ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မိတ္ထီလာမြို့ ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER မှ ပညာဒါန ကုသို်လ်ပြုအပ်ပါတယ်...

မိတ္ထီလာမြို့မှ ဆရာတော် ဦးဓမ္မသာရ ဦးစီးတဲ့
 ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER

မိတ္ထီလာမြို့ ပြည်သာယာရပ် ညောင်ကုန်း အနောက်ကျောင်းမှာ ရှိတဲ့  ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER အား  ဆရာတော် ဦးဓမ္မသာရမှ စတင်ဦးစီးတည်ထောင်ခဲ့ပြီး မိတ္ထီလာမြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ပညာသင်ကြားလိုသူ လူငယ်များအတွက် ဂျပန်နဲ့ အင်္ဂလိပ်ဘာသာရပ်များအား ၁၉၉၂ခုနှစ်ကစ၍ အခမဲ့ပညာဒါန ပြုလုပ်ပေးလျှက် ရှိပါတယ်..။

ယနေ့ မှာတော့ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနှင့် တရုတ်ဘာသာစကားများပါ.. ပညာလိုလားသူ ပြည်သူများအတွက် ပညာဒါန ပြုလုပ်ပေးလျှက်ရှိပါတယ်..။
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဘာသာရပ်များအား Professional အဆင့်ထိ တတ်မြောက်အောင်မြင်ရန်နှင့် အင်္ဂလိပ်ဝတ္ထုများကို ကျွမ်းကျင်စွာ ဖတ်ရှုနိုင်သည့်အထိ ဆရာတော် ဦးဓမ္မသာရနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ လူငယ်များမှ တွဲဖက်သင်ကြားပေးလျှက်ရှိပါတယ်..။

မိတ္ထီလာမြို့မှ ပညာမခန်းလိုသူများအတွက်
 ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER မှကြိုဆိုနေပါတယ်..။
 တက်ရောက် သင်ကြားလိုတဲ့ မိဘပြည်သူများ ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့

ဆရာတော် ဦးဓမ္မသာရ (သင်ကြားပေးသည့် ဘာသာရပ် အင်္ဂလိပ်၊ ဂျပန်)
(မိတ္ထီလာ- ၀၉၂၂၀၀၀၉၃) ဖြစ်ပြီး..
လက်ရှိ ဂျပန်နိုင်ငံသို့ ခေတ္တသီတင်းသုံးရန်  ရောက်ရှိနေပါတယ်..။
 (ဂျပန်နိုင်ငံမှ ဆက်သွယ်လိုသူများ ၀၈၀-၄၈၀၂-၁၈၁၂)

တွဲဖက် သင်ကြားပေးနေတဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ လူငယ်ဆရာများကတော့

ကိုချစ်မင်းခန့်၊
ကိုတရုတ်၊
ကိုမြဝတီ၊
ကိုဝဏ္ဏ၊
ကိုစစ်ငြိမ်း၊

မနေခြည်အေး၊
မမေဝတီရဲမောင်၊
မလဲ့၊
မတိုးတိုးမြင့်၊
မပြည့်ဦးမေ၊

ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊
၀၆၄၂၄၆၁၅
၀၉၄၃၁၄၁၅၇၇
၀၉၄၀၂၅၅၈၄၉၄
၀၉၃၃၂၇၂၂၇၈

မိတ္ထီလာမြို့နဲ့ အနီးဝန်းကျင်မှ ပြည်သူများအတွက် ပညာဒါနကိုသိုလ် ပြုအပ်ပါတယ်..။

ဒီမိုဝေယံ