ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မိတ္ထီလာမြို့ ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER မှ ပညာဒါန ကုသို်လ်ပြုအပ်ပါတယ်...

မိတ္ထီလာမြို့မှ ဆရာတော် ဦးဓမ္မသာရ ဦးစီးတဲ့
 ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER

မိတ္ထီလာမြို့ ပြည်သာယာရပ် ညောင်ကုန်း အနောက်ကျောင်းမှာ ရှိတဲ့  ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER အား  ဆရာတော် ဦးဓမ္မသာရမှ စတင်ဦးစီးတည်ထောင်ခဲ့ပြီး မိတ္ထီလာမြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ပညာသင်ကြားလိုသူ လူငယ်များအတွက် ဂျပန်နဲ့ အင်္ဂလိပ်ဘာသာရပ်များအား ၁၉၉၂ခုနှစ်ကစ၍ အခမဲ့ပညာဒါန ပြုလုပ်ပေးလျှက် ရှိပါတယ်..။

ယနေ့ မှာတော့ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနှင့် တရုတ်ဘာသာစကားများပါ.. ပညာလိုလားသူ ပြည်သူများအတွက် ပညာဒါန ပြုလုပ်ပေးလျှက်ရှိပါတယ်..။
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဘာသာရပ်များအား Professional အဆင့်ထိ တတ်မြောက်အောင်မြင်ရန်နှင့် အင်္ဂလိပ်ဝတ္ထုများကို ကျွမ်းကျင်စွာ ဖတ်ရှုနိုင်သည့်အထိ ဆရာတော် ဦးဓမ္မသာရနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ လူငယ်များမှ တွဲဖက်သင်ကြားပေးလျှက်ရှိပါတယ်..။

မိတ္ထီလာမြို့မှ ပညာမခန်းလိုသူများအတွက်
 ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER မှကြိုဆိုနေပါတယ်..။
 တက်ရောက် သင်ကြားလိုတဲ့ မိဘပြည်သူများ ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့

ဆရာတော် ဦးဓမ္မသာရ (သင်ကြားပေးသည့် ဘာသာရပ် အင်္ဂလိပ်၊ ဂျပန်)
(မိတ္ထီလာ- ၀၉၂၂၀၀၀၉၃) ဖြစ်ပြီး..
လက်ရှိ ဂျပန်နိုင်ငံသို့ ခေတ္တသီတင်းသုံးရန်  ရောက်ရှိနေပါတယ်..။
 (ဂျပန်နိုင်ငံမှ ဆက်သွယ်လိုသူများ ၀၈၀-၄၈၀၂-၁၈၁၂)

တွဲဖက် သင်ကြားပေးနေတဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ လူငယ်ဆရာများကတော့

ကိုချစ်မင်းခန့်၊
ကိုတရုတ်၊
ကိုမြဝတီ၊
ကိုဝဏ္ဏ၊
ကိုစစ်ငြိမ်း၊

မနေခြည်အေး၊
မမေဝတီရဲမောင်၊
မလဲ့၊
မတိုးတိုးမြင့်၊
မပြည့်ဦးမေ၊

ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊
၀၆၄၂၄၆၁၅
၀၉၄၃၁၄၁၅၇၇
၀၉၄၀၂၅၅၈၄၉၄
၀၉၃၃၂၇၂၂၇၈

မိတ္ထီလာမြို့နဲ့ အနီးဝန်းကျင်မှ ပြည်သူများအတွက် ပညာဒါနကိုသိုလ် ပြုအပ်ပါတယ်..။

ဒီမိုဝေယံ

စစ်ကိုင်း အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ...

စစ်ကိုင်း အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ...

၂၂၊၁၀၊၂၀၁၃ အင်္ဂါနေ့ က စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ကြီးမှုးကျင်းပခဲ့သည်။

စ်ကိုင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်၊ကျေးရွာအသီးသီးရှိအလွှာပေါင်းစုံမှလူထုအများ၊ တက်ရောက်ကြပြီး အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးကြည်ဝင်း(လပ္ပတ္တာ) မှရှင်းလင်း ပြောကြားခဲ့ပါသည်။

၎င်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲသို့ စာရင်းရှိအင်အား(၁၀၁၇) ဦးတက်ရောက်ပြီး မတ်တပ်ရပ် ဆန္ဒပြုစနစ်ဖြင့်ဆန္ဒခံယူရာ၊ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်(၁၀၁၃) ယောက် နှင့် အသစ်ရေးဆွဲရေးအတွက်(၄) ဦး ဆန္ဒပြုခဲ့ ကြပါသည်။
စစ်ကိုင်းသား ပေးပို့သည်။

“ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်” (ကျော်သူ)



“ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်”
(ကျော်သူ)

 ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။

ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား “လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်” ဟု၍ဖြစ်တော့သည်။

 ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။ ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။
ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။

ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့ ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။

 ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။ ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။

ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။

ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ တိုက်၊ ပဉ္စဂံ စာပေတိုက်)နှင့် ကျွန်တော်၏ ခံစားချက်စကားလုံးများအား ကွန်ပျူတာ စာရိုက်ကူညီပေးခဲ့သော ကျော်ဟိန်း (FFSS)၊ ဇော်စိုင်း (FFSS)၊ ဝံသ (FFSS)၊ ဇူးဇူး (FFSS)နှင့် လိုအပ်သော အချက်အလက်များအား ရှာဖွေစုဆောင်းပေးခဲ့သော ဇာနည်ထက် (FFSS)၊ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပေးခဲ့သော ရောဘတ်အောင် (FFSS) တို့အပြင် အမှာစာ ရေးသား ကူညီပေးခဲ့သော ဘဘဦးဝင်းတင်၊ ဘကြီးမိုး (ဦးမိုးသူ)၊ ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ အယ်ဒီတာချုပ်)တို့အား၎င်း မျက်နှာဖုံးပန်းချီဖန်တီးပေးခဲ့သော ပန်းချီဆရာ ဦးတင်ထွန်း၊ အတွင်းပန်းချီများအား ဖန်တီးရေးဆွဲပေးခဲ့သော ပန်းချီဆရာ မင်းကျော်ခိုင်(USA-NY)၊ မမွှေး၊ ပန်းချီ လင်းဝဏ္ဏ၊ ကာတွန်း မောင်မောင်အောင်တို့နှင့် ဇာတ်ညွှန်း လွင်မင်းအံ့တို့အားလည်း ကျွန်တော်၏ နှလုံးသားထက်မှ ကျေးဇူး တင်မိပါတော့သည်။

ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)၏ အကြံပြုချက်အရ ကျွန်တော်၏မွေးနေ့ဖြစ်သော နိုဝင်ဘာလ (၂)ရက်နေ့ မတိုင်မီ မွေးနေ့အကြိုအဖြစ် နိုဝင်ဘာ (၁)ရက်နေ့အား စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြတော့သည်။ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော ခေါင်းစီးနှင့် ပတ်သက်၍ ကျွန်တော်ရှင်းလင်း ထားချက်အားလည်း ယင်းစာအုပ်တွင်ပါရှိသည်။ “ဖြစ်ချင်တယ်” နှင့် “ဖြစ်ခဲ့ရင်”တို့သည် အဓိပ္ပါယ်ချင်း ကွာခြားမှု ရှိသည်ကို သတိထားစေချင်တော့သည်။

ကျွန်တော်သည် အများပြည်သူလူထု မြန်မာပြည်သူ/သားများအတွက် စွန့်လွှတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေရသော၊ မြန်မာပြည်ကြီးအား ကျေးဇူးဆပ်နေသော သူတစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ လူမှုဒုက္ခပေါင်းများစွာတို့ သည် ကျွန်တော့်နှလုံးသားထဲ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်သည်ကား “ပြည်သူ့အသံ … ကျော်သူ့အသံ” “ကျော်သူ့အသံ … ပြည်သူ့အသံ” ဖြစ်တော့သည်။ ထိုထိုသော အကြောင်းများကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်”စာအုပ်၏ အမည်မှာ “ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူ၍ ဖြစ်သင့်တော့သည်။

 ကျော်သူ

စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ


                   စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ
(ဒီမိုဝေယံသို့ ပေးစာ)
၂၀၊ ၁၀၊ ၂၀၁၃ ။     စစ်ကိုင်းမြို့၏ သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇာမဏိစူဠာ ကောင်းမှုတော် မြတ်စွာဘုရားပွဲတော်သို့ စစ်ကိုင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ ဆွမ်းတော်ကြီး အရုဏ်တော် အသင်းအဖွဲ့များမှ ၀တ်အသင်းများနှင့် ဖျော်ဖြေရေး ကားများ၊ အလှပြယာဉ်များ စုံလင်စွာဖြင့် သွားရောက်၍ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော် ကြသည်မှာ စစ်ကိုင်းမြို့၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။

 ဘုရားသို့ ကပ်လှူပူဇော်ပြီး နောက်တနေ့ အပြန်တွင် လမ်းတလျှောက်လုံးပျော်ပျော်ပါးပါးဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ကြရာ မြို့လူထုကလည်း စောင့်ကြည့်အားပေးကြပါသည်။ ယခုနှစ်ပွဲတွင် ပန်းဘဲတန်းရပ်ကွက် လူငယ်များက ဇာတိမာန်တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေရာ ပန်းဘဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုမှ လာရောက်တားမြစ်ပြီး ယင်းသီချင်းကို ဆက်လက်ဆိုခွင့်မပြုဘဲ ချက်ချင်းရပ်ရန် ပိတ်ပင်၍ ဆက်ဆိုပါက ကားနှင့်အတူ တစ်ဖွဲ့ လုံးအား ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ပန်းဘဲတန်းလူငယ်များ၊ ရပ်ကွက်သူရပ်ကွက်သားများနှင့် စေတနာရှင်၊ အလှူရှင် မြို့ခံလူထုများမှာ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း သိရပါသည်။

            ယခုကဲ့သို့ ဘာသာရေးပွဲများတွင် အာဏာဖြင့် ၀င်ရောက်စွက်ဖက်မှုများ မဖြစ်သင့် ကြောင်း၊ အာဏာအလွဲသုံးစားပြုလုပ်မှုများ အောက်ခြေကအစ ရှိနေသေးကြောင်း အများက ဝေဖန်ပြောဆိုနေကြောင်း သိရှိရပါသည်။ 

ဇာတိမာန်တေး နားထောင်ချင်ရင် http://www.youtube.com/watch?v=poTLvAwFyl0

မီးလျှံကြားမှ ပေးဆပ်သူများ ရဲသွင်ထွဋ် (FFSS)

မီးလျှံကြားမှ ပေးဆပ်သူများ
ရဲသွင်ထွဋ် (FFSS)

အချိန်ကာလသည် မိုးအကုန်ဆောင်းအကူး ဖြစ်သည်နှင့်အညီ ဟေမာန်ဆောင်း၏ ညလေပြေညှင်းသည် တသုန်သုန်နှင့်တိုက်ခတ်ကာ လပြည့်ဝန်းကြီးမှာလည်း ထိန်ထိန်သာ လျှက်ရှိပေသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အမွန်မြတ်ဆုံး ဖြစ်သော မြတ်စွာဘုရား ဝါတွင်း(၃)လကာလပါတ်လုံး နတ်ပြည်တွင်တရားဟောခဲ့ပြီး လူ့ပြည်သို့ ပြန်လည်ကြွချီရာတွင် ဆီမီးများဖြင့် ပူဇော်ကြသော ဝါကျွတ်၊ သီတင်းကျွတ် အဖိတ်နေ့ညပင် ဖြစ်တော့သည်။

ကျွန်တော်တို့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တနေ့တာ အလုပ်တာဝန်များပြီးဆုံးပြီး နောက် ဘဝတစ်ပါးသို့ပြောင်းလဲသွားကြရာဝယ် မကျွတ်မလွတ်သောဘုံဘဝသို့ ရောက်ရှိနေကြသော သတ္တဝါ အပေါင်းတို့အား ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများနှင့် အကျွတ်အလွတ် အဓိဌာန်ပုတီးစိပ်ကာ အမျှဝေ ပြီးသော အချိန် ည (၂၂းဝဝ)နာရီတွင် အိပ်စက်အနားယူရန် ပြင်ဆင်နေသည့် အချိန်သမယပင် ဖြစ်ပေတော့သည်။

တသုန်သုန် တိုက်ခတ်လျှက်ရှိသော မြောက်ပြန်လေနှင့်အတူ အဝေးဆီမှ ဥသြသံတချို့ကို ကျွန်တော့်နားနှင့် ရုတ်တရက်ကြားလိုက်ရပြီး လေ့ကျင့်ရည် ပြည့်ဝနေသော ခန္ဓာကိုယ်နှင့် အသိစိတ်တို့မှ “ဖျဉ်း” ကနဲ ကြက်သီးများ ထကာ အိပ်ယာမှထ၍ Stand By (အသင့်) အနေအထားဖြစ်ပြီး သတင်းအခြေအနေကို ဆက်လက်စောင့်ကြည့် နေမိတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော်တို့ လက်ကိုင်ဖုန်းများအတွင်းသို့ မီးသတင်းများ ဝင်ရောက် လာကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှာ စက္ကန့်ပိုင်းအတွင်း မှာပင် ရှေ့တန်းမီးလောင်ပြင်သို့ ထွက်ရန် အဆင်သင့် ဖြစ်သွားခဲ့သည်။

နောက်များမကြာ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော်တို၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ လှူဒါန်းထား သော ယာဉ်အမှတ် ၈ည - ၁၂၂၂ ပေါ်တွင် ယာဉ်မောင်း ဦးရဲလင်းမြင့်၊ ကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးရောဘတ်အောင်၊ ဦးဇွဲမဟိဏ်ခ၊ တို့နှင့်အတူ ကျွန်တော် ရဲသွင်ထွဋ် တို့သည် မီးလောင်ပြင်ရှေ့တန်းဖြစ်သော ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်သို့ တရိပ်ရိပ်ပြေးလွှားနေသော လူနာတင်ယာဉ်နှင့်အတူ ထွက်ခွာသွား ပြီဖြစ်သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် တည်ရှိရာ မ/ဒဂုံမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ အလာ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ လမ်းနီမှတ်တိုင်အရောက်တွင် ရုတ်တရက် လက်ကိုင်ဖုန်းမှ မည်သဖြင့် ပြန်လည်ဖြေကြားရာတွင် ကျောက်တံတားမြို့နယ် မီးလောင်ပြင်မှာ အခြေအနေအားလုံးကောင်းပြီး၊ မီးငြိမ်းသွားပြီ ဖြစ်ကြောင်း Ambulance မလိုတော့ကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် ကျွန်တော်တို့လည်း မီးလောင်ပြင်သို့သွားရာလမ်းတွင် ကားအားနောက်ပြန်လှည့်၍ မိမိတို့ရုံးဆိုက်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ပြည်လှည့်ကာ မောင်းနှင်လာခဲ့ပါသည်။

ကျွန်တော်တို့ ရုံးချုပ်သို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်တွင် ယာဉ်နှင့်လိုက်ပါလာသော တာဝန်ကျ အဖွဲ့ဝင် အသီးသီးမှာလည်း နေအိမ်သို့ ပြန်သူကပြန်၊ ကိုယ်လက်သန့်စင်သူကသန့်စင်နှင့် အေးအေးဆေးဆေး လုပ်ကိုင်လျှက်ရှိပါသည်။ ထိုစဉ် ရုတ်တရက် ဖုန်းလာသဖြင့် ပြန်လည်ဖြေကြားရာတွင် အထက်ပါ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်းတွင် လောင်နေသောမီးမှာ အမှန်တကယ် ငြိမ်းသွားခြင်းမရှိဘဲ အတွင်းတွင် မီးခိုးများနှင့် ပိတ်ပြီးအတွင်း၌ တမြေ့မြေ့လှိုက်စားကာ လောင်ကျွမ်းလျှက်ရှိကြောင်း အခြေအနေသည် မီးမှာ အမှန်တကယ် ငြိမ်းသတ် သွားခြင်းမရှိကြောင်း ဆက်သွယ်သတင်းပေး အကြောင်းကြားလာသည်။ ယခင်က အနားယူရန် ပြင်ဆင်နေသော ကျွန်တော်တို့အဖွဲ့မှာ ကယ်ဆယ်ရေးဝတ်စုံများ၊ Eqyipment များကိုဆွဲကာ လူနာတင်ယာဉ်ပေါ်သို့ အပြေးအလွှား ထပ်မံ၍ သွားရောက်ရပေတော့သည်။

ယခုအကြိမ်သည် အထက်ပါ မီးလောင်ပြင်သို့ ဒုတိယအကြိမ် ထပ်မံ၍ သွားရောက်ရသည့် ခရီးပင် ဖြစ်တော့သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကြားတွင် အချိန်ကွာဟမှု (၁၅)မိနစ်ခန့်သာရှိခဲ့ပြီး ယခုဒုတိယအကြိမ်ပြန်လည်ထွက်ခွါရာတွင် ယာဉ်မောင်းဦးမျိုးဝင်း၊ ဦးရောဘတ်အောင်၊ ဦးဇွဲမဟိဏ်ခနှင့်အတူ ထွက်ခွါလာပါတော့သည်။ ယာဉ်မောင်း ဦးမျိုးဝင်းဆိုလျှင် ၄င်းမှာ (၁၉.၁ဝ.၂ဝ၁၃) ရက်နေ့ နံနက်(၄းဝဝ)နာရီခန့် တွင် ကျွန်တော်တို့အသင်းမှ နယ်ခရီးစဉ် တစ်ခုအား ယာဉ်မောင်းနှင်ပေးရန် တာဝန်ယူထားသူပင်ဖြစ်သည်။ ဦးမျိုးဝင်းသည် သူ၏ အနားယူချိန်တွင်နားပြီး နောက်တစ်နေ့ခရီးဆက်ရန် အားမယူသေးဘဲ အသင်းအတွက် အများအတွက် လိုက်လံပေးဆပ်လျှက်ရှိပေသည်။

မီးလောင်ပြင်အရောက်တွင် မီးလောင်ပြင်၌ အသင့်စောင့်နေသော ကျွန်တော်တို့အသင်းမှ ဦးမြတ်သူ၊ ဦးဆန်းလင်းဦး၊ ဦးကျော်စိုးနိုင်တို့နှင့်အတူ ယှဉ်တွဲ၍ ရန်ကုန်တိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက် ပေတော့သည်။ ကျွန်တော်တို့ ကားအားမီးလောင်ပြင်ရှေ့ခန်းတွင် အရေးပေါ်ကယ်ဆယ်ရေးစခန်းအား ကားအတွင်းတွင်ဖွင့်လှစ်၍ တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်အတူ မီးသတ် ရဲဘော်များထံ နှာခေါင်းစည်းများဝေငှခြင်း၊ လက်အိတ်၊ ရေဘူးများအား ဝေငှခြင်းများကို အတူလက်တွဲ ပြုလုပ်ခဲ့ ပြီးနောက် ကျွန်တော်တို့သည့်ဆေးအိတ်များ၊ ထမ်းစင်များနှင့်အတူ မီးလောင်မှုဖြစ်ပွားရာ တိုက်အနီးအနားတွင် အသင့်စောင့်လျှက်ရှိပါသည်။

များမကြာမီအချိန်တွင် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး (၁)ဦးဖြစ်သူမှာ မီးခိုးများမွန်၍ အသက်ရှုပိတ်ပြီး ပြင်ပသို့ ဆွဲထုတ်လာရာ ကျွန်တော်တို့မှ ယာယီအရေးပေါ် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော လူနာတင်ယာဉ်ဆီသို့ခေါ်ဆောင်လာပြီး လူနာအခြေအနေကို ဆန်းစစ်ကာ ဆေးရုံတက်ရန်မလိုသဖြင့် ကားအတွင်း၌ပင် First Aid နှင့် ကျွမ်းကျင်မှုပေါင်းစပ်ကာ ပြုစုပေးခဲ့ပါသည်။

မီးလောင်ပြင်တွင် နောက်တနေ့ မနက်ကူးထိ စောင့်ကြည့်နေခဲ့ပြီးနောက် မီးအခြေအနေအားလုံး ပြီးစီးသွားပြီ ဆိုမှသာ ကျွန်တော်တို့ကားမှာ မီးလောင်ပြင်မှ အသင်းရုံးချုပ်သို့ ပြန်လည် ထွက်ခွာလာပါတော့သည်။ အသင်းရုံးချုပ်သို့ရောက်ပြီး ကျွန်တော်တို့ အနားယူရန် ကြံနေစဉ်မှာပင် လက်ကိုင်ဖုန်းများမှ ပန်ဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် မီးလောင်နေကြောင်း ထပ်မံသတင်းပေးပို့လာပါသည်။ မီးသတင်းအား အတည်ပြုပြီး မီးအခြေအနေအား စောင့်ကြည့်ပြီး လူနာတင်ယာဉ်အဖွဲ့အား အသင့်အနေအထားဖြင့် ထားရှိခဲ့ပါသည်။

နောက် (၃)မိနစ်ခန့်အကြာတွင် မီးလောင်ပြင်မှ သတင်းများ ရောက်ရှိပါသည်။ မီးမှာအချိန်မှီငြိမ်းသတ်နိုင်ခဲ့ပြီး လူနာတင်ယာဉ်မလိုအပ်တော့ကြောင်း သတင်းများရောက်ရှိလာပါတော့သည်။ ထိုမှသာ ကျွန်တော်တို့အဖွဲ့မှ သက်ပြင်းများကိုယ်စီချပြီး တနေ့တာ အိပ်စက်အနားယူရန်အတွက် ပြင်ဆင်လိုက်ပါတော့သည်။ အချိန်သည်ကား (၁၉.၁ဝ.၂ဝ၁၃) ရက်နေ့ နံနက်(ဝ၂းဝဝ)နာရီခန့်ပင်ဖြစ်တော့သည်။

သို့ရာတွင် ကျွန်တော်၏ မျက်လုံး၊ ကျွန်တော်၏ နား၊ ကျွန်တော်၏ ဦးနှောက်တို့သည် ကျွန်တော့်အား အိပ်စက်ခွင့်မပြုချေ ကျွန်တော်၏မျက်လုံးထဲတွင် မီးလောင်မှုကြောင့် အော်ဟစ်ပြေးလွှားသံများ၊ မီးသတ်ရဲဘော် တို့၏ စွန့်စွန့်စားစား မီးငြိမ်းသတ်ပုံများ ပြန်လည်မြင်ရောင်နေသလို ကျွန်တော်၏ နားအာရုံတွင်လည်း အော်ဟစ်သံများ အရေးပေါ်ဥသြဆွဲသံများ ပဲ့တင်ထပ်နေတော့သည်။ ထို့ကြောင့် ကျွန်တော်အိပ်စက်၍ မရသည့်အဆုံး ကျွန်တော် Facebook စာမျက်နှာတွင် “ခင်ဗျားတို့တွေ.... ပျော်ပါး...ပျော်ရွှင်နေဖို့... ကျူပ်တို့တွေ...မီးလျှံကြားထဲကနေ...အသက်ကိုရင်းပြီး..မီးလျှံ၊ မီးတောက်များဆီသို့ ......တိုးရင်း...တိုးရင်း.....” ဟူ၍ ရေးချလိုက်တော့သည်။

ထိုအချိန်စက္ကန့်ပိုင်းအတွင်း “နာရေးကူညီမှုအသင်း (ရန်ကုန်) အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ မှ လူမှုရေးသမားများအား လေးစားဂုဏ်ယူမိပါတယ်” ဟူသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၏ Comment ကျွန်တော်၏ Facebook စာမျက်နှာပေါ်တွင် တက်လာပါတော့သည်။

နောက်တစ်ကြိမ် ကျွန်တော် “တော်ပါသေးရဲ့...ဒီညAmbulance ပေါ်က မဆင်းရတော့ဘူးထင်နေတာ.......၀ှူးးးး...........မောတော့မောတာပေါ့....ဒါပေမဲ့..မမောဘူး..”ဟူ၍ ကျွန်တော် ထပ်မံ၍ ရေးသားလိုက်သည်။ တစ်ချိန်တည်း တပြိုင်နက်တည်း ဥက္ကဌဦးကျော်သူဆီမှ “ပရဟိတသမား ဆိုတာ အများအတွက်ဆိုရင် အရာရာကိုစွန့်လွတ်ရဲရတယ်”ဟုပြန်လည်ရေးသားမှုကို မြင်တွေ့လိုက်ရသည်။

သြော် … ကျွန်တော်တို့ ဥက္ကဌကြီး အခုချိန်ထိ မအိပ်သေးပါလား ကျွန်တော်တို့နည်းတူ အများပြည်သူအတွက် စိုးရိမ်သောကဖြစ်ကာ အင်တာနက်လိုင်းအား အခုအချိန်အထိ စောင့်ကြည့်ဖတ်ရှုနေပါလား၊ ပြည်သူတို့၏ အခြေအနေအား စိုးရိမ်တကြီး စောင့်ကြည့်နေသလို ကျွန်တော်တို့ မျိုးဆက်သစ် ပရဟိတခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များအားလည်း အချိန်နှင့်တပြေးညီလူမှုရေးစိတ်ဓါတ်များ လူမှုရေး ခွန်အားများကို မျက်ခြေမပျက်ပေးဆပ်နေပါလားဟူ၍ တွေးတောမိတော့သည်။

ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝများ၌ သီတင်းကျွတ် အချိန်ကာလများတွင် မြတ်စွာဘုရားရှင်အား ကြိုဆိုပူဇော်မှုအနေဖြင့် မီးပန်းလေးများ၊ ဆီမီးခွက် ဖယောင်းတိုင်လေးများ ထွန်းညှိခြင်း ဗျောက်အိုးငယ်လေးများ ဖောက်၍ ဆော့ကစားခြင်းများပြုလုပ်ခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်ကျွန်တော်လူလားမြောက်၍ ပရဟိတသမားတစ်ဦး အဖြစ် ရပ်တည်နေသော အချိန် သီတင်းကျွတ်အချိန်ကာလတွင်တော့ မြတ်စွာဘုရားအား ပူဇော်ကြိုဆိုခြင်းကာ ကြောက်ခမန်းလုလုပင်ဖြစ်တော့သည်။

ဗျောက်အိုးငယ်လေးများအစား လူများသေကြေပျက်စီးနိုင်သော ဗုံးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲခြင်းနှင့် ဆီမီးပူဇော်မှုအစား အိုးအိမ်တိုက်တာများမီးလောင်ကျွမ်းပြီး ပျက်စီး ဆုံးရှုံးခြင်းတို့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတော့သည်။ မည်သို့ပင်ဖြစ်စေကာမှု ဦးကျော်သူ၏ “ပရဟိတသမား ဆိုတာ အများအတွက်ဆိုရင် အရာရာကိုစွန့်လွတ်ရဲရတယ်”ဟူသော အားပေးစကားအား ကျွန်တော်ကျင့်သုံး လိုက်နာ ယုံမှတစ်ပါး အခြားမရှိတော့ချေ။


ရဲသွင်ထွဋ် (FFSS)

သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက် သိမ်းဆည်းခံရ ...

ရန်ကုန်၊ အောက်တိုဘာ ၁၉။
http://themyanmaage.com/?p=11637
ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။
၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မော်စကိုမှာ သာမယ့်’လ’ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲ ဗလမင်းထင်ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။

အက္ခရာနိုင်(မြန်မာ့ခေတ်)

ဒီသတင်းနဲ့ အတူ ဒီအောက်ကလင့်ခ်မှာပါတဲ့ https://www.facebook.com/uclmyanmar?hc_location=timeline"
UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ
ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ ပေးစာ" (နေရွှေသွေးအောင် ပေးစာဆိုတာ ဖြစ်နိုင်မဖြစ်နိုင်)တွဲဖက် ချင့်ချိန်နှိုင်းယှဉ် ကြည့်ကြပါ။
 
"UCL ဥက္ကဌ
ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ ၎င်း၏စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ...

- ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူးရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင်ရှင်းလင်းဖော်ပြအပ်ပါသည်

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်ကရရှိသည့်ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကိုဖြေကြားလိုပါသည်။ဤပြိုင်ပွဲ၏ကုန်ကျစရိတ်စုစုပေါင်းမှာ သိန်း(၃၀၀)နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။ဘောလုံးကွင်း၊ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊အားကစားဝန်ကြီးဌာန နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။ ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်ကြီးများကအချိုးကျပါဝင်လှူဒါန်းပါသည်။ ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲဝင်ကြေးကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များသို့လှူဒါန်းစေခဲ့ပြီးဖြစ်ပါသည်။

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများအားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတရားဝင် အသိအမှတ်ပြုထားပြီး နိုင်ငံတကာဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍စေတနာဖြင့်လာရောက်ကူညီပေးနေသူများဖြစ်ကြပါသည်။ ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။ မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ဆိုးသွမ်းနေသူဖြစ်ပါက မည်သည့်ဝန်ကြီး၊ ဒုဝန်ကြီးကမိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း?? မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း?? မည်သည့်ကျောင်းသား၊ကျောင်းသူများနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း?? မည်သည့်မီဒီယာက မိမိဘက်မှရပ်တည်ဖြေရှင်းပေးမည်နည်း?? 

မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်းကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှထိုနှစ်က အဆင့် ၆ သာချိတ်ပါသည်)၊ မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက်စားခြင်းမပြုပါ)၊ ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင်ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊ မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင်မဝယ်နိုင်ပါ၊

မည်သည့်ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်းမရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ်အပျက်ကိုနားလည်သဘောပေါက်ပါသည်)။ 

မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများမမှန်ကန်ကြောင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှလည်းမပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာတစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများတက်ရောက်သော ဘောလုံးပွဲဖွင့်ပွဲတွင်ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိကကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့်မဟုတ်မမှန်ရေးသားသူအများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။

- မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍အမြင်စောင်းနေသူအချို့လဲရှိနိုင်သည့်) ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာလူကြီးမင်းများကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။ မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီး အဓွန့်ရှည်
တည်တံ့မည်ဖြစ်ပါသည်။ 
မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီဖြစ်၍ မိမိနှင့်ရည်ရွယ်ချက်ချင်းတူသည့်မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ်ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။
- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စတစ်စုံတခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း
 ဝေဖန်တိုက်ခိုက်ခြင်းမျိုးမပြုဘဲ 
အားကစားစိတ်ဓာတ်
အပြည့်ဖြင့် အားပေးကူညီကြပါ၊ နိုင်ငံတော်အဆင့်တာဝန်ရှိသူလူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ညီညွတ်မှုစွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်း မေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။ 



"အာဏာရှင် မိသားစုနဲ့ ပတ်သက်ပြီး လွမ်းလောက်လို့လား" (အတွင်းသိ)

"အာဏာရှင် မိသားစုနဲ့ ပတ်သက်ပြီး လွမ်းလောက်လို့လား"
(အတွင်းသိ)

ကျုပ်တို့ မြန်မာတွေ အခုဆီထမ်း၊ ခုစာကလေးကျော် ဖြစ်တတ်တာက ခေါက်ရိုးကျိုး အကျင့်ပါနေပြီလားပဲ။ နေရွှေသွေးအောင်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော ..
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုးလပြည့်ကို အမွှန်းတင်ထားတဲ့ အစစ်လား အတုမှန်းလား မသိ မှန်တဝက် မမှန်တဝက် ကြိုတင် အကွက်ချ လုပ်ဆောင်ပေးနေရတဲ့ အလံရှူး တချို့ရဲ့ အမွှန်းတင်တဲ့စာကို ဖတ်ပြီး ချီးကျူးထောမနာ ပြုကြတဲ့ စာတွေဖတ်ရတော့ ကျုပ်လို အတွင်းသိ တယောက်အနေနဲ့ မပြောမဖြစ် မတီးမမြည်လို့ ဒီမိုဝေယံ ခင်ဗျားဆီကတဆင့် ကျုပ်ဖောက်သည်ချလိုက်ဦးမယ်။

ကဲ နေရွှေသွေးအောင်က" မိမိအရက်သေစာသောက်စားခြင်း မပြုပါဆိုတာ" ကစပြောရအောင် ၂၀၀၈ခုနှစ်က မြန်မာပြည်ရဲ့ ခရိုနီမောင်ဝိတ်နဲ့ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့  သတင်းကို ခင်ဗျားတို့ မှတ်မိမှာပေါ့..
အစပထမ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့် ရေပေါ်ဆီတွေနဲ့ အနုပညာအသိုင်းအဝိုင်းကို  Ecstasy စိတ်ကြွဆေးတွေကို လက်ဆောင်ပေးပြီး စွဲအောင်လုပ် နောက်ကိုယ်တိုင် ရောင်းဝယ်ရာက စခဲ့တာပဲ။
အဲ့ဒီအချိန်က  (၁၇)နှစ်သာ ရှိသေးတဲ့ နေရွှေသွေးအောင် တယောက် Ecstasy စိတ်ကြွဆေး သောက်ပြီး မူးလဲနေတာကို သိသွားတဲ့ အဘိုးဖြစ်သူ ဦးသန်းရွှေက ရောင်းဝယ်သူတွေကို ဖမ်းဆီးပေးဖို့ အမိန့်ပေးလိုက်တာက စတော့တာပဲ။

မောင်ဝိတ်ကို ဖမ်းဖို့လုပ်တော့ မောင်ဝိတ်က နေပြည်တော်က ဆင်းလာတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို အကာကွယ် ယူဖို့လုပ်သေးသဗျ။ အဘကို (ဗိုလ်မောင်အေး) ကားမောင်း ပို့ပေးရဦးမယ်ဆိုပြီး လုပ်ပေမယ့် ဦးသန်းရွှေ အမိန့်နဲ့ ပြည်ထဲရေးက မဖမ်းမဖြစ် ဖမ်းလိုက်ရတာ။ မယုံရင် ခုလက်ရှိ ပုသိမ်ထောင်မှာ ထောင်လို့ အမည်သာ ရှိပြီး ဋ္ဌာနဆိုင်ရာ အရာရှိတွေ လိုလေသေးမရှိ ဖူးဖူးမှုတ်ထားနေရတဲ့ မောင်ဝိတ်ဆီ အဖြစ်မှန်တွေ ကိုယ်တိုင်သွားမေးကြည့်လို့ ရတယ်။

ယာဉ်ထိန်းရဲကို ကိုယ်တိုင် ကျူးလွန်ခြင်း မရှိပါဆိုလို့ ပြောရဦးမယ်။ ဒီကိစ္စပေါ်လာတော့ ချုပ်ချုပ်ဟောင်းကြီး ကိုယ်တိုင် ဦးရွှေမန်းကို ခေါ်ပြီး မင်းဒီကိစ္စ ကြည့်စီစဉ်လိုက်ပါ ဆိုပြီးခိုင်းတာ ကျုပ်တို့ အတွင်းသိ တိုင်းသိတယ်..။ ဆက်ပြောလိုက်ဦးမယ် နေပြည်တော်က တပ်ချုပ်ဟောင်းကြီး မိသားစု(၈)ဦးအတွက်  ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဖားယားဆောက်ထားတဲ့ ၈လုံးတွဲတွေ အိမ်ရှိတယ်။ ဒီ (၈)လုံးတန်းမှာ တပ်ချုပ်ကြီးက လွဲပြီး ကျန်တဲ့သူတွေက ရန်ကုန်မှာ နေကြတာ။ ဘယ်သူမှ မနေဘူး စကားပြောဖော် မရှိတော့ ဆေးညွှန်မှူး ဗိုလ်ချုပ် သန်းအောင် ညစဉ် တပ်ချုပ်ကြီးဆီသွား စကားစမြည်ပြော တပ်ချုပ်ကြီးနဲ့ ဘောလုံးပွဲ အတူထိုင်ကြည့်ပြီးမှ ပြန်လာရတာ အတွင်းသိတိုင်းသိတယ်။
ဒီထက် ထပ်ပြောရင် ကျုပ်ဘယ်သူဆိုတာ သိတော့မှာမို့ ဒီမှာပဲ ရပ်မယ်။ သူ့ဆန်စားလို့ ရဲနေတာမဟုတ် ပြည်သူ့ဆန်စား နေတယ်လို့ပဲ ကျုပ်က မှတ်ယူတယ်။ အလံရှူးတွေ ရပ်တန်းက မရပ်ရင်တော့ ကျုပ်သိတာ ထပ်ပြောရမှာပဲ။

ပုရွတ်ဆိတ်တောင် သနား ခွင့်လွှတ်လွယ်တတ်တဲ့ ကျုပ်တို့ မြန်မာတွေ ချင့်ယုံကြ၊
ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်.. ဦးသိန်စိန်နဲ့ ဦးရွှေမန်း အားပြိုင်ပွဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းက ဘာနဲ့တူနေသလဲဆိုတော့ ယခင်နအဖခေတ် နိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူဆိုပြီး ထောက်လှမ်းရေးတွေ အရောင်တင်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်နဲ့ နိုင်ငံတကာမှာ Image မကောင်းလှတဲ့ ဗိုလ်သန်းရွှေတို့ နှစ်ဦး အားပြိုင်တဲ့ ပုံနဲ့ ထပ်တူပဲပေါ့။ ဗိုလ်ခင်ညွန့်ကတော့ အဂတိ လိုက်စားမှု မရှိဆိုပြီး ထောက်လှမ်းရေး အုပ်စုက အသွင်ဖော်ထားပြီး ဗိုလ်သန်းရွှေ မိသားစုကတော့ အဂတိလိုက်စားတယ် ဆိုပြီး အာဏာရှင် ဆိုတဲ့ နာမည်ပျက်နဲ့ နိုင်ငံတကာမှာတော့ လူကြမ်းပေါ့။

ဒီနေရာမှာ ကျူပ်ပြောလိုတာက ဦးရွှေမန်းရဲ့သား အောင်သက်မန်းရဲ့ ပိုင်ဆိုင်မှုနဲ့တင် နအဖလက်ထက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အရေးယူခဲ့သူလား ဘာလားဆိုတာ ခင်ဗျားတို့ မြင်အောင်ကြည့်ကြ။ ဒီနေရာမှာ နိုင်ငံတကာမှာ နာမည်ရတဲ့ ဦးသိန်းစိန်နဲ့ ဗိုလ်ခင်ညွန့် ရိုးသားမှုက အပုံကြီးကွာတယ်ဗျ။
ကျုပ်တခုပြောပြမယ် ဦးသိန်းစိန်ရဲ့ နေအိမ်ရှိတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ကျုံကူးရွာဆိုတာ မိုးတွင်းဆို ရွာလယ်လမ်း ရေမြုပ်ပြီး ဦးသိန်းစိန် နေအိမ်ဆို အောက်ထပ်တခုလုံး ရေမြုပ်နေကျပေါ့။ သမ္မတသူ့ဇာတိ ရွာကိုလာရင် ရွာလယ်လမ်းကို စက်လှေနဲ့ ဝင်ရပြီး အဲ့ဒီကမှ သူနေတဲ့ လမ်းထဲကို လှေနဲ့ တဆင့်ပြန်ဝင်ရတာ။  ဒါကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က အိမ်ကို ပြင်ပေးချင်ပေမယ့် သမ္မတက ခွင့်မပြုလို့ မပြင်ရတာ ကျုပ်တို့အသိပေါ့။ 

 ကျုပ် သမ္မတဘက်က လော်ဘီလုပ်နေတာ မဟုတ် ခုလက်ရှိ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ ရိုးသားမှုကို စဉ်းစားချင့်ချိန်ဖို့ နှိုင်းယှဉ်ဖော်ပြနေတာ။ ကျုပ်ကတော့ ပြတ်ပြတ်ပဲ။
ဒီထက် ထပ်ပြောဖို့ အချိန်မကျသေးလို့ ဒီလောက်နဲ့ပဲ ရပ်ထားဦးမယ်။

ကျုပ်တို့ မြန်မာတွေ ဖြစ်တတ်တဲ့ ကောက်ရိုးမီးနဲ့ လွမ်းခန်းကို မျက်စိနဲ့တောင် မြင်ရတာ မဟုတ်ပဲ မျက်ရည်ဝဲတတ်ကြတဲ့ ကျုပ်တို့ မြန်မာတွေ ယုံလွယ်၊ သွေးပူလွယ်၊ သွေးအေးလွယ်တာကို ကျုပ်ပြောနေတာ။ အဲ့ဒီတော့ နေရွှေသွေးအောင်က စာပို့တယ်ဆိုပြီး ဘယ်သူရေးမှန်းမသိတဲ့ စာကို ယုံလွယ်တတ်ကျ၊ သနားတတ်ကျလွန်းလို့ ကျုပ်ပြောနေတာ..။ အေးတကယ်တန်း ရှင်းရဲ၊ ပြောရဲရင် မီဒီယာကနေ အင်တာဗျူးလေး တပုဒ်လောက် ရုပ်လုံးထွက်ပြပြီး ဖြေရှင်းဖို့ နေရွှေသွေးအောင်နဲ့ တပ်ချုပ်ဟောင်းကြီးကို ကျုပ်တောင်းဆိုချင်တယ်..။ မေးတတ်၊ မြန်းတတ်တဲ့ အင်တာဗျူး ဆရာတွေနဲ့ တွေ့စမ်းစေချင်ပါတယ်.။

 ဒီတော့ ကျုပ်တို့ မြန်မာတွေ လွမ်းခန်းကို ရောက်ရင် မျက်ရည်ဝဲရအောင် အနှစ်(၂၀)ကျော် ခါးစည်းခံခဲ့ရတဲ့ ကျုပ်တို့တတွေ ဒီအာဏာရှင် မိသားစုနဲ့ ပတ်သတ်ပြီး လွမ်းလောက်လို့လားလို့ ကျုပ်ပြန်မေးပါရစေ။

အတွင်းသိ

ရဲတပ်ဖွဲ့အတွင်းမှာရှိတဲ့ တပ်မတော်မှ အသွင်ပြောင်းလာတဲ့ ၉၀%သော ရဲမှူး အထက်အားလုံးအား တပ်ထဲပြန်ပို့ပေးဖို့ တောင်းဆိုပေးပါရန် (ရဲဝန်ထမ်းတဦး ပေးစာ)

ရဲတပ်ဖွဲ့ဝင် စစ်စစ်တဦးရဲ့ ဖွင့်ဟဝေဖန်ချက် (ဒီမိုဝေယံသို့ ပေးစာ)
ရဲတပ်ဖွဲ့အတွင်းမှာရှိတဲ့   သောတပ်မတော်မှ အသွင်ပြောင်းလာတဲ့  ၉၀%သော ရဲမှူး အထက်အားလုံးအား တပ်ထဲပြန်ပို့ပေးဖို့ တောင်းဆိုပေးပါရန် (ရဲဝန်ထမ်းတဦး ပေးစာ)


သို့/

 နိုင်ငံတော်သမ္မတကြီး
လွှတ်တော် ဥက္ကဋ္ဌများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ
ပြည်ထဲရေးဝန်ကြီး၊
မြန်မာနိုင်ငံရဲချုပ်၊

ဟိုတချိန်လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကပေါ့ .. ရဲချုပ် ဦးရွှေသန်း
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ညီလာခံ သွားတက်ခဲ့တာ
တပ်မတော် အသွင်ပြောင်းရဲဖြစ်နေလို့ လက်မခံဘဲ ပြန်လွှတ်ခဲ့ရတယ်။ ဒါနဲ့
ရဲစစ်စစ် ရဲချုပ် ဦးသိန်းအောင်ကို ရဲချုပ်ခန့်ပြီး ဦးရွှေသန်းကို
ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း ညွှန်ချုပ်အဖြစ် ပြောင်းခန့်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဟာအစိုးရရဲ့ပြယုဂ်၊ လက်ကိုင်တုတ်အနေနဲ့ အသုံးချခံထားရတဲ့ အဖွဲ့အစည်းဖြစ် နေခဲ့တယ်ဆိုရင်
မငြင်းနိုင်ပါဘူး .. ဒါပေမယ့် အစိုးရရဲ့ ပုံရိပ်ဟာ
ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်နေပါတယ်။
ထမင်းရည် ပူလျှာလွဲနေလို့ မရပါဘူး။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနေတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ မအောင်မြင်ခဲ့ပါဘူး။ အခြေခံကျကျ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
ပြောင်းလဲချင်ရင် -

၁။ အူမတောင့်မှ သီလစောင့်မယ်
ထမင်းနပ်မှန် အောင်စားရပါစေ၊ 
 
ဥပမာ- အခမ်းအနားတခု လမ်းကြောင်း (သို့)
နေရာလုံခြုံရေးကျတဲ့
 
တပ်ဖွဲ့ဝင်တွေ၂နာရီ မှ၎နာရီ အနည်းဆုံးစောပြီး
နေရာယူရပါတယ်။ အိမ်က ဇနီးထမင်းကြမ်း မကျွေးလိုက်နိုင်ဘူး။
အဲဒီတာဝန်ကျ နေရာသွားဖို့ ဆိုင်ကယ် ဓါတ်ဆီ တစ်ဗူး
၁၀၀၀ကျပ်ပေးဝယ် ထည့်ခဲ့ရပြီး နီးစပ်ရာ မုန့်ဝယ်စား၊ ၅၀၀ကျပ်မှ
၁၀၀၀ကျပ်ကုန်သွားပြီ၊ အခမ်းအနားလာတဲ့ လူကြီးက အိမ်က နံနက်စာစားခဲ့ပြီးလဲ
ပြင်ထားတာ ရှယ်ပေါ့။ ဒါပေမယ့် လုံခြုံရေးတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေ
ရေတစ်ခွက်တိုက်မဲ့ သူမရှိပါဘူး။

၂။ အမှုစစ်တစ်ယောက်ရဲ့ ကုန်ကျစားရိတ်..
 
နောက်ဥပမာတခု တရားခံက နယ်ဘက်ကို ထွက်ပြေးလို့ အမှုတခုလိုက်တယ် ဆိုရင်တောင် အိမ်ကမိန်းမ နားကပ်ပေါင်ပြီး ကိုယ့်စားရိတ်နဲ့ ကိုယ် အမှုလိုက်ရတာ
ထိုနည်း၎င်းဘဲ အသေးစိတ်မပြောတော့ပါ။

၃။ နေစရာအိမ်

တပ်ဖွဲ့ဝင်တွေ အားလုံး ကို မပေးနိုင်ပါဘူး။ မညာစတမ်း ဝန်ခံစမ်းပါ။ အိမ်ငှားစားရိတ် ဘယ်ကရမှာလဲ။

၎။ ယူနီဖောင်း

ထုတ်ပေးတယ်မပြောပါနဲ့ အထည်ချုပ်ဆိုင်နဲ့ ပေါင်းပြီး ဝတ်မရတဲ့
အရည်အသွေး မမှီတဲ့ ဝတ်စုံ ရဲတသက် ၂ခါဘဲ ရဘူးပါတယ်။ အဲဒီယူနီဖောင်း တစ်ယောက်မှ
ဝတ်မရတာ အောက်ခြေဆင်းကြည့် ပေးပါ။

၅။ ရာထူး

ရဲစစ်စစ်တွေ ရာထူးမပေးပါ။ အနေကြာလို့ ပင်စင်သွားခါနီး
သုံးပွင့်လောက်တော့ ရမှာပေါ့။ ရာထူးမျှော်လင့်ချက်မရှိ၊ နေရစားရချို့တဲ့တော့ ဘယ်တပ်ဖွဲ့ဝင် ခံယူချက်ရှိမှာလဲ၊ တပ်ကအသွင်ပြောင်း သားရဲ့
သူငယ်ချင်း အဘခေါ်နေရတဲ့ခတ်။

တပ်ကလူတွေ ရဲထဲရာထူးကြီးကြီးတွေ ပေးပြီး နေရာတွေ ဝင်ယူထားတော့ရော ဘာထူးလဲ
လာဘ်စားမှု ပိုတောင် များသေးတယ်၊ ရဲစစ်စစ်တွေက စားသင့်တဲ့အစာ၊
မစားသင့်တဲ့အစာ၊ စားသင့်တဲ့အချိန်၊ မစားသင့်တဲ့အချိန်
တိုင်းတာ ချင့်ချိန်သေးတယ်။ တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။

အခုအစိုးရပိုင်း အကြီးအကဲ၊ ရဲတပ်ဖွဲ့ရဲမှူး အထက်အားလုံး ၉၀%တပ်မတော်က
အသွင်ပြောင်းတွေပါ။
ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့ အင်အားတိုးချဲ့တာ မဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။
တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့် ထူးခံနေတာ
မသင့်တော်ပါဘူး။
လွှတ်တော် ကိုယ်စားလှယ်ကြီးများ
မသိချင်ယောင်ဆောင် နေတော့မှာလား။ တပ်မတော်ကြီးရယ် ကိုယ့်သမိုင်းကို
ကိုယ်ရေးတဲ့အခါ သမိုင်းဆိုး သမိုင်းညစ်ကို ထားခဲ့မှာလား။ ရဲထဲကို
ပြောင်းချင်ကြတဲ့ တပ်မတော်အရာရှိ ရိုက်သတ်လို့ မကုန်နိုင်အောင်ပါ
ဘဲလား။

အဲဒီတော့ ရဲစစ်စစ်တွေ ခံယူချက်ပျောက်သွားပြီ။ သူတို့ ကျွမ်းကျင်တဲ့
အမှုစစ်ပညာ၊ မူခင်းကျဆင်းရေးတွေ မလုပ်တော့ဘူး။ ပညာကို
ဝှက်ထားလိုက်ကြပြီ။ ရာထူးမျှော်လင့်ချက်ရှိရင်လဲ
ကြိုးစားကြမှာပေါ့။ တပ်နဲ့ရဲသဘော သဘာဝခြင်းမတူပါဘူး၊ ရဲဆိုတာတစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးနဲ့ဖေါ်ထုတ် တာဝန်ထမ်းဆောင်ကြရတာ၊ တပ်လို
တပ်စိတ်လိုက် တိုက်ပွဲဝင်ရတာမဟုတ်ဘူး။ အခုတော့ အရာရာ တပ်ပုံစံသွင်းနေတယ်။ ရဲဆိုတာ တစ်နေရာကို ကြာကြာနေမှ ဒေသစရိုက်၊ လူကောင်း/လူဆိုးတွေ အကြောင်းသိပြီးနယ်မြေကို
ကောင်းကောင်း ထိန်းနိုင်မှာ အခုတော့ တပ်လိုဘဲ အလှည့် ကျစနစ်တဲ့။
 
 ပြီးတော့ အင်အားမှာလဲ ဖွဲ့စည်းပုံ တစ်ဝက်တောင် မရှိဘူး။ ဖွဲ့စည်းပုံအမှားကြီးကိုလဲ
ရေးဆွဲထားသေးတယ်၊ အခြားအဆင့် တပ်ဖွဲ့ဝင်တွေကတော့ ကင်းပြီးရင်းကင်းပါဘဲ။
ငွေပေးမှ နီးစပ်မှ ရာထူးတိုးပေးတဲ့ စံနစ်ကိုဖျောက်ရမယ်။ အခြားအဆင့် များများရအောင်
စည်းရုံးရမယ်၊ တပ်သားသစ် တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ ဘယ်ကပိုက်ဆံနဲ့ စုရမှာလဲ၊ နယ်ထိန်းကို တာဝန်ယူခိုင်း၊ နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။


ရဲတပ်ဖွဲ့ရဲ့အားနည်းချက် (သို့) လက်ရှိအစိုးရရဲ့ယခင်အကျင့်များ -

လူကြီးလာရင် နယ်မြေအစပ် (သို့) တနေရာက
ခေါင်းဆောင်ပိုင်း အားလုံးသွားကြိုရတယ်၊
အနည်းဆုံး နေ့တစ်ဝက်ကုန်တယ်၊ အခြားတာဝန်တွေ လစ်ဟင်းကုန်ပြီ။
ဂါရဝလက်ဆောင်တွေ ပေးကြရတယ်၊လက်ေ
ဆာင်တွေသယ်ဖို့
ကားတစ်စီးခေါ်လာကြတယ်၊
လာစစ်တာနဲ့ မတူတော့ပါ..
အောက်ခြေကို လာနှိပ်စက်နေတာပါ။
 
သူတို့က အခုမစားတော့ပါဘူးလို့ ပြောလာမယ်။
ပြောနိုင်မှာပေါ့၊သူတို့ကအခု
မစားတော့ပါဘူးလို့ ပြောလာမယ်၊ ပြောနိုင်မှာပေါ့၊ သူတို့ရယူထားတဲ့ မြေကွက်ပေါင်းများစွာ ရောင်းစားပြီး သန်းကြွယ်သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ၊ သားသမီး
မိန်းမ နာမည်ခံပြီး မြို့တိုင်းနီးပါးမြေကွက်တွေ၊ အိုးအိမ်က ပါမစ်တွေနဲ့
လျော့ဈေးရောင်းတဲ့ တိုက်တွေ ပြည်သူတွေဆီက အဆီကိုစား
အသားကို မြိုခဲ့ကြပြီလေ။ တပ်မတော် အရာရှိတယောက် မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ။
အပိုယူထားတဲ့ မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်ကုန်အုံးမယ်။

နောက်ဆုံးအဓိက ပြောချင်တာကတော့ ဝန်ထမ်းဆိုတာ
အစိုးရဘဲ၊ ဝန်ထမ်းကောင်းမှ အစိုးရကောင်းမယ်၊ ဝန်ထမ်းတွေ အခြေခံစိတ်ဓါတ် ပျက်စီးအောင်၊ တပ်မတော် အသွင်ပြောင်းများရဲ့
အုပ်ချုပ်မှု လွတ်ကင်းအောင် တပ်မတော်သားများကို
တပ်ထဲကို ပြန်ပြောင်းပေးဘို့ လွှတ်တော်မှ တဆင့် တောင်းဆိုပေးပါရန်
တင်ပြအပ်ပါတယ်။

တပ်မတော် နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးလုပ်စား၊ လာဘ်စားခဲ့လို့
မြန်မာပြည်မွဲခဲ့ရတာပါ။ သယံဇာတမရှိတဲ့ စင်္ကာပူနိုင်ငံ ကိုယ့်နိုင်ငံထက်
ကြီးပွားနေပါပြီ။ မြန်မာပြည် တိုးတက်အောင် လုပ်မယ်လဲ ပြောသေးတယ် တပ်က
အရာရှိတွေ ဋ္ဌာနပေါင်းစုံမှာ ဝင်လာမစဲ တသဲသဲ ပေါ့။ 
 
ဒီမိုး ဒီရေ ဒီလူတွေနဲ့ ဆိုရင်တော့..........................။

ရဲဝန်ထမ်းစစ်စစ်တစ်ဦး
စိတ်ဝင်စားဖွယ်ရာ ဖွင့်ဟချက်များ..
 
" တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။"


အခုအစိုးရပိုင်း အကြီးအကဲ၊ ရဲတပ်
ဖွဲ့ရဲမှူး အထက်အားလုံး ၉၀%တပ်မတော်က
အသွင်ပြောင်းတွေပါ။
ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့ အင်အားတိုးချဲ့တာ မဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။

တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့် ထူးခံနေတာ
မသင့်တော်ပါဘူး။
 
  တပ်သားသစ် တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ ဘယ်ကပိုက်ဆံနဲ့ စုရမှာလဲ၊ နယ်ထိန်းကို တာဝန်ယူခိုင်း၊ နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။
 
တပ်မတော် အရာရှိတယောက် မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ။
အပိုယူထားတဲ့ မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်ကုန်အုံးမယ်။

 

ဗုံး..ဗုံး…ဘာဗုံးလဲ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဗုံး..ဗုံး…ဘာဗုံးလဲ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဗုံး..ဗုံး..အမေရိကမှာကွဲတော့

ဘယ်သူခွဲသလဲ ဘယ်သူတွေပါသလဲ

ဘယ်သူတွေဟာ အဓိကတရားခံလဲ

နောင်ဆက်မခွဲရဲရအောင်

အခုသမ္မတ ဟိုအရင်ကသမ္မ

ဝန်းထမ်းနှင့် စစ်တပ်

ပြည်သူနှင့်ရဲ အားလုံးလက်တွဲလို့

မြေလှန်ရှာကြ ဖေါ်ထုတ်ခဲ့ကြ

သူတို့တွေ တာဝန်တွေကျေကြပေါ့….

ဗုံး…ဗုံး…မြန်မာနိုင်ငံမှာကွဲတော့

ချိန်ကိုက်ဗုံးတွေမှာ ပြည်သူတွေသေခဲ့ကြရ

မီးလောင်ဗုံးမှာ မီးတွေလောင်ကျွမ်းခံကြရတဲ့

သံဃာတော်တွေရဲ့ဘဝ

လက်သည်တရားခံက အခုထိမပေါ်

အခုဗုံးတွေကျပြန်တော့ အင်မတန်ထူးခြား

အမောင်ရဲမှုးကြီးပြောလိုက်ပုံများ

ဗုံးထောင်သူတွေကို ကျေးဇူးတင်

သမ္မတနှင့် ၀န်ကြီးတွေကဘာမှမ၀င်

တာဝန်ယူမှု တာဝန်ခံမှုဆိုတာဘာမှမရှိလို့

ကဲသိရင်ပြောကြ အခုပေါက်တဲ့ဗုံး

ဘယ်သူ့ဗုံးလဲ ဘာဗုံးလဲ…

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ပေးပို့သည်..။

စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ..

စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ
(Eleven Media Group)

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟု မသကာင်္ဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၃၀ အချိန်နှင့် ၅ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်တို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီမိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ် အိုးတန်း (၄)လမ်းကြားရှိ ရွှေပြည့်စုံ ဟိုတယ်၏ ၄ ထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လာပြီးစစ်ဆေး ပြီးသွားပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မသကာင်္စရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ်နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ ၄ လုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေက အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ၀န်းကျင်က The Daily Eleven သို့ ပြောကြားသည်။
ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၂ နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ် ၀န်းကျင်တွင်လည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏၀င်ပေါက် ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေအနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ လူများမှာမူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဗုံးလာထောင်တဲ့သူဆိုပြီး မသကာင်္စရာလူတော့ သတိမထားမိဘူးဗျ။ မနက် အစောပိုင်းကြီး ပေါက်သွားတာဆိုတော့ ညပိုင်းလောက်က လာထောင်သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိ မှာပါဘဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတော့လေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။
(စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ် စတုတ္ထထပ် စားသောက်ခန်းအတွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်)