ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (BG)ဖျော်ဖြေရေးအဖွဲ့၏ အတာသကြန် လှည့်လည်ဖျော်ဖြေပွဲ မြင်ကွင်းများနဲ့ လုပ်ဆောင်ချက်များ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD_BG လူငယ်များဦးစီး၍ သင်္ကြန်-အလှပြ ဖျော်ဖြေရေးယာဉ်သည် ဖိတ်ကြားထားသော နေရာများသို့ သွားရောက် ဖျော်ဖြေခဲ့ကြသည်။

သင်္ကြန် အကြိုနေ့ -ပုဇွန်တောင်မြို့နယ်သို့ လှည့်လည်ဖျော်ဖြေစဉ်..
 

အကျနေ့- ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက် ဖျော်ဖြေဂါရ၀ပြုစဉ် 

တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပထမအကြိမ် သွားရောက် ဖျော်ဖြေဂါရဝပြု ဖျော်ဖြေခဲ့ကြသည်...။
ပုဇွန်တောင်မြို့နယ်တွင်းသို့ သွားရောက်ဖျော်ဖြေရာတွင် ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်..
ပထမ အကြတ်နေ့- နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် သွားရောက်ဖျော်ဖြေစဉ်
နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ အန်တီ ဒေါ်သန်းမြင့်အောင်တို့မှ NLD-BG အလှပြ ဖျော်ဖြေရေးယာဉ်အား ပျော်ပျော်ရွှင်ရွှင် အားပေးနေကြစဉ်။
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး၊ အသင်းသူ အသင်းသားများမှ သောင်းသောင်းဖြဖြ ကြိုဆိုကြစဉ်..
မြောက်ဥက္ကလာပ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ၈၈မျိုးဆက်ကျောင်းသားများ ရုံးရှေ့တွင် သွားရောက်ဖျော်ဖြေစဉ်
တက္ကသိုလ်ရိပ်သာ လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
အမေ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒုတိယအကြိမ်သွားရောက်ဖျော်ဖြေဂါရဝပြုစဉ်..
ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းအတွင်းမှ အလှပြဖျော်ဖြေရေးယာဉ်အား
ပြည်သူများ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြပုံ..
NLD_BG အလှပြဖျော်ဖြေရေးယာဉ်အား သာကေတမြို့နယ်ပြည်သူများမှ သောင်းသောင်းဖျဖျ ပျော်ရွှင်စွာ ကြိုဆိုနေကြပုံ
မေတ္တာဖြင့် ကူညီပေးသော တေးရေးဆရာ ကိုသားဖေထင် ( NLD-BG) ။ Music Arrangement ကိုဝင်းကျော် (G.T.X) နှင့် နာကူ ဥက္ကဋ္ဌ ဦးကျော်သူတို့ တွေ့ဆုံကြစဉ်။။

ခွပ်ဒေါင်းတွေခွပ်ပြီး သွားပြီ၊ ကတဲ့အချိန်ရောက်ပြီ၊ အမြဲတမ်းကနိုင်ကြပါစေဟု နာကူ ဥက္ကဋ္ဌ ၊ဦးကျော်သူမှ နှုတ်ခွန်းဆက်စကား ပြောကြားစဉ်။


ဗိုလ်ချုပ်လမ်းပေါ်ရှိ ကမ္ဘာသစ် မဏ္ဍပ်ပေါ်တွင် NLD-BG အလှပြ ဖျော်ဖြေရေးယာဉ်မှ ခွပ်ဒေါင်းသင်္ကြန် တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မမီးမီးတို့ ဦးဆောင်သော ကျောင်းသားများလည်း လာရောက် အားပေးကြသည်။ ကိုမင်းကိုနိုင် လာရောက် အားပေးကြသော ပြည်သူလူထုအား သင်္ကြန်နှင့်ပတ်သက်သော အကြောင်းအရာတစ်ခုကို အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါသည်။

သံချပ် မပါတဲ့ သင်္ကြန်ဟာ အင်္ဂါမစုံတဲ့ လူနဲ့တူတယ်။ အင်္ဂါမစုံရင် ဘယ်လိုမှ ကြည့်မကောင်းဘူး။ သံချပ်ဟာ ပြည်သူတွေရဲ့အသံကို ပြောပေးတဲ့အတွက်ကြောင့် ဘယ်စိစစ်ရေးကိုမှ တင်စရာမလိုဘူး။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
NLD-BG ၏ ရည်ရွယ်ချက်များ

NLD-၏လုပ်ငန်းစဉ် (င) ဖြစ်သော လူထုအကျိုးပြုလူမှုလုပ်ငန်းများကို ဒီချုပ်လူငယ်များစုစည်း၍ အကောင်အထည်ဖေါ်၍ဆောင်ရွက်နေပါသည်။ ၄င်းတို့မှာ - (၁) ကွန်ပျူတာအခြေခံသင်တန်းများ။
(၂) နိုင်ငံခြားဘာသာစကားသင်တန်းများ။
(၃) သူငယ်တန်းမှ လေးတန်းအထိ ဘာသာစုံ အပတ်စဉ်သင်ကြားခြင်း။(ကျူရှင် အခမဲ့သင်ကြားပေးခြင်း)
(၄) ပဉ္စမတန်းမှ ဒသမတန်းအထိ Grammar သင်တန်းများ။
(၅) စက်ချုပ်သင်တန်းများ။
(၆) ဆံပင်ညှပ်သင်တန်း။
(၇) သံဂဟေဆော်သင်တန်း။
(၈) အမှိုက်ကောက်ကလေးလူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး
-- ( စက်ချုပ်သင်တန်း ) အပတ်စဉ် (၃)နှင့် ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၁) တို့ကို ၉-၄-၂၀၁၂ တွင် ဒီချုပ်နာယက ဘဘဦးတင်ဦးကိုယ်တိုင်
ကြီးကြပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။


မှတ်ချက် BG- သည် အဖွဲ့မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်တွင် တည်ရှိနေသော ကွန်ယက်များထဲမှ NLD လုပ်ငန်းစဉ် (င) အား ဦးစားပေးဖေါ်ဆောင်နေသော ကွန်ယက်ငယ်တစ်ခုဖြစ်ပါသည်။

သင်တန်းကျောင်းတည်နေရာ= (၈၃၉) မြရည်နန္ဒာလမ်း၊ ၁၉ - ရပ်ကွက်၊
ဒဂုံတောင်မြို့နယ်။ ကျန်းမာရေးမှတ်တိုင်။ ရန်ကုန်တိုင်းဒေသကြီး။

ဆက်သွယ်ရန်ဖုံးနံပါတ် = ၀၉-၇၃၁ ၂၅၈၈၅၊ ၀၁၀၅၅၅၀၂၀၂၊
တာဝန်ခံ ဒါရိုက်တာ ကိုညီညီ= ၀၉-၄၉၃၂၈၀၅၅၊

နှစ်သစ်တွင် ပြည်သူအများ စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံနိုင်ကြပြီး အမေဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံကာ ဒီမိုကရေစီ ပန်းတိုင်သို့ တက်ညီ လက်ညီ ချီတက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း အပ်ပါသည်။ NLD-BG - အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်းမှ ကျောင်းသား ကျောင်းသူ ဆရာ၊ဆရာမများမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မေမေ့သား- လင်းဆက် (NLD-BG )

NLD-BGအဖွဲ့အား လေးစားဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်..။
ဒီမိုဝေယံ