ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်..

ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်

4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)

ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှ စစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။
''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။

 ရေနံတင်သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)

က်ရှိတွင် ရန်ကုန်မြစ်ကြောင်း အတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။
Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။

ဝေဖန်မယ်ဗျို့ (မင်းကြီးရန်နောင်)


Photo: ဝေဖန်မယ်ဗျို့
မင်းကြီးရန်နောင်

“ခုနစ်စောင်မြောက်မှာ ခုနစ်ရက်သတင်းစာ”

ဧပြီ တစ်ရက်နေ့ ကစလို့ နေ့ စဉ်(သင်္ကြန်တွင်းကလွဲလို့ )
သတင်းစာထွက်ဝယ်ပြီးလက်ဖက်ရည်နဲ့ မြည်းဖြစ်နေတာဧပြီ၂၅ရက်နေ့ 
မှာတော့7Day သတင်းစာထွက်မယ်ဆိုလို့ စောင့်ဝယ်တာနေ
လည်စာတောင်အစာလွန်သွားခဲ့ရပါတယ်။

ဘာပဲပြောပြော7Day သတင်းစာကိုကျုပ်လိုပဲစောင့်
မျှော်အားပေးသူတွေစိတ်မပျက်စေဖို့ ကြိုးစားထားပေး
တဲ့အယ်ဒီတာအဖွဲ့ ကိုတော့ဂျာနယ်နဲ့ 
အသွင်အပြင်တူသယောင်ရှိပေမဲ့ စာမျက်နှာ၂၄မျက်နာမှာ
ဆရာဦးမြင့်၊ ဆရာမောင်သာချိုနဲ့ အကြံပေးလို
့အမည်ဖေါ်ပြထားတဲ့ ဆောင်းပါးရှင်ရဲမိုး(ပုံကတော့ဆရာရဲနိုင်မိုးပုံပဲ)
တို့ အပါအ၀င်ဆောင်းပါးတွေ စာတွေသတင်းတွေ အင်ပြည့်အားပြည့်
ပါနိုင်အောင်တင်ဆက်ထားတာကြိုဆိုချင်စရာပါလို့ ဆိုလိုက်ချင်ရုံမက၊
ဧပြီတစ်မှာရဲဝံ့စွာ ထွက်ပေါ်လာခဲ့လို့ ပေါက္ကံရွှေပြည်က
လူစွမ်းကောင်း(၄)ယောက်နဲ့ တောင်ကျုပ်တင်စားထားခဲ့တဲ့
သတင်းစာလေးစောင်ကတော့လက်ပမ်းမကျတဲ့အပြင်လက်ရည်တောင်
ပိုတက်လာနေချိန်မှာ ဧပြီ၁၇မှာခေတ်သစ် သတင်းစာနဲ့ ဧပြီ၂၀မှာ
MyanmarNewsWeek သတင်းစာတို့ နှစ်စောင်ထပ်မံပွဲ တိုးလာပြီးနောက်
ခုနှစ်စောင်မြောက် ဂျာနယ်အဖြစ် ထွက်ပေါ်လာတာ က7Day Dailyလို
့ခေါ်တွင်တဲ့ ခုနှစ်ရက်နေ့ စဉ်သတင်းစာဖြစ်
လို့ နေသလိုထွက်ရက်ကလည်း၂၅ဆိုတော့ပေါင်းခြင်းက(၇)ခုနှစ်ဖြစ်နေ
သမို့ လပ်ကီးဆဲဗင်းလို့ ကျုပ်ကမြန်မာပီပီ အတိတ်တစ်ဘောင် နိမိတ်ဆောင်
ကာကြိုလိုက်ချင်သဗျာ။

 ရှေ့မှာသတင်းစာတွေကိုကျုပ်ဖတ်ချင်သလိုလေး
အကြံပြုဝေဖန်တင်ပြခဲ့အမှတ်ရကြမယ်ဆိုရင်အနှီး7Day Dailyမှာကသောကြာနေ
၊တနင်္ဂနွေနေ့မျိုးတွေမှာအထူးထုတ်ကဏ္ဍ
အနေနဲ့  နေ့အလိုက် ပုံမှန်ထည့်သွင်း ဖော်ပြသွားမယ့်အစီအစဉ်
အဖြစ်သောကြာနေ့တိုင်းအတွက်သတင်းစာကရုံးပိတ်ရက် စနေ၊
တနင်္ဂနွေနေ့များတွင် အေးအေးဆေးဆေး
ဖတ်ရှုနိုင်မယ့် အကြောင်းအရာ ကဏ္ဍစာမျက်နှာ နှစ်မျက်နှာ
ပါမယ့်အကြောင်းရယ်၊ တနင်္ဂနွေနေ့မှာအင်္ဂလိပ်စာ လေ့လာလိုသူများ
အတွက် အင်္ဂလိပ်စာသင်ခန်းစာ၊ Puzzle
နဲ့  Sudoku ဝါသနာရှင်များအတွက် Puzzle နဲ့  Sudoku တွေပါမှာဖြစ်ကြောင်း ရယ်
ကြိုကြိုတင်တင်ကျေညာမောင်းခတ်ထားတာမျိုး ကျုပ်ကြိုက်ကို ကြိုက်လိမ့်မယ်ဆိုတာ
မိတ်ဆွေတောင် ဟာကိန်းထုတ်နိုင်မှာသေချာရဲ့ ။

 7Day အပတ်စဉ်ထုတ် ဂျာနယ်ထွက်နေကျ ဗုဒ္ဓဟူးနေ့မှာတော့ ဂျာနယ်နဲ့ 
အတူ သတင်းစာအပါ နှစ်မျိုးပေါင်းပုံစံသစ်နဲ့ထုတ်မှာဖြစ်ပါသတဲ့။
ဒါကလက်ရှိချန်ပီယံ ကိုယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းပေါ်တက်
လာတဲ့အသည်းကောင်းလို့ ပွဲတောင်း သူတို့ အပေါ် ကျုပ်ရဲ့ နှတ်ဆက်သြဘာပေါ့ဗျာ။

7Dayထွက်တဲ့ရက်မှာThe Voiceအပါအ၀င်အပတ်စဉ်ထုတ်ဂျာနယ်ဘ၀ကတည်းက
မိတ်ဆွေဟောင်းတွေအနေနဲ့ ကလည်းမိမိတို့ သတင်းစာကိုမိမိတို့ ရဲ့ 
အကောင်းဆုံးပုံစံတွေရအောင်အားထုတ်တင်ဆက်ရင်း
နှတ်ဆက်သြဘာပေးခဲ့ကြမှာပါပဲ။သတင်းစာတစ်စောင်များဆို
ဝိရီယပိုပိုနဲ့ ညနေစောင်းကတည်းကကို ဖြန့်ချီစောင့်ကြိုသတဲ့။
ကျုပ်ဖြင့်ငယ်ထိပ်သွေး စောင့်တက်သလို စိုးရိမ်စိတ်ပိုသွားရပါရဲ့
နောက်များဆို သတင်းစာတွေ သူ့ ထက်ငါစောအောင် တစ်ရက်ကြို
ထွက်ကြလေ မလားလို့ ပါဗျာ...။

ထပ်ဆုံပါဦးမယ်။
မင်းကြီးရန်နောင် 
ဝေဖန်မယ်ဗျို့
မင်းကြီးရန်နောင်
“ခုနစ်စောင်မြောက်မှာ ခုနစ်ရက်သတင်းစာ”

ဧပြီ တစ်ရက်နေ့ ကစလို့ နေ့ စဉ်(သင်္ကြန်တွင်းကလွဲလို့ )
သတင်းစာထွက်ဝယ်ပြီးလက်ဖက်ရည်နဲ့ မြည်းဖြစ်နေတာဧပြီ၂၅ရက်နေ့ 
မှာတော့ 7Day သတင်းစာထွက်မယ်ဆိုလို့ စောင့်ဝယ်တာနေ
လည်စာတောင် အစာလွန်သွားခဲ့ရပါတယ်။

ဘာပဲပြောပြော7Day သတင်းစာကိုကျုပ်လိုပဲစောင့်
မျှော်အားပေးသူတွေစိတ်မပျက်စေဖို့ ကြိုးစားထားပေး
တဲ့အယ်ဒီတာအဖွဲ့ ကိုတော့ဂျာနယ်နဲ့ 
အသွင်အပြင်တူသယောင်ရှိပေမဲ့ စာမျက်နှာ၂၄မျက်နာမှာ
ဆရာဦးမြင့်၊ ဆရာမောင်သာချိုနဲ့ အကြံပေးလို
့အမည်ဖေါ်ပြထားတဲ့ ဆောင်းပါးရှင်ရဲမိုး(ပုံကတော့ဆရာရဲနိုင်မိုးပုံပဲ)
တို့ အပါအ၀င်ဆောင်းပါးတွေ စာတွေသတင်းတွေ အင်ပြည့်အားပြည့်
ပါနိုင်အောင်တင်ဆက်ထားတာကြိုဆိုချင်စရာပါလို့ ဆိုလိုက်ချင်ရုံမက၊
ဧပြီတစ်မှာရဲဝံ့စွာ ထွက်ပေါ်လာခဲ့လို့ ပေါက္ကံရွှေပြည်က
လူစွမ်းကောင်း(၄)ယောက်နဲ့ တောင်ကျုပ်တင်စားထားခဲ့တဲ့
သတင်းစာလေးစောင်ကတော့လက်ပမ်းမကျတဲ့အပြင်လက်ရည်တောင်
ပိုတက်လာနေချိန်မှာ ဧပြီ၁၇မှာခေတ်သစ် သတင်းစာနဲ့ ဧပြီ၂၀မှာ
MyanmarNewsWeek သတင်းစာတို့ နှစ်စောင်ထပ်မံပွဲ တိုးလာပြီးနောက်
ခုနှစ်စောင်မြောက် ဂျာနယ်အဖြစ် ထွက်ပေါ်လာတာ က7Day Dailyလို
့ခေါ်တွင်တဲ့ ခုနှစ်ရက်နေ့ စဉ်သတင်းစာဖြစ်
လို့ နေသလိုထွက်ရက်ကလည်း၂၅ဆိုတော့ပေါင်းခြင်းက(၇)ခုနှစ်ဖြစ်နေ
သမို့ လပ်ကီးဆဲဗင်းလို့ ကျုပ်ကမြန်မာပီပီ အတိတ်တစ်ဘောင် နိမိတ်ဆောင်
ကာကြိုလိုက်ချင်သဗျာ။

ရှေ့မှာသတင်းစာတွေကိုကျုပ်ဖတ်ချင်သလိုလေး
အကြံပြုဝေဖန်တင်ပြခဲ့အမှတ်ရကြမယ်ဆိုရင်အနှီး7Day Dailyမှာကသောကြာနေ
၊တနင်္ဂနွေနေ့မျိုးတွေမှာအထူးထုတ်ကဏ္ဍ
အနေနဲ့  နေ့အလိုက် ပုံမှန်ထည့်သွင်း ဖော်ပြသွားမယ့်အစီအစဉ်
အဖြစ်သောကြာနေ့တိုင်းအတွက်သတင်းစာကရုံးပိတ်ရက် စနေ၊
တနင်္ဂနွေနေ့များတွင် အေးအေးဆေးဆေး
ဖတ်ရှုနိုင်မယ့် အကြောင်းအရာ ကဏ္ဍစာမျက်နှာ နှစ်မျက်နှာ
ပါမယ့်အကြောင်းရယ်၊ တနင်္ဂနွေနေ့မှာအင်္ဂလိပ်စာ လေ့လာလိုသူများ
အတွက် အင်္ဂလိပ်စာသင်ခန်းစာ၊ Puzzle
နဲ့  Sudoku ဝါသနာရှင်များအတွက် Puzzle နဲ့  Sudoku တွေပါမှာဖြစ်ကြောင်း ရယ်
ကြိုကြိုတင်တင်ကျေညာမောင်းခတ်ထားတာမျိုး ကျုပ်ကြိုက်ကို ကြိုက်လိမ့်မယ်ဆိုတာ
မိတ်ဆွေတောင် ဟာကိန်းထုတ်နိုင်မှာသေချာရဲ့ ။

7Day အပတ်စဉ်ထုတ် ဂျာနယ်ထွက်နေကျ ဗုဒ္ဓဟူးနေ့မှာတော့ ဂျာနယ်နဲ့ 
အတူ သတင်းစာအပါ နှစ်မျိုးပေါင်းပုံစံသစ်နဲ့ထုတ်မှာဖြစ်ပါသတဲ့။
ဒါကလက်ရှိချန်ပီယံ ကိုယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းပေါ်တက်
လာတဲ့အသည်းကောင်းလို့ ပွဲတောင်း သူတို့ အပေါ် ကျုပ်ရဲ့ နှတ်ဆက်သြဘာပေါ့ဗျာ။

7Dayထွက်တဲ့ရက်မှာThe Voiceအပါအ၀င်အပတ်စဉ်ထုတ် ဂျာနယ်ဘ၀ကတည်းက
မိတ်ဆွေဟောင်းတွေအနေနဲ့ ကလည်းမိမိတို့ သတင်းစာကိုမိမိတို့ ရဲ့ 
အကောင်းဆုံးပုံစံတွေရအောင်အားထုတ်တင်ဆက်ရင်း
နှတ်ဆက်သြဘာ ပေးခဲ့ကြမှာပါပဲ။ သတင်းစာတစ်စောင်များဆို
ဝိရီယပိုပိုနဲ့ ညနေစောင်းကတည်းကကို ဖြန့်ချီစောင့်ကြိုသတဲ့။
ကျုပ်ဖြင့်ငယ်ထိပ်သွေး စောင့်တက်သလို စိုးရိမ်စိတ်ပိုသွားရပါရဲ့
နောက်များဆို သတင်းစာတွေ သူ့ ထက်ငါစောအောင် တစ်ရက်ကြို
ထွက်ကြလေ မလားလို့ ပါဗျာ...။

ထပ်ဆုံပါဦးမယ်။
မင်းကြီးရန်နောင်


သာသနာပိုင်မြေတွင် သာသနာပွဲကျင်းပခွင့် ရရှိစေချင်..

သာသနာပိုင်မြေတွင် သာသနာပွဲကျင်းပခွင့် ရရှိစေချင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း ပိဋကတ်သုံးပုံ နိကာယ် စာသင်တိုက်အတွင်း တရားပွဲပြုလုပ် ကျင်းပမည့် အစီအစဉ်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်မရှိဘဲ တရားပွဲကျင်းပပါက. ဥပဒေအရ အရေးယူခံရမည်ဟု အကြောင်းကြားလာသဖြင့် ထိုအကြောင်းကြားစာအား ဒီမိုဝေယံမှ တင်ပြပေးနိုင်ပါရန် ထိုအကြောင်းကြားစာ မိတ္တူနှင့်တကွ ပေးပို့ပေးလိုက်ပါသည်။

သာသနာပိုင်မြေတွင် သာသနာပွဲကျင်းပခွင့် ရရှိစေချင်သူ

အခမဲ့ပညာဥယျာဉ်သင်တန်းသို့ ပူးပေါင်းပါဝင်ပါရန်.. ဖိတ်ခေါ်အပ်ပါတယ်..။

အခမဲ့ပညာဥယျာဉ်သင်တန်းသို့ ပူးပေါင်းပါဝင်ပါရန်.. ဖိတ်ခေါ်အပ်ပါတယ်..။

အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ ဆရာအော်ပီကျယ်နှင့် ဆရာမဂျူးတို့ နှစ်သစ်ကူးစာပေဟောပြောပွဲ(အသံဖိုင်၊ ဓာတ်ပုံ၊ ရုပ်သံ)

 
 
ဆရာအော်ပီကျယ်(ဤခရီးနီးသလား) အသံဖိုင်

 
ဆရာအော်ပီကျယ်(ဤခရီးနီးသလား)ရုပ်သံ
အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲအား ယနေ့ ညနေ ၆နာရီခွဲမှ ၉နာရီ ၁၅မိနစ်အထိ ဂျပန်နိုင်ငံတိုကျိုမြို့ Ikebukuro အရပ်ရှိ Kokaido Hall၌ ကျင်းပခဲ့သည်..။ အဆိုပါစာပေ ဟောပြောပွဲသို့ ပြည်တွင်းမှ နာမည်ကြီး စာရေးဆရာများဖြစ်သည့် ဆရာအော်ပီကျယ်နှင့် ဆရာမဂျူးတို့မှ ဟောပြောကြသည်..။

 ဆရာမဂျူးမှ စာပေ၏ အခန်းကဏ္ဍ နှင့် ဆရာအော်ပီကျယ်မှ ဤခရီးနီးသလား ခေါင်းစဉ်များဖြင့် ဟောပြောသွားခဲ့သည်..။ 
 နှစ်သစ်ကူးစာပေဟောပြောပွဲသို့ တိုကျိုမှ စာပေဝါသနာရှင် ၂၀၀ကျော်ခန့် တက်ရောက်ကြသည်...။

အသံဖိုင်.. ဓာတ်ပုံ.. ဒီမိုဝေယံ 

ဆရာမဂျူး (စာပေ၏ အခန်းကဏ္ဍ)ရုပ်သံ 

အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် 
 ဆရာအော်ပီကျယ်(ဤခရီးနီးသလား) အသံဖိုင်
ဆရာမဂျူး (စာပေ၏ အခန်းကဏ္ဍ) အသံဖိုင်
 

ယနေ့ ဧပြီလ(၂၁)ရက်နေ့မှာ ကျင်းပမည့် ဆရာအော်ပီကျယ်၊ ဆရာမဂျူးတို့ရဲ့ စာပေဟောပြောပွဲ ဖိတ်ကြားစာနှင့် ဂျပန်နိုငံခရီးစဉ်(ဓာတ်ပုံများ)

ယနေ့ ဧပြီလ(၂၁)ရက်နေ့မှာ ကျင်းပမည့်  ဆရာအော်ပီကျယ်နှင့် ဆရာမဂျူးတို့ရဲ့ စာပေဟောပြောပွဲ ဖိတ်ကြားစာ.. ဝင်ကြေး တဦးလျှင် ယန်း ၁၀၀၀






ဆရာအော်ပီကျယ်နှင့်ဆရာမဂျူးတို့ရဲ့ ဂျပန်နိုငံခရီးစဉ်(ဓာတ်ပုံများ)

ယနေ့ညနေ ၅နာရီခွဲမှ ၉နာရီခွဲအထိ Ikebukuro Kokaido Hall မှာစာပေဟောပြောပွဲ ကျင်းပပပါမည်..။

ဆက်သွယ်ရန်
၀၈၀-၅၀၇၀-၀၀၈၀
၀၉၀-၇၈၉၁-၄၇၆၃
၀၉၀-၆၅၂၈-၉၂၉၂
၀၉၀-၁၈၄၂-၉၈၈၈

အလင်းအိမ်မှ
အကိုကြီးကိုရဲငြိမ်းအား ကျေဇူးတင်ပါသည်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုကျိုတက္ကသိုလ် (ဓာတ်ပုံ၊ ရုပ်သံဖိုင်)

 

 
 

ဓာတ်ပုံ.. ဒီမိုဝေယံ
ရုပ်သံ... ကိုထွန်းဝေ
ဇေယျာဖန်တီးတင်ပြသည်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ် အမှတ်တရများ (အပိုင်း ၁.၂.၃)

ဂျပန်က အမေစု ပြန်သွားပေမယ့် အမှတ်တရ ကျန်ခဲ့တဲ့ ဓာတ်ပုံလေးတွေနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ မြင်ကွင်းတချို့ကို ရေးသားတင်ပြပါဦးမယ်...


ဂျပန်ခရီးစဉ် အမှတ်တရများ (၁)

 ဒီပုံကတော့ ၁၃ရက်နေ့ မြန်မာမိသားစုများ တွေ့ဆုံပွဲက ကိုဖုန်းမြင့်ထွန်း.. ယခင်အမေစုရဲ့ လုံခြုံရေးယူခဲ့တဲ့ သုံးရောင်ခြယ်ကပေါ့..။ အဆိုပါနေ့က စင်ပေါ်မှာ မြင်ရတဲ့ အတိုင်းလူလုံးထွက်မပြ လိုအပ်တာတွေကို ဒီလို ဖြည့်ဆည်းပေးနေတာ။ သိပါတယ်ဆိုပြီး ရုပ်လုံးလဲ ထွက်မပြ.. အခွင့်အရေးလည်းမယူ လိုအပ်တာပဲ လုပ်သွားတယ်..။

ယခင် အမေစုလုံခြုံရေး သုံးရောင်ခြယ်မှာ ပါဝင်ခဲ့တဲ့ ကိုဖုန်းမြင့်ထွန်းကိုယ်တိုင် ယခုဂျပန်မှာ အမေစုအတွက် အမြဲတမ်း လုံခြုံရေး ရယူပေးနေသူတွေထဲမှာ တဦးအပါအဝင်ပါ။ Skytree မျှော်စင်ကို အမေစုရောက်တဲ့နေ့က ကိုဖုန်းမြင့်ထွန်း အမေစုလုံခြုံရေးအနေနဲ့ လိုက်ပါခွင့်မရခဲ့ပေမယ့်လည်း ကိုသန့်ဇင်ဦးရယ်၊ ကျွန်တော် ဒီမိုဝေယံရယ်..၊ ကိုထွန်းလွင်တို့နဲ့ အတူ ကိုဖုန်းမြင့်ထွန်း ရောက်ရှိလာပြီး လာရောက် ကြိုဆိုနေကြောင်းကို လမ်းတဖက်တချက်ကနေ အတူတကွ လေးစားသမှုနဲ့ ပြသခဲ့ပါသေးတယ်..။

အမေစုနဲ့ ဘယ်လောက် ရင်းနှီးတယ်၊ ဘယ်လို ဓာတ်ပုံ ရိုက်ခဲ့တယ်ဆိုတာ ပြသနေမှုထက် အမေစုနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နေတယ် ဆိုတာကို ပြသနိုင်ဖို့က ပိုအရေးကြီးတယ် ဆိုတာ ဒီပုံလေးက သက်သေပါပဲ..။

ဓာတ်ပုံ ကိုသန့်ဇင်ဦး


ဂျပန်ခရီးစဉ် အမှတ်တရများ (၂)
ဒီဓာတ်ပုံဘေးက အနီနဲ့ ဝိုင်းထားတဲ့ နေရာကတော့ ဂျပန်အမျိုးသမီးတယောက် အမေစုကို သူကိုယ်တိုင် လုပ်လာတဲ့ Home Made မုန့်ကို ဝင်ပေးဖို့ လုပ်တဲ့ အချိန်မှာ လြုံခုံရေးတွေ တားမြစ်ခြင်းခံခဲ့ရတာပါ..။

လူထုခေါင်းဆောင် ကျိုတို တက္ကသိုလ်မှာ ဟောပြောပွဲလုပ်စဉ်က အပြင်ဘက်မှာ အင်မတန်မှ အင်မတန်မှ လုံခြုံရေးတွေ တင်းကြပ်ပါတယ်..။ ကျွန်တော်နဲ့ DVBက ကိုဇော်ဇော်လှိုင် ရောက်သွားကြချိန်မှာ လူအုပ်ကြီးက ကျောင်းရှေ့မှာ အပြည့်ပေါ့.။ မြန်မာဆိုလို့ ကျောင်းရှေ့မှာ ကျွန်တော်တို့ ၂ဦးပဲ ရှိပါတယ်.. ဂျပန် Special Police တချို့နောက်ယောင်ခံ လိုက်တာ ခံလိုက်ရသေးတယ်..။ ကျွန်တော်တို့ အဝင်ဝနားရောက်တော့ ဘေးက ဂျပန်အမျိုးသမီးက မြန်မာမှန်းလည်း သိရော သူအိမ်က ကိုယ်တိုင်လုပ်လာတဲ့ မုန့်လေးကို ထုတ်ကျွေးရှာတယ်..။.

ခဏနေအမေစု လည်းထွက်လာရော အခြားဘက်အခြမ်းရောက်နေတဲ့အတွက် အမေစုဆိုပြီး ကျွန်တော်တို့ ၂ဦးအော်ပါလေရော..။ ဒီအချိန်မှာ ဘေးက ဂျပန်တွေက ဒီဘက်ကိုလာအောင် ခေါ်ပေးပါဆိုပြီး ကျွန်တော်တို့ အော်သလို ဘုမသိဘမသိ အမေစုဆိုပြီး မပီကလာနဲ့ အော်ကြရှာတယ်..။ နောက်ဆုံး ဒီဘက်အခြမ်းကို လာရောက်ဖို့ အချိန်မရှိတော့တဲ့ အချိန်မှာ ဘေးက ဂျပန်အမျိုးသမီးဟာ လုံခြုံရေး တန်းထားတွေကို ကျော်ဝင်ပြီး သူ့မုန့်ထုတ်လေးကို သွားပေးဖို့ လုပ်တဲ့အချိန်မှာ လုံခြုံရေးတွေရဲ့ တားဆီးခြင်းကို ခံလိုက်ရရှာတာကို စိတ်မကောင်းစွာတွေ့လိုက်ရပြီး ပေးခွင့်လည်း မကြုံလိုက်ရရှာပါဘူး။

ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဂျပန်အမျိုးသမီးတချို့လိုက်လာပြီး အမေစုဆိုတာ ဘာအဓိပ္ပါယ်လဲလို့ လိုက်မေးကြပါတယ်..။ ကျွန်တော်တို့ နိုင်ငံရဲ့'Democracy" Mother Suuလို့ ပြန်ဖြေလိုက်ရတယ်..။

ဂျပန်မှာ ကျွန်တော်တို့ ခေါင်းဆောင်ကို ပိုသိကြကြောင်း ရန်ကုန်က အမေစုနဲ့ လိုက်လာတဲ့ ကိုဘန်နီကပြောပြလေရဲ့..

ဂျပန်လူမျိုးတွေ ကိုယ့်ခေါင်းဆောင်ကို လူကြီးလူငယ် မရွေး အင်မတန်မှ တန်ဖိုးထားကြတာ မြင်ရတော့ ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါတယ်..။

ဒီမိုဝေယံ


https://www.youtube.com/watch?feature=player_embedded&v=J2kaJnUofPc#!
ဂျပန်ခရီးစဉ် အမှတ်တရများ (၃)
ဒီဗီဒီယို ဖိုင်ကတော့ ရုကိုးကုတက္ကသိုလ်မှာ အမေစု မရောက်လာခင်နဲ့ ရောက်ရှိစဉ် မေ့မရတဲ့ မြင်ကွင်း ရုပ်သံပါ..

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဂျပန်နိုင်ငံသားတွေ ကြိုဆိုတဲ့ မြင်ကွင်းပါ..။ မြန်မာဆိုလို့ သတင်းဋ္ဌာနက ၂ယောက်နဲ့ ကျွန်တော်တို့ အဖွဲ့ အပါအဝင် ၇ယောက်ပဲ ရှိပါတယ်..။ တခိုင်လုံးရွှေ မဟုတ်တဲ့ တခိုင်လုံး ချယ်ရီတွေပေါ့..။
အစပိုင်းမှာ အင်မတန်မှ စည်းကမ်းရှိပါတယ်.. ဆိုတဲ့ ဂျပန်လူမျိုးတွေ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ တွေ့တော့မှပဲ စည်းတွေကျော်၊ တန်းတွေဖျက်၊ ထမင်းရည်ပူလောင်တယ်လို့ ဆိုရမလားပဲ.. လူအုပ်ကြီးက များများလာပြီး ကျွန်တော်တို့ ရှေ့ရောက်လာတာ မြင်တဲ့ အတိုင်းပါပဲ..။

လုံခြုံရေးတွေ မောင်းထုတ်ရတဲ့ အဖြစ် ရောက်ပါလေရော..။ တဘက်အခြမ်းမှာတော့ ဂျပန်ကျောင်းသားတွေ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို မပီကလာနဲ့ သံပြိုင်ဆိုနေကြလေရဲ့။

မြန်မာပြည်မှာ ပြည်သူတွေ ကြိုဆိုကြတာကို နားလည်စာနာမိပါပြီ..။
ထပ်ပြောလိုက်ဦးမယ် ဂျပန်လူမျိုးတွေ တအိမ်တယောက် မတက်မနေရ မဟုတ်သလို၊ ဒံပေါက်ကျွေးမယ် ပိုက်ဆံပေးမယ် ဆိုလို့လာတာ မဟုတ်
ကြောင်းနဲ့ ကြိုတင်မဲတွေလည်း မဟုတ်ပါလို့..။

ရုပ်သံ၊ သတင်း.. ဒီမိုဝေယံ
ဒေါင်းလုပ် လုပ်ချင်ရင် http://www.mediafire.com/?d5d17w68ga096og

http://www.youtube.com/watch?v=J2kaJnUofPc&feature=youtu.be 

ဆက်လက်ဖော်ပြပါမည်... 

“တိုင်းပြည်မှာခင်ပွန်းကြီးဆယ်ပါး မပြစ်မှားကြရင်လားဗျာ။” ကိုမျိုး(မြန်မာစာ)

 “တိုင်းပြည်မှာခင်ပွန်းကြီးဆယ်ပါး မပြစ်မှားကြရင်လားဗျာ။”
ကိုမျိုး(မြန်မာစာ)

အမေ့ကို ဒုတိယဘုရားသခင်လို့  နယ်တွေမှာ စာတန်းချိတ်ဆွဲကြိုခဲ့စဉ်က ကျွန်တော့် စိတ်ထဲဒီလို ရေးကြပြောကြတာ သင့်တော်ပါ့မလားလို့ တွေးဆမိခဲ့တယ်။

ခုတော့သင်္ကြန်မတိုင်မီရုံးမှာ ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့အခါ ဆရာတော်ပေးခဲ့တဲ့ တရားအရနားလည်မိခဲ့တာက အနန္တောအနန္တဂိုဏ်းဝင်ဘုရားနဲ့ တစ်ဂိုဏ်းတည်းမှာ တရားတော်ရယ်သံဃာတော်များရယ်၊ မိဘနဲ့ ဆရာသမားတွေ ပါဝင်နေရုံမက ပုဗ္ဗာစရိယဆိုတဲ့ လက်ဦးလက်မွန်ဆရာဟာမိဘဖြစ်တယ်။

နိုင်ငံ့ကျေးဇူးရှင် လွတ်လပ်ရေးဖခင်ကို နိုင်ငံတိုင်းမှာ နိုင်ငံ့ဖခင်အရာ ထားကြတာကြောင့် ဖခင်ဗိုလ်ချုပ်ဟာ နိုင်ငံတော်အတွက် ဒုတိယဘုရားသခင်လို့ ကျွန်တော် ရှင်းရှင်းပြတ်ပြတ်ယုံကြည်သွားတယ်။

အဖရဲ့ တရားတွေအဖရဲ့ စကားတွေဒီကနေ့ ထက်တိုင်ကျွန်တော်တို့ နိုင်ငံကိုလမ်းပြနေတယ်။ ဒီလိုပါပဲဒီကနေ့ အမေ့ကို ဒုတိယဘုရားသခင်လို့  ဆိုကြတဲ့အပေါ်ကျွန်တော် ရှင်းရှင်းပြတ်ပြတ် ယုံကြည်နိုင်ခဲ့ပါပြီ။

၈၈ဒီမိုကရေစီရေး အလွန်ကာလမှာ (၉၆ခုနှစ်ကခြံရှေ့ တရားပွဲတွေက)အမေ့တရား၊ အမေ့စကားကကျွန်တော်တို့ ဘ၀လမ်းလမ်းပြခဲ့တာမို့ မိဘနှင့်တူသောအမေ၊ဆရာနှင့်တူသော အမေဟာ ဒုတိယဘုရားသခင်လို့ ဆိုကြတာ ကျွန်တော် သဘောမတူ နိုင်စရာမရှိပါ။ (သြော်..ကာလာမသုတ်တော်နဲ့ တော့လာကိုင်ပေါက်ပြီး“မယုံနဲ့ ”လို့ သွေးမခွဲနဲ့ 
ဆရာတော်ဟောတဲ့မိန့် တဲ့အထဲ “အမေမှားလည်း အမေမှန်တယ်၊ အဖေမှားလည်းအဖေမှန်တယ်”လို့ ပါတယ်လေ။ ကဲဒီကနေ့ စပြီး ကျွန်တော်တို့ တိုင်းပြည်မှာခင်ပွန်းကြီးဆယ်ပါး မပြစ်မှားကြရင်လားဗျာ။ လာဘ်လာဘတွေ ပေါကြွယ်ပြီး ဘေးမသန်းအေးချမ်းမှာ အသေအချာပါပဲဗျာ....။

ကိုမျိုး(မြန်မာစာ)


ဓာတ်ပုံ ကိုထင်ကျော်နှင့် ရေးသားပေးပို့သူ ကိုမျိုး (မြန်မာစာ) ပေါ်ပြူလာ ဂျာနယ် အယ်ဒီတာချုပ်အား ကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

နှလုံးသားအစစ်နဲ့ ချစ်တက်ကြစေ...။” ရေးသားသူ (မင်းကြီးရန်နောင်)

“နှလုံးသားအစစ်နဲ့ ချစ်တက်ကြစေ...။”
(မင်းကြီးရန်နောင်)

စက်တပ်ထားတဲ့နှလုံးသားနဲ့ တောင်
(ဒီမိုကရေစီပြုပြင်ရေးဖေါ်ဆောင်)
ပြည်သူ့ ဆန္ဒခဲလေသမျှသဲရေမကျအောင်
မြစ်ဆုံကိုရပ်တန့် စေလို့ 
ဧရာဝတီကိုကယ်တင်ခဲ့သူ။

စက်တပ်ထားတဲ့နှလုံးသားနဲ့ တောင်
(သာသနာရောင်ဝါမညှိုးစေပေါင်)
ပြည်သူ့ ဆန္ဒခဲလေသမျှသဲရေမကျအောင်
OICရုံးကိုရပ်တန့် စေလို့ 
အမျိုးသားရေးကိုကာကွယ်ခဲ့သူ။

၈၈အကျိုးဆက်စနစ်
ဒီမိုကရေစီနိုင်ငံသစ်အတွက်
၈ယောက်မြောက်သမ္မတရဲ့ 
အသွားအပြန်မေတ္တာကိုငဲ့ ကွက်
ကျုပ်တို့ မှာဘယ်နှယ့်...
(နှလုံးသားအစစ်ကြီးတွေနဲ့ )
အမျိုးဘာသာသာသနာကိုမချစ်ရှိနိုင်ကြပါ့မလဲ၊

ကဲ....
မြန်မာတိုင်းမြန်မာတိုင်း
မြန်မာ့ရေဝေတောတောင်နဲ့ 
မြန်မာ့မြေဆီမြန်မာ့မြေနှစ်ကို
နှလုံးသွေးအစစ်နဲ့ ချစ်တက်ကြပါစေကြောင်း
ဒီနေ့ မှာကျုပ်အမှတ်တရဆုတောင်းပေးလိုက်ရပါတယ်....။

ယနေ့ မွေးနေ့ မှသည်နောင်နှစ်များစွာတိုင်အောင်
တိုင်းကျိုးပြည်ပြုလူထုဆန္ဒကိုအကောင်အထည်ဖေါ်နိုင်သော
ပြည်သူ့ ဘက်တော်သားပြည်သူချစ်သောနိုင်ငံ့သားကောင်းဖြစ်ပါစေဗျားးးးးးးးးးးးး။

မင်းကြီးရန်နောင်
(သမ္မတရဲ့ ၆၈နှစ်မြောက်မွေးနေ့ သို့ )