ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြားသမျှ သိသမျှ.... ပြည်သူ့အသံ....

ဂျပန်နိုင်ငံ မီးသတ်ဋ္ဌာနရဲ့ ခေတ်မှီ မီးသတ်ကားတစ်စီးပုံ
ကိုဒီမိုရေ မြန်မာပြည်မှာ မီးတွေလောင်တော့ မီးသတ်ကားတွေအကြောင်း စိတ်ကရောက်သွားတယ်.... ၂၀၀၂/၂၀၀၃ လောက်တုန်းကဆို ဂျပန်လူမျိုးစစ်ပြန်တွေက ရန်ကုန်ကို သွားရင်း မီးသတ်ကားလှူဖို့ စကားပြောဘူးတယ်... အဲဒီ့တုန်းကလည်း မြန်မာပြည်မီးသတ်ဋ္ဌာနက အလကားရမယ့် ကိစ္စတောင်မှ မော်ဒယ်က နိမ့်ရင်တို့ ဘယ်နှစ်ခုနှစ် မော်ဒယ်အောက်ဆိုရင် လက်မခံချင်ဘူးလို့ ပြန်ပြောပါတယ်။ စိတ်ထဲကနေ အော် အလကားရတာတောင် အရိုးများသလေး ချေးခါးသလေးပါလား ဆိုပြီးထင်မိပါတယ်။

အလကားရတိုင်း ယူစရာလားလို့ ပြောကောင်းပြောနိုင်ပါတယ်....။ ဒါပေမယ့် ကိုဒီမိုလည်း အသိလေ ဂျပန်က မီးသတ်ဌာနတွေက သူတို့ကားတွေ ကို အမြဲ စစ်ဆေးနေတယ်။ သန့်ရှင်းရေးကအစ စက်ပစ္စည်းပိုင်းဆိုင်ရာတွေ အကုန်အကောင်း ဂျပန်လှူမျိုးတွေ လှူလို့ရတိုင်း စုတ်ပြတ်သတ်နေတာတွေ မပေးပါဘူး။ သူ့တို့သိက္ခာ အတွက်လည်း သူတို့ငှဲ့ပါတယ်။...... ၂၀၀၀ မတိုင်ခင်လောက်ကလည်း အင်း ၉၆ /၉၇ တုန်းးက မီးသတ်ကားလှူဖူးတဲ့ သူတွေ ရှိပါတယ်။ နောက်ပိုင်း ဘာဖြစ်လာလည်း ဆိုတော့ ဥပမာ ဂျပန်အလှူရှင်တွေက သူတို့ပေးချင်တဲ့ မြို့ရှိတယ်။ ဒါပေမယ့် ရန်ကုန်ဗဟိုမီးသတ်က မဟုတ်ဘူး ပေးချင်တဲ့ မြို့ပေးလို့ မရဘူး... သူတို့ သတ်မှတ်မယ့် အလှူရှင်ကလည်း သူလှူချင်တဲ့မြို့မှာ မရှိလို့လှူမှာလို့ ပြောပါတယ်။ ဒါကို မရဘူးဆိုပြီး ကန့်ကွက်ပါတယ်။ နောက်တော့ အလှူရှင်ဆိုတာ တော်တော်များများက ကိုယ်လှူရမယ့် နေရာကို လှူရမှ ကျေနပ်တာကိုး နောက်ဆုံးတော့ အစီအစဉ်တွေ ပျက်တာပဲ အဖတ်တင်တယ်လေ.....။

့ကဲဒါဆို သူတို့ အခု လိုချင်ပါတယ်.... လက်ခံပါမယ် ဆိုတဲ့မော်ဒယ် အတွက်ရော သူတို့ မှာ သုံးလို့ဖြစ်မလား၊ မြန်မာပြည် အခြေအနေနဲ့ လိုက်လျောညီထွေပါလား... ကြည့်ကြရအောင်..။ ခု နောက်ပိုင်းဂျပန်က ကားတွေက ရေတင်တဲ့ Tank ပါတဲ့ကားတွေ မဟုတ်တော့ဘုးလေ ပိုက်တွေ အမ်ားၾကီးပျါပီၤး ရောက်တဲ့ နေရာ က မီးသတ် အရေးပေါ် ရေပိုက်တွေနဲ့ဆက်ပီး တခါတည်းသုံးလို့ ရတာတွေလေ နယ်တွေမပြောနဲ့ ရန်ကုန်မှာတောင် မီးသတ် ရေပိုက်နဲ့ ရေဆက်ထားတဲ့ နေရာတွေ နေရာတိုင်းမှာရှိလို့ လား.. ရှိတဲ့ဟာတွေတောင် maintenance မရှိလို့ ပျက်ဆီးကုန်တာတွေ အများကြီးပါ...။

နာဂစ်ဖြစ်ပီးတော့ ကရိန်း လှေကားပါတဲ့ မီးသတ်က ကားတစီး ကယ်မယ့်ဒေသကို သွားတယ်။ ဆိုးလိုက်တဲ့ လမ်းတွေကြောင့် အဲ့ဒီင်္ကား ခမျာမရောက်နိင်ဘူး ကယ်မယ့် နေရာတွေကို... နောက်ြပီး အဲ့လို ကားမျိုး စုစုပေါင်း မှ ၂ စီင်္းပဲ ရှိတယ်။ တနိုင်ငံလုံးမှာ အခု ထပ်ဝယ်ထားရင်တော့ မပြောတတ်ဘူး... .။ နောက်သိရတာ တခု ရှိတယ် အဲ့ဒါကတော့ မီးသတ်က (ဒု) ညွှန်ချူပ်လား ဘာလားပဲ အင်းရာထူးတွေ မခေါ်တတ်ဘူး ... သေချာတာကတော့ သူက မီးသတ်ကားကို နိုင်ငံခြားကနေ ပို့ပြီးလှူုတာထက် မီးသတ်ကားအတွက် ပိုက်ဆံလှူတာ ပိုလိုချင်တယ်လေ။ ဘာလို့လည်းဆိုတော့ သူက မြန်မာပြည်မှာ မီးသတ်ကားတွေကို ပြန်ဆင်ပြီး ရောင်းနေတာတယ်လေ .....

နောက်တခု ထပ်ပြီး သုံးသပ်ချင်တယ် ....။ သီအိုရီတွေရဲ့ သဘောတရား ကို မြန်မာပြည်က သိပ်မှန်လွန်းလို့ လူငယ်တွေ နိုင်ငံခြားကို ထွက်ထွက်သွားကြတယ်။ Brain Drain ပေါ့ နော် ကိုယ်နိင်ငံမှာ စာတွေသင်ပြီး ပြည့်လျှံနေတဲ့ နိုင်ငံကြီးတွေ မှာ သွားပြီး အဲဒီ့နိုင်ငံတွေ က ကျောင်းစရိတ်တွေ မကုန်ပဲ ပညာတတ်လူငယ်တွေ ကို ရတယ်။ ပညာတတ်လူငယ်တွေက သူများတိုင်းပြည်ရဲ့ GDP ကို ပို တိုးအောင်လုပ်ပေးတယ်။ ကိုယ့်နိုင်ငံမှာက ပညာရှင်တွေ ပညာတတ်တွေကို ထိုက်တန်တဲ့ လစာမှ မပေးနိုင်တာလေ။ စစ်တပ်က ရာထူးရာခံတွေ အခွင့်ထူးခံတွေကတော့ လစာထက် အဆများစွာရတဲ့ ငွေမည်းတွေ ရရှိနေတာကိုး။ တကယ်တော့ အဲ့လို စီးဆင်းသွားတဲ့ brain drain တွေထက် တကယ်တမ်း အန္တရယ်ရှိတာက internal brain drain ပါ။ နိုင်ငံတွင်းမှာ ရှိတဲ့ သူတွေ အထူးသဖြင့် အစိုးရပိုင်းတွေပေါ့  သူတို့ ကြားမှာ နိုင်ငံခြားပြန်တွေများသလို အုပ်ချူပ်နေတဲ့ သူတွေ က အားလုံးသိတဲ့ အတိုင်း ဦးနှောက် မရှိတဲ့  သူတွေဆိုတော့  တကယ်တမ်းလိုအပ့်မယ့် basic infrastructure တွေထက် မလိုအပ်တဲ့ နေရာတွေမှာ လုပ်နေတာတွေ... ဥပမာပြောရရင် စပါးစိုက်တဲ့ တို့နိုင်ငံမှာ လောလောဆယ်လိုအပ်တာ... ဘယ်လို..... စပါးအထွက်တိုးအောင် လုပ်မယ် ဆိုတဲ့ စမ်းသပ်ချက်ထက်.... အခြားသောမျိုးရိုးဗီဇတွေကို စမ်းသပ်နေတာတွေ... လောလောဆယ်တို့တွေ က စပါးပို အထွက်တိုးအောင် အရည်သွေးကောင်းအောင် လုပ်ရမယ့် အဆင့်မှာပဲ ရှိသေးတယ်လေ။ လွဲနေတာတွေများသရွေ့ အခြေခံလိုအပ်ချက်တွေကို ကျော်ပီး ... တဆင့်သွားနေသရွေ့တော့ ပိုပိုပြီး ကြပ်တည်းလာကြမှာပဲ.။

ဓာတ်ပုံ ပေးပို့လာသူ တောင်ကြီးသူ
ပြောတော့ သစ်တောတွေထိန်းသိမ်းပါ။.... သဘာဝတရားတွေ ကိုထိန်းသိမ်းပါ ဆြိုပီး အကိုဒီမိုဝေယံ ပိုစ့် ပေါ်က အင်းလေးကန်ကိုပဲကြည့် ဓါတ်ပုံကြည့်ပြီး စိတ်တောင်မကောင်းဘူး... စာအုပ်ထဲ က အဆိုအရ ယခု နှုန်းတွေတင်တဲ့ အတိုင်းသာသွားမယ်ဆိုရင် နောင်နှစ် ၅၀ မှာအင်းလေးကန် ဆိုတာရှိတော့မှာ မဟုတ်ဘူး ဆိုတာ ဖတ်ဘူးပါတယ်။ အင်းလေးကန်ပဲကြည့်လေ ကိုယ်ပိုင်လှေငယ်လေး တွေကလှေတစီး မှော် တခြင်း မသယ်မနေရလို့ သတ်မှတ်ထားလို့ သယ်နေတာကလွဲရင်.. ရေခြံတွေ တိုးချဲ့တာတွေဘာမှ မပြောဘူး။ နောက်ကန်ထဲ မှာတခါတခါမှ မောင်းနေတာတွေ့ရတဲ့ ဒိုက်စုတ်တဲ့ စက်ကြီးတလုံးပဲ ရှိတယ်လေ။ ဟောအခုရေ ခန်းပြီ ...... နိုင်ငံခြားသားတွေဆီကနေ သာဝင်ခွင့်၊ ဝင်ကြေးတွေ ကောက်နေတာ အဲ့ဒီကရတဲ့ ငွေနဲ့ အင်းလေးကန်အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘာပြန်သုံးဘူးလို့ လည်း...။ အခုလက်ရှိ အခြေအနေတွေကော ဘာသတင်းထုတ်ပြန်လဲ...။

လက်ရှိ နအဖအုပ်ချုပ်တဲ့ အနှစ်(၂၀)ကျော်မှာ မြန်မာပြည်မှာ သဘာဝ အရင်းအမြစ်တွေ အကုန်ကုန်နေပါပြီ။ သဘာဝရင်းမြစ်တွေ အဓမ္မကျင့်ကြံ့ ခိုးဝှက်ခြင်း ခံနေရတာပါ။ ကြာလေ ပျက်ဆီး ဆုတ်ယုတ်လေပါပဲ။ တိုင်းပြည်ကို ချစ်တဲ့ သူတစ်ယောက် အနေနဲ့ ရင်ထဲခံစားရတာတွေ ရေးသားလိုက်တာပါ။ နောက်သိသမျှ အကြောင်းတွေ ရေးသား ပေးပို့ပါဦးမယ်။

လေးစားစွာဖြင့်
ကံ့ကော်

မီးသတ်ပိုက်ငုတ်တွေက နေရာအနှံပါ..
ဂျပန်မှာ နေတဲ့ အိမ်ရှေ့မှာ မီးလောင်မှုတစ်ခုဖြစ်လို့ ကြုံ့တွေ့မိတယ်။ မီးသတ်ကား ချက်ချင်းရောက် လမ်းဘေးက မီးသတ်ပိုက်ကို ဖွင့်ရေလွှတ် ၅မိနစ်တောင် မကြာဘူး.. မီးငြိမ်းသတ်နေပါပြီ.. မီးသတ်ငုတ်တွေက နေရာအနှံလေ... ဂျပန်မှာကိုးလို့ ပြောကြမှာပဲ.. အဓိက ပြောချင်တာကတော့ မြန်မာပြည်မှ မြို့သစ်တွေ တည်တာ ဘာလွယ်သလဲ မမေးနဲ့ လယ်တွေ ယာတွေသိမ်း .. မြေကွက်ရိုက် ပြီးပြီးသွားတော့... ဆိုပြီးပြောင်းပစ်တာ.. အရင်လယ်ကွက်တွေ ဆိုတော့ မြေကြမ်းတွေလေ မြွေဘေးကင်းဘေး သူတို့နဲ့မဆိုင် တပ်မတော်ရဲ့စေတနာတဲ့... မြေပိုင်ယာပိုင် အိမ်ပိုင် ဖြစ်ပြီတဲ့ မြေမဲ့လယ်မဲ့ ဘဝပျက်သွားတဲ့ လူတွေ ကျတော့ ဘာမှလျှော်ကြေးမရ ဖြစ်ချင်တာဖြစ်။ နောက်ပိုင်း မြို့သစ်ပြသနာတွေက ကြီးထွားလာမှာပါ... ဘာကိုဘာမှ စံနစ်တကျ လုပ်မထားလို့လေ...ရန်ကုန်မြို့ကို အင်္ဂလိပ်တည်ထားတာ လမ်းတွေ အကွက်တွေ စံနစ်ကျကျနဲ့ တည်တာပါ...။ အင်းလျားကန်နဲ့ ကန်တော်ကြီးကို ရေထိန်းညှိပေးတဲ့ ကန်၂ကန်ကို ဆက်ထားတဲ့ ပိုက်ရှိတယ် ဆိုတာ နောက်မှသိရတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်လက်ထက် ဖဆပလ လက်ထက်က မီးသတ်ရေပိုက်တွေ အခုထိ တစ်ချို့နေရာတွေမှာ တွေ့မြင်ရတုန်းပါပဲ...

နောက်မိလ္လာ စံနစ်ဆိုလည်း ရန်ကုန်မြို့တစ်မြို့လုံးရဲ့ အညစ်အကြေးတွေကို ရန်ကုန်မြစ်ထဲ စွန့်ထုတ်ဖို့ လေမှုတ်စက်ရုံ ဗိုလ်တစ်ထောင် ဘက်မှာ အခုထိရှိနေပါတယ်။ မိုးရွာရင် ကုန်းပေါ်မှာ ရေတင်မကျန်ဘို့ မိုးရေတွေ စိမ့်ဝင်အောင် မြို့နယ်တွေ ရပ်ကွက်တွေကြားမှာ ကစားကွင်းတွေ ဘောလုံးကွင်းတွေ ပန်းခြံတွေ မြေလွတ်တွေ တမင်လုပ်ထားတာပါ။ စစ်အစိုးရလက်ထက်မှာ တော့မြေလွတ်တွေ အကုန်ရောင်းပြီး အဆောက်အဦးတွေ ဆောက်လုပ်ပါတော့တယ်။ အကျိုးဆက်က ရန်ကုန်မှာ မိုးနည်းနည်းရွာတာနဲ့ ရေတွေကြီး လမ်းတွေ ပျက်ဆီးဖြစ်လာပါတော့တယ်။ စင်ကာပူမှာလည်း ဒီလိုပုံစံမြို့တည်ထားတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တလောတုန်းက ပညာတော်သင် လာတဲ့ အင်ဂျင်နီယာ တစ်ယောက် ပြောပြတာကတော့ ကြပ်ပြေး နေပြည်တော် တည်ထားတာ မိလ္လာစွန့်ပစ်စံနစ် သေချာမရှိဘူးတဲ့ဗျာ... ကျွမ်းကျင်ပညာရှင်တွေက သိပေမယ့်.. မပြောရဲဘူးတဲ့...။ အခုမြို့တည်စအချိန်မှာ မသိသာပေမယ့် နောင်မှာ တကယ့် ခေါင်းကိုက်စရာ ပြဿနာ တစ်ရပ်ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုသွားပါတယ်။ နောက်ဆို ပရလောကကကြပ်တောင် မဟုတ်ပဲ လူတွေတောင် နှာခေါင်းပိတ်ပြေးရမယ့် ကြပ်ပြေး နံပြည်တော် ဖြစ်လာပါတော့မယ်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာမည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် အားတောင်းဆို ဆန္ဒပြပွဲ ဖိတ်ကြားစာ....

W TPhotobucket

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အမှတ်တရ တွေ့ဆုံပွဲ ဓာတ်ပုံမှတ်တမ်း.

ဓာတ်ပုံပေးပို့လာသူ ကိုစိုင်း၊ မြတ်လေးငုံ...
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အမှတ်တရ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

" အမှတ်တရ တွေ့ဆုံပွဲပါ။ ကြေငြာချက် ထုတ်တာတော့ မရှိပါဘူး... သမိုင်းပေါ့ ၉၀ခုနှစ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုသမိုင်း ... ဒီသမိုင်း မပျောက်ဘူးဆိုတာ ပြသတဲ့ သဘောပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေ လည်းလာကြပါတယ်။ လူ၁၀၀ကျော်လောက် ရှိပါတယ်။ ဒါတောင်မှ သီးခြားဖိတ်စာ ထုတ်တာတွေတောင် မလုပ်ပဲနဲ့ လာကြပါတယ်။ အခမ်းအနားရယ် လို့တော့ မဟုတ်ပါဘူး အမှတ်တရ တွေ့ဆုံပွဲ လုပ်တာပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း..(ဂျပန်နိုင်ငံ)

ဓာတ်ပုံ ကိုစိုးဝင်းအောင်..၊ ကိုမျိုးဆော့
သတင်းများဆက်လက် ဖော်ပြပါမည်။

မီးတောက်နေတယ်.. ရေလိုနေတယ်....

ဓာတ်ပုံ Eleven Media Group
မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သတ်ပြီး ပြည်တွင်းမှ ပေးပို့လာသူတစ်ဦးရဲ့ ပေးပို့လာတဲ့ စာပါ...

သူတို့ ယုဇန ပလာဇာမှာ အပေါ်ထပ်မှာ နေရာလွတ်တယ်...။ အဲဒီမှာ နေရာပြန်ချပေးမယ် ပြောတယ်။ မနေ့က အစည်းအဝေးလုပ်တယ် ။ ဒီနေ့ပေးဝင်ပြီထင်တယ်... ပေးဝင်မ၀င်တော့ မသေချာဘူးအစ်ကို....။ မိုးကတော့ တော်တော်ကောင်းနေတယ်။... မုတ်သုန်ဝင်ပြီထင်တာပဲ မြန်မာပြည် ဇာတာကတော့ ဆိုးပါတယ်... မင်းဆိုးမင်းညစ်တွေကြောင့် မြို့ကြီး ၂ မြို့ ကဈေးကြီး ၂ဈေး မီးလောင်တယ်....။ တိုင်းကြီး ၂ တိုင်း ကို လေမုန်တိုင်းဝင်ပြီး ရေကြီးတယ်။ လေ၊ ရေ၊ မီးပြီးပြီ.. ကျန်တာ မြေပဲရှိတော့တယ်။.... မြေငလျင်သာလှုပ်ခဲ့ရင် ရန်ကုန်မြို့ ဗဟိုချက်နဲ့သာ တကယ်လှုပ်ရင်... မလွယ်ဘူး။... အားကောင်းကောင်းသာ လာရင်တော့... မြို့ပျက်ပြီဗျာ....။ မီးလောင်တုံးကလဲ တစ်ခြားတစ်နေရာသာ ထပ်လောင်လို့ကတော့.... ကုန်ပြီသာ ပြင်ထား... ရန်ကုန်တစ်မြို့လုံး ကုန်မဲ့အပေါက်ပဲ။

မင်္ဂလာဈေး ဆိုတဲ့ ဈေးကြီးတစ်ခု မှာ မီးသတ်ပိုက်ရှိရမယ်....။ ရေဂါလံသောင်းချီ ဆန့်တဲ့ over head tank ရှိရမယ်...။ မီးဘေး အန္တရယ်ကာကွယ်ရေး စံနစ်ကောင်းမွန်ရမယ်။ skill labour ပေါ့ဗျာ .... ဒါမျိုးမရှိဘူး..... မန္တလေး ရတနာပုံဈေး လောင်တုံးကလဲ ဒီလိုပဲ.. မီးသတ်ပိုက်တော့ရှိပါရဲ့ over head tank ကမရှိတော့ဘူး.....။ ဖြစ်ကတတ်ဆန်း ဆောက်တယ်...။ ဆောက်ပြီးတဲ့အခါမှာ သူတို့စီးပွားရေးကိုက်ရင် အကုန် ဖျက်ပြီးပြန်ငှားတယ်.. အိမ် ဆိုရင်အိမ်နဲ့ တူရမယ် .... ဈေးဆို ဈေးနဲ့တူရမယ်..... တူပြီးရင်လဲမပြီးသေးဘူး...။ သူတို့ပြောတဲ့ ခေတ်မှီ လှပတဲ့ဈေးဆိုတာ... သူတို့အခုလုပ်နေတဲ့ မကျွမ်းကျင်တဲ့လူတွေနဲ့ ဘာမှ နားမလည်တဲ့ ကောင်တွေနဲ့ လုပ်လို့မရဘူး။ လေ၀င်လေထွက်လဲ မကောင်းဘူး.... ။ အရေးပေါ် ထွက်ပေါက် ဆိုတာတွေလဲ ပိတ်ဆို့နေတာ ဆိုင်ခန်းတွေက ပြွတ်သိပ်ထည့်ထားတယ်။ လူသွားလမ်းပေါ် ပစ္စည်းတွေချထားတယ်....။ ဒါလဲ ဈေးကော်မတီက ဘာမှမပြောဘူး... ပေးထား ကျွေးထားလို့ နေမှာပေါ့ဗျာ။

နောက်တစ်ခု wire shock... တစ်ကယ် ဖြစ်တာလား..။ ကျွန်တော်တော့ မထင်ဘူး...။ wire shock ဖြစ်ရအောင် ဈေးကဖွင့်တောင် မဖွင့်သေးဘူးဗျာ။ လူတောင် မရောက်သေးဘူးလေ....။ ရောက်အုံးဗျာ.... ၈ နာရီကနေ စပြီး over load သုံးမယ်ဗျာ။ ဘာ over load သုံးမလဲ... အင်ဗာတာ အားသွင်းတာ over load မဖြစ်နိုင်ဘူး။ ညထဲက သွင်းထားတယ် ပြောမလား..... ဒါဆိုဘာလို့ မနက်ကျမှ shock ဖြစ်သလဲ။ ညထဲက လောင်ပါတော့လား.....။ wire shock ဖြစ်ရအောင် မီးအားက ပြည့်တာကိုး .....တစ်ခုတော့ရှိတာပေါ့လေ..။ ဈေးမီးလောင်ရင် wire shock ပဲလား... တစ်ခြားခေါင်းစဉ် ပြောင်းခိုင်းပါအုံး... ။ စည်ပင်က သော့သွားတောင်းတော့ သော့ကိုင်တဲ့ကောင် မနက်စာစားနေတယ်။ အစားမပျက်ဘူး မသိချင်ဟန်ဆောင် နေတယ်လို့ကြားတယ်။ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ လူအထင်ကြီးအောင် တာဝန်တွေ ပိနေသယောင် လုပ်ပြနေတဲ့ သတင်းစာထဲမှာ နေ့စဉ်ပါနေတဲ့ အမြဲ မကြည့်ချင် မမြင်ချင်ပဲ ကြည့်နေရတဲ့ သတင်းစာပင်တိုင် မျက်နှာဖုံးရှင်တွေကြောင့် နိုင်ငံတော်ကြီးဟာ တစ်ဖြည်းဖြည်း သူ့ဟာနဲ့သူ လုံးပါးပါးလာပါပြီဗျာ.... ။

အခုကိစ္စ မှာ ပြသာနာ ကလစာပဲ.. လကုန်ပြီ ... ဈေးထဲက လစာစားတဲ့ ၀န်ထမ်းတွေ ဘယ်လို ပိုက်ဆံထုတ်ကျမလဲ... ဘယ်သူက ထုတ်ပေးမှာလဲ... နေ့စားတွေ ကူလီတွေ။ အလုပ်လက်မဲ့တွေ များလာတော့မယ်။ တစ်ခုတော့ရှိတယ်ဗျ တကယ်လဲကြိုးစားပန်းစား ငြိမ်းကျ၊ သတ်ကျတဲ့ မီးသတ်တွေကိုတော့ ချီးကျုးပါတယ်။ တကယ့်ကိုလုပ်သွားတာပါ တာမွေမီးသတ်ပေါ့ဗျာ သူတို့က နယ်မြေခံလေ... သူတို့က အရင်အပေါ်ရောက်နေတာ... တာမွေမီးသတ်စခန်းမှုးက fire fighterပေါ့။ တာမွေ မီးသတ်စခန်းမှုး ဒဏ်ရာရသွားတယ် သူတော်တော် ကြိုးစား၊ ပမ်းစားလုပ်ခဲ့တာ... အထဲထိဝင်ပြီး ကစ်တာ။ ဒီလိုအသက်စွန့် ကြိုးစားပမ်းစား နေ့ရောညပါ.. ငြိမ်းတာတောင် သတင်းစာထဲမှာ လူမမြင် သူမမြင်နေရာမှာ သာမာန် သတင်းတစ်ခုအနေနဲ့ နေ့လည် ၂နာရီခွဲမှာ မီးညွန့်ကျိုးတယ် ဆိုပြီး လုပ်ချလိုက်သေးတယ်ဗျာ.. ပြည်သူတွေ အကျိုးမရှိပဲ စောင့်မနေပါနဲ့ သူတို့က ပြာကျအောင်ရှို့မှာပါ ... မင်္ဂလာဈေးတော့ကုန်ပြီ နောက်ထပ် ဘယ်ဈေးအလှည့်ကျ မလဲ မသိဘူးကိုဒီမိုရေ.....

(KSL)
မြန်မာ့အလင်းသတင်းစာရဲ့ မီးလောင်တဲ့ သတင်း ပို့စ်မှာ Comment လာရေးသွားသူ တစ်ဦးရဲ့စာပါ....

jp မှာ မိုးတွေရွာတော့ ကောက်ပဲသီးနှံတွေ ဈေးတတ်တယ်...။ ၀ါပင်တွေ သူတို့မစိုက် ၀ါတွေ စိုက်တာ အပူပိုင်းဒေသတွေ အထည်အလိပ်တွေ ဈေးတတ်တာ မတွေ့ ပါဘူး ။ အခု မြန်မာပြည် မှာဆေးနဲ့ အထည်အလိပ် တွေ အဓိက ထားတဲ့နေရာ မီးလောင်တယ် ဘာလို့  အင်းလေးကန်ထဲ မှာအဓိကစိုက်နေတဲ့..... ခရမ်းချဉ်သီး က တပိသာ၄၀၀ ဖြစ်ရလည်း... ဘာလို့ စားသောက်ကုန်တွေ တတ်ရလည်း နားမလည်ဘူး.။ လာဦးမယ် နောက်ထပ် အလုပ်လက်မဲ့ ပြသနာတွေ မင်္ဂလာဈေးထဲမှာ ပျံကျလုပ်နေရတဲ့ လုပ်သားတွေ၊ အရောင်းစာရေးတွေ (ရင်မောလိုက်တာ ) ကိုဒီမိုရေ.....

ပြည်သူတွေက ကပ်ဆိုက်တယ်လို့ ပြောကြတယ် တကယ်လို့သာ ဒီမီးတွေ ကရှို့မီးတွေ မဟုတ်ရင် သဘာဝတရားကြီးက သတိစပေးနေပြီ မင်းဆိုးမင်းယုတ်တွေ အုပ်ချူပ်နေတော့ ....ကပ်တွေ စဆိုက်နေပြီ မခံနိုင်တဲ့ သူတွေက တွန်းလှန်တော့ ဆိုတဲ့ သဘောများလား......

ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဘူဇွာတော်လှန်ရေးတို့ လူဝီ ဘုရင်ရဲ့ မိဘုရား (နည်းနည်းရောနေပီ မမှတ်မိတော့တာ ၀န်ခံပါသည်။) က ပေါင်မုန့်မရှိ ကိတ်မုန့် စားပါလား ဆိုတဲ့ စကားကြောင့် နန်းတော်ထဲ တတ်ပြီးသိမ်းတာတွေ ဟာ တကယ်တော့ မခနိုင်လွန်းတော့လို့  အဲ့ဒီ့ခေတ်က လူကလည်း ညီသလို အာဏာပိုင်တွေရဲ့ လက်ထဲက လက်နက်တွေ ကလည်း အာခံသူတွေနဲ့ ဘက်ညီကောင်းညီလိမ့်မယ်....။ ခုတို့တွေ အဖြစ်က သူတို့တွေက လက်နက်တွေနဲ့ တို့ တွေက အပစ်ခံသက်သက် ဘက်မညီဘူးဖြစ်နေတယ်.....။

သူတို့ သက်သက်ရှို့တာဆိုရင်လည်း သူတို့အပူစာတွေ ထပ်ထပ်ပြီး စားနေကြတယ် .. ။ နာဂစ်တုန်းကတောင် လှူတာတွေ ဗြောင်ယူရဲကြတာ တကယ်ဆို သေသွားတဲ့လူတွေ ဆီကနေ နှိုက်ထုတ်ပီး ယူသလိုပါပဲ ။ နေပြည်တော် က ၀န်ကြီးဌာနတွေ မှာရေသန့်စက်တွေ တပ်ထားတာပဲကြည့်လေ။..... အခုလည်း မီးလောင်တာနဲ့ စားသုံးသူကို ဂရုမစိုက်တဲ့ မြန်မာပြည်ရဲ့ ကုန်သည်ပွဲစားကတော့ ဈေးတွေ နင်းကန်တတ်ပီး ငတ်နေရတဲ့ သူတွေ ပိုပြီးငတ်မယ်။ ဘယ်မှာလည်းတို့ လူမျိုးတွေရဲ့ စေတနာ လှူကြ၊ တန်းကြပါတယ်. ဆိုတာလည်း လူနည်းစုပါ အခုလို ရေရှားပါးချိန်မှာ ရေသန့် လုပ်ငန်းတွေရော ၀င်ပြီးလှူကြပါလား (မသိလို့ ပါ)....

မနှစ်က ဂျပန်မှာ ဂေါ်ဖီထုပ်တွေ ထွက်အားအရမ်းကောင်းတော့ စိုက်သူ၊တောင်သူတွေ တအားရှူံးမှာစိုးလို့ အစိုးရ အဖွဲ့စည်းတွေက ဈေးကွက်မှာ လိုသလောက်ပဲ ထားပြီး ကျန်တာတွေကို ဖျက်စီးပေးခဲ့တယ် ကုန်သည်ကလည်း တောင်သူရဲ့ ဈေးကို ထိန်းပေးတယ။် တဘက်ကလည်း စားသုံးသူတွေ အတွက် ဈေးကို ညှိပေးတယ်....။ တို့ မြန်မာပြည်ကတော့ မဟုတ်ပါဘူး ထစ်ကနဲ ဆိုဈေးတတ်တယ် နောက်ဆုံး လယ်ကွက်ထဲကနေ ခုးတဲ့ ကန်စွန်းရွက်တောင် သူများဈေးတတ်တော့ သူခမျာ လိုက်တတ်ရရှာတယ်။ နို့မို့ ဆို သူရဲ့  ၀င်လာတဲ့ ဝင်ငွေရဲ့ ၀ယ်နိင်စွမ်းရည်လျော့ သွားမှာကိုး....။ ကိုဒီမိုရေ မီးလောင်တဲ့ သတင်းတွေဖတ်ပီး စိတ်တွေ မကောင်းဖြစ်လာတာရယ်...။ ရန်ကုန်နဲ့ ဖုန်းပြောပြီး ကုန်ဈေးနှူန်းတွေ တတ်တာရယ်.. သိလိုက်လို့ ဒီမှာလာပြီး ရင်ဖွင့် သွားပါတယ်။

(ကံ့ကော်)

http://www.demowaiyan.co.cc/2010/05/blog-post_450.html ပို့စ်မှာ ရေးပေးသွားတာပါ...

မြန်မာပြည်ရဲ့ယခုကြုံတွေ့နေရတဲ့ အခြေအနေတွေကတော့ (မီးတောက်နေတယ်.. ရေလိုနေတယ်) ဆိုတဲ့ သီချင်းခေါင်းစီး တစ်ပုဒ်လိုပါပဲ... တိုင်းပြည်မှာ မီးတွေ တောက်လောင်နေသလို ရေကလည်း ရှားလို့ ဒုက္ခရောက် နေရတဲ့ အဖြစ်တွေ ကြုံနေရပါတယ်. ..။ နိုင်ငံရေးအနေအထားနဲ့ ကြည့်ရင်လည်း မီးတောက်သလို အကြမ်းနည်းကို အသုံးချပြီး... ရေလို အေးချမ်းတဲ့ အကြမ်းမဖက်တဲ့နည်း...အနုနည်း နှစ်ခုလုံးကို အသုံးချမှပဲ ကျွန်တော်တို့ တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်နိုင်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

အားလုံးအတွက် သိသင့်သိထိုက်တာတွေ ရေးသားပေးပို့သူများအား ကျေးဇူးတင်ပါသည်။

နာရေးကူညီမှုအသင်းအတွက် ဂုဏ်ပြုသီဆိုထားတဲ့ နာရေးဟစ်ဟော့သီချင်းပါ

Photobucket
ရုပ်သံ DVB

၁၉၉၀ ပြည့်နှစ် မေလ(၂၇) ရက် နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း...

Book of Record on 1990 General Elections

အာဏာရူးကြီးကဗျာ ရေးသားသူ ကဗျာဆရာကိုစောဝေ ထောင်ကလွတ်ပြီ...

ကဗျာဆရာ ကိုစောဝေ ပြန်လည်လွတ်မြောက်လာ

မေလအော်သံများ.....

မေလအော်သံများ

မင်္ဂလာဈေးမီးလောင်တာ နအဖသတင်းစာတွေမှာ ၂၄ရက်နေ့ မွန်းလွဲ ၂နာရီကတည်းက မီးညွှန့်ကျိုးနေပါတယ်။

Myanmar lie
စစ်အစိုးရပိုင် နိုင်ငံတော်သတင်းစာကြီး မြန်မာ့အလင်းအတင်းစာက ၂၄ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ မီးညွှန့်ကျိုးသွားတယ်လို့ ပြောပါတယ်။ ၂၅ရက်နေ့ ၆နာရီလောက်မှ ငြိမ်းသွားတဲ့ မီးကို တရက်ကြိုပြီး ၂၄ရက်နေ့ မွန်းလွဲ ၂နာရီမှာ မီးညွှန့်ကျိုးသွားအောင် ရေးနိုင်တာ ငြိမ်းနိုင်တာ အင်မတန်မှ တော်ပါပေတယ် ...။ မှန်မမှန် အောက်မှာတင်ထားတဲ့ ပိုစ့်တွေကို ကြည့်ရှုနိုင်ပါတယ်။ မိညွန့်ကျိုးသွားလာ မိကြိုင် ကျိုးသွားလားဆိုတာ..... သေသေချာချာ စုံစမ်းစေချင်ပါတယ်။

တကယ့် သတင်းအမှန်တွေ ကြတော့ ပေါက်ကရရေး... မမှန်သတင်းတွေကြတော့ အဟုတ်ရေးနေတဲ့ နအဖရဲ့ ဝါဒဖြန့် သတင်းစာခေါ်တဲ့ အတင်းစာတွေပါ.....။ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ မီဒီယာကို မီဒီယာနဲ့တိုက်နေတဲ့ အတင်းစာတွေ မှန်မမှန်ဆိုတာ လက်တွေ့ပါ....။ လျှပ်စစ်သုံးလျှင် သတိယှဉ် ဝန်အားမမျှမသုံးရတဲ့... မရတာ မလာတာကြာပြီဖြစ်တဲ့ လျှပ်စစ်ကို ပြည်သူတွေ မသုံးတတ်တော့တာ အထူးပြောနေစရာမလိုပါ..။ တခုခုဖြစ်ရင် ပြည်သူကို လက်ညှိုးထိုး ရမ်းတုတ်နေပါတယ်။

ကြားရတဲ့ သတင်းတွေက ဘက်ထရီ မီးအားသွင်းတာက လောင်ကျွမ်းတာလို့ ပြောဆိုကြပါတယ်။ ဘာကြောင့် ဘက်ထရီ အားသွင်းရတာလဲ အလကားအားနေလို့ အားသွင်းရတာ မဟုတ်ပါ...။ မီးပြတ်ရင်အသုံးပြုရအောင်လို့ပါ.... မီးတောင် မှန်မှန် မပေးနိုင်ပဲ အစိုးရဆိုပြီး အာဏာတက်ယူ နေတဲ့လူတစ်စုကြောင့်ပါ။ လောင်တဲ့မီးတွေကို ပြန်လေ့လာကြည့်ပါ။ ဖယောင်းတိုင်မီးကြောင့် ၊ မီးပြန်လာတဲ့ အချိန်မှာ ဗို့အားဆောင့်တက်လို့ ဝါယာလျှော့ ဖြစ်တာတွေကြောင့်၊ မီးမလာတဲ့ အတွက် မီးစက်နိုးဖို့ ဓာတ်ဆီထည့်ချိန်မှာ ဖယောင်းတိုင်မီး အသုံးပြုမှု၊ နောက်တခုကတော့ ရှို့မီးတွေပါ။ ဘာဖြစ်ဖြစ် တာဝန်မခံရဲတဲ့ နအဖပါ။ မီးလောင်ပြီးရင်တော့ မြေနေရာအတွက်နာမည်ခံ တာဝန်ခံဖို့ စောင့်နေတာ နအဖနဲ့ အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်တွေပါ။

နအဖဟာ လက်ရှိကျင့်သုံးနေတာ ဈေးကွက်စီးပွားရေးစံနစ် မဟုတ်ပဲ ဈေးဖျက်စီးပွားရေးစံနစ် ဖစ်ပါတယ်။ နေရာကောင်းတဲ့ ဈေးတွေကို လိုက်ဖျက်ပြီး စီးပွားဖြစ်နေတာပါ။ ဈေးဖျက်စီးပွားရေးစံနစ်ရဲ့ ဥက္ကဋ္ဌကတော့ မီးလောင်ပြီးရင် သူ့တာဝန်ဆိုတဲ့ တေဇ(ခ)ငတေပါ...။

ကိုနစ်နေမန်း ပိုစ့်ကို ဖတ်ရှုပြီး ရေးသားလိုက်ပါတယ်။