ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုကျိုမှာ ပြုလုပ်မယ့် Miss International ပြိုင်ပွဲအား မြန်မာနိုင်ငံ ကိုယ်စားပြု မဂုဏ်ရည်အေးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်..

တိုကျိုမှာ ပြုလုပ်မယ့် Miss International ပြိုင်ပွဲအား မြန်မာနိုင်ငံ ကိုယ်စားပြု မဂုဏ်ရည်အေးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်..

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ Miss International ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဆိုပါ ပြိုင်ပွဲအား 2013 Miss Myanmar International မယ်ဘွဲ့ ရရှိခဲ့တဲ့ မဂုဏ်ရည်အေးကျော်မှ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

ထိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဂုဏ်ရည်အေးကျော်မှ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့
ကြိုတင်ပြင်ဆင်မှု အနေနဲ့ Body Training၊ English Speakingတို့အပြင် မြန်မာ့ရိုးရာကို ပင်ကို စွမ်းရည် ပြိုင်ပွဲအတွက် ကမ္ဘာ့အလည်မှာ ပြသနိုင်ဖို့ စောင်းတီးပညာကိုပါ အထူးကြိုးစား လေ့ကျင့်နေကြောင်း ခေတ္တတွေ့ဆုံ မေးမြန်းခွင့်ရစဉ် ပြောဆိုခဲ့ပါတယ်။

နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ အထူးတလည် အားပေးကြတဲ့ မြန်မာပရိသတ်ကြီး အတွက်လည်း မြန်မာနိုင်ငံ မျက်နှာပန်းလှဖို့ အထူးကြိုးစား ပြိုင်ပွဲဝင်မှာဖြစ်ကြောင်းနဲ့ အင်တာနက်ကနေလည်း မဲပေးနိုင်တယ်လို့ ဆိုပါတယ်..။ အမျိုးသားဝတ်စုံ ပြိုင်ပွဲအတွက်ကိုတော့ ခေတ်တခေတ်မှာ ထင်ပေါ်ခဲ့တဲ့ မြန်မာဝတ်စုံ သို့ တိုင်းရင်းသားဝတ်စုံ တခုခုနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

2013 Miss Myanmar International ပြိုင်ပွဲမှာလည်း စောင်းတီးပညာကို ပြသခဲ့ပြီး မေးခွန်းအားလုံးကို ဖြေဆိုနိုင်ခဲ့တဲ့အတွက် ၂၀၁၃ခုနှစ် Miss Myanmar Internationalဆုကို ရရှိခဲ့ပါတယ်..။

ယခုကဲသို့ ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေမှာ အပြည်ပြည်ဆိုင်ရာ မယ်ပြိုင်ပွဲများမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဂျပန်နိုင်ငံ အိုကီနာဝါမှာ ပြုလုပ်တဲ့ Miss International ပြိုင်ပွဲမှာ နန်းခင်ဇေယျာမှ People Choice Award နဲ Miss Internet ဆုကိုရရှိခဲ့သလို ယခုနှစ် ဘယ်လာရုဇ် နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Supranational 2013ပြိုင်ပွဲမှာလည်း ခင်ဝင့်ဝါမှ Miss Internetဆု၊ Most Beautiful Girl in the Word ဆု၊ People Choice Award ဆုနှင့် Face of Miss Supranational 2013 ဆုတို့ကို ရရှိခဲ့ပြီး နိုင်ငံ့ ဂုဏ်ဆောင်ခဲ့ပါတယ်။

မြန်မာ့ဂုဏ်ဆောင် အလှမယ်တွေရဲ့ ပြည်ပ ပြိုင်ပွဲတွေမှာ ရရှိခဲ့ကြတဲ့ Miss Internetဆုကတော့ ကျွန်တော့်တို့ ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သား ဖေ့စ်ဘွတ်ပရိသတ်များနဲ့ အင်တာနက်သုံးစွဲ သူများရဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပြီး ရရှိခဲ့ကြတဲ့ ဆုတွေ ဆိုရင်မှားမယ် မထင်ပါ..။

ယခုလာမယ့် ဒီဇင်ဘာ ၁၇ရက်နေ့ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် 2013 Miss International Beauty Pageant ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဂုဏ်ရည်အေးကျော် Miss International ဆုရရှိဖို့ အားပေးကူညီရင်း အစဉ်အလာမပြတ် ၃ဦးမြောက် Miss Internetဆုအတွက်လည်း မြန်မာပြည်သားများမှ Vote လုပ်ပေးကြမယ်လို့ ယုံကြည်မိပါတယ်..။ ထို့အတူ ယခုနှစ် တိုကျိုမြို့မှာကျင်းပမှာ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှလည်း သွားရောက် အားပေးကြမှာ ဖြစ်ပါကြောင်း... သိရှိရပါတယ်..။

ဒီမိုဝေယံ

https://www.facebook.com/GonyiAyeKyaw
Miss Myanmar ဂုဏ်ရည်အေးကျော် Fan Page Like လုပ်ပြီးအားပေးနိုင်ပါတယ်..။

https://www.facebook.com/photo.php?fbid=614943421889913&set=a.176335685750691.60228.163203967063863&type=1&relevant_count=1 တိုကျို Miss International ပြိုင်ပွဲ Page