ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဥပဒေမဲ့ ပြည်သူ့ကို အနိုင်ကျင့်စော်ကားနေတဲ့ စစ်ကိုင်းမြို့မှ ယာဉ်ထိန်းတပ်ဖွဲ့မှူးနှင့် အဖွဲ့၏ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်နေမှုအား တိုင်ကြားစာနှင့် (ရုပ်သံဖိုင်)


       http://www.youtube.com/watch?v=MPiaKwyXEAA&feature=youtu.be

အထက်ပါ စစ်ကိုင်းမြို့မှ ပေးပို့ တိုင်ကြားလာတဲ့ ရုပ်သံဖိုင်ရဲ့ ၉စက္ကန့်အချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ဆိုင်ကယ်မောင်းဝင်လာတဲ့ စုံတွဲပြည်သူ၂ဦးအား ပြည်သူ့အခွန်နဲ့ လခရယူနေတဲ့ စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးမှ ရုပ်သံမှာမြင်ရတဲ့ အတိုင်း ဆိုင်ကယ်အား တွန်းထိုးလိုက်တဲ့ အတွက် ဆိုင်ကယ်တိမ်းမှောက်သွားပြီး ဘေးက ကားကိုဝင်တိုက်မိကာ ဆိုင်ကယ်ပေါ်ပါသူ အမျိုးသမီး လဲကျသွားတဲ့ အန္တရယ်များလှတဲ့ မြင်ကွင်းကို မြင်တွေ့ရမှာပါ..။ နောက်ဆုံး မထေမြဲ့မင်အသွင်နဲ့ လူမိုက်အားပေး အားရကျေနပ်တဲ့ မြင်ကွင်းကိုလည်း မြင်တွေ့ရမှာပါ..။
 
 ဒီမြင်ကွင်းတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အောက်ခြေမှာ ပြည်သူကို လူလိုမမြင် အာဏာကို အလွန်အကျွံ့ အသုံးပြုနေတဲ့ ယနေ့လက်ရှိ မြင်ကွင်းတွေပါ..။ လမ်းမှား၍ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ်မဆောင်း ၍ဖြစ်စေ ခေါ်ယူ ပညာပေး ဒဏ်ရိုက်ရမည့်အစား ယခုကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်ခြင်းဟာ ဝန်ထမ်းတဦးရဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံလုပ်ဆောင် ဥပဒေမဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်..။ ပြည်သူ့အခွန်စား ဝန်ထမ်းများရဲ့ ပြည်သူကို အလုပ်အကျွေး ပြုရမယ့်အစား ယခင် ခေါက်ရိုးကျိုးလာတဲ့ အာဏာရှင်ဆန်ဆန် ပြုမူနေကြတဲ့ မြင်ကွင်းတွေကို အထက်အာဏာပိုင်တွေ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်လှပါသည်.။


အထက်ပါ ဝန်ထမ်းဆိုးများရဲ့ လုပ်ရပ်ဟာ ယာဉ်ထိန်းရဲဋ္ဌာနကို ဂုဏ်သိက္ခာကို အမှန်တကယ် ကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်..။ ယာဉ်ထိန်းရဲဋ္ဌာနနဲ့ တခြားဝန်ထမ်းကောင်းများရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ထိုကဲ့သို့သော အာဏာရှင်ဆန်ဆန် ပြည်သူအပေါ် ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်မှုအား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုက်တွန်းအပ်ပါသည်..။

ဒီမိုဝေယံ

 စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးနှင့် အဖွဲ့၏ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်နေမှုအား တိုင်ကြားစာ.. 

ယနေ့အချိန်- မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါသည်၊ နိုင်ထက်စီးနင်း aစ်ာကားခဲ့သော ယခင်စHနစ်ဆိုးကို အများရွံရှာ မုန်းတီးခဲ့ကြသည်၊ ဥပဒေမဲ့လုပ်ရပ်များကိုစက်ဆုပ်ခဲ့ကြသည်၊ ထို့ကြောင့်ယနေ့ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ စီမံချက် ချမှတ် အကောင်အထည် ဖော်ဆောင်နေသော အချိန်လည်း ဖြစ်ပါသည်။

အထက်အဖွဲ့အစည်း များ၏ လမ်းညွှန်လုပ်ဆောင်ချက်များ ဘယ်လောက်ပင် ကောင်းကောင်း ယခုအချိန်ထိ အခွင့်အာဏာကို လက်လွတ် စပယ်တလွဲ အသုံးချနေသူများ ရှိနေရာ၊ ၎င်းစုံးပြူးများကြောင့် နိုင်ငံ၏ ဒီမိုကရေစီအသွင် ပြောင်းရေးအား၊ ထိခိုက် နေလျှက်ရှိပါသည်..။ ထို့နည်းတူ စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်း အဖွဲ့နှင့်အပေါင်းအပါတစုတို့၏ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအမည်ခံ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရသည်မှာ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်သူ့လွှတ်တော်ဦးဆောင်မှုတို့အား မထီမဲ့မြင်ပြုလုပ်ရာဖြစ်နေပါသည်။

 မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး၊ စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှုးနှင့် အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစား လူမိုက်များပါဝင်သော အဖွဲ့သည် ပြစ်မှုပြစ်ဒဏ် ဆီလျော် အောင် မဆောင်ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေသည့် မြင်ကွင်းကို နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ သိရှိပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်သေအဖြစ် ဗီဒီယိုဖိုင်ကို တင်ပြအပ်ပါသည်။

 စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့သည် လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်းကျင်များနှင့် လူစည်ကားရာ နေရာများတွင် ယာဉ်တိုက်ခိုက်မှု မဖြစ်ပေါ်ရေးအတွက်တာဝန်ချထား ခြင်းလုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ (ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင် အနီး)တွင် နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါသည်။ ထို့အတွက်ကြောင့် အထက်ပါဖြစ်စဉ်အား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်..။

 အောက်ခြေ ပြည်သူများ ကိုယ်စား (စစ်ကိုင်းသား)