ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအများဆုံးနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူကတော့....

KKT FANS
၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအများဆုံးနဲ့

ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူ

ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း “
ဖြစ်ပါတယ်



နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူက ဒီဆုရရှိမှုနဲ့ ပတ်သတ်ပြီး ပြန်လည်ပြောကြားလာတာကတော့

ဒီမိုရေ..အခုလို

အားပေးစကားပြောတဲ့အတွက်.. အင်အားတွေများစွာ မွေးဖွါးပေးလိုက်ခြင်း ဖြစ်စေခဲ့ပါတယ်။

အစ်ကို့ ရဲ့ လိပ်စာက...(၇)မိုင်၊ပြည်သူ့ လမ်း...ဒါကြောင့်.. (၇)ရက်သားသမီး ပြည်သူလူထုအတွက်
ပေးဆပ်ဖို့ ကမ္ဘာမြေပေါ်ရောက်လာခြင်းဘဲလို့ ခံယူလိုက်ပါတယ်။

လေးစားလျက်...ကျော်သူ

အင်တာဗျူးများ ကျတော်တို့ရဲ့
BURMA PAPARAZI
မှဆက်လက်ဖော်ပြပါမည်။

ကြပ်ပြေးနေပြည်တော်က ဆောက်လက်စ ပါလီမာန်အဆောက်အဦး... (ဓာတ်ပုံ)

Photobucket
ကြပ်ပြေးနေပြည်တော်က ပြီးစီးတော့မယ့် ပါလီမာန် အဆောက်အဦးပုံပါ.. ၂၀၁၀ ကမ္ဘာ့ဖလားပွဲ ဘောလုံးကွင်း တည်ဆောက်သူတွေနဲ့ အပြိုင်အားသွန်ခွန်စိုက် အိတ်ထဲထည့်ပြီး တည်ဆောက်နေတာပါ။ ကမ္ဘာ့ဖလား ဘောလုံးပွဲလုပ်ခွင့်ရရင် အိမ်ရှင်နိုင်ငံက ဝင်ငွေသောက်သောက်လဲ ရသလို ဒီမှာလည်း နအဖနဲ့ အလွမ်းသင့်တဲ့ ကုမ္ပဏီတွေ ဝင်ငွေသောက်သောက်လဲ ရပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ဇနီး ဒေါ်လဲ့လဲနွယ်သိန်းတို့ကလည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက် မဖြစ်ရအောင် ဦးအောင်ဆန်ဦးကို ခြေထိုးခံခိုင်းပြီး ဒေါ်လဲ့လဲနွယ်သိန်းတို့ အမျိုးတွေ ကန်ထရိုက်တွေရနေပါတယ်....။ မဆလခေတ်က စာစောင်တွေ ဖြစ်တဲ့ တေဇတို့၊ ရွှေသွေး(နေရွှေသွေးအောင်) တို့လည်း တစ်တပ်တအား ပါဝင်လှုပ်ရှားနေပါတယ်။
ကြပ်ပြေးနေပြည်တော်မှ ဆောက်လက်စ(စားလက်စ) ပါလီမာန်အဆောက်အဦ

ပြည်သူတွေအတွက် အန္တရာယ်ကင်း ပရိတ်ရေဖြန်းပေးဖို့တောင် စေတနာမရှိတာ ဒီလောက်ကြီးမားလှတဲ့ အဆောက်အဦးကြီးတွေ အများကြီးဆောက်နေတာ ဘယ်သူတွေ အတွက် ဘာအကြံနဲ့ ဆောက်နေတယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ရေရှည်စီမံကိန်းဆိုတာ သိသာနေပါတယ်။ ကြပ်ပြေးမှာ လျှပ်စစ်မီး ထိန်ထိန်ညီးနေပြီး ပြည်သူတွေဘဝ ကတော့ ရေမရ၊ မီးမရနဲ့ မှောင်ထဲမှာ ငုတ်တုတ်နေနေရတာပါ။ စားဝတ်နေရေး အတွက် နေ့စဉ် ခက်ခဲကြမ်းတာစွာနဲ့ ရုန်းကန်နေရတာပါ... ဒီအဆောက်အဦးတွေဟာ တိုင်းပြည် ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုရဲ့ အခွန်ငွေတွေနဲ့ပါ.. အာဏာရှင်တွေ ပိုင်တဲ့ငွေတွေ မဟုတ်ပါဘူး...။ တိုင်းပြည်ဘဏ္ဍာငွေ တွေကို စားရင်းမရှိ အင်းမရှိ ထင်တိုင်းကြဲ မိမိနဲ့ အမျိုးတွေ ကောင်းစားရေးအတွက် သုံးဖြုန်းနေကြတာပါ. မြန်မာနိုင်ငံမှာ လူတန်းစားနှစ်ရပ် သိသိသာသာကြီး ပေါ်ထွန်းနေပါပြီ.. မိမိတို့ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို တောင်းဆိုတိုက်ပွဲဝင်ပြီး နောင်လာမယ့် မိမိသားမြေးတွေရဲ့ အနာဂတ်ဟာ အခုမျိုးဆက် ပြည်သူတွေရဲ့ လက်ထဲမှာရှိနေတဲ့အတွက် အားလုံးညီညီညွှတ်ညွတ်နဲ့ ဒီအာဏာရှင် စံနစ်အောက်က အလွတ်ရုန်းကြပါစို့လို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

ဓာတ်ပုံပေးပို့လာသူ KSL အားကျေးဇူးတင်ပါသည်။

Than Shwe Unmasking Burma’s Tyrant


ပေးပို့လာသူ ညီငယ်အလင်းဆက်...

ရက်ပေါင်း ၆၀ ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ရက်ပေါင်း ၆၀ ကိုကျော်လွန်သွားချိန်မှာ ပါတီရဲ့ ဆိုင်းဘုတ်တို့ အလံတို့ကို ချထားဖို့မလိုဘူး.... ချထားစရာ အကြောင်းမရှိဘူးဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ နေ့လည်၁နာရီမှ ၃နာရီထိ အကျိုးဆောင် ရှေ့နေများနှင့် တွေဆုံ့ခွင့်ရစဉ် ပြောဆိုလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

Get this widget | Track details | eSnips Social DNA
ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက် အသံဖိုင်ပါ....

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း။ ပြီးခဲ့တဲ့ အပတ်တွေက ဆေးရုံမှာ Echo ရိုက်တဲ့ ဆေးစစ်ချက်တွေ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း...ဒီမိုဝေယံ



ယတြာတွေချေပြီး မန်းမှုတ်နေပြီ ...

တူမောင်မယ် သစ္စာထား.... မေတ္တာထား ပေါင်းဘို့ရာ ဆုတောင်းမယ်
ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က စစ်အစိုးရရဲ့ ကြပ်ပြေးနေပြည်တော်မှာ ရဟတ်ယာဉ်နဲ့ လှည့်လည်ပြီး နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်ရေ ပက်ဖြန်းခြင်း ပြုလုပ်ခဲ့ပါတယ်။ တပြည်လုံးအတိုင်းအတာနဲ့ မဟုတ်ပဲ ကြပ်ပြေးနေပြည်တော် တစ်ခုတည်းကိုသာ ကွက်ပြီးပြုလုပ်ခြင်းဟာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အင်မတန်မှ ခံပြင်းစရာ ဖြစ်ခဲ့တယ်လို့ ပြည်တွင်းက ဝေဒပညာရှင် တစ်ဦးမှ ပြောကြားခဲ့ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် ရည်ရွယ်ချက်နဲ့ စေတနာ မမှန်တာရယ်၊ မိမိနေရာဋ္ဌာန တစ်ခုတည်းကိုသာ ကြည့်ရှုတတ်ပြီး ဘယ်သူတေတေ ငတေမှာ ပြီးရောဆိုတဲ့ လုပ်ရပ်ဟာ အကျိုးပေးမှု ဘာမှဖြစ်လာမှာ မဟုတ်ကြောင်း ပြောဆိုသွားပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်တင်ပြသွားပါတယ်။

" ဒီနှစ်ဆန်းတစ်ရက်နေ့က ရဟတ်ယာဉ်နဲ့ ပရိတ်ရွတ်သွားတာနဲ့ ပတ်သတ်ပြီး ပြည်သူတွေကတော့ တော်တော်ပြောဆိုကြတာပေါ့... တကယ်တန်း ပြည်သူတွေအတွက် တနိုင်ငံလုံးအတွက် မလုပ်ပဲ အာဏာရှင်ဆန်ဆန် အတ္တဆန်ဆန် လုပ်သွားတာဟာ ရည်ရွယ်ချက် စေတနာတော်တော် ညံ့ဖျင်းနေပါတယ်။ ဒီအစိုးရဟာ ၂၀၁၀ကိုတော်တော်လေးလန့်နေပြီလေ။ ၂၀၁၀ နှစ်စမှာ နေကြတ်သွားတာ နောက် သင်္ကြန်အကြတ်နေ့က ဗုံးပေါက်ကွဲမှုတွေ နောက်...သူတို့နေပြည်တော် ဆိုတာ မူလနေရာက ကြပ်ပြေးလေ ကြပ်ရင်ပြေးရမယ် ဆိုတဲ့ပညတ်တွေ ပါနေတယ်။ ပညတ်သွားရာ ဓာတ်သတ်ပါဆိုသလိုပေါ့။ နေကြတ်သွားတာ ၂၀၁၀ခုနှစ် ၁လပိုင်း ၁၅ရက်နေ့ နောက်သင်္ကြန်အကြတ်နေ့က ဗုံးပေါက်တာ ကလည်း ၄လပိုင်း ၁၅ရက်နေ့ လေ့လာကြည့်ပေါ့။ နေကြတ်တာ တခါတခါမှ ဖြစ်တတ်လို့ နှစ်လရက် ပေါင်းကြည့် ၁၀ရတယ်။ သင်္ကြန်က နှစ်စဉ်ရှိတယ် ဆိုတော့ ၄လနဲ့ ၁၅ရက်ပေါင်းကြည့် ၁၀ပဲရတယ်။ ၂၀၁၀မှာ နေကြတ်သွားကတည်းက သူတို့ခေါင်းကိုက်နေတာ ... ။
Photobucket
ဒီတော့ နိုင်ငံတော် အကြီးအကဲဆိုသူရဲ့ နာမည်ကလည်း ပေါင်းကြည့်ပါ။ (သန်း ၆၊ ရွှေ ၄=၁၀) ရဟန်း(၆+၄) ရဟတ်(၆+၄) ဝေဟင်(၆+၄) နေပြည်တော်(၇+၅+၇=၁၉) ၁၀တွေရနေတယ်။ ဒါကြောင့်နေပြည်တော်မှာ ရဟန်း၊သံဃာတွေကို ပင့်ပြီးယတြာချေသွားတယ်လို့ မြင်တယ်။ ဆရာ့လိုပဲ ဒီကဝေဒပညာရှင်တွေလည်း သိနေကြတယ်။ နောက် ၉ဂဏန်း နာမည်ကိုရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် (၁+၃+၃+၂)ရဲ့ မွေးဂဏန်း ၁၉ရက်နေ့ကလည်း ၁၀ဆိုတော့ ဒီအတွက် ရအောင် ယတြာတွေ ချေနေတာလေ။ နောက်သူတို့ရဲ နေပြည်တော်ဆိုတဲ့နာမည်မှာ စနေနံနှစ်ခုကြားမှာ ကြာသာပတေး ရောက်နေတာ ဓမ္မာသောက၊ အင်းဝရာဇာ ဆိုတဲ့အတိုင်း နာမည်ကရန်ဖက် ကျနေတယ်။ ဒီနှစ်သင်္ကြန်နဲ့ ပတ်သတ်ပြီး ဆရာပြောထားဘူးပါတယ်။ ရဟတ်ယာဉ်နဲ့ပဲလုပ်လုပ် အာကာသထဲမှာ လွန်းပျံယာဉ်နဲ့ပဲလုပ်လုပ်.. ယတြာချေတာ ကောင်းကျိုးလိုအင် ဆန္ဒအတွက်ဆို အကျိုးပေးတယ်ဆိုတာ.. အခုဟာက မိမိအကျိုးတစ်ခုအတွက်ပဲ ကြည့်ပြီး တိုင်းသူပြည်သားတွေ ကောင်းရာကောင်းကျိုးအတွက် မလုပ်ပဲ အတ္တကြီးပြီး ကိုယ်နဲ့ကိုယ်အပေါင်းအပါ အကျိုးတခုအတွက်ပဲ ကြည့်ပြီးလုပ်တဲ့ အလုပ်ဟာ စေတနာနဲ့ ရည်ရွယ်ချက် မမှန်လေတော့ ကောင်းကျိုးထက် ဆိုးကျိုးကများနေပြီ။ ဒီနှစ်ထဲမှာတော့ အကောင်းထက် အဆိုးတွေများနေတဲ့ နှစ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ့်နှစ်လို့ပဲ ဆရာပြောချင်ပါတယ်။ ပြည်သူတွေ အနေနဲ့က တစ်ယောက်နဲ့ တစ်ယောက် မေတ္တာတရားထားကြပါ.. ညီညွတ်ကြပါလို့ ဆရာပြောချင်ပါတယ်...ဟု ပြောဆိုသွားပါတယ်။

ပြည်တွင်းက နာမည်ကြီး ဝေဒပညာရှင် တစ်ဦး ပြောဆိုသွားတာပါ.. ကဗျာဆရာ ကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ကဗျာထဲက စာသားလေးနှစ်ကြောင်းလို ယတြာတွေချေပြီး မန်းမှုတ်နေပြီ ဖြုတ်ဦးနှောက်တွေ အရမ်း... လုပ်နေပြီ ဆိုတာလိုပါပဲ။ လူတိုင်းကိုယ်လုပ်ခဲ့တဲ့ စေတနာ အကောင်း၊ အဆိုးဟာ ကိုယ့်ဆီပြန်လာစမြဲပဲ ဖြစ်ချင်တန်တဲ့ အချိန်မှာ ဖြစ်တယ်ဆိုပြီး မာန်တတ်လုပ်ချင်တိုင်း လုပ်ခဲ့ကြပြီး ပျက်ချိန်တန်ရောက်မှ ပျက်မှာကို ကြောက်ရွံပြီး မိုးကြိုးပစ် ထန်းလျက်နဲ့ကာဖို့ မဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ....
အောက်မှာ ကြပ်ပြေးနေပြည်တော်ဝန်းကျင် ဗီဒီယိုဖိုင်တွေ တင်ပြလိုက်ရပါတယ်။

ကြပ်ပြေးတစ်ခွင် လှည့်လည်စဉ်
စေတနာ ကောင်းမကောင်း ကြပ်ပြေးမှာတော့ ထိန်ထိန်ညီးတဲ့ လျှပ်စစ်မီး၊ ပြည်သူတွေမှာတော့ မှိန်မှိန်ငြီးငွေ့နေရတဲ့ ဖယောင်းတိုင်မီး၊


တပ်မှုးတပ်သားပြောစကား အပိုင်း(၁) ဗိုလ်ကြီးဟောင်း ခင်မောင်ညွန့်....


Get this widget | Track details | eSnips Social DNA
VOA တွေဆုံမေးမြန်းခန်း အသံဖိုင်
Photobucket
ဗိုလ်မှုးကြီးဗထူး

ပိစပ်ရွက်၊ စူလာနဖာရွက်တို့၏ ဆေးဖက်ဝင်ပုံအကြောင်းတို့ကို သုတေသနပြုစုသူ စာရေးဆရာကြီး သာဂဒိုး (ခ) ဦးတင်စိုး အသက် (၈၅)နှစ် ကွယ်လွန်ပြီ.....

စာရေးဆရာကြီး ဦးသာဂဒိုး အသက် (၈၅)နှစ်သည် ယနေ့နံနက် (၆း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ မကွယ်လွန်မီ ဆရာ သာဂဒိုးအား ကျန်းမာရေး စစ်ဆေးချက် ပြုလုပ်ရန်အတွက် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ဆရာကြီး၏ ရောဂါအခြေအနေမှာ ထွေထွေထူးထူးမရှိ၍ ဆရာဝန်ကြီးများမှ ပြန်လည်ဆင်းခိုင်းခါနီးတွင် ကွယ်လွန်သွားခြင်း ဖြစ်ပါသည်။ ဆရာကြီး သာဂဒိုးကို ဖေဖော်ဝါရီ (၁၃) ရက်နေ့ ၁၉၂၆ ခုနှစ်တွင် အဖ ဦးဆိုင်၊ အမိ ဒေါ်မေညွှန့်တို့မှ ဖျာတန်းရွာ၊ ဒါးကမြို့နယ်၊ ပုသိမ်မြို့၌ မွေးဖွားခဲ့ပါသည်။ ဆရာကြီး ကွယ်လွန်သွားချိန်တွင် အမှတ် (၇၃)၊ ၅၁ လမ်း (အလယ်)၊ (၁) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။ သာဂဒိုးဂေဟာ၌ သားများဖြစ်ကြသော ဦးသိဒ္ဓိ + ဒေါ်စန်းစန်းမြင့်၊ ဦးစံလူလူ + ဒေါ်သန်းသန်းတင့်၊ ဦးအေးမင်း + ဒေါ်အေးအေးခိုင်နှင့် မြေး (၆) ယောက်၊ မြစ် (၂) ယောက်တို့ ကျန်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

လေးစားဦးညွတ်လျှက်

Burma Paparazi

ပေးပို့လာသူကတော့ ဘားမားပါပါရာဇီ ဖြစ်ပါတယ်။


ဘိုးဘွားအရိုးတွေ ထအော်လာပြီ!!!

Photobucket

နအဖကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲ ကို ကိုယ်ကျိုးတစ်ခုတည်းကို ကြည့်ပြီး ထောက်ခံနေသူများ၊ စစ်အာဏာ ရှင် အလိုကျ ကိုယ့် အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုနေသူများ သင်တို့ရဲ့ ဘိုးဘွားအရိုးတွေ ထအော်လာပြီ လို့သတိပေးချင်ပါတယ်။

သင်တို့အတွတ် ရှက်တတ်ရင် ရှက်လို့ရအောင်နဲ့ အသိတရားလေးဝင်မလား တွေးမိလို့ တကယ့်ဇတ်လမ်းလေးတပုဒ် ထည့်ပေးလိုက်တယ်။ စစ်အာဏာရှင် အလိုကျ ဒူးထောက်ခစားပြီး အခွင့်အရေး အတွက် ဘိုးဘွားတွေ သားငယ်သမီးငယ် တွေရဲ့ သွေးတွေ၊ မျက်ရည်တွေ ကိုစတေးနေတဲ. သင်တို့ကို ဘယ်သူတော်ကောင်းမှ ကောင်းချီးမပေးပါ။ သင်တို့ဟာ သစ္စာဖောက်တွေ အဖြစ် သမိုင်းတွင်သွားပါပြီ။ နောက်လာမယ့်မျိုးဆက်တွေကလည်း သင်တို့ကို ပြစ်တင်ရှုံချ ကြပါလိမ့်အုံးမယ်။

အမေရိကန် အနောက်ပိုင်းကို အောင်နိုင်ရေးအတွက် စစ်ခင်းနေရတဲ့ ကာလ၊ လူနီရိုင်းတွေ သွေးမြေကျနေတဲ့ ကာလကဖြစ်ပါတယ်။ လူနီရိုင်းတွေ ရဲ့ အကြီးအကဲ ဂျိုးဇတ် (၁၈၄၀-၁၉၀၄) ရဲ့ ဖခင်ဟာ သေဆုံးလုဆဲဆဲမှာ သူ့သားကိုခေါ်ပြီး အခုလိုပြောခဲ့တယ်။

‘ငါ့သား၊ ငါ့ရဲ့ခန္ဓာကိုယ်ဟာ မကြာခင် အမိမြေကြီးဆီကို ပြန်သွားရတော့မယ်။ ငါမရှိတဲ့အခါ ဒီနယ်မြေဟာ မင်းရဲ့ အမွေဆက်ခံရာဖြစ်တယ်။ မင်းကို စည်းစိမ်ချမ်းသာတွေ ငါမပေးခဲ့နိုင်ဘူး။ ငါရဲ့ ရာထူးကို မင်းလက်ခံရ တဲ့အတွက် ဂုဏ်ယူပီတိဖြစ်စရာလို့ ထင်မနေနဲ့။ အဲ့ဒါဟာ ကျေပွန်အောင် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရား တွေပဲဖြစ်တယ်။ မင်းလက်ထဲကို ငါ့ပြည်သူတွေနဲ့ မင်းလျှောက်နေတဲ့ မြေကြီးကို ပေးခဲ့တယ်။ မကြာခင် လူဖြူ တွေ ပတ်လည်ဝိုင်းလာပြီး တို့မြေကိုဝယ်ဖို့ ကြိုးစားလိမ့်မယ်။

မင်း အမြဲသတိရနေသင့်တာက ငါ့ရဲ့ခန္ဓာကိုယ် ဟာ ဒီမှာလဲလျောင်းနေပြီး ငါဟာ သူမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာကိုပါပဲ

ဂျိုးဇတ်က သူ့အဖေတောင်းတဲ့ ကတိကိုပေးခဲ့တယ်။ သူတို့နယ်မြေကို လူဖြူတွေက အမျိုးမျိုးဝယ်ဖို့ ကြိုးစားခဲ့ ပေမဲ့ သူက အမြဲငြင်းပယ်ခဲ့တယ်။ ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ ဂျိုးဇက်ဟာ သူ့လူတွေကို ခေါင်း ဆောင်ပြီး အမေရိကန်တွေကို ခုခံတိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး သူ့ကို ဖမ်းမိတဲ့အခါ ဘာကို ခုခံကာကွယ်ဖို့အ တွက် ခုလောက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတာလဲလို့ မေးကြတယ်။ ဒီတော့ သူက ပြန်ပြောတယ်။

“ ဘယ်သူမှ ကိုယ့်အဖေရဲ့ အရိုးတွေကို မရောင်းဘူး ” တဲ့။
"A man who would not defend his father's grave is worse than a wild animal."

Chief Joseph (1840-1904)


"ပညာတတ်ပေမယ့် အောက်တန်းကျတဲ့ လူတွေဟာ

တိုင်းပြည် နဲ့ လူမျီုး ကို အမြဲတမ်း နှောက်ယှက် အန္တ္တရာယ်ပေးမယ့် လူစားမျိုးဖြစ်သွားတတ်တယ်။"

ပညာရေး ပါရဂူ ဘတ်တလာ



ကျောင်းသားတစ်ဦး
၂၃.ဧပြီလ.၂၀၁၀
ပေးပို့လာသူ ညီငယ် အလင်းဆက်..

Tullip Revolution...

Tullip Revolution. f Doc

မြန်မာစစ်အစိုးရ၏ မတရားသည့်ရွေးကောက်ပွဲဥပဒေနှင့် ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲအားချီတက်ကန့်ကွက် ဆန္ဒပြပွဲဓာတ်ပုံမှတ်တမ်း...(တိုကျိုမြို့)