ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..

ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..
  ယနေ့ ဂျပန်နိုင်ငံမှာ လေးရက်ကြာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့  အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာခဲ့ပါတယ်..။  Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက Safety ဦးထုပ်ဆောင်းပေးနေတာ မြင်မိတော့ တရုတ်က ဆောက်လုပ်ပေးပြီး ၂၀၁၁ဇန္နဝါရီလ ၂၁ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲမှာ သမ္မတကြီးကို ပန်းပွင့်လေးတပ်ဆင် ပေးတဲ့ တိုင်းရင်းသူ တဦးရဲ့ ပုံကို သွားမြင်ယောင်မိတယ်...။
တလောကတော့ ဂျပန်ကုမ္ပဏီတွေ မြန်မာပြည်ကို ပြန်လည် ဝင်ရောက်မယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံရေး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းက ကျွန်တော်အမြင်လေး ပြောပြခဲ့မိပါတယ်..။ ကွန်မြူနစ်စံနစ် တရုတ်နဲ့ ဒီမိုကရေစီစံနစ် ဂျပန် ကွာခြားပုံပေါ့။ ကျွန်တော်မြင်မိတာကတော့ ကမ္ဘာက ပစ်ပယ်ထားတဲ့ ဆင်းရဲတဲ့ အာဏာရှင် နိုင်ငံတွေမှာ ရသမျှ ဖြစ်ညှစ်ယူပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ထက်စာရင် နည်းပညာတိုးတက်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေက ရင်းနှီးမြုပ်နှံတာကို ပိုပြီးထောက်ခံသင့်တယ်လို့ ပြောပြခဲ့ပါတယ်..။ ယခုလောလောဆယ်မှာပဲ ဂျပန်နိုင်ငံက မြန်မာပြည်မှ ပေးဆပ်ရန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပါပြီ။
၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ..

ဒီနေ့လည်း သမ္မတနဲ့အဖွဲ့ ဂျပန်က လျှပ်စစ်စီမံကိန်းတွေ သွားရောက် လေ့လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ပန်းဆိုတာ သဘာဝအတိုင်း ကြာလေ လန်းဆန်းလေ ဆိုတာမရှိပါဘူး..။ ထို့အတူ တရုတ်ပစ္စည်းတွေလဲ ကြာလေ ဆိုးလေပေါ့..။ တရုတ်ကဆောက်လုပ်ပေးပြီး ၃နှစ်အတွင်း စက်ပစ္စည်းတွေ ပြန်လဲလှယ်တပ်ဆင်ရ၊ ရေတားတမံတွေ ပျက်ဆီးနေရတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းနဲ့ နှစ်(၆၀)ရှိပြီ ဖြစ်တဲ့ လောပိတရေအား လျှပ်စစ်ဓာတ်အားပေးစက် အခြေအနေ နှိုင်းယှဉ်ကြည့်ပါ။ စေတနာ အသပြာကွာသလို ဒီဓာတ်ပုံထဲက ဖိုင်ဘာဦးထုပ်နဲ့ ပန်းလို ကွာခြားပါတယ်..။ ဂျပန်ပစ္စည်းနဲ့ တရုတ်ပစ္စည်း ဘယ်ဟာကြိုက်မကြိုက် ကျွန်တော်တို့ ပြည်သူတွေ စစ်တမ်းကောက်စရာ မလိုပါ..။ 

ဒီတော့ သမ္မတကြီး အနေနဲ့ ပန်းပြပြီး အဆီကိုစား အသားကိုမျို ရသမျှယူနေတဲ့ တရုတ်စီမံကိန်းတွေကို ဒီဘဝဒီမျှသာနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပုံ(၂)ပုံကို နှိုင်းယှဉ် ကြည့်ရသလို တရုတ်ရဲ့ အဆင်းသာရှိတဲ့ တခဏတာ ပန်းကို ယူမလား၊ ပြည်သူ့အကျိုးအတွက် နှစ်ရှည် ခံမယ့် ဦးထုပ်ကိုသာ ဆောင်းမလားဆိုတာ သက်သေပြရပါတော့မယ်..။ ထို့အတူ သမ္မတကြီးအနေနဲ့ သမိုင်းတကွေ့မှာ မှတ်ကျောက်အတင်ခံဖို့ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်း လက်တွဲ၊ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါတယ်..။

ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ၊ Getty Images
(မှတ်ချက်... ပုံထဲမှ ဦးထုပ်နှင့် ပန်းအား ရည်ရွယ်၍ ဝင်လာသည့်အတွေးအား ရေးသားချင်း ဖြစ်ပါသည်။ ဘယ်နိုင်ငံက ဘာပဲဆောက်ဆောက် ဧရာဝတီမြစ်ဆုံနဲ့ သဘာဝဝန်းကျင်များ ပျက်ဆီးမည် ဆိုပါက ကန့်ကွက်ပါမည်)

 တရုတ်ကဆောက်ပေးပြီး တဲ့ ၃နှစ်အတွင်း ပြင်ဆင်နေရတဲ့ ရွှေလီရေကာတာ ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/04/blog-post_06.html
မြစ်ဆုံဆည်ကို ၂၀၁၁ ဇန္နဝါရီလက သွားရောက်လေ့လာခဲ့တဲ့ သမ္မတဦးသိန်းစိန်သတင်း ပြန်ဖတ်ချင်ရင်
http://www.demowaiyan.org/2011/10/blog-post_22.htmlSee More
ရွှေလီလျှပ်စစ်စက်ရုံ အသေးစိတ် အစီရင်ခံစာ..
http://www.demowaiyan.org/2012/04/blog-post_20.html
၁၉၈၉ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဂျပန်တာဘိုင်စက်တွေ အသုံးပြုထားတဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း..
ဖွင့်လှစ်ပြီး (၃)နှစ်အတွင်း ပျက်ဆီးသွားတဲ့ ရွှေလီရေကာတာမှ ရေထိန်းတမံပြင်ဆင်နေရမှု

သာဓု .. သာဓု .. သာဓုပါဗျာ.. (သာဓုခေါ်ဆိုထိုက်တဲ့ သာဓုပါဗျာ သံချပ်အဖွဲ့)

သာဓု .. သာဓု .. သာဓုပါဗျာ

ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် “သာဓုပါဗျာ” သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေ တင်ဆက်ခဲ့ရာ အလှူငွေများ ရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့များသို့ မိမိတို့ ဖျော်ဖြေရေးမှ ရရှိ သော အလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။
၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “သာဓု ပါဗျာ” သံချပ်အဖွဲ့(ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း)တို့မှအလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု)မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သားသမီးမှ (၃) သောင်းကျပ်၊ ငြိမ်းချမ်းနိုင်+မဇင်မာအေးနှင့် သမီးတို့မှ (၁) သောင်းကျပ်၊ မောင်ဇေယျာမင်း+မစောမြတ်မွန် ၉ခ) မအိမွန်တို့၏ မင်္ဂလာဦးအလှူအဖြစ် (၅) သောင်းကျပ်တို့အား အသီးသီးလှူဒါန်းခဲ့ကြသည်။ “သာဓုပါဗျာ” အဖွဲ့သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်းပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်းသတင်း မီဒီယာများမှလည်း လာရောက်၍ မှတ်တမ်း တင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသော စကားလုံးကို မကြားမမြင်ခဲ့ ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များစွာဝမ်းသာပီတိ ဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင် ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံး သံစဉ်တို့ဖြင့် ပြည်သူလူထု ကိုယ်စား ဖျော်ဖြေတင်ဆက်ရသော တင်ဆက်ပြသမှုတစ်ရပ်ပင် ဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန်လည်ကာ ရဲရဲဝံ့ဝံ့ဦးဆောင်ဖော်ထုတ်ခဲ့သော အဖွဲ့များအနက် ယခု “သာဓုပါဗျာ” အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ပါတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
သာဓုပါဗျာ သံချပ်အဖွဲ့ရဲ့ နာမည်ကြီး သံချပ်အသံဖိုင်

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်နှင့် ကြည်ညိုစရာ ရွှေညဝါ.. (ရုပ်သံ)

လာမယ့်(၂၄)ရက်နေ့ မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲ မင်္ဂလာအခမ်းအနားနှင့် အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံပြီး  ရွှေညဝါတောရကျောင်း (မှော်ဘီ)မှာ သီတင်းသုံးနေထိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဇော်ဇော်မင်း၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးနေဝင်းထွန်း၊ ဦးဥာဏ်လင်းတို့နှင့် ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ကိုဒီငြိမ်းလင်း အပါအဝင် ရဟန်းလောင်း (၂၄)ဦးတို့၏ ဒုလ္လဘ ရဟန်းခံပွဲ  မင်္ဂလာအခမ်းအနားအား သာဓုကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ရေစက်ချ တရားနာယူရန်နေရာအား ရွှေညဝါတောရကျောင်း မှော်ဘီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

ကြည်ညိုစရာ ရွှေညဝါ 
ညီငယ် ဇေယျာ ဖန်တီး တင်ဆက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ....

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးမှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်...
 (ဓာတ်ပုံ Getty Images)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ..

  တချို့အင်တာနက် စာမျက်နှာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မှောက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်...။ အဆိုပါသတင်းအတွက် ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ ၂၃ရက်နေ့ မှာ ပြန်လည် စတင်မယ့် လွှတ်တော်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်..။ သဘောတူညီချက် ရတာနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါကိစ္စအတွက် အဆင်ပြေနိုင်ဘို့ ရှိတယ်လို့လည်း သိရှိရပါတယ်..။ ဒီကြားထဲမှာလည်း သဘောတူညီချက် ရကောင်း ရနိုင်ပါသေးတယ်လို့လည်း ပြောဆိုပါတယ်...။

အခြေခံဥပဒကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ နေရာမှာ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့စကားလုံးအတွက် လောလောဆယ် သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် (၂၃)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ  လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် လောလောဆယ်မှာ လွှတ်တော်သို့ တက်ရောက်နိုင်မှာ မဟုတ်သေးပါဘူး။ 

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လအလယ်မှာ ပြည်ပခရီးစဉ် သွားရောက်မယ်လို့ ကြားသိရပါတယ်..။
ယနေ့ သတင်းစာရှင်းလင်းပွဲမှ ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုချက်...။

ရွှေလီ(၁)ဓာတ်အားပေးစက်ရုံ အသေးစိတ် အစီရင်ခံစာ...

တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့တဲ့ ရွှေလီ(၁)ဓာတ်အားပေးစက်ရုံ လျှပ်စစ်စက်ရုံ အသေးစိတ် အစီရင်ခံစာ ဖြစ်ပါတယ်...။ ရန်ကုန်မြို့မှာတော့ လျှပ်စစ်ဓာတ်အားပေး စံနစ်ကို အလှည့်ကျနဲ့ ပေးဖို့ ကြေငြာနေပါပြီ..။ မြန်မာနိုင်ငံတဝှမ်းလျှပ်စစ် မီးရဖို့ မဆိုထားနဲ့ အဓိက မြို့ကြီးတွေမှာတောင် မီးမှန်မှန် မပေးနိုင်တဲ့ အခြေအနေတွေပါ..။ ဒီမိုဝေယံမှ လက်ခံရရှိထားတဲ့  လျှပ်စစ်ဝန်ကြီးကို ကြိုဆိုတင်ပြမယ့် ရွှေလီဓာတ်အားပေး စက်ရုံရဲ့ အစီရင်ခံစာကို ဖတ်ရှုလေ့လာနိုင်ရန် ဖော်ပြလိုက်ရပါတယ်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (BG)ဖျော်ဖြေရေးအဖွဲ့၏ အတာသကြန် လှည့်လည်ဖျော်ဖြေပွဲ မြင်ကွင်းများနဲ့ လုပ်ဆောင်ချက်များ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD_BG လူငယ်များဦးစီး၍ သင်္ကြန်-အလှပြ ဖျော်ဖြေရေးယာဉ်သည် ဖိတ်ကြားထားသော နေရာများသို့ သွားရောက် ဖျော်ဖြေခဲ့ကြသည်။

သင်္ကြန် အကြိုနေ့ -ပုဇွန်တောင်မြို့နယ်သို့ လှည့်လည်ဖျော်ဖြေစဉ်..
 

အကျနေ့- ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက် ဖျော်ဖြေဂါရ၀ပြုစဉ် 

တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပထမအကြိမ် သွားရောက် ဖျော်ဖြေဂါရဝပြု ဖျော်ဖြေခဲ့ကြသည်...။
ပုဇွန်တောင်မြို့နယ်တွင်းသို့ သွားရောက်ဖျော်ဖြေရာတွင် ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်..
ပထမ အကြတ်နေ့- နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် သွားရောက်ဖျော်ဖြေစဉ်
နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ အန်တီ ဒေါ်သန်းမြင့်အောင်တို့မှ NLD-BG အလှပြ ဖျော်ဖြေရေးယာဉ်အား ပျော်ပျော်ရွှင်ရွှင် အားပေးနေကြစဉ်။
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး၊ အသင်းသူ အသင်းသားများမှ သောင်းသောင်းဖြဖြ ကြိုဆိုကြစဉ်..
မြောက်ဥက္ကလာပ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ၈၈မျိုးဆက်ကျောင်းသားများ ရုံးရှေ့တွင် သွားရောက်ဖျော်ဖြေစဉ်
တက္ကသိုလ်ရိပ်သာ လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
အမေ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒုတိယအကြိမ်သွားရောက်ဖျော်ဖြေဂါရဝပြုစဉ်..
ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းအတွင်းမှ အလှပြဖျော်ဖြေရေးယာဉ်အား
ပြည်သူများ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြပုံ..
NLD_BG အလှပြဖျော်ဖြေရေးယာဉ်အား သာကေတမြို့နယ်ပြည်သူများမှ သောင်းသောင်းဖျဖျ ပျော်ရွှင်စွာ ကြိုဆိုနေကြပုံ
မေတ္တာဖြင့် ကူညီပေးသော တေးရေးဆရာ ကိုသားဖေထင် ( NLD-BG) ။ Music Arrangement ကိုဝင်းကျော် (G.T.X) နှင့် နာကူ ဥက္ကဋ္ဌ ဦးကျော်သူတို့ တွေ့ဆုံကြစဉ်။။

ခွပ်ဒေါင်းတွေခွပ်ပြီး သွားပြီ၊ ကတဲ့အချိန်ရောက်ပြီ၊ အမြဲတမ်းကနိုင်ကြပါစေဟု နာကူ ဥက္ကဋ္ဌ ၊ဦးကျော်သူမှ နှုတ်ခွန်းဆက်စကား ပြောကြားစဉ်။


ဗိုလ်ချုပ်လမ်းပေါ်ရှိ ကမ္ဘာသစ် မဏ္ဍပ်ပေါ်တွင် NLD-BG အလှပြ ဖျော်ဖြေရေးယာဉ်မှ ခွပ်ဒေါင်းသင်္ကြန် တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မမီးမီးတို့ ဦးဆောင်သော ကျောင်းသားများလည်း လာရောက် အားပေးကြသည်။ ကိုမင်းကိုနိုင် လာရောက် အားပေးကြသော ပြည်သူလူထုအား သင်္ကြန်နှင့်ပတ်သက်သော အကြောင်းအရာတစ်ခုကို အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါသည်။

သံချပ် မပါတဲ့ သင်္ကြန်ဟာ အင်္ဂါမစုံတဲ့ လူနဲ့တူတယ်။ အင်္ဂါမစုံရင် ဘယ်လိုမှ ကြည့်မကောင်းဘူး။ သံချပ်ဟာ ပြည်သူတွေရဲ့အသံကို ပြောပေးတဲ့အတွက်ကြောင့် ဘယ်စိစစ်ရေးကိုမှ တင်စရာမလိုဘူး။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
NLD-BG ၏ ရည်ရွယ်ချက်များ

NLD-၏လုပ်ငန်းစဉ် (င) ဖြစ်သော လူထုအကျိုးပြုလူမှုလုပ်ငန်းများကို ဒီချုပ်လူငယ်များစုစည်း၍ အကောင်အထည်ဖေါ်၍ဆောင်ရွက်နေပါသည်။ ၄င်းတို့မှာ - (၁) ကွန်ပျူတာအခြေခံသင်တန်းများ။
(၂) နိုင်ငံခြားဘာသာစကားသင်တန်းများ။
(၃) သူငယ်တန်းမှ လေးတန်းအထိ ဘာသာစုံ အပတ်စဉ်သင်ကြားခြင်း။(ကျူရှင် အခမဲ့သင်ကြားပေးခြင်း)
(၄) ပဉ္စမတန်းမှ ဒသမတန်းအထိ Grammar သင်တန်းများ။
(၅) စက်ချုပ်သင်တန်းများ။
(၆) ဆံပင်ညှပ်သင်တန်း။
(၇) သံဂဟေဆော်သင်တန်း။
(၈) အမှိုက်ကောက်ကလေးလူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး
-- ( စက်ချုပ်သင်တန်း ) အပတ်စဉ် (၃)နှင့် ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၁) တို့ကို ၉-၄-၂၀၁၂ တွင် ဒီချုပ်နာယက ဘဘဦးတင်ဦးကိုယ်တိုင်
ကြီးကြပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။


မှတ်ချက် BG- သည် အဖွဲ့မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်တွင် တည်ရှိနေသော ကွန်ယက်များထဲမှ NLD လုပ်ငန်းစဉ် (င) အား ဦးစားပေးဖေါ်ဆောင်နေသော ကွန်ယက်ငယ်တစ်ခုဖြစ်ပါသည်။

သင်တန်းကျောင်းတည်နေရာ= (၈၃၉) မြရည်နန္ဒာလမ်း၊ ၁၉ - ရပ်ကွက်၊
ဒဂုံတောင်မြို့နယ်။ ကျန်းမာရေးမှတ်တိုင်။ ရန်ကုန်တိုင်းဒေသကြီး။

ဆက်သွယ်ရန်ဖုံးနံပါတ် = ၀၉-၇၃၁ ၂၅၈၈၅၊ ၀၁၀၅၅၅၀၂၀၂၊
တာဝန်ခံ ဒါရိုက်တာ ကိုညီညီ= ၀၉-၄၉၃၂၈၀၅၅၊

နှစ်သစ်တွင် ပြည်သူအများ စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံနိုင်ကြပြီး အမေဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံကာ ဒီမိုကရေစီ ပန်းတိုင်သို့ တက်ညီ လက်ညီ ချီတက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း အပ်ပါသည်။ NLD-BG - အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်းမှ ကျောင်းသား ကျောင်းသူ ဆရာ၊ဆရာမများမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မေမေ့သား- လင်းဆက် (NLD-BG )

NLD-BGအဖွဲ့အား လေးစားဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်..။
ဒီမိုဝေယံ

တရုတ်နိုင်ငံမှ ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ..

ဒါကတော့ ရွှေလီရေအားလျှပ်စစ်စက်ရုံရဲ့ နှစ်အလိုက် ထုတ်လုပ်မှု ပို့လွှတ်မှု နှစ်စဉ်ရောင်းရငွေ စာရင်း..
Myanmar Electric Power Enterprise (MEPE)နဲ့ တရုတ်ယူနန် Yunnan Power Grid Corporation (YNPG)ကိုရောင်းချတဲ့ ရောင်းရငွေ တရုတ်ယွမ် (RMB) သန်းပေါင်း ၁၆၁၀ (အမေရိကန်ဒေါ်လာ ၂၅၅သန်း)ခန့်ပေါ့.။ ဒီမိုဝေယံက လက်ခံရရှိထားတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်း ၂၀၀၉ကနေ ၂၀၁၂ထိရောင်းရငွေ အစီရင်ခံစာထဲက တခုပါ..။ အဆိုပါငွေတွေ ဘယ်ကိုရောက်.. ပိုလျှံနေလို့ ရောင်းရတယ်ဆိုရင် ကျွန်တော်တို့ တနိုင်ငံလုံး မီးတွေလင်းနေပြီလား..။ တရုတ်က ဆောက်ပေးထားတဲ့ အဆိုပါ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားတွေကို တယူနစ်ကို မည်မျှနှုန်းနဲ့ ရောင်းနေပါလဲ..။ သက်ဆိုင်ရာ ပညာရှင်တွေ တွက်ချက် ပြပေးစေလိုပါတယ်..။
 ဒါကတော့ ရွှေလီစက်ရုံက မြန်မာ၊ တရုတ်ဝန်ထမ်းအင်အားနဲ့ အဆောက်အဦး စာရင်းပါ..။ 
မြစ်ဆုံဆည်မှာ တရုတ်ဝန်ထမ်း မည်၍၊ မည်မျှ ရှိတယ်ဆိုတာကို သတင်းထောက်တွေက မေးတာ မဖြေနိုင်တဲ့ လဝကဝန်ကြီးဦးခင်ရီ သိပါလေစ..
 ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံကို ၂၀၀၉မေလမှာ ဖွင့်လှစ်ပါတယ်..။ ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှာ ဓာတ်အားပေးစက် (၆)လုံး လည်ပတ်နေတယ်..။ စက်ရုံဖွင့်လှစ်ပြီး (၂)နှစ်တောင် မပြည့်သေးတဲ့ အချိန်မှာ စက်(၆)လုံးစလုံး အကြီးစား ပြုပြင်နေရတယ်..။ ကောင်းရော...။ ဒီGenerator တွေထုတ်တဲ့ ကုမ္ပဏီက တော့ Herbin Generator Factory limited ဖြစ်ပြီး တရုတ်ပြည်ကဖြစ်ပါတယ်..။

၃နှစ်တောင် မပြည့်ခင် ၂၀၁၂ခုနှစ်မှာတော့ ရေလှောင်ကန်ရဲ့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်ရတယ်..။ ဒီစက်၊ ဒီလူ၊ ဒီနည်းပညာနဲ့များ မြစ်ဆုံဆည်ကို ဆောက်ဦးမယ် ဆိုရင်တော့...
တရုတ်နိုင်ငံမှ ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ
အချက်(၁၁)ချက်ပါပါတယ်..။  နောက်ထပ်ဖြည့်ရန် အမှတ်စဉ်တွေကတော့ ဖွင့်လှစ်ပြီး (၂)နှစ်မတိုင်မှီ ဓာတ်အားပေးစက် ၆လုံးပျက်စီးသည့်နေ့၊ ၃နှစ်မပြည့်မှီ ရေလှောင်ကန် အောက်ခြေကြိုးပဲ့ ပျက်စီးသည့်နေ့၊

အပြည့်အစုံအား ဆက်လက်ဖော်ပြပေးပါမယ်..။

The Lady (မြန်မာစာတမ်းထိုး စဆုံး) လင့်ခ်..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝသရုပ်ဖော် ရိုက်ကူးထားတဲ့ The Lady မြန်မာစာတမ်းထိုး ရုပ်ရှင်အား အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါကြောင်း... အသိပေးအပ်ပါတယ်။
http://youtu.be/EfQZ_reK86I(မြန်မာစာတမ်းထိုး)
နဲ့
http://www.movie2k.to/The-Lady-watch-movie-1290019.html ဒီလင့်ခ်မှာလည်း (Best Quality) ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။
ပါဝင်သည့် သရုပ်ဆောင်များ
Aung San Suu Kyi .... Michelle Yeoh
Michael Aris .... David Thewlis
Kim Aris .... Jonathan Raggett
Alexander Aris .... Jonathan Woodhouse
Lucinda Philips .... Susan Wooldridge
Karma Phuntsho .... Benedict Wong
rest listed in alphabetic order
Military officer .... Aung Kyaw
Aide of Aung San Suu Kyi .... Daw Myint
Nita May .... Dujdao Vadhanapakorn
Nyo Ohn Myint .... Flint Bangkok
Military officer .... Khin Maung Yin
Daw Khin Yi .... Marian Yu
Aide of Aung San Suu Kyi .... Mon Mon
Win Thein .... Nay Myo Thant
Leo Nichols .... Sahajak Boonthanakit
Soldier .... Teerawat Mulvilai
Than Shwe .... U Agga
Ma Then .... Victoria Sanvalli
James Baker .... William Hope

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ကော့မှူးခရီးစဉ် မြင်ကွင်းများ...

အမေစုရဲ့ ကော့မှူးခရီးစဉ်.. from Demo Waiyan on Vimeo
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ကော့မှူးခရီးစဉ် မြင်ကွင်းများနှင့် ရုပ်သံ..