ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား..

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား
လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို


 မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
 “ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ  လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊ 
   ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။  မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။ 
   ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
   အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား.. လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို


မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
“ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊
ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။ မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။
ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
 
The People's Will News Media ပြည်သူ့ဆန္ဒ
 

Weekly Eleven Journal 8-25


မိတ္ထီလာမြို့ သတင်းများ..

EMG ရုပ်သံ
(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ ပဋိပက္ခ့ဖြစ်စဉ်အတွင်း၌ သေဆုံးသူ ၃၂ဦးရှိခဲ့ပြီး အကြမ်းဖက်မှုနှင့် မီးလောင်မှု ဖြစ်စဉ်များကြောင့် လက်ရှိအချိန်တွင် ဒုက္ခသည် စုစုပေါင်း ၉၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းများတွင်
နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်
ည ၈နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

မိတ္ထီလာမြို့တွင် ဒေသတည်ငြိမ်မှု ပြန်လည်ရရှိနေပြီဖြစ်၍ လုံခြုံရေးတာဝန်ကျ ၀န်ထမ်းများသည် မတ်လ ၂၃ရက်နေ့ နံနက်မှစတင်ပြီး နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ရာ ရပ်ကွက်အပျက်အစီးများ အတွင်းမှ သေဆုံးသူ ၂၁ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေပြီး လူမျိုးဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်းနှင့် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့်
မတ်လ ၂၃ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၃၂ဦး ရှိပြီဖြစ်ကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ရက်နေ့နှင့် ၂၁ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် သာမန် ဈေးအရောင်းအ၀ယ် အချင်းများရာမှ မကျေနပ်သူများ၏ လူအုပ်စုဖြင့် အဆောက်အအုံများ ဈေးဆိုင်ခန်းများ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ၁/၂၀၁၃ ဖြင့် အရေးပေါ်အခြေအနေကို
မတ်လ ၂၂ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ပြီး အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာ မတ်လ ၂၂ရက်နေ့ ညပိုင်းက စပြီး မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိခဲ့သည်။

မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအား မိတ္ထီလာမြို့ ပညာရေးလေ့ကျင့်ရေးကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခရိုင် အားကစားကွင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ယာယီ ဖွင့်လှစ်ထားပြီး လက်ရှိအချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် စုစုပေါင်း ၉၆၄၄ဦး
ရှိကြောင်း သိရသည်။

ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး နေထိုင်လျက်ရှိသည့် ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် စေတနာရှင်များမှ
ထောက်ပံရေး ပစ္စည်းလှူဒါန်းခဲ့ကြပြီး ရက်သတ္တပတ်စာ စားဝတ်နေရေးအတွက် စီစဉ်ထားကြောင်းနှင့် မိတ္ထီလာခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစခန်းများအတွင်း ရှိသူများသည် မိမိတို့ နေအိမ်များကို ပြန်လည်သွားရောက် ကြည့်ရှုနိုင်သကဲ့သို့ နယ်မြေအေးချမ်းနေပြီ ဖြစ်သည့်အတွက် မိမိတို့ နေအိမ်များကို ပြန်နေလိုသူများကိုလည်း သက်ဆိုင်ရာမှ
တာဝန်ယူပြီး လိုက်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
 
မိထ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ ဦးရေ (၃၂) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ ည ၈ နာရီ သတင်း အစီအစဉ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ယနေ့တွင် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရင်း သေဆုံးသူ (၂၁) ဦးကို ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း (၃၂) ဦး ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group 

သားကောင်သစ် မိတ္ထီလာ ...

“နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။
မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာမြို့တွင် ဘာသာမတူသူလေးဦး ခိုက်ရန်ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူစုများရှိနေဆဲ ဖြစ်သည်။

ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီအချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း ရာချီသောလူအုပ်ကြီး က ရွှေဆိုင်ကို ဖျက်ဆီးသည်အထိ ဖြစ်လာသည်။
"မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီးလိုက်ပြီ"ဟုအခင်းဖြစ်ပွား ရာ အနီးရှိ အထည်ဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။

ယင်းပဋိပက္ခမှာ ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာနေသည်။
"ရဲလုံခြုံရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကြောင့် အခြေအနေများကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက်ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ် ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ရက်သတ္တတစ်ပတ်အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှု များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေ အနေများကို ထိန်းသိမ်းရန် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး သံဃာတော်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။
"ဒီလို ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အကြမ်းဖက်မှုတွေ မကူးစက်ဖို့ သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်။ လုံခြုံရေးတွေလည်း တိုးခိုင်းထားတယ်" ဟု ၄င်းက ရှင်းပြသည်။
အဆိုပါပဋိပက္ခသည် အစိုးရသစ် သက်တမ်း ၂ နှစ်တာ ကာလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်သည်။
၂၀၁၂ ဇွန်လအတွင်းက ရခိုင် ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွှာ အုပ်စု တွင် စတင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလု၊ မုဒိမ်းကျင့် လူသတ်မှုမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်တို့ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦး၊ အိမ်ထောင်စုပေါင်း ၁၆၉၈၀၊ လူဦးရေ ၁၁၁,၀၀၀ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး အိုးအိမ်နှင့် အဆောက်အအုံ ၁၀၁၀၀ လုံး ပျက်စီးခဲ့ရသည်။
ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ်ပွားသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည် အထိ နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ ပြန်လည်တည်ငြိမ်စ ပြုလာချိန်တွင် ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သကေတမြို့နယ် အမှတ် (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း အနောက်ဘက်ခြမ်းရှိ အစ္စလာမ်ဘာသာ ရေး စာသင်ကျောင်း ပြန်လည်ပြင်ဆင်မှု မှ ဘာသာရေးအသွင်ဆောင် ပဋိပက္ခ အဖြစ်သို့ ဦးတည်လာသော်လည်း ပြန် လည် ထိန်းသိမ်းလိုက်နိုင်သဖြင့် ပြင်းထန်သည့် ပဋိပက္ခဖြစ်ပွားသည့် အဆင့်သို့ မရောက်ခဲ့ပေ။

သို့သော် သာကေတပဋိပက္ခ အပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် ဦးဥတ္တမလမ်းတွင် တရားခွေ ဖွင့်ရာမှ အစပြုကာ အစ္စလာမ်ဘာသာဝင် များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရာချီသောလူအုပ်ကြီးသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ နေအိမ် အဆောက်အအုံများ ဖျက်ဆီးခဲ့သည့် အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ပုဒ်မ၁၄၄ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။

တငွေ့ငွေ့တောက်လောင် နေဆဲ ဖြစ်သည့် လှိုင်သာယာပဋိပက္ခနှင့် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ယခု မိတ္ထီလာပဋိပက္ခမှာ လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေးအသွင်ဆောင် သော ပဋိပက္ခဖြစ်သည်။သို့ကြောင့် ဘာသာရေးအဓိကရုဏ်း တစ်ရပ် ဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း လောဟု မေးခွန်းထုတ်မှုများ လူထုအကြား ထွက်ပေါ်လာတော့သည်။
"အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့် ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် ..."
ယခုဖြစ်ပေါ်လျက်ရှိသော မတည် ငြိမ်မှု များသည် နိုင်ငံမတည်ငြိမ်ရန် အတွက် ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ကာ အစိုးရကို အကျပ်တွေ့စေပြီး ဘာသာရေး ကို ခုတုံးလုပ်ခြင်း ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက သုံးသပ်ပြောဆို ကြသလို နိုင်ငံရေးသမား များကလည်း အလားတူ သုံးသပ်ကြသည်။

လူမျိုးရေး၊ ဘာသာရေးကို ခုတုံး လုပ်သော ပဋိပက္ခအသွင် ဆောင်အောင် ပြုလုပ်နေခြင်းသည် အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နိုင်သည့်အတွက် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်း များတွင်မျှ မပါဝင်ရန် မတ်လ ၂၁ရက် နေ့စွဲဖြင့် ရွှေဝါရောင်သံဃာများ ကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှု မတိုင်မီ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ခန့်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က လူမျိုးရေး၊ ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ကာ လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်မည့် ပုံသဏ္ဌာန်ဖြင့် တိုက်ခိုက်နေမှုကို ဒေသဆိုင်ရာ အုပ် ချုပ်ရေးယန္တရား၏ တုံ့ပြန်မှုမှာ သံသယ ဖြစ်ဖွယ် ကောင်းကြောင်း ဝေဖန်လိုက်သည်။
"စစ်အုပ်ချုပ်ရေးကို လက်ယပ် ခေါ်တဲ့ အပြုအမှုမျိုးတော့ လုံးဝခွင့်မပြုနိုင်ဘူး" ဟု ၄င်းက ဆိုသည်။
မိတ္ထီလာတွင် လုံခြုံရေးများသည် ပဋိပက္ခဖြစ်စဉ်တွင် ရပ်ကြည့်ရုံသာ ရပ်ကြည့်နေပြီး ထိန်းသိမ်းမှုမရှိသဖြင့် အကြမ်းဖက်သူများသည် လုံခြုံရေးများ ကြားက တွန်းတိုက်ဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း မိတ္ထီလာရှိ ၈၈ မျိုးဆက် ကျောင်းသားက တစ်နှစ်ပတ်လုံး ဖွဲ့စည်းထားသော ကွန်ရက်များ ၏ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ ဦးမင်းကိုနိုင်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများကို ရှင်းပြသည်။
"ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကို တားရမယ်" ဟု ၄င်းက ဆိုသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် သံဃာတော်သေဆုံးသည့် ဓာတ်ပုံများနှင့် သတင်း ဖြန့်ကြသကဲ့သို့ အစ္စလာမ် ဘာသာဝင်ဟု ယူဆရသူများကလည်း ၄င်းတို့လူမျိုးများကို နှိပ်စက်နေကြသည် ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ဖော်ပြထားကြသည်။
အိုလမာ သာသနာ့ပညာရှင်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က "ကျွန်တော်တို့အဖွဲ့က ဆူပူအောင် လှုံ့ဆော်တဲ့ အထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူး။ ကလေကချေတွေ လုပ်တဲ့ အလုပ်၊ မိုက်ရိုင်းတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်သက်ဘူး" ဟု ဆိုသည်။

အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့်ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် အစ္စလာမ်ဘာသာဝင် များက လူမျိုးရေး၊ ဘာသာရေးအရ နှိပ်ကွပ်သည်ဟု ထင်မြင်ယူဆမှုများ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီဌာနချုပ် (ရန်ကုန်မြို့) အထွေထွေ အတွင်းရေးမှူးချုပ် အမ်အေဦးကျော်စိုး က မှတ်ချက်ပေးသည်။
"အပြန်အလှန် မေတ္တာတရားနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ ဒီကိစ္စတွေ တစ်နိုင်ငံလုံး ပြန့်သွားမှာကို အရမ်း ကြောက်ရွံ့တုန်လှုပ်နေပါပြီ" ဟု ၄င်းက ဆိုသည်။

သွေးထိုးလှုံဆော်မှုများကို အခြေခံ၍ ဖြစ်ပွားသော ရာဇဝတ်မှုဖြစ်သော်လည်း ရာဇဝတ်မှုကို ရာဇဝတ်မှုအတိုင်းသာ ရှုမြင်ပြီး တရားဥပဒေ စိုးမိုးရေးကို ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် တာဝန် ရှိသောပုဂ္ဂိုလ်များ အနေနှင့် ရှင်းရှင်းလင်းလင်း၊ ရဲရဲတင်းတင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း မင်းကိုနိုင်က အကြံပေး သည်။

ရခိုင်ပြည်နယ်မှသည် ရန်ကုန်မြို့တော်၊ ယင်းမှသည် မန္တလေးတိုင်း အတွင်း အကြီးဆုံးခရိုင်မြို့ဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခမှာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် စိုးရိမ်ရသည့်အနေအထား ဖြစ်လာပြီး ဘာသာရေးအဖွဲ့အစည်း များသာမက နိုင်ငံရေးအင်အားစုများ အကြားတွင် သံသယစိတ်များ ကိန်းအောင်းလာသည်အထိ အရှိန် မြင့်လာနေသည်။
"လူ့အဖွဲ့အစည်းအတွင်းမှာ ဒဏ်ရာတွေ များလွန်းလို့ အနာကျက်အောင် အသည်းအသန် ကြိုးပမ်းနေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ နောက်ထပ် ဒဏ်ရာတွေ ထပ်များလာ အောင် ဘာဖြစ်လို့လုပ်နေကြပါလိမ့်။ တရားဥပဒေအရ ဖြေရှင်းလို့ရတဲ့ကိစ္စ မျိုးကို လူအုပ်စုနဲ့ အင်အားသုံးပြီး အကြမ်းဖက်တာမျိုး လုပ်တာဟာ ဒီမိုကရေစီ အခွင့်အရေးမဟုတ်ဘူး ဆိုတာ နားလည် ကြစေချင်ပါတယ်" နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်၏ မှတ်ချက်မှာ မြန်မာ့ သမိုင်း၏ နာကြည်းဖွယ်ဖြစ်ရပ်များကို ပြန်ပြောင်း သတိရစေသည်။
ပြည်သူအများစု၏ စိုးရိမ်မှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နုနုမှာ မုန်တိုင်းထန်ထန်အောက်တွင် စတေးမခံရရေး ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၏ အကြီးဆုံးခရိုင်မြို့ မိတ္ထီလာ ကိုလည်း နောက်ကြောင်းပြန်လိုသူ များ၏ သားကောင်မဖြစ်ရေး များစွာ အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသူ များကဆိုသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မင်းကိုနိုင် လေးလေးနက်နက် ပြောဆိုလိုက်သည်က "သက်တမ်း နုနယ်လှတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး" ဟူ၏။

(The Voice Weekly သတင်းအဖွဲ့)

The Voice Journal 9-12



Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်..။
The Voice ဂျာနယ်အမေး သီတဂူ ဆရာတော်ကြီးအဖြေ..

မြန်မာနိုင်ငံက လူတွေထိုင်းမှာ စိမ့်ဝင်သွားတာ နှစ်သန်းလောက်ရှိတယ်..။ ဒါပေမယ့် မြန်မာနှစ်သန်း လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး..။ အလုပ်ရှင်တချို့ ဖိနှိပ်ခံရတဲ့ မြန်မာအချို့ရှိကောင်း ရှိမယ်..။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟ ထိုင်းနိုင်ငံမှာ Violation ဆိုတဲ့ သောင်းကျန်းမှုမျိုး ဘယ်မှာမှ မလုပ်ဘူး..။

မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာ မြန်မာတွေ ဒီအတိုင်းပဲ မလေးရှား မွတ်စလင်တွေရဲ့ လက်အောက်မှာ အလုပ်ကောင်းကောင်းလုပ်ရှာတယ်..။ တချို့စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေ နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်..။

သီတဂူဆရာတော်

The Voice Weekly Vol.9/No.12 Pdf Download
 Mediafire မှ Download ရယူရန်
http://www.mediafire.com/?5st50j3bsyoja7s

Drop Box မှ Download ရယူရန်
https://www.dropbox.com/s/amw0yyz8z67z4pm/voice_9-12.pdf



မိတ္ထီလာမြို့ မတ်လ ၂၃ ရက်နေ့ အခြေအနေ

(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

နံနက် ၈ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အား အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း မီးရှို့ခြင်း၊ ဆူပူအကြမ်းဖက်မှုများ မရှိတော့ပဲ ဒေသအခြေအနေ တည်ငြိမ်မှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်၍ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင်  Eleven Media Group မှ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးရုံတာဝန်ရှိသူ တစ်ဦးက “မနေ့ညနေ လေးနာရီ စာရင်းပိတ်ပြီး ကတည်းက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို ရောက်ရှိလာခြင်း မရှိတော့ပါဘူး။ ဒဏ်ရာရတဲ့သူ စုစုပေါင်း ၅၀ ကျော်လောက် ရှိပေမယ့် တချို့က ဒဏ်ရာသက်သာတဲ့အတွက် ဆေးရုံက ပြန်ဆင်းသွားကြပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံမှာ ကျန်ရှိနေတဲ့ ဒဏ်ရာရရှိ သူစုစုပေါင်း ၂၇ ဦး ရှိပါတယ်။ ဆေးရုံကို ရောက်ရှိလာတဲ့ သေဆုံးသူစာရင်းက ၁၀ ဦးပါ” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

“အားလုံး အေးအေးချမ်းချမ်း ဖြစ်နေပါပြီ။ မီးလောင်တာ ဆူပူအကြမ်းဖက်တာ ဘာမှမရှိတော့ပါဘူး” ဟု မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီနေ့နံနက် ၇ နာရီ ၄၀ လောက်မှာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က မော်တော်ယာဉ် အစီး တစ်ရာဝန်းကျင်လောက် မထ္တီလာမြို့ထဲကို ၀င်လာတာ တွေ့ရပါတယ်။ အင်အားဘယ်လောက်ရှိတယ် ဆိုတာကတော့ ခန့်မှန်းလို့ မရပါဘူး။ မီးလောင်တာ လူစုလူဝေးနဲ့ ဆူပူတာတွေ မတွေ့ရတော့ပါဘူး။ မိထ္တီလာမြို့မှာ ပုံမှန်သွားလာ လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေတာ တွေ့ရတယ်။ ဈေးဆိုင် အချို့လည်း ပြန်ဖွင့်နေပါပြီ။ ညကလည်း ဘာမှမဖြစ်ဘူး အေးအေးဆေးဆေး ပါပဲ။ တည်ငြိမ်မှု ပြန်လည်ရရှိနေတာကို တွေ့နေရပါပြီ” ဟု မိတ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောသည်။


Eleven Media Group
 (မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၃ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်ပြီး မတ်လ ၂၃ ရက်နေ့ နံနက် ၁ နာရီတွင် မိတ္ထီလာမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံုးသို့ Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက "နေ့လည် ၁၂ နာရီ ခွဲလောက် ကတည်းက စပြီး မီးရှို့တာတွေ ဆူပူအကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ မရှိပါဘူး၊ အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီးကတည်းက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒေသ တည်ငြိမ်ရေး ပြန်လည် ရရှိအောင် ဆောက်ရွက်နေပါတယ်၊ လက်ရှိအချိန်မှာတော့ တည်ငြိမ်နေပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

မိတ္ထီလာ ပဋိပက္ခ အရေးအပေါ်အခြေအနေ ကြေငြာချက် (ညနေ ၄နာရီ မြန်မာ့ရုပ်မြင်သံကြား သီတင်း) နှင့် ၂၂ရက်နေ့ နောက်ဆုံးရသတင်း..

မိတ္ထီလာ ပဋိပက္ခ အရေးအပေါ်အခြေအနေ ကြေငြာချက် (ညနေ ၄နာရီ မြန်မာ့ရုပ်မြင်သံကြား သီတင်း) (EMG)
Updated
(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
Credit.. EMG

(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

Updated
(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ ည ၇ နာရီ ၅ မိနစ်

ယခုအချိန်တွင် မိတ္ထီလာမြို့တွင်းသို့ တပ်မ ၇၇ မှ ကား ၅ စီးခန့်ဖြင့် လှည့်လည်ကာ လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့ပါသည်။

သတင်း၊ ဓာတ်ပုံ Eleven Media Group

(စစ်အုပ်ချုပ်ရေးမဟုတ်။ အရေးပေါ်ကြေငြာချက်သာဖြစ်)

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်
======================================
မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။

ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃)တွင် ဖော်ပြထားသည်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်းအတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ။

ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာကို ရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

အချုပ်အားဖြင့် ယခုထုတ်ပြန်သည့်အမိန့်မှာ "စစ်အုပ်ချုပ်ရေးအမိန့် Military Administrative Order ပါဝင်ခြင်း မရှိသော မိတ္ထီလာခရိုင်အား "State of Emergency ကြေညာခြင်း"သာ ဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။

(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီ ဟူ၍ နားလည်မှု လွဲမှားနေသူအချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။)

မှူးဇော်
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး
 

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ် နောက်ဆုံးရ သတင်းများ..

 
(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်

မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။

"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေက
ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်း အင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။


(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်

မိထ္ထီလာမြို့၏ လက်ရှိ အခြေအနေသည် မီးရှို့ဖျက်ဆီးမှု အခြေအနေမှ ဖောက်ထွင်း လုယက်မှုများ လုပ်ဆောင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မိထ္ထီလာမြို့ရှိ အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

ထို့အတွက်ကြောင့် မိထ္ထီလာ မြို့တွင်း၌ တုတ်၊ ဓားကိုင်ဆောင်ပြီး သွားလာနေသူများကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ဖောက်ထွင်း လုယက် ပစ္စည်း သယ်ဆောင်လာသူများကိုလည်း ဓာတ်ပုံရိုက်၊ မှတ်တမ်းယူပြီး ပစ္စည်းကို ပြန်လည် သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

ထို့အပြင် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် အတွက် လုံခြုံရေး တာဝန် ယူထားသူများ အနေဖြင့် အင်အား မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။


(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ

မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောင်းပန်းတောင်ဘက်က ၀င်လာသူများ အားလုံးကို ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက် ကိုင်ဆောင် လာသူမှန်သမျှကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသူ အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း မိထ္ထီလာမြို့သို့ ထပ်မံ ရောက်ရှိသွားသော Eleven Media Group သတင်းထောက်က
ပြောပါသည်။

လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်ပွားမှုနှင့် လူသေဆုံးမှုများအတွက် တရားခံ တစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဖမ်းဆီးနိုင်ရေး ကိစ္စရပ်များကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရပါသည်။
 

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍) မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ် အချိန်အထိ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၄၂ ဦး ရှိကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ တာဝန်ရှိသူက ''ဆေးရုံကို ရောက်ရှိလာသူ ၄၂ ဦးမှာ သေဆုံးသူစာရင်းကတော့ အပြောင်းအလဲ မရှိသေးပါဘူး မနက်ကအတိုင်း ၅ ဦးပါပဲ။ ဒါကဆေးရုံမှာ ရောက်ရှိလာတဲ့ စာရင်းပါ။ ဒဏ်ရာရသူ စာရင်းကတော့ တိုးလာပြီး လက်ရှိအချိန်ထိ စာရင်းအရ ၃၇ ဦး ရှိပါတယ်။ ဆေးရုံမှာမရှိတဲ့ ဆေးအချို့ကလွဲပြီး ဆေးရုံရောက်လာသူ အားလုံးကို ကုသပေးဖို့ ဆေးဝါးလုံလောက်မှု ရှိပါတယ်။ ဆေးရုံဝန်ထမ်းအင်အား ဖြည့်တင်းပြီး အချိန်ပြည့်ကုသမှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်'' ဟု ပြောကြားခဲ့သည်။

မိတ္တီလာမြို့ ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လက်ရှိအခြေနေက အနည်းငယ် လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း တည်ငြိမ်စေရန်အတွက် လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။

“လောလောဆယ် လုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေတာ တွေ့ရတယ်။ နေ့ဘက်ကလိုတော့ ဆူဆူညံညံတွေ မရှိတော့ပါဘူး။ ၉ နာရီခွဲ ဝန်းကျင်လောက်ကတော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လူနှစ်ဆယ်လောက်က ဖျက်နေတယ်လို့ ကြားလို့ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ထိန်းသိမ်းနေတယ်လို့ သိရတယ်။ အတည်တော့မပြုနိုင်သေးဘူး။ အဲဒီလို ကောလဟာလတွေတော့ ခဏခဏ ကြားနေရတယ်” ဟု မိတ္ထီလာမြို့သို့ေ၇ာက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရသိရသည်။
 
Eleven Media Group
 

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို (သီတဂူဆရာတော်)

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို
By သီတဂူဆရာတော်


ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။

ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။

ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်
ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။

ငြိမ်းချမ်းစွာ လက်တွဲလို
အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။

မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၁-၃-၂၀၁၃
မူရင်း။   ။http://www.sitagustar2020.net/2013/03/by.html



(နာဂစ်တုန်းက လာရောက်လှူဒါန်းကြသော ခရစ်ယာန်ဘာသာဝင်များ)

(၂၀၁၁နှစ်က သီတဂူကမ္ဘာ့တက္ကသိုလ်ဖွင့်ပွဲဓာတ်ပုံ)

(ဘန်ကောက် ခရစ်ယာန်တက္ကသိုလ်က ပါမောက္ခများနှင့်အတူ)