ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နှလုံးသားအစစ်နဲ့ ချစ်တက်ကြစေ...။” ရေးသားသူ (မင်းကြီးရန်နောင်)

“နှလုံးသားအစစ်နဲ့ ချစ်တက်ကြစေ...။”
(မင်းကြီးရန်နောင်)

စက်တပ်ထားတဲ့နှလုံးသားနဲ့ တောင်
(ဒီမိုကရေစီပြုပြင်ရေးဖေါ်ဆောင်)
ပြည်သူ့ ဆန္ဒခဲလေသမျှသဲရေမကျအောင်
မြစ်ဆုံကိုရပ်တန့် စေလို့ 
ဧရာဝတီကိုကယ်တင်ခဲ့သူ။

စက်တပ်ထားတဲ့နှလုံးသားနဲ့ တောင်
(သာသနာရောင်ဝါမညှိုးစေပေါင်)
ပြည်သူ့ ဆန္ဒခဲလေသမျှသဲရေမကျအောင်
OICရုံးကိုရပ်တန့် စေလို့ 
အမျိုးသားရေးကိုကာကွယ်ခဲ့သူ။

၈၈အကျိုးဆက်စနစ်
ဒီမိုကရေစီနိုင်ငံသစ်အတွက်
၈ယောက်မြောက်သမ္မတရဲ့ 
အသွားအပြန်မေတ္တာကိုငဲ့ ကွက်
ကျုပ်တို့ မှာဘယ်နှယ့်...
(နှလုံးသားအစစ်ကြီးတွေနဲ့ )
အမျိုးဘာသာသာသနာကိုမချစ်ရှိနိုင်ကြပါ့မလဲ၊

ကဲ....
မြန်မာတိုင်းမြန်မာတိုင်း
မြန်မာ့ရေဝေတောတောင်နဲ့ 
မြန်မာ့မြေဆီမြန်မာ့မြေနှစ်ကို
နှလုံးသွေးအစစ်နဲ့ ချစ်တက်ကြပါစေကြောင်း
ဒီနေ့ မှာကျုပ်အမှတ်တရဆုတောင်းပေးလိုက်ရပါတယ်....။

ယနေ့ မွေးနေ့ မှသည်နောင်နှစ်များစွာတိုင်အောင်
တိုင်းကျိုးပြည်ပြုလူထုဆန္ဒကိုအကောင်အထည်ဖေါ်နိုင်သော
ပြည်သူ့ ဘက်တော်သားပြည်သူချစ်သောနိုင်ငံ့သားကောင်းဖြစ်ပါစေဗျားးးးးးးးးးးးး။

မင်းကြီးရန်နောင်
(သမ္မတရဲ့ ၆၈နှစ်မြောက်မွေးနေ့ သို့ )