို့ကို နာရေး၊အသုဘချဖို့ခွင့်ပြုပေးထားတာပဲ။ ဒါတွေလုပ်စရာမလိုပါဘူးလို့ စည်ပင်အရာရှိက ပြောခဲ့တယ်။ ဒါကြောင့်ဆက်မကောက်တော့တာ။ နယ်တွေမှာတော့ ကြုံရင်ကြုံသလို အမှိုက်ကောက်တယ်။ သစ်ပင်စိုက်တယ်။

 အခုဆိုရင် ရေသယ်ကားကြီးလည်း ဝယ်ထားတယ်။ ကျွန်တော် တို့ လမ်းဘေးတောက်လျှောက် စိုက်ထားတဲ့ အရိပ်ရပင်တွေကို ရေလိုက်ဖျန်းတယ်။ ရေရှားတဲ့ဒေသတွေ ကို ဒီကားနဲ့သွားပြီး သောက်သုံးရေတွေလှူပေးတယ်။ စက်ရေတွင်းတွေ အများကြီးလည်း လိုက်တူးပေး ထားတယ်။ မီးသင်္ဂြိုလ်စက်တွေလည်း လိုက်ဆောက်ပေးတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစိုးရက လူမှုရေးအဖွဲ့ တွေကို လုပ်ပါလို့တွန်းအားပေးရမယ်။ လမ်းဖွင့်ပေးရမယ်။ ပူးပေါင်းပြီး လုပ်သင့်ရင်လည်း လုပ်ရမယ်။ ဒါတွေဟာ သူတို့အတွက် ဘာမှအပန်းကြီးတာမဟုတ်ဘူး။ လူမှုရေးအဖွဲ့တွေကို ငွေကြေးထောက်ပံ့ ခိုင်း တာလဲမဟုတ်ဘူး။ လုပ်တဲ့လမ်းကြောင်းကို ဖွင့်ပေးပြီးမှ ဟန့်တားနေတာမျိုးကတော့ အဓိပ္ပါယ်မရှိဘူး။

မေး....အခုဆို နာရေးကူညီမှုအသင်းဟာ နာရေးအတွက်သာမက ကျန်းမာရေး၊ ပညာရေးအတွက်တွေမှာ တကယ်အကူအညီလိုအပ်နေတဲ့ သူတွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်။ ဒီအပေါ်မှာ အများပြည်သူကလည်း အသိအမှတ်ပြုကြတယ်။ ဒီတော့ ဦးကျော်သူအနေနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေအပြင် ပရဟိတနဲ့ ပတ်သက်ပြီးဘာတွေထပ်လုပ်ဖို့ အာသီသရှိနေလဲ။ 

ကျွန်တော်တို့အခုလုပ်နေတာက ဘာမှသိပ်ပြီး ပြည့်စုံအောင် လုပ်နိုင်သေးတာမဟုတ်ဘူး။ ကိုယ့် စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်ခွင့်လည်းရသေးတာမဟုတ်ဘူး။ ဒီလိုလုပ်ခွင့်ရဖို့ အစိုးရဘက်က ခွင့်ပြုဖို့လည်း လိုတယ်။ စေတနာရှင်တွေလည်းလိုတယ်။ ဒီလုပ်ငန်းက အလှူငွေရှိမှလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင် မှာ၊ စိတ်ဓါတ်ရှိရုံတစ်ခုတည်းနဲ့လည်း လုပ်နေလို့မရသေးဘူး။

တချို့နယ်က အသင်းအဖွဲ့တွေ အရမ်းဒုက္ခ ရောက်တယ်။ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓါတ်ရှိကြပေမဲ့ အစစအရာရာ အဆင်မပြေကြတော့ လုပ်ချင်သလောက် မလုပ်နိုင်ကြဘူး။ ကျွန်တော်ဆိုရင် လုပ်ချင်တာအများကြီးရှိတယ်။ ကျွန်တော်ပြည်ပသွားတယ်ဆိုရင် ရှော့ပင်း သွားတာမဟုတ်ဘူး။ ပြည်ပရောက်ရင် သုဿန်တွေကိုပဲ သွားလေ့လာတယ်။ ရောက်တဲ့ နိုင်ငံ တိုင်းက သုဿန်တွေကိုကြည့်တယ်။ သူတို့သုဿန်တွေကိုကြည့်ပြီးတော့ ကိုယ့်နိုင်ငံကသုဿန်တွေ အတွက် တော်တော်ရင်နာရတယ်။ သူတို့သုဿန်တွေက တကယ့်ကိုခမ်းခမ်းနားနားကြီးတွေနဲ့ မလေးရှား မှာက အရိုးပြာတွေထည့်တဲ့ သုဿန်တစ်ခုဆို ဟိုတယ်ကြီးလိုခမ်းနားတယ်။ အမေရိကားမှာဆိုလည်း သူတို့အိမ်ကမွေးတဲ့ အိမ်မွေးတိရစ္ဆာန်တွေကအစ သေသွားရင် အရိုးပြာကို အိမ်ရှင်အရိုးပြာနဲ့ ယှဉ်ရက် ကလေးတွေထားကြတယ်။ သြစတြေးလျမှာဆိုလည်း ပန်းခြံကြီးတွေလိုပဲ သုဿန်တွေကို ခမ်းနားအောင် ဖန်တီးကြတယ်။ ကိုယ့်နိုင်ငံမှာ တော့ ရှိတဲ့သုဿန်တွေကတော့ ပျောက်ပျောက်ကုန်တယ်။

ကျွန်တော်တို့ နိုင်ငံက သုဿန်တွေကိုလည်း တခြားနိုင်ငံကလိုပဲ ခမ်းခမ်းနားနား ဖြစ်စေချင်တယ်။ ဒီနိုင်ငံမှာ ဆန္ဒရှိတိုင်း လုပ်လို့မရဘူး။ အခု မီးသင်္ဂြိုဟ်စက် ဆောက်မယ်ဆိုရင်တောင်မှ စည်ပင်သာယာကို တင်ရမယ်။ စည်ပင် က ခွင့်ပြုမှ ဒါတောင်ဘယ် လောက်အကုန်အကျ ခံမှာလဲဆိုတာကအစ မေးသေးတယ်။

မေး.... ပရဟိတသမားတစ်ယောက်ဖြစ်ဖို့ အဓိကခံယူချက်နဲ့ စိတ်ထားက ဘယ်လိုမျိုးဖြစ်မလဲ။ 

အဓိကကတော့ ပရဟိတသမားဆိုတာ ဗြဟ္မစိုရ်တရားလေးပါးရှိရမယ်။ လူသားချင်း စာနာစိတ်ရှိရ မယ်။ ကိုယ်ချင်းစာစိတ်ရှိရမယ်။ အတ္တလုံးဝမပါဘဲ ပရအတွက်ပဲလုပ်ရမယ်။ ပြီးတော့ ဘယ်လောက် အနစ် နာခံနိုင်လဲ။ ဘယ်လောက် ပေးဆပ်နိုင်လဲဆိုတဲ့အပေါ် မူတည်တယ်။ ကိုယ့်လုပ်ရပ်အပေါ် ရဲရဲဝင့်ဝင့် သစ္စာဆိုရဲနိုင်ရမယ်။

ကျွန်တော်ဆိုရင် ၂ဝဝ၇ ခုနှစ် ကတည်းက ကိုယ်ပိုင်ဝင်ငွေတစ်ပြားမှ မရှိဘူး။ ဒါပေမယ့် ကိုယ့်မိသားစု အသိုင်းအဝိုင်းရဲ့ နဂိုကတည်းကရှိထားတဲ့ စည်းစိမ်ငွေကြေးတွေနဲ့ ကျွန်တော်ရှာ ထားတဲ့ ဝင်ငွေတွေကို စနစ်တကျ သိမ်းဆည်းထားတာတွေရှိတဲ့အတွက် ဝင်ငွေမရှိပေမယ့် ကျွန်တော် နေနိုင်တယ်။ စားနိုင်တယ်။ ပရဟိတအလုပ်ကို လုပ်နိုင်တယ်။ သားသမီးတွေကလည်း လှည့်ကြည့်စရာ မလိုတော့ဘူး။ ကိုယ့်ရဲ့အနုပညာအလုပ်ကို စွန့်လွှတ်ရတယ်။ ကိုယ့်သားသမီးကိုလည်း လှည့်ကြည့်ချိန်မ ရဘူး။ စွန့်လွှတ်ခြင်းတွေများမှ လူမှုရေးကို လုပ်နိုင်မယ်။ ဦးဆောင်နိုင်မယ်။

မေး....အခု မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘာသာရေးမုန်းတီးမှု အခြေခံတဲ့ အကြမ်းဖက်မှုတွေအပေါ် ဦးကျော်သူ အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။ 

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် အားလုံးက လူသားတွေချည်းပဲ။ တိရစ္ဆာန်တွေမှ မဟုတ်ကြတာ။ ကမ္ဘာ့ရန်ဘက် တိရစ္ဆာန်တွေဖြစ်တဲ့ ခွေးနဲ့ကြောင်တောင်မှ တစ်ခါတလေ ခွေးမကြီးက ကြောင်ပေါက်ကလေးတွေကို နို့တိုက်နေတာတွေ၊ ကျားမကြီးက ဝက်ကလေးကို နို့တိုက်နေတာတွေ ရှိတတ်တာပဲ။ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေတောင် စာနာစိတ်မွေးတတ်ကြတာ။ အသိဉာဏ်ရှိတဲ့ လူသားတွေကဘာလို့ လူသားချင်းစာနာစိတ် မမွေးနိုင်ကြတာလဲ။ သူကအသားမည်းလို့၊ သူက အသားဖြူ လို့ လူမဟုတ်ဘူးလို့ ပြောလို့မှမရဘဲ။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူကိုလူလို့ပဲ သတ်မှတ်ရမှာ ပေါ့။ ဘုရားဟောထားတာလည်း ဒီအတိုင်းပဲ။ ဘာသာစွဲတွေ၊ အစွန်းရောက်တာတွေ လက်မခံဘူး။ ကျွန်တော်တို့လည်း မလိုချင်ဘူး။ ငါ့ဘာသာမှ ကောင်းတယ်။ သူ့ဘာသာက မကောင်းဘူး။ ဒါမျိုးမဟုတ် ဘူး။ ဘာသာတိုင်းမှာ ကောင်းတာလေးတွေရှိတယ်။ အဲဒီကောင်းတာလေးတွေကို စုပြီးတော့ လူသားချင်း စာနာတဲ့စိတ်နဲ့ အတန်းစား မခွဲခြားဘဲနဲ့ ဆက်ဆံတယ်ဆိုရင် အကောင်းဆုံးပါပဲ။ ။

 (၁၁.၁ဝ.၂ဝ၁၃ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာပါ ကျွန်တော်ကျော်သူနှင့် ဆောင်းပါးရှင် အောင်မြင်ရဲဇော်တို့ တွေ့ဆုံမေးမြန်းခြင်း ဤနေရာတွင် အဆုံးသတ်ခဲ့သည်။) 
 ဤဆောင်းပါးတွင် ကျွန်တော်ဖြေကြားခဲ့သည်များကို မိမိကိုယ်ကို ပြန်လည်သုံးသပ်မိသည်။ ကျွန်တော်လုပ်ကြံပြောခြင်းမရှိ၊ ရင်ထဲက ခံစားမှု၊ အများပြည်သူတို့နှင့် ထပ်တူခံစားမှု၊ နယ် ပရဟိတအဖွဲ့ များကိုယ်စား ခံစားမှုများသာဖြစ်ကြောင်း ပြန်လည်သုံးသပ်မိသည်။ ထို့ကြောင့် … ကျွန်တော် အမှန်များကို ပြောခဲ့သည်။ အမှန်တရားဘက်ကသာ ရပ်တည်သူဖြစ်သည်။ ဒါဆိုရင် တစ်ခုစဉ်းစားမိပြန်တော့သည်။

 မြန်မာပြည်တွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစပြု၍ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင် ထားသော လူမှုရေးအသင်းအဖွဲ့များသည် မြန်မာပြည်သူလူထုတို့၏ လှူဒါန်းမှုများဖြင့် မြန်မာပြည်သူလူထု အပေါင်းကို “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ဆောင်ပုဒ်ကဗ္ဗည်းအတိုင်း ရပ်တည်ပေးဆပ်နေသော အဖွဲ့များဖြစ်သည်။ ပြည်ပအဖွဲ့အစည်းများ၏ ထောက်ပံ့မှုနှင့် ရပ်တည်နေသော ဒေါ်လာ စားအဖွဲ့များ မဟုတ်ပါ။ ယခုကဲ့သို့ ဗြဟ္မစိုရ်တရာလေးပါးကို လက်ကိုင်ပြု ကျင့်သုံးနေသော လူမှုရေးသမားများ၊ (ပရဟိတသမားများ) သည် အများပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်မှုဖြစ်နေသော သူများဖြစ်ကြသည့်အတွက် သီးခြားဥပဒေ မသတ်မှတ်စေချင်ပါ။ အသင်းအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများဖြစ်သော (ငွေကြေး၊ လူမှုရေး) ဖောက်ဖျက်ပါက နိုင်ငံတော်မှ ချမှတ်ထားသော တရားဝင်တရားဥပဒေအရ အရေးယူ ယုံပင်ဖြစ်သည်။ 

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြတ်စွာဘုရားချမှတ်ထားသော လူသားချင်းစာနာစိတ်၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားများကြပြီး အတ္တများကိုဖြုတ်ကြကာ “မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ မျက်နှာတော်အား တစ်ချက်လောက်တော့ ငဲ့ကြည့်ပြီးမှ အသင်းအဖွဲ့ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်း ဥပဒေကိုပြဌာန်းသင့်ပါကြောင်း” ပြောကြားလိုပါသည်။ ကျွန်တော်၏ စိတ်အစဉ်တို့သည် ယင်းကဲ့သို့ ဗြဟ္မစိုရ်တရားကို ဥပဒေသတို့ဖြင့် ချုပ်ကိုင်မည်ဆိုပါက ပုဂံမြို့ရှိ “မနူဟာ မြတ်စွာဘုရားကြီး” ၏ မျက်နှာတော်အား မြင်ယောင်မိတော့သည်။ “မနူဟာ ဥပဒေ” မဖြစ်ရန်သာ အရေးကြီးလှသည်။ ထို့ကြောင့် အများပြည်သူလူထုတို့အတွက် ရပ်တည်ပေးနေသော၊ အများပြည်သူတို့မှ တင်မြောက် ပေးထား သောဗုဒ္ဓဘာသာဝင် ပြည်သူ့လွှတ်တော် အမတ်များ၏ စေတနာ၊ ဂရုဏာ၊ မေတ္တာတရားတို့သည် “ပြည်သူ့အသံ .. လွှတ်တော်အသံ၊ လွှတ်တော်အသံ .. ပြည်သူ့အသံ” ဟူ၍ ပြည်သူလူထုတို့နှင့် တသားတည်း ဖြစ်ပေလိမ့် မည်ဟု မျှော်လင့်မိပါတော့သည်။ အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်နေသော ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့ပေါင်း (၅ဝဝ) ကျော်တို့ကိုယ်စား..

 ကျော်သူ

အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အဖြူရောင်လွင်ပြင်မှ အမှတ်တရ စာစုများ စာအုပ်ကို ၁၉၉၉ ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခွင့်ရစဉ်မှစပြီးထုတ်ဝေခဲ့ပါသည်။စာရေးလိုသူ စာရေးဆရာဖြစ်ချင်သူ မိမိ၏ကလောင်စွမ်း ရည်ကို အရည်အသွေးထက်မြတ်လာဖို့ မွေးဖွားပေးရာ လေ့ကျင့်ပေးရာ ဌာနလေးတစ်ခု ဥယျဉ်လေးတစ်ခုဆိုရင်မမှားပါဘူး။ဒီဌာနလေး ဒီဥယျဉ်လေးက မွေးထုတ်ပေးလို့လိုက်လို့ စာရေးဆရာဖြစ်သွားသူတွေ စာရေးဆရာမဖြစ်ကြသေးပေမဲ့ စာရေးဆရာဖြစ်အောင် ဆက်လက်ကြိုးစားကာ ရေးသားနေကြသူတွေ ရှိနေကြပါသည်။ဒါတွေသည်ပင် အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ စာပေ ဥယျဉ်လေးရဲ့ ဖေါ်မပြနိုင်သည့်ရလဒ်အသီးအပွင့်များပင်ဖြစ်ပါသည်။

မိမိတို့ရဲ့ကလောင်စွမ်းရည်များကိုသည့်ထက်ပိုမို အစွမ်းထက်လာအောင် စာပေတွေများများဖတ်စေချင်ပါသည်။များ များဆွေးနွေးစေချင်ပါသည်။များများရေးစေချင်ပါသည်။မိမိရဲ့ဝန်းကျင်မှာ မိမိလိုပဲကလောင်စွမ်းရည်သွေးချင်နေကြသော မိတ် ဆွေများကိုလည်း ဒီစာပေဥယျဉ်လေးမှာ ၀ိုင်းဝန်းပါဝင်ရေးသားကြဖို့တိုက်တွန်းပြောကြားပေးစေလိုပါသည်။မိတ်ဆွေကောင်း တို့မည်သည် မိမိမိတ်ဆွေကို ကောင်းရာဘက်သို့ပါအောင် ရောက်အောင် အမြဲစွဲဆောင်ပေးနေဖို့လိုပါသည်။

ယနေ့မြန်မာ နိုင်ငံသည် မိတ်ဆွေကောင်းတော်တော်ရှားပါးလာသော နိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။မိမိဝန်းကျင်ကို ငဲ့စောင်းကာ ကြည့် ကြည့်ပါ။ ကောင်းသည့်ဘက်နှင့် မကောင်းသည့်ဘက် ဘယ်ဘက်ကို ပိုမိုစွဲဆောင်တိုက်တွန်းနေကြပါသနည်း။မကောင်းသည့် အမှောင်ဘက်ဖြစ်သော ချဲထိုး၊ဘောလောင်း၊ကြက်တိုက်၊အရက်သောက်၊မူးယစ်သေစာ၊အသင်းအဖျင်းပြော စသည့်အရာများ လမ်းလွဲ များဘက်ကိုစွဲဆောင်နေသူတွေ စိတ်ဓါတ်ကျရာကျကြောင်းများကိုပြောဆိုတိုက်တွန်းနေသူတွေက ပိုမိုများပြား လာနေပါသည်။ လူအများစုကလည်း အဲဒီဘက်ကို အဟုတ် ထင်ကာ ဒီနေ့ဘယ်ဘုန်းကြီး ဘယ်ဘိုးတော် ချဲဂဏန်းပေးမလဲ၊ ဘယ်ဘုန်းကြီး ဂဏန်းပေးတာမှန်တယ်ဆိုပြီး ယနေ့ထိ ကဆုန်ပေါက်ပြေးလွှားရှာ နေကြဆဲဖြစ်ပါသည်။ ၀မ်းနည်းစရာအင်မတန် ကောင်းလှပါသည်။
ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်သင့်ကြပါသည်။

မြန်မာနိုင်ငံကြီးတကယ်တိုးတက်ကောင်းမွန်ဖို့မှာ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိပါသည်။အားလုံးတက်ညီလက် ညီဖြင့် မခိုမကပ်ကြိုးစားပြီး ၀ိုင်းဝန်းတည်ဆောက်ကြမှသာလျှင် ပြန်လည်တိုးတက်ကောင်းမွန်လာမှာဖြစ်ပါသည်။မြန်မာနိုင်ငံ သည်နှစ်ပေါင်း(၅၁) နှစ်တိုင်တိုင် စစ်အာဏာရှင်ကြီးများအောက်မှာစိတ်တိုင်းကျ အကွက်ချဖျက်ဆီးခံခဲ့ကြရသည်။ မြန်မာနိုင်ငံ သားများရဲ့ ပညာရေး၊လူမှုရေး၊စီးပွါးရေး၊ဘာသာရေး၊စိတ်ဓါတ်၊စည်းကမ်း အရာအားလုံးဖျက်ဆီးခံလိုက်ကြရသည်။ထိုအမွေ ဆိုးများသည် အားလုံးရဲ့ရင်ထဲကို ရောက်မှန်းမသိရောက်အောင်ပို့ဆောင်ပေးထားခဲ့သည်။ထိုအမွေဆိုးများကိုသေချာစွာ သတိ ဖြင့်စစ်ဆေးကာ တိုက်ဖျက်ပစ်ဖို့လိုပါသည်။ထိုအမွေဆိုးများကို မတွန်းလှန်မတိုက်ဖျက်နိုင်သမျှကာလပတ်လုံး လုံးဝပြန်လည် ကောင်းမွန်လာမည်မဟုတ်ပါ။

ထိုအမွေဆိုးများသည် ဘာနှင့်တူသလဲဆိုရင် အင်မတန်အနံ့ဆိုးတဲ့ အမှိုက်ပုံပေါ်မှာနေကြသူတွေ နှင့်တူပါသည်။ကာလကြာမြင့်စွာ အမှိုက်ပုံပေါ်မှာအနေကြာလာသည့်အတွက် အမှိုက်ပုံကြီးက အနံ့ဆိုးတွေသည် သူတို့အ တွက်နံသည်ဟုမထင် နှာခေါင်းယဉ်လာကြပါသည်။နှာခေါင်းယဉ်သည်ဟု အလွယ်ပြောနေကြသော်လည်းတကယ်မှာ ထိုသူများ ရဲ့နှာခေါင်းသည် ကာလကြာလာတော့ ဆိုးသည့်အနံ့များကို ဦးနှောက်ဆီရောက်အောင်သတင်းပို့ရမှာကို မပို့ပေးနိုင် တော့ခြင်းဖြစ်ပါသည်။ထိုအခါဦးနှောက်ကလည်း ဒီအနံ့ဆိုးတွေဟာ ဘာမှမဖြစ်ပါဘူးလို့ အလွယ်လက်ခံဆုံးဖြစ် သွားပါတော့သည်။ အဲဒီလိုလက်ခံလိုက်သည့်အတွက် ဒီနေရာမှာပဲ ကာလမြောက်များ စွာကြာဆက်လက်ပြီးနေပါတော့သည်။ အဲဒီလိုဆက်ပြီး နေလိုက်သည့်အတွက် ဒီမိသားစုတွေသည် ကျန်းမာရေးဆိုးကျိုးတွေကို အမြဲမပြတ်ခံစားနေကြရပါသည်။

ယနေ့မြန်မာနိုင်ငံသည်လည်း စစ်အာဏာရှင် အမှိုက်ပုံကြီးပေါ်မှာကာလ မြောက်များစွာကြာနေလာခဲ့ရသည့် အတွက် မိမိတို့ကိုယ်တိုင် ဘယ်အရာဟာ အမှားတွေလဲ၊ ဘယ်အရာဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်တွေလဲလို့ မဝေဘန်မပိုင်းခြားနိုင် တော့ပါဘူး။တခါတလေ မိမိကိုယ်တိုင် အာဏာရှင်ကို မကြိုက်ပါဘူးပြောပြီး မိမိကိုယ်တိုင် အာဏာရှင်တွေရဲ့လုပ်ရပ်တွေကို လိုက်လုပ်နေမိတာတွေကို တွေ့ရှိနေရပါသည်။အာဏာရှင်များသည် သူတို့ရဲ့ကွန်ယက်တွင်းကို ၀င်လာအောင် နည်းမျိုးစုံ ပရိယာယ်မျိုးစုံဖြင့် စည်းရုံးနေလျက်ရှိပါသည်။တချို့လဲ သူတို့ရဲ့ကွန်ယက်တွင်းမှာ သက်ဆင်းမိကာ နာမည်ဆိုးတွေပင်ရလာ ပါတော့သည်။သေချာသတိထားစစ်ဆေးကာ ပညာဥာဏ်ဖြင့် ဆင်ခြင်စဉ်စားကြဖို့လိုပါသည်။ယခုအချိန်အခါသည် ပိုမို၍သတိ ထားဆင်ခြင်ရမည့်အချိန်ရောက်လာပါသည်။ပိုမို၍ဥာဏ်ပညာကိုအသုံးချရမည့်အချိန်ကိုရောက်လာပါသည်။ မိမိတို့၏ ကိုယ်ပိုင် အသိဥာဏ်များထက်မြတ်သည်ထက် ထက်မြတ်လာဖို့ စာပေတွေများများဖတ်ကြပါ။

စာပေဆွေးနွေးပွဲတွေ များများလုပ်ကြပါ။ စာပေ၀ိုင်းတွေ၊ စာကြည့်တိုက်တွေများများထောင်ကြပါ။ စာပေပြိုင်ပွဲတွေ၊ စာပေဟောပြောပွဲတွေများများလုပ်ကြပါ။အသိဥာဏ် ထက်မြတ်သော မျိုးဆက်သစ်လူငယ်များ ပိုမိုများပြားလာအောင် ၀ိုင်းဝန်းကြိုးစားအားထုတ်ကြပါ။ မိမိတို့၏အတ္တ မာန်မာန များကိုစွန့်ပစ်ကာ အများပြည်သူကောင်းစားရေးလမ်းကြောင်းပေါ်ကို ရောက်အောင်လျှောက်ကြပါ။ မိမိတို့ဖတ်မှတ်ထားသော ဆွေးနွေးထားသော အတွေးအခေါ်ကောင်းများကို စာများရေးသားကာ တဆင့်ပြန်လည် ဖြန့်ဝေပေးကြပါ။မိမိအပါအ၀င် မိမိဝန်းကျင်ကြီးကို ကြာလေပိုမို ကောင်းမွန်သော စိတ်ထားဖြူစင်သော ခွင့်လွှတ်သည်းခံနိုင်သော သဘောထားကြီးသော အများလေးစားတန်ဖိုး ထားရသော စံပြခေါင်းဆာင်ကောင်းများဖြစ်အောင် အတူတကွလက်တွဲညီညာစွာဖြင့် ၀ိုင်းဝန်းကြိုးစားကြ ပါဟုတိုက်တွန်းနိုးဆော်လိုက်ပါသည်။

တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနှစ်နာခံ၍တာဝန်သိသိသစ္စာရှိရှိဖြင့် ကြိုးစားဆောင်ရွက်နိုင်ကြသော အာဇာနည်သူ ရဲကောင်းများဖြစ်နိုင်ကြပါစေဟုတိုက်တွန်းရင်း………………………….
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အနာဂါတ်တွင် ထွန်းလင်းတောက်ပလာမည့် “သုခအလင်း”အဆောက်အဦး..

အသိပညာရှင်၊အတတ်ပညာရှင်အပေါင်းတို့ 

....မျိုးဆက်သစ်လူငယ်မောင်/မယ်တို့ အားပညာရပ် အသီးသီးတို့ ကိုပရဟိတစိတ်ဓါတ်တို့ ဖြင့်ကုသိုလ်ဖြစ် သင်ကြားပေးလိုပါက မကြာမီအချိန်ကာလအတွင်း “သုခအလင်း” ပညာရေးအဆောက်အဦး ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပါသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် တည်ရှိရာ အမှတ်(၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း. ၀၁.၅၈၀၁၃၃ (အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်)ထံသို့ ဆက်သွယ်စုံစမ်း ကုသိုလ်တော် ပါဝင်နိုင်ကြောင်း အသိပေးအပ်ပါသည်။


အနာဂါတ်တွင် ထွန်းလင်းတောက်ပလာမည့် “သုခအလင်း”အဆောက်အဦး

ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ၂ဝဝ၁ ခုနှစ်မှစတင်၍ ပေးဆပ်လာခဲ့သည့် နာရေးကူညီမှုအသင်း (ရန် ကုန်)သည် အများပြည်သူတို့ ကြုံတွေ့နေရသော နာရေးဒုက္ခများအား ကူညီပေးခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ထပ်မံ၍ အနာဂါတ်၏ ရင်သွေးငယ်များအား ပညာရည်မြင့်မားစေရန်ရည်ရွယ်၍ “သုခအလင်း” စာကြည့်တိုက်နှင့် “သုခ အလင်း” ပညာဒါနအား စတင်ဖွင့်လှစ်ခဲ့သည်။

ပညာရေးလုပ်ငန်းရပ်ကြီးအား စတင်ချိန်တွင် ကလေးသူငယ်များ အား အင်္ဂလိပ်စာ အရည်အသွေးမြင့်မားစေရန်နှင့် လိမ္မာယဉ်ကျေးရန် ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာအခြေခံနှင့် ယဉ်ကျေးလိမ္မာသင်တန်းများအား ဖွင့်လှစ်ခဲ့ရာမှ နောင်တွင် လိုအပ်ချက်အရ ကွန်ပျူတာသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများ၊ LCCI သင်တန်း အစရှိသည့်သင်တန်းများအား လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိကြစေရန် ဖွင့်လှစ်ခဲ့သည်။



ထို့နောက် ၂ဝ၁၁ ခုနှစ်မှ စတင်၍ဘွဲ့ရပြီး လူငယ်/ရွယ်များ အလုပ် အကိုင် အခွင့်အလမ်းများ လွယ်ကူစွာရရှိစေရန်အတွက် သုခအလင်း ပညာဒါနမှ စေတနာ့လုပ်အားဒါန ဆရာ/မ များတို့၏ မွန်မြတ်သည့် ပညာဒါနကုသိုလ်အဖြစ် ဖွင့်လှစ်သင်ကြားခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းအား အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့သည်။ ယင်း ဟိုတယ်ဝန်ဆောင်မှုသင်တန်းသို့ ဝင်ခွင့်စာမေးပွဲအောင်မြင်မှသာ တက်ရောက်ခွင့်ရရှိပြီး စာတွေ့၊ လက်တွေ့နှင့် ဟိုတယ်ကြီးများသို့သွားရောက်၍ လက်တွေ့ကွင်းဆင်းပြီးမှ အရည် အချင်းစစ် စာမေးပွဲဖြေဆိုစေခဲ့ပြီး အောင်မြင်မှသာလျှင် သင်တန်းဆင်းလက်မှတ်များရရှိကြသည်။

သင်တန်း၏ အရည်အသွေးမြင့်မားမှု၊ ဆရာ/ဆရာမတို့၏ အရည်အချင်းပြည့်ဝသည့် စေတနာ၊ မေတ္တာတရားနှင့် သင်ကြားမှု နည်းစနစ်များ မြင့်မားမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်း ပညာဒါနမှ ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းမှ သင်တန်းဆင်းများတို့အား သက်ဆိုင်ရာ ဟိုတယ်အသီးသီးသည် လိုလိုလားလား အလုပ်ခန့်အပ်ခဲ့ကြသည်။ ယခုဆိုလျှင် သုခအလင်း ပညာဒါနမှ ဟိုတယ်ဝန်ဆောင်မှုသင်တန်း သုံးနှစ်တာ ကာလအတွင်း အမှတ်စဉ် (၇) ကြိမ်တိုင် ဖွင့်လှစ်ပို့ချပြီး သင်တန်းသား/သူ အမြောက်အများမွေးထုတ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခဲ့သည်။

၂၈.၉.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနမှ လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် ပညာရည်မြင့်မားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ဟိုတယ်ဝန် ဆောင်မှုသင်တန်း အမှတ်စဉ် (၇) ၁/၂ဝ၁၃ သင်တန်းဆင်းပွဲ အခမ်းအနားတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။ စုစုပေါင်းသင်တန်းသား/သူ (၃ဝ) ဦးတက်ရောက်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် (၄) ဦးသည် ဆက် လက် မတက်ရောက်နိုင်ခဲ့ပေ။
တက်ရောက်သူ (၂၆) ဦးတို့သည် သင်တန်းကာလ ဆုံးခန်းတိုင် တက်ရောက်ခဲ့ သည်။ ယခု အမှတ်စဉ် (၇) ၁/၂ဝ၁၃ ၏ ထူးခြားချက်မှာ သင်တန်းသား/သူ (၂၆) ဦးစလုံး ဖြေဆိုအောင်မြင်ခဲ့ပြီး Distinction (၈) ဦး၊ Credit (၅) ဦး မွေးဖွားနိုင်ခဲ့သည်။ ယခုဆိုလျှင် သင်တန်းသား/သူများအသီးသီး လုပ်ငန်းခွင် သို့ ဝင်ရောက်၍ လုပ်ကိုင်နေကြပြီးဖြစ်သည်။ ထိုသည်ကား အလှူရှင်အပေါင်း၏ သဒ္ဓါစွမ်းအား၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုနှင့် ဆရာ/ဆရာမတို့၏ မေတ္တာ၊ ပညာ၊ စေတနာနှင့် သင်တန်းသား/သူတို့၏ ကြိုး စားမှု၊ ဝိရိယတို့၏ အပြန်အလှန်စုတည်၍ ရရှိလာသော အကျိုးကျေးဇူးများပင် ဖြစ်ပေသည်။

၂ဝ၁၁ ခုနှစ်မှစ၍ ယခုတိုင်ဖွင့်လှစ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဟိုတယ်ဝန်ဆောင်မှုသင် တန်းမှ သင်တန်းသား/သူ (၃၅ဝ) ဦးကျော်တို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီး 64 Hotel, Summit Park View Hotel, Hotel Shwe Gone Daing, Royal Ruby Jade Hotel, Savoy Hotel, Sedona, Asia Plaza Hotel, USA Hotel Stuff, Green Leaf Hotel, Hotel Yangon, Chatrium Hotel, Edem Palace, Sky Star Hotel, Inya Lake Hotel, Beauty Land Hotel အစရှိသည့် ပြည်တွင်းဟိုတယ်များ၊ MSID Company ဒီဇိုင်နာအဖြစ်၎င်း၊ Car Showroom Manager, KBZ Bank, Online Service Manager, Superviser Service, FFSS 10th Student Guide အစရှိသည့် လုပ်ငန်းခွင်များနှင့် ပြည်ပနိုင်ငံများဖြစ်သည့် Dubai, Qatar တို့သွားရောက်၍ ယုံကြည်ချက် ကိုယ်စီဖြင့် လူငယ်များ၏ ဘဝတဆစ်ချိုး အပြောင်းအလဲ ကြုံကြိုက်ချိန်တွင် ပြည်တွင်းဟိုတယ်များတွင် သာမက ပြည်ပဟိုတယ်များအထိပါ သွားရောက်လုပ်ကိုင်နေသည့် အခွင့်အလမ်းများအား သင်တန်းနည်းပြ ဆရာ/မများနှင့် အလှူရှင်များ မုဒိတာပွားနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက် စာသင်/စာကျက်ဝိုင်းအား ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား/သူ (၃ဝ) ဦး ဝင် ရောက်ဖြေဆိုခဲ့ပြီး (၁၉) ဦးအောင်မြင်မှုရခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သား ပြင်ပဖြေ (၆ဝ) ဦးနှင့် ကျောင်းဖြေ (၆ဝ) ဦး စုစုပေါင်း (၁၂ဝ) ဦးတို့အားလက်ခံ၍ စေတနာ့ လုပ်အားဒါနရှင် ဆရာ/မများနှင့် စာသင်၊စာကျက် (Guide) များဖြင့် စနစ်ကျစွာဖြင့် လေ့ကျင့်သင်ကြား ပေးလျှက် ရှိသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပညာရေးအတွက် အလေးထား၍ သင်တန်းများဖွင့်လှစ်ပေး ရုံမျှမက နယ်ဒေသများရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ/မများအား လစာငွေထောက်ပံ့ပေးခြင်း၊ အစိုးရ ကျောင်းများအား ပြုပြင်ဆောက်လုပ် လှူဒါန်းပေးခြင်းနှင့် ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းများ၌ လိုအပ်လျှက် ရှိသော ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာများ စသည့်လိုအပ်ချက်များ အား တတ်စွမ်းသရွေ့ ဖြည့်ဆည်းပံ့ပိုး ပေးလျှက်ရှိသည်။ ၁၂.၁ဝ.၂ဝ၁၃ ရက်နေ့တွင်လည်း စက္ကော့ကျေးရွာ၊ ညောင်တုန်းမြို့ရှိ အ.ထ.က ကျောင်း(ခွဲ)သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွန်ပျူတာ (၁) စုံနှင့် Printer (၁) လုံး လှူဒါန်းပေးခဲ့သည်။ ယင်းကျောင်းသည် စာစီစာရိုက်ရန်နှင့် စာရွက်၊ စာတမ်းများ Print ထုတ်ရန်အတွက် တစ်ဖက်ကမ်းသို့ ကူးဖြတ်၍ အခက်အခဲများစွာ ကြုံတွေ့ရမှုအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီ တောင်းခံလာသည့်အတွက် ပံ့ပိုးကူညီ လှူဒါန်ခြင်းဖြစ်သည်။
ယခုဆိုလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ပညာရေးသင်ယူနေကြသော လူငယ်/ရွယ်များ၊ သင်တန်းသား/သူ ဦးရေ များပြားလာခြင်း၊ အသင်း၏ သင်တန်းခန်းမများ၏ လိုအပ်ချက်များကြောင့် ယခု နာရေး ကူညီမှုအသင်း(ရန်ကုန်)တွင် ပညာရေးအဆောက်အအုံ ဆောက်လုပ်လျှက်ရှိပြီး မကြာမှီအချိန်အတွင်း ပြီးစီး တော့မည်ဖြစ်ပေသည်။ ထို့ကြောင့် မိဘပြည်သူအပေါင်းတို့၏ သဒ္ဒါတရားဖြင့် ပညာရေးအဆောက်အဦးကြီး အမြန် ဆုံးပြီးစီး ဖွင့်လှစ်နိုင်ရန် အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူ၍ ပညာရေးကဏ္ဍကြီးအား မြင့်တင်ပေးဆပ်ရင်း အနာဂါတ်၏ လူငယ်/ရွယ်များ၏ ပညာရေးအား ဝိုင်းဝန်းကူညီ အားပေးစောင့်ရှောက်ကြပါစို့ဟု ဆန္ဒပြု ဖိတ်ခေါ် လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ တရားမ၀င် မှောင်ခိုပစ္စည်း တင်သွင်းနေမှုများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပါဝင်ပတ်သက် နေမှုများအား အသိပေး တင်ပြခြင်း..(ပေးစာ)


သို့
          ဦးသိန်းစိန်
          နိုင်ငံတော်သမ္မတ
          ပြည်ထောင်စုမြန်မာနိုင်ငံတော်
                                                                            ရက်စွဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလ  ၉ ရက်
အကြောင်းအရာ။      ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ တရားမ၀င် မှောင်ခိုပစ္စည်း တင်သွင်းနေမှုများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပါဝင်ပတ်သက် နေမှုများအား အသိပေး တင်ပြခြင်း။

၁။         အထက်အကြောင်းအရာပါကိစ္စများနှင့်ပတ်သက်၍ သမ္မတကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အခြေအနေမှန်ကို သိရှိနိုင်ရန်နှင့် လိုအပ်သောအရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန် အသိပေးတင်ပြခြင်းဖြစ်ပါသည်။ မိမိ၏ရည်ရွယ်ချက်မှာ မည်သူသာစေ မည်သူနာစေလိုသော ဆန္ဒမရှိဘဲ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ aအာင်မြင်နိုင်ရန်၊ ပြည်သူလူထု၏ ရရှိခံစားထိုက်သော နိုင်ငံတော် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ အကျင့်စာရိတ္တရိုးသားဖြောင့်မတ်မှု ရှိစေရန်၊ စီးပွားရေးမသမာမှုများနှင့် ၀န်ထမ်းများအဂတိလိုက်စားမှုများကို နိုင်ငံတော်အဆင့် တာဝန်ရှိသူများ အနေဖြင့် အမှန်ကို အမှန်အတိုင်း သိရှိစေရန်နှင့် မည်သို့ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရ မည်ကို အလျင်အမြန်ဆုံးဖြတ်နိုင်ရန် ရည်ရွယ်ရင်း အသိပေးတင်ပြခြင်းဖြစ်ပါသည်။

၂။         ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာ (၁)၊(၂)၊(၃)၊(၄) များတွင် လုံခြုံရေး၊ ထောက်လှမ်း ရေး၊ ၀န်ဆောင်မှုပေးရေး ကဏ္ဍများတွင် ယခုလက်ရှိ တာဝန်ထမ်း ဆောင်နေကြသောအဖွဲ့အစည်းများမှာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၊ နိုင်ငံတော်အဆင့်အကြီးအကဲများ၏လုံခြုံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်အထူးတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ လေဆိပ်ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန (စစစ)၊ လုံခြုံရေးရဲတပ်ရင်း၊ လူဝင်မှုကြီးကြပ်ရေး(လ၀က)၊ အကောက်ခွန်ဦးစီးဌာန၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာန(DCA)၊ လေဆိပ်ဝန်ဆောင်မှုဆိုင်ရာ ပုဂ္ဂလိက Companyများနှင့် သက်ဆိုင်ရာလေကြောင်းလိုင်းများ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

၃။         ထိုသို့ တာဝန်များအသီးသီးထမ်းဆောင်ကြရာတွင် နိုင်ငံတော်ဝန်ထမ်းအဖွဲ့အစည်း(၂)ခုကို အခြေပြု၍ တရားမ၀င်မှောင်ခို ပစ္စည်းတင်သွင်းခြင်း၊ တရားမ၀င် မူးယစ်ဆေးဝါးများ တင်ပို့ခြင်း လုပ်ငန်းများ ကို အခြားလုံခြုံရေး ၀န်ထမ်းများမှ ၀န်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့မှ ပြည်သူများအပေါ် စရိတ်စကလွန်စွာသက်သာသော မိုဘိုင်းလ် တယ်လီဖုန်းများကို ချထားပေးခဲ့သည်မှာ မိုဘိုင်းလ်သုံးစွဲမှုနှုန်း တစ်နိုင်ငံလုံးသုံးစွဲနိုင်မှု(၇)ရာခိုင်နှုန်း ကိန်းဂဏန်းအားဖြင့် ဖုန်းအလုံးရေ (၄) သန်းကျော် ချထားပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါအရေအတွက် အနက်ရန်ကုန်မြို့တွင် မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေ (၁) သန်းကျော်ရှိနေသည်ကို သက်ဆိုင်ရာ ၀န်ကြီးဌာန များမှ ထုတ်ပြန်သော စာရင်းကိန်းဂဏန်းများအရ သိရှိရပါသည်။ အဆိုပါ မိုဘိုင်းလ်ဖုန်းအရေအတွက်ကို ဖော်ပြနေရခြင်းမှာ ကြီးမားသော တရားမ၀င်မှောင်ခို ဈေးကွက်တစ်ခုဖြစ်ပေါ်လာမှုကို တင်ပြနိုင်ရန်အတွက် ကြိုတင် Point out လုပ်ခြင်းဖြစ်ပါသည်။

၎။         မြန်မာနိုင်ငံတွင် ၀ယ်လိုမှုလွန်စွာကြီးမားနေသော မိုဘိုင်းလ်ဖုန်း Hand Set ဈေးကွက်အတွင်း ရောင်းချသူ မိုဘိုင်းလ်ဖုန်းဆိုင်အရေအတွက်လည်း များပြားလာသည်ကို သမ္မတကြီးအနေဖြင့် သိရှိထားပြီး ဖြစ်ပါသည်။ အဆိုပါများပြားလှသော မိုဘိုင်းလ်ဖုန်း Hand Set ဈေးကွက်ကို ဖြည့်ဆည်းနိုင်ရန် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို တရားဝင်၊ တရားမ၀င် နည်းလမ်းများဖြင့် တင်သွင်းလာနေတာကို တွေ့ရှိနိုင်ပါတယ်။ ပြည်တွင်း မိုဘိုင်းလ်ဟမ်းဆက် လိုအပ်ချက်၏ ၃၀% ၊ နိုင်ငံခြား အဆင့်မြင့် မိုဘိုင်းလ်ဟမ်းဆက်များကို အဓိက တရားမ၀င် တင်သွင်းရာလမ်းကြောင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်နေပါသည်။

 နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေး မိုဘိုင်းလ်ပစ္စည်းများကို (ကန့်သတ်ပစ္စည်းများမှ လွဲ၍) အခွန်အကောက်ဆိုင်ရာများကို လျော့ပေါ့ပေးခဲ့သော်လည်း၊ ပစ္စည်းထုတ်ယူရန် အချိန်ယူရမှု၊ အကောက်ခွန် လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းမကျွမ်းကျင်မှု၊ တရားမ၀င် မှောင်ခိုတင်သွင်းရာတွင် အချိန်ကုန်သက်သာမှု၊ အခွန်ပိုင်းဆိုင်ရာ ငွေကြေးသက်သာမှု၊ လုပ်ငန်းလျင်မြန်စွာ ပြီးစီးမှုတို့ကြောင့် အဆိုပါ မိုဘိုင်းလ်တရားမ၀င်တင်သွင်းမှုများမှာ တွင်ကျယ်စွာ ဖြစ်ပေါ်လာနေသည်ကိုတွေ့ရှိရပါသည်။ 
ထို့ပြင် အခြားကုန်ပစ္စည်းများအနေဖြင့် တရားမ၀င်ဆေးမှောင်ခို တင်သွင်းမှုများ၊ နိုင်ငံခြားဖြစ် တန်ဖိုးကြီးအရက်၊ ဆေးလိပ်တင်သွင်းမှုများ၊ တန်ဖိုးကြီး အလှကုန်ပစ္စည်း တင်သွင်းမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၅။         ထိုသို့တရားမ၀င်မှောင်ခိုပစ္စည်းတင်သွင်းမှုလမ်းကြောင်းတွင် အဓိကအကျဆုံးအချက်မှာ လေဆိပ် အခြေခံဝန်ဆောင်မှု လုပ်သားများနှင့် အကောက်ခွန်ဦးစီးဌာန၀န်ထမ်းများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ မှောင်ခိုပစ္စည်း တင်သွင်းမှုလမ်းကြောင်းတွင် လာရောက်ထုတ်ယူမည့် ကုန်ပစ္စည်းပိုင်ရှင်များအနေဖြင့် မိမိတို့ကုန်ပစ္စည်း တင်ဆောင်လာသော လေယာဉ်မဆိုက်မှီ အခြေခံဝန်ဆောင်မှု လုပ်သားများမှတစ်ဆင့် သက်ဆိုင်ရာ အကောက်ခွန်ဝန်ထမ်းများကို လိုင်းဝင်ရပါသည်။ လိုင်းဝင်ကြေးအတွက် သက်ဆိုင်ရာ ကုန်ပစ္စည်း၏ တန်ဖိုးအနည်းအများ၊ ပုံမှန်ဆောင်ရွက်နေမှု ရှိ/မရှိ အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားလျက် ရှိပါသည်။ 

အဆိုပါ တရားမ၀င်ကုန်ပစ္စည်းများ လေဆိပ်သို့ရောက်ရှိလာပါက ကုန်ပစ္စည်း အနည်းအများကို မူတည်၍ ခွဲတမ်းပေးရမည့် အဖွဲ့အစည်းအရေအတွက်အလိုက် ခွဲတမ်းငွေကြေးများကို သက်ဆိုင်ရာ အကောက်ခွန် ဦးစီးအရာရှိများမှ တစ်ဆင့် ရယူပါသည်။ ထို့နောက် လေဆိပ်အတွင်း သက်ဆိုင်ရာ တာဝန်ထမ်းဆောင် နေကြသော အဖွဲ့အစည်း ငွေကြေးရှာဖွေရေး တာဝန်ခံများမှတစ်ဆင့် ခွဲတမ်း ငွေကြေးများကို ပေးအပ်ပါသည်။ အကောက်ခွန်ဝန်ထမ်းများမှတစ်ဆင့် ခွဲတမ်းရရှိသော အဖွဲ့အစည်းများမှာ စရဖအဖွဲ့၊ လေဆိပ်ရဲတပ်ဖွဲ့၊ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စစစအဖွဲ့နှင့် ကြားခံ ဆောင်ရွက်ပေးသော အခြေခံဝန်ဆောင်မှု လုပ်သားများဖြစ်ပါသည်။

၆။         ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနအဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် တရားမ၀င်ကုန်ပစ္စည်းတင်သွင်းရာတွင် အဓိက နေရာများဖြစ်သည့် လေယာဉ်ကုန်ပစ္စည်းချရာနေရာများ၊ ကုန်ပစ္စည်းအား ပဏာမ စစ်ဆေးရာနေရာများ၊ ကုန်ပစ္စည်း နောက်ဆုံးထွက်ခွာရာ နေရာများတွင်
 လေဆိပ်လုပ်သက်ရင့် ဝန်ထမ်းများအား စောင့်ကြပ်စေ၍ မိမိတို့အား ကွက်ကျော် ဆောင်ရွက်ခြင်း ရှိ/မရှိကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နေကြသည်မှာလည်း အလွန်စိတ်ပျက်စရာ ကောင်းသော ဆောင်ရွက်ချက်များဖြစ်ပါသည်။ မိမိတို့အား အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တလွဲ အသုံးချနေခြင်းသာဖြစ်ပါသည်။

၇။         လေဆိပ်တာဝန်ကျ အကောက်ခွန် ၀န်ထမ်းအများစုမှာ အမျိုးသမီးအရာရှိ အများစုဖြစ်ပြီး ကျန်လေဆိပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းအဖွဲ့အစည်းများတွင် အမျိုးသားအများစုသာ တာဝန်ထမ်းဆောင်နေကြပါသည်။ အကောက်ခွန် အမျိုးသမီးဝန်ထမ်းများ၏ ယူနီဖောင်းဝတ်စားဆင် ယင်မှု ကြော့ရှင်းမှု၊ ၀င်ငွေဖြောင့်ဖြူးမှု၊ တရားမ၀င်ပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေမှုတို့ကို  အကြောင်းပြု၍ ကျန်အမျိုးသား ၀န်ထမ်းများနှင့် ပုဂ္ဂိုလ်ရေးခင်မင်မှု လမ်းကြောင်းကို အသုံးချကာ သက်ဆိုင်ရာလူကြီး လမ်းကြောင်းရှိ/မရှိ သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ Mobile Team ၀င်ရောက် စစ်ဆေးနိုင်မှု သတင်းများကို နှိုက်ယူနိုင်နေသည်ကိုလည်း တွေ့ရှိရပါသည်။

အဆိုပါ အရေးကြီး ထူးခြားဖြစ်စဉ် လမ်းကြောင်းများရှိလျင် လေဆိပ်အတွင်း တရားမ၀င် လမ်းကြောင်းများရှင်းထားခြင်း၊ မည်သည့်တရားမ၀င်အလုပ်ကိစ္စများကိုမှ မပြုလုပ်ခြင်းတို့ဖြင့် ၄င်းတို့၏ လုပ်ရပ်များကို ဖုန်းကွယ်ထားနိုင် သည်ကို တွေ့ရှိရပါသည်။ အဆိုပါ သတင်းပေါက်ကြားမှု ဖြစ်စဉ်မှာ ၄င်းတို့ တရားမ၀င် လုပ်ငန်းအတွက် လုံခြုံမှုစိတ်ချ ရသော်လည်း အခြားတစ်ဘက်တွင် လုံခြုံရေး သတင်းကျိုးပေါက်မှုကြောင့် နိုင်ငံတော်အဆင့် အကြီးအကဲများ၏ လုံခြုံမှုအားနည်းပြီး မလိုလားအပ်သော ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုများကို ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရှိရပါသည်။
 ဖြစ်စဉ်တစ်ခုကို ဥပမာပေးရလျင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လုပ်ငန်းလည်ပတ် မှုချောမွေ့ရေးအတွက် ၀င်ရောက်စစ်ဆေးမည်ကို အဆိုပါလေဆိပ်ရှိ အောက်ခြေ၀န်ထမ်းများမှ တစ်ရက်ခန့် ကြိုတင်သိရှိ နေကြပါသည်။ 

ထိုသို့သတင်းပေါက်ကြားမှု အဓိကတာဝန်ရှိသူများမှာ အကြမ်းဖက် အထူးရဲတပ်ဖွဲ့မှ ဒုရဲမှူး (အမည်မသိ) အမျိုးသမီးအရာရှိနှင့် ဒုရဲအုပ် သုခဌေးဆိုသူ လက်ကိုင်ဖုန်း အမှတ် (၀၉ ၄၂၁၇၅၇၇၆၀)၊ (၀၉ ၃၁၂၄၀၂၃၄)၊ (၀၉ ၄၀၁၅၅၅၁၄၄) တို့ ၂ ဦးနှင့် လေဆိပ်ရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့်ရှိသူ တို့မှ လေဆိပ်တာဝန်ထမ်းဆောင်ရာ အဖွဲ့အစည်းများကို ကြိုတင်သတင်း ဖြန့်ဖြူး၍ တရားမ၀င်လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် တရားမ၀င်အကြောင်းကြားခဲ့ သည်ကို ကိုယ်တိုင် တွေ့ရှိခဲ့ရပါသည်။

 ဒုရဲအုပ်သုခဌေးဟု သိရှိရသည်မှာ ၎င်းမှ အကောက်ခွန်ဝန်ထမ်း ဦးစီးအရာရှိ ဒေါ်အေးအေးဝင်းဆီသို့ တိုက်ရိုက်ဖုန်းဆက်အကြောင်းကြားရာတွင် မိမိကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားသိခဲ့ရခြင်းဖြစ်ပါသည်။ နောက်ပိုင်းမှ သိရှိရသည်မှာ ဒုရဲအုပ်သုခဌေးနှင့် ဒေါ်အေးအေးဝင်းတို့မှာ ပုဂ္ဂိုလ်ရေး ခင်မင်မှု အလွန်အကျွံရှိပြီး၊ သုခဌေး၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဒေါ်အေးအေးဝင်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိနေသည်ကို ထပ်မံသိရှိခဲ့ရပါသည်။

၈။         လေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသောအဖွဲ့အစည်းများမှ ၄င်းတို့၏ စားသောက်ရေး အတွက်ဟု အကြောင်းပြကာ တစ်ပိုင်တစ်နိုင် ဧည့်သည်ကြိုခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေသည် ကိုလည်း သိရှိခဲ့ပါသည်။

 တို့၏ သက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးခင်မင်မှုများမှတစ်ဆင့် တရားမ၀င် ပစ္စည်းများကို မိမိတို့ ဧည့်သည်မိတ်ဆွေများဟု အကြောင်းပြကာ တရားမ၀င်ပစ္စည်းများ ပါဝင်နေသည်ကို သိလျက်နှင့် X-Rayစက်များ၊ စစ်ဆေးမှုများကို မပြုလုပ်စေခြင်း၊ ဦးစီးအရာရှိများကိုယ်တိုင် တစ်ခါတစ်လေ ယူနီဖောင်းဝတ်ဖြင့် ခရီးသည်များ၏ အထုပ်အပိုးများကို လက်တွန်းလှည်းများ ကိုယ်တိုင်တွန်းကာ ခိုးထုတ် ခြင်းများပြုလုပ်လျက်ရှိပါသည်။ 

ထိုသို့ကိစ္စရပ်များပြုလုပ်ရာတွင် လိုင်းဝေစုကို တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းကသာ ရရှိသဖြင့် အချို့သော အဖွဲ့အစည်းများမှ ကျေနပ်မှုမရှိ၍ လေကြောင်းရဲတပ်ဖွဲ့ လေဆိပ်တာဝန်ခံ ဒုရဲမှူးကြီး ဥက္ကာကို ထံသို့ တိုင်ကြားခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ ဒုရဲမှူးကြီးဥက္ကာကိုမှ သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်မြင့်အရာရှိများထံသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်း၊ အပေါ်ယံ စစ်ကြောစာထုတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

အဆိုပါကိစ္စဖြင့် လေဆိပ်တွင်နာမည်ကြီးထင် ရှားသူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဦးဖြစ်ပြီး၊ မှာ လေဆိပ်တွင် တာဝန်ကျကျ မကျကျ လာရောက်၍ တရားမ၀င်အထူးဧည့်ကြိုလုပ်ငန်းလုပ်ကိုင်သူအဖြစ် လေဆိပ်ဝန်ထမ်းများအတွင်း နောက်ပြောင်ပြောဆိုနေကြသည်ကိုလည်း ကြားသိခဲ့ရပါသည်။ အကောက်ခွန်ဦးစီးအရာရှိဖြစ်သူ ဒေါ်အေးအေးဝင်းမှ “ TG ဆိုက်ရင် ဦးသန်းဦးရှိတယ”ဟု မိမိအား နောက်ပြောင် ပြောဆိုခဲ့ဖူးပါသည်။  

၉။         ယခုအခါရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံခြားခရီးစဉ်လေယာဉ်များ ပိုမိုများပြားစွာ ဆိုက်ရောက်လျက်ရှိပြီး ပြည်တွင်းပြည်ပခရီးသည်များလည်း များပြားလျက်ရှိသည်ကို သမ္မတကြီးတို့ အသိပဲဖြစ်ပါသည်။ 

ထိုသို့ခရီးစဉ်များ ပိုမိုများပြားလာသည့်နည်းတူ လေဆိပ်တာဝန်ကျ ၀န်ထမ်းများအနေ ဖြင့် အလုပ်လုပ်ချိန်များ ပိုမိုလာသည်ကိုလည်း တွေ့ရှိရပါသည်။ ယခင်က ည ၈ နာရီကျော်လျင် လေယာဉ် ပါးသွားပြီဖြစ်သဖြင့် လေဆိပ်ညပိုင်းတာဝန်ကျ အမျိုးသားအရာရှိ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် လွတ်လပ်ချိန်အဖြစ် အသုံးချကာ လေဆိပ်အနီးအနားရှိ စားသောက်ဆိုင်များ၊ ကေတီဗွီများ၊ မာဆတ်များတွင် မိမိတို့တစ်နေ့တာရရှိထားသော တရားမ၀င်ငွေကြေးများနှင့် သုံးဖြုန်းစားသောက်နေကြ သည်ကိုလည်း မနှစ်မြို့ဖွယ်တွေ့ရှိ ခဲ့ရဖူးပါသည်။ ယခုလို လေယာဉ် ခရီးစဉ်များပြားလာသည့်အချိန် ညဘက်များတွင်လည်း အချို့သော အမျိုးသားအရာရှိဝန်ထမ်းများမှာ ရသည့်အချိန်ကို အရက်သေစာများ စားသောက် ပျော်ပါးနေကြသည်ကိုလည်းတွေ့ရှိရပါသည်။ ထိုသို့အရက်သေစာ သောက်စားပြီးနောက် တာဝန်ပြန်လည် ထမ်းဆောင်ရာတွင် အလုပ်အပေါ် အာရုံစူးစိုက်မှုေ လျာ့နည်းပြီး ခရီးသွားပြည်သူများနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနေပြီး ခရီးသည်များအပေါ် စိတ်မရှည်မှု ဧည့်ဝတ်မကျေပွန်မှုများကြောင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

 အချို့စားဝိုင်းသောက်ဝိုင်းများသည် မိမိတို့ ၀န်ထမ်းအဖွဲ့များဖြင့် သီးခြားပြုလုပ်ကြသော်လည်း အချို့ဝိုင်းကြီးများမှာ လေဆိပ်ရှိ တာဝန်ခံအကြီးအကဲ များအတွက် သီးသန့်ပြုလုပ်ပေးသော စားဝိုင်းများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အနိမ့်ဆုံးသော စားသောက်ဝိုင်းသည် အမြည်းဖိုးသီးသန့် အရက်မပါလျင်တောင် ၈၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ကုန်ကျသည်ကို သိရှိရပါသည်။ နိုင်ငံခြားဖြစ် အရက်များကိုတော့ အပြင်ထက်ပိုမိုဈေးသက်သာသော Duty Free ဆိုင်များ မှ ၀ယ်ယူလာသည်ကို စားသောက်ဆိုင် စားပွဲထိုးများမှတစ်ဆင့် သိရှိရပါသည်။

၁၀။       ယခုအချိန်အခါကဲ့သို့ နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေချိန်၊ အာဆီယံဥက္ကဌရာထူးကို အောင်မြင်စွာ လက်ခံဆောင်ရွက်နိုင်ရန် ပြင်ဆင်နေချိန်များ တွင်၊ ယခုကဲ့သို့ အောက်ခြေရှိဝန်ထမ်းများ၏ ကိုယ်ကျိုးရှာ လုပ်ဆောင်မှုများသည် နိုင်ငံတော်နှင့် ပြည်သူ တို့အကြား အယုံအကြည်ကင်းမဲ့မှုများကိုပိုမိုတိုးပွားလာစေနိုင်ပြီး၊ နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များနှင့် လုံးဝ သွေဖယ်နေသည်ကို နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ နိုင်ငံတော် အကြီးအကဲများမှ အမှန်အတိုင်းသိရှိပြီး အချိန်မှီ ကုစားမှုပြုနိုင်ပါရန်နှင့် ဒေသတွင်းနိုင်ငံများ အလယ်တွင် မြန်မာနိုင်ငံကို အထင်အမြင် ယုတ်လျော့စေနိုင်သော ကိုယ်ကျိုးရှာဝန်ထမ်းများကို ထိန်းသိမ်းဆောင်ရွက် နိုင်ပါရန် လေးစားစွာအသိပေးတင်ပြအပ်ပါသည်။

မှတ်ချက်။      မိမိသည် လေဆိပ်သို့ ပုံမှန်အ၀င်အထွက်ရှိသော ခရီးသွား Company တစ်ခုမှ ကိုယ်စားလှယ်တစ်ဦးဖြစ်ပါသည်။ မိမိ၏ ကိုယ်တိုင်မြင်တွေ့ ကြားသိရမှုများကို နိုင်ငံတော်အကြီးအကဲ အဆင့်ဆင့်မှ သိရှိသဘောပေါက် နားလည်စေရန်သာရည်ရွယ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားပျက်စီးစေမှုကို မရည်ရွယ်ပါ။ မိမိ၏ အလုပ်အကိုင်နှင့် မပတ်သက်သော ကိစ္စတစ်ခုကို အများအကျိုးအတွက် တင်ပြခြင်းသာဖြစ်သဖြင့် မိမိ၏ Company မှ မိမိအား အလုပ်အကိုင် ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် တိုင်ကြားသူ နာမည်အပြည့်အစုံကို မဖော်ပြထားခြင်းဖြစ်သည်ကို နားလည်စာနာမှုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 ပြည်သူ့ကိုယ်စားလှယ်တစ်ဦး
မိတ္တူကို
-      ဒေါက်တာစိုင်းမောက်ခမ်း
ဒုတိယ သမ္မတ(၁)

-      ဦးဥာဏ်ထွန်း
ဒုတိယ သမ္မတ(၂)

-      သူရဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်ဥက္ကဌ
-      ဦးခင်အောင်မြင့်
အမျိုးသားလွှတ်တော်ဥက္ကဌ

-      ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တရားဥပဒေစိုးမိုးရေးကော်မတီ

-      သူရဦးအောင်ကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

-      ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန

-      ဦးစိုးမောင်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန

-      ဦးတင်နိုင်သိန်း
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန

-      ဦးဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး
ဘဏ္ဍာရေးဝန်ကြီးဌာန

-      ရဲချုပ်ဇော်ဝင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်


စစ်ကိုင်းမြို့ စိန်ကုန်းရပ် ကားကြီးကွင်းရှိ နွယ်နီအရက်ဖြူဆိုင်နှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခွင့်ပေးထားသော အကျင့်ပျက် ရဲဝန်ထမ်းများအား အရေးယူ ဆောင်ရွက်ပေးပါရန်... (တိုင်ကြားစာ)

 (ဓာတ်ပုံ) ခရိုင် ဒ/န တပ်ကြပ်ကြီး အောင်ထွန်းလင်း
စစ်ကိုင်းမြို့ စိန်ကုန်းရပ် ကားကြီးကွင်းရှိ  နွယ်နီအရက်ဖြူဆိုင်နှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခွင့်ပေးထားသော အကျင့်ပျက် ရဲဝန်ထမ်းများအား အရေးယူ ဆောင်ရွက်ပေးပါရန်...

စိန်ကုန်းရပ်ကွက် ကားကွင်းအတွင်းရှိ မိဘ ပြည်သူအများမှ ဒီမိုဝေယံမှ တဆင့် တိုင်ကြားအပ်ပါသည်..။ 

  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်   နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန

စစ်ကိုင်းမြို့  စိန်ကုန်းရပ် ကားကြီးကွင်းရှိ ရဟန်း ရှင်လူကျောင်းသား/ ကျောင်းသူ မိဘများသွားရာလမ်းဘေးတွင် နွယ်နီအရက်ဖြူဆိုင်နှင့် တကွပြည့်တန်ဆာများသည် စိန်ကုန်ပိုင်နယ်မြေခံရဲများနှင့် ပူးပေါင်းကာ ရဲများအား ရဲကြေး၊ လိုင်းကြေးပေးပြီး ပေါ်ပေါ်တင်တင် လုပ်ကိုင်နေကြပါသည်။

၎င်းရဲမျာထဲမှတဦးမှာ နွယ်နီအရက်ဖြူဆိုင်တွင် နေထိုင်သော တပ်ကြပ်ထွန်းနိုင်လင်းနှင့်ခရိုင်ဓနတွင် တာဝန် ထမ်းဆောင်နေသော တပ်ကြပ်ကြီးအောင်ထွန်းလင်းနှင့် ပြည့်တန်ဆာခေါင်းဖြစ်သော မဇာအပေါင်းအပါများနှင့် ပူးပေါင်းကာ ကားကြီးကွင်း အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဖွားများနှင့် ကားကွင်းအတွင်း နေထိုင်သော အများပြည်သူများအား ဂရုမစိုက်ပဲ ပတ်ဝန်းကျင်အတွင်းရှိ နေအိမ်များ အများသူငါ သွားလာရာလမ်းမများနှင့် တရားဝင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များ ဖွင့်လှစ်ထားသော ဆိုင်များရှေ့တွင် နေ့ညအချိန်မဆိုင်းပဲ ပြည့်တန်ဆာများနှင့် လာရောက် ခေါ်ဆောင်သော လူများ စုရုံးစီကားလျှက်ရှိပြီး ပြောင်ပြောင်တင်းတင်း ၄င်းတို့ ၏လုပ်ငန်းကိုပြုလုပ်ဆောင်ရွက်နေကြပါသည်။

အမြင်မတော်သည့်အတွက် ပတ်ဝန်းကျင်ရှိ မိဘ ပြည်သူများက အမှတ် (၁) ရဲစခန်းသို့တိုင်ကြားသော်လဲ အမှတ် (၁) ရဲ စခန်းမှ အရေး ယူ ဆောင်ရွက်ပေးခြင်း  မရှိပါ။ ထိုအတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် နိုင်ငံတော် သမ္မတကြီးအား လေးစားစွာဖြင့် စီစစ် ဆောင်ရွက်ပေးပါရန် လေးစားစွားဖြင့် တင်ပြအပ်ပါသည်။

 ယခင် အရက်ဖြူဆိုင်နှင့် ကျော်အောင် ဟုခေါ်သော ပြည့်တန်ဆာ ခေါင်းတို့မှာ အလုပ် အတူ လုပ်ကိုင်စဉ် အမှတ်(၁)ရဲစခန်းမှ ပြည့်တန်ဆာခေါင်းဆောင် ကျော်အောင်အားဖမ်းဆီးခဲ့ပါသည်။ သို့သော်လည်း ပပျောက်သွားခြင်း မရှိပဲ နောက်ထပ်မဇာ ဟူသော အမျိုးသမီး ပြည့်တန်ဆာ ခေါင်းဆောင်နှင့် ခရိုင် ဒန/ တပ်ကြပ်ကြီး အောင်ထွန်းလင်းတို့နှင့် ပူပေါင်းပြီး  ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေကြပါသည်။

 နွယ်နီအရက်ဆိုင်သည် အရက်ဖြူလိုင်စင်ဖြင့် နိုင်ငံခြားအရက် အများနှင့် ဘီယာပုလင်းအမျိုးမျိုး တို့ကို ရောင်းချပြီး ကာရာအိုကေ၊ ပြည့်တန်ဆာ တို့ဖြင့် မြူဆွယ် ရောင်းချကာ ညည့်နက်သန်းခေါင် အချိန်ထိ ပတ်ဝန်းကျင်အား အရေးမစိုက် ဆူညံနေသောကြောင့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများမှာ စိတ်အနှောက်ယှက် ဖြစ်ယုံသာမက မိမိတို့ သမီးပျိုကလေးများအား ညနေနေဝင်ချိန်တွင် အပြင်မထွက်ခိုင်းရဲအောင် ဖြစ်နေရပါသည်..။  ပြည့်တန်ဆာများနှင့် မှားယွင်းပြီ ခေါ်ဆောင်သွားမှာကို လည်း အထူးစိုးရိမ်နေရပါသည်..။


သို့ဖြစ်ပါ၍ အကျင့်ပျက် ရဲဝန်ထမ်းများနှင့် ပြည့်တန်ဆာ လုပ်ငန်း ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသော နွယ်နီ အရက်ဖြူဆိုင်အား အရေးယူ ဆောင်ရွက်ပေးပါရန်  သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် သမ္မတကြီးဦးသိန်းစိန်အား စိန်ကုန်းရပ်ကွက် ကားကွင်းအတွင်းရှိ မိဘ ပြည်သူအများမှ လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုင်ကြား အပ်ပါသည်။ 

မိတ္တူ /  ပြည်ထဲရေး ဝန်ကြီး / ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ၊
         ရဲချုပ် ကျော်ကျော်ထွန်း လေးစားစွာဖြင့်………….

အာဆီယံ အစည်းအဝေးတွေ ချောချောမွေ့မွေ့ ကျင်းပပြီးစီးနိုင်အောင် ရဟတ်ယာဉ်နဲ့ ကောင်းကင်ပေါ်ကနေ ပရိတ်ရေ ဖြန်းမယ်ဆိုတဲ့.....

အာဆီယံ အစည်းအဝေးတွေ ချောချောမွေ့မွေ့ ကျင်းပပြီးစီးနိုင်အောင် ရဟတ်ယာဉ်နဲ့ ကောင်းကင်ပေါ်ကနေ ပရိတ်ရေ ဖြန်းမယ်ဆိုတဲ့.....

၂၀၁၄အာဆီယံ ဥက္ကဋ္ဌရာထူး မြန်မာလက်ခံရယူ..

ယနေ့ ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီ၂၃ကြိမ်မြောက် အစည်းအဝေးအပြီးမှာ ၂၀၁၄အာဆီယံ ဥက္ကဋ္ဌရာထူးကို သမ္မတဦးသိန်းစိန် လက်ခံရယူခဲ့ပါပြီ..။

စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အာဆီယံဥက္ကဋ္ဌ ရထူးရယူဖို့ ကြိုးစားခဲ့ပေမယ့် ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်..။
ဒီနေရာမှာ တခုပြောလိုတာက အာဆီယံဥက္ကဋ္ဌ ရာထူးရယူတာ လွယ်ကူပေမယ့် တာဝန်ယူမှု အင်မတန်ကြီးမားတယ် ဆိုတာပါပဲ..။ အာဆီယံ နိုင်ငံက ခေါင်းဆောင်တွေအပြင် ထိပ်သီးနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးတွေကိုလည်း လုံခြုံရေး အထူးကြပ်မတ်ပြီး လက်ခံကျင်းပရတာပါ...။

မြန်မာပြည်က ထိုင်းသံရုံးမှာ တာဝန်ထမ်းဆောင် နေတဲ့ မိတ်ဆွေတဦး ပြောပြတာကတော့ ပထမဦးဆုံးအကြိမ် အဖြစ် အာဆီယံဥက္ကဋ္ဌရာထူး ရယူမယ့် မြန်မာနိုင်ငံအတွက် အတွေ့အကြုံရှိတဲ့ ထိုင်းနိုင်ငံမှ မြန်မာပြည်တွင်း ဋ္ဌာနဆိုင်ရာ အရာရှိတွေကို အာဆီယံရာထူး ရယူချိန်မှာ ပြင်ဆင်လုပ်ဆောင်ရမယ့် လုပ်ငန်းအရပ်ရပ်တွေကို သင်တန်းပေးပါတယ်တဲ့..။ သို့ပေတည့် မြန်မာဋ္ဌာနဆိုင်ရာက အရာရှိတွေ တက်တလှည့် မတက်တလှည့် အပြင် တချို့ဋ္ဌာနတွေဆို စာရေးအဆင့်တွေကို ကိုယ်စားလွှတ် တက်ခိုင်းပါတယ်တဲ့..။

ထိုင်းသင်တန်းဆရာတွေ လာတက်တဲ့သူတွေကို ကြည့်ပြီး ရင်မောရပါတယ်တဲ့..။ ဒီပုံအတိုင်းဆို အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် ရင်လေးမိကြောင်း ပြောဆိုကြသတဲ့..။
တနေ့ အုပ်ချုပ်ရေးဆိုင်ရာ မြန်မာအရာရှိကြီးတဦးကို ယခုလို သင်တန်းပေးတာကို ဖိဖိစီးစီး သင်တန်းပေးတာတောင် မြန်မာအရာရှိတွေ တက်ရောက်ရင်လေးမိကြောင်း ပြောဆိုတော့ အဆိုပါ အုပ်ချုပ်ရေးဆိုင်ရာဋ္ဌာနက မိုးကျရွှေကိုယ် အရာရှိကြီး ပြန်လည် ဖြေကြားခဲ့တာကတော့

" အဲ့ဒီအတွက် ပြဿနာမရှိကြောင်း မိမိတို့ အနေနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ အစည်းအဝေးတွေ ချောချောမွေ့မွေ့ ပြီးစီး အောင်မြင်ဖို့ အတွက် အစည်းအဝေးတွေ လက်ခံ ကျင်းပမယ့် နေပြည်တော်မှာ ရဟတ်ယာဉ်နဲ့ ကောင်းကင်ပေါ်ကနေ သံဃာတော်တွေကို ပရိတ်ရွတ်ခိုင်းပြီး ပရိတ်ရေ ပက်ဖြန်းပြီး မြန်မာနည်း မြန်မာ့ဟန် လုပ်ဆောင်မှာ" ဖြစ်တယ်လို့ ဆိုလိုက်တော့ ထိုင်းသင်တန်းဆရာ အရာရှိ ပက်လက်ကို လန်ပါလေရောတဲ့..။

ဒါ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေပါ..။သက်ဆိုင်ရာဋ္ဌာနဆိုင်ရာက ဝန်ကြီးတွေအနေနဲ့ ဒီကိစ္စကို သေချာစစ်ဆေး မေးမြန်းသင့်ပါတယ်..။
ပေါ့ပေါ့တန်တန်တွေး အသေးအဖွဲပမာ လုပ်ဆောင်နေရင်တော့ နိုင်ငံတကာမှာ မျက်နှာပျက်စရာ ကြုံတွေ့ရမှာ မလွှဲမသွေပါ..။ နားထောင်ခဲ့ရသူ ကျွန်ုပ်ကိုယ်တိုင်တောင် အင်မတန် ရင်လေးခဲ့ရပါတယ်.။ လက်သိပ်ထိုး ယတြာချေ ဥုံဖွ မန်းမှုတ် တပွဲထိုးလုပ်၍ မရပါ။


ဒီအတွက်ကြောင့် အင်မတန် တာဝန်ကြီးလှတဲ့ အာဆီယံဥက္ကဋ္ဌ ရာထူးရရှိပြီ ဆိုရုံနဲ့ ဂုဏ်ရှိပြီဆိုပြီး ဝမ်းသာမနေကြပါနဲ့ဦး၊ မြန်မာပြည်က သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနနဲ့ ဋ္ဌာနဆိုင်ရာတွေ အနေနဲ့ ဘယ်လောက်ထိ ကြိုတင်ပြင်ဆင်ပြီးစီးခြင်း ရှိမရှိကို စာရွက်ပေါ်မှာ မဟုတ်ပဲ အလုပ်နဲ့ သက်သေပြခိုင်းကြပါဦး။ ဒီထက်ပိုသေချာတာကတော့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေက သက်ဆိုင်ရာ အရာရှိကြီးတွေ အမှန်တကယ် သင်တန်း တက်ရောက်ခြင်းရှိမရှိ စုံစမ်းမေးမြန်းကြပါဦး။ ဒီထက်ပိုသိချင်ရင်တော့ ထိုင်းသံရုံးမှာ တက်ရောက်သူစာရင်း အတိအကျ အမှန်အကန် ရှိပါကြောင်းနဲ့.. အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရယူခဲ့တဲ့ မိမိတိုင်းပြည် မျက်နှာ မပျက်ရလေအောင် အပြု သဘောဆောင် ရေးသားတင်ပြလိုက်ရပါတယ်..။
ဒီမိုဝေယံ

လူနဲ့ မူနဲ့ကွဲကြပါ.....

လူနဲ့ မူနဲ့ကွဲကြပါ..

ခင်ဗျားတို့ ကျွန်တော်တို့ ယနေ့ Miss Universe မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး..

မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ မုန်းကြတာလား..

မြစ်ဆုံကိစ္စကြောင့် မုန်းကြတာလား..

လက်ပံတောင်းတောင် ကိစ္စကြောင့် မုန်းကြတာလား..

ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မုန်းကြတာလား..

ဗိုလ်ချုပ်ခင်ညွန့် လက်ချက်နဲ့ ၁၉၉၀နောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာတဲ့ နောက်ပေါက် တရုတ်တွေကြောင့် မုန်းကြတာလား..

အာဏာရှင်မိသားစုနဲ့ ပတ်သက်ပြီး မုန်းကြတာလား..

ပြည်တွင်းမှာ ဒိုးတူ ဘောင်ဖက် နှစ်ရှည်လများ အတူတကွ နေလာခဲ့ကြတဲ့ မြန်မာဆန်တဲ့ မြန်မာပြည်ဖွား အတူတကွ ရုန်းကန်ခဲ့တဲ့ တရုတ်လူမျိုးတွေကို အားနာကြဖို့ မေတ္တာရပ်ခံပါရစေ..

ကျွန်တော်တို့ မုန်းတာ လူကို မဟုတ် မူကိုဖြစ်တယ်...

မြန်မာ့မြေပေါ်က သံယံဇာတတွေကို သူခိုးဈေးနဲ့ မတရားဂုတ် သွေးစုပ်ခဲ့တဲ့ တရုတ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားရှိတဲ့ ပေါ်လစီ မူကိုသာ ဖြစ်သည်..။

ဒီမိုဝေယံ

တရုတ် CCTV ရုပ်သံမှာ 华裔女子胜出 Chinese woman to win ဆိုပြီးဖော်ပြခဲ့တဲ့ Miss Universe Myanmar.. (ရုပ်သံ)

Miss Universe Myanmar တရုတ် CCTV ကရုပ်သံပါ..
 ခေါင်းစဉ်ကတော့ တရုတ်လို 华裔女子胜出
အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ Chinese woman to win ဆိုပြီးလုပ်ချ လိုက်လေရဲ့..
(အင်တာဗျူးမှာ ငါ့မြန်မာပြည်အတွက် ကြိုးစားသွားမယ်လို့ အင်္ဂလိပ် ဖြေကြားသွားတဲ့ စကားလေးကို ထောက်ရှုပြီး)
မည်သို့မျှ မဝေဖန်လို ပြိုင်ပွဲကာလလည်း ဘာမှ မလိုတော့သည့် လာမယ့် နိုဝင်ဘာလ ၉ရက်နေ့ မော်စကိုမှာ ပြုလုပ်မည့်
 Miss Universe ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ စွမ်းစွမ်းတမံ ယှဉ်ပြိုင် ကြိုးစားအားထုတ်ကာ မြန်မာနိုင်ငံသားများအတွက် ဂုဏ်ဆောင်နိုင်လိမ့်မည်ဟု  မျှော်လင့်မိရင်း..

 စထွက်ကတည်းက မသူတော်ဘေးနား ရောက်ခဲ့သည်အတွက် မပြေးသော်လည်း ကန်ရာရှိခဲ့လေပြီ...။

ဒီမိုဝေယံ

နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...

နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...

ဘယ်လောက် အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ.. မစင်တစက် ထိမိရင် စင်မိရင်ဆိုသလိုပဲ....

မစင်ဆိုတာ လက်နဲ့ ထိမိရင်ပဲ ဖြစ်ဖြစ် ဘယ်လောက် အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ.. မစင်တစက် ထိမိရင်ပဲဖြစ်ဖြစ် စင်မိရင်.. ရင်ပဲဖြစ်ဖြစ် ဆေးပစ်၊ လွှင့်ပစ်၊ သွန်ပစ်ရတဲ့ သဘော သဘာဝအတိုင်းပါပဲ..။..... ဘေးမှာ ရပ်မိတဲ့ အဖြစ်အပျက်နဲ့တင် ပြည်သူတွေရဲ့ ဒေါသသံ ပေါက်ကွဲခဲ့ရတာပါ..။

သို့ပေတည့် နှစ်ပေါင်း (၅၂)နှစ်ကြာမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ Miss Universe ပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားရင်း ပြည်သူ့မေတ္တာခံယူကာ
မြန်မာ့ဂုဏ်ဆောင်ယူ နိုင်ပါစေကြာင်း...

ဒီမိုဝေယံ..
နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...

ရန်ကုန်၊ အောက်တိုဘာ ၇

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တက္ကသိုလ်များ ချန်ပီယံလိဂ်ပြိုင်ပွဲဖလား ကိုင်ဆောင်ပြီးနောက် ထွက်ပေါ်လာသော သတင်းများ မဟုတ်မှန်ဘဲ ကိုနေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိကြောင်း Miss Universe Myanmar မိုးစက်ဝိုင်က ရန်ကုန်မြို့တော် PARKROYAL ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများ ပါဝင်သည့် တက္ကသိုလ်များ ချန်ပီယံလိဂ် (Universities Champions League) ပွဲ ဖွင့်ပွဲတွင် မိုးစက်ဝိုင်သည် ပြိုင်ကားဖြင့် ကွင်းတစ်ပတ် ပတ်ပြီး ဖလားကို အထူးတန်း ပွဲကြည့်စင်ရှေ့သို့ သယ်ဆောင်လာခဲ့သည်။

အထူးတန်း ပွဲကြည့်စဉ်ရှေ့ ဆိုက်ရောက်လာသော ပြိုင်ကားကို ကိုနေရွှေသွေးအောင်က ကြိုဆိုနေသော ဓာတ်ပုံများ အင်တာနက် စာမျက်နှာများ အထူးသဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံလာပြီးနောက် ယင်းတို့နှစ်ဦးနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

သို့သော် မိုးစက်ဝိုင်ကမူ ယင်းပြိုင်ပွဲကို အားကစားဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့်သာ သွားရောက်ခဲ့ပြီး ကိုနေရွှေသွေးအောင်နှင့် ပတ်သက်မှု မရှိကြောင်း ပြောဆိုခဲ့သည်။
“ပြီးတော့ ညီမက ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ အဝေးသင် ဘွဲ့ရထားတာမို့လို့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အနေနဲ့ သွားရောက် အားပေးတာပါ။ ပြီးတော့ အဲဒီမှာ ပါဝင်တဲ့ ကားကလည်း ကိုနေရွှေသွေးအောင်ရဲ့ ကားမဟုတ်သလို အဲဒီကားနဲ့လည်း လာတာမဟုတ်ပါဘူး။ အဲဒီကားက အဲဒီပွဲမှာ တင်ဆက်မှု တစ်ခုအနေနဲ့ ပါဝင်တဲ့ကားပါ။ အဲဒီကားပေါ်မှာလည်း မိုးစက် သုံးမိနစ်စာပဲ ထိုင်ခဲ့ရတာပါ” ဟု မိုးစက်ဝိုင်က ထိုပြိုင်ပွဲပြီး နှစ်ရက်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မိုးစက်ဝိုင်က ဆိုသည်။

The Voice Weekly